Scroll down for Zawgyi.
Unicode
သူတို့တွေ နောက်တစ်ကြိမ် ပြန်လည်တွေ့ဆုံကြတဲ့အချိန်မှာလည်း သူနဲ့စုန့်ရှီလင်ကြားက အခြေအနေဟာ အကြိမ်ပေါင်များစွာ ဘာမှန်းမသိ တိတ်တဆိတ် ဝေဝါးနေတာကို ရုတ်တရက် ပေါ်ယွီ သဘောပေါက်လိုက်သည်။သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးဟာ အတိတ်တစ်ချိန်ဆီ ပြန်သွားနိုင်သည်ဖြစ်စေ၊ မသွားနိုင်သည်ဖြစ်စေ၊ အခုချိန်မှာ သူငယ်ချင်းတွေတော့ ဖြစ်နိုင်ကြသေးလားဆိုတာကို ပေါ်ယွီ သိချင်မိသည်။
ဒါပေမယ့် စုန့်ရှီလင်က ပေါ်ယွီကို ခံစားစိတ်ကူး၀မ်းနည်းနေဖို့ အချိန်မပေးဘဲ ပေါ်ယွီရဲ့ ကမ္မဋ္ဌာန်းထိုင်သလို စဉ်းစားနေမှုကြီးကို စိတ်မ၀င်စားစွာ နှောင့်ယှက်လိုက်သည်။
" မင်း ဘာလိုချင်လို့လဲ ? "" သကြားလုံး " ပေါ်ယွီ လက်ဖြန့်လိုက်သည်။
" မင်း ငါ့သားကို သကြားလုံးနည်းနည်း ပေးခဲ့တယ်လေ။ အဲဒါ သူ စားလို့ကုန်သွားပြီး ငါ့ကို ထပ်လိုချင်တယ်ပြောနေလို့ "စုန့်ရှီလင်က စိတ်ခံစားချက်တွေ ကင်းမဲ့နေတဲ့ မျက်နှာနဲ့အတူ ပေါ်ယွီကို ခဏလောက် စိုက်ကြည့်နေလိုက်သည်။
အဲဒီနောက် စည်းမျဉ်းစည်းကမ်းဥပဒေသတွေကို အလွန်အမင်း အရေးစိုက်တတ်တဲ့ ဒီလူကြီးက သူ့ကို ငြင်းလွှတ်လောက်တယ်လို့ ပေါ်ယွီ စဉ်းစားလိုက်မိတဲ့အချိန်မှာပဲ စုန့်ရှီလင်က လက်ဖက်ရည်စားပွဲအောက်ကနေ သကြားလုံးအိတ်သေးသေးလေးတစ်လုံးကို ထုတ်နေတာ တွေ့လိုက်ရပြီး အဲဒီသကြားလုံးတွေကို ပေါ်ယွီဆီ ကမ်းပေးလာခဲ့သည်။
အဲဒီချိုချဉ်အိတ်လေးက ဖရဲသီးလေး ဒီညမှာ စားမယ့် နူးနူးညံ့ညံ့ သကြားလုံးလေးတွေပင်ဖြစ်သည်။
ပေါ်ယွီအတွက် ဒီနေရာမှာ ဆက်နေဖို့ အကြောင်းပြချက်မရှိတော့ပေ။ဒါကြောင့် သူက သာမာန်ကာလျံကာပဲ ကျေးဇူးတင်စကားပြောကာ သကြားလုံးတွေ ယူပြီး ထွက်သွားလိုက်ရသည်။
ဒါပေမယ့် သူ တံခါးဆွဲဖွင့်ခါနီးဆဲဆဲအချိန်လေးမှာ စုန့်ရှီလင်က ပြောလာခဲ့သည်။
" ညကျ သကြားလုံးတွေကို နည်းနည်းပဲစားရမယ်နော်။ မဟုတ်ရင် သွားပိုးစားလိမ့်မယ် "
KAMU SEDANG MEMBACA
လမ်းခွဲပြီးပြီ၊မနှောင့်ယှက်နဲ့တော့(မြန်မာဘာသာပြန်)
RomansaOriginal Title ; 分手了, 别闹 English Title ; Breaking Up , No Joke Author ; 香芋奶茶 (Taro Milk Tea) English Translator ; PurpleLove666 Status in OOC ; 190 Chapters + 10 Extras ဖန်းရှိုလျယ် ၊ ပျယ်နောင့် (မြန်မာပြန်) THIS IS A PURE FAN TRANSLATION. I got p...