Scroll down for Zawgyi.
Unicode
" မင်းက ဒီကလေးအရိုင်းအစိုင်းကို ဂရုစိုက်ဖို့အတွက်နဲ့ ငါ့ကို ဒီရက်တွေမှာ တစ်ယောက်တည်းထားခဲ့တာလား !!? " ချီယန်က စုန့်ရှီလင်ကို စိန်းစိန်းဝါးဝါးကြည့်ရင်း တံခါးကို ပိတ်ကာ အထဲ၀င်လာခဲ့သည်။
စုန့်ရှီလင်က အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။ " တကယ်လို့ မင်းမှာ တစ်ခုခုပြောစရာရှိရင် အပြင်ထွက် လမ်းလျှောက်ရအောင် "
" ဒီကလေးက ပေါ်ယွီ့ဟာမလား ။ မင်း သူနဲ့ ကိစ္စတွေရှိနေတာလား ? ဘာကိစ္စလဲ ?!! "
ချီယန်ရဲ့လက်တွေဟာ တဆတ်ဆတ် တုန်ယင်နေပြီး သူက မျက်လုံးထဲမှာ မျက်ရည်အပြည့်နဲ့ ပြောလိုက်သည်။ " ရှီလင် , မင်း ငါ့ကို မချစ်ဘူးလား ? "
" ချီယန် , ငါတို့က ပြီးသွားပြီ ။ ငါ မင်းကို အကြွေးပေးစရာ ဘာမှမရှိတော့ဘူး ။ ငါ့အမေကိစ္စ မတိုင်ခင်လေးတုန်းကထိ မင်းကို entertainment လောကမှာ နာမည်ကြီးလာအောင် ငါ ကူညီပေးခဲ့ပြီးပြီ " စုန့်ရှီလင်ရဲ့နှုတ်ခမ်းတွေက တင်းတင်းစေ့ပိတ်ထားပြီး သူ့ရဲ့နက်ရှိုင်းလှတဲ့ မျက်၀န်းတွေထဲမှာ ဒေါသတွေကို ချုပ်တည်းနေရသည်။
အတွင်းရေးမှူးချူက အလွန်အမင်း ကသိကအောက်ဖြစ်နေဟန်နဲ့ အထဲကို ကပျာကသီ ၀င်လာခဲ့သည်။
စုန့်ရှီလင်က ခပ်တိုးတိုး ဆိုလိုက်သည်။ " ကလေးကို အပြင်ခေါ်သွားလိုက် ။ ငါ ချီယန်နဲ့ စကားပြောစရာရှိတယ် "
အတွင်းရေးမှူးချူက ထိတ်လန့်မှုကြောင့် မင်တက်နေတဲ့ ဖရဲသီးလေးကို လျင်မြန်စွာ ခေါ်သွားပြီး တံခါးပိတ်ပေးလိုက်သည်။
" မင်းအမေရှေ့မှာ ပေါ်ယွီ့အကြောင်း ငါ တိုင်ပြောလိုက်တာကို မင်း မကျေနပ်ဘူးဆိုတာ ငါ သိပါတယ် ။ ဒါပေမယ့် မင်း သိလား , ငါက မင်း ငါ့ဆီ ပြန်လာဖို့ မျှော်လင့်ခဲ့ရုံလေးပါ " ချီယန် ရှင်းပြလိုက်သည်။
စုန့်ရှီလင်က မျက်ခုံးပင့်ကာ ချီယန်ကို ခံစားချက်ကင်းမဲ့စွာနဲ့ ကြည့်ပြီး ပြောလိုက်သည်။ " ဒါက မင်း ငါ့ကို ပြောချင်တာ အကုန်ပဲလား ? "
YOU ARE READING
လမ်းခွဲပြီးပြီ၊မနှောင့်ယှက်နဲ့တော့(မြန်မာဘာသာပြန်)
RomanceOriginal Title ; 分手了, 别闹 English Title ; Breaking Up , No Joke Author ; 香芋奶茶 (Taro Milk Tea) English Translator ; PurpleLove666 Status in OOC ; 190 Chapters + 10 Extras ဖန်းရှိုလျယ် ၊ ပျယ်နောင့် (မြန်မာပြန်) THIS IS A PURE FAN TRANSLATION. I got p...