နှစ်နှစ်ကြာပြီးနောက်ဝယ်----
လူနာနှင့်တိုင်ပင်ဆွေးနွေးပေးခြင်းပြီးသည့်နောက် အဆုံးမှာတော့ စိတ်အာရုံဖိစီးမှုများလျှော့ပါးသွားခဲ့သည်။He SuYe အညောင်းအညာဖြေလိုက်ပြီး ရုံးခန်း၏ပြတင်းပေါက်ကိုတွန်းဖွင့်လိုက်သည်။
သူ့၏မျက်နှာဆီသို့လေညှင်းများတိုက်ခတ်လာပြီး မလှမ်းမကမ်းတွင် ပန်းပင်များလည်းပေါက်နေသည်။အမှန်တကယ်တော့ Osmanthusပင်များ ဖြစ်နေကြောင်းသူသေသေချာချာမှတ်မိသွားခဲ့သည်။Shen XiFanက Osmanthusအပွင့်များကိုအမြဲ သဘောကျလေသည်။မနက်စောစောနှင့်သန်းခေါင်ယံအချိန်၌ မိုးအေးများရွာချပြီးနောက်တွင် အစုလိုက်အဆုပ်လိုက်ပွင့်လေ့ရှိသည့် အဝါဘက်သွားသည့်အပွင့်အဖူးလေးများသည် အကိုင်းများထက်တွင်ပေါ့ပါးစွာပွင့်လန်းနေကြ၏။မွှေးရနံ့က သိပ်မပြင်းတပြင်းလေးဖြစ်သော်လည်း လေမတိုက်သည့်အချိန်မှာတောင် မွှေးပျံ့ပျံ့ရနံ့ကိုခံစားမိစေ သည်။
လတ်လတ်ဆတ်ဆတ်ခူးလာသည့်osmanthusအပွင့်များကိုပန်းကန်လုံးထဲသို့ထည့်လိုက်ပြီး အရသာဝင်စေရန်ဆားနှင့်သကြားများထပ်ထည့်၍ရောနယ်လိုက်ကာ လေလုံအောင်ပိတ်ထားစေသည်။ဆောင်းရာသီရောက်လာပြီဆိုလျှင်ဖြင့် osmanthus ဖက်ထုပ်များပြုလုပ်ရာတွင်အထဲ၌အစာသွပ်ထည့်ကြသည့်အခါ osmanthus အချိုအရသာအပွင့်များကိုထည့်သုံးကြသည့်အတွက် အရသာချိုမြိန်ပြီးမွှေးကြိုင်လွန်းလှသည်။
ထိုအချိန်၌ သူနာပြုတစ်ယောက်သည် တံခါးကိုခေါက်လိုက်ပြီးဝင်ရောက်လာခဲ့လေသည်။
" Dr.He အခုချက်ချင်းဓာတ်ပုံရိုက်တော့မှာမို့ အသင့်ပြင်ထားပေးပါရှင့် "
သူခဏလောက်ကြောင်ကြည့်နေပြီးသူနာပြု၏လက်ချောင်းကိုမြင်လိုက်သည့်အခါမှသာ သူဆေးရုံပြောင်းသွားခဲ့ပြီဖြစ်ကြောင်းချက်ချင်းနားလည်သွားမိလေသည်။ဤသည်ကား ဖြစ်တတ်သည့်ဖြစ်ရိုးဖြစ်စဥ်လေးတစ်ခုပေ။
အဖြူရောင်ဂျူဒီကုတ်ကိုချွတ်လိုက်ပြီးနောက်တစ်စုံတစ်ခုကိုရုတ်တရက်သတိရမိရင်း မှန်ရှေ့၌ဆံပင်များကို သပ်တင်ခဲ့လိုက်သည်။
ထိုအချိန်ကသူတို့နှစ်ယောက်လက်မထပ်ခင်
မဂ်လာသကြားလုံးပေးရန် ဌာနသို့သွားခဲ့ကြသည့်အချိန်ဖြစ်လေသည်။
သူထွက်လာသည့်အခါ ဌာန၏တံခါးကိုမတ်တပ်ရပ်ပြီးစိုက်ကြည့်နေသည့် Shen XiFanအားတွေ့လိုက်ရသည်။သူ သိချင်သွားပြီးသူမ၏အကြည့်များရောက်နေသည့်နေရာကို သေချာကြည့်လိုက်သည့်အခါအသ်ိပေးစာထုတ်ပြန်သည့် ဘုတ်ပြားပေါ်က သူ့ဓာတ်ပုံကိုကြည့်နေခြင်းဖြစ်လေသည်။
သူမက ဓာတ်ပုံများကိုကြည့်လိုက် သူ့ကိုပြန်ကြည့်လိုက်နှင့် ပြောခဲ့သည်။
" ရှင်ဓာတ်ပုံထဲမှာသိပ်ပြီး ကြည့်မကောင်းတာဘဲ ကံကောင်းတယ်ပြောရမယ် မဟုတ်ရင်လူနာတွေအားလုံးက ရှင့်ဆီကိုဘဲလာနေလိမ့်မယ်! "
သူလည်းထူးဆန်းသလိုခံစားမိသည်။
" ရုပ်ဆိုးလို့လား? ဒါကြောင့်လူတော်တော်များများကကို့ကိုဓာတ်ပုံမရိုက်နဲ့လို့အရမ်းပြောကြတာကိုး "
" မဟုတ်ဘူး! "
သူမ ပြောချင်တာအဲ့လိုမဟုတ်ဘူးလေ။
" လူကိုယ်တိုင်မြင်ရတာကပိုချောတယ်လေဒေါက်တာHeရေ အဲ့လိုထင်မနေနဲ့နော် ရှင်ကအရမ်းအရမ်းကိုချောပြီးသား "
သူ့ရယ်သံက ချက်ချင်းဆိုသလိုထွက်လာခဲ့သည်။
" ဟင့်အင်း.. ကိုယ်အဲ့လိုမခံစားရပါဘူး! "
သူမ၏နှုတ်ခမ်းများကိုကွေးညွတ်ပြီး ခပ်ပါးပါးလေးပြုံးပြလိုက်သည်။
" ကျွန်မရှင့်ကိုပထမဆုံးတွေ့တဲ့အချိန်ကဆိုအရမ်းအံ့သြသွားတာ ဆေးရုံထဲမှာ ဒီလိုခပ်ချောချောဆရာဝန်လေးဘယ်လိုများရှိနေတာပါလိမ့်ဆိုပြီး ကျွန်မမျက်လုံးတွေကိုတောင်မယုံနိုင်ခဲ့ဘူး! "
" အို့... မင်းပြောတာနဲ့ကိုတောင်မှတ်မိသွားပြီ ကိုကဆေးစာရေးပေးနေတဲ့အချိန်မှာ မင်းကကို့ကိုစိုက်ကြည့်နေခဲ့တာလေ ကိုရေးပေးနေတဲ့ဆေးကိုမင်းကြည့်နေမယ်လို့မထင်ခဲ့မိဘူးပေါ့ အဲ့တုန်းက မင်းဘာများပြောခဲ့တာလဲနော်? "
" အမ်းးး ရှင့်နာမည်ကိုကြည့်နေခဲ့တာပေါ့ ဒါပေမဲ့အဲ့တုန်းကကျွန်မမတွေ့ခဲ့ရဘူး ဒေါက်တာဆိုတဲ့စကားလုံးကိုဘဲမြင်ခဲ့ရတယ်လေ "
" အဲ့ဒါက ဆေးစာထဲမှာပါလို့လား?! "
" ဆရာဝန်တစ်ယောက်ရေးတဲ့စကားလုံးတွေအားလုံးက တွန့်လိမ်ကောက်ကွေးနေတာလေ ကျွန်မကဘယ်လိုနားလည်မှာလဲ? စာစီစာရိုက်စာလုံးတွေကကြည့်ရတာပိုရှင်းတယ် နောက်ပြီးတော့ ရှင်ကဆေးအမှားကြီးရေးပေးလိုက်ရင်ဆိုပြီးလိုလိုမယ်မယ်ကြည့်ရတာပေါ့ ဒါမှ ရှင့်ကိုလွယ်လွယ်ကူကူတိုင်ကြားလို့ရမှာ!"
သူ့မှာချက်ချင်းကိုပြောစရာစကားတောင်မရှိတော့ဘူး။သူမက သူ့လက်ကိုကိုင်လိုက်ပြီး သနားချင်ယောင်ဆောင်နေသည့်မျက်နှာလေးဖြင့်မချိတင်ကဲ ပြုံးပြနေသည်။
" အဲ့အချိန်တုန်းက ရှင်ရော ရှင့်ရဲ့အရည်အချင်းတွေကို သံသယဝင်ခဲ့ဖူးလား? ကျွန်မရှေ့မှာရှင်ကိုယ်တိုင်ပြောပြတဲ့ဆေးအကြောင်းတွေလည်းကြားပြီးရော ကျွန်မချက်ချင်းကိုစိတ်သက်သာရာရမိသွားပြီး ကျွန်မနှလုံးသားထဲမှာရှင်ကတကယ့်ဆရာဝန်ဆိုပြီး အတွေးဝင်သွားခဲ့တာဘဲ အရမ်းတွေကိုယုံကြည်စိတ်ချမိသွားတာပေါ့! "
He SuYe၏မျက်နှာပေါ်က ပါးချိုင့်လေးများကိုတွေ့ရသည့်အခါ သူမထပ်ပြီးပြောလိုက်လေသည်။
" ဒါပေမဲ့အဲ့အချိန်တုန်းကလေ ရှင်က အမြဲတမ်းတည်ငြိမ်ပြီးမျက်နှာထားတင်းတင်းနဲ့ အရမ်းကိုအေးစက်စက်နိုင်လိုက်တာလို့ထင်လိုက်မိတာ ရှင်ပြုံးပြနေတဲ့အချိန်ဆိုအဲ့နောက်ကွယ်မှာလည်းဒေါသထွက်နေမယ်ဆိုတာကိုတော့ကျွန်မမထင်ထားခဲ့မိဘူး အဲ့ဒါကအရမ်းဟန်ဆောင်လွန်းတယ်! "
( my note: နောက်ဆုံးအကြောင်းက ဘာသာပြန်လွဲကောင်းလွဲနိုင်ပါတယ်)
He SuYe မရယ်ဘဲမနေနိုင်တော့ဘူး။
" ကို အလုပ်သင်တုန်းကဆိုရင် ကိုတို့ရဲ့ကျူတာကကို့ကိုအမြဲပြောတယ် ကို့ပုံစံက လူနာတွေရဲ့ယုံကြည်စိတ်ချမှုကိုရဖို့ အဆင်မပြေဘူးတဲ့လေ နောက်တော့သူ ကိုနဲ့ Qiu Tianကိုခွဲထားလိုက်ပြီး Qiu Tian နဲ့ကို့ရဲ့အမူအကျင့်တွေကိုနှိုင်းယှဥ်ချိန်ထိုးကြည့်တယ်လေ Qiu Tian ကချက်ချင်းဘဲအဲ့ဒါကိုအလေးအနက်ထားလိမ့်မယ်လို့ ကိုတကယ်မထင်ခဲ့မိဘူး သူကတစ်နေ့လုံးကြီးအဲ့လိုနေနိုင်မှာတဲ့လား ကို့မှာရယ်တောင်မရယ်ရဲဘူး နောက်ဆုံးနှစ်ယောက်သား အဆောင်ပြန်ရောက်တဲ့အချိန်မှဘဲ တဝကြီးရယ်ကြတော့တယ် "
Shen XiFan မျက်တောင်များကိုခတ်လိုက်ပြီး
" ရှင်အဲ့လိုမျိုးမျက်နှာထားတည်တည်ကြီးဖြစ်နေတာက လေ့ကျင့်ယူထားသလိုပုံကြီးပေါက်နေတယ်လေ ဒါပေါ့ အောင်မြင်တဲ့အမျိုးသားတစ်ယောက်ရဲ့နောက်ကွယ်မှာ အောင်မြင်တဲ့အမျိုးသားတစ်ယောက်လည်းရှိနေနိုင်တာဘဲလေ "
ရုတ်တရက်ဖုန်းကမြည်လာပြီး ဖိုးဖိုးHe ကသူတို့ကိုညစာအမှီပြန်လာဖို့လော်ဆော်နေခဲ့သည်။မပြန်ခင် Shen XiFanသည် မမေ့မလျော့နှင့် ဓာတ်ပုံကိုအကြိမ်ရေများစွာကြည့်ပြီးနောက်မှာတော့ သူ့ကိုတိုးတိုးလေးခွန်းတုံ့ပြန်လိုက်သည်။
" He SuYe ရှင်နောက်တစ်ခါဓာတ်ပုံရိုက်မယ်ဆိုလည်း ရုပ်ဆိုးနေဦးမှာဘဲ "
ထိုအချိန်၌ သူကတုံ့ဆိုင်းခြင်းမရှိဘဲ ကတိစကားပြောလိုက်သည်။
" ကိုယ်အကောင်းဆုံးလုပ်ပါ့မယ် "
ဓာတ်ပုံရိုက်ပြီးနောက်တွင် ဆရာဝန်များနှင့်သူနာပြုအများအပြားက ရိုက်ပြီးသားပုံများကိုကြည့်ရန်ကင်မရာအနားသို့စုဝေးလာခဲ့ကြသည်။ဓာတ်ပုံဆရာသည် ဖိုင်တစ်ခုကိုရွေးပြီးနောက်အတည်ပြုလိုက်ပြီးမှသာ သူ့ကိုပြောလိုက်သည်။
" Dr.He ခင်ဗျားကစစ်သားတစ်ယောက်ဘဲ ဒီမှာ စစ်ယူနီဖောင်းတွေနဲ့ပုံတစ်ပုံရှ်ိတယ် "
He SuYe၏မျက်နှာမှာခက်ထန်နေခဲ့သည်။
" စစ်ယူနီဖောင်းတွေက အိမ်မှာဘဲသိမ်းထားကြတော့သူတို့တွေက အလုပ်မှာဆိုသိပ်ဝတ်လေ့မရှိကြဘူး "
ဓာတ်ပုံဆရာက ပြုံး၍ပြောသည်။
" အဆင်ပြေပါတယ် မနက်ဖြန်နောက်တစ်သုတ်ရှိဦးမှာဆိုတော့ ခင်ဗျားတို့ဓာတ်ပုံထပ်ရိုက်ဖို့ပြန်လာခဲ့လေ "
သူကခေါင်းငြိမ့်လိုက်ပြီး
" အလုပ်ရှုပ်စေမိပြီ ကျေးဇူး "
အိမ်ပြန်ဖို့ပြင်ဆင်ရန် ပစ္စည်းများကိုသိမ်းဖို့ရုံးခန်းသို့ပြန်လာသည့်အချိန်တွင် Shen XiFanဆီမှဖုန်းဝင်လာခဲ့သည်။
" He SuYe ကျွန်မတို့အတန်းဖော်တွေကဒီနေ့ပါတီလုပ်ကြမလို့တဲ့ ကျွန်မညစာစားဖို့ပြန်မလာတော့ဘူးနော် "
" ကောင်းပါပြီ ကိုလည်းအဖိုးအိမ်ကိုသွားရမယ် မင်းပြန်တော့မယ်ဆိုကို့ကိုဖုန်းဆက်လိုက်လေ ကိုလာကြိုပေးရမလား? "
" ဟင့်အင်း ကျွန်မတို့ကိုမိသားစုဝင်တွေမခေါ်ရဘူးလို့ပြောထားတယ် ကိစ္စမရှိဘူး ကျွန်မက ကလေးမဟုတ်တော့ပါဘူး "
သူပြန်ပြောရလေသည်။
" ဝိုင်နည်းနည်းဘဲသောက်နော် စောစောပြန်လာခဲ့ တက္ကစီငှားလို့မရရင်ကို့ကိုဖုန်းခေါ်လိုက်! နားလည်တယ်နော်? "
ထိုစကားက Shen XiFanကိုရယ်မိစေသည်။
" ကျွန်မရဲ့မှတ်ပုံတင်ကို လွန်ခဲ့တဲ့ဆယ်နှစ်ကျော်တည်းကလုပ်ထားတာပါနော် ဆယ်ကျော်သက်ကောင်မလေးမဟုတ်တော့ပါဘူး ဒေါက်တာHeရှင့်! "
ကားပါကင်ခင်မထိုးခင်မှာဘဲ ခပ်ဖျော့ဖျော့ပန်းရနံ့ကိုရလိုက်သည်။အဖိုး၏ Osmanthus အပင်တွင်ပန်းများပွင့်ဖူးနေလေပြီ။အကိုင်းများနှင့်အရွက်များသည် မိုးရေများထိထားသောကြောင့် စိမ်းစိုသန့်ရှင်းနေပြီးပွင့်လန်းနေသည့်ပန်းအစုလိုက်များလည်း ခပ်သေးသေးမျှသာရှိသေးသဖြင့် ကြည့်လိုက်သည့်အခါပန်းအဖူးများနှင့်တူသယောင်ယောင်လေးဖြစ်နေသည်။ပျော်ရွှင်မှုတို့နှင့်အတူနိုးထပွင့်လန်းလာခဲ့လေ၏။
ကားပေါ်မှဆင်းသည့်အခါ ခြံဝန်းထဲ၌ He Shouzheng လေးကိုမြင်လိုက်ရလေသည်။မတွေ့ဖြစ်တာအတော်ကြာပြီဖြစ်လေသဖြင့် ဒီငတိလေးကအရပ်ပိုရှည်လာသည့်ပုံပေါ်လေသည်။ဒါပေမဲ့လည်းထိုကလေးလေးက သူ့အပေါ်ကိုတွယ်တာနေတုန်းပါဘဲ။
" အန်ကယ်လေးလာပါဦး! အပေါ်မှာပန်းဖူးအကြီးကြီးရှိတယ် သားကိုကူပြီးခူးပေးပါလား သားမမှီလို့! "
သူကမေးလိုက်သည်။
" မင်းကအဲ့ဒါကိုဘာလုပ်မလို့လဲ? "
" ပျားရည်နဲ့လုပ်မှာ သားအမေကပြောပြပေးထားတယ်လေ "
သူအလိုလိုရယ်မိလေသည်။
" အန်ကယ်က မင်းအတွက်ခူးပေးမယ် မင်းကအန်ကယ်လေးအတွက်နောက်ခြင်းတစ်ခုကိုယူဖို့ ကူညီပေးရမယ် "
" အန်ကယ်လေးရောလုပ်စရာလိုလို့လား? ဖိုးဖိုးနောက်ဆုံးနှပ်ထားတဲ့ဟာက မီးဖိုချောင်ထဲမှာရှိသေးတယ်လေ "
" အွန်းးး မင်းရဲ့အန်တီလေးကလည်း osmanthus ဖက်ထုပ်စားရတာကြိုက်တယ်လေ "
He Shouzheng လေးကနှုတ်ခမ်းလေးစူကာပြောလိုက်သည်။
" Shenကျဲကျဲပါဆိုနေမှ အန်တီလေးလို့ခေါ်ရင်ကျဲကျဲကအသက်ကြီးသွားသလိုမျိုး သားခံစားရလို့! "
He SuYe ကဟာသလုပ်နေတော့သည်။
" ဒါဆိုမင်း ငါ့ကိုလည်းအန်ကယ်လေးလို့မခေါ်နဲ့လေ ငါ့ကိုရောအသက်အရမ်းကြီးသွားသလိုမျိုးမင်းမခံစားမိဘူးလား? ဟမ်! "
He Shouzhengလေးက အလေးအနက်မျက်နှာလေးနှင့် ခေါင်းငြိမ့်ပြလေသည်။
" အန်ကယ်လေးကမငယ်တော့ဘူးလေ Shenကျဲကျဲကိုလက်ထပ်လိုက်တော့ နွားအိုအိုကြီးကမြက်နုနုလေးတွေစားသလိုဖြစ်နေမှာပေါ့ "
(my note: ကလေးပြောသလိုလေးရေးထားပါတယ် မြန်မာစကားပုံကတော့နွားအိုမြက်နုကြိုက်ပေါ့ရှင်)
ပျားရည်နှင့်နှပ်ထားသည့် Osmanthus ပုလင်းကြီးထဲမှလာသည့်မွှေးရနံ့က ပုလင်းဆီမှဖောက်ထွက်လာပြီးခပ်သင်းသင်းအနံ့ကိုပေးစွမ်းလေသည်။
မိသားစုလိုက်ထမင်းစားပြီးနောက် ကလေးများအကြောင်းကိုစကားစမြည်ပြောနေခဲ့ကြလေသည်။He SuYeကအာရုံစိုက်နားထောင်နေပြီးတစ်ဖက်ကလည်းအစားစားနေခိုက် လူကြီးများက သူ့ကိုမေးလာခဲ့သည်။
" SuYe မင်းနဲ့XiFanက ဘယ်တော့ကလေးယူကြမှာလဲ နှစ်ယောက်လုံးကလည်းသိပ်မငယ်ကြတော့ဘူးလေ "
သူ့မှာ အစာနင်သွားပြီးအင်တင်တင်ဖြင့်မျိုချလိုက်ပြီးနောက် ကို့ရိုးကားယားပြုံးပြလိုက်သည်။
" ကျွန်တော်တို့နှစ်ယောက်လုံးက အရမ်းအလုပ်ရှုပ်နေကြတော့ အဲ့အကြောင်းကိုမစဥ်းစားရသေးပါဘူး "
ဖိုးဖိုးHe ကရယ်လေသည်။
" အဲ့လိုပြောကြတာပါဘဲ ဒါပေမဲ့ကလေးရှိမှ မိသားစုဆိုတာပြည့်စုံမှာပေါ့ မင်းရဲ့ဝမ်းကွဲမိသားစုဆိုဘယ်လောက်ကောင်းလဲကြည့်လိုက်ပါဦး He Shouzhengလေးဆိုထက်မြက်ပြီးအရမ်းကိုသိတတ်နားလည်တယ် "
He Shouzhengလေးက ဝမ်းသာသွားပြီး
" သားအန်ကယ်လေးရဲ့ကလေး!..ဒါဆိုသားက သူ့ထက်ကြီးမှာပေါ့နော် အရမ်းကောင်းလိုက်တာ နောက်ဆုံးတော့သားအလှည့်ရောက်ပြီပေါ့! "
ကလေးအကြောင်းမစဥ်းစားမိဘူးဆိုတာတော့မဟုတ်ဘူးရယ် သို့သော်ငြား Shen XiFanဘက်မှလည်း ဘယ်တော့မှအရင်ပြောဖူးခြင်းမရှိခဲ့ဘူး။သူ့ရဲ့မိသားစုဘဝလေးကိုအလွန်တန်ဖိုးထားတယ်ဆိုပေမဲ့ သူ့ရဲ့အလုပ်ကလည်းအရမ်းရှုပ်နေပြန်တယ်လေ။စစ်တပ်ရဲ့အထွေထွေဆေးရုံကိုသူ မပြောင်းလာခင်ကဆို ခွဲခန်းဝင်ရတာ ဒါမှမဟုတ် အချိန်ပိုဆင်းရတယ်ဆိုတာလည်းမရှိခဲ့ဘူး။အရေးပေါ်ဌာနကဆက်လာတဲ့ဖုန်းတွေကြောင့်နိုးသွားတာနဲ့ဘဲ အဲ့လိုအကြောင်းရင်းတွေရှိနေတော့ သူတကယ်တော့ ကလေးမလိုချင်မိဘူး "
အခုသူက လက်ထပ်ပြီးသွားပြီဖြစ်သည့်အတွက်ကလေးရှိလာလျှင် မိသားစုကိုတာဝန်ယူရတော့မည်ဆိုတာကိုဖြင့် အမြဲအတွေးရှိခဲ့သည်။
သို့သော်လည်း အခုချိန်မှာနှစ်ယောက်လုံးကအလုပ်အကိုင်နှင့်အတည်တကျဖြစ်လာတော့ ဤကဲ့သို့ကိစ္စမျိုးဟူသည်မှာ တစ်ဦးနဲ့တစ်ဦးရဲ့အမြင်ပေါ်မှာလည်း မူတည်သင့်ပေသည်။
မင်းမလုပ်ချင်ဘူးဆိုရင်တောင် တစ်နေ့နေ့မှာသူမကိုပြောပြဖို့အခွင့်အရေး ရှာရမည်ဖြစ်ပြီး ဤကိစ္စမျိုးဆိုတာက တစ်နေ့မဟုတ်တစ်နေ့ကြုံလာရမှာဘဲလေ။
အိမ်အပြန်လမ်း၌ မိုးဖွားလေးများကျနေခဲ့သည်။လမ်းပေါ်၌ ကားပိတ်ခြင်းကြောင့် အိမ်ပြန်ရောက်ရန်အချိန်တစ်ဝက်ကျော်လောက်ယူလိုက်ရလေသည်။
လှေကားများကိုကြည့်ရင်းနှင့် အိမ်ထဲတွင်မီးများလင်းထိန်နေပြီး ဝါဖျောဖျော့မီးအလင်းရောင်က သူ့ကိုနွေးထွေးသွားစေသည်။အမြဲတမ်းလိုလိုပေါ့ သူမကသူ့ကိုစောင့်နေမယ်ဆိုတာ သူသိနေသည်။
တံခါးကိုဖွင့်လိုက်သည့်အခါ မျက်နှာတစ်ဝိုက်တွင်ဝိုင်ရနံခပ်ဖျော့ဖျော့လေးရခဲ့သည်။သူအနည်းငယ်မျက်မှောက်ကြုပ်လိုက်မိပြီး ကြည့်ရတာ Shen XiFan ဝိုင်တော်တော်လေးသောက်လာပုံပင်။
အခန်းထဲမှာမီးလင်းနေသော်လည်း လူမရှိပေ။အကြိမ်အနည်းငယ်လောက်အော်ခေါ်လိုက်ပေမဲ့ ပြန်ဖြေမည့်သူမရှိခဲ့ချေ။အိပ်ခန်းတံခါးကိုဖွင့်လိုက်သည့်အခါ အိပ်ရာထက်၌ Shen XiFan ကငုတ်တုပ်လေးထိုင်နေရှာသည်။သူဝင်လာသည်ကို သူမ မြင်သည့်အခါ နှုတ်ခမ်းများကပွစိပွစိနှင့် ချိုမြမြအသံမှာကလူသလိုမြှူသလိုလိုနှင့်ဆွဲဆောင်နေသည်။
" လောင်ကုန်း... ဒီဝတ်စုံလေးဝတ်ပြ ကျွန်မကြည့်ချင်တယ် "
သူအနီးကပ်ကြည့်လိုက်တော့အံ့သြသွားမိသည်။
" စစ်ယူနီဖောင်း! အခုဝတ်ပြစေချင်တာလား? "
" အင်း... ဝတ်လိုက်လေ "
Shen XiFanမျက်ဝန်းများကိုမှေးကျဥ်းလိုက်ပြီး
" ရှင်ဝတ်တာကိုကျွန်မမှ မမြင်ဖူးတာ ရှင်ကဘာလို့အခုဆေးရုံမှာ စစ်ယူနီဖောင်းမဝတ်ရတာလဲ? "
သူမ ကမ်းပေးလာသည့်အဝတ်များကိုယူလိုက်ပြီးနောက် သူကရှင်းပြလိုက်သည်။
" ဒါရိုက်တာအချို့လောက်ဘဲဝတ်ကြတာ အလုပ်သင်အချို့လည်းဝတ်ပါတယ် အခုဆိုရင် ဆေးရုံမှာက ပြင်ပဝန်ထမ်းတွေလည်းအများကြီးရှိနေပြီလေ "
ယူနီဖောင်းလဲပြီးနောက် နက်ကတိုင်ကိုကောက်ယူလိုက်သည့်အခါ Shen XiFan၏ဆွဲယူခြင်းကိုခံလိုက်ရသည်။
" ဒီစစ်ယူနီဖောင်းက ကြည့်လို့မကောင်းဘူး နောက်တစ်ခု အပြာရင့်ရင့်တစ်ထည်ထပ်ဝယ်လာပေးမယ် အရင်တစ်ခေါက်ကကြည့်ခဲ့တဲ့ VERSACE ဘရမ်းကကောင်းသလားလို့ ကျွန်မမှာလည်းအဝတ်သိပ်မရှိဘူးလေ အခုအဲ့တာကိုကြည့်ရတာပိုကောင်းတယ် "
He SuYe ကပြုံးလိုက်ပြီး
" မင်းကြည့်ပြီးပြီဆိုတော့ ကိုပြန်လဲလိုက်ဦးမယ် ဒါနဲ့ကိုတကယ်သိချင်လို့ မင်းဘာလို့ရုတ်တရက်ကြီးကိုယ့်ကိုစစ်ယူနီဖောင်းဝတ်စေချင်ရတာလဲ? "
" ဒီနေ့သူတို့ပြောတာကြားခဲ့တယ် ယူနီဖောင်းနဲ့အမျိုးသားတွေက အချောဆုံးပဲတဲ့ နောက်တော့ကျွန်မအဖေကိုသတ်ိရသွားတယ် စစ်ယူနီဖောင်းဝတ်ထားတဲ့အချိန်ဆိုအရမ်းချောတာလေ အဲ့အချိန်တုန်းက အရမ်းကိုကြည့်ကောင်းလွန်းတယ် "
အိပ်ရာပေါ်တွင်မတ်တပ်ရပ်လိုက်ပြီး သူမ၏ဦးခေါင်းကို He SuYe၏မျက်နှာနားဆီသို့ငုံ့လိုက်သည့်အခါလေပူများကိုရှူထုတ်လိုက်ပြီး အယ်လ်ကိုဟောလ်ကလည်း အရှိန်မပျယ်သေး။
" ရှင်က အဖေ့ထက်ပိုချောမယ်လို့မထင်ထားခဲ့ဘူး တကယ်မထင်ထားခဲ့တာ ဟီးဟီး "
သူကပြုံးလိုက်ပြီး သူမ၏တောက်လောင်နေသည့်မျက်လုံးများနှင့်အကြည့်ချင်းဆုံလိုက်ကာ
" ကို့ချစ်ဇနီးလေးက အနိုင်ဆုကိုရပြီးသွားပြီလေ အခုမင်းလေးက.... "
စကားသံများထွက်မလာတော့ဘဲ သူပြောလာမည့်စကားလုံးများကို သူမ၏ပိုင်စိုးပိုင်နင်းဆန်သည့်နူးနူးညံ့ညံ့နှုတ်ခမ်းများကပိတ်ဆို့ထားခဲ့လေသည်။သူမ၏နှုတ်ခမ်းများမှ ဝိုင်အရသာကိုရနေပြီးအလွန်စွဲမက်ဖွယ်ကောင်းလှသည်။နှစ်ဦးသား၏အလယ်၌ ကြားလေပင်မရှိတော့ချေ။ခပ်မြန်မြန်ပင့်သက်ရှိုက်သံများနှင့်အတူတစ်ယောက်၏ခန္ဓာကိုယ်က တစ်ယောက်၏အရေပြားနှင့်ထိကပ်ဆက်နွယ်ထားပြီး အစုန်အဆန်သွားနေသည်မှာ မုန်တိုင်းကြောင့်ဖြစ်တည်လာသော အားပြင်းပြင်းနှင့်ဦးတည်လာသည့် လှိုင်းလုံးများကဲ့သို့ပင်။နှုတ်ခမ်းနှင့်သွားများအကြားဆီသို့ ကျူးကျော်ဝင်ရောက်လာမှုတို့က အပူဓာတ်ကြောင့်တောက်လောင်နေပြီး ခမ်းနားခြင်းနှင့်တင့်တယ်နေသည့်စစ်ပွဲတစ်ခုကဲ့သို့အလားသဏ္ဍာန်ဆင်တူလှပေသည်။
သိ့သော်လည်း အရေးကြီးတစ်စုံတစ်ရာကို သူချက်ချင်းသတိရသွားခဲ့သည်။မတည်မငြိမ်ဖြစ်နေသည့်လေသံနှင့်ပြောခဲ့လေသည်။
" ဒီနေ့ ..... "
အလင်းရောင်အောက်မှ ရယ်မြူးရိပ်သန်းနေသည့်မျက်ဝန်းများက သူ့ရဲနှုတ်ခမ်းများအားဆွံ့အသွားစေရန်မြူဆွယ်နေခဲ့သည်။Shen XiFan၏ချစ်စဖွယ်အမူအရာလေးထဲ၌ ဉာဏ်နီဉာဏ်နက်များနေဟန်ဖြင့် သူမက ရယ်မောလာသည်။
" ထားလိုက်တော့ ကိစ္စမရှိဘူး ဒီအတိုင်းလေးဘဲပေါ့ "
ကောင်းပြီလေ သူရဲ့နောက်ဆုံးသော အကြောင်းပြချက်ဖြစ်သည့်ကြိုးလေးတစ်မျှင်ကလည်းပြတ်တောက်သွားခဲ့ပြီ။ဒါဆိုလည်းရှေ့ဆက်သွားကြတာပေါ့....။
.
(my note: ဖူးလ်စတော့ပ် ချလိုက်ပါပြီရှန်
ဒန် ဒန့် ဒန် :") )
တောက်ပနေသည့်အဝါရောင်နေအလင်းရောင် ကသူ့အရှေ့သို့ကျရောက်လာခဲ့သည်။He SuYe မျက်လုံးမပွင့်တပွင့်နှင့် လက်ပတ်နာရီကိုကြည့်ရန်လက်ကိုမြှောက်လိုက်သည်။သူ့ဘေးမှ တစ်ယောက်သောသူမှာ မသက်မသာနှင့်နှစ်ခါလောက်ရွေ့သွားပြီး မျက်လုံးများကိုမှေးလျက် ပျင်းရိလေးဖင့်စွာမေးလာခဲ့သည်။
" ဘယ်အချိန်ရှိပြီလဲ? "
" အစောကြီးဘဲရှိသေးတယ် မင်းဒီနေ့အလုပ်သွားစရာမလိုဘူးဆိုတော့ နည်းနည်းကြာကြာလေးပိုအိပ်လိုက်ပါဦး "
Shen XiFanသည် ခေါင်းအုံးကိုပွတ်သပ်လိုက်ပြီး စောင်ကိုခပ်တင်းတင်းဆွဲ၍ အိမ်မက်မက်နေသလိုလိုစကားတစ်ခွန်းထွက်လာခဲ့သည်။
" ပင်ပန်းနေပြီ...."
ထို့နောက်တွင် တစ်ဖန် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားခဲ့လေသည်။
သူမကိုခဏလောက်ကြည့်နေမိပြီး မနေနိုင်ဘဲ သူမ၏နှုတ်ခမ်းထောင့်လေးကိုအနမ်းပေးခဲ့လိုက်သည်။ထို့နောက်မှာတော့ မနက်စာပြင်ဆင်ရန် အဝတ်ဝတ်လိုက်လေသည်။
Osmanthus အနှစ်များသိပ်ထည့်ထားသည့်ဆန်မုန့်လုံးများသည် ဒီရာသီ၏ အချိုပွဲစားစရာမဟုတ်သော်လည်း မနက်ခင်းဝယ် Osmanthusရနံ့မွှေးလှသည့်ဆန်မုန့်လုံးတစ်ပန်းကန်စားလိုက်ရလျှင်ဖြင့် စိတ်ကျေနပ်မှုအပြည့်နှင့်အတူတကယ့်ကိုနေသာထိုင်သာရှိလှပေသည်။ကံမကောင်းစွာဖြင့် ဤကဲ့သို့အစားအစာမျိုး၏အရသာကို ကိုယ်ကိုယ်တိုင်မြည်းစမ်းခံစားကြည့်မှသာ သိရှိနိုင်ပေသည်။
မိုက်ခရိုဝေ့ဖ်မီးဖိုထဲ၌ တစ်ပန်းကန်ထည့်ထားခဲ့ပြီးသူမ၏မနက်စာအတွက် စာတိုလေးတစ်စောင်ချန်ထားပေးခဲ့သည်။ထို့နောက်တွင် စစ်ယူနီဖောင်းကိုယူရန် အိပ်ခန်းထဲသို့ပြန်သွားခဲ့သည်။
မနေ့ညကမမျှော်လင့်ဘဲဖြစ်ခဲ့သည့်ကောင်မလေးဘက်မှစတင်လက်ဦးသွားမှုက အယ်လ်ကိုဟော်လ်ကြောင့်ဖြစ်နိုင်ပေသည်။သို့သော်ငြား ကံကောင်းချင်တော့ နှစ်ယောက်သား၏အချို့အချို့သောအကြောင်းအရင်းတို့ရှိနေဆဲနောက်ဆုံးသောအခိုက်အတန့်ဝယ် ဤစစ်ဝတ်စုံ၏မကောင်းကြောင်းကိုတော့ ဆက်မပြောဖြစ်ခဲ့ကြချေ။
စစ်ယူနီဖောင်းကိုယူ၍ ခေါက်လိုက်ပြီး အိတ်ထဲသို့ထည့်လိုက်သည်။ရှေ့ရက်အချို့လောက်မှShen XiFanကို ပစ္စည်းများဝယ်ယူခိုင်းတုန်းကပေးပို့လာသည့် ငွေတောင်းခံပြေစာများကိုရုတ်တရက်သတိရသွားပြီးအိပ်ခန်းထဲမှာပြန်လာသိမ်းရသည့်အခါ သူမကိုတဖြည်းဖြည်း နိုးသွားစေခဲ့သည်။
Shen XiFanက ဗလုံးဗထွေးပြောလာခဲ့သည်။
" ကျွန်မပိုက်ဆံအိတ်ထဲမှာ ကိုယ့်ဘာကိုယ်ယူလိုက်တော့နော် "
ပိုက်ဆံအိတ်ထဲ၌ ကတ်အမျိုးမျိုးနှင့်ပြည့်နှက်နေလေ၏။ပြေစာကိုမတွေ့ခင်အထိအကြာကြီးရှာခဲ့ရသည်။ခရက်ဒစ်ကတ်နှစ်ခုကြားမှာ ၎င်းကညပ်နေခဲ့သည်။သူ ဂရုတစိုက် ထုတ်လိုက်သည့်အခါ ဓာတ်ပုံလေးတစ်ပုံကပြုတ်ကျလာခဲ့သည်။
သူကောက်ယူကြည့်လိုက်ပြီး ငြိမ်သက်စွာပြုံးနေလိုက်သည်။အရင်ဆေးရုံဟောင်းက သူ့အလုပ်ဓာတ်ပုံလေးဖြစ်နေခဲ့ပြီး ထိုဓာတ်ပုံကိုသူမကရွှတ်နောက်နောက်နှင့်ပြောခဲ့သေးသည်။
" ဓာတ်ပုံကကြည့်လို့လည်းမကောင်းဘူး! ရုပ်ဆိုးတယ်! "
နှလုံးသားဆိုးတဲ့ ကောင်မလေးဘဲ။ကြည့်မကောင်းဘူးလို့ပြောထားတဲ့ ဓာတ်ပုံကို မင်းက
ကို့ကိုမပြောဘဲ ဘာလို့ဖွက်ထားတာပါလိမ့်??
သူမ စောစောကသာပြောခဲ့လျှင် သူမနှင့်အတူထည့်ပေးရန် သူ့ရဲ့အချောဆုံးဓာတ်ပုံကိုဘဲရွေးပေးခဲ့မှာပေါ့။လှပသည့်သူမကိုယ်တိုင်လိုဘဲ သူမပိုက်ဆံအိတ်ထဲမှ တစ်ခုတည်းသောဓာတ်ပုံလေးကလည်းအချောမောဆုံးဖြစ်နေရမယ်လေ။
ထားလိုက်ပါတော့လေ။ ဒီတစ်ခုကိုတော့ဖြင့် သူခဏသိမ်းထားလိုက်ဦးမယ်။
ဒုတိယအသုတ်မှစစ်ဆရာဝန်များသည် ထင်ရှားသည့်အစိမ်းရင့်ရင့် စစ်ယူနီဖောင်းများနှင့်ဓာတ်ပုံရိုက်ခဲ့ကြသည်။အလုပ်သင်သူနာပြုအများအပြားက မြှောက်ပင့်ချီးမွမ်းကြလေသည်။
" ချောလွန်းလို့ သေလို့ရပြီ ! ယူနီဖောင်းဝတ်ထားတဲ့အမျိုးသားကအရမ်းကြည့်ကောင်းတာဘဲ! "
သူနောက်ဆုံးဓာတ်ပုံရိုက်ပြီးသွားတော့ ဓာတ်ပုံဆရာက ကွန်ပြူတာပေါ်မှ ဓာတ်ပုံကိုညွှန်ပြ၍မေးလိုက်သည်။
" Dr.He ဒီပုံကို သုံးမလား? "
သူကပြုံးလိုက်ပြီး
" အဲ့ဒီတစ်ပုံလား? ဒီတစ်ပုံကိုဘဲကျွန်တော့်အတွက် သက်သက်တစ်ပုံကူးပေးနိုင်မလား? "
ဓာတ်ပုံဆရာမှာ စိတ်ရှုပ်သွားရလေပြီးသူ့ရဲ့အလှအပအမြင်ခံစားမှုအပေါ်ကိုသံသယဝင်မိခဲ့သည်။
" ကျွန်တော့်အထင် အဲ့ဒီတစ်ပုံထက်ဒါက ပိုကောင်းသလားလို့? "
He SuYe သည်ယဥ်ယဥ်ကျေးကျေးပြုံးပြလိုက်ပြီး
" ဟုတ်ကဲ့ ဒါဆိုလည်း အဲ့ဒီတစ်ပုံကိုဘဲသုံးကြတာပေါ့ "
သူ့အိတ်ကပ်ထဲမှ ဖုန်းမှာ အနည်းငယ်တုန်သွားခဲ့ပြီး ဖွင့်ကြည့်လိုက်တော့ Shen XiFanဆီမှ ဝင်လာသည့်စာဖြစ်နေခဲ့သည်။
" He SuYe ရှင်ဒီနေ့ကျွန်မပိုက်ဆံအိတ်ထဲက ငွေရှင်းပြေစာလာယူတုန်းက တစ်လက်မဆိုဒ်ဓာတ်ပုံလေးတွေ့ခဲ့သေးလား? "
သူက တမင်ရည်ရွယ်ပြီး သူမကိုစနောက်ချင်နေမိသည်။
" ဘာဓာတ်ပုံလဲ ကိုမတွေ့မိပါဘူး! "
ခဏလောက်ကြာတော့ သူမဆီမှစာပြန်ဝင်လာခဲ့သည်။သူမစိတ်ထဲဘယ်လိုဖြစ်နေမလဲ သူမြင်ယောင်ကြည့်လို့ရသည်။
" သွားပါပြီ မနေ့ကတစ်ယောက်ယောက်ယူသွားတာလည်းမဟုတ်လောက်ပါဘူး ဒါမှမဟုတ်ပျောက်သွားတာဘဲလား? ရှင်မတွေ့မိဘူးဆိုတာကျိန်းသေရဲ့လား? "
" အဲ့ဓာတ်ပုံကအရေးကြီးလို့လား? "
" ဘာလို့အရေးမကြီးရမှာလဲ! အဲ့တာကရှင့်ဓာတ်ပုံလေ "
သူ့စိတ်ထဲမှာ တသောသောရယ်ရင်း သူမကိုနှစ်သိမ့်လိုက်သည်။
" ကို ပြန်လာတဲ့အခါမင်းအတွက်နောက်တစ်ပုံယူလာပေးမယ်လေ ကိုတို့ဆေးရုံမှာ အလုပ်အတွက်ဓာတ်ပုံအသစ်ရိုက်နေတယ် "
" ကျွန်မအတွက် အချောဆုံးတစ်ပုံကိုချန်ထားပေးဖို့သတိရနော်! ကျွန်မက နည်းနည်းဘဲချောတဲ့အလုပ်ဓာတ်ပုံကိုသုံးနေတုန်းလေ "
သူကပြုံးပြီး အဖြူရောင်ဂျူဒီကုတ်ကိုဝတ်လိုက်သည်။စာပြန်ရန် ဖုန်းကိုယူလိုက်သည့်အခါ သူမဆီမှ စာထပ်ဝင်လာခဲ့သည်။
" ဒီနေ့စောစောပြန်လာနော် ကျွန်မဒီနေ့ osmanthus၊လီလီပန်းနဲ့ကြာပွင့်စွပ်ပြုတ်လုပ်ထားမယ် စောစောပြန်လာဖို့သတိရနော်!! "
" အင်းနားလည်ပြီ .. ဒါပေါ့ "
အပြင်လူနာဌာနမှ အတွင်းလူနာဆောင်ဆီသို့သွားရန် မြက်ခင်းပြင်ကိုဖြတ်လာရင်း osmanthusအပင်၏မွှေးကြူလှသည့်ရနံ့ကိုတစ်ချက်တစ်ချက်ရနေခဲ့သည်။သူမော့ကြည့်လိုက်သည့်အခါ မိုးစက်များတင်ကျန်နေသည့် ပွင့်ဖတ်သေးသေးလေးများရှိနေပြီး ခပ်ဖြေးဖြေးပြုတ်ကျလာခဲ့သည်။osmanthusအပင်မှကျဆင်းလာသည့်ပွင့်ချပ်များဖြစ်ပြီး အရောင်အဆင်းနှင့်မွှေးရနံ့ကကောင်းမွန်လှပေသည်။ပွင့်လန်းချိန်ရောက်လာသည်နှင့်တစ်ပြိုက်နက် မွှေးရနံ့က ခန္ဓာကိုယ်၏လေထုပတ်ပတ်လည်တွင် ရစ်သိုင်းလွှမ်းခြုံထားခဲ့လေပြီ။
ဤသို့ပွင့်ဖတ်လှလှလေးများကိုဖမ်းဆုပ်ရန် လက်လှမ်းရင်း နောက်ရာသီတွင်ပွင့်လန်းလာမည့်ပန်းများကိုသူစောင့်မျှော်နေမိခဲ့သည်။
ထိုအချိန်လောက်ဆိုရင်ဖြင့် သူ့ရဲ့မိသားစုသုံးယောက်ကမ္ဘာလေးက ပြည့်စုံသွားလောက်ပါပြီလေ --- ။
~~~~~ ပြီးပါပြီ ~~~~~
27.10.2021
Wednesday.
အပိုင်းပိုလေးကိုပါတစ်ခါတည်းဘာသာပြန်ပေးထားပါတယ်။Shen ကျဲကျဲနဲ့Dr.He တို့ရဲ့ဇာတ်လမ်းလေးကတော့ဒီနေရာမှာဘဲပြီးသွားပါပြီနော်။
နောက်ဆုံးတော့ ကိုယ်ပထမဆုံးစပြီးtranခဲ့တဲ့ novelလေးကပြီးဆုံးသွားခဲ့ပါပြီ။
ဝမ်းသာဝမ်းနည်းခံစားချက်လေးတော့ရှိနေတယ် ကိုယ် ဒီnovelလေးကို ဘာသာပြန်ရတဲ့အကြောင်းရင်းလေးကိုပြောပြပါရစေနော်
ဒါဒါလေးတွေအားလုံး Love O2O ကိုတော့သိကြမှာပါ အဲ့Seriesရဲ့မင်းသားနဲ့မင်းသမီးဖြစ်တဲ့ Yang Yang(ကိုယ့်ရဲ့တရုတ်ကအချစ်ဦးကြီးပေါ့ရှင်) နဲ့ Zheng Shuang တို့ရဲ့အတူတူထပ်ရိုက်မဲ့series ဆိုပြီးအခြေခံထားတဲ့ မူရင်းnovelကအခုကိုယ်ဘာသာပြန်ထားတဲ့novelလေးပါ အခုတော့မဖြစ်နိုင်တော့ဘူးပေါ့လေ အဲ့ဒါလေးတော့ကိုယ်ဝမ်းနည်းမိသား...
novelကိုဘာသာပြန်ရင်း တွေ့ကြုံလာတဲ့အခက်အခဲကတော့ တိုင်းရင်းဆေးအကြောင်းတွေပါဘဲ ဖတ်ရင်းနဲ့ဘာသာပြန်တာဆိုတော့သိပ်ပြီးနားမလည်ခဲ့ဘူး MTL siteက machine translationဖြစ်နေတော့ အသုံးအနှုန်းတွေက လည်းprefectသိပ်မဖြစ်ဘူးရယ် ကိုယ့်မှာ နာမ်စားအသုံးအနှုန်းတွေဆိုပတ်လည်ရိုက်ခဲ့ရတယ် ဒါပေမဲ့ကိုယ်နားလည်သလောက်ဖတ်ရတဲ့သူလည်းရှင်းအောင်တော့ ရေးပေးထားပါတယ် အများအားဖြင့်တော့လုံးဝနားမလည်ရင် Englishလိုဘဲရေးပေးထားမိတယ် ဒါကတော့ ကိုယ့်အားနည်းချက်လို့ဆိုရမှာပေါ့ ဖတ်ရတာပိုနားလည်လာအောင် သေချာလေးလေ့လာပြီးနောက်ပိုင်းမှာ ပြန်ပြင်ထားပေးပါ့မယ်
အခုတော့ခဏတာနှုတ်ဆက်ခဲ့ပါပြီ....
အားလုံးဘဲ novel အသစ်မှာပြန်ဆုံကြမယ်နော်
ကိုယ့်ရဲ့ဘာသာပြန် novel အသစ်လေးကိုwallထဲမှာသွားကြည့်ပြီး ကြိုက်နှစ်သက်ရင် reading list ထဲထည့်ပေးသွားကြပါဦး
November မှာfirst updateနဲ့အတူပြန်လာခဲ့ပါ့မယ်
See You In November.
Thank You All.💗
Start Date - 17.05.2021
End Date - 27.10.2021