ငါမင်းကိုတာဝန်မယူစေချင်ဘူး//I...

By delulu___

499K 80.3K 2.6K

Full credit to original creator ᴡᴇʙɴᴏᴠᴇʟ (ᴄɴ) ᴀᴜᴛʜᴏʀ - 北棠墨(ʙᴇɪ ᴛᴀɴɢ ᴍᴏ) ᴇɴɢ ɴᴀᴍᴇ-ɪ ᴅᴏɴ'ᴛ ᴡᴀɴᴛ ʏᴏᴜ ᴛᴏ ʙᴇ ... More

Chapter-1 I'm Pregnant
Chapter-2 Let go!,I'll bring you for a check up
Chapter-3 I'll pee on your hand
Chapter-4 Massive Hemorrhage
⚠Chapter-5 Rebirth!I'm Pregnant.Are U gonna be responsible?
Chapter-6 A coward that sneaked away
Chapter-7 The coward is worried
Chapter-8 The so-called extreme joy begets sorrow
Chapter-9 Date? Date Your Sister Ah!
Chapter-10 Let's make a bet!
Chapter - 11 You haven't blackmailed any one, have you?
Chapter - 12 It doesn't metter, you can hide from me, can't I chase you?
Chapter - 13 Entanglement
Chapter - 14 Rent the house? That's a good idea!
Chapter 15: The handsome new tenant
ဟယ္​လို!
Chapter 16: Welcome to the house!
Chapter-17 : Persuading you to abort the child!
Chapter-18 : Shotgun marriage? part 1
Chapter-18 : Shotgun marriage? part 2
Chapter-19 Could he be pregnant?
Chapter 20: A freak combination of circumstances!!
Chapter 21: Abhorrent little thing! Just you wait! 1
Chapter 21: Abhorrent little thing! Just you wait! 2
Chapter 21: Abhorrent little thing! Just you wait! 2(Lay Pyay Yhine)
Chapter 22: Overbearing exposed, I am the child's father!
Chapter 23: The child is really not yours
Chapter 24: Laozi don't want you to be responsible!
Chapter 25: I don't want to die...
Chapter 26: Who's eating your vinegar?
Chapter 27: Lying down and still got shot!
Chapter 28: Blame, I hate you!
Chapter 29: I'm not dead?! The child is still here?!
Chapter 30: Attempted abduction
Chapter 31: Vinegar flavor flying all over the sky, flying all over the sky
Chapter 32: Divergence, to return to your house or my home
Chapter 33: Is this inviting a wolf to my house?
Chapter 34: Big Grey Wolf Ling's 'conspiracy'
Chapter 35: It's you who make trouble!
Chapter 36: Secretly cheating
Chapter 36: Secretly cheating(Yaw Ywet Kway)
Chapter 37: Fetal Movement
Chapter 38: Second Bedroom
Chapter 39: Can't him be stubborn! Can? Can?
Chapter 40: Nervous, I cut my hand
Chapter 41: Have you really decided to be responsible?
Chapter 42: This is a reward for you
Chapter 43: Do you want me to abort the baby?
Chapter 44: The relationship between men and men...
Chapter 45: Almost exposed
Chapter 46: Express delivery
Chapter 47: The Coexistence Model of These Happy Little Two
Chapter 48: To the point of taking a cold bath
Chapter 49: Get out! Lao Zi wants to do Big Business!
Chapter 50: The Hungry Wolf's Expression
Chapter 51: Bastard, get your hands off!
Chapter 52: Dizziness, sore throat, runny nose...
Chapter 53: The future daughter-in-law is pregnant?!
Chapter 54: A smile, no matter how hard and tired, is worth it!
Chapter 55: Mothers are honored by their sons? A knot in the bottom of the heart
Chapter 56: Video conferencing, why do you have a crib?
Chapter 57: Wife's orders must be absolutely obeyed!
Chapter 58: He can finally take his wife home!
Chapter 59: Those doted ones are all fearless
Chapter 61: Expressing sincerity, finally had gotten relief!
Chapter 62: Little Ancestor falls in love with the bathtub!
Chapter 63: Twins! Some are happy, some are worried.
Chapter 64: Alas, didn't get to see the future daughter-in-law!
Chapter-65: The future parents-in-law make their way to the door!
Chapter 66: Determined not to open the door!
Announcement!
Chapter 67: 100% pure goodness wife!
🚨Chapter 68: Discussing to meet the parents-in-law!🚨
Chapter 69: Sweet Progressive Time
Chapter 70: Son, Father and Mother support you!
Chapter-71
Chapter 72: A nervous historical meeting
Chapter 73: Brain short circuited, directly called them as Dad and Mom
Chapter 74: Aiyo, my little ancestor! Why are you crying?
Chapter 75: To penetrate into a bull's horn1, an unexpected cold war with him!
Chapter 76: Mutually finding someone to complain to
Chapter 77: Children are becoming more and more arrogant nowadays
Chapter 78: What is your intention?
Chapter 79: Still remembers that year...
Chapter 80: If elder brother can't give you happiness, then I will give you!
Chapter 81: Someone has been protecting you somewhere you don't know
Chapter 82: Victory is perseverance!
Chapter 83: Rejected confession-I don't like men.
Chapter 84: That call of "Husband" is so pleasing
Chapter 85: Beg wife to give me an assurance pill1! Ling Zhanyi had a beautiful
Chapter 86 Happy Husband and Husband buy the rings!
Chapter 87: A pregnant man's mind is hard to guess
Chapter 88 Unknown number, the matters of eating vinegar
Chapter 89: Friends are used to relieve boredom
Chapter 90: Intersected network...
Chapter 91: That woman is a scourge after all.
Chapter 92: Come back drunk
Chapter 93: Wife... Help me get rid of the fire
Chapter 94: Shoot! Sudden Stomach Pain!
Chapter 95: Endure, it won't hurt after a while
Chapter 96: En, he is going into labor.
Chapter 97: It's really painful to give birth
announce

Chapter 60: Bastard Ling's house is too luxurious!

3.4K 631 43
By delulu___

Edit- Full ver ပါနော် ခြူးထပ်ထည့်ပြီးပါပြီ (Full ver ပါေနာ္ ျခဴးထပ္ထည့္ၿပီးပါၿပီ)

Unicode

အခန်း ၆၀- လင်မျိုးရိုးလူဆိုးကောင်ရဲ့အိမ်ကအရမ်းပြည့်စုံတာပဲ

________________________________

တကယ်တော့ အဆာပြေမုန့်ထုတ်အကြီးကြီးနှင့် နို့တွေကို လင်ကျန်းရီကမိုးရွာတဲ့နေ့တွေအတွက်ရည်စူးပြီးဝယ်ယူကာ နောက်ခုံမှာထားထားတာဖြစ်သည်။သူကသေချာပေါက် စုကျစ်ယန်အတွက်ဟုရည်ရွယ်ခဲ့တာဖြစ်သည့်တိုင် ထိုအကောင်ပေါက်လေးက အကြောက်အလန့်ကင်းလွန်းနေတာပဲမဟုတ်လား။သူကသူ့ကိုပင် ရန်စနေသေး၏။

"ကိုယ်မှားပါတယ်သခင်မရယ် မင်းကိုယ့်ကိုသောက်စရာတစ်ခုခုများ ပေးနိုင်မလား"

လင်ကျန်းရီက သုန်မှုန်နေသည့်မျက်နှာပေးဖြင့် ခွင့်လွှတ်ရန်တောင်းခံနေ၏။

"မပေးနိုင်ပါဘူး ခင်များအိမ်ရောက်မှသောက်လို့ရတယ် ဒါတွေအကုန် ကျွန်တော့်ဟာချည်းပဲ !"

စုကျစ်ယန်က နှလုံးသားမဲ့ပစ်လိုက်ဖို့ ဆုံးဖြတ်ထားပြီးဖြစ်သည်။

လင်ကျန်းရီတစ်ယောက် ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်သည်။ကောင်းပြီလေ၊ သူတို့အိမ်ရောက်ပြီးမှသောက်လည်းဖြစ်တာပဲ။ဘာပဲဖြစ်ဖြစ် အဝေးကြီးမှမဟုတ်တာ။

လင်ကျန်းရီက စုကျစ်ယန်ကိုထပ်ပြီး ဟနောက်မနေတော့ချေ။ သူက ကားမောင်းနေတဲ့အပေါ်မှာသာအာရုံစိုက်လိုက်ပြီး လမ်းကျယ်ကြီးဆီကို တဖြည်းဖြည်းကွေ့လိုက်သည်။

ထိုလမ်းပေါ်မှာ အတော်ကြာအောင်မောင်းပြီးနောက် သူ့ပုခုံးကရုတ်တရက်ခပ်ဖွဖွအပုတ်ခံလိုက်ရသည်။လင်ကျန်းရီက သူ့မျက်လုံးတွေကိုပင့်မလိုက်ပြီး နောက်ကြည့်မှန်ကတစ်ဆင့်ကြည့်လိုက်သည်။စုကျစ်ယန်က နို့ဘူးပိုက်ကိုဆွဲဆန့်လိုက်ပြီး ရေထည့်ထားသည့်သတ္ထုရေဘူးထဲကိုထည့်လိုက်သည်။သူကဘာမှမပြောပေ၊ သူက*ဒါကခင်များကိုပေးတာ*ဟူသော အမူအယာဖြင့် ခေါင်းကိုအသာစောင်းလိုက်၏။

လင်ကျန်းရီ၏ မျက်ခုံးများမှာ ကွေးညွတ်သွားပြီး တောက်ပစွာပြုံးလိုက်သည်။သူကခေါင်းကိုဘေးဘက်ကိုလှည့်ပြီးနောက် ပိုက်ကိုနှုတ်ခမ်းနှစ်လွှာကြားငုံလိုက်ကာ ရေကိုပါးစပ်အပြည့်နှစ်ခါတောင် စုပ်ယူပစ်လိုက်သည်။သူ့ရဲ့ကိုယ်တစ်ခုလုံးက ခုံပေါ်မှာပဲရှိနေဆဲဖြစ်ပြီး သူ့အကြည့်တွေကလည်း လမ်းရှေ့ကိုသာ အာရုံစိုက်ထားဆဲဖြစ်သည်။

ပါးစပ်အပြည့်ရေကိုနှစ်ခါကိုမြိုချပြီးနောက် လင်ကျန်းရီ၏မျက်လုံးတစ်စုံက ကျေနပ်စွာဖြင့်ကျဥ်းမြောင်းသွားသည်။ဘာလို့များ ဒီတစ်ခါရေအရသာက သူသောက်ဖူးသမျှရေတွေအားလုံးထက်ပိုချိုတယ်လို့ ခံစားနေရပါလိမ့်။

ဆယ့်ငါးမိနစ်ခန့်မောင်းပြီးနောက် ကားကဗီလာတွေရှိနေတဲ့ခရိုင်တစ်ခုကိုရောက်သွားပြီး ရိုးရှင်းပြီးနေချင်စဖွယ်ဗီလာတစ်လုံးရှေ့၌ ရပ်သွားသည်။

စုကျစ်ယန်က ဘေးပတ်ဝန်းကျင် တမ်းတသလိုကြည့်လိုက်ကာ လှောင်ပြောင်ရန်ပင်မေ့နေခဲ့ပြီး ပြောလိုက်သည်။

"ဘယ်လိုတောင်ကြောက်စရာကောင်းတဲ့ လူချမ်းသာတွေလဲ"

လင်ကျန်းရီက ကားမှန်ကိုချလိုက်ပြီး သူ့အိတ်ကပ်ထဲကသော့ကိုယူကာ ဗီလာရဲ့ဂိတ်တံခါးတွင်ဖိလိုက်သည်။မြည်သံတစ်ခုထွက်လာပြီးနောက် ဂိတ်တံခါးပွင့်သွားကာ လင်ကျန်းရီကအရှိန်တင်ပြီး ကားကိုအထဲကိုမောင်းသွားလိုက်သည်။

ကားအထဲကိုရောက်သွားပြီးနောက် ဂိတ်ကလည်းအလိုအလျောက်ပိတ်သွားသည်။

အိမ်ဝင်းကအလွန်ကြီးမားကျယ်ဝန်းကြီး ဘေးတစ်ဖက်မှာ ဥယျာဥ်အသေးလေးတစ်ခုလည်းရှိ၏။လှပသည့်ခရမ်းရောင်၊ တောက်ပသည့်အနီရောင်ပန်းတို့က ထိုအချိန်မှာ ပွင့်လန်းနေကြသည်။အပြင်ဘက်၌ ရေကူးကန်တစ်ခုရှိပြီး ကြည်လင်နေသည့်ရေတို့က ရေကူးကန်ထဲ၌ရှိနေပြီး အလွန်သန့်ရှင်းပုံပေါ်သည်။ စုကျစ်ယန်က ရေကူးကန်ကို တဖျတ်ဖျတ်လက်နေသည့်မျက်လုံးများဖြင့် ရွှန်းရွှန်းဝေအောင်ကြည့်နေသည်။
ဟမ့်... အဲဒါကကောင်းလိုက်တာနော်...။နွေရာသီမှာ သူရေကူးလို့ရပြီ။

သို့ပေမယ့် သူအခုကိုယ်ဝန်ဆောင်နေရတယ်ဆိုတာကို တွေးမိပြီးသည့်နောက်တွင် သူ့မျက်လုံးတွေကချက်ချင်းပင် မှုန်မှိုင်းသွားသည်။ကြည့်ရတာ ဒီလာမယ့်နွေရာသီမှာတော့ သူ့အနေဖြင့် ရေကူးကန်ကိုသုံးမရနိုင်လောက်ဘူးထင်သည်။

ကားကရှေ့ကိုဆက်သွား၏။ကွန်ကရစ်အခင်းပေါ်၌ ဘတ်စကတ်ဘောကွင်းအသေးစားလေးတစ်ခုရှိနေပြီး ရိုးရှင်းသည့် fitnessပစ္စည်းများလည်းရှိနေသည်။ ပတ်ဝန်းကျင်မှာ ကြီးမားပြီးစိမ်းစိုနေသည့် သစ်ပင်များစွာရှိပြီး သူတို့၏ကျယ်ပြန့်သည့်အရိပ်များက နေရာတစ်ခုလုံးကိုလွှမ်းခြုံထားကာ ရိုမန့်တစ်ဆန်သည့်ပုံပေါ်အောင် ပြုလုပ်ထားသည်။

အဲ့ခွေးကောင်လင်က တကယ်ကိုဘယ်လိုပျော်ရမလဲသိနေတာပဲ...

နောက်ဆုံးတော့ ကားက လှေကားထစ်တွေရှေ့၌ရပ်တန့်သွားပြီး အထဲမှာတော့ ဗီလာ၏အဓိကဝင်ပေါက်ခန်းမရှိလေသည်။

လင်ကျန်းရီက ကားထဲမှထွက်လိုက်ပြီး ကားနောက်ကိုပတ်သွားလိုက်ကာ စုကျစ်ယန်အတွက်တံခါးကို ဖွင့်ပေးခဲ့သည်။သူက အောက်ကိုငုံ့လိုက်ကာ လက်ကိုဆန့်တန်းပြီး ရိုသေမှုအပြည့်ဖြင့်ပြောလိုက်သည်။

"သခင်မ ကျေးဇူးပြုပြီးကားထဲကထွက်ပါခင်မျ一"

စုကျစ်ယန်က သူ၏(လင်ကျန်းရီကို)မနာလိုသောအကြည့်တို့ကို ရုတ်သိမ်းလိုက်ပြီး လေးနက်သည့်ပုံစံဖြင့် လင်ကျန်းရီလက်ကိုဆုပ်ကိုင်ကာ ကားပေါ်မှဆင်းလိုက်သည်။သို့ပေမယ့် သူ၏တောက်ပလင်းလက်နေသည့်မျက်လုံးများက သူ့ကိုသိသာစွာပင်သစ္စာဖောက်နေကြသည်။ အမှန်တော့ သူတကယ်ပင် ဒီနေရာကို အရမ်း သဘောကျ၏။
Su Ziyang သည်သူ၏မနာလိုသောအကြည့်ကိုပြန်ယူလိုက်ပြီးကားပေါ်မှဆင်းရန် Ling Zhanyi ၏လက်ကိုဆုပ်ကိုင်ကာလေးနက်ဟန်ဆောင်လိုက်သည်။ သို့သော်သူ၏တောက်ပသောမျက်လုံးများကသူ့ကိုသစ္စာဖောက်ခဲ့သည်မှာသိသာထင်ရှားသည် - အမှန်တော့သူကဒီနေရာကိုအရမ်းသဘောကျသည်။

ဓာတ်ပုံပညာရှင်တစ်ဦးအနေဖြင့် လှပသည့်အရာများနှင့် ကြည့်ကောင်းသည့်မြင်ကွင်းများကိုသဘောကျသူဖြစ်ရကား ဒီနေရာသည်လည်း စုကျစ်ယန်အတွက်ချွင်းချက်မရှိချေ။

မည်သို့ဆိုစေ သူအများကြီးချစ်မြတ်နိုး(အဲ့နေရာကိုကြိုက်)တာကိုတော့ ထုတ်မပြခဲ့ပါချေ။မဟုတ်လျှင် ခွေးကောင်လင်က ဒီအခွင့်အရေးကိုအသုံးချပြီး သူ့ကိုကျီစယ်ပေလိမ့်မည်။
(လင်ကျန်းရီကို ခွေးဖေဖေကြီးလို့ခေါ်ရတဲ့အကြောင်းအရင်းက ဒါပါပဲ ပြီးတဲ့အထိ ခွေးကောင်ဆိုတဲ့အသုံးကပြီးပါ့မလားမသိ😂)

သူထိန်းထားရမယ် ထိန်းထားစမ်းပါ အား စုကျစ်ယန်ရေ!

စုကျစ်ယန်သူ့ကိုယ်သူသတိပေးရင်း လင်ကျန်းရီနောက်က လိုက်သွားခဲ့သည်။လင်ကျန်းရီက တံခါးအပြင်ဘက်ရှိ ခလုပ်များစွာကိုနှိပ်နေ၏။တစ်ချိန်တည်းမှာပင် သူကစုကျစ်ယန်ကို ပြောပြဖို့လည်းမမေ့ပါချေ။

"လျှို့ဝှက်ကုတ်က 965813နော် အမ်း မေ့လိုက်ပါတော့ မင်းမမှတ်မိမှာစိုးတယ် ကိုယ်မင်းမွေးနေ့နဲ့ပြောင်းလိုက်မယ် မင်းမွေ့နေကဘယ်နေ့လဲ"

စုကျစ်ယန် နှုတ်ခမ်းကိုစူလိုက်သည်။

"ကျွန်တော်က အဲလောက်အထိလည်း အမေ့အလျော့မထူပါဘူးနော် ပြောင်းစရာမလိုဘူး..."

"မင်းမပြောလည်း မင်းမွေးနေ့ကိုကိုယ်သိပြီးသားပဲ ဇန်နဝါရီလ ၂၁ရက်နေ့ မှန်တယ်မလား အဲဒါကို *121121*လို့ပြောင်းရအောင်..."

လင်ကျန်းရီက ချက်ချင်းပင်လျှိုဝှက်နံပါတ်ကိုပြောင်းလိုက်ပြီး စုကျစ်ယန်၏မျက်နှာပေါ်တွင် အနက်ရောင်မျဥ်းများပေါ်လာ၏။

"ဒီpasswardက ဖော်ထုတ်ဖို့တအားလွယ်လွန်းတယ် ခင်များအရူးလား!!"

စုကျစ်ယန်၏စကားကိုကြားပြီးနောက် လင်ကျန်းရီက တတိယမြောက်နံပါတ်တွေကိုပြောင်းလိုက်သည်။. သူကပါးနပ်စွာပင် ပြုံးလိုက်ပြီးနောက် နောက်ဆုံးသုံးလုံးကို *521*ဖြင့် အစားထိုးလိုက်သည်။

"121521 အခုပိုကောင်းသွားပြီမလား နောက်ဆုံးသုံးလုံးက ကိုယ့်မွေးနေ့လေ မှတ်မိဖို့မလွယ်ဘူးမလား "

"..."

စုကျစ်ယန်မှာ သူ့ကိုဆူဖို့ပင် အားမရှိတော့ချေ။

"အဲဒါကလည်း ခန့်မှန်းဖို့လွယ်တုန်းပဲ..."

"ရပါတယ်ကွာ ဒီမှာလုံခြုံရေးတွေလည်းရှိတယ် နေ့တိုင်း၂၄နာရီလုံး ကင်းလှည့်နေကြတာ ဂိတ်ကိုလည်းlockချထားသေးတယ် ဘယ်သူမှဒီထဲဝင်ပြီး passwardကို မဖော်ရဲပါဘူး စိတ်မပူနဲ့ ဟုတ်ပြီလား လာပါ အထဲဝင်ရအောင် ..."

လင်ကျန်းရီက တံခါးကိုဖွင့်ပြီး စုကျစ်ယန်ကို ကြိုဆိုလိုက်သည်။

ဧည့်ခန်းသည်အလွန်ကျယ်ဝန်းပြီး ပရိဘောဂများသည်ဇိမ်ခံပစ္စည်းများဖြင့် ဖြည့်ထားပြီး ပို၍ပင်သဘောကျစရာကောင်းခဲ့သည်။စုကျစ်ယန်မှာ တကယ်တော့ အကောင်းကြိုက်သူဖြစ်၏။သို့ပေမယ့် သူ့အခြေအနေက သူ့ကိုအရသာပင်မြည်းစမ်းခွင့်မပေးခဲ့ပါချေ။(ဇိမ်ခံတာဘာညာ)
ထိုသို့မဟုတ်ပါက သူ့အိမ်၏ နိမ့်ကျတဲ့အသွင်အပြင်ကို ဇိမ်ခံပစ္စည်းများဖြင့်ဖြည့်ကာ လုံးဝပြောင်းလဲပစ်ပေမည်။

ဓာတ်ပုံဆရာအဖြစ်လုပ်ခဲ့သည့် ၂နှစ်အတွင်း သူနေရာတွေအများကြီးကို ခရီးထွက်ခဲ့ပြီး အလွန်နာမည်ကြီးသည့်နာမည်ကျော်များ၊ လူချမ်းသာများဖြင့်ပင် တွေ့ကြုံခဲ့ရသည်။သူက ရှေးဟောင်းပစ္စည်းများနှင့် ပန်းချီများအကြောင်းကို အနည်းငယ်သိခဲ့ရပြီး လင်ကျန်းရီ၏ ဧည့်ခန်းထဲရှိ ပစ္စည်းများ၏တန်ဖိုးကိုလည်း ရှင်းရှင်းလင်းလင်း နားလည်ပါသည်။

လင်ကျန်းရီကအနည်းငယ်ရွဲ့စောင်းနေသည့်ဆိုဖာကို သပ်ရပ်အောင်လုပ်ပြီး စုကျစ်ယန်ထိုင်ဖို့ကူညီလိုက်သည်။

"ခဏထိုင်ပြီးနားလိုက် ကိုယ်ခရီးဆောင်အိတ်တွေ သယ်လိုက်ဦးမယ်"

"အင်း.."

စုကျစ်ယန်ကခေါင်းညိမ့်ပြပြီးထိုင်လိုက်သည်။မျက်နှာချင်းဆိုင်မှ အလွန်တရာကြီးမားလှသည့်TVကိုကြည့်ပြီး သက်ပြင်းချလိုက်သည်။

လင်ကျန်းရီကအနားယူဖို့ကို လုံးဝစိတ်မဝင်စားပါချေ။သူကအထုတ်အပိုးများ၊ စုကျစ်ယန်၏ဓာတ်ပုံပစ္စည်းများနှင့် ကွန်ပျူတာအစိတ်အပိုင်းများကို ပထမအထပ်ရှိအခန်းတစ်ခုအတွင်းသို့ ပြောင်းရွှေ့နေခဲ့သည်။
ပြီးနောက် သူသည့ desktopကို ပြန်လည်တပ်ဆင်ကာ ဗီရိုထဲအဝတ်တွေပြန်မထည့်မှီ လက်ဆေးရန်အတွက် ရေချိုးခန်းကိုတိုက်ရိုက်သွားခဲ့သည်။နောက်ဆုံးတော့ သူသက်သာရာရသွားပြီး သက်ပြင်းရှိုက်လိုက်သည်။အဝတ်အစားတွေက အဝတ်ဗီရိုထဲရောက်သွားပြီ။

လင်ကျန်းရီထွက်လာသည့်အချိန်တွင် စုကျစ်ယန်က အခန်းတံခါးဝကိုရောက်လာ၏။သူ(လင်ကျန်းရီ)က ကူညီပေးဖို့ရှေ့ကိုအမြန်ပြေးသွားလိုက်သည်။

"ဘာလို့ထိုင်မနေတာလဲကွာ"

"ကျွန်တော်အခန်းကြည့်ချင်လို့"

စုကျစ်ကသူ၏master bedroomထက်ပင် အများကြီးပိုကြီးသည့်အိပ်ခန်းကျယ်ကြီးကို လှည့်ပတ်ကြည့်နေပြီး အံ့သြတကြီးမေးလာသည်။

"ဒါက ကျွန်တော့်အခန်းလား"

လင်ကျန်းရီက ခဏမျှတုန့်ဆိုင်းသွားပြီးမှ ခေါင်းညိမ့်ကာ

"အင်း ဟုတ်တယ်"

—— တကယ်တော့ သူပြောချင်နေတာက ဒါကကိုယ်တို့အခန်းဆိုပြီးတော့ပေါ့ ဟုတ်ပြီလား!

သို့ပေမယ့် စုကျစ်ယန်စိတ်ဆိုးမှာကိုကြောက်နေရသည်ဖြစ်ရကား ဒီမေးခွန်းကို အခုလိုဖြေလိုက်တာကသာ ပိုလုံခြုံပေလိမ့်မည်။ အလွန်ဆုံးရှိလှ ညရောက်မှ တိတ်တိတ်လေးကုတင်ပေါ် တက်နေလိုက်နေရုံပင်။

"ခင်များအိမ်ကအခန်းကအကျယ်ကြီးပဲ၊ ခင်များတစ်ယောက်တည်းအိပ်ရတာ အလဟာသဖြစ်တယ်"

စုကျစ်ယန်ကရေရွတ်ပြီး သူ့အိမ်ကကုတင်ထက် နှစ်ဆနီးပါးကြီးသည့် ကုတင်ကြီးထံဦးတည်လိုက်သည်။

"ဒါကဖြုန်းတီးတာမဟုတ်ပါဘူး၊ ကိုမင်းနဲ့အတူအိပ်လို့မရဘူးလားဟင်"

လင်ကျန်းရီလည်း ကုတင်ပေါ်တက်ပြီး စုကျစ်ယန်ကိုတစ်ချက်ခိုးကြည့်လိုက်သည်။သူ့ပုံစံကစိတ်ဆိုးနေပုံမရချေ။ထို့ကြောင့် လင်ကျန်းရီကဆက်ပြီး

"ကျစ်ယန်၊ ကိုယ်မင်းနဲ့ညကျရင်အတူအိပ်လို့ရလား"

စုကျစ်ယန်က ကုတင်ဘေးမှာထိုင်နေတာဖြစ်သည်။
သူကလှည့်ကြည့်လာပေမယ့် မေးခွန်းကိုတော့ အဖြေပြန်မပေးခဲ့ပါချေ။

လင်ကျန်းရီက ကုတင်တစ်ခုတည်းမှာအတူအိပ်ရခြင်း၏ အကျိုးကျေးဇူးများကို စပြီးစာရင်းပြုစုတော့သည်။

"မင်းသိလား၊ တကယ်လို့ မင်းညဘက်ကြီးရေဆာတာ၊ ဗိုက်ဆာတာမျိုးဖြစ်လာရင် ကိုယ့်ကိုယူခိုင်းလို့ရတယ်၊ ကိုယ်နိုးသွားမှာကိုလည်း တွေးပူပြီး စိတ်ပူစရာလည်းမလိုဘူး၊ ကိုယ့်ကိုနှိုးမရရင် တွန်းချလို့လည်းရတယ်၊ ကန်ပစ်ဦးမလား လုပ်ပစ်..ရတယ်၊ အဲ့အချိန်ဆို ကိုယ်နိုးမှာသေချာပါတယ်၊ မင်းပင်ပန်းပြီး နာကျင်နေရင်လည်း ကိုယ်မင်းကို နှိပ်ပေးဦးမှာ ကိုယ်ပြောတာကို မင်းဘယ်လိုသဘောရလဲ"

"ခင်များကို မရဘူးလို့ ကျွန်တော်မပြောပါဘူး၊ ဒါက ခင်များပိုင်တဲ့အိမ်လေ ကြိုက်တဲ့နေရာမှာအိပ်လို့ရတယ်"

စုကျစ်ယန်က လင်ကျန်းရီပြောတာတွေကို လေးနက်စွာစဥ်းစားပြီး အဲဒါတွေကတကယ်ဖြစ်လာနိုင်တဲ့အကြောင်းတွေးမိသည့်အခါ မကန့်ကွက်ဘဲ လက်ခံလိုက်သည်။

"တကယ်လား ကောင်းလိုက်တာ"

လင်ကျန်းရီက ပျော်လွန်း၍အော်ပစ်ချင်သည့်တိုင် ဗိုက်ကြီးသည်လေးဖြစ်သည့်စုကျစ်ယန်ကအနားမှာရှိနေသည့်အတွက် သူ့ခမျာ အော်ဟစ်ချင်စိတ်ကို ချုပ်ထိန်းထားရသည်။သူကစိတ်လှုပ်ရှားစွာဖြင့် လှည့်ပတ်ကြည့်လိုက်ပြီး...၊

"မင်းနေ့လည်စာဘာစားချင်လဲ၊ ကိုယ်ပစ္စည်းနည်းနည်းဝယ်မလို့၊ ကိုယ်အိမ်ကထွက်လာတာ နည်းနည်းကြာပြီဆိုတော့ ရေခဲသေတ္တာထဲမှာ ဘာမှမရှိတော့ဘူး"

အမှန်မှာ လင်ကျန်းရီအနေဖြင့် သူတစ်ယောက်တည်းစနေစဥ်ကတည်းက အိမ်မှာမစားချေ။သူက ဖောက်သည်များနှင့်အတူဖြစ်စေ၊ သူငယ်ချင်းများကိုအပြင်ခေါ်၍ဖြစ်စေ၊ မိဘအိမ်ကိုပြန်၍ဖြစ်စေ စားလေ့ရှိသည်။ထို့ကြောင့် ရေခဲသေတ္တာထဲမှာ တစ်ခုခုရှိနေလျှင်မှ ထူးဆန်းပေလိမ့်မည်။

“ ခင်များအရင်အနားလိုက်ပါဦး  တစ်မနက်ခင်းလုံးအလုပ်တွေရှုပ်နေတာလေ ပြီးတော့အဲဒါကအစောကြီးရှိသေးတယ် နေ့လည်စာအတွက်အလျင်စလိုလုပ်စရာမလိုပါဘူး ” 

စုကျစ်ယန်က အနည်းငယ်အနောက်ကိုဆုတ်လိုက်ပြီး...

“လာ ကျွန်တော်နဲ့ အတူတူလာလှဲနေလိုက်ပါဦး...”

လင်ကျန်းရီက ကျေနပ်တာထက်ပင် ပိုပြီးကျေနပ်နေသေးသည်။

“ကောင်းပြီလေ"

သူတို့အတူ ကုတင်ကြီးပေါ်တွင်ဘေးချင်းယှဉ်လျက်အိပ်ကြသည်။စုကျစ်ယန်မှာ သူ၏အအေးမိခြင်းမှမသက်သာသေးပေ။  မနေ့ကထက်အနည်းငယ်တော့ ပိုကောင်းလာသည်။  သို့ပေမယ့် အအေးမိခြင်းက ပုံမှန်အားဖြင့် တစ်ပတ်သို့မဟုတ်ထို့ထက်ပိုကြာတတ်သည်။  သူက အနားယူလိုက်သည့် ပို၍မြန်မြန်မောပန်းလာရသည်။ သူကကိုယ်ကိုလှည့်ပြီး မေးလိုက်သည်။

"ခင်များ အလှဆင်(decoration)ကုမ္မဏီကို ဆက်သွယ်ပြီးပြီလား ဘယ်အချိန်မှ ကြမ်းပြင်ကို ပြန်ပြင်ပေးမှာတဲ့လဲ"

လင်ကျန်းရီက တံတောင်ဖြင့်ထောက်ကာ မေးကိုလက်ဝါးဖြင့် ထောက်ပြီး ဘေးကိုစောင်းလိုက်သည်။ သူကစုကျစ်ယန်ကို တိတ်ဆိတ်စွာကြည့်နေရင်း မေးကိုကြားပြီးနောက် ပြန်ဖြေလိုက်သည်။

"ဟင့်အင်း ကိုယ်မဆက်သွယ်ရသေးဘူး၊ ကိုယ်အထုတ်တွေအကုန်ပြင်ပြီးတာနဲ့ ခေါ်လိုက်ပါ့မယ်၊ အဲဒါကအလျင်လိုစရာမလိုပါဘူး၊ ကုမ္ပဏီကလည်း လိုအပ်တာတွေပြင်ဆင်ဖို့လိုသေးတယ်လေ၊ သူတို့အမြန်ဆုံးအလုပ်စနိုင်ရင်တောင် အဲဒါကမနက်ဖြန်မှဖြစ်လိမ့်မယ်"

“ အိုး…”

စုကျစ်ယန်က ပြန်ဖြေလိုက်ပြီး သူ့အသက်ရှူသံကလည်း ပို၍တည်ငြိမ်လာသည်။သူကတကယ်ပင် ပင်ပန်းနေပုံရ၏။တကယ်ကိုအိပ်ချင်နေတာဖြစ်သည်။ 

လင်ကျန်းရီက သူကလက်ကို ခါးနဲ့ဝမ်းဗိုက်တစ်ဝိုက်ထံ ဆန့်ထုတ်လိုက်ပြီး ညင်သာစွာပွတ်သပ်ပေးလိုက်ရင်း အတွင်းက သန္ဓေသားလေး၏ သန်စွမ်းမှုကို ခံစားလိုက်ရသည်။သူ့သားလေးကအရမ်းမြန်မြန်ကြီးထွားလာတာကို သူလည်းမတတ်နိုင်ချေ။

စုကျစ်ယန်ကသူ့အပြုအမူကိုမကန့်ကွက်ပေမယ့် အနည်းငယ်လှုပ်ရှားလိုက်သည်။လင်ကျန်းရီက အနားကိုကပ်သွားပြီး စုကျစ်ယန်ကို သူ့လက်တွေကြားမှာ ပွေ့ဖက်ထားလိုက်သည်။သူ့မေးဖျားဖြင့် စုကျစ်ယန်၏ပုခုံးကို ပွတ်သီးပွတ်သပ်လုပ်ရင်း အသံနိမ့်နိမ့်ဖြင့်မေးလိုက်သည်။
(အဲ့Low voiceက အတွဲတွေကြားမှာဆို ချစ်ကြည်နူးပြီးကျီစယ်နေချိန် ဆွဲဆောင်တဲ့အနေနဲ့အသုံးများတယ်ရယ် readersအများစုက ဖော်အဲဗားအလုံးတွေများလားလို့ အိုင်ကစေတနာဗလပွနဲ့လာရှင်းပြတာပါ ဟဲဟဲ)

"အင်း.. ကျစ်ယန်၊ နောက်ထပ်စစ်ဆေးရမှာက ဘယ်တော့လဲ"

"အင်း.. စဥ်းစားပါရစေဦး... မကြာခင်ပေါ့.... ၈ရက်နေ့ထင်တယ်"

"၈ရက်နေ့လား အဲ့ဆိုသဘက်နေ့ခါမလား ကိုယ်မင်းနဲ့ လိုက်ပေးမယ်"

"ကောင်းပြီလေ ဒါဆို ကျွန်တော် municipal ဆေးရုံကိုမသွားဘူးနော် ဖျင်အန်းဆေးရုံကိုပဲသွားမှာ"

စုကျစ်ယန်က အလေးအနက်ပင်ဆိုလာသည်။

"အင်းပါ ဖျင်အန်းဆေးရုံကိုပဲ စစ်ဆေးဖို့သွားကြမယ်"

လင်ကျန်းရီက သဘောတူလိုက်သည်။

စုကျစ်ယန်က သူ့လက်တွေကြား ပြန်မှီလိုက်ပြီး ပိတ်ထားတဲ့သူ့မျက်လုံးတွေကလည်း အနည်းငယ်တုန်ရီနေသည်။နောက်ဆုံးမှာတော့သူအမြဲလိုလိုမေးချင်ခဲ့သော မေးခွန်းကို ထုတ်မေးလိုက်သည်။

"လင်ကျန်းရီ၊ ခင်များလေ ... ဘာလို့ ကမ္ဘာကြီးပေါ်မှာ ကျွန်တော်နဲ့အတူရှိနေချင်ရတာလဲ"

“ပထမဆုံးအနေနဲ့ အမှန်ဆို ကျွန်တော်တို့က သီးခြားနေနေရမှာလေ တစ်ယောက်ကိစ္စတစ်ယောက် ဝင်မစွက်ဖက်သင့်ဘူး ဟုတ်တယ်မလား …”

“ရိုးရိုးသားသားပဲဖြေပါ တကယ်တော့ ကလေးကြောင့် ခင်များကျွန်တော်နဲ့အတူ နေချင်တာမလား”

Translated by chu chu (Team- Camomile)

နောက်ကျသွားလို့တောင်းပန်ပါတယ်  ခြူးတို့ဘက်ကရှောင်နေရတဲ့အခြေအနေမို့ လူတွေကြားမှာ စာtypeရတာအဆင်မပြေလို့ပါ မလွတ်လပ်ဘူးရယ် ညဘက်တွေမှရသလိုtypeထားတာလေးပါ ပြီးတာနဲ့ဒီမှာပဲထပ်ဖြည့်ပေးပါမယ်
Ep-60ပြည့်တဲ့အချိန်မှာပဲ Votes 40kပြည့်သွားပါပြီအဂျစ်တို့ ကျေးဇူးပါ




Zawgyi

အခန္း ၆၀- လင္မ်ိဳးရိုးလူဆိုးေကာင္ရဲ႕အိမ္ကအရမ္းျပည့္စုံတာပဲ

________________________________

တကယ္ေတာ့ အဆာေျပမုန့္ထုတ္အႀကီးႀကီးႏွင့္ နို႔ေတြကို လင္က်န္းရီကမိုး႐ြာတဲ့ေန႕ေတြအတြက္ရည္စူးၿပီးဝယ္ယူကာ ေနာက္ခုံမွာထားထားတာျဖစ္သည္။သူကေသခ်ာေပါက္ စုက်စ္ယန္အတြက္ဟုရည္႐ြယ္ခဲ့တာျဖစ္သည့္တိုင္ ထိုအေကာင္ေပါက္ေလးက အေၾကာက္အလန့္ကင္းလြန္းေနတာပဲမဟုတ္လား။သူကသူ႕ကိုပင္ ရန္စေနေသး၏။

"ကိုယ္မွားပါတယ္သခင္မရယ္ မင္းကိုယ့္ကိုေသာက္စရာတစ္ခုခုမ်ား ေပးနိုင္မလား"

လင္က်န္းရီက သုန္မႈန္ေနသည့္မ်က္ႏွာေပးျဖင့္ ခြင့္လႊတ္ရန္ေတာင္းခံေန၏။

"မေပးနိုင္ပါဘူး ခင္မ်ားအိမ္ေရာက္မွေသာက္လို႔ရတယ္ ဒါေတြအကုန္ ကြၽန္ေတာ့္ဟာခ်ည္းပဲ !"

စုက်စ္ယန္က ႏွလုံးသားမဲ့ပစ္လိုက္ဖို႔ ဆုံးျဖတ္ထားၿပီးျဖစ္သည္။

လင္က်န္းရီတစ္ေယာက္ ကူကယ္ရာမဲ့စြာ သက္ျပင္းခ်လိဳက္သည္။ေကာင္းၿပီေလ၊ သူတို႔အိမ္ေရာက္ၿပီးမွေသာက္လည္းျဖစ္တာပဲ။ဘာပဲျဖစ္ျဖစ္ အေဝးႀကီးမွမဟုတ္တာ။

လင္က်န္းရီက စုက်စ္ယန္ကိုထပ္ၿပီး ဟေနာက္မေနေတာ့ေခ်။ သူက ကားေမာင္းေနတဲ့အေပၚမွာသာအာ႐ုံစိုက္လိုက္ၿပီး လမ္းက်ယ္ႀကီးဆီကို တျဖည္းျဖည္းေကြ႕လိုက္သည္။

ထိုလမ္းေပၚမွာ အေတာ္ၾကာေအာင္ေမာင္းၿပီးေနာက္ သူ႕ပုခုံးက႐ုတ္တရက္ခပ္ဖြဖြအပုတ္ခံလိုက္ရသည္။လင္က်န္းရီက သူ႕မ်က္လုံးေတြကိုပင့္မလိုက္ၿပီး ေနာက္ၾကည့္မွန္ကတစ္ဆင့္ၾကည့္လိုက္သည္။စုက်စ္ယန္က နို႔ဘူးပိုက္ကိုဆြဲဆန့္လိုက္ၿပီး ေရထည့္ထားသည့္သတၳဳေရဘူးထဲကိုထည့္လိုက္သည္။သူကဘာမွမေျပာေပ၊ သူက*ဒါကခင္မ်ားကိုေပးတာ*ဟူေသာ အမူအယာျဖင့္ ေခါင္းကိုအသာေစာင္းလိုက္၏။

လင္က်န္းရီ၏ မ်က္ခုံးမ်ားမွာ ေကြးၫြတ္သြားၿပီး ေတာက္ပစြာၿပဳံးလိုက္သည္။သူကေခါင္းကိုေဘးဘက္ကိုလွည့္ၿပီးေနာက္ ပိုက္ကိုႏႈတ္ခမ္းႏွစ္လႊာၾကားငုံလိုက္ကာ ေရကိုပါးစပ္အျပည့္ႏွစ္ခါေတာင္ စုပ္ယူပစ္လိုက္သည္။သူ႕ရဲ႕ကိုယ္တစ္ခုလုံးက ခုံေပၚမွာပဲရွိေနဆဲျဖစ္ၿပီး သူ႕အၾကည့္ေတြကလည္း လမ္းေရွ႕ကိုသာ အာ႐ုံစိုက္ထားဆဲျဖစ္သည္။

ပါးစပ္အျပည့္ေရကိုႏွစ္ခါကိုၿမိဳခ်ၿပီးေနာက္ လင္က်န္းရီ၏မ်က္လုံးတစ္စုံက ေက်နပ္စြာျဖင့္က်ဥ္းေျမာင္းသြားသည္။ဘာလို႔မ်ား ဒီတစ္ခါေရအရသာက သူေသာက္ဖူးသမွ်ေရေတြအားလုံးထက္ပိုခ်ိဳတယ္လို႔ ခံစားေနရပါလိမ့္။

ဆယ့္ငါးမိနစ္ခန့္ေမာင္းၿပီးေနာက္ ကားကဗီလာေတြရွိေနတဲ့ခရိုင္တစ္ခုကိုေရာက္သြားၿပီး ရိုးရွင္းၿပီးေနခ်င္စဖြယ္ဗီလာတစ္လုံးေရွ႕၌ ရပ္သြားသည္။

စုက်စ္ယန္က ေဘးပတ္ဝန္းက်င္ တမ္းတသလိုၾကည့္လိုက္ကာ ေလွာင္ေျပာင္ရန္ပင္ေမ့ေနခဲ့ၿပီး ေျပာလိုက္သည္။

"ဘယ္လိုေတာင္ေၾကာက္စရာေကာင္းတဲ့ လူခ်မ္းသာေတြလဲ"

လင္က်န္းရီက ကားမွန္ကိုခ်လိဳက္ၿပီး သူ႕အိတ္ကပ္ထဲကေသာ့ကိုယူကာ ဗီလာရဲ႕ဂိတ္တံခါးတြင္ဖိလိုက္သည္။ျမည္သံတစ္ခုထြက္လာၿပီးေနာက္ ဂိတ္တံခါးပြင့္သြားကာ လင္က်န္းရီကအရွိန္တင္ၿပီး ကားကိုအထဲကိုေမာင္းသြားလိုက္သည္။

ကားအထဲကိုေရာက္သြားၿပီးေနာက္ ဂိတ္ကလည္းအလိုအေလ်ာက္ပိတ္သြားသည္။

အိမ္ဝင္းကအလြန္ႀကီးမားက်ယ္ဝန္းႀကီး ေဘးတစ္ဖက္မွာ ဥယ်ာဥ္အေသးေလးတစ္ခုလည္းရွိ၏။လွပသည့္ခရမ္းေရာင္၊ ေတာက္ပသည့္အနီေရာင္ပန္းတို႔က ထိုအခ်ိန္မွာ ပြင့္လန္းေနၾကသည္။အျပင္ဘက္၌ ေရကူးကန္တစ္ခုရွိၿပီး ၾကည္လင္ေနသည့္ေရတို႔က ေရကူးကန္ထဲ၌ရွိေနၿပီး အလြန္သန့္ရွင္းပုံေပၚသည္။ စုက်စ္ယန္က ေရကူးကန္ကို တဖ်တ္ဖ်တ္လက္ေနသည့္မ်က္လုံးမ်ားျဖင့္ ႐ႊန္း႐ႊန္းေဝေအာင္ၾကည့္ေနသည္။
ဟမ့္... အဲဒါကေကာင္းလိုက္တာေနာ္...။ေႏြရာသီမွာ သူေရကူးလို႔ရၿပီ။

သို႔ေပမယ့္ သူအခုကိုယ္ဝန္ေဆာင္ေနရတယ္ဆိုတာကို ေတြးမိၿပီးသည့္ေနာက္တြင္ သူ႕မ်က္လုံးေတြကခ်က္ခ်င္းပင္ မႈန္မွိုင္းသြားသည္။ၾကည့္ရတာ ဒီလာမယ့္ေႏြရာသီမွာေတာ့ သူ႕အေနျဖင့္ ေရကူးကန္ကိုသုံးမရနိုင္ေလာက္ဘူးထင္သည္။

ကားကေရွ႕ကိုဆက္သြား၏။ကြန္ကရစ္အခင္းေပၚ၌ ဘတ္စကတ္ေဘာကြင္းအေသးစားေလးတစ္ခုရွိေနၿပီး ရိုးရွင္းသည့္ fitnessပစၥည္းမ်ားလည္းရွိေနသည္။ ပတ္ဝန္းက်င္မွာ ႀကီးမားၿပီးစိမ္းစိုေနသည့္ သစ္ပင္မ်ားစြာရွိၿပီး သူတို႔၏က်ယ္ျပန့္သည့္အရိပ္မ်ားက ေနရာတစ္ခုလုံးကိုလႊမ္းၿခဳံထားကာ ရိုမန့္တစ္ဆန္သည့္ပုံေပၚေအာင္ ျပဳလုပ္ထားသည္။

အဲ့ေခြးေကာင္လင္က တကယ္ကိုဘယ္လိုေပ်ာ္ရမလဲသိေနတာပဲ...

ေနာက္ဆုံးေတာ့ ကားက ေလွကားထစ္ေတြေရွ႕၌ရပ္တန့္သြားၿပီး အထဲမွာေတာ့ ဗီလာ၏အဓိကဝင္ေပါက္ခန္းမရွိေလသည္။

လင္က်န္းရီက ကားထဲမွထြက္လိုက္ၿပီး ကားေနာက္ကိုပတ္သြားလိုက္ကာ စုက်စ္ယန္အတြက္တံခါးကို ဖြင့္ေပးခဲ့သည္။သူက ေအာက္ကိုငုံ႕လိုက္ကာ လက္ကိုဆန့္တန္းၿပီး ရိုေသမႈအျပည့္ျဖင့္ေျပာလိုက္သည္။

"သခင္မ ေက်းဇူးျပဳၿပီးကားထဲကထြက္ပါခင္မ်一"

စုက်စ္ယန္က သူ၏(လင္က်န္းရီကို)မနာလိုေသာအၾကည့္တို႔ကို ႐ုတ္သိမ္းလိုက္ၿပီး ေလးနက္သည့္ပုံစံျဖင့္ လင္က်န္းရီလက္ကိုဆုပ္ကိုင္ကာ ကားေပၚမွဆင္းလိုက္သည္။သို႔ေပမယ့္ သူ၏ေတာက္ပလင္းလက္ေနသည့္မ်က္လုံးမ်ားက သူ႕ကိုသိသာစြာပင္သစၥာေဖာက္ေနၾကသည္။ အမွန္ေတာ့ သူတကယ္ပင္ ဒီေနရာကို အရမ္း သေဘာက်၏။
Su Ziyang သည္သူ၏မနာလိုေသာအၾကည့္ကိုျပန္ယူလိုက္ၿပီးကားေပၚမွဆင္းရန္ Ling Zhanyi ၏လက္ကိုဆုပ္ကိုင္ကာေလးနက္ဟန္ေဆာင္လိုက္သည္။ သို႔ေသာ္သူ၏ေတာက္ပေသာမ်က္လုံးမ်ားကသူ႕ကိုသစၥာေဖာက္ခဲ့သည္မွာသိသာထင္ရွားသည္ - အမွန္ေတာ့သူကဒီေနရာကိုအရမ္းသေဘာက်သည္။

ဓာတ္ပုံပညာရွင္တစ္ဦးအေနျဖင့္ လွပသည့္အရာမ်ားႏွင့္ ၾကည့္ေကာင္းသည့္ျမင္ကြင္းမ်ားကိုသေဘာက်သဴျဖစ္ရကား ဒီေနရာသည္လည္း စုက်စ္ယန္အတြက္ခြၽင္းခ်က္မရွိေခ်။

မည္သို႔ဆိုေစ သူအမ်ားႀကီးခ်စ္ျမတ္နိုး(အဲ့ေနရာကိုႀကိဳက္)တာကိုေတာ့ ထုတ္မျပခဲ့ပါေခ်။မဟုတ္လွ်င္ ေခြးေကာင္လင္က ဒီအခြင့္အေရးကိုအသုံးခ်ၿပီး သူ႕ကိုက်ီစယ္ေပလိမ့္မည္။
(လင္က်န္းရီကို ေခြးေဖေဖႀကီးလို႔ေခၚရတဲ့အေၾကာင္းအရင္းက ဒါပါပဲ ၿပီးတဲ့အထိ ေခြးေကာင္ဆိုတဲ့အသုံးကၿပီးပါ့မလားမသိ😂)

သူထိန္းထားရမယ္ ထိန္းထားစမ္းပါ အား စုက်စ္ယန္ေရ!

စုက်စ္ယန္သူ႕ကိုယ္သူသတိေပးရင္း လင္က်န္းရီေနာက္က လိုက္သြားခဲ့သည္။လင္က်န္းရီက တံခါးအျပင္ဘက္ရွိ ခလုပ္မ်ားစြာကိုႏွိပ္ေန၏။တစ္ခ်ိန္တည္းမွာပင္ သူကစုက်စ္ယန္ကို ေျပာျပဖို႔လည္းမေမ့ပါေခ်။

"လွ်ို႔ဝွက္ကုတ္က 965813ေနာ္ အမ္း ေမ့လိုက္ပါေတာ့ မင္းမမွတ္မိမွာစိုးတယ္ ကိုယ္မင္းေမြးေန႕နဲ႕ေျပာင္းလိုက္မယ္ မင္းေမြ႕ေနကဘယ္ေန႕လဲ"

စုက်စ္ယန္ ႏႈတ္ခမ္းကိုစူလိုက္သည္။

"ကြၽန္ေတာ္က အဲေလာက္အထိလည္း အေမ့အေလ်ာ့မထူပါဘူးေနာ္ ေျပာင္းစရာမလိုဘူး..."

"မင္းမေျပာလည္း မင္းေမြးေန႕ကိုကိုယ္သိၿပီးသားပဲ ဇန္နဝါရီလ ၂၁ရက္ေန႕ မွန္တယ္မလား အဲဒါကို *121121*လို႔ေျပာင္းရေအာင္..."

လင္က်န္းရီက ခ်က္ခ်င္းပင္လွ်ိုဝွက္နံပါတ္ကိုေျပာင္းလိုက္ၿပီး စုက်စ္ယန္၏မ်က္ႏွာေပၚတြင္ အနက္ေရာင္မ်ဥ္းမ်ားေပၚလာ၏။

"ဒီpasswardက ေဖာ္ထုတ္ဖို႔တအားလြယ္လြန္းတယ္ ခင္မ်ားအ႐ူးလား!!"

စုက်စ္ယန္၏စကားကိုၾကားၿပီးေနာက္ လင္က်န္းရီက တတိယေျမာက္နံပါတ္ေတြကိုေျပာင္းလိုက္သည္။. သူကပါးနပ္စြာပင္ ၿပဳံးလိုက္ၿပီးေနာက္ ေနာက္ဆုံးသုံးလုံးကို *521*ျဖင့္ အစားထိုးလိုက္သည္။

"121521 အခုပိုေကာင္းသြားၿပီမလား ေနာက္ဆုံးသုံးလုံးက ကိုယ့္ေမြးေန႕ေလ မွတ္မိဖို႔မလြယ္ဘူးမလား "

"..."

စုက်စ္ယန္မွာ သူ႕ကိုဆူဖို႔ပင္ အားမရွိေတာ့ေခ်။

"အဲဒါကလည္း ခန့္မွန္းဖို႔လြယ္တုန္းပဲ..."

"ရပါတယ္ကြာ ဒီမွာလုံၿခဳံေရးေတြလည္းရွိတယ္ ေန႕တိုင္း၂၄နာရီလုံး ကင္းလွည့္ေနၾကတာ ဂိတ္ကိုလည္းlockခ်ထားေသးတယ္ ဘယ္သူမွဒီထဲဝင္ၿပီး passwardကို မေဖာ္ရဲပါဘူး စိတ္မပူနဲ႕ ဟုတ္ၿပီလား လာပါ အထဲဝင္ရေအာင္ ..."

လင္က်န္းရီက တံခါးကိုဖြင့္ၿပီး စုက်စ္ယန္ကို ႀကိဳဆိုလိုက္သည္။

ဧည့္ခန္းသည္အလြန္က်ယ္ဝန္းၿပီး ပရိေဘာဂမ်ားသည္ဇိမ္ခံပစၥည္းမ်ားျဖင့္ ျဖည့္ထားၿပီး ပို၍ပင္သေဘာက်စရာေကာင္းခဲ့သည္။စုက်စ္ယန္မွာ တကယ္ေတာ့ အေကာင္းႀကိဳက္သူျဖစ္၏။သို႔ေပမယ့္ သူ႕အေျခအေနက သူ႕ကိုအရသာပင္ျမည္းစမ္းခြင့္မေပးခဲ့ပါေခ်။(ဇိမ္ခံတာဘာညာ)
ထိုသို႔မဟုတ္ပါက သူ႕အိမ္၏ နိမ့္က်တဲ့အသြင္အျပင္ကို ဇိမ္ခံပစၥည္းမ်ားျဖင့္ျဖည့္ကာ လုံးဝေျပာင္းလဲပစ္ေပမည္။

ဓာတ္ပုံဆရာအျဖစ္လုပ္ခဲ့သည့္ ၂ႏွစ္အတြင္း သူေနရာေတြအမ်ားႀကီးကို ခရီးထြက္ခဲ့ၿပီး အလြန္နာမည္ႀကီးသည့္နာမည္ေက်ာ္မ်ား၊ လူခ်မ္းသာမ်ားျဖင့္ပင္ ေတြ႕ႀကဳံခဲ့ရသည္။သူက ေရွးေဟာင္းပစၥည္းမ်ားႏွင့္ ပန္းခ်ီမ်ားအေၾကာင္းကို အနည္းငယ္သိခဲ့ရၿပီး လင္က်န္းရီ၏ ဧည့္ခန္းထဲရွိ ပစၥည္းမ်ား၏တန္ဖိုးကိုလည္း ရွင္းရွင္းလင္းလင္း နားလည္ပါသည္။

လင္က်န္းရီကအနည္းငယ္႐ြဲ႕ေစာင္းေနသည့္ဆိုဖာကို သပ္ရပ္ေအာင္လုပ္ၿပီး စုက်စ္ယန္ထိုင္ဖို႔ကူညီလိုက္သည္။

"ခဏထိုင္ၿပီးနားလိုက္ ကိုယ္ခရီးေဆာင္အိတ္ေတြ သယ္လိုက္ဦးမယ္"

"အင္း.."

စုက်စ္ယန္ကေခါင္းညိမ့္ျပၿပီးထိုင္လိုက္သည္။မ်က္ႏွာခ်င္းဆိုင္မွ အလြန္တရာႀကီးမားလွသည့္TVကိုၾကည့္ၿပီး သက္ျပင္းခ်လိဳက္သည္။

လင္က်န္းရီကအနားယူဖို႔ကို လုံးဝစိတ္မဝင္စားပါေခ်။သူကအထုတ္အပိုးမ်ား၊ စုက်စ္ယန္၏ဓာတ္ပုံပစၥည္းမ်ားႏွင့္ ကြန္ပ်ဴတာအစိတ္အပိုင္းမ်ားကို ပထမအထပ္ရွိအခန္းတစ္ခုအတြင္းသို႔ ေျပာင္းေ႐ႊ႕ေနခဲ့သည္။
ၿပီးေနာက္ သူသည့ desktopကို ျပန္လည္တပ္ဆင္ကာ ဗီရိုထဲအဝတ္ေတြျပန္မထည့္မွီ လက္ေဆးရန္အတြက္ ေရခ်ိဳးခန္းကိုတိုက္ရိုက္သြားခဲ့သည္။ေနာက္ဆုံးေတာ့ သူသက္သာရာရသြားၿပီး သက္ျပင္းရွိုက္လိုက္သည္။အဝတ္အစားေတြက အဝတ္ဗီရိုထဲေရာက္သြားၿပီ။

လင္က်န္းရီထြက္လာသည့္အခ်ိန္တြင္ စုက်စ္ယန္က အခန္းတံခါးဝကိုေရာက္လာ၏။သူ(လင္က်န္းရီ)က ကူညီေပးဖို႔ေရွ႕ကိုအျမန္ေျပးသြားလိုက္သည္။

"ဘာလို႔ထိုင္မေနတာလဲကြာ"

"ကြၽန္ေတာ္အခန္းၾကည့္ခ်င္လို႔"

စုက်စ္ကသူ၏master bedroomထက္ပင္ အမ်ားႀကီးပိုႀကီးသည့္အိပ္ခန္းက်ယ္ႀကီးကို လွည့္ပတ္ၾကည့္ေနၿပီး အံ့ၾသတႀကီးေမးလာသည္။

"ဒါက ကြၽန္ေတာ့္အခန္းလား"

လင္က်န္းရီက ခဏမွ်တုန့္ဆိုင္းသြားၿပီးမွ ေခါင္းညိမ့္ကာ

"အင္း ဟုတ္တယ္"

—— တကယ္ေတာ့ သူေျပာခ်င္ေနတာက ဒါကကိုယ္တို႔အခန္းဆိုၿပီးေတာ့ေပါ့ ဟုတ္ၿပီလား!

သို႔ေပမယ့္ စုက်စ္ယန္စိတ္ဆိုးမွာကိုေၾကာက္ေနရသည္ျဖစ္ရကား ဒီေမးခြန္းကို အခုလိုေျဖလိုက္တာကသာ ပိုလုံၿခဳံေပလိမ့္မည္။ အလြန္ဆုံးရွိလွ ညေရာက္မွ တိတ္တိတ္ေလးကုတင္ေပၚ တက္ေနလိုက္ေန႐ုံပင္။

"ခင္မ်ားအိမ္ကအခန္းကအက်ယ္ႀကီးပဲ၊ ခင္မ်ားတစ္ေယာက္တည္းအိပ္ရတာ အလဟာသျဖစ္တယ္"

စုက်စ္ယန္ကေရ႐ြတ္ၿပီး သူ႕အိမ္ကကုတင္ထက္ ႏွစ္ဆနီးပါးႀကီးသည့္ ကုတင္ႀကီးထံဦးတည္လိုက္သည္။

"ဒါကျဖဳန္းတီးတာမဟုတ္ပါဘူး၊ ကိုမင္းနဲ႕အတူအိပ္လို႔မရဘူးလားဟင္"

လင္က်န္းရီလည္း ကုတင္ေပၚတက္ၿပီး စုက်စ္ယန္ကိုတစ္ခ်က္ခိုးၾကည့္လိုက္သည္။သူ႕ပုံစံကစိတ္ဆိုးေနပုံမရေခ်။ထို႔ေၾကာင့္ လင္က်န္းရီကဆက္ၿပီး

"က်စ္ယန္၊ ကိုယ္မင္းနဲ႕ညက်ရင္အတူအိပ္လို႔ရလား"

စုက်စ္ယန္က ကုတင္ေဘးမွာထိုင္ေနတာျဖစ္သည္။
သူကလွည့္ၾကည့္လာေပမယ့္ ေမးခြန္းကိုေတာ့ အေျဖျပန္မေပးခဲ့ပါေခ်။

လင္က်န္းရီက ကုတင္တစ္ခုတည္းမွာအတူအိပ္ရျခင္း၏ အက်ိဳးေက်းဇူးမ်ားကို စၿပီးစာရင္းျပဳစုေတာ့သည္။

"မင္းသိလား၊ တကယ္လို႔ မင္းညဘက္ႀကီးေရဆာတာ၊ ဗိုက္ဆာတာမ်ိဳးျဖစ္လာရင္ ကိုယ့္ကိုယူခိုင္းလို႔ရတယ္၊ ကိုယ္နိုးသြားမွာကိုလည္း ေတြးပူၿပီး စိတ္ပူစရာလည္းမလိုဘူး၊ ကိုယ့္ကိုႏွိုးမရရင္ တြန္းခ်လိဳ႕လည္းရတယ္၊ ကန္ပစ္ဦးမလား လုပ္ပစ္..ရတယ္၊ အဲ့အခ်ိန္ဆို ကိုယ္နိုးမွာေသခ်ာပါတယ္၊ မင္းပင္ပန္းၿပီး နာက်င္ေနရင္လည္း ကိုယ္မင္းကို ႏွိပ္ေပးဦးမွာ ကိုယ္ေျပာတာကို မင္းဘယ္လိုသေဘာရလဲ"

"ခင္မ်ားကို မရဘူးလို႔ ကြၽန္ေတာ္မေျပာပါဘူး၊ ဒါက ခင္မ်ားပိုင္တဲ့အိမ္ေလ ႀကိဳက္တဲ့ေနရာမွာအိပ္လို႔ရတယ္"

စုက်စ္ယန္က လင္က်န္းရီေျပာတာေတြကို ေလးနက္စြာစဥ္းစားၿပီး အဲဒါေတြကတကယ္ျဖစ္လာနိုင္တဲ့အေၾကာင္းေတြးမိသည့္အခါ မကန့္ကြက္ဘဲ လက္ခံလိုက္သည္။

"တကယ္လား ေကာင္းလိုက္တာ"

လင္က်န္းရီက ေပ်ာ္လြန္း၍ေအာ္ပစ္ခ်င္သည့္တိုင္ ဗိုက္ႀကီးသည္ေလးျဖစ္သည့္စုက်စ္ယန္ကအနားမွာရွိေနသည့္အတြက္ သူ႕ခမ်ာ ေအာ္ဟစ္ခ်င္စိတ္ကို ခ်ဳပ္ထိန္းထားရသည္။သူကစိတ္လႈပ္ရွားစြာျဖင့္ လွည့္ပတ္ၾကည့္လိုက္ၿပီး...၊

"မင္းေန႕လည္စာဘာစားခ်င္လဲ၊ ကိုယ္ပစၥည္းနည္းနည္းဝယ္မလို႔၊ ကိုယ္အိမ္ကထြက္လာတာ နည္းနည္းၾကာၿပီဆိုေတာ့ ေရခဲေသတၱာထဲမွာ ဘာမွမရွိေတာ့ဘူး"

အမွန္မွာ လင္က်န္းရီအေနျဖင့္ သူတစ္ေယာက္တည္းစေနစဥ္ကတည္းက အိမ္မွာမစားေခ်။သူက ေဖာက္သည္မ်ားႏွင့္အတူျဖစ္ေစ၊ သူငယ္ခ်င္းမ်ားကိုအျပင္ေခၚ၍ျဖစ္ေစ၊ မိဘအိမ္ကိုျပန္၍ျဖစ္ေစ စားေလ့ရွိသည္။ထို႔ေၾကာင့္ ေရခဲေသတၱာထဲမွာ တစ္ခုခုရွိေနလွ်င္မွ ထူးဆန္းေပလိမ့္မည္။

“ ခင္မ်ားအရင္အနားလိုက္ပါဦး  တစ္မနက္ခင္းလုံးအလုပ္ေတြရႈပ္ေနတာေလ ၿပီးေတာ့အဲဒါကအေစာႀကီးရွိေသးတယ္ ေန႕လည္စာအတြက္အလ်င္စလိုလုပ္စရာမလိုပါဘူး ” 

စုက်စ္ယန္က အနည္းငယ္အေနာက္ကိုဆုတ္လိုက္ၿပီး...

“လာ ကြၽန္ေတာ္နဲ႕ အတူတူလာလွဲေနလိုက္ပါဦး...”

လင္က်န္းရီက ေက်နပ္တာထက္ပင္ ပိုၿပီးေက်နပ္ေနေသးသည္။

“ေကာင္းၿပီေလ"

သူတို႔အတူ ကုတင္ႀကီးေပၚတြင္ေဘးခ်င္းယွဥ္လ်က္အိပ္ၾကသည္။စုက်စ္ယန္မွာ သူ၏အေအးမိျခင္းမွမသက္သာေသးေပ။  မေန႕ကထက္အနည္းငယ္ေတာ့ ပိုေကာင္းလာသည္။  သို႔ေပမယ့္ အေအးမိျခင္းက ပုံမွန္အားျဖင့္ တစ္ပတ္သို႔မဟုတ္ထို႔ထက္ပိုၾကာတတ္သည္။  သူက အနားယူလိုက္သည့္ ပို၍ျမန္ျမန္ေမာပန္းလာရသည္။ သူကကိုယ္ကိုလွည့္ၿပီး ေမးလိုက္သည္။

"ခင္မ်ား အလွဆင္(decoration)ကုမၼဏီကို ဆက္သြယ္ၿပီးၿပီလား ဘယ္အခ်ိန္မွ ၾကမ္းျပင္ကို ျပန္ျပင္ေပးမွာတဲ့လဲ"

လင္က်န္းရီက တံေတာင္ျဖင့္ေထာက္ကာ ေမးကိုလက္ဝါးျဖင့္ ေထာက္ၿပီး ေဘးကိုေစာင္းလိုက္သည္။ သူကစုက်စ္ယန္ကို တိတ္ဆိတ္စြာၾကည့္ေနရင္း ေမးကိုၾကားၿပီးေနာက္ ျပန္ေျဖလိုက္သည္။

"ဟင့္အင္း ကိုယ္မဆက္သြယ္ရေသးဘူး၊ ကိုယ္အထုတ္ေတြအကုန္ျပင္ၿပီးတာနဲ႕ ေခၚလိုက္ပါ့မယ္၊ အဲဒါကအလ်င္လိုစရာမလိုပါဘူး၊ ကုမၸဏီကလည္း လိုအပ္တာေတြျပင္ဆင္ဖို႔လိုေသးတယ္ေလ၊ သူတို႔အျမန္ဆုံးအလုပ္စနိုင္ရင္ေတာင္ အဲဒါကမနက္ျဖန္မွျဖစ္လိမ့္မယ္"

“ အိုး…”

စုက်စ္ယန္က ျပန္ေျဖလိုက္ၿပီး သူ႕အသက္ရႉသံကလည္း ပို၍တည္ၿငိမ္လာသည္။သူကတကယ္ပင္ ပင္ပန္းေနပုံရ၏။တကယ္ကိုအိပ္ခ်င္ေနတာျဖစ္သည္။ 

လင္က်န္းရီက သူကလက္ကို ခါးနဲ႕ဝမ္းဗိုက္တစ္ဝိုက္ထံ ဆန့္ထုတ္လိုက္ၿပီး ညင္သာစြာပြတ္သပ္ေပးလိုက္ရင္း အတြင္းက သေႏၶသားေလး၏ သန္စြမ္းမႈကို ခံစားလိုက္ရသည္။သူ႕သားေလးကအရမ္းျမန္ျမန္ႀကီးထြားလာတာကို သူလည္းမတတ္နိုင္ေခ်။

စုက်စ္ယန္ကသူ႕အျပဳအမူကိုမကန့္ကြက္ေပမယ့္ အနည္းငယ္လႈပ္ရွားလိုက္သည္။လင္က်န္းရီက အနားကိုကပ္သြားၿပီး စုက်စ္ယန္ကို သူ႕လက္ေတြၾကားမွာ ေပြ႕ဖက္ထားလိုက္သည္။သူ႕ေမးဖ်ားျဖင့္ စုက်စ္ယန္၏ပုခုံးကို ပြတ္သီးပြတ္သပ္လုပ္ရင္း အသံနိမ့္နိမ့္ျဖင့္ေမးလိုက္သည္။
(အဲ့Low voiceက အတြဲေတြၾကားမွာဆို ခ်စ္ၾကည္ႏူးၿပီးက်ီစယ္ေနခ်ိန္ ဆြဲေဆာင္တဲ့အေနနဲ႕အသုံးမ်ားတယ္ရယ္ readersအမ်ားစုက ေဖာ္အဲဗားအလုံးေတြမ်ားလားလို႔ အိုင္ကေစတနာဗလပြနဲ႕လာရွင္းျပတာပါ ဟဲဟဲ)

"အင္း.. က်စ္ယန္၊ ေနာက္ထပ္စစ္ေဆးရမွာက ဘယ္ေတာ့လဲ"

"အင္း.. စဥ္းစားပါရေစဦး... မၾကာခင္ေပါ့.... ၈ရက္ေန႕ထင္တယ္"

"၈ရက္ေန႕လား အဲ့ဆိုသဘက္ေန႕ခါမလား ကိုယ္မင္းနဲ႕ လိုက္ေပးမယ္"

"ေကာင္းၿပီေလ ဒါဆို ကြၽန္ေတာ္ municipal ေဆး႐ုံကိုမသြားဘူးေနာ္ ဖ်င္အန္းေဆး႐ုံကိုပဲသြားမွာ"

စုက်စ္ယန္က အေလးအနက္ပင္ဆိုလာသည္။

"အင္းပါ ဖ်င္အန္းေဆး႐ုံကိုပဲ စစ္ေဆးဖို႔သြားၾကမယ္"

လင္က်န္းရီက သေဘာတူလိုက္သည္။

စုက်စ္ယန္က သူ႕လက္ေတြၾကား ျပန္မွီလိုက္ၿပီး ပိတ္ထားတဲ့သူ႕မ်က္လုံးေတြကလည္း အနည္းငယ္တုန္ရီေနသည္။ေနာက္ဆုံးမွာေတာ့သူအၿမဲလိုလိုေမးခ်င္ခဲ့ေသာ ေမးခြန္းကို ထုတ္ေမးလိုက္သည္။

"လင္က်န္းရီ၊ ခင္မ်ားေလ ... ဘာလို႔ ကမာၻႀကီးေပၚမွာ ကြၽန္ေတာ္နဲ႕အတူရွိေနခ်င္ရတာလဲ"

“ပထမဆုံးအေနနဲ႕ အမွန္ဆို ကြၽန္ေတာ္တို႔က သီးျခားေနေနရမွာေလ တစ္ေယာက္ကိစၥတစ္ေယာက္ ဝင္မစြက္ဖက္သင့္ဘူး ဟုတ္တယ္မလား …”

“ရိုးရိုးသားသားပဲေျဖပါ တကယ္ေတာ့ ကေလးေၾကာင့္ ခင္မ်ားကြၽန္ေတာ္နဲ႕အတူ ေနခ်င္တာမလား”

Translated by chu chu (Team- Camomile )

ေနာက္က်သြားလို႔ေတာင္းပန္ပါတယ္ ျခဴးတို႔ဘက္ကေရွာင္ေနရတဲ့အေျခအေနမို႔ လူေတြၾကားမွာ စာtypeရတာအဆင္မေျပလို႔ပါ မလြတ္လပ္ဘူးရယ္ ညဘက္ေတြမွရသလို typeထားတာေလးပါ ၿပီးတာနဲ႕ဒီမွာပဲထပ္ျဖည့္ေပးပါမယ္
Ep-60ျပည့္တဲ့အခ်ိန္မွာပဲ Votes 40kျပည့္သြားပါၿပီအဂ်စ္တို႔ ေက်းဇူးပါ

Continue Reading

You'll Also Like

403K 15.3K 43
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...
1.1M 61.4K 49
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...
4.7M 528K 58
{Both Zg&Uni} အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့ အာမခံပါတယ် ..💚 Start - { 11,8,2020 } End - { 25,11,2020 } အေသမခြီးရေတာင္ တစ္ခ်က္ေတာ့ျပဳံးမိဖို႔...