အကောင်းဆုံးအချစ်ကို ပေးပါရစေ...
By cifmrgj_0306
137K 10.7K 189
IT'S COMPLETED AT ALL!! Both Unicode And Zawgyi!! Original Author- Sheng Li Associated Names- Ai Shang Ni Shi... More
Synopsis
Chapter (1.1)Unicode/Zawgyi
Chapter (1.2)Unicode/Zawgyi
Chapter (1.3)Unicode/Zawgyi
Chapter (2.1)Unicode/Zawgyi
Chapter (2.2)Unicode/Zawgyi
Chapter (2.3)Unicode/Zawgyi
Chapter (3.1)Unicode/Zawgyi
Chapter (3.2)Unicode/Zawgyi
Chapter (3.3)Unicode/Zawgyi
Chapter (4.1)Unicode/Zawgyi
Chapter (4.2)Unicode/Zawgyi
Chapter (4.3)Unicode/Zawgyi
Chapter (5.1)Unicode
Chapter (5.1)Zawgyi
Chapter (5.2)Zawgyi
Chapter (5.3)Unicode
Chapter (5.3)Zawgyi
Chapter (6.1)Unicode
Chapter (6.1)Zawgyi
Chapter (6.2)Unicode
Chapter (6.2)Zawgyi
Chapter (6.3)Unicode
Chapter (6.3)Zawgyi
Just Request🙏🏻
Chapter (7)Unicode
Chapter (7)Zawgyi
Chapter (8)Unicode
Chapter (8)Zawgyi
Chapter (9)Unicode
Chapter (9)Zawgyi
Chapter (10.1)Uni/Zgyi
Chapter (10.2)Uni/Zgyi
Chapter (11)Unicode
Chapter (11)Zawgyi
Chapter (12)Unicode
Chapter (12)Zawgyi
Chapter (13)Unicode
Chapter (13)Zawgyi
Chapter (14)Unicode
Chapter (14)Zawgyi
Chapter (15)Unicode
Chapter (15)Zawgyi
Chapter (16)Unicode
Chapter (16)Zawgyi
Chapter (17)Unicode
Chapter (17)Zawgyi
Update ရပျနားခွငျး//Update ရပ်နားခြင်း
Chapter (18)Unicode
Chapter (18)Zawgyi
Chapter (19)Unicode
Chapter (19)Zawgyi
Chapter (20)Unicode
Chapter (20)Zawgyi
Chapter (21)Unicode
Chapter (21)Zawgyi
Chapter (22)Unicode
Chapter (22)Zawgyi
Chapter (23)Unicode
Chapter (23)Zawgyi
Chapter (24)Unicode
Chapter (24)Zawgyi
Chapter (25)Unicode
Chapter (25)Zawgyi
Chapter (26)Unicode
Chapter (26)Zawgyi
Chapter (27)Unicode
Chapter (27)Zawgyi
Epilogue - Chapter (28)Unicode
Epilogue - Chapter (28)Zawgyi
Extra Chapter (29)Unicode
Extra Chapter (29)Zawgyi
Chapter (5.2)Unicode
1.7K 215 0
By cifmrgj_0306
Yan Heng သည် အဝတ်ပါးပါးလေးသာ ဝတ်ထားကာ Gu Ningyuan နှင့်မျက်နှာချင်းဆိုင်ရပ်နေလေသည်။တစ်ချိန်က ဓာတုဗေဒဌာန၏ ပန်းတစ်ပွင့်သည်လည်း ယခုအခါတွင် မလှပနိုင်တော့။ပြီးပြည့်စုံသည့်မိတ်ကပ်သည် မျက်တွင်းချောင်ကျနေသော မျက်နှာအား ဖုံးကွယ်ထားနိုင်ခြင်း မရှိတော့ပေ။သူမ၏အိမ်ထောင်ရေးက စိတ်ချမ်းသာစရာမရှိသောကြောင့်လည်းဖြစ်နိုင်သည်ဟု Sheng XiFan
ခန့်မှန်းမိသည်။
သူမ အနှောင့်အယှက်မပေးဘဲ အဝေးကနေသာရပ်ကြည့်နေမိသဖြင့်သူတို့၏ စကားပြောသံများကိုလည်း မကြားရပေ။Gu Ningyuan က Yan Heng အားဖက်လိုက်သည်ကို မြင်လိုက်ပြီး သူက သူမအား ချက်ချင်းတွန်းထုတ်လိုက်လေသည်။ထို့နောက် သူမ တုန်ရီနေလျက် မျက်ဝန်းများမှာ မျက်ရည်များဝဲနေခဲ့သည်။
Sheng XiFan အသက်ပြင်းပြင်းရှူကာ အော်ခေါ်လိုက်သည်။ " ခဏစောင့်ပါဦး မစ္စ Gu "
Gu Ningyuan နှင့်Yan Heng တို့သည် တစ်ပြိုက်နက်တည်းလှည့်ကြည့်လာကြပြီး
တစ်ယောက်က အံ့အားသင့်နေကာ တစ်ယောက်ကတော့ ဒေါသထွက်နေလေသည်။Sheng XiFan လေသံအား တိုးလျော့ကာပြောလိုက်သည်။
" မစ္စGu ရှင့်ရဲ့သမီးလေးက ဒီမှာရောက်နေလို့ပါဟိုတယ်ဧည့်ကြိုခန်းမထဲက လုံခြုံရေးရုံးခန်းထဲမှာ စောင့်နေပါတယ် " သူမခဏလေးရပ်လိုက်ပြီး " ကလေးက တမင်ရည်ရွယ်ပြီးထွက်လာတာမဟုတ်လို့ ကလေးကိုအပြစ်မပြောပါနဲ့နော် "
Gu Ningyuan ရယ်လိုက်ကာ သူမအင်တင်တင်ဖြင့် Sheng XiFan အားကြည့်လိုက်သည်။ " ငါနင့်ကို ဒီဟိုတယ်မှာ အလုပ်လုပ်နေမယ်လို့ မထင်ထားမိဘူး ထပ်တွေ့ရတာ ဝမ်းသာတယ်နော် ငါဒီနေ့အလုပ်လေးများနေလို့ နောက်ရက်တွေ
မှ နင်နဲ့အတူ နှစ်ယောက်တည်းစကားပြောဖို့ ခေါ်
လိုက်မယ်လေ "
Sheng XiFan စိတ်ထဲ၌ အော်ပြောနေမိသည်။နင်ငါ့ကို မောလ်ဒိုက်အလည်သွားဖို့ဖိတ်ရင်တောင် ငါသွားဖို့စိတ်ကူးမရှိဘူးနော်။အဲ့ဒါက... ငါနင့်ကိုကြောက်တယ်လို့ဘဲ သဘောထားလိုက်ပါတော့။သို့သော်လည်း သူမ ယဥ်ယဥ်ကျေးကျေးဖြင့်ထပ်ပြောလိုက်သည်။ " ရှင့်သမီးလေးကို မဆူပါနဲ့နော် "
Gu Ningyuan က ပြုံးလိုက်ကာ လှည့်ထွက်သွား
လေသည်။
" ငါသူ့ကိုရိုက်ရင် ငါ့လက်ဘဲနာမှာပေါ့ "
ယခုတော့ သူမနှင့် YanHeng သာ မျက်နှာချင်းဆိုင်ရပ်လျက် ကျန်နေခဲ့တော့သည်။
အကွာအဝေးက သိပ်မဝေးသော်လည်း လေထုပတ်ပတ်လည်သည် ကသိကအောက်နိုင်လျက်ရှိသည်။သူမ တစ်ခုခုတော့ပြောရပေမည်။ " မစ္စတာ Yan မြို့ထဲမှာ လျှပ်စစ်ဓာတ်အားပြတ်တောက်သွားလို့ပါ အခု ရှင့်အတွက်အဆင်မပြေတာများရှိပါသလားရှင့် "
Yan Heng ခေါင်းခါပြလိုက်ပြီး သူ၏အသံမှာနူးညံ့နေသည်။ " XiFan ကိုယ်တို့ဒီလောက်ထိစိမ်းကားဖို့လိုလို့လားကွာ "
သူမဆွံ့အနေမိပြီး ဒီနေရာကိုလာရှာမိသည်ကိုရုတ်တရက် နောင်တရလာမိသည်။သူမ ယခု အခါလုပ်စရာမရှိတော့သည်အတွက် ဒီနေရာမှ ထွက်သွားချင်မိတော့သည်။Yan Heng ၏အသံသည် သူမ၏ အနောက်တွင်ကျန်ရစ်ခဲ့ပြီးသူမ၏ အသက်ရှူနှုန်းတွေလည်းနှေးကွေးလာကာ ထိုနေရာမှ တစ်စက္ကန်လေးတောင်ရွေ့လျားနိုင်စွမ်းမရှိပါတော့ချေ။
*နောက်ကြောင်းပြန်ခြင်း*
" Xiao Fan ..."
" Sheng XiFan မင်းရဲ့နာမည်က ဆန်ပြုတ်နဲ့အသံထွက်ဆင်နေတာဘဲ ဒါကဆန်ပြုတ်ဆိုပေမဲ့ အနံလေးက အရမ်းကိုမွှေးကြိုင်နေတာဘဲ မင်းလိုဘဲပေါ့ မင်းအရသာမှန်ကို ရဖို့ဆို ဖြည်းဖြည်းချင်းအတွေ့အကြုံယူရမယ်နော် "
" Sheng XiFan မင်းကြည့်လိုက်ဦး မင်းက အခု ကိုယ့်ရဲ့ကောင်မလေးဖြစ်နေပြီ မင်းရဲ့နာမည်ကိုတိုက်ရိုက်ခေါ်နေတာက မသင့်တော်ဘူးလေ ဒါကြောင့် ကိုယ့်ကို XiaoFan လို့ခေါ်ခွင့်ပေးနော် "
" XiaoFan XiaoFan မင်းဒီနာမည်ကိုကြိုက်လား?
ဘယ်လို? ဒါက ခွေးကိုခေါ်တဲ့နာမည်နဲ့တူတယ်တဲ့လား? ပေါက်ကရတွေ မင်းလေးက ခွေးဖြစ်နေရင်တောင် ကမ္ဘာပေါ်မှာ အလှဆုံးနဲ့ အပျင်းဆုံးခွေးလေးဘဲဖြစ်မှာ! "
" XiaoFan လမ်းခွဲကြရအောင် မင်းကပြောင်းလဲသွားပြီ အရင်က XiaoFan မဟုတ်တော့ဘူး နှုတ်ဆက်ပါတယ် Sheng XiFan ရေ "
.
Yan Heng ကခါးသက်စွာပြုံးသည်။ " XiaoFan မင်းက ကိုယ့်ရဲ့အကြိုက်ကို သိနေတုန်းဘဲနော်
ကိုယ်ကအစပ်စားရတာမကြိုက်ဘူး ဒါပေမဲ့ ဟော့ပေါ့တော့ကြိုက်တယ် ငါးစားရတာမကြိုက်ဘူး ငါးစွပ်ပြုတ်ဘဲသောက်တယ်လေ ကိုယ်နေ့တိုင်းစားတဲ့ အစားအစာတွေက မင်းကိုယ်တိုင် စားဖိုမှုးကိုညွှန်ကြားပြီးမှပြင်ဆင်
ပေးထားတာတွေတဲ့ သုံးနှစ်ကြာခဲ့ပြီ...မင်းကိုယ့်အကြောင်းကို နည်းနည်းလေးမှ မမေ့နိုင်ခဲ့ဘူးဟုတ်တယ်မလား "
Sheng XiFan ပြန်လှည့်ကြည့်ဖို့ဝန်လေးနေခဲ့သည် အကြောင်းမှာ သူမ၏မျက်ဝန်းထောင့်များမှာ စွတ်စိုနေခဲ့လေသည်။ဒီရင်းနှီးနေသည့်နာမည်လေးက သူမ၏အသည်းနှလုံးအား ကွဲကြေစေရုံသာမက လွမ်းတသသ ဖြစ်နေခဲ့ရခြင်းပင်။ထိုသို့ဆက်သွားနေပါက သူမသည် စိတ်ဒဏ်ရာများနှင့်ပြည့်နှက်နေသည့် အတိတ်ကာလနှင့် မှောင်မိုက်နေသည့်အနာဂတ်အား မည်သို့ရင်ဆိုင်ရမည်ကို မသိတော့ပေ။
ဘဝတစ်လျှောက်တွင် စိတ်ဒဏ်ရာရခဲ့ဖူးသည့်လူတစ်ယောက်အား စကားလုံးများဖြင့်ကုသနိုင်စွမ်းမရှိသလို အဆုံးမရှိသည့်အချိန်ဆိုသည်မှာလည်း ဖျောက်ဖျက်နိုင်စွမ်းမရှိပါချေ။သို့သော် ပျော်ရွှင်မှုသည် ကုသပေးနိုင်စွမ်းသော်လည်း သူမသည် ထိုအရာအား ပျောက်ဆုံးနေဆဲပင်။သူမ၏ပျော်ရွှင်မှုများကို သူကယူဆောင်သွားပြီဖြစ်သလို ဘယ်တော့မှ ရှိလာတော့မည်မဟုတ်တော့ပေ။
ရုတ်တရက် စကားပြောစက်မှ အသံမြည်လာလေသည်။ကြီးကြပ်ရေးမှူးက ဆက်သွယ်လာခြင်းဖြစ်သည်။ " မန်နေဂျာSheng မိလ္လာရေဆိုးနုတ်စနစ်ကို ငါးနာရီမှာ စစ်ဆေးဖို့သွားကြမလား "
" ကောင်းပါပြီ ကျွန်မအဲ့ဒီဘက်ကိုလာနေပြီ အဆောက်အအုံ(၁) ရှေ့မှာ ကျွန်မကိုစောင့်နေပေးပါ "
Sheng XiFan ပြန်လှည့်မကြည့်ရဲဘဲ နှုတ်ဆက်စကားဆိုလိုက်သည်။သူမ သူ့အား
" Good Bye "ဟု ဘယ်တော့မှ မပြောခဲ့ဖူးပေ။နောက်ဆုံးတစ်ခေါက်က သူမတို့နှစ်ယောက်တွေ့သည့် အချိန်ကလည်း သူမ " goodbye " ဟု လုံးဝမပြောခဲ့ပါ။ဒီအချိန်တွင်လည်း သူမ တိုးတိုးဖျော့ဖျော့လေးသာပြောလိုက်သည်။ " မစ္စတာYan ကျွန်မ သွားလိုက်ပါဦးမယ် "
(illa's Note: တရုတ်လို "Good Bye"/'နှုတ်ဆက်ပါတယ်' ဆိုတာက "meet again"/'ထပ်တွေ့ကြမယ်' လို့လည်းဆိုလိုပါတယ်)
'နှုတ်ဆက်တယ်'(goodbye)ဆိုတာ အဓိပ်ပါယျနှဈမြိုးရှိတယျလို့ သူမ အမြဲတမ်းပြောခဲ့သည်။တစ်ခုက 'ထပ်တွေ့ကြမယ်' ဖြစ်ပြီး နောက်တစ်ခုက 'နောက်ထပ်မတွေ့တော့ဘူး' ဖြစ်သည်။သူမ အဓိပ်ပါယျနှဈမြိုးလုံးကို မကြိုက်ပေ။အကြောင်းရင်းမှာ သူမသည် သူနှင့်ခွဲခွာလိုခြင်းမရှိသလို သူနှင့်ထပ်တွေ့နိုင်မည့်အခွင့်အရေးကိုလည်း မလိုချင်သောကြောင့်ဖြစ်သည်။
သို့သော် အမြဲတမ်းမျှော်လင့်ထားသလို ဖြစ်မလာခဲ့ချေ။
ဧရိယာ(C) ထဲရှိ လူလုပ်ရေကန်အားဖြတ်သန်းလာခဲ့ပြီးနောက် သူမရုတ်တရက် အားလျော့လာသလိုခံစားရသည်။ဆောင်းလေကလည်းတိုက်ခတ်လာသည့်အတွက် သူမကိုယ်သူမ တည်ငြိမ်အောင် မနည်းထိန်းချုပ်ထားရသည်။အလုပ်ဆီသို့ကိုယ်ရေးကိုယ်တာခံစားချက်များ မယူလာရန် နှင့် သူမ၏ဧည့်သည်များနှင့် မရှင်းလင်းသည့်ဆက်ဆံရေးများ မထားသင့်ကြောင့် သူမကိုယ်သူမ သတိပေးနေမိသည်။သူမသည် အမြဲတမ်းစေ့စပ်သေချာမှုရှိကာ အလုပ်နှင့်ပတ်သက်လျှင် ဆတ်ဆတ်ထိမခံသူဖြစ်သည်။သို့သော် သူမကိုယ်တိုင်ကလည်း စည်းကမ်းကြီးသူဖြစ်နေလေသည်။
အခြေအနေအားထိန်းညှိရန် အသက်ကိုပြင်းပြင်းရှူလိုက်ပြီး ယူနီဖောင်းအားပြန်ပြင်လိုက်သည်။ထို့နောက် ကိုယ့်ကိုကိုယ် ပြုံးလိုက်ပြီး ဧည့်သည်အခန်းများနှင့် အခန်းသော့များကောင်းမွန်ကြောင်း တိတ်တိတ်လေး စကားဆိုနေလျက် လက်ဗွေရာများမရှိသလို၊ အခန်းနံပါတ်များမှာ သန့်ရှင်းပြီး ညီညာနေသည်၊ နံရံနှင့်မျက်နှာကျက်များတွင်လည်း ပင့်ကူမျှင်များနှင့် အစွန်းအထင်းများမရှိပါ......။
21.7.2021
Wednesday.
If you enjoy my translation, you can comment,vote or recommend it.
Thank You EveryOne For Reading my Translating Novel 💖.
Continue Reading
You'll Also Like
1.6M 91.6K 46
|𝐑𝐨𝐬𝐞𝐬 𝐚𝐧𝐝 𝐂𝐢𝐠𝐚𝐫𝐞𝐭𝐭𝐞𝐬 - 𝐈| She was someone who likes to be in her shell and He was someone who likes to break all the shells. "Jun...
32.2K 598 18
You are the reincarnation of the strongest wizard in history, Merlin. You go to hogwarts to learn more about yourself and magic where you meet the go...
88.9K 4K 14
A Drarry fic. Harry gets dared to steal an item of Draco's clothing. Unkown to the problems it would cause, he does and ends up paying deeply for tha...
970K 30.2K 61
Dans un monde où le chaos et la violence étaient maitre, ne laissant place à ne serrait ce qu'un soupçon d'humanité. Plume était l'exception. Elle...