ခ်စ္ျခင္းတစ္ခု ဖန္တီးမယ္ (ချစ...

By Cosmos_LoV

401K 38K 749

Zawgyi ငါ့အမွားေတြ ျပန္ျပင္ႏိုင္မယ့္ ဒုတိယအခြင့္အေရး.. ဟုတ္တယ္ ငါျပန္လည္႐ွင္သန္လာၿပီ..။ Unicode ငါ့အမှားတွေ ပ... More

Chapter -1,အပါယ္ခံဘဝနဲ႔ေ႐ွာင္းက်န္႔ (အပါယ်ခံဘဝနဲ့ရှောင်းကျန့်)
Chapter -2,ျပန္လည္ေမြးဖြားျခင္း (ပြန်လည်မွေးဖွားခြင်း)
Chapter-3,လူလည္ေလးရိေပၚ(လူလည်လေးရိပေါ်)
Chapter -4,အဖိုးတန္ ေျခသလံုးေလး(အဖိုးတန် ခြေသလုံးလေး)
Chapter - 5,ရည္းစားေဟာင္းနဲ႔ ေတြဆံုျခင္းအစ (ရည်းစားဟောင်းနဲ့ တွေဆုံခြင်းအစ)
Chapter -6,မဆံုခ်င္တဲ့ေရစက္ (မဆုံချင်တဲ့ရေစက်)
Chapter -7,လြမ္းတယ္ ge (လွမ်းတယ် ge)
သန္မာတဲ့ ဝမ္ေလး (သန်မာတဲ့ ဝမ်လေး)
gege က ကေလးလုပ္ ( gege က ကလေးလုပ်)
တစ္ခုတည္းလား ( တစ်ခုတည်းလား)
အစားထိုးျမင္ေယာင္ျခင္း ( အစားထိုးမြင်ယောင်ခြင်း)
အတၱႀကီးလိုက္ခ်င္ပါရဲ႕ ( အတ္တကြီးလိုက်ချင်ပါရဲ့ )
အနမ္းဦးေလးနဲ႔ ge ရဲ႕ ဒီမွာမျဖစ္ဘူး ( အနမ်းဦးလေးနဲ့ ge ရဲ့ ဒီမှာမဖြစ်ဘူး)
တစ္ေထာင္းတစ္ည ေန႔ရက္မ်ား ( တစ်ထောင်းတစ်ည နေ့ရက်များ )
အိမ္မက္ဆိုး (အိမၼကၦိုး )
မလိုခ်င္တဲ့ အနမ္း ( မလိုချင်တဲ့ အနမ်း)
အခန္းထဲက ခ်စ္ရည္လူးသံ (အခန်းထဲက ချစ်ရည်လူးသံ )
အခ်စ္ရဲ႕ အတၱ ( အချစ်ရဲ့ အတ္တ)
အမွန္တရားကိုသိခ်ိန္ (အမှန်တရားကိုသိချိန်)
အဆံုးသတ္ရဲ႕အစ( အဆုံးသတ်ရဲ့အစ)
ဆံုး႐ႈံးခဲ့ရတဲ့ အတိတ္ (ဆံုး႐ႈံးခဲ့ရတဲ့ အတိတ္)
ဆံုး႐ႈံးခဲ့ရတဲ့ အတိတ္ 2(ဆုံးရှုံးခဲ့ရတဲ့ အတိတ် 2)
အရမ္းေၾကာက္ေနခဲ့တာ ( အရမ်းကြောက်နေခဲ့တာ)
ျမတ္ႏိုးရပါတယ္ ( မြတ်နိုးရပါတယ် )
အ႐ူးတစ္ပိုင္းအခ်စ္ ( အရူးတစ်ပိုင်းအချစ် )
ျပင္းထန္တဲ့စြပ္စြဲခ်က္ ( ပြင်းထန်တဲ့စွပ်စွဲချက်)
အေရးေပၚခန္းထဲကခ်စ္ရသူ ( အရေးပေါ်ခန်းထဲကချစ်ရသူ)
Final - ပိုင္ဆိုင္ခြင့္ ( ပိုင်ဆိုင်ခွင့် )
Extra - 1
Extra - 3

Extra - 2

6.2K 578 47
By Cosmos_LoV

အပြာရောင် ခပ်နွမ်းနွမ်း ဝတ်ဆင်ထားသော ထောင်သားများ ၊ အနည်းဆုံး ၅ ယောက်ခန့်လောက်ရှိနိုင်သော အခန်းငယ်လေးဖြစ်သည် ။ 

လင်းချန်မင် နံရံပါးပါးအား ကျောမှီထားကာ လက်ထဲက ဓာတ်ပုံငယ်လေးအား ခပ်ဖွဖွပွတ်သတ်နေရင်းပင် မျက်ဝန်းတွေကနူးညံ့နေသည် ။ ထိုပုံလေးဟာ လင်းချန်မင်၏ နောက်ဆုံးချမ်းသာမှုလေးဖြစ်သော ယိုဟန်နဲ့ပတ်သတ်သည့် အမှတ်တရပင်ဖြစ်သည် ။

ပုံထဲက ကောင်လေး အပြစ်ကင်းစင်စွာ အဖြူစင်ဆုံးပြနေလေ​၏ ။ သက်မဲ့ဓာတ်ပုံလေး ဖြစ်သော်လည်း လင်းချန်မင်၏ အနာဂတ်မျှော်လင့်ချက်ကလေးဖြစ်သည် ။

နေ့စဥ်ရက်ဆက် ရူးသွားခမန်း ယိုဟန်ကိုလွမ်းတဲ့​အချိန်တွေက လင်းချန်မင်အဖို့ အသုရာငရဲကျရောက်သည်ထက်ပင် ပူလောင်လွန်း၏ ။ ဝေးကွာနေသော နူးနူးညံ့ညံ့ကောင်လေးအား အလွမ်းနာကျသော အခြေအနေ၌ အပြင်လောက က တပည့်ကျော်ဆီ ထိုရှားပါးသော ဓာတ်ပုံလေးအား ခက်ခက်ခဲခဲမှာယူခိုင်းရသည် ။

" နေကောင်ရဲ့လား ယိုဟန် ၊ ငါကိုလာမတွေ့တာတောင် အတော်ကြာပြီပဲ ၊ ဒါလဲကောင်းပါတယ်လေ ငါ့ရဲ့အားနည်းတဲ့ပုံကို မင်းမတွေ့ရတော့ဘူးပေါ့ ၊ ငါကလေ မင်းရဲ့အမြင်မှာ သန်မာတဲ့လူပဲ ဖြစ်ချင်တာ ယိုဟန်ရဲ့ ၊ ဒါပေမယ့်ကွာ ငါမင်းကို ခဏလောက်ဖြစ်ဖြစ်တွေ့ချင်ခဲ့တာ ..''

စိတ်ထဲက စကားတွေ အပြင်ကိုပြောမထွက်ဖြစ်ခဲ့ပါ ။ သန်မာလှပါတယ်လို့ကြွေးကြော်ခဲ့တဲ့ လင်းချန်မင်က ကောင်လေးတစ်ယောက်ကို နင့်နင့်နဲနဲ လွမ်းရလွန်းလို့ ကျတဲ့မျက်ရည်တွေကို တစ်ယောက်ယောက်များသိရင် ​လှောင်ရယ်လောက်ပါရဲ့ ..။

" ငါ့ကိုမမေ့ဖူးမလား ယိုဟန် ၊ ဟား..ဟား မဖြစ်နိုင်ပါဘူး ငါ့ကိုစောင့်နေပါမယ်လို့ မင်းကိုယ်တိုင်ပြောခဲ့တာလေကွာ..၊ ဟုတ်တယ်မဟုတ်လား ''

မသေချာတဲ့ ထိုစကားတွေကိုပြောရင်း ချန်မင်က မိမိကိုယ်ကို အားပေးခဲ့သေးသည် ။ အနည်းဆုံး ရင်အစုံပူလောင်နေခြင်းကို သက်သာရာ ရစေခဲ့ပါ၏ ။

လက်ထဲက ဓာတ်ပုံလေးအား ချန်မင် ခပ်ဖွဖွ အနမ်းပေးကာ အလွမ်းဓာတ်ကိုဖြေဖျောက်ခဲ့ပါသည် ။

" ငါ့ကိုစောင့်နေပါယိုဟန်....၊ ငါပြန်လာပြီး ငါ့ဘဝလက်ကျန်တစ်လျှောက်လုံး မင်းစိတ်တိုင်းကျပဲနေတော့မှာပါ ''

အပိုဆိုနေခြင်းမဟုတ်သော ထိုစကားသည် ယိုဟန်နဲ့ပတ်သတ်ရင် အရာအာလုံးပြောင်းလဲပေးနိုင်သော လင်းချန်မင်၏ ဆုံးဖြတ်ချက်ဖြစ်သည် ။

" ဟိုကောင်....''

ရုတ်တရက် ကြားရသောအသံကြောင့် နူးညံ့ခြင်းတွေရုတ်ချည်းပျောက်ကွယ်သွားသော လင်းချန်မင်ရဲ့မျက်နှာ ။ ထိုအသံကို မနှစ်မြို့သလို အေးစက်နေသည် ။

ထိုသူသည် အခန်းထဲကချန်မင်ထက် နှစ်စောသော ထောင်သားဖြစ်၏ ။ နောက်လာသမျှလူ​တိုင်းအား နိုင့်ထက်စီးနင်းပြုကာ မတရား​ခိုင်းစေသောသူဖြစ်သည် ။

ယခုလဲ အခန်းထဲ၌ ကျန်သူများက သူ့အား ရို့ကျိုးစွာ နှိပ်နယ်ပေးနေရ၏ ။ သို့သော် သူ့စကားတိုင်းနဲ့ ဆန့်ကျင်စွာနေသော ချန်မင်ကိုအား မကျေနပ်ပုံပေါ်သည် ။ အခွင့်ရေးရှိတိုင်းပင် အနိုင်ယူချင်နေ၏ ။ ထိုသည်က ထောင်သားများ၏ ပြုပြင်၍မရသော အကျင့်ပင်ဖြစ်သည်။

" မိန်းမလို ငိုယိုနေတာပဲ ၊ ဘာများလဲ မင်းမိန်းမနောက်လင်ယူသွားလို့လား..''

ရိသဲ့သဲ့ ရန်စရင်းပင် ထိုလူ့ခြေလှမ်းတွေက လင်းချန်မင်နဲ့နီးကပ်လာသည် ။ ချန်မင် ခွန်းတုန့်မပြန်ချင်စွာ အသက်တစ်ချက်ခပ်ပြင်းပြင်းရှူလိုက်သည် ။ ပေါင်ပေါ်က တင်းတင်းဆုပ်ထားသော လက်သီးစုပ်ဟာ ဒေါသကိုထိန်းနေရခြင်းဖြစ်၏။

​'' ပြစမ်းပါ မင်းမယားပုံ ''

ရိုင်းဆိုင်းစွာ ဆက်ခနဲ ဆွဲလုသွားသော လက်ထဲကဓာတ်ပုံ ။ ရုတ်တရက်မို့ တားမြစ်ရန်မတတ်နိုင်လိုက်ပေ ။ လွန်ကြူးလာသော ထို့လူ့လုပ်ရပ်တွေက လင်းချန်မင်၏ ​ချုပ်တည်းထားသော ဒေါသတို့အား ရန်စွနေလေ၏ ။

" ဟား..ဟား...ငါက မင်းကိုယောက်ျားကြီးထင်နေတာ မင်းက ပုန်းပြီးနွဲ့နေတဲ့ကောင်ဖြစ်နေတာကို..ဟေ့ကောင်တွေ ကြည့်ကြစမ်းပါ ဒီကောင်နေ့နေ့ညည လွမ်းနေတဲ့တစ်ယောက်က ဒီပုံထဲက ကောင်တဲ့..''

ဓာတ်ပုံအားကြည့်ကာ လှောင်ရယ်ရင်း ချန်မင်အား အရိုင်းအစိုင်းပြောဆိုနေသည် ။ သို့သော် လင်းချန်မင်မှာ ထိုလူ့လက်ထဲက ဓာတ်ပုံလေး တစ်ခုခုဖြစ်မှာသာ စိုးရိမ်နေ၏ ။ သူ့အားပြောသော အရိုင်းအစိုင်းစကားများဟာ နားထဲသို့ဝင်ဝင်ပုံမပေါ်ပေ ။

" ပြန်ပေး...''

အေးစက်စက်အသံဟာ ကြက်သီးထဖွယ်ထွက်ပေါ်လာသည် ။ ထိုအသံထဲ ဒေါသမည်မျှကိုချုပ်တည်းထားသလဲ သိသာနေ၏ ။ခက်ထန်သော ရုပ်ရည်နဲ့အတူ စူးရှသောအကြည့်တွေဟာ ထိုလူ့အပေါ်မှာသာ..။

အသက်ရှူကြပ်ခမန်း နေရခက်တဲ့ဖိအားတွေကြောင့် အခန်းထဲရှိလူတစ်ချို့ဟာ ထိုပြသနာမှဝေးဝေးရှောင်ရန်ဆုံးဖြတ်လိုက်ကြသည် ။

" ဟွန်းး...မင်းကောင်လေးက အချောလေးပဲကွ ၊ မင်းတို့ ဟိုဟာလုပ်ပြီးသွားပြီလား ဟင် မင်းလုပ်ရင် ငါ့ကိုလဲမျှ....- ''

ခွပ်...!! ခွပ်....!!. ......!!!!!

" စောက်ပါးစပ်ကိုပိတ်လိုက်စမ်း ခွေးမသားရဲ့ ''

ထိုလူ့စကားမဆုံးခင် ကျရောက်သွားသော လင်းချန်မင်၏ လက်သီးချက်ပေါင်းများစွာ ။ သူတောင်မထိရက်လို့အရိပ်တစ်ကြည့်ကြည့်နေရတဲ့ ဖြူစင်တဲ့ ကောင်လေးကို ဒီလူက ဘယ်လိုသတ္တိနဲ့များ.....။

"  မစဥ်းစားနဲ့ ...၊ ငါပိုင်တဲ့ သူ့ကို လက်ဖျားနဲ့တောင်ထိဖို့မစဥ်းစားနဲ့ ''

အကြောပြင်းပြင်းထကာ သန်မာတဲ့လက်သီးစုပ်တွေဟာ ထိုလူမျက်နှာ စုတ်ပျက်တဲ့အထိမရပ်မနား ထိုးချက်ပြင်းသည် ။ ချန်မင်တန်ဖိုးထားတဲ့ သူကို ထိုသို့စကားနဲ့ဖြစ်စေ စော်ကားပါက သတ်ပြစ်ဖို့အထိပင် ကျူးလွန်ရဲသည် ။ ချန်မင်သည် ယိုဟန်နဲ့ပတ်သတ်ရင် ဦးနျှာက်မရှိစွာ မိုက်ရူးရဲဆန်၏။

" သေစမ်း...​သေစမ်း သူ့ကိုပြောရဲတဲ့ ဒီ​စောက်ပါးစပ် သေစမ်း သေစမ်း ''

အရူးတစ်ယောက်လို ကြမ်းတမ်းစွာပြုမူနေတာကြောင့် ထိုးချက်တွေကိုအဆက်မပြတ်ခံနေရတဲ့ သူမှာ မသေရုံပင် နာကျင်နေရ၏ ။ ရပ်တန့်ဖို့တောင်းဆိုချင်သော်လည်း ပြောဖို့အားပင်မလုံလောက်တော့ချေ ။

" ဒီမှာ ရန်​ဖြစ်နေလို့ လာကြပါဦး ''

ကျန်ထောင်သားများဟာ အပြင်ရှိ ရဲတွေအား တွေအား အားကိုးတကြီးလှမ်းခေါ်ကာ အကူအညီတောင်းကြသည် ။ ထို့နောက် ရဲနှစ်ယောက်ဝင်လာကာ ချန်မင်အား မနည်းဆွဲကာ တားမြစ်လိုက်ကြ၏ ။ ဒေါသထွက်နေသော ချန်မင်မှာ အသက်ရှူသံပြင်းထန်စွာပင် ကျေနပ်သေးသည့်ပုံမပေါ်ပေ ။

ကြမ်းပြင်ပေါ် မှ မထနိုင်သည့် ထိုလူမှာလဲ ယခုမှ ချန်မင်ကိုကြောက်လန့်ရကောင်းမှန်းသိတော့သည် ။ ကျန်ထောင်သား သုံးယောက်ထဲမှ တစ်ယောက်ဟာ ထိုလူ့ဆီက ယိုဟန့် ဓာတ်ပုံအားယူကာ ချန်မင်ဆီသို့ရို့ကျိုးစွာ ပေးလာ၏ ။

ထိုဓာတ်ပုံအား မြင်မှ ခက်ထန်သောမျက်နှာပြင်ဟာ ရုတ်တရက်နူးညံ့လာတော့သည် ။

ထူးဆန်းနေသော အခန်းဖော်ထောင်​သားအချို့မှာ ထိုလူ့ရဲ့ကောင်လေးနဲ့ပတ်သတ်ပြီး စကားမမှားရန် သင်ခန်းစာယူကြရတော့သည်။

______________

ရိပေါ်တို့ လက်ထပ်ပြီး ၃ နှစ်ကြာသည်အထိပင် ညားခါစအချိန်တွေလို ချစ်လို့မဝကြသေးပေ ။ နေ့ရက်တွေအားလုံးနီးပါးဟာ သူတို့နှစ်ယောက် ပျော်ပုံသစ်လို့မဆုံးဖြစ်နေလေသည် ။

အလုပ်ကိစ္စအားလုံးနီးပါးကို ပါပါးကတာဝန်ယူပြီး ရိပေါ်နဲ့ကောကော ရဲ့အားလပ်ရက်ဟာ နေ့တိုင်းလိုလိုဖြစ်နေသည်။

ဘာမှမထူးခြားပဲ အများတကာလို သွားလာလည်ပတ်နေရသည်ကပင် ရင်ခုန်စရာလိုဖြစ်နေသည်။ စက်ဘီးတစ်စီးတည်းနှစ်ယောက်စီးကာ ပန်းခြံထဲ လှည့်ပတ်ကြသည်။ ​

ခပ်ပေပေ စုံတွဲများလို မြက်ခင်းပေါ် လူးလိမ့်ကာ ပျော်နေကြသည်။ ပန်းချီပြခန်းတွေလိုက်ကြည့်ကြသည် ။ စာကြည့်တိုက်တွေသို့ ဝင်ကြသည်။လျှကားထစ်တွေကိုအပြိုင်ပြေးတက်ကြသည်။ အပေါ်ဆုံးအထစ်သို့ရောက်လျှင်နှစ်ဦးစလုံး မောနေကြကာ တစ်ယောက်ရင်ခွင်ထဲတစ်ယောက်တိုးဝင်ပြီးနားကြသည်။ ​အနမ်းဖြင့်အမောပြေစေကာ လောကသည် နှလုံးမွှေ့လျှော်၍ ပျော်စရာအတိဖြစ်နေသည်။

ရိပေါ်တို့ အိမ်သို့ရောက်တော့ ည ၈ နာရီပင်ဖြစ်နေသည် ။ ​ပါးပါးကို မတွေ့ရကာ ဦးလေးယိုဟန်ကိုသာ ဧည့်ခန်း၌ထိုင်စောင့်နေသည်အားတွေ့ရသည်။

ရိပေါ်တို့ပြန်လာသည်အား တွေ့ပုံမရသေးတဲ့ဦးလေးက တစ်ခုခုကို အတွေးလွန်နေကာ မျက်နှာဟာ ညိုးငယ်နေသည် ။ ဝမ်နည်းနေပုံရတဲ့ အဖေဖြစ်သူအားကြည့်ရင်း သက်ပြင်းချလိုက်မိသူက ရှောင်းကျန့်...။

ပါပါး....ဘာဖြစ်နေလဲ သူသိပါသည် ။

အဲ့လူကို လွမ်းနေပြန်ပြီလား...?
သွားမတွေ့တာလဲ အတော်ကြာပြီဖြစ်ကာ ပါပါးက တစ်ခုခုကိုအခိုင်အမာဆုံးဖြတ်ထားသလို ။

ဘာပဲ ဖြစ်စေ ရှောင်းကျန့်က ပါပါးကိုပျော်စေချင်ပါသည်။

" ပါပါး...''

ခေါ်သံကြောင့်လှည့်ကြည့်လာတဲ့ ပါပါးက ပြုံးလာသည်။

" သားတို့ နောက်ကျလိုက်တာ...''

" ဝမ်လေးပေါ့ ကလေးလဲမဟုတ်ပဲ လျှောက်ကဲနေလို့ ''

ရိပေါ်ဆီ မေးငေါ့ပြကာ ဆူပုတ်ပြောလိုက်သည် ။ ခွန်းတုန့်မပြန်တဲ့ရိပေါ်က ရှောင်းကျန့်လုပ်ပြနေတဲ့ပုံကိုကြည့်ကာ အသည်းတယားယားဖြစ်နေသည် ။

" ရေချိုးပြီးနားကြတော့ ပါပါးလဲ ခေါင်းမူးလို့ စောစောအိပ်တော့မယ် ''

" ဟင်..ပါပါး နေမကောင်းဘူးလား...''

" ပါပါးခေါင်းပဲမူးတာပါ..နေကောင်းပါတယ် ''

ပါပါး အခန်းထဲသွားပြီးနောက် ရှောင်းကျန့်တို့လဲ အပေါ်တက်ခဲ့တော့သည် ။ ရိပေါ်ရေချိုးနေခိုက်ပင် ရှောင်းကျန့်က ကြက်ဥမွှေကြော်ကြော်ပြီးယူလာသည် ။

" ဝမ်လေးရေ မြန်မြန်လုပ်ကွာ ပူပူလေးစားရအောင် ''

ရိပေါ့်ကိုအော်ပြောလိုက်သည် ။ ရိပေါ်က ရေချိုးခန်းထဲက ခေါင်းပြူပြီး ပြုံးကြည့်ရင်း

" အမြဲတမ်းပူနေမှာပဲမလား...''

ထိုစကားကို ရှောင်းကျန့်က ရှက်ရယ်ရယ်ရင်း

" ကြက်ဥမွှေကြော်ကိုပြောနေတာနော်...''

ထို့နောက် ရိပေါ်ရေချိုးပြီးချိန် အိပ်ယာထဲတွင်ပင် ရှောင်းကျန့် ကြက်ဥမွှေကြော်ကိုစားကာ လက်ယာကိုချီးကျူးနေသည်။

" ကော လက်ယာကအရမ်းကောင်းတာပဲ ၊ ကောကပိုတောင်ကောင်းသေးတယ် ''
.
" ဝမ်လေး နှာ​ဗူးစကားတွေမပြောနဲ့တော့ ၊ ဦးလေးလုကျိုးပြောလဲပြောချင်စရာ မင်းက အချိန်ပြည့်ကိုမနားချင်ဘူး ကြာတော့ ကောလဲ မင်းကြောင့်လုံးပါး ပါးတော့မယ်သိလား...''

မျက်စောင်းတစ်ချက်ထိုးရင်းပြောတဲ့သူ့ကို ရိပေါ်က ရယ်ရင်းပင်...ရင်ခွင်ထဲဆွဲပွေ့လိုက်သည်။

" ကော..မှာစရာရှိတယ်...''

" ဟင်...ဘာလဲ ''

" ကျွန်တော်ကလွဲ ပြီး ဘယ်သူ့ကိုမှ မျက်စောင်းမထိုးရဘူးနော်..ကြားလား...''

" ဟင် ဘလိုကြီးလဲ...ထိုးရင်ဘာဖြစ်မှာလဲ ''

" ဟာ​ဗျာ ပြန်မမေးနဲ့ မရဘူးနော် ကျွန်တော့်ကလွဲ ပြီး ဘယ်သူ့ကိုမှ...''

ကလေးဆန်စွာ ​ကြံဖန် သဝန်တိုနေတဲ့ ကလေးငယ်ကြောင့် ရှောင်းကျန့်မှာ ရယ်ရခက်ငိုရခက်ဖြစ်နေသည် ။ ရှောင်းကျန့်ရင်ထဲ အပျော်ကြီးပျော်နေသည် ။ ရိပေါ် ပြောသမျှငြင်းဆိုခြင်းမရှိ လိုက်လျှောပေးချင်သည်။ ရစ်ပတ်နှောင်ဖွဲ့မှုသည်လည်းခိုင်မာထက်ပင် ခိုင်မာနေသည်။ ဝမ်လေးသည်လည်း မိမိကို နှစ်နှစ်ကာကာ ချစ်သည်ဟု ယုံကြည်နေသည်။

" ကော...ကျွန်တော်အရမ်းပျော်တာပဲ..''

ရင်ခွင်ထဲက ရှောင်းကျန့်ကို နူးညံ့စွာ ငုံ့ကြည့်ရင်း ပြောလာသည့်စကား ။ ထိုလေသံသည် လေးနက်နေကာ အမှန်ဆိုနေကြောင်းသိသာသည်။ ရှောင်းကျန့် ကလေးငယ်ပို မော့ကြည့်လိုက်သော်လည်း စကားမဆိုမိ....။

" ဒီလိုမျိုး...ကောကိုပွေ့ဖက်ပြီး ဘယ်လောက်ထိချစ်ကြောင်းတွေပြောခွင့်ရဖို့ ၊ ကော ကကျွန်တော့်အပိုင့်ဖြစ်ကြောင်းတံဆိပ်ခပ်ဖို့ ၊ ကျွန်တော့်ကြောင့် ကောပြုံးနေတာကိုမြင်ဖို့ ၊ ကျွန်တော့်တစ်ယောက်တည်းကိုပဲ ချစ်ဖို့ ..အတိတ်တွေကတည်းက ကျွန်တော်မျှော်လင့်ခဲ့ရတာ...''

အတိတ်.....ကောကို ဆုံးရှုံးခဲ့ရဖူးတဲ့ အတိတ်ဘဝကတည်းကပေါ့

" သိလား...''

စိတ်ဝင်တစားမော့ကြည့်နေတဲ့ ကောရဲ့နှာခေါင်းလေးကိုအသာဖြစ်ညှစ်ရင်းပြောသည်။

အခုချိန်ထိ အိမ်မက်တစ်ခုလိုခံစားနေရ​ကာ ဒီလူ့ကိုပိုင်ဆိုင်ပြီဆိုတာ မယုံကြည်နိုင်သေး ။ ဆုံးရှုံးထဲ့ရတဲ့ ခံစားချက်ကို အရူးတစ်ပိုင်း သေမလို ခံစားခဲ့ဖူးတာကြောင့် တစ်နေ့နေ့များ ထပ်ဖြသ်ခဲ့ရင်ဆိုတဲ့အတွေးက ယခုချိန်ထိ စိုးရိမ်ကြောင့်ကျနေမိသည်။

" ကျွန်တော်တို့ ဘယ်တော့မှမခွဲဘူးနော် ''

ခပ်တင်းတင်းပွေ့ဖက်ကာ ပြောလိုက်တော့ ရိပေါ့်ကိုကြည့်နေတဲ့အကြည့်တွေက ထူးဆန်းနေသလို..။ သို့သော် ဘာမေးခွန်းမှမထုတ်ချေ ။

ရိပေါ်ကဘာမှမဖြစ်သလို နူးညံ့စွာပြုံးပြတော့ ကောကလည်းပြန်ပြုံးပြလာ၏ ။

ဆိုးရွားစွာဖြတ်ကျော်ခဲ့ရတဲ့ အတိတ်တွေအား ကောကိုပေးမသိတော့ပါ....။

__________________

A.N - နောက် extra တွေကစပြီး yizhan နှစ်ယောက်ရဲ့အခန်းနည်းသွားပါမယ်နော်..။

လင်းချန်မင်နဲ့ ယိုဟန် လာပါတော့မယ် ။

သူတို့နှစ်ယောက်နဲ့ပက်သတ်ပြီး လင်းချန်မင်ရဲ့ rebirth ပုံစံလေးလဲရေးဖို့ရှိပါတယ် 😢 ( မကြိုက်လောက်ကြဘူး ထင်တယ် )

အမှန်တရားမြတ်နိုးသူ စာဖတ်သူတို့ ဘေးကင်းကြပါစေ​ဗျ...❤

Zawgyi

အျပာေရာင္ ခပ္ႏြမ္းႏြမ္း ဝတ္ဆင္ထားေသာ ေထာင္သားမ်ား ၊ အနည္းဆုံး ၅ ေယာက္ခန့္ေလာက္ရွိနိုင္ေသာ အခန္းငယ္ေလးျဖစ္သည္ ။ 

လင္းခ်န္မင္ နံရံပါးပါးအား ေက်ာမွီထားကာ လက္ထဲက ဓာတ္ပုံငယ္ေလးအား ခပ္ဖြဖြပြတ္သတ္ေနရင္းပင္ မ်က္ဝန္းေတြကႏူးညံ့ေနသည္ ။ ထိုပုံေလးဟာ လင္းခ်န္မင္၏ ေနာက္ဆုံးခ်မ္းသာမႈေလးျဖစ္ေသာ ယိုဟန္နဲ႕ပတ္သတ္သည့္ အမွတ္တရပင္ျဖစ္သည္ ။

ပုံထဲက ေကာင္ေလး အျပစ္ကင္းစင္စြာ အျဖဴစင္ဆုံးျပေနေလ၏ ။ သက္မဲ့ဓာတ္ပုံေလး ျဖစ္ေသာ္လည္း လင္းခ်န္မင္၏ အနာဂတ္ေမွ်ာ္လင့္ခ်က္ကေလးျဖစ္သည္ ။

ေန႕စဥ္ရက္ဆက္ ႐ူးသြားခမန္း ယိုဟန္ကိုလြမ္းတဲ့အခ်ိန္ေတြက လင္းခ်န္မင္အဖို႔ အသုရာငရဲက်ေရာက္သည္ထက္ပင္ ပူေလာင္လြန္း၏ ။ ေဝးကြာေနေသာ ႏူးႏူးညံ့ညံ့ေကာင္ေလးအား အလြမ္းနာက်ေသာ အေျခအေန၌ အျပင္ေလာက က တပည့္ေက်ာ္ဆီ ထိုရွားပါးေသာ ဓာတ္ပုံေလးအား ခက္ခက္ခဲခဲမွာယူခိုင္းရသည္ ။

" ေနေကာင္ရဲ႕လား ယိုဟန္ ၊ ငါကိုလာမေတြ႕တာေတာင္ အေတာ္ၾကာၿပီပဲ ၊ ဒါလဲေကာင္းပါတယ္ေလ ငါ့ရဲ႕အားနည္းတဲ့ပုံကို မင္းမေတြ႕ရေတာ့ဘူးေပါ့ ၊ ငါကေလ မင္းရဲ႕အျမင္မွာ သန္မာတဲ့လူပဲ ျဖစ္ခ်င္တာ ယိုဟန္ရဲ႕ ၊ ဒါေပမယ့္ကြာ ငါမင္းကို ခဏေလာက္ျဖစ္ျဖစ္ေတြ႕ခ်င္ခဲ့တာ ..''

စိတ္ထဲက စကားေတြ အျပင္ကိုေျပာမထြက္ျဖစ္ခဲ့ပါ ။ သန္မာလွပါတယ္လို႔ေႂကြးေၾကာ္ခဲ့တဲ့ လင္းခ်န္မင္က ေကာင္ေလးတစ္ေယာက္ကို နင့္နင့္နဲနဲ လြမ္းရလြန္းလို႔ က်တဲ့မ်က္ရည္ေတြကို တစ္ေယာက္ေယာက္မ်ားသိရင္ ေလွာင္ရယ္ေလာက္ပါရဲ႕ ..။

" ငါ့ကိုမေမ့ဖူးမလား ယိုဟန္ ၊ ဟား..ဟား မျဖစ္နိုင္ပါဘူး ငါ့ကိုေစာင့္ေနပါမယ္လို႔ မင္းကိုယ္တိုင္ေျပာခဲ့တာေလကြာ..၊ ဟုတ္တယ္မဟုတ္လား ''

မေသခ်ာတဲ့ ထိုစကားေတြကိုေျပာရင္း ခ်န္မင္က မိမိကိုယ္ကို အားေပးခဲ့ေသးသည္ ။ အနည္းဆုံး ရင္အစုံပူေလာင္ေနျခင္းကို သက္သာရာ ရေစခဲ့ပါ၏ ။

လက္ထဲက ဓာတ္ပုံေလးအား ခ်န္မင္ ခပ္ဖြဖြ အနမ္းေပးကာ အလြမ္းဓာတ္ကိုေျဖေဖ်ာက္ခဲ့ပါသည္ ။

" ငါ့ကိုေစာင့္ေနပါယိုဟန္....၊ ငါျပန္လာၿပီး ငါ့ဘဝလက္က်န္တစ္ေလွ်ာက္လုံး မင္းစိတ္တိုင္းက်ပဲေနေတာ့မွာပါ ''

အပိုဆိုေနျခင္းမဟုတ္ေသာ ထိုစကားသည္ ယိုဟန္နဲ႕ပတ္သတ္ရင္ အရာအာလုံးေျပာင္းလဲေပးနိုင္ေသာ လင္းခ်န္မင္၏ ဆုံးျဖတ္ခ်က္ျဖစ္သည္ ။

" ဟိုေကာင္....''

႐ုတ္တရက္ ၾကားရေသာအသံေၾကာင့္ ႏူးညံ့ျခင္းေတြ႐ုတ္ခ်ည္းေပ်ာက္ကြယ္သြားေသာ လင္းခ်န္မင္ရဲ႕မ်က္ႏွာ ။ ထိုအသံကို မႏွစ္ၿမိဳ႕သလို ေအးစက္ေနသည္ ။

ထိုသူသည္ အခန္းထဲကခ်န္မင္ထက္ ႏွစ္ေစာေသာ ေထာင္သားျဖစ္၏ ။ ေနာက္လာသမွ်လူတိုင္းအား နိုင့္ထက္စီးနင္းျပဳကာ မတရားခိုင္းေစေသာသူျဖစ္သည္ ။

ယခုလဲ အခန္းထဲ၌ က်န္သူမ်ားက သူ႕အား ရို႔က်ိဳးစြာ ႏွိပ္နယ္ေပးေနရ၏ ။ သို႔ေသာ္ သူ႕စကားတိုင္းနဲ႕ ဆန့္က်င္စြာေနေသာ ခ်န္မင္ကိုအား မေက်နပ္ပုံေပၚသည္ ။ အခြင့္ေရးရွိတိုင္းပင္ အနိုင္ယူခ်င္ေန၏ ။ ထိုသည္က ေထာင္သားမ်ား၏ ျပဳျပင္၍မရေသာ အက်င့္ပင္ျဖစ္သည္။

" မိန္းမလို ငိုယိုေနတာပဲ ၊ ဘာမ်ားလဲ မင္းမိန္းမေနာက္လင္ယူသြားလို႔လား..''

ရိသဲ့သဲ့ ရန္စရင္းပင္ ထိုလူ႕ေျခလွမ္းေတြက လင္းခ်န္မင္နဲ႕နီးကပ္လာသည္ ။ ခ်န္မင္ ခြန္းတုန့္မျပန္ခ်င္စြာ အသက္တစ္ခ်က္ခပ္ျပင္းျပင္းရႉလိုက္သည္ ။ ေပါင္ေပၚက တင္းတင္းဆုပ္ထားေသာ လက္သီးစုပ္ဟာ ေဒါသကိုထိန္းေနရျခင္းျဖစ္၏။

'' ျပစမ္းပါ မင္းမယားပုံ ''

ရိုင္းဆိုင္းစြာ ဆက္ခနဲ ဆြဲလုသြားေသာ လက္ထဲကဓာတ္ပုံ ။ ႐ုတ္တရက္မို႔ တားျမစ္ရန္မတတ္နိုင္လိုက္ေပ ။ လြန္ၾကဴးလာေသာ ထို႔လူ႕လုပ္ရပ္ေတြက လင္းခ်န္မင္၏ ခ်ဳပ္တည္းထားေသာ ေဒါသတို႔အား ရန္စြေနေလ၏ ။

" ဟား..ဟား...ငါက မင္းကိုေယာက္်ားႀကီးထင္ေနတာ မင္းက ပုန္းၿပီးႏြဲ႕ေနတဲ့ေကာင္ျဖစ္ေနတာကို..ေဟ့ေကာင္ေတြ ၾကည့္ၾကစမ္းပါ ဒီေကာင္ေန႕ေန႕ညည လြမ္းေနတဲ့တစ္ေယာက္က ဒီပုံထဲက ေကာင္တဲ့..''

ဓာတ္ပုံအားၾကည့္ကာ ေလွာင္ရယ္ရင္း ခ်န္မင္အား အရိုင္းအစိုင္းေျပာဆိုေနသည္ ။ သို႔ေသာ္ လင္းခ်န္မင္မွာ ထိုလူ႕လက္ထဲက ဓာတ္ပုံေလး တစ္ခုခုျဖစ္မွာသာ စိုးရိမ္ေန၏ ။ သူ႕အားေျပာေသာ အရိုင္းအစိုင္းစကားမ်ားဟာ နားထဲသို႔ဝင္ဝင္ပုံမေပၚေပ ။

" ျပန္ေပး...''

ေအးစက္စက္အသံဟာ ၾကက္သီးထဖြယ္ထြက္ေပၚလာသည္ ။ ထိုအသံထဲ ေဒါသမည္မွ်ကိုခ်ဳပ္တည္းထားသလဲ သိသာေန၏ ။ခက္ထန္ေသာ ႐ုပ္ရည္နဲ႕အတူ စူးရွေသာအၾကည့္ေတြဟာ ထိုလူ႕အေပၚမွာသာ..။

အသက္ရႉၾကပ္ခမန္း ေနရခက္တဲ့ဖိအားေတြေၾကာင့္ အခန္းထဲရွိလူတစ္ခ်ိဳ႕ဟာ ထိုျပသနာမွေဝးေဝးေရွာင္ရန္ဆုံးျဖတ္လိုက္ၾကသည္ ။

" ဟြန္းး...မင္းေကာင္ေလးက အေခ်ာေလးပဲကြ ၊ မင္းတို႔ ဟိုဟာလုပ္ၿပီးသြားၿပီလား ဟင္ မင္းလုပ္ရင္ ငါ့ကိုလဲမွ်....- ''

ခြပ္...!! ခြပ္....!!. ......!!!!!

" ေစာက္ပါးစပ္ကိုပိတ္လိုက္စမ္း ေခြးမသားရဲ႕ ''

ထိုလူ႕စကားမဆုံးခင္ က်ေရာက္သြားေသာ လင္းခ်န္မင္၏ လက္သီးခ်က္ေပါင္းမ်ားစြာ ။ သူေတာင္မထိရက္လို႔အရိပ္တစ္ၾကည့္ၾကည့္ေနရတဲ့ ျဖဴစင္တဲ့ ေကာင္ေလးကို ဒီလူက ဘယ္လိုသတၱိနဲ႕မ်ား.....။

"  မစဥ္းစားနဲ႕ ...၊ ငါပိုင္တဲ့ သူ႕ကို လက္ဖ်ားနဲ႕ေတာင္ထိဖို႔မစဥ္းစားနဲ႕ ''

အေၾကာျပင္းျပင္းထကာ သန္မာတဲ့လက္သီးစုပ္ေတြဟာ ထိုလူမ်က္ႏွာ စုတ္ပ်က္တဲ့အထိမရပ္မနား ထိုးခ်က္ျပင္းသည္ ။ ခ်န္မင္တန္ဖိုးထားတဲ့ သူကို ထိုသို႔စကားနဲ႕ျဖစ္ေစ ေစာ္ကားပါက သတ္ျပစ္ဖို႔အထိပင္ က်ဴးလြန္ရဲသည္ ။ ခ်န္မင္သည္ ယိုဟန္နဲ႕ပတ္သတ္ရင္ ဦးနွ်ာက္မရွိစြာ မိုက္႐ူးရဲဆန္၏။

" ေသစမ္း...ေသစမ္း သူ႕ကိုေျပာရဲတဲ့ ဒီေစာက္ပါးစပ္ ေသစမ္း ေသစမ္း ''

အ႐ူးတစ္ေယာက္လို ၾကမ္းတမ္းစြာျပဳမူေနတာေၾကာင့္ ထိုးခ်က္ေတြကိုအဆက္မျပတ္ခံေနရတဲ့ သူမွာ မေသ႐ုံပင္ နာက်င္ေနရ၏ ။ ရပ္တန့္ဖို႔ေတာင္းဆိုခ်င္ေသာ္လည္း ေျပာဖို႔အားပင္မလုံေလာက္ေတာ့ေခ် ။

" ဒီမွာ ရန္ျဖစ္ေနလို႔ လာၾကပါဦး ''

က်န္ေထာင္သားမ်ားဟာ အျပင္ရွိ ရဲေတြအား ေတြအား အားကိုးတႀကီးလွမ္းေခၚကာ အကူအညီေတာင္းၾကသည္ ။ ထို႔ေနာက္ ရဲႏွစ္ေယာက္ဝင္လာကာ ခ်န္မင္အား မနည္းဆြဲကာ တားျမစ္လိုက္ၾက၏ ။ ေဒါသထြက္ေနေသာ ခ်န္မင္မွာ အသက္ရႉသံျပင္းထန္စြာပင္ ေက်နပ္ေသးသည့္ပုံမေပၚေပ ။

ၾကမ္းျပင္ေပၚ မွ မထနိုင္သည့္ ထိုလူမွာလဲ ယခုမွ ခ်န္မင္ကိုေၾကာက္လန့္ရေကာင္းမွန္းသိေတာ့သည္ ။ က်န္ေထာင္သား သုံးေယာက္ထဲမွ တစ္ေယာက္ဟာ ထိုလူ႕ဆီက ယိုဟန့္ ဓာတ္ပုံအားယူကာ ခ်န္မင္ဆီသို႔ရို႔က်ိဳးစြာ ေပးလာ၏ ။

ထိုဓာတ္ပုံအား ျမင္မွ ခက္ထန္ေသာမ်က္ႏွာျပင္ဟာ ႐ုတ္တရက္ႏူးညံ့လာေတာ့သည္ ။

ထူးဆန္းေနေသာ အခန္ေဖာ္ၚေထာင္သားအခ်ိဳ႕မွာ ထိုလူ႕ရဲ႕ေကာင္ေလးနဲ႕ပတ္သတ္ၿပီး စကားမမွားရန္ သင္ခန္းစာယူၾကရေတာ့သည္။

______________

ရိေပၚတို႔ လက္ထပ္ၿပီး ၃ ႏွစ္ၾကာသည္အထိပင္ ညားခါစအခ်ိန္ေတြလို ခ်စ္လို႔မဝၾကေသးေပ ။ ေန႕ရက္ေတြအားလုံးနီးပါးဟာ သူတို႔ႏွစ္ေယာက္ ေပ်ာ္ပုံသစ္လို႔မဆုံးျဖစ္ေနေလသည္ ။

အလုပ္ကိစၥအားလုံးနီးပါးကို ပါပါးကတာဝန္ယူၿပီး ရိေပၚနဲ႕ေကာေကာ ရဲ႕အားလပ္ရက္ဟာ ေန႕တိုင္းလိုလိုျဖစ္ေနသည္။

ဘာမွမထူးျခားပဲ အမ်ားတကာလို သြားလာလည္ပတ္ေနရသည္ကပင္ ရင္ခုန္စရာလိုျဖစ္ေနသည္။ စက္ဘီးတစ္စီးတည္းႏွစ္ေယာက္စီးကာ ပန္းၿခံထဲ လွည့္ပတ္ၾကသည္။

ခပ္ေပေပ စုံတြဲမ်ားလို ျမက္ခင္းေပၚ လူးလိမ့္ကာ ေပ်ာ္ေနၾကသည္။ ပန္းခ်ီျပခန္းေတြလိုက္ၾကည့္ၾကသည္ ။ စာၾကည့္တိုက္ေတြသို႔ ဝင္ၾကသည္။လွ်ကားထစ္ေတြကိုအၿပိဳင္ေျပးတက္ၾကသည္။ အေပၚဆုံးအထစ္သို႔ေရာက္လွ်င္ႏွစ္ဦးစလုံး ေမာေနၾကကာ တစ္ေယာက္ရင္ခြင္ထဲတစ္ေယာက္တိုးဝင္ၿပီးနားၾကသည္။ အနမ္းျဖင့္အေမာေျပေစကာ ေလာကသည္ ႏွလုံးေမႊ႕ေလွ်ာ္၍ ေပ်ာ္စရာအတိျဖစ္ေနသည္။

ရိေပၚတို႔ အိမ္သို႔ေရာက္ေတာ့ ည ၈ နာရီပင္ျဖစ္ေနသည္ ။ ပါးပါးကို မေတြ႕ရကာ ဦးေလးယိုဟန္ကိုသာ ဧည့္ခန္း၌ထိုင္ေစာင့္ေနသည္အားေတြ႕ရသည္။

ရိေပၚတို႔ျပန္လာသည္အား ေတြ႕ပုံမရေသးတဲ့ဦးေလးက တစ္ခုခုကို အေတြးလြန္ေနကာ မ်က္ႏွာဟာ ညိုးငယ္ေနသည္ ။ ဝမ္နည္းေနပုံရတဲ့ အေဖျဖစ္သူအားၾကည့္ရင္း သက္ျပင္းခ်လိဳက္မိသူက ေရွာင္းက်န့္...။

ပါပါး....ဘာျဖစ္ေနလဲ သူသိပါသည္ ။

အဲ့လူကို လြမ္းေနျပန္ၿပီလား...?
သြားမေတြ႕တာလဲ အေတာ္ၾကာၿပီျဖစ္ကာ ပါပါးက တစ္ခုခုကိုအခိုင္အမာဆုံးျဖတ္ထားသလို ။

ဘာပဲ ျဖစ္ေစ ေရွာင္းက်န့္က ပါပါးကိုေပ်ာ္ေစခ်င္ပါသည္။

" ပါပါး...''

ေခၚသံေၾကာင့္လွည့္ၾကည့္လာတဲ့ ပါပါးက ၿပဳံးလာသည္။

" သားတို႔ ေနာက္က်လိဳက္တာ...''

" ဝမ္ေလးေပါ့ ကေလးလဲမဟုတ္ပဲ ေလွ်ာက္ကဲေနလို႔ ''

ရိေပၚဆီ ေမးေငါ့ျပကာ ဆူပုတ္ေျပာလိုက္သည္ ။ ခြန္းတုန့္မျပန္တဲ့ရိေပၚက ေရွာင္းက်န့္လုပ္ျပေနတဲ့ပုံကိုၾကည့္ကာ အသည္းတယားယားျဖစ္ေနသည္ ။

" ေရခ်ိဳးၿပီးနားၾကေတာ့ ပါပါးလဲ ေခါင္းမူးလို႔ ေစာေစာအိပ္ေတာ့မယ္ ''

" ဟင္..ပါပါး ေနမေကာင္းဘူးလား...''

" ပါပါးေခါင္းပဲမူးတာပါ..ေနေကာင္းပါတယ္ ''

ပါပါး အခန္းထဲသြားၿပီးေနာက္ ေရွာင္းက်န့္တို႔လဲ အေပၚတက္ခဲ့ေတာ့သည္ ။ ရိေပၚေရခ်ိဳးေနခိုက္ပင္ ေရွာင္းက်န့္က ၾကက္ဥေမႊေၾကာ္ေၾကာ္ၿပီးယူလာသည္ ။

" ဝမ္ေလးေရ ျမန္ျမန္လုပ္ကြာ ပူပူေလးစားရေအာင္ ''

ရိေပၚ့ကိုေအာ္ေျပာလိုက္သည္ ။ ရိေပၚက ေရခ်ိဳးခန္းထဲက ေခါင္းျပဴၿပီး ၿပဳံးၾကည့္ရင္း

" အၿမဲတမ္းပူေနမွာပဲမလား...''

ထိုစကားကို ေရွာင္းက်န့္က ရွက္ရယ္ရယ္ရင္း

" ၾကက္ဥေမႊေၾကာ္ကိုေျပာေနတာေနာ္...''

ထို႔ေနာက္ ရိေပၚေရခ်ိဳးၿပီးခ်ိန္ အိပ္ယာထဲတြင္ပင္ ေရွာင္းက်န့္ ၾကက္ဥေမႊေၾကာ္ကိုစားကာ လက္ယာကိုခ်ီးက်ဴးေနသည္။

" ေကာ လက္ယာကအရမ္းေကာင္းတာပဲ ၊ ေကာကပိုေတာင္ေကာင္းေသးတယ္ ''
.
" ဝမ္ေလး ႏွာဗူးစကားေတြမေျပာနဲ႕ေတာ့ ၊ ဦးေလးလုက်ိဳးေျပာလဲေျပာခ်င္စရာ မင္းက အခ်ိန္ျပည့္ကိုမနားခ်င္ဘူး ၾကာေတာ့ ေကာလဲ မင္းေၾကာင့္လုံးပါး ပါးေတာ့မယ္သိလား...''

မ်က္ေစာင္းတစ္ခ်က္ထိုးရင္းေျပာတဲ့သူ႕ကို ရိေပၚက ရယ္ရင္းပင္...ရင္ခြင္ထဲဆြဲေပြ႕လိုက္သည္။

" ေကာ..မွာစရာရွိတယ္...''

" ဟင္...ဘာလဲ ''

" ကြၽန္ေတာ္ကလြဲ ၿပီး ဘယ္သူ႕ကိုမွ မ်က္ေစာင္းမထိုးရဘူးေနာ္..ၾကားလား...''

" ဟင္ ဘလိုႀကီးလဲ...ထိုးရင္ဘာျဖစ္မွာလဲ ''

" ဟာဗ်ာ ျပန္မေမးနဲ႕ မရဘူးေနာ္ ကြၽန္ေတာ့္ကလြဲ ၿပီး ဘယ္သူ႕ကိုမွ...''

ကေလးဆန္စြာ ႀကံဖန္ သဝန္တိုေနတဲ့ ကေလးငယ္ေၾကာင့္ ေရွာင္းက်န့္မွာ ရယ္ရခက္ငိုရခက္ျဖစ္ေနသည္ ။ ေရွာင္းက်န့္ရင္ထဲ အေပ်ာ္ႀကီးေပ်ာ္ေနသည္ ။ ရိေပၚ ေျပာသမွ်ျငင္းဆိုျခင္းမရွိ လိုက္ေလွ်ာေပးခ်င္သည္။ ရစ္ပတ္ႏွောင္ဖြဲ႕မႈသည္လည္းခိုင္မာထက္ပင္ ခိုင္မာေနသည္။ ဝမ္ေလးသည္လည္း မိမိကို ႏွစ္ႏွစ္ကာကာ ခ်စ္သည္ဟု ယုံၾကည္ေနသည္။

" ေကာ...ကြၽန္ေတာ္အရမ္းေပ်ာ္တာပဲ..''

ရင္ခြင္ထဲက ေရွာင္းက်န့္ကို ႏူးညံ့စြာ ငုံ႕ၾကည့္ရင္း ေျပာလာသည့္စကား ။ ထိုေလသံသည္ ေလးနက္ေနကာ အမွန္ဆိုေနေၾကာင္းသိသာသည္။ ေရွာင္းက်န့္ ကေလးငယ္ပို ေမာ့ၾကည့္လိုက္ေသာ္လည္း စကားမဆိုမိ....။

" ဒီလိုမ်ိဳး...ေကာကိုေပြ႕ဖက္ၿပီး ဘယ္ေလာက္ထိခ်စ္ေၾကာင္းေတြေျပာခြင့္ရဖို႔ ၊ ေကာ ကကြၽန္ေတာ့္အပိုင့္ျဖစ္ေၾကာင္းတံဆိပ္ခပ္ဖို႔ ၊ ကြၽန္ေတာ့္ေၾကာင့္ ေကာၿပဳံးေနတာကိုျမင္ဖို႔ ၊ ကြၽန္ေတာ့္တစ္ေယာက္တည္းကိုပဲ ခ်စ္ဖို႔ ..အတိတ္ေတြကတည္းက ကြၽန္ေတာ္ေမွ်ာ္လင့္ခဲ့ရတာ...''

အတိတ္.....ေကာကို ဆုံးရႈံးခဲ့ရဖူးတဲ့ အတိတ္ဘဝကတည္းကေပါ့

" သိလား...''

စိတ္ဝင္တစားေမာ့ၾကည့္ေနတဲ့ ေကာရဲ႕ႏွာေခါင္းေလးကိုအသာျဖစ္ညွစ္ရင္းေျပာသည္။

အခုခ်ိန္ထိ အိမ္မက္တစ္ခုလိုခံစားေနရကာ ဒီလူ႕ကိုပိုင္ဆိုင္ၿပီဆိုတာ မယုံၾကည္နိုင္ေသး ။ ဆုံးရႈံးထဲ့ရတဲ့ ခံစားခ်က္ကို အ႐ူးတစ္ပိုင္း ေသမလို ခံစားခဲ့ဖူးတာေၾကာင့္ တစ္ေန႕ေန႕မ်ား ထပ္ျဖသ္ခဲ့ရင္ဆိုတဲ့အေတြးက ယခုခ်ိန္ထိ စိုးရိမ္ေၾကာင့္က်ေနမိသည္။

" ကြၽန္ေတာ္တို႔ ဘယ္ေတာ့မွမခြဲဘူးေနာ္ ''

ခပ္တင္းတင္းေပြ႕ဖက္ကာ ေျပာလိုက္ေတာ့ ရိေပၚ့ကိုၾကည့္ေနတဲ့အၾကည့္ေတြက ထူးဆန္းေနသလို..။ သို႔ေသာ္ ဘာေမးခြန္းမွမထုတ္ေခ် ။

ရိေပၚကဘာမွမျဖစ္သလို ႏူးညံ့စြာၿပဳံးျပေတာ့ ေကာကလည္းျပန္ၿပဳံးျပလာ၏ ။

ဆိုး႐ြားစြာျဖတ္ေက်ာ္ခဲ့ရတဲ့ အတိတ္ေတြအား ေကာကိုေပးမသိေတာ့ပါ....။

__________________

A.N - ေနာက္ extra ေတြကစၿပီး yizhan ႏွစ္ေယာက္ရဲ႕အခန္းနည္းသြားပါမယ္ေနာ္..။

လင္းခ်န္မင္နဲ႕ ယိုဟန္ လာပါေတာ့မယ္ ။

သူတို႔ႏွစ္ေယာက္နဲ႕ပက္သတ္ၿပီး လင္းခ်န္မင္ရဲ႕ rebirth ပုံစံေလးလဲေရးဖို႔ရွိပါတယ္ 😢 ( မႀကိဳက္ေလာက္ၾကဘူး ထင္တယ္ )

အမွန္တရားျမတ္နိုးသူ စာဖတ္သူတို႔ ေဘးကင္းၾကပါေစဗ်....

Continue Reading

You'll Also Like

954K 88.3K 36
𝘑𝘑𝘒 × 𝘒𝘛𝘏 ᵂᵃʳⁿⁱⁿᵍ⁻ ᴹᵃˡᵉᵖʳᵉᵍⁿᵃⁿᶜʸ [Burmese Language]
31.4K 3K 21
Omegaverseဖြစ်ပြီးMarried lifeလေးပါ Start date -2.8.2024 End date -??
352K 64.8K 76
නිරූ .....සදාකාලික ආදරයක් තියන හාදුවකින් පුලුවන්ලු.....මැරුනත් ආපහු පන පොවන්න.....!!
600K 102K 91
මා දන්නා ප්‍රේමනීයම යක්ශපරානය අග්නි!!