အကောင်းဆုံးအချစ်ကို ပေးပါရစေ...
Da cifmrgj_0306
131K 10.5K 189
IT'S COMPLETED AT ALL!! Both Unicode And Zawgyi!! Original Author- Sheng Li Associated Names- Ai Shang Ni Shi... Altro
Synopsis
Chapter (1.1)Unicode/Zawgyi
Chapter (1.2)Unicode/Zawgyi
Chapter (1.3)Unicode/Zawgyi
Chapter (2.1)Unicode/Zawgyi
Chapter (2.2)Unicode/Zawgyi
Chapter (2.3)Unicode/Zawgyi
Chapter (3.1)Unicode/Zawgyi
Chapter (3.2)Unicode/Zawgyi
Chapter (3.3)Unicode/Zawgyi
Chapter (4.1)Unicode/Zawgyi
Chapter (4.2)Unicode/Zawgyi
Chapter (4.3)Unicode/Zawgyi
Chapter (5.1)Unicode
Chapter (5.1)Zawgyi
Chapter (5.2)Unicode
Chapter (5.2)Zawgyi
Chapter (5.3)Unicode
Chapter (5.3)Zawgyi
Chapter (6.1)Unicode
Chapter (6.1)Zawgyi
Chapter (6.2)Unicode
Chapter (6.2)Zawgyi
Chapter (6.3)Unicode
Chapter (6.3)Zawgyi
Just Request🙏🏻
Chapter (7)Unicode
Chapter (7)Zawgyi
Chapter (8)Unicode
Chapter (8)Zawgyi
Chapter (9)Unicode
Chapter (10.1)Uni/Zgyi
Chapter (10.2)Uni/Zgyi
Chapter (11)Unicode
Chapter (11)Zawgyi
Chapter (12)Unicode
Chapter (12)Zawgyi
Chapter (13)Unicode
Chapter (13)Zawgyi
Chapter (14)Unicode
Chapter (14)Zawgyi
Chapter (15)Unicode
Chapter (15)Zawgyi
Chapter (16)Unicode
Chapter (16)Zawgyi
Chapter (17)Unicode
Chapter (17)Zawgyi
Update ရပျနားခွငျး//Update ရပ်နားခြင်း
Chapter (18)Unicode
Chapter (18)Zawgyi
Chapter (19)Unicode
Chapter (19)Zawgyi
Chapter (20)Unicode
Chapter (20)Zawgyi
Chapter (21)Unicode
Chapter (21)Zawgyi
Chapter (22)Unicode
Chapter (22)Zawgyi
Chapter (23)Unicode
Chapter (23)Zawgyi
Chapter (24)Unicode
Chapter (24)Zawgyi
Chapter (25)Unicode
Chapter (25)Zawgyi
Chapter (26)Unicode
Chapter (26)Zawgyi
Chapter (27)Unicode
Chapter (27)Zawgyi
Epilogue - Chapter (28)Unicode
Epilogue - Chapter (28)Zawgyi
Extra Chapter (29)Unicode
Extra Chapter (29)Zawgyi
Chapter (9)Zawgyi
733 36 0
Da cifmrgj_0306
[Unicode]မနက် ခြောက်နာရီတွင် He SuYe ဖုန်းခေါ်သံကြောင့် နိုးလာခဲ့သည်။သူဖုန်းကိုင်လိုက်သည့်အခါတွင် တစ်ဖက်မှ ကောင်မလေးအသံသည်အလန့်တကြားအော်ပြောလာလေသည်။
" Dr.Liu လာ ကြည့်ပေးပါဦး ကုတင်နံပါတ်၁၈ ကလူနာက အခြေအနေသိပ်မကောင်းဘူးဒေါက်တာ "
သူ ရုတ်တရက်တောင့်တင်းသွားလေသည်။သူမ ဖုန်းမှားခေါ်ဆိုနေခြင်းဖြစ်ကြောင်းပြောချင်သော်လည်း တစ်ဖက်က တောင်းပန်စကားထပ်ဆိုလာတော့သည်။" တောင်းပန်ပါတယ် ကျွန်မအမှားလုပ်မိပြီး ဖုန်းမှားခေါ်မိလိုက်တယ် "
သူ ခဏလောက်ငြိမ်နေမိပြီး ပြုံးလိုက်ကာ ဖုန်းကိုချလိုက်သည်။သို့သော် သူပြန်လည်းအိပ်မရတော့ဘဲ မျက်စိကြောင်နေတော့သည်။
ဆောင်းရောက်လာသည့်အခါ နေထွက်ချိန်နောက်ကျလေ့ရှိပြီး မနက်ခြောက်နာရီအချိန်တွင် ကောင်းကင်သည် ခပ်မှိန်မှိန်သာအလင်းဓာတ်ရှိနေသည်။မနက်စာအဖြစ် ပေါင်မုန့်တစ်ချပ်ကို နွားနို့ထဲနှစ်ရင်း တစ်ဖက်တွင် စာရွက်များကို လှန်ကြည့်နေသည်။ကြည့်ရင်းကြည့်ရင်းရှုပ်လာလေသည်။Li Jie ၏စာတမ်းသည် ယခုထက်ပိုပြီး ရှင်းလင်းသင့်သည်။အချို့စာတမ်းများကိုဆိုလျှင် ဌာနမှူးဆီသို့ ကိုယ်တိုင်ပေးရသည်များလည်းရှိတတ်သည်။အရေခွံ အခွာခံရမည်ကိုတောင် မကြောက်မလန့်ပါတကား။
ဘောပင်ကိုကောက်ကိုင်လိုက်ပြီး မလိုအပ်သည့်ခေါင်းစဉ်များအား ဝိုင်းလိုက်သည်။ထို့နောက် Li Jie အားဖုန်းခေါ်လိုက်သည်။
Li Jie သည် မနေ့ညတည်းက ဂျူတီခန်းထဲ၌ပင် ညနက်သည့်အထိ အချိန်ကုန်ခဲ့သောကြောင့် ဖုန်းသံထွက်ပေါ်လာသည့်အခါ အလန့်တကြားနိုးသွားတော့သည်။ဖုန်းခေါ်သူက He SuYe ဖြစ်နေသဖြင့် အထွန့်တက်ပြီးပြောဆိုလေသည်။
" ဆရာသမားရေ ဟော်မုန်းအပြောင်းအလဲတွေဖြစ်နေလို့လား အစောကြီးတွေတောင် ထ နေပါလား "
He SuYe သည် စိတ်ဆိုးနေသည့်လေသံဖြင့်
" ဘယ်လို စာတမ်းမျိုးက ဒီလောက်တောင် ညံ့ဖျင်းနေရတာလဲ? ဌာနမှူးကိုပေးဖို့တောင် ငါ့မှာလက်တွန့်နေရပြီ ဘောပင်ကိုင်လိုက် ငါမင်းကို ရွတ်ပြမယ် ငါအလုပ်လာရင်းအတွင်းလူနာဌာနဖက်လှည့်လာမယ် ဖုန်းခေါ်လိုက်ဦး "
Li Jie သည် လိမ်လိမ်မာမာ ပြုံးနေလိုက်ပြီး
" ဆရာအစ်ကိုက ကျွန်တော် ရေနစ်တော့မှာကို မကြည့်ရက်မှန်းကျွန်တော် သိပါတယ် "
အတွင်းလူနာဌာနဘက်သို့သွားသည့်အခါ He SuYe သည် အချို့လူနာများအားကုသပေးရန်တိုင်းရင်းဆေးများပေးထားပြီးဖြစ်သဖြင့် အတွင်းလူနာဆောင်ဘက်ကို သွားရန် မလိုတော့ပေ။ဆေးအာနိသင် အခြေအနေအားမေးမြန်းပြီးမှ ဆေးများကိုတိုက်စေသည်။
ဟောမုန်းနှင့်ကိုယ်တွင်းဇီဝကမ္မဗေဓဆိုင်ရာဌာန၏လူနာဆောင်ဘက်သို့ လမ်းလျှောက်လာသည့်အခါ ဒေါက်တာအချို့နှင့် သူနာပြုများသည် တစ်ခုခုအား တိုးတိုးနှင့်ပြောဆိုနေကြသည်။ဒေါက်တာတစ်ယောက်က He SuYe ကိုမြင်သည့်အခါ နှုတ်ဆက်လေသည်။
" Dr.He ခင်ဗျားပြောတော့ မထူးဆန်းပါဘူးဆို
မနေ့က ကောင်းလာတဲ့လူကလည်း ဒီနေ့လည်းအဆင်ပြေတယ်တဲ့ မဆိုးဘူးလားလို့ "
သူက ခဏလောက် ချင့်ချိန်လိုက်ပြီးမှ ပြောလာသည်။ " မနက်ခြောက်နာရီကျော်ကြီးမှာ အရေးပေါ်လူနာများရှိလို့လား "
" မဟုတ်ပါဘူး လည်ပင်းအကြိတ်လူနာတွေနဲ့အခြားအရေးကြီးလူနာတွေက လွန်ခဲ့တဲ့နှစ်ရက် မနက်ပိုင်းတည်းက ဆေးရုံဆင်းသွားကြပါပြီ "
" လည်ပင်းအကြိတ်? "
နောက်ဒေါက်တာတစ်ယောက်က ပြန်ဖြေလာသည်။ " ဟုတ်တယ် အချိန်မှီလေးသိသွားလို့ပေါ့
ဒါနဲ့ပတ်သက်ပြီးလေ့လာနိုင်ဖို့ဆေးရုံကလည်း ခွင့်ပြုထားလိုက်ပြီ အခုလူတိုင်းကဆေးရုံကို တရားဆွဲကြမှာကို ကြောက်လန့်နေကြတယ် အမလေးလေး အရင်ကခင်ဗျားပြောတော့ ကျွန်တော်တို့ဌာနက မကောင်းတာမဖြစ်တတ်ပါဘူးဆို တစ်ပတ်တည်းနဲ့ ကျွန်တော်လူနာနှစ်ယောက်ကြည့်လိုက်ရတယ် တစ်ယောက်က လည်ပင်းအကြိတ်နောက်တစ်ယောက်က New Year နေ့တုန်းကနှလုံးရောကျောက်ကပ်မှာပါ ပြသာနာရှိနေပြန်ရော လူနာဆောင်တစ်ခုလုံးလည်း စိုးရိမ်ပူပန်မှုတွေနဲ့ပေါ့ လူတွေလည်းအထိတ်တလန့်ဖြစ်သွားကြသေးတယ် "
အသက်ငယ်သေးသည့်သူနာပြုလေးတစ်ယောက်ကလည်းကြားဖြတ်ပြောလိုက်သည်။
" SARS တွေတော့ သိပ်မဖြစ်ကြဘူးနော်
အဲ့လိုမျိုး နှိုင်းယှဉ်လိုက်တော့ တော်သေးတယ်ဘဲပြောရမှာပေါ့ "
He SuYe ကတော့အံ့သြထိတ်လန့်နေလေပြီ
စီနီယာဒေါက်တာနှစ်ယောက်၏မျက်နှာသည်လည်း တမုဟုတ်ချင်းပြောင်းလဲသွားလေသည်။
သူနာပြုခေါင်းဆောင်က ထိုသူနာပြုလေးအားပြင်းပြင်းထန်ထန် ဆူငေါက်တော့သည်။သူ၏အသံက ကျယ်လောင်နေတော့သည်။
" ပေါက်ကရတွေလျှောက်ပြောမနေနဲ့
မင်းက ဘာလုပ်ချင်နေတာလဲ! "
လူနာဆောင်တံခါးပေါက်မှပင် သူနာပြုတစ်ယောက်က" ဒါရိုက်တာ ရောက်လာပါပြီ "အော်ပြောလိုက်လေသည်။လူတိုင်းက ရုတ်တရက် ရေးကြီးသုတ်ပြာနှင့် ကိုယ့်နေရာကိုပြန်သွားကြလေတော့သည်။He SuYe သည် ခေါင်းသာယမ်းမိလေတော့သည် ထို့နောက် Li Jie အားရှာရန် ဂျူတီခန်းသို့သွားလေသည်။
ဆောင်းတွင်းနေရောင်ခြည်မနက်ခင်းသည် အမြဲတမ်းနှင်းဝေလေ့ရှိပြီး နေရောင်သည် ကောင်းကင်တွင်ပျောက်နေတတ်ပြီး အလင်းပိတ်နေတတ်သည်။He SuYe ကောင်းကင်သို့မော့လိုက်သည့်အခါ သူ၏နှလုံးသားထဲ၌ အကြောင်းမဲ့ လစ်ဟာနေသလိုခံစားမိလေသည်။
မိခင်တက္ကသိုလ်နှင့် ဆေးရုံမှာ အလွန်နီးပြီး လမ်းကူးလိုက်ရုံသာဖြစ်သည်။ထိုနှစ်က ကျောင်းပိတ်သည့်အချိန်တွင် ကျောင်းသားအများအပြားက အနောက်ဘက်နံရံမှ တွယ်တက်ရန်အားထုတ်ကြလေသည်။နောက်ပိုင်းတွင် အားလုံးကိုဖမ်းမိသွားပြီး သီးသန့်အပြစ်ပေးလေတော့သည်။သူကိုယ်တိုင်လည်းထိုသို့လုပ်ချင်မိခဲ့သည်။သို့သော်မလုပ်နိုင်ခဲ့ သူသည်လည်း အိမ်တွင်အကြာကြီး မနေခဲ့ဖူးသလို သူချစ်သည့်မိဘနှစ်ပါးသည်လည်း ဒီဆေးရုံတွင်သာရှိနေကြခြင်းကြောင့်ဖြစ်သည်။
အဆုံးသတ်ကတော့ အထမမြောက်ခဲ့သည့် ကြံစည်မှုလေးတစ်ခုသာဖြစ်ခဲ့တော့သည်။
အနီပြောက်ကျားအစပ်ကလေးများရှိနေသော နံရံပေါ်တွင် တစ်ခါက ရှိခဲ့သည့် နွရောသီသည် တစ်စတစ်စနှင့် ၎င်း၏စိမ်းလန်းမှုလေးအား အချိန်အတော်ကြာပျောက်ဆုံးသွားခဲ့ပြီဖြစ်
သည်။ရင်းနှီးနေသော တရုတ်တိုင်းရင်းဆေးအနံ့သည် ကျောင်းဆေးပေးခန်းထဲမှ ထွက်ပေါ်နေပြီး ကွင်းပြင်တွင် မြက်ခြောက်အများအပြားလည်းရှိနေသည်။အဆောင်အဟောင်းကြီးကိုလည်း အချိန်တော်တော်ကြာသည့်တိုင်အောင် သန့်ရှင်းလုပ်ထားခြင်းမရှိပေ။ယခုအခါတွင် ကမ္ဘာတစ်လွှားရှိဘွဲ့ရကျောင်းသားများနှင့် ပါရဂူဘွဲ့ရကျောင်းသားများကိုလည်းမွေးထုတ်ပေးနေလေပြီ။လူအချို့သာ သွားလိုက်လာလိုက်ရှိနေကြပြီးငါးထပ်မြောက်ရုံးခန်းတွင်သာ ဆေးကျွမ်းကျင်၊အထူးပြုများနှင့်ပရော်ဖက်ဆာများက တစ်ခါတစ်ရံ ရှိတတ်ကြလေသည်။ထိုထဲမှအများစုမှာ သဘောကောင်းမနောကောင်းများဖြစ်ကြလေသည်။
သူက တံခါးခေါက်လိုက်ပြီး ရိုသေမှုအပြည့်ဖြင့် ရိုရိုကျိုးကျိုူ ဝင်သွားလိုက်သည်။
" ပရော်ဖက်ဆာYang ကျွန်တော် Li Jie ရဲ့ စာတမ်းကို လာပေးတာပါ "
လူအိုကြီးသည် ရယ်လျက် စကားပြောလေသည်
" He SuYe? Li Jie ရဲ့စာတမ်းကတော့ဖြင့် သူကိုယ်တိုင်လာမပို့ရဲတဲ့အထိတောင်ဘဲလား ငါတော့ သူ့ကို ဆူသင့်နေပြီထင်တယ် လာလေ ထိုင်ပြီးစကားပြောရအောင် " စာတမ်းအားလက်ခံလိုက်ပြီးနောက် နှစ်ရွက်မျှ လှန်ကြည့်လိုက်လေသည်။" Li Jie က အတော်လေးတိုးတက်လာပါလား  Xiao He မင်းသူကို အတော်လေးကူညီပေးထားတာလား? "
သူ ခေါင်းငြိမ့်ရလေသည်။လူအိုကြီးသည် မျက်မှန်ကိုချွတ်လိုက်ပြီး အသေအချာကို ပြောလာခဲ့လေသည်။ " ငါတကယ်ကို ဒီလိုမျိုးဆေးပညာရှုထောင့်ဘက်မှာဘဲနေပြီး ဒေါက်တာတွေရဲ့ စာတွေကို ဖတ်မနေချင်တော့ဘူးကွာ TCM အတွင်းဆေးကုဌာနဘက်ကိုပြောင်းပြီး Gu Ping ဆီမှာဘဲ ပါရဂူဘွဲ့ရကျောင်းသားလိုဘဲနေချင်တော့တယ် "
သူက အသက်ပြင်းပြင်းရှူလိုက်ပြီးပြောလိုက်သည်။ " ကျွန်တော်ဆုံးဖြတ်ပြီးသွားပြီ ပရော်ဖက်ဆာGuကိုလည်းပြောပြီးပါပြီ ကျွန်တော် နှစ်နှစ်အတွင်းမှာ ဒါကိုဖတ်နိုင်လောက်ပါတယ် "
လူအိုကြီးက ဝမ်းနည်းနေပုံပေါ်ပြီး သက်ပြင်းချလေတော့သည်။ " ဆေးပညာအရတိုင်းရင်းဆေးဖက်ဝင်အပင်စိုက်တယ်ဆိုတာ တရုတ်တိုင်းရင်းဆေးပညာက စတင်ခဲ့ကြတာ အခုတော့ မင်းအဖိုးလည်း ကျေနပ်နေလောက်ပြီပေါ့ မင်းရဲ့အဖေက သူ့ကိုကျော်တက်သွားမှာကို ကြောက်နေလောက်ပြီကွ "
သူက ပြုံးလိုက်ပြီး " ကျွန်တော်က အမြဲတမ်းတရုတ်တိုင်းရင်းဆေးပညာကိုသင်ယူချင်ခဲ့တာပါ
ကျွန်တော့်မိသားစုနဲ့တော့ မဆိုင်ပါဘူး "
လူအိုကြီးက ခေါင်းငြိမ့်လေသည်။ " ကောင်းပါတယ် အခုခေတ်မှာ တိုင်းရင်းဆေးပညာကိုလေ့လာတာ အတော်ရှားသွားပြီ မင်းလည်းအဲ့လိုမျိုးဖြစ်ခဲ့ရင် မိခင်တိုင်းရင်းဆေးပညာရပ်က ပျောက်ကွယ်သွားနိုင်တယ် မင်းလည်းစိတ်မကောင်းဖြစ်ရတယ်ဆိုတာ ငါတို့အားလုံးနားလည်တယ် ဖတ်လိုက်ပါ "
ခဏလောက်စကားပြောလိုက်ပြီးနောက် သူထပြန်ရန်အပြင်  ပရော်ဖက်ဆာ Yang က လှမ်းခေါ်လေသည်။ " အင်း... Xiao He မင်း ငါ့အကူအညီ လိုသေးလား "
He SuYe သည်ခေါင်းငြိမ့်လိုက်ပြီး " ပရော်ဖက်ဆာYang ကျွန်တော် ကိုယ်တိုင်ဘဲအကောင်းဆုံးကြိုးစားခွင့်ပေးပါ "
လူအိုကြီးက ပြုံးနေပြီး " အရမ်းစိတ်မလှုပ်ရှားပါနဲ့ ဒါက အမေရိကန်က တက္ကသိုလ်တစ်ခုမှာသင်တန်းပို့ချပေးနေတဲ့ ပရော်ဖက်ဆာတစ်ယောက်ပါ ဒါပေမဲ့ ငါလည်းတရုတ်တိုင်းရင်းဆေးကို အရမ်းစိတ်ဝင်စားပါတယ် ငါ Gu Ping ကိုတောင်ပြောလိုက်သေးတယ် ငါကမင်းနဲ့နောက်ဆို အလုပ်ရှုပ်နေလောက်တယ်လို့လေ
မင်းရောတွေ့ဖို့အချိန်ရှိရဲ့လား "
သူကလည်း ပြန်ပြုံးလိုက်ပြီး " ကိစ္စမရှိပါဘူး ဒါပေမဲ့ ထမင်းစားရုံဘဲဆိုရင်ပေါ့ "
နေ့လည်ဖက်တွင် အလုပ်ဆင်းခဲ့ပြီး He SuYe ပန်းဆိုင်မှ ကျုလစ်ပန်းအချို့ဝယ်ခဲ့ကာ မြို့အစွန်သို့သွားရန် ဘတ်စ်ကားစောင့်နေလိုက်သည်။
သချိုင်းသည် လူသူအသွားနည်းသောနေရာဖြစ်ပြီးလူတိုင်းသည် သူတို့၏သက်တမ်းပြည့်သည့်အခါ ရောက်လာရမည်မှာမလွဲဧကန်ဖြစ်ပြီး နောက်ဆုံး ခရီးပင်ဖြစ်လေသည်။ထို့ကြောင့်လူများက အလည်အပတ်သွားခြင်းသည် နည်းနိုင်သမျှနည်းလေ ကောင်းလေဟုသာ တွေးကြသည်။အားလုံးပြီးဆုံးသွားသည့်အခါ ခင်မင်ရင်းနှီးကျွမ်းဝင်ခဲ့သည်များက ဝမ်းနည်းစရာများအဖြစ် အကူအညီမဲ့လျက် မြင်တွေ့ရလေသည်။
သူသည် ကမ္ပည်းကျောက်စာတိုင်အား အကြာကြီးစိုက်ကြည့်နေမိပြီး သူ့အမေက သူ့အားပြုံးပြနေလေသည်။မှတ်ဉာဏ်ထဲတွင်လည်းသူမအမေက အမြဲပြုံးနေတတ်ပေသည်။
" SuYe အမေနဲ့အဖေ အလုပ်သွားတော့မယ် အိမ်ထဲမှာပတ်ပြေးမနေနဲ့နော် ဗိုက်ဆာရင် ပေါင်မုန့်နဲ့နွားနို့က စားပွဲခုံပေါ်မှာရှိတယ် "
"SuYe မင်းစာမေးပွဲမှာကောင်းကောင်းမဖြေနိုင်ခဲ့လည်း ကိစ္စမရှိဘူးနော် မင်းကြိုးစားခဲ့တာဘဲလေ မငိုနဲ့တော့ လိမ္မာတယ်နော် "
" SuYe အမေ တောင်းပန်ပါတယ် အမေကအမြဲတမ်းအလုပ်ရှုပ်နေတော့ မိသားစုအစည်းအဝေး လာဖို့ အချိန်မရခဲ့ဘူး ဒါပေမဲ့
SuYeလေးက တက်တက်ကြွကြွလေးနဲ့ ကြီးပြင်းလာရတယ် သူ(မ) ကအရမ်းကောင်းပါတယ် အမေ မင်းအတွက်ဂုဏ်ယူတယ် "
သူ ခဏလောက် စိတ်အလိုမကျဖြစ်နေပြီး မျက်လုံးများလည်းရဲနေလေသည်။သူ့အမေ ဆုံးပါးသည့်အချိန်ကပြောခဲ့သည်ကို သူ မှတ်မိနေတုန်းပင် သူမကပြုံးနေပြီး သူမရဲ့ဘဝမှာ စိတ်မကောင်းအဖြစ်ဆုံးက သူမ၏သား SuYe ပါတဲ့ မင်းရဲ့အဖေကိုအပြစ်မတင်ပါနဲ့ အမေက သွားဖို့ဆန္ဒရှိတာပါ သူ့ကိုအပြစ်မတင်ပါနဲ့ ဟူ၍ဖြစ်သည်။
သို့သော်ငြား သူကတော့ သူ့အဖေကိုသာအပြစ်တင်နေဆဲဖြစ်သည်။သူ၏နှလုံးသားထဲ၌ အထုံးလေးတစ်ခု ဖြစ်တည်နေပြီး ရုန်းကန်လှုပ်ရှားလေ ပိုပြီး မြဲမြံလာလေပင်။
ကျုလစ်ပန်းများကို အောက်ချထားလိုက်ပြီး ကမ္ဗည်းကျောက်တိုင်ကို သန့်ရှင်းပေးလိုက်သည်။
သူ၏အတွေးများမှာ ရှည်ကြာတတ်ပြီး တစ်ခါတွေးမိသည်နှင့် ရပ်တန့်၍မရတော့ပေ။
" အမေ... အဖေက အမေ့ဆီကို နှစ်ပတ်တစ်ကြိမ်လာတွေ့တုန်းဘဲဆိုတာ အမေသိနေလား ကျွန်တော် သူနဲ့မတွေ့တာ အတော်ကြာနေပြီ သူအဆင်ပြေပြေရှိရဲ့လားဆိုတာ ကျွန်တော်မသိဘူး အမေရော သိလောက်မလား "
" အမေ အဖေကတော့ နှလုံးသွေးကြောဆိုင်ရာဘာသာရပ်ကို လေ့လာဖို့ပြောခဲ့ပေမဲ့လည်း ကျွန်တော်က တရုတ်တိုင်းရင်းဆေးပညာကိုသင်ယူဖို့ဆုံးဖြတ်ခဲ့တယ် ကျွန်တော့်ရဲ့တက္ကသိုလ်ဝင်ခွင့်စာမေးပွဲအတွက် ပထမဆုံးရွေးချယ်မှုက တရုတ်တိုင်းရင်းဆေး ဆိုတာ အမေသိခဲ့မှာပါ ဒါပေမဲ့ အဖေက ကျွန်တော့်ကို မပြောဘဲ အနောက်တိုင်းဆေးပညာရပ်ကိုပြောင်းခဲ့တယ်
ဒါကြောင့်ကျွန်တော် အဖေ့ကိုအရမ်းမုန်းခဲ့မိတယ်"
" မား ကျွန်တော်တရုတ်တိုင်းရင်းဆေးကို အရမ်းသဘောကျတယ် နောက်ထက်တစ်ချက်က
အဘိုးကြောင့်လည်းဖြစ်နိုင်ပါတယ် ကျွန်တော် ငယ်ငယ်လေးတည်းက အဖိုးက တိုင်းရင်းဆေးတွေကို ဟိုရွှေ့သည်ရွှေ့လုပ်နေတာ လူတွေကိုတရုတ်တိုင်းရင်းဆေးနဲ့ကုသပေးတာကို ကြည့်ရတာကို ကြိုက်ခဲ့တယ် တစ်နေ့ကျွန်တော်လှုပ်ကုလားထိုင်လေးမှာ ထိုင်နေတုန်းအဖိုးက စကားပြောလာတယ် SuYe ကျွန်တော့်နာမည်က မျက်မမြင်တိုင်းရင်းဆေးတဲ့ (blind Chinese Medicine) တရုတ်တိုင်းရင်းဆေးက ရိုးရာတိုင်းရင်းဆေးတစ်မျိုးတင်မဟုတ်ဘူး လက်တွေ့
သိပ္ပံတစ်မျိုးလည်းဖြစ်တယ် အမျိုးမျိုးသောနာမည်တွေနဲ့အမျိုးမျိုးသောတိုင်းရင်းဆေးတွေရှိကြတယ် ချို၊ချဉ်၊စပ်၊ခါး အရသာမျိုးစုံရှိပြီးနောက်ပိုင်းမှာ ဆေးဝါးအဖြစ်တီထွင်ထုတ်လုပ်လာခဲ့ကြတယ် တစ်မျိုးစီက မတူကွဲပြားတဲ့အရသာတွေရှိကြပြီး ရောဂါလက္ခဏာအမျိုးမျိုးအတွက်ဖြစ်လာတာပေါ့ ရောဂါကုသပေးရာမှာ ခက်ခဲရှုပ်ထွေးပေမဲ့လည်း ဒီလိုအခြေအနေမှာတော့ လူအချို့လောက်ဘဲ သိမြင်ကြတော့တာ "
နေ့လည်အချိန်တွင် နေက တဖြည်းဖြည်းအနောက်ရပ်သို့ရွေ့လာပြီး လေပြင်းများက စတင်တိုက်ခတ်လာခဲ့သည်။ကျုလစ်၏ပွင့်ခက်များသည် လေနှင့်အတူယိမ်းထိုးလျက်ရှိပြီး မိုးရွာလာတော့မည်ဖြစ်သည်။
သူမတ်တပ်ရပ်လိုက်ပြီး ကမ္ဗည်းကျောက်တိုင်ကို ပြုံးပြလိုက်သည်။
မား ကျွန်တော် အရင်ပြန်တော့မယ်နော်....
အိမ်သို့မပြန်ဖြစ်ဘဲ မြို့ဟောင်းကသူ့အဖိုးအိမ်ကို သွားလိုက်သည်။
He SuYe ၏ အဖိုးသည် တရုတ်တိုင်းရင်းဆေးနှင့်ပတ်သက်ပြီး လူသိများပြီး သူ၏ဘိုးဘွားများမှာ မင်နှင့်ချင်မင်းဆက်များလက်ထက်ကပင် မျိုးရိုးစဉ်ဆက် လက်ဆင်းကမ်းခဲ့ကြခြင်းဖြစ်သည်။ယခင်က တရုတ်တိုင်းရင်းဆေးတက္ကသိုလ်၏ ပါမောက္ခချုပ်ဖြစ်ခဲ့ပြီးနောက်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန၏ ဒါရိုက်တာရာထူးသို့ရွှေ့ပြောင်းခဲ့လေသည်။အငြိမ်းစားယူပြီးချိန်တွင် အချိန်တစ်ချို့တစ်ဝက်လောက်အား
အားတရားဓမ္မများနှင့်သာ မွေ့လျော်နေခဲ့လေသည်။
He SuYe ၏နာမည်အား သူက ပေးခဲ့ခြင်းဖြစ်သည်။
ခြံတံခါးမှ ဝင်လာပြီးနောက် He SuYe သည် စကြည့်ခန်းသို့တိုက်ရိုက်မသွားဘဲ ခြံဝင်းထဲမှ ဆေးပင်များအား တစ်ခုပြီးတစ်ခု အနံ့များရှူကြည့်နေ
လိုက်သည်။သို့သော် အဘွားက သူ့ကို အရင်မြင်သွားလေသည်။ "အဘိုးကြီး SuYe ရောက်လာပြီ "
He SuYe သည်ဆေးပင်တစ်ခုအရှေ့တွင်
မလှုပ်မယှက်ရပ်နေပြီး သူ့အဖိုးက သူ့နောက်တွင် လာရပ်ပြီး သတိပေးလာလေသည်။ " အဲ့ဒါက ကျုလစ်အမြစ်လေ မင်းဘယ်လောက်သင်သင် မေ့နေတုန်းဘဲလား "
သူက ရှက်ကိုးရှက်ကန်းနဲ့ တိုးတိုးလေးပြောလိုက်သည်။ " ဒီဟာကို တိုင်းရင်းဆေးမှာ
သိပ်အသုံးမပြုကြဘူးလေ အလှပင်အဖြစ်နဲ့ဘဲ အသုံးများလာကြတော့တာ "
အဖိုးHe က လက်လှမ်းပြီး အပိုင်းတစ်ချို့ကို ယူကာလက်ထဲတွင် ကစားနေလိုက် ပြီး ဆေးအမည်အချို့နှင့် အသုံးဝင်သည့်အပိုင်းများအား ပြောနေတော့သည်။ " ကြည့်စမ်း ဒီကလေးကတော့ လေ့လာသင်ယူတဲ့နေရာမှာ တော်မနေပါလား "
He SuYe စကားပြောလိုက်သည်။ "ကျွန်တော် တရုတ်တိုင်းရင်းဆေးကို ခန္ဓာတွင်းဆိုင်ရာဆေးပညာနဲ့ ပါရဂူဘွဲ့ယူမလို့ ကောလိပ်ဆက်တက်ဖို့ စီစဉ်ထားတယ် သင်ကြားပေမဲ့ဆရာက Gu Ping ပါ "
အဖိုးက အံ့သြနေပြီး " ဒီလူအိုကြီးကတော့လေ ငါငယ်ရွယ်တုန်းကလည်း ငါ့ကို အမြဲတမ်းထိန်းကွပ်နေကြပေါ့ သူကအရမ်းအလုပ်လုပ်ခဲ့တာ အဲ့မတိုင်ခဲ့ကဆို ကျောင်းသားအားလုံးကို သူ့အိမ်ကိုခေါ်ပြီးဆို ခေါင်းတောင်မလှုပ်ရဲကြတော့ဘူး
ကလေး မင်းလည်းသွားပြီဆိုတာနဲ့ အကုန်ခဝါချထားခဲ့ရမှာနော်! "
He SuYe သည် အဖြေပြန်မပေးဘဲ သူ့လက်ထဲမှ ကျုလစ်အမြစ်အားတတ်တိတ်လေးကြည့်နေပြီး မှ ဖြေးဖြေးချင်းပြောလာခဲ့သည်။ " အဖိုး ကျွန်တော် ဒီနေ့ အမေ့ကိုသွားတွေ့တော့ ကျုလစ်ပန်းတွေ ဝယ်သွားလိုက်တယ် "
အချိန်အတော်ကြာတိတ်ဆိတ်နေပြီးမှ အဖိုးအိုက မတ်တပ်ရပ်လိုက်သည်။ " မင်းအိမ်မပြန်တာ အတော်ကြာပြီဘဲ မင်းအဖေကိုလည်းတွေ့ချင်မှာပေါ့ ငါက သူ့အဖေ မင်းအဖိုး ဆိုပေမဲ့ မင်းတို့နှစ်ယောက်ကြားက ကိစ္စကို ဖြန်ဖြေပေးလို့မရနိုင်ဘူး မင်းအဖေက အမှားတွေ ရှိခဲ့တယ်ဆိုပေမဲ့လည်း ဒါပေမဲ့... အိမ်း "
သူက ခေါင်းငြိမ့်လိုက်သော်လည်း ပြောဖို့ရန် အရှိန်ယူနေခဲ့သည်။ " ကျွန်တော် သွားဖို့ အချိန်ယူပါရစေ အဖိုး စိတ်မပူပါနဲ့ နောက်ပြီး ကျွန်တော့် အမှားလည်းပါတယ် ဒါပေမဲ့ တစ်ခါတည်းနဲ့ ပြေလည်အောင်လုပ်ဖို့ကတော့အတော်လေးခက်တယ်လေ "
အဖွားHe က ဧည့်ခန်းထဲမှ အော်ပြောလာသည်။
" အဖိုးရော မြေးရော ထမင်းစားကြမယ် SuYe ဒီနေ့ မင်းကြိုက်တဲ့ ဝက်နံရိုးချိုချဉ် လုပ်ထားတယ်နော် "
အဖိုးHe က ဆေးပင်များသိမ်းရင်းအလုပ်ရှုပ်နေပြီး အသံကျယ်ကျယ်ဖြင့်ပြောလာသည်။
" ကောင်လေး မိုးကရွာတော့မယ် မင်းထမင်းမစားခင် ဆေးပင်တွေအားလုံး သိမ်းလာပေးဦး "
He SuYe ကလေးဘဝအချိန်များကို ပြန်လည်သတ်ရလာမိသည်။ခြံခင်းတစ်ခုလုံးတွင် ဆေးပင်များနှင့်ပြည့်နေပြီး ပျားရည်ရနံ့သည်လည်းမွှေးကြိုက်လွန်းလေသည် သူသည်တစ်ခါက ပျားရည်ကိုခိုးစားမိသောကြောင့် ဆေးပင်များအားအခြောက်လှမ်းရန်း အပြစ်ပေးလေသည်။ထိုနေ့က ရုတ်တရက် မိုးများရွာချလာပြီး သူနှင့်အဖိုးလင်မယားတို့ နှစ်ယောက်မှာ ဆေးပင်များသိမ်းရန်အလုပ်ရှုပ်နေကြတော့သည်။ဆေးပင်များက ရေ မစိုသွားသော်လည်း သူသည် ကြက်ကိုပြုတ်ထားသကဲ့သို့စိုရွှဲသွားပြီး ရက်အနည်းငယ် အဖျားဝင်လေတော့သည်။သို့သော် ထိုနေ့များတွင် သူသည် ပျားရည်ကို နေ့တိုင်းစားရလေသည်။
ပျားရည်အိုးများသာ အမြဲတမ်းကုန်သွားပေလိမ့်မည် သို့သော် ပျားရည်များကတော့ ကုန်ခမ်းသွားလိမ့်မည်မဟုတ်ပေ။
He SuYe နောက်ကျသည့်အထိ လမ်းလျှောက်လာခဲ့ပြီး လမ်းတစ်ဝက်လောက်တွင် မိုးစရွာလာတော့သည်။
ဘတ်စ်ကားမှတ်တိုင်ဆီသို့ လျှောက်လာခဲ့ပြီး အိမ်ရောက်ရန် အဝေးကြီးလိုနေသေးသည်။သို့သော် သူသည် အလျင်မလိုဘဲ မိုးရေထဲတွင် တဖြည်းဖြည်းလမ်းလျှောက်လာလေသည်။ဒီနေ့တွင် သူအတော်လေးပင်ပန်းခဲ့ပြီး စိတ်ကထိုင်းမှိုင်းနေလေသည်။အတိတ်က အကြောင်းများက သူ့ခေါင်းထဲသို့တစ်ဖန်ပြန်ရောက်လာပြီး သူ့ကို အားအင်မဲ့စေကာ အနှောင့်အယှက်ပေးနေတော့သည်။
မိုးကို ပိုရွာလာစေပြီးထို့အခိုက်အတန့်တွင် နိုးထချင်လာခဲ့သည်။
ရုတ်တရက် ထီးအပြာလေးက သူ့အပေါ်
ကိုအုပ်မိုးလာခဲ့သည်။ သူလှည့်ကြည့်လိုက်အခါ Sheng XiFan သည် ပြုံးနေပြီး အဆင်မပြေသည့်အမူအရာပေါ်နေလျက် စကားပြောလာလေသည်။ " အို့ ရှင်က အရပ်အရမ်းရှည်လွန်းနေ
တယ် He SuYe ရှင့်ကို ထီးကမဆန့်ချင်တော့ဘူး ဘယ်လိုလုပ်ကြမလဲ ကျွန်မကဒီလောက်ခက်ခက်ခဲခဲ မြှင့်ပေးထားတာတောင် မမြင်ရဘူးဖြစ်နေတယ် "
သူမ၏နဖူးရှေ့က ဆံပင်စများမှာရေစိုနေပြီး သူမ၏မျက်နှာသည် ပြုံးရွှင်နေသည်။အပြာရောင်ချည်သားဂျက်ကက်နဲ့ဂျင်းအားဝတ်ဆင်ထားပြီး sneakerအမျိုးအစားဖိနပ်အားဝတ်ထားကာ သူမ၏ ဘယ်ဘက်လက်တွင် ခရမ်းရောင်ကျုလစ်ပန်းစည်းတစ်စည်းအားကိုင်ထားပြီး တစ်ဖက်ရှိညာဘက်လက်က ထီးကိုကိုင်ထားခြင်းဖြစ်သည်။
သူက ထီးကိုအမြန်လေးယူလိုက်ပြီး သူ၏နှလုံးသားတစ်နေရာ၌ တဖြည်းဖြည်းချင်းအရည်ပျော်ကျလာသလိုပင်။
သူ Sheng XiFan ကိုမြင်သည့်အချိန်တိုင်းသူမသည် ပျော်ရွှင်နေတတ်ပြီးစိတ်ပူပန်မှု မရှိတာကို သူမြင်ရလေ့ရှိပြီး တစ်ခါတစ်လေသူမကို နည်းနည်းတော့ အားကျမိလေသည်။သူမကဖျားနာနေသည့်အချိန်မှာတောင် ရယ်မောနေတတ်ပေသည်။သူလည်းပြန်ပြုံးပြလိုက်ပြီး စကားပြောလိုက်သည်။ " ဘယ်လိုဘဲဖြစ်ဖြစ် ဆေးကုရမှာဘဲ
အပေးအယူကြီးကြီးလည်း မရဘူး "
ကျုလစ်ပန်းစည်းကြီးအလယ်၌ သူမ၏အပြုံးလေးက ချိုမြိန်နေလေသည်။
ပန်းစည်းက ထူးခြားနေပြီး သူမအား ဘယ်သူကပို့လိုက်သည်ဆိုသည်အား သိချင်စိတ်ဖြင့်မေးလိုက်လေသည်။ " ဒါက ဘယ်သူ ပေးတာလဲ "
Sheng XiFanသည် ခဏလောက်တိတ်သွားပြီးမှ ပြန်ဖြေလေသည်။ " ဘယ်သူပေးပေးပါ ဟိုတယ်က မစ္စ Qianjianရဲ့မွေးနေ့ပါတီအတွက် လုပ်ပေးတာ ကျန်တဲ့ကျုလစ်ပန်းတွေကို ကျွန်မ ယူလာခဲ့လိုက်တာ "
He SuYe ရယ်မိတော့သည်။ဒီနေ့အတွက်တော့ သူစိတ်က လေးလေးနက်နက် ပထမဆုံးပြုံးမိခြင်းဖြစ်သည်။ " အရမ်းလှတယ် "
သူမက ပန်းစည်းကိုတစ်ဝက်ခွဲလိုက်သည်။
" ရှင်ကြိုက်တယ်ဆို တစ်ဝက်ယူသွားလိုက်လေ 
ဘယ်လိုဘဲဖြစ်ဖြစ် ပိုက်ဆံလည်းပေးစရာမလိုဘူး "
သူက သူမဘက်သို့ထီးကို ရွေ့လိုက်ပြီး သူမကို လံအောင်ဆောင်းပေးလိုက်သည်။
" မိန်းကလေးတစ်ယောက်က ယောက်ျားလေးတစ်ယောက် ကိုဘယ်လိုတောင် ပန်းပေးနိုင်ရတာလဲ အရူးလေး! "
Sheng XiFan သည် He SuYe အားကြည့်ပြီးတစ်ဖန် သူမကိုယ်သူမထပ်ကြည့်လေသည်။ " ဟေး" သူမက ရယ်နေပြီးပြောလိုက်သည်။ " အဲ့လိုများလား He SuYe ပန်းကိုတော့အရင်ယူလိုက်ပါ " ထို့နောက် သူကယူလိုက်ပြီးပြောလိုက်သည်။ " မစ္စ Sheng XiFan ရယ်တာလည်းရယ်ပေါ့ ဒါက မဟုတ်နေလို့လား အကျိုးအကြောင်းသင့်လျော်တယ်လေ "
ရလဒ်အနေဖြင့် သူသည် ထိုပန်းတစ်ဝက်အားတကယ်ကြီးအိမ်သို့ယူလာခဲ့ရလေသည်။သူသည် ကြောင်တောင်တောင်နိုင်သလိုခံစားမိပြီးနည်းနည်းလည်းထူးဆန်းနေလေသည်။ပထမဆုံးအကြိမ်အဖြစ် ကျုလစ်ပန်းစည်းကြီးအတွက် ပန်းအိုးတစ်လုံး အမြန်ရှာရပြီး ရေထည့်ကာ ပန်းများကိုထည့်ထားလိုက်ပြီး အထဲသို့ ဗီတာမင်စီ တစ်လုံးပါထည့်လိုက်သည်။
သူက plant blind တစ်ယောက်ဖြစ်ပြီး
ပန်းအလှပင်အချို့နှင့်မြက်ပင်များကိုဆို ဘယ်တော့မှ ဂရုစိုက်လေ့မရှိဘဲ ရှားစောင်းပင်များကိုလည်း အစာမကျွေးတတ်ပေ။
ကျုလစ်ပန်း၏အပွင့်ကြာချိန်မှာ ကြာလိမ့်မည်ဟု သူတွေးလိုက်မိပြီး အပွင့်များညှိုးနွမ်းသွားသည့်အခါ အခြောက်ခံပြီး စာအုပ်များတွင်စာမျက်နှာမှတ်ရန် စာညှပ်အဖြစ် အသုံးပြုလို့ရပြီးအမြင်လည်းလှပေသည်။
သူ၏အမေသည်လည်း ကျုလစ်ပန်းများကိုအလွန်နှစ်သက်ပြီး မျိုးရိုးနာမည်သည် Yu ဖြစ်ကာ သူမ၏သင်းရနံ့က လူသိများလေသည်။
သူ့အဖေနှင့် စကားပြောသင့်မပြောသင့်ကိုတွေးမိလာပြီး သူကိုယ်တိုင်နှင့်အနာဂတ်အကြောင်းများက ခေါင်းထဲသို့ဝင်ရောက်လာတော့သည်။
တစ်ဖက်တွင်လည်းအပြာရောက်ထီးလေးက ပေါ်လာပြန်သည်။ Xiao NiZi ၏ မိသားစုမှာ မူလကပင် နံပါတ် 301 တိုက် 2 ဧရိယာF တွင် နေထိုင်ကြပြီး သူမ၏အဖေသည် သဘောကောင်းကြင်နာတတ်သူဖြစ်သည်။သူက သူပြန်မည့်အချိန်တွင် balangen သောက်ဖို့ အအေးမိမခံရန် ပြောလာလေသည်။သူမ ၏ အမေသည် သွေးဆုံးခါနီးဖြစ်နေပြီး အတင်းပြောတတ်သလို အလွန်သာမန်ဆန်ပြီး ပျော်ပျော်နေတတ်သည့်မိသားစုဖြစ်ပေသည်။
တစ်ခါတစ်ရံတွင် သူငယ်ငယ်တုန်းကလည်းတွေးခဲ့ဖူးသည် သူ၏အမေနှင့်အဖေသာ ဆေးရုံက ဒါရိုက်တာနှင့်သူနာပြုချုပ်သာ မဖြစ်ခဲ့လျှင်ဘယ်လိုဖြစ်နေမလဲဆိုသည်ကိုပင်။သူ့အတွက် ဟင်းချက်ပေးမည့်သူမရှိဘဲ အိမ်အလွတ်ကြီးအား  အဖေ အမေ ကောင်းသောညပါ ဟုနှုတ်ဆက်ခဲ့ရသည်များက ဖြစ်လာမှာတဲ့လား ? သူနှင့်အတန်းပိုင်ဆရာသည်လည်း  မိဘအစည်းအဝေးပွဲသို့ဘယ်သူမှ မလာသည့်အကြောင်းကိုလည်း ဖြေရှင်းနေစရာ
လိုတော့မည်မဟုတ်ပေ။ သို့သော်ငြား သူသည် အမှန်တရားကို မြန်မြန်လေးလက်ခံလိုက်ဖို့သာ
အလေ့အကျင့်ပြုခဲ့ရလေသည်။
ကံတရားကြောင့်မဟုတ်ဘဲ လွတ်လပ်မှုမှန်းသူသိသည်။စောသည်ဖြစ်စေ မြန်သည်ဖြစ်စေ သင်ယူရမည်ပင်။စောတာနဲ့နောက်ကျတာ အကြားတွင် ကွဲပြားခြားနားမှု မရှိပါ။
သူက အရွယ်နှင့်မလိုက်အောင်စဉ်းစားတတ်သည့်ကလေးလေးတစ်ယောက်ဖြစ်လေသည်။
တစ်နေ့တွင်တော့ ထိုမိသားစုလေးသည် အသက်ဝင်လှုပ်ရှားလာပြီး အဖေနှင့်အမေ၏ ရယ်မောသံများနှင့် နွေးထွေးပြီးပျော်ရွှင်စရာမိသားစုလေးဖြစ်လာမည်ဟု သူမျှော်လင့်ခဲ့ဖူးသည်။ယခုအခါတွင် သူ မျှော်လင့်နေခဲ့သည့်ထို မျှော်လင့်ချက်လေးမှာ အကျိုးမရှိအလကားသက်သက် ပင်ဖြစ်လေသည်။
သူသည် သူမနှင့်နီးနီးကပ်ကပ်နေပြီး သူမ၏နွေးထွေးမှုများကို လိုချင်တောင့်တနေမိတော့သည်။
3.8.2021
Tuesday.
Sorry For Late, Guys.😙
Take Care
[Zawgyi]မနက် ခြောက်နာရီတွင် He SuYe ဖုန်းခေါ်သံကြောင့် နိုးလာခဲ့သည်။သူဖုန်းကိုင်လိုက်သည့်အခါတွင် တစ်ဖက်မှ ကောင်မလေးအသံသည်အလန့်တကြားအော်ပြောလာလေသည်။
" Dr.Liu လာ ကြည့်ပေးပါဦး ကုတင်နံပါတ်၁၈ ကလူနာက အခြေအနေသိပ်မကောင်းဘူးဒေါက်တာ "
သူ ရုတ်တရက်တောင့်တင်းသွားလေသည်။သူမ ဖုန်းမှားခေါ်ဆိုနေခြင်းဖြစ်ကြောင်းပြောချင်သော်လည်း တစ္ဖက္က တောင်းပန်စကားထပ်ဆိုလာတော့သည်။" တောင်းပန်ပါတယ် ကျွန်မအမှားလုပ်မိပြီး ဖုန်းမှားခေါ်မိလိုက်တယ် "
သူ ခဏလောက်ငြိမ်နေမိပြီး ပြုံးလိုက်ကာ ဖုန်းကိုချလိုက်သည်။သို့သော် သူပြန်လည်းအိပ်မရတော့ဘဲ မျက်စိကြောင်နေတော့သည်။
ဆောင်းရောက်လာသည့်အခါ နေထွက်ချိန်နောက်ကျလေ့ရှိပြီး မနက်ခြောက်နာရီအချိန်တွင် ကောင်းကင်သည် ခပ်မှိန်မှိန်သာအလင်းဓာတ်ရှိနေသည်။မနက်စာအဖြစ် ပေါင်မုန့်တစ်ချပ်ကို နွားနို့ထဲနှစ်ရင်း တစ်ဖက်တွင် စာရွက်များကို လှန်ကြည့်နေသည်။ကြည့်ရင်းကြည့်ရင်းရှုပ်လာလေသည်။Li Jie ၏စာတမ်းသည် ယခုထက်ပိုပြီး ရှင်းလင်းသင့်သည်။အချို့စာတမ်းများကိုဆိုလျှင် ဌာနမှူးဆီသို့ ကိုယ်တိုင်ပေးရသည်များလည်းရှိတတ်သည်။အရေခွံ အခွာခံရမည်ကိုတောင် မကြောက်မလန့်ပါတကား။
ဘောပင်ကိုကောက်ကိုင်လိုက်ပြီး မလိုအပ်သည့်ခေါင်းစဉ်များအား ဝိုင်းလိုက်သည်။ထို့နောက် Li Jie အားဖုန်းခေါ်လိုက်သည်။
Li Jie သည် မနေ့ညတည်းက ဂျူတီခန်းထဲ၌ပင် ညနက်သည့်အထိ အချိန်ကုန်ခဲ့သောကြောင့် ဖုန်းသံထွက်ပေါ်လာသည့်အခါ အလန့်တကြားနိုးသွားတော့သည်။ဖုန်းခေါ်သူက He SuYe ဖြစ်နေသဖြင့် အထွန့်တက်ပြီးပြောဆိုလေသည်။
" ဆရာသမားရေ ဟော်မုန်းအပြောင်းအလဲတွေဖြစ်နေလို့လား အစောကြီးတွေတောင် ထ နေပါလား "
He SuYe သည် စိတ်ဆိုးနေသည့်လေသံဖြင့်
" ဘယ္လို စာတမ်းမျိုးက ဒီလောက်တောင် ညံ့ဖျင်းနေရတာလဲ? ဌာနမှူးကိုပေးဖို့တောင် ငါ့မှာလက်တွန့်နေရပြီ ဘောပင်ကိုင်လိုက် ငါမင်းကို ရွတ်ပြမယ် ငါအလုပ်လာရင်းအတွင်းလူနာဌာနဖက်လှည့်လာမယ် ဖုန်းခေါ်လိုက်ဦး "
Li Jie သည် လိမ္လိမ္မာမာ ပြုံးနေလိုက်ပြီး
" ဆရာအစ္ကိုက ကျွန်တော် ရေနစ်တော့မှာကို မကြည့်ရက်မှန်းကျွန်တော် သိပါတယ် "
အတွင်းလူနာဌာနဘက်သို့သွားသည့်အခါ He SuYe သည် အချို့လူနာများအားကုသပေးရန်တိုင်းရင်းဆေးများပေးထားပြီးဖြစ်သဖြင့် အတွင်းလူနာဆောင်ဘက်ကို သွားရန် မလိုတော့ပေ။ဆေးအာနိသင် အခြေအနေအားမေးမြန်းပြီးမှ ဆေးများကိုတိုက်စေသည်။
ဟောမုန်းနှင့်ကိုယ်တွင်းဇီဝကမ္မဗေဓဆိုင်ရာဌာန၏လူနာဆောင်ဘက်သို့ လမ်းလျှောက်လာသည့်အခါ ဒေါက်တာအချို့နှင့် သူနာပြုများသည် တစ္ခုခုအား တိုးတိုးနှင့်ပြောဆိုနေကြသည်။ဒေါက်တာတစ်ယောက်က He SuYe ကိုမြင်သည့်အခါ နှုတ်ဆက်လေသည်။
" Dr.He ခင်ဗျားပြောတော့ မထူးဆန်းပါဘူးဆို
မနေ့က ကောင်းလာတဲ့လူကလည်း ဒီနေ့လည်းအဆင်ပြေတယ်တဲ့ မဆိုးဘူးလားလို့ "
သူက ခဏလောက် ချင့်ချိန်လိုက်ပြီးမှ ပြောလာသည်။ " မနက်ခြောက်နာရီကျော်ကြီးမှာ အရေးပေါ်လူနာများရှိလို့လား "
" မဟုတ်ပါဘူး လည်ပင်းအကြိတ်လူနာတွေနဲ့အခြားအရေးကြီးလူနာတွေက လွန်ခဲ့တဲ့နှစ်ရက် မနက်ပိုင်းတည်းက ဆေးရုံဆင်းသွားကြပါပြီ "
" လည်ပင်းအကြိတ်? "
နောက်ဒေါက်တာတစ်ယောက်က ပြန်ဖြေလာသည်။ " ဟုတ်တယ် အချိန်မှီလေးသိသွားလို့ပေါ့
ဒါနဲ့ပတ်သက်ပြီးလေ့လာနိုင်ဖို့ဆေးရုံကလည်း ခွင့်ပြုထားလိုက်ပြီ အခုလူတိုင်းကဆေးရုံကို တရားဆွဲကြမှာကို ကြောက်လန့်နေကြတယ် အမလေးလေး အရင်ကခင်ဗျားပြောတော့ ကျွန်တော်တို့ဌာနက မကောင်းတာမဖြစ်တတ်ပါဘူးဆို တစ်ပတ်တည်းနဲ့ ကျွန်တော်လူနာနှစ်ယောက်ကြည့်လိုက်ရတယ် တစ်ယောက်က လည်ပင်းအကြိတ်နောက်တစ်ယောက်က New Year နေ့တုန်းကနှလုံးရောကျောက်ကပ်မှာပါ ပြသာနာရှိနေပြန်ရော လူနာဆောင်တစ်ခုလုံးလည်း စိုးရိမ်ပူပန်မှုတွေနဲ့ပေါ့ လူတွေလည်းအထိတ်တလန့်ဖြစ်သွားကြသေးတယ် "
အသက်ငယ်သေးသည့်သူနာပြုလေးတစ်ယောက်ကလည်းကြားဖြတ်ပြောလိုက်သည်။
" SARS တွေတော့ သိပ်မဖြစ်ကြဘူးနော်
အဲ့လိုမျိုး နှိုင်းယှဉ်လိုက်တော့ တော်သေးတယ်ဘဲပြောရမှာပေါ့ "
He SuYe ကတော့အံ့သြထိတ်လန့်နေလေပြီ
စီနီယာဒေါက်တာနှစ်ယောက်၏မျက်နှာသည်လည်း တမုဟုတ်ချင်းပြောင်းလဲသွားလေသည်။
သူနာပြုခေါင်းဆောင်က ထိုသူနာပြုလေးအားပြင်းပြင်းထန်ထန် ဆူငေါက်တော့သည်။သူ၏အသံက ကျယ်လောင်နေတော့သည်။
" ပေါက်ကရတွေလျှောက်ပြောမနေနဲ့
မင်းက ဘာလုပ်ချင်နေတာလဲ! "
လူနာဆောင်တံခါးပေါက်မှပင် သူနာပြုတစ်ယောက်က" ဒါရိုက်တာ ရောက်လာပါပြီ "အော်ပြောလိုက်လေသည်။လူတိုင်းက ရုတ်တရက် ရေးကြီးသုတ်ပြာနှင့် ကိုယ့်နေရာကိုပြန်သွားကြလေတော့သည်။He SuYe သည် ခေါင်းသာယမ်းမိလေတော့သည် ထို့နောက် Li Jie အားရှာရန် ဂျူတီခန်းသို့သွားလေသည်။
ဆောင်းတွင်းနေရောင်ခြည်မနက်ခင်းသည် အမြဲတမ်းနှင်းဝေလေ့ရှိပြီး နေရောင်သည် ကောင်းကင်တွင်ပျောက်နေတတ်ပြီး အလင်းပိတ်နေတတ်သည်။He SuYe ကောင်းကင်သို့မော့လိုက်သည့်အခါ သူ၏နှလုံးသားထဲ၌ အကြောင်းမဲ့ လစ်ဟာနေသလိုခံစားမိလေသည်။
မိခင်တက္ကသိုလ်နှင့် ဆေးရုံမှာ အလွန်နီးပြီး လမ်းကူးလိုက်ရုံသာဖြစ်သည်။ထိုနှစ်က ကျောင်းပိတ်သည့်အချိန်တွင် ကျောင်းသားအများအပြားက အေနာက္ဘက္နံရံမွ တွယ်တက်ရန်အားထုတ်ကြလေသည်။နောက်ပိုင်းတွင် အားလုံးကိုဖမ်းမိသွားပြီး သီးသန့်အပြစ်ပေးလေတော့သည်။သူကိုယ်တိုင်လည်းထိုသို့လုပ်ချင်မိခဲ့သည်။သို့သော်မလုပ်နိုင်ခဲ့ သူသည်လည်း အိမ်တွင်အကြာကြီး မေနခဲ့ဖူးသလို သူချစ်သည့်မိဘနှစ်ပါးသည်လည်း ဒီဆေးရုံတွင်သာရှိနေကြခြင်းကြောင့်ဖြစ်သည်။
အဆုံးသတ္ကေတာ့ အထမမြောက်ခဲ့သည့် ကြံစည်မှုလေးတစ်ခုသာဖြစ်ခဲ့တော့သည်။
အနီပြောက်ကျားအစပ်ကလေးများရှိနေသော နံရံပေါ်တွင် တစ်ခါက ရှိခဲ့သည့် နွေရာသီသည် တစ်စတစ်စနှင့် ၎င်း၏စိမ်းလန်းမှုလေးအား အချိန်အတော်ကြာပျောက်ဆုံးသွားခဲ့ပြီဖြစ်
သည်။ရင်းနှီးနေသော တရုတ်တိုင်းရင်းဆေးအနံ့သည် ကျောင်းဆေးပေးခန်းထဲမှ ထွက်ပေါ်နေပြီး ကွင်းပြင်တွင် မြက်ခြောက်အများအပြားလည်းရှိနေသည်။အဆောင်အဟောင်းကြီးကိုလည်း အချိန်တော်တော်ကြာသည့်တိုင်အောင် သန့်ရှင်းလုပ်ထားခြင်းမရှိပေ။ယခုအခါတွင် ကမ္ဘာတစ်လွှားရှိဘွဲ့ရကျောင်းသားများနှင့် ပါရဂူဘွဲ့ရကျောင်းသားများကိုလည်းမွေးထုတ်ပေးနေလေပြီ။လူအချို့သာ သွားလိုက်လာလိုက်ရှိနေကြပြီးငါးထပ်မြောက်ရုံးခန်းတွင်သာ ဆေးကျွမ်းကျင်၊အထူးပြုများနှင့်ပရော်ဖက်ဆာများက တစ်ခါတစ်ရံ ရှိတတ်ကြလေသည်။ထိုထဲမှအများစုမှာ သဘောကောင်းမနောကောင်းများဖြစ်ကြလေသည်။
သူက တံခါးခေါက်လိုက်ပြီး ရိုသေမှုအပြည့်ဖြင့် ရိုရိုကျိုးကျို ဝင်သွားလိုက်သည်။
" ပရော်ဖက်ဆာYang ကျွန်တော် Li Jie ရဲ့ စာတမ်းကို လာပေးတာပါ "
လူအိုကြီးသည် ရယ်လျက် စကားပြောလေသည်
" He SuYe? Li Jie ရဲ့စာတမ်းကတော့ဖြင့် သူကိုယ်တိုင်လာမပို့ရဲတဲ့အထိတောင်ဘဲလား ငါတော့ သူ့ကို ဆူသင့်နေပြီထင်တယ် လာလေ ထိုင်ပြီးစကားပြောရအောင် " စာတမ်းအားလက်ခံလိုက်ပြီးနောက် နှစ်ရွက်မျှ လှန်ကြည့်လိုက်လေသည်။" Li Jie က အတော်လေးတိုးတက်လာပါလား  Xiao He မင်းသူကို အတော်လေးကူညီပေးထားတာလား? "
သူ ခေါင်းငြိမ့်ရလေသည်။လူအိုကြီးသည် မျက်မှန်ကိုချွတ်လိုက်ပြီး အေသအခ်ာကို ပြောလာခဲ့လေသည်။ " ငါတကယ္ကို ဒီလိုမျိုးဆေးပညာရှုထောင့်ဘက်မှာဘဲနေပြီး ဒေါက်တာတွေရဲ့ စာတွေကို ဖတ်မနေချင်တော့ဘူးကွာ TCM အတွင်းဆေးကုဌာနဘက်ကိုပြောင်းပြီး Gu Ping ဆီမွာဘဲ ပါရဂူဘွဲ့ရကျောင်းသားလိုဘဲနေချင်တော့တယ် "
သူက အသက်ပြင်းပြင်းရှူလိုက်ပြီးပြောလိုက်သည်။ " ကျွန်တော်ဆုံးဖြတ်ပြီးသွားပြီ ပရော်ဖက်ဆာGuကိုလည်းပြောပြီးပါပြီ ကျွန်တော် နှစ်နှစ်အတွင်းမှာ ဒါကိုဖတ်နိုင်လောက်ပါတယ် "
လူအိုကြီးက ဝမ်းနည်းနေပုံပေါ်ပြီး သက်ပြင်းချလေတော့သည်။ " ဆေးပညာအရတိုင်းရင်းဆေးဖက်ဝင်အပင်စိုက်တယ်ဆိုတာ တရုတ်တိုင်းရင်းဆေးပညာက စတင်ခဲ့ကြတာ အခုတော့ မင်းအဖိုးလည်း ကျေနပ်နေလောက်ပြီပေါ့ မင်းရဲ့အဖေက သူ့ကိုကျော်တက်သွားမှာကို ကြောက်နေလောက်ပြီကွ "
သူက ပြုံးလိုက်ပြီး " ကျွန်တော်က အမြဲတမ်းတရုတ်တိုင်းရင်းဆေးပညာကိုသင်ယူချင်ခဲ့တာပါ
ကျွန်တော့်မိသားစုနဲ့တော့ မဆိုင်ပါဘူး "
လူအိုကြီးက ခေါင်းငြိမ့်လေသည်။ " ကောင်းပါတယ် အခုခေတ်မှာ တိုင်းရင်းဆေးပညာကိုလေ့လာတာ အတော်ရှားသွားပြီ မင်းလည်းအဲ့လိုမျိုးဖြစ်ခဲ့ရင် မိခင်တိုင်းရင်းဆေးပညာရပ်က ပျောက်ကွယ်သွားနိုင်တယ် မင်းလည်းစိတ်မကောင်းဖြစ်ရတယ်ဆိုတာ ငါတို့အားလုံးနားလည်တယ် ဖတ်လိုက်ပါ "
ခဏလောက်စကားပြောလိုက်ပြီးနောက် သူထပြန်ရန်အပြင်  ပရော်ဖက်ဆာ Yang က လှမ်းခေါ်လေသည်။ " အင်း... Xiao He မင်း ငါ့အကူအညီ လိုသေးလား "
He SuYe သည်ခေါင်းငြိမ့်လိုက်ပြီး " ပရော်ဖက်ဆာYang ကျွန်တော် ကိုယ်တိုင်ဘဲအကောင်းဆုံးကြိုးစားခွင့်ပေးပါ "
လူအိုကြီးက ပြုံးနေပြီး " အရမ်းစိတ်မလှုပ်ရှားပါနဲ့ ဒါက အေမရိကန္က တက္ကသိုလ်တစ်ခုမှာသင်တန်းပို့ချပေးနေတဲ့ ပရော်ဖက်ဆာတစ်ယောက်ပါ ဒါပေမဲ့ ငါလည်းတရုတ်တိုင်းရင်းဆေးကို အရမ်းစိတ်ဝင်စားပါတယ် ငါ Gu Ping ကိုတောင်ပြောလိုက်သေးတယ် ငါကမင်းနဲ့နောက်ဆို အလုပ်ရှုပ်နေလောက်တယ်လို့လေ
မင်းရောတွေ့ဖို့အချိန်ရှိရဲ့လား "
သူကလည်း ပြန်ပြုံးလိုက်ပြီး " ကိစ္စမရှိပါဘူး ဒါပေမဲ့ ထမင်းစားရုံဘဲဆိုရင်ပေါ့ "
နေ့လည်ဖက်တွင် အလုပ်ဆင်းခဲ့ပြီး He SuYe ပန်းဆိုင်မှ ကျုလစ်ပန်းအချို့ဝယ်ခဲ့ကာ မြို့အစွန်သို့သွားရန် ဘတ်စ်ကားစောင့်နေလိုက်သည်။
သခ်ျိုင်းသည် လူသူအသွားနည်းသောနေရာဖြစ်ပြီးလူတိုင်းသည် သူတို့၏သက်တမ်းပြည့်သည့်အခါ ရောက်လာရမည်မှာမလွဲဧကန်ဖြစ်ပြီး နောက်ဆုံး ခရီးပင်ဖြစ်လေသည်။ထို့ကြောင့်လူများက အလည်အပတ်သွားခြင်းသည် နည်းနိုင်သမျှနည်းလေ ကောင်းလေဟုသာ တွေးကြသည်။အားလုံးပြီးဆုံးသွားသည့်အခါ ခင်မင်ရင်းနှီးကျွမ်းဝင်ခဲ့သည်မ်ားက ဝမ်းနည်းစရာများအဖြစ် အကူအညီမဲ့လျက် မြင်တွေ့ရလေသည်။
သူသည် ကမ္ပည်းကျောက်စာတိုင်အား အကြာကြီးစိုက်ကြည့်နေမိပြီး သူ့အမေက သူ့အားပြုံးပြနေလေသည်။မှတ်ဉာဏ်ထဲတွင်လည်းသူမအမေက အမြဲပြုံးနေတတ်ပေသည်။
" SuYe အမေနဲ့အဖေ အလုပ်သွားတော့မယ် အိမ်ထဲမှာပတ်ပြေးမနေနဲ့နော် ဗိုက်ဆာရင် ပေါင်မုန့်နဲ့နွားနို့က စားပွဲခုံပေါ်မှာရှိတယ် "
"SuYe မင်းစာမေးပွဲမှာကောင်းကောင်းမဖြေနိုင်ခဲ့လည်း ကိစ္စမရှိဘူးနော် မင်းကြိုးစားခဲ့တာဘဲလေ မငိုနဲ့တော့ လိမ္မာတယ်နော် "
" SuYe အေမ တောင်းပန်ပါတယ် အမေကအမြဲတမ်းအလုပ်ရှုပ်နေတော့ မိသားစုအစည်းအဝေး လာဖို့ အချိန်မရခဲ့ဘူး ဒါပေမဲ့
SuYeလေးက တက်တက်ကြွကြွလေးနဲ့ ကြီးပြင်းလာရတယ် သူ(မ) ကအရမ်းကောင်းပါတယ် အေမ မင်းအတွက်ဂုဏ်ယူတယ် "
သူ ခဏလောက် စိတ်အလိုမကျဖြစ်နေပြီး မျက်လုံးများလည်းရဲနေလေသည်။သူ့အမေ ဆုံးပါးသည့်အချိန်ကပြောခဲ့သည်ကို သူ မှတ်မိနေတုန်းပင် သူမကပြုံးနေပြီး သူမရဲ့ဘဝမှာ စိတ်မကောင်းအဖြစ်ဆုံးက သူမ၏သား SuYe ပါတဲ့ မင်းရဲ့အဖေကိုအပြစ်မတင်ပါနဲ့ အေမက သွားဖို့ဆန္ဒရှိတာပါ သူ့ကိုအပြစ်မတင်ပါနဲ့ ဟူ၍ဖြစ်သည်။
သို့သော်ငြား သူကေတာ့ သူ့အဖေကိုသာအပြစ်တင်နေဆဲဖြစ်သည်။သူ၏နှလုံးသားထဲ၌ အထုံးလေးတစ်ခု ဖြစ်တည်နေပြီး ရုန်းကန်လှုပ်ရှားလေ ပိုပြီး မြဲမြံလာလေပင်။
ကျုလစ်ပန်းများကို အောက်ချထားလိုက်ပြီး ကမ္ဗည်းကျောက်တိုင်ကို သန့်ရှင်းပေးလိုက်သည်။
သူ၏အေတြးမ်ားမွာ ရှည်ကြာတတ်ပြီး တစ်ခါတွေးမိသည်နှင့် ရပ်တန့်၍မရတော့ပေ။
" အေမ... အေဖက အေမ့ဆီကို နှစ်ပတ်တစ်ကြိမ်လာတွေ့တုန်းဘဲဆိုတာ အမေသိနေလား ကျွန်တော် သူနဲ့မတွေ့တာ အတော်ကြာနေပြီ သူအဆင်ပြေပြေရှိရဲ့လားဆိုတာ ကျွန်တော်မသိဘူး အေမေရာ သိလောက်မလား "
" အေမ အေဖကေတာ့ နှလုံးသွေးကြောဆိုင်ရာဘာသာရပ်ကို လေ့လာဖို့ပြောခဲ့ပေမဲ့လည်း ကျွန်တော်က တရုတ်တိုင်းရင်းဆေးပညာကိုသင်ယူဖို့ဆုံးဖြတ်ခဲ့တယ် ကျွန်တော့်ရဲ့တက္ကသိုလ်ဝင်ခွင့်စာမေးပွဲအတွက် ပထမဆုံးရွေးချယ်မှုက တရုတ်တိုင်းရင်းဆေး ဆိုတာ အေမသိခဲ့မွာပါ ဒါပေမဲ့ အေဖက ကျွန်တော့်ကို မပြောဘဲ အနောက်တိုင်းဆေးပညာရပ်ကိုပြောင်းခဲ့တယ်
ဒါကြောင့်ကျွန်တော် အဖေ့ကိုအရမ်းမုန်းခဲ့မိတယ်"
" မား ကျွန်တော်တရုတ်တိုင်းရင်းဆေးကို အရမ်းသဘောကျတယ် နောက်ထက်တစ်ချက်က
အဘိုးကြောင့်လည်းဖြစ်နိုင်ပါတယ် ကျွန်တော် ငယ်ငယ်လေးတည်းက အဖိုးက တိုင်းရင်းဆေးတွေကို ဟိုရွှေ့သည်ရွှေ့လုပ်နေတာ လူတွေကိုတရုတ်တိုင်းရင်းဆေးနဲ့ကုသပေးတာကို ကြည့်ရတာကို ကြိုက်ခဲ့တယ် တစ်နေ့ကျွန်တော်လှုပ်ကုလားထိုင်လေးမှာ ထိုင်နေတုန်းအဖိုးက စကားပြောလာတယ် SuYe ကျွန်တော့်နာမည်က မျက်မမြင်တိုင်းရင်းဆေးတဲ့ (blind Chinese Medicine) တရုတ်တိုင်းရင်းဆေးက ရိုးရာတိုင်းရင်းဆေးတစ်မျိုးတင်မဟုတ်ဘူး လက်တွေ့
သိပ္ပံတစ်မျိုးလည်းဖြစ်တယ် အမျိုးမျိုးသောနာမည်တွေနဲ့အမျိုးမျိုးသောတိုင်းရင်းဆေးတွေရှိကြတယ် ချို၊ချဉ်၊စပ်၊ခါး အရသာမျိုးစုံရှိပြီးနောက်ပိုင်းမှာ ဆေးဝါးအဖြစ်တီထွင်ထုတ်လုပ်လာခဲ့ကြတယ် တစ်မျိုးစီက မတူကွဲပြားတဲ့အရသာတွေရှိကြပြီး ရောဂါလက္ခဏာအမျိုးမျိုးအတွက်ဖြစ်လာတာပေါ့ ရောဂါကုသပေးရာမှာ ခက်ခဲရှုပ်ထွေးပေမဲ့လည်း ဒီလိုအခြေအနေမှာတော့ လူအချို့လောက်ဘဲ သိမြင်ကြတော့တာ "
နေ့လည်အချိန်တွင် နေက တဖြည်းဖြည်းအနောက်ရပ်သို့ရွေ့လာပြီး လေပြင်းများက စတင်တိုက်ခတ်လာခဲ့သည်။ကျုလစ်၏ပွင့်ခက်များသည် လေနှင့်အတူယိမ်းထိုးလျက်ရှိပြီး မိုးရွာလာတော့မည်ဖြစ်သည်။
သူမတ်တပ်ရပ်လိုက်ပြီး ကမ္ဗည်းကျောက်တိုင်ကို ပြုံးပြလိုက်သည်။
မား ကျွန်တော် အရင်ပြန်တော့မယ်နော်....
အိမ်သို့မပြန်ဖြစ်ဘဲ မြို့ဟောင်းကသူ့အဖိုးအိမ်ကို သွားလိုက်သည်။
He SuYe ၏ အဖိုးသည် တရုတ်တိုင်းရင်းဆေးနှင့်ပတ်သက်ပြီး လူသိများပြီး သူ၏ဘိုးဘြားမ်ားမွာ မင်နှင့်ချင်မင်းဆက်များလက်ထက်ကပင် မျိုးရိုးစဉ်ဆက် လက်ဆင်းကမ်းခဲ့ကြခြင်းဖြစ်သည်။ယခင်က တရုတ်တိုင်းရင်းဆေးတက္ကသိုလ်၏ ပါမောက္ခချုပ်ဖြစ်ခဲ့ပြီးနောက်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန၏ ဒါရိုက်တာရာထူးသို့ရွှေ့ပြောင်းခဲ့လေသည်။အငြိမ်းစားယူပြီးချိန်တွင် အချိန်တစ်ချို့တစ်ဝက်လောက်အား
အားတရားဓမ္မများနှင့်သာ မွေ့လျော်နေခဲ့လေသည်။
He SuYe ၏နာမည်အား သူက ပေးခဲ့ခြင်းဖြစ်သည်။
ခြံတံခါးမှ ဝင်လာပြီးနောက် He SuYe သည် စကြည့်ခန်းသို့တိုက်ရိုက်မသွားဘဲ ခြံဝင်းထဲမှ ဆေးပင်များအား တစ်ခုပြီးတစ်ခု အနံ့များရှူကြည့်နေ
လိုက်သည်။သို့သော် အဘြားက သူ့ကို အရင်မြင်သွားလေသည်။ "အဘိုးကြီး SuYe ရောက်လာပြီ "
He SuYe သည်ဆေးပင်တစ်ခုအရှေ့တွင်
မလှုပ်မယှက်ရပ်နေပြီး သူ့အဖိုးက သူ့နောက်တွင် လာရပ်ပြီး သတိပေးလာလေသည်။ " အဲ့ဒါက ကျုလစ်အမြစ်လေ မင်းဘယ်လောက်သင်သင် မေ့နေတုန်းဘဲလား "
သူက ရှက်ကိုးရှက်ကန်းနဲ့ တိုးတိုးလေးပြောလိုက်သည်။ " ဒီဟာကို တိုင်းရင်းဆေးမှာ
သိပ်အသုံးမပြုကြဘူးလေ အလှပင်အဖြစ်နဲ့ဘဲ အသုံးများလာကြတော့တာ "
အဖိုးHe က လက်လှမ်းပြီး အပိုင်းတစ်ချို့ကို ယူကာလက်ထဲတွင် ကစားနေလိုက် ပြီး ဆေးအမည်အချို့နှင့် အသုံးဝင်သည့်အပိုင်းများအား ပြောနေတော့သည်။ " ကြည့်စမ်း ဒီကေလးကေတာ့ လေ့လာသင်ယူတဲ့နေရာမှာ တော်မနေပါလား "
He SuYe စကားပြောလိုက်သည်။ "ကျွန်တော် တရုတ်တိုင်းရင်းဆေးကို ခန္ဓာတွင်းဆိုင်ရာဆေးပညာနဲ့ ပါရဂူဘွဲ့ယူမလို့ ကောလိပ်ဆက်တက်ဖို့ စီစဉ်ထားတယ် သင်ကြားပေမဲ့ဆရာက Gu Ping ပါ "
အဖိုးက အံ့သြနေပြီး " ဒီလူအိုကြီးကတော့လေ ငါငယ်ရွယ်တုန်းကလည်း ငါ့ကို အမြဲတမ်းထိန်းကွပ်နေကြပေါ့ သူကအရမ်းအလုပ်လုပ်ခဲ့တာ အဲ့မတိုင်ခဲ့ကဆို ကျောင်းသားအားလုံးကို သူ့အိမ်ကိုခေါ်ပြီးဆို ခေါင်းတောင်မလှုပ်ရဲကြတော့ဘူး
ကေလး မင်းလည်းသွားပြီဆိုတာနဲ့ အကုန်ခဝါချထားခဲ့ရမှာနော်! "
He SuYe သည် အဖြေပြန်မပေးဘဲ သူ့လက်ထဲမှ ကျုလစ်အမြစ်အားတတ်တိတ်လေးကြည့်နေပြီး မွ ဖြေးဖြေးချင်းပြောလာခဲ့သည်။ " အဖိုး ကျွန်တော် ဒီနေ့ အမေ့ကိုသွားတွေ့တော့ ကျုလစ်ပန်းတွေ ဝယ်သွားလိုက်တယ် "
အချိန်အတော်ကြာတိတ်ဆိတ်နေပြီးမှ အဖိုးအိုက မတ်တပ်ရပ်လိုက်သည်။ " မင်းအိမ်မပြန်တာ အတော်ကြာပြီဘဲ မင်းအဖေကိုလည်းတွေ့ချင်မှာပေါ့ ငါက သူ့အဖေ မင်းအဖိုး ဆိုပေမဲ့ မင်းတို့နှစ်ယောက်ကြားက ကိစ္စကို ဖြန်ဖြေပေးလို့မရနိုင်ဘူး မင်းအဖေက အမှားတွေ ရှိခဲ့တယ်ဆိုပေမဲ့လည်း ဒါပေမဲ့... အိမ်း "
သူက ခေါင်းငြိမ့်လိုက်သော်လည်း ပြောဖို့ရန် အရှိန်ယူနေခဲ့သည်။ " ကျွန်တော် သွားဖို့ အချိန်ယူပါရစေ အဖိုး စိတ်မပူပါနဲ့ နောက်ပြီး ကျွန်တော့် အမှားလည်းပါတယ် ဒါပေမဲ့ တစ်ခါတည်းနဲ့ ပြေလည်အောင်လုပ်ဖို့ကတော့အတော်လေးခက်တယ်လေ "
အဖြားHe က ဧည့်ခန်းထဲမှ အော်ပြောလာသည်။
" အဖိုးရော မြေးရော ထမင်းစားကြမယ် SuYe ဒီနေ့ မင်းကြိုက်တဲ့ ဝက်နံရိုးချိုချဉ် လုပ်ထားတယ်နော် "
အဖိုးHe က ဆေးပင်များသိမ်းရင်းအလုပ်ရှုပ်နေပြီး အသံကျယ်ကျယ်ဖြင့်ပြောလာသည်။
" ကောင်လေး မိုးကရွာတော့မယ် မင်းထမင်းမစားခင် ဆေးပင်တွေအားလုံး သိမ်းလာပေးဦး "
He SuYe ကလေးဘဝအချိန်များကို ပြန်လည်သတ်ရလာမိသည်။ခြံခင်းတစ်ခုလုံးတွင် ဆေးပင်များနှင့်ပြည့်နေပြီး ပျားရည်ရနံ့သည်လည်းမွှေးကြိုက်လွန်းလေသည် သူသည်တစ်ခါက ပျားရည်ကိုခိုးစားမိသောကြောင့် ဆေးပင်များအားအခြောက်လှမ်းရန်း အပြစ်ပေးလေသည်။ထိုနေ့က ရုတ်တရက် မိုးများရွာချလာပြီး သူနှင့်အဖိုးလင်မယားတို့ နှစ်ယောက်မှာ ဆေးပင်များသိမ်းရန်အလုပ်ရှုပ်နေကြတော့သည်။ဆေးပင်များက ရေ မစိုသွားသော်လည်း သူသည် ကြက်ကိုပြုတ်ထားသကဲ့သို့စိုရွှဲသွားပြီး ရက်အနည်းငယ် အဖျားဝင်လေတော့သည်။သို့သော် ထိုနေ့များတွင် သူသည် ပျားရည်ကို နေ့တိုင်းစားရလေသည်။
ပျားရည်အိုးများသာ အမြဲတမ်းကုန်သွားပေလိမ့်မည် သို့သော် ပျားရည်များကတော့ ကုန်ခမ်းသွားလိမ့်မည်မဟုတ်ပေ။
He SuYe နောက်ကျသည့်အထိ လမ်းလျှောက်လာခဲ့ပြီး လမ်းတစ်ဝက်လောက်တွင် မိုးစရွာလာတော့သည်။
ဘတ်စ်ကားမှတ်တိုင်ဆီသို့ လျှောက်လာခဲ့ပြီး အိမ်ရောက်ရန် အဝေးကြီးလိုနေသေးသည်။သို့သော် သူသည် အလျင်မလိုဘဲ မိုးရေထဲတွင် တဖြည်းဖြည်းလမ်းလျှောက်လာလေသည်။ဒီနေ့တွင် သူအတော်လေးပင်ပန်းခဲ့ပြီး စိတ်ကထိုင်းမှိုင်းနေလေသည်။အတိတ်က အကြောင်းများက သူ့ခေါင်းထဲသို့တစ်ဖန်ပြန်ရောက်လာပြီး သူ့ကို အားအင်မဲ့စေကာ အနှောင့်အယှက်ပေးနေတော့သည်။
မိုးကို ပိုရွာလာစေပြီးထို့အခိုက်အတန့်တွင် နိုးထချင်လာခဲ့သည်။
ရုတ်တရက် ထီးအပြာလေးက သူ့အပေါ်
ကိုအုပ်မိုးလာခဲ့သည်။ သူလှည့်ကြည့်လိုက်အခါ Sheng XiFan သည် ပြုံးနေပြီး အဆင်မပြေသည့်အမူအရာပေါ်နေလျက် စကားပြောလာလေသည်။ " အို့ ရှင်က အရပ်အရမ်းရှည်လွန်းနေ
တယ် He SuYe ရှင့်ကို ထီးကမဆန့်ချင်တော့ဘူး ဘယ်လိုလုပ်ကြမလဲ ကျွန်မကဒီလောက်ခက်ခက်ခဲခဲ မြှင့်ပေးထားတာတောင် မမြင်ရဘူးဖြစ်နေတယ် "
သူမ၏နဖူးရှေ့က ဆံပင်စများမှာရေစိုနေပြီး သူမ၏မျက်နှာသည် ပြုံးရွှင်နေသည်။အပြာရောင်ချည်သားဂျက်ကက်နဲ့ဂျင်းအားဝတ်ဆင်ထားပြီး sneakerအမျိုးအစားဖိနပ်အားဝတ်ထားကာ သူမ၏ ဘယ်ဘက်လက်တွင် ခရမ်းရောင်ကျုလစ်ပန်းစည်းတစ်စည်းအားကိုင်ထားပြီး တစ်ဖက်ရှိညာဘက်လက်က ထီးကိုကိုင်ထားခြင်းဖြစ်သည်။
သူက ထီးကိုအမြန်လေးယူလိုက်ပြီး သူ၏နှလုံးသားတစ်နေရာ၌ တဖြည်းဖြည်းချင်းအရည်ပျော်ကျလာသလိုပင်။
သူ Sheng XiFan ကိုမြင်သည့်အချိန်တိုင်းသူမသည် ပျော်ရွှင်နေတတ်ပြီးစိတ်ပူပန်မှု မရွိတာကို သူမြင်ရလေ့ရှိပြီး တစ်ခါတစ်လေသူမကို နည်းနည်းတော့ အားကျမိလေသည်။သူမကဖျားနာနေသည့်အချိန်မှာတောင် ရယ်မောနေတတ်ပေသည်။သူလည်းပြန်ပြုံးပြလိုက်ပြီး စကားပြောလိုက်သည်။ " ဘယ်လိုဘဲဖြစ်ဖြစ် ဆေးကုရမှာဘဲ
အပေးအယူကြီးကြီးလည်း မရဘူး "
ကျုလစ်ပန်းစည်းကြီးအလယ်၌ သူမ၏အပြုံးလေးက ချိုမြိန်နေလေသည်။
ပန်းစည်းက ထူးခြားနေပြီး သူမအား ဘယ်သူကပို့လိုက်သည်ဆိုသည်အား သိချင်စိတ်ဖြင့်မေးလိုက်လေသည်။ " ဒါက ဘယ်သူ ပေးတာလဲ "
Sheng XiFanသည် ခဏလောက်တိတ်သွားပြီးမှ ပြန်ဖြေလေသည်။ " ဘယ်သူပေးပေးပါ ဟိုတယ္က မစ္စ Qianjianရဲ့မွေးနေ့ပါတီအတွက် လုပ်ပေးတာ ကျန်တဲ့ကျုလစ်ပန်းတွေကို ကျွန်မ ယူလာခဲ့လိုက္တာ "
He SuYe ရယ်မိတော့သည်။ဒီနေ့အတွက်တော့ သူစိတ္က လေးလေးနက်နက် ပထမဆုံးပြုံးမိခြင်းဖြစ်သည်။ " အရမ်းလှတယ် "
သူမက ပန်းစည်းကိုတစ်ဝက်ခွဲလိုက်သည်။
" ရှင်ကြိုက်တယ်ဆို တစ်ဝက်ယူသွားလိုက်လေ 
ဘယ်လိုဘဲဖြစ်ဖြစ် ပိုက်ဆံလည်းပေးစရာမလိုဘူး "
သူက သူမဘက်သို့ထီးကို ရွေ့လိုက်ပြီး သူမကို လံအောင်ဆောင်းပေးလိုက်သည်။
" မိန်းကလေးတစ်ယောက်က ယောက်ျားလေးတစ်ယောက် ကိုဘယ်လိုတောင် ပန်းပေးနိုင်ရတာလဲ အရူးလေး! "
Sheng XiFan သည် He SuYe အားကြည့်ပြီးတစ်ဖန် သူမကိုယ်သူမထပ်ကြည့်လေသည်။ " ဟေး" သူမက ရယ်နေပြီးပြောလိုက်သည်။ " အဲ့လိုမ်ားလား He SuYe ပန်းကိုတော့အရင်ယူလိုက်ပါ " ထို့နောက် သူကယူလိုက်ပြီးပြောလိုက်သည်။ " မစ္စ Sheng XiFan ရယ်တာလည်းရယ်ပေါ့ ဒါက မဟုတ်နေလို့လား အကျိုးအကြောင်းသင့်လျော်တယ်လေ "
ရလဒ်အနေဖြင့် သူသည် ထိုပန်းတစ်ဝက်အားတကယ်ကြီးအိမ်သို့ယူလာခဲ့ရလေသည်။သူသည် ကြောင်တောင်တောင်နိုင်သလိုခံစားမိပြီးနည်းနည်းလည်းထူးဆန်းနေလေသည်။ပထမဆုံးအကြိမ်အဖြစ် ကျုလစ်ပန်းစည်းကြီးအတွက် ပန်းအိုးတစ်လုံး အမြန်ရှာရပြီး ရေထည့်ကာ ပန်းများကိုထည့်ထားလိုက်ပြီး အထဲသို့ ဗီတာမင်စီ တစ်လုံးပါထည့်လိုက်သည်။
သူက plant blind တစ်ယောက်ဖြစ်ပြီး
ပန်းအလှပင်အချို့နှင့်မြက်ပင်များကိုဆို ဘယ်တော့မှ ဂရုစိုက်လေ့မရှိဘဲ ရှားစောင်းပင်များကိုလည်း အစာမကျွေးတတ်ပေ။
ကျုလစ်ပန်း၏အပွင့်ကြာချိန်မှာ ကြာလိမ့်မည်ဟု သူတွေးလိုက်မိပြီး အပွင့်များညှိုးနွမ်းသွားသည့်အခါ အခြောက်ခံပြီး စာအုပ်များတွင်စာမျက်နှာမှတ်ရန် စာညှပ်အဖြစ် အသုံးပြုလို့ရပြီးအမြင်လည်းလှပေသည်။
သူ၏အမေသည်လည်း ကျုလစ်ပန်းများကိုအလွန်နှစ်သက်ပြီး မျိုးရိုးနာမည်သည် Yu ဖြစ်ကာ သူမ၏သင်းရနံ့က လူသိများလေသည်။
သူ့အဖေနှင့် စကားပြောသင့်မပြောသင့်ကိုတွေးမိလာပြီး သူကိုယ်တိုင်နှင့်အနာဂတ်အကြောင်းများက ခေါင်းထဲသို့ဝင်ရောက်လာတော့သည်။
တစ်ဖက်တွင်လည်းအပြာရောက်ထီးလေးက ပေါ်လာပြန်သည်။ Xiao NiZi ၏ မိသားစုမွာ မူလကပင် နံပါတ် 301 တိုက် 2 ဧရိယာF တွင် နေထိုင်ကြပြီး သူမ၏အဖေသည် သဘောကောင်းကြင်နာတတ်သူဖြစ်သည်။သူက သူပြန်မည့်အချိန်တွင် balangen သောက်ဖို့ အအေးမိမခံရန် ပြောလာလေသည်။သူမ ၏ အမေသည် သွေးဆုံးခါနီးဖြစ်နေပြီး အတင်းပြောတတ်သလို အလွန်သာမန်ဆန်ပြီး ပျော်ပျော်နေတတ်သည့်မိသားစုဖြစ်ပေသည်။
တစ်ခါတစ်ရံတွင် သူငယ်ငယ်တုန်းကလည်းတွေးခဲ့ဖူးသည် သူ၏အမေနှင့်အဖေသာ ဆေးရုံက ဒါရိုက်တာနှင့်သူနာပြုချုပ်သာ မဖြစ်ခဲ့လျှင်ဘယ်လိုဖြစ်နေမလဲဆိုသည်ကိုပင်။သူ့အတွက် ဟင်းချက်ပေးမည့်သူမရှိဘဲ အိမ်အလွတ်ကြီးအား  အေဖ အေမ ကောင်းသောညပါ ဟုနှုတ်ဆက်ခဲ့ရသည်များက ဖြစ်လာမှာတဲ့လား ? သူနှင့်အတန်းပိုင်ဆရာသည်လည်း  မိဘအစည်းအဝေးပွဲသို့ဘယ်သူမှ မလာသည့်အကြောင်းကိုလည်း ဖြေရှင်းနေစရာ
လိုတော့မည်မဟုတ်ပေ။ သို့သော်ငြား သူသည် အမွန္တရားကို မြန်မြန်လေးလက်ခံလိုက်ဖို့သာ
အလေ့အကျင့်ပြုခဲ့ရလေသည်။
ကံတရားကြောင့်မဟုတ်ဘဲ လွတ်လပ်မှုမှန်းသူသိသည်။စောသည်ဖြစ်စေ မြန်သည်ဖြစ်စေ သင်ယူရမည်ပင်။စောတာနဲ့နောက်ကျတာ အကြားတွင် ကွဲပြားခြားနားမှု မရွိပါ။
သူက အရွယ်နှင့်မလိုက်အောင်စဉ်းစားတတ်သည့်ကလေးလေးတစ်ယောက်ဖြစ်လေသည်။
တစ်နေ့တွင်တော့ ထိုမိသားစုလေးသည် အသက်ဝင်လှုပ်ရှားလာပြီး အဖေနှင့်အမေ၏ ရယ်မောသံများနှင့် နွေးထွေးပြီးပျော်ရွှင်စရာမိသားစုလေးဖြစ်လာမည်ဟု သူမျှော်လင့်ခဲ့ဖူးသည်။ယခုအခါတွင် သူ မျှော်လင့်နေခဲ့သည့်ထို မျှော်လင့်ချက်လေးမှာ အကျိုးမရှိအလကားသက်သက် ပင်ဖြစ်လေသည်။
သူသည် သူမနှင့်နီးနီးကပ်ကပ်နေပြီး သူမ၏နွေးထွေးမှုများကို လိုချင်တောင့်တနေမိတော့သည်။
3.8.2021
Tuesday.
Sorry For Late, Guys.😙
Take Care!!!
Continua a leggere
Ti piacerà anche
2.5M 149K 48
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...
484K 7K 32
Rajveer is not in love with Prachi and wants to take revenge from her . He knows she is a virgin and is very peculiar that nobody touches her. Prachi...
1.3M 119K 43
✫ 𝐁𝐨𝐨𝐤 𝐎𝐧𝐞 𝐈𝐧 𝐑𝐚𝐭𝐡𝐨𝐫𝐞 𝐆𝐞𝐧'𝐬 𝐋𝐨𝐯𝐞 𝐒𝐚𝐠𝐚 𝐒𝐞𝐫𝐢𝐞𝐬 ⁎⁎⁎⁎⁎⁎⁎⁎⁎⁎⁎ She is shy He is outspoken She is clumsy He is graceful...
834K 69.6K 34
"Excuse me!! How dare you to talk to me like this?? Do you know who I am?" He roared at Vanika in loud voice pointing his index finger towards her. "...