Unicode
Chapter 37: သားပေါက်လေးရဲ့ရုန်းကန်မှု။
စုကျစ်ယန်ကသူ့ရှေ့က ဟင်းအမယ်ခြောက်မျိုးနဲ့ဟင်းချိုတစ်ခွက်ကိုကြည့်ပြီးအံ့သြလွန်းရလို့သူ့မျက်လုံးတွေခမျာ အပြင်ကိုထွက်ကျလုလုပင်။
ဒီခွေးကောင်လင်က တကယ်ကြီးကိုဒါတွေကိုလုပ်ခဲ့တယ်! အဲ့ဒါတွေက အရောင်အဆင်း၊ အနံ့၊ အရသာတို့နှင့်တောင် ပြည့်နှက်နေသေးတယ်!
အေပရွန်ကို ၀တ်ထားသည့် လင်ကျန်းရီသည် တူကိုအသာမ၍ဟင်းများကို ပန်းကန်အတွင်းသို့နှစ်သက်ကျေနပ်စွာဖြင့်ထည့်လိုက်လေသည်။
သူ့မျက်နှာကအပြစ်ကင်းစင်နေပြီး
"ကျစ်ယန် မင်းဗိုက်ဆာနေပြီလား မြည်းကြည့်စမ်းပါ၊ အဲဒါကမင်းအရသာမတွေ့ရင်ကိုယ်ပြန်လုပ်ပေးမယ်"
"ဒါတွေ…ခင်ဗျား ဒါတွေအားလုံးကိုလုပ်ခဲ့တာလား”
စုကျစ်ယန်သည် လင်ကျန်းရီ သူ၏လက်အတွင်းသို့လွှဲပြောင်းထည့်ပေးလာသော တူကိုယူလိုက်သည့်တိုင် သူ့မှာအနည်းငယ်တော့မယုံကြည်နိုင်သေးပေ။
ဒီလူက သူ့ကိုယ်တိုင်ဘယ်အရာကိုမှမလုပ်ကိုင်ခဲ့ဖူးတဲ့ သခင်လေးတစ်ယောက်ဆိုတာသေချာပါသည်။ သူကဘယ်လိုလုပ်ပြီး ထိုကဲ့သို့ အရသာရှိတဲ့ အစားအသောက်တွေကိုချက်ပြုတ်နိုင်မှာတဲ့လဲ။
"အို!ဟုတ်တာပေါ့ ကိုယ့်လက်ရာကိုစမ်းကြည့်ပါဦး.."
လင်ကျန်းရီသည် သူချက်ထားကြောင်း ကတိုက်ကရိုက်၀န်ခံလိုက်ပြီး အတင်းတိုက်တွန်းလိုက်သည်။
ထို့နောက် စုကျစ်ယန်သည် ငါးအသားတစ်ဖဲ့ကိုယူ၍ ပါးစပ်ထဲထည့်ရန်လုပ်လိုက်စဥ် လင်ကျန်းရီကတားလိုက်သည်။
"ခဏနေဦး! ဒီမှာငါးရိုးတွေများကျန်နေမလား ကိုယ်အရင်ကြည့်ပါရစေ ငါးအရိုးမစူးအောင် ဂရုစိုက်ပြီးစား! "
လင်ကျန်းရီသည် ငါးအရိုးနွှင်ကာ ငါးအသားများကို စုကျစ်ယန်၏ရှေ့ရှိ ထမင်းပန်းကန်ထဲသို့ထည့်ပေးလိုက်လေသည်။
"ရပြီ၊စားတော့"
စုကျစ်ယန်သည်ငါးအသားအနည်းငယ်ကို စားပြီးနောက် ခေါင်းညိတ်ပြလေသည်။
" အမ်း... အရသာရှိတယ်…”
လင်ကျန်းရီမှာသူ၏အကောင်ပေါက်လေးထံမှချီးကျူးစကားကိုကြားသည့်အခါ ဤဟင်းပွဲကိုသူကိုယ်တိုင်ချက်ခဲ့သည့်အလား ကျေနပ်ပီတိဂွမ်းဆီထိကာ ရင်ထဲတွင်ပန်းတွေပွင့်နေလေတော့သည်။ ဒါပေမယ့် နောက်အခိုက်အတန့်ကြာမှာတော့သူ့မှာအနည်းငယ်အပြစ်ရှိသလိုခံစားလာရသည်။
စုကျစ်ယန် သည် အခြားဟင်းလျာအနည်းငယ်စားမျှပြီးနောက် သူကသံသယဖြစ်စွာဖြင့်မေးလိုက်သည်။
"ခင်ဗျား ကျွန်တော်အိပ်နေတဲ့အချိန်မှာ စားသောက်ဆိုင်ကမှာလိုက်တာများလား"
လင်ကျန်းရီကခက်ခက်ခဲခဲရယ်လိုက်ပြီး
"မဟုတ်တာ! ဘယ်လိုဖြစ်နိုင်မှာလဲ! မင်းစားသောက်ဆိုင်ကအစားအသောက်တွေကို မြည်းစမ်းကြည့်သင့်တယ်...ဆိုင်တွေကဆိုရင် အရသာပြင်းပြီးတော့ ဟင်းလျာမှန်သမျှကလည်း ဆီတွေမှအများကြီးပဲ သေချာအောင်ထပ်မြည်းကြည့်ပါလား"
(ဒီနေရာမှာ အရသာပြင်းတယ်ဆိုတာ အရသာမတရားရှိလွန်းတာမျိုးကိုပြောချင်တာပါ msgအများကြီးသုံးသလိုပေါ့)
စုကျစ်ယန်က နောက်တစ်ကြိမ်ပါးစပ်ထဲကို ဟင်းလျာအနည်းငယ်ထည့်ပြီး မြည်းကြည့်လိုက်သည်။
ကောင်းပြီ လုံလောက်ပါပြီ အဲတာက အိမ်ချက်လက်ရာပဲ.. ဆိုင်တွေကလို ဆီလည်းများမနေသလို ဆားနဲ့ဟင်းခတ်မှုန့်အများကြီးလည်းမပါဘူး သူတို့အရသာက ခပ်ပေါ့ပေါ့လေးပဲ..
"ဘယ်လိုနေလဲ...ကိုယ်မင်းကိုမလိမ်ဘူးဟုတ်စ"
လင်ကျန်းရီသည် သူ၏အကောင်ပေါက်လေးထံမှ ချီးကျူးစကားကို စောင့်မျှော်နေလေသည်။
ရလာဒ်အနေဖြင့် စုကျစ်ယန်ကပြောလာခဲ့သည်။
"ဒါတွေက လော့ယန်လုပ်ပေးတာလောက်အရသာမရှိဘူး"
"..."
လင်ကျန်းရီသည် အသက်ပြင်းပြင်းရှူလိုက်ကာ သူ၏စိတ်အတွင်းတွင် စိတ်လျှော့စိတ်လျှော့ ဟုသာအော်ဟစ်ပြောဆိုနေမိလေသည်။
ဒီကောင်စုတ်လေးက သေချာပေါက် ရသာအာရုံနဲ့ပတ်သတ်ပြီးပြသနာရှိနေတာပဲ..သူ့(စုကျစ်ယန်)ရဲ့အထွေထွေဗဟုသုတလေးနောက်ကိုပါမသွားစေနဲ့..
စားပြီးသည့်နောက်တွင် လင်ကျန်းရီသည် ဘာမှပြန်မပြောတော့ချေ။သူကဟင်းလျာမျိုးစုံကို စုကျစ်ယန်ရှေ့ရှိပန်းကန်များထဲသို့သာ တိတ်ဆိတ်စွာခပ်ထည့်ပေးနေခဲ့သည်။
စုကျစ်ယန်သည် ကျေနပ်ပျော်ရွှင်စွာဖြင့် အများကြီးစားခဲ့သည်။
ဘာပဲဖြစ်ဖြစ်..သူ့ဗိုက်ထဲမှာအစာကျွေးဖို့အတွက်အကောင်ပေါက်လေးတစ်ယောက်ရှိသေးတယ်လေ..
စုကျစ်ယန် သည် စားသောက်လို့ပြီးသွားသည့်တိုင်သူ၏တူများကိုမချခဲ့ပေ။ သူကအသာရယ်လိုက်ပြီး
“ အင်း၊ ကျွန်တော်နောက်တာပါ.. ခင်ဗျားရဲ့လက်ရာက လော့ယန်ချက်တာထက်ပိုကောင်းပြီးအရသာရှိတယ်”
သူ့စကားတွေကိုတုန့်ပြန်သည့်အလား သူ့ဗိုက်ထဲကလေးလေးကလည်း သူ့သဘောဆန္ဒကိုပြဖို့ရန်အတွက် ကန်လိုက်လေသည်။
စုကျစ်ယန်သည် ငိုမတတ်အော်ဟစ်လိုက်သည့်အခါ လင်ကျန်းရီက သူ့ကိုစိုးရိမ်တကြီးကြည့်ပြီးမေးလိုက်သည်။
"ဘာဖြစ်တာလဲ မင်းဗိုက်ပြန်နာနေလို့လား ဆေးရုံမှာရက်နည်းနည်းလောက်နေပြီးအနားယူတာကပိုကောင်းတယ် ပြီးမှဆေးရုံဆင်းလည်းရတယ်လို့ ကိုယ်မင်းကိုမပြောခဲ့ဘူးလား.."
"မဟုတ်ဘူး မနာပါဘူး ကလေးကကျွန်တော့်ကိုအခုလေးတင်ကန်လိုက်တာ"
စုကျစ်ယန်သည် သူ၏လက်ဖဝါးလေးကိုအသာရွှေ့လိုက်ပြီးသူ၏ဝမ်းဗိုက်အလယ်၌အသာဖိအုပ်လိုက်သည်။
သူရယ်လိုက်ပြီး
“ ဟော...ဒီမှာထပ်လာပြန်ပြီ”
လင်ကျန်းရီဝမ်းသာသွားပြီး
"ကိုယ်လည်းခံစားကြည့်ချင်တယ်"
သူပြောလိုက်ရင်းဖြင့်ပင် စုကျစ်ယန်၏ရှေ့တွင်ထိုင်နေရာမှ ဘေးကိုပြောင်းထိုင်ပြီး မေးလိုက်သည်။
"ဘယ်နေရာမှာလဲ.. ဘယ်နားလေးမှာလဲ.."
စုကျစ်ယန် ကသူ့ကလေးလေးနှင့်ပျော်ရွှင်စရာအချိန်လေးကိုခံစားနေသဖြင့် လင်ကျန်းရီ၏ ပါဝင်ပတ်သက်မှုကိုဂရုမပြုမိခဲ့ချေ။ သူကသူ့(လင်ကျန်းရီ)ရဲ့ လက်ကိုဆွဲပြီးသူ့ညာဘက်ဝမ်းဗိုက်ပေါ်အသာတင်လိုက်ကာ..
“ ဟေး..ဒီမှာလေ...ခင်ဗျားအဲဒါကိုခံစားရလား ”
လင်ကျန်းရီသည် သန္ဓေသား၏လှုပ်ရှားမှုအားခံစားမိသွားပြီးသူ၏နှလုံးအစုံသည်စိတ်လှုပ်ရှားမှုဖြင့်ပြည့်နှက်သွားသည်။ ဒီခံစားချက်ကလတ်ဆတ်ပြီး သူ့ကိုအရာရာအောင်မြင်ပြီးမြောက်စေသည်ဟုခံစားရစေသည်။
ဘာပဲဖြစ်ဖြစ် ဒါကသူ့ရဲ့မျိုးစေ့လေးပဲ..ထို့ကြောင့် သူ့ဘာသာသူကျေနပ်အားရစွာဖြင့်ရယ်မောမိလိုက်သည်။
“ ကိုယ်အဲဒါကိုခံစားခဲ့ရတယ် အရမ်းကိုပဲကိုယ့်မှာမူးမေ့မတတ်ပဲ ဒါနဲ့ မင်းရဲ့ဗိုက်ထဲမှာသူလေးကိုအရမ်းသောင်းကျန်းပြီးဘောလုံးမကစားစေနဲ့ မဟုတ်ရင် မင်းနာလွန်းလို့ မခဲစားနိုင်တော့ဘူးဆိုပြီး အော်ဟစ်နေရလိမ့်မယ်"
"ခင်ဗျားကသာအော်ဟစ်နေတဲ့သူဖြစ်မှာ!"
စုကျစ်ယန်သည် ယခုမှသတိထားမိသွားပြီး လင်ကျန်းရီအားဘေးသို့တွန်းထုတ်လိုက်ပြီး
"ခင်ဗျားကျွန်တော့်ကိုလာထိဖို့ဘယ်သူကခိုင်းလို့လဲ... သွား.. ပန်းကန်နဲ့တူတွေကိုသန့်ရှင်းရေးလုပ်ပြီးတာနဲ့ မြန်မြန်ထွက်သွားတော့...ကျွန်တော် ခင်ဗျားကိုဒီနေ့ အိမ်မှာအကြာကြီးနေခွင့်ပေးထားခဲ့ပြီး ခင်ဗျားကိုလည်းမျက်နှာသာပေးပြီးပြီနော်! “
လင်ကျန်းရီ၏ မျက်လုံးများသည်အပြုံးများဖြင့်တောက်ပနေပြီး
" ကောင်းပြီ၊ ကိုယ်ပန်းကန်တွေနဲ့ မီးဖိုချောင်ထဲက ဟာတွေကိုသန့်ရှင်းရေးလုပ်လိုက်မယ် မင်းလည်းကောင်းကောင်းအနားယူလိုက်ဦး ”
သူသည်ထရပ်လိုက်ပြီးစကားတစ်ခွန်းကိုတရား၀င်ထုတ်ပြောလိုက်လေသည်။
“ ကလေးမွေးတဲ့အခါအတော်လေးကိုချစ်ဖို့ကောင်းမယ့်ပုံပဲ ကျစ်ယန် မင်းကို ကိုယ့်လက်ထဲသေချာပေါက်ခေါ်မယ် စောင့်ကြည့်နေ! မင်းကကိုယ်တို့လင်မိသားစု၀င်ဖြစ်ကိုဖြစ်လာလိမ့်မယ်! "
___________________________________________
Translated By Yaw_Ywet_Kway
Zawgyi
Chapter 37: သားေပါက္ေလးရဲ႕႐ုန္းကန္မႈ။
စုက်စ္ယန္ကသူ႕ေရွ႕က ဟင္းအမယ္ေျခာက္မ်ိဳးနဲ႕ဟင္းခ်ိဳတစ္ခြက္ကိုၾကည့္ၿပီးအံ့ၾသလြန္းရလို႔သူ႕မ်က္လုံးေတြခမ်ာ အျပင္ကိုထြက္က်လဳလုပင္။
ဒီေခြးေကာင္လင္က တကယ္ႀကီးကိုဒါေတြကိုလုပ္ခဲ့တယ္! အဲ့ဒါေတြက အေရာင္အဆင္း၊ အနံ႕၊ အရသာတို႔ႏွင့္ေတာင္ ျပည့္ႏွက္ေနေသးတယ္!
ေအပ႐ြန္ကို ၀တ္ထားသည့္ လင္က်န္းရီသည္ တူကိုအသာမ၍ဟင္းမ်ားကို ပန္းကန္အတြင္းသို႔ႏွစ္သက္ေက်နပ္စြာျဖင့္ထည့္လိုက္ေလသည္။
သူ႕မ်က္ႏွာကအျပစ္ကင္းစင္ေနၿပီး
"က်စ္ယန္ မင္းဗိုက္ဆာေနၿပီလား ျမည္းၾကည့္စမ္းပါ၊ အဲဒါကမင္းအရသာမေတြ႕ရင္ကိုယ္ျပန္လုပ္ေပးမယ္"
"ဒါေတြ…ခင္ဗ်ား ဒါေတြအားလုံးကိုလုပ္ခဲ့တာလား”
စုက်စ္ယန္သည္ လင္က်န္းရီ သူ၏လက္အတြင္းသို႔လႊဲေျပာင္းထည့္ေပးလာေသာ တူကိုယူလိုက္သည့္တိုင္ သူ႕မွာအနည္းငယ္ေတာ့မယုံၾကည္နိုင္ေသးေပ။
ဒီလူက သူ႕ကိုယ္တိုင္ဘယ္အရာကိုမွမလုပ္ကိုင္ခဲ့ဖူးတဲ့ သခင္ေလးတစ္ေယာက္ဆိုတာေသခ်ာပါသည္။ သူကဘယ္လိုလုပ္ၿပီး ထိုကဲ့သို႔ အရသာရွိတဲ့ အစားအေသာက္ေတြကိုခ်က္ျပဳတ္နိုင္မွာတဲ့လဲ။
"အို!ဟုတ္တာေပါ့ ကိုယ့္လက္ရာကိုစမ္းၾကည့္ပါဦး.."
လင္က်န္းရီသည္ သူခ်က္ထားေၾကာင္း ကတိုက္ကရိုက္၀န္ခံလိုက္ၿပီး အတင္းတိုက္တြန္းလိုက္သည္။
ထို႔ေနာက္ စုက်စ္ယန္သည္ ငါးအသားတစ္ဖဲ့ကိုယူ၍ ပါးစပ္ထဲထည့္ရန္လုပ္လိုက္စဥ္ လင္က်န္းရီကတားလိုက္သည္။
"ခဏေနဦး! ဒီမွာငါးရိုးေတြမ်ားက်န္ေနမလား ကိုယ္အရင္ၾကည့္ပါရေစ ငါးအရိုးမစူးေအာင္ ဂ႐ုစိုက္ၿပီးစား! "
လင္က်န္းရီသည္ ငါးအရိုးႏႊင္ကာ ငါးအသားမ်ားကို စုက်စ္ယန္၏ေရွ႕ရွိ ထမင္းပန္းကန္ထဲသို႔ထည့္ေပးလိုက္ေလသည္။
"ရၿပီ၊စားေတာ့"
စုက်စ္ယန္သည္ငါးအသားအနည္းငယ္ကို စားၿပီးေနာက္ ေခါင္းညိတ္ျပေလသည္။
" အမ္း... အရသာရွိတယ္…”
လင္က်န္းရီမွာသူ၏အေကာင္ေပါက္ေလးထံမွခ်ီးက်ဴးစကားကိုၾကားသည့္အခါ ဤဟင္းပြဲကိုသူကိုယ္တိုင္ခ်က္ခဲ့သည့္အလား ေက်နပ္ပီတိဂြမ္းဆီထိကာ ရင္ထဲတြင္ပန္းေတြပြင့္ေနေလေတာ့သည္။ ဒါေပမယ့္ ေနာက္အခိုက္အတန႔္ၾကာမွာေတာ့သူ႕မွာအနည္းငယ္အျပစ္ရွိသလိုခံစားလာရသည္။
စုက်စ္ယန္ သည္ အျခားဟင္းလ်ာအနည္းငယ္စားမွ်ၿပီးေနာက္ သူကသံသယျဖစ္စြာျဖင့္ေမးလိုက္သည္။
"ခင္ဗ်ား ကြၽန္ေတာ္အိပ္ေနတဲ့အခ်ိန္မွာ စားေသာက္ဆိုင္ကမွာလိုက္တာမ်ားလား"
လင္က်န္းရီကခက္ခက္ခဲခဲရယ္လိုက္ၿပီး
"မဟုတ္တာ! ဘယ္လိုျဖစ္နိုင္မွာလဲ! မင္းစားေသာက္ဆိုင္ကအစားအေသာက္ေတြကို ျမည္းစမ္းၾကည့္သင့္တယ္...ဆိုင္ေတြကဆိုရင္ အရသာျပင္းၿပီးေတာ့ ဟင္းလ်ာမွန္သမွ်ကလည္း ဆီေတြမွအမ်ားႀကီးပဲ ေသခ်ာေအာင္ထပ္ျမည္းၾကည့္ပါလား"
(ဒီေနရာမွာ အရသာျပင္းတယ္ဆိုတာ အရသာမတရားရွိလြန္းတာမ်ိဳးကိုေျပာခ်င္တာပါ msgအမ်ားႀကီးသုံးသလိုေပါ့)
စုက်စ္ယန္က ေနာက္တစ္ႀကိမ္ပါးစပ္ထဲကို ဟင္းလ်ာအနည္းငယ္ထည့္ၿပီး ျမည္းၾကည့္လိုက္သည္။
ေကာင္းၿပီ လုံေလာက္ပါၿပီ အဲတာက အိမ္ခ်က္လက္ရာပဲ.. ဆိုင္ေတြကလို ဆီလည္းမ်ားမေနသလို ဆားနဲ႕ဟင္းခတ္မႈန့္အမ်ားႀကီးလည္းမပါဘူး သူတို႔အရသာက ခပ္ေပါ့ေပါ့ေလးပဲ..
"ဘယ္လိုေနလဲ...ကိုယ္မင္းကိုမလိမ္ဘူးဟုတ္စ"
လင္က်န္းရီသည္ သူ၏အေကာင္ေပါက္ေလးထံမွ ခ်ီးက်ဴးစကားကို ေစာင့္ေမွ်ာ္ေနေလသည္။
ရလာဒ္အေနျဖင့္ စုက်စ္ယန္ကေျပာလာခဲ့သည္။
"ဒါေတြက ေလာ့ယန္လုပ္ေပးတာေလာက္အရသာမရွိဘူး"
"..."
လင္က်န္းရီသည္ အသက္ျပင္းျပင္းရႉလိုက္ကာ သူ၏စိတ္အတြင္းတြင္ စိတ္ေလွ်ာ့စိတ္ေလွ်ာ့ ဟုသာေအာ္ဟစ္ေျပာဆိုေနမိေလသည္။
ဒီေကာင္စုတ္ေလးက ေသခ်ာေပါက္ ရသာအာ႐ုံနဲ႕ပတ္သတ္ၿပီးျပသနာရွိေနတာပဲ..သူ႕(စုက်စ္ယန္)ရဲ႕အေထြေထြဗဟုသုတေလးေနာက္ကိုပါမသြားေစနဲ႕..
စားၿပီးသည့္ေနာက္တြင္ လင္က်န္းရီသည္ ဘာမွျပန္မေျပာေတာ့ေခ်။သူကဟင္းလ်ာမ်ိဳးစုံကို စုက်စ္ယန္ေရွ႕ရွိပန္းကန္မ်ားထဲသို႔သာ တိတ္ဆိတ္စြာခပ္ထည့္ေပးေနခဲ့သည္။
စုက်စ္ယန္သည္ ေက်နပ္ေပ်ာ္႐ႊင္စြာျဖင့္ အမ်ားႀကီးစားခဲ့သည္။
ဘာပဲျဖစ္ျဖစ္..သူ႕ဗိုက္ထဲမွာအစာေကြၽးဖို႔အတြက္အေကာင္ေပါက္ေလးတစ္ေယာက္ရွိေသးတယ္ေလ..
စုက်စ္ယန္ သည္ စားေသာက္လို႔ၿပီးသြားသည့္တိုင္သူ၏တူမ်ားကိုမခ်ခဲ့ေပ။ သူကအသာရယ္လိုက္ၿပီး
“ အင္း၊ ကြၽန္ေတာ္ေနာက္တာပါ.. ခင္ဗ်ားရဲ႕လက္ရာက ေလာ့ယန္ခ်က္တာထက္ပိုေကာင္းၿပီးအရသာရွိတယ္”
သူ႕စကားေတြကိုတုန႔္ျပန္သည့္အလား သူ႕ဗိုက္ထဲကေလးေလးကလည္း သူ႕သေဘာဆႏၵကိုျပဖို႔ရန္အတြက္ ကန္လိုက္ေလသည္။
စုက်စ္ယန္သည္ ငိုမတတ္ေအာ္ဟစ္လိုက္သည့္အခါ လင္က်န္းရီက သူ႕ကိုစိုးရိမ္တႀကီးၾကည့္ၿပီးေမးလိုက္သည္။
"ဘာျဖစ္တာလဲ မင္းဗိုက္ျပန္နာေနလို႔လား ေဆး႐ုံမွာရက္နည္းနည္းေလာက္ေနၿပီးအနားယူတာကပိုေကာင္းတယ္ ၿပီးမွေဆး႐ုံဆင္းလည္းရတယ္လို႔ ကိုယ္မင္းကိုမေျပာခဲ့ဘူးလား.."
"မဟုတ္ဘူး မနာပါဘူး ကေလးကကြၽန္ေတာ့္ကိုအခုေလးတင္ကန္လိုက္တာ"
စုက်စ္ယန္သည္ သူ၏လက္ဖဝါးေလးကိုအသာေ႐ႊ႕လိုက္ၿပီးသူ၏ဝမ္းဗိုက္အလယ္၌အသာဖိအုပ္လိုက္သည္။
သူရယ္လိုက္ၿပီး
“ ေဟာ...ဒီမွာထပ္လာျပန္ၿပီ”
လင္က်န္းရီဝမ္းသာသြားၿပီး
"ကိုယ္လည္းခံစားၾကည့္ခ်င္တယ္"
သူေျပာလိုက္ရင္းျဖင့္ပင္ စုက်စ္ယန္၏ေရွ႕တြင္ထိုင္ေနရာမွ ေဘးကိုေျပာင္းထိုင္ၿပီး ေမးလိုက္သည္။
"ဘယ္ေနရာမွာလဲ.. ဘယ္နားေလးမွာလဲ.."
စုက်စ္ယန္ ကသူ႕ကေလးေလးႏွင့္ေပ်ာ္႐ႊင္စရာအခ်ိန္ေလးကိုခံစားေနသျဖင့္ လင္က်န္းရီ၏ ပါဝင္ပတ္သက္မႈကိုဂ႐ုမျပဳမိခဲ့ေခ်။ သူကသူ႕(လင္က်န္းရီ)ရဲ႕ လက္ကိုဆြဲၿပီးသူ႕ညာဘက္ဝမ္းဗိုက္ေပၚအသာတင္လိုက္ကာ..
“ ေဟး..ဒီမွာေလ...ခင္ဗ်ားအဲဒါကိုခံစားရလား ”
လင္က်န္းရီသည္ သေႏၶသား၏လႈပ္ရွားမႈအားခံစားမိသြားၿပီးသူ၏ႏွလုံးအစုံသည္စိတ္လႈပ္ရွားမႈျဖင့္ျပည့္ႏွက္သြားသည္။ ဒီခံစားခ်က္ကလတ္ဆတ္ၿပီး သူ႕ကိုအရာရာေအာင္ျမင္ၿပီးေျမာက္ေစသည္ဟုခံစားရေစသည္။
ဘာပဲျဖစ္ျဖစ္ ဒါကသူ႕ရဲ႕မ်ိဳးေစ့ေလးပဲ..ထို႔ေၾကာင့္ သူ႕ဘာသာသူေက်နပ္အားရစြာျဖင့္ရယ္ေမာမိလိုက္သည္။
“ ကိုယ္အဲဒါကိုခံစားခဲ့ရတယ္ အရမ္းကိုပဲကိုယ့္မွာမူးေမ့မတတ္ပဲ ဒါနဲ႕ မင္းရဲ႕ဗိုက္ထဲမွာသူေလးကိုအရမ္းေသာင္းက်န္းၿပီးေဘာလုံးမကစားေစနဲ႕ မဟုတ္ရင္ မင္းနာလြန္းလို႔ မခဲစားနိုင္ေတာ့ဘူးဆိုၿပီး ေအာ္ဟစ္ေနရလိမ့္မယ္"
"ခင္ဗ်ားကသာေအာ္ဟစ္ေနတဲ့သူျဖစ္မွာ!"
စုက်စ္ယန္သည္ ယခုမွသတိထားမိသြားၿပီး လင္က်န္းရီအားေဘးသို႔တြန္းထုတ္လိုက္ၿပီး
"ခင္ဗ်ားကြၽန္ေတာ့္ကိုလာထိဖို႔ဘယ္သူကခိုင္းလို႔လဲ... သြား.. ပန္းကန္နဲ႕တူေတြကိုသန႔္ရွင္းေရးလုပ္ၿပီးတာနဲ႕ ျမန္ျမန္ထြက္သြားေတာ့...ကြၽန္ေတာ္ ခင္ဗ်ားကိုဒီေန႕ အိမ္မွာအၾကာႀကီးေနခြင့္ေပးထားခဲ့ၿပီး ခင္ဗ်ားကိုလည္းမ်က္ႏွာသာေပးၿပီးၿပီေနာ္! “
လင္က်န္းရီ၏ မ်က္လုံးမ်ားသည္အၿပဳံးမ်ားျဖင့္ေတာက္ပေနၿပီး
" ေကာင္းၿပီ၊ ကိုယ္ပန္းကန္ေတြနဲ႕ မီးဖိုေခ်ာင္ထဲက ဟာေတြကိုသန႔္ရွင္းေရးလုပ္လိုက္မယ္ မင္းလည္းေကာင္းေကာင္းအနားယူလိုက္ဦး ”
သူသည္ထရပ္လိုက္ၿပီးစကားတစ္ခြန္းကိုတရား၀င္ထုတ္ေျပာလိုက္ေလသည္။
“ ကေလးေမြးတဲ့အခါအေတာ္ေလးကိုခ်စ္ဖို႔ေကာင္းမယ့္ပုံပဲ က်စ္ယန္ မင္းကို ကိုယ့္လက္ထဲေသခ်ာေပါက္ေခၚမယ္ ေစာင့္ၾကည့္ေန! မင္းကကိုယ္တို႔လင္မိသားစု၀င္ျဖစ္ကိုျဖစ္လာလိမ့္မယ္! "
___________________________________________
Translated By Yaw_Ywet_Kway