One and only

By reselda_

88.5K 5.1K 78

My second Gl fic. Wint Phoo Thazin ❣️ Nway Nay Chi More

Part-1 (Uni)
Part-1(Z)
Part-2(Uni)
Part-2(Z)
Part-3(Uni)
Part-3(Z)
Part-4(Uni)
Part-4(Z)
Part-5(Uni)
Part-5(Z)
Part-6(Uni)
Part-6(Z)
Part-7(Uni)
Part-7(Z)
Part-8(Uni)
Part-8(Z)
Part-9(Uni)
Part-9(Z)
Part-10(Uni)
Part-10(Z)
Part-11(Uni)
Part-11(Z)
Part-12(Uni)
Part-12(Z)
Part-13(Uni)
Part-13(Z)
Part-14(Uni)
Part-14(Z)
Part-15(Uni)
Part-15(Z)
Part-16(Uni)
Part-16(Z)
Part-17(Uni)
Part-17(Z)
Part-18(Uni)
Part-18(Z)
Part-19(Uni)
Part-19(Z)
Part-20(Uni)
Part-20(Z)
Part-21(Uni)
Part-21(Z)
Part-22(Z)
Part-23(Uni)
Part-23(Z)
Part-24(Uni)
Part-24(Z)
Part-25(Uni)
Part-25(Z)
Part-26(Uni)
Part-26(Z)
Part-27(Uni)
Part-27(Z)
Part-28(Uni)
Part-28(Z)
Part-29(Uni)👩‍❤️‍👩
Part-29(Z)👩‍❤️‍👩

Part-22(Uni)

1.6K 128 2
By reselda_

"နွေး...ငါနွေးကိုပြောပြစရာတွေရှိတယ်"

အမေဖြစ်သူနဲ့ဖုန်းပြောပြီးနောက် အခန်းထဲပြန်၀င်လာသည့် နွေးနေခြည်အား ၀င့်ဖူးသဇင် ထိုသို့ပြောလိုက်၏။

"ပြောလေ ဇင်....ဒါနဲ့ဘာအကြောင်းတွေပြောပြမလို့လဲ"

"တခြားတော့မဟုတ်ပါဘူး...ဒီအတိုင်း ငါ့ဘ၀အကြောင်းပါ"

၀င့်ဖူးသဇင်ရဲ့စကားကို နွေးနေခြည် တော်တော်စိတ်မ၀င်စားရှာပါဘူး။

၀င့်ဖူးသဇင်က "ဒီအတိုင်း ငါ့ဘ၀အကြောင်းပါ"ဆိုတာနဲ့တင် ၀င့်ဖူးသဇင်နား အော်တိုမက်တစ် ရောက်သွား ပြီး မျက်လုံးတွေက အရောက်တလက်လက်ဖြင့် အရမ်းနားထောင်ချင်နေတဲ့ပုံဖြစ်ရုံလေးပါဘဲ။

"နွေး...နားထောင်ချင်ရဲ့လား"

"သေချာပေါက်ကိုနားထောင်ချင်တာပေါ့ ဇင်ရဲ့"

"တကယ်တော့လေ ငါက မိုးကုတ်မှာမွေး..မိုးကုတ်မှာကြီးလာတဲ့သူတစ်ယောက်"

"မိုးကုတ်မှာ...ဒါပေမယ့်...ဇင်က ကလောမှာနေတာမဟုတ်ဘူးလား"

"တတိယနှစ်ရောက်မှ ငါတို့ကလောကိုပြောင်းလာကြတာ။ငါ အရင်ကနေခဲ့တာက မိုးကုတ်မှာ"

"အဲ့ဒါဆို ပထမနှစ် ၊ ဒုတိယနှစ်တက်တုန်းကကျတော့ ဇင်ဘယ်မှာတက်တာလဲ?"

"မန္တလေးမှာတက်တာ...."

"အော်..."

"ငါ့မှာ ဦးလေးနှစ်ယောက်ရှိတယ်။ငါ့အဖေကတော့ သူတို့ညီအစ်ကိုတွေထဲမှာ အငယ်ဆုံးပေါ့။ ဟိုတစ်နေ့က ငါ့ကိုလာတွေ့တဲ့အကိုက ငါ့ဦးလေးအကြီးဆုံးရဲ့ သားလေ...သူက အရင်ကတည်းက သြစတြေးလျမှာ ဆေးကျောင်းတက်နေတာ..အခုလည်း အဲ့မှာဘဲ အလုပ်လုပ်နေတယ် ။ သူ့နာမည် က ဘုန်းခန့်မာန်တဲ့"

"ဒါဆို...ဇင့်ရဲ့ ဒုတိယဦးလေးမှာရော...သားသမီးတွေရှိလား"

"ရှိတယ်။"

"ဟုတ်လား...သူ့နာမည်ကရော ဘယ်လိုလဲဇင်"

"သူ့နာမည်က ထူးခန့်လင်းသစ်"

"ထူးခန့်လင်းသစ်...???"

"အွန်း...အမှန်အတိုင်းပြောရရင် ငါသူ့ကိုအရမ်းစိတ်နာတယ်နွေး"

"ဘာဖြစ်လို့လဲ ဇင်? ဇင်နဲ့ ဇင့်အကိုက ပြဿနာတွေဘာတွေရှိလို့လား"

"ရှိတယ်လို့ဘဲပြောရမှာပေါ့...နွေးကို ငါဟိုတစ်ခေါက်ကပြောပြဖူးပါတယ်။ငါက အဖွားကို အရမ်းချစ်တယ်ဆိုတာလေ"

"အင်း...ဇင်ပြောပြဖူးတယ်"

"ငါလည်း အဖွားကိုအရမ်းချစ်သလို အဖွားကလည်း မြေးတွေအားလုံးထဲမှာ ငါ့ကိုအချစ်ဆုံးဘဲ။ မြေးအငယ်ဆုံးလေးဖြစ်တဲ့ငါ့ကို အဖွားက အရမ်းချစ်ပြီးအလိုလိုက်ထားခဲ့တာ။ပြီးတော့ အဖွား ကိုယ်တိုင်ကလည်း မိုးကုတ်က ကျောက်မျက်လုပ်ငန်းရှင်တစ်ဦးဖြစ်နေတော့ ငါလိုချင်တာ မှန်သမျှ အဖွားကချက်ချင်း၀ယ်ပေးတယ်။နောက်ပြီး အဖွားက ငါ့ကို ငယ်ငယ်ကတည်းက လုပ်ငန်းနဲ့ပတ်သတ်တာတွေ သင်ပြပြောပြပေးတယ်။ငါဘွဲ့ရပြီးရင်လည်း ဒီလုပ်ငန်းကို ငါ့ကိုဦးစီးဖို့အတွက် အဖွားက စီစဥ်ထားခဲ့တယ်လေ။ဒါကိုတော့ ငါအရင်က လုံး၀မသိခဲ့ဘူး။ဒါပေမယ့် အဖွားဆေးရုံတက်တဲ့အချိန်ကျမှ ပါးပါးကပြောပြခဲ့တာ။အဲ့လိုမျိုး အဖွားက ငါ့ကိုအရေး‌ပေးပြီးဒီလုပ်ငန်းတွေဦးစီးခိုင်းဖို့ ဆုံးဖြတ်ထားလို့လည်း အကိုထူးခန့်က ငါ့ကို မုန်းခဲ့တာ ဖြစ်မယ်"

"အဲ့ဒါဆိုရင် ဇင့်ကို ဇင်အကိုက ငယ်ငယ်ကတည်းကမုန်းနေတာပေါ့"

"တကယ်ဆိုရင် သူငါ့ကိုမုန်းနေမှန်းတောင် ငါမသိခဲ့ဘူး။ဘာလို့လဲဆိုတော့ ငါ့ရဲ့အကိုနှစ်ယောက် ထဲမှာ အကိုထူးခန့်က ငါ့ကိုဂရုစိုက်ဆုံး၊ ကျောင်းတက်တုန်းကဆိုရင်လည်း ငါ့ရဲ့ကျောင်းနဲ့ အဆောင်နဲ့က‌ေ၀းတော့ မန္တလေးမှာခဏနေနေတဲ့ သူကဘဲ ငါ့ကိုအပို့ အကြိုလုပ်ပေးပြီး တကယ့်ညီမအရင်းလို စောင့်ရှောက်ပေးခဲ့တာ။ဒါပေမယ့် ငါသိတဲ့ အကို ထူးခန့်က တစ်နေ့မှာအရမ်းကိုပြောင်းလဲသွားခဲ့တယ်။"

"ဘယ်လိုပြောင်းလဲသွားလို့လဲ ဇင်"

"ငါ ဒုတိယနှစ်၀က်ရောက်တော့ အရင်လိုမျိုး အကိုထူးခန့်က ငါ့ကိုအပို့အကြိုမလုပ်တော့ဘူး။ သူ့သူငယ်ချင်းတစ်ယောက်ကို သူ့ကားပေးပြီး ငါ့ကိုလာကြိုခိုင်းတယ်လေ။ပြီးတော့ အဲ့လူနဲ့ ငါ့ကိုလည်း သူကိုယ်တိုင်မိတ်ဆက်ပေးပြီး ရင်းနှီးအောင်နေခိုင်းခဲ့တယ်။သူကတော့ သူ့သူငယ် ချင်းတွေနဲ့ လုပ်စရာလေးတွေရှိတယ်ဆိုပြီး ရှောင်ရှောင်ထွက်သွားခဲ့တာ။အစကတော့ အဲ့လိုမျိုး သူစိမ်းတစ်ယောက်က လာကြို လာပို့လုပ်နေတာကို ငါလုံး၀မကြိုက်ပေမယ့် ကိုယ့်အကိုရဲ့ သူငယ်ချင်းဆိုတော့ ကောင်းကောင်းမွန်မွန်တော့ ငါစကားပြန်ပြောခဲ့တယ်။ခုနက အဆောင်ရှေ့ မှာ လာစောင့်နေတဲ့သူက အဲ့တုန်းက ငါ့ကိုအပို့အကြိုလုပ်ပေးခဲ့တဲ့ ငါ့အကိုရဲ့သူငယ်ချင်းလေ"

"ဪ..ဒါဆို နေထက်ဆိုတဲ့လူက ဇင့်အကိုရဲ့သူငယ်ချင်းဖြစ်နေတာပေါ့...ဒါနဲ့လေ သူက ဘာလို့ ဇင့်ဆီလာတာလဲဟင်"

"အရင်ကတော့ အဲ့နေထက်ဆိုတဲ့လူက တော်တော်ကိုကြည့်ကောင်းတဲ့ယောကျ်ား တစ်ယောက် အခုပုံနဲ့တစ်ခြားစီဘဲ။ဒါပေမယ့် သူလည်း ငါ့အကို အကူအညီတောင်းတာကိုလက်ခံပြီး ကတည်းက ဒီလိုရုပ်မျိုးဖြစ်သွားခဲ့တာထင်တယ်"

"ဇင့်အကိုက သူ့ကို ဘယ်လိုအကူအညီတောင်းလို့လဲ"

"ငါနဲ့ရင်းနှီးအောင်နေခိုင်းပြီး ရင်းနှီးသွားတဲ့တစ်နေ့ကျရင် ငါ့နောက်ကျောကိုထိုးနဲ့ထိုးချင်လို့ အကူအညီတောင်းတာလေ"

"ဟင်?ဇင့်အကိုကလား?"

"အင်း...ကိုနေထက်က ငါ့ကို အကြိုအပို့လုပ်ပေးတာ တစ်လကျော်သွားတဲ့အချိန်ရောက်တော့ ငါနဲ့ ကိုနေထက်လည်း စကားတစ်ခွန်းစ နှစ်ခွန်းစပြောရင်း ခင်မင်လာခဲ့ကြတယ်။ တစ်နေ့ သူနဲ့အတူငါကျောင်းကအပြန်ကားပေါ်မှာ ရာသီဥတုက အရမ်းပူလို့ အအေး၀င် သောက်ရအောင်လို့သူက ငါ့ကိုပြောလာတယ်လေ။အဲ့ဒါနဲ့ ငါလည်း သူပြောတာကို လက်ခံပြီး အအေးဆိုင်တစ်ဆိုင်ရှေ့မှာကားရပ်ပြီးဆင်းလာကြတယ်။ဒါပေမယ့် ငါအဲ့မှာအအေးသောက်နေ တုန်း ရင်ဘတ်ထဲမှာတစ်မျိုးကြီးဖြစ်လာပြီး မျက်ခွံတွေလည်းလေးလာတယ်။ခေါင်းတွေ လည်းနဲနဲနောက်လာတယ်။နောက်တော့ ငါအိပ်ပျော်သွားသလိုခံစားရပြီး ဘာမှ မသိတော့ဘူး"

"ဒါ...ဒါဆို...အဲ့ကောင်က ဇင့်ကိုအအေးထဲမှာဆေးခတ်လိုက်တာလား..ဟုတ်လားဇင်"

"ဟုတ်တယ်နွေး..အဲ့ထက်ပိုအတိအကျပြောရရင် ငါ့အကိုက ငါသောက်မယ့်အအေးထဲမှာ အိပ်ဆေးခတ်ဖို့ သူ့ကိုပိုက်ဆံပေးပြီးခိုင်းခဲ့တာ"

"ဟာ...ဇင့်အကိုက တော်တော်ယုတ်မာတာဘဲ...နေပါဦး သူက ဘာလို့အဲ့လိုခိုင်းတာလဲ.."

"ငါပြောြပပါ့မယ်နွေး...ငါအဲ့လိုအိပ်ဆေးခတ်ခံရပြီးနိုးလာတော့ ငါအရမ်းကိုလန့်သွားခဲ့တယ်။ ဘာလို့လဲဆိုတော့ ငါက ဟိုတယ်တစ်ခုရဲ့ကုတင်ပေါ်မှာ အိပ်ပျော်နေခဲ့တာမိုလို့။ဒါပေမယ့် ငါ့ဘေးနားမှာဘယ်သူမှမရှိဘူး။အဲ့တုန်းက ငါအရမ်းကိုကြောက်သွားခဲ့တာ။ငါ့ဘ၀တစ်ခုလုံး ဖျက်ဆီးခံလိုက်ရပြီလား လို့တွေးရင်း ငါဘာလုပ်လို့လုပ်ရမှန်းမသိဖြစ်နေခဲ့တာ။စိုးရိမ်စိတ်တွေ နဲ့ ငါအဆောင်ကိုအမြန်ပြန်လာနေတုန်း အဖွားက ငါ့ကို အခုချက်ချင်း မိုးကုတ်ကိုပြန်လာ ခဲ့ဆိုပြီး ဖုန်းဆက်လာတယ်လေ။အဖွားကိုယ်တိုင်အဲ့လိုမျိုးခေါ်တော့ ငါလည်း အဆောင်ကို ပြန်မနေတော့ဘဲ မိုးကုတ်ကိုဘဲ ပြန်ဖို့စီစဥ်လိုက်ရတော့တယ်။ပြဿနာတွေတစ်ပုံကြီးက ငါ့ကိုစောင့်ကြိုနေတယ်ဆိုတာကို ငါမသိဘဲ မိုးကုတ်ကိုပြန်ရောက်ခဲ့တယ်။အဖွားဆီလည်း ရောက်ရော အဖွားရဲ့လက်ထဲမှာ ကိုင်ထားတာတွေက ငါနဲ့ ကိုနေထက်ရဲ့ပုံတွေ ဘယ်သူက ဘယ်လိုရိုက်ထားမှန်းမသိတဲ့ပုံတွေထဲမှာ ငါနဲ့ကိုနေထက်က တကယ့်ချစ်သူရည်းစားတွေလို တချို့ပုံတွေဆို ပြင်ပြီးဖြတ်ညှပ်ကပ်လုပ်ထားသလိုမျိုးတွေတောင်ပါတယ် ဘာလို့လဲဆိုတော့ ကာယကံရှင်ဖြစ်တဲ့ငါက ကိုနေထက်နဲ့ အဲ့လိုမျိုး ပူးပူးကပ်ကပ်တစ်ခါမှမနေခဲ့ဖူးဆိုတာ ငါသိတယ်လေ။ဒါ‌ပေမယ့် ငါဘယ်လိုဘဲ မဟုတ်ပါဘူး...ပြောပြော ဘယ်သူမှ ငါ့ကိုယုံမှာမဟုတ်ဘူး။ပြီးတော့ ငါမလာခင် အဖွားက ကိုနေထက်ဆီဖုန်းဆက်ထားတယ်လေ။ အဲ့လိုဆက်တုန်းကလည်း သူက ငါနဲ့သူဟာ တွဲနေတာပါဆိုပြီးဖြေခဲ့တော့ အဖွားက ငါရှင်းပြလည်း ယုံကြည်ဖို့ခဲယဥ်းသွားပြီလေ။အဲ့အချိန်မှာဘဲ အဖွားက ငါ့မိဘတွေကိုလည်း ခေါ်ဆူ၊ ငါ့ကိုလည်း သူ့မျက်စိရှေ့ကနေ အပြီးအပိုင်ထွက်သွားတော့ဆိုပြီးမောင်းထုတ်ခဲ့တာ။ အဲ့ဒါနဲ့ဘဲ ငါတို့မိသားစုလည်း ကလောကိုရွှေ့လာကြတာပေါ့။ကျောင်းမှာလည်း တချို့လူတွေ က ငါ့အကြောင်းကောလဟာတွေကြားနေကြတော့ ငါလည်းအဲ့မှာကျောင်းဆက်တက်ချင်စိတ် မရှိတော့ဘူးလေ။အဲ့ဒါကြောင့်မို့ ငါကျောင်းပါပြောင်းလာခဲ့တာ"

"ခဏလေးဇင်....အဲ့ဓာတ်ပုံတွေကို ဘယ်သူက ဇင့်အဖွားဆီပို့လိုက်တာတဲ့လဲ.."

"ငါ့အကိုထူးခန့်က ပို့လိုက်တာတဲ့"

"ဒါဆို...ဇင့်အကိုက အားလုံးကို အကွက်ချချစီစဥ်ထားတာပေါ့..."

"အင်း...ငါလည်းအဲ့အကြောင်းတွေကို သေချာမသိခဲ့ဘူး။ဒါပေမယ့် စိတ်ထဲမှာတော့ ငါ့အကိုကို နဲနဲမသင်္ကာဖြစ်နေမိတာ။အခု ကိုနေထက်လာတောင်းပန်ရင်းပြောပြမှ အားလုံးကို သိသွားတာ လေ။"

"ဒါဆို နေထက်ဆိုတဲ့လူက ခုနက လာတာ ဇင့်ကိုလာတောင်းပန်တာပေါ့..."

"အွန်...အပြစ်လုပ်ထားတဲ့လူဆိုတော့လည်း ကိုယ့်လိပ်ပြာကိုယ်ဘယ်လုံပါ့မလဲ။ငါ့အကို ထူးခန့် ကလွဲရင်ပေါ့"

"ဒါနဲ့ အခု ဇင်အဖြစ်မှန်တွေအားလုံးသိပြီးပြီဆိုတော့ အဖွားကိုရောမပြောပြတော့ဘူးလား?"

"အမှန်တော့ ခုနကလေးတင် ကိုနေထက်ငါ့ကိုတောင်းပန်တုန်းက ပြောထားတဲ့စကားတွေကို သွင်းထားတဲ့အသံဖိုင် အဖွားဆီပို့လိုက်ပြီးပြီ။ငါ့မိဘတွေကိုလည်း ငါအမှန်အတိုင်းပြောပြလိုက်ပြီ။ဒါပေမယ့် အရင်ကတည်းက အဖွားကငါ့ကို မိုးကုတ်ကနေ ထွက်သွားခိုင်းတာ စိတ်ဆိုးလို့ထွက်သွားခိုင်းတာမဟုတ်ဘူး...သူစုံစမ်းချင်တဲ့ကိစ္စတွေရှိလို့ ထွက်သွားခိုင်းတာတဲ့"

"ဟုတ်လား...ဒါနဲ့ အဲ့ဒါကိုရောဇင့်မိဘတွေက ဇင့်ကိုပြောပြတာလား"

"မဟုတ်ဘူး...အဖွားဆေးရုံတက်နေရတဲ့အချိန်တုန်းက သတိရလာတော့ အဖွားကိုယ်တိုင်ပြောပြတာ။ငါ့ဓာတ်ပုံတွေ အဖွားဆီမရောက်ခင်နှစ်ရက်လောက်အလိုတုန်းက အဖွားရဲ့မီးခံသေတ္တာထဲမှာ ရှိနေတဲ့ပိုက်ဆံတွေပျောက်သွားတယ်လေ။ အဲ့သေတ္တာရဲ့နံပတ်ကို အဖွားက ငါ့တစ်ယောက်ထဲကိုဘဲပြောပြခဲ့ဖူးတာ။ဒါပေမယ့် ပျောက်တဲ့အချိန်တုန်းက ငါက မန္တလေးမှာလေ။အဲ့အချိန်မှာ ကိုထူးခန့်တစ်ယောက်ဘဲ ကိစ္စရှိလို့ဆိုပြီး အဖွားဆီကိုရောက်လာခဲ့ တာ။ပြီးတော့ ငါကလောကိုပြောင်းလာပြီးတစ်ပတ်လောက်အကြာမှာ အဖွားက ကိုနေထက် ဆီ နောက်တစ်ခါ ဖုန်းဆက်ခဲ့တယ်တဲ့ ။အဲ့တုန်းက ကျောင်းပိတ်တိုင်း အဖွားနဲ့အတူတူနေကျ ဖြစ်တဲ့ ငါကမရှိတော့ အကိုထူးခန့်က အဖွားဆီလာနေတယ်တဲ့။အဲ့လိုလာနေပြီး သူမန္တလေးပြန်တက်သွားတဲ့အချိန် သူ့အခန်းထဲက ခေါင်းအုံးအောက်မှာ ခေါက်ဖုန်းအဟောင်းလေး တစ်ခုကျန်ခဲ့တာ။အဲ့တာကို အိမ်အကူက အဖွားဆီအပ်လိုက်တယ်။ နောက်တစ်ခေါက် ထူးခန့်ပြန်လာရင် ပြန်ပေးမယ်ဆိုပြီးအဖွားကလည်း အကိုထူးခန့်ဆီဖုန်းမဆက်ဘဲ အားသွင်းပြီးသိမ်းထားပေးလိုက်တယ်။ အဲ့လိုနဲ့ ကိုနေထက်ဆီ အဖွားနောက်တစ်ကြိမ် ဖုန်းဆက်လိုက်တဲ့နေ့... အဖွားရဲ့ဖုန်းနံပါတ်က အဖွားဗီဒိုထဲမှာသိမ်းထားပေးတဲ့အကိုထူးခန့်ရဲ့ဖုန်း ပေါ်မှာလာပေါ် နေတာကို အဖွားမြင်သွားပြီး ငါ့ရဲ့ကိစ္စမှာ အကိုထူးခန့်ပါနေတာ ကိုအဖွားရိပ်မိသွားခဲ့တယ်။ပြီးတော့ ကိုနေထက်ရဲ့ဖုန်းနံပတ်ကိုလည်း အဖွားက အကိုထူးခန့် ဆီက ရခဲ့တာလေ။အဲ့တာကြောင့်မို့ အဖွားက အဲ့ကိစ္စရဲ့ဇစ်မြစ်တစ်ခုလုံးနဲ့ အကိုထူးခန့်က ဘာတွေကြံစည်နေလဲဆိုတာ သိရအောင် သူတိတ်တဆိတ်လေးစုံစမ်းနေခဲ့တာ။ပြီးတော့ ကိုထူးခန့်ဒီလိုမျိုးတွေလုပ်တာလည်း ငါ့စိတ်ထင် အဖွားက ငါ့ကိုဒီလုပ်ငန်းတွေဦးစီးဖို့ ဆုံးဖြတ်ထား တာကိုလုံး၀မလိုလားလို့ ပထုတ်လိုက်ချင်တဲ့ သဘောဖြစ်မယ်။နောက်ပြီး ငါ့အကိုကြီးဟိုတစ်ခေါက်ကလာတုန်းကပြောပြသွားတာ အကိုထူးခန့်နဲ့သူနဲ့ပြန်တွေ့တော့ အကိုထူးခန့်ကြည့်ရတာ ပုံမှန်မဟုတ်ဘဲ မူးယစ်ဆေးတွေဘာတွေသုံးနေတဲ့ ပုံဘဲလို့ပြောသွားတယ်"

"လူတွေလည်း ဘယ်လောက်ဘဲသွေးတော်တော်သားစပ်စပ် လောဘတရားတွေက အရမ်းကြီး လာရင် ကိုယ့်ညီမကိုလည်း အဲ့လိုမျိုးတွေလုပ်ကြတာဘဲနော်။တော်တော်ကြောက်စရာကောင်း တယ်"

"အင်း...ကံကံ၏အကျိုးအတိုင်းဘဲ..သူလုပ်ခဲ့တဲ့အပြစ်တွေကကြီးသလောက် သူခံရမယ့် ဆိုးကျိုးတွေကလည်း ပိုကြီးမှာပေါ့နွေးရယ်"

"ဇင်က ဒီလိုမျိုးဖြစ်ရပ်တွေကြုံလာခဲ့ရတော့ အခုလိုမျိုး အေးတိအေးစက်ကြီးဖြစ်နေတာ မဆန်းပါဘူးလေ။ကိုယ့်အကိုဖြစ်တဲ့လူကတောင် မယုံရတာ တခြားသူစိမ်းဆို ယုံဖို့ သိပ်ခဲယဥ်းသွားပြီပေါ့...မဟုတ်ဘူးလား"

"အွန်...အဲ့တာကြောင့်မို့လည်း အရင်က ငါ့မှာ သူငယ်ချင်းတစ်ယောက်မှမရှိတာလေ"

"အခုတော့ရှိသွားပြီမလား ဇင်ရဲ့"

"အင်း..ရှိသွားပြီ"

"ဇင်..?"

"ဟင်???"

"ခဏလောက်ဖက်လို့ရမလား?"

"ဘာဖြစ်လို့လဲ"

"ဇင်က အခုလိုမျိုး ဇင့်ရဲ့ဘ၀အကြောင်းကို ငါ့ကိုယုံယုံကြည်ကြည်နဲ့ပြောပြပေးတဲ့အတွက် ကျေးဇူးတင်လို့"

"ငါနွေးကို ယုံယုံကြည်ကြည်နဲ့ပြောပြတယ်လို့ နွေးက ဘာလို့ထင်တာလဲ"

"ဇင့်ရဲ့မျက်၀န်းတွေက ငါ့ကိုယုံကြည်ကြောင်းပြနေလို့လေ"

"အဲ့ဒါဆို နွေးက လူတစ်ယောက်ရဲ့မျက်လုံးကိုကြည့်တာနဲ့ သူဘယ်လိုခံစားချက်ဖြစ်နေလဲ တန်းသိတယ်ပေါ့"

"အွမ်း...နဲနဲပါးပါးတော့သိတာပေါ့."

"လျှောက်ပြောနေတယ်။ဘာမှလည်း မသိဘဲနဲ့"

"ဒါဆို အခုဇင်က ငါ့ကို မယုံကြည်ဘဲနဲ့ ပြီးစလွယ်ပြောလိုက်တာပေါ့.အဲ့လိုသဘောလား"

"အဲ့လိုပြောတာမဟုတ်ပါဘူး။စကားအကျအနကလည်းတော်တော်ကောက်တတ်လိုက်တာ။ ကဲပါ ...ငါက နွေးကိုယုံကြည်လို့ပြောပြလိုက်တာပါ ဟုတ်ပြီလား"

"တွေ့လား မှန်တာဘဲကိုး...အယ်အယ်...ဇင်စကားလမ်းကြောင်းလွဲနေတာနဲ့ အဓိကအကြောင်းအရာကိုမေ့တော့မယ်...ဖက်လို့ရလားလို့...."

"နွေးဖက်ချင်ရင် ခဏနေမှဖက်လေ...အခုကငါ့တစ်ကိုယ်လုံးချွေးတွေနဲ့ဖြစ်နေလို့ ရေသွားချိုးဦးမယ်"

"ချွေးထွက်တာ ထွက်ထွက်ပေါ့...ဘာဖြစ်လဲ..ရေကနောက်မှချိုးလည်းရတာဘဲဟာ..ခဏလေးပါ ဘယ်လောက်မှမကြာဘူး...၃စက္ကန့်ဘဲ"

"နွေးကကွာ...ပြီးရော...အဲ့ဆို ၃စက္ကန့်ဘဲနော်..ပြီးရင်ရေသွားချိုးတော့...အယ့်..."

*ဟူးစ်...နွေးကတော့ ခက်ပြီ။

-၁ စက္ကန့်

-၂ စက္ကန့်

-၃ စက္ကန့်

"နွေး...လွှတ်လို့ရပြီ။နွေးပြောတဲ့အတိုင်း ၃စက္ကန့်ပြည့်ပြီ"

"ဟာ...၃စက္ကန့်ကလည်း အဲ့လောက်မြန်ရလား?အခုမှ ၁စက္ကန့်တောင် တစ်ရာပုံတစ်ပုံဘဲရှိသေးတာ"

"အမလေး...၁စက္ကန့်တောင် ၁ရာပုံတစ်ပုံဆိုတော့ သုံးစက္ကန့်ဆိုရင် ကျွန်မ ညရောက်ရင်တော့ ရေချိုးရဦးမှာမဟုတ်ဘူးရှင့်"

"ဇင်ကလည်းနော်...တအားကိုကပ်စေးကုတ်တာဘဲ...တော်ပြီမဖက်တော့ဘူး။သွား..ရေဘဲ တစ်သက်လုံးသွားချိုးနေလိုက်တော့..ရေချိုးခန်းထဲကို စောင်နဲ့ခေါင်းအုံးနဲ့လာပို့ပေးမယ်"

နှုတ်ခမ်းတထော်ထော်ဖြင့် စိတ်ဆိုးမာန်ဆိုးဖြစ်နေတဲ့ နွေးနေခြည်ကြောင့် ၀င့်ဖူးသဇင် တဟားဟားဖြင့် သ‌ဘောကျနေရ၏။

"ဘာရယ်တာလဲ..မရယ်နဲ့ ...ဘယ်သူကပေးရယ်လို့လဲ"

"မဟုတ်ပါဘူး..အခုနွေးစိတ်ဆိုးနေတဲ့ပုံက ရည်းစားတွေစိတ်ကောက်နေသလိုဖြစ်နေလို့"

၀င့်ဖူးသဇင်စကားဟာ စိတ်ဆိုးနေတဲ့နွေးနေခြည်ကို မျက်နှာတွေနီရဲပြီး စကားတွေတောင် ထစ်အ သွားစေခဲ့တယ်။

"အံမယ်..ဘာ..ဘာကိုရည်း..ရည်းစားလဲ?ဒီက သူ့ကို အားပေးနှစ်သိမ့်တဲ့အနေနဲ့ ဖက်ပေးထားမလို့ဟာကို နားမလည်ဘဲ ထင်ရာတွေဇွတ်ပြောနေပြန်ပါပြီ"

"အော်..အဲ့လိုလား...အဲ့လိုဆိုရင်တော့ သုံးစက္ကန့်ကျော်လည်းရတာပေါ့...လာလေ နောက်တစ်ခေါက် ပြန်ဖက်ရအောင်"

"တော်တော့ ...လူကိုများ အရူးလာလုပ်နေတယ်။ဇင် အစုတ်ပလုတ် ရေသာမြန်မြန်သွားချိုး"

"ဟဟဟ....ဟုတ်ပါပြီရှင်"

၀င့်ဖူးသဇင်တစ်ယောက် နွေးနေခြည်ကိုကြည့်ရင်း တပြုံးပြုံးဖြင့် ရေချိုးခန်းသို့ ထွက်လာခဲ့ သည်။

အခန်းထဲမှာကျန်ခဲ့သည့် နွေးနေခြည်ကတော့ ၀င့်ဖူးသဇင်ထွက်သွားတာနဲ့ ခေါင်းအုံးပေါ် မျက်နှာ အပ်ရင်း....

"အား.....အဲ့မှာရူးနေလိုက်တော့ နွေးနေခြည်။

မသိရင် နင်က အရမ်းဖက်ခံချင်နေတဲ့သူကျနေတာဘဲ....ရှက်ဖို့ကောင်းတယ်...သိပ်ကိုရှက်ဖို့ ကောင်းတယ်...ယားးးးး...မကျေနပ်ဘူး...ဇင်စုတ်...လုံး၀မကျေနပ်ဘူး..


Continue Reading

You'll Also Like

11.2K 354 19
*2nd book in the Shards of Glass series. Book 1 is Shards of Black Glass* After getting the job with GAC, Saira thinks her life will ease up. Unfortu...
46.2K 3K 14
G x G (OC) -Drama x Romance x Comedy- About-Fly together with you! Z+U
1.8K 101 16
the stillness of her solitude was all she ever knew, until he came along; doe-eyed and bright and entirely brand new. miguel diaz x oc fem cobra kai...
我愛你 By .

Fanfiction

3.3K 349 3
A love song is sung for you .. .. Sung Hanbin x Zhang Hao • written in Burmese