ကိုကို့ ရဲ့ ငယ် ♥ Uni+Zaw

By frozenmanobannca

114K 8.4K 482

gudie ဆရာမ tomboy လေးနဲ့ ကျောင်းသူလေး တို့ရဲ့ အချစ်ဇာတ်လမ်း More

ကိုကို့ ရဲ့ ငယ် ♥ intro
Part 1 ♥Uni+Zaw
Part 2 ♥ Uni+Zaw
Part 3 uni + zaw
Part4 uni+zaw
To my reader
Part 5 uni+zaw
Part 6 uni +Zaw
Part 7 uni+ zaw
Part 8 uni+zaw
Part 9 uni +Zaw
Part 10 Uni+Zaw
Part 11 Uni+Zaw
Part 12 Uni+Zaw
Part13 Uni +Zaw
Part 14 Uni+Zaw
Part 13 Zawgi
Part 15 Uni +Zaw
Part 16 Uni+Zaw
Part 17
Part 18 Uni+Zaw
Part 19 Uni+Zaw
Part 20 Uni+Zaw
Part 21 Uni+Zaw
Part 22 Uni+Zaw
Part 23 Uni+Zaw
Part 24 Uni +Zaw
Part 25 Uni +Zaw
Part 26 Uni+Zaw
Part 27 Uni+Zaw
Part 28 Uni +Zaw
Part 29 Uni+Zaw
Part 31 Uni+Zaw
Final Uni +Zaw
ကျေးဇူးတင်လွှာ
Bonus Part 💕💕

Part 30 Uni+Zaw

2.9K 233 26
By frozenmanobannca

ကိုကိုရဲ့ ငယ်

အပိုင်း ၃၀

ပိုးစံနဲ့အတူတူ လဲ့လဲ့မော်ရဲ့ ဆိုင်သို့ ရောက်ရှိလို့လာခဲ့သည်။ ပိုးစံက
လဲ့လဲ့မော်ကို မေးပေမယ့် အပြင်ကို အလုပ်ကိစ္စရှိလို့ထွက်သွားတဲ့အကြောင်းပြောနေရင်း ကျွန်တော်လည်း ဆိုင်ထဲက ပြင်ဆင်ထားတဲ့
အပြင်အဆင်လေးတွေကို လိုက်ကြည့်နေလိုက်သည်။ နောက်တော့
ပိုးစံက ကောင်တာက ကောင်မလေးဆီမှာ တစ်ခါတည်း အစားအစာတွေကို မှာနေခိုက် တစ်စုံတစ်ယောက်စိုက်ကြည့်နေသလို ခံစားရတာကြောင့် ဘေးပတ်ဝန်းကျင်ကို လိုက်ကြည့်လိုက်တဲ့အခါ တစ်နေရာ အရောက် ကျွန်တော့် မျက်လုံးတွေက ရပ်တန့်သွားတော့သည်။

"ငယ် "

ဟုတ်တယ်..ငယ်..ကျွန်တော်သိပ်ချစ်ရတဲ့ငယ်..အရမ်းတွေ့ချင်နေခဲ့တဲ့ ကောင်မလေး..အခုတော့ ကျွန်တော့်မျက်စိရှေ့ရောက်နေပြီ..
ငယ့်ဆီသွားမလို့ပြင်ရင်း ရုတ်တရက် စားပွဲခုံကနေ ထပြိး ဆိုင်အပြင်ဘက်ထွက်သွားတဲ့ ငယ့်ကြောင့် ကျွန်တော်လည်း အနောက်မှပြေးလိုက်ရတော့သည်။

အပြင်ရောက်တော့ ကားမောင်းပြီးထွက်သွားတဲ့ငယ့်နောက်ို ဆက်ပဲ လိုက်ရမလို ရပ်ပဲရပ်နေရမလိုလို နဲ့ ကြောင်ပြီးကျန်ခဲ့တဲ့ ကျွန်တော့်ကို နောက်က ပိုးစံလှမ်းခေါ်မှပဲ သတိက ဝင်လာတော့သည်။

"အေးချမ်းရယ် ဘာဖြစ်တာလည်း ငါ့မှာ ရုတ်တရက်ကြီး နင်က အပြင်ကို ပြေးထွက်သွားတော့ ဘာဖြစ်တာလည်းလို့ လန့်သွားတာပဲ "

အမောတကောနဲ့ပြောနေတဲ့ ပိုးစံကိုလည်း သတိမထားနိုင်သေး
အရေးကြီးတာက ငယ်...ငယ့်ကို ပြန်တွေ့ခွင့်ရဖို့ ဘယ်လောက်တောင် မျှော်လင့်ခဲ့ရလည်း..အခုလို ပြန်တွေ့တော့လည်း စကားပြောခွင့်တောင် မပေး... ချက်ချင်း ပြေးထွက်သွားတဲ့
ငယ့်ကို ကြည့်ပြီး ေန့လည်က ပျော်နေတဲ့အပျော်လေးတွေတောင်
ေပျာက်ရှလို့သွားခဲ့ပြီ။

"ဟဲ့ အေးချမ်း အေးချမ်း အေးချမ်းကိုကို! !!!"

နားနားကပ်ပြီး အော်လိုက်တဲ့ ပိုးစံကြောင့် လူတောင် တွေးနေတဲ့အတွေးတွေ ဘယ်ဆီရောက်လို့ ရောက်သွားမှန်းမသိတော့....

"လန့်တာ ပိုးစံရယ် ဖြေးဖြေးအော်လည်း ငါကြားပါတယ်"

"မကြားလို့အော်တာပေါ့ မသာရဲ့ နင့်ကို ခေါ်နေတာကြာလှပြီ
ကဲ ပြောစမ်းပါအုန်း ခုနကဘာဖြစ်သွားတယ်ဆိုတာ"

"ငါလေ ငယ်..ငယ့်ကိုတွေ့လိုက်တယ်"

"ဘယ်လို 😱😱😱ဘယ်..ဘယ်မှာလည်း ဘယ်ရောက်သွားတာလည်း "

ဘေးပတ်ဝန်းကျင်ပတ်လည်ကို ကုန်းကုန်းကွကွနဲ့ ရှာနေတဲ့ ပိုးစံကို လက်မောင်းတစ်ချက်လောက် ရိုက်လိုက်တော့မှ ဘာလဲဆိုတဲ့အကြည့်နဲ့ကြည်လာသည်။

"ဒီနားမှာသာ ရှိနေလို့ကတော့ နင်နဲ့ စကားတောင် ပြောနေမှာမဟုတ်ဘူး ခုနက ဆိုင်ထဲမှာတွေ့လိုက်တာ ငါ့လည်း မြင်ရော ချက်ချင်း ပြေးထွက်သွားတာပဲ "

"ဟာ..နှမြောစရာကြီး တွေ့ခါနီးလေးမှကွာ "

"အေး အဲ့တာကြောင့်ပေါ့ဟာ "

"ဒီမေယွန်းငယ်ကတော့လေ လူကို တစ်ယောက်တာ်းထားသွားတယ် တွေ့မယ်..တွေ့မယ်...ငါ့ကို ဆိုင်ခေါ်လာပြီး သူခိုးပြေးပြေးသွားတဲ့ မိယွန်းမ နင်နဲ့ငါနဲ့တော့ တွေ့ပြီသာမှတ်...အစကတည်းက မကျွေးချင်ရင် မခေါ်လာပါနဲ့လား အခုတော့ ငါ့မှာ သူ့နောက်ပဲလိုက်ရမလိုလို ဆိုင်မှာပဲ မှာထားတာတွေ စားရမလိုလိုနဲ့ အခုတော့ကောင်းရော ဘာမှလည်း မစားရဘဲနဲ့ ရှင်းလာရတယ် လူကို တစ်ယောက်တည်းလည်း ထားသွားသေးတယ် "

ငယ့်နာမည်ကြားတာကြောင့် ပိုးစံနဲ့ ကျွန်တော်နှစ်ယောက်သား အသံလာရာကိုကြည့်လိုက်တော့ လမ်းမဘက်ကနေ ဘာတွေပြောနေမှန်းမသိ ပွစိပွစိ ပြောပြီးလမ်းလျှောက်လာတဲ့ ဖူးဖူး...
သူကတော့ ကျွန်တော့်တို့နှစ်ယောက်ကို မတွေ့သေးတဲ့ပုံပင်...
ကြည့်ရတာ ငယ်က ဖူးဖူးနဲ့နှစ်ယောက် လဲ့လဲ့မော်ဆိုင်ကို လာကြတာဖြစ်ပြီး ကျွန်တော့်ကို တွေ့တော့ ပြေးသွားပုံပေါ်သည်။

ကျွန်တော်ကော ပိုးစံကော ဖူးဖူးဆီသွားလိုက်ပြီး သူ့နာမည်ခေါ်လိုက်တော့ လှည့်ကြည့်လာသည်။

"ဖူးဖူး "

"မမအေးချမ်း "

ကျွန်တော့်ကို မြင်တော့ တော်တော်လေးအံ့သြောပုံပေါ်သွားပြီးတဲ့နောက် ချက်ချင်းရုပ်ကို တည်လိုက်ပြီး လူကို အကြည့်စူးစူးတွေနဲ့
ကြည့်နေတဲ့ ဖူးဖူး..

"ဪ..မိယွန်းက ဘာကြောင့် ရုတ်တရက်ကြီး ပြေးသွားတာလည်း လို့ စဥ်းစားနေတာ လက်စသတ်တော့ တရားခံ က ဒီမှာကိုး "

လက်နှစ်ဖက်ကို ပိုက်၍ လူကို ခနဲ့တဲ့တဲ့နဲ့ လာပြောနေတဲ့ ဖူးဖူးကိုလည်း အပြစ်မတင်ရက်ပါ..ဘာလို့ဆို ကိုယ်က သူ့အချစ်ဆုံးသူငယ်ချင်းကို ခံစားရအောင် လုပ်ခဲ့သူမဟူတ်လား..ဒီလောက်တော့ အပြောခံရတာ မဆန်းပါဘူး..

"ဖူးဖူး အမကို ကြိုက်သလောက်ပြောပါ ရပါတယ် ဒါပေမယ့်
ငယ့်ကို ပြန်တွေ့နိုင်မယ့် အခွင့်အရေးက ဖူးဖူးပဲ ပေးနိုင်မှာပါ ဒါကြောင့် ငယ် ဘယ်မှာနေလည်း ဆိုတာ ပြောပြပေးနိုင်မလား "

"ဘာလည်း ကျွန်မသူငယ်ချင်းကို ထားတုန်းက ထားသွားပြီးတော့ အခုမှ ပြန်လိုချင်နေတာလား ဒီလို စကားမျိုးပြောနေတာ
  တော်တော်မျက်နှာပြောင်တယ်လို့ မထင်ဘူးလား "

အမှန်တော့ ဖူးဖူး အမအေးချမ်းကို ဆိုင်ထဲဝင်လာကတည်းက မြင်ပါသည်။ ယွန်းလည်း တွေ့သွားပုံပေါ်သည်။
ဒါပေမယ့် ချက်ချင်းကြီး ထ ထွက်ပြေးသွားလိမ့်မယ်လို့ ဖူးဖူးမထင်ခဲ့..ယွန်းမှာများ ရုတ်တရက်ကြီး အရေးကြီးတဲ့
အလုပ်ကိစ္စ ရှိလို့များ ထွက်သွားတာလားဆိုပြီး ဖူးဖူး
တွေးမိသေးတယ်.. အခုမှ ဖူးဖူးသေချာသိတော့သည်။
အမအေးချမ်းက လိုက်လာလို့ ဖူးဖူးက မဆုံချင်တာကြောင့်
ထွက်သွားပုံပေါ်လေသည်။ အခုလည်း အမအေးချမ်းကို
ယွန်းယွန်း အစားခံပြင်းလွန်းလို့ စကားကို ဘုကလန့်ပြောနေပေမယ့်လည်း အရှေ့ကလူကတော့ သူ့ကို ပန်းနဲ့ပေါက်နေတယ်ထင်သလညးမသိ..အမအေးချမ်းကသာ ဘာမှမပြောပေမယ့် ဘေးနားက အမပိုးစံကတော့ ဖူးဖူးကို လေသံမာမာဖြင့် ပြန်ပြောလေသည်။

"ဖူးပွင့်ခိုင် မင်းစကားပြောတာ တော်တော်လွန်နေပြီနော် မင်း သူ့အပေါ် အရင်က ကိစ္စတွေကြောင့် ဘယ်လိုပဲ မင်းစိတ်ထဲမှာ ခုနေပါစေ ငါတို့နှစ်ယောက်လုံးက တစ်ချိန်က မင်းဆရာတွေနော် စကားပြောတာ ဆင်ခြင်ပေးပါ "

ဖူးဖူးပြောလိုက်တဲ့စကားတွေကို ကျွန်တော် မနာကျင်နိုင်ပေမယ့်
ဘေးမှာ ရှိနေတဲ့ ပိုးစံက တော့ တော်တော်လေး ဒေါသထွက်သွားလေသည်။ ကြာလာရင် ပိုးစံနဲ့ ဖူးဖူး ပြသာနာတက်မှာကြောင့် ပိုးစံကို ဆက်မပြောစေဖို့ သူ့လက်မောင်းကို အသာညစ်လိုက်တော့
ကျွန်တော့်ကို တစ်ချက် လှည့်ကြည့်ပြီးတဲ့နောက် လမ်းမဘက်ကို
မျက်နှာလွှဲလိုက်လေသည်။

"ဖူးဖူး လည်း အမကို နာကျည်းနေမယ်ဆိုတာ သိပါတယ် ဒါပေမယ့် အမရှင်းပြတာလေးကို ခဏလောက်နားထောင်ပေးလို့ရမလား
"

"ပြီးခဲ့တာတွေ က ပြီးခဲ့ပြီပဲ ဘာလို့ အခုမှ အစက ပြန်ဖော်ချင်နေရတာလည်း ယွန်းယွန်းဆို အဲ့တုန်းက အရမ်းခံစားခဲ့ရတာ အခုမှ သူ့မှာ အနာကျက်တုန်းရှိသေးတယ် နောက်တစ်ခါထပ်ပြီး သူ့ကို ဒဏ်ရာတွေ မပေးချင်ပါနဲ့ "

"ဖူးပွင့်ခိုင် ဒါက မင်းအမြင်တစ်ဘက်ထဲပါ မင်းဘက်က ကြည့်ရင်တော့ သေချာပေါက် မေယွန်းငယ်ခံစားရတာပဲ မြင်လိမ့်မယ် အေးချမ်းလည်း ဘယ်လောက်ခံစားခဲ့ရတယ်ဆိုတာ မင်းသိမှာမဟုတ်ဘူး အဲ့တော့ ေအးချမ်းရှင်းပြတာကို ခဏလောက်နားထောင်ပေးပါ ပြီးမှ မင်းဆုံးဖြတ်ပေါ့ "

"ကောင်းပြီလေ ဒီနေကာကြီးမှာ ရှင်းလို့တော့ မကောင်းဘူး ဆိုင်ထဲပဲ တစ်ခါပြန်သွားတာပေါ့"

ဒီလိုနဲ့ ဆိုင်ထဲရောက်တော့ ကျွန်တော်နဲ့ ပိုးစံနဲ့ကဘေးချင်းကပ်ထိုင်ပြီး ဖူးဖူးက ကျွန်တော် တို့ မျက်နှာချင်းဆိုင်မှာ ထိုင်လေသည်။
ထို့နောက် ဖြစ်ခဲ့သမျှ အကြောင်းအရာတွေကို ကျွန်တော်ရှင်းပြလိုက်ပြီးနောက် ဖူးဖူးက ဘာစကားမှတော့ ပြန်မပြောသေး..
အတော်ကြာတော့မှ ဖူးဖူး ဆီက စကားသံပြန်ထွက်လာသည်။

"ဒီကိစ္စက အမအမှားလို့ပဲ ဖူးဖူးမြင်တယ် ဘာလို့လဲဆို တေ့ ဖူးဖူးသူငယ်ချင်းက အမနောက်ကို သူ့တစ်ဘဝလုံး ပုံအောပြီး
လိုက်ခဲ့တဲ့သူပါ ဒါပေမယွ အမက သူ့မျှော်လင့်ချက်တွေကို ဖျက်ဆီးခဲ့တယ် အမခံစားရမယ်ဆိုတာလည်း ဖူးဖူးသိပါတယ် ဒါပေမယ့် ဖူးဖူး အမြင်အရဆို အမ ယွန်းယွန်းရဲ့လက်ကို လွှတ်မချ
ခဲ့သင့်ဘူး သူက နောက်ဆုံးချိန်ထိ အမက သူ့လက်ကို ဆုပ်ကိုင်ပေးထားလိမ့်မယ်လို့ သူယုံကြည်ခဲ့လို့ အမ နောက််ကို သူလိုက်မယ်ဆိုပြီး လုပ်ခဲ့တာ ဒါပေမယ့် အမက သူ့ယုံကြည်မှုကို အလွှဲသုံးစားလုပ်သလိုဖြစ်သွားတာ "

"အဲ့ဒါတွေကြောင့် ငယ် ငါ့ကို မုန်းနေမယ်ဆိုတာလည်း သိပါတယ် ဒါပေမယ့် ငါ...ငါသူ့ကို စောင့်နေခဲ့တာ အရင်လို ပြန်ဖြစ်ချင်လို့
..နောက်ပြီး ပတ်ဝန်းကျင်ကို ရင်ဆိုင်နိုင်ဖို့နဲ့ ငယ့်ကို တစ်ဘဝလုံး တာဝန်ယူနိုင်ဖို့အတွက် ငါ ဒီငါးနှစ်အတွင်း ကြိုးစားခဲ့ရတာတွေ
အကုန်လုံးက ငယ်နဲ့ အရင်လို ပြန်နေချင်လို့..နောက်ပြီး သူနဲ့နှစ်ယောက်အတူတူ တစ်ဘဝတည်ထောင်နိုင်ဖို့..ဒါပေမယ့် အဲ့ဒါတွေ အကုန်ကြိုးစားခဲ့ပြီးတော့မှ ငယ် ငါ့ဆီ ပြန်လာနိုင်ဖို့ အခွင့်အရေးလေးကိုတော့ ငါ.. ငါ အတ္တကြီးစွာနဲ့ တောင်းခံပါတယ်ဟာ.."

အသံတွေတုန်ပြီး မျက်ရည်များစွာဖြင့် ဖူးဖူးကို အသနားခံနေတဲ့
မမအေးချမ်းကို ကြည့်ပြီး ဖူးဖူးလည်း ဘာမှ မတွေးတတ်တော့..
မမအေးချမ်းကလည်း ယွန်းယွန်းကို အရမ်းချစ်တယ်ဆိုတာ ဖူးဖူးတို့အသိပင်.. မမအေးချမ်းက ယွန်းကို လမ်းခွဲလိုက်တယ်လို့
ယွန်းပြောပြတုန်းကဆို ဖူးဖူး ဘယ်လိုမှ မယုံပင်..သူတို့နှစ်ယောက်ခိုးပြေးမယ်ဆိုလို့ ဖူးဖူးမှာ လိုက်ပို့ခဲ့ရပြီးတော့မှ နှစ်ယောက်သားက
ခိုးတောင် မပြေးရသေးခင် လမ်းခွဲလိုက်တယ်ဆိုတော့ ဖူးဖူး
ကြောင်သွားခဲ့ရသေးသည်။

ဖူးဖူးထင်တာက ခိုးပြေးပြီးတဲ့နောက်မှ နှစ်ဖက်မိဘတွေ
ပြသာနာ တက်ကြမယ်လို့ပဲ ထင်ထားခဲ့တာ..အခုတော့ သူတို့ကိစ္စက မိဘတွေဆီတောင် မရောက်လိုက်ပဲ နှစ်ယောက်တည်းနဲ့ပင် ဇာတ်လမ်းပြီးသွားခဲ့ရသည်။ ဒါပေမယ့် မမအေးချမ်းကလည်း ယွန်းအနာဂတ်အတွက် စဥ်းစားပြီးရွေးချယ်ခဲ့တာကြောင့်
သူ့အမှားချည်းပဲလို့တော့ ပြောလို့မရ..သူသာ ယွန်း ကို ခိုးပြေးလို့သွားခဲ့ရင် ယွန်းမိဘတွေ ခွဲလို့ကွဲရင်ကွဲ မကွဲရင်လည်း ယွန်းက အခုချိန်မှာ အောင်မြင်နေတဲ့ ကုမ္မဏီပိုင်ရှင်လည်း ဖြစ်မှာမဟုတ်ပေ..

အဲ့တော့ ဒီဇာတ်လမ်းက ဘယ်သူ့ကို အမှား ဘယ်သူ့ကို အမှန်ဆိုပြီး ဆုံးဖြတ်လို့လည်းမရ..ယွန်းဘက်ကလည်း ခံစားခဲ့ရသလို မမအေးချမ်းဘက်ကလည်း အမပိုးစံပြောသလိုဆို ရူးမသွားယုံတမယ်
ပဲတဲ့.. အဲ့တော့ နှစ်ယောက်လုံးက အတူတူ ခံစားခဲ့ရပြီး အခုချိန်ထိ နှစ်ယောက်လုံးကလည်း တစ်ယောက်အပေါ်တစ်ယောက်ချစ်နေတယ်ဆိုတော့ သူတို့နှစ်ယောက်ပဲ ထိပ်တိုက်တွေ့ပြီး ဖြေရှင်းခိုင်းတာပဲ ကောင်းပါတယ်လေ..

"အခုချိန်မှာတော့ ဖူးဖူးက အမတို့နှစ်ယောက်ဇာတ်လမ်းထဲမှာ ဝင်ပါလို့မရသေးဘူး ဘာလို့ဆို ယွန်းယွန်းက မမအေးချမ်းအကြောင်းပြောရင် ဘယ်လိုမှ ပြောလို့မရဘူး စကားလမ်းကြောင်းလွှဲရင်လွှဲ
မလွှဲရင် နောက်ထပ် စကားမပြောနဲ့တော့ဆိုပြီး ဟောက်တာ
အဲ့တော့ ဖူးဖူး သဘောအရဆို မမအေးချမ်းကိုယ်တိုင် သွားတွေ့ပြီး ပြောတာ အကောင်းဆုံးဖြစ်မယ်ထင်တယ် ဒီတော့ ဖူးဖူးက ယွန်းယွန်း ရဲ့ ကုမ္မဏီ လိပ်စာကတ်ကို ပေးလိုက်မယ် ဒါဆို အဆင်ပြေတယ်မလား "

"အဆင်ပြေပါတယ် ဖူးဖူးရယ် အခုလို ငယ့်ရဲ့ လိပ်စာကတ်ပေးတာနဲ့တင် အမတော်တော်လေးကို  ကျေးဇူးတင်ပါတယ် "

"ရပါတယ် ဒီမှာ ယွန်းရဲ့ လိပ်စာကတ် "

"ကျေးဇူးပါ ဖူးဖူး "

........................
ဖူးဖူးပေးလိုက်တဲ့ လိပ်စာကတ်ထဲက ကုမ္မဏီကို သွားကြည့်တော့
အခုလက်ရှိ မြန်မာနိုင်ငံမှာ နာမည်အကြီးဆုံး လက်ဝတ်ရတနာကုမ္မဏီတွေထဲက တစ်ခုပင်...အော်..အခုဆို ယွန်းက အရမ်းကို  အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီးဖြစ်နေပါလား ဆိုပြီး
တွေးမိတော့ တစ်ဖက်ကလည်း ကိုယ့်ချစ်ရသူ အောင်မြင်နေတော့ ဝမ်းသာရသလို တစ်ဖက်က ကိုယ့်အခြေအနေ အဆင့်အတန်းနဲ့
ကွာခြားနေတာကို ကြည့်ပြီး သိမ်ငယ်ရပြန်သည်။

ကုမ္မဏီ အောက်ထပ်က လုံခြုံရေးဝန်ထမ်းကို ရုံးဆင်းချိန်ကို မေးလိုက်တော့ နှစ်နာရီလောက်လိုသေးတာကြောင့် ကုမ္မဏီရဲ့ မျက်နှာချင်းဆိုင်က cafe တစ်ခု မှာ မုန့်စားရင်းထိုင်စောင့်နေလိုက်သည်။ cafe က မှန်တွေနဲ့ ဆောက်ထားတာမို့ အရှေ့က ကုမ္မဏီကို အထင်သား မြင်နေရသည်။ ငါးနီရီထိုးခါနီးတော့  လူက ဖင်တကြွကြွနဲ့ ဖြစ်နေပြီ... စိတ်လှုပ်ရှားလွန်းလို့လည်း အထဲက နှလုံးတောင် အပြင်ခုန်ထွက်တော့မလား အောက်မေ့ရတယ်....

ဒါပေမယ့် ငါးနာရီထိုးတော့ ငယ့်ကို မမြင်ရသေး.. အခြားဝန်ထမ်းတွေသာ ကုမ္မဏီထဲက ထွက်လာသည် ငယ်က ထွက်မလာသေး...
နာရီဝက် လောက်ဆိုင်ထဲကနေ ကုန်းကုန်းကွကွနဲ့ စုံထောက်မျက်လုံးဖြင့် သေချာစောင့်ကြည်လို့အပြီးမှာတော့ ငယ့်ကို တွေ့လိုက်ရလေပြီ..

ငယ့်ကို တွေ့တာနဲ့ ဆိုင်ထဲကနေ ချက်ချင်းဒုန်းဆိုင်းပြေးသွားတဲ့ ကျွန်တော့်ကို ဆိုင်ရှင်ကတော့ သေချာပေါက် အမြင်ကပ်နေမှာအမှန်ပင်..ခုနကတည်းက ဆိုင်ထဲကနေ ကုမ္မဏီဘက်် ကို ကြည့်နေကတည်းက ဒီလူ ရူးနေပြီလားဆိုတဲ့ အကြည့်နဲ့ ကြည့်သွားတာကိုလည်း ဂရုစိုက်မအား..တော်သေးတာက စားထားတဲ့ဟာတွေကို
ပိုက်ဆံကြိုရှင်းထားလို့ပင်..မဟုတ်လို့ကတော့ ငယ့်ကို တွေ့ချင်စောဖြင့် ပိုက်ဆံမရှင်းပဲ ထွက်ပြေးသွားလို့ကတော့ သေချာပေါက်
သူခိုးလို့ ထင်သွားမှာတော့ အမှန်...

ငယ့်နားကို ရောက်တော့ ငယ်တစ်ယောက်တည်းမဟုတ်.. ဘေးမှာ ယောကျ်ားလေးတစ်ယောက်လည်းပါသည်။ ငယ်က ကျွန်တော့်ကို တွေ့တော့ မျက်လုံးလေးတွေ ဝိုင်းသွားပြီး ချက်ချင်း မအံ့သြောသလို ရုပ်ကို ပြင်လိုက်လေသည်။

"ငယ်..ကိုကို ရှင်းပြချင်လို့ ခဏလောက် အချိန်ပေးလို့ရမလားဟင်"

"ဒီမှာရှင့် ကျွန်မကို အချိန်ခဏလောက်ပေးပါလို့တောင်းရအောင် ကျွန်မမှာ အဲ့လောက်အချိန်တွေပေါမနေဘူး ဒီကလူကို လည်း
ကျွန်မမသိတာမို့ ခွင့်ပြုပါအုန်း "

လှည့်ထွက်သွားတဲ့ ငယ့်ရဲ့ လက်ကို လှမ်းဆွဲလိုက်တော့ လှည့်ကြည့်လာတဲ့ငယ်..ဘေးက ကောင်လေးကတော့ ကျွန်တော်တို့နှစ်ယောက်ကို ကြောင်ကြည့်နေဆဲ..

"ငယ်..ကို့ကို ခဏလေးပဲ တကယ်ကို အချိန်ခဏလေးပဲ ပေးပါ
ကိုယ့်မှာ ငယ့်ကို ရှင်းပြစရာတွေ ရှိလို့ပါ ငယ်ရယ် တစ်ကယ်ကို
ခဏလေးပါ "

ကျွန်တော့်စကားဆုံးပြီးနောက် သူ့လက်ကုိ ကိုင်ထားတဲ့ ကျွန်တော့်လက်ကို ပုတ်ထုတ်လိုက်လေသည်။

"ဒီမှာ  နောက်တစ်ခါ ကျွန်မအသားကို မထိပါနဲ့  နေက်ပြီး ဒီဘက်က ဘာတွေရှင်းပြချင်နေလည်းတော့မသိပေမယ့် ကျွန်မဘက်က တစ်ခါတည်း ပြောလိုက်မယ် ဒီဘေးက တစ်ယောက်က ကျွန်မနဲ့စေ့စပ်တော့မယ့်သူ  နောက်တစ်ပတ်သောကြာနေ့မှာ စေ့စပ်ပြီး  နေက်လကျရင် လက်ထပ်တော့မှာ ဖိတ်စာကိုတော့ စေ့စပ်ပွဲကျရင်
တစ်ခါတည်းယူလိုက်ပါနော် အော် ဒါနဲ့ စေ့စပ်ပွဲက Golden
palace ဟိုတယ်မှာ မနက်ပိုင်းလုပ်မှာ စေ့စပ်ပွဲကျရင်လာခဲ့ပါအုန်းနော် "

ဘေးမှာရပ်နေတဲ့ ယောကျ်ားလေးရဲ့ လက် မောင်းကို ချိတ်ပြီး နှစ်ယောက်သား အတူတူ ကားမောင်းပြီး ထွက်သွားသည်အထိ ထိုနေရာမှာ ကျွန်တော် ရပ်နေဆဲ.. ပြောရမယ်ဆို ကျွန်တော့်ခြေထေယက်တွေက မလှုပ်နိုင်တာဆို ပိုမှန်လိမ့်မည်။

ငါအခုဘာတွေကြားလိုက်ရတာလည်း..ငယ်က စေ့စပ်တော့မှာတဲ့လား.. နေက်ပြီးလက်ထပ်တော့မှာတဲ့..ပိုးစံပြောတုန်းက ငယ့်မှာ ချစ်ရတဲ့သူမရှိသေးဘူးဆို.. ဘာတွေ ဖြစ်ကုန်တာလည်း..

#အေးချမ်းညိမ်း

ကြိုက်တယ်မလား စပ်စပ်လေး 🤤🤤🤤🌶🌶🌶

Zawgi

ကိုကိုရဲ႕ ငယ္

အပိုင္း ၃၀

ပိုးစံနဲ႕အတူတူ လဲ့လဲ့ေမာ္ရဲ႕ ဆိုင္သို႔ ေရာက္ရွိလို႔လာခဲ့သည္။ ပိုးစံက
လဲ့လဲ့ေမာ္ကို ေမးေပမယ့္ အျပင္ကို အလုပ္ကိစၥရွိလို႔ထြက္သြားတဲ့အေၾကာင္းေျပာေနရင္း ကြၽန္ေတာ္လည္း ဆိုင္ထဲက ျပင္ဆင္ထားတဲ့
အျပင္အဆင္ေလးေတြကို လိုက္ၾကည့္ေနလိုက္သည္။ ေနာက္ေတာ့
ပိုးစံက ေကာင္တာက ေကာင္မေလးဆီမွာ တစ္ခါတည္း အစားအစာေတြကို မွာေနခိုက္ တစ္စုံတစ္ေယာက္စိုက္ၾကည့္ေနသလို ခံစားရတာေၾကာင့္ ေဘးပတ္ဝန္းက်င္ကို လိုက္ၾကည့္လိုက္တဲ့အခါ တစ္ေနရာ အေရာက္ ကြၽန္ေတာ့္ မ်က္လုံးေတြက ရပ္တန့္သြားေတာ့သည္။

"ငယ္ "

ဟုတ္တယ္..ငယ္..ကြၽန္ေတာ္သိပ္ခ်စ္ရတဲ့ငယ္..အရမ္းေတြ႕ခ်င္ေနခဲ့တဲ့ ေကာင္မေလး..အခုေတာ့ ကြၽန္ေတာ့္မ်က္စိေရွ႕ေရာက္ေနၿပီ..
ငယ့္ဆီသြားမလို႔ျပင္ရင္း ႐ုတ္တရက္ စားပြဲခုံကေန ထၿပိး ဆိုင္အျပင္ဘက္ထြက္သြားတဲ့ ငယ့္ေၾကာင့္ ကြၽန္ေတာ္လည္း အေနာက္မွေျပးလိုက္ရေတာ့သည္။

အျပင္ေရာက္ေတာ့ ကားမောင်းပြီးထွက်သွားတဲ့ငယ့်နောက်ို ဆက္ပဲ လိုက္ရမလို ရပ္ပဲရပ္ေနရမလိုလို နဲ႕ ေၾကာင္ၿပီးက်န္ခဲ့တဲ့ ကြၽန္ေတာ့္ကို ေနာက္က ပိုးစံလွမ္းေခၚမွပဲ သတိက ဝင္လာေတာ့သည္။

"ေအးခ်မ္းရယ္ ဘာျဖစ္တာလည္း ငါ့မွာ ႐ုတ္တရက္ႀကီး နင္က အျပင္ကို ေျပးထြက္သြားေတာ့ ဘာျဖစ္တာလည္းလို႔ လန့္သြားတာပဲ "

အေမာတေကာနဲ႕ေျပာေနတဲ့ ပိုးစံကိုလည္း သတိမထားနိုင္ေသး
အေရးႀကီးတာက ငယ္...ငယ့္ကို ျပန္ေတြ႕ခြင့္ရဖို႔ ဘယ္ေလာက္ေတာင္ ေမွ်ာ္လင့္ခဲ့ရလည္း..အခုလို ျပန္ေတြ႕ေတာ့လည္း စကားေျပာခြင့္ေတာင္ မေပး... ခ်က္ခ်င္း ေျပးထြက္သြားတဲ့
ငယ့္ကို ၾကည့္ၿပီး ေန့လည်က ေပ်ာ္ေနတဲ့အေပ်ာ္ေလးေတြေတာင္
ေပျာက်ရှလို့သွားခဲ့ပြီ။

"ဟဲ့ ေအးခ်မ္း ေအးခ်မ္း ေအးခ်မ္းကိုကို! !!!"

နားနားကပ္ၿပီး ေအာ္လိုက္တဲ့ ပိုးစံေၾကာင့္ လူေတာင္ ေတြးေနတဲ့အေတြးေတြ ဘယ္ဆီေရာက္လို႔ ေရာက္သြားမွန္းမသိေတာ့....

"လန့္တာ ပိုးစံရယ္ ေျဖးေျဖးေအာ္လည္း ငါၾကားပါတယ္"

"မၾကားလို႔ေအာ္တာေပါ့ မသာရဲ႕ နင့္ကို ေခၚေနတာၾကာလွၿပီ
ကဲ ေျပာစမ္းပါအုန္း ခုနကဘာျဖစ္သြားတယ္ဆိုတာ"

"ငါေလ ငယ္..ငယ့္ကိုေတြ႕လိုက္တယ္"

"ဘယ္လို 😱😱😱ဘယ္..ဘယ္မွာလည္း ဘယ္ေရာက္သြားတာလည္း "

ေဘးပတ္ဝန္းက်င္ပတ္လည္ကို ကုန္းကုန္းကြကြနဲ႕ ရွာေနတဲ့ ပိုးစံကို လက္ေမာင္းတစ္ခ်က္ေလာက္ ရိုက္လိုက္ေတာ့မွ ဘာလဲဆိုတဲ့အၾကည့္နဲ႕ၾကည္လာသည္။

"ဒီနားမွာသာ ရွိေနလို႔ကေတာ့ နင္နဲ႕ စကားေတာင္ ေျပာေနမွာမဟုတ္ဘူး ခုနက ဆိုင္ထဲမွာေတြ႕လိုက္တာ ငါ့လည္း ျမင္ေရာ ခ်က္ခ်င္း ေျပးထြက္သြားတာပဲ "

"ဟာ..ႏွေျမာစရာႀကီး ေတြ႕ခါနီးေလးမွကြာ "

"ေအး အဲ့တာေၾကာင့္ေပါ့ဟာ "

"ဒီေမယြန္းငယ္ကေတာ့ေလ လူကို တစ္ေယာက္တာ္းထားသြားတယ္ ေတြ႕မယ္..ေတြ႕မယ္...ငါ့ကို ဆိုင္ေခၚလာၿပီး သူခိုးေျပးေျပးသြားတဲ့ မိယြန္းမ နင္နဲ႕ငါနဲ႕ေတာ့ ေတြ႕ၿပီသာမွတ္...အစကတည္းက မေကြၽးခ်င္ရင္ မေခၚလာပါနဲ႕လား အခုေတာ့ ငါ့မွာ သူ႕ေနာက္ပဲလိုက္ရမလိုလို ဆိုင္မွာပဲ မွာထားတာေတြ စားရမလိုလိုနဲ႕ အခုေတာ့ေကာင္းေရာ ဘာမွလည္း မစားရဘဲနဲ႕ ရွင္းလာရတယ္ လူကို တစ္ေယာက္တည္းလည္း ထားသြားေသးတယ္ "

ငယ့္နာမည္ၾကားတာေၾကာင့္ ပိုးစံနဲ႕ ကြၽန္ေတာ္ႏွစ္ေယာက္သား အသံလာရာကိုၾကည့္လိုက္ေတာ့ လမ္းမဘက္ကေန ဘာေတြေျပာေနမွန္းမသိ ပြစိပြစိ ေျပာၿပီးလမ္းေလွ်ာက္လာတဲ့ ဖူးဖူး...
သူကေတာ့ ကြၽန္ေတာ့္တို႔ႏွစ္ေယာက္ကို မေတြ႕ေသးတဲ့ပုံပင္...
ၾကည့္ရတာ ငယ္က ဖူးဖူးနဲ႕ႏွစ္ေယာက္ လဲ့လဲ့ေမာ္ဆိုင္ကို လာၾကတာျဖစ္ၿပီး ကြၽန္ေတာ့္ကို ေတြ႕ေတာ့ ေျပးသြားပုံေပၚသည္။

ကြၽန္ေတာ္ေကာ ပိုးစံေကာ ဖူးဖူးဆီသြားလိုက္ၿပီး သူ႕နာမည္ေခၚလိုက္ေတာ့ လွည့္ၾကည့္လာသည္။

"ဖူးဖူး "

"မမေအးခ်မ္း "

ကြၽန္ေတာ့္ကို ျမင္ေတာ့ ေတာ္ေတာ္ေလးအံ့ေၾသာပုံေပၚသြားၿပီးတဲ့ေနာက္ ခ်က္ခ်င္း႐ုပ္ကို တည္လိုက္ၿပီး လူကို အၾကည့္စူးစူးေတြနဲ႕
ၾကည့္ေနတဲ့ ဖူးဖူး..

"ဪ..မိယြန္းက ဘာေၾကာင့္ ႐ုတ္တရက္ႀကီး ေျပးသြားတာလည္း လို႔ စဥ္းစားေနတာ လက္စသတ္ေတာ့ တရားခံ က ဒီမွာကိုး "

လက္ႏွစ္ဖက္ကို ပိုက္၍ လူကို ခနဲ႕တဲ့တဲ့နဲ႕ လာေျပာေနတဲ့ ဖူးဖူးကိုလည္း အျပစ္မတင္ရက္ပါ..ဘာလို႔ဆို ကိုယ္က သူ႕အခ်စ္ဆုံးသူငယ္ခ်င္းကို ခံစားရေအာင္ လုပ္ခဲ့သူမဟူတ္လား..ဒီေလာက္ေတာ့ အေျပာခံရတာ မဆန္းပါဘူး..

"ဖူးဖူး အမကို ႀကိဳက္သေလာက္ေျပာပါ ရပါတယ္ ဒါေပမယ့္
ငယ့္ကို ျပန္ေတြ႕နိုင္မယ့္ အခြင့္အေရးက ဖူးဖူးပဲ ေပးနိုင္မွာပါ ဒါေၾကာင့္ ငယ္ ဘယ္မွာေနလည္း ဆိုတာ ေျပာျပေပးနိုင္မလား "

"ဘာလည္း ကြၽန္မသူငယ္ခ်င္းကို ထားတုန္းက ထားသြားၿပီးေတာ့ အခုမွ ျပန္လိုခ်င္ေနတာလား ဒီလို စကားမ်ိဳးေျပာေနတာ
  ေတာ္ေတာ္မ်က္ႏွာေျပာင္တယ္လို႔ မထင္ဘူးလား "

အမွန္ေတာ့ ဖူးဖူး အမေအးခ်မ္းကို ဆိုင္ထဲဝင္လာကတည္းက ျမင္ပါသည္။ ယြန္းလည္း ေတြ႕သြားပုံေပၚသည္။
ဒါေပမယ့္ ခ်က္ခ်င္းႀကီး ထ ထြက္ေျပးသြားလိမ့္မယ္လို႔ ဖူးဖူးမထင္ခဲ့..ယြန္းမွာမ်ား ႐ုတ္တရက္ႀကီး အေရးႀကီးတဲ့
အလုပ္ကိစၥ ရွိလို႔မ်ား ထြက္သြားတာလားဆိုၿပီး ဖူးဖူး
ေတြးမိေသးတယ္.. အခုမွ ဖူးဖူးေသခ်ာသိေတာ့သည္။
အမေအးခ်မ္းက လိုက္လာလို႔ ဖူးဖူးက မဆုံခ်င္တာေၾကာင့္
ထြက္သြားပုံေပၚေလသည္။ အခုလည္း အမေအးခ်မ္းကို
ယြန္းယြန္း အစားခံျပင္းလြန္းလို႔ စကားကို ဘုကလန့္ေျပာေနေပမယ့္လည္း အေရွ႕ကလူကေတာ့ သူ႕ကို ပန္းနဲ႕ေပါက္ေနတယ္ထင္သလညးမသိ..အမေအးခ်မ္းကသာ ဘာမွမေျပာေပမယ့္ ေဘးနားက အမပိုးစံကေတာ့ ဖူးဖူးကို ေလသံမာမာျဖင့္ ျပန္ေျပာေလသည္။

"ဖူးပြင့္ခိုင္ မင္းစကားေျပာတာ ေတာ္ေတာ္လြန္ေနၿပီေနာ္ မင္း သူ႕အေပၚ အရင္က ကိစၥေတြေၾကာင့္ ဘယ္လိုပဲ မင္းစိတ္ထဲမွာ ခုေနပါေစ ငါတို႔ႏွစ္ေယာက္လုံးက တစ္ခ်ိန္က မင္းဆရာေတြေနာ္ စကားေျပာတာ ဆင္ျခင္ေပးပါ "

ဖူးဖူးေျပာလိုက္တဲ့စကားေတြကို ကြၽန္ေတာ္ မနာက်င္နိုင္ေပမယ့္
ေဘးမွာ ရွိေနတဲ့ ပိုးစံက ေတာ့ ေတာ္ေတာ္ေလး ေဒါသထြက္သြားေလသည္။ ၾကာလာရင္ ပိုးစံနဲ႕ ဖူးဖူး ျပသာနာတက္မွာေၾကာင့္ ပိုးစံကို ဆက္မေျပာေစဖို႔ သူ႕လက္ေမာင္းကို အသာညစ္လိုက္ေတာ့
ကြၽန္ေတာ့္ကို တစ္ခ်က္ လွည့္ၾကည့္ၿပီးတဲ့ေနာက္ လမ္းမဘက္ကို
မ်က္ႏွာလႊဲလိုက္ေလသည္။

"ဖူးဖူး လည္း အမကို နာက်ည္းေနမယ္ဆိုတာ သိပါတယ္ ဒါေပမယ့္ အမရွင္းျပတာေလးကို ခဏေလာက္နားေထာင္ေပးလို႔ရမလား
"

"ၿပီးခဲ့တာေတြ က ၿပီးခဲ့ၿပီပဲ ဘာလို႔ အခုမွ အစက ျပန္ေဖာ္ခ်င္ေနရတာလည္း ယြန္းယြန္းဆို အဲ့တုန္းက အရမ္းခံစားခဲ့ရတာ အခုမွ သူ႕မွာ အနာက်က္တုန္းရွိေသးတယ္ ေနာက္တစ္ခါထပ္ၿပီး သူ႕ကို ဒဏ္ရာေတြ မေပးခ်င္ပါနဲ႕ "

"ဖူးပြင့္ခိုင္ ဒါက မင္းအျမင္တစ္ဘက္ထဲပါ မင္းဘက္က ၾကည့္ရင္ေတာ့ ေသခ်ာေပါက္ ေမယြန္းငယ္ခံစားရတာပဲ ျမင္လိမ့္မယ္ ေအးခ်မ္းလည္း ဘယ္ေလာက္ခံစားခဲ့ရတယ္ဆိုတာ မင္းသိမွာမဟုတ္ဘူး အဲ့ေတာ့ ေအးချမ်းရှင်းပြတာကို ခဏေလာက္နားေထာင္ေပးပါ ၿပီးမွ မင္းဆုံးျဖတ္ေပါ့ "

"ေကာင္းၿပီေလ ဒီေနကာႀကီးမွာ ရွင္းလို႔ေတာ့ မေကာင္းဘူး ဆိုင္ထဲပဲ တစ္ခါျပန္သြားတာေပါ့"

ဒီလိုနဲ႕ ဆိုင္ထဲေရာက္ေတာ့ ကြၽန္ေတာ္နဲ႕ ပိုးစံနဲ႕ကေဘးခ်င္းကပ္ထိုင္ၿပီး ဖူးဖူးက ကြၽန္ေတာ္ တို႔ မ်က္ႏွာခ်င္းဆိုင္မွာ ထိုင္ေလသည္။
ထို႔ေနာက္ ျဖစ္ခဲ့သမွ် အေၾကာင္းအရာေတြကို ကြၽန္ေတာ္ရွင္းျပလိုက္ၿပီးေနာက္ ဖူးဖူးက ဘာစကားမွေတာ့ ျပန္မေျပာေသး..
အေတာ္ၾကာေတာ့မွ ဖူးဖူး ဆီက စကားသံျပန္ထြက္လာသည္။

"ဒီကိစၥက အမအမွားလို႔ပဲ ဖူးဖူးျမင္တယ္ ဘာလို႔လဲဆို ေတ့ ဖူးဖူးသူငယ္ခ်င္းက အမေနာက္ကို သူ႕တစ္ဘဝလုံး ပုံေအာၿပီး
လိုက္ခဲ့တဲ့သူပါ ဒါေပမယြ အမက သူ႕ေမွ်ာ္လင့္ခ်က္ေတြကို ဖ်က္ဆီးခဲ့တယ္ အမခံစားရမယ္ဆိုတာလည္း ဖူးဖူးသိပါတယ္ ဒါေပမယ့္ ဖူးဖူး အျမင္အရဆို အမ ယြန္းယြန္းရဲ႕လက္ကို လႊတ္မခ်
ခဲ့သင့္ဘူး သူက ေနာက္ဆုံးခ်ိန္ထိ အမက သူ႕လက္ကို ဆုပ္ကိုင္ေပးထားလိမ့္မယ္လို႔ သူယုံၾကည္ခဲ့လို႔ အမ ေနာက္္ကို သူလိုက္မယ္ဆိုၿပီး လုပ္ခဲ့တာ ဒါေပမယ့္ အမက သူ႕ယုံၾကည္မႈကို အလႊဲသုံးစားလုပ္သလိုျဖစ္သြားတာ "

"အဲ့ဒါေတြေၾကာင့္ ငယ္ ငါ့ကို မုန္းေနမယ္ဆိုတာလည္း သိပါတယ္ ဒါေပမယ့္ ငါ...ငါသူ႕ကို ေစာင့္ေနခဲ့တာ အရင္လို ျပန္ျဖစ္ခ်င္လို႔
..ေနာက္ၿပီး ပတ္ဝန္းက်င္ကို ရင္ဆိုင္နိုင္ဖို႔နဲ႕ ငယ့္ကို တစ္ဘဝလုံး တာဝန္ယူနိုင္ဖို႔အတြက္ ငါ ဒီငါးႏွစ္အတြင္း ႀကိဳးစားခဲ့ရတာေတြ
အကုန္လုံးက ငယ္နဲ႕ အရင္လို ျပန္ေနခ်င္လို႔..ေနာက္ၿပီး သူနဲ႕ႏွစ္ေယာက္အတူတူ တစ္ဘဝတည္ေထာင္နိုင္ဖို႔..ဒါေပမယ့္ အဲ့ဒါေတြ အကုန္ႀကိဳးစားခဲ့ၿပီးေတာ့မွ ငယ္ ငါ့ဆီ ျပန္လာနိုင္ဖို႔ အခြင့္အေရးေလးကိုေတာ့ ငါ.. ငါ အတၱႀကီးစြာနဲ႕ ေတာင္းခံပါတယ္ဟာ.."

အသံေတြတုန္ၿပီး မ်က္ရည္မ်ားစြာျဖင့္ ဖူးဖူးကို အသနားခံေနတဲ့
မမေအးခ်မ္းကို ၾကည့္ၿပီး ဖူးဖူးလည္း ဘာမွ မေတြးတတ္ေတာ့..
မမေအးခ်မ္းကလည္း ယြန္းယြန္းကို အရမ္းခ်စ္တယ္ဆိုတာ ဖူးဖူးတို႔အသိပင္.. မမေအးခ်မ္းက ယြန္းကို လမ္းခြဲလိုက္တယ္လို႔
ယြန္းေျပာျပတုန္းကဆို ဖူးဖူး ဘယ္လိုမွ မယုံပင္..သူတို႔ႏွစ္ေယာက္ခိုးေျပးမယ္ဆိုလို႔ ဖူးဖူးမွာ လိုက္ပို႔ခဲ့ရၿပီးေတာ့မွ ႏွစ္ေယာက္သားက
ခိုးေတာင္ မေျပးရေသးခင္ လမ္းခြဲလိုက္တယ္ဆိုေတာ့ ဖူးဖူး
ေၾကာင္သြားခဲ့ရေသးသည္။

ဖူးဖူးထင္တာက ခိုးေျပးၿပီးတဲ့ေနာက္မွ ႏွစ္ဖက္မိဘေတြ
ျပသာနာ တက္ၾကမယ္လို႔ပဲ ထင္ထားခဲ့တာ..အခုေတာ့ သူတို႔ကိစၥက မိဘေတြဆီေတာင္ မေရာက္လိုက္ပဲ ႏွစ္ေယာက္တည္းနဲ႕ပင္ ဇာတ္လမ္းၿပီးသြားခဲ့ရသည္။ ဒါေပမယ့္ မမေအးခ်မ္းကလည္း ယြန္းအနာဂတ္အတြက္ စဥ္းစားၿပီးေ႐ြးခ်ယ္ခဲ့တာေၾကာင့္
သူ႕အမွားခ်ည္းပဲလို႔ေတာ့ ေျပာလို႔မရ..သူသာ ယြန္း ကို ခိုးေျပးလို႔သြားခဲ့ရင္ ယြန္းမိဘေတြ ခြဲလို႔ကြဲရင္ကြဲ မကြဲရင္လည္း ယြန္းက အခုခ်ိန္မွာ ေအာင္ျမင္ေနတဲ့ ကုမၼဏီပိုင္ရွင္လည္း ျဖစ္မွာမဟုတ္ေပ..

အဲ့ေတာ့ ဒီဇာတ္လမ္းက ဘယ္သူ႕ကို အမွား ဘယ္သူ႕ကို အမွန္ဆိုၿပီး ဆုံးျဖတ္လို႔လည္းမရ..ယြန္းဘက္ကလည္း ခံစားခဲ့ရသလို မမေအးခ်မ္းဘက္ကလည္း အမပိုးစံေျပာသလိုဆို ႐ူးမသြားယုံတမယ္
ပဲတဲ့.. အဲ့ေတာ့ ႏွစ္ေယာက္လုံးက အတူတူ ခံစားခဲ့ရၿပီး အခုခ်ိန္ထိ ႏွစ္ေယာက္လုံးကလည္း တစ္ေယာက္အေပၚတစ္ေယာက္ခ်စ္ေနတယ္ဆိုေတာ့ သူတို႔ႏွစ္ေယာက္ပဲ ထိပ္တိုက္ေတြ႕ၿပီး ေျဖရွင္းခိုင္းတာပဲ ေကာင္းပါတယ္ေလ..

"အခုခ်ိန္မွာေတာ့ ဖူးဖူးက အမတို႔ႏွစ္ေယာက္ဇာတ္လမ္းထဲမွာ ဝင္ပါလို႔မရေသးဘူး ဘာလို႔ဆို ယြန္းယြန္းက မမေအးခ်မ္းအေၾကာင္းေျပာရင္ ဘယ္လိုမွ ေျပာလို႔မရဘူး စကားလမ္းေၾကာင္းလႊဲရင္လႊဲ
မလႊဲရင္ ေနာက္ထပ္ စကားမေျပာနဲ႕ေတာ့ဆိုၿပီး ေဟာက္တာ
အဲ့ေတာ့ ဖူးဖူး သေဘာအရဆို မမေအးခ်မ္းကိုယ္တိုင္ သြားေတြ႕ၿပီး ေျပာတာ အေကာင္းဆုံးျဖစ္မယ္ထင္တယ္ ဒီေတာ့ ဖူးဖူးက ယြန္းယြန္း ရဲ႕ ကုမၼဏီ လိပ္စာကတ္ကို ေပးလိုက္မယ္ ဒါဆို အဆင္ေျပတယ္မလား "

"အဆင္ေျပပါတယ္ ဖူးဖူးရယ္ အခုလို ငယ့္ရဲ႕ လိပ္စာကတ္ေပးတာနဲ႕တင္ အမေတာ္ေတာ္ေလးကို  ေက်းဇူးတင္ပါတယ္ "

"ရပါတယ္ ဒီမွာ ယြန္းရဲ႕ လိပ္စာကတ္ "

"ေက်းဇူးပါ ဖူးဖူး "

........................
ဖူးဖူးေပးလိုက္တဲ့ လိပ္စာကတ္ထဲက ကုမၼဏီကို သြားၾကည့္ေတာ့
အခုလက္ရွိ ျမန္မာနိုင္ငံမွာ နာမည္အႀကီးဆုံး လက္ဝတ္ရတနာကုမၼဏီေတြထဲက တစ္ခုပင္...ေအာ္..အခုဆို ယြန္းက အရမ္းကို  ေအာင္ျမင္တဲ့ စီးပြားေရးလုပ္ငန္းရွင္ႀကီးျဖစ္ေနပါလား ဆိုၿပီး
ေတြးမိေတာ့ တစ္ဖက္ကလည္း ကိုယ့္ခ်စ္ရသူ ေအာင္ျမင္ေနေတာ့ ဝမ္းသာရသလို တစ္ဖက္က ကိုယ့္အေျခအေန အဆင့္အတန္းနဲ႕
ကြာျခားေနတာကို ၾကည့္ၿပီး သိမ္ငယ္ရျပန္သည္။

ကုမၼဏီ ေအာက္ထပ္က လုံၿခဳံေရးဝန္ထမ္းကို ႐ုံးဆင္းခ်ိန္ကို ေမးလိုက္ေတာ့ ႏွစ္နာရီေလာက္လိုေသးတာေၾကာင့္ ကုမၼဏီရဲ႕ မ်က္ႏွာခ်င္းဆိုင္က cafe တစ္ခု မွာ မုန့္စားရင္းထိုင္ေစာင့္ေနလိုက္သည္။ cafe က မွန္ေတြနဲ႕ ေဆာက္ထားတာမို႔ အေရွ႕က ကုမၼဏီကို အထင္သား ျမင္ေနရသည္။ ငါးနီရီထိုးခါနီးေတာ့  လူက ဖင္တႂကြႂကြနဲ႕ ျဖစ္ေနၿပီ... စိတ္လႈပ္ရွားလြန္းလို႔လည္း အထဲက ႏွလုံးေတာင္ အျပင္ခုန္ထြက္ေတာ့မလား ေအာက္ေမ့ရတယ္....

ဒါေပမယ့္ ငါးနာရီထိုးေတာ့ ငယ့္ကို မျမင္ရေသး.. အျခားဝန္ထမ္းေတြသာ ကုမၼဏီထဲက ထြက္လာသည္ ငယ္က ထြက္မလာေသး...
နာရီဝက္ ေလာက္ဆိုင္ထဲကေန ကုန္းကုန္းကြကြနဲ႕ စုံေထာက္မ်က္လုံးျဖင့္ ေသခ်ာေစာင့္ၾကည္လို႔အၿပီးမွာေတာ့ ငယ့္ကို ေတြ႕လိုက္ရေလၿပီ..

ငယ့္ကို ေတြ႕တာနဲ႕ ဆိုင္ထဲကေန ခ်က္ခ်င္းဒုန္းဆိုင္းေျပးသြားတဲ့ ကြၽန္ေတာ့္ကို ဆိုင္ရွင္ကေတာ့ ေသခ်ာေပါက္ အျမင္ကပ္ေနမွာအမွန္ပင္..ခုနကတည္းက ဆိုင္ထဲကေန ကုမၼဏီဘက္္ ကို ၾကည့္ေနကတည္းက ဒီလူ ႐ူးေနၿပီလားဆိုတဲ့ အၾကည့္နဲ႕ ၾကည့္သြားတာကိုလည္း ဂ႐ုစိုက္မအား..ေတာ္ေသးတာက စားထားတဲ့ဟာေတြကို
ပိုက္ဆံႀကိဳရွင္းထားလို႔ပင္..မဟုတ္လို႔ကေတာ့ ငယ့္ကို ေတြ႕ခ်င္ေစာျဖင့္ ပိုက္ဆံမရွင္းပဲ ထြက္ေျပးသြားလို႔ကေတာ့ ေသခ်ာေပါက္
သူခိုးလို႔ ထင္သြားမွာေတာ့ အမွန္...

ငယ့္နားကို ေရာက္ေတာ့ ငယ္တစ္ေယာက္တည္းမဟုတ္.. ေဘးမွာ ေယာက်္ားေလးတစ္ေယာက္လည္းပါသည္။ ငယ္က ကြၽန္ေတာ့္ကို ေတြ႕ေတာ့ မ်က္လုံးေလးေတြ ဝိုင္းသြားၿပီး ခ်က္ခ်င္း မအံ့ေၾသာသလို ႐ုပ္ကို ျပင္လိုက္ေလသည္။

"ငယ္..ကိုကို ရွင္းျပခ်င္လို႔ ခဏေလာက္ အခ်ိန္ေပးလို႔ရမလားဟင္"

"ဒီမွာရွင့္ ကြၽန္မကို အခ်ိန္ခဏေလာက္ေပးပါလို႔ေတာင္းရေအာင္ ကြၽန္မမွာ အဲ့ေလာက္အခ်ိန္ေတြေပါမေနဘူး ဒီကလူကို လည္း
ကြၽန္မမသိတာမို႔ ခြင့္ျပဳပါအုန္း "

လွည့္ထြက္သြားတဲ့ ငယ့္ရဲ႕ လက္ကို လွမ္းဆြဲလိုက္ေတာ့ လွည့္ၾကည့္လာတဲ့ငယ္..ေဘးက ေကာင္ေလးကေတာ့ ကြၽန္ေတာ္တို႔ႏွစ္ေယာက္ကို ေၾကာင္ၾကည့္ေနဆဲ..

"ငယ္..ကို႔ကို ခဏေလးပဲ တကယ္ကို အခ်ိန္ခဏေလးပဲ ေပးပါ
ကိုယ့္မွာ ငယ့္ကို ရွင္းျပစရာေတြ ရွိလို႔ပါ ငယ္ရယ္ တစ္ကယ္ကို
ခဏေလးပါ "

ကြၽန္ေတာ့္စကားဆုံးၿပီးေနာက္ သူ့လက်ကုိ ကိုင္ထားတဲ့ ကြၽန္ေတာ့္လက္ကို ပုတ္ထုတ္လိုက္ေလသည္။

"ဒီမွာ  ေနာက္တစ္ခါ ကြၽန္မအသားကို မထိပါနဲ႕  ေနက္ၿပီး ဒီဘက္က ဘာေတြရွင္းျပခ်င္ေနလည္းေတာ့မသိေပမယ့္ ကြၽန္မဘက္က တစ္ခါတည္း ေျပာလိုက္မယ္ ဒီေဘးက တစ္ေယာက္က ကြၽန္မနဲ႕ေစ့စပ္ေတာ့မယ့္သူ  ေနာက္တစ္ပတ္ေသာၾကာေန႕မွာ ေစ့စပ္ၿပီး  ေနက္လက်ရင္ လက္ထပ္ေတာ့မွာ ဖိတ္စာကိုေတာ့ ေစ့စပ္ပြဲက်ရင္
တစ္ခါတည္းယူလိုက္ပါေနာ္ ေအာ္ ဒါနဲ႕ ေစ့စပ္ပြဲက Golden
palace ဟိုတယ္မွာ မနက္ပိုင္းလုပ္မွာ ေစ့စပ္ပြဲက်ရင္လာခဲ့ပါအုန္းေနာ္ "

ေဘးမွာရပ္ေနတဲ့ ေယာက်္ားေလးရဲ႕ လက္ ေမာင္းကို ခ်ိတ္ၿပီး ႏွစ္ေယာက္သား အတူတူ ကားေမာင္းၿပီး ထြက္သြားသည္အထိ ထိုေနရာမွာ ကြၽန္ေတာ္ ရပ္ေနဆဲ.. ေျပာရမယ္ဆို ကြၽန္ေတာ့္ေျခေထယက္ေတြက မလႈပ္နိုင္တာဆို ပိုမွန္လိမ့္မည္။

ငါအခုဘာေတြၾကားလိုက္ရတာလည္း..ငယ္က ေစ့စပ္ေတာ့မွာတဲ့လား.. ေနက္ၿပီးလက္ထပ္ေတာ့မွာတဲ့..ပိုးစံေျပာတုန္းက ငယ့္မွာ ခ်စ္ရတဲ့သူမရွိေသးဘူးဆို.. ဘာေတြ ျဖစ္ကုန္တာလည္း..

#ေအးခ်မ္းညိမ္း

ႀကိဳက္တယ္မလား စပ္စပ္ေလး

Continue Reading

You'll Also Like

1.9M 91.4K 57
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...
3.2M 151K 62
Start Date>>>> 1.4.2020 End>>>20.5.2020 ကိုယ့်ဘက်က အချစ်တွေပေးခဲ့လည်း ပြန်ရခဲ့တာက နာကျင်မှုတွေတဲ့လား မင်းအမုန်း​တွေကိုထပ်ပြီးမခံစားနိုင်တော့လို့ ငါထ...
565K 12.5K 86
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
805K 26K 58
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...