နွေးနေခြည်နဲ့ ပြည့်သိင်ျဂီ၏ ဒီနေ့အတန်းကတော့ ဆယ့်နှစ်နာရီနဲ့တင်ပြီးသွားခဲ့၏။
ဝင့်ဖူးသဇင်ကတော့ ညနေလောက်မှ အတန်းပြီးမှာဖြစ်တဲ့အတွက် နွေးနေခြည်နဲ့ ပြည့်သိင်္ဂီတို့က ကျောင်းမှအရင်ပြန်လာခဲ့ကြပါသည်။
ကျောင်းကအပြန် အဆောင်သို့ရောက်ပြီး ခဏအကြာမှာဘဲ နွေးနေခြည်ထံသို့ ပြည့်သိင်္ဂီဖုန်း ဆက်လာ၏။
"အေး...ပြည့် ပြော"
"ဟဲ့,,နေခြည် ခုနတုန်းကငါမုန့်ဆိုင်ဘက်သွားတဲ့အချိန် အချောလေးကိုတွေ့ခဲ့တယ်တော့"
"ဟုတ်လို့လား....ဇင်က လေးနာရီလောက်မှအတန်းပြီးမှာလေ"
"အဲ့ဒါကြောင့်မို့ ငါလည်းနင့်ကိုဖုန်းဆက်လှမ်းမေးတာ...အမှန်ဆို အချောလေးက လေးနာရီမှ အတန်းပြီးမှာကို ဘာလို့ဒီမှာ ယောက်ျားလေးတစ်ယောက်နဲ့ အတူထမင်းစားနေတာလဲ မသိဘူး"
"ယောကျာ်းလေး?"
"ဟုတ်တယ်။ ငါကြည့်ရသလောက်တော့ လူချမ်းသာထဲကယောကျာ်းလေးတစ်ယောက်ပုံဘဲဟ။ ၀တ်ထားစားထားတာတော့ တော်တော် ခန့်ခန့်ညားညားဘဲ"
"အဲ့လူက အသက်ရောဘယ်နှစ်နှစ်လောက်ရှိပြီထင်လဲ ပြည့်"
"အင်း...၂၅ ၊ ၂၆လောက်တော့ ရှိမယ်ထင်တယ်။အချောလေးနဲ့ အတူထမင်းစားရင်းတောင် စကားပြောနေကြတာဆိုတော့ အဲ့လူက အချောလေးနဲ့ အရမ်းရင်းနှီးတဲ့လူတစ်ယောက်ဖြစ်မယ်ထင်တယ်။ပြီးတော့ ငါ့စိတ်ထင်ပြောရရင် သူက အချောလေးရဲ့ ရည်းစားတောင်ဖြစ်နေမလားမသိဘူးနော်..နေခြည်"
"အာ,,,မဟုတ်လောက်ပါဘူး။ နင်အမြင်မှားတာလည်း ဖြစ်ချင်ဖြစ်မှာပါ"
"မမှားဘူး...ငါ အသေအချာကိုမြင်ခဲ့တာ။တကယ်လို့ နင်မယုံရင် အချောလေးကိုဖုန်းဆက်ပြီး မေးကြည့်လိုက် ဘယ်မှာလဲဆိုတာ သိရအောင်"
"အေး...ငါအခုဆက်ပြီးမေးကြည့်လိုက်မယ်"
ပြည့်သိင်္ဂီကို အဲ့စကားဘဲပြောပြီး ဖုန်းကိုအမြန်ချကာ ဇင့်ဆီသို့ ဖုန်းခေါ်လိုက်၏။
သို့သော် ဇင့်ဖုန်းက အခုချိန်ကျမှ လုံးဝခေါ်မရ။ခေါ်လိုက်တိုင်း စက်ပိတ်ထားသည်ဘဲ ဖြစ်နေတော့ နွေးနေခြည်ရင်ထဲက အပူလုံးကြီးက တဖြည်းဖြည်းကြီးမားလာခဲ့၏။
*ကျစ်...ဘာလို့ ဖုန်းပိတ်ထားတာလဲကွာ
ဆယ်ခါမက ခေါ်ပေမယ့်လည်း ဘာမှထူးမလာတော့ နွေးနေခြည် စိတ်ပျက်လက်ပျက်ဖြစ်သွားရ၏။
ခဏကြာတော့ နွေးနေခြည်လည်း ပြည့်သိင်္ဂီထံသို့ ဖုန်းပြန်ဆက်လိုက်၏။
"အချောလေးကဘယ်မှာတဲ့လဲ...နေခြည်"
"ခေါ်လို့မရဘူး...စက်ပိတ်ထားတယ်တဲ့။ပြည့် ခုနက နင် ဇင့်ကိုတွေ့ခဲ့တာ ဘယ်ဆိုင်မှာလဲ။ ငါ အဲ့ကို ခဏသွားကြည့်မလို့"
"ငါတို့ အဆောင်ရဲ့ အပေါ်လမ်းထိပ်မှာ ဖွင့်ထားတဲ့ ရွှေသံလွင် စားသောက်ဆိုင်မှာ"
"ကျေးဇူးဘဲ..ပြည့်.ငါသွားလိုက်ဦးမယ်"
"အဲ့ဒါဆို...ငါလည်း အခုအဲ့ဆိုင်ဘက်ကို ထွက်လာခဲ့မယ်"
"အေးအေး"
ဘယ်ဆိုင်လဲသိရပြီဆိုတော့ နွေးနေခြည်လည်း အချိန်ဆွဲမနေတော့ဘဲ ရွှေသံလွင်စားသောက်ဆိုင်သို့ အပြေးတစ်ပိုင်းရောက်ရှိလာ၏။
ထိုဆိုင်ရှေ့ရောက်တော့ နွေးနေခြည်ထက်အရင်ရောက်ပြီး စောင့်နေတဲ့သူကတော့ ပြည့်သိင်္ဂီပင်။
"နေခြည်...ငါ အချောလေးတို့ကိုမတွေ့တော့ဘူးဟ...ကြည့်ရတာ သူတို့ထွက်သွားပြီထင်တယ်"
"ဟုတ်လို့လား....ပြည့်ရယ်"
"ဟုတ်တယ်...အစက အချောလေးနဲ့အဲ့လူက ဟိုးညာဘက်က၀ိုင်းမှာထိုင်နေကြတာ။အခု မရှိတော့ဘူးလေ"
"နင်မြင်လိုက်တာ တကယ်သေချာလား ပြည့်"
"သေချာပါတယ်....ငါတကယ်ကိုသေချာမြင်လိုက်တာ"
"နေဦး...အဲ့ဆို ငါဆိုင်ထဲကိုဝင်မေးကြည့်လိုက်မယ်"
"အေး...မေးကြည့်လိုက်...ငါ ဒီမှာဘဲ စောင့်နေမယ်"
နွေးနေခြည်လည်း ခေါင်းညိမ့်ရင်း စားသောက်ဆိုင်ထဲသို့ သုတ်သီးသုတ်ပျာဖြင့်ဝင်သွား၏။
ဝင်သွားပြီးမကြာမှာဘဲ ခေါင်းငိုက်စိုက်ကျကာ ပြန်ထွက်လာသည့် နွေးနေခြည်ကြောင့် ပြည့်သိင်္ဂီလည်း အခြေအနေကိုသိရအောင် မေးလိုက်၏။
"ဒီလိုပုံကြီးဖြစ်နေရအောင် နင်မေးလိုက်တဲ့သူက ဘယ်လိုပြန်ဖြေလို့လဲ နေခြည်??"
"ဟုတ်တယ်...နင်တွေ့ခဲ့တာ မမှားဘူး...ပြည့်။ငါ ဇင့်ပုံကိုပြပြီးမေးလိုက်တော့ သူတို့ ဆိုင်မှာယောကျာ်းလေးတစ်ယောက်နဲ့ လာစားသွားတဲ့မိန်းကလေးဟုတ်တယ်တဲ့။ ပြီးတော့ ခုနကလေးတင် ဇင်နဲ့ အဲ့လူက ကားတစ်စီးတည်းအတူပြန်ထွက်သွားတာတဲ့"
"ဟယ်,,,အဲ့တာဆို ငါထင်သလိုများ...အဲ့လူက အချောလေးရဲ့ ရည်းစား"
"တော်ပါတော့ပြည့်ရယ်...အဲ့စကားကို နင်ထပ်မပြောပါနဲ့လား။ငါ တကယ်ကို မကြားနိုင်လို့ပါ"
ပြောရင်းနဲ့ ဆိုင်ရှေ့မှာတင် ငိုတော့မည့် နွေးနေခြည်ကြောင့် ပြည့်သိင်္ဂီလည်း ပြာပြာသလဲဖြင့် တားလိုက်ရ၏။
"နေခြည်...နင်ငိုချင်လည်း ခဏအောင့်ထားပါဦးဟယ်။အခုက သူများဆိုင်ရှေ့ကြီးမှာဆိုတော့ မကောင်းဘူးလေ"
"ငိုချင်တာတောင် ငါက အောင့်ထားရဦးမှာလား ငပြည့်ရဲ့။မျက်ရည်က သူ့အလိုလိုကျလာ တာကို ငါကဘယ်လိုတားလို့ရမှာလဲ"
"အေးပါ...အခုတော့ ငါ့အဆောင်ကို ခဏလိုက်ခဲ့။ပြီးမှ နင်ငိုချင် ကြိုက်သလောက်သာငိုနော်"
"တော်ပြီ။ ငါ့ဘာသာငါ ငါ့အဆောင်ဘဲပြန်မယ်။တော်ကြာ ဇင်က အဆောင်ကိုပြန်ရောက်လာ မလားမသိဘူး"
"နင့်သဘောပါဘဲဟာ...အဲ့ဆိုလည်း ငါနင့်ကိုအဆောင်ထိ လိုက်ပြန်ပို့ပေးမယ်"
ထိုသို့ဖြင့် တရှုံ့ရှုံ့နဲ့ သွားရင်းငိုနေသည့် နွေးနေခြည်ကို ပြည့်သိင်္ဂီလည်း ဘေးကနေ လိုက်ချော့ရင်း လမ်းလျှောက်လာကြတာ နွေးနေခြည်တို့အဆောင်ရှေ့ပင် ရောက်လာခဲ့၏။
"နေခြည်,,,ငါပြောနေတာ အာပေါက်တော့မယ်...နင် ငါပြောနေတာတွေကို သေချာရောနားထောင်နေရဲ့လားဟင်"
"နားထောင်နေပါတယ်"
"အေး...နားထောင်နေတယ်ဆိုရင်လည်း မငိုနဲ့တော့,,,,ကြားလား"
"အင်းပါ,,,နင်ပြန်တော့လေ
"ပြန်မှာပါ...ငါ့ကို အတင်းနှင်လွှတ်မနေပါနဲ့။ ပြီးတော့ အချောလေးကလေးနာရီဆိုပြန်ရောက်မှာမလား...အဲ့တော့နင် အရမ်းကြီးတွေးပြီး ၀မ်းနည်းမနေနဲ့ ကြားလား"
"ကြားပါတယ်ဆို"
"အေးအေး...ပြီးရော..အဲ့ဆိုလည်းငါပြန်ပြီ"
နွေးနေခြည်က သူပြန်သွားလည်း ဆက်ငိုနေဦးမယ်ဆိုတာ ပြည့်သိင်္ဂီသိ၏။
နွေးနေခြည်ရဲ့စိတ်တွေက ဘယ်လောက်မာမာ ၀င့်ဖူးသဇင်နဲ့ပတ်သက်ရင်တော့ ချက်ချင်းပျော့ ညံ့သွားတယ်ဆိုတာလည်း ပြည့်သိင်္ဂီနားလည်၏။
သို့သော်လည်း သူ့အနေနဲ့ အခုအချိန်မှာ နွေးနေခြည်ကို ဖျောင်းဖြချော့မော့ပြောပေးရန်မှလွဲ ၍လည်း တခြားဘာမှမလုပ်ပေးနိုင်။
လုပ်ပေးနိုင်သည့် တစ်ခုတည်းသောအရာကလည်း ၀င့်ဖူးသဇင်ကို ဖုန်းဆက်၍ အကျိုးအကြောင်းလှမ်းမေးခြင်းပင်။
ဒါပေမယ့် ၀င့်ဖူးသဇင်ရဲ့ဖုန်းက စက်ပိတ်ထားသည်ဆိုတော့ သူလည်းဘာမှမတတ်နိုင်တော့ဘူး မဟုတ်လား။
အဲ့တော့ သူ့စိတ်ကို ငြိမ်ငြိမ်လေးထား၍ ၀င့်ဖူးသဇင်ကျောင်းကပြန်ရောက်လာမယ့်အချိန်ကို မှန်းဆပြီး နွေးနေခြည်ထံသို့သာ လှမ်းမေးကြည့်ရန်ပင်ရှိပါတော့သည်။
ဒီလိုနဲ့ဘဲ သောကြာနေ့တစ်နေ့ရဲ့ နေ့လည်ပိုင်း၌ ပြည့်သိင်္ဂီဟာ သူငယ်ချင်းနှစ်ယောက်ရဲ့ကြားမှာ စိတ်မောလူမောဖြစ်နေခဲ့ရပါတယ်။
.
.
"နေခြည်ရယ်...နင့်ကိုကြည့်ရတာ တော်တော်ကိုစိတ်မသက်သာလိုက်တာဟယ်"
တကယ်ပါ..စနေ တနင်္ဂနွေ နှစ်၇က်ထဲနဲ့ မျက်နှာတွေပါချောင်ကျပြီး ပိန်သွားတဲ့ နွေးနေခြည် ကြောင့် ပြည့်သိင်္ဂီလည်း ထိန်းနေတဲ့ကြားထဲကမှ ထိုသို့ပြောမိသွား၏။
"ပြည့်,,,ငါဘယ်လိုလုပ်ရမှန်းကိုမသိတော့ဘူးဟာ...ဇင်က ဒီလိုမျိုးကြီး ဘာမပြော ညာမပြောနဲ့ ပျောက်သွားတာ ငါ့မှာစိတ်ပူလို့ သေတော့မယ်"
"ဖုန်းရော အခုချိန်ထိ စက်ပိတ်ထားတုန်းဘဲလား"
"အင်း... ပိတ်ထားတုန်းဘဲ"
"ငါလည်း နင့်ကိုကြည့်ပြီးတော်တော်ကိုစိတ်မကောင်းဘူးနေခြည်ရယ်...ငါကူညီပေးချင်ပေမယ့် ငါလည်း ဘယ်လိုကူညီရမှန်းကိုမသိဘူးဖြစ်နေတယ်"
ဘာမှမကူညီပေးနိုင်တဲ့အတွက် အားနာပြီး စိတ်မကောင်းဖြစ်နေတဲ့ ပြည့်သိင်္ဂီရဲ့စိတ်ကိုလည်း ကျွန်မနားလည်ပါတယ်။
အခုချိန်မှာ နားမလည်နိုင်တာကတော့ ဇင့်ရဲ့စိတ်ကိုပါ။
သောကြာနေ့ ညနေတုန်းကလည်း ကျောင်းဆင်းချိန်ရောက်နေပေမယ့် အဆောင်ကိုပြန်မလာခဲ့တဲ့ ဇင်။
ဟော,,,စနေ တနင်္ဂနွေနဲ့ ဒီနေ့မနက်ထိလည်း အဆောင်ကို ဇင်ပြန်မလာခဲ့ဘူး။
ကျောင်းဖွင့်ရက်မိုလို့ ကျောင်းမှာ ဇင်ရှိလို့ရှိငြား ဇင့်ဌာနရှေ့မှာ သွားရှာကြည့်တော့လည်း ဇင့်အရိပ်အယောင်ပင်လုံးဝမတွေ့။
ဇင့်အခန်းထဲက လူတွေကိုမေးကြည့်တော့လည်း ဇင် ဒီမနက်ကျောင်းမလာဘူးတဲ့။
အဲ့ဒါကြောင့်မို့ ကျွန်မမှာ တစ်ယောက်တည်းကမ္ဘာတွေပျက်နေခဲ့တယ်။
ဇင် တစ်ခုခုများဖြစ်နေလို့လား...ဇင် ဒုက္ခရောက်နေလို့လား
ပြည့်ပြောသလို ဇင့်ရဲ့ရည်းစားဆိုတဲ့လူနောက်ကိုများ ဇင်လိုက်သွားသလား။
ကျွန်မ အမျိုးမျိုးစဉ်းစားရင်း အိပ်လို့လည်းမပျော်နိုင် စားလို့လည်းမ၀င်နိုင်ဘဲ လူက နေ့ချင်းညချင်းကို ချုံးချုံးကျနေတဲ့သူတစ်ယောက်လိုဖြစ်နေပြီ။
ပြည့်ကလည်း ကျွန်မကို စိတ်ပူပြီး အမျိုးမျိုးချော့မော့ပြီးသတိပေးနေတယ်။
ကျွန်မ ဘယ်လိုလုပ်ရမလဲ? ဇင်နဲ့ပတ်သက်ပြီး တစ်စုံတစ်ရာသိရဖို့ ကျွန်မဘယ်သူ့ကို အကူအညီသွားတောင်းရမလဲ? ဘယ်သူ့ကိုကျွန်မမေးရမလဲ?
သက်ပြင်းတစ်ချချနဲ့ အခန်းထဲမှာ စဉ်းစားနေတုန်း တစ်ဖက်ခန်းကလူနဲ့ စကားပြောနေတဲ့ ဦးလေးရဲ့အသံကို ကျွန်မကြားလိုက်တယ်။
အယ်,,,,ဟုတ်တာဘဲ။ ဦးလေး....
ဦးလေးကို ကျွန်မမေးလို့ရတာဘဲ။
ကျွန်မ ဇင့်ကိုစိတ်အပူလွန်ပြီး တကယ့်အနီးအနားမှာရှိနေတဲ့ ဦးလေးကိုမေ့နေမိတယ်။
အမှန်ဆို ဦးလေးက ကျွန်မတို့အဆောင်မှူးမလား။
အဲ့တော့ အဆောင်ကို ဇင်ပြန်မလာတာနဲ့ပတ်သက်ပြီး ဦးလေး တစ်ခုခုတော့သိထားမှာဘဲ။
အခုမှပြန်သတိထားမိတော့ ဇင် သုံးရက်လုံး အဆောင်မှာရှိမနေတာတောင် ဦးလေးတစ်ခွန်း မှလာမမေးဘူးဘဲ။
ကျွန်မဇင့်ကို စိတ်သာပူနေတာ...တကယ်တမ်းဇင့်အကြောင်းနဲ့ ပတ်သက်ပြီး မေးလို့ရတဲ့ ဦးလေးကို ကျ ကျွန်မလုံးဝမေ့နေ၇တယ်လို့၊
တောက်စ်..ကျွန်မတော်တော်ကိုအသုံးမကျတာဘဲ။
တစ်ယောက်တည်းအားမလိုအားမရဖြစ်ရင်း ဦးလေးထံသို့ နွေးနေခြည် အမြန်သွားပြီး မေး၏။
"ဦးလေး...ဇင်...ဦးလေးကို ဖုန်းဆက်သေးလားဟင်"
"ဇင်? အော်...၀င့်ဖူးသဇင်ကိုပြောတာလား သမီး"
"ဟုတ်တယ် ဦးလေး။"
"သောကြာနေ့ညနေတုန်းကတော့ ဦးလေးဆီဖုန်းဆက်တယ်သမီးရဲ့...ဘာဖြစ်လို့လဲ"
ထင်တဲ့အတိုင်းဘဲ...ဦးလေးက ဇင်ဘာကြောင့် အဆောင်မှာမရှိလဲဆိုတာရဲ့အကြောင်းအရင်းကို သိနေလို့ သူ့ဆီဘာမှလာမေးတာကိုး။
"ဟို...အဲ့ဒါဆို ဇင် ဦးလေးကိုဖုန်းဆက်တုန်းက ဘာပြောခဲ့တာလဲဆိုတာ သမီးကိုပြန်ပြောပြပါလား"
"အဲ့ကလေးမလေးကတော့ ဦးဆီတိုက်ရိုက်ဆက်တာမဟုတ်ဘူး..သမီးရဲ့။ သူ့အမေဆက်တာ။"
"ဇင့် အမေ ဆက်တာ?"
"ဟုတ်တယ်။ သူတို့အိမ်မှာ အရေးကြီးကိစ္စလေးတွေရှိနေလို့ ၀င့်ဖူးသဇင်ကို အိမ်ခဏပြန်ခေါ် ထားတယ်လို့ လှမ်းပြောတာဘဲကွဲ့"
"အရေးကြီးကိစ္စဆိုတော့ ဘယ်လိုကိစ္စကိုပြောတာလဲဦးလေး"
"အဲ့တာတော့ သူတို့ကိုယ်ရေးကိုယ်တာနဲ့ သက်ဆိုင်နေလို့ ဦးလေးလည်း မမေးလိုက်မိဘူး"
"ဒါဆို ဇင်က ဘယ်တော့ အဆောင်ပြန်လာမှာတဲ့လဲ ဦးလေး"
"တစ်ပတ်လောက်တော့ ကြာမယ်လို့ ပြောတာဘဲ။ဦးလေးက ဒီအကြောင်းတွေကို သမီးသိတယ်ထင်နေတာ။ သမီးမသိဘူးလား?"
"ဟုတ် မသိဘူးဦးလေး။ဇင်ကလည်း သမီးကို မပြောပြထားဘူး"
"ဪ,,,,"
"ကျေးဇူးပါနော်...ဦးလေး။အဲ့ဒါဆို သမီးအခန်းထဲပြန်ဝင်တော့မယ်"
"ဟုတ်ပါပြီကွယ်"
ဇင်တို့ အိမ်မှာအရေးတကြီးကိစ္စရှိလို့တဲ့။
အခုချိန်ထိ ဇင့်ဖုန်းကလည်း စက်မဖွင့်သေးဘူး။
ပြီးတော့သောကြာနေ့တုန်းကပြည့်မြင်ခဲ့တဲ့လူကရောဇင်နဲ့ဘယ်လိုပတ်သတ်နေတဲ့လူလဲ?
ဇင့်အမေပြောတဲ့ အရေးကြီးကိစ္စဆိုတာ အဲ့လူနဲ့များ သက်ဆိုင်နေသလား?
စဉ်းစားရင်းတွေးရင်း ကျွန်မ စိတ်တွေရှုပ်ထွေးလာခဲ့သည်။
ဘာမှမတွေးနိုင်တော့တဲ့အဆုံးမှာတော့ အိပ်ရာပေါ်သာ ခြေပစ်လက်ပစ်ဝင်လှဲရင်း မျက်နှာကြက်ကို ငေးကြည့်နေမိတယ်။
*ဇင်ရယ်,,,တကယ်ဘဲ ဘာအခက်အခဲတွေနဲ့ကြုံနေရတာလဲ?
ဘယ်လိုအရေးကြီးကိစ္စမိုလို့ အခုလိုမျိုး ငါ့ကိုတောင် အသိမပေးနိုင်ရတဲ့အထိ ပျောက်ချင်းမလှ ပျောက်သွားရတာလဲ?
ဒီမေးခွန်းတွေရဲ့အဖြေကိုတော့ ဇင်ကိုယ်တိုင်ဘဲဖြေရှင်းပေးနိုင်လိမ့်မယ်လို့ ငါထင်တယ် ဇင်...
တစ်ပတ်,,,
ဇင့်ဆီက အဖြေစကားတွေကိုကြားရဖို့ တစ်ပတ်ဆိုတဲ့အချိန်ကာလတစ်ခုကို ငါတောင့်ခံပြီး ကျော်ဖြတ်ထားပါ့မယ် ဇင်။
ဒါပေမယ့် တစ်ပတ်ပြည့်ရင်တော့ အရင်လိုမျိုး ဇင် ငါ့အနားကို ပြန်ရောက်လာခဲ့ပါတော့နော်