Scroll down for Zawgyi.
Unicode
သို့သော်ငြားလည်း စုန့်မိသားစု၏ အကြီးအကဲနှစ်ဦးမှာ စုန့်ရှီလင်ကြောင့် စိတ်ပျက်လက်ပျက်ဖြစ်သွားရရှာသည်။
အဘယ်ကြောင့်ဆိုသော် နောက်တစ်နေ့မနက်တွင် စုန့်ရှီလင်က စီးပွားရေးကိစ္စများ ဖြေရှင်းဆောင်ရွက်ရန် လေယာဉ်ဖြင့် နိုင်ငံခြားရုံးခွဲဆီသို့ သွားရောက်ခဲ့ရသည်။ပေါ်ယွီလည်း သူ့အ၀တ်အစားတွေကို ထုပ်ပိုးသိမ်းဆည်းလိုက်ပြီး ဖရဲသီးလေးနဲ့အတူ <ချစ်စရာ့ ကလေးငယ်> ရသစုံရှိုး၏ ပထမပိုင်းတွင် ပါ၀င်ရန် ထွက်ခွာခဲ့လိုက်သည်။
ဒါရိုက်တာက <ချစ်စရာ့ ကလေးငယ်> ရသစုံရှိုးရဲ့ ပထမပိုင်းကို ကြယ်ပွင့်သရုပ်ဆောင်များ၏ နေအိမ်၌ ရိုက်ကူးရန် ပြောဆိုခဲ့သည်။ပေါ်ယွီ့နာမည်အောက်ရှိ တိုက်ခန်းက သူ့ရဲ့မူလ ဟိုတိုက်ခန်းတစ်ခုသာရှိသည်။သေချာ စဉ်းစားကြည့်ပြီးနောက် ပေါ်ယွီက ဟော်တယ်တွင် ခေတ္တ နေထိုင်ဖို့ ဆုံးဖြတ်လိုက်ကာ ကင်မရာအဖွဲ့အား ဟော်တယ်သို့ပဲ လာရောက်စေလိုက်သည်။
ပထမပိုင်းရိုက်ကူးရေး မစတင်မီ တစ်ပတ်လောက်အလိုကတည်းက ရသစုံရှိုးအဖွဲ့ဟာ ပရိသတ်တွေကို အသည်းတယားယား မချင့်မရဲဖြစ်စေမည့် ရှေ့ပြေးအစီအစဉ်တိုလေးတစ်ခုအား တရား၀င် Website မှ ထုတ်လွှင့်ခဲ့သည်။
မနက် ခြောက်နာရီခွဲခန့်တွင် ရသစုံရှိုး၏ ၀န်ထမ်းတစ်ဦးက တံခါးခေါက်လိုက်သည်။
အကြောင်းကမူ ဒီအစီအစဉ်အဖွဲ့က ကြော်ငြာခြင်းတစ်မျိုးအနေဖြင့် သရုပ်ဆောင်ကြယ်ပွင့် အိပ်ရာနိုးထလာပုံကို ရိုက်ကူးချင်သည်။ပေါ်ယွီ မနေ့ညကတည်းက သူ့ရဲ့ည၀တ်အင်္ကျီကို သေသေချာချာ ကျကျနန ၀တ်ဆင်ထားလိုက်သည်။
" မင်္ဂလာပါရှင်။ ကောင်းသော မနက်ခင်းပါ ၊ ပေါ်ကိုကိုလေးရေ " ငယ်ရွယ်လှပတဲ့ အမျိုးသမီး ဇာတ်ညွှန်းရေးဒါရိုက်တာမလေးက သူမရဲ့ တလက်လက်တောက်ပနေတဲ့ မျက်၀န်းတွေနဲ့အတူ နှုတ်ခွန်းဆက်လိုက်သည်။ထို့နောက် သူမက သူမအနောက်ရှိ ကင်မရာဘက်ကို တိုးတိုးလေး လှည့်ပြောလိုက်သည်။ " ကျွန်မတို့ ရိုက်ကူးရေးစပါပြီ။ ကျေးဇူးပြုပြီး မြန်မြန်လေး လိုက်လာနော်။ ရှင်တို့ရဲ့ကလေးလေးတွေကို တွေ့ရဖို့ အဆင်သင့်ပြင်ထားလိုက်ပါတော့ "
YOU ARE READING
လမ်းခွဲပြီးပြီ၊မနှောင့်ယှက်နဲ့တော့(မြန်မာဘာသာပြန်)
RomanceOriginal Title ; 分手了, 别闹 English Title ; Breaking Up , No Joke Author ; 香芋奶茶 (Taro Milk Tea) English Translator ; PurpleLove666 Status in OOC ; 190 Chapters + 10 Extras ဖန်းရှိုလျယ် ၊ ပျယ်နောင့် (မြန်မာပြန်) THIS IS A PURE FAN TRANSLATION. I got p...