Scroll down for Zawgyi.
Unicode
စုန့်ရှီလင်က သာမာန်အိမ်နေရင်း မီးခိုးရောင်၀တ်စုံကို ၀တ်ထားကာ လူတွေကို နည်းနည်း ဂရုမစိုက်ဘဲ ပုံမှန်ထက်ပိုပြီး ကင်းကင်းရှင်းရှင်းနေသလို ခံစားရစေသည်။
ဖရဲသီးလေးက ထခုန်ပြီး စုန်ရှီလင်ရဲ့ပေါင်ကို ဖက်တွယ်လိုက်သည်။ " ဦးဦးစုန့် , ဦးဦးလည်း ဒီမှာ နေတာလား ? "
ပေါ်ယွီကတော့ အတော်လေး ရှက်ကိုးရှက်ကန်းဖြစ်သွားသလို ခံစားလိုက်ရသည်။သူက သူ့ရဲ့အိမ်နီးချင်းအသစ်လေးကို တွေ့ချင်ရုံပါ။ဒါပေမယ့် သူ တစ်ခါမှ ထင်မထားခဲ့တဲ့ သူ့ရဲ့အရင်ရည်းစားဟောင်းနဲ့ လာတွေ့နေရတယ်လို့။
စုန့်ရှီလင်က ပေါ်ယွီနဲ့ဖရဲသီးလေးကို ကြည့်ပြီး ဘေးတစ်ဖက်ကိုကပ်ပေးကာ
" အထဲ၀င်ပြီး ထိုင်ကြလေ "လမ်းခွဲခဲ့ကြပြီးတဲ့နောက် သူတို့ တစ်ညတာ အတူတူအိပ်ခဲ့ကြသည်။ဒါကြောင့် သူတို့ တစ်ယောက်နဲ့တစ်ယောက် တွေ့ကြတဲ့အချိန်မှာ သူတို့ကြားကလေထုဟာ အရမ်းကြီး ထူးဆန်းမနေပေ။
ပေါ်ယွီ ခေါင်းငြိမ့်လိုက်ပြီး အထဲ၀င်ကာ အိမ်ရဲ့ရိုးရိုးရှင်းရှင်းအပြင်အဆင်ကို ကြည့်ရင်း ပြောလိုက်သည်။ " မင်း ဘာလို့ ဒီကိုပြောင်းလာတာလဲ ? "
" ငါ့ရဲ့အရင်တိုက်ခန်းက ရောင်းထွက်သွားပြီလေ ။ အဲဒါကြောင့် အသစ်၀ယ်လိုက်တာ " ပေါ်ယွီနဲ့ဖရဲသီးလေးအတွက် ရေနွေးပူပူလေး တစ်ခွက်စီထည့်ပေးပြီးနောက် စုန့်ရှီလင်က ဘာစကားမှမဆိုတော့ဘဲ ဆိုဖာပေါ်မှာ ထိုင်လိုက်သည်။
အဲဒီအချက်ကပဲ နေရခက်တဲ့ အခြေအနေကြီးကို ထုတ်လွှတ်ပေးနေလေသည်။
" ဦးဦးစုန့် , ဦးဦး သားကို မှတ်မိလား ? " ဖရဲသီးလေးက စုန့်ရှီလင်ကို အလွန်သဘောကျသည်။သူက စုန့်ရှီလင်ဆီကို သွားပြီး စုန့်ရှီလင်ရဲ့ဒူးနားမှာ ငုတ်တုတ်လေးထိုင်ချလိုက်သည်။သူ့ရဲ့နှစ်လိုဖွယ်ရာ မျက်၀န်းကြီးတွေကိုတော့ အကြိမ်ကြိမ် ပုတ်ခတ်ပုတ်ခတ်လုပ်နေလေသည်။
VOUS LISEZ
လမ်းခွဲပြီးပြီ၊မနှောင့်ယှက်နဲ့တော့(မြန်မာဘာသာပြန်)
Roman d'amourOriginal Title ; 分手了, 别闹 English Title ; Breaking Up , No Joke Author ; 香芋奶茶 (Taro Milk Tea) English Translator ; PurpleLove666 Status in OOC ; 190 Chapters + 10 Extras ဖန်းရှိုလျယ် ၊ ပျယ်နောင့် (မြန်မာပြန်) THIS IS A PURE FAN TRANSLATION. I got p...