(My note - ဒါလေးက အစကတည်းက အပိုင်းတိုလေးအနေနဲ့ပါလာတာပါ Lin Yishenရဲ့အပိုင်းလေးဖြစ်လို့ authorရဲ့အပိုင်းအားလုံးပြည့်စုံအောင် ဘာသာပြန်ထည့်ပေးထားခြင်းဖြစ်ပါတယ်)
စားပွဲခုံပေါ်တွင် အချိန်အကြာကြီးရှိနေခဲ့သော ကော်ဖီသည် အေးစက်သွားလေပြီ။သူသည် ခွက်၏အေးစက်နေသည့်နှုတ်ခမ်းနားကိုထိလိုက်ပြီး ဘာအမူအရာမှတော့ မပြမိ။Ling Yishen ခေါင်းကိုမမော့ဘဲ အတွင်းရေးမှူးကိုသာခေါ်လိုက်သည်။
" လူစီ ကော်ဖီတစ်ခွက်လောက် ကျေးဇူး! "
သို့သော် မျှော်လင့်ထားသလို ရောက်မလာသည့်အခါ သူခေါင်းရှုပ်လာပြီး ပတ်ပတ်လည်သို့ကြည့်လိုက်မိသည်။ ဘယ်သူမှ မတွေ့ရပေ။ ထို့နောက် စားပွဲပေါ်က နာရီဆီသို့ အကြည့်ရောက်သွားသည့်အခါမှသာ ရုံးဆင်းချိန်သည် လွန်ခဲ့သည့်နှစ်နာရီတည်းက ဖြစ်ကြောင်းသိလိုက်ရသည်။ကိန်းဂဏန်းတွေနဲ့အစီရင်ခံစာတွေကြားမှာ သူလုံးဝကိုနစ်မြုပ်နေခဲ့တာဘဲ။
ခါးသက်စွာပြုံးလိုက်ပြီးနောက် ပစ္စည်းများကိုသိမ်းဆည်းရန် မတ်တပ်ရပ်လိုက်သည်။စားပွဲပေါ်ရှိလက်ထပ်ပွဲဖိတ်စာသည် ထောင့်စွန်းနေရာတွင်တိတ်တိတ်လေး ရှိနေသည်။သူ မနာလိုဖြစ်လွန်းလို့ဒေါသများပင်ထွက်လာမိသည်။ အပြင်ဘက်ဆီသို့အမှတ်တမဲ့ကြည့်မိလိုက်သည့်အခါ မြို့မြင်ကွင်းကမီးများဖြင့် လင်းထိန်တောက်ပနေပြီး နွေဦးအစပိုင်းရောက်လာပြီဖြစ်သောကြောင့် အအေးဓာတ်အနည်းငယ်တောင် မရှိတော့ချေ။တိမ်များကလွင့်မျောနေပြီး ကောင်းကင်ထက်တွင် ကြယ်များကနေရာယူလာခဲ့လေပြီ။
အမြဲတမ်း အရက်ကိုမူးမူးရူးရူးမသောက်တတ်သော်လည်း အမြဲတမ်း တစ်ယောက်တည်းကျန်နေခဲ့ရသည်။
ထိုအချိန်တွင် Wen Weiသည် နောက်ကျသည့်အထိ ကုမ္ပဏီမှာအမြဲနေလေ့ရှိပြီး အပေါ်ဆုံးရှိခေါင်မိုးထပ်တွင် တစ်ယောက်တည်းပြေးလေ့ရှိသည်။Huadeng ၏အစပိုင်းထဲက ကြီးပွားတိုးတက်ခဲ့သည့်စီးပွားရေးနယ်မြေသည် သူမ၏ခြေထောက်အောက်တွင်ရှိနေပြီး စလိုက်မီးများဖြာကျနေသည့်ပင်လယ်ထဲဝယ် အောင်မြင်တိုးတက်မှုများကအဆုံးအဆမရှိကျယ်ပြောလှသည့် ခံစားချက်မျိုးရမိသည်။ညအချိန်တွင်မီးအလင်းရောင်များဖြာထွက်နေသည်ကို ကြည့်ရခြင်းက သူမ၏စိုးရိမ်သောကများကိုပြေလျော့စေပြီးတည်ငြိမ်လာအောင်ပြုလုပ်ပေးသဖြင့် သဘောကျရသည်။
ဤညသည် အရင်လိုမျိုးမထူးမခြားနားဖြစ်လေသည်။
Wen Wei သည် ခေါင်မိုးထက်တွင် ကော်ဖီတစ်ခွက်နှင့်ထိုင်နေရင်း အနောက်မှ ခြေသံများထွက်လာသည်ကိုကြားရသည့်အခါ ချက်ချင်းလှည့်ကြည့်မိလိုက်သည်။အလင်းရောင်၏အရိပ်ထဲ၌ Ling YiShen ရပ်နေသည်ကိုမြင်လိုက်ရပြီးခက်ထန်သည့်သူ၏ပုံပန်းသဏ္ဍာန်ကိုလည်း ပြသလျက်ရှိသည်။အထီးကျန်ပြီးအနွေးဓာတ်မဲ့နေသလိုမျိုးဖြစ်နေသော်လည်း သူမအတွက် အစစ်အမှန်ကဲ့သို့ မခံစားရပေ။Li Yishen သည် သူမနှင့်ပိုပြီး ဝေးကွာသွားသလိုလို ဒါမှမဟုတ်လည်း ပိုပြီးနီးကပ်လာသလိုလိုပင် ။
သူက သူမဆီသို့လျှောက်လာပြီး ထိုင်ချလိုက်သည်။
" အရမ်းကိုလှပလွန်းပေမဲ့ မြို့က တစ်သီးတစ်သန့်တည်းရှိနေပြီး အထီးကျန်ဆန်နေသလိုဘဲ "
Wen Wai ကပြုံးလိုက်ပြီး
" စိတ်ပျက်စရာထဲကနေ မျှော်လင့်ချက်ကိုရှာနေတာပေါ့ "
Ling Yishenက ရယ်သောကြောင့် Wen Wei ကလည်း လိုက်ရယ်မိသည်။သူမလက်ချောင်းများကိုဆန့်ထုတ်လိုက်ပြီး အလင်းတန်းသေးသေးလေးကို ထိကစားနေသည့်အခါ သူမ၏မျက်ဝန်းများမှာမှေးကျဥ်းသွားပြီး ပြုံးမိလိုက်သည်။သူလည်းဘဲ သူမဆီသို့အကြည့်ရောက်သွားမိလေ သည်။သူတို့နှစ်ယောက်ကြားက လေထုသည်အနည်းငယ်ထူးခြားနေသည့် ခံစားချက်မျိုးရနေသည်။
နောက်ဆုံးတော့ သူတို့နှစ်ယောက် ညစာအတူစားဖို့သွားခဲ့ကြသည်။ဂဏန်းသားခေါက်ဆွဲပြုတ်၊ကြက်ပေါင်ကင်၊ဂန္ဓာမာပန်းအဝါလခြမ်းကွေးပေါင်မုန့်၊Songjiang ငှက်သိုက်၊ခရုဆီနှင့်ကြော်ထားသည့်မုန်ညှင်းစိမ်းကြော် စသဖြင့် အားလုံးက ရှန်ဟိုင်းစတိုင်ထင်ရှားသည့်အချက်အပြုတ်ဟင်းလျာများဖြစ်ကြသည်။
Wen Wei သည် ငါးတစ်ပိုင်းကို မြည်းလိုက်ပြီး ပြုံးလိုက်သည်။
" မန်နေဂျာLing ရှင်က ရှန်ဟိုင်းကလား? "
သူကခေါင်းခါလိုက်ပြီး
" မင်းကရော ရှန်ဟိုင်းသူမဟုတ်ဘူးလား? "
သူမ ခဏလောက် ကြောင်နေမိပြီး နောက်မှ ခေါင်းငြိမ့်ပြလိုက်သည်။
" ဟုတ်ပါတယ် ကျွန်မကလေးဘဝတည်းက ရှန်ဟိုင်းမှာနေလာခဲ့တာ ရုံးချုပ်က ဒီဘက်ကိုမပို့ခင်ထိပေါ့ရှင် "
Ling YiShen ကပေါ့ပေါ့ပါးပါးပြန်ပြုံးပြလိုက်ပြီး
" ဒီဟင်းတွေက အိမ်ချက်အရသာတော့ရှိလောက်တယ် ကျွန်တော်ကရှန်ဟိုင်းကမဟုတ်တော့ သေချာတော့မသိပါဘူး "
လက်ရှိတွင်သူမ၏နှလုံးသားလေးက နွေးထွေးသွားရသည်။တူများကိုကိုင်ထားသည့်သူမ၏လက်က ခဏရပ်သွားပြီး မတိုးမလျော့ပြောလိုက်မိသည်။
" အရမ်းကို အရသာကောင်းလွန်းတယ် ရှင့်ကိုကျေးဇူးတင်ပါရစေ "
တကယ်တော့ သူမသည် ကုမ္ပဏီ၏နာမည်ကြီးလှသည့်ထိုအထွေထွေမန်နေဂျာအားအစောပိုင်းတည်းက တိတ်တခိုးအာရုံစိုက်မိနေခဲ့ခြင်းဖြစ်သည်။သူမအသက်သုံးဆယ်အစောပိုင်းတွင်ကုမ္ပဏီထဲသို့ Cornell ၏စီးပွားရေးစီမံခန့်ခွဲမှုမေဂျာဒေါက်တာဘွဲ့ရ ခပ်ချောချောတစ်ကိုယ်တည်းအမျိုးသားတစ်ဦး ဝင်ရောက်လာခဲ့သည်။သူနှင့်ပတ်သက်ပြီးအတင်းအဖျင်းလည်းမရှိသလို ရည်မွန်ပြီးဂုဏ်သိက္ခာရှိသည့်လူကြီးလူကောင်းတစ်ယောက်ဖြစ်လေသည်။သူနှင့်စကားပြောသည့်အခါ သူ့အပေါ်သို့လေးစားသည့်အမြင်များဖြစ်ပေါ်မိကြောင်း လူအများစုကပြောကြလေပြီး သူပြုံးလိုက်သည့်အခါ လူများကိုပျော်ရွှင်စေသည်တဲ့လေ။
နောက်ပိုင်းမှ သူမသိလိုက်ရတာက Ling Yishenသည် ပြည်ပသို့ပညာတော်သင်မသွားခင်ထိ ဟိုတယ်တစ်ခု၌ပြည်သူ့ဆက်ဆံရေးဌာန(PR)၏မန်နေဂျာဖြစ်ခဲ့လေသည်။ဤကဲ့သို့လွယ်ကူလှသည့် အသက်မွေးဝန်းကြောင်းအလုပ်သည် အမျိုးမျိုးသောမတူညီလှသည့်ဧည့်သည်များနှင့် ရင်ဆိုင်ရန်လိုအပ်သော်လည်း ယခုအခါဝယ် ကောင်းကောင်းမွန်မွန်နှင့်ယဥ်ကျေးမှုရှိသည့်ဧည့်သည်များအတွက်သာဖြစ်သဖြင့် အရင်ကတည်းက ရင်းနှီးကျွမ်းဝင်မှုရှိသည့် လုပ်ငန်းပိုင်းဖြစ်သောကြောင့် သူဒေါသထွက်နေသည့်အခါမှာတောင် အေးစက်စက်မျက်နှာသည် ဒေါသမထွက်သည့်ပုံစံအတိုင်းပီပြင်မှုရှိလှသည်။
သူမသည်လည်း သူ၏ထိုကဲ့သို့ပုံစံအား တစ်ကြိမ်မျှသာမြင်ဖူးလေသည်။
ထိုနေ့ကအဖြစ်အပျက်သည် သူတို့၏ဘဏ္ဍာရေးဌာနမှလုပ်မိခဲ့သည့်အမှားဖြစ်လေသည်။ဌာနချုပ်မှ သူမကိုပို့လိုက်သည့်နေ့ဖြစ်သည်။သူမရုံးထဲသို့ဝင်လာသည့်အခါ ဘဏ္ဍာရေးဌာန၏မန်နေဂျာအရှေ့တွင် မတ်တပ်ရပ်နေသည့် Ling Yishenကို မြင်လိုက်ရသည်။ဘေးနားရှိလူများက စကားတောင်ရဲရဲဝံ့ဝံ့ထုတ်မပြောရဲကြပေ။Lunar ပြက္ခဒိန်၏ဆယ့်နှစ်လမြောက်တွင်ကျရောက်သည့်နှင်းများကဲ့လို့ လေထုအခြေအနေက အေးစက်လွန်းလှသည်။
လူတိုင်းသည် ထိုနေ့အားဘယ်လိုကျော်ဖြတ်ရမလဲဆိုတာကိုမတွေးရဲကြတော့။တုန်လှုပ်ခြောက်ခြားစရာကောင်းသည့်အခြေအနေမှလည်းရုန်းမထွက်လာရဲကြချေ။သူမထွက်သွားပြီးနာရီဝက်အတွင်း Ling Yishen၏အတွင်းရေးမှူးအမျိုးသမီးက သူမအားမန်နေဂျာရုံးခန်းဆီသို့ ခေါ်လာခဲ့လေသည်။Ling Yishenသည် သူမကိုကျောပေးလျက် ဖြာကျနေသည့် မနက်ခင်းအလင်းရောင်ထဲ၌ မတ်တပ်ရပ်နေခဲ့သည်။စားပွဲပေါ်ရှိ နှုတ်ထွက်ကြောင်းအစီရင်ခံစာ နှင့် ရာထူးလွှဲပြောင်းယူမည့် စာရွက်စာတမ်းများကိုသတိထားမိပြီး ထိုရာထူးလွှဲပြောင်းစာထဲရှိဘဏ္ဍာရေးဌာနအတွက်မန်နေဂျာရာထူး၏နာမည်တွင် သူမ၏နာမည်အားရေးသားထားလေသည်။
သူမချက်ချင်းကို လန့်သွားပြီး စကားများထွက်သွားခဲ့သည်။
" အထွေအထွေမန်နေဂျာ ကျွန်မရောက်ပါပြီ "
သူလှည့်လာသည့်အခါ သူ၏အမူအရာများကဘာမှမဖြစ်ခဲ့သလိုမျိုး တစ်ဖန်နူးညံ့သွားပြန်လေသည်။ရာထူးလွှဲပြောင်းစာကိုသာ အသားပေးလိုက်ပြီး
" မစ္စ Wen ဒါကိုလက်ခံပေးနိုင်မလား? "
သူမ တုံ့ဆိုင်းခြင်းမရှိဘဲ ခေါင်းကိုခါယမ်းလိုက်ပြီး Ling Yishen၏အမေးစကားဆီသို့အကြည့်ရောက်သွားလေပြီး တည်တည်ငြိမ်ငြိမ်ဖြင့်ပြောပြလိုက်သည်။
" ဒါကိုလက်ခံဖို့ ကျွန်မက အရည်အချင်းမပြည့်သေးပါဘူး ပြီးတော့ ကျွန်မကအခုမှဒီကိုရောက်လာတာပါ ကျွန်မဒီနေရာနဲ့မရင်းနှီးသေးဘူးလေ "
Ling Yishenသည် ကျယ်ကျယ်လောင်လောင်ရယ်နေသည့်အခါ မျက်ခုံးများကိုပိုပြီးတောင် ဆွဲဆန့်လိုက်သလိုဖြစ်လာလေသည်။
" မရင်းနှီးသေးရင် ရင်းနှီးလာပါလိမ့်မယ် ဘဏ္ဍာရေးမန်နေဂျာက ဘာမှသိပ်လုပ်စရာမလိုဘူး အသုံးစရိတ်တွေပို့ပေးဖို့ဘဲလိုအပ်တာပါ ပြီးတော့--- "
သူက ခဏရပ်လိုက်ပြီး
" ကုမ္ပဏီကလည်း သူတို့အပေါ် အလေးအနက်ထားတဲ့လူမျိုးကိုဘဲလိုအပ်တာ ကျွန်တော်ကလည်း မစ္စWen ကိုအရမ်းယုံကြည်မှုရှိပါတယ် ဘာကြောင့်လဲဆိုတော့--- "
သူက ဆက်မပြောဘဲ သူမအားရိုးရိုးသားသားနှင့်ဗြောင်ကျကျ ကြည့်လာခဲ့လေသည်။
* ယုံကြည်မှု * ဟူသည့် စကားလုံးကိုကြားပြီးနောက် သူမသည် ထိုစာရွက်စာတမ်းများအားချက်ချင်းဆွဲယူလိုက်ပြီးခေါင်းငြိမ့်လိုက်လေသည်။
" ကောင်းပါပြီ ကျွန်မလက်ခံပါတယ် "
ထို့နောက်တွင် Lin Yishenသည်လူများကိုအကဲခတ်နိုင်စွမ်းရှိကြောင်း သူမနားလည်သွားခဲ့သည်။ဟိုတယ်လုပ်ငန်းတွင်လေးနှစ်ကြာပြီးနောက် သူ့ရဲ့မီးဟုန်းဟုန်းတောက်နေသည့်မျက်လုံးများက ကျင့်သားရနေလေပြီ။ကုမ္ပဏီအတွင်းမှအတင်းအဖျင်းစကားများအရ
" သူနဲ့ပြောဆိုဆက်ဆံသည့်အခါ သူ့(အရှေ့တွင်)ဆီမှ မည်သည့်အကျင့်စရိုက်ကိုမျှမတွေ့ခဲ့ရသည့်ကျွန်မတို့က အရမ်းကိုလွယ်(ရိုးအညံဖျင်း)လွန်းသည်" ဟူ၍ဖြစ်လေသည်....။