Scroll down for Zawgyi.
Unicode
သူတို့တွေ စကားပြောနေတုန်း ပေါ်လျန်က အခန်းထဲ ဝင်လာခဲ့သည်။
ပေါ်ယွီဟာ တံခါး၀ဘက်သို့ ကျောပေးထားသည်မို့ ပေါ်လျန်အား မမြင်။အမျိုးသမီးက ပေါ်လျန့်မျက်နှာကို တွေ့သောအခါ အေးစက်ခက်ထန်စွာ ဆိုသည်။
" ထွက်သွားစမ်း "ရုတ်တရက် ပေါ်ယွီ လန့်ဖျပ်သွား၏။သူမအကြည့် လားရာအတိုင်း လှည့်ကြည့်လိုက်သော် ပေါ်လျန် ဖြစ်နေကြောင်း တွေ့ရသည်။
" ကော "ပန်းသီးလေးတစ်ခြမ်းကို ကိုင်ထားတဲ့ ဖရဲသီးလေးဟာလည်း ချစ်စဖွယ် ခေါ်လိုက်၏။
" ရှူရှူ "ပေါ်လျန်က အခန်းအတွင်းသို့ လမ်းလျှောက်လာကာ အမျိုးသမီးအား တင်တင်စီးစီး ငုံ့ကြည့်သည်။အစမှ အဆုံးထိ သူ့မျက်နှာအမူအရာဟာ မပြောင်းမလဲ။
" ချင်ရှန်း ၊ ခင်ဗျားရဲ့အခုစကားက အရင် ပြောခဲ့တာတွေနဲ့ တော်တော်လေး ရှေ့နောက်မညီဘူးနော် "ချင်ရှန်းက ခပ်မဲ့မဲ့ပြုံး၏။
" ငါသာ ငါ့ရောဂါကို အကျယ်မချဲ့ရင် မင်းက သူ့ကို ငါနဲ့ တွေ့ဖို့ ခွင့်ပြုမတဲ့လား "' သူ ' ဆိုသည်မှာ ပေါ်ယွီအား ရည်ညွှန်းခြင်း။
ပေါ်လျန်က သူမနှင့် အချီအချငြင်းခုံနေချင်စိတ်မရှိ ၊ သူ ပေါ်ယွီထံ ပြောလိုက်သည်။
" စကားပြောတာ တော်လောက်ပြီ။ အိမ်ပြန်ကြစို့ "အမျိုးသမီးက စိတ်အလျင်လို အလောတကြီးဖြစ်သွားသည်။သူမက အားနည်းနေတဲ့ခန္ဓာကိုယ်ကိုပင် ဂရုမထားဘဲ အတင်းအဓမ္မ ကျားကန်ထလျက် ဒေါသတကြီး ဆိုလိုက်သည်။
" ပေါ်လျန် ၊ နင် လွန်လွန်းနေပြီ ! ငါက ငါ့သားနဲ့ စကားလေးနည်းနည်း ပြောရုံပါ !! နင် ကဖျက်ကယက် နှောင့်ယှက်နေရတာလဲ !!!??? "အော်ဟစ်ပြီးသည်နှင့်တစ်ပြိုင်နက် ရုတ်ခြည်း ချင်ရှန်းရဲ့မျက်နှာဟာ ပျက်ယွင်းသွားခဲ့သည်။သူမက ရင်ဘတ်ကို ဆုတ်ကိုင် ချောင်းတဟွတ်ဟွတ် ဆိုးလိုက်သည်။ခန္ဓာကိုယ်တစ်ခုလုံးသည်လည်း တုန်ယင်လို့။
YOU ARE READING
လမ်းခွဲပြီးပြီ၊မနှောင့်ယှက်နဲ့တော့(မြန်မာဘာသာပြန်)
RomanceOriginal Title ; 分手了, 别闹 English Title ; Breaking Up , No Joke Author ; 香芋奶茶 (Taro Milk Tea) English Translator ; PurpleLove666 Status in OOC ; 190 Chapters + 10 Extras ဖန်းရှိုလျယ် ၊ ပျယ်နောင့် (မြန်မာပြန်) THIS IS A PURE FAN TRANSLATION. I got p...