A/N
Best part ဆိုတဲ့ သီချင်းလေးကို နားမထောင်ဖူးသေးရင် အရင် နားထောင်ကြည့်ပေးဖို့ ဆူးဆူး လေးလေးစားစား တိုက်တွန်းပါတယ်ဗျ။
Media က you tube vd က male only ver ပါ။
Fb မှာ mm sub နဲ့ ရှိပါတယ်။
Link ပဲ ပေးမယ်နော်။
ဆူး wp ver က အောက်မှာ vd ထည့်လို့ မရလို့😢
https://www.facebook.com/114361830292313/videos/572908016712767/
တအား နားထောင်စေချင်လို့ နှစ်ခုတောင် ရှာပေးထားတာနော် ဟွင်းဟွင်း 😌😌
Unicode
"ကျွန်တော် ဖေဖေနဲ့ တစ်နေ့ခင်းတော့ နေပေးလိုက်အုံးမယ်။
ဧည့်တွေ့ချိန် ကျော်ရင်က ပြန်ရမှာဆိုတော့...
ပြီးတာနဲ့ ဖုန်းဆက်လိုက်မယ်။
ရုံးချုပ်မှာပဲ ရှိသေးရင်လည်း ဝင်ခေါ်မယ်။
ညစာ စားချိန်နဲ့တော့ ကွက်တိပဲ။
စားချင်တာ ပြောထား၊ ဝယ်လာပေးမယ်။
အရေးအကြောင်းရှိရင်တော့ ချက်ချင်း ဖုန်းခေါ်နော်။
ချက်ချင်း ထွက်လာမယ်။”
"အစ်ကို ပစ္စည်းလေးတွေ ဒီထဲ ထည့်လိုက်နော်။”
nurse လေး အပြောကြောင့် Msg ကို အပြီးသတ်ကာ ကမ်းပေးသော ခြင်းပြာလေးထဲသို့ ဖုန်း လှမ်းထည့်လိုက်သည်။
အထူးကြပ်မတ်ဆောင်သို့ ပိုးသတ်ဝတ်စုံနှင့် ဝင်ရတာက သူ့အတွက်တော့ အတော်လေး စိတ်ကသိကအောက် ဖြစ်ရသလို...
မှန် အကြည်မှ တစ်ဆင့် အထဲသို့ လှမ်းကြည့်ရင်း ခန့်ညားရှိန် သက်ပြင်းချမိသည်။
ကုတင်ပေါ်တွင် ပတ်တီးအဖွေးသားနှင့် မှိန်းနေသော ဖေဖေပုံစံက သူ့ရင်ကို တမျှင်းမျှင်း နာကျင်စေသည်။
Slide door ကို ဆွဲလိုက်ဖို့ပင် လက်တွေက မဝံ့ရဲသလို။
"လူနာက သတိရရချင်း အစ်ကို့ကို မေးနေတာ။”
Nurse လေး ပြောသံကြားမှ သူ ပြုံးကာ ခေါင်းညိတ်ရင်း တံခါးကို ဆွဲဖွင့်လိုက်မိသည်။
အသံကြားသည်နှင့် ဖေဖေက ဆတ်ခနဲ မျက်လုံးပွင့်လာသည်။
"သား...”
ခေါ်သံတိုးညှင်းညှင်းအဆုံး သူ ရင်ထဲလည်း တစ်ဆို့ဆို့...
မသိမသာ ခေါင်းငုံ့ကာ ဘေးရှိ ခုံလေးတွင် ဝင်ထိုင်လိုက်မိသည်။
"ဘယ်လိုလဲ ဖေဖေ နေသာရဲ့လား။”
သူ မေးတော့ ဖေဖေက ခေါင်းကို ခပ်ဖြည်းဖြည်း ညိတ်သည်။
"အင်း...
လွန်ခဲ့တဲ့ နာရီပိုင်းလောက်က ငါ့ခန္ဓာကိုယ်ထဲကို ခွဲစိတ်ကိရိယာတွေ ဝင်ချည်ထွက်ချည် ဖြစ်ခဲ့ပါလားဆိုတာကို မတွေးနေရင်တော့ တော်တော်လေး အဆင်ပြေပါတယ်။”
ခန့်ညားရှိန် ရယ်ချင်စိတ်ကို နှုတ်ခမ်းကိုက်ကာ ထိန်းလိုက်ရသည်။
ဖေဖေကတော့လေ ဒီလောက် ဖြစ်နေတာတောင် နောက်နေနိုင်သေးတယ်။
အခြေအနေတွေက ပုံမှန်လို ခံစားမိနေပြီးကာမှ...
ရုတ်တရက် ထိုင်းမှိုင်းကာ စိတ်ထဲ ကျင်ခနဲ ဖြစ်သွားမိသည်။
ထိုအကြောင်းအရာကို သူ ဘယ်လို စကား စ ရမယ်မှန်းပင် မသိ။
ဒီအခြေအနေမှာရော ပြောသင့်ရဲ့လား...
ဖေဖေက ကျန်းမာရေးက ခုတောင် စောင့်ကြည့်နေရတုန်း...
ပတ်တီး အဖွေးသားနဲ့ အသံတောင် မနည်း ထုတ်နေရတဲ့ အချိန်မှာ ငါက ဒီ စကားတွေ ပြောဖို့သင့်ရဲ့လား...
ဒါပေမဲ့လည်း...
မနေ့ညက စိုးရိမ်ခဲ့ရသည်ကို မျက်စိထဲ ပြန်မြင်လာချိန်မှာတော့ သူ ရင်တစ်ခုလုံး လှိုက်ခနဲ ဖြစ်သွားရသည်။
ဟုတ်တယ်...အခွင့်အရေး ရှိနေတုန်းမှ...
"သား...
ဖေဖေက....”
"ကျွန်တော် ဖေဖေ့ကို ချစ်တယ်။”
ခန့်ညားရှိန် ဖြတ်ပြောလိုက်တော့ ဖေဖေက ကြောင်ကာ ကြည့်ေနသည်။
သူ ပင့်သက်ရှိုက်ကာ ဆေးသွင်းထားသော လက်တစ်ဖက်ကို ဖွဖွ ဆုပ်ကိုင်လိုက်သည်။
"ကျွန်တော် တကယ် ဖေဖေ့ကို ချစ်ပါတယ်။
အဖေအ
ကျွန်တော့်ဟာ ကျွန်တော် အမှန်တရားကို လက်ခံရမှာ အရမ်း လန့်ပြီး ကြောက်ကန် ကန်နေမိတာ။
ငါ စောစောများ ကြိုသိခဲ့ရင် တစ်မျိုးတစ်ဖုံ ဖြစ်သွားလေမလားဆိုပြီး အရူးတွေး,တွေးမိတာ။
ကျွန်တော် အဲ့လို မိုက်ရူးရဲဆန်ခဲ့မိလို့လည်း ဖေဖေကို ခုလို....”
လည်မျိုထဲထိ တစ်ဆို့လာသော နာကျင်မှုကြီးကြောင့် သူ အံကို တင်းတင်း ကြိတ်လိုက်မိသည်။
ကိုယ့်ကိုယ်ကို အပြစ်မတင်ဖို့ ဆုံးဖြတ်ထားပြီးသော်လည်း အလုံးအရင်းနှင့် ဝင်ရောက်လာသော အတွေးတွေကို မရပ်တန့်နိုင်။
မျက်ရည်ကျလာလျှင် သိသာသွားမည်စိုး၍ သူ ခေါင်းကို ငုံ့လိုက်မိတော့ ဖေဖေက သူ့လက်ကို ခပ်သာသာ ဖိကိုင်လာသည်။
"ခန့်ညား သား...ဖေဖေ ပြောတာ ခဏ နားထောင်ပေးမလား။”
တိုးဖွဖွ စကားသံကြောင့် သူ မျက်လွှာချထားရင်းမှပင် ခေါင်းကို ဖြည်းဖြည်းချင်း ညိတ်ပြလိုက်မိသည်။
"ဖေဖေတို့ ရန်ကုန် ပြောင်းပြီး သိပ်မကြာဘူး တစ်ရက်။
သားကတော့ မှတ်မိချင်မှ မှတ်မိမယ်။
သားက ခြံထဲက မြက်ခင်းမှာ သားအမေနဲ့ ဆော့နေတယ်။
အဖေ အပြင်သွားတော့မယ် ပြောတော့ ပြုံးပြီး နှုတ်ဆက်တယ်။
ကြည့်စမ်း ငါ့သားလေး အပြုံးက ချိုလိုက်တာလို့ ဖေဖေတွေးမိရင်း ကားစက်နှိုးလိုက်မိတုန်းမှာပဲ...
သားက မျက်စိရှေ့တည့်တည့်က ကားမီးရောင်ကို အလန့်တကြား ကြည့်ပြီး ခေါင်းနာတယ်လို့ အသံကုန် အော်တော့တာပဲ....”
အတွေးထဲ တရေးရေး ပေါ်လာသော အဖြစ်အပျက်လေးကြောင့် ခန့်ညားရှိန် ပြန်မော့ကြည့်လိုက်မိသည်။
"အင်း...ကျွန်တော် မှတ်မိပြီ။”
"အဲ့ မြင်ကွင်းကို ဖေဖေ တော်တော်နဲ့ မေ့မရဘူး။
ကြီးလာတော့လည်း သားက အဲ့လောက်တော့ မီးရောင်ကို sensitive မဖြစ်တော့ဘူးပေါ့လေ။
မထင်မှတ်ဘဲ ကားမောင်း သင်ပေးဖို့ တောင်းဆိုနေတဲ့ ညကဆို ဖေဖေ့မှာ လန့်လည်း လန့်၊ ပျော်လည်း တော်တော် ပျော်သွားတာ။
ကံကောင်းလို့ စိတ်ဒဏ်ရာ မကျန်သွားတာပါလားဆိုပြီး...
ဒါပေမဲ့ မျက်မှန်ကြီးနဲ့ စိတ်ရှုပ်စရာ ကောင်းလိုက်တာ ဖေဖေရယ်လို့ ညည်းတိုင်း၊
သား အမာရွတ်ကို သူငယ်ချင်းက လန့်သွားတယ်လို့ ရယ်ကျဲကျဲနဲ့ လာပြောတိုင်း၊
ဖေဖေ အဲ့မြင်ကွင်းကို မျက်စိထဲ ပြန်မြင်ယောင်လာတယ်။
ပြီးတာနဲ့ ဒါဟာ ငါ့ကြောင့် ဖြစ်ရတာပါလားဆိုတဲ့ အသိရယ်၊ ငါ့သားသာ အဖြစ်မှန် သိရင်တော့ ငါ့ကို ဒေါသထွက်၊ နာကြည်းသွားမှာပဲဆိုတဲ့ အတွေးရယ်က တစ်ဆက်တည်း ကပ်ပါလာတယ်။
အဲ့တာနဲ့ပဲ ဖေဖေ ရသလောက်နည်းသုံးပြီး သားကို ဖုံးဖိထားဖို့ ကြိုးစားမိတာပဲ။
သားကို အန္တရာယ် ကျရောက်မှာ စိုးရိမ်စိတ်အပြင် ဖေဖေ့ရဲ့ သားဆီမှာ အပြစ် ဝန်မခံချင်တဲ့ အတ္တစိတ်လည်း ပါခဲ့တယ်။
အဲ့တာကြောင့် ဖေဖေ တကယ် သားကို တောင်းပန်ပါတယ်။”
အရေးအကြောင်းတွေကြားမှ ငွေ့ရည်သိုင်းနေသော မျက်ဝန်းတွေ...
ခန့်ညားရှိန် ခေါင်းကို ပျာပျာသလဲလဲ ယမ်းလိုက်မိသည်။
"မဟုတ်တာ...
ကျွန်တော်ကသာ ဖေဖေ့ကို ကျေးဇူးတင်ရမှာ။
ကျွန်တော့်လောက် ကံကောင်းတဲ့သူ ရှိပါ့အုံးမလား။
တကယ်ကို တစ်ဘဝလုံး ချစ်ခြင်းမေတ္တာရော၊ စည်းစိမ်ဥစ္စာရော၊ လိုလေသေးမရှိ နေခဲ့ရတာ။
ဘယ်လောက်တောင် ပြီးပြည့်စုံတဲ့ ဘဝကို ပိုင်ဆိုင်ခဲ့ရလဲ။
ကျွန်တော့်အတွက်တော့ နှစ်ခါပြန်တွေးစရာ မလိုဘူး၊ ဖေဖေနဲ့ မေမေကသာ ကျွန်တော့်မိဘအရင်းတွေပဲ။
အဲ့တာကြောင့် အဲ့လိုမျိူး ထပ်တွေးမနေနဲ့တော့။
ကျွန်တော်လည်း ဖေဖေ့ကို ရိုင်းရိုင်းစိုင်းစိုင်း စွပ်စွဲမိသလို ပြောမိသလို ဖြစ်သွားတာအတွက် တကယ် တောင်းပန်တယ်။
ဖေဖေ ခွင့်လွှတ်မယ်ဆိုတာလည်း သိတယ်။
သားအဖချင်း တစ်ယောက်အတွက် တစ်ယောက် အပြစ်ရှိတယ် တွေးနေတာ အဆင်မပြေဘူးလေနော့။
အဲ့တော့ နှစ်ဖက်လုံး အဆင်ပြေသွားပြီ။
ဟုတ်ပြီလား။”
သူ မျက်ခုံးပင့်ကာ အရွှန်းဖောက်သလို ပြောလိုက်တော့ ဖေဖေက နှစ်လိုလက်ရ ပြုံးသည်။
"ဟုတ်ပါပြီ။
မင်းပဲ လိုရာဆွဲပြော။
အဲ့အကျင့်ကလည်း ဘယ်က ရလာမှန်းကို မသိဘူး။”
"ဖေဖေ့ဆီကပဲလေ သေချာတာပေါ့။”
သူ ပြောတော့ ဖေဖေက ကိုင်ထားသော လက်ကို ခပ်ဖွဖွ ရိုက်လိုက်သည်။
ပြီးတာနှင့် ခေါင်းတယမ်းယမ်းဖြင့် ပြုံးသည်။
ခုမှပဲ သူတို့ကြားက လေထုက ပြန်လည် နွေးထွေးတည်ငြိမ်သွားသလို...
တော်သေးတယ်။
ငါ့သွေးရူးသွေးတန်း စိတ်ခံစားချက်တွေက ဒီလောက်နဲ့ပဲ ပြေလည်သွားလို့။
"ဒါနဲ့ ဟိုညက သား ဘယ်လို သိလာတာလဲ။”
ဖေဖေ့၏ မဝံ့မရဲ မေးသံကြားမှ သူ ရင်ထဲ ဒိတ်ခနဲ ဖြစ်သွားရသည်။
ဟုတ်သားပဲ...
သူ ဖေဖေ့ကို အဲ့ကိစ္စ သေချာမှ မပြောပြရသေးတာ...
စိတ်ရှုပ်ထွေးစွာဖြင့် သူ မျက်ခုံးနှစ်ခုကြား အသာ ဖိနှိပ်လိုက်မိသည်။
မတတ်နိုင်....
လာမယ့်ဘေး ပြေးတွေ့လိုက်တာသာ အကောင်းဆုံး ဖြစ်ပေလိမ့်မည်။
သက်ပြင်းချကာ ဖြစ်ကြောင်းကုန်စင်ကို စိတ်ရှည်လက်ရှည် ဇာတ်စုံခင်းပြလိုက်တော့ ဖေဖေက ဘာမှ ဖြတ်မပြောဘဲ အသံတိတ်သာ နားထောင်နေသည်။
တစ်နာရီကျော်ကြာ စကား အရှည်ကြီး ဆုံးမှ ပါးစပ်အဟောင်းသားနှင့် ခေါင်းကို ဖြည်းဖြည်းချင်း ညိတ်သည်။
"ဟူး... အဲ့လူက တကယ်ကို မလွယ်တာပဲ။
ဆိုတော့ သားမိဘတွေက....”
"အင်း...ဘယ်လို ပြောရမလဲ...
လူသတ်သမားတွေလို့ပဲ ပြောရမလား...ဟက်”
"ခန့်ညား...?”
ဖေဖေ့၏ စိုးရိမ်တကြီး ခေါ်သံနောက် သူ ဘာမှမဖြစ်သလို ပုခုံးတွန့်ပြလိုက်သည်။
"မတတ်နိုင်ဘူး။
ဘယ်လိုပဲဖြစ်ဖြစ် သူတို့က ကျွန်တော့်မိဘတွေတော့ ဖြစ်နေသေးတယ်။
နောက်ဆုံးထိ ကျွန်တော့်အသက်ကို ကယ်ဖို့ ကြိုးစားသွားကြသေးတယ်။
ဆိုတော့ ကျွန်တော် သူတို့အတွက် တရားမျှတမှုတော့ ရအောင် ရှာပေးနိုင်မှ ဖြစ်မယ်။
အဲ့ခွေးသူတောင်းစားကို ရှင်းကို ရှင်းပစ်နိုင်မှ ရမယ်။”
ပြောရင်းနှင့် အသံ အလိုလို မာသွားမိတော့ ဖေဖေက သူ လက်ကို အသာ ပွတ်သည်။
"သူကတော့ သား အသက်ရှင်နေသေးကြောင်း မသိသေးဘူးပေါ့။”
"ထင်တာပဲ။
သူက ခုထိ ခွန်းနဲ့ ပတ်သတ်ပြီးပဲ ကျွန်တော့်အပေါ် အာရုံရောက်နေတာ။
အာ...ဒါနဲ့ ခွန်း အဟမ်း...leo နဲ့ ကျွန်တော်က...”
"ဖေဖေတို့ အဲ့အကြောင်းကို နောက်မှ ပြောရအောင်။”
စကားမဆုံးခင် ဖြတ်ပြောလိုက်သော ဖေဖေကြောင့် သူ အတော်လေး အံ့သြသွားမိသည်။
မျက်နှာေပါ်မှ အပြုံးက ကျန်နေသေးသော်လည်း ခပ်ရေးရေးသာ...
ဘာကို ဆိုလိုမှန်း ရိပ်မိခြင်းနှင့်အတူ သူ ရင်ထဲ တင်းခနဲ အောင့်မျက်သွားရသည်။
ဖေဖေက ခွန်းကို လက်မခံချင်သေးဘူးပဲ...
သိနေပြီးသား ကိစ္စ ဖြစ်သော်လည်း ရင်တစ်ခုလုံး နွမ်းလျသွားမိခြင်းကို ထိန်းမရ။
အင်းလေ ခုက ဒီကိစ္စ ငြင်းခုံနေဖို့ အချိန်အခါလည်း မဟုတ်ပါဘူး...
ခါးခါးသီးသီး မတားတာပဲ ကျေးဇူးတင်ရမှာပါပဲ။
အနည်းဆုံးတော့ ခွန်းနဲ့ပတ်သတ်လို့ ဒီလိုတွေ ဖြစ်ရတာဆိုတဲ့ စွပ်စွဲချက်တွေ ပြောမလာတာပဲ တော်သေးသည်။
မဟုတ်လျှင် ခွန်းကို ဘယ်နည်းနဲ့မှ မစွန့်ပစ်နိုင်သော သူအဖို့ စိတ်ဆင်းရဲရုံကလွဲ ဘာမှ ဖြစ်လာမည်မဟုတ်။
အချိန် တစ်ခုပေးပြီး သက်သေပြနိုင်ရင်တော့ ဖေဖေလည်း ဖြည်းဖြည်းချင်း လက်ခံသွားမှာပါ။
"အင်းပါ နောက်တော့မှ ပြောတာပေါ့။”
သူ ပြုံးကာ ပြောလိုက်တော့ ဖေဖေက မအီမသာနှင့် ခေါင်းညိတ်သည်။
"အဲ့တော့ သားက အတိတ်ကဟာတွေ တစ်ချို့ ပြန်မှတ်မိပြီပေါ့။”
သိသိသာသာ စကားလမ်ကြောင်း လွဲခြင်းကိုလည်း သူ မသိကျိုးကျွံပြုပေးလိုက်သည်။
"ဟင့်အင်း။
သေသေချာချာ မှတ်မိတာက အဲ့ ကားတိုက်ခါနီးနားပဲ။
ကျန်တာတွေက မှုန်ဝါးဝါးနဲ့ တစ်ကွက်စီလောက်ပဲ။”
"သြော် ဒါနဲ့ သား နာမည်အရင်းက ဘာ?”
"နေတေဇဟိန်း”
"Imm... လှပေမယ့် မင်းနဲ့ မလိုက်ဘူး။”
"ကျွန်တော် သိတယ်။
ခန့်ညားရှိန်ကမှ ကျွန်တော်နဲ့ အလိုက်ဆုံးပဲ။”
ထို့နောက် သူတို့ နှစ်ယောက် တစ်ယောက်ကို တစ်ယောက် ကြည့်ကာ ခပ်တိုးတိုး ရယ်မိကြပါသည်။
.......
"ဘာမှ မဝယ်ခဲ့နဲ့။
အိမ်ကိုသာ တန်းပြန်လာခဲ့။
ငါ စောင့်နေမယ်။”
အထူး ကြပ်မတ်ဆောင်မှ ထွက်ထွက်ချင်း ဖုန်းကို အဖွင့် မြင်လိုက်ရသော message ကြောင့် ခန့်ညားရှိန် မျက်ခုံးပင့်လိုက်မိသည်။
အယ် ခွန်းက အိမ်တောင် ပြန်ရောက်သွားပြီလား....
သူ ပုခုံးတွန့်ကာ ဖုန်းကို ဘေးချလိုက်သည်။
ထို့နောက် Baby ကိုသာ စက်နှိုးပြီး ခပ်သွက်သွက် မောင်းလိုက်သည်။
ထုံးစံအတိုင်း ကြပ်ပိတ်နေဆဲ လမ်းတွေကြောင့် တစ်နာရီနီးပါးကတော့ အသာလေးပင်။
အခန်းရှေ့ရောက်သည်နှင့် သူ တစ်ကိုယ်လုံးကို တဂျွတ်ဂျွတ်နှင့် အညောင်းဆန့်လိုက်မိသည်။
"အား...ခွန်းရယ်
ညောင်းလိုက်တာမှ.....”
တံခါးဖွင့်လိုက်သည်နှင့် ဆီးကြိုနေသော အမှောင်ထု....
သူ ရင်ထဲ ထိတ်ခနဲ ပျာသွားသည်။
"ခွန်း?”
"ငါ အနောက်မှာ ခန့်....”
စူးခနဲ ထွက်လာသော ဖြေသံကို ကြားမှ သူ သက်ပြင်းချနိုင်တော့သည်။
တော်ပါသေးရဲ့...
"ခွန်းရဲ့
မှောင်မှောင်မည်းမည်းနဲ့ ဘာတွေလုပ်နေတာလဲ။”
မီးခလုတ်ကို စမ်းတမ်းမန်းတမ်း ဖွင့်ကြည့်သော်လည်း လင်းမလာ....
"ခွန်း မီးပျက်နေတာလား”
မဟုတ်သေးပါဘူး။
ဝန်းတစ်ခုလုံး မီးတွေ လင်းထိန်နေတာကို...
စိတ်ရှုပ်ထွေးမှုဖြင့် သူ မျက်မှောင်ကုတ်ကာ ဂျာကင်ကို ဆွဲချွတ်ပစ်လိုက်သည်။
ထို့နောက် အနောက်ဘက်သို့ အသာလေး စမ်းပြီး သွားလိုက်မိသည်။
Slide door ပိတ်ထားသော မီးဖိုးချောင်ကတော့ အလင်းေရာင် နည်းနည်း ထွက်နေသလိုလိုပင်။
"ခွန်းရေ...”
ပြန်ဖြေသံမကြားရ....
ဒီလူကြီးလေးကတော့ ဘာတွေ လုပ်နေတာလဲ...
စိတ်မရှည်စွာဖြင့် တံခါးကို ဆွဲဖွင့်လိုက်တော့....
မြင်လိုက်ရသည့် မြင်ကွင်းက သူ့ကို ခဏ ငိုင်သွားစေသည်။
မီးဖိုးချောင် အလယ်တည့်တည့်သို့ ရွေ့ထားသော ထမင်းစား စားပွဲအဖြူ....
စားပွဲ အလယ်မှ ကြက်ကောင်လုံးကင် အပါအဝင် အနောက်တိုင်းဆန်ဆန် ဟင်းလျာများ
စားပွဲထောင့်စွန်းနှင့် ကြောင်အိမ်ပေါ်တွင် တင်ထားသော အလှ ဖယောင်းတိုင်လေးများ...
ဒါက ဘာလဲ...
ရုတ်တရက် အနောက်မှ ပွေ့ဖက်ခြင်းကို ခံလိုက်ရသဖြင့် သူ တုန့်ခနဲ ဖြစ်သွားမိသည်။
ကိုယ်သင်းနံ့ ဖျော့ဖျော့လေးနှင့်အတူ နှလုံးသားလေးလည်း နွေးတေးတေး...
"သဘောကျရဲ့လား...”
နားနားကပ်ကာ ပြောသော ခပ်တိုးတိုး အမေးကြောင့် ခန့်ညားရှိန် ကြောင်အမ်းကာ ဘာပြန်ပြောရမှန်းမသိ။
"Umm....
ကျွန်တော် တစ်ခုခုများ မေ့နေတာလား။
မဖြစ်နိုင်ပါဘူး။
Anni လည်း မဟုတ်ဘူး။
1st date လည်း မဟုတ်ဘူး။
ခွန်း ကျွန်တော့်ကို ငြင်းလိုက်တဲ့နေ့လည်း မဟုတ်ဘူး။”
မျက်မှောင် ကုတ်ကာ စဥ်းစားကြည့်ပါသော်လည်း ဘာတစ်ခုမှ ထွက်မလာ...
ရုတ်တရက် တစ်ခု သတိရမိမှ သူ ပြုံးနိုင်တော့သည်။
"သြော် ကျွန်တော့်မွေးနေ့လား။
ကျွန်တော့်မွေးနေ့ အစစ်လေ။
ဟုတ်တယ်မလား?”
သူ နောက်လှည့်ကာ ဝမ်းသာအားရ မေးလိုက်တော့ မီးရောင်မှိန်မှိန်အောက်မှ အပြုံးလေးက ထင်းသွားသည်။
"ဘာနေ့မှ မဟုတ်ဘူး။
မင်း ဒီတလော စိတ်ပင်ပန်းနေလို့ ငါက စိတ်ပြေလက်ပျောက် ရှယ် ညစာလေး စီစဥ်ပေးထားတာ။”
ဟမ်...
ခန့်ညားရှိန် နှစ်ထပ်ကွမ်း အူလည်လည် ဖြစ်သွားရသည်။
"ဘယ်လိုဘယ်လို....
ဒါတွေ အကုန်လုံး ခွန်း ပြင်ဆင်ထားတာ၊ ဒီတိုင်း ကျွန်တော် စိတ်ပင်ပန်းနေလို့ လုပ်ပေးတာပေါ့။”
"ဒါပေါ့”
အိုကေ...
နည်းနည်းလေးတော့ တစ်မျိုး ဖြစ်နေတုန်းပဲ....
"ခွန်း တကယ်ကို...”
"ကဲ...လျှာကလည်း ရှည်လိုက်တာ။
ငါ ဒီလောက် အပင်ပန်းခံ လုပ်ပေးထားတာ။
မစားချင်လည်း ဒိုး...
သွား...ငါ့ မီးဖိုးချောင်ထဲ ထွက်။”
စိုးရိမ်ဖွယ် ရေမှတ်သို့ ရုတ်ချည်း ပြောင်းသွားသော အသံနေအသံထားကြောင့် ခန့်ညားရှိန် မျက်နှာကြောကို ချက်ချင်း ပြင်လိုက်ရသည်။
"ဟာ...မဟုတ်တာ...
ကျွန်တော့် အူကြူးလေး ပင်ပန်းသွားပြီလို့ ကျွန်တော်က တွေးနေလို့ပါ။
ဒါတွေ အကုန် ချက်ထားတာ ခွန်းက တကယ် တော်လိုက်တာ ထင်တောင် မထင်ထားဘူး။”
"မှာထားတာပါ...”
ဟမ့်
နင်ခနဲ ဖြစ်သွားသော ခံစားချက်ဖြင့် သူ တံတွေးမျိုချလိုက်မိသည်။
ချီးကျူးတဲ့လူတောင် ရှက်ရတယ်...
ငါ့ လခွီး...
"ဒါပေမဲ့ စားပွဲက ငါဟာ ငါ ရွေ့ထားရတာ။
ဒီ စားပွဲကြီးက ဘယ်လောက်လေးတယ် ထင်လဲ။”
"ဟုတ်တာပေါ့။
အလေးကြီးပဲ နေမှာ
အရမ်း ပင်ပန်းသွားမှာပဲ။
လက်ကလေးတွေ နာသွားလား
ကျွတ်စ်ကျွတ်စ် အုံဖွ...”
လေတဟူးဟူး မှုတ်ရင်း လက်ချောင်းသွယ်လေးတွေကို ခပ်ဖွဖွ ပွတ်ပေးတော့ ခွန်းက ခါတိုင်းလို ပေါတောတောနဲ့ဟု မပြော။
သူ့မျက်နှာကို ဒီအတိုင်းသာ ငေးစိုက်ကြည့်နေသည်။
ထို့နောက် နူးညံ့ညင်သာစွာ ပြုံးသည်။
"ကျေးဇူးပဲ
ငါ လက်နာတာ ပျောက်သွားပြီ။
လာ...စားကြမယ်။”
အယ့်လယ်...
တယ် ချိုသာနေပါလား...
ဧကန္တ ဘာ သတင်းကောင်းတွေများ ကြားထားလို့ပါလိမ့်။
"ဦးမိုးမြင့်ရှိန် ဘယ်လိုနေသေးလဲ သက်သာလား။”
ခွန်းအမေးကို သူ ဇွန်းခက်ရင်း ယူရင်း အားပါတရ ခေါင်းညိတ်ပြလိုက်သည်။
"အင်း...ခုညတော့ ဆေးပေးပြီး မှိန်းခိုင်းထားမယ် ပြောတယ်။
တော်တော်တော့ သက်သာသွားပြီ။
ကျွန်တော်နဲ့ ဟာသတွေတောင် ပြောနိုင်နေပြီ။
ဒါနဲ့ ကိုဇေယျာသော်ကရော ဘာထူးတယ် ပြောသေးလဲ။”
ခွန်းက ခွက်တွေထဲသို့ ဝိုင်ငှဲ့ပေးရင်း ပုခုံးတွန့်သည်။
"အင်း...တရုတ်နယ်စပ်ဖက်ဆိုတော့ အစ်ကိုက အဲ့ဘက် အဆက်အသွယ်တွေ များတယ်။
ခုက နေရာ အတိအကျတွေနဲ့ဆိုတော့ လိုက်ရ တော်တော်လွယ်သွားပြီ။
အရင်က ကောက်ရိုးပုံထဲ အပ်ပျောက်ရှာတာထက် ဆိုးနေတာမို့။
ဒါပေမဲ့ သူ မရိပ်မိအောင် လှုပ်ရှားနေရတာမို့ နည်းနည်းတော့ ကြန့်ကြာလောက်တယ်။”
"ဘယ်လိုဖြစ်ဖြစ် သူ့ကို မိတော့မှာပဲမလား။”
သူ မေးလိုက်တော့ ခွန်းက ကြက်သားကို လှမ်းဖဲ့ရင်း ခေါင်းညိတ်သည်။
"အင်း မိမှာပေါ့။”
"သူ့ကို သွားဖမ်းရင် ရုပ်ရှင်တွေထဲကလို ခင်ဗျားကို ကျွန်တော်တို့ လာဖမ်းတာ။
ပစ်မှု ဘယ်လောက် ဘလာ ဘလာ...
ရှေ့နေငှားခွင့် ရှိတယ် ဘာညာနဲ့ အဲ့လို ရဲတွေက ဝင်ဖမ်းမှာမလား။
အဲ့ခါတော့ ကျွန်တော် လိုက်ရမှ ဖြစ်မယ်နော် ခွန်း...
အဲ့ ခွေးသူတောင်းစား မသေရင်တောင် ခွေးလိုဝက်လို အဖမ်းခံရတာကို မြင်ရမှ ဖြစ်မယ်။
ပြီးရင် ရှိသမျှ စည်းစိမ် ပြုတ်လည်း စောက်ဂရုမစိုက်ဘူး။
သူ့ကို တစ်သက်တစ်ကျွန်း ကျအောင်ကို ရတဲ့နည်းနဲ့ လုပ်ပစ်မယ်။
အမှန်တော့ သေရင်တော့ အကောင်းဆုံးပဲ။
ထောင်ထဲရောက်မှ လူငှားသတ်ခိုင်းတာပဲ ဖြစ်ဖြစ် ရအောင် လုပ်ရမယ်။”
ပြောရင်း ပြောရင်းနှင့် ခန့်ညားရှိန် ဒေါသထွက်လာကာ ခက်ရင်းကို တင်းနေအောင် ဆုပ်ကိုင်လိုက်မိသည်။
ပြီးမှ သတိဝင်လာကာ ခွန်းကို မော့ကြည့်မိသည်။
ဝိုင်ကို သောက်ရင်း ခေါင်းညိတ်ပြနေသော ခွန်း ပုံစံက ထို အကြောင်းကို နားမထောင်ချင်တာ သိသာလွန်းလှသည်။
တောက်စ်...
စောက်ရေးမပါတာကွာ...
ဒီအချိန်ကြီးတောင် ဒါကို လာတွေးမိတယ်။
စောက်ကောင်းကျိုးကို မပေးတဲ့လူ...
"Sorry ခွန်း...အဲ့ဒါကို ထားလိုက်တော့
ငါးကင် စားမယ်မလား။
ကျွန်တော် အရိုးနွှင်ပေးမယ်။
ဒါနဲ့ ခွန်းအိမ်မှာ ဒီလို ပြင်ဖို့ ဘယ်လို စိတ်ကူးပေါက်သွားတာလဲ။
ကျွန်တော် ပြောတာက အပြင်က ဆိုင်လှလှလေး ခေါ်သွားလည်း Romantic ဖြစ်တာပဲကို”
သူ စကားလမ်းကြောင်းလွှဲလိုက်တော့ ခွန်းက ငါးတွေကို လှမ်းယူရင်း မျက်စောင်းထိုးသည်။
"Romantic ဖြစ်အောင်လို့ ငါ ပြောလို့လား။
ဒီတိုင်း Dinner ကောင်းကောင်းလေးလို့ပဲ ပြောတာ။”
"အဲ့ဆို ဘာလို့ အလှဖယောင်းတိုင်တွေပါ ထွန်းထားရသေးတာတုန်း။
မီးမိန်းပါ ချထားသေးတယ်မလား။”
"လိုတဲ့ Breaker တွေပဲ ချထားတာ...
အာ...ဘာပဲဖြစ်ဖြစ်
ဒီတိုင်းကွာ ဖယောင်းတိုင် ကြိုက်လို့ ထွန်းတာကွာ။
ဘာဖြစ်လဲ။
မင်း ထပ်ရစ်ရင် မင်း မေးတာ ငါ မဖြေတော့ဘူး။”
ကြည့် ဒီလူကြီးလေးကတော့...
အနိုင်က ရအောင် ပိုင်းချင်နေသေးတာ...
"ဟုတ်ပါပြီ...
Dinner ကောင်းကောင်းလေးပါဗျာ။
မငြင်းတော့ပါဘူး။
ပြောဆို...အိမ်မှာ လုပ်ဖို့ ဘယ်လို အကြံရ?”
"မင်း ငါ့အိမ်ကို ပထမဆုံး ရောက်လာတဲ့နေ့ကို မှတ်မိလား။”
အတွေးထဲ ပေါ်လာသော ပုံရိပ်တွေကြောင့် ခန့်ညားရှိန် ရှက်ရှက်နှင့် ခေါင်းငုံ့လိုက်မိသည်။
ခွန်းစိတ်နဲ့ ပျာယာခတ်နေရတဲ့ လခွမ်း နေ့ရက်တွေ...
"ကျွန်တော် မနက်စာကို ရှစ်မျိုးလောက် သယ်လာတုန်းက”
"အမှန်ပဲ။
အဲ့နေ့က မင်းက နွှေးနေတဲ့ မုန့်ဟင်းခါးကို ဒီစားပွဲမှာ ထိုင်ပြီး စောင့်နေတယ်။
ပြီးတော့ ငါ့ကို စကားတွေ အများကြီး လှမ်းပြောနေတယ်။
Microwave timer က ၁၆ စက္ကန့်အလို လို့ ပြတဲ့အချိန်မှာ မင်း ပါးစပ်က ချစ်တယ်လို့ ပြောတော့မလို ဖြစ်သွားတယ်။”
"ဒါပေမဲ့ ခွန်းက ဖြတ်ပြောလိုက်တယ်ေလ။”
ခန့်ညားရှိန် ဝင်ထောက်လိုက်တော့ အပြုံးရေးရေးလေးက လှစ်ခနဲ ပေါ်လာသည်။
"ဟုတ်တယ်။
အဲ့တုန်းက ငါ မင်းကို လုံးဝ မယုံသေးတာ အမှန်ပဲ။
ဘဝင်မြင့်နေတဲ့ ပေါတောတော ကောင်လေး တစ်ယောက် ဇယား လာဖန်နေတယ်ပဲပေါ့။”
ပြောနေရင်း ခပ်တိုးတိုး ရယ်လိုက်သော ခွန်းကြောင့် သူ အလိုလို ပြုံးမိလျက်...
ဆက်ပြောရန် အားယူသလို အသက်ရှူသံ တိုးညင်းညင်းလေးကပင် သူ ရင်ကို သိမ့်ခနဲ တုန်လှုပ်စေသည်။
"ဒါပေမဲ့ ဒုတိယအကြိမ်...
ခေါက်ဆွဲပြုတ် နှစ်ပန်းကန် တင်ထားတဲ့ ဒီစားပွဲပေါ်မှာပဲ ငါ့လက်ကို ကိုင်ပြီး မင်း ချစ်တယ်လို့ ပြောတဲ့အချိန်...
အဲ့အချိန်မှာ ငါ မင်းရဲ့အချစ်တွေကို အကြွင်းမဲ့ ယုံကြည်ပြီးနေပြီ။
မင်းနဲ့ အတူ ရှိနေရင် အလိုလို လုံခြုံတယ်ဆိုတာကို ငါ ခံစားမိနေပြီ။
အင်း ဒီတစ်ခေါက်မှာတော့...”
ခွန်းက ခေါင်းမော့ကာ သူ့ကို တည့်တည့် စိုက်ကြည့်သည်။
ထို့နောက် နှုတ်ခမ်းစွန်းလေးတွေ ကော့တက်သွားအောင်ထိ ပြုံးသည်။
"မင်းက ငါ့ဘဝရဲ့ အသက်ရှင်စရာ အကြောင်းပြချက်ဆိုတာ ငါ လုံးဝ သေချာပြီးနေပြီ။”
ရုတ်ချည်း စကားလုံးတွေ ပျောက်ရှသွားသလို ခံစားရကာ ခန့်ညားရှိန် ငြိမ်ကျသွားမိသည်။
ရင်တစ်ခုလုံး နွေးထွေးသွားခြင်းနှင့်အတူ တစ်စုံတစ်ခုက နှလုံးသားကို ဆွဲညှစ်လိုက်သလို...
"အဲ့တာကြောင့် အမှတ်တရလေး ဖြစ်အောင် ဒီအခန်း၊ ဒီစားပွဲမှာပဲ ငါ စီစဥ်ကြည့်တာ။”
ကြည်နူးမျက်ရည်ဝဲသည်ဆိုတာက ဒီအခြေအနေမှာ ဖြစ်သင့်ရဲ့လားတောင် သူ မသေချာ။
သို့သော်လည်း သူ မတတ်နိုင်။
သေးငယ်လွန်းသော အမှတ်တရလေးတွေကို ခွန်း အဲ့လောက်တောင် အလေးထားခဲ့မယ်လို့ သူ ဘယ်တုန်းကမှ မမျှော်လင့်ခဲ့။
"ခွန်း...ကျွန်တော် တကယ်... ဘာပြောရမှန်းတောင် မသိေတာ့ဘူး”
ဆံပင်တွေကို အရှက်ပြေ လှန်တင်ရင်း သူ ပြောမိတော့ ခွန်းက ရယ်သည်။
"ဘာမှ မပြောနဲ့တော့။
အဲ့ငါးတွေကိုသာ ငါ့ပန်းကန်ထဲ မြန်မြန် ထည့်ပေးလိုက်စမ်းပါ။”
ခေါင်းကို အတင်း ငုံ့ကာ ပန်းကန်ကြီးကိုသာ လက်ထိုးပြနေသော ခွန်းကြောင့် ခန့်ညားရှိန် ပြုံးရင်း ငါးတွေကို ဇွန်းနှင့် ခပ်လိုက်သည်။
"အင်းပေါ့။
Memory လေးတွေကို ပြန် recall လုပ်တဲ့ romantic date night လေးမှာ ရှစ်ရတူလေး နွှင်ကျွေးတဲ့ ငါးကို စားကို စားရမှာပေါ့နော့
ရော့...”
"Romantic date မဟုတ်ဘူးလို့ ပြောတယ်လေ။”
"အင်း sorry sorry....စကားမှားသွားတာ။
အာ ဒါနဲ့ ဘာလို့ ပန်းတွေပါ မကြဲထားတာလဲ ခွန်း
အဲ့လိုဆို ပိုပြီး romantic ဆန်...”
"ခန့်ညားရှိန်!!!!”
မာဆတ်နေသော ခွန်း၏ အော်သံအဆုံးတွင်တော့....
ရယ်သံအချို့နှင့်အတူ....
ညစာ စားပွဲဝိုင်းလေးကလည်း ပို၍ Romantic ဆန်လာခဲ့ရပါတော့သည်။
...............
"ခန့်...”
"Hummm....”
ညစာ စားပြီး အဝတ်လဲရန် ရွေးနေစဥ်မှာပဲ ခွန်းက မီးဖိုးချောင်မှ အခန်းထဲ ဝင်လာသည်။
"သိမ်းပြီးသွားပြီလား ခွန်း...
ကျွန်တော် ဘာကူရအုံးမလဲ။”
"ဟင့်အင်း ပြီးသွားပြီ ရတယ်။”
ပြန်ဖြေသော အသံက ခပ်တိုးတိုး...
ခန့်ညားရှိန် စိတ်ထဲတော့ နည်းနည်း တစ်မျိုးဖြစ်ချင်နေသည်။
ခွန်းက ညစာကိုလည်း ငါးလေး နည်းနည်းနှင့် ဝိုင်လောက်သာ သောက်သည်။
နေမကောင်းလို့လားဆိုပြီး နဖူးစမ်းကြည့်တော့လည်း မဟုတ်။
စားပြီးသောက်ပြီး ပန်းကန်ဆေးချိန်ကြ ပို၍ သိသိသာသာ ငိုင်တိုင်သွားသည်။
နှစ်ယောက်သား ပန်ကန်ဆေးနေတုန်း ခွန်း၏ ဖုန်းသို့ message ဝင်လာသည်။
သူ့ကို ကျောပေးလိုက်သဖြင့် message ကို ကြည့်နေသော ခွန်း၏ မျက်နှာ အနေအထားကိုတော့ သူ မမြင်လိုက်ရ။
သို့သော်လည်း မိနစ်ပိုင်းအကြာမှာပင် သူပဲ ဆက်သိမ်းလိုက်မယ်ဟု ပြောကာ အခန်းထဲ သွားနားခိုင်းသည်။
ဘာမှန်းမသိ ဖြစ်နေသော စနောင့်စနင်းစိတ်က သူ့ကို တမျှင်းမျှင်း ဖြစ်နေစေသည်။
”ခွန်း အသံ သိပ်မကောင်းသလိုပဲရော။
တစ်ခုခု မကောင်းတာ ဖြစ်လို့များလား။”
မထိန်းနိုင်လွန်းစွာဖြင့် သူ ပေါ်တင် မေးလိုက်တော့ ခွန်းက ခပ်ရေးရေး ပြုံးကာ ခေါင်းယမ်းသည်။
"မဟုတ်ပါဘူး။
ငါ နည်းနည်း ပင်ပန်းနေလို့။
အခုနကလည်း အစ်ကို့ဆီက Message ပါ။
သူ အဆင်ပြေနေသေးကြောင်းပဲ။
ငါ မေးထားလို့...”
ခပ်အေးအေး အဖြေကြောင့် ခန့်ညားရှိန် သက်ပြင်းကို ဖွဖွ ရှိုက်လိုက်မိသည်။
”တစ်ခုခုဆို ကျွန်တော့်ကို ပြောနော်။”
"အင်းပါ ဒါနဲ့လေ. ခန့်...”
"Immm?”
"မင်း ဒီည ဂစ်တာ တီးချင်စိတ် ရှိရင် သီချင်းတစ်ပုဒ်လောက် ဆိုပြပါလား။
မင်း စိတ်ရှိမှပါ။”
အစရှိပြီးသား သံသယစိတ်က ချက်ချင်းကို ဝုန်းခနဲ ဆောင့်တက်သွားသည်။
မဟုတ်တော့ မဟုတ်သေးဘူး...
တစ်ခုခု ဖြစ်နေတာတော့ သေချာပြီ။
"ခွန်း ဒီည သိပ်မူမမှန်ဘူးနော်။
ဘာဖြစ်နေတာလဲ။
ဘာကိစ္စ ရှိနေလဲ။”
သူ စိုးရိမ်တကြီး မေးမိတော့ ခွန်းက ဟက်ခနဲ ရယ်သည်။
”မင်းကလည်း အကြီးကြီးတွေ တွေးပြန်ပြီကွာ။
အမှန်တော့ ငါ နည်းနည်းလေး မူးချင်နေလို့...”
တကယ်ပဲ မူးနေလို့လား...
မသင်္ကါစိတ်ဖြင့် သူ မျက်မှောင်ကြုတ်မိတော့ ခွန်းက သက်ပြင်းရှိုက်သည်။
"ရတယ် မင်း အဆင်မပြေလည်း ဖြစ်တယ်။
အဲ့ဆို အဝတ်လဲဖို့ဆို လဲ။”
ချက်ချင်း အခန်းအပြင် ပြန်ထွက်မယ် လုပ်နေသော ခွန်းကြောင့် သူ့မှာ အလန့်တကြား...
ဒီလူကြီးလေးကလည်း စိတ်ချည်းပဲ...
ကပျာကယာ လက်လှမ်းဆွဲလိုက်တော့ ဘာတုန်းဆိုသည့် သဘောဖြင့် မျက်ခုံးပင့်ပြသည်။
"နေပါအုံး ခွန်းရဲ့....
ခွန်း တကယ် နားထောင်ချင်တာဆို ကျွန်တော် ဆိုပြမှာပေါ့။
ဘာ သီချင်း နားထောင်ချင်တာလဲ။”
"ရတယ် မင်း ကြိုက်တာ ဘာဖြစ်ဖြစ်...”
ခန့်ညားရှိန် ခေါင်းညိတ်ကာ ခြေရင်းမှ ဂစ်တာကို လှမ်းယူလိုက်သည်။
ထို့နောက် ကုတင်အစွန်းတွင် ထိုင်ကာ ကြိုးညှိသည်။
ခွန်းက ကုတင်ခေါင်းရင်းမှ ခေါင်းအုံးကို မှီကာ သူ့ကို ကြည့်နေသည်။
ထွက်ပေါ်လာသော သံစဥ်ချိုလေးတွေကြား ခန့်ညားရှိန် ကိုယ့်ဟာကိုယ် ပြုံးမိသည်။
ထို့နောက် ခွန်း၏ မျက်ဝန်းနက်တွေထဲသို့ တည့်တည့် စိုက်ကြည့်ကာ စာသားတစ်လုံးချင်းစီကို နူးညံ့စွာ ဖော်ကျူးမိသည်။
🎶 You don't know babe
When you hold me
And kiss me slowly
It's the sweetest thing
And it don't change
If I had it my way
You would know that you are
ချိုအေးစွာ ထွက်ကျလာသော သီချင်းသံလေးက ခွန်းထက်မာန် နားထဲသို့ ငြိမ့်ညောင်းစွာ စီးဆင်းလာသည်။
ဂစ်တာကို ဖြည်းညင်းစွာ တီးခတ်နေသော လက်ချောင်းရှည်တွေက အနုပညာ အတိပြီးနေသလို...
ချောကလက်တွေ ပေရေနေတဲ့ လက်ချောင်း ဖောင်းတုတ်တုတ်လေးတွေကို မြင်ယောင်မိတော့ သူ ပြုံးမိသည်။
တကယ်ကို ငါ့ကလေးငယ်က အကောင်းမွန်ဆုံး ကြီးပြင်းလာတာပဲ...
🎶 You're the coffee that I need in the morning
You're my sunshine in the rain when it's pouring
Won't you give yourself to me
Give it all, oh
I just wanna see
I just wanna see how beautiful you are🎶
စာသားလေးအဆုံးသတ် မသိမသာ ကော့တက်သွားသော နှုတ်ခမ်းထောင့်စွန်းလေး...
မျက်ဝန်းညိုတွေထဲမှ ချစ်ခြင်းတွေကို သူ တသိမ့်သိမ့် ခံစားမိနေသလို...
ရင်တစ်ခုလုံး နွေးထွေးမှုနှင့် ထုံကျင်မှု ရောယှက်ကာ သူ ဝေဝေဝါးဝါး ဖြစ်နေမိသည်။
🎶 It's this sunrise
And those black eyes, yes
You're the one that I desire 🎶
ကြည့်...
Brown eyes ကို Black eyes လုပ်ဆိုပြီး ကိုယ့်ဟာကို ကျေနပ်...
ပြုံးစိစိ လုပ်နေသေးတာ။
ရင်ထဲ ဆိုးဝါးစွာ ဆို့နင့်မွန့်းကျပ်လာမှုကြောင့် သူ နှုတ်ခမ်းကို တင်းနေအောင် ဖိကိုက်ထားမိသည်။
အား....ဘာလို့ ဒီလောက်တောင် ခံရခက်လွန်းပါလိမ့်...
🎶 You're my water when I'm stuck in the desert
You're the Tylenol I take when my head hurts
You're the sunshine on my life....🎶
စာသား တစ်ကြောင်းချင်းစီက သူ့ နှလုံးသားသို့ တသိမ့်သိမ့် ပဲ့တင် ထပ်နေသလို ခံစားရသည်။
အကြည့်ချင်းဆုံလျက်မှပင် ကုတင်ခေါင်းရင်းမှ နေ၍ ခန့်ဘေးသို့ အသာအယာ ရွေ့သွားလိုက်မိသည်။
🎶 I just wanna see how beautiful you are
You know that I see it, I know you're a star 🎶
ပျော်ဝင်ပြီးသား ရင်ခုန်သံတွေက သံစဥ်လေးနှင့်အတူ တသွင်သွင် စီးမျောလာသလို...
🎶 Where you go I'll follow, no matter how far 🎶
နာကျင်မှု တမျှင်းမျှင်းနှင့် နှလုံးခုန်သံတွေက ရင်တစ်ခုလုံးကို ချေမွနေသလို...
🎶 If life is a movie, then you're the best part,
Oh.... You're the best part,
Ohh... Best part 🎶
အဖျားခတ် တုန်ယင်ချင်သော စာသားလေးနှင့် ဂစ်တာသံလေး အချ...
နွေးထွေးစွာ ဖလှယ်မိသော အကြည့်တွေ။
"I love you”
ပါးပြင်တစ်ဖက်ကို ခပ်ဖွဖွ အုပ်ကိုင်ရင်း သူ ပေါ်တော့ သွားညီညီလေးတွေက မြတ်နိုးဖွယ် ပေါ်လာသည်။
"I Love you more”
Warning 🔞⚠
This part may include mature content.
Read at your own risk.
စကားဆုံးသည်နှင့် ချဥ်းကပ်လာသော နှုတ်ခမ်းထူထူတွေ။
သူ မလွတ်စတမ်း ဆွဲယူကာ ချိုမြိန်စွာ သုံးဆောင်လိုက်မိသည်။
သိမ်မွေ့လွန်းသော အနမ်းတွေကြား ခွန်းထက်မာန် နှစ်လိုလက်ရ ပျော်ဝင်လာသည်။
တဖြည်းဖြည်းနှင့် ပိုမို ခက်ထန်လာခြင်းကို နှစ်ယောက်လုံး ခုံမင်နေမိသလို...
တစ်ဖက်မှ အသက်ရှူသံတွေ ပြင်းထန်လာကာမှ သူ အနည်းငယ် နောက်ပြန်ဆုတ်လိုက်သည်။
ထို့နောက် ချက်ချင်း အကျီကို လှန်တင်ကာ ဆွဲချွတ်ပစ်လိုက်သည်။
"ခွန်း...”
"ငါ မင်းကို လိုချင်တယ်။
ထိန်းမရနိုင်လောက်အောင်ထိ၊ ရူးသွပ်သွားလောက်အောင်ထိ ငါ မင်းကို လိုချင်တယ်။”
အသက်ရှူသံ တရှဲရှဲကြားမှ ကြားလိုက်ရသော စကားလုံးတွေက ခန့်ညားရှိန် အတွေးတွေ အားလုံးကို ရုတ်ချည်း မှိန်ကျသွားစေသည်။
အမြတ်နိုးရဆုံး ကြွေရုပ်လေးက သူ့ကို လိုလိုလားလား တောင်းဆိုနေတာ...
သူက ဘာသားနဲ့ ထုထားတာမို့ ခံနိုင်ရည် ရှိမှာတဲ့လဲ...
ချက်ချင်း ခေါင်းကို တသွင်သွင် ညိတ်ကာ ဝတ်ထားသော ရှပ်ကို စုတ်ဖြဲလုမတတ် ဆွဲချွတ်ပစ်လိုက်သည်။
ထို့နောက် ခွန်းကို ကုတင်ပေါ်သို့ ခပ်သာသာ တွန်းလိုက်သည်နှင့် နှုတ်ခမ်းပါးတွေက ချက်ချင်း ပြန်ဆက်နွယ်လာသည်။
ပြင်းထန်လာသည့် စိတ်အဟုန်နှင့်အတူ သွေးစတွေကိုပါ သူ ခံစားမိလာသည်။
ထိုမှတစ်ဆင့် သွယ်လျလွန်းသော လည်တိုင်လေးသို့ သူ ဦးတည်ကာ ခပ်ဖွဖွ ငုံခဲလိုက်မိသည်။
"အ...”
"Sry ခွန်း... အရာထင်သွားပြီ။”
"ရတယ်”
မျက်လုံးလေးတွေ မှေးစင်းကာ ခေါင်းကိုသာ တွင်တွင် ညိတ်ပြနေသည့် ခွန်းပုံစံက သူ့နှလုံးသားကို ပြုတ်ထွက်မတတ် ခုန်ပေါက်စေသည်။
မီးရောင် ဝါဖျော့ဖျော့ အောက်မှ ပြစ်မျိုးမှဲ့မထင် နူးညံ့လွန်းသော အသားအရေလေးက သူ့ကို ရူးသွပ်သွားလောက်အောင်ထိ ဆွဲဆောင်လွန်းသည်။
ရင်ဘတ်မှ ပန်းနုရောင် နေရာလေးတွေ အသာအယာ ထိတွေ့ပေးရင်း နှစ်ယောက်လုံးထံမှ အဝတ်အစားတွေကို ကုန်စင်အောင် ဖယ်ရှားပစ်လိုက်တော့ မြင်ကွင်းက သူ့ ရင်တစ်ခုလုံးကို ဝုန်းဒိုင်းကြဲ လှိုက်ဖိုစေပြန်သည်။
ခွန်းရေ...
ဘာဖြစ်လို့ အဲ့လောက်တောင် လှနေရတာလဲ...
Lubricant ကို ခပ်သွက်သွက် ထုတ်ယူကာ သူ လက်ချောင်းတွေကို အမြန်သုတ်လိုက်သည်။
ထို့နောက် ခြေသလုံး တစ်ဖက်ကို အသာ မ ကာ အနောက်တံခါးသို့ ခပ်သွက်သွက် တိုးဝင်လိုက်တော့ အချိုးအဆစ်ကျလွန်းသော ခါးလေးက ခပ်သာသာ မြောက်တက်သွားသည်။
"အင်း...ခန့်...”
ဘုရားရေ...
အဲ့ညည်းသံလေးနဲ့တင် ငါတော့...
ရင်ဘတ်ပေါ်မှ ခံစားရသော ကြမ်းရှရှ လက်ဖဝါးတွေက သူ့ကို ပိုပြီး စိတ်လှုပ်ရှားစေသည်။
အနည်းငယ် မသေသပ်သော ပြင်ဆင်မှုတွေအပြီးမှာတော့ သူလည်း တောင့်မခံနိုင်တော့
"ခွန်း ကျွန်တော်....”
"ရတယ်...
အဆင်သင့်ဖြစ်ပြီ။”
ခွန်း စကားဆုံးသည်နှင့် သူ တစ်ခါတည်း တိုးဝင်လိုက်မိသည်။
ပြောမပြတတ်လောက်အောင် နွေးထွေးလွန်းသော ခံစားချက်က သူ့ အာရုံတစ်ခုလုံး လွင့်မျောသွားသလို...
ဘုရားရေ...
ငါ တကယ် ရူးပြီ ထင်တယ်။
စိတ်ကို မနည်းထိန်းကာ ဖြည်းညင်းဖို့ ကြိုးစားနေရသည်။
ပူလောင်လွန်းလှသော တပ်မက်စိတ်ကြောင့် ခွန်း နာကျင်သွားမှာကို သေမတတ် စိုးရိမ်မိသည်။
"ခန့် ရပြီ
နည်းနည်း...မြန်မြန်....”
ကုန်းပေါ်ရောက်နေသော ငါးလေးတွေလို လှိုက်ဖိုနေသော ဖြူနုနု ရင်ဘတ်လေး...
တုန်ယင်မှုဖြင့် မကြည်မလင် ဖြစ်နေသော တိုးဖွဖွ အသံလေး...
တစ်ကိုယ်လုံးကို ပွတ်သပ်နေမိသော လက်ဖဝါးတွေမှ အမာရွတ် တစ်ခုစီကို ထိမိတိုင်း မျှင်းခနဲ နာကျင်မှုနှင့်အတူ တုန်ယင်လှိုက်ဖိုမှုကပါ နှစ်ဆတိုးလာရသည်။
နဖူးထောင့်မှ စီးကျလာသော ချွေးစက်လေးကအစ မြတ်နိုးတွယ်တာစရာ အတိ...
"ခွန်း...အ...”
တဖြည်းဖြည်းနှင့် အရိုင်းဆန်လာသော စိတ်အလျင်ကို သူ မထိန်းနိုင်တော့...
ခွန်းဆီမှ ရှိုက်ညင်းသံလေးတွေ၊ တောင့်တောင့်တတ အသံလေးတွေက သူ့ ရူးသွပ်မှုတွေကို အဆုံးစွန်ထိ တွန်းပို့နေသည်။
"အင်း...ခန့်...ငါ...ငါ...”
"ကျွန်တော်ရောပဲ...”
နှစ်ယောက်လုံး၏ စကားအဆုံး ပို၍ကျယ်လောင် လာမိသော ညည်းညူသံ တစ်ချို့နှင့်အတူ....
ထိန်းမရအောင် မြန်ဆန်သွားသော လှုပ်ရှားမှုတွေ အဆုံးမှာတော့....
သာယာမှုအတိနှင့် ဖမ်းဆုပ်မရအောင် လွင့်မျောသွားမိစဥ်မှာပဲ...
"အ...ခွန်း...
အ....ဟူးးးး”
တစ်စုံတစ်ရာ လွှတ်ချလိုက်ရသော ခံစားချက်နှင့်အတူ ခန့်ညားရှိန် ခုမှ အသက်ရှူနိုင်တော့သလို ခံစားလိုက်ရသည်။
"ဟူးး...ခွန်းရယ်။
ကျွန်တော် ရူးသွားပြီလို့တောင် ထင်နေတာ”
နဖူးပေါ်မှ ဆံညိုလေးတွေကိူ သပ်တင်ပေးရင်း သူ စိတ်လိုက်လက်ရ ပြောမိတော့ ခွန်းက ခေါင်းညိတ်သည်။
"ငါ ရောပဲ။”
ခန့်ညားရှိန် ပြုံးကာ ထို သွေးခြေဥနေသော နှုတ်ခမ်းပါးလေးတွေကို ငြင်သာစွာ ဖိကပ်လိုက်မိသည်။
ရုတ်တရက်...
ပါးပြင်ပေါ်မှ ပူနွေးသည့် ခံစားချက်ကြောင့် သူ ရင်ထဲ ဒိန်းခနဲ ဖြစ်သွားရသည်။
"ခွန်း မျက်ရည်ကျနေတာလား...”
သူ ချက်ချင်း ခွာကာ မေးလိုက်တော့ ခွန်းက ခပ်ဟဟ ရယ်သည်။
"ဒီ အချိန်မှာ အဲ့တာ ထူးဆန်းလို့လား။
မဟုတ်တာတွေ မေးနေတယ်
လာ ငါတို့ နောက်တစ်ကြိမ်လောက် ထပ်ပြီး ရူးသွပ်ကြည့်ရအောင်။”
စကားဆုံးသည်နှင့် ပြန်လည်ကျရောက်လာသော အနမ်းတစ်ခုကြောင့် သူ တုံ့ပြန်ဖြေကြားချိန် မရတော့...
အရာရာဆီက လွတ်မြောက်သွားသလို ယစ်မူးဖွယ် သာယာမှုတွေကြား နောက်တစ်ကြိမ် ထပ်ပျော်ဝင်သွားမိသည်။
သို့သော်လည်း
ထိုမျက်ရည်တွေက စိတ်ဆန္ဒပြည့်ဝမှုကြောင့် ဖြစ်တည်လာတာရော ဟုတ်ရဲ့လားဆိုတာကိုတော့...
သိစိတ်ကပ်သည့် စက္ကန့်တိုင်းတွင် သူ ထပ်ခါထပ်ခါ သံသယဝင်နေမိဆဲပါပင်။
............
"ခွန်း တစ်ခုခု သောက်ချင်လား။”
နောက်တစ်ကြိမ်၊ နောက်တစ်ကြိမ်ကနေ အကြိမ်ကြိမ်အဖန်ဖန်တွေ အပြီးမှာတော့ ဉာဥ့်သန်းခေါင်ယံကိုပင် တော်တော်ကြီး လွန်သွားခဲ့ကြသည်။
သန့်ရှင်း၊ အဝတ်အစား ဝတ်ပြီးသည်အထိ ခွန်းက ဘာတစ်ခုမှ မပြော။
တိတ်ဆိတ်မှုကြောင့် ကသိကအောက် ဖြစ်လွန်းစွာ သူ စကားစကြည့်မှ ခွန်းက ခေါင်းညိတ်သည်။
"အင်း...ကော်ဖီပဲ ဖြစ်ဖြစ်။”
"ဒီအချိန်ကြီး ကော်ဖီမသောက်ရပါဘူး။
မိုင်လိုပဲ ဖျော်ပေးမယ်။
သောက်မယ်မလား။”
သူ မေးတော့ ခွန်းက ခပ်ရေးရေး ပြုံးကာ ခေါင်းညိတ်သည်။
"ဟုတ်ပါပြီ။”
"လိမ္မာတယ် ကိုကို အူကြူးလေးက...”
နှာခေါင်းထိပ်လေးကို လက်နှင့် အသာတို့ပြီးမှ သူ ထရပ်လိုက်သည်။
ထို့နောက် တံခါးဆီသို့ လက်မလှမ်းခင်လေးမှာပဲ....
"ခန့်”
"ဟမ်”
ခေါ်သံ ခပ်ရေးရေးလေးကြောင့် နောက်ပြန်လှည့် အကြည့်
မျက်လုံးထောင့်မှ လှစ်ခနဲ မြင်လိုက်ရသော အရိပ်လေးနှင့်အတူ....
"ဒုတ်.....”
ဇတ်ပိုးထက်မှ နာကျင်လွန်းသော ခံစားချက်ကို သိလိုက်အပြီးမှာတော့....
ခန့်ညားရှိန် အသိအာရုံတွေ အားလုံး တစ်ခါတည်း ပိတ်ကျသွားရသည်။
ထို့အတူ သူ့နှလုံးသားလည်း တစ်ပါတည်း ဆွဲထုတ်လိုက်သလို ခံစားလိုက်ရပါတော့သည်။
...........
A/N
"ဒုတ်”တဲ့ ရိုက်လိုက်ပြီ ဟိဟိ👀👀
သီချင်းလေး ကောင်းတယ်မလားဟင်👀👀
ခန့်ခန့် အသံချိုချိုလေးနဲ့ဆို ကွက်တိ မတ်စိ👀
စာစီနေတာ ၈ နာရီထဲက
ဟိုလို chapter ခွဲမယ်၊ ဒီလို chapter ခွဲမယ်နဲ့ up က ၁၁ ထိုးသွားပြန် 🙃🙃
ဒါနဲ့လေ မီးနီကို chapter ဘေးမှာ မတပ်ထားတာ တစ်ခန်းလုံး မဟုတ်တာကြောင့်ပါ 👀
ဆူးက ဟယ်ဆိုပြီး ဖြစ်သွားစေချင်တာလည်း ပါတာပေါ့ ဟိ 👀
ယူတို့ အိုင့်ကို ဆူချင်နေပြီဆိုတာ သိလို့ ဂျကား လမ်းကြောင်းတွေ လျှောက်ပြောင်းနေတာ😞
ဆူနဲ့နော်...
လက်ရောင်နေတာ သက်သာတာနဲ့ မနေနိုင် မထိုင်နိုင် up ပလိုက်တာမို့...အချစ်တွေပဲ ပေး😚😚
ရာသီဥတုက အေးတာမို့ ကျန်းမာရေးကိုလည်း မပြတ် ဂရုစိုက်ကြပါရှင် ❣❣
တော်လှန်ရေးကိုလည်း သွေးမအေးစေနဲ့နော်😙
နိုင်သမျှ အကုန် ကူနေတယ်မလား😚
ဘာဘီတို့ကို ယုံထားပြီးသား😚
အားလုံးပဲ Stay strong, stay safe
We must win in this fight ပါရှင် ❣
Love u all😚
........
A/N
Best part ဆိုတဲ့ သီခ်င္းေလးကို နားမေထာင္ဖူးေသးရင္ အရင္ နားေထာင္ၾကည့္ေပးဖို႔ ဆူးဆူး ေလးေလးစားစား တိုက္တြန္းပါတယ္ဗ်။
Media က you tube vd က male only ver ပါ။
Fb မွာ mm sub နဲ႕ ရွိပါတယ္။
Link ပဲ ေပးမယ္ေနာ္။
ဆူး wp ver က ေအာက္မွာ vd ထည့္လို႔ မရလို႔😢
https://www.facebook.com/114361830292313/videos/572908016712767/
တအား နားေထာင္ေစခ်င္လို႔ ႏွစ္ခုေတာင္ ရွာေပးထားတာေနာ္ ဟြင္းဟြင္း 😌😌
(Zawgyi)
"ကြၽန္ေတာ္ ေဖေဖနဲ႕ တစ္ေန႕ခင္းေတာ့ ေနေပးလိုက္အုံးမယ္။
ဧည့္ေတြ႕ခ်ိန္ ေက်ာ္ရင္က ျပန္ရမွာဆိုေတာ့...
ၿပီးတာနဲ႕ ဖုန္းဆက္လိုက္မယ္။
႐ုံးခ်ဳပ္မွာပဲ ရွိေသးရင္လည္း ဝင္ေခၚမယ္။
ညစာ စားခ်ိန္နဲ႕ေတာ့ ကြက္တိပဲ။
စားခ်င္တာ ေျပာထား၊ ဝယ္လာေပးမယ္။
အေရးအေၾကာင္းရွိရင္ေတာ့ ခ်က္ခ်င္း ဖုန္းေခၚေနာ္။
ခ်က္ခ်င္း ထြက္လာမယ္။”
"အစ္ကို ပစၥည္းေလးေတြ ဒီထဲ ထည့္လိုက္ေနာ္။”
nurse ေလး အေျပာေၾကာင့္ Msg ကို အၿပီးသတ္ကာ ကမ္းေပးေသာ ျခင္းျပာေလးထဲသို႔ ဖုန္း လွမ္းထည့္လိုက္သည္။
အထူးၾကပ္မတ္ေဆာင္သို႔ ပိုးသတ္ဝတ္စုံႏွင့္ ဝင္ရတာက သူ႕အတြက္ေတာ့ အေတာ္ေလး စိတ္ကသိကေအာက္ ျဖစ္ရသလို...
မွန္ အၾကည္မွ တစ္ဆင့္ အထဲသို႔ လွမ္းၾကည့္ရင္း ခန့္ညားရွိန္ သက္ျပင္းခ်မိသည္။
ကုတင္ေပၚတြင္ ပတ္တီးအေဖြးသားႏွင့္ မွိန္းေနေသာ ေဖေဖပုံစံက သူ႕ရင္ကို တမွ်င္းမွ်င္း နာက်င္ေစသည္။
Slide door ကို ဆြဲလိုက္ဖို႔ပင္ လက္ေတြက မဝံ့ရဲသလို။
"လူနာက သတိရရခ်င္း အစ္ကို႔ကို ေမးေနတာ။”
Nurse ေလး ေျပာသံၾကားမွ သူ ၿပဳံးကာ ေခါင္းညိတ္ရင္း တံခါးကို ဆြဲဖြင့္လိုက္မိသည္။
အသံၾကားသည္ႏွင့္ ေဖေဖက ဆတ္ခနဲ မ်က္လုံးပြင့္လာသည္။
"သား...”
ေခၚသံတိုးညွင္းညွင္းအဆုံး သူ ရင္ထဲလည္း တစ္ဆို႔ဆို႔...
မသိမသာ ေခါင္းငုံ႕ကာ ေဘးရွိ ခုံေလးတြင္ ဝင္ထိုင္လိုက္မိသည္။
"ဘယ္လိုလဲ ေဖေဖ ေနသာရဲ႕လား။”
သူ ေမးေတာ့ ေဖေဖက ေခါင္းကို ခပ္ျဖည္းျဖည္း ညိတ္သည္။
"အင္း...
လြန္ခဲ့တဲ့ နာရီပိုင္းေလာက္က ငါ့ခႏၶာကိုယ္ထဲကို ခြဲစိတ္ကိရိယာေတြ ဝင္ခ်ည္ထြက္ခ်ည္ ျဖစ္ခဲ့ပါလားဆိုတာကို မေတြးေနရင္ေတာ့ ေတာ္ေတာ္ေလး အဆင္ေျပပါတယ္။”
ခန့္ညားရွိန္ ရယ္ခ်င္စိတ္ကို ႏႈတ္ခမ္းကိုက္ကာ ထိန္းလိုက္ရသည္။
ေဖေဖကေတာ့ေလ ဒီေလာက္ ျဖစ္ေနတာေတာင္ ေနာက္ေနနိုင္ေသးတယ္။
အေျခအေနေတြက ပုံမွန္လို ခံစားမိေနၿပီးကာမွ...
႐ုတ္တရက္ ထိုင္းမွိုင္းကာ စိတ္ထဲ က်င္ခနဲ ျဖစ္သြားမိသည္။
ထိုအေၾကာင္းအရာကို သူ ဘယ္လို စကား စ ရမယ္မွန္းပင္ မသိ။
ဒီအေျခအေနမွာေရာ ေျပာသင့္ရဲ႕လား...
ေဖေဖက က်န္းမာေရးက ခုေတာင္ ေစာင့္ၾကည့္ေနရတုန္း...
ပတ္တီး အေဖြးသားနဲ႕ အသံေတာင္ မနည္း ထုတ္ေနရတဲ့ အခ်ိန္မွာ ငါက ဒီ စကားေတြ ေျပာဖို႔သင့္ရဲ႕လား...
ဒါေပမဲ့လည္း...
မေန႕ညက စိုးရိမ္ခဲ့ရသည္ကို မ်က္စိထဲ ျပန္ျမင္လာခ်ိန္မွာေတာ့ သူ ရင္တစ္ခုလုံး လွိုက္ခနဲ ျဖစ္သြားရသည္။
ဟုတ္တယ္...အခြင့္အေရး ရွိေနတုန္းမွ...
"သား...
ေဖေဖက....”
"ကြၽန္ေတာ္ ေဖေဖ့ကို ခ်စ္တယ္။”
ခန့္ညားရွိန္ ျဖတ္ေျပာလိုက္ေတာ့ ေဖေဖက ေၾကာင္ကာ ၾကည့္ေနသည္။
သူ ပင့္သက္ရွိုက္ကာ ေဆးသြင္းထားေသာ လက္တစ္ဖက္ကို ဖြဖြ ဆုပ္ကိုင္လိုက္သည္။
"ကြၽန္ေတာ္ တကယ္ ေဖေဖ့ကို ခ်စ္ပါတယ္။
အေဖအ
ကြၽန္ေတာ့္ဟာ ကြၽန္ေတာ္ အမွန္တရားကို လက္ခံရမွာ အရမ္း လန့္ၿပီး ေၾကာက္ကန္ ကန္ေနမိတာ။
ငါ ေစာေစာမ်ား ႀကိဳသိခဲ့ရင္ တစ္မ်ိဳးတစ္ဖုံ ျဖစ္သြားေလမလားဆိုၿပီး အ႐ူးေတြး,ေတြးမိတာ။
ကြၽန္ေတာ္ အဲ့လို မိုက္႐ူးရဲဆန္ခဲ့မိလို႔လည္း ေဖေဖကို ခုလို....”
လည္မ်ိဳထဲထိ တစ္ဆို႔လာေသာ နာက်င္မႈႀကီးေၾကာင့္ သူ အံကို တင္းတင္း ႀကိတ္လိုက္မိသည္။
ကိုယ့္ကိုယ္ကို အျပစ္မတင္ဖို႔ ဆုံးျဖတ္ထားၿပီးေသာ္လည္း အလုံးအရင္းႏွင့္ ဝင္ေရာက္လာေသာ အေတြးေတြကို မရပ္တန့္နိုင္။
မ်က္ရည္က်လာလွ်င္ သိသာသြားမည္စိုး၍ သူ ေခါင္းကို ငုံ႕လိုက္မိေတာ့ ေဖေဖက သူ႕လက္ကို ခပ္သာသာ ဖိကိုင္လာသည္။
"ခန့္ညား သား...ေဖေဖ ေျပာတာ ခဏ နားေထာင္ေပးမလား။”
တိုးဖြဖြ စကားသံေၾကာင့္ သူ မ်က္လႊာခ်ထားရင္းမွပင္ ေခါင္းကို ျဖည္းျဖည္းခ်င္း ညိတ္ျပလိုက္မိသည္။
"ေဖေဖတို႔ ရန္ကုန္ ေျပာင္းၿပီး သိပ္မၾကာဘူး တစ္ရက္။
သားကေတာ့ မွတ္မိခ်င္မွ မွတ္မိမယ္။
သားက ၿခံထဲက ျမက္ခင္းမွာ သားအေမနဲ႕ ေဆာ့ေနတယ္။
အေဖ အျပင္သြားေတာ့မယ္ ေျပာေတာ့ ၿပဳံးၿပီး ႏႈတ္ဆက္တယ္။
ၾကည့္စမ္း ငါ့သားေလး အၿပဳံးက ခ်ိဳလိုက္တာလို႔ ေဖေဖေတြးမိရင္း ကားစက္ႏွိုးလိုက္မိတုန္းမွာပဲ...
သားက မ်က္စိေရွ႕တည့္တည့္က ကားမီးေရာင္ကို အလန့္တၾကား ၾကည့္ၿပီး ေခါင္းနာတယ္လို႔ အသံကုန္ ေအာ္ေတာ့တာပဲ....”
အေတြးထဲ တေရးေရး ေပၚလာေသာ အျဖစ္အပ်က္ေလးေၾကာင့္ ခန့္ညားရွိန္ ျပန္ေမာ့ၾကည့္လိုက္မိသည္။
"အင္း...ကြၽန္ေတာ္ မွတ္မိၿပီ။”
"အဲ့ ျမင္ကြင္းကို ေဖေဖ ေတာ္ေတာ္နဲ႕ ေမ့မရဘူး။
ႀကီးလာေတာ့လည္း သားက အဲ့ေလာက္ေတာ့ မီးေရာင္ကို sensitive မျဖစ္ေတာ့ဘူးေပါ့ေလ။
မထင္မွတ္ဘဲ ကားေမာင္း သင္ေပးဖို႔ ေတာင္းဆိုေနတဲ့ ညကဆို ေဖေဖ့မွာ လန့္လည္း လန့္၊ ေပ်ာ္လည္း ေတာ္ေတာ္ ေပ်ာ္သြားတာ။
ကံေကာင္းလို႔ စိတ္ဒဏ္ရာ မက်န္သြားတာပါလားဆိုၿပီး...
ဒါေပမဲ့ မ်က္မွန္ႀကီးနဲ႕ စိတ္ရႈပ္စရာ ေကာင္းလိုက္တာ ေဖေဖရယ္လို႔ ညည္းတိုင္း၊
သား အမာ႐ြတ္ကို သူငယ္ခ်င္းက လန့္သြားတယ္လို႔ ရယ္က်ဲက်ဲနဲ႕ လာေျပာတိုင္း၊
ေဖေဖ အဲ့ျမင္ကြင္းကို မ်က္စိထဲ ျပန္ျမင္ေယာင္လာတယ္။
ၿပီးတာနဲ႕ ဒါဟာ ငါ့ေၾကာင့္ ျဖစ္ရတာပါလားဆိုတဲ့ အသိရယ္၊ ငါ့သားသာ အျဖစ္မွန္ သိရင္ေတာ့ ငါ့ကို ေဒါသထြက္၊ နာၾကည္းသြားမွာပဲဆိုတဲ့ အေတြးရယ္က တစ္ဆက္တည္း ကပ္ပါလာတယ္။
အဲ့တာနဲ႕ပဲ ေဖေဖ ရသေလာက္နည္းသုံးၿပီး သားကို ဖုံးဖိထားဖို႔ ႀကိဳးစားမိတာပဲ။
သားကို အႏၱရာယ္ က်ေရာက္မွာ စိုးရိမ္စိတ္အျပင္ ေဖေဖ့ရဲ႕ သားဆီမွာ အျပစ္ ဝန္မခံခ်င္တဲ့ အတၱစိတ္လည္း ပါခဲ့တယ္။
အဲ့တာေၾကာင့္ ေဖေဖ တကယ္ သားကို ေတာင္းပန္ပါတယ္။”
အေရးအေၾကာင္းေတြၾကားမွ ေငြ႕ရည္သိုင္းေနေသာ မ်က္ဝန္းေတြ...
ခန့္ညားရွိန္ ေခါင္းကို ပ်ာပ်ာသလဲလဲ ယမ္းလိုက္မိသည္။
"မဟုတ္တာ...
ကြၽန္ေတာ္ကသာ ေဖေဖ့ကို ေက်းဇူးတင္ရမွာ။
ကြၽန္ေတာ့္ေလာက္ ကံေကာင္းတဲ့သူ ရွိပါ့အုံးမလား။
တကယ္ကို တစ္ဘဝလုံး ခ်စ္ျခင္းေမတၱာေရာ၊ စည္းစိမ္ဥစၥာေရာ၊ လိုေလေသးမရွိ ေနခဲ့ရတာ။
ဘယ္ေလာက္ေတာင္ ၿပီးျပည့္စုံတဲ့ ဘဝကို ပိုင္ဆိုင္ခဲ့ရလဲ။
ကြၽန္ေတာ့္အတြက္ေတာ့ ႏွစ္ခါျပန္ေတြးစရာ မလိုဘူး၊ ေဖေဖနဲ႕ ေမေမကသာ ကြၽန္ေတာ့္မိဘအရင္းေတြပဲ။
အဲ့တာေၾကာင့္ အဲ့လိုမ်ိဴး ထပ္ေတြးမေနနဲ႕ေတာ့။
ကြၽန္ေတာ္လည္း ေဖေဖ့ကို ရိုင္းရိုင္းစိုင္းစိုင္း စြပ္စြဲမိသလို ေျပာမိသလို ျဖစ္သြားတာအတြက္ တကယ္ ေတာင္းပန္တယ္။
ေဖေဖ ခြင့္လႊတ္မယ္ဆိုတာလည္း သိတယ္။
သားအဖခ်င္း တစ္ေယာက္အတြက္ တစ္ေယာက္ အျပစ္ရွိတယ္ ေတြးေနတာ အဆင္မေျပဘူးေလေနာ့။
အဲ့ေတာ့ ႏွစ္ဖက္လုံး အဆင္ေျပသြားၿပီ။
ဟုတ္ၿပီလား။”
သူ မ်က္ခုံးပင့္ကာ အ႐ႊန္းေဖာက္သလို ေျပာလိုက္ေတာ့ ေဖေဖက ႏွစ္လိုလက္ရ ၿပဳံးသည္။
"ဟုတ္ပါၿပီ။
မင္းပဲ လိုရာဆြဲေျပာ။
အဲ့အက်င့္ကလည္း ဘယ္က ရလာမွန္းကို မသိဘူး။”
"ေဖေဖ့ဆီကပဲေလ ေသခ်ာတာေပါ့။”
သူ ေျပာေတာ့ ေဖေဖက ကိုင္ထားေသာ လက္ကို ခပ္ဖြဖြ ရိုက္လိုက္သည္။
ၿပီးတာႏွင့္ ေခါင္းတယမ္းယမ္းျဖင့္ ၿပဳံးသည္။
ခုမွပဲ သူတို႔ၾကားက ေလထုက ျပန္လည္ ႏြေးေထြးတည္ၿငိမ္သြားသလို...
ေတာ္ေသးတယ္။
ငါ့ေသြး႐ူးေသြးတန္း စိတ္ခံစားခ်က္ေတြက ဒီေလာက္နဲ႕ပဲ ေျပလည္သြားလို႔။
"ဒါနဲ႕ ဟိုညက သား ဘယ္လို သိလာတာလဲ။”
ေဖေဖ့၏ မဝံ့မရဲ ေမးသံၾကားမွ သူ ရင္ထဲ ဒိတ္ခနဲ ျဖစ္သြားရသည္။
ဟုတ္သားပဲ...
သူ ေဖေဖ့ကို အဲ့ကိစၥ ေသခ်ာမွ မေျပာျပရေသးတာ...
စိတ္ရႈပ္ေထြးစြာျဖင့္ သူ မ်က္ခုံးႏွစ္ခုၾကား အသာ ဖိႏွိပ္လိုက္မိသည္။
မတတ္နိုင္....
လာမယ့္ေဘး ေျပးေတြ႕လိုက္တာသာ အေကာင္းဆုံး ျဖစ္ေပလိမ့္မည္။
သက္ျပင္းခ်ကာ ျဖစ္ေၾကာင္းကုန္စင္ကို စိတ္ရွည္လက္ရွည္ ဇာတ္စုံခင္းျပလိုက္ေတာ့ ေဖေဖက ဘာမွ ျဖတ္မေျပာဘဲ အသံတိတ္သာ နားေထာင္ေနသည္။
တစ္နာရီေက်ာ္ၾကာ စကား အရွည္ႀကီး ဆုံးမွ ပါးစပ္အေဟာင္းသားႏွင့္ ေခါင္းကို ျဖည္းျဖည္းခ်င္း ညိတ္သည္။
"ဟူး... အဲ့လူက တကယ္ကို မလြယ္တာပဲ။
ဆိုေတာ့ သားမိဘေတြက....”
"အင္း...ဘယ္လို ေျပာရမလဲ...
လူသတ္သမားေတြလို႔ပဲ ေျပာရမလား...ဟက္”
"ခန့္ညား...?”
ေဖေဖ့၏ စိုးရိမ္တႀကီး ေခၚသံေနာက္ သူ ဘာမွမျဖစ္သလို ပုခုံးတြန့္ျပလိုက္သည္။
"မတတ္နိုင္ဘူး။
ဘယ္လိုပဲျဖစ္ျဖစ္ သူတို႔က ကြၽန္ေတာ့္မိဘေတြေတာ့ ျဖစ္ေနေသးတယ္။
ေနာက္ဆုံးထိ ကြၽန္ေတာ့္အသက္ကို ကယ္ဖို႔ ႀကိဳးစားသြားၾကေသးတယ္။
ဆိုေတာ့ ကြၽန္ေတာ္ သူတို႔အတြက္ တရားမွ်တမႈေတာ့ ရေအာင္ ရွာေပးနိုင္မွ ျဖစ္မယ္။
အဲ့ေခြးသူေတာင္းစားကို ရွင္းကို ရွင္းပစ္နိုင္မွ ရမယ္။”
ေျပာရင္းႏွင့္ အသံ အလိုလို မာသြားမိေတာ့ ေဖေဖက သူ လက္ကို အသာ ပြတ္သည္။
"သူကေတာ့ သား အသက္ရွင္ေနေသးေၾကာင္း မသိေသးဘူးေပါ့။”
"ထင္တာပဲ။
သူက ခုထိ ခြန္းနဲ႕ ပတ္သတ္ၿပီးပဲ ကြၽန္ေတာ့္အေပၚ အာ႐ုံေရာက္ေနတာ။
အာ...ဒါနဲ႕ ခြန္း အဟမ္း...leo နဲ႕ ကြၽန္ေတာ္က...”
"ေဖေဖတို႔ အဲ့အေၾကာင္းကို ေနာက္မွ ေျပာရေအာင္။”
စကားမဆုံးခင္ ျဖတ္ေျပာလိုက္ေသာ ေဖေဖေၾကာင့္ သူ အေတာ္ေလး အံ့ၾသသြားမိသည္။
မ်က္ႏွာေပၚမွ အၿပဳံးက က်န္ေနေသးေသာ္လည္း ခပ္ေရးေရးသာ...
ဘာကို ဆိုလိုမွန္း ရိပ္မိျခင္းႏွင့္အတူ သူ ရင္ထဲ တင္းခနဲ ေအာင့္မ်က္သြားရသည္။
ေဖေဖက ခြန္းကို လက္မခံခ်င္ေသးဘူးပဲ...
သိေနၿပီးသား ကိစၥ ျဖစ္ေသာ္လည္း ရင္တစ္ခုလုံး ႏြမ္းလ်သြားမိျခင္းကို ထိန္းမရ။
အင္းေလ ခုက ဒီကိစၥ ျငင္းခုံေနဖို႔ အခ်ိန္အခါလည္း မဟုတ္ပါဘူး...
ခါးခါးသီးသီး မတားတာပဲ ေက်းဇူးတင္ရမွာပါပဲ။
အနည္းဆုံးေတာ့ ခြန္းနဲ႕ပတ္သတ္လို႔ ဒီလိုေတြ ျဖစ္ရတာဆိုတဲ့ စြပ္စြဲခ်က္ေတြ ေျပာမလာတာပဲ ေတာ္ေသးသည္။
မဟုတ္လွ်င္ ခြန္းကို ဘယ္နည္းနဲ႕မွ မစြန့္ပစ္နိုင္ေသာ သူအဖို႔ စိတ္ဆင္းရဲ႐ုံကလြဲ ဘာမွ ျဖစ္လာမည္မဟုတ္။
အခ်ိန္ တစ္ခုေပးၿပီး သက္ေသျပနိုင္ရင္ေတာ့ ေဖေဖလည္း ျဖည္းျဖည္းခ်င္း လက္ခံသြားမွာပါ။
"အင္းပါ ေနာက္ေတာ့မွ ေျပာတာေပါ့။”
သူ ၿပဳံးကာ ေျပာလိုက္ေတာ့ ေဖေဖက မအီမသာႏွင့္ ေခါင္းညိတ္သည္။
"အဲ့ေတာ့ သားက အတိတ္ကဟာေတြ တစ္ခ်ိဳ႕ ျပန္မွတ္မိၿပီေပါ့။”
သိသိသာသာ စကားလမ္ေၾကာင္း လြဲျခင္းကိုလည္း သူ မသိက်ိဳးကြၽံျပဳေပးလိုက္သည္။
"ဟင့္အင္း။
ေသေသခ်ာခ်ာ မွတ္မိတာက အဲ့ ကားတိုက္ခါနီးနားပဲ။
က်န္တာေတြက မႈန္ဝါးဝါးနဲ႕ တစ္ကြက္စီေလာက္ပဲ။”
"ေၾသာ္ ဒါနဲ႕ သား နာမည္အရင္းက ဘာ?”
"ေနေတဇဟိန္း”
"Imm... လွေပမယ့္ မင္းနဲ႕ မလိုက္ဘူး။”
"ကြၽန္ေတာ္ သိတယ္။
ခန့္ညားရွိန္ကမွ ကြၽန္ေတာ္နဲ႕ အလိုက္ဆုံးပဲ။”
ထို႔ေနာက္ သူတို႔ ႏွစ္ေယာက္ တစ္ေယာက္ကို တစ္ေယာက္ ၾကည့္ကာ ခပ္တိုးတိုး ရယ္မိၾကပါသည္။
.......
"ဘာမွ မဝယ္ခဲ့နဲ႕။
အိမ္ကိုသာ တန္းျပန္လာခဲ့။
ငါ ေစာင့္ေနမယ္။”
အထူး ၾကပ္မတ္ေဆာင္မွ ထြက္ထြက္ခ်င္း ဖုန္းကို အဖြင့္ ျမင္လိုက္ရေသာ message ေၾကာင့္ ခန့္ညားရွိန္ မ်က္ခုံးပင့္လိုက္မိသည္။
အယ္ ခြန္းက အိမ္ေတာင္ ျပန္ေရာက္သြားၿပီလား....
သူ ပုခုံးတြန့္ကာ ဖုန္းကို ေဘးခ်လိဳက္သည္။
ထို႔ေနာက္ Baby ကိုသာ စက္ႏွိုးၿပီး ခပ္သြက္သြက္ ေမာင္းလိုက္သည္။
ထုံးစံအတိုင္း ၾကပ္ပိတ္ေနဆဲ လမ္းေတြေၾကာင့္ တစ္နာရီနီးပါးကေတာ့ အသာေလးပင္။
အခန္းေရွ႕ေရာက္သည္ႏွင့္ သူ တစ္ကိုယ္လုံးကို တဂြၽတ္ဂြၽတ္ႏွင့္ အေညာင္းဆန့္လိုက္မိသည္။
"အား...ခြန္းရယ္
ေညာင္းလိုက္တာမွ.....”
တံခါးဖြင့္လိုက္သည္ႏွင့္ ဆီးႀကိဳေနေသာ အေမွာင္ထု....
သူ ရင္ထဲ ထိတ္ခနဲ ပ်ာသြားသည္။
"ခြန္း?”
"ငါ အေနာက္မွာ ခန့္....”
စူးခနဲ ထြက္လာေသာ ေျဖသံကို ၾကားမွ သူ သက္ျပင္းခ်နိဳင္ေတာ့သည္။
ေတာ္ပါေသးရဲ႕...
"ခြန္းရဲ႕
ေမွာင္ေမွာင္မည္းမည္းနဲ႕ ဘာေတြလုပ္ေနတာလဲ။”
မီးခလုတ္ကို စမ္းတမ္းမန္းတမ္း ဖြင့္ၾကည့္ေသာ္လည္း လင္းမလာ....
"ခြန္း မီးပ်က္ေန တာလား”
မဟုတ္ေသးပါဘူး။
ဝန္းတစ္ခုလုံး မီးေတြ လင္းထိန္ေနတာကို...
စိတ္ရႈပ္ေထြးမႈျဖင့္ သူ မ်က္ေမွာင္ကုတ္ကာ ဂ်ာကင္ကို ဆြဲခြၽတ္ပစ္လိုက္သည္။
ထို႔ေနာက္ အေနာက္ဘက္သို႔ အသာေလး စမ္းၿပီး သြားလိုက္မိသည္။
Slide door ပိတ္ထားေသာ မီးဖိုးေခ်ာင္ကေတာ့ အလင္းေရာင္ နည္းနည္း ထြက္ေနသလိုလိုပင္။
"ခြန္းေရ...”
ျပန္ေျဖသံမၾကားရ....
ဒီလူႀကီးေလးကေတာ့ ဘာေတြ လုပ္ေနတာလဲ...
စိတ္မရွည္စြာျဖင့္ တံခါးကို ဆြဲဖြင့္လိုက္ေတာ့....
ျမင္လိုက္ရသည့္ ျမင္ကြင္းက သူ႕ကို ခဏ ငိုင္သြားေစသည္။
မီးဖိုးေခ်ာင္ အလယ္တည့္တည့္သို႔ ေ႐ြ႕ထားေသာ ထမင္းစား စားပြဲအျဖဴ....
စားပြဲ အလယ္မွ ၾကက္ေကာင္လုံးကင္ အပါအဝင္ အေနာက္တိုင္းဆန္ဆန္ ဟင္းလ်ာမ်ား
စားပြဲေထာင့္စြန္းႏွင့္ ေၾကာင္အိမ္ေပၚတြင္ တင္ထားေသာ အလွ ဖေယာင္းတိုင္ေလးမ်ား...
ဒါက ဘာလဲ...
႐ုတ္တရက္ အေနာက္မွ ေပြ႕ဖက္ျခင္းကို ခံလိုက္ရသျဖင့္ သူ တုန့္ခနဲ ျဖစ္သြားမိသည္။
ကိုယ္သင္းနံ႕ ေဖ်ာ့ေဖ်ာ့ေလးႏွင့္အတူ ႏွလုံးသားေလးလည္း ႏြေးေတးေတး...
"သေဘာက်ရဲ႕လား...”
နားနားကပ္ကာ ေျပာေသာ ခပ္တိုးတိုး အေမးေၾကာင့္ ခန့္ညားရွိန္ ေၾကာင္အမ္းကာ ဘာျပန္ေျပာရမွန္းမသိ။
"Umm....
ကြၽန္ေတာ္ တစ္ခုခုမ်ား ေမ့ေနတာလား။
မျဖစ္နိုင္ပါဘူး။
Anni လည္း မဟုတ္ဘူး။
1st date လည္း မဟုတ္ဘူး။
ခြန္း ကြၽန္ေတာ့္ကို ျငင္းလိုက္တဲ့ေန႕လည္း မဟုတ္ဘူး။”
မ်က္ေမွာင္ ကုတ္ကာ စဥ္းစားၾကည့္ပါေသာ္လည္း ဘာတစ္ခုမွ ထြက္မလာ...
႐ုတ္တရက္ တစ္ခု သတိရမိမွ သူ ၿပဳံးနိုင္ေတာ့သည္။
"ေၾသာ္ ကြၽန္ေတာ့္ေမြးေန႕လား။
ကြၽန္ေတာ့္ေမြးေန႕ အစစ္ေလ။
ဟုတ္တယ္မလား?”
သူ ေနာက္လွည့္ကာ ဝမ္းသာအားရ ေမးလိုက္ေတာ့ မီးေရာင္မွိန္မွိန္ေအာက္မွ အၿပဳံးေလးက ထင္းသြားသည္။
"ဘာေန႕မွ မဟုတ္ဘူး။
မင္း ဒီတေလာ စိတ္ပင္ပန္းေနလို႔ ငါက စိတ္ေျပလက္ေပ်ာက္ ရွယ္ ညစာေလး စီစဥ္ေပးထားတာ။”
ဟမ္...
ခန့္ညားရွိန္ ႏွစ္ထပ္ကြမ္း အူလည္လည္ ျဖစ္သြားရသည္။
"ဘယ္လိုဘယ္လို....
ဒါေတြ အကုန္လုံး ခြန္း ျပင္ဆင္ထားတာ၊ ဒီတိုင္း ကြၽန္ေတာ္ စိတ္ပင္ပန္းေနလို႔ လုပ္ေပးတာေပါ့။”
"ဒါေပါ့”
အိုေက...
နည္းနည္းေလးေတာ့ တစ္မ်ိဳး ျဖစ္ေနတုန္းပဲ....
"ခြန္း တကယ္ကို...”
"ကဲ...လွ်ာကလည္း ရွည္လိုက္တာ။
ငါ ဒီေလာက္ အပင္ပန္းခံ လုပ္ေပးထားတာ။
မစားခ်င္လည္း ဒိုး...
သြား...ငါ့ မီးဖိုးေခ်ာင္ထဲ ထြက္။”
စိုးရိမ္ဖြယ္ ေရမွတ္သို႔ ႐ုတ္ခ်ည္း ေျပာင္းသြားေသာ အသံေနအသံထားေၾကာင့္ ခန့္ညားရွိန္ မ်က္ႏွာေၾကာကို ခ်က္ခ်င္း ျပင္လိုက္ရသည္။
"ဟာ...မဟုတ္တာ...
ကြၽန္ေတာ့္ အူၾကဴးေလး ပင္ပန္းသြားၿပီလို႔ ကြၽန္ေတာ္က ေတြးေနလို႔ပါ။
ဒါေတြ အကုန္ ခ်က္ထားတာ ခြန္းက တကယ္ ေတာ္လိုက္တာ ထင္ေတာင္ မထင္ထားဘူး။”
"မွာထားတာပါ...”
ဟမ့္
နင္ခနဲ ျဖစ္သြားေသာ ခံစားခ်က္ျဖင့္ သူ တံေတြးမ်ိဳခ်လိဳက္မိသည္။
ခ်ီးက်ဴးတဲ့လူေတာင္ ရွက္ရတယ္...
ငါ့ လခြီး...
"ဒါေပမဲ့ စားပြဲက ငါဟာ ငါ ေ႐ြ႕ထားရတာ။
ဒီ စားပြဲႀကီးက ဘယ္ေလာက္ေလးတယ္ ထင္လဲ။”
ႏႈတ္ခမ္း တေထာ္ေထာ္ႏွင့္ ဂုဏ္ယူစြာ ေျပာေနတာကို ျမင္ေတာ့လည္း သူ မၿပဳံးဘဲ မေနနိုင္ျပန္။
"ဟုတ္တာေပါ့။
အေလးႀကီးပဲ ေနမွာ
အရမ္း ပင္ပန္းသြားမွာပဲ။
လက္ကေလးေတြ နာသြားလား
ကြၽတ္စ္ကြၽတ္စ္ အုံဖြ...”
ေလတဟူးဟူး မႈတ္ရင္း လက္ေခ်ာင္းသြယ္ေလးေတြကို ခပ္ဖြဖြ ပြတ္ေပးေတာ့ ခြန္းက ခါတိုင္းလို ေပါေတာေတာနဲ႕ဟု မေျပာ။
သူ႕မ်က္ႏွာကို ဒီအတိုင္းသာ ေငးစိုက္ၾကည့္ေနသည္။
ထို႔ေနာက္ ႏူးညံ့ညင္သာစြာ ၿပဳံးသည္။
"ေက်းဇူးပဲ
ငါ လက္နာတာ ေပ်ာက္သြားၿပီ။
လာ...စားၾကမယ္။”
အယ့္လယ္...
တယ္ ခ်ိဳသာေနပါလား...
ဧကႏၱ ဘာ သတင္းေကာင္းေတြမ်ား ၾကားထားလို႔ပါလိမ့္။
"ဦးမိုးျမင့္ရွိန္ ဘယ္လိုေနေသးလဲ သက္သာလား။”
ခြန္းအေမးကို သူ ဇြန္းခက္ရင္း ယူရင္း အားပါတရ ေခါင္းညိတ္ျပလိုက္သည္။
"အင္း...ခုညေတာ့ ေဆးေပးၿပီး မွိန္းခိုင္းထားမယ္ ေျပာတယ္။
ေတာ္ေတာ္ေတာ့ သက္သာသြားၿပီ။
ကြၽန္ေတာ္နဲ႕လည္း စကား ေကာင္းေကာင္းေျပာနိုင္ၿပီ။
ဒါနဲ႕ ကိုေဇယ်ာေသာ္ကေရာ ဘာထူးတယ္ ေျပာေသးလဲ။”
သိခ်င္တာကိုသာ ဆြဲယူေမးလိုက္ေတာ့ ခြန္းက ခြက္ေတြထဲသို႔ ဝိုင္ငွဲ႕ေပးရင္း ပုခုံးတြန့္သည္။
"အင္း...တ႐ုတ္နယ္စပ္ဖက္ဆိုေတာ့ အစ္ကိုက အဲ့ဘက္ အဆက္အသြယ္ေတြ မ်ားတယ္။
ခုက ေနရာ အတိအက်ေတြနဲ႕ဆိုေတာ့ လိုက္ရ ေတာ္ေတာ္လြယ္သြားၿပီ။
အရင္က ေကာက္ရိုးပုံထဲ အပ္ေပ်ာက္ရွာတာထက္ ဆိုးေနတာမို႔။
ဒါေပမဲ့ သူ မရိပ္မိေအာင္ လႈပ္ရွားေနရတာမို႔ နည္းနည္းေတာ့ ၾကန့္ၾကာေလာက္တယ္။”
"ဘယ္လိုျဖစ္ျဖစ္ သူ႕ကို မိေတာ့မွာပဲမလား။”
သူ ေမးလိုက္ေတာ့ ခြန္းက ၾကက္သားကို လွမ္းဖဲ့ရင္း ေခါင္းညိတ္သည္။
"အင္း မိမွာေပါ့။”
"သူ႕ကို သြားဖမ္းရင္ ႐ုပ္ရွင္ေတြထဲကလို ခင္ဗ်ားကို ကြၽန္ေတာ္တို႔ လာဖမ္းတာ။
ပစ္မႈ ဘယ္ေလာက္ ဘလာ ဘလာ...
ေရွ႕ေနငွားခြင့္ ရွိတယ္ ဘာညာနဲ႕ အဲ့လို ရဲေတြက ဝင္ဖမ္းမွာမလား။
အဲ့ခါေတာ့ ကြၽန္ေတာ္ လိုက္ရမွ ျဖစ္မယ္ ခြန္း...
အဲ့ ေခြးသူေတာင္းစား မေသရင္ေတာင္ ေခြးလိုဝက္လို အဖမ္းခံရတာကို ျမင္ရမွ ျဖစ္မယ္။
ၿပီးရင္ ရွိသမွ် စည္းစိမ္ ျပဳတ္လည္း ေစာက္ဂ႐ုမစိုက္ဘူး။
သူ႕ကို တစ္သက္တစ္ကြၽန္း က်ေအာင္ကို ရတဲ့နည္းနဲ႕ လုပ္ပစ္မယ္။
အမွန္ေတာ့ ေသရင္ေတာ့ အေကာင္းဆုံးပဲ။
ေထာင္ထဲေရာက္မွ လူငွားသတ္ခိုင္းတာပဲ ျဖစ္ျဖစ္ ရေအာင္ လုပ္ရမယ္။”
ေျပာရင္း ေျပာရင္းႏွင့္ ခန့္ညားရွိန္ ေဒါသထြက္လာကာ ခက္ရင္းကို တင္းေနေအာင္ ဆုပ္ကိုင္လိုက္မိသည္။
ၿပီးမွ သတိဝင္လာကာ ခြန္းကို ေမာ့ၾကည့္မိသည္။
ဝိုင္ကို ေသာက္ရင္း ေခါင္းညိတ္ျပေနေသာ ခြန္း ပုံစံက ထို အေၾကာင္းကို နားမေထာင္ခ်င္တာ သိသာလြန္းလွသည္။
ေတာက္စ္...
ေစာက္ေရးမပါတာကြာ...
ဒီအခ်ိန္ႀကီးေတာင္ ဒါကို လာေတြးမိတယ္။
ေစာက္ေကာင္းက်ိဳးကို မေပးတဲ့လူ...
"Sorry ခြန္း...အဲ့ဒါကို ထားလိုက္ေတာ့
ငါးကင္ စားမယ္မလား။
ကြၽန္ေတာ္ အရိုးႏႊင္ေပးမယ္။
ဒါနဲ႕ ခြန္းအိမ္မွာ ဒီလို ျပင္ဖို႔ ဘယ္လို စိတ္ကူးေပါက္သြားတာလဲ။
ကြၽန္ေတာ္ ေျပာတာက အျပင္က ဆိုင္လွလွေလး ေခၚသြားလည္း Romantic ျဖစ္တာပဲကို”
သူ စကားလမ္းေၾကာင္းလႊဲလိုက္ေတာ့ ခြန္းက ငါးေတြကို လွမ္းယူရင္း မ်က္ေစာင္းထိုးသည္။
"Romantic ျဖစ္ေအာင္လို႔ ငါ ေျပာလို႔လား။
ဒီတိုင္း Dinner ေကာင္းေကာင္းေလးလို႔ပဲ ေျပာတာ။”
"အဲ့ဆို ဘာလို႔ အလွဖေယာင္းတိုင္ေတြပါ ထြန္းထားရေသးတာတုန္း။
မီးမိန္းပါ ခ်ထားေသးတယ္မလား။”
"လိုတဲ့ Breaker ေတြပဲ ခ်ထားတာ...
အာ...ဘာပဲျဖစ္ျဖစ္...
ဒီတိုင္းကြာ ဖေယာင္းတိုင္ ႀကိဳက္လို႔ ထြန္းတာကြာ။
ဘာျဖစ္လဲ။
မင္း ထပ္ရစ္ရင္ မင္း ေမးတာ ငါ မေျဖေတာ့ဘူး။”
ၾကည့္ ဒီလူႀကီးေလးကေတာ့...
အနိုင္က ရေအာင္ ပိုင္းခ်င္ေနေသးတာ...
"ဟုတ္ပါၿပီ...
Dinner ေကာင္းေကာင္းေလးပါဗ်ာ။
မျငင္းေတာ့ပါဘူး။
ေျပာဆို...အိမ္မွာ လုပ္ဖို႔ ဘယ္လို အႀကံရ?”
"မင္း ငါ့အိမ္ကို ပထမဆုံး ေရာက္လာတဲ့ေန႕ကို မွတ္မိလား။”
အေတြးထဲ ေပၚလာေသာ ပုံရိပ္ေတြေၾကာင့္ ခန့္ညားရွိန္ ရွက္ရွက္ႏွင့္ ေခါင္းငုံ႕လိုက္မိသည္။
ခြန္းစိတ္နဲ႕ ပ်ာယာခတ္ေနရတဲ့ လခြမ္း ေန႕ရက္ေတြ...
"ကြၽန္ေတာ္ မနက္စာကို ရွစ္မ်ိဳးေလာက္ သယ္လာတုန္းက”
"အမွန္ပဲ။
အဲ့ေန႕က မင္းက ႏႊေးေနတဲ့ မုန့္ဟင္းခါးကို ဒီစားပြဲမွာ ထိုင္ၿပီး ေစာင့္ေနတယ္။
ၿပီးေတာ့ ငါ့ကို စကားေတြ အမ်ားႀကီး လွမ္းေျပာေနတယ္။
Microwave timer က ၁၆ စကၠန့္အလို လို႔ ျပတဲ့အခ်ိန္မွာ မင္း ပါးစပ္က ခ်စ္တယ္လို႔ ေျပာေတာ့မလို ျဖစ္သြားတယ္။”
"ဒါေပမဲ့ ခြန္းက ျဖတ္ေျပာလိုက္တယ္ေလ။”
ခန့္ညားရွိန္ ဝင္ေထာက္လိုက္ေတာ့ အၿပဳံးေရးေရးေလးက လွစ္ခနဲ ေပၚလာသည္။
"ဟုတ္တယ္။
အဲ့တုန္းက ငါ မင္းကို လုံးဝ မယုံေသးတာ အမွန္ပဲ။
ဘဝင္ျမင့္ေနတဲ့ ေပါေတာေတာ ေကာင္ေလး တစ္ေယာက္ ဇယား လာဖန္ေနတယ္ပဲေပါ့။”
ေျပာေနရင္း ခပ္တိုးတိုး ရယ္လိုက္ေသာ ခြန္းေၾကာင့္ သူ အလိုလို ၿပဳံးမိလ်က္...
ဆက္ေျပာရန္ အားယူသလို အသက္ရႉသံ တိုးညင္းညင္းေလးကပင္ သူ ရင္ကို သိမ့္ခနဲ တုန္လႈပ္ေစသည္။
"ဒါေပမဲ့ ဒုတိယအႀကိမ္...
ေခါက္ဆြဲျပဳတ္ ႏွစ္ပန္းကန္ တင္ထားတဲ့ ဒီစားပြဲေပၚမွာပဲ ငါ့လက္ကို ကိုင္ၿပီး မင္း ခ်စ္တယ္လို႔ ေျပာတဲ့အခ်ိန္...
အဲ့အခ်ိန္မွာ ငါ မင္းရဲ႕အခ်စ္ေတြကို အႂကြင္းမဲ့ ယုံၾကည္ၿပီးေနၿပီ။
မင္းနဲ႕ အတူ ရွိေနရင္ အလိုလို လုံၿခဳံတယ္ဆိုတာကို ငါ ခံစားမိေနၿပီ။
အင္း ဒီတစ္ေခါက္မွာေတာ့...”
ခြန္းက ေခါင္းေမာ့ကာ သူ႕ကို တည့္တည့္ စိုက္ၾကည့္သည္။
ထို႔ေနာက္ ႏႈတ္ခမ္းစြန္းေလးေတြ ေကာ့တက္သြားေအာင္ထိ ၿပဳံးသည္။
"မင္းက ငါ့ဘဝရဲ႕ အသက္ရွင္စရာ အေၾကာင္းျပခ်က္ဆိုတာ ငါ လုံးဝ ေသခ်ာၿပီးေနၿပီ။”
႐ုတ္ခ်ည္း စကားလုံးေတြ ေပ်ာက္ရွသြားသလို ခံစားရကာ ခန့္ညားရွိန္ ၿငိမ္က်သြားမိသည္။
ရင္တစ္ခုလုံး ႏြေးေထြးသြားျခင္းႏွင့္အတူ တစ္စုံတစ္ခုက ႏွလုံးသားကို ဆြဲညွစ္လိုက္သလို...
"အဲ့တာေၾကာင့္ အမွတ္တရေလး ျဖစ္ေအာင္ ဒီအခန္း၊ ဒီစားပြဲမွာပဲ ငါ စီစဥ္ၾကည့္တာ။”
ၾကည္ႏူးမ်က္ရည္ဝဲသည္ဆိုတာက ဒီအေျခအေနမွာ ျဖစ္သင့္ရဲ႕လားေတာင္ သူ မေသခ်ာ။
သို႔ေသာ္လည္း သူ မတတ္နိုင္။
ေသးငယ္လြန္းေသာ အမွတ္တရေလးေတြကို ခြန္း အဲ့ေလာက္ေတာင္ အေလးထားခဲ့မယ္လို႔ သူ ဘယ္တုန္းကမွ မေမွ်ာ္လင့္ခဲ့။
"ခြန္း...ကြၽန္ေတာ္ တကယ္... ဘာေျပာရမွန္းေတာင္ မသိေတာ့ဘူး”
ဆံပင္ေတြကို အရွက္ေျပ လွန္တင္ရင္း သူ ေျပာမိေတာ့ ခြန္းက ရယ္သည္။
"ဘာမွ မေျပာနဲ႕ေတာ့။
အဲ့ငါးေတြကိုသာ ငါ့ပန္းကန္ထဲ ျမန္ျမန္ ထည့္ေပးလိုက္စမ္းပါ။”
ေခါင္းကို အတင္း ငုံ႕ကာ ပန္းကန္ႀကီးကိုသာ လက္ထိုးျပေနေသာ ခြန္းေၾကာင့္ ခန့္ညားရွိန္ ၿပဳံးရင္း ငါးေတြကို ဇြန္းႏွင့္ ခပ္လိုက္သည္။
"အင္းေပါ့။
Memory ေလးေတြကို ျပန္ recall လုပ္တဲ့ romantic date night ေလးမွာ ရွစ္ရတူေလး ႏႊင္ေကြၽးတဲ့ ငါးကို စားကို စားရမွာေပါ့ေနာ့
ေရာ့...”
"Romantic date မဟုတ္ဘူးလို႔ ေျပာတယ္ေလ။”
"အင္း sorry sorry....စကားမွားသြားတာ။
အာ ဒါနဲ႕ ဘာလို႔ ပန္းေတြပါ မႀကဲထားတာလဲ ခြန္း
အဲ့လိုဆို ပိုၿပီး romantic ဆန္...”
"ခန့္ညားရွိန္!!!!”
မာဆတ္ေနေသာ ခြန္း၏ ေအာ္သံအဆုံးတြင္ေတာ့....
ရယ္သံအခ်ိဳ႕ႏွင့္အတူ....
ညစာ စားပြဲဝိုင္းေလးကလည္း ပို၍ Romantic ဆန္လာခဲ့ရပါေတာ့သည္။
...............
"ခန့္...”
"Hummm....”
ညစာ စားၿပီး အဝတ္လဲရန္ ေ႐ြးေနစဥ္မွာပဲ ခြန္းက မီးဖိုးေခ်ာင္မွ အခန္းထဲ ဝင္လာသည္။
"သိမ္းၿပီးသြားၿပီလား ခြန္း...
ကြၽန္ေတာ္ ဘာကူရအုံးမလဲ။”
"ဟင့္အင္း ၿပီးသြားၿပီ ရတယ္။”
ျပန္ေျဖေသာ အသံက ခပ္တိုးတိုး...
ခန့္ညားရွိန္ စိတ္ထဲေတာ့ နည္းနည္း တစ္မ်ိဳးျဖစ္ခ်င္ေနသည္။
ခြန္းက ညစာကိုလည္း ငါးေလး နည္းနည္းႏွင့္ ဝိုင္ေလာက္သာ ေသာက္သည္။
ေနမေကာင္းလို႔လားဆိုၿပီး နဖူးစမ္းၾကည့္ေတာ့လည္း မဟုတ္။
စားၿပီးေသာက္ၿပီး ပန္းကန္ေဆးခ်ိန္ၾက ပို၍ သိသိသာသာ ငိုင္တိုင္သြားသည္။
ႏွစ္ေယာက္သား ပန္ကန္ေဆးေနတုန္း ခြန္း၏ ဖုန္းသို႔ message ဝင္လာသည္။
သူ႕ကို ေက်ာေပးလိုက္သျဖင့္ message ကို ၾကည့္ေနေသာ ခြန္း၏ မ်က္ႏွာ အေနအထားကိုေတာ့ သူ မျမင္လိုက္ရ။
သို႔ေသာ္လည္း မိနစ္ပိုင္းအၾကာမွာပင္ သူပဲ ဆက္သိမ္းလိုက္မယ္ဟု ေျပာကာ အခန္းထဲ သြားနားခိုင္းသည္။
ဘာမွန္းမသိ ျဖစ္ေနေသာ စေနာင့္စနင္းစိတ္က သူ႕ကို တမွ်င္းမွ်င္း ျဖစ္ေနေစသည္။
”ခြန္း အသံ သိပ္မေကာင္းသလိုပဲေရာ။
တစ္ခုခု မေကာင္းတာ ျဖစ္လို႔မ်ားလား။”
မထိန္းနိုင္လြန္းစြာျဖင့္ သူ ေပၚတင္ ေမးလိုက္ေတာ့ ခြန္းက ခပ္ေရးေရး ၿပဳံးကာ ေခါင္းယမ္းသည္။
"မဟုတ္ပါဘူး။
ငါ နည္းနည္း ပင္ပန္းေနလို႔။
အခုနကလည္း အစ္ကို႔ဆီက Message ပါ။
သူ အဆင္ေျပေနေသးေၾကာင္းပဲ။
ငါ ေမးထားလို႔...”
ခပ္ေအးေအး အေျဖေၾကာင့္ ခန့္ညားရွိန္ သက္ျပင္းကို ဖြဖြ ရွိုက္လိုက္မိသည္။
”တစ္ခုခုဆို ကြၽန္ေတာ့္ကို ေျပာေနာ္။”
"အင္းပါ ဒါနဲ႕ေလ. ခန့္...”
"Immm?”
"မင္း ဒီည ဂစ္တာ တီးခ်င္စိတ္ ရွိရင္ သီခ်င္းတစ္ပုဒ္ေလာက္ ဆိုျပပါလား။
မင္း စိတ္ရွိမွပါ။”
အစရွိၿပီးသား သံသယစိတ္က ခ်က္ခ်င္းကို ဝုန္းခနဲ ေဆာင့္တက္သြားသည္။
မဟုတ္ေတာ့ မဟုတ္ေသးဘူး...
တစ္ခုခု ျဖစ္ေနတာေတာ့ ေသခ်ာၿပီ။
"ခြန္း ဒီည သိပ္မူမမွန္ဘူးေနာ္။
ဘာျဖစ္ေနတာလဲ။
ဘာကိစၥ ရွိေနလဲ။”
သူ စိုးရိမ္တႀကီး ေမးမိေတာ့ ခြန္းက ဟက္ခနဲ ရယ္သည္။
”မင္းကလည္း အႀကီးႀကီးေတြ ေတြးျပန္ၿပီကြာ။
အမွန္ေတာ့ ငါ နည္းနည္းေလး မူးခ်င္ေနလို႔...”
တကယ္ပဲ မူးေနလို႔လား...
မသကၤါစိတ္ျဖင့္ သူ မ်က္ေမွာင္ၾကဳတ္မိေတာ့ ခြန္းက သက္ျပင္းရွိုက္သည္။
"ရတယ္ မင္း အဆင္မေျပလည္း ျဖစ္တယ္။
အဲ့ဆို အဝတ္လဲဖို႔ဆို လဲ။”
ခ်က္ခ်င္း အခန္းအျပင္ ျပန္ထြက္မယ္ လုပ္ေနေသာ ခြန္းေၾကာင့္ သူ႕မွာ အလန့္တၾကား...
ဒီလူႀကီးေလးကလည္း စိတ္ခ်ည္းပဲ...
ကပ်ာကယာ လက္လွမ္းဆြဲလိုက္ေတာ့ ဘာတုန္းဆိုသည့္ သေဘာျဖင့္ မ်က္ခုံးပင့္ျပသည္။
"ေနပါအုံး ခြန္းရဲ႕....
ခြန္း တကယ္ နားေထာင္ခ်င္တာဆို ကြၽန္ေတာ္ ဆိုျပမွာေပါ့။
ဘာ သီခ်င္း နားေထာင္ခ်င္တာလဲ။”
"ရတယ္ မင္း ႀကိဳက္တာ ဘာျဖစ္ျဖစ္...”
ခန့္ညားရွိန္ ေခါင္းညိတ္ကာ ေျခရင္းမွ ဂစ္တာကို လွမ္းယူလိုက္သည္။
ထို႔ေနာက္ ကုတင္အစြန္းတြင္ ထိုင္ကာ ႀကိဳးညွိသည္။
ခြန္းက ကုတင္ေခါင္းရင္းမွ ေခါင္းအုံးကို မွီကာ သူ႕ကို ၾကည့္ေနသည္။
ထြက္ေပၚလာေသာ သံစဥ္ခ်ိဳေလးေတြၾကား ခန့္ညားရွိန္ ကိုယ့္ဟာကိုယ္ ၿပဳံးမိသည္။
ထို႔ေနာက္ ခြန္း၏ မ်က္ဝန္းနက္ေတြထဲသို႔ တည့္တည့္ စိုက္ၾကည့္ကာ စာသားတစ္လုံးခ်င္းစီကို ႏူးညံ့စြာ ေဖာ္က်ဴးမိသည္။
🎶 You don't know babe~
When you hold me
And kiss me slowly
It's the sweetest thing~
And it don't change
If I had it my way
You would know that you are 🎶
ခ်ိဳေအးစြာ ထြက္က်လာေသာ သီခ်င္းသံေလးက ခြန္းထက္မာန္ နားထဲသို႔ ၿငိမ့္ေညာင္းစြာ စီးဆင္းလာသည္။
ဂစ္တာကို ျဖည္းညင္းစြာ တီးခတ္ေနေသာ လက္ေခ်ာင္းရွည္ေတြက အႏုပညာ အတိၿပီးေနသလို...
ေခ်ာကလက္ေတြ ေပေရေနတဲ့ လက္ေခ်ာင္း ေဖာင္းတုတ္တုတ္ေလးေတြကို ျမင္ေယာင္မိေတာ့ သူ ၿပဳံးမိသည္။
တကယ္ကို ငါ့ကေလးငယ္က အေကာင္းမြန္ဆုံး ႀကီးျပင္းလာတာပဲ...
🎶 You're the coffee that I need in the morning
You're my sunshine in the rain when it's pouring
Won't you give yourself to me
Give it all, oh
I just wanna see
I just wanna see how beautiful you are🎶
စာသားေလးအဆုံးသတ္ မသိမသာ ေကာ့တက္သြားေသာ ႏႈတ္ခမ္းေထာင့္စြန္းေလး...
မ်က္ဝန္းညိုေတြထဲမွ ခ်စ္ျခင္းေတြကို သူ တသိမ့္သိမ့္ ခံစားမိေနသလို...
ရင္တစ္ခုလုံး ႏြေးေထြးမႈႏွင့္ ထုံက်င္မႈ ေရာယွက္ကာ သူ ေဝေဝဝါးဝါး ျဖစ္ေနမိသည္။
🎶 It's this sunrise
And those black eyes, yes
You're the one that I desire 🎶
ၾကည့္...
Brown eyes ကို Black eyes လုပ္ဆိုၿပီး ကိုယ့္ဟာကို ေက်နပ္...
ၿပဳံးစိစိ လုပ္ေနေသးတာ။
ရင္ထဲ ဆိုးဝါးစြာ ဆို႔နင့္မြန႔္းက်ပ္လာမႈေၾကာင့္ သူ ႏႈတ္ခမ္းကို တင္းေနေအာင္ ဖိကိုက္ထားမိသည္။
အား....ဘာလို႔ ဒီေလာက္ေတာင္ ခံရခက္လြန္းပါလိမ့္...
🎶 You're my water when I'm stuck in the desert
You're the Tylenol I take when my head hurts
You're the sunshine on my life....🎶
စာသား တစ္ေၾကာင္းခ်င္းစီက သူ႕ ႏွလုံးသားသို႔ တသိမ့္သိမ့္ ပဲ့တင္ ထပ္ေနသလို ခံစားရသည္။
အၾကည့္ခ်င္းဆုံလ်က္မွပင္ ကုတင္ေခါင္းရင္းမွ ေန၍ ခန့္ေဘးသို႔ အသာအယာ ေ႐ြ႕သြားလိုက္မိသည္။
🎶 I just wanna see how beautiful you are
You know that I see it, I know you're a star 🎶
ေပ်ာ္ဝင္ၿပီးသား ရင္ခုန္သံေတြက သံစဥ္ေလးႏွင့္အတူ တသြင္သြင္ စီးေမ်ာလာသလို...
🎶 Where you go I'll follow, no matter how far 🎶
နာက်င္မႈ တမွ်င္းမွ်င္းႏွင့္ ႏွလုံးခုန္သံေတြက ရင္တစ္ခုလုံးကို ေခ်မြေနသလို...
🎶 If life is a movie, then you're the best part,
Oh.... You're the best part,
Ohh... Best part 🎶
အဖ်ားခတ္ တုန္ယင္ခ်င္ေသာ စာသားေလးႏွင့္ ဂစ္တာသံေလး အခ်...
ႏြေးေထြးစြာ ဖလွယ္မိေသာ အၾကည့္ေတြ။
"I love you”
ပါးျပင္တစ္ဖက္ကို ခပ္ဖြဖြ အုပ္ကိုင္ရင္း သူ ေျပာေတာ့ သြားညီညီေလးေတြက ျမတ္နိုးဖြယ္ ေပၚလာသည္။
"I Love you more”
(Warning 🔞⚠
This part may include mature content.
Read at your own risk)
စကားဆုံးသည္ႏွင့္ ခ်ဥ္းကပ္လာေသာ ႏႈတ္ခမ္းထူထူေတြ။
သူ မလြတ္စတမ္း ဆြဲယူကာ ခ်ိဳၿမိန္စြာ သုံးေဆာင္လိုက္မိသည္။
သိမ္ေမြ႕လြန္းေသာ အနမ္းေတြၾကား ခြန္းထက္မာန္ ႏွစ္လိုလက္ရ ေပ်ာ္ဝင္လာသည္။
တျဖည္းျဖည္းႏွင့္ ပိုမို ခက္ထန္လာျခင္းကို ႏွစ္ေယာက္လုံး ခုံမင္ေနမိသလို...
တစ္ဖက္မွ အသက္ရႉသံေတြ ျပင္းထန္လာကာမွ သူ အနည္းငယ္ ေနာက္ျပန္ဆုတ္လိုက္သည္။
ထို႔ေနာက္ ခ်က္ခ်င္း အက်ီကို လွန္တင္ကာ ဆြဲခြၽတ္ပစ္လိုက္သည္။
"ခြန္း...”
"ငါ မင္းကို လိုခ်င္တယ္။
ထိန္းမရနိုင္ေလာက္ေအာင္ထိ၊ ႐ူးသြပ္သြားေလာက္ေအာင္ထိ ငါ မင္းကို လိုခ်င္တယ္။”
အသက္ရႉသံ တရွဲရွဲၾကားမွ ၾကားလိုက္ရေသာ စကားလုံးေတြက ခန့္ညားရွိန္ အေတြးေတြ အားလုံးကို ႐ုတ္ခ်ည္း မွိန္က်သြားေစသည္။
အျမတ္နိုးရဆုံး ေႂကြ႐ုပ္ေလးက သူ႕ကို လိုလိုလားလား ေတာင္းဆိုေနတာ...
သူက ဘာသားနဲ႕ ထုထားတာမို႔ ခံနိုင္ရည္ ရွိမွာတဲ့လဲ...
ခ်က္ခ်င္း ေခါင္းကို တသြင္သြင္ ညိတ္ကာ ဝတ္ထားေသာ ရွပ္ကို စုတ္ၿဖဲလုမတတ္ ဆြဲခြၽတ္ပစ္လိုက္သည္။
ထို႔ေနာက္ ခြန္းကို ကုတင္ေပၚသို႔ ခပ္သာသာ တြန္းလိုက္သည္ႏွင့္ ႏႈတ္ခမ္းပါးေတြက ခ်က္ခ်င္း ျပန္ဆက္ႏြယ္လာသည္။
ျပင္းထန္လာသည့္ စိတ္အဟုန္ႏွင့္အတူ ေသြးစေတြကိုပါ သူ ခံစားမိလာသည္။
ထိုမွတစ္ဆင့္ သြယ္လ်လြန္းေသာ လည္တိုင္ေလးသို႔ သူ ဦးတည္ကာ ခပ္ဖြဖြ ငုံခဲလိုက္မိသည္။
"အ...”
"Sry ခြန္း... အရာထင္သြားၿပီ။”
"ရတယ္”
မ်က္လုံးေလးေတြ ေမွးစင္းကာ ေခါင္းကိုသာ တြင္တြင္ ညိတ္ျပေနသည့္ ခြန္းပုံစံက သူ႕ႏွလုံးသားကို ျပဳတ္ထြက္မတတ္ ခုန္ေပါက္ေစသည္။
မီးေရာင္ ဝါေဖ်ာ့ေဖ်ာ့ ေအာက္မွ ျပစ္မ်ိဳးမွဲ႕မထင္ ႏူးညံ့လြန္းေသာ အသားအေရေလးက သူ႕ကို ႐ူးသြပ္သြားေလာက္ေအာင္ထိ ဆြဲေဆာင္လြန္းသည္။
ရင္ဘတ္မွ ပန္းႏုေရာင္ ေနရာေလးေတြ အသာအယာ ထိေတြ႕ေပးရင္း ႏွစ္ေယာက္လုံးထံမွ အဝတ္အစားေတြကို ကုန္စင္ေအာင္ ဖယ္ရွားပစ္လိုက္ေတာ့ ျမင္ကြင္းက သူ႕ ရင္တစ္ခုလုံးကို ဝုန္းဒိုင္းႀကဲ လွိုက္ဖိုေစျပန္သည္။
ခြန္းေရ...
ဘာျဖစ္လို႔ အဲ့ေလာက္ေတာင္ လွေနရတာလဲ...
Lubricant ကို ခပ္သြက္သြက္ ထုတ္ယူကာ သူ လက္ေခ်ာင္းေတြကို အျမန္သုတ္လိုက္သည္။
ထို႔ေနာက္ ေျခသလုံး တစ္ဖက္ကို အသာ မ ကာ အေနာက္တံခါးသို႔ ခပ္သြက္သြက္ တိုးဝင္လိုက္ေတာ့ အခ်ိဳးအဆစ္က်လြန္းေသာ ခါးေလးက ခပ္သာသာ ေျမာက္တက္သြားသည္။
"အင္း...ခန့္...”
ဘုရားေရ...
အဲ့ညည္းသံေလးနဲ႕တင္ ငါေတာ့...
ရင္ဘတ္ေပၚမွ ခံစားရေသာ ၾကမ္းရွရွ လက္ဖဝါးေတြက သူ႕ကို ပိုၿပီး စိတ္လႈပ္ရွားေစသည္။
အနည္းငယ္ မေသသပ္ေသာ ျပင္ဆင္မႈေတြအၿပီးမွာေတာ့ သူလည္း ေတာင့္မခံနိုင္ေတာ့
"ခြန္း ကြၽန္ေတာ္....”
"ရတယ္...
အဆင္သင့္ျဖစ္ၿပီ။”
ခြန္း စကားဆုံးသည္ႏွင့္ သူ တစ္ခါတည္း တိုးဝင္လိုက္မိသည္။
ေျပာမျပတတ္ေလာက္ေအာင္ ႏြေးေထြးလြန္းေသာ ခံစားခ်က္က သူ႕ အာ႐ုံတစ္ခုလုံး လြင့္ေမ်ာသြားသလို...
ဘုရားေရ...
ငါ တကယ္ ႐ူးၿပီ ထင္တယ္။
စိတ္ကို မနည္းထိန္းကာ ျဖည္းညင္းဖို႔ ႀကိဳးစားေနရသည္။
ပူေလာင္လြန္းလွေသာ တပ္မက္စိတ္ေၾကာင့္ ခြန္း နာက်င္သြားမွာကို ေသမတတ္ စိုးရိမ္မိသည္။
"ခန့္ ရၿပီ
နည္းနည္း...ျမန္ျမန္....”
ကုန္းေပၚေရာက္ေနေသာ ငါးေလးေတြလို လွိုက္ဖိုေနေသာ ျဖဴႏုႏု ရင္ဘတ္ေလး...
တုန္ယင္မႈျဖင့္ မၾကည္မလင္ ျဖစ္ေနေသာ တိုးဖြဖြ အသံေလး...
တစ္ကိုယ္လုံးကို ပြတ္သပ္ေနမိေသာ လက္ဖဝါးေတြမွ အမာ႐ြတ္ တစ္ခုစီကို ထိမိတိုင္း မွ်င္းခနဲ နာက်င္မႈႏွင့္အတူ တုန္ယင္လွိုက္ဖိုမႈကပါ ႏွစ္ဆတိုးလာရသည္။
နဖူးေထာင့္မွ စီးက်လာေသာ ေခြၽးစက္ေလးကအစ ျမတ္နိုးတြယ္တာစရာ အတိ...
"ခြန္း...အ...”
တျဖည္းျဖည္းႏွင့္ အရိုင္းဆန္လာေသာ စိတ္အလ်င္ကို သူ မထိန္းနိုင္ေတာ့...
ခြန္းဆီမွ ရွိုက္ညင္းသံေလးေတြ၊ ေတာင့္ေတာင့္တတ အသံေလးေတြက သူ႕ ႐ူးသြပ္မႈေတြကို အဆုံးစြန္ထိ တြန္းပို႔ေနသည္။
"အင္း...ခန့္...ငါ...ငါ...”
"ကြၽန္ေတာ္ေရာပဲ...”
ႏွစ္ေယာက္လုံး၏ စကားအဆုံး ပို၍က်ယ္ေလာင္ လာမိေသာ ညည္းၫူသံ တစ္ခ်ိဳ႕ႏွင့္အတူ....
ထိန္းမရေအာင္ ျမန္ဆန္သြားေသာ လႈပ္ရွားမႈေတြ အဆုံးမွာေတာ့....
သာယာမႈအတိႏွင့္ ဖမ္းဆုပ္မရေအာင္ လြင့္ေမ်ာသြားမိစဥ္မွာပဲ...
"အ...ခြန္း...
အ....ဟူးးးး”
တစ္စုံတစ္ရာ လႊတ္ခ်လိဳက္ရေသာ ခံစားခ်က္ႏွင့္အတူ ခန့္ညားရွိန္ ခုမွ အသက္ရႉနိုင္ေတာ့သလို ခံစားလိုက္ရသည္။
"ဟူးး...ခြန္းရယ္။
ကြၽန္ေတာ္ ႐ူးသြားၿပီလို႔ေတာင္ ထင္ေနတာ”
နဖူးေပၚမွ ဆံညိုေလးေတြကိူ သပ္တင္ေပးရင္း သူ စိတ္လိုက္လက္ရ ေျပာမိေတာ့ ခြန္းက ေခါင္းညိတ္သည္။
"ငါ ေရာပဲ။”
ခန့္ညားရွိန္ ၿပဳံးကာ ထို ေသြးေျခဥေနေသာ ႏႈတ္ခမ္းပါးေလးေတြကို ျငင္သာစြာ ဖိကပ္လိုက္မိသည္။
႐ုတ္တရက္...
ပါးျပင္ေပၚမွ ပူႏြေးသည့္ ခံစားခ်က္ေၾကာင့္ သူ ရင္ထဲ ဒိန္းခနဲ ျဖစ္သြားရသည္။
"ခြန္း မ်က္ရည္က်ေနတာလား...”
သူ ခ်က္ခ်င္း ခြာကာ ေမးလိုက္ေတာ့ ခြန္းက ခပ္ဟဟ ရယ္သည္။
"ဒီ အခ်ိန္မွာ အဲ့တာ ထူးဆန္းလို႔လား။
မဟုတ္တာေတြ ေမးေနတယ္
လာ ငါတို႔ ေနာက္တစ္ႀကိမ္ေလာက္ ထပ္ၿပီး ႐ူးသြပ္ၾကည့္ရေအာင္။”
စကားဆုံးသည္ႏွင့္ ျပန္လည္က်ေရာက္လာေသာ အနမ္းတစ္ခုေၾကာင့္ သူ တုံ႕ျပန္ေျဖၾကားခ်ိန္ မရေတာ့...
အရာရာဆီက လြတ္ေျမာက္သြားသလို ယစ္မူးဖြယ္ သာယာမႈေတြၾကား ေနာက္တစ္ႀကိမ္ ထပ္ေပ်ာ္ဝင္သြားမိသည္။
သို႔ေသာ္လည္း
ထိုမ်က္ရည္ေတြက စိတ္ဆႏၵျပည့္ဝမႈေၾကာင့္ ျဖစ္တည္လာတာေရာ ဟုတ္ရဲ႕လားဆိုတာကိုေတာ့...
သိစိတ္ကပ္သည့္ စကၠန့္တိုင္းတြင္ သူ ထပ္ခါထပ္ခါ သံသယဝင္ေနမိဆဲပါပင္။
............
"ခြန္း တစ္ခုခု ေသာက္ခ်င္လား။”
ေနာက္တစ္ႀကိမ္၊ ေနာက္တစ္ႀကိမ္ကေန အႀကိမ္ႀကိမ္အဖန္ဖန္ေတြ အၿပီးမွာေတာ့ ဉာဥ့္သန္းေခါင္ယံကိုပင္ ေတာ္ေတာ္ႀကီး လြန္သြားခဲ့ၾကသည္။
သန့္ရွင္း၊ အဝတ္အစား ဝတ္ၿပီးသည္အထိ ခြန္းက ဘာတစ္ခုမွ မေျပာ။
တိတ္ဆိတ္မႈေၾကာင့္ ကသိကေအာက္ ျဖစ္လြန္းစြာ သူ စကားစၾကည့္မွ ခြန္းက ေခါင္းညိတ္သည္။
"အင္း...ေကာ္ဖီပဲ ျဖစ္ျဖစ္။”
"ဒီအခ်ိန္ႀကီး ေကာ္ဖီမေသာက္ရပါဘူး။
မိုင္လိုပဲ ေဖ်ာ္ေပးမယ္။
ေသာက္မယ္မလား။”
သူ ေမးေတာ့ ခြန္းက ခပ္ေရးေရး ၿပဳံးကာ ေခါင္းညိတ္သည္။
"ဟုတ္ပါၿပီ။”
"လိမၼာတယ္ ကိုကို အူၾကဴးေလးက...”
ႏွာေခါင္းထိပ္ေလးကို လက္ႏွင့္ အသာတို႔ၿပီးမွ သူ ထရပ္လိုက္သည္။
ထို႔ေနာက္ တံခါးဆီသို႔ လက္မလွမ္းခင္ေလးမွာပဲ....
"ခန့္”
"ဟမ္”
ေခၚသံ ခပ္ေရးေရးေလးေၾကာင့္ ေနာက္ျပန္လွည့္ အၾကည့္
မ်က္လုံးေထာင့္မွ လွစ္ခနဲ ျမင္လိုက္ရေသာ အရိပ္ေလးႏွင့္အတူ....
"ဒုတ္.....”
ဇတ္ပိုးထက္မွ နာက်င္လြန္းေသာ ခံစားခ်က္ကို သိလိုက္အၿပီးမွာေတာ့....
ခန့္ညားရွိန္၏ အသိအာ႐ုံေတြ အားလုံး တစ္ခါတည္း ပိတ္က်သြားရသည္။
ထို႔အတူ သူ႕ႏွလုံးသားလည္း တစ္ပါတည္း ဆြဲထုတ္လိုက္သလို ခံစားလိုက္ရပါေတာ့သည္။
...........
A/N
"ဒုတ္တဲ့ ရိုက္လိုက္ၿပီ ဟိဟိ
သီခ်င္းေလး ေကာင္းတယ္မလားဟင္
ခန့္ခန့္ အသံခ်ိဳခ်ိဳေလးနဲ႕ဆို ကြက္တိ မတ္စိ
စာစီေနတာ ၈ နာရီထဲက
ဟိုလို chapter ခြဲမယ္၊ ဒီလို chapter ခြဲမယ္နဲ႕ up က ၁၁ ထိုးသြားျပန္ 🙃🙃
ဒါနဲ႕ေလ မီးနီကို chapter ေဘးမွာ မတပ္ထားတာ တစ္ခန္းလုံး မဟုတ္တာေၾကာင့္ပါ
ဆူးက ဟယ္ဆိုၿပီး ျဖစ္သြားေစခ်င္တာလည္း ပါတာေပါ့ ဟိ
ယူတို႔ အိုင့္ကို ဆူခ်င္ေနၿပီဆိုတာ သိလို႔ ဂ်ကား လမ္းေၾကာင္းေတြ ေလွ်ာက္ေျပာင္းေနတာ😞
ဆူနဲ႕ေနာ္...
လက္ေရာင္ေနတာ သက္သာတာနဲ႕ မေနနိုင္ မထိုင္နိုင္ up ပလိုက္တာမို႔...အခ်စ္ေတြပဲ ေပး😚😚
ရာသီဥတုက ေအးတာမို႔ က်န္းမာေရးကိုလည္း မျပတ္ ဂ႐ုစိုက္ၾကပါရွင္
ေတာ္လွန္ေရးကိုလည္း ေသြးမေအးေစနဲ႕ေနာ္😙
နိုင္သမွ် အကုန္ ကူေနတယ္မလား😚
ဘာဘီတို႔ကို ယုံထားၿပီးသား😚
အားလုံးပဲ Stay strong, stay safe
We must win in this fight ပါရွင္
Love u all😚
........