လေးရက် ကြာပြီးနောက်
Shen XiFan စာအုပ်ဝယ်ရန် သူမ၏တူမလေးကို စာအုပ်ဆိုင်သို့ခေါ်သွားခဲ့သည်။ကလေးမလေးသည် အလယ်တန်းကျောင်းသူဖြစ်၍ အသက်ဆယ်နှစ်ကျော်ဘဲရှိသေးသော်လည်း အတော်လေး ကြီးနေပြီဖြစ်သည်။သူမသည် စိတ်ကူးယဉ်ဝတ္ထုများကို ပယ်ချလိုက်ပြီး
" ငါက ပြောတိုင်းယုံတတ်လို့ ပျင်းစရာကောင်းလွန်းတယ် ဒါမျိုးတော့ မဖတ်ချင်တော့ဘူး ဒီနားမှာ လျှောက်ပတ်ကြည့်ကြမယ် "
အကောင်းဆုံးဟုသတ်မှတ်ထားသည့် စိတ်ကူးယဉ်ဝတ္ထုများကို အများအပြားခင်းကျင်းထားပြီး ထောင်လိုက် လှဲလိုက်ဖြင့် မတူညီသည့် အနေအထားများဖြင့် အလှပြထားကြသည်။စာအုပ်ပင်လယ်ကြီးထဲဝယ် လှည့်ပတ်ကြည့်ရှုနေပြီးနောက် Shen XiFan ညည်းညူလိုက်သည်။
" ငါသာ Huang Qingကို မသိခဲ့ရင် ငါ့အတွက် သင့်တော်မဲ့စာအုပ်ဆိုတာ ရှိမယ်မထင်ဘူး "
သို့သော် ပိုက်ဆံရှင်းသည့်အခါ သူမ၏တူမလေးက အထူးအဆန်းမေးလာသည်။
" အန်တီလေးပြောတော့ဖတ်စရာစာအုပ်မရှိဘူးဆို ဘာလို့အဲ့လောက်အများကြီးဝယ်လိုက်တာလဲ "
သူမခေါင်းထဲသို့ အတွေးများဝင်ရောက်လာခဲ့သည်။ ပြီးနောက် စာအုပ်များကို မြန်မြန်လေးယူပြီး ကောင်တာပေါ်သို့ တင်လိုက်ကာ
"မဟုတ်ဘူး မဟုတ်ဘူး အန်တီလေးက မကြာခင် နိုင်ငံခြားသွားတော့မှာ အဲ့ဒါကြောင့် ဒါတွေအားလုံးက ဖတ်စာအုပ်တွေချည်းဘဲ "
တူမလေးက သူမကိုစိတ်မသက်မသာနှင့်ကြည့်ပြီး တိတ်တိတ်လေး ရေရွတ်လိုက်သည်။
" အန်တီလေးဝယ်လာတဲ့ စာအုပ်တွေအားလုံးက တရုတ်တိုင်းရင်းဆေးစာအုပ်တွေလေ "
အပြင်သို့ထွက်လာသည့်အခါ လူတွေအရမ်းများနေသည်။စာအုပ်တွေအများကြီးဝယ်လာမိသဖြင့်
လက်ထဲမှာတောင် ပိုက်ပြီးသယ်လာခဲ့ရလေသည်။ရုတ်တရက် တစ်စုံတစ်ယောက်က သူမ၏ပခုံးကို လာပုတ်သည်။
" Shen XiFan အကူအညီလိုသေးလား? "
သူမ လှည့်ကြည့်လိုက်ပြီးနောက် ချက်ချင်းကို စကားလုံးများက အထစ်ထစ် အငေါ့ငေါ့ဖြစ်သွားရင်း
" အို့! He SuYe ကောင်းသောနှစ်သစ်ပါ ကျွန်မ မလေးပါဘူး အလုပ်ပိုနေပါ့မယ် "
သူမ စကားပြောပြီးနောက် သူ့ကိုကြည့်ဖို့မဝံ့ရဲတော့ ။သူမ၏မျက်နှာမှာလည်း နည်းနည်းလေးနီရဲလာခဲ့သည်..
He Shouzhengလေးက စကားဝင်ပြောသည်။
" ကျဲကျဲက အရမ်းအားရှိတာဘဲနော် အန်ကယ်လေးဝင်ကူညီပေးစရာမလိုဘူး ဟုတ်တယ်မလားအန်ကယ်လေး ! "
ထိုကောင်လေးသည် အသားအရည်ဖြူစွတ်ပြီး ခပ်ရဲရဲလေးဖြစ်နေကာ He SuYe ဘေးတွင် ရပ်နေသည်ကို သူမလုံးဝ သတိမထားမိခဲ့။သူ့မျက်လုံးများမှာ ကြည်တောက်ပြီး အလင်းများဖြာထွက်နေသလိုပင် သူမ၏နှလုံးသားလေးမှာ ပင့်သက်ရှိုက်သွားမိသည်။He SuYe ရဲ့မိသားစုမျိုးရိုးက အရမ်းကောင်းလိုက်တာ။ထိုကောင်လေးသည် ရွှေလိုမျိုး အဖိုးတန်မွေးဖွားလာခဲ့ခြင်းဖြစ်ရမည်။He SuYe ကလေးဘဝတုန်းကလည်း ထိုကလေးလေးလိုပုံစံမျိုး ဖြစ်ကောင်းဖြစ်နိုင်လောက်သည်လေ။
ဤကောင်လေးနှင့် မြင်မြင်ချင်းချစ်ကျွမ်းဝင်မိပြီး He Shouzhengလေးသည် သူမ၏ မီးတောက်နေသည့်မျက်ဝန်းနီနီရဲရဲကြီးကို ရှောင်ရှားမနေဘဲ သူမကို ပြုံးပြလေသည်။
" ကျဲကျဲ က အရမ်းလှတာဘဲ သားက Audrey Hepburn လိုပုံစံမျိုးကို အရမ်းကြိုက်တာ "
(My note: Audrey Hepburn က ဗြိတိန်ရဲ့ 1900နှစ်အစောပိုင်းလောက်မှာ နာမည်ကြီးလာတဲ့သရုပ်ဆောင်မင်းသမီးကြီးတစ်လက်ပါ ဟောလီဝုတ်ရဲ့ ရွှေခေတ်အခါတုန်းက တတိယမြောက်
အကောင်းဆုံးရုပ်ရှင်မင်းသမီးတစ်လက်ဆိုလည်းမမှားပါဘူးရှင်)
He SuYe ငယ်ငယ်လေးတုန်းကသာဆို ဒီလိုမျိုး ပါးစပ်ချိုချိုလေးရှိလောက်မည်မဟုတ်။သူမကတော့ ကျိန်းသေပေါက် အသက်နှစ်ဆယ့်ငါးနှစ်အရွယ် အမျိုးသမီးတစ်ယောက်ဆိုသော်လည်း တကယ်တမ်း ယခုလို ချစ်စရာကလေးလေးက နှုတ်ခမ်းလေးစူပြီး ပြောလာသည့်အခါ တကယ့်ကို မနေတတ်မထိုင်တတ်တော့။
သူမ၏ခံစားချက်များကို ဖုံးကွယ်မထားဘဲ ပြုံးမိလေသည်။
" He SuYe သူကအရမ်းချစ်ဖို့ကောင်းလိုက်တာ "
He SuYeသည် He Shouzheng၏ဦးခေါင်းလေးကို တစ်ချက်ထိလိုက်ပြီး Shen XiFan၏ လက်ထဲက စာအုပ်များကို ဖတ်ကြည့်လေသည်။စာအုပ်တစ်အုပ်ကို ဆွဲယူလိုက်ပြီး သူမအတွက် သက်သာအောင်ကူညီပေးသည်။သူက စာရွက်အချို့ကို လှန်ကြည့်ပြီး ပြောသည်။
" ဒီစာအုပ်က အတော်လေးကောင်းတယ် ကိုယ်ဖတ်ချင်လို့ ရက်နည်းနည်းလောက် ငှားပေးလို့ရမလား "
သူမက ခပ်မြန်မြန်ဘဲ ခေါင်းငြိမ့်လိုက်သည်။
" ရပါတယ် ရှင်ယူဖတ်ပါ ရှင်ဖတ်ချင်တဲ့အချိန်ထိ ယူထားလို့ရတယ် "
ဘတ်စ်ကားပေါ်၌ Shen XiFan၏လက်ထဲမှာ ထိုတရုတ်တိုင်းရင်းဆေးစာအုပ်များကို ကိုင်ထားရင်း သူမစိတ်ထဲလည်းအတော်လေးယောက်ယက်ခတ်နေရှာသည် မျက်မှောင်ကြီးလည်း ကြုပ်လျက်။
သူမက တရုတ်တိုင်းရင်းဆေးနဲ့ပတ်သက်ပြီး အသိပညာနည်းနည်းလောက် သင်ယူချင်နေသည်ကို He SuYeများ သိသွားလေမလား? ပြီးတော့ သူ့ရှေ့မှာဆို အမြဲတမ်း၎င်းနှင့်ပတ်သက်ပြီး ဟာသလုပ်မိတာက သဘာဝကျသော်လည်း ရှက်တော့ရှက်မိတယ်လေ ၊ သူက အရမ်းကိုစိတ်သဘောထားကောင်းမွန်ပြီး သူမ ပြောသမျှကို စိတ်ရှည်လက်ရှည် နားထောင်ပေးသည့်အခါ သူ့ကို စကားတွေအများကြီး ပြောချင်လာသည်၊သူမရဲ့အတွေးက--- သူနဲ့ပိုနီးစပ်ချင်လာပြီးသူ့ရဲ့ ကမ္ဘာကြီးကို ပိုနားလည်ချင်မိသည်လေ။
ဒီဆေးပညာနယ်ပယ်ထဲကို တစ်ခါမှလည်းရင်းနှီးကျွမ်းဝင်တာမျိုး မရှိဘူးလေ။ Xin Yi ၊ဖြူပြာနီအရောင်များပွင့်လေ့ရှိသောပန်းများ အက်စတာပန်းမျိုးစိတ်များဖြင့်ပြုလုပ်ထားသည့် ဆေးကောင်းများရှိသလို၊ပုံမှန်အတိုင်းဆို ရေ ၊ဝိုင်၊ရှာလကာရည်လိုမျိုး ပစ္စည်းများကိုလည်း ဆေးဖောစပ်ရာတွင် ထူးခြားသည့်နည်းလမ်းဖြင့် အသုံးပြုနိုင်သည်လေ။ဆေးရည်ကျိုခြင်း ၊အနှစ်ပြုလုပ်ခြင်း ၊ ကစော်ဖောက်ခြင်းတို့အပြင် သိသာသည့်ရောဂါများဖြစ်သည့် ရောဂါဝေဒနာများ အဆုတ်ရောဂါ၊ သရက်ရွက်၊ အစာအိမ်အူရောင်ရမ်းခြင်းနှင့်လေရောဂါများအတွက် ဆေးကို အပြောင်းအလဲလုပ်ပေးနိုင်သည်။တရုတ်တိုင်းရင်းဆေးသည် အံ့ဖွယ်နယ်ပယ်တစ်ရပ်ဖြစ်သလို
ရှေးမတိုင်ခင် နှစ်ပေါင်းများစွာထဲက ကျဆင်းလာသည့် ဆီးနှင်းများကဲ့သို့ပင် တရုတ်နိုင်ငံ၏ မျိုးဆက်တစ်ဆက်ပြီး တစ်ဆက် ဆင်းသက်လာခဲ့သည့် အဖိုးတန်ရတနာလည်းဖြစ်ပေသည်။
He Shouzhengလေးသည် Shen XiFan၏ ထွက်ခွာသွားသည့် နောက်ကျောလေးကို ကြည့်ပြီး ညှို့ယူဆွဲဆောင်ခံနေရသလိုလေးဖြစ်နေတော့သည်။
" မမ လှလှရဲ့ နာမည်က ဘာလဲဟင်?"
He SuYeသည် တောင့်တင်းသွားလေပြီး သူ၏မျက်နှာလုံးလုံးလေးကို ဖြစ်ညှစ်လိုက်ရင်း
" ဘာပြောလိုက်တယ် ! အန်ကယ်လေးရဲ့မမကို စကားပြောမယ်ဆိုတာကို ခုချက်ချင်းမေ့ပစ်လိုက်စမ်းပါ "
He Shouzheng လေးသည့် မယုံနိုင်သည့်မျက်နှာထားလေးဖြင့်
" အန်ကယ်လေးရဲ့ ခုပြောနေတဲ့လေသံက အန်ကယ်လေးသဝန်တိုနေတယ်ဆိုတာ ကျွန်တော့်ကတော့ နားလည်မိတယ်နော် "
ထို့နောက် သူက ထိုစာအုပ်ကို လှမ်းဆွဲယူလိုက်ပြီး စပ်စုပြန်လေသည်။
" ဒါနဲ့ ဒီစာအုပ်က အဖိုးအတွက်လား ဘာလို့ငှားလိုက်တာလဲ "
သူက ပြုံးလိုက်ပြီး He SuYe၏ လက်ကလေးကို ဆွဲသည်။
" လူကြီးတွေ ကိစ္စပါ ကလေးက ငယ်သေးတယ်လေ ပေါက်စနလေးက ဝင်မရှုပ်ရဘူးနော် "
ယခုနှစ်သည် အတော်လေးကံကောင်းလေသည်။
ဟိုတယ်ဂျူတီချိန်သည် သူမအလှည့်မရောက်သေးသဖြင့် အိမ်မှာဘဲ နေရသည့်အတွက် ဝမ်းသာမိသလို ပြည်ပနှင့်ပတ်သက်သည့်အရာများကို လေ့လာရန် အခါအခွင့်သင့်လေသည်။
ဟိုတယ်စီမံခန့်ခွဲမှုသည် အသက်မွေးဝမ်းကြောင်းအလုပ်တစ်ခုဖြစ်သော်လည်း သူမ မမုန်းမိ၊ နည်းနည်းလေးတောင် ပိုဝမ်းသာမိသည်။ဟိုတယ်၏မြက်ခင်းပြင်ပေါ်မှာရပ်ပြီး ကောင်းကင်ကြီးကို မြင်ခွင့်ရတာကို နှစ်သက်သည်။ကြည်လင်နေသည့် ပြတင်းပေါက်ဆီသို့ နေရောင်ခြည်မှာ ဖြာကျလျက် ဧည့်သည်များက ပုံစံအမျိုးမျိုးနှင့် ဝင်ထွက်သွားလာနေကြသည်။မည်သို့ပင်ကြိုးကြိုးစားစားလုပ်နေစေကာမူ အမြဲတမ်းလိုလို ဇီဇာကြောင်တတ်သည့်ဧည့်သည်များ၏ ကွန်ပလိန်းများကရှိစမြဲ။သို့သော် သူမကိုယ်တွယ်ဖြေရှင်းရသည့် ကိစ္စရပ်တိုင်းအပေါ်စိတ်ကျေနပ်မှု အပြည့်ရှိလေသည်။
သူမသည် လက်စ်ဗီးဂတ်၏ အကောင်းဆုံးကျောင်းက စပြီး ကယ်လီဖိုးနီးယား ၏တက္ကသိုလ် ကောနဲလ်အထိ ကျောင်းပေါင်းနှစ်ဆယ်ကျော်လောက်ကို တစ်ခါထဲနှင့်စိတ်ထဲမှာ တွေးလိုက်မိသည်။သူမ ကောလိပ်တက်ခဲ့တုန်းက ကောနဲလ်မှာ လေ့လာသင်ယူချင်ခဲ့သော်လည်း ဝင်ခွင့်အခြေအနေများကြောင့်ဟိုတယ်စီမံခန့်ခွဲမှု အတွေ့အကြုံကိုသာ သုံးနှစ်ကျော် သင်ယူခဲ့သည်။ထို့အပြင် သူမက အလုပ်ဝင်ရခြင်းနှင့်ပတ်သက်ပြီး ဘာမှလည်းဝင်မပြောခဲ့ဘူးလေ။
သို့သော်ငြားလည်း ယခုအချိန်မှာတော့ ပန်ဆယ်လ်ဗေးနီးယား တက္ကသိုလ်ကို တက်ခွင့်ရရန် ဆုတောင်းမိလေသည်။
ဒါပေမဲ့ အဆင်ပြေနိုင်ပါ့မလား သူမရဲ့အတိတ်ကလည်း ကျိန်းသေပေါက်ရှိနေပြီး အရမ်းရင်းနှီးလာဖို့ မဖြစ်နိုင်တာကိုလည်း သူမကိုယ်သူမ ရှင်းရှင်းလင်းလင်းသိထားလေသည်။He SuYeကို တမင်တကာကြီး ရှောင်နေမိတယ်ဆိုတာ သိသာလှသော်လည်း သူမသည် သူ့အကြောင်းကို မတွေးမိဘဲ မနေနိုင်။ပြီးတော့ တရုတ်တိုင်းရင်းဆေးအကြောင်း သင်ယူလေ့လာဖို့ကိုလည်း အရမ်းစိတ်ဝင်စားနေတယ်လေ..။
သူက အရမ်းကို ဖြူစင်သည့်စိတ်ထားရှိသော်လည်း သူမဘဝ၏ အချစ်ရေးကတော့ ရှုပ်ထွေးလှသည်။ဒီလိုပျက်စီးနေသောဦးနှောက်နှင့် သူမကတော့ အဖြေရှာနိုင်မည်မဟုတ်ပါ။
သူမ ဘာများလုပ်ရပါ့မလဲ?
မစ္စတာ Cheng က နိုင်ငံခြားထွက်ဖို့ ထောက်ခံစာကို သူမအတွက်ရေးပေးခဲ့သည်။သတင်းဘယ်လိုပေါက်ကြားသွားလဲ မသျိပမေဲ့ စီမံခန့်ခွဲမှုထိပ်ပိုင်းက လူတိုင်းတောင် သိနေကြလေပြီ။
Ling Yishen က သူမကို ပထမဆုံးလာရှာသည့်သူဖြစ်သည်။သူမကို စိတ်ဆိုးနေသည့်ပုံစံဖြင့်မေးလေသည်။
" နင်က နှုတ်တောင်မဆက်ဘဲ နိုင်ငံခြားသွားတော့မယ်ပေါ့ "
ထိုအချိန်က Shen XiFanသည် ဝန်ထမ်းထမင်းစားဆောင်မှာ ထမင်းအပိုယူတုန်းဖြစ်သည်။ပြီးတော့ တိုက်တိုက်ဆိုင်ဆိုင် ဝက်နံရိုး၏ ချိုချဉ် အရသာလေးက သူမ၏လျှာပေါ်မှာ စွဲကျန်နေခဲ့တာ အရသာကကောင်းချက်ဘဲ။
" ကော က အခုတော့ သိသွားပြီပေါ့ "
Ling Yishenက သူမအရှေ့တည့်တည့်တွင် ထိုင်ချလိုက်ပြီး သက်ပြင်းလေးချသည်။
" နင်က အမြဲတမ်း စိတ်ကူးပေါက်ရာကို လုပ်နေတော့တာဘဲ ညီမလေးရေ နင်လုပ်ချင်တာဘာပဲဖြစ်ဖြစ် လုပ်ပါဟာ "
Shen XiFanသည် အရိုးအကြီးကြီးများကိုလည်း ယူဖို့ မမေ့သလို သူ၏ပါးကိုလည်း ဆွဲညစ်လိုက်သည်။
" ကော ဒီတစ်ခေါက်တော့ကျွန်မကကျိန်းသေပါတယ် နိုင်ငံခြားမှာပညာတော်သင်ဖို့ကကျွန်မအိမ်မက်လေ ကျွန်မပြီးဆုံးအောင်မလုပ်ရရင် သေသွားမှာပေါ့ ကျွန်မတကယ်ကိုအရူးလုပ်နေတာမဟုတ်ရပါဘူး ကျွန်မကိုယုံကြည်ပေးပါ တကယ်ပြောနေတာ "
သူက မတတ်နိုင်ဘဲ ပြုံးမိလေသည်။
" ငါက တကယ်ဒေါသထွက်နေတာမဟုတ်ဘူး ဒါပေမဲ့ မင်းကရုတ်တရက်ကြီးအဲ့လိုမျိုးအံ့သြသွားအောင်လုပ်လိုက်တော့ ငါအရမ်း စိတ်လှုပ်ရှားမိသွားတာ..."
နောက်ဆုံးမှာ သူမ၏ အကြည့်များက နံရိုးများဆီသို့ရောက်သွားလေသည်။
" အာ...အဲ့လိုလား၊ ကော ကဘာလို့စိတ်လှုပ်ရှားသွားတာလဲ? "
Ling Yishen ကထရပ်လိုက်ပြီး သူမ၏ခေါင်းလေးကို ပွတ်လိုက်ကာ တိကျသည့်ကောက်ချက် တစ်ခုကို ဆွဲယူလိုက်ပြီး
" ညီမလေးရေ နင်က အရမ်းကို ပြသာနာရှာတာဘဲ "
ဝက်နံရိုးစားပြီးနောက် ပဲအနှစ်အချိုပွဲတစ်ပွဲ သယ်လာခဲ့သည်။သူမ၏ပါးစပ်ထဲတောင် မထည့်ရသေး Xu Xiangya၏ အသံကို ယဲ့ယဲ့လေး ကြားလိုက်ရလေသည်။
" ကောင်းလိုက်တဲ့ ဆန်ပြုတ်! နင်ကတော့ ကြီးကျယ်ခမ်းနားတဲ့ အိမ်မက်ကြီးကို အမိအရဖမ်းယူဖို့ ငါတို့ကို ထားခဲ့ပြီပေါ့လေ "
သူမက ပြုံးလိုက်ပြီး
" ပဲအနှစ်က အရသာရှိလိုက်တာ မန်နေဂျာXu လည်း အလုပ်ကြိုးစားနော် "
Xu Xiangya သည် မနာလိုတစ်ဝက် ဝမ်းနည်းတစ်ဝက်နှင့် ပြောသည်။
" ဒီလိုရာထူးအမြင့်ရထားတာကနှမြောစရာဘဲ
နင်ကအဆုံးရှုံးခံတယ်ဆိုတော့လည်းဆုံးရှုံးသွားတာဘဲပေါ့ ငါနင့်အတွက်စိတ်မကောင်းတော့ဖြစ်မိသား "
Shen XiFanသည် ခေါင်းယမ်းပြလိုက်ပြီး
" ငါ နင့်ကို မေးပါရစေဦး လွန်ခဲ့တဲ့တစ်နှစ်ကမှငါက မန်နေဂျာရာထူးရခဲ့တာ ရိုးရိုးသားသားပြောရရင် နင်ရောအဲ့ဒါကိုလက်ခံနိုင်ခဲ့လား? "
Xu Xiangya က တကယ့်ကို ရိုးရိုးသားသားပင် ခေါင်းငြိမ့်ပြလေသည်။
" ဒါပေါ့ မယုံကြည်နိုင်ခဲ့ဘူးလေ ဒါပေမဲ့အဲ့လိုဖြစ်တာ ငါတစ်ယောက်တည်းမှ မဟုတ်တာ လူတွေက နင်ပေါက်ကရလုပ်မှာကို စောင့်ကြည့်နေတဲ့သူတွေချည်းဘဲ "
" ဟုတ်တာပေါ့ " သူမ၏မျက်ဝန်းများကို ကျဉ်းမြောင်းလိုက်ပြီး
" ငါလည်းကိုယ့်ကိုကိုယ် မယုံကြည်နိုင်ခဲ့ဘူး ဒါကြောင့် ပိုပြီး သင်ယူချင်ပြီး နည်းနည်းတိုးတက်လာချင်တယ် ငါတို့နိုင်ငံရဲ့ ဟိုတယ်စီမံခန့်ခွဲမှုပုံစံက အခုဆိုရင် နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့ ကိုက်ညီနေပြီ အဓိက က ဟိုတယ်ရဲ့ အမျိုးမျိုးသော ဝန်ဆောင်မှုတွေက ပိုပြီးအဆင့်အတန်းမြင့်လာသလို သီးခြားစီ ဖြစ်တည်လာနိုင်ပြီ ဒါပေမဲ့ ဟိုတယ်စီမံခန့်ခွဲမှုဆိုင်ရာ ရေပန်းစားမှုအပိုင်းတွေက အမေရိကန်နဲ့ ဆွစ်ဇာလန်မှာဘဲရှိတာ တရုတ်မှာမဟုတ်ဘူးလေ "
အကြာကြီး တိတ်ဆိတ်သွားပြီးနောက် Xu Xiangya က ဖြေးဖြေးချင်းပြောလိုက်သည်။
" Yan Hengနဲ့ကိစ္စကရော ဘယ်လိုဖြစ်သွားပြီလဲ? "
" ဟင်? " သူမ၏ပါးစပ်ထဲ၌ ပဲအနှစ်က စားလက်စ တစ်ဝက်တစ်ပျက်နှင့်
" ဘာမှ မဖြစ်ခဲ့ဘူး ပြီးတာက ပြီးသွားပြီ ဒါဘဲ "
" အရူးမ! ကပွဲနေ့တုန်းက နင်တို့နှစ်ယောက်ကြားမှာ ပြသာနာတစ်ခုခုရှိမှန်းလူတိုင်းမြင်လိုက်တယ်လေပြီးတော့ နင်က ရက်နည်းနည်းလောက်ဂျူဒီချိန် လာမဝင်ရဘူးဆိုတော့ ဟိုတယ်ကြီးတစ်ခုလုံးက ရူးတော့မလိုဘဲဟဲ့ တချို့ဆို အရမ်းကို ဖြစ်ပျက်နေလိုက်ကြတာ ပြောကြတာက နင်က သူ့ရဲ့ချစ်သူတဲ့လေ... "
သူမ မျိုတောင်မချနိုင်တော့။ရုတ်တရက်လည်ချောင်းထဲမှာ တစ်စို့နေသလိုပင် ခံစားမိသည်။
" သူက ငါ့ရဲ့ အချစ်ဦးလေ ဒါဆိုရင် အခု ရှင်းသွားပြီမလား? "
Xu Xiangya၏မျက်လုံးများက ပြူးကျယ်သွားပြီး
" Wow နင့်ရဲ့ပထမဆုံးအချစ်ဦးကြီးက လက်ရှိမှာ အရမ်းချမ်းသာတဲ့ သူကြီးဖြစ်သွားပြီပေါ့ ငါအဓိက ပြောချင်တာကလေ အဲ့ဒီအမျိုးသားက အရမ်း အရမ်းကိုဘဲဟယ်! "
Shen XiFanဇွန်းကို ချလိုက်ပြီး ပင့်သက်ရှိုက်သံဖြင့်ပြောလိုက်သည်။
" အမှန်တော့ ငါ Yan Hengနဲ့ ပြသာနာကို မဆွေးနွေးချင်ဘူး ငါနိုင်ငံခြားသွားလို့ရမရကိစ္စတစ်ခုတည်းကိုဘဲ ဂရုစိုက်ချင်တယ် ဒီထက်ရှင်း အောင်ပြောရမယ်ဆို အနာဂတ်ဆိုတာ ကွဲပြားခြားနားတဲ့ အရာတစ်ခုလည်းဖြစ်လာနိုင်တာဘဲ ကျန်တာတွေက ပြသာနာမဖြစ်လာနိုင်ပါဘူး "
Xu Xiangya အတွေးတစ်ခု ဝင်လာပြီး နောက်ဆုံးတော့ပြောချလိုက်သည်။
" ဆန်ပြုတ်ရေ နင်ဟ်ိုရောက်ရင်သေချာဂရုစိုက်ရမယ်နော် လူတွေက ကြောက်ဖို့ကောင်းတယ် ဟိုတယ်လုပ်ငန်းဆိုတာရေခဲအလွှာပါးပါးလေးတစ်ချပ်လိုဘဲ အရင်အခန်းမန်နေဂျာတုန်းကဆိုလာတည်းခိုတဲ့ဧည့်သည်နှင့်ငြိသွားတော့ချက်ချင်းကို အလုပ်ထုတ်ခံလိုက်ရတာ ဟိုတယ်ရဲ့စည်းမျဉ်းစည်းကမ်းတွေအရ နင်နဲ့ငါ့ကို ရှင်းလင်းတယ်လို့ယုံကြည်နိုင်ပေမဲ့
လောကကြီးဆိုတာလူကောင်းတွေအားလုံးအတွက်ဘဲမဟုတ်ဘူးလေ နင့်ကိုဒုက္ခရောက်စေချင်သူတွေမှအများကြီးဘဲ နင် ပြည်ပကိုသွားတော့မှာဆိုပေမဲ့ အဲ့မတိုင်ခင်မှာ နင်ဒီလိုတွေကြုံတွေ့လာခဲ့ရင် နင့်ရဲ့အနာဂတ်အလုပ်က တစ်မျိုးတစ်ဖုံခက်ခဲသွားနိုင်တယ် "
သူမ၏နှလုံးသားလေးမှာ နွေးထွေးသွားသဖြင့်စစ်မှန်သည့်စကားကိုသာပြန်ပြောခဲ့သည်။
" ကျေးဇူးပါဟာ "
နေ့ရက်များမှ တစ်ရွေ့ရွေ့နဲ့ ကုန်ဆုံးလာပြီး မတ်လသည် အအေးဓာတ်ပင်မရှိတော့၊ နွဦေးသို့တဖြည်းဖြည်းဝင်ရောက်လာခဲ့သည်။ဟိုတယ်က ရာသီကုန်အတွက်ကြိုပြီး အစီအစဉ်တွေချမှတ်ခဲ့သည်။မူလအစီအစဉ်အရ Gu Huating၏ ပွဲကြည့်စင်မြင့်အသစ်ကို စင်ကာပူ၏နောက်ဆုံးပေါ် ထွက်ရှိထားသည့် လိုက်ဖက်မည့်စတိုင်တစ်ခုကို အသုံးပြုပြီး အသစ်ပြုပြင်မည်ဖြစ်၍ ၎င်းသည် သူမ၏ နောက်ဆုံးအလုပ်ဟုလည်း စိတ်ထဲတွေးမိလေသည်။
အပြီးသတ်သည့်နေ့တွင် ဥက္ကဌChengသည် လုပ်ဖော်ကိုင်ဖက်အချို့ကို လည်ပတ်ဖို့ အထူးအနေနှင့် ခေါ်လာခဲ့ပြီး တုံ့ပြန်ချက်က အတော်လေးကောင်းခဲ့သည်။စားသောက်ပွဲလုပ်နေစဥ်အတွင်ူ Shen XiFanသည် ဝိုင်အတော်လေးသောက်ထားခဲ့ပြီး ရုံးခန်းသို့အပြန်မှာ မူးဝေဝေလေးဖြစ်နေသည်။ကံကောင်းချင်တော့ နှုတ်ထွက်ဖို့ ကြိုတင်ပြင်ဆင်ထားပြီးဖြစ်သလို ဒီနေ့၏ ပုံမှန်လုပ်ငန်းစဉ်ကိစ္စရပ်များကိုလည်းသူမ၏ လက်အောက်ငယ်သားများဆီသို့ လွှဲပြောင်းပေးထားခဲ့လေသည်။
မူးလာသဖြင့် ဆိုဖာပေါ်မှာ ခဏလောက်လဲလျောင်းလိုက်သည်။သူမ ပုံမှန်အတိုင်းမဟုတ်ဘဲ အိပ်ပျော်သွားခဲ့သည်။တစ်စုံတစ်ယောက်က သူမ၏နာမည်ကို ခေါ်နေသလိုမျိုး မိန်းမောတွေဝေနေရင်း သေသေချာချာနားထောင်ကြည့်လိုက်ရင် Yan Heng၏အသံလိုလိုပင်ကြားရသည်။
ခွဲခွာခြင်းဆိုတာက ဘယ်တော့မှ ပြန်တွေ့မှာမဟုတ်သလို မသေချာမရေရာတဲ့ကိစ္စတစ်ခုဘဲလေ။
ဖုန်းမြည်သံကြောင့် နိုးသွားသည့်အခါ 'ကျားနှစ်ကောင်' သီချင်းသံလေးကရွှင်မြူးနေပြီး တစ်ခါတည်း Li Jieမှန်းသိလိုက်သည်။
ကလေးဆန်ဆန် ဖုန်းမြည်သံလေးနှင့်သူ့ပုံစံက ချစ်စရာကောင်းသည်ကလွဲပြီး ကျန်တာမရှိပေ။
ဒီနေ့ Li Jie၏စကားပြောသံက သိပ်မကောင်းသလိုဖြစ်နေပေမဲ့ သူက သူမနဲ့ အကြာကြီးသိကျွမ်းနေခဲ့ပြီလေ။
" Shen XiFan ဒီနေ့က ကျွန်တော့်မွေးနေ့လေ မင်း လာပေးနိုင်မလား သိချင်လို့ "
သူမက ရယ်လျက်
" ကောင်းပြီလေ လာရမှာပေါ့ ဘာလို့လဲ ကျွန်မကငြင်းလိုက်မှာကို စိုးရိမ်လို့လား? "
Li Jie က အသက်ကိုပြင်းပြင်းရှူလိုက်ပြီး
" ဒါပေါ့ ကျွန်တော်က ကျွန်တော့်ကောင်မလေးကို ပြပေးမယ်လို့ဆုံးဖြတ်ထားတာ ဘယ်လိုဘဲဖြစ်ဖြစ် မင်းက ငါတွေ့ခဲ့တဲ့ ဘလိုင်းဒိတ်ထဲက နောက်ဆုံးတစ်ယောက်လည်းဖြစ်နေပြန်တယ် မင်းက eight-point soap အော်ပရာပြဇာတ်ကြီး ကနေမှာကိုလည်း စိုးရိမ်မိသား "
သူမ ရယ်မိတော့သည်။
" Li Jie ရှင်ကရက်စက်လှချည်လား အချစ်အသစ်နဲ့အချစ်အဟောင်းကို အတူတူထားချင်နေတယ်ပေါ့လေ "
Li Jieသည် ချက်ချင်းကို အပြောင်အပျက်စကားတွေပြောလေသည်။
" ဒါပေါ့ဒါပေါ့ ငါ့ဇနီးလေး အဆင်ပြေဖို့ဆိုရင် မင်းကို သိမ်ငယ်အောင်လုပ်မယ်ဆိုပြီး တွေးထားသေးတာ "
" ဘာ! "Shen XiFan သူ့ကို တစ်ခါလောက် ရိုက်လိုက်ချင်သည်။
" အိမ်မက်သာမက်နေလိုက်တော့ "
မွေးနေ့ဆိုတာ ကြီးကျယ်ခမ်းနားတဲ့ ပွဲတစ်ခုဖြစ်သလို တစ်ယောက်စီအတွက် တစ်နှစ်မှာ တစ်ကြိမ်သာရှိလေသည်။သူမ မောလ်ထဲမှာ လျှောက်
ပတ်ကြည့်နေပြီး Chaw Tai Fook၏ ကျောက်စိမ်း ပစ္စည်းများကို ဒစ္စကောင့်ပေးနေသည်ကို တွေ့လိုက်သည်။ကျောက်စိမ်းလော့ကတ်သီးတစ်စုံကို မွေးနေ့လက်ဆောက်အနေဖြင့်ပေးလို့ရသလို တွေ့ဆုံသည့်အခါပေးလို့အဆင်ပြေသည်ဟုလည်း တွေးမိလေသည်။ပြီးတော့ ချစ်သူစုံတွဲတွေလည်းသဘောကျလောက်တယ်လေ။
လမ်းတစ်လျှောက်တွေးလာမိတာက သူမ He SuYe နဲ့သိတာ ကြာပြီးဖြစ်သော်လည်း သူ့မွေးနေ့ကိုတော့ မသိခဲ့မိလေခြင်း။
ဒီမြို့ထဲက စီချွမ်စားသောက်ဆိုင်များ၏ ထူးခြားသည့် ပုံစံတစ်ခုမှာ သီးသန့်အခန်းများကို ဦးစားပေးထားခြင်းဖြစ်သည်။လူအများကြီးမရှိသော်လည်း အတော်လေးခမ်းနားမှုရှိသည်။
တစ်ချက်ကြည့်လိုက်ရုံနှင့် ကိုယ်လုံးကိုယ်ပေါက်သေးသွယ်ပြီး အရမ်းလှသည့်ကောင်မလေးတစ်ယောက်ကို မြင်လိုက်ရသည်။Li Jie ၏ လက်မောင်းထဲမှာ ရှိနေပြီး Qiu Tianကို ပြုံးရင်း တစ်စုံတစ်ခုကိုပြောနေလေသည်။
Li Jie ၏ စူးရှသည့်မျက်လုံးများက လာနေသည့် Shen XiFan ကို ချက်ချင်းပင် မြင်လေသည်။
" ဒီမှာ ဒီမှာ! "
ကောင်မလေးက လှည့်ကြည့်ပြီး
" Li Jie ဒါက မစ္စ Shenလား? အရမ်းလှတယ်နော် ပင်ကိုယ်ပုံစံကိုက ကြည့်လို့ကောင်းလိုက်တာ "
ဟိုတယ်မှာအချိန်အကြာကြီးအလုပ်လုပ်ပြီးနောက် သူမသည် ခကျြခငျြးကျို ပူစပ်ပြီးအလောသုံးဆယ်စားရသည်ဟုပြောလို့ရသည့် စီချွမ်အရသာကြက်သားကို မိန်းကလေးတို့၏ထုံးစံအတိုင်း တို့ထိလိုက်သည်။တောင့်တောင့်ကြီးဖြစ်နေသော်လည်း ကောင်းကောင်းမွန်မွန်အဆင်ပြေသွားခဲ့သည်။
( My note:ဒီနားလေးက ဘာမှန်းသေချာနားမလည်ဘူး ရမ်းသမ်းပြန်လိုက်တာ)
သူမက ပြုံးပြ၍
" မဂ်လာပါ ကျွန်မနာမည်က Shen XiFan၊
Li Jieရဲ့ နောက်ဆုံးတွေ့ခဲ့တဲ့ ဘလိုင်းဒိတ်က တစ်ယောက်ပေါ့ "
လူတိုင်းက ရယ်ကြတော့သည်။ကောင်မလေး၏ မျက်လုံးများမှာ လင်းလက်သွားပြီး
" ကျွန်မကတော့ Li Jieရဲ့ ဘလိုင်းဒိတ်တွေ့တာကိုအဆုံးသတ်သွားစေတဲ့တစ်ယောက်ပေါ့ ကျွန်မနာမည်က Su Shanပါ Shan shuရဲ့ထင်းရှူးပင်လိုမျိုး Hongtongပြည်နယ် Su Tongကနေထွက်လာတဲ့ Su Shanတော့ မဟုတ်ပါဘူးနော် "
ရယ်သံတွေ ပိုထွက်လာတော့၏။သူမ ထိုင်သည့်အချိန် လှည့်ပတ်ကြည့်မိသည်။ဟေး He SuYe ကဘယ်ရောက်နေတာလဲ?
Qiu Tian ကတိတ်တ်ိတ်ကလေး ခိုးပြုံးသည်။
" မြင်သာထင်သာတဲ့လူကြီးကဓာတ်ခွဲခန်းထဲမှာဘဲရှိသေးတယ် ပြောတာတော့ပရော်ဖက်ဆာက ဘွဲ့ရကျောင်းသားတွေကိုဆူနေတယ်ဆိုဘဲ သူကတော့ အဲ့အဖြစ်ကို ရပ်ကြည့်နေရတယ်တဲ့ ချက်ချင်းလာခဲ့မယ်လို့ပြောတာဘဲ "
သူမ၏မျက်လုံးများကိုလှန်မိတော့သည်။
" He SuYe ကိုဘာလို့အဲ့လိုခေါ်ရတာလဲ? "
" Xiao HeCaiက မြင်သာထင်သာလွန်းတယ်လေ တချို့အရမ်းလှတဲ့ အမျိုးသမီးတွေဆို သူ့အနားမှာဘဲ တဝဲလည်လည်ဖြစ်နေကြတာ ဟေးအဲ့မှာ လာနေတာကိုကြည့်ဦး နွဦေးလေပြေတွေနဲ့ ပြည့်နှက်နေသလိုမျိုး မီးရှူးမီးပန်းမစားထားသလိုမျိုးရောက်လာတဲ့ ပုံစံကြီးက တကယ် မနာလိုစရာကောင်းလိုက်တာ! "
He SuYeကိုမတွေ့ရတာ အတော်ကြာလို့များလား
သူက ပိန်လာသည့်အပြင် ရှည်လျားသည့်နှာတံနှင့်သိသာသည့်မေးရိုးက ပိုပြီးထင်ရှားလာသည်။
သူမ နည်းနည်းတော့ စိတ်အားငယ်မိသည်။
ဘာကြောင့် He SuYe က ပိုကြည့်ကောင်းလာရတာလဲ ပိုပြီးချောမောလာရတာလဲလို့ ? သူနဲ့ဝေးဝေးမှာနေပြီး ပိုပြီးနက်နက်ရှိုင်းရှိုင်း မပတ်သက်မိဖို့ သူမကိုယ်သူမ သတိပေးနေမိသည်။သူနဲ့တွေ့ပြီးတဲ့နောက်မှာ အရာအားလုံးကိုဘာကြောင့်များ အထင်အမြင်သေးမိတာလဲ သူမ၏နှလုံးသားထဲ၌ သူမကိုယ်တိုင်သည်လည်း စက်ဆုပ်သိမ်ငယ်သလိုခံစားမိလေသည်။
He SuYeကတော့ သတိမထားမိခဲ့ပါ။
" မိန်းကလေးရေ မင်းကို မတွေ့ရတာတောင် အတော်ကြာပြီနော် အခုတလော ကိုယ်လည်း သေလောက်အောင်အလုပ်ရှုပ်နေတယ်လေ အရမ်းပင်ပန်းတာဘဲ "
Li Jie ကတော့ ချဉ်နေပြီဖြစ်သည်။
" အိုး ငါတော့ အရမ်းကိုသိမ်ငယ်သွားသလိုပါဘဲလား အကိုနဲ့အမတို့ရေ ကျွန်တော့်ကိုလည်း အရင်စကားပြောခွင့်ပေးကြပါဦးပြီးတော့ ဒီနေ့ ညစာဖိတ်ကျွေးတဲ့ သူက ကျွန်တော်ပါနော် "
Li Jie နှင့် Su Shenတို့သည် လက်ထပ်ဖို့ အဆင်သင့်ဖြစ်နေကြပြီဟု သိလိုက်ရသည့်အပြင် ဒီနေ့
ညစာကလည်းအတော်လေး အရသာရှိလှသည်။ညစာစားပွဲ၌ သူတို့နှစ်ယောက်သည် တစ်ယောက်ပြီးတစ်ယောက်နှင့် ခွက်ချင်းတိုက်ကြသဖြင့် သင့်တော်သည့် ပမာဏလောက်ဘဲသောက်ဖို့ ပန်းကန်လုံးလေးကိုသာ အသုံးပြုကြသည်။Su Shan သည် Shen XiFanကို သဘောကျသည့်အတွက် သူမနှင့် အဖော်ပြုပြီးသောက်ပေးခဲ့သည်။
နောက်ဆုံးမှာ သူမက He SuYeအတွက် ဂုဏ်ပြုအရက် ငှဲ့ပေးလေသည်။Qiu Tianက ရပ်လိုက်ပြီး
" He SuYeက သောက်လို့မရဘူးလေ ငါတို့အားလုံးမူးနေရင် အိမ်ပြန်လို့ရပါဦးမလားဟ "
Li Jie ကလည်းထောက်ခံပြီး Su Shanကိုရှင်းပြသည်။
" ဆရာသမားက အယ်လ်ကိုဟော်လ်မရဘူး သူမူးပြီဆို ကူညီပြီးပြန်ပို့ပေးမဲ့သူရှိမှာမဟုတ်ဘူးလေ သူက သူရဲ့အဓိပ္ပါယ်ကိုဖော်ပြဖို့ ဝိုင္အစား ရေနွေးဘဲ သောက်ချင်လောက်မှာ "
Qiu Tian သည် Wuliangyeပုလင်းကိုကိုင်ထားဆဲဖြစ်ပြီး သူက Shen XiFan၏ခွက်ထဲသို့ဖြည့်ပေးရင်း ပြုံးစိစိနှင့်ပြောသည်။
" သောက်တာတော့ သောက်ရမှာပေါ့ ဒါပေမဲ့ ကူသောက်ပေးဖို့ တစ်ယောက်ရှာလိုက်တာပေါ့ "
စားသောက်ဝိုင်းထဲမှ လူတိုင်းက စတင်ပြီး ထောက်ခံလာကြပြန်သည် သူတို့ကို အပြုံးလေးတစ်စက်တောင်မပါသည့် အေးစက်စက်မျက်နှာနှင့်သာ ပြူးကြည့်နိုင်တော့သည်။Shen XiFan မျက်ဝန်းများမှ တစ်ဆင့် အမူအရာများကို တစ်ခါတည်းခန့်မှန်းမိသဖြင့် ဆိုးဆိုးရွားရွား အော်ဟစ်လိုက်မိရင်း ဝိုင်ကိုတစ်ကျိုက်တည်းသောက်ချလိုက်တော့သည်။
He SuYe သောက်မည်အပြု Shen XiFan က ကူသောက်ပေးလိုက်သည်။သူမ အသက်ကိုပြင်းပြင်းရှူလိုက်ပြီး စိတ်လည်းလှုပ်ရှားနေခဲ့သည်။
" He SuYe ရှင်မရှိဘဲ ဒီတော်လှန်ရေးကြီးကဖြစ်လာနိုင်မှာမဟုတ်ဘူး အဲ့တော့ ရှင်က လမ်းတစ်လျှောက်လုံး နိုးနိုးကြားကြားရှိပါစေ ဒါမှကျွန်မ အိမ်ပြန်ရောက်မဲ့အချိန်ထိ ရှင့်ကို အားကိုးလို့ရမှာ "
အားလုံးက ရယ်မောကြရင်း ပန်းကန်လုံးများကို ကောက်ကိုင်လိုက်ကြသည်။ထို့နောက် ပန်းကန်လုံးများကို အသံမြည်သည့်အထိ ထိခတ်လိုက်ကြပြီး ဝိုင်များကို အကုန်မော့လိုက်ကြသည်။
လူများအားလုံးက " ကောင်းလေခြင်း(hao)" " ကောင်းတယ်(hao) " ဟု အော်နေကြသော်လည်း
Shen XiFan၏ဦးနှောက်က မလိုက်နိုင်တော့။တစ်ပန်းကန်ပြီး တစ်ပန်းကန်သောက်လာလိုက်တာ တဖြည်းဖြည်းနဲ့ ဖရိုဖရဲဖြစ်လာပြီး နောက်ဆုံးပိတ်လက်ကျန်အထိ သောက်လိုက်မိသည့်အခါ သူမ၏ဘယ်ဘက်လက်က He SuYe၏လက်မောင်းကိုမှီတွယ်ထားရလေပြီး
မနည်းကို မတ်တပ်ရပ်ယူနေရလေပြီ။
နောက်ဆုံးတော့ He SuYeတစ်ယောက်သာ နိုးနိုးကြားကြား ရှိလေသည်။ကျန်သူအားလုံးကို လိုက်ပို့ပြီးနောက် သူက Shen XiFanကို ကူညီဖို့ လှည့်ရပြန်သည်။ဟိုတယ်က ထွက်လာတုန်းက သူမ၏မျက်လုံးများမှာနည်းနည်းလေးပွင့်နေဆဲ။
တက္ကစီပေါ်သို့ရောက်သည့်အခါ ပိတ်ကျသွားပြီး အိမ်မောကျနေတော့သည်။
He SuYeသည် မူးနေသည့်သူမကိုကြည့်ရင်းစိတ်ပင်ပန်းလာရသည်။အရူးမလေးသည် အတော်လေးမူးနေပြီဖြစ်သည့်အပြင် သူ့အတွက် ကူသောက်ပေးရှာသည့်အတွက် မိုင်ကုန်ကိုမူးနေလေပြီ။ခွန်အားအပြည့်နှင့် အမျိုးသားတစ်ယောက်ဖြစ်သော်လည်း သူ့အတွက် ချိုမြပြီးစိတ်ကျေနပ်သလိုခံစားမိသည်။သူမ၏ပခုံးကို ဆွဲယူကာ သူ့အပေါ်တွင် မှီစေပြီး သူမ ပိုပြီးနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နိုင်ပါစေဟု တွေးနေမိသည်။
ဂိတ်ပေါက်ဝသို့ ရောက်သည့်အခါကားပေါ်ကဆင်းပြီးနောက် He SuYe သူမကိုနှိုးလိုက်သည်။သူမက သတိလက်လွတ်ဖြင့် သူ့ကိုခဏလောက် စောင်းငဲ့ကြည့်လာခဲ့သည်။
သူမက အမှန်တကယ်ကို မူးဝေနေလေပြီ။အသိစိတ်အာရုံများလွတ်ကင်းနေပြီး He SuYe၏ အကျီစကိုသာ ဆွဲထားနိုင်ခဲ့သည်။လမ်းလျှောက်သည့်အခါ ခြေထောက်များမှာခွေယိုင် လိမ်နေပြီး ပေါက်ကရစကားများ စပြောလေတော့သည်။
" ကျွန်မ မမူးသေးဘူး သောက်နိုင်သေးတယ် "
" လာပါ ဝိုင်ဖြူသောက်ကြမယ်လေ "
" He SuYe ၊Li Jie က အရမ်းအစောကြီး လက်ထပ်နိုင်ရတာလဲ ကျွန်မသူ့ကို မနာလိုဘူး "
တစ်ဖက်၌ He SuYe ကတော့ ရိုးအီနေလေပြီ။
သူမသည် ပန်းခင်းအစွန်းအဖျားနားပေါ်တွင် လမ်းလျှောက်နေသည်မှာ ချော်လဲသွားမည်ကိုလည်း မကြောက်ရွံ့သည့်အတိုင်း။
ရုတ်တရက် သူမ၏အသံကို ကြားလိုက်သည်။
" He SuYe ရှင့်ရဲ့မွေးနေ့က ဘယ် 'လ' လဲဟင် "
He SuYe သည် ရပ်တန့်သွားပြီး သူမကို စူးစမ်းကြည့်လာသည်။လရောင်အောက်က သူမ၏မျက်နှာလေးသည်နီရဲလျက် ပန်းခင်းထဲကနေ သူ့ကိုရပ်ပြီးကြည့်နေသည်။သူမ၏မျက်လုံးများမှာ မျက်ခုံးများနှင့်အညီ လူးလားဆန်ခတ်သွားလာနေပြီး ပြုံးပြနေသည်။
" ရှင်က ကျွန်မကို မပြောချင်ဘူးလား?
ရှင်က ကျွန်မကို မပြောတော့ဘူးပေါ့?
ရှင်ကကျွန်မကို မပြောရဲဘူးလားလို့! "
စူးရှသည့် ဝိုင်၏ရနံ့က သူ၏နှာခေါင်းထဲသို့အလျင်အမြန်ဝင်ရောက်လာခဲ့ပြီး အေးစက်စက်နှင့် နူးညံ့လှသည့် နီစွေးစွေး နှုတ်ခမ်းတစ်စုံက သူ၏ နှုတ်ခမ်းထောင့်များဆီသို့ ထိခတ်သွားခဲ့လေသည်။နွလေပြေက ဖြတ်သန်းတိုက်ခတ်သွားသလို သူလည်းဘဲ ရုတ်တရက်အေးစက် သွားခဲ့သည်။ထိုနောက် လဲကျတော့မည့် Shen XiFan၏ ခန္ဓာကိုယ်လေးကို အလိုအလျောက် လက်က ဖမ်းယူခဲ့လိုက်သည်။
He SuYeသည် မူးနေသည့် Shen XiFanကို တွဲကူရင်း ငိုရမလို ရယ်ရမလိုပင်။သူမကို ပန်းခင်းအစွန်ဖျားတွင် ထိုင်ခိုင်းလိုက်ပြီး သူ၏လက်မောင်းများထဲ၌ Shen XiFanသည် အိပ်ပျော်သွားခဲ့သည်။သူမ၏ မျက်ခုံးနှစ်သွယ်ကို ဂရုတစိုက်ကြည့်မိပြီး သူမ၏ဆံနွယ်များဆီသို့ သူ၏လက်များကို ပြေးလွှားကစားနေမိသည်။ဆံနွယ်များမှာ ဖဲသားကဲ့သို့ နူးညံပြီး ပျော့ပျောင်းအိစက်လှသည်။
အဆုံးတွင် သူ၏နှလုံးခုန်သံမှာ တည်ငြိမ်သွားခဲ့ပြီး စိတ်သက်သာရာရစေရန် သက်ပြင်းအရှည်ကြီးကို ချ၍ သူမ၏နှာခေါင်းလေးကို ဆွဲညှစ်လိုက်သည်။သူ အဆင်ပြေမနေပါဘူးလေ။
" ကောင်မလေး မင်းက ကိုယ့်အပေါ်ကို အရမ်းဆိုးတာဘဲနော် မင်းအခုလေးတင် ကိုယ့်အပေါ်ကိုဘာလုပ်ခဲ့လဲပြောကြည့်ပါဦး ကိုယ့်ကိုရောမင်းက ခွင့်ပြုပေးမှာလား ခွင့်ပြုမှာလားလို့! "
ယခုနှစ်၏ မွေးနေ့လက်ဆောင်သည် အလွန့်အလွန့်ကို ကြီးမားပြည့်စုံသွားလေပြီ။
He SuYeသည် Shen XiFan၏ လက်ကလေးကို ယူပြီး ညှင်သာစွာနမ်းလိုက်သည်။သူမ သိလောက်မှာတော့ မဟုတ်ပါဘူးလေဟု တွေးပြီး နည်းနည်းရလည်း နည်းနည်းဆိုသလို အကျိုးအမြတ်လေးကိုရှာယူမိလိုက်လေ၏။
သို့သော် သူ မသိခဲ့သည့်အရာမှာ ထိုနေရာ၌ စီးကရက်ဖွာနေသည့်လူတစ်ယောက်သည် အမှောင်ထဲကနေ ထိုမြင်ကွင်းအားလုံးကို စောင့်ကြည့်နေခဲ့ပြီးနောက် ကားမောင်းထွက်သွားခဲ့လေခြင်းဖြစ်သည်။မြေကြီးပေါ်တွင် ဆေးလိပ်တို၏ မီးပွားမီးစများသာ ကျန်ရှိခဲ့ပြီး လေနှင့်အတူ လွင့်ပါပျောက်ကွယ်သွားခဲ့လေ၏။
မနက်(၁၀)နာရီ ထိုးခါနီး Shen XiFanနိုးလာတော့ ဗိုက်လည်းဆာနေသည်။အသက်ကို ခပ်ပြင်းပြင်းရှူချလိုက်ပြီး အိပ်ရာပေါ်မှ အပြေးအလွှားထလိုက်ကာ ပြတင်းပေါက်ကိုဖွင့်လိုက်သည်။
" ဘုရားရေ! ဘယ်ကနေ ဝိုင်အနံ့ရနေပါလိမ့် "
မေမေShenသည် တံခါးကိုတွန်းဖွင့်လိုက်ပြီး ဆန်ပြုတ်တစ်ခွက် ကို သယ်လာခဲ့သည်။
" နင် မနေ့က ဘယ်လောက်တောင်သောက်ခဲ့တာလဲ? ဟမ့်! ကံကောင်းလို့ စိတ်ထားကောင်းတဲ့လူတွေက နင့်ကိုအိမ်ပြန်ပို့ပေးရှာတယ်လေ မဟုတ်ရင်တော့ ငါတို့တွေက ရဲစခန်းသွားပြီး လူပျောက်ရှာရတော့မှာ "
သူမသည် မျက်တောင်များကို ပေကလပ်ပေကလက်လုပ်လိုက်ပြီး
" အမေ သမီးကို ဘယ်သူက ပြန်ပို့ပေးတာလဲဟင် "
" အရပ်ရှည်ရှည် ခပ်ချောချော လူငယ်လေးဘဲ ပြုံးလိုက်ရင် ညာဘက်ပါးပေါ်မှာ ပါးချိုင့်သေးသေးလေးရှိတယ် ပြီးတော့ သမီးသောက်တာ အရမ်းများသွားလို့ အရက်ကြောင့်မအီမသာဖြစ်နေမှာစိုးလို့ Gehuaနဲ့ ပျားရည်ကို ဖျော်ပြီးတိုက်ပေးပါလို့ပြောသွားတယ် အရင်တစ်ခေါက်ကလည်း နင့်အဖေ အဲ့လိုဖြစ်သေးတယ်လေ! သွား! ဆေးကြောပြီးသွားသောက်လိုက်! "
Shen XiFanသည် ပန်းကန်လုံးလေးကိုကိုင်ထားရင်း သူမအရှေ့တွင် တရုတ်တိုင်းရင်းဆေးစာအုပ်ကို ဖြန့်ထားပြီးအနီးကပ်ကြည့်လိုက်သည်။
" Keberia၊ sibiricum၊ kudzuရဲ့ ပန်းအဖူးတို့က ချိုမြပြီး နူးညံ့တဲ့အရသာရှိတယ်။အဆိပ်အတောက်နှင့် အယ်လ်ကိုဟောလ်များကို ဖြေလျော့ပေးရာမှာ ဆေးကောင်းတစ်လက်ဖြစ်တယ် များများသောက်ပေးရင် ခေါင်းကိုက်မူးဝေ လည်ချောင်းခြောက်ကပ်တာ အော့အန်တာနဲ့ အရက်နာကျတာကို သက်သာစေတယ် ပျားရည်ထည့်မယ်ဆိုရင် ပုံမှန်ဆို ၃ဂရမ်ကနေ ၁၅ဂရမ်လောက်အထ်ိသုံးလို့ရတယ် "
ဤအယူအဆက လက်တွေ့မှာလည်း ဆက်စပ်မှုရှိနေဆဲဖြစ်ကြောင်း သဘောပေါက်လိုက်သည်။
ပထမဆုံးစာမျက်နှာသို့ပြန်လှန်လိုက်ပြီးတော့ ရုတ်တရက် စားပွဲပေါ်က စာတိုလေးတစ်စောင်ကို မြင်လိုက်ရသည်။သူမ ကောက်ယူပြီးဖတ်လိုက်သည့်အခါ He SuYe ရေးသားထားခြင်းဖြစ်သည်။
" အရမ်းသောက်ထားတော့ ကောင်းကောင်းအနာယူလိုက်ပါ မင်းနိုးလာရင် ကိုယ့်ကိုမက်ဆေ့ခ်ျလှမ်းပို့ဦးနော် ပြီးတော့ ကိုယ့်မွေးနေ့က ဖေဖော်ဝါရီ ၁၇ ရက်နေ့ ဒါပေမဲ့ ဒီနှစ်ကတော့
ပြီးသွားပြီလေ "
သူမ ရယ်မိလေသည်။He SuYe၏ မွေးလက ဖေဖော်ဝါရီလ ဖြစ်နေတာသိသွားတော့ သူ၏ရုပ်ရှည်သွင်ပြင်နဲ့ကြင်နာတတ်မှုအပေါ် အံ့သြစရာမရှိတော့ ၊အရမ်းထက်မြက်ပြီး အလုပ်အပေါ်လည်းပါရမီပါ၍ထူးချွန်လှသဖြင့် အရိုးထဲကနေတောင် စိတ်ကြီးဝင်မာနကြီးသည့်စိတ်က သေးသေးလေးတော့ ရှိစမြဲပေ ၊လျှမ်းလျှမ်းတောက် ကျော်ကြားသည့် လူတစ်ယောက်ဖြစ်လာသည်မှာ ဧကန်မုချမလွဲပေ။
ဒါပေမဲ့ သူမက သူ့ရဲ့မွေးနေ့ကိုသိချင်နေတာကို He SuYeက ဘယ်လိုများသိသွားပါလိမ့်?၊ ဒီဒေါက်တာက စိတ်လည်းဖတ်တတ်တာဘဲလား?
စားပွဲ၌ငေးကြောင်ကြောင်လေး ထိုင်နေမိပြီး မနေ့ညက သူမ ဘာဖြစ်ခဲ့သလဲဆိုသည်ကိုကြိုးစားပမ်းစားပြန်စဉ်းစားကြည့်သော်လည်း ဗလာသက်သက်သာ ရှိနေသည်။သူမ၏အဖြစ်အား ရယ်မောလိုက်ပြီး He SuYeဆီသို့ မက်ဆေ့ခ်ျပို့ရန် ကျိန်းသေပေါက် သူမ၏ဖုန်းကို နှိပ်ရန်ပြင်လေတော့သည်။
9.3.2021
Friday.
ဝဲလ်..ဝဲလ်..ဝဲလ် မမShenကတော့ လက်ဦးမှုစတင်ယူလိုက်ပါပြီရှင် ဖြောင်းဖြောင်းဖြောင်း!!!