Scroll down for Zawgyi.
Unicode
ပေါ်ယွီရဲ့စာချုပ်က တစ်လလောက်နေလျှင် သက်တမ်းကုန်တော့မည့်အချိန်တွင် ပေါ်ယွီရဲ့ပရိသတ်တွေက Weibo စာမျက်နှာ၌ နောက်နောင် သူတို့ရဲ့ idol နဲ့ ဘယ်ကုမ္ပဏီက အတူတွဲလုပ်မည်ဆိုတာကို သိရဖို့အတွက် စိတ်အားထက်သန်စွာ မှတ်ချက်တွေပေးကြလေသည်။
ဒါ့ပြင် သတင်းထောက်တွေကလည်း ထိုအနံ့ကိုရပြီး ပေါ်ယွီဟာ တင်းဖန်အေဂျင်စီတွင် အလုပ်မလုပ်တော့ကြောင်း ချက်ချင်း သတင်းရေးကြတော့သည်။
သို့တိုင် အပြင်လူတွေ ခန့်မှန်းနေကြတဲ့ ကောလဟာလတွေနဲ့ သွားပုပ်လေလွင့် အတင်းအဖျင်းစကားတွေကို ဂရုမစိုက်ဘဲ ပေါ်ယွီကမူ အားလုံး အာရုံစိုက်တာခံနေရတဲ့ သူတစ်ယောက်အနေဖြင့် ၎င်းတို့ကို ဘာမှပြန်လည်တုန့်ပြန်မနေချေ။ထို့ကြောင့် သူ့ပရိသတ်တွေက အနှီကိစ္စအား ပိုမိုစိုးရိမ်လာကြသည်။
ဧပြီလအစောပိုင်း၌ ပေါ်ယွီရဲ့ တရား၀င် Weibo acc မှ နောက်ဆုံးတွင် post အသစ်တက်လာခဲ့သည်။
ပေါ်ယွီ V ; မင်္ဂလာပါ ၊ သူဋ္ဌေးရေ ! ကျွန်တော်က ပေါ်ကိုကိုလေးပါ !! [ Picture attached ] [ Picture attached ] [ Picture attached ]
ဓါတ်ပုံတွေထဲ၌ casual suit နဲ့ နုပျိုချောမောနေတဲ့ ပေါ်ယွီက ပြင်သစ်ပြတင်းရှေ့တွင် မတ်တပ်ရပ်နေကာ formal suit နဲ့ ရင့်ကျက်နူးညံ့နေတဲ့ ချူဖန်းက အပြုံးသေးသေးလေးတစ်ပွင့်ကို ချိတ်ဆွဲလျက် ပေါ်ယွီ့ဘေးမှာ ရပ်နေသည်။
ပေါ်ယွီက Weibo စာမျက်နှာပေါ်တွင် ထို post ကို တင်လိုက်တာနှင့်တစ်ပြိုင်နက် ပရိသတ်တွေက မှတ်ချက်ပေါင်းများစွာဟာ ဖုန်းဖန်သားပြင်၌ ပေါက်ကွဲထွက်လာခဲ့သည်။
[ အလုပ်အသစ်ပြောင်းသွားပြီပေါ့ !!! ဘာကြောင့်မှန်းမသိ သူဋ္ဌေးအသစ်နဲ့ ငါတို့ရဲ့ ပေါ်ပေါ်က ကောင်းကောင်းကြီး လိုက်ဖက်နေတယ်လို့ ငါ ထင်တယ်။ ငါ အရမ်းကြီးများ ညစ်ညမ်းနေတာလားနော် ??? ]
[ ချူဖန်း !!! အား !!! ချောမောခန့်ညားတဲ့ သူဋ္ဌေးနဲ့ ပေါ်ပေါ်တို့ကြားမှာ ပြောပြလို့မရတဲ့ ပုံပြင်လေးတစ်ပုဒ် သေချာပေါက် ရှိရမယ်။ မိမိုက်နေမှုကြီးကြောင့် သေဆုံး ]
YOU ARE READING
လမ်းခွဲပြီးပြီ၊မနှောင့်ယှက်နဲ့တော့(မြန်မာဘာသာပြန်)
RomanceOriginal Title ; 分手了, 别闹 English Title ; Breaking Up , No Joke Author ; 香芋奶茶 (Taro Milk Tea) English Translator ; PurpleLove666 Status in OOC ; 190 Chapters + 10 Extras ဖန်းရှိုလျယ် ၊ ပျယ်နောင့် (မြန်မာပြန်) THIS IS A PURE FAN TRANSLATION. I got p...