အခန်း ၆၁ : ရိုးသားမှုကိုဖော်ပြရင်း နောက်ဆုံးတော့ သက်သာရာရခဲ့ပြီ
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
အဖြေကိုစောင့်နေစဥ်မှာပင် စုကျစ်ယန်မှာ စိတ်လှုပ်ရှားနေခဲ့ပြီး လက်ဝါးနှစ်ဖက်မှာပင် ချွေးစို့လာသည်။
မေးခွန်းရဲ့အဖြေက သူသိချင်မယ့်အရာမဟုတ်နိုင်ဘူးဆိုတာ သူရှင်းရှင်းလင်းလင်းသိနေသည့်တိုင် သူ့နှလုံးသားထဲမှာတော့ ထိုမေးခွန်းကို အချိန်အကြာကြီးမြှုပ်နှံထားဆဲပင်ဖြစ်သည်။
ဘာပဲဖြစ်ဖြစ် ကိစ္စမရှိပါဘူး၊ ဒီပြဿနာကိုသူရင်ဆိုင်ရမှာပါပဲ။
သူတို့ကြားက အရာမှန်သမျှကို စောစောစီးစီး၊ ရှင်းလင်းအောင်လုပ်ထားတာက ပိုကောင်းသည်။ထိုအရာက သူ့ခံစားချက်တွေကို ထပ်မထိန်းချုပ်နိုင်တော့လျှင် အပျက်ပျက်ဖြင့်သွေးထွက်ရသည်တော့ ပို၍သက်တောင့်သက်သာရှိ၏။
သူ့လက်တွေကြားကလူ၏ကိုယ်လေးမှာ အလိုအလျောက်တင်းကြပ်လာပြီး အသက်ရှူသံသည်လည်း ပြင်းလာသည်။လင်ကျန်းရီက စုကျစ်ယန်ကိုဖက်ထားဆဲပင်။ ထိုသိသာတဲ့တုန့်ပြန်မှုကနေတောင်မှ ဘာလို့များ ကျစ်ယန်စိတ်လှုပ်ရှားနေတာကို သူမရိပ်မိခဲ့ပါလိမ့်။
လင်ကျန်းရီကသက်ပြင်းကို ခပ်ဖွဖွချလိုက်သည်။ဒီတော့ ဒီအကောင်ပေါက်လေး စိုးရိမ်နေတဲ့ကိစ္စက ဒါပေါ့။ ကျစ်ယန်က သူ့ကိုသူ့မိဘတွေနှင့်မိတ်မဆက်ပေးခဲ့တဲ့အတွက် အခုထိအပြစ်တင်နေသေးတယ်ဟု ခံစားနေရသည်။
သို့ပေသိ၊ နောက်ဆုံးတော့ သူမေးလာခဲ့ပြီ။ သူသာ ကျစ်ယန်နှလုံးသားထဲမှ ထိုပြဿနာကြီးကို မဖြေရှင်းဘဲထားပြီး သူ့စိတ်ထဲမှာ အတွေးမှားတွေသာ စဥ်းစားနေစေခဲ့ပါက သူတို့ကြားကဆက်ဆံရေး ဝေးသထက်ပိုဝေးလာမည်ကို သူကြောက်ပါသည်။
“ဒီမေးခွန်းက ခင်များဖြေဖို့အရမ်းခက်နေလို့လား”
စုကျစ်ယန်မှာ ဘာအဖြေမှပြန်မရသည့်အခါ စိတ်မရှည်သလိုဖြစ်လာပြီး လင်ကျန်းရီ၏ပွေ့ဖက်မှုတွေကြားမှ ရုန်းထွက်ဖို့ပင် အသင့်ဖြစ်နေသည်။
"ဒါဖြင့်လည်း မဖြေနဲ့"
လင်ကျန်းရီက သူ့ကိုထွက်သွားခွင့်မပေးပါချေ။ထို့အစား၊ အသံတိုးတိုးလေးဖြင့် ညည်းညူရင်း သူ့ကိုသူ့ရင်ခွင်ထဲမှာ ပိုတင်းကြပ်စွာချုပ်နှောင်ထားလိုက်သည်။
"ကျစ်ယန်၊ ဒီတော့ မင်းအကြာကြီးစိတ်အနှောင့်အယှက်ဖြစ်နေတာက ဒီအတွက်ပေါ့လေ မင်းကကိုယ့်ကိုစဥ်းစားရကြပ်အောင် လုပ်နေတာပဲကွာ..."
လင်ကျန်းရီက စုကျစ်ယန်၏ကိုယ်လေးကိုဆွဲယူရင်း သူနှင့်မျက်နှာချင်းဆိုင်စေလိုက်သည်။သူတို့မျက်လုံးတွေက အကြည့်ချင်းဆုံသွားခဲ့ပြီး၊ စုကျစ်ယန်၏မျက်လုံးများက မျှော်လင့်ချက်များဖြင့်တောက်ပနေကာ လင်ကျန်းရီ၏မျက်လုံးများမှာမူ ရိုးသားသည့်အငွေ့အသက်တို့စွန်းထင်းကာယုံကြည်မှုတို့ဖြင့်ပြည့်နေ၏။
"ကျစ်ယန် တကယ်လို့ ကလေးကြောင့်မင်းနဲ့နေချင်တာမဟုတ်ဘူးလို့ကိုယ်ဖြေရင် အဲဒါကအတုအယောင်showပြဖို့သက်သက်ပဲ၊ ဒီနေ့တော့ မင်းကိုယ့်ကိုမေးလာပြီပဲ ကိုယ်မင်းကိုအမှန်အတိုင်းဖြေပေးမယ်"
"ပထမဆုံး ကိုယ့်ကိုစိတ်ဝင်စားလာအောင် စပြီးဆွဲဆောင်ခဲ့တာက အဲဒီ့ညက 'အပြင်မှာပြီးလိုက်' *မဟုတ်ရင် မင်းကိုယ်ဝန်ရသွားလိမ့်မယ်*လို့ မင်းပြောခဲ့တာကြောင့်ပဲ၊ ဒါပေမယ့် ကိုယ်မင်းရဲ့စကားတွေကိုစိတ်ဝင်စားခဲ့ပေမယ့် အလေးအနက်ကြီးမမှတ်ယူခဲ့ပါဘူး၊ ကိုယ်ကမင်းနောက်နေတယ်ပဲထင်ခဲ့တာ၊ ဘယ်လိုယောက်ျားလေးကမှ အဲလိုဟာဟမျိုးမလုပ်ဖူးဘူးလေ ဒီတော့ ကိုယ့်စိတ်ထဲ မင်းကအရမ်းစိတ်ဝင်စားဖို့ကောင်းတာပဲလို့တွေးခဲ့တာ၊ ပြီးတော့ မင်းကအရမ်းကိုဖြောင့်မတ်လွန်းတယ်၊ မင်းကအချို့အရာတွေကို တော်တော်မြန်မြန်သွားနိုင်ပြီးတော့ ကိုယ့်ဟာကိုယ်လည်းထိန်းချုပ်မထားဘူး၊ အဲ့ညက ကိုယ်တို့အချိန်ကောင်းလေးရခဲ့တာအမှန်ပဲလေ"
"မင်းအနေနဲ့ဆိုလည်း မင်းအရသာတွေ့မယ့်(အကြိုက်နဲ့ကိုက်ညီတဲ့)လူတစ်ယောက်ကို ရှာတွေ့ဖို့မလွယ်ဘူးလေ၊ ဒီတော့ နောက်နေ့မှာ ကိုယ်မင်းအကြောင်းပိုသိချင်ခဲ့တယ်၊ ဒါပေမယ့် မင်းကအမြဲကိုယ့်မျက်လုံးရှေ့ထွက်ပြေးနေတာလေ"
ထိုအကြောင်းပြောနေစဥ်တွင် လင်ကျန်းရီမှာ ဒေါသနှင့်မချင့်မရဲဖြစ်မှုတို့ကိုခံစားနေရသည်။သူကစုကျစ်ယန်၏လက်မျက်ခုံးတတ်းများဆီလက်ဆန့်ကာ အသာထိလိုက်ပြီး သက်ပြင်းချလိုက်သည်။
"မင်းသိရဲ့လား ကျစ်ယန်၊ မင်းဝေးဝေးပြေးလေ ကိုယ်မင်းကိုပိုပြီးစိတ်ဝင်စားလာလေပဲ၊ ဘာတွေဖြစ်နေတာလဲဆိုတာကိုယ်မသိဘူး မင်းအကြောင်းတွေကိုပိုပြီးစုံစမ်းခဲ့တယ် ကိုယ်တကယ်အဲဒါကိုနောက်မှလုပ်ခဲ့တာ၊ ကိုယ်မင်းရဲ့လိပ်စာကိုရတာနဲ့ မင်းအိမ်ကိုအမြန်ဆုံးလာခဲ့တယ် ဒါပေမယ့် ကိုယ်မင်းကို တိုက်မိမလိုဖြစ်ပြီး မင်းရဲ့ခေါင်းနောက်မှာဒဏ်ရာပေးခဲ့မိပြန်တယ်၊ အဲ့အချိန်က ကိုယ်ရယ်ရမလား ငိုရမလားတောင်မသိတော့ဘူး၊ မင်းကကိုယ့်ကိုလျော်ကြေးငွေတောင်းချင်တယ် ဒါပေမယ့် မင်းနှလုံးသားလေးက ကြင်နာတတ်လွန်းတော့ အများကြီးမတောင်းရက်ပြန်ဘူး၊ ကိုယ်မင်းကို မစနောက်ပဲမနေနိုင်ခဲ့ဘူး၊ မင်းအရမ်းကိုဒေါသတကြီးဖြစ်နေတာကို မြင်ရတာက ပျော်ဖို့ကောင်းခဲ့တယ်..."
ထိုစကားကိုကြားပြီး စုကျစ်ယန်မှာ လင်ကျန်းရီကို မကျေမနပ်စိုက်မကြည့်ဘဲမနေနိုင်ခဲ့ချေ။
"ခင်များအဲဒီ့အချိန်တုန်းက တမင်ဆွပြောမှန်းသိခဲ့သားပဲ၊ ဒီမကောင်းတဲ့လူကတော့"
လင်ကျန်းရီက ဖျော့တော့စွာပြုံးသည်။ သူကခေါင်းကိုအသာငုံ့ပြီး စုကျစ်ယန်၏နှုတ်ခမ်းလေးကို နမ်းလိုက်ကာ သူ့ဒေါသတွေကို ဖြေဖျောက်ပေးလိုက်သည်။
"ကိုယ်မင်းကို ငွေတွေအများကြီးပိုပေးလို့ မင်းပိုပြီးကျေနပ်မသွားခဲ့ဘူးလား"
“အလကားလော့ဂျစ်ကြီး!”
စုကျစ်ယန်ကသူ့ကိုဘေးကိုတွန်းလိုက်ပြီး လင်ကျန်းရီကို စေ့စေ့ကြည်ခဲ့သည်။
“ဆက်ပြော ခင်များအဓိကမေးခွန်းကို မဖြေရသေးဘူး!”
လင်ကျန်းရီ၏နှုတ်ခမ်းများက တွန့်ကွေးနေခဲ့သည်။သူမေးခွန်းကိုဖြေလိုက်ပြီးပြီပဲမဟုတ်ဘူးလား။ဒါမှမဟုတ် သူရှင်းရှင်းလင်းလင်းမလုပ်နိုင်ခဲ့တာများလား။ ပထမမှာတော့ သူက ကလေးကြောင့် သူ့ကိုစပြီးစိတ်ဝင်စားခဲ့တယ်၊ ပြီးတော့သူနှင့် အတော်ကြာအောင် ကွဲကွာနေရပြီးတော့ သူ့အတွက် အရမ်းကိုသင့်တော်တာကိုတွေ့ခဲ့ပြီး သူနှင့်အကြာကြီးအတူရှိနေချင်ခဲ့တယ်လေ။
(ဘာသာပြန်သူမှာပြောစရာရှိပါတယ်-ဒီနားမှာ သင့်လျော်တယ်ဆိုတာကို လင်ကျန်းရီက လေးလေးနက်နက်ပြောခဲ့တာပါ၊ အိုင့်ရဲ့ ဘာသာပြန်မှုလိုအပ်ချက်ကြောင့်ပေါ့ပျက်ပျက်ဖြစ်သွားလို့ ရှင်းပြတာပါ)
"ပြီးတော့ ကိုယ်ကလအတော်ကြာအောင် အလုပ်အရမ်းများနေခဲ့တာ အဲဒါပြီးတော့ ကိုယ်မင်းကိုလာရှာတဲ့အချိန် မင်းကအခြားယောက်ျားတစ်ယောက်နဲ့အတူနေနေပြီလေ ပြီးတော့မင်းကအဲ့လူကို ကိုယ့်ကိုမောင်းထုတ်ဖို့တောင် ပြောလိုက်သေးတယ်"
လင်ကျန်းမှာ ဒေါသတကြီးသွားမကြိတ်ဘဲမနေနိုင်တော့။
"အဲဒါက ကိုယ့်အတွက်ဘာအဓိပ္ပါယ်လဲမင်းသိရဲ့လား၊ မင်းမှာချစ်သူအသစ်ရှိနေပြီပေါ့၊ ကိုယ်မင်းကိုဖမ်းခေါ်ပြီး သင်ခန်းစာပေးပစ်လိုက်ချင်တာ၊ ဘယ်သူသိမှာလဲ ကိုယ်စစ်ဆေးကြည့်တော့ မင်းမှာကိုယ်ဝန်ရှိနေတယ်တဲ့"
လင်ကျန်းရီစိတ်ဆိုးခဲ့ပြီး မျက်နှာပေါ်မှာတော့ပေါ်မလာခဲ့ပေ။ သူကစုကျစ်ယန်ကို သူ့အောက်မှာဖိထားပြီး သူ့ဒေါသတွေလျော့ကျကာ စိတ်သက်သာရာရတဲ့အထိ နမ်းနေရုံသာတတ်နိူင်ခဲ့သည်။ ပြီးနောက်သူကဒေါသတကြီးဖြင့်စပြောသည်။
"ကိုယ်က အဲ့ညက မင်းကကိုယ်ဝန်ဆောင်နိူင်တယ်လို့ ရည်ရွယ်ချက်ရှိရှိပြောပြီး ကိုယ့်သားလေးတွေကိုခိုးချင်တယ်ထင်ခဲ့တာ၊ ထုံးစံအတိုင်းဆို ကိုယ်မင်းကိုမယုံလို့ ပိုပြီးပြင်းပြင်းထန်ထန်လှုပ်ရှားလေလေ(u all know what ,right?) မင်းကိုယ်ဝန်ရနိုင်ချေပိုများလေလေပဲလေ၊ အဲဒါက ကိုယ့်မျိုးစေ့တွေကိုခိုးတာမဟုတ်လို့ဘာတုန်း၊ နောက်ပိုင်းကျတော့လည်း မင်းကကိုယ့်ဆီကနေအချိန်တိုင်းပုန်းနေသေးတာ၊ သဘာဝကျကျပဲ မင်းကိုယ့်သားလောင်းလေးတွေကိုခိုးချင်တာလို့ပဲ ကိုယ်ကအတည်ပြုလိုက်တာပေါ့၊ မင်းကို သွားခွင့်မပေးနိုင်တော့ဘူး။
"ခွေးကောင်ကြီး ခင်များတွေးလိုက်ရင် သောက်အဓိပ္ပါယ်မဲ့တာတွေချည်းပဲ၊ ခင်များကြောင့်ကျွန်တော်အရင်သေခဲ့တာလေ"
စုကျစ်ယန်မှာ အသက်ရှူပင်ကြပ်လာပြီး ရိုင်းစိုင်းမိသလို လင်ကျန်းရီ၏ခံစားချက်ကိုလည်း နားလည်မိပြန်သည်။
အင်းပေါ့၊ အခုဘဝရဲ့လင်ကျန်းရီက အရင်ဘဝမှာဘာတွေဖြစ်ခဲ့လဲ ဘာသိပါ့မလဲ။သူကကိုယ်ဝန်ရှိနေတဲ့အပြင် သူမသိအောင်လည်းဖုံးကွယ်ထားသေးတာလေ။ သူအဲလိုတွေးတာကို အပြစ်တင်လို့မရဘူးပဲ။
ဒါပေမယ့်လည်း အားလုံးပြီးသွားတော့ အဓိကက သူက ကလေးကြောင့် သူနှင့်အတူရှိချင်တာပဲပေါ့...။
လင်ကျန်းရီက စုကျစ်ယန်စိတ်ဓာတ်ကျသွားတာကို တွေ့လိုက်ပြီးနောက် ချက်ချင်းပင် ပြန်ပွေ့ဖက်လိုက်သည်။သူကလေသံတိုးတိုးလေးဖြင့်..
"ကျစ်ယန် ကိုယ်မင်းအပေါ်ရိုးသားပြီးပြီ၊ ကိုယ့်ကိုအပြစ်မတင်ပါနဲ့ကွာနော်၊ လူနှစ်ယောက်ကြားမှာ မြင်မြင်ချင်းချစ်တယ်ဆိုတာ ဖြစ်မှမဖြစ်နိုင်တာပဲ၊ အဲဒါထက် ကိုယ်တို့က nightclubမှာတွေ့ကြတာလေ၊ မင်းအတွက် ကိုယ့်ကိုဆွဲဆောင်နိုင်ဖို့ဆို ကိုယ်သဘောကျရတဲ့အကြောင်းအရင်းကတော့ရှိရမှာပဲလေ၊ ဒါပေမယ့် ကိုယ်ကတိပေးတယ် ကိုယ်မင်းနဲ့အတူနေရပြီးနောက်ပြီး ကလေးကြောင့်မင်းကိုသဘောကျတာမဟုတ်ပါဘူးကွာ၊ ကိုယ်တကယ်မင်းနဲ့ ဒိတ်ချင်ခဲ့တာပါ"
(သူပြောတာအမှန်တွေချည်းနော် သတိမထားမိတာပဲရှိမယ် တစ်စုံတစ်ယောက်ကိုချစ်ရင် အကြောင်းပြချက်တစ်စုံတစ်ရာတော့ရှိတာပဲ )
စုကျစ်ယန်မျက်လုံးများကအောက်ကိုငုံ့ကျသွားပြီး သူ၏မျက်ခွံများနှင့်မျက်တောင်များကစင်းကျနေကာ သူစိတ်ဆိုးနေလား ပျော်နေလားဆိုတာကို ဘယ်သူကမှ မခန့်မှန်းနိုင်ချေ။
လင်ကျန်းရီကသူ့လက်ကိုဆန့်ထုတ်ကာ စုကျစ်ယန်၏မေးကိုဖျစ်ညှစ်လိုက်ပြီး သူ့ကိုမော့ကြည့်စေလိုက်သည်။
"ကျစ်ယန် ကိုယ့်ကိုကြည့်၊ ကိုယ်သာမင်းကိုမြင်မြင်ချင်းချစ်ခဲ့မိပါတယ်လို့ပြောရင် မင်းစိတ်သက်သာရာရမှာလား၊ ဟင့်အင်း မင်းကိုယ့်ကို ထပ်ပြီးမယုံတော့တာမျိုးပဲဖြစ်သွားမှာ၊ ကိုယ်ကလမင်းကိုယ့်အပေါ်အယုံအကြည်မဲ့တာမျိုး မဖြစ်စေချင်ဘူး၊ ဒါကြောင့် ကိုယ်မင်းကိုမညာဘဲအမှန်အတိုင်းပြောတာ"
"အမှန်တော့ မင်းသာဂရုတစိုက်တွေးရင်၊ အဲဒီနေ့ မင်းကားမတော်တဆဖြစ်တဲ့နေ့က ကိုယ်မင်းနဲ့ဒိတ်ချင်တယ်လို့ဆေးရုံမှာပြောခဲ့တယ်လေ၊ အဲ့အချိန်ကမင်းကိုယ်ဝန်မလွယ်ထားရသေးဘူး၊ ပြီးတော့ မင်းတကယ်ကိုယ်ဝန်လွယ်နိုင်တယ်ဆိုတာလည်း ကိုယ်မသိသေးဘူး၊ ဒီလောက်ဆို ကိုယ်အပြစ်ကင်းတာ သက်သေပြနိုင်ပြီလား"
စုကျစ်ယန်က လင်ကျန်းရီ၏ တည်ငြိမ်အေးချမ်းပြီး နက်ရှိုင်းသည့်မျက်လုံးများထဲသို့ ကြည့်နေခဲ့သည်။သူ့ရဲ့ဝိရောဓိဖြစ်နေတဲ့အသွင်အပြင်က ပုံရိပ်ထင်နေခဲ့တာလား။ အမှန်တော့ လင်ကျန်းရီက သူကျေနပ်အောင်လုပ်ဖို့ အချက်အပြုတ်ကိုသင်ယူခဲ့တဲ့အချိန်ကတည်းက သူထိုလူသားအကေါ်မှာ ယုံကြည်နေခဲ့ပြီးဖြစ်သည်။
သူတို့ရက်အနည်းခန့်အတူနေပြီးနောက်ပိုင်းတွင် သူ၏အပြုအမူများဖြင့် သူ့နှလုံးသားဆန္ဒကို ထုတ်ပြခဲ့ပြီးဖြစ်သည်။
ယခုမူ သူ့နှလုံးထဲမှအဖုအထစ်လေးသည်လည်း ပြေပျောက်သွားခဲ့ပြီဖြစ်သည်။ထိုအရာကို ဆက်ပြီးဆုပ်ကိုင်ထားလျှင် သူတို့နှစ်ယောက်လုံး ပင်ပန်းရပေလိမ့်မည်။အစကသူတွေးခဲ့သလိုပင် သူတို့အနေဖြင့်တစ်ဖက်လူကို အခွင့်အရေးပေးခဲ့ပြီးမှတော့ အတူရှိနေဖို့ကြိုးစားသင့်သည်ပင်။
လောကဘဝကြီးမှာ မင်းလက်ကိုတစ်သက်လုံးဆုပ်ကိုင်ပြီး ဘယ်တော့မှခွဲမသွားဘူးဆိုတဲ့လူကို ရှာတွေ့ဖို့တာ မဖြစ်နိုင်ပေ။
မင်းအဝေးကိုထွက်ပြေးပြီး ရှေ့ဆက်တိုးဖို့ငြင်းလိုက်တာနဲ့ အခြားတစ်ယောက်က စိတ်ရှည်သည်းခံနိုင်ရင်တောင် သူကတကယ့်အဖြစ်မှန်ဘဝမှာ လွှမ်းမိုးခံနေရလိမ့်မယ်။အဆုံးမှာတော့ သူကလှည့်ထွက်သွားပြီး မင်းကိုချန်ထားခဲ့မှာပဲ၊ ဟုတ်တယ်မလား။
စုကျစ်ယန်၏မျက်လုံးလေးတွေ ပြေကျသွားတာကိုကြည့်ပြီး လင်ကျန်းရီမှာထိန်းမရအောင် ပျော်နေခဲ့သည်။သူကနောက်ထပ်အဖြေတစ်ခုကို စောင့်မနေတော့ချေ။သူ့လက်တွေကို စုကျစ်ယန်ကိုယ်လေး၏တစ်ဖက်တစ်ချက်တွင် ထားလိုက်ပြီး ပျော်ရွှင်မှုအပြည့်ဖြင့် နူးညံ့ငြင်သာစွာ ယုယုယယနမ်းရှိုက်ခဲ့သည်။
အချိန်တစ်ခုကြာပြီးနော် မပြတ်မသားညည်းညူသံလေးတစ်ခုကို စုကျစ်ယန်ကြားလိုက်ရသည်။
"ကျစ်ယန် ဟမ်း... ကိုယ်မင်းအပေါ်တကယ်အမြဲကောင်းပေးမှာပါ... ကိုယ့်ကိုယုံပါကွာ..."
ဒီအခြေအနေကြီးမှာ ဘယ်လိုလုပ်ပြီး စုကျစ်ယန်သူ့စိတ်ကိုလျော့နိုင်မှာတဲ့လဲ ခဏလေးနေပါဦး။ သူကအနမ်းခံရပြီး မူးဝေရှုပ်ထွေးနေခဲ့တာ။ နောက်ဆုံးမှာတော့ သူ့ဦးနှောက်လေးက အလုပ်ပြန်လုပ်လာပြီဖြစ်ပြီး လက်တွေကိုဆန့်ထုတ်ကာ လင်ကျန်းရီကို တွန်းထုတ်လိုက်သည်။
"အင်းပါ! ခင်များ ကျွန်တော့်ကိုအခွင့်ကောင်းယူဖို့ပဲတွေးနေတာလား"
စုကျစ်ယန်မှာ အသက်ကိုလုရှူလိုက်ပြီးမှ သူ့ကိုစိုက်ကြည့်လိုက်သည်။
"ခင်များသားကဗိုက်ဆာနေပြီ စျေးသွားဝယ်ပြီးချက်တော့"
လင်ကျန်းရီက ထလိုက်ပြီး စုကျစ်ယန်၏ဝမ်းဗိုက်လေးနားကို အသာအယာတိုးကပ်သွားလိုက်သည်။သူကသူ၏အနာဂတ်သားလေးရှိရာနေရာကို အဝတ်တွေပေါ်က ဖိကပ်ကာနမ်းလိုက်ပြီး
"သားရေ အခုဒယ်ဒယ်ကချက်ပြုတ်ဖို့သွားတော့မယ်နော်၊ ဒီတော့ မင်းပါပါးဗိုက်ထဲမှာ လိမ်လိမ်မာမာလေးနေခဲ့၊ မင်းပြဿနာဝှာရဲရင် မင်းထွက်လာတာနဲ့ ဒယ်ဒီကမင်းတင်ပါးလေးကိုရိုက်ပစ်မှာ"
"ခင်များပြီးပြီလား"
စုကျစ်ယန်ကနှုတ်ခမ်းကိုစူလိုက်သည်၊ သို့သော် သူ့နှုတ်ခမ်းတွေမှာ ပြုံးရိပ်တို့စွန်းထင်းနေဆဲပင်။သူက ဗိုက်ကလေးကိုတယုတယပွတ်သတ်ရင်း စိတ်ဝင်စားစွာဖြင့်
"ခင်များက သားလေးဆိုတာဘယ်လိုသိတာလဲ၊ အဲဒါက သမီးလေးလည်းဖြစ်နိုင်တာပဲကို"
"ကိုယ်တို့နှစ်ယောက်လုံးက XY ခရိုမိုဆုန်းစ်တွေလေ၊ ဒီတော့ သားဖြစ်နိုင်တာပေါ့"
လင်ကျန်းရီကယုံကြည်မှုရှိရှိဖြင့် သူ့နှုတ်ခမ်းကိုဖွင့်ဟလိုက်ပြီး ထပ်ပေါင်းပြောလိုက်သေးသည်။
"တကယ်တော့ သားဖြစ်ဖြစ် သမီးဖြစ်ဖြစ် ကိုယ်ကြိုက်ပြီးသားပါ၊ ဘာလို့ဆို ကိုယ်အကြိုက်ဆုံးက ကလေးရဲ့မာမားလေ"
"ခင်များပဲသူ့အမေ! ကလေးက ကျွန်တော့်ကိုဒယ်ဒီလို့ခေါ်မှာ"
စုကျစ်ယန်က သူ့စကားကိုပြင်ပေးသည်။
"အင်းပါ အင်းပါ ဟုတ်ပါပြီ၊ မင်းကိုပါးလို့ခေါ် ၊ ကိုယ့်ကိုဒယ်ဒီလို့ခေါ်၊ အားလုံးမင်းအလိုကျပါပဲ"
လင်ကျန်းရီက အလျင်အမြန်ပင်ထောက်ခံလိုက်သည်။
"သွားချက်တော့" စုကျစ်ယန်ကတိုက်တွန်းခဲ့သည်။
"အမိန့်အတိုင်းပါပဲ သခင်မခင်မျာ"
လင်ကျန်းရီကနောက်ဆုံးတော့ ကုတင်ဘေးကိုရွှေ့လိုက်သည်။ သူကုတင်အောက်ကိုရောက်သည်နှင့် စုကျစ်ယန်ကို ရယ်စရာကောင်းသည့် အလေးပြုပုံကိုလုပ်ပြခဲ့သည်။သူကလျှောက်သွားရင်း ပြန်လှည့်မကြည့်ဘဲ မနေနိုင်ခဲ့ချေ။သူ့မျက်နှာက ပျော်ရွှင်မှု၏အပြုံးတို့ဖြင့် ပြည့်နှက်နေပြီး ရိုးသားစွာဖြင့်ပြောခဲ့သည်။
"ကျစ်ယန်၊ ကိုယ်အရမ်းပျော်တယ်၊ နောက်ဆုံးတော့ မင်းကိုယ့်ကို လက်ခံလိုက်ပြီ"
Translated by chu chu (Team Camomile)
အိုင့်ကိုလွမ်းနေကြရဲ့လား UwU
အခန္း ၆၁ : ရိုးသားမႈကိုေဖာ္ျပရင္း ေနာက္ဆုံးေတာ့ သက္သာရာရခဲ့ၿပီ
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
အေျဖကိုေစာင့္ေနစဥ္မွာပင္ စုက်စ္ယန္မွာ စိတ္လႈပ္ရွားေနခဲ့ၿပီး လက္ဝါးႏွစ္ဖက္မွာပင္ ေခြၽးစို႔လာသည္။
ေမးခြန္းရဲ႕အေျဖက သူသိခ်င္မယ့္အရာမဟုတ္နိုင္ဘူးဆိုတာ သူရွင္းရွင္းလင္းလင္းသိေနသည့္တိုင္ သူ႕ႏွလုံးသားထဲမွာေတာ့ ထိုေမးခြန္းကို အခ်ိန္အၾကာႀကီးျမႇုပ္ႏွံထားဆဲပင္ျဖစ္သည္။
ဘာပဲျဖစ္ျဖစ္ ကိစၥမရွိပါဘူး၊ ဒီျပႆနာကိုသူရင္ဆိုင္ရမှာပါပဲ။
သူတို႔ၾကားက အရာမွန္သမွ်ကို ေစာေစာစီးစီး၊ ရွင္းလင္းေအာင္လုပ္ထားတာက ပိုေကာင္းသည္။ထိုအရာက သူ႕ခံစားခ်က္ေတြကို ထပ္မထိန္းခ်ဳပ္နိုင္ေတာ့လွ်င္ အပ်က္ပ်က္ျဖင့္ေသြးထြက္ရသည္ေတာ့ ပို၍သက္ေတာင့္သက္သာရွိ၏။
သူ႕လက္ေတြၾကားကလူ၏ကိုယ္ေလးမွာ အလိုအေလ်ာက္တင္းၾကပ္လာၿပီး အသက္ရႉသံသည္လည္း ျပင္းလာသည္။လင္က်န္းရီက စုက်စ္ယန္ကိုဖက္ထားဆဲပင္။ ထိုသိသာတဲ့တုန့္ျပန္မႈကေနေတာင္မွ ဘာလို႔မ်ား က်စ္ယန္စိတ္လႈပ္ရွားေနတာကို သူမရိပ္မိခဲ့ပါလိမ့္။
လင္က်န္းရီကသက္ျပင္းကို ခပ္ဖြဖြခ်လိဳက္သည္။ဒီေတာ့ ဒီအေကာင္ေပါက္ေလး စိုးရိမ္ေနတဲ့ကိစၥက ဒါေပါ့။ က်စ္ယန္က သူ႕ကိုသူ႕မိဘေတြႏွင့္မိတ္မဆက္ေပးခဲ့တဲ့အတြက္ အခုထိအျပစ္တင္ေနေသးတယ္ဟု ခံစားေနရသည္။
သို႔ေပသိ၊ ေနာက္ဆုံးေတာ့ သူေမးလာခဲ့ၿပီ။ သူသာ က်စ္ယန္ႏွလုံးသားထဲမွ ထိုျပႆနာႀကီးကို မေျဖရွင္းဘဲထားၿပီး သူ႕စိတ္ထဲမွာ အေတြးမွားေတြသာ စဥ္းစားေနေစခဲ့ပါက သူတို႔ၾကားကဆက္ဆံေရး ေဝးသထက္ပိုေဝးလာမည္ကို သူေၾကာက္ပါသည္။
“ဒီေမးခြန္းက ခင္မ်ားေျဖဖို႔အရမ္းခက္ေနလို႔လား”
စုက်စ္ယန္မွာ ဘာအေျဖမွျပန္မရသည့္အခါ စိတ္မရွည္သလိုျဖစ္လာၿပီး လင္က်န္းရီ၏ေပြ႕ဖက္မႈေတြၾကားမွ ႐ုန္းထြက္ဖို႔ပင္ အသင့္ျဖစ္ေနသည္။
"ဒါျဖင့္လည္း မေျဖနဲ႕"
လင္က်န္းရီက သူ႕ကိုထြက္သြားခြင့္မေပးပါေခ်။ထို႔အစား၊ အသံတိုးတိုးေလးျဖင့္ ညည္းၫူရင္း သူ႕ကိုသူ႕ရင္ခြင္ထဲမွာ ပိုတင္းၾကပ္စြာခ်ဳပ္ေႏွာင္ထားလိုက္သည္။
"က်စ္ယန္၊ ဒီေတာ့ မင္းအၾကာႀကီးစိတ္အေႏွာင့္အယွက္ျဖစ္ေနတာက ဒီအတြက္ေပါ့ေလ မင္းကကိုယ့္ကိုစဥ္းစားရၾကပ္ေအာင္ လုပ္ေနတာပဲကြာ..."
လင္က်န္းရီက စုက်စ္ယန္၏ကိုယ္ေလးကိုဆြဲယူရင္း သူႏွင့္မ်က္ႏွာခ်င္းဆိုင္ေစလိုက္သည္။သူတို႔မ်က္လုံးေတြက အၾကည့္ခ်င္းဆုံသြားခဲ့ၿပီး၊ စုက်စ္ယန္၏မ်က္လုံးမ်ားက ေမွ်ာ္လင့္ခ်က္မ်ားျဖင့္ေတာက္ပေနကာ လင္က်န္းရီ၏မ်က္လုံးမ်ားမွာမူ ရိုးသားသည့္အေငြ႕အသက္တို႔စြန္းထင္းကာယုံၾကည္မႈတို႔ျဖင့္ျပည့္ေန၏။
"က်စ္ယန္ တကယ္လို႔ ကေလးေၾကာင့္မင္းနဲ႕ေနခ်င္တာမဟုတ္ဘူးလို႔ကိုယ္ေျဖရင္ အဲဒါကအတုအေယာင္showျပဖို႔သက္သက္ပဲ၊ ဒီေန႕ေတာ့ မင္းကိုယ့္ကိုေမးလာၿပီပဲ ကိုယ္မင္းကိုအမွန္အတိုင္းေျဖေပးမယ္"
"ပထမဆုံး ကိုယ့္ကိုစိတ္ဝင္စားလာေအာင္ စၿပီးဆြဲေဆာင္ခဲ့တာက အဲဒီ့ညက 'အျပင္မွာၿပီးလိုက္' *မဟုတ္ရင္ မင္းကိုယ္ဝန္ရသြားလိမ့္မယ္*လို႔ မင္းေျပာခဲ့တာေၾကာင့္ပဲ၊ ဒါေပမယ့္ ကိုယ္မင္းရဲ႕စကားေတြကိုစိတ္ဝင္စားခဲ့ေပမယ့္ အေလးအနက္ႀကီးမမွတ္ယူခဲ့ပါဘူး၊ ကိုယ္ကမင္းေနာက္ေနတယ္ပဲထင္ခဲ့တာ၊ ဘယ္လိုေယာက္်ားေလးကမွ အဲလိုဟာဟမ်ိဳးမလုပ္ဖူးဘူးေလ ဒီေတာ့ ကိုယ့္စိတ္ထဲ မင္းကအရမ္းစိတ္ဝင္စားဖို႔ေကာင္းတာပဲလို႔ေတြးခဲ့တာ၊ ၿပီးေတာ့ မင္းကအရမ္းကိုေျဖာင့္မတ္လြန္းတယ္၊ မင္းကအခ်ိဳ႕အရာေတြကို ေတာ္ေတာ္ျမန္ျမန္သြားနိုင္ၿပီးေတာ့ ကိုယ့္ဟာကိုယ္လည္းထိန္းခ်ဳပ္မထားဘူး၊ အဲ့ညက ကိုယ္တို႔အခ်ိန္ေကာင္းေလးရခဲ့တာအမွန္ပဲေလ"
"မင္းအေနနဲ႕ဆိုလည္း မင္းအရသာေတြ႕မယ့္(အႀကိဳက္နဲ႕ကိုက္ညီတဲ့)လူတစ္ေယာက္ကို ရွာေတြ႕ဖို႔မလြယ္ဘူးေလ၊ ဒီေတာ့ ေနာက္ေန႕မွာ ကိုယ္မင္းအေၾကာင္းပိုသိခ်င္ခဲ့တယ္၊ ဒါေပမယ့္ မင္းကအၿမဲကိုယ့္မ်က္လုံးေရွ႕ထြက္ေျပးေနတာေလ"
ထိုအေၾကာင္းေျပာေနစဥ္တြင္ လင္က်န္းရီမွာ ေဒါသႏွင့္မခ်င့္မရဲျဖစ္မႈတို႔ကိုခံစားေနရသည္။သူကစုက်စ္ယန္၏လက္မ်က္ခုံးတတ္းမ်ားဆီလက္ဆန့္ကာ အသာထိလိုက္ၿပီး သက္ျပင္းခ်လိဳက္သည္။
"မင္းသိရဲ႕လား က်စ္ယန္၊ မင္းေဝးေဝးေျပးေလ ကိုယ္မင္းကိုပိုၿပီးစိတ္ဝင္စားလာေလပဲ၊ ဘာေတြျဖစ္ေနတာလဲဆိုတာကိုယ္မသိဘူး မင္းအေၾကာင္းေတြကိုပိုၿပီးစုံစမ္းခဲ့တယ္ ကိုယ္တကယ္အဲဒါကိုေနာက္မွလုပ္ခဲ့တာ၊ ကိုယ္မင္းရဲ႕လိပ္စာကိုရတာနဲ႕ မင္းအိမ္ကိုအျမန္ဆုံးလာခဲ့တယ္ ဒါေပမယ့္ ကိုယ္မင္းကို တိုက္မိမလိုျဖစ္ၿပီး မင္းရဲ႕ေခါင္းေနာက္မွာဒဏ္ရာေပးခဲ့မိျပန္တယ္၊ အဲ့အခ်ိန္က ကိုယ္ရယ္ရမလား ငိုရမလားေတာင္မသိေတာ့ဘူး၊ မင္းကကိုယ့္ကိုေလ်ာ္ေၾကးေငြေတာင္းခ်င္တယ္ ဒါေပမယ့္ မင္းႏွလုံးသားေလးက ၾကင္နာတတ္လြန္းေတာ့ အမ်ားႀကီးမေတာင္းရက္ျပန္ဘူး၊ ကိုယ္မင္းကို မစေနာက္ပဲမေနနိုင္ခဲ့ဘူး၊ မင္းအရမ္းကိုေဒါသတႀကီးျဖစ္ေနတာကို ျမင္ရတာက ေပ်ာ္ဖို႔ေကာင္းခဲ့တယ္..."
ထိုစကားကိုၾကားၿပီး စုက်စ္ယန္မွာ လင္က်န္းရီကို မေက်မနပ္စိုက္မၾကည့္ဘဲမေနနိုင္ခဲ့ေခ်။
"ခင္မ်ားအဲဒီ့အခ်ိန္တုန္းက တမင္ဆြေျပာမွန္းသိခဲ့သားပဲ၊ ဒီမေကာင္းတဲ့လူကေတာ့"
လင္က်န္းရီက ေဖ်ာ့ေတာ့စြာၿပဳံးသည္။ သူကေခါင္းကိုအသာငုံ႕ၿပီး စုက်စ္ယန္၏ႏႈတ္ခမ္းေလးကို နမ္းလိုက္ကာ သူ႕ေဒါသေတြကို ေျဖေဖ်ာက္ေပးလိုက္သည္။
"ကိုယ္မင္းကို ေငြေတြအမ်ားႀကီးပိုေပးလို႔ မင္းပိုၿပီးေက်နပ္မသြားခဲ့ဘူးလား"
“အလကားေလာ့ဂ်စ္ႀကီး!”
စုက်စ္ယန္ကသူ႕ကိုေဘးကိုတြန္းလိုက္ၿပီး လင္က်န္းရီကို ေစ့ေစ့ၾကည္ခဲ့သည္။
“ဆက္ေျပာ ခင္မ်ားအဓိကေမးခြန္းကို မေျဖရေသးဘူး!”
လင္က်န္းရီ၏ႏႈတ္ခမ္းမ်ားက တြန့္ေကြးေနခဲ့သည္။သူေမးခြန္းကိုေျဖလိုက္ၿပီးၿပီပဲမဟုတ္ဘူးလား။ဒါမွမဟုတ္ သူရွင္းရွင္းလင္းလင္းမလုပ္နိုင္ခဲ့တာမ်ားလား။ ပထမမွာေတာ့ သူက ကေလးေၾကာင့္ သူ႕ကိုစၿပီးစိတ္ဝင္စားခဲ့တယ္၊ ၿပီးေတာ့သူႏွင့္ အေတာ္ၾကာေအာင္ ကြဲကြာေနရၿပီးေတာ့ သူ႕အတြက္ အရမ္းကိုသင့္ေတာ္တာကိုေတြ႕ခဲ့ၿပီး သူႏွင့္အၾကာႀကီးအတူရွိေနခ်င္ခဲ့တယ္ေလ။
(ဘာသာျပန္သူမွာေျပာစရာရွိပါတယ္-ဒီနားမွာ သင့္ေလ်ာ္တယ္ဆိုတာကို လင္က်န္းရီက ေလးေလးနက္နက္ေျပာခဲ့တာပါ၊ အိုင့္ရဲ႕ ဘာသာျပန္မႈလိုအပ္ခ်က္ေၾကာင့္ေပါ့ပ်က္ပ်က္ျဖစ္သြားလို႔ ရွင္းျပတာပါ)
"ၿပီးေတာ့ ကိုယ္ကလအေတာ္ၾကာေအာင္ အလုပ္အရမ္းမ်ားေနခဲ့တာ အဲဒါၿပီးေတာ့ ကိုယ္မင္းကိုလာရွာတဲ့အခ်ိန္ မင္းကအျခားေယာက္်ားတစ္ေယာက္နဲ႕အတူေနေနၿပီေလ ၿပီးေတာ့မင္းကအဲ့လူကို ကိုယ့္ကိုေမာင္းထုတ္ဖို႔ေတာင္ ေျပာလိုက္ေသးတယ္"
လင္က်န္းမွာ ေဒါသတႀကီးသြားမႀကိတ္ဘဲမေနနိုင္ေတာ့။
"အဲဒါက ကိုယ့္အတြက္ဘာအဓိပၸါယ္လဲမင္းသိရဲ႕လား၊ မင္းမွာခ်စ္သူအသစ္ရွိေနၿပီေပါ့၊ ကိုယ္မင္းကိုဖမ္းေခၚၿပီး သင္ခန္းစာေပးပစ္လိုက္ခ်င္တာ၊ ဘယ္သူသိမွာလဲ ကိုယ္စစ္ေဆးၾကည့္ေတာ့ မင္းမွာကိုယ္ဝန္ရွိေနတယ္တဲ့"
လင္က်န္းရီစိတ္ဆိုးခဲ့ၿပီး မ်က္ႏွာေပၚမွာေတာ့ေပၚမလာခဲ့ေပ။ သူကစုက်စ္ယန္ကို သူ႕ေအာက္မွာဖိထားၿပီး သူ႕ေဒါသေတြေလ်ာ့က်ကာ စိတ္သက္သာရာရတဲ့အထိ နမ္းေန႐ုံသာတတ္နိူင္ခဲ့သည္။ ၿပီးေနာက္သူကေဒါသတႀကီးျဖင့္စေျပာသည္။
"ကိုယ္က အဲ့ညက မင္းကကိုယ္ဝန္ေဆာင္နိူင္တယ္လို႔ ရည္႐ြယ္ခ်က္ရွိရွိေျပာၿပီး ကိုယ့္သားေလးေတြကိုခိုးခ်င္တယ္ထင္ခဲ့တာ၊ ထုံးစံအတိုင္းဆို ကိုယ္မင္းကိုမယုံလို႔ ပိုၿပီးျပင္းျပင္းထန္ထန္လႈပ္ရွားေလေလ(u all know what ,right?) မင္းကိုယ္ဝန္ရနိုင္ေခ်ပိဳမ်ားေလေလပဲေလ၊ အဲဒါက ကိုယ့္မ်ိဳးေစ့ေတြကိုခိုးတာမဟုတ္လို႔ဘာတုန္း၊ ေနာက္ပိုင္းက်ေတာ့လည္း မင္းကကိုယ့္ဆီကေနအခ်ိန္တိုင္းပုန္းေနေသးတာ၊ သဘာဝက်က်ပဲ မင္းကိုယ့္သားေလာင္းေလးေတြကိုခိုးခ်င္တာလို႔ပဲ ကိုယ္ကအတည္ျပဳလိုက္တာေပါ့၊ မင္းကို သြားခြင့္မေပးနိုင္ေတာ့ဘူး။
"ေခြးေကာင္ႀကီး ခင္မ်ားေတြးလိုက္ရင္ ေသာက္အဓိပၸါယ္မဲ့တာေတြခ်ည္းပဲ၊ ခင္မ်ားေၾကာင့္ကြၽန္ေတာ္အရင္ေသခဲ့တာေလ"
စုက်စ္ယန္မွာ အသက္ရႉပင္ၾကပ္လာၿပီး ရိုင္းစိုင္းမိသလို လင္က်န္းရီ၏ခံစားခ်က္ကိုလည္း နားလည္မိျပန္သည္။
အင္းေပါ့၊ အခုဘဝရဲ႕လင္က်န္းရီက အရင္ဘဝမွာဘာေတြျဖစ္ခဲ့လဲ ဘာသိပါ့မလဲ။သူကကိုယ္ဝန္ရွိေနတဲ့အျပင္ သူမသိေအာင္လည္းဖုံးကြယ္ထားေသးတာေလ။ သူအဲလိုေတြးတာကို အျပစ္တင္လို႔မရဘူးပဲ။
ဒါေပမယ့္လည္း အားလုံးၿပီးသြားေတာ့ အဓိကက သူက ကေလးေၾကာင့္ သူႏွင့္အတူရွိခ်င္တာပဲေပါ့...။
လင္က်န္းရီက စုက်စ္ယန္စိတ္ဓာတ္က်သြားတာကို ေတြ႕လိုက္ၿပီးေနာက္ ခ်က္ခ်င္းပင္ ျပန္ေပြ႕ဖက္လိုက္သည္။သူကေလသံတိုးတိုးေလးျဖင့္..
"က်စ္ယန္ ကိုယ္မင္းအေပၚရိုးသားၿပီးၿပီ၊ ကိုယ့္ကိုအျပစ္မတင္ပါနဲ႕ကြာေနာ္၊ လူႏွစ္ေယာက္ၾကားမွာ ျမင္ျမင္ခ်င္းခ်စ္တယ္ဆိုတာ ျဖစ္မွမျဖစ္နိုင္တာပဲ၊ အဲဒါထက္ ကိုယ္တို႔က nightclubမွာေတြ႕ၾကတာေလ၊ မင္းအတြက္ ကိုယ့္ကိုဆြဲေဆာင္နိုင္ဖို႔ဆို ကိုယ္သေဘာက်ရတဲ့အေၾကာင္းအရင္းကေတာ့ရွိရမွာပဲေလ၊ ဒါေပမယ့္ ကိုယ္ကတိေပးတယ္ ကိုယ္မင္းနဲ႕အတူေနရၿပီးေနာက္ၿပီး ကေလးေၾကာင့္မင္းကိုသေဘာက်တာမဟုတ္ပါဘူးကြာ၊ ကိုယ္တကယ္မင္းနဲ႕ ဒိတ္ခ်င္ခဲ့တာပါ"
(သူေျပာတာအမွန္ေတြခ်ည္းေနာ္ သတိမထားမိတာပဲရွိမယ္ တစ္စုံတစ္ေယာက္ကိုခ်စ္ရင္ အေၾကာင္းျပခ်က္တစ္စုံတစ္ရာေတာ့ရွိတာပဲ )
စုက်စ္ယန္မ်က္လုံးမ်ားကေအာက္ကိုငုံ႕က်သြားၿပီး သူ၏မ်က္ခြံမ်ားႏွင့္မ်က္ေတာင္မ်ားကစင္းက်ေနကာ သူစိတ္ဆိုးေနလား ေပ်ာ္ေနလားဆိုတာကို ဘယ္သူကမွ မခန့္မွန္းနိုင္ေခ်။
လင္က်န္းရီကသူ႕လက္ကိုဆန့္ထုတ္ကာ စုက်စ္ယန္၏ေမးကိုဖ်စ္ညွစ္လိုက္ၿပီး သူ႕ကိုေမာ့ၾကည့္ေစလိုက္သည္။
"က်စ္ယန္ ကိုယ့္ကိုၾကည့္၊ ကိုယ္သာမင္းကိုျမင္ျမင္ခ်င္းခ်စ္ခဲ့မိပါတယ္လို႔ေျပာရင္ မင္းစိတ္သက္သာရာရမွာလား၊ ဟင့္အင္း မင္းကိုယ့္ကို ထပ္ၿပီးမယုံေတာ့တာမ်ိဳးပဲျဖစ္သြားမွာ၊ ကိုယ္ကလမင္းကိုယ့္အေပၚအယုံအၾကည္မဲ့တာမ်ိဳး မျဖစ္ေစခ်င္ဘူး၊ ဒါေၾကာင့္ ကိုယ္မင္းကိုမညာဘဲအမွန္အတိုင္းေျပာတာ"
"အမွန္ေတာ့ မင္းသာဂ႐ုတစိုက္ေတြးရင္၊ အဲဒီေန႕ မင္းကားမေတာ္တဆျဖစ္တဲ့ေန႕က ကိုယ္မင္းနဲ႕ဒိတ္ခ်င္တယ္လို႔ေဆး႐ုံမွာေျပာခဲ့တယ္ေလ၊ အဲ့အခ်ိန္ကမင္းကိုယ္ဝန္မလြယ္ထားရေသးဘူး၊ ၿပီးေတာ့ မင္းတကယ္ကိုယ္ဝန္လြယ္နိုင္တယ္ဆိုတာလည္း ကိုယ္မသိေသးဘူး၊ ဒီေလာက္ဆို ကိုယ္အျပစ္ကင္းတာ သက္ေသျပနိုင္ၿပီလား"
စုက်စ္ယန္က လင္က်န္းရီ၏ တည္ၿငိမ္ေအးခ်မ္းၿပီး နက္ရွိုင္းသည့္မ်က္လုံးမ်ားထဲသို႔ ၾကည့္ေနခဲ့သည္။သူ႕ရဲ႕ဝိေရာဓိျဖစ္ေနတဲ့အသြင္အျပင္က ပုံရိပ္ထင္ေနခဲ့တာလား။ အမွန္ေတာ့ လင္က်န္းရီက သူေက်နပ္ေအာင္လုပ္ဖို႔ အခ်က္အျပဳတ္ကိုသင္ယူခဲ့တဲ့အခ်ိန္ကတည္းက သူထိုလူသားအေကၚမွာ ယုံၾကည္ေနခဲ့ၿပီးျဖစ္သည္။
သူတို႔ရက္အနည္းခန့္အတူေနၿပီးေနာက္ပိုင္းတြင္ သူ၏အျပဳအမူမ်ားျဖင့္ သူ႕ႏွလုံးသားဆႏၵကို ထုတ္ျပခဲ့ၿပီးျဖစ္သည္။
ယခုမူ သူ႕ႏွလုံးထဲမွအဖုအထစ္ေလးသည္လည္း ေျပေပ်ာက္သြားခဲ့ၿပီျဖစ္သည္။ထိုအရာကို ဆက္ၿပီးဆုပ္ကိုင္ထားလွ်င္ သူတို႔ႏွစ္ေယာက္လုံး ပင္ပန္းရေပလိမ့္မည္။အစကသူေတြးခဲ့သလိုပင္ သူတို႔အေနျဖင့္တစ္ဖက္လူကို အခြင့္အေရးေပးခဲ့ၿပီးမွေတာ့ အတူရွိေနဖို႔ႀကိဳးစားသင့္သည္ပင္။
ေလာကဘဝႀကီးမွာ မင္းလက္ကိုတစ္သက္လုံးဆုပ္ကိုင္ၿပီး ဘယ္ေတာ့မွခြဲမသြားဘူးဆိုတဲ့လူကို ရွာေတြ႕ဖို႔တာ မျဖစ္နိုင္ေပ။
မင္းအေဝးကိုထြက္ေျပးၿပီး ေရွ႕ဆက္တိုးဖို႔ျငင္းလိုက္တာနဲ႕ အျခားတစ္ေယာက္က စိတ္ရွည္သည္းခံနိုင္ရင္ေတာင္ သူကတကယ့္အျဖစ္မွန္ဘဝမွာ လႊမ္းမိုးခံေနရလိမ့္မယ္။အဆုံးမွာေတာ့ သူကလွည့္ထြက္သြားၿပီး မင္းကိုခ်န္ထားခဲ့မွာပဲ၊ ဟုတ္တယ္မလား။
စုက်စ္ယန္၏မ်က္လုံးေလးေတြ ေျပက်သြားတာကိုၾကည့္ၿပီး လင္က်န္းရီမွာထိန္းမရေအာင္ ေပ်ာ္ေနခဲ့သည္။သူကေနာက္ထပ္အေျဖတစ္ခုကို ေစာင့္မေနေတာ့ေခ်။သူ႕လက္ေတြကို စုက်စ္ယန္ကိုယ္ေလး၏တစ္ဖက္တစ္ခ်က္တြင္ ထားလိုက္ၿပီး ေပ်ာ္႐ႊင္မႈအျပည့္ျဖင့္ ႏူးညံ့ျငင္သာစြာ ယုယုယယနမ္းရွိုက္ခဲ့သည္။
အခ်ိန္တစ္ခုၾကာၿပီးေနာ္ မျပတ္မသားညည္းၫူသံေလးတစ္ခုကို စုက်စ္ယန္ၾကားလိုက္ရသည္။
"က်စ္ယန္ ဟမ္း... ကိုယ္မင္းအေပၚတကယ္အၿမဲေကာင္းေပးမွာပါ... ကိုယ့္ကိုယုံပါကြာ..."
ဒီအေျခအေနႀကီးမွာ ဘယ္လိုလုပ္ၿပီး စုက်စ္ယန္သူ႕စိတ္ကိုေလ်ာ့နိုင္မွာတဲ့လဲ ခဏေလးေနပါဦး။ သူကအနမ္းခံရၿပီး မူးေဝရႈပ္ေထြးေနခဲ့တာ။ ေနာက္ဆုံးမွာေတာ့ သူ႕ဦးေႏွာက္ေလးက အလုပ္ျပန္လုပ္လာၿပီျဖစ္ၿပီး လက္ေတြကိုဆန့္ထုတ္ကာ လင္က်န္းရီကို တြန္းထုတ္လိုက္သည္။
"အင္းပါ! ခင္မ်ား ကြၽန္ေတာ့္ကိုအခြင့္ေကာင္းယူဖို႔ပဲေတြးေနတာလား"
စုက်စ္ယန္မွာ အသက္ကိုလုရႉလိုက္ၿပီးမွ သူ႕ကိုစိုက္ၾကည့္လိုက္သည္။
"ခင္မ်ားသားကဗိုက္ဆာေနၿပီ ေစ်းသြားဝယ္ၿပီးခ်က္ေတာ့"
လင္က်န္းရီက ထလိုက္ၿပီး စုက်စ္ယန္၏ဝမ္းဗိုက္ေလးနားကို အသာအယာတိုးကပ္သြားလိုက္သည္။သူကသူ၏အနာဂတ္သားေလးရွိရာေနရာကို အဝတ္ေတြေပၚက ဖိကပ္ကာနမ္းလိုက္ၿပီး
"သားေရ အခုဒယ္ဒယ္ကခ်က္ျပဳတ္ဖို႔သြားေတာ့မယ္ေနာ္၊ ဒီေတာ့ မင္းပါပါးဗိုက္ထဲမွာ လိမ္လိမ္မာမာေလးေနခဲ့၊ မင္းျပႆနာဝွာရဲရင္ မင္းထြက္လာတာနဲ႕ ဒယ္ဒီကမင္းတင္ပါးေလးကိုရိုက္ပစ္မွာ"
"ခင္မ်ားၿပီးၿပီလား"
စုက်စ္ယန္ကႏႈတ္ခမ္းကိုစူလိုက္သည္၊ သို႔ေသာ္ သူ႕ႏႈတ္ခမ္းေတြမွာ ၿပဳံးရိပ္တို႔စြန္းထင္းေနဆဲပင္။သူက ဗိုက္ကေလးကိုတယုတယပြတ္သတ္ရင္း စိတ္ဝင္စားစြာျဖင့္
"ခင္မ်ားက သားေလးဆိုတာဘယ္လိုသိတာလဲ၊ အဲဒါက သမီးေလးလည္းျဖစ္နိုင္တာပဲကို"
"ကိုယ္တို႔ႏွစ္ေယာက္လုံးက XY ခရိုမိုဆုန္းစ္ေတြေလ၊ ဒီေတာ့ သားျဖစ္နိုင္တာေပါ့"
လင္က်န္းရီကယုံၾကည္မႈရွိရွိျဖင့္ သူ႕ႏႈတ္ခမ္းကိုဖြင့္ဟလိုက္ၿပီး ထပ္ေပါင္းေျပာလိုက္ေသးသည္။
"တကယ္ေတာ့ သားျဖစ္ျဖစ္ သမီးျဖစ္ျဖစ္ ကိုယ္ႀကိဳက္ၿပီးသားပါ၊ ဘာလို႔ဆို ကိုယ္အႀကိဳက္ဆုံးက ကေလးရဲ႕မာမားေလ"
"ခင္မ်ားပဲသူ႕အေမ! ကေလးက ကြၽန္ေတာ့္ကိုဒယ္ဒီလို႔ေခၚမွာ"
စုက်စ္ယန္က သူ႕စကားကိုျပင္ေပးသည္။
"အင္းပါ အင္းပါ ဟုတ္ပါၿပီ၊ မင္းကိုပါးလို႔ေခၚ ၊ ကိုယ့္ကိုဒယ္ဒီလို႔ေခၚ၊ အားလုံးမင္းအလိုက်ပါပဲ"
လင္က်န္းရီက အလ်င္အျမန္ပင္ေထာက္ခံလိုက္သည္။
"သြားခ်က္ေတာ့" စုက်စ္ယန္ကတိုက္တြန္းခဲ့သည္။
"အမိန့္အတိုင္းပါပဲ သခင္မခင္မ်ာ"
လင္က်န္းရီကေနာက္ဆုံးေတာ့ ကုတင္ေဘးကိုေ႐ႊ႕လိုက္သည္။ သူကုတင္ေအာက္ကိုေရာက္သည္ႏွင့္ စုက်စ္ယန္ကို ရယ္စရာေကာင္းသည့္ အေလးျပဳပုံကိုလုပ္ျပခဲ့သည္။သူကေလွ်ာက္သြားရင္း ျပန္လွည့္မၾကည့္ဘဲ မေနနိုင္ခဲ့ေခ်။သူ႕မ်က္ႏွာက ေပ်ာ္႐ႊင္မႈ၏အၿပဳံးတို႔ျဖင့္ ျပည့္ႏွက္ေနၿပီး ရိုးသားစြာျဖင့္ေျပာခဲ့သည္။
"က်စ္ယန္၊ ကိုယ္အရမ္းေပ်ာ္တယ္၊ ေနာက္ဆုံးေတာ့ မင္းကိုယ့္ကို လက္ခံလိုက္ၿပီ"
Translated by chu chu (Team Camomile)
အိုင့္ကိုလြမ္းေနၾကရဲ႕လား UwU