ကိုကို့ ရဲ့ ငယ် ♥ Uni+Zaw

By frozenmanobannca

114K 8.4K 482

gudie ဆရာမ tomboy လေးနဲ့ ကျောင်းသူလေး တို့ရဲ့ အချစ်ဇာတ်လမ်း More

ကိုကို့ ရဲ့ ငယ် ♥ intro
Part 1 ♥Uni+Zaw
Part 2 ♥ Uni+Zaw
Part 3 uni + zaw
Part4 uni+zaw
To my reader
Part 5 uni+zaw
Part 6 uni +Zaw
Part 7 uni+ zaw
Part 8 uni+zaw
Part 9 uni +Zaw
Part 10 Uni+Zaw
Part 11 Uni+Zaw
Part 12 Uni+Zaw
Part13 Uni +Zaw
Part 14 Uni+Zaw
Part 13 Zawgi
Part 15 Uni +Zaw
Part 16 Uni+Zaw
Part 18 Uni+Zaw
Part 19 Uni+Zaw
Part 20 Uni+Zaw
Part 21 Uni+Zaw
Part 22 Uni+Zaw
Part 23 Uni+Zaw
Part 24 Uni +Zaw
Part 25 Uni +Zaw
Part 26 Uni+Zaw
Part 27 Uni+Zaw
Part 28 Uni +Zaw
Part 29 Uni+Zaw
Part 30 Uni+Zaw
Part 31 Uni+Zaw
Final Uni +Zaw
ကျေးဇူးတင်လွှာ
Bonus Part 💕💕

Part 17

2.4K 192 10
By frozenmanobannca

ကိုကို့ ရဲ့ ငယ်

အပိုင်း ၁၇

ဘာလိုလိုနဲ့ နောက်ဆယ်ရက်နေရင် အောင်စာရင်းတောင် ထွက်တော့မည်။ အောင်စာရင်းထွက်မှာက ငယ်..မနေနိုင် မထိုင်နိုင်ဖြစ်နေတာက ကျွန်တော်ပင်။ ကျွန်တော့်မှာညတိုင်း ငယ့်ကို ဖုန်းဆက်ပြီး စိတ်တွေ မလှုပ်ရှားဖို့ပြောလိုက် ထွက်လာလို့ ကိုယ်မျှော်မှန်းထားသလို မဖြစ်ရင်လည်း စိတ်ကို အတတ်နိုင်ဆုံး ပြင်ဆင်ထားဖို့မှာလိုက်နဲ့...အမှန်တော့ကျွန်တော်ကသာ ငယ့်ကို မှာနေတာ
ငယ်ကတော့ အေးဆေးပင်။ မအေးဆေးတာက ကျွန်တော်..
ဖြေထားတဲ့သူက အဲ့လောက် စိတ်မလှုပ်ရှား ဘေးက ကျွန်တော့်မှာတော့ ညတိုင်းလိုလို ဆုတွေတောင်းနေရလေသည်။ တစ်ယောက်ယောက်သာ မြင်ရင် ကျွန်တော်က စာမေးပွဲဖြေထားတဲ့အတိုင်း...

အခုတော့... မျှော်လင့်ခဲ့ရတဲ့ နောက်ဆုံး နေ့လေးရောက်လာလေပြီ။
အောက်စာရင်းက မနက် ၆ နာရီကစလို့ ကျောင်းတွေမှာ ကပ်ပေးမှာဖြစ်ပေမယ့် ကျွန်တော်တို့လို ဘော်ဒါတွေကျ မနက်လေးနာရီလောက်ကတည်းက သိရသည်။ နောက်ဆုံးတော့ တောင်းတဲ့ဆုက
ပြည့်သွားပြီလေ။ ငယ်က သူမျှော်မှန်းထားတဲ့ အတိုင်း ခြောက်ဘာသာ ဂုဏ်ထူးထွက်သည်။

ကျွန်တော့်မှာတော့ သိသိချင်း ပျော်လွန်းလို့ အမေ့ကို ဖက်လိုက်
အော်လိုက် ခုန်ပေါက်လိုက်နဲ့.. အမေကတောင် ပြောသေးတယ်။
ငါ့သမီးရယ်..နင်အောင်စာရင်းထွက်တုန်းကတောင် ဒီလောက်မပျော်ဘူး အခု နင့်တပည့်ထွက်တာ အဲ့လောက်ပျော်ရသလားတဲ့..
အမေကတော့ ဪ..ငါ့သမီးလေးက ဆရာစိတ်ဓာတ်အရမ်းကို ပြည့်ဝတဲ့ သူလေးလို့ သေချာပေါက်တွေးမှာပေ။ ကိုယ်ကတော့ ကိုယ့်
ချစ်သူ ဂုဏ်ထူးတွေအများကြီးပါလို့ အရမ်းပျော်နေတယ်ဆိုတာ
ကိုယ့်ဘာသာ ကိုယ်ပဲ သိသည်။ ဒါကိူ အမေသာသိသွားလို့ကတော့
မွေးရကျိုးနပ်လိုက်တာ ဆိုပြီး ပြောမှာတော့ အမှန်ပင်။

ဒီနေ့ကတော့ အောင်စာရင်းထွက်ပြီး ကျောင်းကို အောင်တဲ့လူတွေ ဂုဏ်ထူးထွက်တဲ့ လူတွေ လာကြပြီး ဆရာတွေက ချီးကျူးစကားပြောလိုက် မုန့်တွေသားလိုက် အရင်က အတန်းထဲမှာဘယ်သူက ဘယ်သူ့ကို ကြိုက်နေတာ ဆိုပြီး ငယ်ကျိုးငယ်နာတွေ ဖော်လိုက်နဲ့ ပျော်စရာ အတိ။ ငယ်ကတော့ အားလုံးထဲမှာ ဂုဏ်ထူးအများဆုံး
ထွက်တာမို့ ကျွန်တော့်အတွက်က ပိုဂုဏ်ယူစရာပင်။ဘာလို့ဆို ငယ်က ကိုယ့်တပည့်ကိုး။ ကိုယ်ဂိုက်ပေးတဲ့ ကျောင်းသားက ဂုဏ်ထူး
ထွက်တယ်ဆိုတာ ဆရာတစ်ယောက်အနေနဲ့တော့ တော်တော်လေး
ဝမ်းမြောက်ရသည် မှာ အမှန်ပင်။

ဖူးဖူးကတော့ သုံးဘာသာ ထွက်ပြီး ကြွေရုပ်ကတော့ လေးဘာသာထွက်သည်။ ရွှေရည်ဝင်းကတော့ တစ်ဘာသာ နဲ့ လဲ့လဲ့မော်ကတော့
ရိုးရိုးအောင်တယ်လေ။ ဘာပဲဖြစ်ဖြစ် ကျွန်တော့်တပည့် ငါးယောက်မှာလေးယောက်က ဂုဏ်ထူးထွက်တော့ အေးချမ်းကိုကိုတစ်ယောက် ဝမ်းသာပီတိ ဂွမ်းဆီ ထိနေတာပေါ့😏😏😏။

နောက်တစ်ရက်နေရင် ဂိုက်တန်း ပြန်ဖွင့်တော့မှာကြောင့် ဂုဏ်ထူးထွက်တဲ့လူတွေ ထဲက နေ ကျောင်းနဲ့နီးတဲ့လူတွေကို ဂိုက်ပြန်ခဲ့သည်။ကျွန်တော်ကတော့ ငယ့်ကို လုပ်စေချင်ပေမယ့် ငယ့်အိမ်က
ကျောင်းနဲ့ဝေးတော့ ဘယ်လိုမှ မဖြစ်နိုင်။

အခုဆိုရင် ဂိုက်တန်းပြန်ဖွင့်တာကြောင့် အရင်လိုမအားလပ်တော့။ ကျောင်းက လည်း ဖွင့်ပြီဆိုတော့ အိမ်နဲ့ ကျောင်း ကျောင်းနဲ့ အိမ်ကို
လုံးချာပတ်လည်ရိုက်နေတာကြောင့် ငယ်နဲ့တောင် မတွေ့နိုင်။
ညတိုင်း ဖုန်းခေါ်ရင် ခေါ် ဒါမှမဟုတ် Vedio call ေခါ်ပြီး
အလွမ်းဖြေနေရလေသည်။

ဒီနှစ်ကျောင်းသားတွေက သွက်တဲ့သူတွေ သိပ်မပါ။ များသောအားဖြင့် ပုံမှန်လူတွေများပြီး တော်တဲ့လူက ယောကျ်ားလေးထဲက တစ်ယောက်နဲ့ မိန်းကလေးထဲက နှစ်ယောက်သာပါလေသည်။ ဒါတေယင် သူတို့က အနူတောမှာ ရွှေချောဖြစ်တာလို့ ဆိုရမလိုပင်။ မနှစ်ကနဲ့ ယှဥ်မယ်ဆိုရင် သူတို့က မနှစ်က သမားတွေရဲ့ ခြေဖျားတောင်မမှီ။ ဒါကြောင့် ဒီနှစ်တော့ ဂုဏ်ထူးထွက်မယ့်လူက သိပ်မပါမှန်း
မှန်းလို့ရလေသည်။ ဒီလိုပါပဲ ကျောင်းတိုင်းက.. တစ်နှစ် တော်တဲ့သူတွေ များရင် နောက်တစ်နှစ်ကျ တော်တဲ့သူ  တွေသိပ်မပါတော့။
ဒါက ကျောင်းရဲ့ နိယာမတစ်ခုကို ဖြစ်နေသည်။

ပုံမှန်လူနဲ့ နည်းနည်းမရတဲ့ သူ များတာကြောင့် ကျွန်တော်တို့ ဂိုက်တွေ မသက်သာပေ။ ဟိုလူက မေးလိုက် ဒီလူက မေးလိုက်နဲ့။
အရင်တုန်းကလောက် နားချိန်မရ။ ဒီနှစ်က တော်တဲ့သူသာ မပါတာ။ချောတဲ့သူတွေကတော့ တော်တော်များတယ်လို့ ဆိုရမှာပါပဲ။
မိန်းကလေးထဲမှာဆိုရင် တော်တော်ကြီးကို ချောတဲ့ ကောင်မလေး ငါးယောက် ခြောက်ယောက်လောက်ပါတယ်။ ယောကျ်ားလေးထဲ
မှာဆိုရင် ခုနှစ်ယောက်လောက်ပါတယ်။ဒါကြောင့် ဆရာမတွေ ဒီနှစ်တော်တော်လေး ထိန်းနေရလေ၏။

စာသာ မတော်ကြတာ ရည်းစား စာတို့ ရည်းစားစကားတို့
ကြ ဘယ်သူမှ မသိအောင် သိုသိူ ဝှက်ဝှက် ပြောကြ ပေးကြနဲ့။
ကျွန်တော်တို့ဂိုက်တွေတောင် ကျောင်းသူတွေ အတင်းပြောကြတာမှ
ကြားခြင်းဖြစ်သည်။ဒါတောင် ဘူးခံငြင်းသေးတာ။ကိုယ်တွေက
ဆရာမနဲ့မတိုင်ဘူးလို့ ပြောတော့မှ ပြောပြကြတာ။ ဒီနှစ်ကဟာတွေက လွယ်တော့ မလွယ်လေဘူး ။

မန့က ငယ်နဲ့ တစ်နှစ်နဲ့ သုံးလ ပြည့်တဲ့ Anniversaryလေးပါ။
ဒါပေမယ့် နှစ်ယောက်လုံး တွေ့လို့မရပေ။ ကျွန်တော်က ကျ ကျောင်းဖွင့်တာကြောင့် တွေ့လို့မရ။ ငယ်ကလည်း သူ့မိဘတွေနဲ့ တောင်ကြီးဘက် လိုက်သွားတာကြောင့် နှစ်ယောက်လုံး Anniversary
မှာ တစ်ကွဲတစ်ပြားစီ။  ငယ်က သင်တန်းတက်တွေ တက်နေတာကြောင့် တစ်ခါတစ်လေ ငယ်သင်တန်းဆင်းတဲ့ အချိန်ကျ သွား
တွေ့လို့တော့ရလေသည်။ အချိန်ကလည်း အရင်လို အများကြီးမရ။
တစ်နာရီလောက်ပဲ တွေ့လို့ရတာလေ။

ငယ်က ဖူးပွင့်တို့နဲ့အတူတူ သင်တန်းတက်တာဖြစ်ပြီး အသွားအပြန်ကိုတော့ ဖူးပွင့်မတို့နဲ့ အတူတူ သွားအတူတူပြန်လေသည်။ ဒါကြောင့် တွေ့ချင်တဲ့အချိန်ကျ ဖူးဖူးတို့ကို ဖုန်းဆက်ပြီး အိမ်ကို တစ်နာရီလောက်အပြန်နောက်ကျမယ်ဆိုပြီး အချိန်ဆွဲခိုင်းထားကာ
နှစ်ယောက်သား ရရင် ရသလိုတွေ့နေကြ။ တစ်ပတ်မှာ နှစ်ခါလောက်တော့ တွေ့လို့ရသည်။ နေ့တိုင်းတော့မရ။ အဲ့ဒါကလည်း
စနေ တနဂ်နွေမှပင်။ ငယ့် ကွန်ပျူတာ သင်တန်းက စနေနဲ့ တနဂ်နွေမှာ တက်ရတာဖြစ်ပြိး ကျွန်တော်ကလည်း စနေ တနဂ်နွေကျမှ
အားတော့ နှစ်ယောက်သား စနေ တနဂ်နွေဆို တွေ့နေကြ။

ဒီနေ့ ကျောင်းက ပြန်တာ နောက်ကျနေတာကြောင့် ဂိုက်တန်းကို
မှီဖို့ ကျွန်တော့်မှာ အမောတကော လာခဲ့ရသည်။ ဪ..ပြောဖို့မေ့နေတာ..ကျွန်တော်တို့ ကျောင်းမှာ ကျွန်တော့်အတွက် စပိုင်ရှိတယ်သိလား..ဘယ်သူလည်းဆိုတော့ ဖူးဖူးရွှေရည်တဲ့.. ဖူးဖူးရဲ့
ညီမ တစ်ဝမ်းကွဲလေ..ကျောင်းမှာဆို ကျွန်တော့်ကို အမြဲတမ်းမျက်စိဒေါက်ထောက် ကြည့်နေတာ။ကျွန်တော့်မှာလည်း အဲ့တစ်ယောက်ကြောင့် အသက်ရူကျပ်ရသည်။

ရွှေရည်က ငယ်နဲ့ ကျွန်တော်ရဲ့ အကြောင်းတွေသိသလို ဒီမှာ ကျွန်တော်ဘာဖြစ်နေလည်း ဘယ်သူနဲ့ အနေနီးလည်း ဆိုတာကို
ဖူးဖူးကို ပြန်ပြောနေကြ။ ဖူးဖူးက  နေတစ်ဆင့် ငယ့်ဆီကို သတင်းကပြန်ရောက်သွားလေသည်။ တစ်ခါကဆို အတန်းထဲက ကောင်မလေးက ကျွန်တော့်ကို ရည်းစားစကား ပြောတာကြောင့်
ငယ်နဲ့ အကြီးအကျယ်ပြသာနာတက်ရသေးသည်။

အမှန်တော့ အဲ့က လေးမ က သူတို့သူငယ်ချင်းတွေ ဆော့ကြရာကနေ ရှုံးသွားတော့ ခိုင်းတာလုပ်ရတာ။ သူ့သူငယ်ချင်းတွေကလည်း ကျွန်တော့်ကို ရည်းစားစကားပြောရမယ်ဆိုပြီး ခိုင်းတာလေ။
ကျွန်တော့်မှာ ငယ်ပြောတုန်းကဆို လန့်သွားတာ။ ေကျာင်းက အကြောင်းတွေ ဘယ်လို သိသွားတာလဲပေါ့။  နေက်ကျမှ ဖူးဖူးညီမ ရွှေရည် လက်ချက်ဖြစ်နေတာလေ။

ကျွန်တော့်မှာ ငယ့်ကို ဘယ်လိုပဲ ရှင်းပြပါစေ ရှင်းပြလို့မရ။
အစကတည်းက အရမ်းသဝန်တိုတတ်ပါတယ်ဆို အဲ့ကိစ္စလည်း
သိရော ကျွန်တော့်မှာ နှစ်ပတ်လောက် ဖုန်းထဲကကော အပြင်မှာကော အသေချာ့လိုက်ရတာ။ ဒါကို မိရွှေချောလေးကစိတ်ကို သိပ်မပြေချင် ပြေချင်နဲ့ ။

အဲ့နောက်ပိုင်းက စလို့ကျွန်တော့်မှာ ကျောင်းမှာဆိုရင် သတိအနေအထားနဲ့ အမြဲနေနေရလေသည်။ တစ်ခုခုသာ မှားသွားလို့ကတော့ အေးချမ်းကိုကို တစ်ယောက် နားလည်ပူ လူလည်း အရေခွံ စုတ်ပြီသာ မှတ်ပေတော့။

ဂိုက်တန်းရောက်တော့ ဆရာက တွက်စာတွေ တွက်ခိုင်းတာကြောင့်
ကျွန်တော့်အဖွဲ့ထဲက ကျောင်းသူတွေ နားမလည်တဲ့ ဟာတွေကို လိုက်ရှင်းပြနေလေသည်။ ထိုစဥ်....

"မမချမ်း"
ထိုအသံကို ကြားကထဲက လူက စိတ်အပျက်ကြီး ပျက်သွားရလေသည်။ သူကတော့.. နှင်းစက်ဖြူ..အတန်းထဲက အချောဆုံးကောင်မလေး ငါးယောက်ထဲက တစ်ယောက် အထူးသဖြင့်
အတန်းထဲက ကောင်လေးတွေ စိတ်အဝင်စားဆုံး ကောင်မလေးဆိုလည်း မမှား..အဲ့တစ်ယောက်က စာတော်တဲ့ မိန်းကလေးနှစ်ယောက်ထဲက တစ်ယောက်ပင်..

အဲ့လို စာတော်တာကို ကျွန်တော့်ကို အကြောင်းမရှိ အကြောင်းရှာပြီးနေ့တိုင်း မေးခွန်းတွေ မေးနေကြ။ ပြီးတေယ့ သူက ကျွန်တော့်
အဖွဲ့ထဲက မဟုတ်..ကျွန်တော့်ကို စိတ်ဝင်စားနေတယ်ဆိုတာ
သတိထားမိတာ ကြာပါပြီ။ လွန်ခဲ့တဲ့ တစ်လကလည်း ရွှေရည်က သတိထားမိပြီး ငယ့်ကို ပြောပုလိုက်ရာကနေ ပြသာနာတက်သွားရပြန်သေးသည်။အဲ့တူန်းကဆို ကျွန်တော့်မှာ ငယ့်ကို သင်တန်းပျက်ခိုင်းပြီး တစ်နေကုန် သူလိုချင်သမျှ သွားချင်သမျှတွေ လိုက်ပို့
မျက်နှာလေးကို ငယ်ထားပြီး အာပေါက်မတတ်ချော့တော့ မှ
စိတ်ဆိုးပြေသွားတာလေ

ဒါတောင် မကသေး လူကို သူ စိတ်ဆိုးတိုင်း ဗိုက်ခေါက် ကို ဆွဲလွန်းလို့ အိမ်ရောက်တော့ဒဏ်ကြေဆေး တောင် လိမ်းရတဲ့ဘဝပင်။ နောက်ပြီး ငယ်က အဲ့တစ်ယောက်နဲ့ ခပ်ခွာခွာနေဖို့က သတိပေးထားသေး။နောက်တစ်ခါ ရွှေရည်က ပူးနေတယ်လို့ ပြောကြည့် ရှင်နဲ့ ကျွန်မနဲ့အတွေ့ဘဲတဲ့😫😫😫 အဲ့လိုသော အကြောင်းအရာတွေကြောင့်ကျွန်တော့်မှာ အဲ့တစ်ယောက်ခေါ်လိုက်တိုင်း ကြောက်နေရခြင်းပင်ဖြစ်သည်။ သူခေါ်တိုင်းလည်း မြန်မြန်သာ ရှင်းပြပြီး ကိုယ့်နေရာကိုယ်အမြန်သာပြန်လာခဲ့ရသည်။ အခုလည်း ခေါ်တာကြောင့်
ဘာတွေမေးအုန်းမလည်း မသိ..သေချင်တယ်..သေချင်တယ်..
အေးချမ်းကိုကိုရယ် ရုပ်ချောပြီး ချစ်စရာကောင်းနေတော့လည်း မလွယ်ကြောပါလားနော်....

"အင်း နှင်းစက် ဘာမေးမလို့လည်း"

"ဟိုလေ ဒီအပတ် စနေနေ့ကျ မမချမ်းအားလားလို့ နှင်းမွေ့နေ့ကြောင့်မို့ အိမ်မှာ မုန့်လုပ်စားမှာ ဖိတ်ချင်လို့ "

နှင်းစက်ဖြူ စကားကြားပြီး လူက သွေးဆောင့်တက်သွားတော့သည်။ မလုပ်ပါနဲ့ အမတော်ရယ်..ဒီအပတ် စနေနေ့ ငယ်က
တောင်ကြီးက ပြန်ရောက်မှာမို့ နေ့လည်ကြ မုန့်အတူတူ သွားစားကျမယ်လို့ ပြောထားတာ သူနဲ့ ချိန်းထားတာကို ဖျက်ပြီး ခင်ဗျားမွေးနေ့ပွဲသာ လာလိုက်လို့ကတော့ ကျွန်တော့်မှာ ခေါင်းနဲ့ ကိုယ်နဲ့ အိုးစားကွဲသွားလိမ့်မယ်..

"မအားဘူး နှင်းစက်ရဲ့ ဒီအပတ် စနေကျ ချိန်းထားတာရှိလို့ နောက်မှ နွေးနေ့လက်ဆောင်ပေးမယ်လေ"

"ဟာ..မမချမ်းကလည်းကွာ နှင်း က လာစေချင်လွန်းလို့ ဖိတ်တာကို အဲ့ချိန်းထားတာ ဖျက်ပြီး လာလို့ မရဘူးလားဟင် နောက်ပြီး
မမချမ်းကို နှင်းက မိဘတွေနဲ့ မိတ်ဆက်ပေးချင်လို့ "

ငင့်...မိဘတွေနဲ့ မိတ်ဆက်ပေးရအောင် ငါက နင့် ချစ်သူမှမဟုတ်တာကို.အဲ့လို ပြန်ပြောပစ်ချင်ပေမယ့် စိတ်ကတော့ တော်တော်လေး
ထိန်းထားရသည်။ .ဒီမှာ စိတ်က အချဥ်ဖောက်နေပါတယ်ဆိူ ဘေးနားက ပြုံးစိ ပြုံးစိနဲ့ ကြည့်နေတဲ့ နှင်းစက်ဖြူ သူငယ်ချင်းတွေကော
ပိုးစံမကိုကော ဖြတ်ရိုက်ချင်သွားသည်။ နှင်းစက်ဖြူ ကျွန်တော့်ကို စိတ်ဝင်စားနေတယ်ဆိုတာ.. ကျွန်တော်မှမဟုတ်..နောက်ပိုင်း
တစ်တန်းလုံးနီးပါး သတိထားမိလာကြသည်။ သတိထားမိမှာပေါ့
ကြည့်ပါလား လူကို သူများတွေ့ရှေ့မှာ ပေါ်တင်ကြီး လာအီနေတာ..

ငါလည်းနော်.. ချစ်သူရှိတယ်လို့ပြောဖို့က ကျ ဘယ်သူဘယ်ဝါပါဆိုပြီး အကောင်အထည် က ပြလို့မရ။ ဟင်း..ငယ်က သဝန်တိုတာက တစ်မျိုး သူက တစ်မျိုး ကြားထဲက စပိုင်ကြီး ဖူးဖူးကွှေရည်က
တစ်မျိုး နဲ့ လူလည်း ကြာရင် စိတ်ရောဂါဆေးရုံရောက်တော့မယ်
တစ်ယောက်ယောက်များ ငါ့ကို မကယ်တင်နိူင်ကြတော့ဘူးလားဟင်...😞😞😞

"ဟို အမတစ်ကယ်မရလို့ပါ နှင်းစက် အခုဟာက အရေးကြီးတဲ့ သူနဲ့ ချိန်းထားတာမို့ "

"မရတော့ လည်း ဘယ်တတ်နိုင်ပါ့မလည်း ဒါပေမယ့်
နှင်းကို မမချမ်းက မွေးနေ့လက်ဆောင် သေချာပေါက်ပေးရမှာနော်"

"အင်း ပေးမှာပေါ့ ဒါဆို အမ သွားတော့မယ်နော် စာရှင်းပြရမှာကျန်သေးလို့"

"ဟုတ်ကဲ့"

တော်သေးတယ် ဒီလောက်နဲ့ ဖြတ်လို့ရလို့..ဒါတောင် မွေးနေ့လက်ဆောင် ကိစ္စက ရှင်းရအုန်းမည်။ ငယ်သာသိရင် သေချာပေါက်ပြသာနာရှာအုန်းမာ..ဟူး..မလွယ်ပါလားနော်
ရုပ်ချောရတဲ့ဘဝကလည်း မလွယ်ပါလား

ကိုယ့်ဟာကိူယ် အတွေးတွေနဲ့ သက်ပြင်းချနေခိုက် ဘေးနားကနေ
ပိုးစံတစ်ယောက် လာပြီး နားနား ကပ်ကာ တိုးတိုးလေးပြောသွားတဲ့
စကားကြောင့် လူက သေချင်စိတ်ပါပေါက်သွားရသည်။

"အေးချမ်း နင်သိပ်စွံနေတယ်နော် ဒီအကြောင်းသာ ယွန်းယွန်းသာသိလို့ကတော့ ဘယ်လိုနေမလည်း ဆိုတာငါသိချင်တယ်"
တဲ့လေ 😭😭😭အမေရေ..အမေ့သမီးလေး ဗိုက်ခေါက် ပြတ်မယ့်ဘဝကနေ ကယ်ပါအုန်းလားအမေရယ်..
ဘာပဲဖြစ်ဖြစ် ဒီစနေတော့ ငယ့်ကို surprise လက်ဆောင်လေးနဲ့ချော့ရမယ်..မဟုတ်ရင် ငါတော့ ဗိုက်ကော နားရွက်ကော ပြုတ်မယ့်ကိန်းနီးနေတယ်...

#အေးချမ်းညိမ်း

ကဲ စနေနေ့ကျ ကိုကိုနဲ့ ငယ် တို့အတွဲလေး ဘယ်လိုရိုကြမလည်းပေါ့နော်..အခုထိတော့ သာသာက သဘောတွေကောင်းပြီး အချိုတွေကျွေးနေတယ်နော်😊😊😊ချိုတုန်းတော့ သွားကြီးတွေဖြီးပြီး
ဖတ်ထားကြအုန်းပေါ့ ငရုတ်သီးထောင်းအလှည့်ကလည်း မကြာခင်ရောက်တော့မှာပါ.. သာသာက စေတနာနဲ့ ငရုတ်သီးထောင်းကျွေးတာပါနော်..အချိုများရင် ဆီးချိုဖြစ်မှာဆိုးလို့ 😏😏😏
ကဲ ငရုတ်သီးထောင်း စားဖို့ အဆင်သင့်ဖြစ်ပြီလားခဗျ😎😎😎

Zawgi

ကိုကို႔ ရဲ႕ ငယ္

အပိုင္း ၁၇

ဘာလိုလိုနဲ႕ ေနာက္ဆယ္ရက္ေနရင္ ေအာင္စာရင္းေတာင္ ထြက္ေတာ့မည္။ ေအာင္စာရင္းထြက္မွာက ငယ္..မေနနိုင္ မထိုင္နိုင္ျဖစ္ေနတာက ကြၽန္ေတာ္ပင္။ ကြၽန္ေတာ့္မွာညတိုင္း ငယ့္ကို ဖုန္းဆက္ၿပီး စိတ္ေတြ မလႈပ္ရွားဖို႔ေျပာလိုက္ ထြက္လာလို႔ ကိုယ္ေမွ်ာ္မွန္းထားသလို မျဖစ္ရင္လည္း စိတ္ကို အတတ္နိုင္ဆုံး ျပင္ဆင္ထားဖို႔မွာလိုက္နဲ႕...အမွန္ေတာ့ကြၽန္ေတာ္ကသာ ငယ့္ကို မွာေနတာ
ငယ္ကေတာ့ ေအးေဆးပင္။ မေအးေဆးတာက ကြၽန္ေတာ္..
ေျဖထားတဲ့သူက အဲ့ေလာက္ စိတ္မလႈပ္ရွား ေဘးက ကြၽန္ေတာ့္မွာေတာ့ ညတိုင္းလိုလို ဆုေတြေတာင္းေနရေလသည္။ တစ္ေယာက္ေယာက္သာ ျမင္ရင္ ကြၽန္ေတာ္က စာေမးပြဲေျဖထားတဲ့အတိုင္း...

အခုေတာ့... ေမွ်ာ္လင့္ခဲ့ရတဲ့ ေနာက္ဆုံး ေန႕ေလးေရာက္လာေလၿပီ။
ေအာက္စာရင္းက မနက္ ၆ နာရီကစလို႔ ေက်ာင္းေတြမွာ ကပ္ေပးမွာျဖစ္ေပမယ့္ ကြၽန္ေတာ္တို႔လို ေဘာ္ဒါေတြက် မနက္ေလးနာရီေလာက္ကတည္းက သိရသည္။ ေနာက္ဆုံးေတာ့ ေတာင္းတဲ့ဆုက
ျပည့္သြားၿပီေလ။ ငယ္က သူေမွ်ာ္မွန္းထားတဲ့ အတိုင္း ေျခာက္ဘာသာ ဂုဏ္ထူးထြက္သည္။

ကြၽန္ေတာ့္မွာေတာ့ သိသိခ်င္း ေပ်ာ္လြန္းလို႔ အေမ့ကို ဖက္လိုက္
ေအာ္လိုက္ ခုန္ေပါက္လိုက္နဲ႕.. အေမကေတာင္ ေျပာေသးတယ္။
ငါ့သမီးရယ္..နင္ေအာင္စာရင္းထြက္တုန္းကေတာင္ ဒီေလာက္မေပ်ာ္ဘူး အခု နင့္တပည့္ထြက္တာ အဲ့ေလာက္ေပ်ာ္ရသလားတဲ့..
အေမကေတာ့ ဪ..ငါ့သမီးေလးက ဆရာစိတ္ဓာတ္အရမ္းကို ျပည့္ဝတဲ့ သူေလးလို႔ ေသခ်ာေပါက္ေတြးမွာေပ။ ကိုယ္ကေတာ့ ကိုယ့္
ခ်စ္သူ ဂုဏ္ထူးေတြအမ်ားႀကီးပါလို႔ အရမ္းေပ်ာ္ေနတယ္ဆိုတာ
ကိုယ့္ဘာသာ ကိုယ္ပဲ သိသည္။ ဒါကိူ အေမသာသိသြားလို႔ကေတာ့
ေမြးရက်ိဳးနပ္လိုက္တာ ဆိုၿပီး ေျပာမွာေတာ့ အမွန္ပင္။

ဒီေန႕ကေတာ့ ေအာင္စာရင္းထြက္ၿပီး ေက်ာင္းကို ေအာင္တဲ့လူေတြ ဂုဏ္ထူးထြက္တဲ့ လူေတြ လာၾကၿပီး ဆရာေတြက ခ်ီးက်ဴးစကားေျပာလိုက္ မုန့္ေတြသားလိုက္ အရင္က အတန္းထဲမွာဘယ္သူက ဘယ္သူ႕ကို ႀကိဳက္ေနတာ ဆိုၿပီး ငယ္က်ိဳးငယ္နာေတြ ေဖာ္လိုက္နဲ႕ ေပ်ာ္စရာ အတိ။ ငယ္ကေတာ့ အားလုံးထဲမွာ ဂုဏ္ထူးအမ်ားဆုံး
ထြက္တာမို႔ ကြၽန္ေတာ့္အတြက္က ပိုဂုဏ္ယူစရာပင္။ဘာလို႔ဆို ငယ္က ကိုယ့္တပည့္ကိုး။ ကိုယ္ဂိုက္ေပးတဲ့ ေက်ာင္းသားက ဂုဏ္ထူး
ထြက္တယ္ဆိုတာ ဆရာတစ္ေယာက္အေနနဲ႕ေတာ့ ေတာ္ေတာ္ေလး
ဝမ္းေျမာက္ရသည္ မွာ အမွန္ပင္။

ဖူးဖူးကေတာ့ သုံးဘာသာ ထြက္ၿပီး ေႂကြ႐ုပ္ကေတာ့ ေလးဘာသာထြက္သည္။ ေ႐ႊရည္ဝင္းကေတာ့ တစ္ဘာသာ နဲ႕ လဲ့လဲ့ေမာ္ကေတာ့
ရိုးရိုးေအာင္တယ္ေလ။ ဘာပဲျဖစ္ျဖစ္ ကြၽန္ေတာ့္တပည့္ ငါးေယာက္မွာေလးေယာက္က ဂုဏ္ထူးထြက္ေတာ့ ေအးခ်မ္းကိုကိုတစ္ေယာက္ ဝမ္းသာပီတိ ဂြမ္းဆီ ထိေနတာေပါ့😏😏😏။

ေနာက္တစ္ရက္ေနရင္ ဂိုက္တန္း ျပန္ဖြင့္ေတာ့မွာေၾကာင့္ ဂုဏ္ထူးထြက္တဲ့လူေတြ ထဲက ေန ေက်ာင္းနဲ႕နီးတဲ့လူေတြကို ဂိုက္ျပန္ခဲ့သည္။ကြၽန္ေတာ္ကေတာ့ ငယ့္ကို လုပ္ေစခ်င္ေပမယ့္ ငယ့္အိမ္က
ေက်ာင္းနဲ႕ေဝးေတာ့ ဘယ္လိုမွ မျဖစ္နိုင္။

အခုဆိုရင္ ဂိုက္တန္းျပန္ဖြင့္တာေၾကာင့္ အရင္လိုမအားလပ္ေတာ့။ ေက်ာင္းက လည္း ဖြင့္ၿပီဆိုေတာ့ အိမ္နဲ႕ ေက်ာင္း ေက်ာင္းနဲ႕ အိမ္ကို
လုံးခ်ာပတ္လည္ရိုက္ေနတာေၾကာင့္ ငယ္နဲ႕ေတာင္ မေတြ႕နိုင္။
ညတိုင္း ဖုန္းေခၚရင္ ေခၚ ဒါမွမဟုတ္ Vedio call ေခါ်ပြီး
အလြမ္းေျဖေနရေလသည္။

ဒီႏွစ္ေက်ာင္းသားေတြက သြက္တဲ့သူေတြ သိပ္မပါ။ မ်ားေသာအားျဖင့္ ပုံမွန္လူေတြမ်ားၿပီး ေတာ္တဲ့လူက ေယာက်္ားေလးထဲက တစ္ေယာက္နဲ႕ မိန္းကေလးထဲက ႏွစ္ေယာက္သာပါေလသည္။ ဒါေတယင္ သူတို႔က အႏူေတာမွာ ေ႐ႊေခ်ာျဖစ္တာလို႔ ဆိုရမလိုပင္။ မႏွစ္ကနဲ႕ ယွဥ္မယ္ဆိုရင္ သူတို႔က မႏွစ္က သမားေတြရဲ႕ ေျခဖ်ားေတာင္မမွီ။ ဒါေၾကာင့္ ဒီႏွစ္ေတာ့ ဂုဏ္ထူးထြက္မယ့္လူက သိပ္မပါမွန္း
မွန္းလို႔ရေလသည္။ ဒီလိုပါပဲ ေက်ာင္းတိုင္းက.. တစ္ႏွစ္ ေတာ္တဲ့သူေတြ မ်ားရင္ ေနာက္တစ္ႏွစ္က် ေတာ္တဲ့သူ  ေတြသိပ္မပါေတာ့။
ဒါက ေက်ာင္းရဲ႕ နိယာမတစ္ခုကို ျဖစ္ေနသည္။

ပုံမွန္လူနဲ႕ နည္းနည္းမရတဲ့ သူ မ်ားတာေၾကာင့္ ကြၽန္ေတာ္တို႔ ဂိုက္ေတြ မသက္သာေပ။ ဟိုလူက ေမးလိုက္ ဒီလူက ေမးလိုက္နဲ႕။
အရင္တုန္းကေလာက္ နားခ်ိန္မရ။ ဒီႏွစ္က ေတာ္တဲ့သူသာ မပါတာ။ေခ်ာတဲ့သူေတြကေတာ့ ေတာ္ေတာ္မ်ားတယ္လို႔ ဆိုရမွာပါပဲ။
မိန္းကေလးထဲမွာဆိုရင္ ေတာ္ေတာ္ႀကီးကို ေခ်ာတဲ့ ေကာင္မေလး ငါးေယာက္ ေျခာက္ေယာက္ေလာက္ပါတယ္။ ေယာက်္ားေလးထဲ
မွာဆိုရင္ ခုႏွစ္ေယာက္ေလာက္ပါတယ္။ဒါေၾကာင့္ ဆရာမေတြ ဒီႏွစ္ေတာ္ေတာ္ေလး ထိန္းေနရေလ၏။

စာသာ မေတာ္ၾကတာ ရည္းစား စာတို႔ ရည္းစားစကားတို႔
ၾက ဘယ္သူမွ မသိေအာင္ သိုသိူ ဝွက္ဝွက္ ေျပာၾက ေပးၾကနဲ႕။
ကြၽန္ေတာ္တို႔ဂိုက္ေတြေတာင္ ေက်ာင္းသူေတြ အတင္းေျပာၾကတာမွ
ၾကားျခင္းျဖစ္သည္။ဒါေတာင္ ဘူးခံျငင္းေသးတာ။ကိုယ္ေတြက
ဆရာမနဲ႕မတိုင္ဘူးလို႔ ေျပာေတာ့မွ ေျပာျပၾကတာ။ ဒီႏွစ္ကဟာေတြက လြယ္ေတာ့ မလြယ္ေလဘူး ။

မန႕က ငယ္နဲ႕ တစ္ႏွစ္နဲ႕ သုံးလ ျပည့္တဲ့ Anniversaryေလးပါ။
ဒါေပမယ့္ ႏွစ္ေယာက္လုံး ေတြ႕လို႔မရေပ။ ကြၽန္ေတာ္က က် ေက်ာင္းဖြင့္တာေၾကာင့္ ေတြ႕လို႔မရ။ ငယ္ကလည္း သူ႕မိဘေတြနဲ႕ ေတာင္ႀကီးဘက္ လိုက္သြားတာေၾကာင့္ ႏွစ္ေယာက္လုံး Anniversary
မွာ တစ္ကြဲတစ္ျပားစီ။  ငယ္က သင္တန္းတက္ေတြ တက္ေနတာေၾကာင့္ တစ္ခါတစ္ေလ ငယ္သင္တန္းဆင္းတဲ့ အခ်ိန္က် သြား
ေတြ႕လို႔ေတာ့ရေလသည္။ အခ်ိန္ကလည္း အရင္လို အမ်ားႀကီးမရ။
တစ္နာရီေလာက္ပဲ ေတြ႕လို႔ရတာေလ။

ငယ္က ဖူးပြင့္တို႔နဲ႕အတူတူ သင္တန္းတက္တာျဖစ္ၿပီး အသြားအျပန္ကိုေတာ့ ဖူးပြင့္မတို႔နဲ႕ အတူတူ သြားအတူတူျပန္ေလသည္။ ဒါေၾကာင့္ ေတြ႕ခ်င္တဲ့အခ်ိန္က် ဖူးဖူးတို႔ကို ဖုန္းဆက္ၿပီး အိမ္ကို တစ္နာရီေလာက္အျပန္ေနာက္က်မယ္ဆိုၿပီး အခ်ိန္ဆြဲခိုင္းထားကာ
ႏွစ္ေယာက္သား ရရင္ ရသလိုေတြ႕ေနၾက။ တစ္ပတ္မွာ ႏွစ္ခါေလာက္ေတာ့ ေတြ႕လို႔ရသည္။ ေန႕တိုင္းေတာ့မရ။ အဲ့ဒါကလည္း
စေန တနဂ္ႏြေမွပင္။ ငယ့္ ကြန္ပ်ဴတာ သင္တန္းက စေနနဲ႕ တနဂ္ႏြေမွာ တက္ရတာျဖစ္ၿပိး ကြၽန္ေတာ္ကလည္း စေန တနဂ္ႏြေက်မွ
အားေတာ့ ႏွစ္ေယာက္သား စေန တနဂ္ႏြေဆို ေတြ႕ေနၾက။

ဒီေန႕ ေက်ာင္းက ျပန္တာ ေနာက္က်ေနတာေၾကာင့္ ဂိုက္တန္းကို
မွီဖို႔ ကြၽန္ေတာ့္မွာ အေမာတေကာ လာခဲ့ရသည္။ ဪ..ေျပာဖို႔ေမ့ေနတာ..ကြၽန္ေတာ္တို႔ ေက်ာင္းမွာ ကြၽန္ေတာ့္အတြက္ စပိုင္ရွိတယ္သိလား..ဘယ္သူလည္းဆိုေတာ့ ဖူးဖူးေ႐ႊရည္တဲ့.. ဖူးဖူးရဲ႕
ညီမ တစ္ဝမ္းကြဲေလ..ေက်ာင္းမွာဆို ကြၽန္ေတာ့္ကို အၿမဲတမ္းမ်က္စိေဒါက္ေထာက္ ၾကည့္ေနတာ။ကြၽန္ေတာ့္မွာလည္း အဲ့တစ္ေယာက္ေၾကာင့္ အသက္႐ူက်ပ္ရသည္။

ေ႐ႊရည္က ငယ္နဲ႕ ကြၽန္ေတာ္ရဲ႕ အေၾကာင္းေတြသိသလို ဒီမွာ ကြၽန္ေတာ္ဘာျဖစ္ေနလည္း ဘယ္သူနဲ႕ အေနနီးလည္း ဆိုတာကို
ဖူးဖူးကို ျပန္ေျပာေနၾက။ ဖူးဖူးက  ေနတစ္ဆင့္ ငယ့္ဆီကို သတင္းကျပန္ေရာက္သြားေလသည္။ တစ္ခါကဆို အတန္းထဲက ေကာင္မေလးက ကြၽန္ေတာ့္ကို ရည္းစားစကား ေျပာတာေၾကာင့္
ငယ္နဲ႕ အႀကီးအက်ယ္ျပသာနာတက္ရေသးသည္။

အမွန္ေတာ့ အဲ့က ေလးမ က သူတို႔သူငယ္ခ်င္းေတြ ေဆာ့ၾကရာကေန ရႈံးသြားေတာ့ ခိုင္းတာလုပ္ရတာ။ သူ႕သူငယ္ခ်င္းေတြကလည္း ကြၽန္ေတာ့္ကို ရည္းစားစကားေျပာရမယ္ဆိုၿပီး ခိုင္းတာေလ။
ကြၽန္ေတာ့္မွာ ငယ္ေျပာတုန္းကဆို လန့္သြားတာ။ ေကျာင်းက အေၾကာင္းေတြ ဘယ္လို သိသြားတာလဲေပါ့။  ေနက္က်မွ ဖူးဖူးညီမ ေ႐ႊရည္ လက္ခ်က္ျဖစ္ေနတာေလ။

ကြၽန္ေတာ့္မွာ ငယ့္ကို ဘယ္လိုပဲ ရွင္းျပပါေစ ရွင္းျပလို႔မရ။
အစကတည္းက အရမ္းသဝန္တိုတတ္ပါတယ္ဆို အဲ့ကိစၥလည္း
သိေရာ ကြၽန္ေတာ့္မွာ ႏွစ္ပတ္ေလာက္ ဖုန္းထဲကေကာ အျပင္မွာေကာ အေသခ်ာ့လိုက္ရတာ။ ဒါကို မိေ႐ႊေခ်ာေလးကစိတ္ကို သိပ္မေျပခ်င္ ေျပခ်င္နဲ႕ ။

အဲ့ေနာက္ပိုင္းက စလို႔ကြၽန္ေတာ့္မွာ ေက်ာင္းမွာဆိုရင္ သတိအေနအထားနဲ႕ အၿမဲေနေနရေလသည္။ တစ္ခုခုသာ မွားသြားလို႔ကေတာ့ ေအးခ်မ္းကိုကို တစ္ေယာက္ နားလည္ပူ လူလည္း အေရခြံ စုတ္ၿပီသာ မွတ္ေပေတာ့။

ဂိုက္တန္းေရာက္ေတာ့ ဆရာက တြက္စာေတြ တြက္ခိုင္းတာေၾကာင့္
ကြၽန္ေတာ့္အဖြဲ႕ထဲက ေက်ာင္းသူေတြ နားမလည္တဲ့ ဟာေတြကို လိုက္ရွင္းျပေနေလသည္။ ထိုစဥ္....

"မမခ်မ္း"
ထိုအသံကို ၾကားကထဲက လူက စိတ္အပ်က္ႀကီး ပ်က္သြားရေလသည္။ သူကေတာ့.. ႏွင္းစက္ျဖဴ..အတန္းထဲက အေခ်ာဆုံးေကာင္မေလး ငါးေယာက္ထဲက တစ္ေယာက္ အထူးသျဖင့္
အတန္းထဲက ေကာင္ေလးေတြ စိတ္အဝင္စားဆုံး ေကာင္မေလးဆိုလည္း မမွား..အဲ့တစ္ေယာက္က စာေတာ္တဲ့ မိန္းကေလးႏွစ္ေယာက္ထဲက တစ္ေယာက္ပင္..

အဲ့လို စာေတာ္တာကို ကြၽန္ေတာ့္ကို အေၾကာင္းမရွိ အေၾကာင္းရွာၿပီးေန႕တိုင္း ေမးခြန္းေတြ ေမးေနၾက။ ၿပီးေတယ့ သူက ကြၽန္ေတာ့္
အဖြဲ႕ထဲက မဟုတ္..ကြၽန္ေတာ့္ကို စိတ္ဝင္စားေနတယ္ဆိုတာ
သတိထားမိတာ ၾကာပါၿပီ။ လြန္ခဲ့တဲ့ တစ္လကလည္း ေ႐ႊရည္က သတိထားမိၿပီး ငယ့္ကို ေျပာပုလိုက္ရာကေန ျပသာနာတက္သြားရျပန္ေသးသည္။အဲ့တူန္းကဆို ကြၽန္ေတာ့္မွာ ငယ့္ကို သင္တန္းပ်က္ခိုင္းၿပီး တစ္ေနကုန္ သူလိုခ်င္သမွ် သြားခ်င္သမွ်ေတြ လိုက္ပို႔
မ်က္ႏွာေလးကို ငယ္ထားၿပီး အာေပါက္မတတ္ေခ်ာ့ေတာ့ မွ
စိတ္ဆိုးေျပသြားတာေလ

ဒါေတာင္ မကေသး လူကို သူ စိတ္ဆိုးတိုင္း ဗိုက္ေခါက္ ကို ဆြဲလြန္းလို႔ အိမ္ေရာက္ေတာ့ဒဏ္ေၾကေဆး ေတာင္ လိမ္းရတဲ့ဘဝပင္။ ေနာက္ၿပီး ငယ္က အဲ့တစ္ေယာက္နဲ႕ ခပ္ခြာခြာေနဖို႔က သတိေပးထားေသး။ေနာက္တစ္ခါ ေ႐ႊရည္က ပူးေနတယ္လို႔ ေျပာၾကည့္ ရွင္နဲ႕ ကြၽန္မနဲ႕အေတြ႕ဘဲတဲ့😫😫😫 အဲ့လိုေသာ အေၾကာင္းအရာေတြေၾကာင့္ကြၽန္ေတာ့္မွာ အဲ့တစ္ေယာက္ေခၚလိုက္တိုင္း ေၾကာက္ေနရျခင္းပင္ျဖစ္သည္။ သူေခၚတိုင္းလည္း ျမန္ျမန္သာ ရွင္းျပၿပီး ကိုယ့္ေနရာကိုယ္အျမန္သာျပန္လာခဲ့ရသည္။ အခုလည္း ေခၚတာေၾကာင့္
ဘာေတြေမးအုန္းမလည္း မသိ..ေသခ်င္တယ္..ေသခ်င္တယ္..
ေအးခ်မ္းကိုကိုရယ္ ႐ုပ္ေခ်ာၿပီး ခ်စ္စရာေကာင္းေနေတာ့လည္း မလြယ္ေၾကာပါလားေနာ္....

"အင္း ႏွင္းစက္ ဘာေမးမလို႔လည္း"

"ဟိုေလ ဒီအပတ္ စေနေန႕က် မမခ်မ္းအားလားလို႔ ႏွင္းေမြ႕ေန႕ေၾကာင့္မို႔ အိမ္မွာ မုန့္လုပ္စားမွာ ဖိတ္ခ်င္လို႔ "

ႏွင္းစက္ျဖဴ စကားၾကားၿပီး လူက ေသြးေဆာင့္တက္သြားေတာ့သည္။ မလုပ္ပါနဲ႕ အမေတာ္ရယ္..ဒီအပတ္ စေနေန႕ ငယ္က
ေတာင္ႀကီးက ျပန္ေရာက္မွာမို႔ ေန႕လည္ၾက မုန့္အတူတူ သြားစားက်မယ္လို႔ ေျပာထားတာ သူနဲ႕ ခ်ိန္းထားတာကို ဖ်က္ၿပီး ခင္ဗ်ားေမြးေန႕ပြဲသာ လာလိုက္လို႔ကေတာ့ ကြၽန္ေတာ့္မွာ ေခါင္းနဲ႕ ကိုယ္နဲ႕ အိုးစားကြဲသြားလိမ့္မယ္..

"မအားဘူး ႏွင္းစက္ရဲ႕ ဒီအပတ္ စေနက် ခ်ိန္းထားတာရွိလို႔ ေနာက္မွ ႏြေးေန႕လက္ေဆာင္ေပးမယ္ေလ"

"ဟာ..မမခ်မ္းကလည္းကြာ ႏွင္း က လာေစခ်င္လြန္းလို႔ ဖိတ္တာကို အဲ့ခ်ိန္းထားတာ ဖ်က္ၿပီး လာလို႔ မရဘူးလားဟင္ ေနာက္ၿပီး
မမခ်မ္းကို ႏွင္းက မိဘေတြနဲ႕ မိတ္ဆက္ေပးခ်င္လို႔ "

ငင့္...မိဘေတြနဲ႕ မိတ္ဆက္ေပးရေအာင္ ငါက နင့္ ခ်စ္သူမွမဟုတ္တာကို.အဲ့လို ျပန္ေျပာပစ္ခ်င္ေပမယ့္ စိတ္ကေတာ့ ေတာ္ေတာ္ေလး
ထိန္းထားရသည္။ .ဒီမွာ စိတ္က အခ်ဥ္ေဖာက္ေနပါတယ္ဆိူ ေဘးနားက ၿပဳံးစိ ၿပဳံးစိနဲ႕ ၾကည့္ေနတဲ့ ႏွင္းစက္ျဖဴ သူငယ္ခ်င္းေတြေကာ
ပိုးစံမကိုေကာ ျဖတ္ရိုက္ခ်င္သြားသည္။ ႏွင္းစက္ျဖဴ ကြၽန္ေတာ့္ကို စိတ္ဝင္စားေနတယ္ဆိုတာ.. ကြၽန္ေတာ္မွမဟုတ္..ေနာက္ပိုင္း
တစ္တန္းလုံးနီးပါး သတိထားမိလာၾကသည္။ သတိထားမိမွာေပါ့
ၾကည့္ပါလား လူကို သူမ်ားေတြ႕ေရွ႕မွာ ေပၚတင္ႀကီး လာအီေနတာ..

ငါလည္းေနာ္.. ခ်စ္သူရွိတယ္လို႔ေျပာဖို႔က က် ဘယ္သူဘယ္ဝါပါဆိုၿပီး အေကာင္အထည္ က ျပလို႔မရ။ ဟင္း..ငယ္က သဝန္တိုတာက တစ္မ်ိဳး သူက တစ္မ်ိဳး ၾကားထဲက စပိုင္ႀကီး ဖူးဖူးေကႊရည္က
တစ္မ်ိဳး နဲ႕ လူလည္း ၾကာရင္ စိတ္ေရာဂါေဆး႐ုံေရာက္ေတာ့မယ္
တစ္ေယာက္ေယာက္မ်ား ငါ့ကို မကယ္တင္နိူင္ၾကေတာ့ဘူးလားဟင္...😞😞😞

"ဟို အမတစ္ကယ္မရလို႔ပါ ႏွင္းစက္ အခုဟာက အေရးႀကီးတဲ့ သူနဲ႕ ခ်ိန္းထားတာမို႔ "

"မရေတာ့ လည္း ဘယ္တတ္နိုင္ပါ့မလည္း ဒါေပမယ့္
ႏွင္းကို မမခ်မ္းက ေမြးေန႕လက္ေဆာင္ ေသခ်ာေပါက္ေပးရမွာေနာ္"

"အင္း ေပးမွာေပါ့ ဒါဆို အမ သြားေတာ့မယ္ေနာ္ စာရွင္းျပရမွာက်န္ေသးလို႔"

"ဟုတ္ကဲ့"

ေတာ္ေသးတယ္ ဒီေလာက္နဲ႕ ျဖတ္လို႔ရလို႔..ဒါေတာင္ ေမြးေန႕လက္ေဆာင္ ကိစၥက ရွင္းရအုန္းမည္။ ငယ္သာသိရင္ ေသခ်ာေပါက္ျပသာနာရွာအုန္းမာ..ဟူး..မလြယ္ပါလားေနာ္
႐ုပ္ေခ်ာရတဲ့ဘဝကလည္း မလြယ္ပါလား

ကိုယ့္ဟာကိူယ္ အေတြးေတြနဲ႕ သက္ျပင္းခ်ေနခိုက္ ေဘးနားကေန
ပိုးစံတစ္ေယာက္ လာၿပီး နားနား ကပ္ကာ တိုးတိုးေလးေျပာသြားတဲ့
စကားေၾကာင့္ လူက ေသခ်င္စိတ္ပါေပါက္သြားရသည္။

"ေအးခ်မ္း နင္သိပ္စြံေနတယ္ေနာ္ ဒီအေၾကာင္းသာ ယြန္းယြန္းသာသိလို႔ကေတာ့ ဘယ္လိုေနမလည္း ဆိုတာငါသိခ်င္တယ္"
တဲ့ေလ 😭😭😭အေမေရ..အေမ့သမီးေလး ဗိုက္ေခါက္ ျပတ္မယ့္ဘဝကေန ကယ္ပါအုန္းလားအေမရယ္..
ဘာပဲျဖစ္ျဖစ္ ဒီစေနေတာ့ ငယ့္ကို surprise လက္ေဆာင္ေလးနဲ႕ေခ်ာ့ရမယ္..မဟုတ္ရင္ ငါေတာ့ ဗိုက္ေကာ နား႐ြက္ေကာ ျပဳတ္မယ့္ကိန္းနီးေနတယ္...

#ေအးခ်မ္းညိမ္း

ကဲ စေနေန႕က် ကိုကိုနဲ႕ ငယ္ တို႔အတြဲေလး ဘယ္လိုရိုၾကမလည္းေပါ့ေနာ္..အခုထိေတာ့ သာသာက သေဘာေတြေကာင္းၿပီး အခ်ိဳေတြေကြၽးေနတယ္ေနာ္😊😊😊ခ်ိဳတုန္းေတာ့ သြားႀကီးေတြၿဖီးၿပီး
ဖတ္ထားၾကအုန္းေပါ့ င႐ုတ္သီးေထာင္းအလွည့္ကလည္း မၾကာခင္ေရာက္ေတာ့မွာပါ.. သာသာက ေစတနာနဲ႕ င႐ုတ္သီးေထာင္းေကြၽးတာပါေနာ္..အခ်ိဳမ်ားရင္ ဆီးခ်ိဳျဖစ္မွာဆိုးလို႔ 😏😏😏
ကဲ င႐ုတ္သီးေထာင္း စားဖို႔ အဆင္သင့္ျဖစ္ၿပီလားခဗ်😎😎😎

Continue Reading

You'll Also Like

3.2M 151K 62
Start Date>>>> 1.4.2020 End>>>20.5.2020 ကိုယ့်ဘက်က အချစ်တွေပေးခဲ့လည်း ပြန်ရခဲ့တာက နာကျင်မှုတွေတဲ့လား မင်းအမုန်း​တွေကိုထပ်ပြီးမခံစားနိုင်တော့လို့ ငါထ...
530K 47.8K 143
ဘာသာပြန်သူ - စွဲညို့အသင်း ရိုရိုချိုချိုနဲ့ မခါးတာလေး ဖတ်ချင်ရင် လာနော်
538K 12.3K 86
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
790K 25.6K 58
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...