အခန်း-၁၃၃(​စေ့စပ်ပွဲ)

1.1K 198 7
                                    

Scroll down for Zawgyi.

Unicode

ဆွေမျိုး​တော်စပ်လာရကြမည့် ​ပေါ်မိသားစုနှင့်စုမိသားစုတို့လက်ထပ်ပွဲဟာ အ​နောက်​တောင်မြို့​တော်တွင် ဟိုး​လေးတ​ကျော်​ကျော် သတင်းကြီးနေသည်။အ​ကြောင်းမှာ ယင်းလက်ထပ်ပွဲ​ကြောင့် ​ပေါ်မိသားစုရဲ့စီးပွား​ရေးက ​အရှေ့ကို ​ခြေတစ်လှမ်းတိုးလိုက်ခြင်းဖြစ်သည့်အပြင် မယိမ်းမယိုင် ခိုင်မာ​သော သစ်ပင်ကြီးတစ်ပင်က ​ပေါ်မိသားစု​နောက်ကွယ်၌ မားမားမတ်မတ် ​ထောက်ကန်​ပေးလိုက်ခြင်းတည်း။

လက်ထပ်ပွဲက​နေ စုမိသားစုရဲ့အကျိုးအမြတ်ရရှိမှုက ​ပေါ်မိသားစု​အောက် မ​လျော့။စု​ဖေ​ဖေ၏ အလုပ်အကိုင်က အထိအရှလွယ်သည်မို့သာ သိုသိုသိပ်သိပ် မြှုပ်ထားကြသည်။

​​ဘေးလူ​တွေအ​နေနှင့် မင်္ဂလာပွဲမှ စုမိသားစု အမြတ်ထွက်သွားသည်များကို နားလည်ကြလိမ့်မည်မဟုတ်သလို စုမိသားစုဘက်ကလည်း လူသိရှင်ကြား ဖွင့်ချပြရန် မဖြစ်နိုင်ပါ​ချေ။

​​စေ့စပ်ပွဲ။

​ပေါ်မိသားစုနှင့် စုန့်မိသားစုတို့ ဖိတ်ကြားထား​သော ဧည့်သည်​​တော်များအားလုံးက အထက်တန်းလွှာ လူကုံထံပုဂ္ဂိုလ်​တွေချည်း​ပေ။ဂုဏ်ပြုညစာစားပွဲအတွင်း၌ ကြွ​ရောက်လာသည့် ဧည်သည်အ​ပေါင်းက တန်ဖိုးကြီး အ၀တ်အထည်များကို မျက်စိကျိန်းစပ်စဖွယ် ဆင်မြန်းထားကြသည်။

​​ချော​မောခန့်ညား​သော အမျိုးသား​များ ၊ နူးညံ့လှပ​သော အမျိုးသမီးများက ဝတ်​ကောင်းစားလှများဖြင့် အလျိုလျို တည်ခင်းဧည့်ခံ​နေကြသည်။

အထပ်မြင့်အ​ဆောက်အအုံ၏ အလွှာ ၂၀ တွင် ​ပေါ်ယွီ မတ်တပ်ရပ်​နေသည်။လက်နှစ်ဖက်က လက်ရန်းမှာ ​ထောက်လို့ ​အောက်ကို ပျင်းရိ​လေးတွဲ့စွာ ငုံကြည့်​နေ၏။

ဖရဲသီး​လေးက ​ပေါ်ယွီ့အနား လာရပ်ပြီး သူပါ ​အောက်သို့ သိလိုတကြီး ငုံ့ကြည့်လိုက်သည်။
" ပါးပါး ၊ ဘာ​တွေကြည့်​ ? "

" သူများရဲ့အ၀တ်အစား​တွေများ လှ​နေတာပဲ "
​ပေါ်ယွီက သက်ပြင်း​လေးတချချ။

လမ်းခွဲပြီးပြီ၊မ​နှောင့်ယှက်နဲ့​တော့(မြန်မာဘာသာပြန်)Where stories live. Discover now