One and only

By reselda_

82.5K 4.9K 77

My second Gl fic. Wint Phoo Thazin โฃ๏ธ Nway Nay Chi More

Part-1 (Uni)
Part-1(Z)
Part-2(Uni)
Part-2(Z)
Part-3(Uni)
Part-3(Z)
Part-4(Uni)
Part-4(Z)
Part-5(Uni)
Part-5(Z)
Part-6(Uni)
Part-6(Z)
Part-7(Uni)
Part-7(Z)
Part-8(Uni)
Part-8(Z)
Part-9(Uni)
Part-9(Z)
Part-10(Uni)
Part-10(Z)
Part-11(Uni)
Part-11(Z)
Part-12(Uni)
Part-12(Z)
Part-13(Uni)
Part-13(Z)
Part-14(Uni)
Part-14(Z)
Part-15(Uni)
Part-15(Z)
Part-16(Uni)
Part-16(Z)
Part-17(Uni)
Part-17(Z)
Part-18(Uni)
Part-18(Z)
Part-19(Uni)
Part-19(Z)
Part-20(Uni)
Part-20(Z)
Part-21(Uni)
Part-21(Z)
Part-22(Uni)
Part-22(Z)
Part-23(Uni)
Part-23(Z)
Part-24(Uni)
Part-24(Z)
Part-25(Uni)
Part-25(Z)
Part-26(Uni)
Part-26(Z)
Part-27(Uni)
Part-27(Z)
Part-28(Uni)
Part-28(Z)
Part-29(Z)๐Ÿ‘ฉโ€โค๏ธโ€๐Ÿ‘ฉ

Part-29(Uni)๐Ÿ‘ฉโ€โค๏ธโ€๐Ÿ‘ฉ

5.2K 165 4
By reselda_

Final

ရေချိုးပြီးကာစ အ၀တ်အစားလဲတော့မည့်ဆဲဆဲ၌ အခန်းတံခါးခေါက်သံကိုပြည့်သိင်္ဂီကြားလိုက် ရ၏။

ထို့ကြောင့် ကုတင်ပေါ်မှာ အဆင်သင့်တင်ထားခဲ့သည့် ရှပ်အကျီနဲ့ ဘောင်းဘီအပွတစ်ထည်ကို မြန်မြန်ကောက်စွပ်ကာ တံခါးဖွင့်ပေးလိုက်သည်။

ထိုသို့ဖွင့်ပေးလိုက်သည့်အခါ သူ့မျက်စိရှေ့မှာ မြင်လိုက်ရတဲ့သူကြောင့် ပြည့်သိင်္ဂီအံ့သြဘနန်း ဖြစ်သွား၏။

"ဟင်....အချောလေးပါလား"

"ဘာမှမပြောထားဘဲ ငါလာလိုက်တာ အနှောင့်အယှက်များဖြစ်သွားလား ပြည့်"

"မဖြစ်ပါဘူး...လာ အထဲ၀င်လေ"

"အင်း..."

"ဒါနဲ့ အချောလေးက ဘာအရေးကြီးကိစ္စများရှိနေလို့လဲ...အခုလိုမျိုး ငါ့အဆောင်ထိရောက်လာ တာဆိုတော့"

"ပထမတော့ ငါလည်း ပြည့်ကိုဖုန်းဆက်ပြီးဘဲ ပြောတော့မယ်ဆိုပြီး တွေးထားတာ...ဒါပေမယ့် လူကိုယ်တိုင်တွေ့ပြီးပြောတာက ပိုကောင်းမယ်ထင်လို့...ဒါပေမယ့် ပြောမယ်ဆိုတာထက် ငါသိချင်တာလေးရှိလို့ မေးချင်တာပါ"

"အွမ်း...မေးလေ အချောလေး....ငါ့ကို ဘာမေးမလို့လဲ"

"ဟို....ပြည့် ငါ့ကို အမှန်အတိုင်းတော့ဖြေပေးပါနော်"

"ဟုတ်ကဲ့ပါရှင်...ဖြေပေးပါမယ်..."

"ဒီရက်ပိုင်းထဲမှာလေ နွေးက ငါ့ကို တစ်ခုခု ဖုံးကွယ်ထားသလိုမျိုးခံစားရလို့...အရင်လိုမျိုး အပြုံးတွေနဲ့ စကားပြောနေပေမယ့် အဲ့အပြုံးတွေက အသက်မပါသလိုဘဲ တစ်ခုခုကို စိုးရိမ်နေတာ ငါမသိအောင် အဆင်ပြေချင်ယောင်ဆောင်နေတဲ့ပုံဖြစ်နေတယ်....နွေးကို ငါမေးကြည့်ပေမယ့် နွေးက ငါ့ကို ဘာမှမဖြစ်ပါဘူး အဆင်ပြေပါတယ်ဘဲပြောတယ်...ဒါမဲ့ နွေးပြောတာ တကယ်မဟုတ်ဘူးလို့ ငါ့စိတ်ထဲမှာထင်နေတယ်....ချစ်သူတစ်ယောက်အနေနဲ့ ကိုယ့်ချစ်သူဘာဖြစ်နေလဲသိရအောင် မေးတာကပြဿနာတစ်ခုမဟုတ်ပေမယ့် နွေးမပြောပြ ချင်တဲ့အရာတစ်ခုကို ငါအတင်းလိုက်မေးနေရင် နွေးစိတ်ဆိုးသွားမှာငါကြောက်တယ်။ အဲ့တာကြောင့်မို့ ကျောင်းမှာများ နွေးစိတ်ညစ်စရာကိစ္စတွေရှိလို့လားဆိုပြီး တွေးမိတာနဲ့ ပြည့် ဆီလာခဲ့တာပါ"

အမှန်အတိုင်းဖြေပါ့မယ်ဆိုပြီး စကားကျွံထားတဲ့ ပြည့်သိင်္ဂီဟာ အခုကျမှ ဘယ်လိုဖြေရမှန်း မသိတော့အောင် အခက်တွေ့နေ၏။

ဒါကို အကင်းပါးလွန်းတဲ့ ၀င့်ဖူးသဇင်ကလည်း ချက်ချင်းသတိထားမိပြီး နွေးကို စိတ်ညစ် စေတဲ့အကြောင်းအရာကို ပြည့်သိထားကြောင်း ထပ်မေးစရာမလိုတော့အောင် သိလိုက်၏၊

"နွေး တကယ်ဘာဖြစ်နေလဲဆိုတာ ပြည့်သိတယ်လို့ ငါယုံတယ်....အဲ့တာကြောင့်မို့ ငါ့ကို အမှန်အတိုင်းပြောပြပါနော်...."

နောက်ဆုံးတော့ ပြည့်သိင်္ဂီဟာ အချစ်ဆုံးသူငယ်ချင်းဖြစ်သူ၏ "ဇင့်ကို မပြောပြမိစေနဲ့နော်" ဆိုတဲ့စကားကို လျစ်လျူရှုလိုက်ရ‌တော့၏။

"ပြည့်...."

"ငါပြောပြမယ်"

"တကယ်လား...ကျေးဇူးတင်ပါတယ်ပြည့်ရယ်"

"နွေးရဲ့အမေက နင်တို့နှစ်ယောက်ချစ်သူဖြစ်နေကြတယ်ဆိုတာ သိသွားပြီ အချောလေး"

"ဟင်...သိသွားပြီဆို‌တော့ နွေးကပြောပြလိုက်လို့လား"

"မဟုတ်ဘူး....နေခြည်မရဲ့ ဒိုင်ယာရီစာအုပ်ထဲမှာ ရေးထားတဲ့ စာတွေကြောင့်သိသွားတာ...ဒါပေမယ့် အဲ့လိုသိသိချင်းဘဲ အန်တီကသူ့ဆီဖုန်းဆက်လာတယ်...အချောလေးတို့နှစ်ယောက်ရဲ့ အချစ်ကို သူလက် မခံနိုင်ဘူး...ရပ်တန်းက ရပ်ဆိုပြီး နေခြည့်ကိုပြောသွားတယ်..."

ကျောင်းကိစ္စကြောင့် လူမှုရေးကိစ္စကြောင့် စိတ်ညစ်နေတာဖြစ်မယ်လို့ ထင်ထားတဲ့ ၀င့်ဖူးသဇင်

တကယ့်အကြောင်းပြချက်ကို သိလိုက်ရတဲ့အခါမှာတော့ နှလုံးသားတစ်ခုလုံးစူးအောင့်သွားသလို ခံစားလိုက်ရ၏။

"နေခြည်က သူ့အမေ လက်မခံသေးရင်တောင် လက်ခံလာအောင်ကြိုးစားမယ်တဲ့...,ပြီးတော့ အချောလေးကိုလည်း သူ့ကြောင့် စိတ်မညစ်စေချင်လို့ ဒါတွေကို မပြောပြပါနဲ့ဆိုပြီး ငါ့ကိုမှာထားတာ"

"ငါ...ငါမသိခဲ့ဘူး....အမှန်ဆို ငါသိခဲ့ရင်တောင် နွေးက ငါ့ထက်ပိုပြီး စိတ်ဆင်းရဲရမှာ...အခုတော့ နွေးတစ်ယောက်တည်း ဘယ်လောက်တောင်...."

အဖျားခတ်တုန်ယင်နေတဲ့ ၀င့်ဖူးသဇင်ရဲ့ စကားတို့က နှလုံးသားထဲမှ နာကျင်မှုကြောင့် ကောင်းမွန်စွာ အဆုံးမသတ်လိုက် နိုင်တော့ ပေ။

"ငါ သွားတော့မယ် ပြည့်.....အမှန်အတိုင်းဖြေပေးတဲ့အတွက် ငါတကယ်ကိုကျေးဇူးတင်ပါတယ်"

ထိုသို့ပြောကာ ကမူးရှူးထိုးဖြင့် အခန်းထဲမှ ၀င့်ဖူးသဇင်ထွက်သွားတော့၏။

အဆောင်ကို ဘယ်လိုခြေလှမ်းနဲ့ ဘယ်လိုပုံစံပြန်‌ရောက်လာမှန်းပင် သူမသိခဲ့တော့။

အခုချိန်မှာ သူသိတာက နွေးတစ်ယောက်တည်းသာ....။

အခန်းတံခါးကို အလောတကြီး ဖွင့်ကာ ခြေလှမ်းကျဲကြီးတွေဖြင့် ၀င်ရောက်လာသည့် သူ့အား နွေးနေခြည်ခမျာမှာတော့ အလွန်စိတ်ပူသွား၏။

"ဇင်...ဘာဖြစ်လို့လဲ..တစ်ခုခုဖြစ်လို့လား"

စိုးရိမ်မှုမျက်လုံးလေးတွေနဲ့ သူမကို ကြည့်ကာမေးနေသည့် နွေးအား ၀င့်ဖူးသဇင် ဘာမှပြန် မဖြေဘဲ ရင်ခွင်ထဲတင်းကြပ်နေအောင် ဆွဲဖက်ထားလိုက်၏။

"ဇင်....လွှတ်ပါဦး....ဘာဖြစ်နေတာလဲ အရင်ပြောဦးလေ...."

"နွေး...ဘာလို့ ငါ့ကို မပြောပြခဲ့တာလဲ....ဘာလို့ ဘာမှမဖြစ်သလို ဟန်ဆောင်ပြီးနေခဲ့တာလဲ"

"ဘာ...ဘာတွေပြောနေတာလဲ ဇင် ပြောနေတာ ငါဘာမှနားမလည်ဘူး"

"နွေး နားလည်ပါတယ်....ငါ အခုဘဲပြည့်ဆီကနေ အကုန်သိပြီးသွားပြီ"

"ဟင်"

"ငါ ခုနက ပြည့်အဆောင်ကိုသွားခဲ့တာ....နွေး မျက်နှာမကောင်းဘဲ ဟန်ဆောင်ပြုံးနေခဲ့တာကို ငါသိတယ်။ ဒါပေမယ့် ငါခဏခဏမေးနေရင် နွေးစိတ်ဆိုးသွားမှာကြောက်လို့ ပြည့်ကို ပြောပြပေးဖို့ ငါအကူအညီတောင်းခဲ့တာ...."

"ဒါဆို...."

"ဟုတ်တယ်...ပြည့် ငါ့ကို အကုန်ပြောပြလိုက်တယ်...အန်တီက ငါတို့နှစ်ယောက်ကို လက်မခံဘူးဆို"

"အခုတော့ အမေက ဖုန်းပါဆက်ပိတ်ပြီး လက်မခံဘဲတင်းခံနေပေမယ့် တစ်နေ့လက်ခံလာမှာပါ....လက်ခံလာဖို့လည်း ငါအတတ် နိုင်ဆုံးကြိုးစားမှာပါ"

"ဘာလို့ နွေးတစ်ယောက်တည်း ကြိုးစားမှာလဲ...အမှန်ဆို ဒီကိစ္စတွေဖြစ်ကတည်းက နွေးကို ငါအားပေးနှစ်သိမ့်ပေးခဲ့ရမှာ...အခုတော့ နွေး တစ်ယောက်တည်းကြိတ်ပြီး ဘယ်လောက်တောင် ခံစားနေခဲ့ရပြီလဲ"

"ငါ့ကိုစိတ်မဆိုးပါနဲ့နော်...ငါပြောပြချင်ပေမယ့် ဇင်စိတ်ဆင်းရဲမှာ ငါမမြင်ချင်လို့ပါ။ တကယ်လို့ ခံစားရမယ်ဆိုရင်‌တောင် ငါ ဘယ်လောက်ဘဲ နာကျင်ပါစေ ကိစ္စမရှိဘူး....ဒါပေမယ့် ငါချစ်တဲ့ဇင့်ကိုတော့နဲနဲလေးမှမနာကျင်စေချင်လို့ပါ...."

"ဟင့်အင်း,,,,နွေး အဲ့လိုမပြောဘဲ တစ်ယောက်တည်း နာကျင်နေမှ ငါပိုပြီး စိတ်ဆင်းရဲနေရမှာ....အဲ့တာကြောင့်မို့ အန်တီလက်ခံလာအောင် ငါ့ကိုလည်းကြိုးစားခွင့်ပေးပါ နွေး....နွေးရဲ့ နာကျင်မှုတွေကို ချစ်သူတစ်ယောက်အနေနဲ့ ငါ့ကိုပါ မျှဝေခံစားခွင့်ပြုပါနော်"

"ဇင်ရယ်,,,,,"

ထိုထက်ပို၍ နှစ်ယောက်လုံးဆီမှဘာစကားသံမှထပ်မထွက်လာကြတော့ပေ။

တစ်ယောက်ကိုတစ်ယောက် တင်းကြပ်စွာဖက်ထားသည့်လက်တို့က ကြုံတွေ့လာရမယ့် အရာတွေအတွက် အားယူနေကြဟန်။

ပါးပြင်ပေါ်မှာဆင်းသက်ကြနေသည့် မျက်ရည်စတို့ကတော့ စပ်နွယ်နေသည့် ရင်ခွင်နှစ်ခုကြား၌ ပျောက်ရှသွားခဲ့ကြ၏။

.

.

ဒီတစ်ပတ်အတောအတွင်း ဆိုင်ကိုလည်း အရင်လိုအချိန်မှန်မလာတော့ဘဲ အိပ်ရာပေါ်မှာသာခွေ ခေါက်နေတတ်သည့် ဇနီးသည်အားကြည့်၍ ဦးသက်တင်စိတ်မောလူမောြဖစ်နေ၏။

"မိန်းမ..."

"အွမ်း.."

"ဒီနေ့ ဆိုင်မသွားတော့ဘူးလား"

"မသွားတော့ဘူး...ရှင်ဘဲ သွားလိုက်တော့

ကျွန်မခေါင်းကိုက်နေလို့ ခဏအိပ်ဦးမယ်..."

"အေး...အေးပါ"

သွယ်၀ိုက်ကာဖြင့် မောင်းထုတ်နေသည့် ဇနီးသည်အား ဦးသက်တင် ထပ်မပြောတော့ဘဲ အလုပ်သွားဖို့ရန်သာ ကားရှိရာသို့ ထွက်လာတော့၏။

ဦးသက်တင် အခန်းထဲမှထွက်သွားပြီး ၁၅မိနစ်လောက်နေတော့ ဒေါ်ချိုချိုမာ ဟာ အိပ်နေရာမှ ထကာ ရေသောက်ဖို့ရန် မီးဖိုခန်းထဲသို့၀င်သွား၏။

သို့သော် အခုရက်ပိုင်း ဘာသောက်သောက် ဘာစားစား သူမ ခံတွင်းမတွေ့ခဲ့။

သမီးဖြစ်သူ၏ အချစ်ရေးကိုစသိလိုက်သည့်နေ့က ခင်ပွန်းသည်၏ စကားများကို သူမနားထဲမှ မထွက်နိုင်ခဲ့။

တစ်ခါမှ ဒီလိုတွေမပြောဖူးခဲ့သည့် ခင်ပွန်းဖြစ်သူထံမှ ထိုသို့သော စကားများကြားရတာဟာ သူ့အတွက် မယုံကြည်နိုင်ဖွယ်ရာကိစ္စရပ်တစ်ရပ်လိုပင်။

ဒါပေမယ့်လည်း သေချာပြန်စဥ်းစားကြည့်ရင် အရာအားလုံးက သူရည်ရွယ်ပြီး လုပ်ခဲ့တာမဟုတ်ပေမယ့် ခင်ပွန်းသည်ရဲ့ စကားတွေဟာ မှန်နေသည်မဟုတ်ပါလား...။

သက်ပြင်းတစ်ချချဖြင့် ရေကုန်သွားပြီဖြစ်တဲ့ ဖန်ခွက်ကို စားပွဲပေါ် ပြန်ချထားလိုက်၏။

ထိုအချိန်မှာဘဲ အိမ်ရှေ့တံခါးဖွင့်သံကို ကြားလိုက်ရတဲ့အတွက် ဦးသက်တင်များဘာကျန်ခဲ့လို့ ပြန်လာတာလဲဆိုပြီး အိမ်ရှေ့သို့ ခပ်သွက်သွက်ထွက်လာ၏၊

သို့သော် သွက်လက်စွာလှုပ်ရှားနေသည့် ဒေါ်ချိုချိုမာရဲ့ ခြေလှမ်းတို့ဟာ ဧည့်ခန်းထဲသို့ ၀င်လာသည့် လူနှစ်ယောက်ကိုမြင်လိုက်ရသည့်အခါမှာတော့ ချက်ချင်းဆိုသလို ရပ်တန့်သွား၏။

"မေမေ.....သမီးတို့လာမှာကို မေမေ့ကိုဖုန်းဆက်ပြီးပြောပြဦးမလို့ပါ...ဒါပေမယ့် မေမေ့ဖုန်းကစက်ပိတ်ထားလို့ ပြီးတော့ ဖေဖေ့ကိုပြောလို့ မေမေသိရင်လည်း မလာနဲ့ဆိုပြီး ပြောမှာကြောက်လို့ အခုလိုဘာမှမပြောဘဲ လာခဲ့တာပါ"

"အွမ်း..."

ဒေါ်ချိုချိုမာဟာ ထိုတစ်ခွန်းသာပြောပြီး ဆိုဖာပေါ်မှာသွားထိုင်၏။

ထို့နောက် သူမတို့နှစ်ယောက်အား "လာထိုင်"ဆိုသည့်အကြည့်ဖြင့်ကြည့်လိုက်လေတော့ နွေးနေခြည်နဲ့ ၀င့်ဖူးသဇင်တို့လည်း ခေါင်းလေးငြိမ့်၍ ဒေါ်ချိုချိုမာနဲ့ မျက်နှာချင်းဆိုင်မှာ ၀င်ထိုင်ကြ၏။

"ကျောင်းဖွင့်ရက်ကြီးကို နှစ်ယောက်လုံးလာတာဆိုတော့ ဘာတွေများအရေးတကြီး ပြောစရာရှိလို့လဲ"

"ဟို,,,အမေသမီးတို့ကို တကယ်လက်မခံနိုင်ဘူးလားဟင်"

ဒေါ်ချိုချိုမာရဲ့ ဘာမှပြန်မဖြေဘဲ တင်းမာနေတဲ့ မျက်နှာထားကြောင့် နွေးနေခြည်နဲ့ ၀င့်ဖူးသဇင် တို့နှစ်ဦးလုံး၏ မျက်နှာလေးတွေဟာ ညှိုးငယ်ကျသွား၏။ သို့သော် ၀င်လာကတည်းက အတူ တွဲထားသည့် လက်တို့ကတော့ အခုချိန်ထိ မြဲနေဆဲပင်။

ဒါကို ကာယကံရှင်နှစ်ယောက်က သတိထားမိလားမပြောတတ်ပေမယ့် ဒေါ်ချိုချိုမာ ကတော့ သတိထားမိလိုက်၏။

"အမေ.. စိတ်ဆိုးမယ်ဆိုရင်တောင် သမီး အမှန်အတိုင်းဘဲ ပြောပါရစေ.. ဇင်နဲ့သမီးကိုမေမေလက်ခံပေးစေချင်ပါတယ်....သမီး ဇင်နဲ့ ဘာအကြောင်းကြောင့်နဲ့မှ လမ်းမခွဲချင်ဘူး မေမေ....သမီးဘ၀မှာ ဒါက ပထမဦးဆုံး နက်နက်ရှိုင်းရှိုင်း ခံစားဖူးတဲ့ အချစ်တစ်ခုပါ...စတင်ကတည်းကလည်း မလွယ်ကူမှန်းသိရက်နဲ့ စတင်ခဲ့တာပါ...ခက်ခက်ခဲခဲနဲ့ စတင်ခဲ့ရတဲ့ ဒီအချစ်ရေးကို လွယ်လွယ်နဲ့ သမီး အဆုံးမသတ်ချင်ဘူး...ပြီးတော့ သမီးတို့ကို ဇင့်ရဲ့အဘွားကလည်း လက်ခံပေးလိုက်ပြီ မေမေ...အဲ့တာကြောင့်မို့ ပိုလို့တောင် သမီးလမ်းမခွဲချင်ဘူး"

"ဘယ်လို...၀င့်ဖူးသဇင်ရဲ့ အဘွားက လက်ခံပေးတယ်"

"ဟုတ်ပါတယ် အန်တီ....အဘွားက သမီးတို့နှစ်ယောက်ကိုလက်ခံပေးထားပါတယ်...နောက်ပြီး အဖေနဲ့အမေနဲ့ကလည်း အဘွားလက်ခံရင် သူတို့လည်း ဘာမှမပြောတော့ပါဘူးဆိုပြီး သမီးကိုဖုန်းဆက်လာပါတယ်"

"သူတို့လက်ခံပေမယ့် မင်းတို့နှစ်ယောက်ရှေ့ဆက်မယ့် ခရီးလမ်းမှာ ပတ်၀န်းကျင်ဆိုတာရှိသေး တယ်လေ...အထင်အမြင်သေးပြီး အပြောအဆိုခံနေရမယ့် ဘ၀ကို ရှေ့ဆက်ချင်သေးလို့လား"

"အဲ့အချိန်ကျရင်တော့ ဝဋ်ကြွေးရှိလို့ ဒီလိုမျိုးအပြောခံရတယ်လို့ဘဲ မှတ်ယူလိုက်ပါမယ် အန်တီ။ ဒါပေမယ့် ဝဋ်ကြွေးဆိုတာလည်း ဆပ်လို့ကုန်တဲ့တစ်နေ့ ပြီးသွားမှာပါ...အဲ့တော့ ပတ်ဝန်းကျင်ဆိုတာလည်း သမီးတို့ကိုအချိန်တိုင်း ဝေဖန်မကဲ့ရဲ့နိုင်ပါဘူး။ ပြီးတော့ လူ့ဘဝဆို တာကလည်း ရခဲလှပါတယ်။ တိုတောင်းပြီး ရခဲတဲ့ဘဝမှာ စိတ်ညစ်စေမယ့် စကားတွေကို ရင်ထဲထည့်ပြီး ခံစားနေမယ်ဆို လူ့ဘ၀ကြီးက ဘယ်လိုမှပျော်စရာကောင်းတော့မှာမဟုတ်ပါ ဘူး....တကယ်လို့ ပတ်၀န်းကျင်ရဲ့ ကဲ့ရဲ့မှုတွေကို ခံရရင်တောင် သမီးတို့ချစ်တဲ့သူတွေသာ သမီးတို့ဘက်မှာရှိတယ်ဆိုရင် သမီးတို့ အခက်အခဲမရှိဘဲ ရင်ဆိုင်သွားနိုင်ပါတယ် အန်တီ "

၀င့်ဖူးသဇင် ဆိုသည့်စကားဟာလည်း မမှားသည်မို့ ဒေါ်ချိုချိုမာ ဘာမှအတွန့်တက်ကာ ဆက်မပြောတော့ပေ။

သို့သော် ၀င့်ဖူးသဇင်ပြောလိုက်သည့် စကားတွေနဲ့ ခင်ပွန်းသည်၏ စကားတွေဟာ သူမနားထဲ မှာ ပဲ့တင်ထပ်လာကာ နှလုံးသားကို ရိုက်ခတ်နေခဲ့၏။

ဒေါ်ချိုချိုမာဟာ အချိန်အတန်ကြာအောင် တစ်စုံတစ်ခုကို အလေးအနက်ထားစဥ်းစားပြီးနောက် ၀င့်ဖူးသဇင်အား မေးခွန်းတစ်ခုမေးလိုက်၏။

"အန်တီ့သမီးကို တကယ်ပျော်ရွှင်အောင်ထားပေးနိုင်လား"

"ထားပေးနိုင်လားဆိုတာထက် ထားပေးမှာပါလို့ဘဲ သမီးပြောပါရစေအန်တီ။နွေးက သမီး ချစ်တဲ့သူပါ...ကိုယ်ချစ်တဲ့သူပျော်ရွှင်တာဟာ သမီးပျော်ရွှင်တာနဲ့ အတူတူဘဲလို့မှတ်ယူထား ပါတယ်...အဲ့တာကြောင့်မို့ နွေးပျော်အောင် အတတ်နိုင်ဆုံး သမီးကြိုးစားသွားမှာ ပါ.... အနည်းဆုံးတော့ နွေး..သမီးကြောင့် အမြဲတမ်းမပြုံးနေနိုင်တောင် မျက်ရည်ကျ၀မ်းမနည်း စေရဘူးလို့တော့ကတိပေးပါတယ်"

ဒေါ်ချိုချိုမာဟာ ၀င့်ဖူးသဇင်ရဲ့စကားကိုနားထောင်ပြီးနောက် ခေါင်းတစ်ချက်ငြိမ့်လိုက်၏။

ထို့အတူ တစ်ပတ်နဲ့ တစ်မနက်ကြာအောင် သူမတွေဝေကာ စဥ်းစားမိခဲ့သည့် ကိစ္စတစ်ရပ်ဟာလည်း အခုချိန်မှာတော့ နေထိတဲ့ နှင်းစက်လေးတွေလို ပျောက်ကွယ် သွားခဲ့၏။

"ဒါဆိုရင် အခုချိန်ကစပြီး အန်တီ့သမီးကို စိတ်ချမ်းသာအောင် သမီးထားပေးပါ"

"ဟုတ်....ရှင်,,,အန်တီပြောချင်တာက ....သမီးကို..."

"မေမေ...အခုသမီးတို့ကို လက်ခံပေးလိုက်တာလားဟင်"

ဒေါ်ချိုချိုမာဟာ ခေါင်းမငြိမ့် ဟုတ်ပါတယ်မပြောဘဲ အပြုံးဖြင့်သာ သူတို့နှစ်ယောက်အား ကြည့်လိုက်၏။

ဒါဟာ သူမတို့နှစ်ယောက်ကို လက်ခံပါတယ်ဆိုတဲ့အကြောင်းအား စကားလုံးများမပါဘဲ အကြည့်ဖြင့်သာ ပြောလိုက်ခြင်းပင်မဟုတ်ပါလား။

နှစ်ဦးသား ၀မ်းသာအားရဖြင့် ဒေါ်ချိုချိုမာ အနားသို့ရောက်သွားပြီး ထိုင်ကန်တော့မတတ် ကျေးဇူးတင်စကားတွေပြောနေ၏။

"မေမေရယ်...သမီးတကယ်ကျေးဇူးတင်ပါတယ်...မေမေ အခုလိုလက်ခံပေးတာ သမီးအရမ်း ပျော်တာဘဲ"

နွေးနေခြည်က ပျော်တယ်လို့ပြောနေတဲ့အချိန် ၀င့်ဖူးသဇင် ခမျာတော့ ပျော်လွန်းအားကြီးပြီး မျက်ရည်တွေပင် ကျနေ၏။

"ဟဲ့...အော်...ဒီကလေးမကတော့ လက်ခံပေးတာကို ဘာလို့ငိုနေရပြန်တာလဲ"

ဒေါ်ချိုချိုမာက ၀င့်ဖူးသဇင်ရဲ့ မျက်ရည်စတွေကို သုတ်ပေးလိုက်ပြီး မေးတော့....၀င့်ဖူးသဇင်ဟာ ရှိုက်သံ တစ်၀က်ဖြင့် ပြန်ဖြေ၏။

"သမီး,,,,သမီး ငိုတာက ၀မ်းသာလွန်းလို့ပါ အန်တီရယ်...သမီးမှာ အန်တီမေးသမျှကို အတတ်နိုင် ဆုံးစိတ်ထိန်းပြီးသာဖြေနေရတာ အန်တီမကြိုက်တဲ့ အမှားတစ်ခုခုပါသွားမှာကြောက်နေတာ... မတော်လို့ သမီးအဖြေမတတ်လို့ လက်မခံပေးနိုင်တဲ့အဆင့်ကနေ သမီးကိုမုန်းတဲ့အဆင့်ကို ရောက်သွားမှာ တွေးပြီးပူနေမိတာ....ဒါပေမယ့် အန်တီက နွေးကို ပျော်ရွှင်အောင်ထားပေးပါ လို့လည်းပြောရော...ပျော်လွန်းလို့ ရင်ထဲစို့တက်လာပြီးအခုလိုမျက်ရည်တွေကျလာတာပါ အန်တီ"

"ဟုတ်ပါပြီကွယ်...တကယ်တော့အန်တီက အန်တီ့သမီးအပေါ် ဂရုမစိုက်ပေးနိုင်ခဲ့တဲ့ အချိန်တွေအရမ်းများတယ်...သမီးလေးအတွက် အန်တီဟာ လစ်ဟာမှုတွေများနေတဲ့ မိခင်တစ်ယောက်ပါ။ အစကတော့ သမီးတို့နှစ်ယောက်ကိုအန်တီလုံး၀လက်မခံနိုင်ဘူး။ ဒါပေမယ့် သမီးတို့ အခုလိုလာတဲ့အချိန် အန်တီ့သမီးရဲ့ သမီးကို ကြည့်တဲ့မျက်၀န်းတွေ...အန်တီ့ကို ပြောတဲ့စကားတွေဟာ သူ့အတွက် သမီးဘယ်လောက်အရေးပါလဲဆိုတာ အန်တီ ခန့်မှန်းလို့ရပါတယ်။ လစ်ဟာမှုတွေ ဂရုစိုက်မှုတွေ မပေးနိုင်ခဲ့တဲ့ မိခင်တစ်ယောက်ဆိုပေမယ့် အန်တီ့သမီးရဲ့အရေးပါတဲ့ အရာတစ်ခုကိုတော့ အန်တီဖျက်ဆီးရလောက်တဲ့အထိ မလုပ်နိုင်ပါဘူး။ပြီးတော့ အန်တီ့မှာ မိခင်တစ်ယောက်ရဲ့ အတ္တတွေကြီးစိုးကောင်းကြီး စိုး နေပေမယ့် သမီးလေးရဲ့ ပျော်ရွှင်မှုနဲ့ယှဥ်လိုက်ရင်တော့ ဒီအတ္တတွေကို အန်တီချနင်းထားရ လည်းကိစ္စမရှိပါဘူး...သမီးပြောသလိုဘဲ အနဲဆုံးတော့ သမီးလေးရဲ့ရင်ထဲမှာ အန်တီ့ကြောင့် စိတ်ချမ်းသာမှုတွေအများကြီးမရခဲ့ရင်တောင် ကြီးမားတဲ့ စိတ်ဒဏ်ရာတစ်ခုတော့မရသွားစေ ချင်ဘူးလေ။အဲ့တာကြောင့်မို့ အန်တီဂရုမစိုက်ပေးနိုင်ခဲ့တာတွေအတွက် အန်တီ့ သမီးအပေါ် သမီးကပိုပြီးချစ်ပေးပါ....ပိုပြီးနားလည်ဂရုစိုက်ပေးပါလို့အန်တီတောင်းဆိုချင်ပါတယ်"

ဒေါ်ချိုချိုမာရဲ့တောင်းဆိုမှုနဲ့ ရှင်းပြမှုတို့ပါနေတဲ့ စကားကို နွေးနေခြည် ခေါင်းတစ်ငြိမ့်ငြိမ့်ဖြင့် ကတိတွေ အထပ်ထပ်ပေးမိ၏။

"နွေးကို သမီးအသက်ထက်ပိုပြီးချစ်သွားမှာပါ....ပိုပြီးလည်း ဂရုစိုက်သွားမှာပါ အန်တီ...အရာအားလုံးနဲ့ တိုင်တည်ပြီးကျိန်ဆိုကျိန်ရဲပါတယ်"

"အွမ်း...အန်တီ သမီးကိုယုံပါတယ်"

"မေမေ...အမှန်တော့ အမေက လစ်ဟာမှုတွေနဲ့ မိခင်တစ်ယောက်မဟုတ်ပါဘူး...အလုပ်တွေ များလို့ သမီးကိုဂရုမစိုက်ပေးနိုင်ခဲ့ပေမယ့် ပြန်ရောက်လို့ ခဏလေးဖက်ထားပေးတဲ့ အချိန်မှာ တောင် အမေ့ရဲ့ နွေးထွေးမှုနဲ့ မေတ္တာကို သမီးခံစားလို့ရပါတယ်။ ပြီးတော့ မေမေက သမီးအပေါ်အရမ်းကောင်းပြီး သမီးအတွက်ဘဲ တွေးပေးနေတဲ့ ကြီးကျယ်မြင့်မြတ်တဲ့မေမေပါ။ သမီး မေမေ့အပေါ် ဘယ်တုန်းကမှလည်း မကောင်းတာမတွေးခဲ့ဖူးတဲ့အတွက် မေမေ ကိုယ့်ကိုယ်ကို အရမ်းအပြစ်တင်မနေပါနဲ့နော်"

"အွမ်း ...မေမေ ကိုယ့်ကိုယ်ကိုအပြစ်မတင်တော့ဘူးနော်"

ဒေါ်ချိုချိုမာဟာ ထို့သို့ပြောပြီးနောက် နွေးနေခြည်နဲ့ ၀င့်ဖူးသဇင်တို့နှစ်ဦးလုံးအား သူမရင်ခွင်ထဲ၌ နွေးထွေးစွာပွေ့ဖက်ထားလိုက်၏။

ဖက်ထားရင်းနဲ့မှလည်း အခုဆို သူမမှာ သမီးနောက်တစ်ယောက်ပင် ရှိနေပြီဘဲလို့တွေးကာ အသံထွက်သည်အထိ သဘောတကျ ရယ်မိလိုက်၏။

"မေမေ...ဘာတွေသဘောကျနေလို့လဲ"

"အော်...အမေ့မှာ အရင်က သမီးတစ်ယောက်ဘဲ ရှိတာ အခု‌တော့ နှစ်ယောက်တောင် ရှိသွားပြီ လို့တွေးမိလို့လေ"

သူမကို သမီးတစ်ယောက်ဟု တင်စားပြီးသဘောထားလိုက်တဲ့ နွေးရဲ့မေမေကြောင့် ဒီနေ့မှ အရမ်းကို စိတ်ပျော့နေသည့် ၀င့်ဖူးသဇင်မှာ မျက်ရည်တွေတစ်ဖန်၀ဲလာပြန်တော့၏။

ဒီတစ်ခေါက်တော့ သူမမျက်ရည်ကျတာ ထပ်မမြင်စေချင်တော့တဲ့အတွက် ဒေါ်ချိုချိုမာရဲ့ ခါးကို ဖက်လိုက်ရင်း မျက်နှာကို ၀ှက်ထားမိ၏။

"အန်တီကလည်း သမီးရဲ့မေမေလိုပါဘဲ အန်တီ....သမီးချစ်တဲ့ နွေးကိုမွေးပေးထားတဲ့အတွက် လူ့လောကထဲခေါ်လာပေးပြီး သမီးနဲ့ဆုံတွေ့စေခဲ့တဲ့အတွက် သမီးတို့နှစ်ယောက်ကို မိခင်စိတ်အပြည့်အ၀နဲ့ နားလည်လက်ခံပေးတဲ့အတွက်အရမ်းကျေးဇူးတင်ပါတယ်... ပြီးတော့ အန်တီဗွေမယူဘူးဆိုရင် အန်တီ့ကို သမီးအခုချိန်ကစပြီး "မေမေ"လို့ဘဲ‌ခေါ်ပါရစေ"

ဒီတစ်ခါတော့ မျက်ရည်၀ဲရသူဟာ ၀င့်ဖူးသဇင်မဟုတ်တော့ဘဲ ‌ဒေါ်ချိုချိုမာဖြစ်သွား၏။

သွေးမတော်သားမစပ်တဲ့ သူစိမ်းကလေးမတစ်ယောက်ဆီက မေမေဆိုတဲ့ ခေါ်သံကြားရတာ ဟာ ဒီလောက်ထိကြည်နူးရလိမ့်မယ်လို့သူမတွေးမိခဲ့။

ဒီကလေးမဟာ သူ့သမီးရဲ့ချစ်ရသူဖြစ်နေလို့ ဒီလိုခံစားလိုက်ရတာလားလို့ တွေးမိပေမယ့် သူ့ရင်ထဲက ကြည်နူးစိတ်ကိုတော့ သူမညာနိုင်ခဲ့ပါ။

"အန်တီ သမီးကိုခေါ်ခွင့်ပြုနိုင်မလားဟင်"

ဒေါ်ချိုချိုမာဟာ ခေါင်းညိမ့်၍ ခွင့်ပြုကြောင်းပြ၏

"ခွင့်ပြုပေးတဲ့အတွက် သမီးတကယ်ကိုကျေးဇူးတင်ပါတယ် မေမေ"

"အဟမ်း...မေမေနော်....သမီးအသစ်လေးရလိုက်တာနဲ့ မျက်နှာက အရမ်းကိုပြုံးရွှင်ပြီး ဒီက သမီးကိုတောင် မေ့ချင်တဲ့ပုံဖြစ်နေပြီနော်"

အမေဖြစ်သူနဲ့ ချစ်သူတို့ ပျော်ရွှင်ကြည်နူးနေတာကို နွေးနေခြည်က မကျေနပ်သလို နှုတ်ခမ်းလေးဆူကာပြောလိုက်တော့....နှစ်ယောက်လုံးရယ်မိကြ၏။

"မေမေတို့က သမီးကိုရယ်တယ်ပေါ့"

"ရယ်တာပေါ့...သမီးပုံစံကဘဲရုပ်ပေါက်ပြီး ချစ်ဖို့ကောင်းနေတယ်ကိုး"

"ဟုတ်တယ်နော်...မေမေ...နွေးက စိတ်ကောက်လို့ နှုတ်ခမ်းဆူထားရင် ဘဲနှုတ်သီးလေးအတိုင်းဘဲ"

"ဟာ...."

နွေးနေခြည်နှုတ်ခမ်းက အလိုမကျမှုဖြင့် ပို၍ဆူထော်လာတော့ ၀င့်ဖူးသဇင်က ဒေါ်ချိုချိုမာ မကြားစေရအောင် နား နားကပ်၍ တိုးတိုးလေးပြော၏။

"နွေးနော်....မေမေ့ရှေ့မှာမို့ အတတ်နိုင်ဆုံးစိတ်ထိန်းထားတာနော်...ဒီ့ထက်ပိုပြီး နွေးနှုတ်ခမ်းလေးက ဆူလာရင် ငါ အာမမခံနိုင်တော့ဘူး သိလား"

၀င့်ဖူးသဇင်စကားကြောင့် နွေးနေခြည်ရဲ့ ဆူထားတဲ့နှုတ်ခမ်းလေးဟာ အလန့်တကြားဖြင့် တပ်ခေါက်သွား၏။

ထို့နောက် နွေးနေခြည်ရဲ့ပါးလေးထက်ဝယ် ရှက်သွေးရိပ်တွေလွှမ်းလာတော့၏။

ဒေါ်ချိုချိုမာကတော့ ၀င့်ဖူးသဇင် ဘာပြောလိုက်မှန်းမကြားရပေမယ့် အရှက်သည်းနေသည့် သမီးဖြစ်သူ၏ ပုံစံကိုကြည့်ရင်း တအံ့တသြနှင့် တဟားဟားဖြစ်နေ၏။

ထိုသို့ရယ်နေရင်း သူမရှေ့မှ သမီးနှစ်ယောက်ကိုကြည့်ပြီး အတွေး၀င်လာသည်က

သူသာ ဒီကလေးနှစ်ယောက်ကို သဘောမတူဘဲ အတ္တနဲ့ပတ်၀န်းကျင်ကိုသာ ရှေ့တန်းတင်ခဲ့ ရင် ဒီလိုပျော်ရွှင်မှုဆိုတာလည်း ရှိလာမှာမဟုတ်ဘူး....

အခုလို ချစ်ဖို့ကောင်းတဲ့ သမီးလေးနှစ်ယောက်ရဲ့အပြုံးကိုလည်း မြင်နိုင်မှာ မဟုတ်ဘူး ဆိုတာပါဘဲ....။

ဒီအချိန်မှာ သူ့ကို အမှန်အတိုင်းပြောပြခဲ့တဲ့ခင်ပွန်းသည်ကိုလည်း ကျေးဇူးတင်မိသည်။

ခင်ပွန်းသည်ရဲ့စကားတွေကြောင့်သာမဟုတ်ရင် သူ့ကြောင့်နဲ့ သူအပါအ၀င် သူချစ်တဲ့သူတွေကို ၀မ်းနည်းနေကျင်နေစေခဲ့မှာတော့ အမှန်ပါဘဲ။တကယ်လို့ ခင်ပွန်းသည်ဟာလည်း သမီးလေးနှစ်ယောက်ရဲ့ ချစ်ခြင်းကို သူမလက်ခံပေးလိုက်တာကိုသာ သိရင်သူနဲ့ထပ်တူ ပျော်ရွှင်နေမှာဘဲဟု သူမတစ်ဆက်ထဲတွေးမိ၏။

အရာအားလုံးကို ဖြစ်ပျက်လာတဲ့အတိုင်း အရှိကိုအရှိအတိုင်းလက်ခံလိုက်တာဟာ စိတ်ကိုပိုပြီး ငြိမ်းချမ်းသွားစေတယ်တဲ့။

ဟုတ်ပါတယ်... သူ့အတွက်လည်း ဒီလိုလက်ခံလိုက်ရတဲ့အတွက် နှလုံးသားဟာ ပိုကြည်နူးလာရ တဲ့အပြင် သူမနဲ့ သမီးလေးတို့ရဲ့နေ့ရက်တွေမှာလည်း ကောင်းမွန်ခြင်းနဲ့ လှပခြင်းတွေကိုဖြစ်ပေါ်လာစေခဲ့ပါပြီ။

ဒါ့ကြောင့်မို့ အခုအချိန်မှာ ဆုံးဖြတ်လိုက်တဲ့ သူ့ဆုံးဖြတ်ချက်နဲ့ စကားလုံးတိုင်းအတွက်တော့ သူမ ဘယ်တော့မှနောင်တရမှာ မဟုတ်တော့ဘူးဆိုတာဟာ ရာနှုန်းပြည့်သေချာနေခဲ့ပြီလေ။

.

.

"ကွန်ဂရက်ကျူလေးရှင်းစ် ပါ အချစ်လေးတို့...အခုဆို နင်တို့ကို နှစ်ဖက်မိဘလုံးက သဘောတူ လိုက်ပြီမလား"

"အွမ်း...တူလိုက်ပြီ ပြည့်....ဒါပေမယ့် ငါအခုချိန်ပြန်စဥ်းစားရင် အိပ်မက်တစ်ခုလိုဘဲ မယုံနိုင်သေးဘူး"

"ဘ၀ဆိုတာ အဲ့လိုပဲလေ နေခြည်ရယ်....မယုံနိုင်စရာတွေနဲ့ပြည့်နှက်နေတာ"

"အေး...နင်အပျိုကြီးလုပ်မယ်လို့ပြောတာလည်း ငါမယုံနိုင်သေးဘူး"

"ဟင်....ပြည့်က အပျိုကြီးလုပ်မလို့လား"

"ဟုတ်တယ် အချောလေးရေ....ငါ ရည်းစားထားရတာများပြီးပျင်းလာလို့"

"တကယ်ချစ်တဲ့သူတွေ့လာရင်တော့ ပျင်းမှာမဟုတ်တော့ပါဘူး ပြည့်ရယ်"

"အဲ့....တကယ်ချစ်တဲ့သူကလည်း ငါအဘွားကြီးဖြစ်မှ ပေါ်လာမလားမသိဘူး"

'အဲ့လောက်လည်း စိတ်မညစ်ပါနဲ့ ပြည့်ရယ်...ရှိလာမှာပါ"

"အင်းပါ...အချောလေးရယ်....ဒါနဲ့ ငါအချောလေးတို့ကို အရမ်းအားကျနေတာ သိလား... နှစ်ယောက်လုံးကလည်း အရမ်းချစ်...မိဘတွေကလည်း သဘောတူဆိုတော့ ဘယ်လောက် တောင်ပျော်ဖို့ကောင်းလိုက်မလဲနော်"

"ဒါကတော့ ငါတို့က နတ်ဖက်တဲ့ဖူးစာမိုလို့လေ..ဟဲဟဲ"

"အေးပါ....ပြောနိုင်သူတွေဆိုတော့ ပြောပါ....ငါကတော့ အားကျရုံမှတစ်ပါး..."

"သူငယ်ချင်းလေးရယ်....တကယ်ဖူးစာမှန်ရင် အခုမတွေ့သေးပေမယ့် တစ်ချိန်ချိန်မှာ တွေ့လာ လိမ့်မယ်...ဘယ်လောက်အဝေးကလူဖြစ်ပေမယ့် နင့်အနားကို အလိုလိုရောက်လာလိမ့် မယ်... အိုကေ အဲ့ကြောင့်စိတ်ဓါတ်မကျနဲ့"

'အင်း....မကျတော့ဘူး...ငါ့ကိုအားပေးလို့ကျေးဇူးတင်ပါတယ် ....

ကျေးဇူးတင်တယ့်အနေနဲ့ ငါဆုတောင်းပေးမယ်...အဟမ်းဟမ်း....အသင်တို့နှစ်ဦးစလုံးရဲ့ ချစ်ခရီးလမ်းဟာ ချောမွေ့သာယာပြီး အခက်အခဲတွေကိုလည်း အချစ်တွေနဲ့ အောင်မြင်စွာ ကျော်လွှားနိုင်ပါစေ....ငါ့အပေါ်မှာလည်း နှစ်ယောက်လုံး ဒီ့ထက်မက ပိုကောင်း ပိုကျွေးနိုင် ပါစေ။ကျွေးနိုင်ဖို့လည်း ပိုက်ဆံတွေများများစုထားကြနော်"

နွေးနေခြည်ရဲ့ အမေလက်ခံပေးလိုက်တဲ့ အထိမ်းအမှတ်အနေနဲ့ တစ်၀ိုင်း၀ယ်ကျွေးခိုင်းပြီး တစ်၀ိုင်းလုံးကို တစ်ယောက်တည်း အပြတ်စားလိုက်တဲ့ ပြည့်သိင်္ဂီဆီမှ ထိုဆုတောင်းစကား ထွက်လာတော့ သူမတို့နှစ်ဦးလုံး အားရပါးရရယ်မောလိုက်ကြ၏။

"အေးပါ....စုထားမယ်...ဘာဘဲဖြစ်ဖြစ် နင်ပေးတဲ့ ဆုတွေနဲ့ ပြည့်ရပါလို၏ရှင်"

"ပြည့်မှာ.....မပြည့်လည်း နောက်ဆုံးဆုတောင်းကို မပြည့်ပြည့်အောင် ငါဖြည့်ပေးမယ်...အဟဲ"

စိတ်ကြိုက်စားပြီး ဗိုက်တင်းနေပုံပေါ်သည့် ပြည့်သိင်္ဂီက ဗိုက်ကိုပွတ်ကာဖြင့် ထိုသို့ပြော၏။

"ဒါနဲ့လေ ငါ့အတွက်ရည်းစားမလိုဘူး...နင်တို့နှစ်ယောက်ရှိရင်ရပြီ။ဘာလို့လဲဆိုတော့ နင်တို့ နှစ်ယောက်လုံးက ငါ့အတွက်သူငယ်ချင်းကောင်းဆိုလည်းဟုတ်တယ်...မိသားစုဆိုလည်း ဟုတ်တယ်....အဲ့တာကြောင့် ငါအပျိုကြီးဖြစ်လည်း နင်တို့နဲ့သာဆို အဆင်ပြေတယ်..သိလား"

သိလားဆိုတဲ့ ပြည့်သိင်္ဂီရဲ့ အမေးမှာ သူမတို့နှစ်ဦးလုံး ကျေနပ်စွာပြုံးပြီး ခေါင်းညိမ့်မိကြ၏။

ပြောချင်တာပြောပြီး ရှေ့ကနေ ဆက်ကော့ကော့ဖြင့် ဆိုင်ထဲကထွက်သွားသည့် ပြည့်သိင်္ဂီအား နွေးနေခြည်နဲ့၀င့်ဖူးသဇင်တို့ သဘောကျစွာကြည့်လိုက်ကြသည်။ထို့နောက်ကျသင့်ငွေရှင်းပေးပြီး နှစ်ဦးသား လက်ချင်းချိတ်ကာ ပြည့်သိင်္ဂီအနောက်မလှမ်းမကမ်းမှနေ၍ အေးအေးဆေးဆေး လိုက်လာ၏။

"ဇင်...."

"ရှင်..."

"ပြည့်က အရမ်းချစ်ဖို့ကောင်းတယ်နော်..."

"အွမ်း....ပြည့်က စိတ်ရင်းလည်းကောင်း ချစ်ဖို့လည်းကောင်းတယ်"

"ဟုတ်တယ်နော်...ငါတို့နှစ်ယောက်မှာ ဒီလို သူငယ်ချင်းလေးရှိတာ အရမ်း ကံကောင်းတယ်။ပြီးတော့ ဇင့်ကိုပိုင်ဆိုင်ခွင့်ရလို့လည်း ငါ ပိုပြီးကံကောင်းတယ်လို့တွေးမိတယ် "

"အတူတူပါဘဲ...ငါလည်း နွေးကိုပိုင်ဆိုင်ခွင့်ရလို့ အရမ်းလည်းကံကောင်းတယ်...အရမ်းလည်းပျော်တယ်...."

"ဒါနဲ့လေ ဒီလိုမျိုး ဇင်နဲ့အတူတူအနားမှာရှိနေရတာနဲ့တင် ငါအားတွေအရမ်းရှိတယ်သိလား.... တကယ်လို့ ငါတို့မှာ ကြုံရမယ့် အခက်အခဲတွေရှိရင်တောင် ဇင်နဲ့အတူသာဆိုရင် ငါကျော်ဖြတ်နိုင်တယ်"

"အတူတူပါဘဲ နွေးရယ်....လက်တွဲဖော်ဆိုတာ အေးအတူပူအမျှနဲ့ တစ်ယောက်ခံစားချက် ကိုတစ်ယောက်နားလည်ပြီး ယုံကြည်မှုတွေ အချစ်တွေနဲ့ ကြုံလာတဲ့အခက်အခဲတိုင်းကို လက်တွဲမဖြုတ်ဘဲ ရင်ဆိုင်သွားကြရမှာ...ငါ့အတွက်တော့ လက်တွဲဖော်ဆိုတာ နွေးတစ်ယောက်တည်းဘဲ အခက်အခဲတွေကိုရင်ဆိုင်ဖို့အားအင်ဟာလည်း နွေးဘဲ။"

"အဲ့ဆို ငါက ဇင့်ဘ၀ရဲ့ အလိုအပ်ဆုံးတစ်ယောက်တည်းသူလေးပေါ့နော်"

"ဒါပေါ့....ငါ့ဘ၀မှာ အချစ်ရဆုံးသူဆိုတာ နွေးတစ်ယောက်တည်းဘဲ....ငါ့ရဲ့အရာရာတိုင်းကို နွေးနဲ့ဘဲဖြတ်သန်းသွားချင်တယ်...နွေးဘေးနားမှာ ကုန်ဆုံးသွားချင်တယ်...စိတ်ညစ်စရာ တွေရှိရင်တောင် နွေးတစ်ချက်လေးပြုံးပြလိုက်တာနဲ့ အရာရာရင်ဆိုင်ဖို့ ငါအသင့်ဖြစ်သွားပြီ.....နွေးရော ငါ့လိုဘဲမလားဟင်"

"မေးစရာလိုသေးလား ဇင်ရယ်....တွဲထားတဲ့လက်တွေက ခိုင်မြဲသထက် ခိုင်မြဲနေပြီဘဲလေ"

အပြုံးများဖြင့် ဆိုနေသည့် သူတို့နှစ်ယောက်ရဲ့ ဆုပ်ကိုင်ထားတဲ့ လက်လေးနှစ်ဖက်က ထိုအချိန်ဝယ် ပို၍ တင်းကြပ်သွား၏။

ကြယ်စင်လေးတွေလို လင်းလက်ကာတောက်ပနေသည့် မျက်၀န်းတို့က ရင်ဘတ်ထဲမှ မြတ်နိုးမှုလှိုင်းလေးတွေကို ဖုံးကွယ်ချင်းမရှိ ရွှန်းလဲ့စွာထပ်ဟပ်ပေးနေကြ၏။

နှလုံးသားထဲမှ အချစ်သံယောဇဥ်ကြိုးလေးတွေဟာလည်း နေရာလပ်မရှိအောင် ရစ်ပတ်လို့ နေခဲ့ကြ၏။

အခက်အခဲတွေ....မထင်မှတ်ထားတဲ့ စိန်ခေါ်မှုတွေနဲ့ ပြည့်နေတဲ့ မာယာများတဲ့လောကကြီးမှာ သူတို့နှစ်ယောက်ကတော့ ယုံကြည်နားလည်မှုတွေနဲ့ ဖြတ်ကျော်သွားဖို့ရန် ဆုံးဖြတ်ထားခဲ့ကြ ပြီ။

ဘယ်လိုအကြောင်းအရာနဲ့မှ လက်တွဲမဖြုတ်ရန်လည်း သံဒိဋ္ဌာန်ချခဲ့ပြီးကြပြီ။

သူတို့ရဲ့ အနာဂတ်နေ့ရက်တွေဟာ ဘယ်လိုဖြစ်မလဲ ....ဘာတွေကို ဘယ်လိုကြုံရမလဲ သူတို့ မသိနိုင်ပါဘူး။ ဒါပေမယ့် ကြုံလာမယ့် အရာတွေအားလုံးကို ရင်ဆိုင်ဖို့ ခွန်အားတွေတော့ သူတို့နှစ်ယောက်မှာ ရှိနေခဲ့ကြပါပြီ။

တချို့နေ့ရက်တွေဟာ စိတ်ပျက်စရာ ၀မ်းနည်းစရာတွေရှိကောင်းရှိပေမယ့် ကိုယ်ချစ်တဲ့ သူသာ ကိုယ့်အနားမှာရှိပြီး အားပေးနေခဲ့မယ်ဆိုရင် ဒါတွေဟာ တဒင်ဂဘဲမဟုတ်ပါလား။

ဆည်းဆာချိန်မို့ လိမ္မော်ရင့်ရောင် ကောင်းကင်ကြီးဟာ စာပန်းချီဖွဲ့မရအောင်လှပနေခဲ့၏။

အိပ်တန်းပြန်နေတဲ့ ငှက်ငယ်လေးတွေ....ဥဒဟိုသွားလာနေကြတဲ့ လမ်းမပေါ်က ကားတွေ.... လူတွေ....အရာအားလုံးဟာ သူ့ဟာနဲ့သူပင် အဆက်မပြတ်လည်ပတ်လှုတ်ရှားနေ၏။

ထိုသို့လည်ပတ်လှုတ်ရှားနေကြတဲ့ထဲမှာမှ သူမတို့နှစ်ဦးစလုံးရဲ့ တစ်ယောက်အပေါ်တစ်ယောက် ထားတဲ့ အချစ်မေတ္တာ တွေဟာလည်း အချိန်အကန့်အသတ်မရှိ အဆက်မပြတ်တည်ရှိ နေဦးမယ်လို့ သူတို့တစ်ထစ်ချ မှတ်ယူထားကြသည်။

လောကကြီးဟာ တစ်ဦးအပေါ်တစ်ဦးထားရှိတဲ့ စေတနာ မေတ္တာတွေကြောင့် တစ်နေ့ထက် တစ်နေ့ပိုပိုလှလာရစမြဲပါ။

ချစ်ခြင်းသာမရှိဘဲ ရန်ငြိုးနဲ့ မုန်းခြင်းသာရှိရင်

နားလည်ခွင့်လွှတ်ပေးခြင်းမရှိဘဲ အတ္တနဲ့ ဒေါသတွေသာရှိရင်

စာနာစိတ်တွေမရှိဘဲ တစ်ကိုယ်ကောင်းဆန်မှုတွေသာရှိရင်

ဒီလို မကောင်းတဲ့စိတ်တွေရှိနေရင်တော့ လောကကြီးဟာ ဘယ်လှပနိုင်ပါတော့မလဲလေ။

လောကကြီးအပေါ်အဆိုးမြင်စိတ်မရှိဘဲ မေတ္တာစိတ်များဖြင့်အကောင်းမွန်ဆုံး ရှင်သန်နေထိုင်နေသူတွေအတွက် နေ့ရက်တိုင်းက တန်ဖိုးရှိပါတယ်။

တန်ဖိုးရှိတဲ့နေ့ရက်တိုင်းမှာ ကိုယ်ချစ်တဲ့သူနဲ့အတူရှိနေခွင့်ရတာကတော့ ပိုပြီး တန်ဖိုးရှိလွန်းတာပေါ့။

အချစ်ဆိုတာဟာလည်း ဘယ်လိုအချစ်မျိုးဘဲဖြစ်ဖြစ် တစ်နည်းနည်းနဲ့တော့ သူ့နေရာနဲ့သူ ၊ သူ့အဓိပ္ပါယ်နဲ့သူ လှပတတ်စမြဲပါ။

ဒါကို သူမတို့နှစ်ယောက်စလုံးလည်း နားလည်ကြ၏။

နားလည်မှုနဲ့ ဆန္ဒတွေတစ်ထပ်တည်းကျနေတဲ့ သူမတို့နှစ်ဦးဟာ တန်ဖိုးရှိတဲ့အချိန်လေးတွေကို ပိုင်ဆိုင်ခွင့်ရတုန်း တစ်ယောက်အပေါ်တစ်ယောက် မြတ်နိုး တွယ်တာခြင်းတွေဟာလည်း တစ်စတစ်စ ပိုတိုးလာခဲ့ပါတယ်။

တစ်နေ့ထက်တစ်နေ့ ပိုတိုးလာသည့် အချစ် မေတ္တာနဲ့ မြတ်နိုးခြင်းတွေကို အတားအဆီးနဲ့ အခက်အခဲတွေရင်ဆိုင်ဖို့ အင်အားတွေအဖြစ် သူမတို့ပြောင်းလဲကြမည်။

ဘာတွေဘယ်ပုံကြုံရပါစေ သူမတို့နှစ်ယောက်ရဲ့ ကမ္ဘာလေးကို အကောင်းမွန်ဆုံး အလှပဆုံး ပုံဖော်သွားကြမည်။

စိတ်ကူးယဥ်ရုံနဲ့မဟုတ်ဘဲ လက်တွေ့မှာပုံဖော်သွားနိုင်ဖို့အတွက်အတတ်နိုင်ဆုံးကြိုးစားသွားကြ မည်ဆိုတာကိုတော့ ချစ်ရိပ်များဖြင့် အကြည့်ချင်းဆုံကာ ပြုံးနေခဲ့ကြသည့် သူမတို့နှစ်ယောက်ရဲ့ မျက်၀န်းတို့၌ သံသယကင်းစွာမြင်နိုင်ခဲ့ပါသည်။

နောက်ဆုံး ..မမျှော်လင့်ထားဘဲ ကြုံတွေ့ရမယ့် ခက်ခဲ့သည့်အချိန်တွေရှိလာရင်တောင် အရာအားလုံးကိုသူမတို့ နှလုံးသားထဲမှ စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာရဲ့ စွမ်းအားနဲ့ ရင်ဆိုင်ကျော်လွှားနိုင်မယ်လို့ ယုံကြည်ထားကြသည်။

ထိုယုံကြည်မှုများနဲ့အတူ တစ်ယောက်အပေါ်တစ်ယောက် မပြောင်းလဲသော အချစ်၊ ခိုင်မြဲသော သစ္စာ၊ အပြန်အလှန်နားလည်သိတတ်မှုနှင့် အားပေးကူညီစောင့်ရှောက်ခြင်းတို့ကိုပါ ထပ်လောင်းပေါင်းစပ်သွားကြမယ်လို့ကတိပြုရင်း အတူတူ တည်ဆောက်မယ့် အနာဂတ်နေ့ရက်တိုင်းအတွက် သူမတို့နှစ်ဦးလုံး အဆင်သင့်ဖြစ်နေခဲ့ကြပါပြီ။

💖💜💖💜💖

(5972words...gl second fic‌ လေးလည်း နောက်ဆုံးတော့ပြီးသွားပါပြီ။
finalကိုရေးလိုက်တာရှည်သွားလို့ဖတ်ရင်း
နဲ့တောင်ပျင်း‌နေကြမလားမသိဘူး😅
အရှေ့အပိုင်းတွေမှာလေ သာသာအလုပ်
တွေရှုပ်ပြီးficကိုတော်တော်ကြာအောင်
မupပေးနိုင်ခဲ့တာလေးတွေရှိခဲ့ပါတယ်။
ဒါပေမယ့်အချိန်ဘယ်လောက်ကြာ"
သာသာupတဲ့အချိန်တိုင်းစောင့်ပြီး
ဖတ်ပေးကြတဲ့အတွက်အားလည်းနာ
ကျေးဇူးလည်းတင်ပါတယ်နော်။ပြီးတော့
သာသာ့ကိုသီချင်းလေးတွေပို့ပေး
ပြီးficကိုမပျင်းမရိနဲ့ကောင်း"မွန်"
ရေးနိုင်အောင်Motiပေးခဲ့တဲ့သူလေး
ကိုလည်း ကျေးဇူးတင်ပါတယ်။
ဒီfic‌လေးကိုအဆုံးထိဖတ်ရှုပေးခဲ့ကြပြီး
ကြိုက်နှစ်သက်ပေးခဲ့ကြတဲ့သူတွေအကုန်
လုံးကိုလည်းသာသာကျေးဇူးအရမ်းတင်ပါတယ်ရှင့်နောက်ထပ်သာသာရေးမယ့်
ficတွေမှာလည်းထပ်ပြီးတွေ့ချင်ပါသေးတယ်နော်။Love u all...🧡)

Continue Reading

You'll Also Like

2M 111K 96
Daksh singh chauhan - the crowned prince and future king of Jodhpur is a multi billionaire and the CEO of Ratore group. He is highly honored and resp...
1.2M 66.2K 59
๐’๐œ๐ž๐ง๐ญ ๐จ๐Ÿ ๐‹๐จ๐ฏ๐žใ€ข๐๐ฒ ๐ฅ๐จ๐ฏ๐ž ๐ญ๐ก๐ž ๐ฌ๐ž๐ซ๐ข๐ž๐ฌ ใ€ˆ๐›๐จ๐จ๐ค 1ใ€‰ ๐‘ถ๐’‘๐’‘๐’๐’”๐’Š๐’•๐’†๐’” ๐’‚๐’“๐’† ๐’‡๐’‚๐’•๐’†๐’… ๐’•๐’ ๐’‚๐’•๐’•๐’“๐’‚๐’„๐’• โœฐ|| ๐‘บ๐’•๐’†๐’๐’๐’‚ ๐‘ด๏ฟฝ...
41.1K 2.2K 10
แ€แ€…แ€บแ€แ€ซแ€แ€…แ€บแ€œแ€ฑแ€™แ€พแ€ฌ แ€กแ€แ€ปแ€…แ€บแ€€ แ€™แ€ปแ€€แ€บแ€…แ€ญแ€œแ€Šแ€บแ€แ€แ€บแ€แ€šแ€บ #Taeny version (แ€›แ€ฝแ€พแ€ฑแ€›แ€„แ€บแ€แ€ฏแ€”แ€บแ€แ€กแ€ฏแ€ถแ€”แ€ฝแ€ฑแ€ธแ€”แ€ฝแ€ฑแ€ธ)
49.9K 2.5K 30
แ€™แ€ฌแ€”แ€›แ€พแ€„แ€บแ€žแ€ฐแ€Œแ€ฑแ€ธแ€žแ€™แ€ฎแ€ธแ€”แ€พแ€„แ€บแ€ทแ€…แ€•แ€บแ€…แ€•แ€บแ€€แ€ผแ€ฒแ€กแ€ญแ€™แ€บแ€–แ€ฑแ€ฌแ€บแ€™แ€œแ€ฑแ€ธ