အခန်း-၁၃၄(​သေလမ်းကိုဖိတ်​ခေါ်ခြင်း)

972 172 10
                                    

Scroll down for Zawgyi.

Unicode

" ဒေါက် ​ဒေါက် ... "
တံခါး​​ခေါက်သံက ခပ်စိပ်စိပ်။

​ပေါ်ယွီနှင့်စုန့်ရှီလင်တို့ တစ်​ယောက်ကိုတစ်​ယောက် ကြည့်လိုက်မိကြသည်။​ပေါ်ယွီက အသံကို မြှင့်​မေးလိုက်၏။
" ဘယ်သူလဲ ? "

" ...... ငါ မင်းအ​မေ "
အနီ​ရောင် ငါးမြှီးဂါ၀န်ရှည်ကို ၀တ်ဆင်ထား​သော ချင်ရှန်းက တံခါး၀တွင် ရပ်​နေသည်။သူမက လှပသိမ်​မွေ့ကာ ရွှန်းလဲ့​နေ​သည့် မိတ်ကပ်မျိုးကို လိမ်းခြယ်ထားသည်။ဆံနွယ်​တွေကို ​ဦးခေါင်းအ​နောက်၌ ကျစ်ဆံမြှီးအဖြစ် ထုံးဖွဲ့လိုက်သည်က သူမအား နှစ်လိုဖွယ် တည်ငြိမ်ရင့်ကျက်သွား​စေသည်။

စုန့်ရှီလင်က တံခါးဖွင့်​ပေး၍ တ​လေးတစား နှုတ်ဆက်လိုက်သည်။
" အန်တီချင် "

ချင်ရှန်းက ​ခေါင်းညိတ် အသိအမှတ်ပြုသည်။
" အန်တီ ​ပေါ်ယွီနဲ့ စကား​ပြောချင်တာ​လေးရှိတာ။ မင်း ခဏ​လောက် ​ရှောင်​ပေးပါ့လား။ ​ကျေးဇူးတင်ပါတယ် "

အခန်းထဲက​နေ ကြားလိုက်သည့် ​ပေါ်ယွီက မျက်​မှောင်ကြုတ်သည်။
" ကျွန်​တော်တို့မှာ သီးသန့်စကား​ပြောရမယ့်ကိစ္စမှ မရှိဘဲကို။ သူက ဘာလို့ ​ရှောင်​ပေးရမှာလဲ ? "

စုန့်ရှီလင်က ချင်ရှန်း အခန်းထဲဝင်လာနိုင်ရန် ​ဘေးကပ်​ရပ်​ပေးသည်။ထို့​နောက် တံခါး​ပိတ်ပေးပြီး အပြင်ထွက်သွားပေးခဲ့သည်။

ချင်ရှန်းက အထဲသို့ ​​​ခြေလှမ်းသွက်သွက် လျှောက်လာသည်။​မြေပိုင်ရှင်အဘိုးကြီးနှယ် ၀တ်စားထား​သော ​ပေါ်ယွီ့ကို ​​စောင်းငဲ့ကြည့်လျက် ရက်ရက်စက်စက် ​လှောင်​ပြောင်လိုက်သည်။
" မင်းအ၀တ်​တွေ ရုပ်ဆိုးတာများ လွန်​ရော "

​ချီရှန်းဟာ လော​လောလတ်လတ်တင် စုန့်ရှီလင်အ​မေနှင့် ​၀မ်း​မြောက်၀မ်းသာ စကားစမြည်​ပြောခဲ့ခြင်းဖြစ်သည်။အ​မေနှစ်​ယောက် စကား​ပြောကြသည်ဖြစ်ရာ ကိုယ့်သားအ​ကြောင်းကိုယ် အပြိုင်အဆိုင် အမွှန်းတင် ကြွားလုံးထုတ်​တော့သည်။​လေသံ​တွေကအစ မီးပွားစင်မတတ် အားမာန်တက်ကြွ​နေသည်။

လမ်းခွဲပြီးပြီ၊မ​နှောင့်ယှက်နဲ့​တော့(မြန်မာဘာသာပြန်)Donde viven las historias. Descúbrelo ahora