Rebirth on the Doors to the C...

De _Ccally_

528K 73K 2.6K

I don't own this story and all credit to the author(s) and english translator(s)!!! Mais

Description
Chapter 1.1
Chapter 1.2
Chapter 2.1
Chapter 2.2
Chapter 3.1
Chapter 3.2
Chapter 4.1
Chapter 5.1
Chapter 5.2
Chapter 6.1
Chapter 6.2
Chapter 7.1
Chapter 7.2
Chapter 8.1
Chapter 8.2
Chapter 9.1
Chapter 9.2
Chapter 10.1
Chapter 10.2
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16.1
Chapter 16.2
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31_1
Chapter 31_2
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Extra 1
Extra 2
Extra 3

Chapter 4.2

7.2K 1K 25
De _Ccally_

Unicode

" မင်း...မင်းကို ငယ်ငယ်လေးကတည်းက ဒီလိုမျိုး အမျိုးသမီးငယ်‌လေး‌တွေကို လိုက်နှောင့်ယှက်ဖို့ ငါ သင်ပေးထားသလား? "

ပါပါးရှသည် သားဖြစ်သူ' နွားအိုမြက်နုကြိုက်'ဖြစ်လာသည့် အပေါ်၌ စိုးရိမ်‌ကြောင့်ကြနေဆဲဖြစ်သည်။

" ကျွန်တော်... "

" မင်း...ဘာလည်း?ဒါ‌ပေမယ့်ယွီသုံက မင်းကိုလိုက်ခဲ့အတွက်ကြောင့် ငါ မင်းကို ခွင့်လွှတ်လိုက်ပါမယ်။ ဒါပေမယ့် သူ့အပေါ်မှာ ကြင်နာရမယ်ဆိုတာကို မင်းသိတယ်နော်။ဘာလို့လည်းဆိုတော့ တစ်စုံတစ်‌ယောက်က မင်းကိုစလိုက်တယ်ဆိုပြီး‌တော့ တန်ဖိုးမထားလို့ မရဘူးကွ "

" Oh! "

" မင်းမျက်နှာက အဲ့ဒီအကြည့်က ဘာလည်း?ငါ မင်းကိုပြော
မယ်...မင်းမိန်းမကို ‌ကောင်းကောင်းမဆက်ဆံဘူးဆိုတာမျိုး
ငါပြန်ကြားရလို့က‌တော့ မင်းခြေထောက်ကို ရိုက်ချိုးပစ်မယ်! "

" အဖေစကားပြောတာ နည်းနည်းကျယ်နေပြီ...ဘေးကလူတွေတောင် ကြားနေရ‌တော့မယ်! "ပတ်ဝန်းကျင်မှလူများကို သတိပြုမိကာ ရုတ်တရက် ရှဖန် ရှက်ကိုးရှက်ကန်းဖြစ်လာသည်။

" ငါဘာပြောလည်းဆိုတာ သူတို့နားထောင်ပါစေ...ပြီးရင် သူတို့ကိုသက်သေလုပ်ခိုင်းမယ်! "ပါပါးရှ ဒေါသဖြင့်ကြိမ်းဝါးလိုက်သည်။

" ဟုတ်ကဲ့...ဟုတ်ကဲ့...ကျွန်‌တော် အဖေ့စကားကို နားထောင်ပါ့မယ် "

ယွီသုံ မင်း ငါ့မိဘတွေကို ဘာတွေများ‌ပြောထားတာလည်းကွာ?၁၀မိနစ်မကျော်ခင်မှာဘဲ သူတို့တွေ ရုတ်တရက် ငါ့အပေါ် ဘယ်
လိုများ‌ပြောင်းလဲသွားတာလည်း?

တခဏကြာအောင် စကားပြောဆိုပြီးသည့်နောက် မိခင်ဖြစ်သူပင်ပန်းနေမည်ကို စိုးရိမ်သဖြင့် ယွီသုံအားခေါ်၍ပြန်ရန် ရှဖန် ပြင်ဆင်လိုက်သည်။

မာမားရှသည် ပျော်နေသော်ငြားလည်း ကျန်မာ‌ရေးမကောင်းသေးသဖြင့် အမှန်တကယ်ပင်ပန်းနေပြီဖြစ်သည်။

" အန်တီ နားလိုက်ဦးနော်။ခွဲစိတ်ပြီးတဲ့ရက်ကျရင် သမီးပြန်လာခဲ့
မယ်! "

" ကောင်းပါပြီကွယ် "မာမားရှလည်း ပြုံးပြရင်း လက်ပြနှုတ်ဆက်လိုက်သည်။

သူမတို့နှစ်‌ယောက် ဆေးရုံမှ ထွက်လာခဲ့ပြီးနောက် ရှဖန်က ယွီသုံအား‌‌မေးလာခဲ့သည်။" မင်း ငါ့မိဘတွေကို ဘာပြောခဲ့တာလည်း?သူတို့က မင်းကို အရမ်းသဘောကျနေကြတယ်! "

" ' ကျွန်မဘာပြောခဲ့လည်းဆိုတာ 'က ရှင် ဘာကိုဆိုလိုတာလည်း...ဒီက‌ကောင်မ‌လေးကို ဘယ်သူက‌နေနေ ချစ်ကြတယ်လေ " သူမ ဝင့်ကြွားစွာဖြင့်‌ ပြောလိုက်သည်။

" ကောင်းပါပြီ...ကောင်းပါပြီ...မင်းက အတော်ဆုံးပါဘဲ။တစ်ကယ်လို့ငါက မင်းကိုအနိုင်ကျင့်ရင် ငါ့ခြေထောက်တွေကို ချိုးပစ်မယ်
လို့ အဖေကပြောလိုက်တယ် "

" Oh!ဘုရားရေ...ဦးလေးက ချစ်ဖို့‌ကောင်းလိုက်တာ! "ယွီသုံ
‌ပျော်ရွှင်စွာဖြင့်ပြောလိုက်သည်။" တကယ်လို့ အနာဂတ်မှာ ရှင် ကျွန်မကို ဝမ်းနည်းအောင်လုပ်ရင် ဦးလေးဆီကိုသွားပြီး တိုင်ပစ်မယ်! "

" ဒါနဲ့ ကလေးတွေဆိုတာက ဘာလည်း? "ရှဖန် ထိုအ‌ကြောင်းကို စိုးရိမ်စွာ‌ဖြင့် မေးလိုက်မိသည်။

" အဲ့တာကလေ... "ထိုအခါ ယွီသုံက စတင်ရှင်းပြလာသည်။" အန်တီက ခွဲစိတ်ခန်းဝင်ရမှာကြောင့် စိတ်ဓာတ်ကျနေတာကို သိလိုက်ရတယ်လေ။အဲ့တော့ ကျွန်မလည်း ကျွန်မတို့မှာကလေးရှိလာရင် သူတို့က အဘိုးအဘွားဖြစ်လာမှာကိုတွေးပြီး အသက်ရှည်ရှည်နေရအောင် ပြောလိုက်တာပါ "

" အမေ ဘာမှမဖြစ်ဖို့ဘဲ မျှော်လင့်ပါတယ် "

" စိတ်လျော့ပါ...အန်တီက လူကောင်းတစ်ယောက်ဆိုတော့ ခွဲစိတ်
မှုက သေချာပေါက် ချောချောမွေ့‌မွေ့ပြီးသွားပါလိမ့်မယ် " ရှဖန်
မိခင်ဖြစ်သူအား ဂရုစိုက်သည်ကို သူမ သိသော‌ကြောင့် စိုးရိမ်မှုများပြေ‌ပျောက်သွားစေရန် ရည်ရွယ်ကာပြောလိုက်သည်။မာမားရှ၏
စိတ်ကူးကို ဖြည့်စည်းပေးရန်အတွက် မည်သည့်ကိစ္စပင်ရှိရှိ ရှဖန် လက်ထပ်ရန်ဆုံးဖြတ်မှုသည် အံ့ဩစရာမရှိပေ။

" မင်းစကားကို နားထောင်ပါ့မယ် "ရှဖန်ရယ်ရင်း ယွီသုံအားစလိုက်သည်။" ဒါဆို အခု အမေက ‌မြေးရဖို့စောင့်နေပြီပေါ့ "

" အဲ့တော့ မွေးပေးလိုက်ကြရအောင်! "ယွီသုံလည်း ပြန်ဖြေလိုက်သည်။

ရှဖန်လည်း မှင်သက်ရင်း မည်ကဲ့သို့ပြန်လည်‌ချေပရမည်မှန်း မသိတော့ပေ။

အခြားတစ်ဖက်ရှိ ဆေးရုံအဆောင်တွင် မာမားရှသည် ပါပါးရှနှင့် စကားစမြည်‌ပြောဆို‌နေ‌ခဲ့သည်။

" ကျွန်မ တော်တော်လေး စိတ်သက်သာရ ရသွားတယ်။ရှဖန်က
‌တော်တော်လေးထုံထိုင်းပြီး ပျင်းစရာကောင်းလို့ သူ့ကိုပျိုးထောင်ခဲ့တဲ့ ကျွန်မအပြစ်တွေပဲဆိုပြီး စိုးရိမ်နေခဲ့ရတာ။ယွီသုံလေးက ‌တော်ပြီးတော့ ရှဖန်နဲ့လိုက်ဖက်ညီလို့ အရမ်းကောင်းတာပဲ!! "

" ဟုတ်တယ်...အဲ့တာ‌ကြောင့် မြေးရဖို့စောင့်ရင်း မင်းလည်း မင်းကိုယ်မင်း ဂရုစိုက်ရမယ် "

" ဟုတ်တယ်...ကျွန်မရဲ့မြေးလေးကို စောင့်ရမယ်! "မြေးအ‌ကြောင်း‌
‌ပြောသည့်အခါတွင်မူ မာမားရှ ရွှင်ပြလာသည်။

" အဲ့ကလေးက လာဘ်ကောင်းတဲ့‌ခွေး‌လေးပဲ! "

" ‌ခွေးဆိုတာ ဘယ်သူလည်း? " မာမားရှ မျက်မှောင်ကြုံ့ကာ ‌မေးလိုက်၏။

...

ယွီသုံအား အိမ်ပြန်ပို့ပြီးသည့်နောက် ရှဖန် ‌ဆေးရုံသို့ပြန်လာခဲ့သည်။မိခင်ဖြစ်သူ နာမကျန်းဖြစ်နေသော‌ကြောင့် ဆေးရုံသည် အားလပ်ချိန်အချို့‌ပေးထားသော်လည်း သူကိုယ်တိုင်ဖြေရှင်းရမည့်ကိစ္စအချို့ ရှိနေဆဲပင်ဖြစ်သည်။

ဆေးရုံသို့ပြန်ရောက်၍ ကားရပ်လိုက်ချင်းမှာပင် ရုတ်တရက် ဖုန်းသံ
မြည်လာလေသည်။

အမေရိကမှဝင်လာသည့် အမည်မသိဖုန်းနံပါတ်ကို ကြည့်ကာ ရှဖန်
မျက်မှောင်ကြုံ့လိုက်မိသည်။တခဏမျှစဉ်းစားပြီးနောက် သူ ဖုန်းကိုင်
လိုက်သည်။

" ရှဖန်! "ဖုန်းထဲမှ နူးညံ့သိမ်မွေ့သည့် အမျိုးသမီးတစ်ယောက်၏အသံ ထွက်ပေါ်လာသည်။

" မင်း အမေရိကမှာလား? "ရှဖန် ငြိမ်နေရာမှ မေးလိုက်သည်။

" အင်း...ဟုတ်တယ်။ကျွန်မ အွန်လိုင်းကနေ ဌားလိုက်တဲ့အိမ်က အရမ်းကောင်းပြီးတော့ လှလည်းလှတယ်။အောက်ထပ်မှာ ရေကူးကန်လေးတောင် ပါသေးတယ် " ထိုမိန်းကလေးသည် သူတို့တွဲနေသည့်အတိုင်းပင် ရှဖန်အား ပျော်ရွှင်မြူးထူးစွာဖြင့်‌ပြောပြနေလေ၏။

" ကောင်းတာပေါ့! "

" ရှဖန်...ကျွန်မကို စိတ်ဆိုးနေတုန်းလား? "ထိုမိန်းကလေး၏အသံသည် မဝံ့မရဲဟန်ပြောင်းသွားပြီး လူများကိုသနားသွားစေသည်အသံ
ဖြစ်သည်။

" မဟုတ်ဘူး! "

" ရှင် ကျွန်မကိုစွဲလန်းတာ ကျွန်မသိသလို....ကျွန်မ ရှင့်ကိုသ‌ဘောကျတယ်ဆိုတာလည်း ရှင်သိပါတယ်။ဒါပေမယ့် ကျွန်မ အစောကြီး လက်မထပ်ချင်သေးဘူး "ထိုမိန်းကလေးသည် ခဏရပ်ပြီးနောက် ဆက်ပြောလေသည်။

" အန်တီအခြေအနေကရော အဆင်ပြေတယ်မလား "

" အရမ်းကောင်းတယ်! "

" အဆင်ပြေတာပေါ့!အန်တီ့ရဲ့ခွဲစိတ်မှုကလည်း သေချာပေါက်
‌အောင်မြင်မှာပါ။ရှဖန်...ကျွန်မရဲ့ဇွတ်တရွတ်နိုင်တဲ့ ပြောင်းလဲလွယ်
တဲ့အ‌ကြောင်းကို ကျွန်မသိပါတယ်။အဲ့တာ‌ကြောင့်လည်း ရှင်
စိတ်ဆိုးလို့ရပါတယ်။ဒါပေမယ့် အချိန်အကြာကြီး စိတ်မဆိုးဘူးလို့ ကျွန်မကို ကတိပေးနော် "

" အန်အန်း... "ဆုံးဖြတ်ချက်ခိုင်ခိုင်မာမာ ချပြီးပြီးဖြစ်သဖြင့် ရှဖန်
မျက်လုံးမှိတ်ထားရင်း‌ပြောလိုက်သည်။" အရင်က မင်းကို ငါ ဘာပြောခဲ့လည်းဆိုတာ မှတ်မိသေးလား? "

" ဘာအကြောင်းလည်း? "

" ငါ မင်းကို လက်ထပ်ခွင့်တောင်းတဲ့နေ့က... "ရှဖန် သူမကို
သတိပေးလိုက်သည်။

" ရှဖန်...ရှင်...ရှင်က ကျွန်မကို လန့်အောင်လုပ်နေတာပဲ... "
အန်အန်း အနည်းငယ် တုန်လှုပ်သွားသည်။

" မင်းမှတ်မိတယ်ဆိုတာ ငါသိတယ် "ထို့နောက် ရှဖန် ပြတ်သားစွာ ပြောလိုက်သည်။" အန်အန်း...ငါတို့ပြတ်ပြီးပြီ! "

" ရှဖန်...ရှဖန်...ရှင် စိတ်ဆိုးနေတုန်းဆိုတာ ကျွန်မသိပါတယ် "

" ငါ တကယ်ပြောနေတာ! "

" ရှင် ဘယ်လိုလုပ်ပြီး ဒီလိုလုပ်နိုင်ရတာလည်း?ကျွန်မ ရှင်နဲ့
လက်ထပ်ဖို့ သ‌ဘောမတူခဲ့လို့ ကျွန်မနဲ့လမ်းခွဲတာလား?တစ်ယော
က်နဲ့တစ်ယောက် ညှိနှိုင်းသင့်တယ်လို့‌ရော ရှင်မထင်ဘူးလား?ရှင်
ဒီလိုမျိုး တစ်ဖက်သတ် လမ်းခွဲလို့မရဘူး‌လေ။လက်မှတ်တွေကလ
ည်း ဝယ်ပြီးတဲ့အပြင် ကျွန်မအ‌နေနဲ့ အမေရိကမှာ ပညာသင်သွားဖို့
စီစဉ်ထားတာကို ကျွန်မ မ‌ပြောလည်း ရှင်သိပါတယ်။ရှဖန်...ရှင်
ကျွန်မကို ဒီလိုလုပ်လို့မရဘူး... "

" အန်အန်း...ငါ... "ရှဖန်သည် သူလက်ထပ်ပြီးဖြစ်‌ကြောင်း ပြောရန်ဖြစ်သည်။

သို့သော် အန်အန်းသည် ငိုယို၍ထပ်ပြောပြန်သည်။" ရှင်က
စိတ်ဆိုးနေတာပါ ရှဖန်ရဲ့။အရင်ဆုံး စိတ်အေးအေးထားပြီး နောက်မှ ပြန်ဆွေး‌နွေးကြရအောင် "

ဖုန်းကျသွားသည်ကို ငေးကြည့်နေပြီးနောက်၌ နာကြည်းစွာ ပြုံးလိုက်လေသည်။

မည်သို့ပင်ဖြစ်စေ သူမသည် လောလောဆယ် နိုင်ငံခြားတွင်ရှိနေသော‌ကြောင့် ပြန်လာသည့်အခါတွင် စိတ်တည်ငြိမ်သွားပေလိမ့်မည်။

***

တစ်ကယ်တော့ သူ့မှာ ပညာသင်သွားဖို့အစီအစဉ်ရှိပြီးသားဖြစ်လို့ အန်အန်းကိုလည်း အပြစ်မတင်ချင်ပါဘူး။ရှဖန်ကသာ သူ့ကို
မမျှော်လင့်ထားတဲ့ရာဇသံ ပေးခဲ့တာလေ။သူ့အနေနဲ့ အချစ်နဲ့အလုပ်
ကြားမှာ ဘာကိုရွေးချယ်မှာလည်းဆိုပြီး သူ ‌မျှော်လင့်ထားခဲ့ရတာ။သူမက နှစ်ခုလုံးရွေးချယ်ချင်ပေမယ့်...ဖြစ်မှမဖြစ်နိုင်တာ။သူရဲ့ ပညာတော်သင်သွားမယ့် အစီအစဉ်ကိုနှောင့်နှေးခံပြီးတော့ သူ့ကိုလက်ထပ်ရတဲ့အထိ သူ ငါ့ကို မချစ်ခဲ့တာများလား?မသိ‌တော့ဘူးကွာ...

ပြီးတော့ ရှဖန်ကတော့ အမေ့ကို အန်အန်းထက်ပိုချစ်တယ်။ဟက်.....သူ အန်အန်းကို ချစ်ခဲ့ရဲ့လား‌တောင်မသိဘူး?

>>>>>>>

T.B.C
29.7.2021

💫💫💫💫💫💫💫💫💫💫💫💫💫💫💫

Zawgyi

" မင္း...မင္းကို ငယ္ငယ္ေလးကတည္းက ဒီလိုမ်ိဳး အမ်ိဳးသမီးငယ္‌ေလး‌ေတြကို လိုက္ေနွာင့္ယွက္ဖို႔ ငါ သင္ေပးထားသလား? "

ပါပါးရွသည္ သားျဖစ္သူ' ႏြားအိုျမက္ႏုႀကိဳက္'ျဖစ္လာသၫ့္ အေပၚ၌ စိုးရိမ္‌ေၾကာင့္ၾကေနဆဲျဖစ္သည္။

" ကြၽန္ေတာ္... "

" မင္း...ဘာလည္း?ဒါ‌ေပမယ့္ယြီသံုက မင္းကိုလိုက္ခဲ့အတြက္ေၾကာင့္ ငါ မင္းကို ခြင့္လႊတ္လိုက္ပါမယ္။ ဒါေပမယ့္ သူ႔အေပၚမွာ ၾကင္နာရမယ္ဆိုတာကို မင္းသိတယ္ေနာ္။ဘာလို႔လည္းဆိုေတာ့ တစ္စံုတစ္‌ေယာက္က မင္းကိုစလိုက္တယ္ဆိုၿပီး‌ေတာ့ တန္ဖိုးမထားလို႔ မရဘူးကြ "

" Oh! "

" မင္းမ်က္ႏွာက အဲ့ဒီအၾကၫ့္က ဘာလည္း?ငါ မင္းကိုေျပာ
မယ္...မင္းမိန္းမကို ‌ေကာင္းေကာင္းမဆက္ဆံဘူးဆိုတာမ်ိဳး
ငါျပန္ၾကားရလို႔က‌ေတာ့ မင္းေျခေထာက္ကို ရိုက္ခ်ိဳးပစ္မယ္! "

" အေဖစကားေျပာတာ နည္းနည္းက်ယ္ေနၿပီ...ေဘးကလူေတြေတာင္ ၾကားေနရ‌ေတာ့မယ္! "ပတ္ဝန္းက်င္မွလူမ်ားကို သတိျပဳမိကာ ရုတ္တရက္ ရွဖန္ ရွက္ကိုးရွက္ကန္းျဖစ္လာသည္။

" ငါဘာေျပာလည္းဆိုတာ သူတို႔နားေထာင္ပါေစ...ၿပီးရင္ သူတို႔ကိုသက္ေသလုပ္ခိုင္းမယ္! "ပါပါးရွ ေဒါသျဖင့္ႀကိမ္းဝါးလိုက္သည္။

" ဟုတ္ကဲ့...ဟုတ္ကဲ့...ကြ်န္‌ေတာ္ အေဖ့စကားကို နားေထာင္ပါ့မယ္ "

ယြီသံု မင္း ငါ့မိဘေတြကို ဘာေတြမ်ား‌ေျပာထားတာလည္းကြာ?၁၀မိနစ္မေက်ာ္ခင္မွာဘဲ သူတို႔ေတြ ရုတ္တရက္ ငါ့အေပၚ ဘယ္
လိုမ်ား‌ေျပာင္းလဲသြားတာလည္း?

တခဏၾကာေအာင္ စကားေျပာဆိုၿပီးသၫ့္ေနာက္ မိခင္ျဖစ္သူပင္ပန္းေနမည္ကို စိုးရိမ္သျဖင့္ ယြီသံုအားေခၚ၍ျပန္ရန္ ရွဖန္ ျပင္ဆင္လိုက္သည္။

မာမားရွသည္ ေပ်ာ္ေနေသာ္ျငားလည္း က်န္မာ‌ေရးမေကာင္းေသးသျဖင့္ အမွန္တကယ္ပင္ပန္းေနၿပီျဖစ္သည္။

" အန္တီ နားလိုက္ဦးေနာ္။ခြဲစိတ္ျပီးတဲ့ရက္က်ရင္ သမီးျပန္လာခဲ့
မယ္! "

" ေကာင္းပါၿပီကြယ္ "မာမားရွလည္း ၿပံဳးျပရင္း လက္ျပႏႈတ္ဆက္လိုက္သည္။

သူမတို႔ႏွစ္‌ေယာက္ ေဆးရံုမွ ထြက္လာခဲ့ၿပီးေနာက္ ရွဖန္က ယြီသံုအား‌‌ေမးလာခဲ့သည္။" မင္း ငါ့မိဘေတြကို ဘာေျပာခဲ့တာလည္း?သူတို႔က မင္းကို အရမ္းသေဘာက်ေနၾကတယ္! "

" ' ကြၽန္မဘာေျပာခဲ့လည္းဆိုတာ 'က ရွင္ ဘာကိုဆိုလိုတာလည္း...ဒီက‌ေကာင္မ‌ေလးကို ဘယ္သူက‌ေနေန ခ်စ္ၾကတယ္ေလ " သူမ ဝင့္ႂကြားစြာျဖင့္‌ ေျပာလိုက္သည္။

" ေကာင္းပါၿပီ...ေကာင္းပါၿပီ...မင္းက အေတာ္ဆံုးပါဘဲ။တစ္ကယ္လို ့့့ငါက မင္းကိုအႏိုင္က်င့္ရင္ ငါ့ေျခေထာက္ေတြကို ခ်ိဳးပစ္မယ္
လို႔ အေဖကေျပာလိုက္တယ္ "

" Oh!ဘုရားေရ...ဦးေလးက ခ်စ္ဖို႔‌ေကာင္းလိုက္တာ! "ယြီသံု
‌ေပ်ာ္ရႊင္စြာျဖင့္ေျပာလိုက္သည္။" တကယ္လို႔ အနာဂတ္မွာ ရွင္ ကြၽန္မကို ၀မ္းနည္းေအာင္လုပ္ရင္ ဦးေလးဆီကိုသြားၿပီး တိုင္ပစ္မယ္! "

" ဒါနဲ႔ ကေလးေတြဆိုတာက ဘာလည္း? "ရွဖန္ ထိုအ‌ေၾကာင္းကို စိုးရိမ္စြာ‌ျဖင့္ ေမးလိုက္မိသည္။

" အဲ့တာကေလ... "ထိုအခါ ယြီသံုက စတင္ရွင္းျပလာသည္။" အန္တီက ခြဲစိတ္ခန္းဝင္ရမွာေၾကာင့္ စိတ္ဓာတ္က်ေနတာကို သိလိုက္ရတယ္ေလ။အဲ့ေတာ့ ကြၽန္မလည္း ကြၽန္မတို႔မွာကေလးရိွလာရင္ သူတို႔က အဘိုးအဘြားျဖစ္လာမွာကိုေတြးျပီး အသက္ရွည္ရွည္ေနရေအာင္ ေျပာလိုက္တာပါ "

" အေမ ဘာမွမျဖစ္ဖို႔ဘဲ ေမ်ွာ္လင့္ပါတယ္ "

" စိတ္ေလ်ာ့ပါ...အန္တီက လူေကာင္းတစ္ေယာက္ဆိုေတာ့ ခြဲစိတ္
မႈက ေသခ်ာေပါက္ ေခ်ာေခ်ာေမြ႕‌ေမြ႕ျပီးသြားပါလိမ့္မယ္ " ရွဖန္
မိခင္ျဖစ္သူအား ဂရုစိုက္သည္ကို သူမ သိေသာ‌ေၾကာင့္ စိုးရိမ္မႈမ်ားေျပ‌ေပ်ာက္သြားေစရန္ ရည္ရြယ္ကာေျပာလိုက္သည္။မာမားရွ၏
စိတ္ကူးကို ျဖၫ့္စည္းေပးရန္အတြက္ မည္သၫ့္ကိစၥပင္ရိွရိွ ရွဖန္ လက္ထပ္ရန္ဆံုးျဖတ္မႈသည္ အံ့ဩစရာမရိွေပ။

" မင္းစကားကို နားေထာင္ပါ့မယ္ "ရွဖန္ရယ္ရင္း ယြီသံုအားစလိုက္သည္။" ဒါဆို အခု အေမက ‌ေျမးရဖို႔ေစာင့္ေနၿပီေပါ့ "

" အဲ့ေတာ့ ေမြးေပးလိုက္ၾကရေအာင္! "ယြီသံုလည္း ျပန္ေျဖလိုက္သည္။

ရွဖန္လည္း မွင္သက္ရင္း မည္ကဲ့သို့ျပန္လည္‌ေခ်ပရမည္မွန္း မသိေတာ့ေပ။

အျခားတစ္ဖက္ရိွ ေဆးရံုအေဆာင္တြင္ မာမားရွသည္ ပါပါးရွႏွင့္ စကားစျမည္‌ေျပာဆို‌ေန‌ခဲ့သည္။

" ကြၽန္မ ေတာ္ေတာ္ေလး စိတ္သက္သာရ ရသြားတယ္။ရွဖန္က
‌ေတာ္ေတာ္ေလးထံုထိုင္းၿပီး ပ်င္းစရာေကာင္းလို႔ သူ႔ကိုပ်ိဳးေထာင္ခဲ့တဲ့ ကြၽန္မအျပစ္ေတြပဲဆိုၿပီး စိုးရိမ္ေနခဲ့ရတာ။ယြီသံုေလးက ‌ေတ္ာၿပီးေတာ့ ရွဖန္နဲ႔လိုက္ဖက္ညီလို႔ အရမ္းေကာင္းတာပဲ!! "

" ဟုတ္တယ္...အဲ့တာ‌ေၾကာင့္ ေျမးရဖို႔ေစာင့္ရင္း မင္းလည္း မင္းကိုယ္မင္း ဂရုစိုက္ရမယ္ "

" ဟုတ္တယ္...ကြၽန္မရဲ့ေျမးေလးကို ေစာင့္ရမယ္! "ေျမးအ‌ေၾကာင္း‌
‌ေျပာသၫ့္အခါတြင္မူ မာမားရွ ရႊင္ျပလာသည္။

" အဲ့ကေလးက လာဘ္ေကာင္‌းတဲ့‌ေခြး‌ေလးပဲ! "

" ‌ေခြးဆိုတာ ဘယ္သူလည္း? " မာမားရွ မ်က္ေမွာင္ႀကံဳ႔ကာ ‌ေမးလိုက္၏။

...

ယြီသံုအား အိမ္ျပန္ပို႔ၿပီးသၫ့္ေနာက္ ရွဖန္ ‌ေဆးရံုသို႔ျပန္လာခဲ့သည္။မိခင္ျဖစ္သူ နာမက်န္းျဖစ္ေနေသာ‌ေၾကာင့္ ေဆးရံုသည္ အားလပ္ခ်ိန္အခ်ိဳ႕‌ေပးထားေသာ္လည္း သူကိုယ္တိုင္ေျဖရွင္းရမည့္ကိစၥအခ်ိဳ႕ ရိွေနဆဲပင္ျဖစ္သည္။

ေဆးရံုသို႔ျပန္ေရာက္၍ ကားရပ္လိုက္ခ်င္းမွာပင္ ရုတ္တရက္ ဖုန္းသံ
ျမည္လာေလသည္။

အေမရိကမွဝင္လာသၫ့္ အမည္မသိဖုန္းနံပါတ္ကို ၾကၫ့္ကာ ရွဖန္
မ်က္ေမွာင္ႀကံဳ႔လိုက္မိသည္။တခဏမ်ွစဉ္းစားျပ‌ီးေနာက္ သူ ဖုန္းကိုင္
လိုက္သည္။

" ရွဖန္! "ဖုန္းထဲမွ ႏူးညံ့သိမ္ေမြ႕သၫ့္ အမ်ိဳးသမီးတစ္ေယာက္၏အသံ ထြက္ေပၚလာသည္။

" မင္း အေမရိကမွာလား? "ရွဖန္ ၿငိမ္ေနရာမွ ေမးလိုက္သည္။

" အင္း...ဟုတ္တယ္။ကြၽန္မ အြန္လိုင္းကေန ဌားလိုက္တဲ့အိမ္က အရမ္းေကာင္းၿပီးေတာ့ လွလည္းလွတယ္။ေအာက္ထပ္မွာ ေရကူးကန္ေလးေတာင္ ပါေသးတယ္ " ထိုမိန္းကေလးသည္ သူတို႔တြဲေနသၫ့္အတိုင္းပင္ ရွဖန္အား ေပ်ာ္ရႊင္ျမဴးထူးစြာျဖင့္‌ေျပာျပေနေလ၏။

" ေကာင္းတာေပါ့! "

" ရွဖန္...ကြၽန္မကို စိတ္ဆိုးေနတုန္းလား? "ထိုမိန္းကေလး၏အသံသည္ မဝံ့မရဲဟန္ေျပာင္းသြားၿပီး လူမ်ားကိုသနားသြားေစသည္အသံ
ျဖစ္သည္။

" မဟုတ္ဘူး! "

" ရွင္ ကြၽန္မကိုစြဲလန္းတာ ကြၽန္မသိသလို....ကြၽန္မ ရွင့္ကိုသ‌ေဘာက်တယ္ဆိုတာလည္း ရွင္သိပါတယ္။ဒါေပမယ့္ ကြၽန္မ အေစာႀကီး လက္မထပ္ခ်င္ေသးဘူး "ထိုမိန္းကေလးသည္ ခဏရပ္ၿပီးေနာက္ ဆက္ေျပာေလသည္။

" အန္တီအေျခအေနကေရာ အဆင္ေျပတယ္မလား "

" အရမ္းေကာင္းတယ္! "

" အဆင္ေျပတာေပါ့!အန္တီ့ရဲ့ခြဲစိတ္မႈကလည္း ေသခ်ာေပါက္
‌ေအာင္ျမင္မွာပါ။ရွဖန္...ကြၽန္မရဲ့ဇြတ္တရြတ္ႏိုင္တဲ့ ေျပာင္းလဲလြယ္
တဲ့အ‌ေၾကာင္းကို ကြၽန္မသိပါတယ္။အဲ့တာ‌ေျကာင့္လည္း ရွင္
စိတ္ဆိုးလို႔ရပါတယ္။ဒါေပမယ့္ အခ်ိန္အၾကာႀကီး စိတ္မဆိုးဘူးလို႔ ကြၽန္မကို ကတိေပးေနာ္ "

" အန္အန္း... "ဆံုးျဖတ္ခ်က္ခိုင္ခိုင္မာမာ ခ်ၿပီးၿပီးျဖစ္သျဖင့္ ရွဖန္
မ်က္လံုးမိွတ္ထားရင္း‌ေျပာလိုက္သည္။" အရင္က မင္းကို ငါ ဘာေျပာခဲ့လည္းဆိုတာ မွတ္မိေသးလား? "

" ဘာအေၾကာင္းလည္း? "

" ငါ မင္းကို လက္ထပ္ခြင့္ေတာင္းတဲ့ေန႔က... "ရွဖန္ သူမကို
သတိေပးလိုက္သည္။

" ရွဖန္...ရွင္...ရွင္က ကြၽန္မကို လန႔္ေအာင္လုပ္ေနတာပဲ... "
အန္အန္း အနည္းငယ္ တုန္လႈပ္သြားသည္။

" မင္းမွတ္မိတယ္ဆိုတာ ငါသိတယ္ "ထို႔ေနာက္ ရွဖန္ ျပတ္သားစြာ ေျပာလိုက္သည္။" အန္အန္း...ငါတို႔ျပတ္ၿပီးၿပီ! "

" ရွဖန္...ရွဖန္...ရွင္ စိတ္ဆိုးေနတုန္းဆိုတာ ကြၽန္မသိပါတယ္ "

" ငါ တကယ္ေျပာေနတာ! "

" ရွင္ ဘယ္လိုလုပ္ၿပီး ဒီလိုလုပ္ႏိုင္ရတာလည္း?ကြၽန္မ ရွင္နဲ႔
လက္ထပ္ဖို႔ သ‌ေဘာမတူခဲ့လို႔ ကြၽန္မနဲ႔လမ္းခြဲတာလား?တစ္ေယာ
က္နဲ႔တစ္ေယာက္ ၫွိႏိႈင္းသင့္တယ္လို႔‌ေရာ ရွင္မထင္ဘူးလား?ရွင္
ဒီလိုမ်ိဳး တစ္ဖက္သတ္ လမ္းခြဲလို႔မရဘူး‌ေလ။လက္မွတ္ေတြကလ
ည္း ၀ယ္ျပီးတဲ့အျပင္ ကြၽန္မအ‌ေနနဲ႔ အေမရိကမွာ ပညာသင္သြားဖို႔
စီစဉ္ထားတာကို ကြၽန္မ မ‌ေျပာလည္း ရွင္သိပါတယ္။ရွဖန္...ရွင္
ကြၽန္မကို ဒီလိုလုပ္လို႔မရဘူး... "

" အန္အန္း...ငါ... "ရွဖန္သည္ သူလက္ထပ္ၿပီးျဖစ္‌ေၾကာင္း ေျပာရန္ျဖစ္သည္။

သို႔ေသာ္ အန္အန္းသည္ ငိုယို၍ထပ္ေျပာျပန္သည္။" ရွင္က
စိတ္ဆိုးေနတာပါ ရွဖန္ရဲ့။အရင္ဆံုး စိတ္ေအးေအးထားၿပီး ေနာက္မွ ျပန္ေဆြး‌ေနြးၾကရေအာင္ "

ဖုန္းက်သြားသည္ကို ေငးၾကၫ့္ေနၿပီးေနာက္၌ နာၾကည္းစြာ ၿပံဳးလိုက္ေလသည္။

မည္သို႔ပင္ျဖစ္ေစ သူမသည္ ေလာေလာဆယ္ ႏိုင္ငံျခားတြင္ရိွေနေသာ‌ေၾကာင့္ ျပန္လာသၫ့္အခါတြင္ စိတ္တည္ၿငိမ္သြားေပလိမ့္မည္။

***

တစ္ကယ္ေတာ့ သူ႔မွာ ပညာသင္သြားဖို႔အစီအစဉ္ရိွၿပီးသားျဖစ္လို႔ အန္အန္းကိုလည္း အျပစ္မတင္ခ်င္ပါဘူး။ရွဖန္ကသာ သူ႔ကို
မေမ်ွာ္လင့္ထားတဲ့ရာဇသံ ေပးခဲ့တာေလ။သူ့အေနနဲ့ အခ်စ္နဲ႔အလုပ္
ျကားမွာ ဘာကိုေရြးခ်ယ္မွာလည္းဆိုၿပီး သူ ‌ေမ်ွာ္လင့္ထားခဲ့ရတာ။သူမက ႏွစ္ခုလံုးေရြးခ်ယ္ခ်င္ေပမယ့္...ျဖစ္မွမျဖစ္ႏိုင္တာ။သူရဲ့ ပညာေတာ္သင္သြားမယ့္ အစီအစဉ္ကိုေနွာင့္ေနွးခံၿပီးေတာ့ သူ႔ကိုလက္ထပ္ရတဲ့အထိ သူ ငါ့ကို မခ်စ္ခဲ့တာမ်ားလား?မသိ‌ေတာ့ဘူးကြာ...

ၿပီးေတာ့ ရွဖန္ကေတာ့ အေမ့ကို အန္အန္းထက္ပိုခ်စ္တယ္။ဟက္.....သူ အန္အန္းကို ခ်စ္ခဲ့ရဲ့လား‌ေတာင္မသိဘူး?

>>>>>>>

T.B.C
29.7.2021

Continue lendo

Você também vai gostar

495K 11.9K 89
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
27.8K 1.5K 4
"သခင်​မ​လေး စွပ်​ပြုတ်​ကို​သောက်​ပါ ပြီးရင်​အရာအားလုံးကို​မေ့ပစ်​ပါ။ ဒီဘဝရဲ့ နာကျင်​ခံစားရမှု​တွေ ၊ အ​တောမသတ်​နိုင်​တဲ့ဆန္ဒ​တွေမရှိပဲနဲ့ ဘဝသစ်​မှာ ပြ...
51.4K 3.3K 8
Author(s) HONG JIU 红九 I'm just a translator and this story isn't belong to me. Full credit goes to author(s) and english translator(s). I also don't...
5.8K 441 18
Normal systemပါ male lead က hostဖြစ်ပြီး female leadက system​လေးပါ translation ဖြစ်ပါတယ် 1104ပိုင်းနဲ့completeဖြစ်ပါတယ်.... Normal systemပါ male lead...