"ဇင်...ငါနေကောင်းသွားပြီဆိုတော့ ငါမေးထားတာတွေပြန်ဖြေပေးဦးလေ"
အခုမှ ကိုယ်ပူကျပြီးနေကောင်းကာစဖြစ်လာတဲ့နွေးက စိတ်မရှည်တော့သလို ကျွန်မကိုပြောလာပါသည်။
တကယ်တော့ နွေးမေးထားတဲ့မေးခွန်းတွေရဲ့အဖြေကို ကျွန်မပေးချင်ရင်ပေးလို့ရပေမယ့် ကျွန်မမှာ နောက်ဆံမတင်းနိုင်တဲ့ကိစ္စရပ်တွေလည်း ရှိသေးတယ်လေ။
ဒါတွေကို အခုချိန်မှာ နွေး နားမလည်နိုင်သေးပေမယ့် တစ်ချိန်ချိန်မှာတော့ ကျွန်မကိုယ်တိုင်ရှင်းပြဖို့ ဆုံးဖြတ်လိုက်ရင်း နွေးကို နှစ်သိမ့်မိသည်။
"နွေးရယ်,,,ငါတို့က ကျောင်းလည်းပြီးသေးတာမဟုတ်ဘူး။မတွေ့ရမယ့်သူတွေလည်း မဟုတ်ဘူးမလား?အဲ့တာကြောင့် အရမ်းကြီးတော့ မလောသင့်ဘူးလေ"
"ဘာလဲ?ဇင်က ငါ့ကိုငြင်းဖို့ဆုံးဖြတ်ထားလို့လား"
"အဲ့လိုလည်းမဟုတ်ပါဘူး"
"အဲ့လိုမဟုတ်ဘူးဆိုလည်း ချစ်ရင်ချစ်တယ် မချစ်ရင်မချစ်ဘူး,,,ရှင်းရှင်းလင်းလင်းပြောလိုက်ပေါ့"
"နွေးပြောသလို ရှင်းရှင်းလင်းလင်းပြောချင်ပေမယ့် ငါ့မှာက ပြောလို့မရနိုင်သေးတဲ့ အခြေအနေ တွေရှိနေလို့ပါ"
"ဟူးစ်,,,ဇင်ကတော့လေ တကယ်ကိုလျှို့ဝှက်ဆန်းကြယ်လွန်းတဲ့မိန်းကလေးဘဲ၊အင်းပေါ့လေ အဲ့လိုမိန်းကလေးကိုမှ ဒီကနွေးနေခြည်ကချစ်ခဲ့မိတာဆိုတော့လည်း နားလည်ပေးရမှာပေါ့"
တစ်နှစ်ကျော်ကျော်နှစ်နှစ်နီးပါးလောက် ဇင့်အပေါ် တစ်ဖက်သက်ချစ်နေခဲ့တဲ့အကြောင်းတွေကို ဖွင့်ထုတ်ပြောခဲ့မိတဲ့နောက်ပိုင်းမှာတော့ နွေးနေခြည်ရဲ့ရင်ထဲမှ ချုပ်ထိန်းထားသမျှခံစားချက် တွေလည်းအနဲငယ်ပေါ့ကျသွားသလို ခံစားရပါတယ်။
ဒါပေမယ့် ဘာလို့ အနဲငယ်ဘဲ စိတ်ပေါ့သွားရတာလဲမေးရင်တော့ ဇင်က ကျွန်မနေပြန်ကောင်းလာမှ ပေးမယ်ဆိုတဲ့အဖြေကို ဝေ့လည်ကြောင်ပတ်လုပ်နေပြီး မပေးသေးလို့လေ။
ကြည့်ရတာ ဇင်က ကျွန်မကို မချစ်နိုင်လို့များလား?
ဒီလိုတွေးမိတော့လည်း ရှိလက်စ အခွင့်အရေးလေးတွေတောင်ဆုံးရှုံးရမယ့် မိမိအဖြစ်ကိုတွေးရင်း နွေးနေခြည် ရင်ပူမိသည်။
အိုး,,,,မေ့နေလိုက်တာ.....ကျွန်မ အခုချိန်ထိ ဇင်ဘာကြောင့် အိမ်ပြန်သွားရတာလဲဆိုတဲ့ အကြောင်းကိုမမေးရသေးဘူးဘဲ။
ဇင်ရောက်တာနဲ့ မေးမယ်လို့လုပ်ထားတာ အခြေအနေတွေကရှုပ်ထွေးသွားတော့ ကျွန်မအခု မှဘဲမေးဖို့သတိရတော့တယ်လေ။
"ဇင်,,,?"
"ပြောလေ နွေး"
"ဟို,,,ငါ့ကို စပ်စုတယ်လို့တော့မထင်နဲ့နော်။အဲ့နေ့က ဦးလေးကိုဇင့်မေမေပြောသွားတာလေ...အိမ်မှာအရေးတကြီးကိစ္စရှိလို့ ဇင့်ကိုခဏပြန်ခေါ်ထား တယ်ဆိုတာ?"
ကျွန်မမေးခွန်းက ကောင်းကောင်းမွန်မွန်နဲ့ အဆုံးမသတ်ရသေးပေမယ့် ဇင်က ချက်ချင်းနားလည်လိုက်ပြီထင်ပါတယ်။
ကျွန်မသိချင်တဲ့ ကိစ္စတစ်ခုရဲ့ အကြောင်းအရင်းကိုပြန်ဖြေလာတယ်လေ။
"ငါ့ရဲ့အဖွား အရေးတကြီး ဆေးရုံတက်လိုက်ရလို့လေ။အဲ့နေ့ညနေက ပြည့်မြင်လိုက်ရတဲ့သူဆိုတာက ငါ့အကိုဝမ်းကွဲဘဲ"
"ဇင့် အကိုဝမ်းကွဲ?"
"အွမ်း,,,,သူနဲ့ငါနဲ့က အဆက်အသွယ်မရတာတော့ နဲနဲကြာနေပါပြီ။ဒါပေမယ့် အဲ့နေ့ညနေကတော့ အဖွားဆေးရုံတက်နေရတယ်ဆိုတဲ့အကြောင်းငါ့ကိုပြောပြရင်းနဲ့ ပြန်ဆုံကြတာ။"
"ဒါဆို ဇင့်အဖွားရော အခုကျန်းမာရေးပြန်ကောင်းသွားပြီလား"
"အင်း ကောင်းတော့ကောင်းနေပါပြီ။ဆရာဝန်ကလည်း စွဲသောက်ရမယ့် ဆေးတွေအများကြီး ပေးလိုက်တယ်လေ"
"အော်,,,,ဒါနဲ့လေ ဇင်က အဖွားကိုတော်တော်ချစ်ပုံဘဲနော်,,,ချက်ချင်းကြီးကို ကောက်ကာငင်ကာ လိုက်သွားတယ်ဆိုတော့"
"ဟုတ်တယ်၊ အမှန်အတိုင်းပြောရရင် ငါ့မိဘတွေထက်တောင် အဖွားကိုပိုခင်တွယ်ပြီးချစ်သေးတယ်။ မိဘတွေကအလုပ်ကိစ္စတွေနဲ့ငါ့ကိုဂရုမစိုက်အားရင် တောင် အဖွားကတော့ ငါ့ကိုအမြဲဂရုစိုက်ခဲ့တာ။တကယ်တော့ အဖွားက ပါးပါးတို့မားမားတို့ထက်တောင် အလုပ်များတဲ့သူတစ်ယောက်လေ။ဒါပေမယ့် သူဘယ်လောက် အလုပ်ရှုပ်ပါစေ ငါ့ကိုဂရုစိုက်ဖို့တော့ သူလုံးဝမမေ့ခဲ့ဘူး။ ငယ်ငယ်ကတည်းက အဖွားကို ကျန်းကျန်းမာမာသွက်သွက်လက်လက်နဲ့ပုံဘဲမြင်ခဲ့ရတာဆိုတော့ အဲ့နေ့က အဖွားလဲကျပြီး သတိမေ့လို့ဆေးရုံတင်ထားရတယ်လို့လည်းကြားရော ငါအဖွားကိုအရမ်းစိတ်ပူသွားခဲ့တယ်။ ငါ့ကိုချစ်ပြီး အမြဲတစေကာကွယ်ပေးနေကျအဖွားက ဒီလိုဖြစ်သွားတယ်ဆိုတော့ ငါ့စိတ်ထဲမှာ အဖွားရှိတဲ့နေရာကိုမြန်မြန်ရောက်ချင်စိတ်ကလွဲပြီး ကျန်တာတွေဘာမှမရှိတော့ဘူး။ဆေးရုံ ရောက်တော့လည်း အဖွားဘေးမှာနေရင်းပြုစုလုပ်ကိုင်ပေးနေတာနဲ့ နွေးကိုလည်း ငါလှမ်းပြီး မပြောပြဖြစ်တော့တာ။အမှန်ဆို နွေးစိတ်မပူအောင် ငါအကျိုးအကြောင်းပြောပြခဲ့ရမှာ။အဲ့လို ပြောပြမှလည်း နွေးအခုလိုမျိုး စိတ်ပူပြီးနေမကောင်းမဖြစ်ခဲ့မှာလေ။အဲ့တာကြောင့်မို့ နွေးကို ငါတောင်းပန်ပါတယ်။"
"မဟုတ်တာ ဇင်ရယ်။မတောင်းပန်ပါနဲ့ ,,,,ဇင့်အမှားမဟုတ်ပါဘူး။တကယ်တမ်းမှားတာက ဇင် မဟုတ်ပါဘူး...ငါပါ။ငါကသာ ဇင့်ကိုဇင့်အကိုဖြစ်သူနဲ့တလွဲတွေထင်နေခဲ့မိတာ။ပြီးတော့ ဇင်အရမ်းချစ်တဲ့ အဖွား က အဲ့လိုမျိုး ဆေးရုံတင်ထားရတယ်ဆိုတော့ ဇင် ငါ့ကိုဖုန်းဆက်ပြီးမပြောပြနိုင်ခဲ့တာကို ငါ ကိုယ်ချင်းစာပါတယ်။ဒါ့ကြောင့် အမှန်တကယ်တောင်းပန်ရမယ့်သူက ငါပါ ဇင်ရယ်။ ငါ သဘောထားသေးသိမ်ခဲ့မိတဲ့အတွက် ဇင့်ကိုတောင်းပန်ပါတယ်နော်"
တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်တောင်းပန်စကားတွေဆိုနေကြတဲ့ ကောင်မလေးနှစ်ယောက်
တကယ်တော့ ချစ်ရသူနဲ့ ချစ်ခံရသူ နှစ်ယောက်လုံးဘက်ကနေကြည့်မယ်ဆိုရင်တော့ ဒါဟာနှစ်ဖက်လုံးမမှားခဲ့ပါဘူးလေ။
ဒါကို သူတို့နှစ်ယောက်လုံးလည်းနားလည်ခဲ့ကြပါတယ်။
နောက်ဆုံးတော့ ကောင်မလေးနှစ်ယောက်ရဲ့စိတ်ထဲမှာ ကောင်းကောင်းကြီးသိရှိသွားခဲ့တာက ဘယ်အခြေအနေမဆို တစ်ယောက်ကိုတစ်ယောက် နားလည်ခွင့်လွှတ်ပေးမှုရှိဖို့နဲ့ တစ်ပါးသူရဲ့ခံစားချက်ကို ထည့်စဉ်းစားဖို့လိုအပ်တာကိုပါ။
ပြီးတော့ ဒါကဘဲ သူတို့နှစ်ယောက်ကြားက သံယောဇဉ်ကြိုးတစ်ချောင်းကို ပိုခိုင်မြဲသွားစေခဲ့ပါတယ်။
.
.
အခန်းထဲမှာ လှဲရင်းဝတ္ထုစာအုပ်ဖတ်နေတုန်း ဦးလေးရဲ့ မိမိနာမည်ကိုခေါ်နေတဲ့အသံကြောင့် နွေးနေခြည် ကုတင်ပေါ်ကနေ အလျင်စလိုထကာ တံခါးဖွင့်ပေးလိုက်၏။
"ဦးလေး,,,ဘာဖြစ်လို့လဲ"
"အော်,,,၀င့်ဖူးသဇင်ကျောင်းကပြန်ရောက်ပြီလားလို့ပါ"
"ဇင်က နှစ်နာရီခွဲမှပြန်လာမှာဦးလေးရဲ့,,,ဒါပေမယ့် အခုက နှစ်နာရီဆယ့်ငါးဆိုတော့ နောက် ဆယ့်ငါးမိနစ်ဆို ပြန်ရောက်လောက်ပါပြီ။ဒါနဲ့ ဘာလို့ ဇင့်ကိုမေးတာလဲဦးလေ.."
"အဆောင်ရှေ့မှာလေ ၀င့်ဖူးသဇင်နဲ့တွေ့ချင်လို့ဆိုပြီး ကောင်လေးတစ်ယောက်စောင့်နေလို့လေ။အဲ့တာကြောင့်မို့ ပြန်ရောက်ပြီလားလို့လာကြည့်တာ"
"ကောင်လေးတစ်ယောက် ဘယ်သူတဲ့လဲဦးလေး"
"နေထက်လို့တော့ပြောတာဘဲ...ဦးလေးလည်း တစ်ခါမှမမြင်ဖူးဘူး"
"ဟုတ်လား,,,အဲ့တာဆို သမီးသူနဲ့ တွေ့ကြည့်လိုက်မယ် အရေးကြီးလို့ ဇင့်ကို မှာစရာရှိတယ်ဆိုလည်း သမီးပြန်ပြောပေးလို့ရအောင်လေ..."
"အေးအေး ...အဲ့ကောင်လေးကအဆောင်အပြင်မှာဘဲ စောင့်နေတယ်သမီး. .သူစိမ်းယောက်ျားလေးဆိုတော့ ဦးလေးလည်း အဆောင်တံခါးမဖွင့်ပေးထားဘူး"
"ဟုတ်ကဲ့ ဦးလေး"
နွေးနေခြည်လည်း အပေါ်ထပ်အကျီတစ်ထည်ကိုကောက်ထပ်လိုက်တာ ဇင်နဲ့ တွေ့ချင်ပါတယ်လို့ ပြောတဲ့လူရှိရာဆီထွက်လာခဲ့သည်။
ရက်အတော်ကြာ အိပ်မပျော်ထားသူလို မဲညိုနေတဲ့ မျက်ကွင်းတွေနဲ့ထိုလူက သူတို့ထက်တော့ အသက်ကြီးမယ့်ပုံပင်။
ဒါပေမယ့် ဒီလူက ဘာအကြောင်းကြောင့် ဇင့်ကို တွေ့ချင်နေရတာလဲ။
ဇင့်ရဲ့ကိုယ်ရေးကိုယ်တာကို ၀င်စွက်ဖက်သလိုဖြစ်မှန်းသိပေမယ့် ထိုလူနားကို သွားကာ နွေးနေခြည် မေးမိ၏။
"ဇင်,,အာ,,, ၀င့်ဖူးသဇင်နဲ့ တွေ့ချင်တယ်ဆိုတာ အကိုလား?"
"ဟုတ်ပါတယ်,,,ဒါနဲ့ ဒီကညီမက?"
"အော်..ညီမက နွေးနေခြည်ပါ၊ပြီးတော့ ၀င့်ဖူးသဇင်နဲ့အဆောင်မှာတစ်ခန်းတည်းပါ...."
"ဟုတ်လား,,,အဲ့တာဆို ညီမလေးဝင့်ဖူးရော ကျောင်းကပြန်ရောက်နေပြီလား ညီမ"
*ညီမလေး ၀င့်ဖူး....
ဒီလူက ဇင့်ကို ညီမလေး ၀င့်ဖူးဆိုပါလား။ နေပါဦး ,,,ဒါက ဇင့်ရဲ့အကိုတစ်ဝမ်းကွဲဆိုတာလား?
မဟုတ်သေးပါဘူး။ဒီလူ့ပုံက ဘယ်လိုမှ ဇင့်ရဲ့အကိုမဖြစ်နိုင်ဘူးထင်တာဘဲ။
"ဟိုလေ,,,တကယ်လို့ အဆောင်ထဲမှာ ညီမလေးဝင့်ဖူးရှိရင် အကိုရောက်နေတယ်လို့ပြောပေး ပါလားဟင်"
"အာ..ဇင်..အယ် ၀င့်ဖူးသဇင်က အခုပြန်မရောက်သေးဘူးရှင့် ,,,ဘာပြောပေးရမလဲ ၀င့်ဖူးသဇင်ပြန်ရောက်ရင် ညီမပြောပေးမယ်လေ။"
"အကို ညီမလေး ၀င့်ဖူးကို ကိုယ်တိုင်ပြောပြမှဖြစ်မှာမိုလို့ပါ။"
"အော်...ဟုတ်ကဲ့"
ဘယ်လိုမေးမေး ဇင်နဲ့ကိုယ်တိုင်ပြောပြဖို့ဘဲ တာဆူနေတဲ့ ထိုလူကို နွေးနေခြည် မသင်္ကာဖြစ်လာ၏။
အဲ့တာကြောင့်မို့ အဆောင်ထဲပြန်ဝင်လာပြီး ဇင့်ကိုဖုန်းဆက်ပြီးမေးဖို့စဉ်းစားမိတော့၏။
"ဟယ်လို ဇင်,,,အတန်းပြီးပြီလား?"
"အွမ်း...ပြီးပြီနွေး"
"ဟုတ်လား,,,အခု အဆောင်ရှေ့မှာလေ ဇင်နဲ့တွေ့ချင်လို့ဆိုပြီး လူတစ်ယောက်စောင့်နေတယ်။"
"ဟင်...ဘယ်သူနဲ့မှလည်းတွေ့ဖို့မပြောထားပါဘူး။"
"ဇင် အဲ့လူကလေ ဇင်နဲ့အရေးတကြီးပြောစရာရှိတဲ့ပုံဘဲ။ ငါက မှာစရာရှိတာမှာခဲ့လို့ရတယ် ဇင်ပြန်ရောက်ရင် ပြောပေးမယ်ပြောတာတောင် ဇင်နဲ့ကိုယ်တိုင်တွေ့ပြီးမှ ပြောမှဖြစ်မှာမိုလို့ တဲ့"
"အင်း,,,ငါ အခုအဆောင်နားရောက်တော့မယ်နွေး...ဖုန်းချလိုက်တော့မယ်နော်"
ဇင်ကအဆောင်နားရောက်ပြီဆိုတော့ နွေးနေခြည်လည်း အဆောင်ရှေ့ကို ပြန်ထွက်လာခဲ့ပြီး ဇင့်ကိုစောင့်နေတဲ့သူကို သွားပြောလိုက်၏။
"အကို,,,၀င့်ဖူးသဇင်က ဒီနားရောက်နေပြီတဲ့"
"ဟုတ်လား....ပြောပြပေးလို့ကျေးဇူးနော်ညီမ"
သူစိမ်းတစ်ယောက်ဆီက ကျေးဇူးစကားကိုလက်ခံပြီးနောက်မှာတော့ အဆောင်ထဲပြန်မ၀င်လာ သေးဘဲ အူလည်လည်ဖြင့်ပင် ဇင်အလာကိုထိုလူနဲ့အတူ နွေးနေခြည်စောင့်နေ၏။
*ဟော...နောက်ဆုံးတော့ ဇင်ရောက်လာပြီ။
"ညီမလေး ၀င့်ဖူး"
သူမဘေးနားမှ မျက်ကွင်းညိုညိုနဲ့ထိုလူဆီမှ အသံကြောင့် နွေးနေခြည် အလိုမကျသလို နှုတ်ခမ်းစူမိသွား၏။
အဲ့အချိန်မှာဘဲ သူသတိထားမိလိုက်တာက တင်းမာနေတဲ့ ဇင့်ရဲ့ပုံစံကိုဘဲ။
"ဇင်...."
သူမရဲ့စိုးရိမ်မှုရောနေတဲ့အသံကြောင့် ဇင်က နားလည်နေသလို စိတ်မပူပါနဲ့ဆိုတဲ့အကြည့်နဲ့ သူ့ဘက်လှည့်ကြည့်ကာ ပြောလာပါတယ်။
"နွေး,,,ငါ သူနဲ့ နှစ်ယောက်တည်းစကားပြောချင်လို့ ခဏလောက်အထဲဝင်ပေးပါလား"
"အွမ်း"
စိတ်တထင့်ထင့်နဲ့ နွေးနေခြည် အဆောင်ထဲသို့ပြန်ဝင်လာခဲ့တော့ အဆောင်ရှေ့မှာ ရပ်ရင်း စကားပြောနေကြတဲ့ ဇင်နဲ့ထိုလူ။
ထိုလူ့ကိုဆက်ဆံတဲ့ ဇင့်ရဲ့တင်းမာနေတဲ့ မျက်နှာထားကြောင့် ဇင်နဲ့အဲ့ဒီလူကြားက ပတ်သက်မှုက လုံးဝမကောင်းနိုင်ဘူးဆိုတာ နွေးနေခြည် ရိပ်မိ၏။
ဒါပေမယ့်လည်း ဇင့်ရဲ့ကိုယ်ရေးကိုယ်တာကို အရမ်းကြီး စပ်စုသလိုဖြစ်နေတဲ့အတွက် ဘာမှမတွေးတော့ဘဲ ကိုယ့်အခန်းထဲကိုသာ ပြန်လာရင်း ဇင်ဝင်အလာကိုစောင့်နေလိုက်၏။
သို့သော် တော်တော်နဲ့ အခန်းထဲပြန်မ၀င်လာသည့် ဇင်က နောက်ဆုံးမှာ ကျွန်မဆီ စာတစ်စောင်ပို့လာပါတယ်။
_နွေး...ငါ အခုရွှေတောင်ကြား ကဖေးမှာရှိနေတယ်။အဆောင်ရှေ့မှာ ယောက်ျားလေးတစ်ယောက်နဲ့အတူရှိနေတာကို သူများတွေမြင်ရင် တမျိုးထင်မှာစိုးလို့။ နင် စိတ်မပူနေနဲ့နော်။သူနဲ့ပြောစရာရှိတာပြောပြီးတာနဲ့ ငါချက်ချင်းပြန်လာခဲ့မယ်။
အရင်တစ်ခေါက်က ဇင့်ကိုစိတ်အပူလွန်ပြီး နေမကောင်းဖြစ်ခဲ့တဲ့ကျွန်မကို ဒီတစ်ခေါက်လည်း အဲ့လိုဖြစ်မှာ ဇင် စိုးရိမ်နေတယ်ထင်ပါရဲ့။
ဒါပေမယ့် ဒီတစ်ခါတော့ အဲ့လိုမဖြစ်ပါဘူး။ဘာလို့ဆို ဇင့်ကို ကျွန်မယုံကြည်ထားတာမိုလို့။ ပြီးတော့ ကိုယ့်စိတ်ကိုအထင်လွဲမှုတွေနဲ့ ဖုံးလွှမ်းမခံရတော့အောင် ကျွန်မကြိုးစားနေပြီမိုလို့ပါ။
ဒါကတော့ နှစ်ဖက်လုံးအတွက်အကျိုးမရှိတဲ့ မဟုတ်မဟတ်အတွေးတွေကြားထဲမှာ သံသယနဲ့ အထင်လွဲမှု တွေရဲ့ ဆိုးကျိုးတွေကို တစ်ပတ်ကျော်ကျော်လောက်ခံစားခဲ့ရပြီးနောက် ရခဲ့တဲ့ သင်ခန်းစာတစ်ခုပါဘဲ။