Scroll down for Zawgyi.
Unicode
သုံးရင်အကြာ ၊ နာမည်ကျော် ဒိတ်ဒိတ်ကျဲကြယ်ပွင့်များဖြင့် ပျားပန်းခတ်နေသော ' <BreakUp> ရုပ်ရှင်ပွဲတော်၀ယ် ' ။
ဖိတ်ကြားထားသော ဂုဏ်သရေရှိ အရေးကြီးဧည့်သည်တော်များနှင့်တကွ လျှမ်းလျှမ်းတောက် ထင်ရှားကျော်စောသည့် အနုပညာရှင်များ ကြွရောက်လာကြသည်။ထိုအကောင်ကြီးကြီး ပုဂ္ဂိုလ်တွေနှင့်စာလျှင် မျိုးဆက်သစ်ဖြစ်တဲ့ ပေါ်ယွီက ပွဲတော်အလယ်လောက်မှာ ရောက်လာခဲ့၏။
သို့ပေမင့် ............
ဖြူဖွေးသန့်စင်နေပါသော အဖြူရောင်အနောက်တိုင်း၀တ်စုံအား ဆင်မြန်းထားသည့် ပေါ်ယွီနှင့် နက်စွေးနေပါသည့် အနက်ရောင်အနောက်တိုင်း၀တ်စုံကို ၀တ်ဆင်ထားသော စုန့်ရှီလင်တို့ အတူယှဉ်တွဲရပ်လိုက်ကြသည့် အခိုက်အတန့်၌ ကော်ဇောနီလမ်းနံဘေးတစ်လျှောက်က ကင်မရာမီးတဖြတ်ဖြတ်သံ ညံသွားခဲ့သည်။
တိုက်ရိုက် live ထုတ်လွှင့်မှုကို အင်တာနက်မှတစ်ဆင့် ကြည့်ရှူနေကြသော ပရိသတ်ထုကြီးခမျာလည်း ဟင်ခနဲဟာခနဲ အံ့သြဘနန်းဖြစ်ကုန်ကြသည်။
《 ဘုရားရေ ဗုဒ္ဓေါ !!! ကျုပ်ကို ခွေးစာတွေ ဇွတ်ကျွေးနေကြတယ် ၊ ဒီအဖြူအနက်အတွဲက မင်္ဂလာပွဲကို ချီတက်ကြတော့မယ့်ကိန်းလားဟေ့ !!! 》
《 စုံတွဲ Suit !!!!!!!! ချစ်ဖို့ကောင်းမှုတစ်သိန်းတစ်သောင်းကြောင့် ငါ့မျက်နှာလေး ရှက်သွေးဖြာနေပါပြီနော် !!! 》
《 သူတို့နှစ်ယောက်ရဲ့အရင့်အရင် ဘာဘာညာညာသတင်းတွေက လေဖမ်းဝါးတန်းချည် လျှောက်ပြောကြတယ်ဆိုရင်တောင် ဒါကြီးက အော်ဖစ်ရှယ်လီးကို အိမ်တိုင်ရာရောက်စနစ်နဲ့ ခွေးစာကျွေးနေတာလို့ ပြောပါရစေ !!! 》
တစ်ခုရှိသည်က လူတိုင်းဟာ အနှီဟိုးလေးတကျော်ကျော် သတင်းကို အသာတကြည် ကြူဖြူကြသည်ရယ် မဟုတ်ရပါလေ။
《 ဟားဟား ၊ နာမည်ကြီးဖို့အတွက်နဲ့ ယောကျ်ားနှစ်ယောက် ကလူပြနေတာကို မင်းတို့တွေ အော်ဂလီမဆန်ကြဘူးလား ??? 》
ESTÀS LLEGINT
လမ်းခွဲပြီးပြီ၊မနှောင့်ယှက်နဲ့တော့(မြန်မာဘာသာပြန်)
Literatura romànticaOriginal Title ; 分手了, 别闹 English Title ; Breaking Up , No Joke Author ; 香芋奶茶 (Taro Milk Tea) English Translator ; PurpleLove666 Status in OOC ; 190 Chapters + 10 Extras ဖန်းရှိုလျယ် ၊ ပျယ်နောင့် (မြန်မာပြန်) THIS IS A PURE FAN TRANSLATION. I got p...