ငါမင်းကိုတာဝန်မယူစေချင်ဘူး//I...

By delulu___

499K 80.3K 2.6K

Full credit to original creator ᴡᴇʙɴᴏᴠᴇʟ (ᴄɴ) ᴀᴜᴛʜᴏʀ - 北棠墨(ʙᴇɪ ᴛᴀɴɢ ᴍᴏ) ᴇɴɢ ɴᴀᴍᴇ-ɪ ᴅᴏɴ'ᴛ ᴡᴀɴᴛ ʏᴏᴜ ᴛᴏ ʙᴇ ... More

Chapter-1 I'm Pregnant
Chapter-2 Let go!,I'll bring you for a check up
Chapter-3 I'll pee on your hand
Chapter-4 Massive Hemorrhage
⚠Chapter-5 Rebirth!I'm Pregnant.Are U gonna be responsible?
Chapter-6 A coward that sneaked away
Chapter-7 The coward is worried
Chapter-8 The so-called extreme joy begets sorrow
Chapter-9 Date? Date Your Sister Ah!
Chapter-10 Let's make a bet!
Chapter - 11 You haven't blackmailed any one, have you?
Chapter - 12 It doesn't metter, you can hide from me, can't I chase you?
Chapter - 13 Entanglement
Chapter - 14 Rent the house? That's a good idea!
Chapter 15: The handsome new tenant
ဟယ္​လို!
Chapter 16: Welcome to the house!
Chapter-17 : Persuading you to abort the child!
Chapter-18 : Shotgun marriage? part 1
Chapter-18 : Shotgun marriage? part 2
Chapter-19 Could he be pregnant?
Chapter 20: A freak combination of circumstances!!
Chapter 21: Abhorrent little thing! Just you wait! 1
Chapter 21: Abhorrent little thing! Just you wait! 2
Chapter 21: Abhorrent little thing! Just you wait! 2(Lay Pyay Yhine)
Chapter 22: Overbearing exposed, I am the child's father!
Chapter 23: The child is really not yours
Chapter 24: Laozi don't want you to be responsible!
Chapter 25: I don't want to die...
Chapter 26: Who's eating your vinegar?
Chapter 27: Lying down and still got shot!
Chapter 28: Blame, I hate you!
Chapter 29: I'm not dead?! The child is still here?!
Chapter 30: Attempted abduction
Chapter 31: Vinegar flavor flying all over the sky, flying all over the sky
Chapter 32: Divergence, to return to your house or my home
Chapter 33: Is this inviting a wolf to my house?
Chapter 34: Big Grey Wolf Ling's 'conspiracy'
Chapter 35: It's you who make trouble!
Chapter 36: Secretly cheating
Chapter 36: Secretly cheating(Yaw Ywet Kway)
Chapter 37: Fetal Movement
Chapter 38: Second Bedroom
Chapter 39: Can't him be stubborn! Can? Can?
Chapter 40: Nervous, I cut my hand
Chapter 41: Have you really decided to be responsible?
Chapter 42: This is a reward for you
Chapter 43: Do you want me to abort the baby?
Chapter 44: The relationship between men and men...
Chapter 45: Almost exposed
Chapter 46: Express delivery
Chapter 47: The Coexistence Model of These Happy Little Two
Chapter 48: To the point of taking a cold bath
Chapter 49: Get out! Lao Zi wants to do Big Business!
Chapter 50: The Hungry Wolf's Expression
Chapter 51: Bastard, get your hands off!
Chapter 52: Dizziness, sore throat, runny nose...
Chapter 53: The future daughter-in-law is pregnant?!
Chapter 54: A smile, no matter how hard and tired, is worth it!
Chapter 55: Mothers are honored by their sons? A knot in the bottom of the heart
Chapter 57: Wife's orders must be absolutely obeyed!
Chapter 58: He can finally take his wife home!
Chapter 59: Those doted ones are all fearless
Chapter 60: Bastard Ling's house is too luxurious!
Chapter 61: Expressing sincerity, finally had gotten relief!
Chapter 62: Little Ancestor falls in love with the bathtub!
Chapter 63: Twins! Some are happy, some are worried.
Chapter 64: Alas, didn't get to see the future daughter-in-law!
Chapter-65: The future parents-in-law make their way to the door!
Chapter 66: Determined not to open the door!
Announcement!
Chapter 67: 100% pure goodness wife!
🚨Chapter 68: Discussing to meet the parents-in-law!🚨
Chapter 69: Sweet Progressive Time
Chapter 70: Son, Father and Mother support you!
Chapter-71
Chapter 72: A nervous historical meeting
Chapter 73: Brain short circuited, directly called them as Dad and Mom
Chapter 74: Aiyo, my little ancestor! Why are you crying?
Chapter 75: To penetrate into a bull's horn1, an unexpected cold war with him!
Chapter 76: Mutually finding someone to complain to
Chapter 77: Children are becoming more and more arrogant nowadays
Chapter 78: What is your intention?
Chapter 79: Still remembers that year...
Chapter 80: If elder brother can't give you happiness, then I will give you!
Chapter 81: Someone has been protecting you somewhere you don't know
Chapter 82: Victory is perseverance!
Chapter 83: Rejected confession-I don't like men.
Chapter 84: That call of "Husband" is so pleasing
Chapter 85: Beg wife to give me an assurance pill1! Ling Zhanyi had a beautiful
Chapter 86 Happy Husband and Husband buy the rings!
Chapter 87: A pregnant man's mind is hard to guess
Chapter 88 Unknown number, the matters of eating vinegar
Chapter 89: Friends are used to relieve boredom
Chapter 90: Intersected network...
Chapter 91: That woman is a scourge after all.
Chapter 92: Come back drunk
Chapter 93: Wife... Help me get rid of the fire
Chapter 94: Shoot! Sudden Stomach Pain!
Chapter 95: Endure, it won't hurt after a while
Chapter 96: En, he is going into labor.
Chapter 97: It's really painful to give birth
announce

Chapter 56: Video conferencing, why do you have a crib?

2.8K 541 14
By delulu___

Unicode

အခန်း-၅၆။ဗီဒီယိုကွန်ဖရင့်မှာ...ဘာကြောင့်များကလေးပုခက်ကရှိနေရတာလဲ
___________________________________________

သူ့ရဲ့မျိုသိပ်ထားရသော ခံစားချက်များနှင့် အအေးမိ၍ဖြစ်ပေါ်လာသောအဆင်မပြေမှုများ​ပေါင်းစုကာ စုကျစ်ယန်သည်အိပ်ပျော်နေစဉ် နိုးတစ်၀က်အိပ်တစ်၀က်ဖြင့်အနည်းငယ်နာကျင်သောခံစားချက်ကြောင့် ညည်းတွားညည်းညူနေမိသည်။

လင်ကျန်းရီသည် သူ့အတွက်စောင်ချုံပေးလိုက်ပြီးထိုလူလေးကိညင်သာစွာပုတ်ပေးလိုက်သည်။
သူသည်ထိုလူလေး ပြန်၍ အိပ်ပျော်သွားစေရန်ချော့သိပ်ပြီးကာမှသက်ပြင်းအသာချမိတော့သည်။

သူကထမင်းတစ်ဝက်ခန့်စားပြီးသည်နှင့်ပန်းကန်များနှင့်တူများကိုဆေးကြောရှင်းလင်းလိုက်သည်။  နောက်ဆုံးအနေနဲ့  စုကျစ်ယန် ကြိုက်သည့် ဖက်ထုပ်တွေကို သူ ရေခဲသေတ္တာထဲတွင်ထည့်ထားလိုက်ပြီး နောက်ပိုင်းသူဗိုက်ဆာလာသည့်အခါအဲဒါတွေကိုသူစားလို့ရနိုင်လိမ့်မည်ဖြစ်၏။

အရာအားလုံးရှင်းလင်းသွားပြီ။ 

လင်ကျန်းရီသည် ကျန်းချင့်ထံမှ ဖုန်းလက်ခံရရှိပြီး ကုမ္ပဏီက နေ့လည်တွင်အစည်းအဝေးတစ်ခုပြုလုပ်လိမ့်မည်ဖြစ်ကြောင်းပြောလာခဲ့သည်။ 

ထိုအရာသည် ယဲ့မီဒီယာ နှင့် ပူးပေါင်းမှုအားစပ်လျဉ်း၍ အရေးကြီးသောအစည်းအဝေးဖြစ်လေသည်။  သို့ရာတွင် ဥဣဋ္ဌမှာမရှိလေသောကြောင့်အစည်းအဝေးကိုမည်သို့ရှေ့ဆက်ရနိုင်မည်နည်း။

လင်ကျန်းရီ "ငါတို့ video conference လုပ်လို့ရလား"

[Online Meeting နဲ့အဓိပ္ပါယ်အတူတူပါပဲနော်]

ကျန်းချင့်သည် စက္ကန့်၀က်မျှရပ်တန့်သွားပြီကာမှပြန်ဖြေလာသည်။

“ ဥဣဋ္ဌလင် ရှိနေသ၍ အဆင်ပြေတယ်...ဒါပေမယ့်ဗီဒီယိုကွန်ဖရင့်နဲ့ လုပ်တာကနည်းနည်းတော့ မရိုးသားသလိုဖြစ်နေတယ်.. ဥဣဋ္ဌလင် တကယ်ကိုအလျင်စလိုနောက်ဆုတ်လို့မရဘူးလား အစည်းအဝေးကနေ့လည် လေးနာရီအထိမစသေးပါဘူး! "

“ ငါဒီအကြောင်းကိုထပ်စဉ်းစားကြည့်ဦးမယ်... ငါသုံးနာရီကြမှမင်းကိုခေါ်လိုက်မယ်... အခုမင်း ကုဖုန်း ကိုသွားပြော..ယဲ့ဘက်ကကိုယ်စားလှယ်နဲ့ နေသားတကျဆက်ဆံပေးဖို့ ထွက်လာရမယ်ဆိုပြီးသူ့ကိုခေါ်လိုက်... ဘာပဲဖြစ်ဖြစ် သူက ကုမ္ပဏီရဲ့ဒုတိယဥက္ကဌဖြစ်နေပြီး အဲဒါက video conferencing တစ်ခုထက်ပိုကြောင်းလေးစားမှုကိုပြရာရောက်တယ်လေ ”

"ဟုတ်ကဲ့ပါ ဥက္ကဌလင်" 

ကျန်းချင့်သည်သူမပေးအပ်ခြင်းခံရသောတာဝန်ကိုမြန်မြန်ဆန်ဆန်လုပ်ဆောင်ခဲ့သည်။

လင်ကျန်းရီ ဖုန်းချလိုက်သည့်အခါ နောက်ထပ်တစ်ဖန် အမည်မသိဖုန်းနံပါတ်တစ်ခုမှခေါ်ဆိုမှုတစ်ခုကိုလက်ခံရရှိလိုက်ပြန်သည်။  သူသည် ခေါ်ဆိုမှုကိုလက်ခံလိုက်ပြီးမေးလိုက်သည်။

“ ဒါကဘယ်သူလဲ”

"မစ္စတာလင်လားခင်ဗျ၊  ကျွန်တော်တို့က ကွမ်းမင်အိမ်အလှဆင်ကုမ္ပဏီကပါ လူကြီးမင်းက ကျွန်တော်တို့ကို ဒီမတိုင်ခင်ကခေါ်ဆိုထားပြီး ရေချိုးခန်းကြမ်းပြင်ကိုအသစ်ပြန်အလှဆင်ပြီးရေမချောတဲ့ဟာနဲ့ပြောင်းချင်တယ်လို့ပြောခဲ့တယ်မဟုတ်လား... "

“ အိုး၊ ဟုတ်တယ်၊ မှန်တယ်...  ကျွန်တော်ပါ။" 

လင်ကျန်းရီရုတ်တရက်ပင်သဘောပေါက်သွားသည်။

"လူကြီးမင်းအတွက်ဘယ်အချိန်လောက်အဆင်ပြေနိုင်မလဲ။  ကြမ်းပြင်ကိုပြန်လည်ပြင်ဆင်တဲ့အချိန်က တစ်ပတ်လောက်ကြာလိမ့်မယ်... အချန်ခဏလောက် အပြင်ကိုရွှေ့သွားတာကပိုကောင်းလိမ့်မယ်... လူကြီးမင်းမှာတခြားအစီအစဉ်များရှိပါသေးလား။ "

“ အိုး၊ ဒါကဒီလိုလား…ကျွန်တော်အိမ်ကရွှေ့သွားရဖို့ကကိစ္စမရှိပေမယ့်အချိန်နည်းနည်းလောက်လိုသေးတယ်... ဒါ့အပြင် မင်း ကျွန်တော်ကိုအကောင်းဆုံးပစ္စည်းတွေပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်...ကျွန်တော်မိန်းမကကိုယ်ဝန်ရှိနေတယ်၊ ​​ပြင်ဆင်ပြီးတဲ့အခါကြမ်းပြင်ကမချောတော့ဘူးလို့ ကျွန်တော်မျှော်လင့်တယ်၊ ဆိုလိုချင်တာက ကြမ်းပြင်ကစိုနေရင်တောင်မချော်နိုင်မယ့်ဘေးကင်းလုံခြုံမှုမျိုးပေါ့"

"မစ္စတာလင် ကျေးဇူးပြုပြီး ကျွန်တော်တို့ လူကြီးမင်းရဲ့တောင်းဆိုချက်ကိုမှတ်သားထားပြီးသားဖြစ်တာမို့လို့ လူကြီးမင်းတို့အနေနဲ့ဘယ်အချိန်လောက်ထွက်သွားပေးနိုင်မလဲ”

(နင့်ဟာကအိမ်ပြင်တာလား အကြွေးတောင်းတာလားဟယ်O~O///)

"ကျွန်တော်ခင်ဗျားတို့ကိုပြီးမှပြန်ဆက်သွယ်လိုက်ပါ့မယ်"

“ ကောင်းပြီ၊ မစ္စတာလင်အနေနဲ့ နောက်ထပ်လိုအပ်ချက်တွေရှိနေသေးရင်လည်း ကျွန်တော်တို့ကိုတိုက်ရိုက်ခေါ်လို့ရပါတယ် နှုတ်ဆက်ပါတယ် မစ္စတာလင်"

"နူတ်ဆက်ပါတယ်"

လင်ကျန်းရီတစ်ယောက် ဖုန်းကိုချလိုက်ပြီးသည်နှင့်ဂုဏ်ဆာစွာဖြင့်ပြုံးလိုက်မိသည်။

အပြင်ကိုရွှေ့တာ...အာ…တစ်ခြားတစ်ယောက်ကအဝေးတစ်နေရာကနေရှာဖွေပေးတဲ့တကယ်ကိုထူးဆန်းတဲ့ ကံကောင်းခြင်းဆုလာဘ် ရှာဖွေတွေ့ရှိမှုလေးပဲ!

သူလိုချင်တုန်းကကြဘယ်လိုမှမရခဲ့ဘူး!

အရင်တုန်းက သူ ဒီအကောင်ပေါက်လေးကို ခေါ်ပြီး သူနဲ့အတူနေဖို့ရာ နည်းလမ်းပေါင်းစုံကိုကြိုးစားခဲ့ပေမယ့် စုကျစ်ယန်ကအမြဲလိုလို လုံး၀သဘောမတူခဲ့ဘူး။

ယခုတော့ဖြင့်...သူသည်ကြမ်းပြင်ကိုပြန်လည်ပြုပြင်သည့်ကိစ္စကိုအကြောင်းပြ၍ သူ့ကိုခေါ်သွားနိုင်ပေပြီ!

“ အင်း…”

စုကျစ်ယန်၏ မသက်မသာဖြစ်နေသောညည်းညူသံတစ်ခုကို ကြားလိုက်သည့်အခါ လင်ကျန်းရီ၏အပြုံးသည်လျင်မြန်စွာပြိုကွဲသွားတော့သည်။ 

သူက ဒီအချိန်လေးအတွင်းမှာ နေမကောင်းဖြစ်နေသည့် လူတစ်ယောက်အကြောင်းတွေးလိုက်မိသည့်အခါ အရမ်းစိတ်သောကရောက်သွားသလိုခံစားလိုက်ရသည်။

"ကျစ်ယန်... ဘာဖြစ်လို့လဲ?"

လင်ကျန်းရီသည်ကုတင်ဘေးတွင်ထိုင်ချလိုက်ပြီး စုကျစ်ယန် ၏နဖူးကိုစမ်းလိုက်သည်။  သူနေ့လည်စာမစားခင်ကအဖျားမတက်ခဲ့ပေမဲ့အခုအဖျားတက်နေပြီလားဆိုတာသူလည်းမသိပေ။

စစ်ဆေးပြီးသည့်နောက် လင်ကျန်းရီသည်ချက်ချင်းပင်စိတ်သက်သာရာရသွားသည်။  သူလေး၏ကိုယ်အပူချိန်သည်ပုံမှန်အတိုင်းအတာတစ်ခုတွင်ရှိနေဆဲဖြစ်လေသည်။

“ အင်း…ခေါင်းကိုက်…တယ်...”

စုကျစ်ယန်သည် စောင်ကိုကန်ထုတ်ပစ်လိုက်ပြီးအားအင်ချိနဲ့စွာညည်းညူလိုက်သည်။  သူလုံး၀အိပ်မပျော်ဘူး။

လင်ကျန်းရီသည်ခုတင်ပေါ်တွင်ထိုင်နေပြီး စုကျစ်ယန်၏ ဦးခေါင်းထိပ်ကိုနှိပ်နယ်ရန်အတွက်သူ၏လက်များကိုဆန့်ထုတ်လိုက်သည်။  ခဏအကြာ၊စုကျစ်ယန် ၏ ဦးခေါင်းထိပ်ကို နှိပ်လိုက်နိုင်ပေပြီ။ လူ့ခန္ဓာကိုယ်၏ ဦးခေါင်းတွင်အပ်ကဲ့သို့သေးမျှင်သောနက်ဖ်ကြောလေးများရှိသည်ဟု ဆိုကြသည်။  ခေါင်းကိုက်သည့်အခါခဏလောက်နှိပ်နယ်ပေးခြင်းက ထိရောက်စေနိုင်သည်။

သေချာတာပေါ့၊ ဆယ်မိနစ်ခန့်အကြာတွင် စုကျစ်ယန်၏အသက်ရှူသံသည်ပုံမှန်လိုငြိမ်သက်သွားသည်။ သူကခပ်ကျယ်ကျယ်ဖွင့်ဟထားသည့် ပါးစပ်ကနေအသက်ရှူနေသေးပေမယ့်အနည်းဆုံးတော့သူ့ရဲ့မျက်ခုံးတွေကိုသက်တောင့်သက်သာဆန့်ထုတ်ထားနိုင်ခဲ့ချေပြီ။ အရင်ကလိုမတွန့်ကျုံထားတော့ဘူး။

လင်ကျန်းရီသည် စုကျစ်ယန် ကန်ထုတ်ထားသောစောင်ကိုပြန်ဆွဲယူ၍ စောင်ဖြင့် တင်းတင်းကျပ်ကျပ် ပြန်၍ရစ်ပတ်ပေးလိုက်သည်။  သူ နည်းနည်းပိုချွေးထွက်လာပြီးအမြန်ဆုံးပြန်ကောင်းလာလိမ့်မယ်လို့သူမျှော်လင့်သည်။

သို့သော်လည်း လင်ကျန်းရီသည်သူ့နှလုံးသားအားတစ်ဖန်ပြန်လည်၍မဖိနှိပ်နိုင်မီအထိ ကြာရှည်စွာစိတ်သက်သာရာမရနိုင်ခဲ့ပေ။

“ အဟွတ်…”

စုကျစ်ယန်သည် ခဏခဏချောင်းဆိုးနေပြီးနှစ်နှစ်ခြိုက်ခြိုက်အိပ်မရသဖြင့်ဟိုလှည့်ဒီလှည့်ဖြစ်နေလေသည်။

လင်ကျန်းရီသည် ကုတင်ကိုမှီပြီးကြမ်းပြင်ပေါ်တွင်ထိုင်ချလိုက်သည်။  သူ့လက်တစ်ဖက်က စုကျစ်ယန် ကိုညင်ညင်သာသာရပုတ်ပေးနေပြီးကျန်တစ်ဖက်ကသူ့ဖုန်းမှအင်တာနက်ကိုဖွင့်လိုက်သည်။

  သူသည် ချောင်းဆိုးခြင်းကိုမည်သို့ကုသရမည်လဲ ဆိုတာကိုစတင်ရှာဖွေလိုက်သည်။  သေချာတာပေါ့၊ အဲ့ဒါက ကိုယ်၀န်ဆောင်တွေချောင်းဆိုးတဲ့အခါ ဘယ်လိုကုသရမလဲ ဆိုတာအပေါ်ဦးတည်ထားရှာခြင်းပင်။

နှင်းသစ်တော်သီးနှင့်သကြားခဲကိုနှပ်ရမယ်... ဟင်း ... ဒါက ကောင်းမယ့်ပုံပဲ ...

လင်ကျန်းရီသည် ကြမ်းပြင်ကနေထရပ်လိုက်ပြီးမီးဖိုချောင်သို့တိုက်ရိုက်သွားကာပါဝင်ပစ္စည်းတွေကိုစတင်ရှာဖွေတော့သည်။ကံကောင်းထောက်မစွာဖြင့်၊ သူသည် ကျစ်ယန်အတွက်ဆိုကာအဆာပြေဝယ်ရန် ကုန်စုံဆိုင်သို့သွားစဥ်ကအသီးများ ၀ယ်လာခဲ့ပြီး ထိုထဲတွင်နှင်းသစ်တော်သီးနှစ်လုံးပင် ပါလာခဲ့ချေသည်။

ချက်ပြုတ်နည်းလမ်းညွှန်အရ လင်ကျန်းရီသည် နှပ်ထားသောနှင်းသစ်တော်သီးနှင့်သကြားခဲကိုရလောက်ပြီဆိုသည်နှင့်ခပ်ယူလိုက်သည်။  အိပ်ခန်းအတွင်းမှ စုကျစ်ယန်အတွက်မယူသွားမီ သူ အရင်ဆုံးအရသာကိုမြည်းစမ်းကြည့်လိုက်သည်။

ပြဿနာမှာ  စုကျစ်ယန်သည်ယခုအချိန်တွင်အလွန်အိပ်မောကျနေပြီးနိုးထရန်ဆန္ဒလုံး၀မရှိခြင်းပေ။

လင်ကျန်းရီသည် အကောင်ပေါက်လေးအား သူ့လက်မောင်းထဲသို့အသာထည့်၍ ရစ်ပတ်ပွေ့ဖက်ထားလိုက်သည်။ထို့နောက် သူ[ကျစ်ယန်]သောက်ရန်အတွက် မနှိုးခင် ဒီမတိုင်ခင်က စားပွဲပေါ်တွင်တင်ထားသော နှင်းသစ်တော်သီးနှင့်သကြားခဲကိုရောကြိုနှပ်ထားသည်ကိုထည့်ထားသည့်ပန်းကန်လုံးကို ကောက်ယူလိုက်သည်။ 

"ကျစ်ယန် လိမ္မာတယ်...ပါးစပ်ကိုဖွင့်ပြီးရေနည်းနည်းလောက်သောက်လိုက်နော်... မဟုတ်ရင်ချွေးထွက်လွန်ပြီး မင်းလေးရဲ့ ခန္ဓာကိုယ်က ရေဓာတ်ဆုံးရှုံးသွားရလိမ့်မယ်... မင်းလေး ရေဓာတ်ခမ်းခြောက်သွားလိမ့်မယ်နော်...လာ...ပါးစပ်လေးကိုဟ...အာ...ဟုတ်တယ်... အိုကေ... နောက်တစ်ဇွန်းထပ်သောက်မယ်... "

စုကျစ်ယန်သည် ပထမတုန်းကတော့ရေငတ်နေခဲ့သည်။  တစ်ဇွန်းသောက်ပြီးနောက် ဒါကချိုမြိန်ပြီးစားလို့ကောင်းတယ်လို့ သူခံစားလိုက်ရသည်။သူသည် ပိုပြီးလိုချင်လာသဖြင့် ပန်းကန်ရှိရာနေရာသို့ မသိမသာလေးတိုးသွားမိသည်။ 

လင်ကျန်းရီသည် လွန်စွာပျော်ရွှင်သွားသည်။  သူကဒီအခွင့်အရေးကိုအရယူပြီး ပန်းကန်တစ်ခုလုံးကုန်အောင်ခွံ့ပေးလိုက်တော့သည်။

သူလေးကို ကျွေးပြီးနောက် လင်ကျန်းရီသည် ပန်းကန်ကိုစားပွဲပေါ်သို့ပြန်တင်လိုက်သည်။  ထို့နောက် သူက စုကျစ်ယန်ကို သူ့လက်ဖြင့် အသာပွေ့၍ ​ဖြည်းဖြည်းချင်း အိပ်ယာထက်သို့ပြန်လှဲပေးလိုက်ပြီးစောင်ကိုပြန်ချုံပေးလိုက်သည်။

သူဒါတွေအကုန်လုပ်လို့ပြီးသွားသောအခါ လင်ကျန်းရီ၏တယ်လီဖုန်းသည်နှစ်ကြိမ်ခန့် တဖြတ်ဖြတ်လတ်သွားသည်။  ကံအားလျှော်စွာ သူသည် ဖုန်းကို silence mode ထားထားမိသည်။ ဒီလိုမှမဟုတ်ရင် ဒီဖုန်းက ကျစ်ယန်ကို ဒီအချိန်လေးအတွင်းမှာမနိုးသွားစေနိုင်ဘူးလား။

လင်ကျန်းရီသည် အိပ်ခန်းထဲမှထွက်လာလိုက်ပြီး သူဖုန်းမပြောခင်တံခါးကိုအရင်ပိတ်လိုက်သည်။

"ရှောင်းချင့် ဘာဖြစ်လို့လဲ"

"ဥဣဋ္ဌလင်၊ ဒုဥဣဋ္ဌကု က ဥဣဋ္ဌနေရာမှာအစားဝင်ပြီး ယဲ့ ရဲ့ဘက်ကလူတွေနဲ့စကားပြောခဲ့ပေမယ့် တစ်ဖက်က ဥဣဋ္ဌနဲ့ပဲစကားပြောဖို့အခိုင်အမာပြောနေကြတယ်...ဥဣဋ္ဌ..တွေ့တယ်မလား ... "

ကျန်းချင့်သည် မ၀ံ့မရဲဟန်ဖြင့်ပြောလိုက်ပြီး

"ကျွန်မ သူတို့ကိုပြောပြီးပြီ... ဥဣဋ္ဌက ဒီအချိန်မှာ ကိစ္စ တစ်ခုကြောင့်အဝေးကိုရောက်နေပြီး ဒီကိုမလာနိုင်ဘူးဆိုတဲ့အကြောင်းကို...ဒါပေမယ့် တခြားဘက်ကအဖွဲ့၀င်တွေက ဥဣဋ္ဌ video conference နှင့်ပြောရင်တောင်စိတ်ထဲမထားဘူးတဲ့ ... "

“  video conference နဲ့ဆိုတောင်ဖြစ်တယ်ဆိုတော့ ငါသူတို့နဲ့စကားပြောမယ်... "

လင်ကျန်းရီသည်ခပ်မြန်မြန်ပြောလိုက်သည်။

"ငါးမိနစ်လောက်စောင့်လို့....ငါကွန်ပျူတာဖွင့်လိုက်ဦးမယ်"

အစတုန်းက သူသည်အလျင်စလိုပြောင်းရွှေ့ခဲ့ရသောကြောင့် လင်ကျန်းရီသည် သူ၏ကွန်ပျူတာကိုယူမလာခဲ့မိချေ။ သူ ပင်မအိပ်ခန်းထဲတွင်ရှာကြည့်လိုက်တော့ ကွန်ပျူတာစားပွဲနဲ့ကွန်ပျူတာကို လသာဆောင်မှာတွေ့လိုက်ရသည်။

  သူ့မျက်လုံးများတောက်ပသွားသည်။  ဒါပေမယ့် သိပ်မကြာခင်မှာပဲသူ့ရဲ့ အမူအရာတို့မှာကထပ်ပြီးပြိုကွဲသွားရပြန်သည်။

ဒါက desktop ကွန်ပျူတာပဲ။ သူက အဲ့ဒါကိုတစ်ဖက်အိပ်ခန်းကို ရွှေ့ယူ၍ သုံးချင်တယ်ဆိုလျှင် အဲဒါကအရမ်းကို ကရိကထများလိမ့်မယ်!

ဘေးက ခုတင်ပေါ်၌အိပ်ပျော်နေသော လူတစ်ယောက်ကိုကြည့်ရင်း လင်ကျန်းရီ ရုတ်တရက် ရယ်မိပြန်သည်။

ကွန်ပျူတာကိုရွှေ့ရသည်မှာပြသနာရှိပါသော်လည်း "လူတစ်ဦးတစ်ယောက်ကို ရွှေ့ရခြင်းမှာ" လုံး၀ပြသနာမရှိပေ...အာ...! 
ပြီးတော့သူကအဲဒါကိုလုပ်ရလို့ပိုတောင်ပျော်ရွှင်ကျေနပ်သေးတယ်!

ထိုကိစ္စကိုစဉ်းစားရင်း လင်ကျန်းရီက ကုတင်ဘေးသို့သွားပြီး စုကျစ်ယန်ကိုပွေ့ချီကာ သူ[ကျန်းရီ]အမှန်တကယ်အိပ်သင့်သည့် အိပ်ခန်းသို့ ဂရုတစိုက်ရွှေ့လိုက်သည်၊ ဒါပေမယ့်သူကတော့ခုထိမအိပ်ရသေးဘူး။

သူကိုယ်ကိုကိုင်း၍ စုကျစ်ယန်ကို ခြုံပေးဖို့ရန်အတွက်စောင်ကိုဆွဲလိုက်သည်။  လင်ကျန်းရီသည် သူ၏အိပ်ခန်းတံခါးကိုပိတ်လိုက်ပြီးနောက် စုကျစ်ယန်၏ ကွန်ပျူတာရှိရာ ပင်မအိပ်ခန်းထဲသို့ဝင်သွားလိုက်သည်။

ကံကောင်းထောက်မစွာဖြင့်, သူလေး၏ desktop ကွန်ပျူတာတွင် ကင်မရာတစ်လုံးတပ်ဆင်ထားလေသည်။  ဒီလိုမှမဟုတ်ရင်၊သူက video conference ကိုရှေ့ဆက်လို့ရမှာမဟုတ်တော့ပေ။

ကွန်ပျူတာ ပွင့်တာက အတော်လေးတော့မြန်လေသည်။ 
လင်ကျန်းရီသည် ညာဘက်အောက်ထောင့်ရှိ boxကိုတစ်ချက်ကြည့်ရုံနှင့်ကူကယ်ရာမဲ့သလိုခံစားလိုက်ရသည်။ 

ဒီကွန်ပျူတာဟာဖွင့်ဖို့အတွက်၃၅ စက္ကန့်ပဲကြာတယ်.. ရှိခဲ့ပြီးတဲ့ကွန်ပျူတာ ၇၃% ကိုရိုက်ချိုးလိုက်ရမယ့်ပုံပင်။ 

လင်ကျန်းရီ ပြုံးလိုက်မိသည်။

ဒီကောင်စုတ်လေး... desktop ကွန်ပျူတာကိုသာမကြည့်လိုက်မိပါက ၎င်း၏ဖွဲ့စည်းတည်ဆောက်ပုံသည်အလွန်မြင့်မားကြောင်းသိနိုင်မည်မဟုတ်ပေ!

ရေးဆွဲခြင်းနှင့်ဗွီဒီယိုထုတ်လုပ်ခြင်းအတွက်အများစုပါ၀င်သော ဘယ်ဘက်မှ software စာရင်းကိုကြည့်ခြင်းဖြင့် လင်ကျန်းရီသည် ကွန်ပျူတာ၏ဖွဲ့စည်းပုံ မြင့်မားသည်မှာအံ့သြစရာမဟုတ်ကြောင်းရုတ်တရက်သတိပြုမိသွားသည်။ 

အဆင့်မြင့် software တွေ အများကြီး download လုပ်ထားတယ်။  ထို့ကြောင့်သူ၏ ဤကွန်ပျူတာသာ စွမ်းရည်မြင့်မားမှုမရှိပါလျှင် ဤစွမ်းရည်မြင့် software အားလုံးကိုသုံးနိုင်လိမ့်မည်မဟုတ်ပေ။

ကွန်ပျူတာနောက်ခံပုံမှာ စုကျစ်ယန် သူ ခရီးသွားတုန်းက ရိုက်ထားသည့်ပုံဖြစ်သည်။ သူ့အသက် ၂၀ အောက်သာသာတုန်းကဖြစ်ကောင်းဖြစ်နိုင်သည်။  သူသည် အလွန်ငယ်ရွယ်နေပြီးခွန်အားအပြည့်ဖြင့်တတ်ကြွပုံရနေသည်။ 

အကောင်ပေါက်လေးသည် ကျောက်လိပ်၏နောက်ကျောဘက်တွင်စီးနင်းနေပြီး သူလေးသည်အလွန်တောက်ပစွာပြုံးနေခဲ့သည်။

လင်ကျန်းရီ၏ စိတ်ခံစားချက်တို့သည် သူလေး၏အပြုံးကြောင့်အတော်လေး သာယာသောခံစားချက်သို့လွှမ်းမိုးသွားတော့သည်။

  သူတို့သုံးယောက်သားခရီးအတူထွက်သည်ဟု စိတ်ကူးယဥ်မိသည့်အခါ သူ့သားလေးနဲ့ ကျစ်ယန်က ကလေးဆန်တဲ့အရာတွေကိုကစားရတာသဘောကျ ကျမှာသေချာတယ်...

ဒီလူလေးနှစ်ယောက် အတူတူကစားနေကြတဲ့ပုံတွေကိုစဉ်းစားလိုက်ရုံဖြင့် လင်ကျန်းရီတစ်ယောက် အော်ရယ်လုနီးပါးဖြစ်သွားရသည်။

ကံကောင်းစွာဖြင့်၊ ဥဣဋ္ဌလင် တစ်ယောက် ဤကွန်ပျူတာနှင့်လုပ်ရမည့် သူ၏ရည်ရွယ်ချက်ကိုမမေ့ခဲ့ချေ။

သူသည်အင်တာနက်ပေါ်တွင် video conference အတွက်အထူးပြုလုပ်ထားသော software ကို download လုပ်တာနှင့် install လုပ်တာအတွက် ငါးမိနစ်ခန့်သာကြာခဲ့သည်။

အင်း… ကျစ်ယန် အိမ်ရဲ့အင်တာနက်အမြန်နှုန်းကတော်တော်လေးကိုမြန်တာပဲ။  မဆိုးပါဘူး... ဒီအကောင်ပေါက်လေးကသူ့ကိုယ်သူဘယ်လိုပျော်အောင်နေရမလဲဆိုတာတော့တအားသိတယ်။

ဗီဒီယိုကွန်ဖရင့်ကိုဖွင့်ပြီးနောက် လင်ကျန်းရီသည် အလုပ်ချိန်အတွင်းသူ၏ ခက်ထန်သောအသွင်အပြင်ကိုပြန်လည်ဆင်မြန်းလိုက်သည်။ 

သူ့လက်ထဲတွင် ကုမ္ပဏီမှအချက်အလက်တွေ ရှိမနေပေမယ့် လင်ကျန်းရီသည် တည်ကြည်ခိုင်မာပြီးယုံကြည်ချက်အပြည့်ရှိဟန်နှင့် လွတ်လွတ်လပ်လပ်ပြောဆိုနိုင်နေတုန်းပင်။ 

ထို့ပြင် ဖော်ပြသွားသောဥပမာများသည်မှန်ကန်ရုံသာမက၊ ယဲ့၏ထုတ်ကုန်နှင့်ပတ်သတ်သော ထူးခြားသောလက္ခဏာရပ်များနှင့် အဓိကသော့ချက်များကို တစ်ချက်မမှားယွင်းဘဲ ယုံကြည်ချက်ရှိရှိပြောခဲ့သည်။

ဤအချက်ဖြင့်ပင်၊ ယဲ့ ၏ကိုယ်စားလှယ်သည် လင်ကျန်းရီ ဦးဆောင်သော လုပ်ငန်းတွင် လက်တွဲခြင်းသည် လေးစားဖွယ်ကောင်းရုံသာမက လုံး၀ မျှော်လင့်ချက်အပြည့် ဖြင့် လုံး၀ယုံကြည်ထိုက်ပေသည်။

အစည်းအဝေးမပြီးမီမှာပင် လင်ကျန်းရီ နှင့်စာချုပ်ချုပ်ပြီးဒုဥဣဋ္ဌ ကုဖုန်း ကလက်မှတ်ထိုးလိုက်လေသည်။

ဘာပဲဖြစ်ဖြစ်၊အတွင်းရေးမှူး ကျန်းချင့် ရဲ့တံဆိပ်လည်းပါရှိသလို ကုဖုန်းရဲ့လက်မှတ်လည်းပါရှိတာကြောင့် ဒီပူးပေါင်းမှုကိုပြီးပြည့်စုံတယ်လို့ယူဆနိုင်ပေသည်။

"ဒုဥဣဋ္ဌ ကု " 

ကျန်းချင့်သည် အသံတိုးတိုးဖြင့် နှစ်ခါမျှခေါ်လိုက်သည်။ 

ဒုဥဣဋ္ဌကု ၏ လွင့်ချင်တိုင်းလွင့်နေသော သူ့အတွေးအာရုံများသည်လျင်မြန်စွာပြန်လာတော့သည်။ 

သူ တောင်းပန်သည့် အပြုံးကိုပြုံးလိုက်ကာ ကျန်းချင့်၏လက်ထဲမှ ဘောပင်ကိုယူ၍စာချုပ်တွင် လက်မှတ်ထိုးလိုက်သည်။  ထို့နောက် သူသည် သူတို့၏အနာဂတ်ပူးပေါင်းဆောင်ရွက်မှုများအတွက် သူ၏ပျော်ရွှင်မှုကိုဖော်ပြရန် ယဲ့မီဒီယာ မှ ကိုယ်စားလှယ်နှင့်လက်ဆွဲနှုတ်ဆက်လိုက်သည်။ 

တစ်ချိန်တည်းမှာပဲ သူလည်းညစာအတူတူစားဖို့ရန်သဘောတူလိုက်ရသည်…

ကုဖုန်းသည် ယဲ့ ၏ကိုယ်စားလှယ်နှင့် အထာကျကျပြောဆိုဆက်ဆံနေသော်လည်း သူ၏မျက်လုံးများမှာတော့ video call တစ်ဖက်ရှိ လင်ကျန်းရီ ၏နောက်ကွယ်ရှိအရာများသို့မသိစိတ်ဖြင့် အလိုလိုမျောပါသွားသည်။

——အဲဒါက ပုခက် မဟုတ်ဘူးလား။  ထိပ်မှာလည်း Super Q ရဲ့ အလွန်ချစ်စရာ ကောင်းတဲ့အ၀တ်အထည်အသေးစား ပုံစံမျိုးစုံနဲ့ ပြီးတော့ လင်ကျန်းရီ ရဲ့ အခန်းနံရံများပေါ်တွင်လည်းကလေးငယ်များ၏ရုပ်ပုံများဖြင့်ဖုံးလွှမ်းထားသေးတယ်...

—— ဒီအခန်းကတကယ်ကိုမရင်းနှီးသလိုပဲ။ ဒါက လင်ကျန်းရီ ရဲ့ ဗီလာ နဲ့ လုံးဝမတူဘူး။  ဒီအခန်းကိုကြည့်ရတာ စတုရန်းမီတာလေးဆယ်ထက်လုံး၀မပိုဘူး။ ဒါကအရမ်းကျဥ်းလွန်းတယ်...သေချာပြီ...ဒါက လင်ကျန်းရီ ရဲ့ဗီလာမှာရှိတဲ့ အခန်းတစ်ခန်းလုံး၀မဖြစ်နိုင်ဘူး။

ကုဖုန်းယင်: ဒီကောင် အတိအကျဘယ်နေရာမှာရှိနေတာလဲ? သူကအပြင်မှာ တစ်စုံတစ်ယောက်နှင့်အတူတူ ကလေးတွေရှိနေပြီးအသိုက်သေးသေးလေးရှိနေတာဖြစ်နိုင်မလား။

ကျွတ်...ကျွတ် ..လင်ကျန်းရီ...အာ... မင်း ဒီလိုအရာလေးတွေကိုဘယ်လို ဖွက်ထားရမလဲဆိုတာ တကယ်ကောင်းကောင်းသိတာပဲ အား!

___________________________________________

တစ်ခွန်းပဲပြောနိုင်တယ် 'အရှည်ကြီးပဲ...အား!!!'
ပြီးတော့ လင်ဥဣဋ္ဌလိုဘဲမျိုးလိုချင်တယ်...အား!!!

(မီလည်းရော့်နောက်ကလိုက်အော်မယ် အား မီးအားနဲ!! မနေ့ကတင်ပြီးပြီထင်လို့ အေးဆေးနေနေမိတာပါ အား!!)

Translated By Yaw_Ywet_Kway [Team-Camomile]


Zawgyi

အခန္း-၅၆။ဗီဒီယိုကြန္ဖရင့္မွာ...ဘာေၾကာင့္မ်ားကေလးပုခက္ကရွိေနရတာလဲ
___________________________________________

သူ႕ရဲ႕မ်ိဳသိပ္ထားရေသာ ခံစားခ်က္မ်ားႏွင့္ အေအးမိ၍ျဖစ္ေပၚလာေသာအဆင္မေျပမႈမ်ား​ေပါင္းစုကာ စုက်စ္ယန္သည္အိပ္ေပ်ာ္ေနစဥ္ နိုးတစ္၀က္အိပ္တစ္၀က္ျဖင့္အနည္းငယ္နာက်င္ေသာခံစားခ်က္ေၾကာင့္ ညည္းတြားညည္းၫူေနမိသည္။

လင္က်န္းရီသည္ သူ႕အတြက္ေစာင္ခ်ဳံေပးလိုက္ၿပီးထိုလူေလးကိညင္သာစြာပုတ္ေပးလိုက္သည္။
သူသည္ထိုလူေလး ျပန္၍ အိပ္ေပ်ာ္သြားေစရန္ေခ်ာ့သိပ္ၿပီးကာမွသက္ျပင္းအသာခ်မိေတာ့သည္။

သူကထမင္းတစ္ဝက္ခန့္စားၿပီးသည္ႏွင့္ပန္းကန္မ်ားႏွင့္တူမ်ားကိုေဆးေၾကာရွင္းလင္းလိုက္သည္။  ေနာက္ဆုံးအေနနဲ႕  စုက်စ္ယန္ ႀကိဳက္သည့္ ဖက္ထုပ္ေတြကို သူ ေရခဲေသတၱာထဲတြင္ထည့္ထားလိုက္ၿပီး ေနာက္ပိုင္းသူဗိုက္ဆာလာသည့္အခါအဲဒါေတြကိုသူစားလို႔ရနိုင္လိမ့္မည္ျဖစ္၏။

အရာအားလုံးရွင္းလင္းသြားၿပီ။ 

လင္က်န္းရီသည္ က်န္းခ်င့္ထံမွ ဖုန္းလက္ခံရရွိၿပီး ကုမၸဏီက ေန႕လည္တြင္အစည္းအေဝးတစ္ခုျပဳလုပ္လိမ့္မည္ျဖစ္ေၾကာင္းေျပာလာခဲ့သည္။ 

ထိုအရာသည္ ယဲ့မီဒီယာ ႏွင့္ ပူးေပါင္းမႈအားစပ္လ်ဥ္း၍ အေရးႀကီးေသာအစည္းအေဝးျဖစ္ေလသည္။  သို႔ရာတြင္ ဥဣ႒မွာမရွိေလေသာေၾကာင့္အစည္းအေဝးကိုမည္သို႔ေရွ႕ဆက္ရနိုင္မည္နည္း။

လင္က်န္းရီ "ငါတို႔ video conference လုပ္လို႔ရလား"

[Online Meeting နဲ႕အဓိပၸါယ္အတူတူပါပဲေနာ္]

က်န္းခ်င့္သည္ စကၠန့္၀က္မွ်ရပ္တန့္သြားၿပီကာမွျပန္ေျဖလာသည္။

“ ဥဣ႒လင္ ရွိေနသ၍ အဆင္ေျပတယ္...ဒါေပမယ့္ဗီဒီယိုကြန္ဖရင့္နဲ႕ လုပ္တာကနည္းနည္းေတာ့ မရိုးသားသလိုျဖစ္ေနတယ္.. ဥဣ႒လင္ တကယ္ကိုအလ်င္စလိုေနာက္ဆုတ္လို႔မရဘူးလား အစည္းအေဝးကေန႕လည္ ေလးနာရီအထိမစေသးပါဘူး! "

“ ငါဒီအေၾကာင္းကိုထပ္စဥ္းစားၾကည့္ဦးမယ္... ငါသုံးနာရီၾကမွမင္းကိုေခၚလိုက္မယ္... အခုမင္း ကုဖုန္း ကိုသြားေျပာ..ယဲ့ဘက္ကကိုယ္စားလွယ္နဲ႕ ေနသားတက်ဆက္ဆံေပးဖို႔ ထြက္လာရမယ္ဆိုၿပီးသူ႕ကိုေခၚလိုက္... ဘာပဲျဖစ္ျဖစ္ သူက ကုမၸဏီရဲ႕ဒုတိယဥကၠဌျဖစ္ေနၿပီး အဲဒါက video conferencing တစ္ခုထက္ပိုေၾကာင္းေလးစားမႈကိုျပရာေရာက္တယ္ေလ ”

"ဟုတ္ကဲ့ပါ ဥကၠဌလင္" 

က်န္းခ်င့္သည္သူမေပးအပ္ျခင္းခံရေသာတာဝန္ကိုျမန္ျမန္ဆန္ဆန္လုပ္ေဆာင္ခဲ့သည္။

လင္က်န္းရီ ဖုန္းခ်လိဳက္သည့္အခါ ေနာက္ထပ္တစ္ဖန္ အမည္မသိဖုန္းနံပါတ္တစ္ခုမွေခၚဆိုမႈတစ္ခုကိုလက္ခံရရွိလိုက္ျပန္သည္။  သူသည္ ေခၚဆိုမႈကိုလက္ခံလိုက္ၿပီးေမးလိုက္သည္။

“ ဒါကဘယ္သူလဲ”

"မစၥတာလင္လားခင္ဗ်၊  ကြၽန္ေတာ္တို႔က ကြမ္းမင္အိမ္အလွဆင္ကုမၸဏီကပါ လူႀကီးမင္းက ကြၽန္ေတာ္တို႔ကို ဒီမတိုင္ခင္ကေခၚဆိုထားၿပီး ေရခ်ိဳးခန္းၾကမ္းျပင္ကိုအသစ္ျပန္အလွဆင္ၿပီးေရမေခ်ာတဲ့ဟာနဲ႕ေျပာင္းခ်င္တယ္လို႔ေျပာခဲ့တယ္မဟုတ္လား... "

“ အိုး၊ ဟုတ္တယ္၊ မွန္တယ္...  ကြၽန္ေတာ္ပါ။" 

လင္က်န္းရီ႐ုတ္တရက္ပင္သေဘာေပါက္သြားသည္။

"လူႀကီးမင္းအတြက္ဘယ္အခ်ိန္ေလာက္အဆင္ေျပနိုင္မလဲ။  ၾကမ္းျပင္ကိုျပန္လည္ျပင္ဆင္တဲ့အခ်ိန္က တစ္ပတ္ေလာက္ၾကာလိမ့္မယ္... အခ်န္ခဏေလာက္ အျပင္ကိုေ႐ႊ႕သြားတာကပိုေကာင္းလိမ့္မယ္... လူႀကီးမင္းမွာတျခားအစီအစဥ္မ်ားရွိပါေသးလား။ "

“ အိုး၊ ဒါကဒီလိုလား…ကြၽန္ေတာ္အိမ္ကေ႐ႊ႕သြားရဖို႔ကကိစၥမရွိေပမယ့္အခ်ိန္နည္းနည္းေလာက္လိုေသးတယ္... ဒါ့အျပင္ မင္း ကြၽန္ေတာ္ကိုအေကာင္းဆုံးပစၥည္းေတြေပးနိုင္လိမ့္မယ္လို႔ ေမွ်ာ္လင့္ပါတယ္...ကြၽန္ေတာ္မိန္းမကကိုယ္ဝန္ရွိေနတယ္၊ ​​ျပင္ဆင္ၿပီးတဲ့အခါၾကမ္းျပင္ကမေခ်ာေတာ့ဘူးလို႔ ကြၽန္ေတာ္ေမွ်ာ္လင့္တယ္၊ ဆိုလိုခ်င္တာက ၾကမ္းျပင္ကစိုေနရင္ေတာင္မေခ်ာ္နိုင္မယ့္ေဘးကင္းလုံၿခဳံမႈမ်ိဳးေပါ့"

"မစၥတာလင္ ေက်းဇူးျပဳၿပီး ကြၽန္ေတာ္တို႔ လူႀကီးမင္းရဲ႕ေတာင္းဆိုခ်က္ကိုမွတ္သားထားၿပီးသားျဖစ္တာမို႔လို႔ လူႀကီးမင္းတို႔အေနနဲ႕ဘယ္အခ်ိန္ေလာက္ထြက္သြားေပးနိုင္မလဲ”

(နင့္ဟာကအိမ္ျပင္တာလား အေႂကြးေတာင္းတာလားဟယ္O~O///)

"ကြၽန္ေတာ္ခင္ဗ်ားတို႔ကိုၿပီးမွျပန္ဆက္သြယ္လိုက္ပါ့မယ္"

“ ေကာင္းၿပီ၊ မစၥတာလင္အေနနဲ႕ ေနာက္ထပ္လိုအပ္ခ်က္ေတြရွိေနေသးရင္လည္း ကြၽန္ေတာ္တို႔ကိုတိုက္ရိုက္ေခၚလို႔ရပါတယ္ ႏႈတ္ဆက္ပါတယ္ မစၥတာလင္"

"ႏူတ္ဆက္ပါတယ္"

လင္က်န္းရီတစ္ေယာက္ ဖုန္းကိုခ်လိဳက္ၿပီးသည္ႏွင့္ဂုဏ္ဆာစြာျဖင့္ၿပဳံးလိုက္မိသည္။

အျပင္ကိုေ႐ႊ႕တာ...အာ…တစ္ျခားတစ္ေယာက္ကအေဝးတစ္ေနရာကေနရွာေဖြေပးတဲ့တကယ္ကိုထူးဆန္းတဲ့ ကံေကာင္းျခင္းဆုလာဘ္ ရွာေဖြေတြ႕ရွိမႈေလးပဲ!

သူလိုခ်င္တုန္းကၾကဘယ္လိုမွမရခဲ့ဘူး!

အရင္တုန္းက သူ ဒီအေကာင္ေပါက္ေလးကို ေခၚၿပီး သူနဲ႕အတူေနဖို႔ရာ နည္းလမ္းေပါင္းစုံကိုႀကိဳးစားခဲ့ေပမယ့္ စုက်စ္ယန္ကအၿမဲလိုလို လုံး၀သေဘာမတူခဲ့ဘူး။

ယခုေတာ့ျဖင့္...သူသည္ၾကမ္းျပင္ကိုျပန္လည္ျပဳျပင္သည့္ကိစၥကိုအေၾကာင္းျပ၍ သူ႕ကိုေခၚသြားနိုင္ေပၿပီ!

“ အင္း…”

စုက်စ္ယန္၏ မသက္မသာျဖစ္ေနေသာညည္းၫူသံတစ္ခုကို ၾကားလိုက္သည့္အခါ လင္က်န္းရီ၏အၿပဳံးသည္လ်င္ျမန္စြာၿပိဳကြဲသြားေတာ့သည္။ 

သူက ဒီအခ်ိန္ေလးအတြင္းမွာ ေနမေကာင္းျဖစ္ေနသည့္ လူတစ္ေယာက္အေၾကာင္းေတြးလိုက္မိသည့္အခါ အရမ္းစိတ္ေသာကေရာက္သြားသလိုခံစားလိုက္ရသည္။

"က်စ္ယန္... ဘာျဖစ္လို႔လဲ?"

လင္က်န္းရီသည္ကုတင္ေဘးတြင္ထိုင္ခ်လိဳက္ၿပီး စုက်စ္ယန္ ၏နဖူးကိုစမ္းလိုက္သည္။  သူေန႕လည္စာမစားခင္ကအဖ်ားမတက္ခဲ့ေပမဲ့အခုအဖ်ားတက္ေနၿပီလားဆိုတာသူလည္းမသိေပ။

စစ္ေဆးၿပီးသည့္ေနာက္ လင္က်န္းရီသည္ခ်က္ခ်င္းပင္စိတ္သက္သာရာရသြားသည္။  သူေလး၏ကိုယ္အပူခ်ိန္သည္ပုံမွန္အတိုင္းအတာတစ္ခုတြင္ရွိေနဆဲျဖစ္ေလသည္။

“ အင္း…ေခါင္းကိုက္…တယ္...”

စုက်စ္ယန္သည္ ေစာင္ကိုကန္ထုတ္ပစ္လိုက္ၿပီးအားအင္ခ်ိနဲ႕စြာညည္းၫူလိုက္သည္။  သူလုံး၀အိပ္မေပ်ာ္ဘူး။

လင္က်န္းရီသည္ခုတင္ေပၚတြင္ထိုင္ေနၿပီး စုက်စ္ယန္၏ ဦးေခါင္းထိပ္ကိုႏွိပ္နယ္ရန္အတြက္သူ၏လက္မ်ားကိုဆန႔္ထုတ္လိုက္သည္။  ခဏအၾကာ၊စုက်စ္ယန္ ၏ ဦးေခါင္းထိပ္ကို ႏွိပ္လိုက္နိုင္ေပၿပီ။ လူ႕ခႏၶာကိုယ္၏ ဦးေခါင္းတြင္အပ္ကဲ့သို႔ေသးမွ်င္ေသာနက္ဖ္ေၾကာေလးမ်ားရွိသည္ဟု ဆိုၾကသည္။  ေခါင္းကိုက္သည့္အခါခဏေလာက္ႏွိပ္နယ္ေပးျခင္းက ထိေရာက္ေစနိုင္သည္။

ေသခ်ာတာေပါ့၊ ဆယ္မိနစ္ခန႔္အၾကာတြင္ စုက်စ္ယန္၏အသက္ရႉသံသည္ပုံမွန္လိုၿငိမ္သက္သြားသည္။ သူကခပ္က်ယ္က်ယ္ဖြင့္ဟထားသည့္ ပါးစပ္ကေနအသက္ရႉေနေသးေပမယ့္အနည္းဆုံးေတာ့သူ႕ရဲ႕မ်က္ခုံးေတြကိုသက္ေတာင့္သက္သာဆန႔္ထုတ္ထားနိုင္ခဲ့ေခ်ၿပီ။ အရင္ကလိုမတြန႔္က်ဳံထားေတာ့ဘူး။

လင္က်န္းရီသည္ စုက်စ္ယန္ ကန္ထုတ္ထားေသာေစာင္ကိုျပန္ဆြဲယူ၍ ေစာင္ျဖင့္ တင္းတင္းက်ပ္က်ပ္ ျပန္၍ရစ္ပတ္ေပးလိုက္သည္။  သူ နည္းနည္းပိုေခြၽးထြက္လာၿပီးအျမန္ဆုံးျပန္ေကာင္းလာလိမ့္မယ္လို႔သူေမွ်ာ္လင့္သည္။

သို႔ေသာ္လည္း လင္က်န္းရီသည္သူ႕ႏွလုံးသားအားတစ္ဖန္ျပန္လည္၍မဖိႏွိပ္နိုင္မီအထိ ၾကာရွည္စြာစိတ္သက္သာရာမရနိုင္ခဲ့ေပ။

“ အဟြတ္…”

စုက်စ္ယန္သည္ ခဏခဏေခ်ာင္းဆိုးေနၿပီးႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္မရသျဖင့္ဟိုလွည့္ဒီလွည့္ျဖစ္ေနေလသည္။

လင္က်န္းရီသည္ ကုတင္ကိုမွီၿပီးၾကမ္းျပင္ေပၚတြင္ထိုင္ခ်လိဳက္သည္။  သူ႕လက္တစ္ဖက္က စုက်စ္ယန္ ကိုညင္ညင္သာသာရပုတ္ေပးေနၿပီးက်န္တစ္ဖက္ကသူ႕ဖုန္းမွအင္တာနက္ကိုဖြင့္လိုက္သည္။

  သူသည္ ေခ်ာင္းဆိုးျခင္းကိုမည္သို႔ကုသရမည္လဲ ဆိုတာကိုစတင္ရွာေဖြလိုက္သည္။  ေသခ်ာတာေပါ့၊ အဲ့ဒါက ကိုယ္၀န္ေဆာင္ေတြေခ်ာင္းဆိုးတဲ့အခါ ဘယ္လိုကုသရမလဲ ဆိုတာအေပၚဦးတည္ထားရွာျခင္းပင္။

ႏွင္းသစ္ေတာ္သီးႏွင့္သၾကားခဲကိုႏွပ္ရမယ္... ဟင္း ... ဒါက ေကာင္းမယ့္ပုံပဲ ...

လင္က်န္းရီသည္ ၾကမ္းျပင္ကေနထရပ္လိုက္ၿပီးမီးဖိုေခ်ာင္သို႔တိုက္ရိုက္သြားကာပါဝင္ပစၥည္းေတြကိုစတင္ရွာေဖြေတာ့သည္။ကံေကာင္းေထာက္မစြာျဖင့္၊ သူသည္ က်စ္ယန္အတြက္ဆိုကာအဆာေျပဝယ္ရန္ ကုန္စုံဆိုင္သို႔သြားစဥ္ကအသီးမ်ား ၀ယ္လာခဲ့ၿပီး ထိုထဲတြင္ႏွင္းသစ္ေတာ္သီးႏွစ္လုံးပင္ ပါလာခဲ့ေခ်သည္။

ခ်က္ျပဳတ္နည္းလမ္းၫႊန္အရ လင္က်န္းရီသည္ ႏွပ္ထားေသာႏွင္းသစ္ေတာ္သီးႏွင့္သၾကားခဲကိုရေလာက္ၿပီဆိုသည္ႏွင့္ခပ္ယူလိုက္သည္။  အိပ္ခန္းအတြင္းမွ စုက်စ္ယန္အတြက္မယူသြားမီ သူ အရင္ဆုံးအရသာကိုျမည္းစမ္းၾကည့္လိုက္သည္။

ျပႆနာမွာ  စုက်စ္ယန္သည္ယခုအခ်ိန္တြင္အလြန္အိပ္ေမာက်ေနၿပီးနိုးထရန္ဆႏၵလုံး၀မရွိျခင္းေပ။

လင္က်န္းရီသည္ အေကာင္ေပါက္ေလးအား သူ႕လက္ေမာင္းထဲသို႔အသာထည့္၍ ရစ္ပတ္ေပြ႕ဖက္ထားလိုက္သည္။ထို႔ေနာက္ သူ[က်စ္ယန္]ေသာက္ရန္အတြက္ မႏွိုးခင္ ဒီမတိုင္ခင္က စားပြဲေပၚတြင္တင္ထားေသာ ႏွင္းသစ္ေတာ္သီးႏွင့္သၾကားခဲကိုေရာႀကိဳႏွပ္ထားသည္ကိုထည့္ထားသည့္ပန္းကန္လုံးကို ေကာက္ယူလိုက္သည္။ 

"က်စ္ယန္ လိမၼာတယ္...ပါးစပ္ကိုဖြင့္ၿပီးေရနည္းနည္းေလာက္ေသာက္လိုက္ေနာ္... မဟုတ္ရင္ေခြၽးထြက္လြန္ၿပီး မင္းေလးရဲ႕ ခႏၶာကိုယ္က ေရဓာတ္ဆုံးရႈံးသြားရလိမ့္မယ္... မင္းေလး ေရဓာတ္ခမ္းေျခာက္သြားလိမ့္မယ္ေနာ္...လာ...ပါးစပ္ေလးကိုဟ...အာ...ဟုတ္တယ္... အိုေက... ေနာက္တစ္ဇြန္းထပ္ေသာက္မယ္... "

စုက်စ္ယန္သည္ ပထမတုန္းကေတာ့ေရငတ္ေနခဲ့သည္။  တစ္ဇြန္းေသာက္ၿပီးေနာက္ ဒါကခ်ိဳၿမိန္ၿပီးစားလို႔ေကာင္းတယ္လို႔ သူခံစားလိုက္ရသည္။သူသည္ ပိုၿပီးလိုခ်င္လာသျဖင့္ ပန္းကန္ရွိရာေနရာသို႔ မသိမသာေလးတိုးသြားမိသည္။ 

လင္က်န္းရီသည္ လြန္စြာေပ်ာ္႐ႊင္သြားသည္။  သူကဒီအခြင့္အေရးကိုအရယူၿပီး ပန္းကန္တစ္ခုလုံးကုန္ေအာင္ခြံ႕ေပးလိုက္ေတာ့သည္။

သူေလးကို ေကြၽးၿပီးေနာက္ လင္က်န္းရီသည္ ပန္းကန္ကိုစားပြဲေပၚသို႔ျပန္တင္လိုက္သည္။  ထို႔ေနာက္ သူက စုက်စ္ယန္ကို သူ႕လက္ျဖင့္ အသာေပြ႕၍ ​ျဖည္းျဖည္းခ်င္း အိပ္ယာထက္သို႔ျပန္လွဲေပးလိုက္ၿပီးေစာင္ကိုျပန္ခ်ဳံေပးလိုက္သည္။

သူဒါေတြအကုန္လုပ္လို႔ၿပီးသြားေသာအခါ လင္က်န္းရီ၏တယ္လီဖုန္းသည္ႏွစ္ႀကိမ္ခန့္ တျဖတ္ျဖတ္လတ္သြားသည္။  ကံအားေလွ်ာ္စြာ သူသည္ ဖုန္းကို silence mode ထားထားမိသည္။ ဒီလိုမွမဟုတ္ရင္ ဒီဖုန္းက က်စ္ယန္ကို ဒီအခ်ိန္ေလးအတြင္းမွာမနိုးသြားေစနိုင္ဘူးလား။

လင္က်န္းရီသည္ အိပ္ခန္းထဲမွထြက္လာလိုက္ၿပီး သူဖုန္းမေျပာခင္တံခါးကိုအရင္ပိတ္လိုက္သည္။

"ေရွာင္းခ်င့္ ဘာျဖစ္လို႔လဲ"

"ဥဣ႒လင္၊ ဒုဥဣ႒ကု က ဥဣ႒ေနရာမွာအစားဝင္ၿပီး ယဲ့ ရဲ႕ဘက္ကလူေတြနဲ႕စကားေျပာခဲ့ေပမယ့္ တစ္ဖက္က ဥဣ႒နဲ႕ပဲစကားေျပာဖို႔အခိုင္အမာေျပာေနၾကတယ္...ဥဣ႒..ေတြ႕တယ္မလား ... "

က်န္းခ်င့္သည္ မ၀ံ့မရဲဟန္ျဖင့္ေျပာလိုက္ၿပီး

"ကြၽန္မ သူတို႔ကိုေျပာၿပီးၿပီ... ဥဣ႒က ဒီအခ်ိန္မွာ ကိစၥ တစ္ခုေၾကာင့္အေဝးကိုေရာက္ေနၿပီး ဒီကိုမလာနိုင္ဘူးဆိုတဲ့အေၾကာင္းကို...ဒါေပမယ့္ တျခားဘက္ကအဖြဲ႕၀င္ေတြက ဥဣ႒ video conference ႏွင့္ေျပာရင္ေတာင္စိတ္ထဲမထားဘူးတဲ့ ... "

“  video conference နဲ႕ဆိုေတာင္ျဖစ္တယ္ဆိုေတာ့ ငါသူတို႔နဲ႕စကားေျပာမယ္... "

လင္က်န္းရီသည္ခပ္ျမန္ျမန္ေျပာလိုက္သည္။

"ငါးမိနစ္ေလာက္ေစာင့္လို႔....ငါကြန္ပ်ဴတာဖြင့္လိုက္ဦးမယ္"

အစတုန္းက သူသည္အလ်င္စလိုေျပာင္းေ႐ႊ႕ခဲ့ရေသာေၾကာင့္ လင္က်န္းရီသည္ သူ၏ကြန္ပ်ဴတာကိုယူမလာခဲ့မိေခ်။ သူ ပင္မအိပ္ခန္းထဲတြင္ရွာၾကည့္လိုက္ေတာ့ ကြန္ပ်ဴတာစားပြဲနဲ႕ကြန္ပ်ဴတာကို လသာေဆာင္မွာေတြ႕လိုက္ရသည္။

  သူ႕မ်က္လုံးမ်ားေတာက္ပသြားသည္။  ဒါေပမယ့္ သိပ္မၾကာခင္မွာပဲသူ႕ရဲ႕ အမူအရာတို႔မွာကထပ္ၿပီးၿပိဳကြဲသြားရျပန္သည္။

ဒါက desktop ကြန္ပ်ဴတာပဲ။ သူက အဲ့ဒါကိုတစ္ဖက္အိပ္ခန္းကို ေ႐ႊ႕ယူ၍ သုံးခ်င္တယ္ဆိုလွ်င္ အဲဒါကအရမ္းကို ကရိကထမ်ားလိမ့္မယ္!

ေဘးက ခုတင္ေပၚ၌အိပ္ေပ်ာ္ေနေသာ လူတစ္ေယာက္ကိုၾကည့္ရင္း လင္က်န္းရီ ႐ုတ္တရက္ ရယ္မိျပန္သည္။

ကြန္ပ်ဴတာကိုေ႐ႊ႕ရသည္မွာျပသနာရွိပါေသာ္လည္း "လူတစ္ဦးတစ္ေယာက္ကို ေ႐ႊ႕ရျခင္းမွာ" လုံး၀ျပသနာမရွိေပ...အာ...! 
ၿပီးေတာ့သူကအဲဒါကိုလုပ္ရလို႔ပိုေတာင္ေပ်ာ္႐ႊင္ေက်နပ္ေသးတယ္!

ထိုကိစၥကိုစဥ္းစားရင္း လင္က်န္းရီက ကုတင္ေဘးသို႔သြားၿပီး စုက်စ္ယန္ကိုေပြ႕ခ်ီကာ သူ[က်န္းရီ]အမွန္တကယ္အိပ္သင့္သည့္ အိပ္ခန္းသို႔ ဂ႐ုတစိုက္ေ႐ႊ႕လိုက္သည္၊ ဒါေပမယ့္သူကေတာ့ခုထိမအိပ္ရေသးဘူး။

သူကိုယ္ကိုကိုင္း၍ စုက်စ္ယန္ကို ၿခဳံေပးဖို႔ရန္အတြက္ေစာင္ကိုဆြဲလိုက္သည္။  လင္က်န္းရီသည္ သူ၏အိပ္ခန္းတံခါးကိုပိတ္လိုက္ၿပီးေနာက္ စုက်စ္ယန္၏ ကြန္ပ်ဴတာရွိရာ ပင္မအိပ္ခန္းထဲသို႔ဝင္သြားလိုက္သည္။

ကံေကာင္းေထာက္မစြာျဖင့္, သူေလး၏ desktop ကြန္ပ်ဴတာတြင္ ကင္မရာတစ္လုံးတပ္ဆင္ထားေလသည္။  ဒီလိုမွမဟုတ္ရင္၊သူက video conference ကိုေရွ႕ဆက္လို႔ရမွာမဟုတ္ေတာ့ေပ။

ကြန္ပ်ဴတာ ပြင့္တာက အေတာ္ေလးေတာ့ျမန္ေလသည္။ 
လင္က်န္းရီသည္ ညာဘက္ေအာက္ေထာင့္ရွိ boxကိုတစ္ခ်က္ၾကည့္႐ုံႏွင့္ကူကယ္ရာမဲ့သလိုခံစားလိုက္ရသည္။ 

ဒီကြန္ပ်ဴတာဟာဖြင့္ဖို႔အတြက္၃၅ စကၠန႔္ပဲၾကာတယ္.. ရွိခဲ့ၿပီးတဲ့ကြန္ပ်ဴတာ ၇၃% ကိုရိုက္ခ်ိဳးလိုက္ရမယ့္ပုံပင္။ 

လင္က်န္းရီ ၿပဳံးလိုက္မိသည္။

ဒီေကာင္စုတ္ေလး... desktop ကြန္ပ်ဴတာကိုသာမၾကည့္လိုက္မိပါက ၎၏ဖြဲ႕စည္းတည္ေဆာက္ပုံသည္အလြန္ျမင့္မားေၾကာင္းသိနိုင္မည္မဟုတ္ေပ!

ေရးဆြဲျခင္းႏွင့္ဗြီဒီယိုထုတ္လုပ္ျခင္းအတြက္အမ်ားစုပါ၀င္ေသာ ဘယ္ဘက္မွ software စာရင္းကိုၾကည့္ျခင္းျဖင့္ လင္က်န္းရီသည္ ကြန္ပ်ဴတာ၏ဖြဲ႕စည္းပုံ ျမင့္မားသည္မွာအံ့ၾသစရာမဟုတ္ေၾကာင္း႐ုတ္တရက္သတိျပဳမိသြားသည္။ 

အဆင့္ျမင့္ software ေတြ အမ်ားႀကီး download လုပ္ထားတယ္။  ထို႔ေၾကာင့္သူ၏ ဤကြန္ပ်ဴတာသာ စြမ္းရည္ျမင့္မားမႈမရွိပါလွ်င္ ဤစြမ္းရည္ျမင့္ software အားလုံးကိုသုံးနိုင္လိမ့္မည္မဟုတ္ေပ။

ကြန္ပ်ဴတာေနာက္ခံပုံမွာ စုက်စ္ယန္ သူ ခရီးသြားတုန္းက ရိုက္ထားသည့္ပုံျဖစ္သည္။ သူ႕အသက္ ၂၀ ေအာက္သာသာတုန္းကျဖစ္ေကာင္းျဖစ္နိုင္သည္။  သူသည္ အလြန္ငယ္႐ြယ္ေနၿပီးခြန္အားအျပည့္ျဖင့္တတ္ႂကြပုံရေနသည္။ 

အေကာင္ေပါက္ေလးသည္ ေက်ာက္လိပ္၏ေနာက္ေက်ာဘက္တြင္စီးနင္းေနၿပီး သူေလးသည္အလြန္ေတာက္ပစြာၿပဳံးေနခဲ့သည္။

လင္က်န္းရီ၏ စိတ္ခံစားခ်က္တို႔သည္ သူေလး၏အၿပဳံးေၾကာင့္အေတာ္ေလး သာယာေသာခံစားခ်က္သို႔လႊမ္းမိုးသြားေတာ့သည္။

  သူတို႔သုံးေယာက္သားခရီးအတူထြက္သည္ဟု စိတ္ကူးယဥ္မိသည့္အခါ သူ႕သားေလးနဲ႕ က်စ္ယန္က ကေလးဆန္တဲ့အရာေတြကိုကစားရတာသေဘာက် က်မွာေသခ်ာတယ္...

ဒီလူေလးႏွစ္ေယာက္ အတူတူကစားေနၾကတဲ့ပုံေတြကိုစဥ္းစားလိုက္႐ုံျဖင့္ လင္က်န္းရီတစ္ေယာက္ ေအာ္ရယ္လုနီးပါးျဖစ္သြားရသည္။

ကံေကာင္းစြာျဖင့္၊ ဥဣ႒လင္ တစ္ေယာက္ ဤကြန္ပ်ဴတာႏွင့္လုပ္ရမည့္ သူ၏ရည္႐ြယ္ခ်က္ကိုမေမ့ခဲ့ေခ်။

သူသည္အင္တာနက္ေပၚတြင္ video conference အတြက္အထူးျပဳလုပ္ထားေသာ software ကို download လုပ္တာႏွင့္ install လုပ္တာအတြက္ ငါးမိနစ္ခန့္သာၾကာခဲ့သည္။

အင္း… က်စ္ယန္ အိမ္ရဲ႕အင္တာနက္အျမန္ႏႈန္းကေတာ္ေတာ္ေလးကိုျမန္တာပဲ။  မဆိုးပါဘူး... ဒီအေကာင္ေပါက္ေလးကသူ႕ကိုယ္သူဘယ္လိုေပ်ာ္ေအာင္ေနရမလဲဆိုတာေတာ့တအားသိတယ္။

ဗီဒီယိုကြန္ဖရင့္ကိုဖြင့္ၿပီးေနာက္ လင္က်န္းရီသည္ အလုပ္ခ်ိန္အတြင္းသူ၏ ခက္ထန္ေသာအသြင္အျပင္ကိုျပန္လည္ဆင္ျမန္းလိုက္သည္။ 

သူ႕လက္ထဲတြင္ ကုမၸဏီမွအခ်က္အလက္ေတြ ရွိမေနေပမယ့္ လင္က်န္းရီသည္ တည္ၾကည္ခိုင္မာၿပီးယုံၾကည္ခ်က္အျပည့္ရွိဟန္ႏွင့္ လြတ္လြတ္လပ္လပ္ေျပာဆိုနိုင္ေနတုန္းပင္။ 

ထို႔ျပင္ ေဖာ္ျပသြားေသာဥပမာမ်ားသည္မွန္ကန္႐ုံသာမက၊ ယဲ့၏ထုတ္ကုန္ႏွင့္ပတ္သတ္ေသာ ထူးျခားေသာလကၡဏာရပ္မ်ားႏွင့္ အဓိကေသာ့ခ်က္မ်ားကို တစ္ခ်က္မမွားယြင္းဘဲ ယုံၾကည္ခ်က္ရွိရွိေျပာခဲ့သည္။

ဤအခ်က္ျဖင့္ပင္၊ ယဲ့ ၏ကိုယ္စားလွယ္သည္ လင္က်န္းရီ ဦးေဆာင္ေသာ လုပ္ငန္းတြင္ လက္တြဲျခင္းသည္ ေလးစားဖြယ္ေကာင္း႐ုံသာမက လုံး၀ ေမွ်ာ္လင့္ခ်က္အျပည့္ ျဖင့္ လုံး၀ယုံၾကည္ထိုက္ေပသည္။

အစည္းအေဝးမၿပီးမီမွာပင္ လင္က်န္းရီ ႏွင့္စာခ်ဳပ္ခ်ဳပ္ၿပီးဒုဥဣ႒ ကုဖုန္း ကလက္မွတ္ထိုးလိုက္ေလသည္။

ဘာပဲျဖစ္ျဖစ္၊အတြင္းေရးမႉး က်န္းခ်င့္ ရဲ႕တံဆိပ္လည္းပါရွိသလို ကုဖုန္းရဲ႕လက္မွတ္လည္းပါရွိတာေၾကာင့္ ဒီပူးေပါင္းမႈကိုၿပီးျပည့္စုံတယ္လို႔ယူဆနိုင္ေပသည္။

"ဒုဥဣ႒ ကု " 

က်န္းခ်င့္သည္ အသံတိုးတိုးျဖင့္ ႏွစ္ခါမွ်ေခၚလိုက္သည္။ 

ဒုဥဣ႒ကု ၏ လြင့္ခ်င္တိုင္းလြင့္ေနေသာ သူ႕အေတြးအာ႐ုံမ်ားသည္လ်င္ျမန္စြာျပန္လာေတာ့သည္။ 

သူ ေတာင္းပန္သည့္ အၿပဳံးကိုၿပဳံးလိုက္ကာ က်န္းခ်င့္၏လက္ထဲမွ ေဘာပင္ကိုယူ၍စာခ်ဳပ္တြင္ လက္မွတ္ထိုးလိုက္သည္။  ထို႔ေနာက္ သူသည္ သူတို႔၏အနာဂတ္ပူးေပါင္းေဆာင္႐ြက္မႈမ်ားအတြက္ သူ၏ေပ်ာ္႐ႊင္မႈကိုေဖာ္ျပရန္ ယဲ့မီဒီယာ မွ ကိုယ္စားလွယ္ႏွင့္လက္ဆြဲႏႈတ္ဆက္လိုက္သည္။ 

တစ္ခ်ိန္တည္းမွာပဲ သူလည္းညစာအတူတူစားဖို႔ရန္သေဘာတူလိုက္ရသည္…

ကုဖုန္းသည္ ယဲ့ ၏ကိုယ္စားလွယ္ႏွင့္ အထာက်က်ေျပာဆိုဆက္ဆံေနေသာ္လည္း သူ၏မ်က္လုံးမ်ားမွာေတာ့ video call တစ္ဖက္ရွိ လင္က်န္းရီ ၏ေနာက္ကြယ္ရွိအရာမ်ားသို႔မသိစိတ္ျဖင့္ အလိုလိုေမ်ာပါသြားသည္။

——အဲဒါက ပုခက္ မဟုတ္ဘူးလား။  ထိပ္မွာလည္း Super Q ရဲ႕ အလြန္ခ်စ္စရာ ေကာင္းတဲ့အ၀တ္အထည္အေသးစား ပုံစံမ်ိဳးစုံနဲ႕ ၿပီးေတာ့ လင္က်န္းရီ ရဲ႕ အခန္းနံရံမ်ားေပၚတြင္လည္းကေလးငယ္မ်ား၏႐ုပ္ပုံမ်ားျဖင့္ဖုံးလႊမ္းထားေသးတယ္...

—— ဒီအခန္းကတကယ္ကိုမရင္းႏွီးသလိုပဲ။ ဒါက လင္က်န္းရီ ရဲ႕ ဗီလာ နဲ႕ လုံးဝမတူဘူး။  ဒီအခန္းကိုၾကည့္ရတာ စတုရန္းမီတာေလးဆယ္ထက္လုံး၀မပိုဘူး။ ဒါကအရမ္းက်ဥ္းလြန္းတယ္...ေသခ်ာၿပီ...ဒါက လင္က်န္းရီ ရဲ႕ဗီလာမွာရွိတဲ့ အခန္းတစ္ခန္းလုံး၀မျဖစ္နိုင္ဘူး။

ကုဖုန္းယင္: ဒီေကာင္ အတိအက်ဘယ္ေနရာမွာရွိေနတာလဲ? သူကအျပင္မွာ တစ္စုံတစ္ေယာက္ႏွင့္အတူတူ ကေလးေတြရွိေနၿပီးအသိုက္ေသးေသးေလးရွိေနတာျဖစ္နိုင္မလား။

ကြၽတ္...ကြၽတ္ ..လင္က်န္းရီ...အာ... မင္း ဒီလိုအရာေလးေတြကိုဘယ္လို ဖြက္ထားရမလဲဆိုတာ တကယ္ေကာင္းေကာင္းသိတာပဲ အား!

___________________________________________

တစ္ခြန္းပဲေျပာနိုင္တယ္ 'အရွည္ႀကီးပဲ...အား!!!'
ၿပီးေတာ့ လင္ဥဣ႒လိုဘဲမ်ိဳးလိုခ်င္တယ္...အား!!!

(မီလည္းေရာ့္ေနာက္ကလိုက္ေအာ္မယ္ အား မီးအားနဲ!! မေန႕ကတင္ၿပီးၿပီထင္လို႔ ေအးေဆးေနေနမိတာပါ အား!!)

Translated By Yaw_Ywet_Kway [Team-Camomile]

Continue Reading

You'll Also Like

583K 37.3K 62
ငယ်ရွယ်စဉ်မှာ ဘဝရဲ့အချိုးအကွေ့အကူးအပြောင်း၌ အေးစက်သွားကာ ခပ်ချေချေ ပေပေတေတေနေတတ်သည့် ကောင်မလေးတစ်ယောက် ... ။ " နွေးထွေးမှုဆိုတာ 'မိုး' ရဲ့ဘဝအတွက်တော့...
204K 6.1K 70
ဆာကူရာပန်းလေးတွေက...မင်းနဲ့တူတယ်... သူက...နေရောင်အူံ့မိူင်းပြီးလင်းလင်းထင်းထင်း မရှိတဲ့အချိန်မျိုးတွေကုန်ဆုံးခါနီးမှာပွင့်တတ် တာမို့...ဆာကူရာပန်းလေးတ...
4.7M 527K 58
{Both Zg&Uni} အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့ အာမခံပါတယ် ..💚 Start - { 11,8,2020 } End - { 25,11,2020 } အေသမခြီးရေတာင္ တစ္ခ်က္ေတာ့ျပဳံးမိဖို႔...