ကိုကို့ ရဲ့ ငယ် ♥ Uni+Zaw
By frozenmanobannca
114K 8.4K 482
gudie ဆရာမ tomboy လေးနဲ့ ကျောင်းသူလေး တို့ရဲ့ အချစ်ဇာတ်လမ်း More
ကိုကို့ ရဲ့ ငယ် ♥ intro
Part 1 ♥Uni+Zaw
Part 2 ♥ Uni+Zaw
Part4 uni+zaw
To my reader
Part 5 uni+zaw
Part 6 uni +Zaw
Part 7 uni+ zaw
Part 8 uni+zaw
Part 9 uni +Zaw
Part 10 Uni+Zaw
Part 11 Uni+Zaw
Part 12 Uni+Zaw
Part13 Uni +Zaw
Part 14 Uni+Zaw
Part 13 Zawgi
Part 15 Uni +Zaw
Part 16 Uni+Zaw
Part 17
Part 18 Uni+Zaw
Part 19 Uni+Zaw
Part 20 Uni+Zaw
Part 21 Uni+Zaw
Part 22 Uni+Zaw
Part 23 Uni+Zaw
Part 24 Uni +Zaw
Part 25 Uni +Zaw
Part 26 Uni+Zaw
Part 27 Uni+Zaw
Part 28 Uni +Zaw
Part 29 Uni+Zaw
Part 30 Uni+Zaw
Part 31 Uni+Zaw
Final Uni +Zaw
ကျေးဇူးတင်လွှာ
Bonus Part 💕💕
Part 3 uni + zaw
3.4K 277 0
By frozenmanobannca
ကိုကို့ရဲ့ ငယ်
အပိုင်း (3)
ဒီနေ့ ဂိုက်တွေ စဖွင့်မည်ဆိုတာကြောင့် ရေမိုးချိုး ထမင်းစားပြီး
ပိုးစံအိမ်ကို ဝင်ကာ ခေါ်၍ နှစ်ယောက်အတူတူ ကျောင်းကို လာလိူက်သည်။ ပိုးစံကော ကျွန်တော်ကောရဲ့ အိမ်က ကျောင်းနှင့်တစ်ပြလောက်သာဝေး၍ နှစ်ယောက်လုံး လမ်းလျှောက်၍ သာ လာလိုက်သည်။
တိုက်ပေါ်တက်လာပြီး အခန်းတံခါးဖွင့်လိုက်သောအခါ ကျောင်းသူတော်တော်များများကို တွေ့လိုက်သည်။ ဒီနှစ် ကျောင်းသူတွေများသားပဲ  ... အကုန်လုံးက ကျွန်တော့်ကို လူထူဆန်းလိုလိုက်ကြည့်နေသည်။ အေးလေ ကြည့်မှာပေါ့ ကျွန်တော်က မိန်းကလေးမှန်း သူတို့မှမသိတာ မနှစ်ကလည်း အဲ့တိုင်းပဲ နောက် မိတ်ဆက်တော့မှသိတာ... ကျွန်တော့်ကို ကြည့်နေတဲ့ ကျောင်းသူတွေကို ပြန်ကြည့်နေခိုက် တစ်နေရာအရောက် ကျွန်တော့် နှလုံးခုန်သံတွေ အရမ်းမြန်လာသည်။
အဲ့တာကတော့ တခြားမဟုတ် ကျွန်တော့်ရဲ့ အတွေးထဲကို ခဏခဏ ဝင်ရောက်နေတဲ့ ကောင်မလေး.... ကျောင်းရှေ့မှာတွေ့ခဲ့တဲ့ ကျွန်တော့်ရဲ့ ရင်ခုန်သံလေး ...သူလည်း ဒီကျောင်းမှာတက်နေတာလား.... အားလားလား ပျော်လိုက်တာ..😏😏😏
ပြုံးချင်နေတဲ့မျက်နှာကို မနည်း မျက်နှာပိုးသတ်ထားရတယ်.
ရင်ထဲမှာလည်း ဗုံးတွေ အလုံးတစ်ထောင်လောက်ပေါက်သွားသလိုပဲ ဟုတ်တယ်လေ ကိုယ် ကြိတ်ပြီး ချစ်နေခဲ့ရတဲ့ ကောင်မလေးကို
နေ့တိုင်းတွေ့ရတော့မှာဆိုတော့ 😊😊😊😊
သူလည်း ကျွန်တော့််ကို တွေ့တော့ အံသြသွားပုံပါပဲ
သူနဲ့ ကျွန်တော်နဲ့ အကြည့်ချင်းဆုံနေတာကို ဘေးက သူ့သူငယ်ချင်း သာသနာဖျက်လေးက သူ့ကို ခေါ်လိုက်လို့ နှစ်ယောက်သား
အကြည့်ချင်းဆုံနေတာလေးပျက်သွားတယ် ဟွန့် 😒😒😒
နောက်တော့ သူ့ဆီကနေကို ကျွန်တော့်မှာမျက်လုံးမခွာနိုင်တော့ဘူး
ဂိုက်တွေမိတ်ဆက်နေတာတောင် ကိုယ့်အလှည့်ရောက်မှန်းမသိလို့
ပိုးစံ က လှမ်းပြီး သတိပေးတော့ မှ သိတော့တယ် ကိုယ့်ရဲ့ ရင်ခုန်သံလေးရေ မင်းကတော့ မင်းဆီကနေ အကြည့်မခွာနိုင်အောင်ကို
ဆွဲဆောင်နိုင်လွန်းတယ်ကွာ..
ဂိုက်တွေလည်း အကုန်ဆုံပြီဆိုတော့ ဆရာက အဖွဲ့တွေခွဲပေးတော့သည်။ repeater တွေကို ကြ အမဝေဝေလွင်နဲ့ အသစ်နှစ်ယောက်က ကိုင်ရသည်။ fresher တွေခွဲတော့ ကျွန်တော့်မှာ သူလေး ကျွန်တော့်အဖွဲ့ထဲပါဖို့ ရင်ထဲမှာ အကြိမ်ကြိမ်ဆုတောင်းနေသည်။ ဆရာက ကျွန်တော့်အဖွဲ့ကို ဖွဲ့ဖို့ နာမည်တွေခေါ်တဲ့အချိန်မှာ အကယ်ဒမီ ပေးပွဲရောက်နေသလိုပင် ။ ကျေးဇူးပြုပြီး သူ့နာမည်လေး ပါပါစေ😣😣
"အေးချမ်း ကိုင်ရမယ့် ကျောင်းသူတွေက
ရွှေရည်ဝင်း လဲ့လဲ့မော် ဖူးပွင့်ခိုင် ကြွေရုပ် မေယွန်းငယ် နင်တို့က
ဆရာမလအေးချမ်းကိုကို ဆီသွားလိုက်"
"ဟုတ်"
နေပါအုန်း ဟ.. ငါက သူ့နာမည်မှ မသိတာ ငါ့အဖွဲ့ထဲသူပါရဲ့လားမသိဘူး....
ဆရာနာမည်ခေါ်လိုက်တဲ့ ကျောင်းသူငါးယောက်က ကျွန်တော့်ဆီ လာတဲ့အခါ ထပြီး ခုန်လိုက်ချင်သလို ။ ဘာကြောင့်လည်းဆိုတော့
သူက ကျွန်တော့်အဖွဲ့ထဲမှာပင်..😊😊
ကျွန်တော်လည်း သူတို့ငါးယောက်ကို သုံးယောက်တစ်တန်းနဲ့ နှစ်ယောက်တစ်တန်းထိုင်ခိုင်းလိုက်လေသည်။ သူနဲ့ သူ့သူငယ်ချင်း
နှစ်ယောက်က အရှေ့တန်းမှာထိုင်သည်။ နောက်နှစ်ယောက်က
ေအနောက်တန်းမှာ ထိုင်သည်။ ကျွန်တော်က တော့ သူတို့ရဲ့ အရှေ့က ခုံမှာ ထိုင်လိုက်တယ်။
သူက မိန်းကလေးဆိုတာကို သိသွားပေမယ့်လည်း ယွန်းရဲ့ ရင်ခုန်သံတွေက မနှေးသွားဘူး မြန်ဆဲက မြန်ဆဲပင် ဆရာက အဖွဲ့တွေ
ခွဲပေးတုန်းက သူ့ဆီမှာ ယွန်းကျချင်လို့ တစ်သက်နဲ့တစ်ကိုယ်
ဆုမတောင်းဖူးတဲ့ ယွန်း ဆုတောင်းနေရသည်။ သူ့အဖွဲ့ထဲမှာ ကျလို့
ပျော်လိုက်တာလည်း ပြောမနေပါနဲ့  ရင်ဘတ်ထဲ လိပ်ပြာတွေ
အုပ်လိုက်ပျံသွားသလိုပဲ။
ထိုင်ကြတော့ ယွန်းရယ် ကြွေရုပ်ရယ် ဖူးပွင့်ခိုင်ရယ်က အတူထိုင်သည်။ အရင်ကတည်းက ယွန်းတို့က အတူထိုင်နေကြဆိုတော့ ပြောစရာမလို။ ရွှေရည်ဝင်းနဲ့ လဲ့လဲ့မော်တို့နဲ့က ယွန်းတို့နဲ့ အခင်ကြီးမဟုတ်ပေမယ့် ခင်တာတော့ ခင်ကြသည်။ သူတို့နှစ်ယောက်ကလည်း အမြဲတမ်းတတွဲတွဲကြောင့် သူတို့
နှသ်ယောက်အတူတူထိုင်မယ်ဆိုတာကတော့ သေချာပေါက်သိသည်။
သူကတော့ ယွန်းတို့ရဲ့အရှေ့ခုံမှာထိုင်သည်။ နောက်တော့ သူကပဲ စ၍ မိတ်ဆက်စကားပြောလေသည်။
"အားလုံး မဂ်လာပါ အမ နာမည်က အေးချမ်းကိုကိုပါ
ဒီတစ်နှစ်လုံး မင်းတို့ငါးယောက်ကို ဂိုက်ပြပေးမယ့် ဂိုက်ပေါ့နော်"
"ဒါဆိုအမက မိန်းကလေးပေါ့နော်"
"ဗျာ"
ဘေးက ဖူးပွင့်မ အမေးကြောင့် လူတောင် ေကြာင်သွားသည်။
သူ့ကို ကြည့်လိုက်တော့ ပြုံးပြုံးပဲ။ အာ..ဒီဖူးပွင့်မတော့ သေချင်စော်နံနေပြီ ငါ့ crushလေးကို ဘယ်လိုတွေမေးနေမှန်း
မသိဘူး။ ကြားထဲက ယွန်းကပဲ တောင်းပန်ရသည်။
"အမ sorry နော် သူကအဲ့လိုပဲ ကြောင်တောင်တောင်နဲ့မို့"
"ရပါတယ် ဒါက အမ နှစ်တိုင်း   ကြုံနေကြပဲ ကဲဒီတော့
ဒီက နာမည်လေးတွေပြောပါအုန်း ခုဏက နာမည်တွေကြားပေမယ့် ဘယ်သူက ဘယ်နာမည်မှန်းမသိလို့"
"ညီမက ဖူးပွင့်က ညာဘက်က ကြွေရုပ် ဘယ်ဘက်က မေယွန်းငယ် အနောက်က နှစ်ယောက်ထဲက သူက ရွှေရည်ဝင်း သူက လဲ့လဲ့မော်"
"ဪ ဟုတ်ပါပြီ အာ့ဆို ဆရာက သချ်ာအခန်း ဘယ်လောက်ကို
တွက်ခိုင်းထားတာလည်း "
"အခန်း ၁"
"ဟုတ်ပြီ အဲ့ဒါဆို ရင် အမက function အကြောင်းတွေ
အရင်ရှင်းပြမယ်နော် ဒါနဲ့ အနောက်က နှစ်ယောက် အမ စာရှင်း
ချင်လို့ အရှေ့တန်းတက်ခဲ့လိုက်ပါလား ကဲ ဟုတ်ပြီ စရှင်းပြီနော်
ေသချောလိုက်ကြည့်ထား function က ဘယ်လိုဖြစ်ပေါ်လာတာ
လည်းဆိုတော့ @#$#########@. ...............
ဒါဆိုရင်နားလည်ပြီလား "
"ဟုတ်ကဲ့ "
"ဒါဆိုရင် ပုစ္ဆာ တွက်ကြမယ်"
စာရှင်းလို့မောသွားတော့ ပါလာတဲ့ ရေဘူးလေးကို မော့အသောက်
ကိုယ့်ရဲ့ ကောင်မလေးကို တစ်ချက်ခိုးကြည့်လိုက်သေးသည်။
စာရှင်းနေတုန်းကလည်း သူ ခဏခဏ ကိုယ့်ကို ခိုးကြည့်နေတာကို
လည်း သတိထားမိသည်။ နောက်ပြီး သူ့နာမည်လေးလည်း သိလိုက်ရသည်.. မေယွန်းငယ်တဲ့ လှလိုက်တဲ့နာမည်လေး ကိုယ့်ရင်ထဲကတော့ နာမည်ပေးလိုက်မိပြီ  ငယ်....လို့...
ဒီလိုနဲ့ စာတွက်လိုက်.. နားမလည်တာတွေရှင်းပြလိုက်နဲ့ ၁၀နါရီထိုးသွားလေသည်။ ဪ ကိုယ် ချစ်ရသူလေးရှိနေတော့လည်း
အချိန်တွေက အရမ်းမြန်သလိုပဲ ။ ကျောင်းသူတွေအကုန်လုံးဆင်းသွားမှ ဂိုက်တွေဆင်းရသောကြောင့် သူ့ကို တောင် ထပ်မတွေ့လိုက်ရ။
ဘာပဲဖြစ်ဖြစ်နောက်နေ့တွေ ထပ်တွေ့ရမယ်ဆိုတဲ့အသိနဲ့တင်
လူက ပင်ပန်းနေပေမယ့်လည်း Energy တွေပြည့်နေသလိုပင်။
မနက်ဖြန်တောင်မြန်မြန်ရောက်ချင်နေမိတော့သည်။
#အေးချမ်းညိမ်း
ဒီအပိုင်း နည်းနည်းတိုသွားတယ်။
Zawgi
ကိုကို့ရဲ့ ငယ်
အပိုင်း (3)
သူလည်း ကျွန်တော့်ကို တွေ့တော့ အံသြသွားပုံပါပဲ
"ဟုတ်"
"ဗျာ"
ဘေးက ဖူးပွင့်မ အမေးကြောင့် လူတောင် ကွောငျသှားသညျ။
"ဪ ဟုတ်ပါပြီ အာ့ဆို ဆရာက သခ်ျာအခန်း ဘယ်လောက်ကို
တွက်ခိုင်းထားတာလည်း "
"အခန်း ၁"
သေခြောလိုကျကွညျ့ထား function က ဘယ်လိုဖြစ်ပေါ်လာတာ
လည်းဆိုတော့ @#$#########@. ...............
"ဟုတ်ကဲ့ "
"ဒါဆိုရင် ပုစ်ဆာ တွက်ကြမယ်"
#အေးချမ်းညိမ်း
Continue Reading
You'll Also Like
11.9K 621 4
TaeNy fanfic based on a true story ... Enjoy Reading
194M 4.6M 100
[COMPLETE][EDITING] Ace Hernandez, the Mafia King, known as the Devil. Sofia Diaz, known as an angel. The two are arranged to be married, forced by...
55.3M 1.8M 66
Henley agrees to pretend to date millionaire Bennett Calloway for a fee, falling in love as she wonders - how is he involved in her brother's false c...
1.7M 123K 67
ဤဇာတ်လမ်းပါ အကြောင်းအရာသည် စာရေးသူ၏ စိတ်ကူးယဉ် သက်သက်သာ ဖြစ်၍ မည်သည့်အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်ကိုမှ ထိခိုက်စော်ကားလိုခြင်းမရှိပါ။ #Boylove#Romance#Maf...