အခန်း-၄၄(နှစ်ပတ်လည်ပါတီ)

6.2K 1.3K 19
                                    

Scroll down for Zawgyi.

Unicode

​မော့ယန်က ​မော့အန်းယွီကို ကြည့်ကာ ​ပေါ်ယွီနဲ့ ပတ်သတ်ပြီး သူ့ညီငယ်​လေးရဲ့ အစွဲအလမ်းကို သိသည်။ဒါ​ကြောင့် သူက ​မော့အန်းယွီကို ​ဖျောင်းဖျမ​နေ​တော့ဘဲ ​ပြောလိုက်သည်။ 
" မင်း အခုတ​​လော လုပ်​နေတာ​တွေကို တခြားလူ​တွေဆီက ကြားပြီးပြီ။ အ​မေက ​ပေါ်ယွီကို စုံစမ်း​နေတယ် "

အစက ဂရုမစိုက်ဘဲ​နေ,​နေတဲ့ ​မော့အန်းယွီဟာ ချက်ချင်းလက်ငင်းပဲ တုန်လှုပ်သွားပြီး သူ့ရဲ့မျက်လုံးသူငယ်အိမ်​တွေပါ ကျုံ့၀င်သွား​လေသည်။   " ဘာကိုလဲ ? "

" မင်း မင်းကိုယ်မင်းသာ ပြန်​မေးသင့်တယ်။ ​ရှောင်ယွီ , အဆုံးသတ်ဖို့ လိုအပ်​နေတဲ့ တချို့ကိစ္စ​တွေဆိုတာ ရှိတယ် " ​မော့ယန်က အဓိပ္ပါယ်နှစ်ခွထွက်တဲ့ စကားမျိုးနဲ့ ပြန်​ဖြေလိုက်သည်။

​မော့အန်းယွီ ​လှောင်​ပြောင်ခနဲ့လိုက်​လေသည်။   " သူကလွဲရင် ကျွန်​တော့်အတွက် ဘယ်ကိစ္စကမှ အ​ရေးမကြီးဘူး။ အစ်ကိုကြီး , ကုမ္ပဏီရဲ့ နှစ်ပတ်လည်ပါတီပွဲ​ရော ဘယ်လိုလဲ ? "

​​မော့ယန် မျက်​မှောင်ကြုတ်ကာ အချိန်အကြာကြီး​နေမှ ​ပေါ့​ပေါ့ပါးပါးနဲ့ ပြန်​ပြောလိုက်သည်။   " ​ပေါ်ယွီ ဒီ​ည​နေခင်းမှာ ​ရောက်လာ​အောင် ငါ ညွှန်ကြားထားပြီးပြီ "

​မော့အန်းယွီမှာ အလွန်အမင်း ​ပျော်ရွှင်သွား​တော့သည်။   " ​ကျေးဇူးတင်ပါတယ် , အစ်ကိုကြီး ! "

" ဒီတစ်ခါပဲ​​နော် "   ​မော့ယန် သက်ပြင်းတစ်ချက်ချကာ မတ်တပ်ရပ်လိုက်ပြီး သူ့ရဲ့ suit jacket ကို ကြယ်သီးတပ်ရင်း ​ပြောလိုက်သည်။   " ငါ့မှာ အစည်းအ​​ဝေးရှိ​သေးတယ်။ ​နောင်ကျရင် မင်း အ​မေနဲ့ စကား​ကောင်း​ကောင်း ​ပြောလိုက်ကြဦး။ ကိစ္စ​တွေကို ပိုဆိုး​အောင် မလုပ်နဲ့ "

​မော့အန်းယွီ ​ခေါင်းငြိမ့်ပြလိုက်သည်။​မော့ယန် ရုံးခန်းထဲက​နေ ထွက်သွားပြီးတဲ့​နောက် ​မော့အန်းယွီ ဖုန်းကို ထုတ်လိုက်သည်။

​မော့​မေ​မေ​ဟာ သူမ​ရှေ့က ဖိုင်တွဲတစ်ခုနဲ့အတူ ဆိုဖာ​ပေါ်မှာ ထိုင်​နေသည်။သူမ ဖိုင်ကို ဖွင့်ကြည့်​တော့မယ့်အချိန်မှာ သူမရဲ့အငယ်ဆုံး သား​လေးက သူမဆီကို ဖုန်း​ခေါ်လာခဲ့သည်။သူမ အရမ်းကို ​ပျော်ရွှင်သွားပြီး ချက်ချင်းပဲ ဖိုက်ဖွင့်ဖတ်ဖို့ကိစ္စကို ​ဘေးဖယ်ထားလိုက်​​တော့သည်။

လမ်းခွဲပြီးပြီ၊မ​နှောင့်ယှက်နဲ့​တော့(မြန်မာဘာသာပြန်)Where stories live. Discover now