သံတိုင်တွေရဲ့လွတ်မြောက်ရာဆီကို ၇ နှစ်ကြာပြီးနောက် ခြေချနိုင်ခဲ့တယ် ။
အမှားတွေကို ပြန်လည်ပေးဆပ်ခဲ့ပြီးပြီဆိုတော့ ယခုကစပြီး တစ်ယောက်သော သူကိုလိပ်ပြာသန့်သန့် ပိုင်ဆိုင်ခွင့်ရတော့မည် ။ ဘဝသစ်စတင်ဖို့ ပထမဆုံးခြေလှမ်းစတင်ရာ အကြောင်းပြချက်ဟာ သူ့ရဲ့သက်ရှိအသည်းညှာ ။
မိုးကောင်းကင်ဆီကဖြာကျတဲ့နေရောင်နုနုဟာ သူ့ကိုထောက်ခံနေသလို ခပ်နွေးနွေးထိတွေ့မိတ်ဆက်သည် ။ မျက်လုံးစုံမှိတ်ကာ ကောင်းကင်ထက်မျက်နှာမူကာ သူတစ်ချက်ပြုံးလိုက်၏ ။ထောင်ထဲ နှစ်ပေါင်းများစွာအကျဥ်းချခံထားရသော်လည်း သူဟာ မပြောင်းလဲစွာ ယခင်အတိုင်းခန့်ညှားနေဆဲပင်ဖြစ်သည် ။
ထို့နောက် သူ့နှုတ်ခမ်းပါးက ခပ်တိုးတိုးထုတ်အံလိုက်တဲ့စကားအချို့-
" ငါ ပြန်လာပြီ ယိုဟန် ''
စိတ်ကျေနပ်မှု ရာနှုန်းပြည့်ဆိုတာ သိသာစေတဲ့အသံအနေအထား ။ တစ်စုံတစ်ယောက်ကို သိမ်းပိုက်ဖို့ သေချာနေတဲ့ ယုံကြည်မှု ။
အသင့်ရပ်ထားတဲ့ ကားနက်ဘေးနား လူနှစ်ယောက်ဟာ အသင့်စောင့်ကြိုနေလေသည် ။ ထိုဆီသို့ သူတည်ငြိမ်စွာလျှောက်သွားတော့ အရိုအသေပေးလာကြ၏ ။ ထို့နောက် ကားတံခါးကိုအဆင်သင့်ဖွင့်ပေးသည် ။
" အကိုလေးယိုဟန်က ဒီ ၇ နှစ်လုံး ဝမ်အိမ်တော်မှာပဲ သူ့သားနဲ့အတူရှိပါတယ် သခင်လေး ၊ ဒါက သခင်လေးခိုင်းစေမှုအတိုင်း ကျွန်တော်တို့ အနီးကပ်စောင့်ကြည့်ခဲ့တဲ့ ပုံတွေပါ ''
တပည့်ဖြစ်သူ တရိုတသေ ကမ်းပေးတဲ့ ဓာတ်ပုံတွေကို လင်းချန်မင် တစ်ပုံချင်းကြည့်နေမိသည်။
မြတ်နိုးသူဟာ ပြုံးရယ်လို့နေကာပျော်နေသည်ထင်ပါရဲ့ ၊ ဝမ်လုကျိုးနဲ့အတူ စကားတွေဖောင်ဖွဲ့ပြောနေရသည်ကိုပင် သူ့မှာသဘောတကျရှိနေဟန် ။ ကြည့်နေသည့်လူကိုပင် လျှစ်ခနဲ ပြုံးရယ်မိစေသည့် ထိုအပြုံး ။ မျက်ဝန်းတွေမှေးမှိတ်သွားသည်အထိ ရယ်နေရတဲ့အကြောင်းအရင်းက ဘာများဖြစ်သည်လဲ ။
ဓာတ်ပုံတစ်ပုံကတောင် ဒီလောက်အသက်ဝင်လှပနေလျှင် ထိုအပြုံးတွေကို အပြင်လောက၌ အနီးကပ်တွေ့ခွင့်ရမည်ဆိုပါက ဘယ်လောက်တောင် ကံကောင်းလိုက်မည်လဲ ။
ဘေးနား အတူရှိခွင့်ရတဲ့ ဝမ်လုကျိုးကို မနာလိုဖြစ်မိတော့သည် ။
သို့သော်လည်း ကျေးဇူးတင်ပါသည် ။
ကောင်လေးကို ပျော်ရွှင်စေသည်ကပင် ကျေးဇူးအထူးတင်စရာကောင်းနေပြီဖြစ်သည်။
" အခု ယိုဟန်ဘယ်မှာရှိလဲ အတိအကျသိချင်တယ် ''
ကားလေးသည် တစ်ရွေ့ရွေ့ပင် ၇ နှစ်ကြာဝေးကွာနေသော F city ရှိ အိမ်တော်သို့ဦးတည်နေသည် ။ ယိုဟန်ကိုချက်ချင်းပြေးတွေ့လိုက်ချင်သော်ငှား သူထိုသို့မလုပ်နိုင်သေးပေ ။ သူ့ကိုယ်၌စွဲထင်နေသော ထောင်အငွေ့အသက်များ အညစ်အကြေးများကို သန်စင်ပြစ်ရဦးမည် ။ သို့မှသာ တစ်ယောက်သော သူအားပွေ့ဖက်ဖို့ရန် သူလိပ်ပြာသန့်လိမ့်မည် ။
မကြာခင်အချိန်အတွင်း ယိုဟန်နှင့် တွေ့ရတော့မည်ဆိုသည့်အသိက သူ့စိတ်ကို ဆယ်ကျော်သက်လူငယ်တစ်ယောက်လို တက်ကြွလန်းဆန်းနေစေသည် ။ ငယ်စဥ်ကတည်းက ယိုဟန် ကိုတစ်စိမ့်စိမ့်ကြည့်ရင်း ရှင်သန်ဖို့ရွေးချယ်ခဲ့သူမို့ သူ့အသက်ရှူသံတစ်ချက်တိုင်းဟာ ယိုဟန် ယိုဟန် မမြည်ရုံတမယ် ထိုကောင်လေးအပေါ် သူ့မြတ်နိုးခြင်းတွေက အတိုင်းအစမဲ့လွန်းသည် ။
အိမ်တော်ကိုခြေချတော့ သူ့အစေခံတွေဟာ သူ့ကိုဝမ်းမြောက်စွာကြိုဆိုကြသည် ။ အိမ်တော်မှာရှိတဲ့သူအားလုံးသည် စိတ်ဓာတ်စစ်ဆင်ပြီးသူများသာဖြစ်၍ သူ့မရှိသည့် ၇ နှစ်တာ၌သူ့လုပ်ငန်းများကို စိတ်ချစွာအပ်နှံထားရှိခဲ့ခြင်းဖြစ်သည်။
သူ့ကိုယ်သူ ပြင်ဆင်ပြီးချိန်၌ လင်းချန်မင်၏ ပုံစံမှာ လုံးဝကိုနှစ်လိုဖွယ်ကောင်းသော ခန့်ညှားသည့် အမျိုးသားတစ်ယောက်အဖြစ်သို့ ချက်ချင်းပြောင်းလဲသွားခဲ့သည် ။
ထို့နောက် ထက်သန်နေသောစိတ်အစုံက ယိုဟန်ကိုသာ ပြေးတွေ့ချင်နေပုံရ၏ ။
" ယိုဟန် ရှိတဲ့နေရာကို သိပြီလား သွားမယ် အသင့်ပြင်ထားသော ''
" သခင်လေး..အကိုလေးက - ''
" ......... ''
စကားလုံးတွေ ရပ်တန့်သွားသော တပည့်ကြောင့်လင်းချန်မင် မျက်ခုံးတစ်ဖက်ပင့်ကာ စူးစမ်းစွာကြည့်လိုက်မိသည် ။
" ဆက်ပြော..''
အေးစက်မှုက ကြက်သီးထစရာပင် ၊ သခင်လေးအကြောင်း အလုံးစုံသိသော တပည့်ဖြစ်သူက မိမိစိတ်ကိုအရင်တည်ငြိမ်စေလိုက်၏ ။ ထို့နောက် စကားဆိုသည်။
" အကိုလေး က LA ကို ဝမ်လုကျိုးနဲ့ လွန်ခဲ့တဲ့ တစ်ပါတ်ကလိုက်ပါသွားခဲ့ပါတယ် ၊ အတိအကျဆိုရင် ရက် ၂၀ လောက်ကြာမယ်လို့သိရပါတယ် ''
" ဘာ....မင်းတို့ ဘာလို့အခုမှပြောတာလဲကွ !! "
" တောင်းပန်ပါတယ် ''
" တောက်..!! ဝမ်လုကျိုးနဲ့က ဘာကိစ္စ ..ဟာကွာ ''
တည်ငြိမ်နေတဲ့ကန်ရေပြင်ထဲ ခဲလုံးတစ်လုံးပြစ်ထည့်လိုက်သလို စိတ်အခြေအနေကနောက်ကြည့်လာသည်။ ထောင်ကလွှတ်ပြီး ပထမဆုံးအကြိမ် သူ့ရင်ထဲတစ်ချက်စောင့်တက်သွားတဲ့မနာလိုမှုက ကြီးမားသည် ။ တစ်ခုခုကို စိတ်ပြေလက်ပျောက် ဒေါသပုံချဖို့ဟာ စိတ်ကူးမိတော့ ဓားစာခံကတပည့်ဖြစ်သူ ဖြစ်သွားလေတော့သည် ။
" စောက်သုံးမကျဘူး ငါကစောင့်ကြည့်ထားဖို့ပြောခဲ့တယ်လေ ..''
နီးစပ်ရာ အလှပန်းအိုးတစ်လုံးကိုဆွဲယူ လွှဲရမ်းပြီးအပြစ်ပေးဖို့ ဟန်ပြင်ပြီးမှ သူ့ရဲ့ကြမ်းတမ်းမှုတွေကို သဘောမကျတတ်သည့်လူတစ်ယောက်ကိုမြင်မိသွားသည်..ရုတ်တရက် တည်ငြိမ်သွားတဲ့စိတ်အခြေအနေ ၊ ဘာကိုမှန်းမသိ တစ်ခုခုကိုလွမ်းတဲ့စိတ်နဲ့ ငြိမ်သက်သွားမိပြန်သည် ။
တပည့်ဖြစ်သူကတော့ ကျရောက်လာသည်ရက်စက်မှုတွေကို ခါးစီးခံရန်အသင့်အနေအထားဖြင့်ပင် ။
" LA ကိုလိုက်သွားဖို့ အခုချက်ချင်းပြင် ''
အေးစက်လွန်းတဲ့ အမိန့်စကားအဆုံး အားလုံးဟာ နာခံရန်အသင့်ရှိနေကြသည်။
__________
တစ်နာရီခွဲ ပြီဖြစ်သည်။
LA ၌ရှိ ကြယ်ငါးပွင့်အဆင့်မြင့်ဟိုတယ်၌ ပြုလုပ်နေသော နေ့လည်စာစားပွဲပြီးဆုံးလုနီးပါးဖြစ်သည် ။ နိုင်ငံခြားရောက် လုပ်ငန်းရှင်အများစုသည် ဝမ်လုကျိုးကို မြေးဦးလေးရရှိခြင်းအတွက် များစွာ ဝမ်းမြောက်ဂုဏ်ယူစကားဆိုနေကြသည်။
ဘေးနားရှိ ယိုဟန်မှာလည်း ဝမ်လုကျိုး၏ ခမည်းခမက် အဖြစ် ခုလိုအရေးတကြီးလုပ်ငန်းရှင်များအား တရင်းတနှီးပြောဆိုခွင့်ရှိသည်မှာ ဝမ်သားအဖ၏ အလေးပေးဆက်ဆံမှုကြောင့်ပင် ။ အမြဲတမ်းအပြုံးချိုစွာ ဖော်ရွေတတ်သော သူ့ကိုလည်း လူအတော်များများဟာ နှစ်လိုဖွယ်ရှိနေတတ်သည် ။
LA ကိုရောက်ရှိသည်မှာ တစ်လနီးနီးပင်ပြည်တော့မည်။ မြေးလေး ဝမ်ရိကျန့်ကိုစတင်မွေးဖွားခါနီးအချိန်ကပင်ဖြစ်သည်။ ဘဝ၌အပူအပင်ကင်းမဲ့စွာ နေထိုင်ခွင့်ရခဲ့သည် ။ လိုအပ်ချက်မရှိအောင် သားရှောင်းကျန့်၏ဖြည့်ဆည်းမှုတွေနဲ့အတူ အကိုလုကျိုတို့သားအဖ၏ အလေးပေးဆက်ဆံမှုတို့၌ ယိုဟန်ဘဝ အစစအရာရာအဆင်ပြေချောမွှေ့ခဲ့ပါသည် ။ ယခုဆိုလျှင် သူတို့ဘဝထဲ အဖိုးတန်ကလေးလေးတစ်ယောက်ကိုပါ ထည့်တွက်ရတော့မည်။ သို့သော် ရင်တွင်းတစ်နေရာကတော့ လစ်ဟာနေဆဲဖြစ်သည် ။ တစ်နှစ်ပြီးတစ်နှစ် ကုန်ဆုံးသွားချိန်၌ တစ်ယောက်သောသူ လွှတ်မြောက်လာတော့မလားဟူသည်မျှော်လင့်ချက်ဟာတော့ရှင်သန်နေဆဲပင် ။
နေ့လည်စာ စားပွဲပြီးဆုံးချိန် ယိုဟန်နှင့်ဝမ်လုကျိုး LA ရှိ သားဖွားဆေးရုံသို့ဦးတည်ခဲ့၏ ။ ရိပေါ်နှင့် ရှောင်းကျန့်ဟာတော့ နှစ်ခြိုက်စွာ အိပ်ပျော်နေသော ဖြူလုံးလုံးကလေးလေးကိုကြည့်ရင်း ပီတိဖြာစွာပျော်ရွှင်နေကြသည် ။ နှစ်ယောက်လုံးမျက်ဝန်း၌ အတိုင်းအစမဲ့ပျော်ရွှင်မှုကြောင့် ကြည်လဲ့လဲ့မျက်ရည်စများရစ်ဝဲနေလေ၏ ။
" သားက မင်းငယ်ငယ်ကအတိုင်းပဲနော်ဝမ်လေး ပါးဖောင်းဖောင်းလေး ပြီးတော့ တော်တော်လေး ဂျစ်မဲ့ပုံ ''
" ကောလိုပဲ သားလေးပြုံးရင်ချစ်စရာအရမ်းကောင်းတယ် ''
" ကောလေ အရမ်းပျော်တာပဲသိလား ကောတို့က ပုံမှန်မဟုတ်တဲ့ဆက်နွယ်ခြင်းမလို့ ဒီလိုမိသားစုဘဝကိုစိတ်ကူးတောင်မယဥ်ရဲခဲ့ဘူး ''
အိပ်နေသော သားကိုကြည့်ရင်း ရှောင်းကျန့်ကပီတိဖြစ်စွာစကားဆိုသည် ။ ကျဆင်းလာသောမျက်ရည်တွေဟာ အတိုင်းအစမဲ့ပျော်ရွှင်မှုကြောင့်သာ..။
" ကော..မငိုရဘူးလေ ''
သားကိုငေးမောနေသော ကောကိုရိပေါ်က သူနဲ့မျက်နှာချင်းဆိုင်စေကာ မျက်ရည်စက်တွေကို ညှင်သာစွာသုတ်ဖယ်ပေးသည်။ ကောရဲ့မျက်ရည်စက်တွေက ပျော်ရွှင်လို့ကျသည်ဖြစ်သည် ရိပေါ်အမှန်မမြင်တွေ့လိုပေ ။ အမြဲတမ်းအပြုံးတွေနဲ့သာ ယဥ်ပါးနေတဲ့ကောက မျက်ရည်စက်တွေနဲ့လည်း မလိုက်ဖက်ပါချေ ။
တဖြည်းဖြည်း လှိုက်ဖိုမှုကြောင့် ကောကငိုချချင်စိတ်ကိုထိန်းထားဟန်တူသည် ။ ချစ်စရာကောင်းတဲ့ မျက်နှာလေးက ငိုမဲ့မဲ့လေးဖြစ်လာ၏ ။
မေးဖျားလေးတွေ တုန်ယင်နေကာ မျက်ခန်းစပ်လေးများက နီးမြန်းလာတော့သည် ။ ထိုပုံစံလေးဟာ ချစ်စရာကောင်းလွန်းစွာ ရိပေါ့်ရင်ကို အသဲတစ်ယားယားဖြစ်လာစေတော့၏ ။
" ကော ရယ် ကလေးကျနေတာပဲ ''
ကောပါးနှစ်ဖက်ကို ရိပေါ်ကသူ့လက်ဖဝါးတွေနဲ့အုပ်ကိုင်လိုက်ကာ ပြုံးလိုက်မိသည်။ သူ့ရင်ထဲ မြတ်နိုးမှုတွေ တိုးပွားလာကာ ရင်နဲ့မဆ့မှာပဲစိုးရိမ်နေရ၏ ။ ကောမျက်နှာကိုမော့လိုက်ကာ တုန်ယင်နေသော မြေးဖျားလေးကို တစ်ချက်နမ်းလိုက်၏ ။ ထို့နောက် မျက်ရည်တွေကျဆင်းလာသော မျက်ဝန်းနှစ်ဖက်ကို တစ်လှည့်ဆီနမ်းလိုက်သည် ။
" ဝမ်လေး မင်းကလေ အခွင့်အရေးကိုရသလောက်ယူနေတော့တာပဲ..''
" ဟား ဟား ဒါဆိုကောက ချစ်ဖို့ကောင်းအောင်မနေပြနဲ့ပေါ့ ...''
" အရူးလေး ငါငိုနေတာလေ ငိုနေတာကွ ''
" ငိုနေတာကကိုချစ်ဖို့ကောင်းနေတာ့လည်း..လာပါဦး ဒီဆူနေတဲ့နှုတ်ခမ်းလေးကိုမနမ်းရသေးဘူး..အွန်း...''
နှုတ်ခမ်းတော်လိုက်ကာ ကောမျက်နှာနားတစ်ဖြည်းဖြည်းတိုးကပ်သွားရင်း ထိကပ်ရန်ပြင်လိုက်သည်။
" အဟမ်း....အဟွတ်...အဟင်း ''
ရုတ်တရက်ပင် ကြည်နူးစရာဇာတ်ဝင်ခန်းလေးကို ချောင်းအမျိုးမျိုးဆိုးသံက ဝင်ရောက်နှောက်ရှက်လိုက်၏ ။ ဝင်ပေါက်ကိုကြည့်လိုက်တော့ ပါပါးနဲ့အတူ ဦးလေးယိုဟန်ဟာ ရဲပလောင်းခတ်နေတဲ့မျက်နှာတွေနဲ့အတူ ရှိနေကြသည် ။
ရိပေါ် မကျေနပ်စွာ နှုတ်ခမ်းအော်တို ဆူသွားမိ၏။
" ပါးပါးတို့ကတော့ တကယ့်အချိန်ကောင်းဆိုရောက်ရောက်လာပြီနော် ဟွန်း ..''
" ဟေ့ကောင် မင်းတို့ကသာ အချိန်ပြည့် -. .ဟွန်း ငါနော် မပြောကိုမပြောချင်ဘူး ''
သူ့အားပွဲဖျက်သူလို ပြောဆိုနေသောသားအား ပြန်လည်တုန့်ပြန်စကားဆိုကာနီးမှ ဘေးနားရှိ အရှက်သည်းစွာရှိနေသော ယိုဟန်ကြောင့် လုကျိုးစကားမဆက်နိုင်တော့ပေ ။
ယိုဟန်ကတော့ ဒီသားဖနှစ်ယောက်ရဲ့ပွင့်လင်းမှုတွေနဲ့နေသားမကျသေးစွာ ခေါင်းခါရင်း ရှောင်းကျန့်ဆီသို့လျှောက်သွား၏ ။
" မင်းတို့လည်း အချိန်နဲ့အခါနဲ့ ကြည့်လုပ်ကြပေါ့နော့် ''
သားဖြစ်သူကို မေးငေါ့ကာ တစ်ချက်ဖဲ့လိုက်သည်။
" သားက ပါပါးလို FA မဟုတ်ဘူးနော် ဘယ်အချိန် ဘယ်နေရာရောက်ရောက် အဲဗားကိုလုပ်လို့ရတယ် ဟွန်း ''
" ဒီ ခွေး- ''
ဆဲဆိုခါနီးမှ လုကျိုးပါးစပ်အမြန်ပိတ်လိုက်ရသည်။
မိမိခွေးဖြစ်သွားနိုင်သည့်စကားဖြစ်တာမို့ ဆက်ပြောရန်မသင့်တော့ပါ ။ သားဖြစ်သူရဲ့ မှိုချိုးမျှစ်ချိုးသလို အပြောမခံရဖို့ရန် လုကျိုးလည်း အိမ်ထောင်ဖက်အမြန်ရှာမှပါ ။
ရှောင်းကျန့်တို့သားအဖကတော့ ရိပေါ်တို့သားအဖကိုကြည့်ရင်းသာ ပြုံးရယ်နေကြသည် ။
ထို့နောက် လေးယောက်သားဟာ အိပ်မောကျနေသော ဝမ်ရိကျန့်ပေါက်စလေးဘေးနား ဝိုင်းကြရင်း သဘောတကျရှိနေကြ၏ ။
အိမ်ရဲ့ ဆည်းလည်းလေးထပ်တိုးလာပြန်ပါရောလား..။
မကြာခင်၌ ဝမ်လုကျိုးထံသို့ message တစ်စောင်ဝင်လာခဲ့သည် ။
ထို message အားတစ်ချက်ကြည့်ရင်း လုကျိုးမှာ ကြောင်အစွယရပ်နေမိ၏ ။ ထို့နောက် ယိုဟန်အား လှည့်ကြည့်လိုက်သည်။ ယိုဟန်ကတော့ ဘာမှမသိသလို သူ့မြေး၏ လက်သေးသေးကိုဖွဖွတို့ထိကြည့်ရင်း ပြုံးရယ်နေလေ၏ ။
" သူတောင် ပြန်လွှတ်လာပြီပေါ့ ''
ခပ်တိုးတိုးပြောမိသော စကားက သူကိုယ်တိုင်သာ ကြားရသည် ။ ရုတ်တရက် ယိုဟန်က သူ့ဘက်သို့ဆက်ခနဲပင်လှည့်ကြည့်လာ၏ ။ သူနဲ့ခဏတာ အကြည့်ချင်းဆုံမိသွားသည် ။ သူပြောတဲ့စကားများကြားသွားသလားလို့ လုကျိုးတွေးမိသွား၏ ။ သို့သော် ယိုဟန်က ပြုံးရယ်ပြလာသည် ။ အနည်းငယ်တောင် အသက်ကြီးသွားပုံမရတဲ့ မျက်နှာလေးက နုဖက်နေဆဲပင် ။ ရယ်လိုက်တိုင်းမှေးသွားတဲ့ မျက်ဝန်းနားက ကြက်ခြေခတ်အရစ်လေးကလည်း တစ်မူထူးခြားစွာ လှနေပြန်၏ ။
ဝမ်လုကျိုး သတိလက်လွှတ်ငေးမောမိရာမှ သတိဝင်လာကာ ပြန်လည် ပြုံးပြလိုက်၏ ။ ယိုဟန်ကတော့ ဘာမှမသိသလို မြေးဖြစ်သူဖက်ကိုသာ ပြန်လည် လှည့်သွားလေတော့သည် ။
ဝမ်လုကျိုးမှာသာ သက်ပြင်းအကြိမ်ကြိမ်ချနေမိတော့၏ ။
ရှေ့ဆက်ပြီး မင်းဘဝ ပျော်ရွှင်ရဖို့သာ ရှိပါတော့တယ် ယိုဟန်..။
______________
နောက်တစ်ပိုင်းမှပေးတွေ့ပေးမယ်နော် ။
စိတ်မပူပါနဲ့ Extra တွေအများကြီး ရေးပေးမှာပါ ။
လင်းချန်မင်နဲ့ ယိုဟန်ကို တကယ်ပဲ He လုပ်ပေးရမလားဆိုတဲ့ မေးခွန်းက စာရေးသူကိုယ်တိုင်လဲ အတွေးများစေခဲ့ပါတယ် ။
ချန်မင်က ဒီဇာတ်လမ်းထဲမှာ ယိုဟန်တို့မိသားစု ပြိုကွဲရခြင်းရဲ့အကြောင်းအရင်းဖြစ်လို့ ခွင့်လွှတ်ပေးသင့် မသင့်ဆိုတာ မဆုံးဖြတ်တတ်တော့ဘူး ။
စာဖတ်သူတစ်ချို့ကပြောတယ်။
ယိုဟန်နေရာမှာဆိုရင် သူကတော့လုံးဝခွင့်လွှတ်ပေးမှာ မဟုတ်ဘူးတဲ့ ။ မိန်းမဖြစ်သူကိုပါ သေစေခဲ့တဲ့အပြင် သားနဲ့လည်း အကြာကြီးဝေးကွာစေခဲ့လို့ ယိုဟန်သာ တကယ်ခွငိ့လွှတ်လိုက်ရင် ဒီ fic ကိုဆက်ဖတ်မှာမဟုတ်တော့ပါဘူးတဲ့ရှင် ။
တကယ်ဝမ်းနည်းစရာပါပဲ ။
ဘယ်လိုလုပ်ရမလဲ မသိတော့ဘူး ။
စာရေးသူကပဲ လိုအပ်ချက်တွေများနေတာလား ။ သူပြောသလို လင်းချန်မင်က တကယ်ကြီး ခွင့်မလွှတ်ပေးသင့်ဘူးလား ?
Zawgyi
" ငါ ပြန်လာပြီ ယိုဟန် ''
" သခင်လေး..အကိုလေးက - ''
" ......... ''
" ဆက်ပြော..''
" တောင်းပန်ပါတယ် ''
__________
" ကော..မငိုရဘူးလေ ''
" ကော ရယ် ကလေးကျနေတာပဲ ''
" အဟမ်း....အဟွတ်...အဟင်း ''
" ဒီ ခွေး- ''
______________
တကယ်ဝမ်းနည်းစရာပါပဲ ။