"ဇင် ရေ...ဇင် ထတော့လေ...၉နာရီထိုးတော့မယ်"
"အင်း...နောက်ငါးမိနစ်လောက်ဘဲ"
"ဇင်နော်...ထမှာလား..မထဘူးလား..."
နွေးနေခြည်၏ စကားသံကြောင့် ဆက်အိပ်ချင်နေသေးသည့် ၀င့်ဖူးသဇင်ခမျာ အိပ်နေရာကနေ ငေါက်ခနဲထထိုင်တော့၏။
"ထမှာပါ...နွေးလေးကလည်း...ထနေပြီနော်..စိတ်ဆိုးနဲ့"
"အွမ်း...ထပြီးရင်မျက်နှာသစ် သွားတိုက်ပြင်ဆင်တော့ ခဏနေ အန်တီစန်းဆိုင်မှာ ထမင်းကြော်သွားစားရအောင်"
"ဟုတ်ကဲ့ပါရှင့်....ဒါနဲ့လေ...အနွေးလေးက ငါ့ကို မျက်နှာသစ်သွားတိုက်မပေးချင်ဘူးလားဟင်?"
"မျက်နှာသစ်သွားတိုက်ပေးရအောင် ဇင်က ကလေးမိုလို့လား..."
"ကလေးမဟုတ်ပေမယ့်..အချစ်နဲ့တွေ့ရင် လူတိုင်းက ကလေးဖြစ်သွားတတ်တယ်လေ နွေးရဲ့"
"အမလေး...အချစ်အကြောင်းဘာမှမသိဘူးဆိုတဲ့လူကလည်း ပြောတတ်လိုက်တာ"
"အရင်ကတော့မသိဘူး..အခုတော့သိသွားပြီလေ အဲ့တာကြောင့်မို့ ပြောတတ်သွားတာပေါ့"
"တော်တော်ကဲ...ရည်းစားဖြစ်တာကဖြင့် ငါးရက်နဲ့ တစ်မနက်ဘဲရှိသေးတာကို...အပိုတွေ သိပ်ပြောတာဘဲ"
"ငါးရက်နဲ့ တစ်မနက်ဘဲ မဟုတ်ပါဘူး။ ငါးရက်နဲ့ တစ်မနက်ကြီးများတောင်ပါ"
"ထားပါတော့ ...အဲ့တာနဲ့ဘဲ စားဖို့ နောက်ကျတော့မယ်။ "
"ဟုတ်ကဲ့ပါရှင့် မင်းသမီးလေးသဘောအတိုင်း အခုဘဲ သွားပြင်ဆင်လိုက်ပါ့မယ်"
သွားပြင်ဆင်မယ့်သူကလည်း ရိုးရိုးမသွားဘူး။နွေးနေခြည်ရဲ့ပါးကို ရွှတ်ခနဲနမ်းပြီးမှ သွားရတယ်လို့။
အနမ်းခံရတဲ့သူကလည်း မကျေနပ်ရှာပါဘူး။အပြုံးကြီးကြီးတစ်ခုကို နှုတ်ခမ်းမှာချိတ်ဆွဲထားတာကလွဲရင်ပေါ့။
.
.
အန်တီစန်းရဲ့ ဆိုင်ကိုရောက်တော့ ၀ိုင်းတစ်ခုမှာ ထိုင်နေတဲ့ ပြည့်သိင်္ဂီကို ၀င့်ဖူးသဇင်တွေ့လိုက်ရ တဲ့အတွက်
"အယ်...ပြည့်လည်း ဒီဆိုင်မှာ လာစားတာလား?"
"လာစားတာမဟုတ်ဘူး...အချောလေးရေ...လာစားဖို့ အခေါ်ခံရတာ"
"ဟင်...အခေါ်ခံရတာ...အော်...နွေးလေးက ခေါ်တာလား"
"အင်း...အယ်...ဘယ်လို ဘယ်လို....အချောလေးခုနက နေခြည်မကို နွေးလေး လို့ ခေါ်လိုက်တာ လား??"
"ဟုတ်တယ်လေ...နွေးနဲ့ ငါနဲ့က ချစ်သူတွေဖြစ်နေကြပြီဆိုတော့ နွေးလေးလို့ ပြောင်းခေါ်ကြည့်တာ ...ဘယ်လိုလဲ အဆင်ပြေတယ်မလား?"
"ဘာ.....ချစ်သူ???? အချောလေးနဲ့ နေခြည်မက ချစ်သူတွေဖြစ်နေကြပြီ..?"
"အင်းလေ...ဒီနေ့နဲ့ဆို ခြောက်ရက်တောင်ရှိတော့မယ်။ နေပါဦး...ငါထင်တာ နွေးလေးက ပြည့်ကို ပြောပြထားမယ်ထင်တာ....မပြောပြထားဘူးလား"
"ဟင်အင်း...ငါ့ကိုနေခြည်မဘာမှမပြောဘူး။အော်...သိပြီ။အဲ့တာကြောင့်မို့ နေခြည်မက အခုရက်ပိုင်း မျက်နှာက မှိုရသလိုဖြစ်နေတာကိုး...တွေ့မယ်....ဒင်းတော့တွေ့ဦးမယ်....ဒါနဲ့ အချောလေးတစ်ယောက်ထဲလား...နေခြည်မရောမပါဘူးလား"
"ပါတယ်။ ဒါပေမယ့် သူ့ဦးလေးက ဒီတစ်ခေါက်အိမ်ပြန်ရင် ထည့်ပေးလိုက်မယ့် ပစ္စည်းတွေပေး နေလို့ ငါ့ကို အရင်သွားခိုင်းလိုက်တာ"
"အော်..."
ပြည့်သိင်္ဂီနဲ့ ၀င့်ဖူးသဇင်တို့နှစ်ယောက်ပြောနေတုန်း အမောတကောနဲ့ ဆိုင်ထဲကို ပြေး၀င်လာ သည့် နွေးနေခြည်။
ထိုသို့ပြေး၀င်လာသည့် နွေးနေခြည်ကို မျက်ထောင့်နီကြီးဖြင့် ကြည့်နေသည့် ပြည့်သိင်္ဂီ
သူတို့နှစ်ယောက်ရဲ့ကြားမှာတော့ ဘုမသိ ဘမသိဖြင့် ကြောင်တောင်တောင်လေးရပ်နေရှာသည့် ၀င့်ဖူးသဇင်။
"ကဲ...ဒေါ်နေခြည်မ...နင် ဘာအမှားတွေလုပ်ထားလည်း သိတယ်ဟုတ်"
"ဟီးဟီး...သူငယ်ချင်းလေး...."
"တော်...ဘာကို အခုမှသူငယ်ချင်းလဲ? နင်သာသူငယ်ချင်းဆိုရင် နင်နဲ့အချောလေးရည်းစားဖြစ် နေတဲ့ကိစ္စကို ဘယ်လျှိုထားပါ့မလဲ"
"တမင်ရည်ရွယ်ပြီးမပြောတာမဟုတ်ပါဘူးဟယ်....ငါက ဒီနေ့ နင့်ကိုပြောပြမလို့ပါ...အဲ့တာကြောင့်မို့ ဒီဆိုင်ကိုခေါ်လိုက်တာလေ...အပြည့်လေးကလည်း...စိတ်မဆိုးပါနဲ့နော်"
"ဆိုးတယ်...မတရားကိုဆိုးတယ်....ငါလေ နင့်ကိုစိတ်ဆိုးလွန်းလို့ ရိုက်သတ်ပစ်ချင်စိတ်တောင် ပေါက်နေပြီ သိရဲ့လား"
"တခြားနည်းနဲ့စိတ်ဆိုးချင်ဆိုးပါ ပြည့်ရယ်...သေလောက်အောင်တော့ မရိုက်ပါနဲ့နော်..ငါ့မှာ ဇင်နဲ့ချစ်သူဖြစ်ခွင့်ရတာ အခုမှ ခြောက်ရက်ပြည့်ခါနီးလေးမိုလို့ပါ"
"အော်...ပြောတတ်တယ်နော်....အမလေး......လို့တောင် မအော်ချင်တော့ဘူး...."
"နင် မအော်ချင်ရင် မအော်ပါနဲ့.."
"ဘာ???"
"ဟို...ငါက နင်လည်ချောင်းတွေနာမှာ စိုးလို့ပါ"
နွေးက ဒီနေ့မှ သူတို့နှစ်ယောက်အကြောင်း ပြည့်ကို ပြောပြဖို့လုပ်ထားတာကို ကိုယ်က သွားအစဖော်ပြီး ပြောမိတာဆိုတော့ ၀င့်ဖူးသဇင်ခမျာလည်း အပြစ်လုပ်ထားတဲ့လူလို မျက်နှာငယ်လေးဖြင့်။
သို့သော် အခုချိန်မှာ တရှူးရှူးတရှဲရှဲဖြင့် စိတ်ဆိုးနေသည့် ပြည့်သိင်္ဂီကြောင့် မျက်နှာငယ်လေးဖြင့်ပင် ပြည့်သိင်္ဂီအား စိတ်ပြေအောင် နွေးနဲ့အတူ ၀င့်ဖူးသဇင် ချော့မော့ပြော ဆိုပေးနေ၏။
"ဟိုလေ...ပြည့်ကို ငါတို့နှစ်ယောက်လုံးတောင်းပန်ပါတယ်နော်။နွေးပြောသလိုပါဘဲ...ပြည့်ကို တမင်မပြောချင်လို့မပြောတာမဟုတ်ပါဘူး။ဒါပေမယ့် ပြည့်ဘက်ကကြည့်ရင်လည်း ပြည့်စိတ်ဆိုးတာ ဖြစ်သင့်ပါတယ်။အဲ့တာကြောင့်မို့ ပြည့်ကြိုက်သလောက်သာ စိတ်ဆိုးပါ။ တစ်ခုပါဘဲ...ငါနဲ့နွေးနဲ့ကိုတော့ ပြည့်ကိုဒီအကြောင်းမပြောပြလို့ဆိုပြီး မမုန်းလိုက်ပါနဲ့နော်"
"မမုန်းပါဘူး...အချောလေးရယ်...ငါက ငါ့အချစ်ဆုံးသူငယ်ချင်းနှစ်ယောက်ချစ်သူဖြစ်သွားတယ် ဆိုတဲ့ အကြောင်းကိုတောင် မသိရတဲ့အတွက် နဲနဲစိတ်မကောင်းဖြစ်ရုံလေးပါဘဲ
ပြည့်သိင်္ဂီက ပြောလည်းပြော မျက်နှာလေးပါ မှိုင်ကျသွားတဲ့အတွက် နွေးနေခြည်နဲ့ ၀င့်ဖူးသဇင် လည်း မနေနိုင်တော့ဘူးလေ။
ပြည့်သိင်္ဂီနားသွားပြီး နှစ်ယောက်သား ပြည့်သိင်္ဂီကို သွားဖက်လိုက်ကြတာပေါ့။
"ငါတို့ကြောင့်နဲ့ နင် စိတ်မကောင်းဖြစ်ရတဲ့အတွက် ငါတကယ်ကို တောင်းပန်ပါတယ် ပြည့်ရယ်။ ငါတကယ်ကို စိတ်ရင်းနဲ့တောင်းပန်ပါတယ်။"
"အင်းပါ.....တော်တော့ ငါ့ကိုမဖက်ကြနဲ့တော့"
"ဘာဖြစ်လို့လဲ...နင်မကြိုက်လို့လား...နင်ငါတို့နှစ်ယောက်ကို အခုထိ စိတ်ဆိုးနေတုန်းမိုလို့လားဟင်"
"မဆိုးတော့ပါဘူး....နင်တို့နှစ်ယောက်လုပ်တာနဲ့ ငါငိုချင်လာလို့"
"ဟုတ်ပါပြီ....ငိုတော့မငိုလိုက်ပါနဲ့..နင်မဖက်နဲ့ဆိုလည်း မဖက်တော့ဘူးနော်"
နွေးနေခြည်နဲ့ ၀င့်ဖူးသဇင်လည်း ပြည့်သိင်္ဂီကိုဖက်ထားရာကနေ ခွာလိုက်ကာ ပြည့်သိင်္ဂီဘေးက ထိုင်ခုံမှာ ၀င်ထိုင်လိုက်ကြသည်။
"ကဲ...ပြည့် ဘာစားမှာလဲ...နင်စားချင်တာသာ မှာ...ဒီနေ့ ငါ၀ယ်ကျွေးမယ်"
"ဟင်းထုတ် ရယ်...ရေစိမ် ရယ် ပြီးတော့ အာလူးမာလာရယ်"
"အွမ်း...ဇင်ရော...ဘာစားမှာလဲ..."
"ငါ ရှမ်းသုပ်ဘဲစားတော့မယ် နွေး"
"အိုခေ...အန်တီစန်းရေ...သမီးတို့ကို ရှမ်းသုပ်နှစ်ပွဲ ဟင်းထုတ်တစ်ပွဲ ရေစိမ်တစ်ပွဲနဲ့ အာလူးမာလာ တစ်ပွဲလုပ်ပေးပါနော်"
"ဟုတ်ပြီ သမီးရေ...ခဏဘဲစောင့်နော်...အန်တီစန်း မြန်မြန်နဲ့ကောင်းကောင်းလေးလုပ်ပေးမယ်"
"ဟုတ်ကဲ့"
မှာထားတဲ့ အစားအသောက်တွေကို စောင့်နေတဲ့အချိန်မှာဘဲ နွေးနေခြည်တို့သုံးယောက်ရဲ့ စကား၀ိုင်းလေးဟာ ပြန်လည် အသက်၀င်လာခဲ့ပါတယ်။
"ဒါနဲ့...နင်တို့နှစ်ယောက် ဘယ်နေ့က ရည်းစားစဖြစ်သွားကြတာလဲ?"
"ဟို..ငါနင့်ကို toiletသွားလိုက်ဦးမယ်ဆိုပြီးပြောတဲ့နေ့ကလေ...အဲ့အချိန်တုန်းက ဇင်ငါ့ကို အဖြေပြန်ပေးတာ"
"အော်...ဒါကြောင့်မို့ အဲ့နေ့က နင့်မျက်နှာ တစ်ခုလုံး မှိုရသလိုဖြစ်နေတာကိုး"
"ဟီးဟီး...."
"ဘာ..ဟီးဟီး...ငါထုလိုက်လို့ "
"နင် ငါ့ကိုမထုရက်ပါဘူး"
"ထင်လို့လား..ဆုတောင်းလေ"
"မတောင်းဘူး"
နွေးနေခြည်က လျှာထုတ်ပြကာ ပြောင်ချော်ချော်ပြောလိုက်တော့ ပြည့်သိင်္ဂီရဲ့ လက်၀ါးက နွေးနေခြည်ရဲ့ ကျောကုန်းထက်သို့ အားပါပါဖြင့်ရောက်လာ၏။
"အား....နာလိုက်တာ....ငပြည့်မ...နင်ငါ့ကို တကယ်လုပ်တယ်ပေါ့"
"ဘာလဲ...မလုပ်ဘူးထင်လို့လား.."
"လုပ်ပါ...ငါ့ကိုဒီလိုလုပ်လို့ နင်စိတ်ချမ်းသာမယ်ဆိုရင် ဆယ်ခါပြန်လုပ်လည်း ခံလိုက်မယ်"
"အမလေး...အပြောကတော့ တော်တော်တတ်.."
"ကဲ..သမီးတို့ မှာထားတာတွေရပါပြီရှင်"
သူငယ်ချင်းသုံးယောက်ရဲ့ စကား၀ိုင်းဟာ အန်တီစန်းရဲ့အသံအောက်မှာ ပျောက်သွားခဲ့၏။
၀င့်ဖူးသဇင်က သူ့ရှေ့မှာချထားသည့် ရှမ်းသုတ်ပန်းကန် ကို အရင်မထိရသေးခင် နွေးနေခြည် ရှေ့မှ ရှမ်းသုတ်အား သူ့ဆီလှမ်းယူလိုက်ကာ တူဖြင့် စိတ်ရှည်လက်ရှည်နယ်ပေးပြီးမှ နွေးနေခြည် ရှေ့ ပြန်ထားပေးလိုက်၏။
"ကျေးဇူးနော်....ဇင်"
"ရပါတယ်..နွေးရယ်...ချစ်သူတွေဘဲဟာ"
"ငါအဆောင်ဘဲပြန်လိုက်တော့မယ်"
"ဟင်..ဘာလို့လဲ ပြည့် စားမကောင်းလို့လား"
"စားလို့က ကောင်းတယ်...ကြည့်လို့ကမကောင်းတာ"
"ဘာကိုကြည့်လို့မကောင်းတာလဲ"
"ငါ ရည်းစားပြန်ထားရင် ကောင်းမလား"
"နင်ဘဲ စိတ်ရှုတ်လို့မထားတော့ဘူးဆို"
"အဲ့တုန်းက မထားချင်ဘူး။ အခုတော့ နင်တို့နှစ်ယောက်ကိုကြည့်ပြီး ငါ့ကိုဂရုစိုက်ပေးမယ့် ရည်းစားတစ်ယောက်လောက်လိုချင်သွားပြီ"
"ဘာလဲ..ပြောချင်တာက နင်က ငါ့ကိုအားကျတယ်ပေါ့"
"အေး..အားကျတယ်ဟေ့...အားကျတယ်"
"ပြည့်ကိုလည်း ကြိုက်တဲ့သူတွေအများကြီးမလား...ထားချင်ရင်ထားလို့ရပါတယ်"
"ထားလို့က ရတယ်...အချောလေးရဲ့...ဒါမယ့် ငါက အချောလေးလိုမျိုး ငါဆိုးသမျှ အပြုံးမပျက်ဘဲ ချစ်နေမယ့် သူကိုလိုချင်တာ"
"ငပြည့်!!!!"
"ဟ...ငါ နင့်ဘေးနားမှာထိုင်နေတာ သေမလို့ အဲ့လောက်အော်နေတာလား"
"အော်ရမှာပေါ့...နင်ပြောနေတဲ့ပုံက အော်ချင်စရာဘဲကို "
"ငါပြောတာက ရိုးရိုးလေး...နင်တွေးချင်ရာတွေးမနေနဲ့.."
"ပြီးရော..အဲ့ဆိုလည်း"
"ကဲပါ...နွေးနဲ့ပြည့်ရယ်...အစားအသောက်တွေအေးကုန်တော့မယ်...အရင်စားပြီးမှ ဆက်ပြောကြနော်"
"အွမ်း...ဇင် ပြောသလိုစားပြီးမှ စကားဆက်ပြောတော့မယ်နော်"
"အမလေး...အမြင်ကပ်စရာကောင်းတာအေ..."
ရှုံ့မဲ့စွာဖြင့် ပြောနေသည့် ပြည့်သိင်္ဂီအား နွေးနေခြည်က မျက်စောင်းဖြင့်မကျေနပ်သလို ကြည့်၏။
၀င့်ဖူးသဇင်ကတော့ သူ့ချစ်သူနဲ့ သူငယ်ချင်းနှစ်ယောက်ကိုကြည့်ရင်း သဘောကျစွာပြုံးမိ၏။
*နွေးလေးနဲ့ ပြည့်ကတော့ကွာ....တကယ်ကိုကလေးတွေကျနေတာဘဲ"
.
.
"ဇင်...နေ့လည်က ကောင်က ဘယ်သူလဲ"
"ဟင်..."
"နေ့လည်တုန်းကလေ ဇင့်နားလာပြီး တွတ်တွတ်တွတ်တွတ်နဲ့ ပြောနေတဲ့ကောင်"
"အော်...သူက ငါနဲ့တစ်ခန်းတည်းလေ နွေး...group workအတွက် လုပ်ရမယ့် ဟာတွေလာမေးတာ။ သူနဲ့ က တစ်ဖွဲ့တည်းလေ..ဒါမယ့် အဲ့နေ့က အတန်းလွတ်သွားတော့ ဘာမှမသိလိုက်လို့တဲ့"
"အဲ့ဆို ဇင်နဲ့သူနဲ့က ခင်တယ်ပေါ့"
"အရမ်းကြီးလည်းမခင်ပါဘူး...ဘာဖြစ်လို့လဲ နွေး"
"ကိုယ်နဲ့လည်း အရမ်းမခင်တဲ့လူတစ်ယောက်ကို ဇင်က ပြုံးပြပြီး စကားပြောနေတာကို မကြိုက်လို့"
"ပြုံးပြလိုက်မိတာလား.."
"အွမ်း...ပြီးတော့ဇင်ပြုံးလိုက်ရင် ဘယ်လောက်လှတယ်ဆိုတာ ဇင်မသိဘူးလား"
"မသိဘူးလေ နွေးရဲ့...."
"မသိနဲ့...ဘာဘဲဖြစ်ဖြစ် နောက်ဆို သူစိမ်းယောကျ်ားလေးတွေနဲ့စကားပြောရင် မပြုံးနဲ့"
"ဟုတ်ပါပြီရှင်...နွေးလေးမကြိုက်ရင် မပြုံးတော့ပါဘူး"
"အင်း"
"ဒါနဲ့ နွေးအခု ငါ့ကို သ၀န်တိုနေတာလေးက ငါပြုံးတာထက်တောင် ပိုလှနေသလိုဘဲ"
"ဘယ်သူက သ၀န်တိုနေလို့လဲ မတိုဘူး"
"၀န်မခံချင်တာလား...နွေးက"
"ဇင်နော်...ဘာတွေလာပြောနေမှန်းမသိဘူး"
"ဒီည တူတူအိပ်ကြမလား"
"ဇင်!!!"
"အယ်...နှစ်ယောက်အတူတူ တစ်ကုတင်ထဲအိပ်ဖို့ပြောတာပါ...နွေးက ဘာတွေတွေးပြီး မျက်နှာတွေရဲနေတာလဲ"
"မ..မရဲပါဘူး...တော်ပြီ...ငါ ထမင်းစားတော့မယ်"
"ခုနက စားပြီးပြီကို ထပ်စားဦးမလို့လား"
"စားမှာဘဲ...ဘာလဲ စားလို့မရဘူးလား"
"ရပါတယ်...ထမင်းများများစားပြီး ပိုပြည့်ဖြိုးလာတော့ ငါ ဖက်လို့ပိုကောင်းတယ် ဟဲဟဲ"
"ဇင်နော်...ပေါက်ကရတွေမပြောနဲ့တော့"
"ဘယ်သူက ပေါက်ကရပြောလို့လဲ...တော်ပြီ နွေးထမင်းမစားနဲ့တော့...တကယ်လည်း မဆာဘဲနဲ့"
"ဆာလို့စားတာပေါ့"
"တကယ်စားချင်ရင် ထမင်းကိုမစားနဲ့...ငါ့ကိုဘဲစား"
"အာ...ဇင် တစ်ယောက်နဲ့တော့...ဘာတွေပြောနေမှန်းကိုမသိဘူး"
"ဘာလဲ...မစားချင်ဘူးလား...အဲ့ဆို ငါ နွေးကိုစားမယ်"
"ဇင် ဘီလူးစိတ်ပေါက်သွားပြီလား...လူသားပါစားချင်ရလောက်အောင်"
"အင်း...ပေါက်နေပြီထင်တယ်...အခုတော့ နီရဲနေတဲ့ နွေးရဲ့နှုတ်ခမ်းလေးကို စားချင်နေတာဘဲ သိတယ်"
၀င့်ဖူးသဇင်ရဲ့ စကားကြောင့် နွေးနေခြည် တစ်ကိုယ်လုံး အေးစက်ကာ တောင့်တင်း သွားသလို ခံစားလိုက်ရ၏။
"စားခွင့်ပေးမှာလား မပေးဘူးလား"
"မပေးဘူး....ထမင်းသွားခူးတော့မယ်"
ကုတင်ပေါ်က မြန်မြန်ဆင်းကာ အခန်းထဲက ထွက်ဖို့ပြင်နေတဲ့ နွေးနေခြည်ကို ၀င့်ဖူးသဇင်က မသွားနိုင်အောင် အနောက်ကနေ သိုင်းဖက်ထားလိုက်၏။
"ဇင်...ဘာဖြစ်နေတာလဲ..လွှတ်ကွာ"
"မလွှတ်ဘူး"
"ဇင်နော်...ဒီနေ့ဘာဖြစ်နေတာလဲ.... လွှတ်လို့"
လွှတ်လို့ပြောရင်း ရုန်းကာမှ ပိုတိုးကာ ဖက်ထားသည့် ၀င့်ဖူးသဇင်။
"နမ်းခွင့်ပေးရင်လွှတ်ပေးမယ်"
"တကယ်လွှတ်ပေးမှာလား...."
"အွမ်း.."
"အဲ့ဆို တစ်ချက်ဘဲနမ်း"
နွေးနေခြည်ရဲ့စကားကြောင့် ၀င့်ဖူးသဇင်ရဲ့နှုတ်ခမ်းထောင့်နှစ်ခုက ကျေနပ်မှုဖြင့်ကော့တက်သွား၏။
ထို့နောက် အနောက်ကနေ သိုင်းဖက်ထားသည့် လက်တို့က လှုပ်ရှားသွားကာ နွေးနေခြည်အား ပွေ့၍ ကုတင်ပေါ်ကို အသာအယာချပေးလိုက်ပြီး နောက်တစ်ဖန် ထွက်ပြေးလို့မရအောင် အပေါ်ကနေ အုပ်မိုးထားလိုက်၏။
"ဇင်...ဘာလုပ်မလို့လဲ"
နွေးနေခြည်ခမျာတော့ ပြူးတိပြူးကြောင်ဖြင့် ၀င့်ဖူးသဇင်အားကြည့်ကာ စိတ်လှုပ်ရှားမှုကို ထိန်းချုပ်နေရ၏။
"နွေးက ဘာလို့အဲ့လောက်ချစ်ဖို့ကောင်းနေရတာလဲ..."
"အပိုတွေလျှောက်ပြောမနေနဲ့"
"အပိုတွေလည်း မပြောဘူး,,,လျှောက်လည်းမပြောဘူး...အတည်ပြောနေတာ"
"ဇင်..ဒီနေ့မှ ဘာဖြစ်လို့ စကားပြောတာ အဲ့လောက်အတင့်ရဲနေတာလဲ...ဇင်နဲ့တောင် မတူတော့ဘူး"
"ဒါက နွေးတစ်ယောက်တည်းကြောင့်ဖြစ်တည်လာတဲ့ နွေးတစ်ယောက်တည်းဘဲ မြင်နိုင်တဲ့ ငါ့ရဲ့ တခြားတစ်ဖက်က ပုံစံလေ"
"ဟွန့်...စကားပြောကောင်းတဲ့ သင်တန်းများတက်ထားသလားအောက်မေ့ရတယ်...
မနမ်းဘူးဆိုလည်း ဖယ်ပေး"
နွေးနေခြည်က ၀င့်ဖူးသဇင်ရဲ့ ရင်ဘတ်ကို တွန်းကာပြောတော့ ရေခဲတုံးကြီး ၀င့်ဖူးသဇင်ကလည်း နွေးနေခြည်ရဲ့လက်ကို ချုပ်ကိုင်လိုက်၏။
ထို့နောက် နီစွေးနေတဲ့ နွေးနေခြည်၏နှုတ်ခမ်းတို့ထက်သို့ အနမ်းမိုးများစတင် ရွာချတော့၏။
နူးညံ့သော နှုတ်ခမ်းလွှာတို့၏ ထိတွေ့မှုတို့က သူတို့နှစ်ယောက်၏ ရင်ခုန်သံတွေကို ပိုမိုမြန်ဆန် စေခဲ့၏။
"ချစ်တယ်...နွေး"
"အတူတူပါဘဲ...ငါလည်း ဇင့်ကိုချစ်တယ်"
ထိုနေ့ည၌ သူတို့နှစ်ဦးရဲ့ ပုံမှန်မဟုတ်သော အသက်ရှူသံတို့နဲ့အတူ ဆုပ်ကိုင်ထားကြသော လက်တို့ကလည်း အရင်ကထက် ပိုတင်းကြပ်နေခဲ့ပါ၏။