ဧကရာဇ်ဗျူဟာ [Di Wang Gong Lue]

By ArtemisJT21

2.1M 368K 54.7K

Di Wang Gong Lue (or) Emperor's Strategy {Myanmar Translation} Author : Yu Xiao Lan Shan More

Story Description
Introduction of two main characters and translator's note
အခန်း - ၁ (မြို့တော်တွင်း လူသတ်မှု)
အခန်း -၁ အဆက်
အခန်း - ၂ ( ချိုးရွှမ်ကျီး ယန္တရားတိုက်)
အခန်း-၂ - အဆက်
အခန်း - ၃ (အမတ်မင်းလျို လာပြန်ပြီ)
အခန်း - ၄ (မဟုတ်မှလွဲရော ၊ နောင်တော်ကြီးက ရှားဒါကို ကြိတ်ကြိုက်နေတာများလား)
အခန်း - ၅ (နန်းတော်အတွင်း ပြောင်းလဲမှုတစ်ခုဖြစ်ပွားခြင်း)
အခန်း - ၆ (ဗောဓိစိတ္တ သိုင်းကျင့်စဥ်)
အခန်း- ၇ (ရန်ယွဲ့ ဆောင်)
အခန်း - ၈ (လျိုမျိုးရိုးတို့ ကံဆိုးမိုးမှောင်ကျချိန်)
အခန်း -၉ (တောင်နောက်က တဲအိမ်ငယ်)
အခန်း- ၁၀ (ကောလာဟလ ပြန့်ပွားခြင်း)
အခန်း- ၁၁ (ဆုံတွေ့ခြင်း)
အခန်း - ၁၂
အခန်း- ၁၃ (ကျန်းနန်မှ စာပေပညာရှင်)
အခန်း- ၁၄ (ရှီးနန်၀မ် စိုးရိမ်မနေပါနဲ့တော့)
အခန်း - ၁၅ (ဟွမ်ထျဲန်းစခန်း)
အခန်း- ၁၆ (ဒီကကုန်းကုန်း ခင်ဗျာ)
အခန်း- ၁၇ (ထျဲန်းချန်ချား)
အခန်း- ၁၇ - အဆက်
အခန်း- ၁၈ (ဖေမျဲန်ပြည်)
အခန်း - ၁၉ (တာ့ယန့်မြို့)
အခန်း - ၂၀ (လျှို့၀ှက်စာရင်း)
အခန်း - ၂၁ (သစ်သားသေတ္တာ)
အခန်း - ၂၂ (လျှို့၀ှက်​ဥမင်)
အခန်း - ၂၃ (မြို့ပြင်ရှိ ရွှေတောင်)
အခန်း - ၂၄ (​ေ၀့ကျီယီ့)
အခန်း - ၂၅ (ကွေလိုင်စံအိမ်)
အခန်း -၂၆ (မြို့တော်ဆီ အတူတူပြန်ကြရအောင်)
အခန်း- ၂၇ (ဖန်ရှင်းစစ်တုရင်)
အခန်း - ၂၈ (အဖိုးအို မုချီ)
အခန်း - ၂၉ (ကောင်လိ၀မ် လာမယ်တဲ့)
အခန်း - ၃၀ (ခရမ်းရောင် ဖားပြုပ်)
အခန္း - ၃၀ (Zawgyi font)
အခန်း - ၃၁ (လက်ရုံးရည်ယှဥ်ပြိုင်ပွဲ)
အခန်း - ၃၂ (မြတ်နိုးခြင်းနှလုံးသား)
အခန်း - ၃၃ (ပရိယာယ်မာယာ)
အခန်း - ၃၄ (ရှီးနန်၏ စားသောက်ဖွယ်ရာ အစုံအလင်)
အခန်း - ၃၅ (ချောင်ယာလူမျိုးစု)
အခန်း - ၃၆ (ချောင်ယာ၏ ၀ိညာဥ်ချုပ်သံစဥ်)
အခန်း - ၃၇ (ပဌာန်းဆက်ရှိသူ နောက်တစ်ဦး)
အခန်း - ၃၈ (ဆန်းနန်ကျိုး)
အခန်း - ၃၉ (သဘောတူညီချက်တစ်ခုလောက် လုပ်ကြရအောင်ပါ)
အခန်း - ၄၀ (လိုက်လံရှာဖွေခြင်း)
အခန်း - ၄၁ (နန်းတော် ပြန်ကြမယ်)
အခန်း - ၄၂ (နောင်တော် ချစ်ရတဲ့လူကို ကျွန်တော်တွေ့ဖူးသွားပြီ)
အခန်း - ၄၂ (အဆက်)
အခန်း - ၄၃ (ဆွေးနွေးခြင်း)
အခန်း - ၄၃ - အဆက်-
အခန်း - ၄၄ (ယွီ့ကွမ်းတောင်မှ ပြန်လာခြင်း)
အခန်း - ၄၅ ( တိုင်းခန်းလှည့်လည်တော်မူနေပါတယ်)
အခန်း - ၄၅ - အဆက်
အခန်း - ၄၆ (ပညာရှိတစ်ဦး)
အခန်း - ၄၇ (ချောင်ယာကျွန်း၏ နောက်ကြောင်းဖြစ်စဥ်)
အခန်း - ၄၇ - အဆက်
အခန်း- ၄၈ (ကူအဆိပ် ဖယ်ထုတ်ခြင်း)
အခန်း - ၄၉ (တစ္ဆေခြောက်လှန့်ခြင်း)
အခန်း- ၅၀ (ကျင့်မလား မကျင့်ဘူးလားပြော)
အခန္း - ၅၀ (Zawgyi Font)
အခန်း - ၅၁ (အလိုဆန္ဒ လိုက်လျောခြင်း)
အခန်း- ၅၁ (အဆက်)
အခန်း - ၅၂ (မျှော်လင့်မထားသော အခွင့်ထူး)
အခန်း- ၅၃ (နေ့ခင်းကြောင်တောင်ကြီး သူများတပည့်ကို လာလုနေတယ်ဗျိုး)
အခန်း- ၅၄ (ကြင်သူသက်ထား ပိုင်ဆိုင်ထားရသည့် အရသာ)
အခန်း - ၅၅ (ဆူးဟွိုင်တောင်နန်း)
အခန်း - ၅၅ - အဆက်
အခန်း- ၅၆ ( ရုပ်သွင်အစစ်အမှန်က ဘယ်သူလဲ)
အခန်း - ၅၇ (ရွှမ်မင်ဟန်ထျဲယ်ဓား)
အခန်း - ၅၈ (မိစ္ဆာဓား နိုးထခြင်း)
အခန်း - ၅၉(အသက်ရှင်နေသေးရင်ကို ရပါပြီ)
အခန်း - ၆၀ (သရုပ်ဆောင်ခြင်း)
အခန်း - ၆၁ (ခွဲခွာခြင်း)
အခန်း - ၆၂ (ကွမ်းဟိုင်မြို့)
အခန်း - ၆၃ (ကျွန်းပေါ်က နန်ယန်မျိုးနွယ်များ)
အခန်း - ၆၄ (ရွှမ်ထျဲန်း)
အခန်း - ၆၅ (မိစ္ဆာဓား တစ်ဖန်နိုးထခြင်း)
အခန်း - ၆၆ (နန်းတော်ပြန်ခြင်း)
အခန်း - ၆၇ (မသေအောင်သာ အရင်ကြိုးစားရမယ်)
အခန်း - ၆၇ - အဆက်
အခန်း - ၆၈ (ဂူအောင်းပြီး သိုင်းကျင့်ခြင်း)
အခန်း - ၆၉ (နှစ်သစ်ကူးည)
အခန်း - ၇၀ (တောင်အရပ်သို့ စုန်ဆင်းခြင်း)
အခန်း - ၇၁ (အတွေ့မခံခဲ့ပါပေ)
အခန်း - ၇၂ (အပြန်ခရီး)
အခန်း - ၇၃ (ငယ်ရွယ်စဥ်တုန်းက)
အခန်း - ၇၃ - အဆက် (ပိုင်ရှဲန့်ပြည်မှ လူသတ်သမားများ)
အခန်း - ၇၄ (သဘောတူညီချက် ပြုလုပ်ခြင်း)
အခန်း - ၇၅ (မိတ်ဆွေဟောင်း)
အခန်း - ၇၆ (ခရီးအတူတူ ထွက်ကြမယ်)
အခန်း - ၇၇ (ပိုင်ရှန့်ပြည်)
အခန်း - ၇၈ (ရင်းနှီးသောလူနှင့် ဆုံတွေ့ခြင်း)
အခန်း - ၇၉ (ကျဲန့်ဂိုဏ်းမှ သခင်လေးနှစ်ယောက်)
အခန်း - ၈၀ (ရှင်းကျိုးကျွန်း)
အခန်း - ၈၁ (ဧည့်သည်)
အခန်း - ၈၁ (အဆက်)
အခန်း - ၈၂ (ရင်းနှီးနေသော ယန္တရားလှည့်ကွက်)
အခန်း - ၈၃ (ခြေရာခံခြင်း)
အခန်း - ၈၄ (ကျီးနက်)
အခန်း - ၈၄ (အဆက်)
အခန်း - ၈၅
အခန်း - ၈၅ - (တွေ့ဆုံခြင်း) အဆက်
အခန်း - ၈၆ (တိမ်သလ္လာကန္တာတောင်ထွဋ္)
အခန်း - ၈၇ (သင်္ဘောကြီး)
အခန်း - ၈၈ (ပေါက်ကရ လျှောက်မပြောနဲ့)
အခန်း - ၈၉ (ထျဲန်းချန်ရှားဆိုတာ ဘာလဲ)
အခန်း - ၉၀ (ဆန္ဒရှိတဲ့အတိုင်း ပြန်လာပြီ)
အခန်း - ၉၀ - အဆက် ( အဲ့အမတ်မင်းဝမ်းက ရွှေမြို့တော်ကို ပြန်ရောက်နေပြီတဲ့ )
အခန်း - ၉၁ (ရှီးနန်ဝမ်ကြီး ထပ်ပြီးပုန်ကန်တော့မယ်တဲ့)
အခန်း - ၉၂ (ဒီတစ်ယောက်ကို သွမ့်ဝမ် သတိထားရပါမယ်)
အခန်း - ၉၃ (စန်းချီလန့်)
အခန်း- ၉၄ (ထျဲန်းယင်းမြိုင်နန်း)
အခန်း - ၉၄ - အဆက် (မျှော်လင့်မထားသော ကြမ္မာဆိုး)
အခန်း - ၉၅ (ဘယ်လိုဆင်ခြေမျိုးပဲပေးပေး မရဘူး )
အခန်း - ၉၅ - အဆက် ( ခရမ်းစွဲ ကျောက်စိမ်းနဂါး)
အခန်း - ၉၆ ( စစ်ပွဲမတိုင်ခင် ည )
အခန်း - ၉၇ (ဆွေကျိုးက အရေးအခင်း)
အခန်း - ၉၈ (တောင်ပေါ် ဂူ)
အခန်း - ၉၉ (ပထမစစ်ပွဲတွင် အောင်မြင်မှုဆွတ်ခူးခြင်း)
အခန်း - ၁၀၀ ( ရှီးနန်ဝမ်အတုလား၊ အစစ်လား)
အခန်း - ၁၀၁ (ငြိမ်းချမ်းသော ညတစ်ည)
အခန်း - ၁၀၂ (ငါးမြီးမျိုးနွယ်)
အခန်း - ၁၀၂ - အဆက်
အခန်း - ၁၀၃ (အကောင်းဘက်ကနေ တွေးပေးရမယ်)
အခန်း - ၁၀၄ (အောင်မြင်မှုနှင့်အတူ ပြန်လာခြင်း) Re- Upload.
အခန်း - ၁၀၅ (ပန်းနှစ်ပွင့် ဝေဖြာခြင်း)
အခန်း - ၁၀၆ (ရွှေမြို့တော်၏ ညစျေးတန်း)
အခန်း - ၁၀၇ (ပိုင်ရှန့်ပြည်မှ ဧည့်သည် )
အခန်း - ၁၀၈ (ကျင်းဆူး)
အခန်း - ၁၀၉ (လျိုစန်းဓားပျံဂိုဏ်း)
အခန်း - ၁၁၀ (ငှက်မွေးဝတ်ရုံ အစည်းအဝေး)
အခန်း - ၁၁၁ (ဒူဝူ)
အခန်း - ၁၁၂ (အကြံအစည်)
အခန်း - ၁၁၃ (ရဟန်းတော်)
အခန်း - ၁၁၄ (အမှုစစ်ဆေးခြင်း)
အခန်း - ၁၁၅ (သိုင်းစွမ်းရည် ယှဥ္ပြိုင်ခြင်း)
အခန်း - ၁၁၆ (တွေ့ဆုံခြင်း)
အခန်း - ၁၁၇ (နန်းတော် တူတူသွားကြမယ်)
အကြံပြုချက် တောင်းခံလွှာ + Announcement
အခန်း - ၁၁၈ (ဘယ်တော့ လက်ထပ်မှာလဲ)
အခန်း - ၁၁၉ (နန်းဆောင်ဟောင်း)
အခန်း - ၁၂၀ (တောင်အရပ်သို့ စုန်ဆင်းခြင်း)
အခန်း - ၁၂၁ (ရုပ်သွင်ပြောင်းပြီး လှည့်စားခြင်း)
အခန်း - ၁၂၂ (အရှင်မင်းမြတ် ကြွချီရာလမ်းတွင် လူတစ်ယောက် ကြားဖြတ်ရောက်လာခြင်း)
အခန်း - ၁၂၃ (ရှီးနန်စံအိမ်တော်)
အခန်း - ၁၂၄ (ပစ္စုပ္ပန်အခြေအနေ)
အခန်း - ၁၂၅ (မြေလျှိုးမိုးပျံ)
အခန်း - ၁၂၆ (ပျော်စရာပြဇာတ်)
အခန်း - ၁၂၇ (မာလျို့)
အခန်း - ၁၂၈ (တိုက်ဆိုင်သော တွေ့ဆုံမှု)
အခန်း - ၁၂၉ (စစ်ချီခြင်း)
အခန်း - ၁၃၀ {ထိပ်ပြောင်နှစ်ကောင်}
အခန်း - ၁၃၁ (မြောင့်ရှင်း)
အခန်း - ၁၃၂ ( လူဖမ်းခြင်း)
အခန်း - ၁၃၃ (မကြိုက်ဘူးဆိုလည်း မကြိုက်ဘူးပေါ့)
အခန်း - ၁၃၄ (ဘာလုပ်ဖို့ကြံနေတာလဲ)
အခန်း - ၁၃၆ (အိပ်မက်ဆိုး)

အခန်း - ၁၃၅ (ရုတ်ချည်း ပြောင်းလဲသွားသော အခြေအနေ)

9.4K 1.5K 238
By ArtemisJT21

[မိစ္ဆာအရိပ်ဆိုးဆိုတာ ဘာလဲ]

ချူယွမ်ဆီ ဝမ်းလျိုနျဲန်ရောက်လာခဲ့သည်မှာ အကြောင်းကိစ္စတစ်ခု ရှိနေသောကြောင့်သာဖြစ်၏။

အရင်ရက်တုန်းက ပိုင်ရှန့်ပြည်သို့ပို့လွှတ်လိုက်သော အထောက်တော် ပြန်လာခဲ့ပြီဖြစ်ကြောင်း၊ မြို့ထဲတွင်လည်း ဆူပူအုံကြွမှု မဖြစ်ကြောင်း ၊ တို်င်းသူပြည်သားများကလည်း နောက်ရက်မကြာခင်မှာ နာ့ဝါကို လာရောက်ကြိုဆို၍ နန်းတော်သို့ ပြန်သွားပို့ဖို့ရန် ကမ်းစပ်သို့ သွားစောင့်ကြမည်ဖြစ်ကြောင်း၊ နျဲ့ယွင်စန်းဘက်ကလည်း အိပ်ရာထဲတွင်လှဲနေကာ စံအိမ်မှထွက်လာခြင်းမရှိဘဲ အိမ်တွင်းအောင်းနေကြောင်း ၊ အခြားမှူးမတ်များကတော့ မိမိတို့၏ကျရာတာဝန်အတိုင်း ဆက်လက်ထမ်းဆောင်နေကြကာ ချူရှိန့်ထွက်ပေါ်လာသည့်အရိပ်အယောင်ကိုပင် မတွေ့ရကြောင်း သတင်းတို့ လာပြောခြင်းဖြစ်၏။

ချူယွမ် မျက်မှောင်ကြုတ်သွားသည်။

"အဲ့လောက်တောင် ငြိမ်နေကြတာလား"

"မှန်ပါ့၊ တကယ်ကြီးကို အဲ့အတိုင်းဖြစ်ပျက်နေတာပါ ။ အတော်ထူးဆန်းနေတယ်လို့ ကျွန်တော်မျိုးလည်း ခံစားနေရတယ်၊ တစ်ဖက်ရန်သူက ဘယ်လိုအကြံအစည်တွေ ရှိနေသလဲဆိုတာ လုံးဝခန့်မှန်းလို့မရပြန်ဘူး"

ယခုလိုအချိန်မျိုးတွင် ဧကရာဇ်အရှင်က ထိုကမ်းစပ်သို့ ကြွချီသွားမည်မဟုတ်မှန်း လူတိုင်းသိကြမည်ဖြစ်သည်။ ပိုင်ရှန့်ပြည်အနားတစ်ဝိုက်သို့ပင် ကြွချီသွားမည်မဟုတ်။ ချူရှိန့်က သမုဒ္ဒရာကြမ်းပြင်အောက် လျှို့ဝှက်ယန္တရားများတပ်ဆင်ထားသည်ဟုဆိုခါမှ ဤခေါင်းစားစရာပြဿနာကို အဖြေပေးနိုင်လိမ့်မည်၊ သို့သော် ထိုကိစ္စကလည်း ဖြစ်နိုင်ခြေမရှိပြန်။

အပြန်ပြန်အလှန်လှန် စဥ်းစားလိုက်ပြီးသည့်နောက် ဝမ်းလျိုနျဲန်က ထပ်ပြီးခန့်မှန်းကြည့်လိုက်၏။

"ဒါမှမဟုတ် တစ်ဖက်ရန်သူက နာ့ဝါကို ပြန်ခေါ်သွားမယ့်လူတွေကို ရှင်းပစ်ဖို့လုပ်နေတာများလား"

"အလွန်ဆုံးရှိ အထူးစစ်သည်တော် အင်အားနှစ်ထောင်ကိုပဲ ကိုယ်တော်လွှတ်ပေးနိုင်တယ်၊ ချူရှိန့်ရဲ့အကျင့်စရိုက်အရ အဲ့လောက်လေးနဲ့ ကျေနပ်ရောင့်ရဲမှာ မဟုတ်ဘူး။ အဲ့ဒီနာ့ဝါအယောင်ဆောင်ကနေရော ဘာများမေးလို့ရသေးလဲ"

"မှန်ပါ့၊ မနေ့က ရှီးနန်ဝမ်နဲ့ ကျွန်တော်မျိုးတို့နှစ်ယောက် သူ့ကို စစ်ဆေးမေးမြန်းကြည့်ပြီးပါပြီ။ တကယ်ကိုပဲ သူက ချူရှိန့်ရဲ့လူယုံတော် မဟုတ်ပါဘူးဘုရား။ သုံးရက်လောက် ဆာလောင်မွတ်သိပ်နေတော့မှ စကားထွက်လာတာပါ။ ဒါပေမယ့် အကျိုးရှိတဲ့စကားတွေ အများကြီးမပြောခဲ့ပါဘူး။ အလွန်ဆုံးရှိ အစားထိုးရုပ်သေးရုပ်တစ်ခုသာသာပါပဲ"

ယဲ့ကျင်က ဆေးဖက်ဝင်ဟင်းချိုယူလာသော ဗန်းကို ကိုင်ထားရင်း ပြတင်းပေါက်မှတစ်ဆင့် လှမ်းကြည့်လာ၏။ ချူယွမ်က သူ့အတွက် တံခါးသွားဖွင့်ပေးလိုက်သည်။

"ကိုယ်တော့်ဆီလာတာ ဘာအကြောင်းရှိလို့လဲ"

"ဟင်၊ အမတ်မင်းဝမ်းလည်း ရှိနေတယ်လား။ ခင်ဗျားအတွက် ချောင်းဆိုးတာသက်သာစေမယ့်ဟင်းရည် ကျိုလာပေးတာ၊ ပူတုန်းသောက်မှ အာနိသင်ရှိမှာ။ အမတ်မင်းဝမ်းလည်း သောက်ချင်တယ်ဆိုရင် စားဖိုဆောင်မှာ ထပ်ရှိသေးတယ်"

"အိုက်ချင်းလည်း ဟင်းရည်သွားသောက်လိုက်ပါ၊ သူ့ဘက်က ဘယ်လိုပရိယာယ်တွေ သုံးလာမလဲလို့ စိတ်ထဲမထည့်ပါနဲ့တော့။ နောက်ရက်တွေကျ သူတို့ဘာတွေလုပ်နေကြမှန်း သိလာပါလိမ့်မယ်၊ သတိကြီးကြီးထားဖို့ပဲ လိုတာပါ"

ဝမ်းလျိုနျဲန်လည်း ချူယွမ်အမိန့်ကိုနာခံလိုက်ကာ အစည်းအဝေးခန်းမမှ ထွက်သွားခဲ့သည်။

"ချူရှိန့်အကြောင်း ပြောနေကြပြန်ပြီလား"

ယဲ့ကျင်မေးလာခြင်းဖြစ်၏။

"အင်း၊ ခိုးကြောင်ခိုးဝှက်တွေ လုပ်နေလို့လေ။ ဆိုးသွမ်းယုတ်မာတဲ့နေရာမှာ ဘယ်သူကမှ သူ့ကိုမယှဥ္နိုင်တာအမှန်ပဲ"

ယဲ့ကျင်က ချူယွမ်ဟင်းရည်သောက်နေသည်ကို ကြည့်ရင်း ပြောလာ၏။

"စောနက ကျွန်တော် ဆရာတော်မြောင့်ရှင်းနဲ့ သွားတွေ့ပြန်တယ်။ နာ့ဝါကို နန်းတော်ပြန်ပို့ဖို့တာဝန်ကို သူ ကျေကျေနပ်နပ်ကြီး ထမ်းဆောင်နိုင်ပါတယ်တဲ့"

"ဟုတ်လား၊ အဲ့လိုဆိုရင်လည်း ရတယ်လေ"

ချူယွမ်က ဟင်းရည်ကို ဟိုဟိုဒီဒီ မွှေနေရင်း ​ပြောလိုက်သည်။

"အဲ့ဘုန်းကြီးက - "

ယဲ့ကျင် အတန်ကြာ တွေးတောချင့်ချိန်ပြီးသည့်နောက် တိုးတိုးလေး ပြောလာ၏။

"ခြောက်ပါးသောအာရုံကနေ ကာမဂုဏ်အညစ်အကြေးတွေ စွန်းထင်းပေကျံသွားပြီလား"

"ပေါက်တတ်ကရတွေ၊ အဲ့လိုတွေ လျှောက်လျှောက်မပြောရဘူး"

ချူယွမ်က စိတ်ရှုပ်သွားဟန်ဖြင့် ယဲ့ကျင်အား ဆူပူလိုက်သည်။

"ဘယ်မှာ ပေါက်တတ်ကရဖြစ်နေလို့လဲ။ အရင်ရက်တွေတုန်းကလည်း ကျွန်တော့်ဆီ ရောက်လာပြီး ခင်ဗျားကို ဧကရီအမြန်တင်မြှောက်ခိုင်းဖို့ ကျွန်တော့်ကို တစ်ဆင့်လာပြောခိုင်းတယ်ဗျ။ ပြီးတော့ ပြောသေးတယ်၊ တော်ဝင်မျိုးနွယ်မှာ ထီးနန်းဆက်ခံရမယ့် ထီးညွန့်နန်းလျာ ရှိကိုရှိရမယ်တဲ့၊ ဒါမှ တိုင်းပြည်က ပိုပြီးခိုင်ခံ့အားကောင်းလာမှာတဲ့။ သူက ဟူကွာစစ်ဘုန်းကြီးကျောင်းက ကျောင်းထိုင်ဆရာတော်ထက်တောင် ဝင်ရှုပ်နေသေးတယ်နော်။ ပုရောဟိတ်ကြီး အမတ်မင်းထောင်နဲ့ တစ်တန်းတစ်စားတည်း ဖြစ်တော့မယ်"

ချူယွမ်မျက်နှာမှာ တောင့်တင်းသွား၏။ ထို့နောက် မယုံကြည်နိုင်စွာ မေးလာသည်။

"တကယ်ကြီးလား?"

ယဲ့ကျင်က နားလည်ရခက်နေသည့်ဟန် ဖြစ်နေ၏။

"ကျွန်တော်က ဘာကိစ္စ ခင်ဗျားကို လိမ်ပြောရမှာလဲ။ အရင်ရက်တုန်းက ဒီအကြောင်းနဲ့ပတ်သက်ပြီး ခင်ဗျားဆီ သူ ရောက်မလာဘူးလား"

ဘာလို့ ကျွန်တော့်ဆီ ပြေးလာရတာလဲ၊ ကျွန်တော်လည်း ညှိနှိုင်းပြောဆိုရလွယ်တဲ့လူမှ မဟုတ်တာ။ ဒါမှမဟုတ် သိုင်းလောကထဲက " နူးညံ့သိမ်မွေ့တဲ့ ဇနီးမယား"ဆိုတဲ့ ထုံးတမ်းဓလေ့ကို ယုံနေတဲ့ ငတုံးတွေလည်းရှိနေသေးတာပဲလား။

ချူယွမ်ကမူ မျက်နှာမဲ့နေလျက်။

"ကောင်းကင်သားတော်ရဲ့ လက်ထပ်ဘိသိက်ပွဲကို ဒီလောက်မျှော်နေပုံထောက်ရင် သူ့မွေးရပ်မြေမှာ ထောင်ကျနေတဲ့လူ ရှိနေလို့များလား"

"မင်းကတော့လေ....."

ယဲ့ကျင်က ရောက်တတ်ရာရာ မှန်းလိုက်သောအခါ ချူယွမ်မှာ ဘာပြောရမှန်းပင်မသိတော့။ ယဲ့ကျင်က နှုတ်ခမ်းဆူလိုက်ကာ ဆက်ဆို၏။

"အင်းပါ၊ သွားပြီးအနားယူလိုက်တော့။ ကျွန်တော်လည်း စားဖိုဆောင်ထဲ သန့်ရှင်းရေးသွားလုပ်လိုက်ဦးမယ်"

ချူယွမ်လည်း ပန်းကန်လုံးအလွတ်ကို သူ့ဆီပြန်ပေးလိုက်သည်၊ စိတ်ထဲမှတော့ မြောင့်ရှင်းအ​ကြောင်းကို တွေးနေ၏။ သို့နှင့် အနည်းငယ်ကြာသွားသည့်နောက် သွမ့်ပိုင်ယွဲ့ပြန်ရောက်လာတော့ စားပွဲနားတွင် တစ်ဟောက်တည်း ထိုင်ငေးနေသော ချူယွမ်ကို မြင်လိုက်ရာ အနားသို့တိုးကပ်လာပြီးသည့်နောက် မေးလာ၏။

"ကိုယ့်ကို သတိရနေတာလား"

"မြောင့်ရှင်းအကြောင်း တွေးနေတာ"

"....."

ဘယ်သူလို့ ပြောလိုက်တယ်!!!!

"စောန ရှောင်ကျင်ရောက်လာတော့ အရင်ရက်တုန်းက ​သူ့ဆီ မြောင့်ရှင်းသွားခဲ့တယ်လို့ပြောတယ်။ ဘာအကြောင်းဖြစ်မလဲဆိုတာ မင်းမှန်းကြည့်စမ်း"

သွမ့့်ပိုင်ယွဲ့က စားပွဲပေါ် မှောက်အိပ်လိုက်ပြီးနောက် နားရွက်နှစ်ဖက်ကို လက်ဖြင့် မြဲမြံစွာ အုပ်ထားလိုက်သည်။

ချူယွမ်မှာ သူ့ကို အမြင်လည်းကတ်၊ ရယ်လည်းရယ်ပစ်ချင်နေကာ ထိုလက်များကို အတင်းဆွဲခွာလိုက်၏။

"ကောင်းကောင်းထိုင်စမ်း!!!!"

သွမ့်ပိုင်ယွဲ့က လူကို ရင်ခွင်နှင့်ကပ်နေအောင် ဆွဲဖက်ထားလိုက်ကာ သဝန်တိုနေသောလေသံဖြင့် ပြောလာ၏။

"သူ ဘာလို့ တောင်သခင်ယဲ့ဆီ သွားတာတဲ့တုန်း"

"ငါ့ကို မြန်မြန်လက်ထပ်ဖို့ အတင်းတိုက်တွန်းနေတာ"

သွမ့်ပိုင်ယွဲ့အံ့ဩသွား၏။

"ဟင်၊ ကိုယ်နဲ့လား"

ကတုံးကြီးက တွေးတတ်သွားပြီလား။

ချူယွမ် - "....."

သွမ့်ပိုင်ယွဲ့က သူ့ကိုကြည့်လာ၏။

မဟုတ်ရင် ဘယ်သူနဲ့လက်ထပ်ခိုင်းမို့တုန်း။

"အမတ်မင်းထောင်နဲ့ အတွေးတူအကြံတူတွေပဲ။ ဧကရီမိဖုရားခေါင်ရွေးပြီး အနောက်နန်းဆောင်အပြည့် ကြင်ယာတော်မိဖုရားတွေဖြည့်ခိုင်းစေချင်နေတယ်၊ ပြီးရင် တော်ဝင်မိသားစုအတွက် အဖူးအညွန့်သစ်တွေ ဝေဖြာခိုင်းမယ်တဲ့"

"ဗိုက်ဝအောင် စားသောက်ထားပြီး ဘာမှလုပ်စရာမရှိတော့ အားယားနေတာမလား။ အဲ့ကိစ္စ သူနဲ့ဘာဆိုင်လို့လဲ။ နန်းတွင်းက သေသင့်သေထိုက်တဲ့ အဲ့ဒီအိုကြီးအိုမအမတ်တွေ ပြောလာရင်တောင် ကိုယ် နားလည်ပေးနိုင်သေးတယ် ။ သူကကျ ဘုန်းကြီးဖြစ်နေပြီးတော့......တကယ်ပဲ ကိုယ့်နေရာလည်းမဟုတ်ဘဲ အတင်းဝင်စွက်ဖက်တာပါ့ရော"

"သူက မင်းကို သဘောမကျဘူး။ ပြီးတော့ ငါ့ကိုပါ မြန်မြန်လက်ထပ်ခိုင်းသေးတယ် - "

ချူယွမ်က သွမ့်ပိုင်ယွဲ့ပါးကို ညှစ်လိုက်သည်။ သွမ့်ပိုင်ယွဲ့က ချူယွမ်၏ပြောလက်စ, စကားကို ဆက်ပြောပေးလိုက်၏။

"သေချာပေါက် အမတ်မင်းထောင် ရုပ်ဖျက်ပြီး ရောက်လာတာဖြစ်ရမယ်"

" ...... "

ချူယွမ်မှာ သူ အဆွကောင်းသဖြင့် စိတ်ဆိုးရဖို့ပင် မောနေပြီဖြစ်ကာ လက်ကိုဝှေ့ယမ်းပြလိုက်၏။

"ကဲ...ကဲ... ကိုယ်တော်မြတ် ခဏလောက် နားအေးပါးအေးနေချင်တယ်၊ မင်း ခဏလောက် ထွက်သွားလိုက်"

သွမ့်ပိုင်ယွဲ့က ပြုံးလိုက်ကာ ပို၍ပင် တင်းကျပ်စွာ ဖက်ထားလိုက်၏။

"မင်း ဒီလိုမျိုး မျက်မှောင်ကြီးကြုတ်၊ မျက်နှာကြီးရှုံ့နေတာ ဘယ်နှစ်ရက်တောင် ရှိနေပြီလဲ။ စိတ်လေးကြည်လာဖို့ စနောက်ကျီစယ်ပေးလို့တောင် မရဘူးလားဟမ်"

"ဒါဆို အလုပ်ကိစ္စတွေ အလေးအနက် ဆွေးနွေးကြမယ်၊ အပျော်သဘော မဆော့ကြေး"

"ဘာကို အလေးအနက်ကိစ္စလဲ? မြောင့်ရှင်းလား.....သူ ဘာတွေတွေးနေလဲဆိုတာ ကိုယ်လည်း မမှန်းတတ်ဘူး ၊ မင်းကို သူနဲ့ဝေးရာ ခပ်လှမ်းလှမ်းမှာ နေစေချင်တယ်၊ ကိုယ်ပြောတာ မင်းကမှ လက်မခံတာ "

ချူယွမ်က တစ်ဖက်လူ၏ဆံနွယ်များကို လိုက်ပြီး ဆော့ကစားနေရင်းမေးလာ၏။

"မင်း သူ့ကို တကယ်ကြီးသဘောမကျတာလား"

"သူကမှ ကိုယ့်ကို သဘောမကျတာ၊ ဘာကိစ္စ ကိုယ်က သူ့ကို သဘောကျနေရမှာလဲ"

သွမ့်ပိုင်ယွဲ့ ချက်ချင်းပြန်ပြောလာသည်။

ချူယွမ်က သွမ့်ပိုင်ယွဲ့၏ပါးပြင်ကို ခပ်ဖွဖွပုတ်လိုက်ရင်း အနားသို့တိုးကပ်သွားကာ အနမ်းတစ်ပွင့် အပ်နှင်းလိုက်သည်။ သွမ့်ပိုင်ယွဲ့လည်း အရင်းပြန်ရသွားသည့်အပြင် အခွင့်ကောင်းကို ဆုပ်ကိုင်လိုက်ကာ လူကိုဖက်ရင်း နမ်းတစ်ခါ ချော့တစ်လှည့် ပြောလာ၏။

"ဒါဆို အခုကစပြီး မင်း သူနဲ့သွားတွေ့ရတိုင်း ကိုယ့်ကိုပါ အတူလိုက်သွားခွင့်ပြုပေး၊ ရတယ်မလား"

ချူယွမ် မျက်နှာမဲ့သွားသည်။

"ဘာလို့ လိုက်သွားရမှာလဲ"

သွမ့်ပိုင်ယွဲ့ကမူ ချူယွမ်မျက်နှာအနှံ့အား သူ့မေးဖျားဖြင့် လိုက်ပွတ်လိုက်ကာ ဩရှအက်ကွဲသော ၊ ထို့အပြင် အရှက်တရားကင်းမဲ့သော အသံဖြင့်သာ ပြောလာ၏။

"မမှုပေါင်၊ ရပါတယ်လို့သာ ဖြေ....."

ချူယွမ်မှာ တဖြည်းဖြည်းနှင့် သွမ့်ပိုင်ယွဲ့ကလိသမျှ ခံယူနေရကာ ယားကျိကျိခံစားလာရသည်။ တွန်းလိုက်တော့လည်း တစ်ဖက်လူက ရပ်မပေးသဖြင့် ခေါင်းသာတရိပ်ရိပ်ကိုက်လာ၏။

"အင်းပါ၊ အင်းပါ.....သဘောတူပါတယ်၊ ရပြီလား"

သွမ့်ပိုင်ယွဲ့တစ်ယောက်မှ လွန်စွာမှ အူမြူးသွားကာ ပြုံးဖြီးနေသည်။ ကြီးမားသောလက်ဖဝါးပြင်ဖြင့်လည်း တစ်ဖက်လူ၏ ကျောပြင်ကို ဖက်တွယ်ထားသေးသည်။

ဒီလိုမျိုးဆိုးသွမ်းလို့ရတဲ့အထိ အချစ်ခံရတာ အရမ်းကို နေလို့ကောင်းတာပဲ။

****

ထို့နောက် ရက်အနည်းငယ်ကြာသည့်အထိ မြောင့်ရှင်းက ချူယွမ်ဆီ မသွားဖြစ်ခဲ့။ သတ်မှတ်ထားသောရက်မတိုင်မီ အားလုံးနှင့် ဆွေးနွေးကြသော အစည်းအဝေးခန်းမမှာတွင်သာ ကိုယ်ထင်ပြန်ပြလာ၏။ ထို့နောက် နာ့ဝါကို နန်းတော်ပြန်ပို့ဖို့ရန် တပ်သားများကို ဦးဆောင်ဖို့ ကျေကျေနပ်နပ် တာဝန်ယူလို​ကြောင်းလည်း ပြောလာ၏။ သူပုန်တပ်သားများကို အကုန်ရှင်းပြီးသည့်အထိ စောင့်ပြီးခါမှ တာ့ချူတပ်မကြီးဆီ ပြန်လာခဲ့မည်ဟု ဆိုသည်။

"မနက်ဖြန် ချူရှိန့်ဘာလုပ်မလဲဆိုတာ အရင်စောင့်ကြည့်ကြမယ်၊ ပြီးမှ ဆုံးဖြတ်ချက်ချရရင်လည်း နောက်မကျသေးဘူး"

"ရပါတယ်၊ ဒကာတော်မင်းမြတ်"

****

ထိုနေ့ညက အလွန်ပင် ငြိမ်သက်အေးချမ်းလှသည်။ ရေတပ်ကြီးက နဂိုမူလအစီအစဥ်အတိုင်းပဲ ဆက်လက်ချီတက်ကြရာ နောက်တစ်နေ့မနက်ရောက်တော့ ပိုင်ရှန့်ပြည်ကို လှမ်းမြင်ရတော့လေ၏။ မျှော်ကြည့်လိုက်သောအခါ ထိုကမ်းစပ်ပေါ်တွင် လူများ ကြက်ပျံမကျ စည်ကားထူထပ်စွာ ရောက်ရှိလို့နေပြီဖြစ်သည်။

"ဧကရာဇ်ချူ"

ရှေ့ဆုံးတွင်ရှိနေသောသူမှာ သက်လတ်ပိုင်းအရွယ်အမျိုးသားတစ်ဦးဖြစ်ကာ ဝန်ကြီးအဆင်တန်ဆာများဝတ်ဆင်ထားပြီး ရိုကျိုးနှိမ့်ချစွာ အရိုအသေပြုလာ၏။ သို့သော် မဟာသေနာပတိကြီး နျဲ့ယွင်စန်းကိုမူ အရိပ်သော်မှ မမြင်ရပေ။

ကျောက်ယွဲ့က အမြင့်တစ်နေရာမှသည် ထိုမြင်ကွင်းကိုကြည့်နေ၏။ ယခုထက်ထိ မုမမှန်ဖြစ်မှုကို မတွေ့ရသေးသဖြင့် သင်္ဘောမျှော်စင်ထက်မှ ပြန်၍ဆင်းသက်လာခဲ့သည်။

"ရဲမက်တွေ ရှိမယ့်ပုံမပေါ်ဘူး၊ တိုင်းသူပြည်သားတွေပဲ ရှိနေတာပါဘုရား"

ကျောင်ယွဲ့၏ စကားကို ချူယွမ် ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် လူလွှတ်ပြီး နာ့ဝါအား ခေါ်ဆောင်လာစေ၏။ နာ့ရှီးရှစ်ကတော့ အခုထက်ထိ ပေါ်ကိုမလာ။ ထို့နောက် မြောင့်ရှင်းက နာ့ဝါကိုခေါ်ကာ လှေငယ်တစ်စင်းပေါ် သက်ဆင်းသွား၏။ ထို့နောက် နှစ်ယောက်သား ပိုင်ရှန့်ပြည်သို့ ထွက်သွားတော့သည်။

ခရီးအကွာအဝေးက တဖြည်းဖြည်းကျဥ္းချုံ့လာတော့ ပြည်သူများကလည်း သူတို့၏ ပြည်နယ်ဘုရင်မှာ ခြေပြတ်လက်ပြတ်ဒုက္ခိတ ဖြစ်မသွားကြောင်း ၊ မျက်နှာထားကလည်း ဆင်းရဲဒုက္ခမခံစားခဲ့ရသည့်နှယ် ဒုက္ခဝေဒနာ ခံစားခဲ့ရပုံမပေါ်ကြောင်း ထင်ရှားစွာ တွေ့လိုက်ရကာ ဒူးတုပ်ဝပ်တွားပြီး ဦးညှတ်အလေးပြုလာ၏။ နာ့ဝါလည်း လူအုပ်ထဲ အကြည့်တစ်ချက် အမြန်အကဲခတ်လိုက်တော့ မှူးမတ်အရာရှိများက လက်နှစ်ဖက်ကို ယှက်ကာ အရိုအသေပြုနေကြသည်ကို တွေ့ရသည်။ နျဲ့ယွင်စန်းမှလွဲရင် လူစုံတက်စုံတွေ့နေရသည်ဖြစ်ကာ မျက်နှာစိမ်းသက်သောသူဟူ၍ မပါခဲ့ပေ။ အရာရာတိုင်းက အင်မတန်မှ မူမှန်နေသည်၊ သို့သော်လည်း ဤသို့ငြိမ်နေသည်ကပင် မူမမှန်အဖြစ်ဆုံးဟု ခံစားလို့ရနေ၏။

မြောင့်ရှင်းကမူ ပုတီးကုံးကို လက်ထဲထည့်ကိုင်ထားကာ မျက်နှာထားကလည်း တည်ကြည်နေလို့၊ မျက်ဝန်းများကလည်း အသက်မဲ့နေလို့။ လှေငယ်လေး လုံးဝရပ်တန့်သွားသောအခါမှာမှ နာ့ဝါကိုခေါ်ကာ လှေပေါ်မှ ဆင်းလာခဲ့သည်။

ရာထူးကြီးမှူးမတ်သုံးယောက်ခန့်က သူတို့အား အမြန်ပင် ခရီးဦးကြိုဆိုလာကြ၏။

"ပြည်နယ်ဘုရင် ၊ ဒီတစ်ခေါက်တော့ ပင်ပန်းသွားပါပြီဘုရား"

နာ့ဝါ၏စိတ်ထဲတွင် မြောက်မြားလှစွာသောခံစားချက်များ ရောပြွမ်းရှုပ်ထွေးနေ၏။ တာ့ချူ၏ရေတပ်ဘက်သို့ ပြန်လှမ်းမျှော်ကြည့်လိုက်တော့ သင်္ဘောအပေါ်ဆုံးထပ်တွင်ရပ်ကာ သူ့ကိုလှမ်းမျှော်ကြည့်နေသော ချူယွမ်ကို တွေ့လိုက်ရသည်။

ဘေးနားပတ်ဝန်းကျင်တစ်ခွင် အသံများတိတ်ဆိတ်နေလို့၊ ပြည်သူများကမူ ရင်တဒုန်းဒုန်းခုန်နေကြ၏။ မလှမ်းမကမ်းတွင်ရှိနေသော ထိုရေတပ်က ဘယ်အချိန်မှာများ ကမ်းသို့အပြေးလာကပ်မလဲဟူ၍ ရင်တထိတ်ထိတ်ဖြစ်နေရ၏။

နာ့ဝါက ရင်အုံပေါ်သို့ ဘယ်ဘက်လက်တင်ကာ ချူယွမ်ရှိရာသို့ ဖြည်းညှင်းနှေးကွေးစွာ လှမ်းပြီး ဦးညွှတ်လိုက်၏။ ချူယွမ်လည်း ပြုံးပြလိုက်ကာ လက်ကို အပေါ်မြှောက်လိုက်ပြီး တာ့ချူရေတပ်ကို ပြန်လည်ဆုတ်ခွာစေလိုက်သည်။ ထိုမြင်ကွင်းကို မြင်ရတော့မှ ပြည်သူများက စိတ်ချမ်းသာရာရကာ မိမိတို့လည်း ရှန်းယွမ်ပြည်လိုမျိုး အေးအေးချမ်းချမ်းနေရတော့မည်ဟု ထင်သွားကြသည်။

သို့သော် ရုတ်တရက်ဆိုသလို မြေကြီးကိုပင် တုန်လှုပ်သွားစေသော ပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာ၏။

မြေမှုန်မြေမွှားများက လေထဲတွင် လွင့်စင်သွားလျက်။

ချူယွမ် နှလုံးသားမှာ ချက်ချင်း လှုပ်ခတ်သွားကာ သင်္ဘောဦးထိပ်သို့ အမြန်လျှောက်လှမ်းသွားလိုက်သည်။ ထိုအခါ လျင်မြန်စွာ လှိုက်တက်လာသော အမည်းရောင်မှိုင်းလုံးကြီးများနှင့်အတူ လူများစွာ၏ ကြောက်လန့်တကြား အော်ဟစ်နေကြသောအသံများကိုပါ ကြားလိုက်ရသည်။ သို့နှင့် တစ်ခဏလေးအတွင်းမှာ ပင်လယ်ကမ်းစပ်တစ်လျှောက်မှာ သွေးရောင်များဖြင့် ချင်းချင်းနီသွားတော့သည်။

မြောင့်ရှင်းက နာ့ဝါကိုဆွဲခေါ်ကာ ပင်လယ်ပြင်ဘက် ပျံတက်ခုန်လွှားပြီး ရေမျက်နှာပြင်ပေါ် ထိရုံသာထိခြင်းဖြင့် နင်းလာလိုက်ကာ ရေတပ်သင်္ဘောဆီ အမြန်ပြန်လာခဲ့သည်။ ထို့နောက် သင်္ဘောအပေါ်ဆုံးထပ်သို့ ခိုင်မာစွာ အခြေပြန်ချလိုက်၏။

"ကမ်းစပ်ပေါ် ဘာဖြစ်သွားတာလဲ"

ဝမ်းလျိုနျဲန်က အလန့်တကြား ထမေးလာ၏။

မြောင့်ရှင်းက ခေါင်းခါလိုက်ကာ ပိုင်ရှန့်ပြည်ဆီသို့သာ လှမ်းမျှော်ကြည့်လိုက်သည်။ အချိန်အားဖြင့် တိုတောင်းလှသော်လည်း ရက်စက်ကြမ်းကြုတ်လှသည့် ဗုံးပေါက်ကွဲမှုကြီးမှာ အဆုံးသတ်သွားပြီဖြစ်ကာ နာကျင်မှုကြောင့် ငိုယိုညည်းတွားနေကြသောအသံများက အတောမသတ်နိုင်အောင် လွင့်ပျံ့လာလျက်ရှိသည်။ ပင်လယ်ရေမျက်နှာပြင်ထက်တွင် သက်မဲ့ရုပ်အလောင်းများ ပေါလောမျောနေလျက်ရှိပြီး ကမ်းစပ်တွင်လည်း လူပေါင်းများစွာမှာ နာကျင်စွာ လူးလိမ့်ခံစားနေကြသည်။ လူသူများဖြင့်စည်ကားနေကြသော ထိုဆိပ်ကမ်းမှာ တစ်ခခဏလေးအတွင်းမှာတွင် ငရဲဘုံပမာ ပြောင်းလဲသွားပေသည်။

ပြာလဲ့လဲ့ရေပြင်ပေါ် သွေးနီရောင်လွှမ်းသော ကမ်း​စပ်နှင့် အော်ဟစ်ငိုယိုနေကြသောအသံများကို ကြားရသောအခါ ချူယွမ်၏မျက်နှာမှာ တဖြည်းဖြည်းနှင့်ဖြူစုတ်သွားကာ နောက်သို့ ခြေနှစ်လှမ်းဆုတ်မိသွားသည်။
သွမ့်ပိုင်ယွဲ့လည်း သူ့ကို အမြန်လှမ်းထိန်းထားလိုက်ရ၏။

"ဘာဖြစ်သွားတာလဲ"

ချူယွမ်က မျက်ဝန်းများကိုမှိတ်ထားလိုက်ကာ စိတ်အစဥ္အား ပြန်လည်တည်ငြိမ်အောင် ကြိုးစားကြည့်လိုက်သည်။

"ဘာမှမဖြစ်ဘူး၊ လူတွေသာ သွားကယ်လိုက်ပါ"

"ဒကာတော်မင်းမြတ် အခန်းထဲပြန်တော်မူလှည့်ပါ၊ ဒီမြင်ကွင်းကို ဆက်ပြီးမရှုစားပါနဲ့တော့"

မြောင့်ရှင်းအသံက စိတ်ဖိစီးမှုအပြည့် ဖြစ်နေလျက်။

သွမ့်ပိုင်ယွဲ့က ချူယွမ်၏ အေးစက်နေသော လက်ကို ဆုပ်ကိုင်ထားလိုက်သည်္။ ခဏလောက်တုံ့ဆိုင်းနေပြီးနောက် နောက်ဆုံးတော့ နားနေရာအခန်းသို့ ပြန်ခေါ်လာခဲ့သည်။

ယဲ့ကျင်လည်း တပ်တွင်းသမားတော်များကို ကမ်းပေါ်အမြန်ခေါ်သွားဖို့ ရှန်ချန်းဖုန်းအား ပြောကြားလိုက်၏။ သူကိုယ်တိုင်ကတော့ ချူယွမ်ရှိရာ သင်္ဘောဝမ်းခန်းထဲသို့ လိုက်သွားလိုက်သည်၊ ထို့အပြင် ဤကိစ္စမှာ သူ လုံးဝနားမလည်နိုင်သောကိစ္စ ဖြစ်နေ၏။

ဤဖြစ်ရပ်က ရက်စက်ကြမ်းကြုတ်လွန်းသည်မှန်သော်လည်း ချူယွမ်က စစ်ပွဲအလီလီနွှဲကာ အသွေးအသားများ စတေးခံရပြီးမှ ရာဇပလ္လင်ကို ရလာခဲ့ခြင်း မဟုတ်ပါလား။ ထိုသို့ဆိုလျှင် စောနတုန်းကအဖြစ်ကို ဘာကြောင့်များ ဆက်ပြီးရပ်ကြည့်လို့တောင်မရသည့်အထိ ဖြစ်သွားပါသလဲ။

****

ရှန်ချန်းဖုန်းလည်း အထူးတပ်သားအဖွဲ့အင်အားနှစ်ထောင်နှင့်အတူ တပ်တွင်းသမားတော်များကိုခေါ်ကာ ကမ်းပေါ် တက်သွားခဲ့သည်။ ဘေးနားတစ်ဝိုက်တွင် မူမမှန်ဖြစ်မှုမျိုး လုံးဝမရှိဟု သေချာသွားသောအခါမှ အသက်ရှင်ကျန်ရစ်နေသေးသောသူများကို စပြီး ကုသမှုပေးကြတော့သည်။

နာ့ဝါကမူ အရုပ်ကြိုးပြတ်ထိုင်ကျသွားကာ အဝေးသို့သာ ငေးမျှော်ကြည့်နေ၏။ သူ့ အပြုအမူများမှာ သစ်တုံးကြီးသို့နှယ် မာတောင့်နေလို့၊ စောနဖြစ်စဥ္မှ သတိပြန်လည်မလာနိုင်သေးခြင်း ဖြစ်တန်ရာသည်။

သွမ့်ယောင်က ဘေးနားတွင်ထိုင်လိုက်ကာ သူ့ပခုံးအား ပုတ်ပေးလာ၏၊ သို့သော် မည်သို့နှစ်သိမ့်ရမှန်းလည်း မသိတော့ပါချေ။

နောက်ကွယ်တွင်ရှိနေသော တရားခံမှာ အင်မတန်မှ ရွံရှာမုန်းတီးစရာကောင်းလှပေသည်။ တာ့ချူကို ညှိနှိုင်းတိုက်ခိုက်၍မရနိုင်မှန်း သိထားသည်မို့ ယခုနည်းလမ်းကို သုံးလိုက်ကြခြင်းဖြစ်မှန်း သိသာပေသည်။ သူတို့၏အခဲမကြေမှုများအတွက် အပြစ်မဲ့ပြည်သူများ၏ အသက်ကို ဘေးပြုရန်ရှာလာမည်ဟု လုံးဝထင်မထားခဲ့ပါချေ။

******

"ဘာမှမဖြစ်တော့ဘူး၊ ဟုတ်ပြီလား"

သင်္ဘောဝမ်းခန်းထဲတွင် သွမ့်ပိုင်ယွဲ့က ချူယွမ်အား တင်းကျပ်စွာ ပွေ့ဖက်ထားကာ တိုးတိုးဖွဖွ ပြောဆိုနှစ်သိမ့်လာ၏။

"ကျန်တာ ကိုယ့်တာဝန်ထား၊ မင်း အဲ့အကြောင်း ထပ်မတွေးနဲ့တော့"

"ငါ ဘာမှမဖြစ်တော့ဘူး"

ချူယွမ်က သူ၏အင်္ကျီစကို ဆွဲကိုင်ထားသည်။ ကျောပြင်တစ်ခုလုံးတွင်လည်း ချွေးစေးများဖြင့် စိုရွဲနေလို့။

ယဲ့ကျင်က သွမ့်ပိုင်ယွဲ့ကို ကြည့်လာ၏။

သို့သော် သူတို့နှစ်ယောက်စလုံး မည်သူကမှ အကြောင်းရင်းကိုသေချာမသိကြ။ ယဲ့ကျင်က ချူယွမ်အား စိတ်ငြိမ်ဆေးတစ်လုံး တိုက်ပေးလိုက်သည်။

စိတ်ပြန်ငြိမ်ပြီးခါမှ ဆက်ပြောကြပါစို့။

****

မြောင့်ရှင်းလည်း သင်္ဘောဝမ်းခန်းသို့အပူတပြင်းလိုက်လာခဲ့သည်။

"ဒကာတော်မင်းမြတ်ရော ဘယ်လိုနေသေးလဲ"

"ခဏနေဦး"

ယဲ့ကျင်က လုံးဝတုန့်ဆိုင်းခြင်းမရှိဘဲ မြောင့်ရှင်းအား မေးလိုက်သည်။

"စောနက အရှင်မင်းမြတ်ကို အခန်းထဲပြန်ခေါ်သွားဖို့ ရှီးနန်ဝမ်ကို ဘာလို့ ချက်ချင်းမိန့်ကြားလိုက်ပါသလဲ၊ အရှင်ဘုရား"

"ဒကာတော်မင်းမြတ်က မေတ္တာကရုဏာကြီးမားတဲ့ စိတ်နှလုံးသား ပိုင်ဆိုင်ထားတော်မူတယ်၊ ဒီလိုအနိဋ္ဌာရုံမျိုးကို ဆက်လက်ကြည့်ရှုခွင့်မပြုနိုင်ပါဘူး"

"အရှင်ဘုရား မပြောပြဘူးဆိုရင်လည်း အထဲကို ဝင်မသွားပါနဲ့တော့"

သို့သော် မြောင့်ရှင်းက တည်ကြည်လေးနက်စွာဆိုလာ၏။

"မင်းသား(၉)သာ ဆက်မေးနေရင် ဘုန်းကြီးဘက်ကလည်း ပြောပြနိုင်တဲ့စကား တစ်ခွန်းတည်းရှိပါတယ်။ အခုချိန်မှာ ဒကာတော်မင်းမြတ်က မိစ္ဆာအရိပ်ဆိုးရဲ့တိုက်ခိုက်ခြင်းကို ခံနေရတာပါ။ ဒါကြောင့် ကျေးဇူးပြုပြီး ဘုန်းကြီးကို မတားပါနဲ့။ မဟုတ်ရင် ပြဿနာတက်ကုန်လိမ့်မယ်"

"မိစ္ဆာအရိပ်ဆိုးဆိုတာ ဘာလဲ"

မြောင့်ရှင်း ခေါင်းခါလိုက်သည်။ ထို့နောက် ယဲ့ကျင်ကို ကျော်ကာ အခန်းထဲဝင်သွားလိုက်၏။

****

ချူယွမ်မှာမူ ဆေးသောက်ပြီးသွားသည်နှင့် နှစ်ခြိုက်စွာအိပ်မောကျသွားသည်။ သွမ့်ပိုင်ယွဲ့က သူ့ကို သလွန်တော်ပေါ် ချပေးလိုက်ကာ စောင်ကိုလည်း ညင်သာစွာခြုံလွှမ်းပေးလိုက်၏။ ထို့နောက် စွတ်စိုနေသော မျက်တောင်ဖျားများအပေါ် အနမ်းတစ်ပွင့် ခြွေနှင်းလိုက်သည်။

"ကောင်းကောင်းအိပ်နော် ~ "

ထိုစကားသံမှာ လွန်စွာမှ တိုးဖျော့နေကာ မိမိအဖို့ ရင်းနှီးကျွမ်းဝင်လွန်းသဖြင့် ချူယွမ်၏ လက်ချောင်းလေးများမှာ အနည်းငယ်မျှ လှုပ်ခတ်သွား၏။ ထို့နောက် အသက်ရှူသံများက တဖြည်းဖြည်း စည်းချက်ပြန်မှန်သွားသည်၊ သို့သော် ယှက်နွယ်ထားသော လက်များကိုမူ လွှတ်မပေးခဲ့ချေ။

မြောင့်ရှင်းက သလွန်တော်ဘေးနား ရပ်နေကာ ချူယွမ်၏သွေးကြောကို စမ်းသပ်ကြည့်လိုက်၏။ သွမ့်ပိုင်ယွဲ့မော့ကြည့်လိုက်သောအခါ တစ်ဖက်လူနှင့် အကြည့်ချင်းဆုံသွားသည်။

ခဏကြာတော့ မြောင့်ရှင်းက မျက်လွှာချလိုက်ကာ ဆို၏။

"အခုတော့ ဒကာတော်မင်းမြတ်ရဲ့ခန္ဓာတော်က နေကောင်းကျန်းမာနေပါတယ်။ ဒါပေမယ့် ရှီးနန်ဝမ်ကနေ ဘုန်းကြီးကို မမေးသင့်တဲ့ ၊ ပြီးတော့ ဒကာတော်မင်းမြတ်ကိုရော မမေးသင့်တဲ့ ကိစ္စတစ်ခုရှိပါတယ်။ ပြဿနာကို ပိုပြီးတော့ ရှုပ်ထွေးသွားစေမှာမို့လို့ပါ "

ယဲ့ကျင်က အနောက်ဘက်မှလိုက်ပြီး အခန်းထဲဝင်လာ၏။ ထိုအခါ သွမ့်ပိုင်ယွဲ့က သလွန်ဘေးနားထိုင်ကာ ချူယွမ်နှင့် လက်ဆယ်ဖြာစလုံးယှက်ပြီး ဆုပ်ကိုင်ထားသည်ကို မြင်လိုက်ရ၏။ ချစ်ရသောသူ နာမကျန်းဖြစ်သောအခါ ယခုလိုမျိုးအခြေအနေမှာ ပုံမှန်တွေ့မြင်နေကျမြင်ကွင်းဖြစ်သော်လည်း ဘေးနားတွင် ဘုန်းကြီးတစ်ပါးရှိနေခြင်းကတော့.......

တစ်စက်မှ မလှုပ်ရှားသလို တစ်ခွန်းတစ်ပါဒမှလည်း စကားမဆို၊ ဘာတွေ တွေးလို့တွေးနေမှန်းမသိရ။ ထို့အပြင် မိစ္ဆာနတ်ဆိုးများကို နှင်ထုတ်နေသည့်အစီအရင် လုပ်နေဟန်လည်း မပေါ်ပြန်။ ထို့ကြောင့် ယဲ့ကျင်လည်း အင်္ကျီလက်ကို ခေါက်တင်လိုက်ကာ ထိုဘုန်းကြီးကို အပြင်ဆွဲထုတ်လာခဲ့၏။

မြောင့်ရှင်း - "....."

"စောနကကိစ္စကို အရှင်ဘုရား မိန့်လို့မပြီးသေးပါ ဘူး"

"စိတ်ကိုခြောက်လှန့်နေတဲ့ မိစ္ဆာအရိပ်ဆိုးပါ"

"ဒါဆို ခင်ဗျားပြောချင်တာက စောနအပြစ်မဲ့တဲ့ လူတွေအများကြီးကို ချူရှိန့် တမင်သက်သက် သတ်ပြလိုက်တာဟာ အရှင်မင်းမြတ်ရဲ့စိတ်ထဲက မိစ္ဆာအရိပ်ဆိုးကို လှုပ်နှိုးဖို့ပဲပေါ့၊ ဟုတ်လား"

ထိုအကြောင်းကိုကြားတော့မှ ယဲ့ကျင်စိတ်ထဲ ပေါ့ပါးသွားသဖြင့် သက်ပြင်းချနိုင်တော့သည်။ အရင်တုန်းကဆိုလျှင် ချူယွမ်၏ဝေဒနာမှာ စုန်းကဝေအတတ်နှင့် ပြုစားခံထားရသလားဟု သူ ထင်မိသေးသည်။ ထိုမျှသာဆိုလျှင်တော့ ဖြေရှင်းရသိပ်မခက်တော့ပါချေ။

****

အပြင်ဘက်တွင် လူသံများဆူညံနေကြသဖြင့် သွမ့်ပိုင်ယွဲ့လည်း ပြတင်းပေါက်များကို ထ,ပိတ်လိုက်ကာ သလွန်ဘေးနား ပြန်လာမှီလိုက်သည်။ လက်နှစ်ဖက်ကလည်း ချူယွမ်၏ နားနှစ်ဖက်ကို ခပ်ဖွဖွအုပ်ထားပေးလိုက်၏။ ထို့နောက် ချူယွမ်က သူ့ရင်ခွင်ထဲ မျက်နှာတိုးဝှေ့လာရာ ရင်းနှီးသောကိုယ်သင်းနံ့တစ်ခုကို ရသွားသည့်ဟန်နှင့်၊ အိပ်မက်ကမ္ဘာထဲတွင်လည်း အနည်းငယ် ငြိမ်သက်အေးချမ်းရာ ရရှိခဲ့လေသည်။

*****

2021.05.28.

Thz for loving DiWang. 💜💛

******

အခန္း - ၁၃၅ (ရုတ္ခ်ည္း ေျပာင္းလဲသြားေသာ အေျခအေန)

[မိစၧာအရိပ္ဆိုးဆိုတာ ဘာလဲ]

ခ်ူယြမ္ဆီ ဝမ္းလ်ိဳန်ဲန္ေရာက္လာခဲ့သည္မွာ အေၾကာင္းကိစၥတစ္ခု ရိွေနေသာေၾကာင့္သာျဖစ္၏။

အရင္ရက္တုန္းက ပိုင္ရွန္႔ျပည္သို႔ပို႔လႊတ္လိုက္ေသာ အေထာက္ေတာ္ ျပန္လာခဲ့ၿပီျဖစ္ေၾကာင္း၊ ၿမိဳ႔ထဲတြင္လည္း ဆူပူအံုႂကြမႈ မျဖစ္ေၾကာင္း ၊ တို္င္းသူျပည္သားမ်ားကလည္း ေနာက္ရက္မၾကာခင္မွာ နာ့ဝါကို လာေရာက္ႀကိဳဆို၍ နန္းေတာ္သို႔ ျပန္သြားပို႔ဖို႔ရန္ ကမ္းစပ္သို႔ သြားေစာင့္ၾကမည္ျဖစ္ေၾကာင္း၊ န်ဲ့ယြင္စန္းဘက္ကလည္း အိပ္ရာထဲတြင္လွဲေနကာ စံအိမ္မွထြက္လာျခင္းမရိွဘဲ အိမ္တြင္းေအာင္းေနေၾကာင္း ၊ အျခားမွဴးမတ္မ်ားကေတာ့ မိမိတို႔၏က်ရာတာဝန္အတိုင္း ဆက္လက္ထမ္းေဆာင္ေနၾကကာ ခ်ူရိွန္႔ထြက္ေပၚလာသည့္အရိပ္အေယာင္ကိုပင္ မေတြ့ရေၾကာင္း သတင္းတို႔ လာေျပာျခင္းျဖစ္၏။

ခ်ူယြမ္ မ်က္ေမွာင္ၾကဳတ္သြားသည္။

"အဲ့ေလာက္ေတာင္ ၿငိမ္ေနၾကတာလား"

"မွန္ပါ့၊ တကယ္ႀကီးကို အဲ့အတိုင္းျဖစ္ပ်က္ေနတာပါ ။ အေတာ္ထူးဆန္းေနတယ္လို႔ ကြၽန္ေတာ္မ်ိဳးလည္း ခံစားေနရတယ္၊ တစ္ဖက္ရန္သူက ဘယ္လိုအႀကံအစည္ေတြ ရိွေနသလဲဆိုတာ လံုးဝခန္႔မွန္းလို႔မရျပန္ဘူး"

ယခုလိုအခ်ိန္မ်ိဳးတြင္ ဧကရာဇ္အရွင္က ထိုကမ္းစပ္သို႔ ႂကြခ်ီသြားမည္မဟုတ္မွန္း လူတိုင္းသိၾကမည္ျဖစ္သည္။ ပိုင္ရွန္႔ျပည္အနားတစ္ဝိုက္သို႔ပင္ ႂကြခ်ီသြားမည္မဟုတ္။ ခ်ူရိွန္႔က သမုဒၵရာၾကမ္းျပင္ေအာက္ လ်ိႈ႔ဝွက္ယႏၲရားမ်ားတပ္ဆင္ထားသည္ဟုဆိုခါမွ ဤေခါင္းစားစရာျပႆနာကို အေျဖေပးႏိုင္လိမ့္မည္၊ သို႔ေသာ္ ထိုကိစၥကလည္း ျဖစ္ႏိုင္ေျခမရိျွပန္။

အျပန္ျပန္အလွန္လွန္ စဥ္းစားလိုက္ၿပီးသည့္ေနာက္ ဝမ္းလ်ိဳန်ဲန္က ထပ္ၿပီးခန္႔မွန္းၾကည့္လိုက္၏။

"ဒါမွမဟုတ္ တစ္ဖက္ရန္သူက နာ့ဝါကို ျပန္ေခၚသြားမယ့္လူေတြကို ရွင္းပစ္ဖို႔လုပ္ေနတာမ်ားလား"

"အလြန္ဆံုးရိွ အထူးစစ္သည္ေတာ္ အင္အားႏွစ္ေထာင္ကိုပဲ ကိုယ္ေတာ္လႊတ္ေပးႏိုင္တယ္၊ ခ်ူရိွန္႔ရဲ့အက်င့္စရိုက္အရ အဲ့ေလာက္ေလးနဲ႔ ေက်နပ္ေရာင့္ရဲမွာ မဟုတ္ဘူး။ အဲ့ဒီနာ့ဝါအေယာင္ေဆာင္ကေနေရာ ဘာမ်ားေမးလို႔ရေသးလဲ"

"မွန္ပါ့၊ မေန့က ရွီးနန္ဝမ္နဲ႔ ကြၽန္ေတာ္မ်ိဳးတို႔ႏွစ္ေယာက္ သူ႔ကို စစ္ေဆးေမးျမန္းၾကည့္ၿပီးပါၿပီ။ တကယ္ကိုပဲ သူက ခ်ူရိွန္႔ရဲ့လူယံုေတာ္ မဟုတ္ပါဘူးဘုရား။ သံုးရက္ေလာက္ ဆာေလာင္မြတ္သိပ္ေနေတာ့မွ စကားထြက္လာတာပါ။ ဒါေပမယ့္ အက်ိဳးရိွတဲ့စကားေတြ အမ်ားႀကီးမေျပာခဲ့ပါဘူး။ အလြန္ဆံုးရိွ အစားထိုးရုပ္ေသးရုပ္တစ္ခုသာသာပါပဲ"

ယဲ့က်င္က ေဆးဖက္ဝင္ဟင္းခ်ိဳယူလာေသာ ဗန္းကို ကိုင္ထားရင္း ျပတင္းေပါက္မွတစ္ဆင့္ လွမ္းၾကည့္လာ၏။ ခ်ူယြမ္က သူ႔အတြက္ တံခါးသြားဖြင့္ေပးလိုက္သည္။

"ကိုယ္ေတာ့္ဆီလာတာ ဘာအေၾကာင္းရိွလို႔လဲ"

"ဟင္၊ အမတ္မင္းဝမ္းလည္း ရိွေနတယ္လား။ ခင္ဗ်ားအတြက္ ေခ်ာင္းဆိုးတာသက္သာေစမယ့္ဟင္းရည္ က်ိဳလာေပးတာ၊ ပူတုန္းေသာက္မွ အာနိသင္ရိွမွာ။ အမတ္မင္းဝမ္းလည္း ေသာက္ခ်င္တယ္ဆိုရင္ စားဖိုေဆာင္မွာ ထပ္ရိွေသးတယ္"

"အိုက္ခ်င္းလည္း ဟင္းရည္သြားေသာက္လိုက္ပါ၊ သူ႔ဘက္က ဘယ္လိုပရိယာယ္ေတြ သံုးလာမလဲလို႔ စိတ္ထဲမထည့္ပါနဲ႔ေတာ့။ ေနာက္ရက္ေတြက် သူတို႔ဘာေတြလုပ္ေနၾကမွန္း သိလာပါလိမ့္မယ္၊ သတိႀကီးႀကီးထားဖို႔ပဲ လိုတာပါ"

ဝမ္းလ်ိဳန်ဲန္လည္း ခ်ူယြမ္အမိန္႔ကိုနာခံလိုက္ကာ အစည္းအေဝးခန္းမမွ ထြက္သြားခဲ့သည္။

"ခ်ူရိွန္႔အေၾကာင္း ေျပာေနၾကျပန္ၿပီလား"

ယဲ့က်င္ေမးလာျခင္းျဖစ္၏။

"အင္း၊ ခိုးေၾကာင္ခိုးဝွက္ေတြ လုပ္ေနလို႔ေလ။ ဆိုးသြမ္းယုတ္မာတဲ့ေနရာမွာ ဘယ္သူကမွ သူ႔ကိုမယွဥၷိုင္တာအမွန္ပဲ"

ယဲ့က်င္က ခ်ူယြမ္ဟင္းရည္ေသာက္ေနသည္ကို ၾကည့္ရင္း ေျပာလာ၏။

"ေစာနက ကြၽန္ေတာ္ ဆရာေတာ္ေျမာင့္ရွင္းနဲ႔ သြားေတြ့ျပန္တယ္။ နာ့ဝါကို နန္းေတာ္ျပန္ပို႔ဖို႔တာဝန္ကို သူ ေက်ေက်နပ္နပ္ႀကီး ထမ္းေဆာင္ႏိုင္ပါတယ္တဲ့"

"ဟုတ္လား၊ အဲ့လိုဆိုရင္လည္း ရတယ္ေလ"

ခ်ူယြမ္က ဟင္းရည္ကို ဟိုဟိုဒီဒီ ေမႊေနရင္း ​ေျပာလိုက္သည္။

"အဲ့ဘုန္းႀကီးက - "

ယဲ့က်င္ အတန္ၾကာ ေတြးေတာခ်င့္ခ်ိန္ၿပီးသည့္ေနာက္ တိုးတိုးေလး ေျပာလာ၏။

"ေျခာက္ပါးေသာအာရံုကေန ကာမဂုဏ္အညစ္အေၾကးေတြ စြန္းထင္းေပက်ံသြားၿပီလား"

"ေပါက္တတ္ကရေတြ၊ အဲ့လိုေတြ ေလ်ွာက္ေလ်ွာက္မေျပာရဘူး"

ခ်ူယြမ္က စိတ္ရႈပ္သြားဟန္ျဖင့္ ယဲ့က်င္အား ဆူပူလိုက္သည္။

"ဘယ္မွာ ေပါက္တတ္ကရျဖစ္ေနလို႔လဲ။ အရင္ရက္ေတြတုန္းကလည္း ကြၽန္ေတာ့္ဆီ ေရာက္လာၿပီး ခင္ဗ်ားကို ဧကရီအျမန္တင္ေျမႇာက္ခိုင္းဖို႔ ကြၽန္ေတာ့္ကို တစ္ဆင့္လာေျပာခိုင္းတယ္ဗ်။ ၿပီးေတာ့ ေျပာေသးတယ္၊ ေတာ္ဝင္မ်ိဳးႏြယ္မွာ ထီးနန္းဆက္ခံရမယ့္ ထီးၫြန္႔နန္းလ်ာ ရိွကိုရိွရမယ္တဲ့၊ ဒါမွ တိုင္းျပည္က ပိုၿပီးခိုင္ခံ့အားေကာင္းလာမွာတဲ့။ သူက ဟူကြာစစ္ဘုန္းႀကီးေက်ာင္းက ေက်ာင္းထိုင္ဆရာေတာ္ထက္ေတာင္ ဝင္ရႈပ္ေနေသးတယ္ေနာ္။ ပုေရာဟိတ္ႀကီး အမတ္မင္းေထာင္နဲ႔ တစ္တန္းတစ္စားတည္း ျဖစ္ေတာ့မယ္"

ခ်ူယြမ္မ်က္ႏွာမွာ ေတာင့္တင္းသြား၏။ ထို႔ေနာက္ မယံုၾကည္ႏိုင္စြာ ေမးလာသည္။

"တကယ္ႀကီးလား?"

ယဲ့က်င္က နားလည္ရခက္ေနသည့္ဟန္ ျဖစ္ေန၏။

"ကြၽန္ေတာ္က ဘာကိစၥ ခင္ဗ်ားကို လိမ္ေျပာရမွာလဲ။ အရင္ရက္တုန္းက ဒီအေၾကာင္းနဲ႔ပတ္သက္ၿပီး ခင္ဗ်ားဆီ သူ ေရာက္မလာဘူးလား"

ဘာလို႔ ကြၽန္ေတာ့္ဆီ ေျပးလာရတာလဲ၊ ကြၽန္ေတာ္လည္း ၫွိႏိႈင္းေျပာဆိုရလြယ္တဲ့လူမွ မဟုတ္တာ။ ဒါမွမဟုတ္ သိုင္းေလာကထဲက " ႏူးညံ့သိမ္ေမြ့တဲ့ ဇနီးမယား"ဆိုတဲ့ ထံုးတမ္းဓေလ့ကို ယံုေနတဲ့ ငတံုးေတြလည္းရိွေနေသးတာပဲလား။

ခ်ူယြမ္ကမူ မ်က္ႏွာမဲ့ေနလ်က္။

"ေကာင္းကင္သားေတာ္ရဲ့ လက္ထပ္ဘိသိက္ပြဲကို ဒီေလာက္ေမ်ွာ္ေနပံုေထာက္ရင္ သူ႔ေမြးရပ္ေျမမွာ ေထာင္က်ေနတဲ့လူ ရိွေနလို႔မ်ားလား"

"မင္းကေတာ့ေလ....."

ယဲ့က်င္က ေရာက္တတ္ရာရာ မွန္းလိုက္ေသာအခါ ခ်ူယြမ္မွာ ဘာေျပာရမွန္းပင္မသိေတာ့။ ယဲ့က်င္က ႏႈတ္ခမ္းဆူလိုက္ကာ ဆက္ဆို၏။

"အင္းပါ၊ သြားၿပီးအနားယူလိုက္ေတာ့။ ကြၽန္ေတာ္လည္း စားဖိုေဆာင္ထဲ သန္႔ရွင္းေရးသြားလုပ္လိုက္ၪီးမယ္"

ခ်ူယြမ္လည္း ပန္းကန္လံုးအလြတ္ကို သူ႔ဆီျပန္ေပးလိုက္သည္၊ စိတ္ထဲမွေတာ့ ေျမာင့္ရွင္းအ​ေၾကာင္းကို ေတြးေန၏။ သို႔ႏွင့္ အနည္းငယ္ၾကာသြားသည့္ေနာက္ သြမ့္ပိုင္ယြဲ႔ျပန္ေရာက္လာေတာ့ စားပြဲနားတြင္ တစ္ေဟာက္တည္း ထိုင္ေငးေနေသာ ခ်ူယြမ္ကို ျမင္လိုက္ရာ အနားသို႔တိုးကပ္လာၿပီးသည့္ေနာက္ ေမးလာ၏။

"ကိုယ့္ကို သတိရေနတာလား"

"ေျမာင့္ရွင္းအေၾကာင္း ေတြးေနတာ"

"....."

ဘယ္သူလို႔ ေျပာလိုက္တယ္!!!!

"ေစာန ေရွာင္က်င္ေရာက္လာေတာ့ အရင္ရက္တုန္းက ​သူ႔ဆီ ေျမာင့္ရွင္းသြားခဲ့တယ္လို႔ေျပာတယ္။ ဘာအေၾကာင္းျဖစ္မလဲဆိုတာ မင္းမွန္းၾကည့္စမ္း"

သြမ့္႔ပိုင္ယြဲ႔က စားပြဲေပၚ ေမွာက္အိပ္လိုက္ၿပီးေနာက္ နားရြက္ႏွစ္ဖက္ကို လက္ျဖင့္ ၿမဲျမံစြာ အုပ္ထားလိုက္သည္။

ခ်ူယြမ္မွာ သူ႔ကို အျမင္လည္းကတ္၊ ရယ္လည္းရယ္ပစ္ခ်င္ေနကာ ထိုလက္မ်ားကို အတင္းဆြဲခြာလိုက္၏။

"ေကာင္းေကာင္းထိုင္စမ္း!!!!"

သြမ့္ပိုင္ယြဲ႔က လူကို ရင္ခြင္ႏွင့္ကပ္ေနေအာင္ ဆြဲဖက္ထားလိုက္ကာ သဝန္တိုေနေသာေလသံျဖင့္ ေျပာလာ၏။

"သူ ဘာလို႔ ေတာင္သခင္ယဲ့ဆီ သြားတာတဲ့တုန္း"

"ငါ့ကို ျမန္ျမန္လက္ထပ္ဖို႔ အတင္းတိုက္တြန္းေနတာ"

သြမ့္ပိုင္ယြဲ႔အံ့ဩသြား၏။

"ဟင္၊ ကိုယ္နဲ႔လား"

ကတံုးႀကီးက ေတြးတတ္သြားၿပီလား။

ခ်ူယြမ္ - "....."

သြမ့္ပိုင္ယြဲ႔က သူ႔ကိုၾကည့္လာ၏။

မဟုတ္ရင္ ဘယ္သူနဲ႔လက္ထပ္ခိုင္းမို႔တုန္း။

"အမတ္မင္းေထာင္နဲ႔ အေတြးတူအႀကံတူေတြပဲ။ ဧကရီမိဖုရားေခါင္ေရြးၿပီး အေနာက္နန္းေဆာင္အျပည့္ ၾကင္ယာေတာ္မိဖုရားေတျြဖည့္ခိုင္းေစခ်င္ေနတယ္၊ ၿပီးရင္ ေတာ္ဝင္မိသားစုအတြက္ အဖူးအၫြန္႔သစ္ေတြ ေဝျဖာခိုင္းမယ္တဲ့"

"ဗိုက္ဝေအာင္ စားေသာက္ထားၿပီး ဘာမွလုပ္စရာမရိွေတာ့ အားယားေနတာမလား။ အဲ့ကိစၥ သူနဲ႔ဘာဆိုင္လို႔လဲ။ နန္းတြင္းက ေသသင့္ေသထိုက္တဲ့ အဲ့ဒီအိုႀကီးအိုမအမတ္ေတြ ေျပာလာရင္ေတာင္ ကိုယ္ နားလည္ေပးႏိုင္ေသးတယ္ ။ သူကက် ဘုန္းႀကီးျဖစ္ေနၿပီးေတာ့......တကယ္ပဲ ကိုယ့္ေနရာလည္းမဟုတ္ဘဲ အတင္းဝင္စြက္ဖက္တာပါ့ေရာ"

"သူက မင္းကို သေဘာမက်ဘူး။ ၿပီးေတာ့ ငါ့ကိုပါ ျမန္ျမန္လက္ထပ္ခိုင္းေသးတယ္ - "

ခ်ူယြမ္က သြမ့္ပိုင္ယြဲ႔ပါးကို ၫွစ္လိုက္သည္။ သြမ့္ပိုင္ယြဲ႔က ခ်ူယြမ္၏ေျပာလက္စ, စကားကို ဆက္ေျပာေပးလိုက္၏။

"ေသခ်ာေပါက္ အမတ္မင္းေထာင္ ရုပ္ဖ်က္ၿပီး ေရာက္လာတာျဖစ္ရမယ္"

" ...... "

ခ်ူယြမ္မွာ သူ အဆြေကာင္းသျဖင့္ စိတ္ဆိုးရဖို႔ပင္ ေမာေနၿပီျဖစ္ကာ လက္ကိုေဝ႔ွယမ္းျပလိုက္၏။

"ကဲ...ကဲ... ကိုယ္ေတာ္ျမတ္ ခဏေလာက္ နားေအးပါးေအးေနခ်င္တယ္၊ မင္း ခဏေလာက္ ထြက္သြားလိုက္"

သြမ့္ပိုင္ယြဲ႔က ၿပံဳးလိုက္ကာ ပို၍ပင္ တင္းက်ပ္စြာ ဖက္ထားလိုက္၏။

"မင္း ဒီလိုမ်ိဳး မ်က္ေမွာင္ႀကီးၾကဳတ္၊ မ်က္ႏွာႀကီးရႈံ႔ေနတာ ဘယ္ႏွစ္ရက္ေတာင္ ရိွေနၿပီလဲ။ စိတ္ေလးၾကည္လာဖို႔ စေနာက္က်ီစယ္ေပးလို႔ေတာင္ မရဘူးလားဟမ္"

"ဒါဆို အလုပ္ကိစၥေတြ အေလးအနက္ ေဆြးေနြးၾကမယ္၊ အေပ်ာ္သေဘာ မေဆာ့ေၾကး"

"ဘာကို အေလးအနက္ကိစၥလဲ? ေျမာင့္ရွင္းလား.....သူ ဘာေတြေတြးေနလဲဆိုတာ ကိုယ္လည္း မမွန္းတတ္ဘူး ၊ မင္းကို သူနဲ႔ေဝးရာ ခပ္လွမ္းလွမ္းမွာ ေနေစခ်င္တယ္၊ ကိုယ္ေျပာတာ မင္းကမွ လက္မခံတာ "

ခ်ူယြမ္က တစ္ဖက္လူ၏ဆံႏြယ္မ်ားကို လိုက္ၿပီး ေဆာ့ကစားေနရင္းေမးလာ၏။

"မင္း သူ႔ကို တကယ္ႀကီးသေဘာမက်တာလား"

"သူကမွ ကိုယ့္ကို သေဘာမက်တာ၊ ဘာကိစၥ ကိုယ္က သူ႔ကို သေဘာက်ေနရမွာလဲ"

သြမ့္ပိုင္ယြဲ႔ ခ်က္ခ်င္းျပန္ေျပာလာသည္။

ခ်ူယြမ္က သြမ့္ပိုင္ယြဲ႔၏ပါးျပင္ကို ခပ္ဖြဖြပုတ္လိုက္ရင္း အနားသို႔တိုးကပ္သြားကာ အနမ္းတစ္ပြင့္ အပ္ႏွင္းလိုက္သည္။ သြမ့္ပိုင္ယြဲ႔လည္း အရင္းျပန္ရသြားသည့္အျပင္ အခြင့္ေကာင္းကို ဆုပ္ကိုင္လိုက္ကာ လူကိုဖက္ရင္း နမ္းတစ္ခါ ေခ်ာ့တစ္လွည့္ ေျပာလာ၏။

"ဒါဆို အခုကစၿပီး မင္း သူနဲ႔သြားေတြ့ရတိုင္း ကိုယ့္ကိုပါ အတူလိုက္သြားခြင့္ျပဳေပး၊ ရတယ္မလား"

ခ်ူယြမ္ မ်က္ႏွာမဲ့သြားသည္။

"ဘာလို႔ လိုက္သြားရမွာလဲ"

သြမ့္ပိုင္ယြဲ႔ကမူ ခ်ူယြမ္မ်က္ႏွာအႏွံ႔အား သူ႔ေမးဖ်ားျဖင့္ လိုက္ပြတ္လိုက္ကာ ဩရွအက္ကြဲေသာ ၊ ထို႔အျပင္ အရွက္တရားကင္းမဲ့ေသာ အသံျဖင့္သာ ေျပာလာ၏။

"မမႈေပါင္၊ ရပါတယ္လို႔သာ ေျဖ....."

ခ်ူယြမ္မွာ တျဖည္းျဖည္းႏွင့္ သြမ့္ပိုင္ယြဲ႔ကလိသမ်ွ ခံယူေနရကာ ယားက်ိက်ိခံစားလာရသည္။ တြန္းလိုက္ေတာ့လည္း တစ္ဖက္လူက ရပ္မေပးသျဖင့္ ေခါင္းသာတရိပ္ရိပ္ကိုက္လာ၏။

"အင္းပါ၊ အင္းပါ.....သေဘာတူပါတယ္၊ ရၿပီလား"

သြမ့္ပိုင္ယြဲ႔တစ္ေယာက္မွ လြန္စြာမွ အူျမဴးသြားကာ ၿပံဳးၿဖီးေနသည္။ ႀကီးမားေသာလက္ဖဝါးျပင္ျဖင့္လည္း တစ္ဖက္လူ၏ ေက်ာျပင္ကို ဖက္တြယ္ထားေသးသည္။

ဒီလိုမ်ိဳးဆိုးသြမ္းလို႔ရတဲ့အထိ အခ်စ္ခံရတာ အရမ္းကို ေနလို႔ေကာင္းတာပဲ။

****

ထို႔ေနာက္ ရက္အနည္းငယ္ၾကာသည့္အထိ ေျမာင့္ရွင္းက ခ်ူယြမ္ဆီ မသြားျဖစ္ခဲ့။ သတ္မွတ္ထားေသာရက္မတိုင္မီ အားလံုးႏွင့္ ေဆြးေနြးၾကေသာ အစည္းအေဝးခန္းမမွာတြင္သာ ကိုယ္ထင္ျပန္ျပလာ၏။ ထို႔ေနာက္ နာ့ဝါကို နန္းေတာ္ျပန္ပို႔ဖို႔ရန္ တပ္သားမ်ားကို ၪီးေဆာင္ဖို႔ ေက်ေက်နပ္နပ္ တာဝန္ယူလို​ေၾကာင္းလည္း ေျပာလာ၏။ သူပုန္တပ္သားမ်ားကို အကုန္ရွင္းၿပီးသည့္အထိ ေစာင့္ၿပီးခါမွ တာ့ခ်ူတပ္မႀကီးဆီ ျပန္လာခဲ့မည္ဟု ဆိုသည္။

"မနက္ျဖန္ ခ်ူရိွန္႔ဘာလုပ္မလဲဆိုတာ အရင္ေစာင့္ၾကည့္ၾကမယ္၊ ၿပီးမွ ဆံုးျဖတ္ခ်က္ခ်ရရင္လည္း ေနာက္မက်ေသးဘူး"

"ရပါတယ္၊ ဒကာေတာ္မင္းျမတ္"

****

ထိုေန့ညက အလြန္ပင္ ၿငိမ္သက္ေအးခ်မ္းလွသည္။ ေရတပ္ႀကီးက နဂိုမူလအစီအစဥ္အတိုင္းပဲ ဆက္လက္ခ်ီတက္ၾကရာ ေနာက္တစ္ေန့မနက္ေရာက္ေတာ့ ပိုင္ရွန္႔ျပည္ကို လွမ္းျမင္ရေတာ့ေလ၏။ ေမ်ွာ္ၾကည့္လိုက္ေသာအခါ ထိုကမ္းစပ္ေပၚတြင္ လူမ်ား ၾကက္ပ်ံမက် စည္ကားထူထပ္စြာ ေရာက္ရိွလို႔ေနၿပီျဖစ္သည္။

"ဧကရာဇ္ခ်ူ"

ေရ႔ွဆံုးတြင္ရိွေနေသာသူမွာ သက္လတ္ပိုင္းအရြယ္အမ်ိဳးသားတစ္ၪီးျဖစ္ကာ ဝန္ႀကီးအဆင္တန္ဆာမ်ားဝတ္ဆင္ထားၿပီး ရိုက်ိဳးႏိွမ့္ခ်စြာ အရိုအေသျပဳလာ၏။ သို႔ေသာ္ မဟာေသနာပတိႀကီး န်ဲ့ယြင္စန္းကိုမူ အရိပ္ေသာ္မွ မျမင္ရေပ။

ေက်ာက္ယြဲ႔က အျမင့္တစ္ေနရာမွသည္ ထိုျမင္ကြင္းကိုၾကည့္ေန၏။ ယခုထက္ထိ မုမမွန္ျဖစ္မႈကို မေတြ့ရေသးသျဖင့္ သေဘၤာေမ်ွာ္စင္ထက္မွ ျပန္၍ဆင္းသက္လာခဲ့သည္။

"ရဲမက္ေတြ ရိွမယ့္ပံုမေပၚဘူး၊ တိုင္းသူျပည္သားေတြပဲ ရိွေနတာပါဘုရား"

ေက်ာင္ယြဲ႔၏ စကားကို ခ်ူယြမ္ ေခါင္းညိတ္ျပလိုက္သည္။ ထို႔ေနာက္ လူလႊတ္ၿပီး နာ့ဝါအား ေခၚေဆာင္လာေစ၏။ နာ့ရွီးရွစ္ကေတာ့ အခုထက္ထိ ေပၚကိုမလာ။ ထို႔ေနာက္ ေျမာင့္ရွင္းက နာ့ဝါကိုေခၚကာ ေလွငယ္တစ္စင္းေပၚ သက္ဆင္းသြား၏။ ထို႔ေနာက္ ႏွစ္ေယာက္သား ပိုင္ရွန္႔ျပည္သို႔ ထြက္သြားေတာ့သည္။

ခရီးအကြာအေဝးက တျဖည္းျဖည္းက်ဥ္းခ်ံဳ႔လာေတာ့ ျပည္သူမ်ားကလည္း သူတို႔၏ ျပည္နယ္ဘုရင္မွာ ေျချပတ္လက္ျပတ္ဒုကၡိတ ျဖစ္မသြားေၾကာင္း ၊ မ်က္ႏွာထားကလည္း ဆင္းရဲဒုကၡမခံစားခဲ့ရသည့္ႏွယ္ ဒုကၡေဝဒနာ ခံစားခဲ့ရပံုမေပၚေၾကာင္း ထင္ရွားစြာ ေတြ့လိုက္ရကာ ဒူးတုပ္ဝပ္တြားၿပီး ၪီးၫွတ္အေလးျပဳလာ၏။ နာ့ဝါလည္း လူအုပ္ထဲ အၾကည့္တစ္ခ်က္ အျမန္အကဲခတ္လိုက္ေတာ့ မွဴးမတ္အရာရိွမ်ားက လက္ႏွစ္ဖက္ကို ယွက္ကာ အရိုအေသျပဳေနၾကသည္ကို ေတြ့ရသည္။ န်ဲ့ယြင္စန္းမွလြဲရင္ လူစံုတက္စံုေတြ့ေနရသည္ျဖစ္ကာ မ်က္ႏွာစိမ္းသက္ေသာသူဟူ၍ မပါခဲ့ေပ။ အရာရာတိုင္းက အင္မတန္မွ မူမွန္ေနသည္၊ သို႔ေသာ္လည္း ဤသို႔ၿငိမ္ေနသည္ကပင္ မူမမွန္အျဖစ္ဆံုးဟု ခံစားလို႔ရေန၏။

ေျမာင့္ရွင္းကမူ ပုတီးကံုးကို လက္ထဲထည့္ကိုင္ထားကာ မ်က္ႏွာထားကလည္း တည္ၾကည္ေနလို႔၊ မ်က္ဝန္းမ်ားကလည္း အသက္မဲ့ေနလို႔။ ေလွငယ္ေလး လံုးဝရပ္တန္႔သြားေသာအခါမွာမွ နာ့ဝါကိုေခၚကာ ေလွေပၚမွ ဆင္းလာခဲ့သည္။

ရာထူးႀကီးမွဴးမတ္သံုးေယာက္ခန္႔က သူတို႔အား အျမန္ပင္ ခရီးၪီးႀကိဳဆိုလာၾက၏။

"ျပည္နယ္ဘုရင္ ၊ ဒီတစ္ေခါက္ေတာ့ ပင္ပန္းသြားပါၿပီဘုရား"

နာ့ဝါ၏စိတ္ထဲတြင္ ေျမာက္ျမားလွစြာေသာခံစားခ်က္မ်ား ေရာႁပြမ္းရႈပ္ေထြးေန၏။ တာ့ခ်ူ၏ေရတပ္ဘက္သို႔ ျပန္လွမ္းေမ်ွာ္ၾကည့္လိုက္ေတာ့ သေဘၤာအေပၚဆံုးထပ္တြင္ရပ္ကာ သူ႔ကိုလွမ္းေမ်ွာ္ၾကည့္ေနေသာ ခ်ူယြမ္ကို ေတြ့လိုက္ရသည္။

ေဘးနားပတ္ဝန္းက်င္တစ္ခြင္ အသံမ်ားတိတ္ဆိတ္ေနလို႔၊ ျပည္သူမ်ားကမူ ရင္တဒုန္းဒုန္းခုန္ေနၾက၏။ မလွမ္းမကမ္းတြင္ရိွေနေသာ ထိုေရတပ္က ဘယ္အခ်ိန္မွာမ်ား ကမ္းသို႔အေျပးလာကပ္မလဲဟူ၍ ရင္တထိတ္ထိတ္ျဖစ္ေနရ၏။

နာ့ဝါက ရင္အံုေပၚသို႔ ဘယ္ဘက္လက္တင္ကာ ခ်ူယြမ္ရိွရာသို႔ ျဖည္းၫွင္းေနွးေကြးစြာ လွမ္းၿပီး ၪီးၫႊတ္လိုက္၏။ ခ်ူယြမ္လည္း ၿပံဳးျပလိုက္ကာ လက္ကို အေပၚေျမႇာက္လိုက္ၿပီး တာ့ခ်ူေရတပ္ကို ျပန္လည္ဆုတ္ခြာေစလိုက္သည္။ ထိုျမင္ကြင္းကို ျမင္ရေတာ့မွ ျပည္သူမ်ားက စိတ္ခ်မ္းသာရာရကာ မိမိတို႔လည္း ရွန္းယြမ္ျပည္လိုမ်ိဳး ေအးေအးခ်မ္းခ်မ္းေနရေတာ့မည္ဟု ထင္သြားၾကသည္။

သို႔ေသာ္ ရုတ္တရက္ဆိုသလို ေျမၾကီးကိုပင္ တုန္လႈပ္သြားေစေသာ ေပါက္ကြဲသံႀကီးတစ္ခု ထြက္ေပၚလာ၏။

ေျမမႈန္ေျမမႊားမ်ားက ေလထဲတြင္ လြင့္စင္သြားလ်က္။

ခ်ူယြမ္ ႏွလံုးသားမွာ ခ်က္ခ်င္း လႈပ္ခတ္သြားကာ သေဘၤာၪီးထိပ္သို႔ အျမန္ေလ်ွာက္လွမ္းသြားလိုက္သည္။ ထိုအခါ လ်င္ျမန္စြာ လိႈက္တက္လာေသာ အမည္းေရာင္မိႈင္းလံုးႀကီးမ်ားႏွင့္အတူ လူမ်ားစြာ၏ ေၾကာက္လန္႔တၾကား ေအာ္ဟစ္ေနၾကေသာအသံမ်ားကိုပါ ၾကားလိုက္ရသည္။ သို႔ႏွင့္ တစ္ခဏေလးအတြင္းမွာ ပင္လယ္ကမ္းစပ္တစ္ေလ်ွာက္မွာ ေသြးေရာင္မ်ားျဖင့္ ခ်င္းခ်င္းနီသြားေတာ့သည္။

ေျမာင့္ရွင္းက နာ့ဝါကိုဆြဲေခၚကာ ပင္လယ္ျပင္ဘက္ ပ်ံတက္ခုန္လႊားၿပီး ေရမ်က္ႏွာျပင္ေပၚ ထိရံုသာထိျခင္းျဖင့္ နင္းလာလိုက္ကာ ေရတပ္သေဘၤာဆီ အျမန္ျပန္လာခဲ့သည္။ ထို႔ေနာက္ သေဘၤာအေပၚဆံုးထပ္သို႔ ခိုင္မာစြာ အေျချပန္ခ်လိုက္၏။

"ကမ္းစပ္ေပၚ ဘာျဖစ္သြားတာလဲ"

ဝမ္းလ်ိဳန်ဲန္က အလန္႔တၾကား ထေမးလာ၏။

ေျမာင့္ရွင္းက ေခါင္းခါလိုက္ကာ ပိုင္ရွန္႔ျပည္ဆီသို႔သာ လွမ္းေမ်ွာ္ၾကည့္လိုက္သည္။ အခ်ိန္အားျဖင့္ တိုေတာင္းလွေသာ္လည္း ရက္စက္ၾကမ္းၾကဳတ္လွသည့္ ဗံုးေပါက္ကြဲမႈႀကီးမွာ အဆံုးသတ္သြားၿပီျဖစ္ကာ နာက်င္မႈေၾကာင့္ ငိုယိုညည္းတြားေနၾကေသာအသံမ်ားက အေတာမသတ္ႏိုင္ေအာင္ လြင့္ပ်ံ့လာလ်က္ရိွသည္။ ပင္လယ္ေရမ်က္ႏွာျပင္ထက္တြင္ သက္မဲ့ရုပ္အေလာင္းမ်ား ေပါေလာေမ်ာေနလ်က္ရိွၿပီး ကမ္းစပ္တြင္လည္း လူေပါင္းမ်ားစြာမွာ နာက်င္စြာ လူးလိမ့္ခံစားေနၾကသည္။ လူသူမ်ားျဖင့္စည္ကားေနၾကေသာ ထိုဆိပ္ကမ္းမွာ တစ္ခခဏေလးအတြင္းမွာတြင္ ငရဲဘံုပမာ ေျပာင္းလဲသြားေပသည္။

ျပာလဲ့လဲ့ေရျပင္ေပၚ ေသြးနီေရာင္လႊမ္းေသာ ကမ္း​စပ္ႏွင့္ ေအာ္ဟစ္ငိုယိုေနၾကေသာအသံမ်ားကို ၾကားရေသာအခါ ခ်ူယြမ္၏မ်က္ႏွာမွာ တျဖည္းျဖည္းႏွင့္ျဖဴစုတ္သြားကာ ေနာက္သို႔ ေျခႏွစ္လွမ္းဆုတ္မိသြားသည္။
သြမ့္ပိုင္ယြဲ႔လည္း သူ႔ကို အျမန္လွမ္းထိန္းထားလိုက္ရ၏။

"ဘာျဖစ္သြားတာလဲ"

ခ်ူယြမ္က မ်က္ဝန္းမ်ားကိုမိွတ္ထားလိုက္ကာ စိတ္အစဥ္အား ျပန္လည္တည္ၿငိမ္ေအာင္ ႀကိဳးစားၾကည့္လိုက္သည္။

"ဘာမွမျဖစ္ဘူး၊ လူေတြသာ သြားကယ္လိုက္ပါ"

"ဒကာေတာ္မင္းျမတ္ အခန္းထဲျပန္ေတာ္မူလွည့္ပါ၊ ဒီျမင္ကြင္းကို ဆက္ၿပီးမရႈစားပါနဲ႔ေတာ့"

ေျမာင့္ရွင္းအသံက စိတ္ဖိစီးမႈအျပည့္ ျဖစ္ေနလ်က္။

သြမ့္ပိုင္ယြဲ႔က ခ်ူယြမ္၏ ေအးစက္ေနေသာ လက္ကို ဆုပ္ကိုင္ထားလိုက္သည္္။ ခဏေလာက္တံု႔ဆိုင္းေနၿပီးေနာက္ ေနာက္ဆံုးေတာ့ နားေနရာအခန္းသို႔ ျပန္ေခၚလာခဲ့သည္။

ယဲ့က်င္လည္း တပ္တြင္းသမားေတာ္မ်ားကို ကမ္းေပၚအျမန္ေခၚသြားဖို႔ ရွန္ခ်န္းဖုန္းအား ေျပာၾကားလိုက္၏။ သူကိုယ္တိုင္ကေတာ့ ခ်ူယြမ္ရိွရာ သေဘၤာဝမ္းခန္းထဲသို႔ လိုက္သြားလိုက္သည္၊ ထို႔အျပင္ ဤကိစၥမွာ သူ လံုးဝနားမလည္ႏိုင္ေသာကိစၥ ျဖစ္ေန၏။

ဤျဖစ္ရပ္က ရက္စက္ၾကမ္းၾကဳတ္လြန္းသည္မွန္ေသာ္လည္း ခ်ူယြမ္က စစ္ပြဲအလီလီႏႊဲကာ အေသြးအသားမ်ား စေတးခံရၿပီးမွ ရာဇပလႅင္ကို ရလာခဲ့ျခင္း မဟုတ္ပါလား။ ထိုသို႔ဆိုလ်ွင္ ေစာနတုန္းကအျဖစ္ကို ဘာေၾကာင့္မ်ား ဆက္ၿပီးရပ္ၾကည့္လို႔ေတာင္မရသည့္အထိ ျဖစ္သြားပါသလဲ။

****

ရွန္ခ်န္းဖုန္းလည္း အထူးတပ္သားအဖြဲ႔အင္အားႏွစ္ေထာင္ႏွင့္အတူ တပ္တြင္းသမားေတာ္မ်ားကိုေခၚကာ ကမ္းေပၚ တက္သြားခဲ့သည္။ ေဘးနားတစ္ဝိုက္တြင္ မူမမွန္ျဖစ္မႈမ်ိဳး လံုးဝမရိွဟု ေသခ်ာသြားေသာအခါမွ အသက္ရွင္က်န္ရစ္ေနေသးေသာသူမ်ားကို စၿပီး ကုသမႈေပးၾကေတာ့သည္။

နာ့ဝါကမူ အရုပ္ႀကိဳးျပတ္ထိုင္က်သြားကာ အေဝးသို႔သာ ေငးေမ်ွာ္ၾကည့္ေန၏။ သူ႔ အျပဳအမူမ်ားမွာ သစ္တံုးႀကီးသို႔ႏွယ္ မာေတာင့္ေနလို႔၊ ေစာနျဖစ္စဥၼွ သတိျပန္လည္မလာႏိုင္ေသးျခင္း ျဖစ္တန္ရာသည္။

သြမ့္ေယာင္က ေဘးနားတြင္ထိုင္လိုက္ကာ သူ႔ပခံုးအား ပုတ္ေပးလာ၏၊ သို႔ေသာ္ မည္သို႔ႏွစ္သိမ့္ရမွန္းလည္း မသိေတာ့ပါေခ်။

ေနာက္ကြယ္တြင္ရိွေနေသာ တရားခံမွာ အင္မတန္မွ ရြံရွာမုန္းတီးစရာေကာင္းလွေပသည္။ တာ့ခ်ူကို ၫွိႏိႈင္းတိုက္ခိုက္၍မရႏိုင္မွန္း သိထားသည္မို႔ ယခုနည္းလမ္းကို သံုးလိုက္ၾကျခင္းျဖစ္မွန္း သိသာေပသည္။ သူတို႔၏အခဲမေၾကမႈမ်ားအတြက္ အျပစ္မဲ့ျပည္သူမ်ား၏ အသက္ကို ေဘးျပဳရန္ရွာလာမည္ဟု လံုးဝထင္မထားခဲ့ပါေခ်။

******

"ဘာမွမျဖစ္ေတာ့ဘူး၊ ဟုတ္ၿပီလား"

သေဘၤာဝမ္းခန္းထဲတြင္ သြမ့္ပိုင္ယြဲ႔က ခ်ူယြမ္အား တင္းက်ပ္စြာ ေပြ့ဖက္ထားကာ တိုးတိုးဖြဖြ ေျပာဆိုႏွစ္သိမ့္လာ၏။

"က်န္တာ ကိုယ့္တာဝန္ထား၊ မင္း အဲ့အေၾကာင္း ထပ္မေတြးနဲ႔ေတာ့"

"ငါ ဘာမွမျဖစ္ေတာ့ဘူး"

ခ်ူယြမ္က သူ၏အက်ႌစကို ဆြဲကိုင္ထားသည္။ ေက်ာျပင္တစ္ခုလံုးတြင္လည္း ေခြၽးေစးမ်ားျဖင့္ စိုရြဲေနလို႔။

ယဲ့က်င္က သြမ့္ပိုင္ယြဲ႔ကို ၾကည့္လာ၏။

သို႔ေသာ္ သူတို႔ႏွစ္ေယာက္စလံုး မည္သူကမွ အေၾကာင္းရင္းကိုေသခ်ာမသိၾက။ ယဲ့က်င္က ခ်ူယြမ္အား စိတ္ၿငိမ္ေဆးတစ္လံုး တိုက္ေပးလိုက္သည္။

စိတ္ျပန္ၿငိမ္ၿပီးခါမွ ဆက္ေျပာၾကပါစို႔။

****

ေျမာင့္ရွင္းလည္း သေဘၤာဝမ္းခန္းသို႔အပူတျပင္းလိုက္လာခဲ့သည္။

"ဒကာေတာ္မင္းျမတ္ေရာ ဘယ္လိုေနေသးလဲ"

"ခဏေနၪီး"

ယဲ့က်င္က လံုးဝတုန္႔ဆိုင္းျခင္းမရိွဘဲ ေျမာင့္ရွင္းအား ေမးလိုက္သည္။

"ေစာနက အရွင္မင္းျမတ္ကို အခန္းထဲျပန္ေခၚသြားဖို႔ ရွီးနန္ဝမ္ကို ဘာလို႔ ခ်က္ခ်င္းမိန္႔ၾကားလိုက္ပါသလဲ၊ အရွင္ဘုရား"

"ဒကာေတာ္မင္းျမတ္က ေမတၲာကရုဏာႀကီးမားတဲ့ စိတ္ႏွလံုးသား ပိုင္ဆိုင္ထားေတာ္မူတယ္၊ ဒီလိုအနိ႒ာရံုမ်ိဳးကို ဆက္လက္ၾကည့္ရႈခြင့္မျပဳႏိုင္ပါဘူး"

"အရွင္ဘုရား မေျပာျပဘူးဆိုရင္လည္း အထဲကို ဝင္မသြားပါနဲ႔ေတာ့"

သို႔ေသာ္ ေျမာင့္ရွင္းက တည္ၾကည္ေလးနက္စြာဆိုလာ၏။

"မင္းသား(၉)သာ ဆက္ေမးေနရင္ ဘုန္းႀကီးဘက္ကလည္း ေျပာျပႏိုင္တဲ့စကား တစ္ခြန္းတည္းရိွပါတယ္။ အခုခ်ိန္မွာ ဒကာေတာ္မင္းျမတ္က မိစၧာအရိပ္ဆိုးရဲ့တိုက္ခိုက္ျခင္းကို ခံေနရတာပါ။ ဒါေၾကာင့္ ေက်းဇူးျပဳျပီး ဘုန္းႀကီးကို မတားပါနဲ႔။ မဟုတ္ရင္ ျပႆနာတက္ကုန္လိမ့္မယ္"

"မိစၧာအရိပ္ဆိုးဆိုတာ ဘာလဲ"

ေျမာင့္ရွင္း ေခါင္းခါလိုက္သည္။ ထို႔ေနာက္ ယဲ့က်င္ကို ေက်ာ္ကာ အခန္းထဲဝင္သြားလိုက္၏။

****

ခ်ူယြမ္မွာမူ ေဆးေသာက္ၿပီးသြားသည္ႏွင့္ ႏွစ္ၿခိဳက္စြာအိပ္ေမာက်သြားသည္။ သြမ့္ပိုင္ယြဲ႔က သူ႔ကို သလြန္ေတာ္ေပၚ ခ်ေပးလိုက္ကာ ေစာင္ကိုလည္း ညင္သာစြာၿခံဳလႊမ္းေပးလိုက္၏။ ထို႔ေနာက္ စြတ္စိုေနေသာ မ်က္ေတာင္ဖ်ားမ်ားအေပၚ အနမ္းတစ္ပြင့္ ေႁခြႏွင္းလိုက္သည္။

"ေကာင္းေကာင္းအိပ္ေနာ္ ~ "

ထိုစကားသံမွာ လြန္စြာမွ တိုးေဖ်ာ့ေနကာ မိမိအဖို႔ ရင္းႏွီးကြၽမ္းဝင္လြန္းသျဖင့္ ခ်ူယြမ္၏ လက္ေခ်ာင္းေလးမ်ားမွာ အနည္းငယ္မ်ွ လႈပ္ခတ္သြား၏။ ထို႔ေနာက္ အသက္ရႉသံမ်ားက တျဖည္းျဖည္း စည္းခ်က္ျပန္မွန္သြားသည္၊ သို႔ေသာ္ ယွက္ႏြယ္ထားေသာ လက္မ်ားကိုမူ လႊတ္မေပးခဲ့ေခ်။

ေျမာင့္ရွင္းက သလြန္ေတာ္ေဘးနား ရပ္ေနကာ ခ်ူယြမ္၏ေသြးေၾကာကို စမ္းသပ္ၾကည့္လိုက္၏။ သြမ့္ပိုင္ယြဲ႔ေမာ့ၾကည့္လိုက္ေသာအခါ တစ္ဖက္လူႏွင့္ အၾကည့္ခ်င္းဆံုသြားသည္။

ခဏၾကာေတာ့ ေျမာင့္ရွင္းက မ်က္လႊာခ်လိုက္ကာ ဆို၏။

"အခုေတာ့ ဒကာေတာ္မင္းျမတ္ရဲ့ခႏၶာေတာ္က ေနေကာင္းက်န္းမာေနပါတယ္။ ဒါေပမယ့္ ရွီးနန္ဝမ္ကေန ဘုန္းႀကီးကို မေမးသင့္တဲ့ ၊ ၿပီးေတာ့ ဒကာေတာ္မင္းျမတ္ကိုေရာ မေမးသင့္တဲ့ ကိစၥတစ္ခုရိွပါတယ္။ ျပႆနာကို ပိုၿပီးေတာ့ ရႈပ္ေထြးသြားေစမွာမို႔လို႔ပါ "

ယဲ့က်င္က အေနာက္ဘက္မွလိုက္ၿပီး အခန္းထဲဝင္လာ၏။ ထိုအခါ သြမ့္ပိုင္ယြဲ႔က သလြန္ေဘးနားထိုင္ကာ ခ်ူယြမ္ႏွင့္ လက္ဆယ္ျဖာစလံုးယွက္ၿပီး ဆုပ္ကိုင္ထားသည္ကို ျမင္လိုက္ရ၏။ ခ်စ္ရေသာသူ နာမက်န္းျဖစ္ေသာအခါ ယခုလိုမ်ိဳးအေျခအေနမွာ ပံုမွန္ေတြ့ျမင္ေနက်ျမင္ကြင္းျဖစ္ေသာ္လည္း ေဘးနားတြင္ ဘုန္းႀကီးတစ္ပါးရိွေနျခင္းကေတာ့.......

တစ္စက္မွ မလႈပ္ရွားသလို တစ္ခြန္းတစ္ပါဒမွလည္း စကားမဆို၊ ဘာေတြ ေတြးလို႔ေတြးေနမွန္းမသိရ။ ထို႔အျပင္ မိစၧာနတ္ဆိုးမ်ားကို ႏွင္ထုတ္ေနသည့္အစီအရင္ လုပ္ေနဟန္လည္း မေပၚျပန္။ ထို႔ေၾကာင့္ ယဲ့က်င္လည္း အက်ႌလက္ကို ေခါက္တင္လိုက္ကာ ထိုဘုန္းႀကီးကို အျပင္ဆြဲထုတ္လာခဲ့၏။

ေျမာင့္ရွင္း - "....."

"ေစာနကကိစၥကို အရွင္ဘုရား မိန္႔လို႔မၿပီးေသးပါ ဘူး"

"စိတ္ကိုေျခာက္လွန္႔ေနတဲ့ မိစၧာအရိပ္ဆိုးပါ"

"ဒါဆို ခင္ဗ်ားေျပာခ်င္တာက ေစာနအျပစ္မဲ့တဲ့ လူေတြအမ်ားႀကီးကို ခ်ူရိွန္႔ တမင္သက္သက္ သတ္ျပလိုက္တာဟာ အရွင္မင္းျမတ္ရဲ့စိတ္ထဲက မိစၧာအရိပ္ဆိုးကို လႈပ္ႏိႈးဖို႔ပဲေပါ့၊ ဟုတ္လား"

ထိုအေၾကာင္းကိုၾကားေတာ့မွ ယဲ့က်င္စိတ္ထဲ ေပါ့ပါးသြားသျဖင့္ သက္ျပင္းခ်ႏိုင္ေတာ့သည္။ အရင္တုန္းကဆိုလ်ွင္ ခ်ူယြမ္၏ေဝဒနာမွာ စုန္းကေဝအတတ္ႏွင့္ ျပဳစားခံထားရသလားဟု သူ ထင္မိေသးသည္။ ထိုမ်ွသာဆိုလ်ွင္ေတာ့ ေျဖရွင္းရသိပ္မခက္ေတာ့ပါေခ်။

****

အျပင္ဘက္တြင္ လူသံမ်ားဆူညံေနၾကသျဖင့္ သြမ့္ပိုင္ယြဲ႔လည္း ျပတင္းေပါက္မ်ားကို ထ,ပိတ္လိုက္ကာ သလြန္ေဘးနား ျပန္လာမွီလိုက္သည္။ လက္ႏွစ္ဖက္ကလည္း ခ်ူယြမ္၏ နားႏွစ္ဖက္ကို ခပ္ဖြဖြအုပ္ထားေပးလိုက္၏။ ထို႔ေနာက္ ခ်ူယြမ္က သူ႔ရင္ခြင္ထဲ မ်က္ႏွာတိုးေဝ႔ွလာရာ ရင္းႏွီးေသာကိုယ္သင္းနံ႔တစ္ခုကို ရသြားသည့္ဟန္ႏွင့္၊ အိပ္မက္ကမ႓ာထဲတြင္လည္း အနည္းငယ္ ၿငိမ္သက္ေအးခ်မ္းရာ ရရိွခဲ့ေလသည္။

*****

2021.05.28.

Thz for loving DiWang. 💜💛

******

Continue Reading

You'll Also Like

1.3M 46.4K 61
Myanmar × BL Uni/Zaw [ 2 ] Warning..... Start Date: 29.9.2023 End Date: 20.11.2023 Photo Crd
70.7K 9.8K 73
Author - 麟潜 (Lin Qian). Bai Chu Nian x Lan Bo 白楚年×兰波 Original Title - 人鱼陷落 / ရန်ယွီရှန့်လော့ Eng Title - The Fallen Merman / Preference of Poseid...
33.4K 3.4K 6
အရမ္​း​ေျဖာင္​့တယ္​။ အရမ်းဖြောင့်တယ်။
451K 23.4K 51
အခြေအနေတစ်ခုကြောင့် လက်ထပ်ဖြစ်ခဲ့ကြတယ် အန်တီက ရိုးရဲ့ ဇနီးမယားပါပဲ... အေျခအေနတစ္ခုေၾကာင့္ လက္ထပ္ျဖစ္ခဲ့ၾကတယ္ အန္တီက ရိုးရဲ႕ ဇနီးမယားပါပဲ...