ကိုကို့ ရဲ့ ငယ် ♥ Uni+Zaw
By frozenmanobannca
114K 8.4K 482
gudie ဆရာမ tomboy လေးနဲ့ ကျောင်းသူလေး တို့ရဲ့ အချစ်ဇာတ်လမ်း More
ကိုကို့ ရဲ့ ငယ် ♥ intro
Part 1 ♥Uni+Zaw
Part 2 ♥ Uni+Zaw
Part 3 uni + zaw
Part4 uni+zaw
To my reader
Part 6 uni +Zaw
Part 7 uni+ zaw
Part 8 uni+zaw
Part 9 uni +Zaw
Part 10 Uni+Zaw
Part 11 Uni+Zaw
Part 12 Uni+Zaw
Part13 Uni +Zaw
Part 14 Uni+Zaw
Part 13 Zawgi
Part 15 Uni +Zaw
Part 16 Uni+Zaw
Part 17
Part 18 Uni+Zaw
Part 19 Uni+Zaw
Part 20 Uni+Zaw
Part 21 Uni+Zaw
Part 22 Uni+Zaw
Part 23 Uni+Zaw
Part 24 Uni +Zaw
Part 25 Uni +Zaw
Part 26 Uni+Zaw
Part 27 Uni+Zaw
Part 28 Uni +Zaw
Part 29 Uni+Zaw
Part 30 Uni+Zaw
Part 31 Uni+Zaw
Final Uni +Zaw
ကျေးဇူးတင်လွှာ
Bonus Part 💕💕
Part 5 uni+zaw
3.4K 265 4
By frozenmanobannca
ကိုကိုရဲ့ငယ်
အပိုင်း (5)
မနေ့ စနေ တနဂ်နွေ ဖြစ်တာကြောင့် ဂိုက်တန်းပိတ်လေသည်။
ဂိုက်တန်းပိတ်တာကြောင့် အေးချမ်းလေးတစ်ယောက် ကောင်းကောင်း အနားမယူနိုင်ပေ။ အကြောင်းအရင်းမှာကား
လွမ်းနာကျနေသောကြောင့်သာ ဖြစ်၏။
အရင်တုန်းက စနေ တနဂ်နွေဆို ချစ်သလောက် အခုတော့ စနေ
တနဂ်နွေ ရောက်မှာကိူ ကြောက်နေရ၏။ ဪ..ငယ်ရယ်..
မင်းနဲ့ နှစ်ရက်လေး မတွေ့ရတာကို ကိုယ့်အတွက်တော့ နှစ်ကမ္ဘာ
လောက်ကြာသလိုပဲ ။ ဒါပေမယ့် ဒီနေ့က တနလ်ာဆိုတော့ ဟဲဟဲဟဲ😊😊😊ချစ်ဆုံးလေးနဲ့တွေ့ရတော့မည်။
ကျောင်းမှာကတည်းကကျွန်တော့်မှာ အိမ်ပြန်ချင်တာ ဖင်တကြွကြွနဲ့ ။ ပြန်ခန်နီး chemistry ဆရာမက ချောဆွဲပြီး ခေါ်ထားတာကြောင့် ပုံမှန်ထက်နောက်ကျနေသည်။ အဲ့ဒါတွေကြောင့် Ec မလုပ်ချင်တာ။ပထမနှစ်ကတည်းက ဆရာမမေးတော့
Ec လုပ်ချင်ပါတယ်လို့ ပြောလိုက်မိတဲ့ ကိုယ့်ပါးစပ်ကို အကြိမ်ကြိမ်အခါခါ ရိုက်ပစ်ချင်တာ အသားနာမှာစိုးလို့😖😖
အခုလည်း ဒုတိယနှစ်ရောက်တော့  ကိုယ်တော့ ဒီနှစ် Ec မလုပ်တော့ဖူးဆိုပြီး လွတ်လပ်ပြီလို့ တွေးထားလိုက်တာ ။
Ec လုပ်တဲ့တစ်ယောက်က အရာရာ အလွဲလွဲ အချော်ချော်နဲ့မို့
ဆရာမတွေက အေးချမ်းကိုကို ပဲ Ec ပြန်လုပ်ဆိုပြီး အမိန့်ချလိုက်တော့ ကျွန်တော့်ဘဝမှာ ဘာနဲ့တူလည်း ဆိုတော့ သံလိုက်မိနေတဲ့
သံချောင်းလိုပဲ ဘယ်လိုပြေးပြေး ပြေးလို့မလွတ်တော့ဘူး ။
ပြီးတော့ ဆရာမတွေက တအားချစ်ဖို့ကောင်းတာ သိလား။ အေးချမ်းကိုကိုနင် ကျောင်းမပြီးမချင်း နှစ်တိုင်း Ec လုပ်ရမယ်တဲ့🙂 ဆရာမတွေရှေ့မို့ ငိုလို့မကောင်းလို့ ပြုံးပြလိုက်ပါတယ်
fake smile ကြီးနဲ့။🙂🙂 အခုလည်း ပြန်ချင်တာကို ပြန်လို့ မရသေးဆရာမက မနက်ဖြန် pratical လုပ်ရမှာမို့လို့ လိုအပ်တဲ့ ပစ္စည်း တွေ ကို ဝယ်ခိုင်းဖို့ စာရင်းလုပ်နေတာလေ။ 😫😫
အမေရေ အမေ့သမီး လေး ဘဝကို လှည့်ကြည့်ပါအုန်း
အခုတော့ ပြန်ချင်တာကို ပြန်လို့မရ တွေ့ချင်နေတဲ့ သူကို လည်း
တွေ့လို့ကမရသေး အမေက ကောင်းရှာပါတယ် ဂျင်းကို
အတောင့်လိုက်ကျွေးလိုက်တာလေ ငါ့သမီးလေး တက္ကသိုလ်ရောက်ရင် Ec လုပ်တဲ့ ဒါဆို ငါ့သမီးလေ အမှတ်ကောင်းမှာတဲ့ ။
အမေ့စကားကို ယုံစားပြီး လုပ်လိုက်တာ အခုတော့ လူက
လုံးပါးပါးတော့မယ် နောက်ဆို အမေ့စကား2နဲ့စား အကြွင်း
သုည မယုံ ရ ဆိုတဲ့ စကားတိုင်း မယုံရဲတော့ဘူး 😭😭😭
ခင်ဗျားတို့လည်း တက္ကသိုလ်ရောက်ရင် Ec မလုပ်ကြနဲ့သိလား
မဟုတ်ရင် ကျွန်တော့်လိုဖြစ်နေမယ်။
ဆရာမချောဆွဲလွန်လိုက်တာ အိမ်ကို ၆နာရီထိုးခါနီးမှ ပြန်ရောက်လို့
ရေကို ဒုန်းစိုင်းချိုးပြီး ထမင်းကို စစ်ပြေးစားလာရတာ။ တော်သေးတယ် ကျောင်းကို အချိန်မှီရောက်လို့။ ကျွန်တော်ရောက်လာတော့
အားလုံးက စာကျက်နေကြသည်။ ဒီနေ့ ကျက်စာနေ့ ဆိုသော
ကြောင့် အားလုံး ကျက်စာတွေကျက်ရသည်။ Bio သမားက
Bio Eco သမားက Eco ပေါ့ မြန်မာစာကတော့ အရင်ကျက်ရတာပေါ့ နောက်မှ တခြားဟာတွေ ကျက်ရတာ။
ကျက်စာနေ့မို့ စာလိုက်ရှင်းပြစရာမလို။ သူတို့လာပြိုင်ရင်
ကိုယ်က နားထောင်ပေးရုံ သာ ။ တစ်ချို့ ဆရာရှင်းတုန်းက နားမထောင်မိလိုက်လို့ မသိတဲ့ ဟာလေးတွေ လာမေးမှသာ ကိုယ်က ပြောပြရုံပဲ။ ဒီလို ကျက်စာနေ့ဆို အေးချမ်းအကြိုက်😏😏
ငယ် စာလာပြိုင်ရင် စာအုပ်ကြည့်သလိုနဲ့ အဝ ထိုင်ကြည့်လို့ရတယ်လေ ။
ဒီလိုနဲ့ စာကျက်နေကြရင်း ဖူးဖူးခေါ်လို့ သူ့နားသွားလိုက်သည်။ ငယ်နဲ့ ကြွေရုပ်နဲ့က တော့ ဟိုဘက်မှာ စာကျက်နေကြသည်။ ဖူးဖူးက eco ဆိုတော့ ငယ်တို့နဲ့ မတူ ဒါကြောင့်တစ်ယောက်ထဲ ခွဲကျက်နေခြင်းဖြစ်သည်။
"ကဲ အမတော်ချော ဘာမေးမလို့လည်း ကျုပ်က eco မဟုတ်ဘူးနော် "
"ဟာ..မမအေးချမ်းကလည်း ဖူးဖူးက စာမေးမလို့ မဟုတ်ပါဘူး"
"အာ့ဆို ဘာမေးမလို့တုန်း"
"မမအေးချမ်း မိယွန်းကို ဘယ်လိုမြင်လည်းဟင်"
"ဒီတိုင်း ချောလည်းချောတယ် စာလည်းတော်တယ် မိန်းကလေး
တစ်ယောက်အနေနဲ့ဆိုရင် perfect ပေါ့ ဘာလို့လည်း"
တကယ်ဖြေချင်တာက ငါ့မိန်းမ ဖြစ်မယ့် ကောင်မလေးလို့ဖြေချင်တာ😘😘
"အယ်...ဟုတ်ပါပြီ မမအေးချမ်း က အဲ့လိုမြင်တယ်ဆိုတော့
တခြားကော ဘယ်လိုမြင်သေးလည်း"
"ဘယ်လိုမြင်ရမှာလည်းဟ"
"ချစ်သူရည်းစားတစ်ယောက်လိုလေ"
"yar. ."
အော်လိုက်တာ အသံတော်တော်လေးကျယ်သွားသည် ထင်ပ စာကျက်နေတဲ့ ကျောင်းသူအကုန်လုံးလှည့်ကြည်လာကြသည်။
နောက်တော့ မှ ပြုံးပြလိုက်ပြီး အားလုံးကို စာပြန်ကျက်ခိုင်းလိုက်သည်။
"မမအေးချမ်းက အသံတော်တော် အောင်တာပဲ ဒါလေးပြောတာကို အော်လိုက်တာ နားစည်တောင်အူသွားတယ်"
"နင်ပြောတဲ့ စကားကို ကြည့်အုန်းလေ လူကို ဘာတွေလာပြောနေမှန်းမှ မသိတာ"
"အယ်...ဘာကို မသိတာ ဖူးဖူးက တော့ သိလွန်းလို့ ဟိုဘက်လွန်နေပါပြီနော် မမအေးချမ်း မိယွန်းကို ကြိုက်နေတာ ဖူးဖူးရိပ်မိတာကြာလှပြီ😎😎  "
"မဟုတ်....မဟုတ်ပါဘူး..ငါ..ငါ က ဘာလို့ကြိုက်ရမှာလည်း😣😣"
"ဟဲ ဟဲ..ဟဲ 🤣🤣 မမ အေးချမ်းသာ မကြိုက်ဘူးဆိုရင်
ဘာလို့ စကားတွေက ထစ်နေရတာလည်း "
"မထစ်ပါဘူး.. နဲနဲ လန့်သွားလို့ပါ"
"ဘာလည်း ဖူးဖူးပြောလိုက်တာ မှန်သွားလို့ လန့်သွားတာလား"
"မဟုတ်ပါဖူးဆိုဟာ..😣😣😣"
"မမအေးချမ်းကလည်း မူမနေပါနဲ့ ဖူးဖူးက အောင်သွယ်ပေးမလို့ကို မမကသာ ငြင်းနေသာ မမမျက်လုံးထဲမှာ မိယွန်းကို ချစ်တဲ့ အချစ်တွေပြည့်နှက်နေတာ ဖူးဖူး မသိဘူးများထင်နေလား"
"ဟို...မဟုတ်...ဟို"
ဟာကွာ...ဘယ်လိုလုပ်ရမလည်း..ဖူးဖူးကလည်း ဇွတ်တွေလာမေးနေတယ်..နေပါအုန်း သူကဘယ်လိုသိသွားတာတုန်း ငါ ငယ့်ကို
ကြိုက်နေတာကို..ထားပါတော့ကွာ သိလည်းသိပစေတော့
ဝန်ခံလိုက်တော့မယ်
"အေး ဟုတ်တယ်ဟာ "
"ဟဲဟဲဟဲ 😏😏😏ဒါပဲလေ ဖူးဖူးကို ဘယ်သူမှလာညာလို့မရဖူး"
အရှေ့မှာ မေးကို လက်နဲ့ပွတ်ပြီး ဆရာကြီး စတိုင်လာလုပ်နေသော
ဖူးဖူးမကို ဖြစ်နိုင်ရင် နပန်တွေချည်းပိတ်ကျင်းချင်သည်။ သူလုပ်လို့ ကိုယ့်မှာ မြိုသိပ်ထားတဲ့ အချစ်တွေ ပွင့်အမ်လာခဲ့ရတာသည်။
ခဏ..ခဏ..နေပါအုန်း ဖူးဖူး က သိနေတယ်ဆိုတော့ မဟုတ်မှလွဲရော ငယ်ကောသိသွားပြီလား...😫😫😫မေးကြည့်အုန်းမှပါ
"ဖူးဖူး ဒါနဲ့ ငါကြိုက်နေတာ သူကော သိလားဟင်"
"ဒါပေါ့ ဖူးဖူးတောင်သိတယ်ဆိုတော့ တစ်တန်းလုံးလည်း သိနေ
ပြီလေ"
အမယ်လေးလေး သွားပါပြီ ငါရဲ့ image လေး တော့ ပျက်ပါပြီ 😭😭😭မသိစေချင်လို့ တိတ်တိတ်ကလေးခိုးချစ်ပါတယ်ဆို
တစ်တန်းလုံးသိနေပြီတဲ့ အမေရေ ကယ်ပါအုန်း အမေ့ကလေးလေးရဲ့ ထိန်းသိမ်းလာတဲ့ နှစ်နှစ်တာ ဂုဏ်သိက္ခာလေးတွေ သွားရှာပါပြီ
😫😫😫
ဖူး ရဲ့ အရှေ့မှာ မျက်နှာလေးက ရှုံ့မဲ့ပြီး ပြိုတော့မယ်မိုးလို
ငိုတော့မယ် မမအေးချမ်းကို ကြည့်ပြီး ရယ်ချင်စိတ်တွေ မနည်းထိန်းထားရတယ်။ ဒါလေးစလိုက်တာကို တကယ်ငိုတော့မယ့်အတိုင်းပဲ။ ကိုယ်တောင် သေချာစောင့်ကြည့်လို့ သိတာကို
တခြားသူတွေဆို ရိပ်မိဖို့နေနေသာသာ တွေးမိကြမှာကို မဟုတ်ဘူး။
ဒါကို တစ်တန်းလုံး သိနေတာလို့ စလုိက်တာကို ယုံသွားရှာတဲ့
အရှေ့က ဂိုက်ဆရာမ အအ လေးကို ပြန်ချော့ရတော့မယ်ပုံပေါ်နေသည်။ တကယ်ကြီး ငိုချလိုက်မှ ပြသာနာ အကုန်လုံးက ဖူးဖူး
ခေါင်းပေါ်ရောက်လာလေမည်။😣😣 အဓိက ကတော့ မိယွန်း
သူ့ကိုကို ကို ငိုအောင်လုပ်တယ်ဆိုပြီး နဂါးမျက်စောင်းပေါင်းတစ်သိန်းနဲ့ ထိုးချလိုက်မှ လူက ပြာဖြစ်နေအုန်းမည်။ မဖြစ်ဘူး မဖြစ်ဘူး စ လိုက်တယ်ဆိုတာ ပြန်ပြောမှ😔😔😔
"မမအေးချမ်းရယ် ဖူးဖူက စလိုက်တာပါ ဘယ်က တစ်တန်းလုံးသိမှာလည်း ဖူးဖူး တောင် မနည်းသေချာစောင့်ကြည့်နေလို့ သိတာကို
မိယွန်းတောင်မသိဘူး"
"တကယ်လား ဟင် 😟😟"
မျက်ရည်လေး ဝဲတဲတဲနဲ့ ပြောလာတဲ့ မမအေးချမ်းကို ကြည့်ပြီး
စိတ်ထဲမှာတော့ တော်တော်လေးချစ်စရာကောင်းတာပဲလို့ မှတ်ချက်ချလိုက်သည်။ မိယွန်းကြိုက်လည်း ကြိုက်ချင်စရာပင်
မမအေးချမ်းက ချောတာမဟုတ်ဘဲ အရမ်းချစ်စရာကောင်းတဲ့သူမျိုး မျက်မှာမြင်ရင် ချစ်ခင်ပါစေ ဆိုပြီး ဆုနဲ့ပြည့်လာတာ သူရယ်လိုက်ရင် အစွယ်လေးက ပေါ်လာပြီးတော့ ပါးချိုင့်လေးက ပါလာသေးတာ အဲ့ဒါကြောင့် ကျောင်းမှာ မမအေးချမ်းကို မချစ်တဲ့လူသိပ်မရှိ အဲ.. တစ်ယောက်တော့ရှိတယ် ဟို မာန်ဆက်မိုးမြင့်ဆိုတဲ့ ဂိုက်ဆရာတစ်ယောက်တော့ရှိတယ် ဖူးဖူးကြားတာတော့ မမအေးချမ်းနဲ့
အဲ့ ဂိုက်ဆရာနဲ့က သိပ်မတည့်ဘူးဆိုပဲ
သူကလည်း ရုပ်ချောတော့ တစ်ချို့အတန်းထဲက ကောင်မလေးတွေဆို အသေကြိုက်တာ ဒါပေမယ့် မိယွန်းကို လာကြိုက်တော့ မိယွန်းက ငြင်းပစ်လိုက်တယ်လေ အဲ့တော့ တစ်ချို့ကျောင်းသူတွေက ဘာညာ ဘာညာ ဆိုပြီး ပြောနေကြသေးတာ ဖူးဖူးလည်း အဲ့တစ်ယောက်ဆို သိပ်မကြည် သူဟာသူ ရုပ်ချောတာက ရုပ်ချောတာပဲ တို့ရဲ့ မမအေးချမ်းကမှအရမ်း ချစ်စရာကောင်းတာ ဒါပေမယ့် မိယွန်းရှေ့မှာတော့ မမအေးချမ်းက ဘယ်လိုချစ်စရာကောင်းတာတို့ဘာတို့ကို သွားမပြောမိစေနဲ့ ကျောကုန်းတို့ လက်မောင်းတို့ စုတ်ပြတ်သတ်သွားမယ်နော် ဘာမှတ်နေလည်း မိယွန်းလက်ဆက ဆရာမ ဒေါ်ခင်အုန်းမြင့် လက်ဆနီးပါးရှိတယ် ဒါကြောင့် တစ်ခါတစ်လေဆို ကိုယ့်မှာ သူ့ကို ကြောက်နေရတာ
"ဟဲ့ ဖူးဖူး "
"နင် ကလည်း ငါခေါ်နေတာ ကြာနေပြီကို ဘာတွေတွေးနေတာလည်း"
"ဘာမှမဟုတ်ပါဘူး ဒါနဲ့ မမအေးချမ်း ဘာပြောလိုက်တာလည်း ဟင်"
"ဟို...ဟို..သူဘက်ကကော ငါ့ကို ဘယ်လိုသဘောထားလည်းဟင်😳😳"
"အဲ့ဒါကတော့ သိချင်ရင် မုန့်ဝယ်ကျွေး"
"😒😒😒"
"စတာ စတာ အမှန်တော့လေ မိယွန်းဘက်ကလည်း မမကို
ကြိုက်နေတာ ကြာလှပြီ သိလား"
"တကယ်..😳😳😳"
"တကယ် အာ့ကြောင့်မို့ ဖွင့်ပြောလိုက်ပါလား"
"ဟို ဖွင့်ပြောဖို့ကျတော့ နည်းနည်း😁😁😁"
"ကဲပါ ရှက်မနေပါနဲ့ လာလာ ဒီနားတိုး ဖူးဖူးပြောပြမယ်"
"ဒီလိုကွာ..@#*****$$****#@#++"
"Okay 😊😊😊"
#အေးချမ်းညိမ်း
ကဲနောက်အပိုင်းကြရင် ဖူးဖူး ပေးလိုက်တဲ့အကြံက ဘာလည်းဆိုတာ သိကြမှာပေါ့နော် ခန့်မှန်းကြည့်ကြပါလား
အခုတလော Update ကြာသွားတဲ့အတွက် sorry ပါဗျာ လိုင်းက မရတာက တစ်မျိုး ဖျားနေတာက တစ်မျိုးကြောင့် ဘယ်လိုမှ မတင်ပေးလိုက်နိုင်တာပါ နောက်ပိုင်း
တွေကို တင်နိုင်သမျှတင်ပေးပါ့မယ်နော် လူက ဖျားနေတာကြောင့်ကော စာက သိပ်မရေးနိုင်လို့ပါ
Update ကြာသွားတဲ့အတွက် တိတ်တခိုးချစ်ရပါသောလေးကို Bonus part လေးတင်ပေးထားပါတယ်နော်✌✌
Zawgi
ကိုကိုရဲ့ငယ်
အပိုင်း (5)
အရင်တုန်းက စနေ တနဂ်နွဆေို ချစ်သလောက် အခုတော့ စနေ
တနဂ်နွေ ရောက်မှာကို ကြောက်နေရ၏။ ဪ..ငယ်ရယ်..