Scroll down for Zawgyi.
Unicode
သိပ်မကြာခင်မှာ အိမ်တော်ထိန်းက အလျင်အမြန် ရောက်ချလာပြီး ဒုက္ခရောက်နေတဲ့ ကလေးသုံးကောင်ကို ကယ်တင်ပေးလိုက်ရသည်။ထို့နောက် သူက ၎င်းကလေးတွေနဲ့ ဖရဲသီးလေးကို ဧည့်ခန်းဆီ ခေါ်ဆောင်သွားလိုက်သည်။ဧည့်ခန်းအလယ်တွင် ကလေး,လေးယောက်ဟာ ဘေးချင်းယှဉ်လျက် မတ်တပ်ရပ်နေကြသည်။
ရင်ကို ကော့ ၊ ခေါင်းကို မော့၍ တန်တန့်လည်ပတ်ကြိုးလေးကို ကိုင်ထားရင်း မတ်တပ်ရပ်နေတဲ့ ဖရဲသီးလေးက စုန့်မေမေအား ချက်ချင်း ရယ်ပွဲကျသွားစေသည်။
" မာမီ ! သားကို ခွေးလိုက်ကိုက်ခိုင်းတာ သူပဲ !! " ကောင်လေးသုံးယောက်ထဲက တစ်ဦးက သူ့အမေနောက် ၀င်ပုန်းကာ ကြောက်ဒူးတုန်လျက် ဖရဲသီးလေးအကြောင်းကို မကျေမနပ် တိုင်တန်းလိုက်သည်။သူ့မျက်လုံးတွေကလည်း ဒေါသကြောင့် နီရဲနေသည်။ ဒီစိတ်ရှုပ်စရာကောင်လေးက သူ့ကို ခွေးနဲ့ ရှူးတိုက်လွှတ်ရဲတယ် !!!
တခြားကလေးနှစ်ယောက်ကတော့ ဘာမှမပြောကြဘဲ သူတို့ခေါင်းတွေကိုသာ ငုံ့ထားကြသည်။
" ဘယ်လိုဖြစ်တာလဲ ??? " အမျိုးသမီးက ကောင်လေးကို မျက်နှာမူပြီး ပြောဆိုလိုက်သည်။ " ငါ နင့်ကို ဘယ်ကမှန်းမသိတဲ့ ကောင်စုတ်လေးတွေနဲ့ မကစားရဘူးလို့ အကြိမ်ကြိမ် ပြောခဲ့တယ်။ အခု ဒီတစ်ခေါက် မတော်လို့များ နင် တစ်ခုခုဖြစ်ရင် နင့်အမေငါက သေလိမ့်မယ်ဟဲ့ !!! "
အမျိုးသမီး ဒီလိုပြောလိုက်တာဟာ စုန့်ရှီလင်အမေကို ရှင်းရှင်းလင်းလင်း ရပ်တည်ပေးရန် ဖိအားပေးလိုက်ရုံမျှမက ဖရဲသီးလေးရဲ့နောက်ခံမိသားစုအင်အားနဲ့ပတ်သတ်၍ မေးခွန်းထုတ်လိုက်တာပဲဖြစ်သည်။ ဒီကလေးက ဘယ်မိသားစုရဲ့ ကလေးလဲ ?!!
ဟိုကလေးလေးကလည်း ဖရဲသီးလေးအား ဖြဲခြောက်ပြလိုက်သည်။ သူ အဲဒီခွေးလည်ပတ်ကို လုယူလိုက်ပြီး သူ့ကို ခြံ၀င်းအနှံ့လိုက်ဆွဲခဲ့တဲ့ အဲဒီခွေးကို နုတ်နုတ်စဉ်းပစ်ချင်တယ် !!!
YOU ARE READING
လမ်းခွဲပြီးပြီ၊မနှောင့်ယှက်နဲ့တော့(မြန်မာဘာသာပြန်)
RomanceOriginal Title ; 分手了, 别闹 English Title ; Breaking Up , No Joke Author ; 香芋奶茶 (Taro Milk Tea) English Translator ; PurpleLove666 Status in OOC ; 190 Chapters + 10 Extras ဖန်းရှိုလျယ် ၊ ပျယ်နောင့် (မြန်မာပြန်) THIS IS A PURE FAN TRANSLATION. I got p...