အကောင်းဆုံးအချစ်ကို ပေးပါရစေ...
بواسطة cifmrgj_0306
131K 10.5K 189
IT'S COMPLETED AT ALL!! Both Unicode And Zawgyi!! Original Author- Sheng Li Associated Names- Ai Shang Ni Shi... المزيد
Synopsis
Chapter (1.1)Unicode/Zawgyi
Chapter (1.2)Unicode/Zawgyi
Chapter (1.3)Unicode/Zawgyi
Chapter (2.1)Unicode/Zawgyi
Chapter (2.2)Unicode/Zawgyi
Chapter (2.3)Unicode/Zawgyi
Chapter (3.1)Unicode/Zawgyi
Chapter (3.2)Unicode/Zawgyi
Chapter (3.3)Unicode/Zawgyi
Chapter (4.1)Unicode/Zawgyi
Chapter (4.2)Unicode/Zawgyi
Chapter (4.3)Unicode/Zawgyi
Chapter (5.1)Unicode
Chapter (5.1)Zawgyi
Chapter (5.2)Unicode
Chapter (5.2)Zawgyi
Chapter (5.3)Unicode
Chapter (5.3)Zawgyi
Chapter (6.1)Unicode
Chapter (6.1)Zawgyi
Chapter (6.2)Zawgyi
Chapter (6.3)Unicode
Chapter (6.3)Zawgyi
Just Request🙏🏻
Chapter (7)Unicode
Chapter (7)Zawgyi
Chapter (8)Unicode
Chapter (8)Zawgyi
Chapter (9)Unicode
Chapter (9)Zawgyi
Chapter (10.1)Uni/Zgyi
Chapter (10.2)Uni/Zgyi
Chapter (11)Unicode
Chapter (11)Zawgyi
Chapter (12)Unicode
Chapter (12)Zawgyi
Chapter (13)Unicode
Chapter (13)Zawgyi
Chapter (14)Unicode
Chapter (14)Zawgyi
Chapter (15)Unicode
Chapter (15)Zawgyi
Chapter (16)Unicode
Chapter (16)Zawgyi
Chapter (17)Unicode
Chapter (17)Zawgyi
Update ရပျနားခွငျး//Update ရပ်နားခြင်း
Chapter (18)Unicode
Chapter (18)Zawgyi
Chapter (19)Unicode
Chapter (19)Zawgyi
Chapter (20)Unicode
Chapter (20)Zawgyi
Chapter (21)Unicode
Chapter (21)Zawgyi
Chapter (22)Unicode
Chapter (22)Zawgyi
Chapter (23)Unicode
Chapter (23)Zawgyi
Chapter (24)Unicode
Chapter (24)Zawgyi
Chapter (25)Unicode
Chapter (25)Zawgyi
Chapter (26)Unicode
Chapter (26)Zawgyi
Chapter (27)Unicode
Chapter (27)Zawgyi
Epilogue - Chapter (28)Unicode
Epilogue - Chapter (28)Zawgyi
Extra Chapter (29)Unicode
Extra Chapter (29)Zawgyi
Chapter (6.2)Unicode
1.5K 203 3
بواسطة cifmrgj_0306
လွန်ခဲ့သည့် လေးနှစ်ကပင် သူမ He SuYe ကို တိတ်တ်ိတ်လေးသဘောကျနေခဲ့သည်။ထိုအချိန်က သူမသည် Li Jie ၏ အထက်တန်းအတန်းဖော်တစ်ယောက်​ဖြစ်သည့်အားလျော်စွာ တက္ကသိုလ်လည်းအတူတူဆက်တက်ဖြစ်ခဲ့ကြသည်။သူတို့နှစ်ယောက်သည် ပုံမှန်သူငယ်ချင်းကောင်းတွေသာဖြစ်ကြလေသည်။သူမသည် Li Jie ဆီမှ စီနီယာအကိုကြီးသည် ထိပ်တန်းကျောင်းသားဖြစ်ကြောင်း သူ့၏ အကျင့်စရိုက်သည် လည်းအရမ်းကောင်းမွန်ကြောင်း အမြဲတမ်းကြားရလေ့ရှိသည်။He SuYe သည် သူကလေးဘဝတည်းက လေးစားရသည့်ဖြစ်ကာ သူ့အပေါ်တွင်လည်းအမြဲအနစ်နာခံသူ ဖြစ်သည်။
သူမ Li Jie နှင့်အတူ ပထမဆုံးညစာစားခဲ့သည့်အချိန်က  He SuYe သည်ပြုံးရွှင်နေလျက် Zhang Yiling စားရန် ဖက်ထုပ်များယူပေးနေသည်ကို သူမ တွေ့ခဲ့ရသည်။သူမကိုယ်တိုင်သည်လည်း တူများအား မရွေ့နိုင်တော့ဘဲ Zhang Yiling ကိုသာ အာရုံစိုက်နေမိခဲ့ကာ ငေးသာကြည့်နေမိသည်။သူမ He SuYe အားမြင်မြင်ချင်းသဘောကျခဲ့သည်။သူက အရမ်းချောပြီး ကြင်နာမှုရှိသည်။တစ်ပြိုင်နက်တည်းတွင် သူမ မြင်မြင်ချင်းအချစ်ကို ယုံကြည်လာခဲ့သည်။
သို့သော် သူ့အား နှောင့်ယှက်ရန် သူမတွင် အခွင့်အရေးမရှိပေ။
He SuYe နှင့် Zhang Yiling သည် နာမည်ကြီး စံပြအတွဲ ဖြစ်ကာ သူ့တို့ကိုသိသည့်လူတိုင်းကကောင်းကင် မှ တွဲဖက်ပေး​သည့်စုံတွဲဟုပင် သတ်မှတ်ခဲ့ကြသည်။သူတို့အားလုံးသည် He SuYe အရှေ့တွင် ခိုးကြောက်ခိုးဝှက် အထာပေးလျက် ဂျူနီယာ ညီမလေးများကဲ့သို့သာ ရိုရိုကျိုးကျိုးဆက်ဆံနိုင်လေသည်။He SuYe ၏ လှုပ်ရှားမှုတိုင်းသည် တမင်ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ Zhang Yiling ၏ ပုံပန်းသွင်ပြင်ကို တုပတတ်လေသည်။ထိုအခါသူမက သူ့အား အမြဲတမ်းရောက်တတ်ရာရာ မေးခွန်းများအားမေးလေ့ရှိသည်။သူသည် ဓာတ်ပုံ​​မေဂျာမှ
ကျောင်းသားတစ်ယောက် မဟုတ်လျှင်တောင် သူမ၏ ရည်ရွယ်ချက်မှာ သူ့၏ဘေးတွင် ခဏလေး ရှိနေပေးရုံသာ။
သူမ၏ အထင်က သူတို့နှစ်ယောက် လက်ထပ်ဖြစ်ကာ ထို့နောက်တွင် ချစ်စရာကလေးလေးများ မွေးလာပြီး သက်ဆုံးတိုင်အတူနေသွားကြမည်ဟုပင်။သို့သော် Zhang Yiling နိုင်ငံခြားသို့ထွက်သွားသည့်အချိန်တွင် အရာအားလုံး အဆုံးသတ်ခဲ့လေသည်။
သူမတကယ်နားမလည်တော့ တစ်ယောက်နဲ့တစ်ယောက် အရမ်းချစ်ကြသည့်လူနှစ်ဦးသည် ဘာကြောင့်များဒီလိုမျိုး လမ်းခွဲနိုင်ခဲ့ကြလဲဆိုသည်ကိုပင် ကမ္ဘာ တစ်ဖက်တစ်ချက်စီ၌ ဝေးကွာနေရင်း တစ်ယောက်နှင့်တစ်ယောက် နီးစပ်မှုလည်း မရှိကြတော့ပေ။
He SuYe မှ Zhang Yiling ကိုပြောခဲ့သည့်စကားများအား သူမ မှတ်မိနေဆဲပင်။ထိုနေ့က မိုးရွာနေပြီး သူမနှင့် Li Jie ၏ ရှေ့မှောက်၌ ပင်
" မင်းသွားချင်ရင် သွားပါ မင်းရဲ့ရွေးချယ်မှုကိုနောင်တမရစေနဲ့
ငါမင်းရဲ့ဆုံးဖြတ်ချက်ကို လေးစားပါတယ် ငါ့ရဲ့ခံစားချက်တွေကိုလည်း အပြန်အလှန်လေးစားပေးဖို့ တောင်းဆိုပါရစေ "
ထိုညက He SuYe ပထမဆုံးအရက်မူးခြင်းပင်။
Zhang Yiling ကဘေးတွင်သာ တိတ်တိတ်လေးထိုင်နေခဲ့သည်။Zhang Yiling နိုင်ငံခြားသို့ထွက်သွားခြင်းသည် ဒီလောက်မရိုးရှင်းဟု သူမရေးတေးတေးတော့ ခံစားမိသည်။သို့သော် အတိအကျ ဘာတွေဖြစ်ခဲ့သလဲဆိုသည်ကို သူမလည်း ယခုထိတိုင် မသိခဲ့ရပေ။
Zhang Yiling ထွက်သွားပြီနောက် He SuYe သည် အချိန်အကြာကြီး ပျောက်နေခဲ့သည်။Li Jie တောင် ရှာမတွေ့​ခဲ့ပါ။ရုတ်တရက် တစ်နေ့မှာတော့ He SuYe သည် တောင်တက်ကျောပိုးအိတ်လေးတစ်လုံးနှင့် ဘတ်စ်ကားပေါ်မှ ဆင်းလာသည်ကို သူမတွေ့လိုက်သည်။He SuYeမှာ ပိန်လှီနေပြီး ဖြူဖျော့ဖျော့ဖြစ်နေသည်။သူမ သူ့ကိုမေးသည့်အခါ သူပြောခဲ့သည့်စကားများက သူသည် တောင်ပေါ်ဒေသများတွင်အခမဲ့ဆေးကုသပေးရန် သုံးလတာ သွားခဲ့သည်ဟုပင်။သူ့အပြုံးသည် နည်းနည်းမယုံချင်စရာ​ဖြစ်နေပြီး
သူ့ပုံစံက စိတ်မချမ်းမသာဖြစ်နေသည်ကို မြင်ရသည့်အခါ သူမ ရင်ထဲတွင်လည်း စိတ်မကောင်းဖြစ်ရသည်။
ထို့ကြောင့် သူမသည် He SuYe ပိုပြီးအဆင်ပြေလာအောင် ကူညီပေးရန် ဆုံးဖြတ်ခဲ့သည်။သို့သော် Zhang Yiling ၏နေရာအားသူမကအစားထိုးဝင်ရောက်ရန် မရဲချေ။သူမသည် သူပိုကောင်းလာရန်သာ အလိုရှိခဲ့သည်။ဤမျှနှင့်ပင် သူမအတွက်လုံလောက်ပေသည်။
အဲ့ဒီနေ့ မတိုင်ခင်ထိသာ။
He SuYe ကသူမအား ပြောခဲ့သည်။ ' ဂျူနီယာညီမလေး မင်းကိုပိုပြီးကောင်းကောင်းဆက်ဆံပေးနိုင်မဲ့ တစ်ယောက်ကိုရှာပါ ငါက မသင့်လျော်ပါဘူး ' ဟုပင်။
သူမ လုံးဝနားလည်သွားခဲ့သည်။သူမထင်နေတာက သူမ၏အတွေးများကို သေသေချာချာ ဖုံးကွယ်ထားနိုင်ခဲ့သည်ပေါ့ သို့သော် He SuYe က အားလုံးကိုသိနေခဲ့သည်။သူသည် သူမအား အတတ်နိုင်ဆုံး စကားလှလှလေးများဖြင့် အ​မြဲတမ်း ငြင်းဆိုခဲ့သည်။အလုပ်အချိန်ပို ဆင်းနေရလို့၊ စာတမ်းရေးစရာရှိကြောင်း၊ ချိန်းထားတာလေးရှိလို့နှင့်ပင် သူမသည်လည်း သူတကယ်အလုပ်ရှုပ်နေသည်ဟုသာ အမြဲထင်နေခဲ့မိသည်။
နောက်ဆုံးတွင်တော့ He SuYe သည် စည်းနှင့်နေတတ်သည့်လူတစ်ယောက်ဖြစ်ကြောင်း သူမသိလာခဲ့ရသည်။အချစ်က အချစ်ပါဘဲ၊ ဤတစ်ယောက်၏ အချစ်က လုံလောက်နေသရွေ့ကာလပတ်လုံး သူ မချစ်ဘူးဆိုလျှင် သူက ခဏတာနွေးထွေးမှုကိုအလိုမရှိဘူးဆိုလျှင် ဒါက သူမသည် ဤတစ်ယောက် ဘယ်တော့မှ ဖြစ်မလာနိုင်ချေ။
He SuYe ၏အိမ်၌ ဆေးဖက်ဝင်အပင်များ များစွာရှိလေသည်။နမူနာများအားလုံးမှာ ကျောင်းတုန်းက လုပ်ခဲ့ခြင်းဖြစ်သည်။Zhang Yiling သည် အမွှေးရနံ့ ရှိသည့် ဆေးဖက်ဝင်အပင်များကိုသာ နှစ်သက်လေသည်။လေးညှင်း၊ageratum၊သစ်မွှေး၊Huaixiang၊agarwood၊သစ်စိမ်းမွှေး၊သစ်စေးမွှေး၊ကတိုးနှင့် Lulu အမွှေးနံ့တို့ဖြစ်သည်။သူမသင်ကြားခဲ့သည်မှာ ဓာတ်ပုံပညာရပ်ဖြစ်သည့်အတွက် အခြားဆေးဖက်ဝင် ပစ္စည်းများအား အသံပင်မထွက်တတ်ချေ။အနည်းငယ်မျှသာ ဖြစ်ပြီး ၎င်းတို့အား သူမ သေသေချာချာလေ့လာခဲ့ခြင်းဖြစ်သည်။
သူမသည် အစားအသောက်ခုံမင်တတ်သူဖြစ်သည့်အတွက် စမုန်နက်ဟုလည်းခေါ်သည့် Huaxiang ကို ကြိုက်နှစ်သက်သည်။Anise သည် စမုန်စပါးမျိုးဖြစ်ပြီး ငါးနှင့်အသားများပြုတ်ရာတွင် မရှိမဖြစ်လိုအပ်လေသည်။ဇီရာစေ့ကို အကြော်အလှော်များတွင် ထည့်ချက်နိုင်ကာ အသုတ်များတွင်လည်းဖြူးစားလို့ရပြီး လေးညှင်းနှင့်ဖာလာစေ့ကိုလည်း အမဲသားနှပ်ရာတွင် အသုံးပြုနိုင်ပေသည်။
ယင်ဓာတ်ချို့တဲ့ပြီးအပူများ သူများက မကြာခဏ စားသုံးရန်မသင့်ပေ။
သူမသည် စမုန်စေ့တစ်အိတ်ကိုကိုင်ထားလျက် He SuYe မှသူ့ဆီသို့လျှောက်လာပြီး ရှင်းပြလာသည်။ " စမုန်စေ့က အနံ့အရသာစူးပြီး အချိုနံမွှေးတယ် အစာအိမ်ကိုကျန်းမာအားကောင်းစေပြီး အအေးမိသက်သာစေပြီး နာကျင်မှုဝေဒနာ ပျောက်ကင်းစေတယ် အရေးကြီးဆုံးအချက်က အသုတ်တွေထဲမှာလဲ ဖြူးစားလို့ရပြီး ဖက်ထုပ်ထဲမှာလည်း ထည့်ပြီးစားလို့ရသေးတယ်။
Fang Ke Xin ခေါင်းငြိမ့်ပြလိုက်ပြီး " ကျွန်မ ဒါကိုအရမ်းကြိုက်တာ စမုန်စေ့ အနံ့ကလည်းအရမ်းမွှေးတယ် ပြီးတော့ စီနီယာ လုပ်ပေးတဲ့ အမဲသားနှပ်က အကောင်းဆုံးဘဲ "
He SuYe မျက်နှာခပ်ပြုံးပြုံးဖြစ်နေပြီး " ဟင်းချက်တာက ပုံမှန်လောက်ပါဘဲ ဒါပေမဲ့ တရုတ်စမုန်ပင်က အရမ်းဥပဒ်ဖြစ်စေတယ် အလွန်အကျွံစားရင် ခန္တာကိုယ်အတွင်းမှာ အပူများစေလို့ နည်းနည်းဘဲစားသင့်တယ် "
သူမ ရယ်လိုက်ကာ အဲဒါ​ကြောင့်ကိုးဟု သိနေသည့်ပုံစံဖြင့် " ဒီနေ့သိုးသားက ဒါကြောင့်
အရမ်းပူစပ်ပူစပ်ဖြစ်နေတာပေါ့"
He SuYe ကဧည့်ခန်းထဲသို့ ညွှန်ပြလျက် " ပဲအနှစ်နဲ့ လိပ်ကျောက်ကျော(tortoise jelly)လုပ်ထားတယ် မြန်မြန်သွား အစားသရဲ Li Jie ကအကုန်ယူသွားရင် စားစရာမရှိဘဲနေမယ် "
ဒါက ပုံမှန် ပဲအနှစ်နှင့် tortoise jelly ဖြစ်သော်လည်း အရသာအရမ်းရှိပြီး အားရှိစေသည်။အဆီများသည့်အစားအစာများ စားပြီးသည့်နောက် အချိုတည်းရန် သင့်တော်ပေသည်။
အစားအသောက်အ​ကြောင်းသာ ဂရုစိုက်တတ်သည့် Li Jie က မေးလိုက်သည်။ " စီနီယာအကို ဒီ tortoise jelly ကိုဘယ်လိုလုပ်တာလဲ အိမ်မှာရော လုပ်စားလို့ရလား "
" ဒါက နည်းနည်းတော့ခက်တယ် အိမ်မှာလုပ်စားမယ်ဆိုရင် tortoise jelly အမှုန့်ကိုတော့ဝယ်ရမယ် ဒါပေမဲ့ tortoise jelly အစစ်က လိပ်အခွံကရတာ အဲ့ဒါကို တရုတ်ဆေးဖက်ဝင်ပစ္စည်းအမျိုးနှစ်ဆယ်ကျော်နဲ့လုပ်ထားတယ် ခတ်ချို glabra၊ Cangshu၊ ဂျင်ဆင်းခါး၊ Ligustrum lucidum၊ Nepeta ear၊ Habitat၊ ကြက်ရိုးမြက် အဲ့ဒါတွေလည်းပါတယ် ဒါက ယင်ဓာတ်ကို ဖြည့်တင်းပေးပြီး ကျောက်ကပ်အားကောင်းစေတယ်အသားအရည်ခြောက်သွေ့ခြင်းကို ရေဓာတ်ဖြည့်ပေးပြီး အသားအရည် အတွက်ကောင်းတယ် ဝက်ခြံတွေကိုလျော့ပါးစေပြီး အတွင်းအဂ်ါတွေကို ထိန်းညှိပေးတယ် အပူကိုသန့်စင်ပေးပြီး အဆိပ်အတောက်တွေကိုဖြေလျော့ပေးတယ် "
Li Jie က ဖြတ်ပြောလိုက်လေသည် " စီနီယာ အကိုက အမ Zhang Yiling ထွက်သွားတဲ့အချိန်တည်းက ဒါကို လုပ်ပေးတာ ကျွန်တော်မတွေ့ဖူးဘူးနော် "
24.7.2021
Saturday.
If you enjoy my translation, you can comment,vote or recommend it.
Thank You EveryOne For Reading my Translating Novel 💖.
واصل القراءة
ستعجبك أيضاً
24.7K 1.5K 35
မင်းသမီးလေးဟာ သူ့ ရဲ့မိသားစုကိုကယ်တင်ဖို့  အကြီးမားဆုံး ရန်သူကိုမှ လက်ထပ်ပြီး သူ့ ရဲ့နယ်မြေကိုသွားခဲ့တယ်။ဘယ်အချိန်ထိ ကောင်မလေးရဲ့တိုင်းပြည်နဲ့ ပြည်သူ...
4M 168K 63
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...
835 106 15
This is a story based on the Winx Club. This is a story focused on Flora, it's a story of her being an assassin and having a mission to go steal Bloo...
2.6M 149K 48
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...