Unicode
လင်ကျန်းရီရဲ့ဘယ်ဘက်လက်ချောင်းတွေကိုကြည့်ရသလောက် ပတ်တီးတွေစည်းထားသော်လည်း ပါးစပ်ကတော့'ကိုယ်ဘာမှမဖြစ်ပါဘူး'လို့ လိမ်ညာပြောလိမ့်မည်ဆိုတာ သူသိသည်။
စုကျစ်ယန်သည် တိတ်ဆိတ်စွာပင် လင်ကျန်းရီ၏လက်ကို ကိုင်လိုက်သော်လည်း သူ့အတွေးတွေကတော့ နေရာအနှံ့ ပျံသန်းနေသည်။
သူ့ရဲ့ကံကြမ္မာက သူ့ပါးစပ်မှ ပြန်လည်မွေးဖွားသည့်အကြောင်း ပထမဆုံးလွှတ်ခနဲပြောမိကတည်းက ပြောင်းလဲသွားခဲ့ပုံပေါ်သည်။
ဒီလင်ကျန်းရီနဲ့ သူ့ရဲ့အရင်ဘ၀ကလင်ကျန်းရီတို့က သိပ်ပြီးအများကြီးမတူလှပေ။ ဒီလူကတော့ တည်ငြိမ်ကာဣနြေ္ဒရသည်။ အကြင်နာကင်းမဲ့တဲ့ ဟိုတစ်ယောက်နဲ့ နှီးနွယ်ပါတ်သတ်ဖို့ဆိုရင်တော့ အသေအချာကို သူအလိုမရှိပါဘူး။
ဟုတ်တာပေါ့။ nightclub မှာ ဆုံခဲ့တဲ့အချိန်တုန်းက သူတို့နှစ်ဦးသင့်မြတ်ခဲ့ကြသည်။ အရက်တစ်ချို့သောက်ကာ နှစ်ဖက်စလုံးက လိုလိုလားလားပင် အိပ်ရာပေါ်ကို သွားခဲ့ကြသည်။
ဒါပေမယ့်လည်း သူတို့ 419 စည်းမျဉ်းကို လုံး၀မလိုက်နာခဲ့ကြပါဘူး။
{လေပြည် - '419' ဆိုတာက ဗန်းစကားတစ်ခုဖြစ်ပြီး ဆိုလိုရင်းကတော့ 'for one night'ပါတဲ့။ အသံထွက်ချင်းဆင်တယ်ဟုတ်။ မလိုက်နာကြဘူးဆိုတာကတော့ သူတို့နှစ်ယောက်လုံးက ထပ်ပြီးဆုံကြဖို့ ဆန္ဒရှိတာကြောင့်ဖြစ်ပါတယ်}
စုကျစ်ယန် သူ့ရှေ့မှလူ၏IDကို အစောကတည်းက သိနေခဲ့သည်။ ကြီးမားတဲ့နိုင်ငံတကာကုမ္ပဏီကြီးတစ်ခုရဲ့ဥက္ကဌကို သူမသိဘဲနေမှာတဲ့လား။
ဒါပေမယ့် လင်ကျန်းရီက အမြဲတမ်းခပ်လျှိုလျှိုသာနေသည်။ စုကျစ်ယန်ဆိုတဲ့ဒီလူက သူ့ကိုသိသလား၊ မသိဘူးလားဆိုတာကို သူအမှုမထားခဲ့ဘူး။
ပြီးတော့ ဒီလူက တစ်ကယ်တမ်းမှာ ဘ၀င်တော်တော်မြင့်တဲ့ ဥက္ကဌတစ်ယောက် ဖြစ်ကောင်းဖြစ်နိုင်တယ်လို့လည်း စုကျစ်ယန်တွေးခဲ့သည်။
ဘာလို့ ဥက္ကဌကြီးက nightclubမှာ ပေါ်လာရတာပါလိမ့်။
မည်သို့ပင်ဆိုစေ လင်ကျန်းရီကတော့ သူ့ရဲ့နာမည်ကိုဖုံးကွယ်ထားဖို့ ရည်ရွယ်ချက်မရှိပါ။ ဆန့်ကျင်ဘက်အနေနှင့် စုကျစ်ယန်ကို သူ့နာမည်ခေါ်ဖို့တောင် ပြောခဲ့သေးသည်။ သူတို့ရဲ့အိပ်ရာထက်ကနှီးနွယ်မှုကို ပြုလုပ်နေစဉ်မှာပေါ့။
"ရီ..."
တိုးညင်းသောအသံလေးဖြင့် သူ့ရဲ့အမည်ကိုညည်းညူခဲ့ပြီး အဲဒါကပင် သူ့ရဲ့ခံစားမှုအဟုန်ကို တစ်ရှိန်ထိုးတက်လာစေသည်။
အဲဒီ့နောက် ယဉ်ကျေးမှုရှိပြီး အပြန်အလှန်နားလည်နိုင်သည့် စုကျစ်ယန်က သူ့(လင်ကျန်းရီ)ကိုလည်း သူ့(စုကျစ်ယန်)ရဲ့နာမည်ခေါ်စေခဲ့သည်။
သူတို့နှစ်ယောက်စလုံး မျှော်လင့်ထားတာက သူတို့ရဲ့လိုအင်ဆန္ဒတွေ ထပ်မံဖြစ်ပေါ်လာပါက နောက်တစ်ကြိမ်ထပ်မံဆုံတွေ့ရန် ဖြစ်ကောင်းဖြစ်နိုင်မလား။
မင်းသိထားဖို့လိုတာက ဂေးတစ်ယောက်နေနဲ့ ကောင်းမွန်ပြီး၊ မင်းရဲ့ရမ္မက်ဆန္ဒတွေနဲ့ပါ အံ၀င်ဂွင်ကျတဲ့ 'ညအိပ်အဖော်'တစ်ယောက်ကို ရှာတွေ့ရန်က ဘယ်လောက်တောင်မှ ခက်ခဲသလဲဆိုတာကိုဖြစ်သည်။
နောက်ပိုင်းမှာတော့ သူ့ရဲ့ကိုယ်၀န်က မျှော်လင့်ထားတာထက် ကျော်လွန်သွားခဲ့သည်။ စုကျစ်ယန်တစ်ယောက် ကြိုးစရဲ့အဆုံးနားကို ရောက်သွားခဲ့ပြီ။
သူနောက်ဆုံးသော ကောက်ရိုးမျှင်လေးကို ဖမ်းဆွဲသည့်အနေဖြင့် လင်ကုမ္ပဏီ၏ တရား၀င်websiteသို့ သွားကြည့်လိုက်သည်။
'လင်ကျန်းရီ'ဟူသည့်စကားလုံးများအောက်မှ ရင်းနှီးနေသည့် မျက်နှာတစ်ခုကိုမြင်လိုက်ချိန်မှာတော့ စုကျစ်ယန် အမှတ်တမဲ့ လက်ခုပ်နှစ်ဖက်ကိုတီးလိုက်သည်။
ဒါ... တစ်ကယ်သူပဲ။
လင်ကျန်းရီ သူ့ကိုမလိမ်ခဲ့ဘူး။ သူပြောပြခဲ့တဲ့နာမည်က အမှန်ပဲ။
--စိတ်ပိုင်းဆိုင်ရာ ရုန်းကန်လှုပ်ရှားမှုတွေပြီးတဲ့နောက်(စိတ်တွေလွန်ဆွဲနေပြီးနောက်) သူ့ကိုသွားတွေ့ဖို့ စုကျစ်ယန်ဆုံးဖြတ်လိုက်သည်။ အဲဒီနောက်မှာတော့ ဒီလိုပြန်ပြင်မရတော့တဲ့အရာတွေ(ကလေးရောသူရောသေဆုံးတာ) ဖြစ်လာခဲ့သည်ပေါ့။
သို့သော် နတ်ဘုရားတွေက သူ့အပေါ်သနားညှာတာခဲ့သည်။ သူပြန်လည်မွေးဖွားခဲ့သည်လေ။ ဒါပေမယ့် သူပြန်လည်မွေးဖွားချိန်မှာ ဒီလူ့အောက်မှာ အဖိခံထားရတာဖြစ်ပြီး ကိစ္စတွေကပြင်ဆင်မရဘဲ ဆက်ဖြစ်နေဆဲ။
သူက ကြိုတင်သိထားပြီးသားအရာတွေနောက်လိုက်ရမယ်။ ပြီးတော့ ထပ်ပြီးသေရဦးမယ်လို့ မပြောနဲ့နော်...။
မဖြစ်ရဘူး...။
စုကျစ်ယန် သဘာ၀ကျစွာပင် ထပ်မံသေဆုံးမဲ့လမ်းကို မလိုချင်ခဲ့ပါဘူး။ ဒီတော့ သူ့ပါးစပ်ဖွင့်လိုက်ပြီး ဒီစကားနှစ်ခွန်းကို ပြောလိုက်သည်။
"အပြင်မှာပဲပြီးပါ..."
"ငါ... မင်းအဖေမှာ ကိုယ်၀န်ရသွားရင် တာ၀န်ယူနိုင်မှာမလို့လား"
ဖြစ်နိုင်တာက ဒီစကားလုံးတွေက လင်ကျန်းရီရဲ့စိတ်၀င်စားမှုကို နှိုးဆွလိုက်နိုင်တာလား။
အဲဒါပြီးနောက် သူလွတ်မြောက်ဖို့ ကြိုးစားခဲ့သည်။ ဒါပေမယ့်လည်း သူဒီလူနဲ့ တိုက်တိုက်ဆိုင်ဆိုင် ဆုံမိနေဆဲပါပဲ။
တစ်ယောက်နှင့်တစ်ယောက် ဘယ်တုန်းကမှမသိခဲ့သူတွေရဲ့ အပြန်အလှန်နားလည်မှုကို သူဒီဘ၀မှာတော့ ဖြိုခွဲဖို့ကြိုးစားခဲ့သည်။ သို့သော် သူအဖက်မတန်သလို လုပ်ခဲ့ချိန်မှာတောင် ဇွဲကောင်းသည့်လူက သူ့ခြေလှမ်းတွေကို နောက်ပြန်မဆုတ်ခဲ့ဘူး။
သူ့ရဲ့မူလက ငြိမ်းချမ်းနေသောဘဝလေးဆီ တစ်လှမ်းပြီးတစ်လှမ်း၀င်လာကာ နောက်ဆုံးမှာ သူကမမျှော်လင့်ထားသောသူတစ်ယောက် ဖြစ်လာခဲ့သည်။
အာ...။ ကလေးထိန်းလို့ပြောရမလား။
ပူပူနွေးနွေးအနမ်းတစ်ပွင့်က စုကျစ်ယန်၏နှုတ်ခမ်းထောင့်စွန်းလေးပေါ် ကျရောက်လာသည်။
သူ့ရဲ့ပြန့်ကျဲနေသောအတွေးတွေ ရုတ်တရက်ကြီးပြန်ရောက်လာပြီးနောက် လင်ကျန်းရီ၏မျက်နှာပေါ်ရှိ မျက်နှာချိုသွေးနေသောအပြုံးကြီးတစ်ခုကို မြင်လိုက်ရသည်။
စုကျစ်ယန် နောက်ထပ်အနမ်းကို ရှောင်ရန် သူ့ခေါင်းကိုနောက်သို့ အနည်းငယ်စောင်းလိုက်သည်။
ဒီခွေးကောင်... တစ်ဖက်လူကို ဘယ်လိုဖမ်းဆုပ်ရင် သူ့အတွက်အကျိုးရှိမလဲဆိုတာ သေချာကိုသိနေတာပဲ။ အား...
လင်ကျန်းရီ ရှုပ်ထွေးနေသောမျက်နှာဖြင့် သူ့လက်ကိုဆုပ်ကိုင်ထားသော စုကျစ်ယန်ကို ငေးကြည့်လိုက်သည်။ စုကျစ်ယန်က ၀မ်းနည်းနေပုံပေါ်သည်။
သူ့ရဲ့သရုပ်ဆောင်မှုတွေက စုကျစ်ယန်ကို စိတ်အပြောင်းအလဲဖြစ်စေနိုင်ကြောင်း လင်ကျန်းရီသိသည်။ ဒါကြောင့် သူအနမ်းတစ်ပွင့်လောက် ထပ်ခိုးဖို့ သတ္တိမွေးလိုက်သည်။
ဒါပေမယ့်လည်း... သူထပ်ပြီးမနမ်းလိုက်နိုင်ပါ။ လင်ကျန်းရီ မပျော်ရွှင်ဟန်ဖြင့်ပြောလိုက်သည်။
"ကျစ်ယန် မင်းရဲ့နှလုံးသားက အခုကိုယ့်ကို ရင်နင့်သွားစေချင်တာလား"
စုကျစ်ယန်က သူ့ထံသို့ ပြန့်ကျဲနေသော သေတ္တာတွေလို၊ ကလေးလက်တွန်းလှည်းတစ်ခုလို၊ အရုပ်ကားတွေလို၊ သူ့အိပ်ခန်းထဲက ကလေးဓာတ်ပုံတွေကိုကြည့်သလို အကြည့်မျိုးပြန်ပေးသည်။
သူ့ရှ့ကဒီလူရဲ့အပြောင်မြောက်ဆုံးလက်ရာ(စကားပြောကောင်းတာ) အကြောင်း သူအရင်ကတည်းက ခန့်မှန်းခဲ့ပြီးသားပင်။ သူမျက်မှောင်ကြုတ်ကာ တည်ကြည်လေးနက်စွာ မေးလိုက်သည်။
"လင်ကျန်းရီ... ခင်ဗျား တာ၀န်ယူမယ်ဆိုတာက တစ်ကယ်ဆုံးဖြတ်ပြီးပြီလား"
လင်ကျန်းရီ ဒီစကားလုံးတွေကိုကြားချိန်မှာ သူ့မျက်လုံးတွေဟာ ညကောင်းကင်မှာ တလက်လက်ဖြင့်ရှိနေသည့် ကြယ်ပွင့်လေးများသဖွယ် ချက်ချင်းကိုတောက်ပသွားလေသည်။
သူချက်ချင်းခေါင်းညိတ်လိုက်ပြီး အပြုံးတစ်ပွင့်နှင့်ဖြေလိုက်သည်။
"အင်း... ဟုတ်တယ် ကိုယ်တာ၀န်ယူမှာ"
နောက်ဆုံးအနေနဲ့ အကောင်ပေါက်လေး လက်လျှော့သွားအောင်လုိ့ ဒီအခွင့်အရေးကိုသုံးပြီး တာ၀န်ယူချင်တဲ့ သူ့ဆန္ဒကိုဖော်ပြဖို့ ဘယ်လိုများအလွဲခံနိုင်ရမှာလဲ။
စုကျစ်ယန် လင်းကျန်းရီ၏လက်ကိုလွှတ်ကာ မျက်နှာသာပေးသလိုပြောလိုက်သည်။
"ကောင်းပြီလေ... ဒီရက်တွေမှာ ခင်ဗျားကောင်းကောင်းလုပ်ခဲ့တာမို့ အချိန်အတိုင်းအတာတစ်ခုအထိ ခင်ဗျားကိုယုံကြည်ဖို့ ဆုံးဖြတ်လိုက်ပြီ။ ခင်ဗျားကို ဒီအခွင့်အရေးပေးမယ်။ အဲဒါက... အွန်း..."
သူ့ရဲ့ နောက်ထပ်ပြောမယ့်စကားလုံးတွေမတိုင်ခင် ပီတိဖြာနေသောလင်ကျန်းရီက သူ့ခေါင်းအနောက်မှဆွဲကိုင်ကာ စိတ်အားထက်သန်စွာပင် နှုတ်ခမ်းသားကို ဖိကပ်နမ်းရှိုက်ပါတော့သည်။
အလွန်နီးကပ်နေသော မျက်၀န်းတစ်စုံကိုကြည့်ပြီး စုကျစ်ယန် အသက်ရှူပင်မှားသွားသည်။ တစ်ခဏမျှ အတွေးတွေ ရပ်တန့်သွားသည့်နောက် လင်ကျန်းရီကဦးဆောင်နေဆဲပင်။
သူကမြို့တော်ကိုတိုက်ခိုက်ပြီးမှ မြေကိုသိမ်းယူတဲ့နည်းကို သုံးခဲ့တာပဲ။ သူ့ကိုမိန်းမောပြီးရှုပ်ထွေးအောင်လဲ လုပ်သည်။
"ဟမ်း.... အွန်း...."
လင်ကျန်းရီရဲ့ချဉ်းကပ်မှုကို စုကျစ်ယန်ငြင်းပယ်လိုက်သည်။ ကံဆိုးချင်တော့ လင်ကျန်းရီက သူ့ကိုယ်သူအပြည့်အဝပျော်ရွှင်ဖို့ မရအရကြိုးစားမှာပင်။
ဘယ်လိုလုပ် သူစုကျစ်ယန်ကို လွှတ်ပေးနိုင်မှာလဲ။
ဒါပေမယ့် စုကျစ်ယန် ပင့်သက်ရှိုက်ချိန်မှာ အင်တင်တင်နဲ့ သူလွှတ်ပေးလိုက်ရသည်။
အဲဒီ့နောက် စုကျစ်ယန်က မခံမရပ်နိုင်ဖြစ်နေသောလေသံဖြင့် ပြတ်တောင်းစွာပြောလိုက်သည်။
"ခင်ဗျား... ခင်ဗျား... ခင်ဗျားကလိုက်နာမှုမရှိဘူး။ ကျွန်တော်နဲ့အခန်းမျှသုံးဖို့ ခွင့်မပြုတော့ဘူး"
လင်ကျန်းရီသည် စုကျစ်ယန်၏မျက်ရည်ဝဲနေသောမျက်လုံးများကိုကြည့်ကာ စိတ်ကျေနပ်သွားသလို ခံစားရသော်လည်း သူ၏ပါးစပ်မှ ဒေါသတကြီး ထွက်လာသောစကားကတော့ ချက်ချင်းပင် သူ့အပြုံးကို တောင့်ခဲသွားစေသည်။
သူ စုကျစ်ယန်၏အင်္ကျီလက်ကိုဆွဲကာ မကျေနပ်ကြောင်းဖော်ပြရင်း စတင်ကာ သူ့ရဲ့အမြီးကြီးတွေကိုယမ်းခါနေသော မြေခွေးတစ်ကောင်သဖွယ် သရုပ်ဆောင်တော့သည်။
{လေပြည်--'အမြီးကြီးတွေကိုယမ်းခါနေ'ရဲ့အဓိပ္ပာယ်က 'ချစ်စရာကောင်းအောင်လုပ်ပြနေတယ်'လို့ဆိုလိုတာဖြစ်ပါတယ်။ ဒါပေမယ့် အမြီးတစ်ချောင်းတောင်မဟုတ် အမြီးတွေတဲ့ အဟားဟား။ လင်ကျန်းရီကအမြီးကိုးချောင်းမြေခွေးကြီးပဲ}
"ကျစ်ယန် ဒီလိုမလုပ်နဲ့လေ ကိုယ်တို့ကဒီ့ထက်ရင်းနှီးတဲ့အရာတွေတောင် လုပ်ခဲ့ပြီးပြီပဲ။ ဘယ်လိုလုပ်ကိုယ်တို့က အခန်းနှစ်ခန်းခွဲနေရမှာလဲ။ အဲဒါအပြင် ကိုယ်တခြားအခန်းမှာနေတုန်း မင်းတစ်ခုခုလိုအပ်ရင် ကိုယ်ဘယ်လိုလုပ်သိမှာလဲ။ မင်းအော်ခေါ်တာကို ကိုယ်မကြားဘဲ ကိစ္စတွေနှောင့်နှေးကုန်ရင်ရော ဘယ်လိုလုပ်မလဲ"
စုကျစ်ယန်ကတော့ သူ့ရဲ့ဆုံးဖြတ်ချက်အပေါ် ခိုင်မာစွာရပ်တည်နေဆဲ။ မပြောင်းမလဲရှိနေဆဲပင်။
"ခင်ဗျား ဆင်ခြေပေးနေတာပဲ။ ကျွန်တော်ခေါ်တာကိုခင်ဗျားမကြားရင် ခင်ဗျားကျွန်တော့်ကို ဂရုမစိုက်လို့ပဲဖြစ်လိမ့်မယ်။ ခင်ဗျားဘာသာဆင်ခြေတွေ ပေးနေတာ။ ခင်ဗျားဒီမှာမနေချင်တော့ဘူးလား။ အိုခေ... ကောင်းပြီလေ။ ကျွန်တော် လော့ယန်ကိုပြန်ခေါ်ပြီး နေခိုင်းလိုက်မယ်"
"မလုပ်နဲ့..."
လင်ကျန်းရီ လျှင်မြန်စွာပင် တစ်ဖက်ကိုလှည့်ထွက်သွားသည့် စုကျစ်ယန်ကိုဆွဲထားလိုက်သည်။
"မလုပ်နဲ့ ဒုတိယအိပ်ခန်းမှာ ကိုယ်အိပ်ပါ့မယ်။ ကိုယ်သဘောတူခဲ့ပြီးသားပဲလေ ဒါတောင်မှ မင်းစိတ်မကြည်သေးဘူးလား"
"ဒါကအနမ်းလေးတစ်ခုပဲမဟုတ်ဘူးလား။ မင်းကကိုယ့်ကို အိပ်ခန်းမကြီးမှာ အိပ်ခွင့်မပေးဘူးပေါ့။ ဒီ့ပြင် မင်းအစတုန်းက အဲဒီ့မှာကိုယ့်ကို နေခွင့်ပြုမယ်ဆိုတာကို ပြောလဲမပြောခဲ့ဘဲနဲ့"
လင်ကျန်းရီ စကားနှစ်ခွန်းကို တီးတိုးရေရွတ်ရင်း လုံး၀မတရားသလိုခံစားနေရသည်။ စုကျစ်ယန် သူ့နောက်ကျောဘက်မှ လင်ကျန်းရီကိုလှည့်ကြည့်ပြီးနောက် ဆက်ပြီးလျှောက်သွားရင်း သူ့နှုတ်ခမ်းထောင့်စွန်းလေးတွေကတော့ ကျေနပ်မှုကြောင့် အောင်ပွဲခံလိုဟန်ဖြင့် ကွေးညွတ်သွားလေသည်။
ဆေးရုံမှာတုန်းက ဖြစ်ခဲ့တဲ့ကိစ္စအတွက် သူ့ရဲ့ကလဲ့စားဟာ နောက်ဆုံးတော့ အောင်မြင်သွားခဲ့ပြီပဲ။
-- အစမှာတုန်းကတော့ ဒီခွေးကောင်လင်က ယွမ်၅သောင်းကို ပေးမယ်လို့ တိုက်ရိုက်မပြောခဲ့ပါဘူး။ ဒီတော့ သူ့ရဲ့ပါးစပ်ကိုဖွင့်ဟလာစေဖို့ သူ့မှာသတ္တိမရှိဘူး။ အဆုံးမှာတော့ ယွမ်၅ထောင်ပဲရခဲ့သည်လေ။
ပြီတော့ ဒီအယုတ်တမာကြီးက ပြောသေးသည်။ ယွမ်၅ထောင်က နည်းလွန်းတာမို့ ၅သောင်းပေးဖို့ ဆုံးဖြတ်ထားသည်တဲ့။
-- ဟမ့်.... မကောင်းတဲ့ကောင်။ အခု အမှောင်ထဲမှာ ကစားတာက ဘယ်လိုအရသာဆိုတာ ငါမင်းကိုပြပေးမယ်။ ငါ့ကိုကစားမိတဲ့အပေါ် နောင်တရနေတဲ့ပုံကို ကြည့်စမ်းမယ်"
ကြည့်နေ... စုကျစ်ယန်ဆိုတဲ့ငါက ဦးနှောက်မရှိတဲ့သူမဟုတ်ဘူး။ နည်းနည်းလေးငွေမက်တတ်ပေမယ့် အငြိုးလည်းကြီးပါတယ်နော်။
လင်ကျန်းရီတစ်ယောက် စုကျစ်ယန်၏မြူးတူးနေသောမျက်နှာကိုမမြင်လိုက်သလို စုကျစ်ယန်ကလည်း လင်ကျန်းရီရဲ့မျက်လုံးတွေထဲက ဉာဏ်နီဉာဏ်နက်တွေ၊ အကွက်ချမှုတွေကို မမြင်ခဲ့ပါဘူး။
ဒါက ဒုတိယအိပ်ခန်းမှာ နေရုံလေးပဲမဟုတ်လား။ ဒီအကောင်ပေါက်လေး သူ့(လော့ယန်)ကိုအဝေးကို နှင်ထုတ်ဖို့အခွင့်အရေးပေးခဲ့ပြီးမှ အခု ပြန်ခေါ်သွင်းဖို့ ခွင့်ပြုစရာလား။
ဆန့်ကျင်ဘက်အနေနဲ့ သူဆက်ပြီးလုံ့လရှိရှိနဲ့ ဆက်ကြိုးစားရမည်။ အကောင်ပေါက်လေး သူ့ကို အိပ်ခန်းမကြီးထဲ ၀င်ခွင့်ပြုစေဖုိ့ပေါ့။
ဂိမ်းကစားရာမှာ --- သူက ပွဲတွေကျော်ဖြတ်ပြီးကစားရတဲ့နည်းကို ပိုပြီးစိတ်၀င်စားတယ်။
မိန်းမရွေးရာမှာ --- သဘာ၀ကျကျပြောရရင် ဒီကိစ္စကတော့ အောင်မြင်နိုင်ဖို့ဆိုရင် တစ်ကြိမ်ကိုခြေတစ်လှမ်းနှုန်းနဲ့ ဖြည်းဖြည်းချင်းသွားရမှာပေါ့။
breakfast စားပြီးနောက်မှာ စုကျစ်ယန် ဧည့်ခန်းမှာထိုင်ကာ လင်ကျန်းရီ၀ယ်လာပေးသော အရုပ်ကားနှစ်စီးနှင့် ကစားလေတော့သည်။
သူ့မျက်လုံးထောင့်လေးကတော့ အိပ်ခန်းမကြီးနှင့် ဒုတိယအိပ်ခန်းဆီ ခေါက်တုံ့ခေါက်ပြန်သွားနေသည့် လင်ကျန်းရီဆီ တစ်ကြိမ်ပြီးတစ်ကြိမ် လှမ်းကြည့်သည်။
လင်ကျန်းရီ တမင်လုပ်နေတာလား။ ဒါမှမဟုတ် သူ့ခေါင်းကပဲ မူလီချောင်နေသလားတော့မပြောတတ်။ လင်ကျန်းရီက အ၀တ်အစားတွေကို တစ်ကြိမ်ကို နိုင်သလောက်နှုန်းနဲ့မသယ်ဘဲ သေတ္တာကြီးကို ဒုတိယအိပ်ခန်းသို့ ရွှေ့သွားလေသည်။
ဒီလိုလျှောက်ရင်း၊ သယ်ရင်း သူ့ခြေထောက်တွေပိန်ကုန်မှာ မကြောက်သလိုပဲ။
စုကျစ်ယန် စိတ်ထဲမှတွေးလိုက်သော်လည်း လင်ကျန်းရီရဲ့လှုပ်ရှားမှုတွေကို မရပ်တန့်စေခဲ့ပါဘူး။
နောက်ဆုံးတော့ လင်ကျန်းရီတစ်ယောက် ရွှေ့တာပြီးသွားပြီမုိ့ ဆိုဖာပေါ်သက်တောင့်သက်သာခွေနေသော စုကျစ်ယန်ကို မျက်လုံးပင့်ကာ ကြည့်လိုက်သည်။
အဲဒီ့နောက် သူ့နှုတ်ခမ်းထောင့်စွန်းလေးတွေ အထက်သို့အနည်းငယ် ကွေးညွတ်သွားလေသည်။
သူဘာလို့ ဒီလောက်အပေါ်အောက်၊ အရှေ့အနောက် ပြေးလွှားနေရတာကို စိတ်အနှောင့်အယှက်မဖြစ်တာလဲဆိုတာရဲ့အကြောင်းပြချက်ကတော့---
အိပ်ခန်းမကြီးမှာလဲမဟုတ်၊ ဒုတိယအိပ်ခန်းမှာလဲမဟုတ်ဘဲ ဧည့်ခန်းထဲမှာ ငြိမ်ငြိမ်ကလေးရှိနေတဲ့ စုကျစ်ယန်ကို အကြိမ်ရေနည်းနည်းလောက် ပိုပြီးကြည့်နိုင်လို့ပေါ့။
ခရီးဆောင်သေတ္တာကြီးကို ဒုတိယအိပ်ခန်းဆီ တိုက်ရိုက်သယ်မယ်ဆိုရင် သူဒီလိုသယ်နေတုန်း ဧည့်ခန်းမှာပုန်းနေတဲ့စုကျစ်ယန်ကိုသူမြင်ဖို့အခွင့်အရေးမရတာမျိုး မဖြစ်နိုင်တော့ဘူးမလား။
{လေပြည်-နည်းနည်းရှုပ်သွားလား။ သေတ္တာအကြီးကြီးကို မနိုင့်တနိုင်ရအောင်သယ်နေရတော့ ဒါက်ုအကြောင်းပြပြီး ဧည့်ခန်း၀မှာရစ်သီရစ်သီလုပ်နိုင်တယ်ကွာ။ အဲဒီလို}
ဒီပေါက်စလေးက သူနဲ့အတူနေဖုိ့ ကျင့်သားမရလောက်သေးဘူး။ ဟုတ်တယ်မလား။
မကြာသေးခင်ကမှ ရှင်လင်းထားတဲ့ ဒုတိယအိပ်ခန်းကိုကြည့်ပြီးနောက် လင်ကျန်းရီတစ်ယောက် ကြမ်းပြင်ပေါ်ချထားသော ပလတ်စတစ်အိတ်ကိုကောက်ယူကာ ရေချိုးခန်းဆီတည့်တည့်လျှောက်သွားလိုက်သည်။
စုကျစ်ယန် စပ်စုလိုစိတ်ဖြစ်လာကာ မေးလိုက်သည်။
"ခင်ဗျားဘာလုပ်နေတာလဲ"
"မသက်ဆိုင်တဲ့လူရဲ့ ပစ္စည်းတွေကို ဝေးဝေးလွှင့်ပစ်ပြီး ကိုယ့်ဟာတွေနဲ့အစားထိုးနေတာလေ"
လင်ကျန်းရီ ပဟေဠိဆန်စွာပင် ရယ်လေသည်။ စုကျစ်ယန် နားမလည်ပါ။ မသက်ဆိုင်တဲ့လူဆိုတာက... လော့ယန်လား။
ဒီလောက်ဆိုလုံလောက်ပြီ။ လင်ကျန်းရီရေချိုးခန်းဆီသွားကာ လော့ယန်၏တစ်ကိုယ်ရည်သုံး ပစ္စည်းများကို ဖယ်ရှားပစ်သည်။ သူမြန်မြန်လွှင့်ပစ်မှ လော့ယန်က ဒါတွေကိုသိမ်းဖို့ဆိုပြီးတော့ အကြောင်းပြဖို့ အချိန်မရှိမှာပေါ့။
အဲဒီ့နောက် ရေခွက်အသစ်တစ်စုံ၊ သွားပွတ်တံတစ်စုံ၊ သွားတိုက်ဆေးနှစ်ဘူးတို့ကို ပလတ်စတစ်အိတ်ထဲမှထုတ်ယူကာ နေရာချလိုက်သည်။ စုကျစ်ယန်ရဲ့အရင်ဟာတွေကတော့ အဝေးရောက်သွားပြီပေါ့။
သူတို့ကအခု အတစ်အိမ်တည်း အတူတူနေသူတွေဖြစ်သည်။ ဒါပေါ့။ ပစ္စည်းတွေကိုလည်း အစုံလိုက်သုံးရမည်။
နောက်ထပ်နေရာချဖို့ရာကတော့ ရေချိုးခန်းသုံး ပစ္စည်းတွေဖြစ်သည်။ ခေါင်းလျှော်ရည်ဘူး၊ တဘတ်နဲ့တခြားပစ္စည်းတွေကိုတော့ မျှသုံးမှာဖြစ်သည်။
လင်ကျန်းရီ အသစ်ကလေးလိုဖြစ်သွားတဲ့ ရေချိုးခန်းကို အားရကျေနပ်သောအပြုံးကြီးဖြင့် ကြည့်လိုက်သည်။
ဒီပြင်ပအရာ၀တ္တုတွေက အကောင်ပေါက်လေးရဲ့နှလုံးသားကို တဖြည်းဖြည်းသိမ်းသွင်းရာမှာ ကူညီလိမ့်မည်။
အနာဂတ်မှာခံစားချက်တွေတိုးတက်လာစေဖို့ စုကျစ်ယန်နဲ့ ဘယ်လိုအတူနေထိုင်မည်ဆိုတာကိုစဉ်းစားရင်း လင်ကျန်းရီ၏မျက်နှာက လေးလေးနက်နက် ပြုံးနေသည်။
ဒါပေမယ့်လည်း သူဖယ်ပစ်လိုက်တဲ့ (လော့ယန်ရဲ့)ပစ္စည်းတွေကိုကိုင်ပြီး ရေချိုးခန်းထဲကနေ ပြန်ထွက်လာချိန်မှာတော့ သူ့အပြုံးတွေအေးခဲသွားတော့သည်။
ဘာလို့လဲဆိုတော့ သူ့ပြိုင်ဘက်လို့ သူသတ်မှတ်ထားတဲ့လူရဲ့အမည်ကို စုကျစ်ယန်ကခေါ်နေတာကြောင့်ပါပဲ။
"လော့ယန်... ခင်ဗျားဘာလို့ ဒီလိုလုပ်သွားတာလဲ ဘာလို့ကျွန်တော့်ကိုမပြောဘဲ ထွက်သွားတာလဲ လင်ကျန်းရီမောင်းထုတ်လို့လား အဲဒီ့လိုဟုတ်တယ်ဆို ကျွန်တော့်ကိုပြောပါ ကျွန်တော်ခင်ဗျားကိုကူညီပေးမယ်"
စုကျစ်ယန်၏အသံက အလွန်အမင်းသည်ခံနေခြင်းတို့အပြည့်။ လင်ကျန်းရီ၏ပါးစပ်ဟာ အံ့သြမှုကြောင့် ပွင့်ဟသွားရလေပြီ။ သူတံခါးကိုဖွင့်ကာ သူ့လက်ထဲကအမှိုက်တွေကို တံခါးနားမှာ ဆောင့်ကြီးအောင့်ကြီးပစ်ချလိုက်သည်။ အောက်ကိုဆင်းတဲ့အချိန်ကျမှပဲ ပစ်လိုက်တော့မည်။
ဒါပေမယ့်လည်း သူ့နားရွက်ကတော့ အပေါ်ကိုထောင်နေကာ စုကျစ်ယန်နဲ့လော့ယန်တို့ အပြန်အလှန်ဖုန်းပြောနေတဲ့စကားတွေကို နားထောင်နေဆဲပါပဲ။
{လေပြည်-ဒယ်ဒီလင်ကမြေခွေးကြီးပါကွယ်}
ထိုအချိန်မှာ လော့ယန်က သူ့ပစ္စည်းတွေကို ဖြည်နေတာဖြစ်သည်။ အထူးဇိမ်ခံအခန်းထဲကိုကြည့်လိုက်တော့ ယဲ့ရှို့က သူ့အ၀တ်တွေကို ခရီးဆောင်အိတ်ထဲကထုတ်ကာ နေရာချပေးရင်း အလုပ်များနေသည်။
လော့ယန် အိပ်ရာပေါ်လဲလျောင်းလိုက်သည်။ သူညင်သာစွာပြုံးကာ ပြန်ဖြေသည်။
"မဟုတ်ပါဘူး။ ငါနေဖို့နေရာအသစ်တစ်ခုတွေ့လို့ပါ။ တောင်းပန်ပါတယ်ကျစ်ယန်။ ငါမင်းကိုပြောဖို့ အချိန်မရလိုက်ဘူး။ တစ်ကယ်တော့ ငါ..."
လင်ကျန်းရီပြောသည့် 'မနက်ဘက်မှာ လော့ယန်ကလူတစ်ယောက်နှင့်အတူ၀င်လာခဲ့တယ်' ဆိုသည့်အကြောင်း စုကျစ်ယန် ပြန်တွေးလိုက်မိကာ သူ့စိတ်ထဲအပြေးအလွှားတွေးမိလိုက်သည်။
"တစ်ကယ်တော့ ခင်ဗျားချစ်သူရသွားတာ ဟုတ်တယ်မလား"
ထိုအချိန်မှာ ယဲ့ရှို့က မတ်ခွက်နှစ်ခုကိုကိုင်ကာ သူ့ဆီပြေးလာပြီး ရတနာပစ္စည်းတစ်ခုလို သူ့လက်ထဲထည့်ပေးတာကြောင့် လော့ယန်အံ့အားသင့်သွားသည်။
သူပြုံးရယ်လိုက်ပြီး ခွက်နှစ်ခွက်ကို ထိတွေ့ကြည့်သည်။ ခွက်တွေက ထူးဆန်းတဲ့ပုံစံရှိပြီး တစ်ခုက မျက်နှာပြင်ခွက်ကာ ကျန်တစ်ခုက အစွန်းတွေငေါနေသည်။
ဒီလိုအမြင်အရ ကွဲလွဲနေတဲ့ဟာနှစ်ခုက အတူတကွထားလိုက်မယ်ဆိုရင်တော့ 'အသည်းပုံတစ်ခု' ပုံစံပေါ်လာသည်။
ယဲ့ရှို့က သူ့နှုတ်ခမ်းကိုလှုပ်ကာ မျက်ခုံးတွေ ကွေးညွတ်နေပုံက 'ကြည့်ကောင်းရဲ့လား'လုိ့ တိတ်ဆိတ်စွာ မေးနေသလို။
"ကလေးဆန်လိုက်တာ"
လော့ယန်က စကားလုံးနှစ်လုံးသာပြန်ပေးသည်။ ဒါပေမယ့်လည်း သူတစ်ကယ်တမ်း ပြုံးနေခဲ့ပါသည်။ အဲဒီ့နောက် သူစုကျစ်ယန်ရဲ့မေးခွန်းကို ပြန်ဖြေလိုက်သည်။
"အမ္း..."
ဟုတ်တယ်။ ဒါက... ချစ်သူတစ်ယောက်ပါပဲ။ အဲဒီ့ချစ်သူက နည်းနည်းလေးကလေးဆန်ပြီး၊ နည်နည်လေးစိတ်မချရပေမယ့်ပေါ့။
_ _ _ _ _ _ _ _
Translated by Lay Pyay Yhine.
Lay Pyay Note-
အားယိုးယိုး စာလုံးရေ 4000နီးနီးပဲ။ ညောင်းသွားပြီ T...T
ဒီကောင်မလေးကို ကြယ်လေးတွေနဲ့ နှစ်သိမ့်မပေးချင်ဘူးလား
[^ 3 ^]
Zawgyi
လင္က်န္းရီရဲ႕ဘယ္ဘက္လက္ေခ်ာင္းေတြကိုၾကည့္ရသေလာက္ ပတ္တီးေတြစည္းထားေသာ္လည္း ပါးစပ္ကေတာ့'ကိုယ္ဘာမွမျဖစ္ပါဘူး'လို႔ လိမ္ညာေျပာလိမ့္မည္ဆိုတာ သူသိသည္။
စုက်စ္ယန္သည္ တိတ္ဆိတ္စြာပင္ လင္က်န္းရီ၏လက္ကို ကိုင္လိုက္ေသာ္လည္း သူ႕အေတြးေတြကေတာ့ ေနရာအႏွံ႕ ပ်ံသန္းေနသည္။
သူ႕ရဲ႕ကံၾကမၼာက သူ႕ပါးစပ္မွ ျပန္လည္ေမြးဖြားသည့္အေၾကာင္း ပထမဆုံးလႊတ္ခနဲေျပာမိကတည္းက ေျပာင္းလဲသြားခဲ့ပုံေပၚသည္။
ဒီလင္က်န္းရီနဲ႕ သူ႕ရဲ႕အရင္ဘ၀ကလင္က်န္းရီတို႔က သိပ္ၿပီးအမ်ားႀကီးမတူလွေပ။ ဒီလူကေတာ့ တည္ၿငိမ္ကာဣေျနၵရသည္။ အၾကင္နာကင္းမဲ့တဲ့ ဟိုတစ္ေယာက္နဲ႕ ႏွီးႏြယ္ပါတ္သတ္ဖို႔ဆိုရင္ေတာ့ အေသအခ်ာကို သူအလိုမရွိပါဘူး။
ဟုတ္တာေပါ့။ nightclub မွာ ဆုံခဲ့တဲ့အခ်ိန္တုန္းက သူတို႔ႏွစ္ဦးသင့္ျမတ္ခဲ့ၾကသည္။ အရက္တစ္ခ်ိဳ႕ေသာက္ကာ ႏွစ္ဖက္စလုံးက လိုလိုလားလားပင္ အိပ္ရာေပၚကို သြားခဲ့ၾကသည္။
ဒါေပမယ့္လည္း သူတို႔ 419 စည္းမ်ဥ္းကို လုံး၀မလိုက္နာခဲ့ၾကပါဘူး။
{ေလျပည္ - '419' ဆိုတာက ဗန္းစကားတစ္ခုျဖစ္ၿပီး ဆိုလိုရင္းကေတာ့ 'for one night'ပါတဲ့။ အသံထြက္ခ်င္းဆင္တယ္ဟုတ္။ မလိုက္နာၾကဘူးဆိုတာကေတာ့ သူတို႔ႏွစ္ေယာက္လုံးက ထပ္ၿပီးဆုံၾကဖို႔ ဆႏၵရွိတာေၾကာင့္ျဖစ္ပါတယ္}
စုက်စ္ယန္ သူ႕ေရွ႕မွလူ၏IDကို အေစာကတည္းက သိေနခဲ့သည္။ ႀကီးမားတဲ့နိုင္ငံတကာကုမၸဏီႀကီးတစ္ခုရဲ႕ဥကၠဌကို သူမသိဘဲေနမွာတဲ့လား။
ဒါေပမယ့္ လင္က်န္းရီက အၿမဲတမ္းခပ္လွ်ိုလွ်ိုသာေနသည္။ စုက်စ္ယန္ဆိုတဲ့ဒီလူက သူ႕ကိုသိသလား၊ မသိဘူးလားဆိုတာကို သူအမႈမထားခဲ့ဘူး။
ၿပီးေတာ့ ဒီလူက တစ္ကယ္တမ္းမွာ ဘ၀င္ေတာ္ေတာ္ျမင့္တဲ့ ဥကၠဌတစ္ေယာက္ ျဖစ္ေကာင္းျဖစ္နိုင္တယ္လို႔လည္း စုက်စ္ယန္ေတြးခဲ့သည္။
ဘာလို႔ ဥကၠဌႀကီးက nightclubမွာ ေပၚလာရတာပါလိမ့္။
မည္သို႔ပင္ဆိုေစ လင္က်န္းရီကေတာ့ သူ႕ရဲ႕နာမည္ကိုဖုံးကြယ္ထားဖို႔ ရည္႐ြယ္ခ်က္မရွိပါ။ ဆန့္က်င္ဘက္အေနႏွင့္ စုက်စ္ယန္ကို သူ႕နာမည္ေခၚဖို႔ေတာင္ ေျပာခဲ့ေသးသည္။ သူတို႔ရဲ႕အိပ္ရာထက္ကႏွီးႏြယ္မႈကို ျပဳလုပ္ေနစဥ္မွာေပါ့။
"ရီ..."
တိုးညင္းေသာအသံေလးျဖင့္ သူ႕ရဲ႕အမည္ကိုညည္းၫူခဲ့ၿပီး အဲဒါကပင္ သူ႕ရဲ႕ခံစားမႈအဟုန္ကို တစ္ရွိန္ထိုးတက္လာေစသည္။
အဲဒီ့ေနာက္ ယဥ္ေက်းမႈရွိၿပီး အျပန္အလွန္နားလည္နိုင္သည့္ စုက်စ္ယန္က သူ႕(လင္က်န္းရီ)ကိုလည္း သူ႕(စုက်စ္ယန္)ရဲ႕နာမည္ေခၚေစခဲ့သည္။
သူတို႔ႏွစ္ေယာက္စလုံး ေမွ်ာ္လင့္ထားတာက သူတို႔ရဲ႕လိုအင္ဆႏၵေတြ ထပ္မံျဖစ္ေပၚလာပါက ေနာက္တစ္ႀကိမ္ထပ္မံဆုံေတြ႕ရန္ ျဖစ္ေကာင္းျဖစ္နိုင္မလား။
မင္းသိထားဖို႔လိုတာက ေဂးတစ္ေယာက္ေနနဲ႕ ေကာင္းမြန္ၿပီး၊ မင္းရဲ႕ရမၼက္ဆႏၵေတြနဲ႕ပါ အံ၀င္ဂြင္က်တဲ့ 'ညအိပ္အေဖာ္'တစ္ေယာက္ကို ရွာေတြ႕ရန္က ဘယ္ေလာက္ေတာင္မွ ခက္ခဲသလဲဆိုတာကိုျဖစ္သည္။
ေနာက္ပိုင္းမွာေတာ့ သူ႕ရဲ႕ကိုယ္၀န္က ေမွ်ာ္လင့္ထားတာထက္ ေက်ာ္လြန္သြားခဲ့သည္။ စုက်စ္ယန္တစ္ေယာက္ ႀကိဳးစရဲ႕အဆုံးနားကို ေရာက္သြားခဲ့ၿပီ။
သူေနာက္ဆုံးေသာ ေကာက္ရိုးမွ်င္ေလးကို ဖမ္းဆြဲသည့္အေနျဖင့္ လင္ကုမၸဏီ၏ တရား၀င္websiteသို႔ သြားၾကည့္လိုက္သည္။
'လင္က်န္းရီ'ဟူသည့္စကားလုံးမ်ားေအာက္မွ ရင္းႏွီးေနသည့္ မ်က္ႏွာတစ္ခုကိုျမင္လိုက္ခ်ိန္မွာေတာ့ စုက်စ္ယန္ အမွတ္တမဲ့ လက္ခုပ္ႏွစ္ဖက္ကိုတီးလိုက္သည္။
ဒါ... တစ္ကယ္သူပဲ။
လင္က်န္းရီ သူ႕ကိုမလိမ္ခဲ့ဘူး။ သူေျပာျပခဲ့တဲ့နာမည္က အမွန္ပဲ။
--စိတ္ပိုင္းဆိုင္ရာ ႐ုန္းကန္လႈပ္ရွားမႈေတြၿပီးတဲ့ေနာက္(စိတ္ေတြလြန္ဆြဲေနၿပီးေနာက္) သူ႕ကိုသြားေတြ႕ဖို႔ စုက်စ္ယန္ဆုံးျဖတ္လိုက္သည္။ အဲဒီေနာက္မွာေတာ့ ဒီလိုျပန္ျပင္မရေတာ့တဲ့အရာေတြ(ကေလးေရာသူေရာေသဆုံးတာ) ျဖစ္လာခဲ့သည္ေပါ့။
သို႔ေသာ္ နတ္ဘုရားေတြက သူ႕အေပၚသနားညွာတာခဲ့သည္။ သူျပန္လည္ေမြးဖြားခဲ့သည္ေလ။ ဒါေပမယ့္ သူျပန္လည္ေမြးဖြားခ်ိန္မွာ ဒီလူ႕ေအာက္မွာ အဖိခံထားရတာျဖစ္ၿပီး ကိစၥေတြကျပင္ဆင္မရဘဲ ဆက္ျဖစ္ေနဆဲ။
သူက ႀကိဳတင္သိထားၿပီးသားအရာေတြေနာက္လိုက္ရမယ္။ ၿပီးေတာ့ ထပ္ၿပီးေသရဦးမယ္လို႔ မေျပာနဲ႕ေနာ္...။
မျဖစ္ရဘူး...။
စုက်စ္ယန္ သဘာ၀က်စြာပင္ ထပ္မံေသဆုံးမဲ့လမ္းကို မလိုခ်င္ခဲ့ပါဘူး။ ဒီေတာ့ သူ႕ပါးစပ္ဖြင့္လိုက္ၿပီး ဒီစကားႏွစ္ခြန္းကို ေျပာလိုက္သည္။
"အျပင္မွာပဲၿပီးပါ..."
"ငါ... မင္းအေဖမွာ ကိုယ္၀န္ရသြားရင္ တာ၀န္ယူနိုင္မွာမလို႔လား"
ျဖစ္နိုင္တာက ဒီစကားလုံးေတြက လင္က်န္းရီရဲ႕စိတ္၀င္စားမႈကို ႏွိုးဆြလိုက္နိုင္တာလား။
အဲဒါၿပီးေနာက္ သူလြတ္ေျမာက္ဖို႔ ႀကိဳးစားခဲ့သည္။ ဒါေပမယ့္လည္း သူဒီလူနဲ႕ တိုက္တိုက္ဆိုင္ဆိုင္ ဆုံမိေနဆဲပါပဲ။
တစ္ေယာက္ႏွင့္တစ္ေယာက္ ဘယ္တုန္းကမွမသိခဲ့သူေတြရဲ႕ အျပန္အလွန္နားလည္မႈကို သူဒီဘ၀မွာေတာ့ ၿဖိဳခြဲဖို႔ႀကိဳးစားခဲ့သည္။ သို႔ေသာ္ သူအဖက္မတန္သလို လုပ္ခဲ့ခ်ိန္မွာေတာင္ ဇြဲေကာင္းသည့္လူက သူ႕ေျခလွမ္းေတြကို ေနာက္ျပန္မဆုတ္ခဲ့ဘူး။
သူ႕ရဲ႕မူလက ၿငိမ္းခ်မ္းေနေသာဘဝေလးဆီ တစ္လွမ္းၿပီးတစ္လွမ္း၀င္လာကာ ေနာက္ဆုံးမွာ သူကမေမွ်ာ္လင့္ထားေသာသူတစ္ေယာက္ ျဖစ္လာခဲ့သည္။
အာ...။ ကေလးထိန္းလို႔ေျပာရမလား။
ပူပူေႏြးေႏြးအနမ္းတစ္ပြင့္က စုက်စ္ယန္၏ႏႈတ္ခမ္းေထာင့္စြန္းေလးေပၚ က်ေရာက္လာသည္။
သူ႕ရဲ႕ျပန့္က်ဲေနေသာအေတြးေတြ ႐ုတ္တရက္ႀကီးျပန္ေရာက္လာၿပီးေနာက္ လင္က်န္းရီ၏မ်က္ႏွာေပၚရွိ မ်က္ႏွာခ်ိဳေသြးေနေသာအၿပဳံးႀကီးတစ္ခုကို ျမင္လိုက္ရသည္။
စုက်စ္ယန္ ေနာက္ထပ္အနမ္းကို ေရွာင္ရန္ သူ႕ေခါင္းကိုေနာက္သို႔ အနည္းငယ္ေစာင္းလိုက္သည္။
ဒီေခြးေကာင္... တစ္ဖက္လူကို ဘယ္လိုဖမ္းဆုပ္ရင္ သူ႕အတြက္အက်ိဳးရွိမလဲဆိုတာ ေသခ်ာကိုသိေနတာပဲ။ အား...
လင္က်န္းရီ ရႈပ္ေထြးေနေသာမ်က္ႏွာျဖင့္ သူ႕လက္ကိုဆုပ္ကိုင္ထားေသာ စုက်စ္ယန္ကို ေငးၾကည့္လိုက္သည္။ စုက်စ္ယန္က ၀မ္းနည္းေနပုံေပၚသည္။
သူ႕ရဲ႕သ႐ုပ္ေဆာင္မႈေတြက စုက်စ္ယန္ကို စိတ္အေျပာင္းအလဲျဖစ္ေစနိုင္ေၾကာင္း လင္က်န္းရီသိသည္။ ဒါေၾကာင့္ သူအနမ္းတစ္ပြင့္ေလာက္ ထပ္ခိုးဖို႔ သတၱိေမြးလိုက္သည္။
ဒါေပမယ့္လည္း... သူထပ္ၿပီးမနမ္းလိုက္နိုင္ပါ။ လင္က်န္းရီ မေပ်ာ္႐ႊင္ဟန္ျဖင့္ေျပာလိုက္သည္။
"က်စ္ယန္ မင္းရဲ႕ႏွလုံးသားက အခုကိုယ့္ကို ရင္နင့္သြားေစခ်င္တာလား"
စုက်စ္ယန္က သူ႕ထံသို႔ ျပန့္က်ဲေနေသာ ေသတၱာေတြလို၊ ကေလးလက္တြန္းလွည္းတစ္ခုလို၊ အ႐ုပ္ကားေတြလို၊ သူ႕အိပ္ခန္းထဲက ကေလးဓာတ္ပုံေတြကိုၾကည့္သလို အၾကည့္မ်ိဳးျပန္ေပးသည္။
သူ႕ရွ႕ကဒီလူရဲ႕အေျပာင္ေျမာက္ဆုံးလက္ရာ(စကားေျပာေကာင္းတာ) အေၾကာင္း သူအရင္ကတည္းက ခန့္မွန္းခဲ့ၿပီးသားပင္။ သူမ်က္ေမွာင္ၾကဳတ္ကာ တည္ၾကည္ေလးနက္စြာ ေမးလိုက္သည္။
"လင္က်န္းရီ... ခင္ဗ်ား တာ၀န္ယူမယ္ဆိုတာက တစ္ကယ္ဆုံးျဖတ္ၿပီးၿပီလား"
လင္က်န္းရီ ဒီစကားလုံးေတြကိုၾကားခ်ိန္မွာ သူ႕မ်က္လုံးေတြဟာ ညေကာင္းကင္မွာ တလက္လက္ျဖင့္ရွိေနသည့္ ၾကယ္ပြင့္ေလးမ်ားသဖြယ္ ခ်က္ခ်င္းကိုေတာက္ပသြားေလသည္။
သူခ်က္ခ်င္းေခါင္းညိတ္လိုက္ၿပီး အၿပဳံးတစ္ပြင့္ႏွင့္ေျဖလိုက္သည္။
"အင္း... ဟုတ္တယ္ ကိုယ္တာ၀န္ယူမွာ"
ေနာက္ဆုံးအေနနဲ႕ အေကာင္ေပါက္ေလး လက္ေလွ်ာ့သြားေအာင္လုိ့ ဒီအခြင့္အေရးကိုသုံးၿပီး တာ၀န္ယူခ်င္တဲ့ သူ႕ဆႏၵကိုေဖာ္ျပဖို႔ ဘယ္လိုမ်ားအလြဲခံနိုင္ရမွာလဲ။
စုက်စ္ယန္ လင္းက်န္းရီ၏လက္ကိုလႊတ္ကာ မ်က္ႏွာသာေပးသလိုေျပာလိုက္သည္။
"ေကာင္းၿပီေလ... ဒီရက္ေတြမွာ ခင္ဗ်ားေကာင္းေကာင္းလုပ္ခဲ့တာမို႔ အခ်ိန္အတိုင္းအတာတစ္ခုအထိ ခင္ဗ်ားကိုယုံၾကည္ဖို႔ ဆုံးျဖတ္လိုက္ၿပီ။ ခင္ဗ်ားကို ဒီအခြင့္အေရးေပးမယ္။ အဲဒါက... အြန္း..."
သူ႕ရဲ႕ ေနာက္ထပ္ေျပာမယ့္စကားလုံးေတြမတိုင္ခင္ ပီတိျဖာေနေသာလင္က်န္းရီက သူ႕ေခါင္းအေနာက္မွဆြဲကိုင္ကာ စိတ္အားထက္သန္စြာပင္ ႏႈတ္ခမ္းသားကို ဖိကပ္နမ္းရွိုက္ပါေတာ့သည္။
အလြန္နီးကပ္ေနေသာ မ်က္၀န္းတစ္စုံကိုၾကည့္ၿပီး စုက်စ္ယန္ အသက္ရႉပင္မွားသြားသည္။ တစ္ခဏမွ် အေတြးေတြ ရပ္တန့္သြားသည့္ေနာက္ လင္က်န္းရီကဦးေဆာင္ေနဆဲပင္။
သူကၿမိဳ႕ေတာ္ကိုတိုက္ခိုက္ၿပီးမွ ေျမကိုသိမ္းယူတဲ့နည္းကို သုံးခဲ့တာပဲ။ သူ႕ကိုမိန္းေမာၿပီးရႈပ္ေထြးေအာင္လဲ လုပ္သည္။
"ဟမ္း.... အြန္း...."
လင္က်န္းရီရဲ႕ခ်ဥ္းကပ္မႈကို စုက်စ္ယန္ျငင္းပယ္လိုက္သည္။ ကံဆိုးခ်င္ေတာ့ လင္က်န္းရီက သူ႕ကိုယ္သူအျပည့္အဝေပ်ာ္႐ႊင္ဖို႔ မရအရႀကိဳးစားမွာပင္။
ဘယ္လိုလုပ္ သူစုက်စ္ယန္ကို လႊတ္ေပးနိုင္မွာလဲ။
ဒါေပမယ့္ စုက်စ္ယန္ ပင့္သက္ရွိုက္ခ်ိန္မွာ အင္တင္တင္နဲ႕ သူလႊတ္ေပးလိုက္ရသည္။
အဲဒီ့ေနာက္ စုက်စ္ယန္က မခံမရပ္နိုင္ျဖစ္ေနေသာေလသံျဖင့္ ျပတ္ေတာင္းစြာေျပာလိုက္သည္။
"ခင္ဗ်ား... ခင္ဗ်ား... ခင္ဗ်ားကလိုက္နာမႈမရွိဘူး။ ကြၽန္ေတာ္နဲ႕အခန္းမွ်သုံးဖို႔ ခြင့္မျပဳေတာ့ဘူး"
လင္က်န္းရီသည္ စုက်စ္ယန္၏မ်က္ရည္ဝဲေနေသာမ်က္လုံးမ်ားကိုၾကည့္ကာ စိတ္ေက်နပ္သြားသလို ခံစားရေသာ္လည္း သူ၏ပါးစပ္မွ ေဒါသတႀကီး ထြက္လာေသာစကားကေတာ့ ခ်က္ခ်င္းပင္ သူ႕အၿပဳံးကို ေတာင့္ခဲသြားေစသည္။
သူ စုက်စ္ယန္၏အကၤ်ီလက္ကိုဆြဲကာ မေက်နပ္ေၾကာင္းေဖာ္ျပရင္း စတင္ကာ သူ႕ရဲ႕အၿမီးႀကီးေတြကိုယမ္းခါေနေသာ ေျမေခြးတစ္ေကာင္သဖြယ္ သ႐ုပ္ေဆာင္ေတာ့သည္။
{ေလျပည္--'အၿမီးႀကီးေတြကိုယမ္းခါေန'ရဲ႕အဓိပၸာယ္က 'ခ်စ္စရာေကာင္းေအာင္လုပ္ျပေနတယ္'လို႔ဆိုလိုတာျဖစ္ပါတယ္။ ဒါေပမယ့္ အၿမီးတစ္ေခ်ာင္းေတာင္မဟုတ္ အၿမီးေတြတဲ့ အဟားဟား။ လင္က်န္းရီကအၿမီးကိုးေခ်ာင္းေျမေခြးႀကီးပဲ}
"က်စ္ယန္ ဒီလိုမလုပ္နဲ႕ေလ ကိုယ္တို႔ကဒီ့ထက္ရင္းႏွီးတဲ့အရာေတြေတာင္ လုပ္ခဲ့ၿပီးၿပီပဲ။ ဘယ္လိုလုပ္ကိုယ္တို႔က အခန္းႏွစ္ခန္းခြဲေနရမွာလဲ။ အဲဒါအျပင္ ကိုယ္တျခားအခန္းမွာေနတုန္း မင္းတစ္ခုခုလိုအပ္ရင္ ကိုယ္ဘယ္လိုလုပ္သိမွာလဲ။ မင္းေအာ္ေခၚတာကို ကိုယ္မၾကားဘဲ ကိစၥေတြေႏွာင့္ေႏွးကုန္ရင္ေရာ ဘယ္လိုလုပ္မလဲ"
စုက်စ္ယန္ကေတာ့ သူ႕ရဲ႕ဆုံးျဖတ္ခ်က္အေပၚ ခိုင္မာစြာရပ္တည္ေနဆဲ။ မေျပာင္းမလဲရွိေနဆဲပင္။
"ခင္ဗ်ား ဆင္ေျခေပးေနတာပဲ။ ကြၽန္ေတာ္ေခၚတာကိုခင္ဗ်ားမၾကားရင္ ခင္ဗ်ားကြၽန္ေတာ့္ကို ဂ႐ုမစိုက္လို႔ပဲျဖစ္လိမ့္မယ္။ ခင္ဗ်ားဘာသာဆင္ေျခေတြ ေပးေနတာ။ ခင္ဗ်ားဒီမွာမေနခ်င္ေတာ့ဘူးလား။ အိုေခ... ေကာင္းၿပီေလ။ ကြၽန္ေတာ္ ေလာ့ယန္ကိုျပန္ေခၚၿပီး ေနခိုင္းလိုက္မယ္"
"မလုပ္နဲ႕..."
လင္က်န္းရီ လွ်င္ျမန္စြာပင္ တစ္ဖက္ကိုလွည့္ထြက္သြားသည့္ စုက်စ္ယန္ကိုဆြဲထားလိုက္သည္။
"မလုပ္နဲ႕ ဒုတိယအိပ္ခန္းမွာ ကိုယ္အိပ္ပါ့မယ္။ ကိုယ္သေဘာတူခဲ့ၿပီးသားပဲေလ ဒါေတာင္မွ မင္းစိတ္မၾကည္ေသးဘူးလား"
"ဒါကအနမ္းေလးတစ္ခုပဲမဟုတ္ဘူးလား။ မင္းကကိုယ့္ကို အိပ္ခန္းမႀကီးမွာ အိပ္ခြင့္မေပးဘူးေပါ့။ ဒီ့ျပင္ မင္းအစတုန္းက အဲဒီ့မွာကိုယ့္ကို ေနခြင့္ျပဳမယ္ဆိုတာကို ေျပာလဲမေျပာခဲ့ဘဲနဲ႕"
လင္က်န္းရီ စကားႏွစ္ခြန္းကို တီးတိုးေရ႐ြတ္ရင္း လုံး၀မတရားသလိုခံစားေနရသည္။ စုက်စ္ယန္ သူ႕ေနာက္ေက်ာဘက္မွ လင္က်န္းရီကိုလွည့္ၾကည့္ၿပီးေနာက္ ဆက္ၿပီးေလွ်ာက္သြားရင္း သူ႕ႏႈတ္ခမ္းေထာင့္စြန္းေလးေတြကေတာ့ ေက်နပ္မႈေၾကာင့္ ေအာင္ပြဲခံလိုဟန္ျဖင့္ ေကြးၫြတ္သြားေလသည္။
ေဆး႐ုံမွာတုန္းက ျဖစ္ခဲ့တဲ့ကိစၥအတြက္ သူ႕ရဲ႕ကလဲ့စားဟာ ေနာက္ဆုံးေတာ့ ေအာင္ျမင္သြားခဲ့ၿပီပဲ။
-- အစမွာတုန္းကေတာ့ ဒီေခြးေကာင္လင္က ယြမ္၅ေသာင္းကို ေပးမယ္လို႔ တိုက္ရိုက္မေျပာခဲ့ပါဘူး။ ဒီေတာ့ သူ႕ရဲ႕ပါးစပ္ကိုဖြင့္ဟလာေစဖို႔ သူ႕မွာသတၱိမရွိဘူး။ အဆုံးမွာေတာ့ ယြမ္၅ေထာင္ပဲရခဲ့သည္ေလ။
ၿပီေတာ့ ဒီအယုတ္တမာႀကီးက ေျပာေသးသည္။ ယြမ္၅ေထာင္က နည္းလြန္းတာမို႔ ၅ေသာင္းေပးဖို႔ ဆုံးျဖတ္ထားသည္တဲ့။
-- ဟမ့္.... မေကာင္းတဲ့ေကာင္။ အခု အေမွာင္ထဲမွာ ကစားတာက ဘယ္လိုအရသာဆိုတာ ငါမင္းကိုျပေပးမယ္။ ငါ့ကိုကစားမိတဲ့အေပၚ ေနာင္တရေနတဲ့ပုံကို ၾကည့္စမ္းမယ္"
ၾကည့္ေန... စုက်စ္ယန္ဆိုတဲ့ငါက ဦးေႏွာက္မရွိတဲ့သူမဟုတ္ဘူး။ နည္းနည္းေလးေငြမက္တတ္ေပမယ့္ အၿငိဳးလည္းႀကီးပါတယ္ေနာ္။
လင္က်န္းရီတစ္ေယာက္ စုက်စ္ယန္၏ျမဴးတူးေနေသာမ်က္ႏွာကိုမျမင္လိုက္သလို စုက်စ္ယန္ကလည္း လင္က်န္းရီရဲ႕မ်က္လုံးေတြထဲက ဉာဏ္နီဉာဏ္နက္ေတြ၊ အကြက္ခ်မႈေတြကို မျမင္ခဲ့ပါဘူး။
ဒါက ဒုတိယအိပ္ခန္းမွာ ေန႐ုံေလးပဲမဟုတ္လား။ ဒီအေကာင္ေပါက္ေလး သူ႕(ေလာ့ယန္)ကိုအေဝးကို ႏွင္ထုတ္ဖို႔အခြင့္အေရးေပးခဲ့ၿပီးမွ အခု ျပန္ေခၚသြင္းဖို႔ ခြင့္ျပဳစရာလား။
ဆန့္က်င္ဘက္အေနနဲ႕ သူဆက္ၿပီးလုံ႕လရွိရွိနဲ႕ ဆက္ႀကိဳးစားရမည္။ အေကာင္ေပါက္ေလး သူ႕ကို အိပ္ခန္းမႀကီးထဲ ၀င္ခြင့္ျပဳေစဖုိ့ေပါ့။
ဂိမ္းကစားရာမွာ --- သူက ပြဲေတြေက်ာ္ျဖတ္ၿပီးကစားရတဲ့နည္းကို ပိုၿပီးစိတ္၀င္စားတယ္။
မိန္းမေ႐ြးရာမွာ --- သဘာ၀က်က်ေျပာရရင္ ဒီကိစၥကေတာ့ ေအာင္ျမင္နိုင္ဖို႔ဆိုရင္ တစ္ႀကိမ္ကိုေျခတစ္လွမ္းႏႈန္းနဲ႕ ျဖည္းျဖည္းခ်င္းသြားရမွာေပါ့။
breakfast စားၿပီးေနာက္မွာ စုက်စ္ယန္ ဧည့္ခန္းမွာထိုင္ကာ လင္က်န္းရီ၀ယ္လာေပးေသာ အ႐ုပ္ကားႏွစ္စီးႏွင့္ ကစားေလေတာ့သည္။
သူ႕မ်က္လုံးေထာင့္ေလးကေတာ့ အိပ္ခန္းမႀကီးႏွင့္ ဒုတိယအိပ္ခန္းဆီ ေခါက္တုံ႕ေခါက္ျပန္သြားေနသည့္ လင္က်န္းရီဆီ တစ္ႀကိမ္ၿပီးတစ္ႀကိမ္ လွမ္းၾကည့္သည္။
လင္က်န္းရီ တမင္လုပ္ေနတာလား။ ဒါမွမဟုတ္ သူ႕ေခါင္းကပဲ မူလီေခ်ာင္ေနသလားေတာ့မေျပာတတ္။ လင္က်န္းရီက အ၀တ္အစားေတြကို တစ္ႀကိမ္ကို နိုင္သေလာက္ႏႈန္းနဲ႕မသယ္ဘဲ ေသတၱာႀကီးကို ဒုတိယအိပ္ခန္းသို႔ ေ႐ႊ႕သြားေလသည္။
ဒီလိုေလွ်ာက္ရင္း၊ သယ္ရင္း သူ႕ေျခေထာက္ေတြပိန္ကုန္မွာ မေၾကာက္သလိုပဲ။
စုက်စ္ယန္ စိတ္ထဲမွေတြးလိုက္ေသာ္လည္း လင္က်န္းရီရဲ႕လႈပ္ရွားမႈေတြကို မရပ္တန့္ေစခဲ့ပါဘူး။
ေနာက္ဆုံးေတာ့ လင္က်န္းရီတစ္ေယာက္ ေ႐ႊ႕တာၿပီးသြားၿပီမုိ့ ဆိုဖာေပၚသက္ေတာင့္သက္သာေခြေနေသာ စုက်စ္ယန္ကို မ်က္လုံးပင့္ကာ ၾကည့္လိုက္သည္။
အဲဒီ့ေနာက္ သူ႕ႏႈတ္ခမ္းေထာင့္စြန္းေလးေတြ အထက္သို႔အနည္းငယ္ ေကြးၫြတ္သြားေလသည္။
သူဘာလို႔ ဒီေလာက္အေပၚေအာက္၊ အေရွ႕အေနာက္ ေျပးလႊားေနရတာကို စိတ္အေႏွာင့္အယွက္မျဖစ္တာလဲဆိုတာရဲ႕အေၾကာင္းျပခ်က္ကေတာ့---
အိပ္ခန္းမႀကီးမွာလဲမဟုတ္၊ ဒုတိယအိပ္ခန္းမွာလဲမဟုတ္ဘဲ ဧည့္ခန္းထဲမွာ ၿငိမ္ၿငိမ္ကေလးရွိေနတဲ့ စုက်စ္ယန္ကို အႀကိမ္ေရနည္းနည္းေလာက္ ပိုၿပီးၾကည့္နိုင္လို႔ေပါ့။
ခရီးေဆာင္ေသတၱာႀကီးကို ဒုတိယအိပ္ခန္းဆီ တိုက္ရိုက္သယ္မယ္ဆိုရင္ သူဒီလိုသယ္ေနတုန္း ဧည့္ခန္းမွာပုန္းေနတဲ့စုက်စ္ယန္ကိုသူျမင္ဖို႔အခြင့္အေရးမရတာမ်ိဳး မျဖစ္နိုင္ေတာ့ဘူးမလား။
{ေလျပည္-နည္းနည္းရႈပ္သြားလား။ ေသတၱာအႀကီးႀကီးကို မနိုင့္တနိုင္ရေအာင္သယ္ေနရေတာ့ ဒါက္ုအေၾကာင္းျပၿပီး ဧည့္ခန္း၀မွာရစ္သီရစ္သီလုပ္နိုင္တယ္ကြာ။ အဲဒီလို}
ဒီေပါက္စေလးက သူနဲ႕အတူေနဖုိ့ က်င့္သားမရေလာက္ေသးဘူး။ ဟုတ္တယ္မလား။
မၾကာေသးခင္ကမွ ရွင္လင္းထားတဲ့ ဒုတိယအိပ္ခန္းကိုၾကည့္ၿပီးေနာက္ လင္က်န္းရီတစ္ေယာက္ ၾကမ္းျပင္ေပၚခ်ထားေသာ ပလတ္စတစ္အိတ္ကိုေကာက္ယူကာ ေရခ်ိဳးခန္းဆီတည့္တည့္ေလွ်ာက္သြားလိုက္သည္။
စုက်စ္ယန္ စပ္စုလိုစိတ္ျဖစ္လာကာ ေမးလိုက္သည္။
"ခင္ဗ်ားဘာလုပ္ေနတာလဲ"
"မသက္ဆိုင္တဲ့လူရဲ႕ ပစၥည္းေတြကို ေဝးေဝးလႊင့္ပစ္ၿပီး ကိုယ့္ဟာေတြနဲ႕အစားထိုးေနတာေလ"
လင္က်န္းရီ ပေဟဠိဆန္စြာပင္ ရယ္ေလသည္။ စုက်စ္ယန္ နားမလည္ပါ။ မသက္ဆိုင္တဲ့လူဆိုတာက... ေလာ့ယန္လား။
ဒီေလာက္ဆိုလုံေလာက္ၿပီ။ လင္က်န္းရီေရခ်ိဳးခန္းဆီသြားကာ ေလာ့ယန္၏တစ္ကိုယ္ရည္သုံး ပစၥည္းမ်ားကို ဖယ္ရွားပစ္သည္။ သူျမန္ျမန္လႊင့္ပစ္မွ ေလာ့ယန္က ဒါေတြကိုသိမ္းဖို႔ဆိုၿပီးေတာ့ အေၾကာင္းျပဖို႔ အခ်ိန္မရွိမွာေပါ့။
အဲဒီ့ေနာက္ ေရခြက္အသစ္တစ္စုံ၊ သြားပြတ္တံတစ္စုံ၊ သြားတိုက္ေဆးႏွစ္ဘူးတို႔ကို ပလတ္စတစ္အိတ္ထဲမွထုတ္ယူကာ ေနရာခ်လိဳက္သည္။ စုက်စ္ယန္ရဲ႕အရင္ဟာေတြကေတာ့ အေဝးေရာက္သြားၿပီေပါ့။
သူတို႔ကအခု အတစ္အိမ္တည္း အတူတူေနသူေတြျဖစ္သည္။ ဒါေပါ့။ ပစၥည္းေတြကိုလည္း အစုံလိုက္သုံးရမည္။
ေနာက္ထပ္ေနရာခ်ဖိဳ႕ရာကေတာ့ ေရခ်ိဳးခန္းသုံး ပစၥည္းေတြျဖစ္သည္။ ေခါင္းေလွ်ာ္ရည္ဘူး၊ တဘတ္နဲ႕တျခားပစၥည္းေတြကိုေတာ့ မွ်သုံးမွာျဖစ္သည္။
လင္က်န္းရီ အသစ္ကေလးလိုျဖစ္သြားတဲ့ ေရခ်ိဳးခန္းကို အားရေက်နပ္ေသာအၿပဳံးႀကီးျဖင့္ ၾကည့္လိုက္သည္။
ဒီျပင္ပအရာ၀တၱဳေတြက အေကာင္ေပါက္ေလးရဲ႕ႏွလုံးသားကို တျဖည္းျဖည္းသိမ္းသြင္းရာမွာ ကူညီလိမ့္မည္။
အနာဂတ္မွာခံစားခ်က္ေတြတိုးတက္လာေစဖို႔ စုက်စ္ယန္နဲ႕ ဘယ္လိုအတူေနထိုင္မည္ဆိုတာကိုစဥ္းစားရင္း လင္က်န္းရီ၏မ်က္ႏွာက ေလးေလးနက္နက္ ၿပဳံးေနသည္။
ဒါေပမယ့္လည္း သူဖယ္ပစ္လိုက္တဲ့ (ေလာ့ယန္ရဲ႕)ပစၥည္းေတြကိုကိုင္ၿပီး ေရခ်ိဳးခန္းထဲကေန ျပန္ထြက္လာခ်ိန္မွာေတာ့ သူ႕အၿပဳံးေတြေအးခဲသြားေတာ့သည္။
ဘာလို႔လဲဆိုေတာ့ သူ႕ၿပိဳင္ဘက္လို႔ သူသတ္မွတ္ထားတဲ့လူရဲ႕အမည္ကို စုက်စ္ယန္ကေခၚေနတာေၾကာင့္ပါပဲ။
"ေလာ့ယန္... ခင္ဗ်ားဘာလို႔ ဒီလိုလုပ္သြားတာလဲ ဘာလို႔ကြၽန္ေတာ့္ကိုမေျပာဘဲ ထြက္သြားတာလဲ လင္က်န္းရီေမာင္းထုတ္လို႔လား အဲဒီ့လိုဟုတ္တယ္ဆို ကြၽန္ေတာ့္ကိုေျပာပါ ကြၽန္ေတာ္ခင္ဗ်ားကိုကူညီေပးမယ္"
စုက်စ္ယန္၏အသံက အလြန္အမင္းသည္ခံေနျခင္းတို႔အျပည့္။ လင္က်န္းရီ၏ပါးစပ္ဟာ အံ့ၾသမႈေၾကာင့္ ပြင့္ဟသြားရေလၿပီ။ သူတံခါးကိုဖြင့္ကာ သူ႕လက္ထဲကအမွိုက္ေတြကို တံခါးနားမွာ ေဆာင့္ႀကီးေအာင့္ႀကီးပစ္ခ်လိဳက္သည္။ ေအာက္ကိုဆင္းတဲ့အခ်ိန္က်မွပဲ ပစ္လိုက္ေတာ့မည္။
ဒါေပမယ့္လည္း သူ႕နား႐ြက္ကေတာ့ အေပၚကိုေထာင္ေနကာ စုက်စ္ယန္နဲ႕ေလာ့ယန္တို႔ အျပန္အလွန္ဖုန္းေျပာေနတဲ့စကားေတြကို နားေထာင္ေနဆဲပါပဲ။
{ေလျပည္-ဒယ္ဒီလင္ကေျမေခြးႀကီးပါကြယ္}
ထိုအခ်ိန္မွာ ေလာ့ယန္က သူ႕ပစၥည္းေတြကို ျဖည္ေနတာျဖစ္သည္။ အထူးဇိမ္ခံအခန္းထဲကိုၾကည့္လိုက္ေတာ့ ယဲ့ရွို႔က သူ႕အ၀တ္ေတြကို ခရီးေဆာင္အိတ္ထဲကထုတ္ကာ ေနရာခ်ေပးရင္း အလုပ္မ်ားေနသည္။
ေလာ့ယန္ အိပ္ရာေပၚလဲေလ်ာင္းလိုက္သည္။ သူညင္သာစြာၿပဳံးကာ ျပန္ေျဖသည္။
"မဟုတ္ပါဘူး။ ငါေနဖို႔ေနရာအသစ္တစ္ခုေတြ႕လို႔ပါ။ ေတာင္းပန္ပါတယ္က်စ္ယန္။ ငါမင္းကိုေျပာဖို႔ အခ်ိန္မရလိုက္ဘူး။ တစ္ကယ္ေတာ့ ငါ..."
လင္က်န္းရီေျပာသည့္ 'မနက္ဘက္မွာ ေလာ့ယန္ကလူတစ္ေယာက္ႏွင့္အတူ၀င္လာခဲ့တယ္' ဆိုသည့္အေၾကာင္း စုက်စ္ယန္ ျပန္ေတြးလိုက္မိကာ သူ႕စိတ္ထဲအေျပးအလႊားေတြးမိလိုက္သည္။
"တစ္ကယ္ေတာ့ ခင္ဗ်ားခ်စ္သူရသြားတာ ဟုတ္တယ္မလား"
ထိုအခ်ိန္မွာ ယဲ့ရွို႔က မတ္ခြက္ႏွစ္ခုကိုကိုင္ကာ သူ႕ဆီေျပးလာၿပီး ရတနာပစၥည္းတစ္ခုလို သူ႕လက္ထဲထည့္ေပးတာေၾကာင့္ ေလာ့ယန္အံ့အားသင့္သြားသည္။
သူၿပဳံးရယ္လိုက္ၿပီး ခြက္ႏွစ္ခြက္ကို ထိေတြ႕ၾကည့္သည္။ ခြက္ေတြက ထူးဆန္းတဲ့ပုံစံရွိၿပီး တစ္ခုက မ်က္ႏွာျပင္ခြက္ကာ က်န္တစ္ခုက အစြန္းေတြေငါေနသည္။
ဒီလိုအျမင္အရ ကြဲလြဲေနတဲ့ဟာႏွစ္ခုက အတူတကြထားလိုက္မယ္ဆိုရင္ေတာ့ 'အသည္းပုံတစ္ခု' ပုံစံေပၚလာသည္။
ယဲ့ရွို႔က သူ႕ႏႈတ္ခမ္းကိုလႈပ္ကာ မ်က္ခုံးေတြ ေကြးၫြတ္ေနပုံက 'ၾကည့္ေကာင္းရဲ႕လား'လုိ့ တိတ္ဆိတ္စြာ ေမးေနသလို။
"ကေလးဆန္လိုက္တာ"
ေလာ့ယန္က စကားလုံးႏွစ္လုံးသာျပန္ေပးသည္။ ဒါေပမယ့္လည္း သူတစ္ကယ္တမ္း ၿပဳံးေနခဲ့ပါသည္။ အဲဒီ့ေနာက္ သူစုက်စ္ယန္ရဲ႕ေမးခြန္းကို ျပန္ေျဖလိုက္သည္။
"အမ္း..."
ဟုတ္တယ္။ ဒါက... ခ်စ္သူတစ္ေယာက္ပါပဲ။ အဲဒီ့ခ်စ္သူက နည္းနည္းေလးကေလးဆန္ၿပီး၊ နည္နည္ေလးစိတ္မခ်ရေပမယ့္ေပါ့။
_ _ _ _ _ _ _ _
Translated by Lay Pyay Yhine.
Lay Pyay Note-
အားယိုးယိုး စာလုံးေရ 4000နီးနီးပဲ။ ေညာင္းသြားၿပီ T...T
ဒီေကာင္မေလးကို ၾကယ္ေလးေတြနဲ႕ ႏွစ္သိမ့္မေပးခ်င္ဘူးလား
[^ 3 ^]