ဧကရာဇ်ဗျူဟာ [Di Wang Gong Lue]

By ArtemisJT21

2.1M 367K 54.7K

Di Wang Gong Lue (or) Emperor's Strategy {Myanmar Translation} Author : Yu Xiao Lan Shan More

Story Description
Introduction of two main characters and translator's note
အခန်း - ၁ (မြို့တော်တွင်း လူသတ်မှု)
အခန်း -၁ အဆက်
အခန်း - ၂ ( ချိုးရွှမ်ကျီး ယန္တရားတိုက်)
အခန်း-၂ - အဆက်
အခန်း - ၃ (အမတ်မင်းလျို လာပြန်ပြီ)
အခန်း - ၄ (မဟုတ်မှလွဲရော ၊ နောင်တော်ကြီးက ရှားဒါကို ကြိတ်ကြိုက်နေတာများလား)
အခန်း - ၅ (နန်းတော်အတွင်း ပြောင်းလဲမှုတစ်ခုဖြစ်ပွားခြင်း)
အခန်း - ၆ (ဗောဓိစိတ္တ သိုင်းကျင့်စဥ်)
အခန်း- ၇ (ရန်ယွဲ့ ဆောင်)
အခန်း - ၈ (လျိုမျိုးရိုးတို့ ကံဆိုးမိုးမှောင်ကျချိန်)
အခန်း -၉ (တောင်နောက်က တဲအိမ်ငယ်)
အခန်း- ၁၀ (ကောလာဟလ ပြန့်ပွားခြင်း)
အခန်း- ၁၁ (ဆုံတွေ့ခြင်း)
အခန်း - ၁၂
အခန်း- ၁၃ (ကျန်းနန်မှ စာပေပညာရှင်)
အခန်း- ၁၄ (ရှီးနန်၀မ် စိုးရိမ်မနေပါနဲ့တော့)
အခန်း - ၁၅ (ဟွမ်ထျဲန်းစခန်း)
အခန်း- ၁၆ (ဒီကကုန်းကုန်း ခင်ဗျာ)
အခန်း- ၁၇ (ထျဲန်းချန်ချား)
အခန်း- ၁၇ - အဆက်
အခန်း- ၁၈ (ဖေမျဲန်ပြည်)
အခန်း - ၁၉ (တာ့ယန့်မြို့)
အခန်း - ၂၀ (လျှို့၀ှက်စာရင်း)
အခန်း - ၂၁ (သစ်သားသေတ္တာ)
အခန်း - ၂၂ (လျှို့၀ှက်​ဥမင်)
အခန်း - ၂၃ (မြို့ပြင်ရှိ ရွှေတောင်)
အခန်း - ၂၄ (​ေ၀့ကျီယီ့)
အခန်း - ၂၅ (ကွေလိုင်စံအိမ်)
အခန်း -၂၆ (မြို့တော်ဆီ အတူတူပြန်ကြရအောင်)
အခန်း- ၂၇ (ဖန်ရှင်းစစ်တုရင်)
အခန်း - ၂၈ (အဖိုးအို မုချီ)
အခန်း - ၂၉ (ကောင်လိ၀မ် လာမယ်တဲ့)
အခန်း - ၃၀ (ခရမ်းရောင် ဖားပြုပ်)
အခန္း - ၃၀ (Zawgyi font)
အခန်း - ၃၁ (လက်ရုံးရည်ယှဥ်ပြိုင်ပွဲ)
အခန်း - ၃၂ (မြတ်နိုးခြင်းနှလုံးသား)
အခန်း - ၃၃ (ပရိယာယ်မာယာ)
အခန်း - ၃၄ (ရှီးနန်၏ စားသောက်ဖွယ်ရာ အစုံအလင်)
အခန်း - ၃၅ (ချောင်ယာလူမျိုးစု)
အခန်း - ၃၆ (ချောင်ယာ၏ ၀ိညာဥ်ချုပ်သံစဥ်)
အခန်း - ၃၇ (ပဌာန်းဆက်ရှိသူ နောက်တစ်ဦး)
အခန်း - ၃၈ (ဆန်းနန်ကျိုး)
အခန်း - ၃၉ (သဘောတူညီချက်တစ်ခုလောက် လုပ်ကြရအောင်ပါ)
အခန်း - ၄၀ (လိုက်လံရှာဖွေခြင်း)
အခန်း - ၄၁ (နန်းတော် ပြန်ကြမယ်)
အခန်း - ၄၂ (နောင်တော် ချစ်ရတဲ့လူကို ကျွန်တော်တွေ့ဖူးသွားပြီ)
အခန်း - ၄၂ (အဆက်)
အခန်း - ၄၃ (ဆွေးနွေးခြင်း)
အခန်း - ၄၃ - အဆက်-
အခန်း - ၄၄ (ယွီ့ကွမ်းတောင်မှ ပြန်လာခြင်း)
အခန်း - ၄၅ ( တိုင်းခန်းလှည့်လည်တော်မူနေပါတယ်)
အခန်း - ၄၅ - အဆက်
အခန်း - ၄၆ (ပညာရှိတစ်ဦး)
အခန်း - ၄၇ (ချောင်ယာကျွန်း၏ နောက်ကြောင်းဖြစ်စဥ်)
အခန်း - ၄၇ - အဆက်
အခန်း- ၄၈ (ကူအဆိပ် ဖယ်ထုတ်ခြင်း)
အခန်း - ၄၉ (တစ္ဆေခြောက်လှန့်ခြင်း)
အခန်း- ၅၀ (ကျင့်မလား မကျင့်ဘူးလားပြော)
အခန္း - ၅၀ (Zawgyi Font)
အခန်း - ၅၁ (အလိုဆန္ဒ လိုက်လျောခြင်း)
အခန်း- ၅၁ (အဆက်)
အခန်း - ၅၂ (မျှော်လင့်မထားသော အခွင့်ထူး)
အခန်း- ၅၃ (နေ့ခင်းကြောင်တောင်ကြီး သူများတပည့်ကို လာလုနေတယ်ဗျိုး)
အခန်း- ၅၄ (ကြင်သူသက်ထား ပိုင်ဆိုင်ထားရသည့် အရသာ)
အခန်း - ၅၅ (ဆူးဟွိုင်တောင်နန်း)
အခန်း - ၅၅ - အဆက်
အခန်း- ၅၆ ( ရုပ်သွင်အစစ်အမှန်က ဘယ်သူလဲ)
အခန်း - ၅၇ (ရွှမ်မင်ဟန်ထျဲယ်ဓား)
အခန်း - ၅၈ (မိစ္ဆာဓား နိုးထခြင်း)
အခန်း - ၅၉(အသက်ရှင်နေသေးရင်ကို ရပါပြီ)
အခန်း - ၆၀ (သရုပ်ဆောင်ခြင်း)
အခန်း - ၆၁ (ခွဲခွာခြင်း)
အခန်း - ၆၂ (ကွမ်းဟိုင်မြို့)
အခန်း - ၆၃ (ကျွန်းပေါ်က နန်ယန်မျိုးနွယ်များ)
အခန်း - ၆၄ (ရွှမ်ထျဲန်း)
အခန်း - ၆၅ (မိစ္ဆာဓား တစ်ဖန်နိုးထခြင်း)
အခန်း - ၆၆ (နန်းတော်ပြန်ခြင်း)
အခန်း - ၆၇ (မသေအောင်သာ အရင်ကြိုးစားရမယ်)
အခန်း - ၆၇ - အဆက်
အခန်း - ၆၈ (ဂူအောင်းပြီး သိုင်းကျင့်ခြင်း)
အခန်း - ၆၉ (နှစ်သစ်ကူးည)
အခန်း - ၇၀ (တောင်အရပ်သို့ စုန်ဆင်းခြင်း)
အခန်း - ၇၁ (အတွေ့မခံခဲ့ပါပေ)
အခန်း - ၇၂ (အပြန်ခရီး)
အခန်း - ၇၃ (ငယ်ရွယ်စဥ်တုန်းက)
အခန်း - ၇၃ - အဆက် (ပိုင်ရှဲန့်ပြည်မှ လူသတ်သမားများ)
အခန်း - ၇၄ (သဘောတူညီချက် ပြုလုပ်ခြင်း)
အခန်း - ၇၅ (မိတ်ဆွေဟောင်း)
အခန်း - ၇၆ (ခရီးအတူတူ ထွက်ကြမယ်)
အခန်း - ၇၇ (ပိုင်ရှန့်ပြည်)
အခန်း - ၇၈ (ရင်းနှီးသောလူနှင့် ဆုံတွေ့ခြင်း)
အခန်း - ၇၉ (ကျဲန့်ဂိုဏ်းမှ သခင်လေးနှစ်ယောက်)
အခန်း - ၈၀ (ရှင်းကျိုးကျွန်း)
အခန်း - ၈၁ (ဧည့်သည်)
အခန်း - ၈၁ (အဆက်)
အခန်း - ၈၂ (ရင်းနှီးနေသော ယန္တရားလှည့်ကွက်)
အခန်း - ၈၃ (ခြေရာခံခြင်း)
အခန်း - ၈၄ (ကျီးနက်)
အခန်း - ၈၄ (အဆက်)
အခန်း - ၈၅
အခန်း - ၈၅ - (တွေ့ဆုံခြင်း) အဆက်
အခန်း - ၈၆ (တိမ်သလ္လာကန္တာတောင်ထွဋ္)
အခန်း - ၈၇ (သင်္ဘောကြီး)
အခန်း - ၈၈ (ပေါက်ကရ လျှောက်မပြောနဲ့)
အခန်း - ၈၉ (ထျဲန်းချန်ရှားဆိုတာ ဘာလဲ)
အခန်း - ၉၀ (ဆန္ဒရှိတဲ့အတိုင်း ပြန်လာပြီ)
အခန်း - ၉၀ - အဆက် ( အဲ့အမတ်မင်းဝမ်းက ရွှေမြို့တော်ကို ပြန်ရောက်နေပြီတဲ့ )
အခန်း - ၉၁ (ရှီးနန်ဝမ်ကြီး ထပ်ပြီးပုန်ကန်တော့မယ်တဲ့)
အခန်း - ၉၂ (ဒီတစ်ယောက်ကို သွမ့်ဝမ် သတိထားရပါမယ်)
အခန်း - ၉၃ (စန်းချီလန့်)
အခန်း- ၉၄ (ထျဲန်းယင်းမြိုင်နန်း)
အခန်း - ၉၄ - အဆက် (မျှော်လင့်မထားသော ကြမ္မာဆိုး)
အခန်း - ၉၅ (ဘယ်လိုဆင်ခြေမျိုးပဲပေးပေး မရဘူး )
အခန်း - ၉၅ - အဆက် ( ခရမ်းစွဲ ကျောက်စိမ်းနဂါး)
အခန်း - ၉၆ ( စစ်ပွဲမတိုင်ခင် ည )
အခန်း - ၉၇ (ဆွေကျိုးက အရေးအခင်း)
အခန်း - ၉၈ (တောင်ပေါ် ဂူ)
အခန်း - ၉၉ (ပထမစစ်ပွဲတွင် အောင်မြင်မှုဆွတ်ခူးခြင်း)
အခန်း - ၁၀၀ ( ရှီးနန်ဝမ်အတုလား၊ အစစ်လား)
အခန်း - ၁၀၁ (ငြိမ်းချမ်းသော ညတစ်ည)
အခန်း - ၁၀၂ (ငါးမြီးမျိုးနွယ်)
အခန်း - ၁၀၂ - အဆက်
အခန်း - ၁၀၃ (အကောင်းဘက်ကနေ တွေးပေးရမယ်)
အခန်း - ၁၀၄ (အောင်မြင်မှုနှင့်အတူ ပြန်လာခြင်း) Re- Upload.
အခန်း - ၁၀၅ (ပန်းနှစ်ပွင့် ဝေဖြာခြင်း)
အခန်း - ၁၀၆ (ရွှေမြို့တော်၏ ညစျေးတန်း)
အခန်း - ၁၀၇ (ပိုင်ရှန့်ပြည်မှ ဧည့်သည် )
အခန်း - ၁၀၈ (ကျင်းဆူး)
အခန်း - ၁၀၉ (လျိုစန်းဓားပျံဂိုဏ်း)
အခန်း - ၁၁၀ (ငှက်မွေးဝတ်ရုံ အစည်းအဝေး)
အခန်း - ၁၁၁ (ဒူဝူ)
အခန်း - ၁၁၂ (အကြံအစည်)
အခန်း - ၁၁၃ (ရဟန်းတော်)
အခန်း - ၁၁၄ (အမှုစစ်ဆေးခြင်း)
အခန်း - ၁၁၅ (သိုင်းစွမ်းရည် ယှဥ္ပြိုင်ခြင်း)
အခန်း - ၁၁၆ (တွေ့ဆုံခြင်း)
အခန်း - ၁၁၇ (နန်းတော် တူတူသွားကြမယ်)
အကြံပြုချက် တောင်းခံလွှာ + Announcement
အခန်း - ၁၁၈ (ဘယ်တော့ လက်ထပ်မှာလဲ)
အခန်း - ၁၁၉ (နန်းဆောင်ဟောင်း)
အခန်း - ၁၂၀ (တောင်အရပ်သို့ စုန်ဆင်းခြင်း)
အခန်း - ၁၂၁ (ရုပ်သွင်ပြောင်းပြီး လှည့်စားခြင်း)
အခန်း - ၁၂၂ (အရှင်မင်းမြတ် ကြွချီရာလမ်းတွင် လူတစ်ယောက် ကြားဖြတ်ရောက်လာခြင်း)
အခန်း - ၁၂၃ (ရှီးနန်စံအိမ်တော်)
အခန်း - ၁၂၄ (ပစ္စုပ္ပန်အခြေအနေ)
အခန်း - ၁၂၅ (မြေလျှိုးမိုးပျံ)
အခန်း - ၁၂၆ (ပျော်စရာပြဇာတ်)
အခန်း - ၁၂၇ (မာလျို့)
အခန်း - ၁၂၈ (တိုက်ဆိုင်သော တွေ့ဆုံမှု)
အခန်း - ၁၂၉ (စစ်ချီခြင်း)
အခန်း - ၁၃၀ {ထိပ်ပြောင်နှစ်ကောင်}
အခန်း - ၁၃၂ ( လူဖမ်းခြင်း)
အခန်း - ၁၃၃ (မကြိုက်ဘူးဆိုလည်း မကြိုက်ဘူးပေါ့)
အခန်း - ၁၃၄ (ဘာလုပ်ဖို့ကြံနေတာလဲ)
အခန်း - ၁၃၅ (ရုတ်ချည်း ပြောင်းလဲသွားသော အခြေအနေ)
အခန်း - ၁၃၆ (အိပ်မက်ဆိုး)

အခန်း - ၁၃၁ (မြောင့်ရှင်း)

8K 1.5K 300
By ArtemisJT21

[ဘာလို့ အော်မိထောဖောရုပ်မျိုးကို မပေါက်တာတုန်း]

အရှေ့အရပ်တွင် အရုဏ်ဦး၏ရောင်ခြည်တန်းများ လင်းဖြာလာပြီဖြစ်ကာ ထိုရွှေရောင်နေခြည်တန်းများက မြူနှင်းရည်များကို ကုန်ခမ်းသွားအောင် ငုံထွေးသောက်သုံးလိုက်ကြသည်။ ချူယွမ်က အမြင့်တစ်နေရာတွင်ရပ်နေကာ မျက်စိတစ်ဆုံး ငေးမောပျံ့လွင့်နေ၏။ ဤခရီးစဥ်တွင် သွမ့်ပိုင်ယွဲ့ကမည်သည့်အမှားအယွင်း အတိမ်းအစောင်းမှမရှိဘဲ ဘေးမသီရန်မခ ပြန်လာနိုင်မည်ဟု သိနေသော်ငြား ချူယွမ် စိတ်မပူဘဲမနေနိုင်ပြန်ပေ။

ယဲ့ကျင်က သင်္ဘောခေါင်မိုးထပ်တွင် ရပ်လိုက်ရင်း " အဟမ်း၊ အဟမ်း "ဆိုပြီး ချောင်းနှစ်ချက်ဆိုးလိုက်ကာ လက်ဝှေ့ယမ်းပြလိုက်၏။

"မနက်စာစားဖို့ ပြန်ဆင်းလာတော့"

"မင်းပဲ အရင်သွားနှင့်၊ ကိုယ်တော် ဗိုက်မဆာသေးဘူး"

ဪ၊ ထမင်းဟင်းတောင် မစားတော့ဘူးပေါ့လေ။

ယဲ့ကျင် အရမ်းရင်နာရ၏။

သံတုံးခပ်ညံ့ညံ့ကို သံကောင်းတစ်ခုဖြစ်လာအောင် ဘယ်လိုမှ ပုံသွင်းလို့ရမည်မဟုတ်တော့။ အစ်ကိုဖြစ်သူ၏ အင်္ကျီလည်ပင်းကို ဆွဲပြီးတော့သာ - " လိမ်လိမ်မာမာလေး နေပေးလို့မရဘူးလားဟမ်!!!!!! "  ဆိုပြီး အားရပါးရ ဆောင့်ဆွဲခါယမ်းပစ်လိုက်ချင်၏။

ထိုစဥ်မှာပင် ချူယွမ်၏မျက်ဝန်းများထဲ ပြုံးရိပ်သမ်းသွား၏။ထို့နောက် အဝေးတစ်နေရာရှိ လူတစ်ယောက်ဆီ လက်ဝှေ့ယမ်းပြနေသည်။

ယဲ့ကျင် ချက်ချင်းလှည့်ကြည့်လိုက်၏။

ထင်ထားသည့်အတိုင်းပါပေ၊ နေခြည်လွှမ်းသောမြူခိုးထုကို လှေငယ်တစ်စင်းက လျင်မြန်စွာ ထွင်းဖောက်ကာ အနားရောက်လာ၏။ တံခွန်လွှင့်ထားသော သင်္ဘောကြီးနားသို့ နီးကပ်လာသောအခါ သွမ့်ပိုင်ယွဲ့က ချူယွမ်အနားသို့ရောက်လာအောင် ခုန်ပျံပြီးရောက်ချလာ၏။

ယဲ့ကျင်မှာ လက်ထဲက ပုလင်းအဖြူကို မြဲမြံစွာ ဆုပ်ကိုင်ထားသည်။

မုန်းစရာကောင်းလိုက်တာ။
ဘာကိစ္စ အဲ့လောက် လောနေရတာလဲ။

ဘေးနားတွင် ရဲမက်အများအပြားရှိသေးသည်မို့ သွမ့်ပိုင်ယွဲ့နှင့်ချူယွမ်တို့နှစ်ယောက်လည်း လိုအပ်သည်ထက်ပိုသော ရင်းနှီးမှုမျိုးကို ထုတ်ဖော်ပြသ၍မရကြ။

ချူယွမ်က မေးလာ၏။

"အလုပ်တာဝန်ကရော ဘယ်လိုနေလဲ"

"အကုန်အဆင်ပြေခဲ့တယ်။ ချူရှိန့်က တကယ်ကိုပဲ ဝူဒိန်းကို သူ့ဘက်တော်သားဖြစ်ဖို့ စည်းရုံးခဲ့သေးတယ်၊ ဒါပေမယ့် အငြင်းခံလိုက်ရတယ်တဲ့။ မနေ့ညကတော့ ဝူဒိန်းက ဘယ်ဘက်ကိုမှ အကူအညီမပေးဘူးဆိုပြီး ပြတ်ပြတ်သားသားပြောလာတယ်၊ ဒီစစ်ပွဲပြီးသွားတဲ့အထိ သူ့တိုင်းပြည်ကိုပိတ်ထားမယ့်ပုံပဲ"

"အင်း၊ မှန်းထားတဲ့အတိုင်းပါပဲ။ ရလဒ်က သိပ်မဆိုးဘူးပြောရမယ်။ မင်းလည်း ပင်ပန်းသွားပြီ၊ သင်္ဘောဝမ်းအောက်ကအခန်းထဲ သွားပြီးအနားယူလိုက်ဦး၊ ဒါမှမဟုတ် ထမင်းအရင်စားမလား"

"နောက်ကိစ္စတစ်ခုရှိသေးတယ်၊ ကိုယ် လူတစ်ယောက်ခေါ်လာခဲ့တယ်"

"ဘယ်သူလဲ"

သွမ့်ပိုင်ယွဲ့က သူ့ကို လှေငယ်ဘက်သို့ လှမ်းကြည့်လိုက်ရန် အချက်​ပြလိုက်၏။

မြောင့်ရှင်းက လှေဝမ်းခန်းထဲမှ ထွက်လာကာ ချူယွမ်ကို ဂါရဝပြုလိုက်ပြီးသည့်နောက် ပြောလာ၏။

"ဒကာတော်မင်းမြတ်ကို ဘုန်းကြီးဂါရဝပြုပါတယ်"

ထိုစဥ် တစ်ဖက်လူ၏ပုံပန်းသဏ္ဍာန်ကို ယဲ့ကျင်မြင်လိုက်သောအခါ အံ့ဩတကြီးဖြစ်နေခဲ့လေ၏။ ထို့နောက် အရမ်းစိတ်လှုပ်ရှားသွားသည်ဟု ခံစားလိုက်ရသည်။

ဘာလို့ နောက်ထပ်ထိပ်ပြောင်တစ်ကောင် ထပ်တိုးလာတာလဲဟ။

ရှန်ချန်းဖုန်းက လက်လှမ်းလိုက်ပြီး ယဲ့ကျင်ခါးကို ဖက်ထားလိုက်ကာ မိမိအနားသို့ ဖြည်းဖြည်းချင်း ဆွဲခေါ်ထားလိုက်၏။

ယဲ့ကျင်မှာ အတွေးစများ ပြတ်တောက်သွားကာ အကြည့်များကို ရုတ်သိမ်းလိုက်သည်၊ စိတ်ထဲကတော့ ထပ်ပြီး ကြည့်ချင်နေသေး၏။

"ဩ၊ အရှင်ဘုရားပါလား"

ချူယွမ် အင်မတန်မှ ဝမ်းမြောက်ပျော်ရွှင်သွားကာ မျှော်စင်ပေါ်မှဆင်းလာခဲ့၏။ ရှီးနန်ဝမ်မှ သက်ပြင်းချလိုက်ပြီးနောက် အပြေးလိုက်လာခဲ့ရသည်။

"ဒီမတိုင်ခင် ကွမ်းဟိုင်ကိုရောက်ခဲ့တုန်းက နန်ဖူရှောင်ယဲ့ဘုန်းတော်ကြီးကျောင်းမှာ ပင့်ကူမျှင်တွေ ထူထပ်နေတယ်ဆိုလို့ အရှင်ဘုရားတို့ ဘယ်ကိုကြွသွားတာလဲလို့တောင် ကိုယ်တော် စဥ်းစားကြည့်နေပါသေးတယ်။ ဒီနေရာမှာ လာတွေ့ကြရမယ်လို့ လုံးဝထင်မထားမိဘူး "

"နန်ဟိုင်ရဲ့အရေးအခင်းကိစ္စက မငြိမ်သက်သေးဘူး။ ဘုန်းကြီးနဲ့ ရှန်းယွမ်ပြည်နယ်ခေါင်းဆောင်တို့က ခင်မင်ရင်းနှီးကြတယ်ဆိုတော့ သူတစ်ပါးလုပ်ကြံဖျက်ဆီးလာမှာစိုးတာမို့ သူ့ကို စောင့်ရှောက်ကာကွယ်ဖို့အတွက် ပင်လယ်ပြင်ဘက်ထွက်လာခဲ့တာပါ။ ဖြစ်ချင်တော့ ညခင်းစုံစမ်းရေးထွက်လာတဲ့ ရှီးနန်ဝမ်တို့နဲ့ တွေ့မိကြပြီး တာ့ချူတပ်မတော်အတွက် တစ်တပ်တစ်အားပါဝင်ကူညီဖို့ လိုက်လာခဲ့တာပါ "

"ဒီလောက်အခြေအနေနဲ့တင် တော်တော်ကောင်းနေပါပြီ"

ချူယွမ်က သွမ့်ပိုင်ယွဲ့ဘက်လှည့်ကြည့်လိုက်သည်။ ထို့နောက် လူတိုင်းကို အရှေ့ကွင်းပြင်၌ လာစုကြဖို့ ဆင့်ခေါ်တော့မည် ကြံလိုက်သော်လည်း သွမ့်ပိုင်ယွဲ့က တခြားဘက်ကိုသာ အကြည့်လွှဲနေသော​ကြောင့် ချူယွမ်လည်း အနည်းငယ်တော့ တုံ့ဆိုင်းသွားရ၏။

"အဟမ်း၊ အဟမ်း"

စစ်ကုန်းလွီ့က မနေနိုင်တော့ဘဲ ချောင်းဟန့်ပြီး သတိပေးလိုက်သည်။

မင်း ဘယ်ချိန်ထိ သောက်ရှက်ကွဲစရာဖြစ်အောင် နေပြနေမှာလဲကွ။

ရှီးနန်ဝမ် - "...."

ထို့​နောက် ချူယွမ်လည်း မိန်းမစိုးများကို ခေါ်လိုက်ကာ ​မြောင့်ရှင်းအတွက် နေရာထိုင်ခင်း ပြင်ဆင်ပေးလိုက်ရန် ညွှန်ကြားလိုက်သည်။

"တွေးကြည့်လိုက်တော့ အရှင်ဘုရား ဒီခရီးကိုကြွလာရတာ အတော်ပင်ပန်းနေလောက်မှာပဲ။ ဆွမ်းဘုဥ်းပေးတော်မူပြီး ခဏလောက်ကျိန်းစက်ပြီးခါမှ အမှုကိစ္စတွေဆွေးနွေးတိုင်ပင်ကြရရင်လည်း နောက်မကျသေးကြောင်းပါ"

​မြောင့်ရှင်းလည်းပြုံးလိုက်ကာ ဦးအနည်းငယ်ညွှတ်လိုက်၏။

"ဒကာတော်ဧကရာဇ်ကို ကျေးဇူးတင်လှပါပေတယ်"

သူ ထွက်သွားပြီးသည့်အချိန်ထိ စောင့်ပြီးလိုက်ခါမှ ချူယွမ်က ရှစ်ဇီအား မိမိ၏ အခန်းသို့ မနက်စာနှစ်ပွဲယူလာပေးရန် မိန့်ကြားလိုက်သည်။ ယနေ့မနက်စာကား အသားစဥ်းကောထည့်ထားသော ခေါက်ဆွဲသုပ်ဖြစ်ကာ ရှီးနန်ဒေသအကြိုက်အရသာအချဥ္ချဥ်စပ်စပ်လေးဖြစ်ပေ၏။

သွမ့်ပိုင်ယွဲ့က စားပွဲနားဝင်ထိုင်လိုက်သည်။

"ဘာလို့ မင်းကပါ မနက်စာမစားသေးဘဲနေနေတာလဲ၊ အခု ဘယ်အချိန်တောင်ရှိပြီလဲကြည့်ဦး"

"မြောင့်ရှင်းက မင်းကို အနိုင်ကျင့်လိုက်တာလား၊ မင်းက သူ့ကို အနိုင်ကျင့်လိုက်တာလားပြော"

ချူယွမ်က လက်တစ်ဖက်ဖြင့် မေးကိုထောက်ကာ ကျန်တစ်ဖက်က တူကိုကိုင်ရင်း စားပွဲကို တဒေါက်ဒေါက်ခေါက်လာ၏။

သွမ့်ပိုင်ယွဲ့ - "....."

"ပြောပါဆို၊ မဟုတ်ရင် မင်းစားဖို့ ထမင်းမပေးတော့ဘူးနော်"

သွမ့်ပိုင်ယွဲ့မှာ လက်မြှောက်အရှုံးပေးလိုက်ရသည်။

"အနိုင်ကျင့်တာမကျင့်တာတွေ မဟုတ်ပါဘူးကွာ။ အခုလာခဲ့တဲ့ လမ်းတစ်လျှောက်လုံးမှာလည်း ငြိမ်းငြိမ်းချမ်းချမ်းပါပဲ၊ မနက်ရောက်လာတော့ သူကတောင် ကိုယ့်ကို လက္ခဏာဟောပေးမယ်လုပ်နေသေး"

နားထောင်ကြည့်လိုက်ရင် အရမ်းပဲဖော်ရွေနေသလိုလို။

"အဲ့တော့ ဘာတွေဟောလိုက်လဲ"

"ကိုယ် ပေးမဟောဘူးလေ"

"ဒါကို ငြိမ်းချမ်းပါတယ်၊တည့်ပါတယ် လာပြောနေသေး"

ချူယွမ်က သူ့ဘေးနားသို့ နေရာရွှေ့လာပြီး ဆက်ပြော၏။

"အမှန်အတိုင်းပြောစမ်း!!!!! အထက်အရာရှိကို မုသားစကား လိမ်ညာပြောဆိုရင် ကိုယ်တော် မင်းကို ရိုက်တော့မှာနော်"

"မင်းကိုပဲ ရိုက်ခွင့်ပြုလိုက်တော့မယ်"

သွမ့်ပိုင်ယွဲ့က အူမြူးနေကာ လူကို ဆွဲဖက်လိုက်ပြီး ပါးတစ်ဖက်ကို တိုးကပ်ပေးထား၏။

ချူယွမ်လည်း လက်လှမ်းကာ သူ့ကို ရိုက်ပစ်လိုက်သည်။

ထိုအခါ သွမ့်ပိုင်ယွဲ့မှာ အရမ်းကိုမှ ဝမ်းနည်းကြေကွဲသွားသော ရုပ်လေးဖြစ်သွား၏။

"အချင်းချင်းတွေကို ၊ တကယ်ကြီး ရိုက်နေတာလားဟမ်"

ချူယွမ်က သူ့ကို ခပ်ဖွဖွရိုက်လာပြန်၏။

"မြန်မြန်ပြောလို့!!!!! ခေါက်ဆွဲတွေ ပွကုန်တော့မယ်"

"တကယ် ဘာမှမဖြစ်ခဲ့ပါဘူးဆို။ မနေ့က ခွန်းတာတို့ကို အိမ်ပြန်ပို့တယ်၊ ခွန်းဆန်းက နန်းတော်ထဲသွားပြီး ဝူဒိန်းကို သွားခေါ်လာတယ်၊ ပြီးတော့ အဲ့ဘုန်းကြီးကပါ နောက်ကနေ လိုက်လာတယ်။ ပြီးတော့ တာ့ချူတပ်မတော်နဲ့အတူ စစ်တိုက်ထွက်မယ်ပြောလာတော့ ကိုယ်လည်း ဘာမှငြင်းစရာအကြောင်းမရှိခဲ့တာ။ ဘာပဲပြောပြော အရင်တုန်းကလည်း မင်း အဲ့ဘုန်းကြီးအကြောင်း ခဏခဏ ပြော​​နေတာပဲဟာ "

ချူယွမ်က ချစ်သူဖြစ်သူကို အတန်ကြာစိုက်ကြည့်လာ၏။

"တစ်ထွေတစ်လျား​ အရှည်ကြီးတွေ လျှောက်ပြောနေလိုက်တာများ၊ အဓိကကိစ္စက နောက်ဆုံးစကားမှာ ရှိတယ်ပေါ့လေ"

"အဟမ်း၊ အဟမ်း။ မဟုတ်ပါဘူး၊ မဟုတ်ရပါဘူး"

"စိတ်သဘောထား သေးသိမ်တယ်...."

ချူယွမ်က သွမ့်ပိုင်ယွဲ့ခေါင်းကို တစ်ချက်ထပ်ရိုက်လိုက်ပြန်သည်။

"မြောင့်ရှင်းက သိုင်းလောကသားတစ်ယောက်အဖြစ် ယူဆလို့ရတာကြောင့် သူ့အကြောင်းကို မင်းနဲ့ ခဏခဏပြောဖြစ်နေတာ၊ အဲ့လိုပြောလို့တောင် မရဘူးပေါ့"

"ရတာပေါ့၊ ဘာလို့မရရမှာလဲ"

သွမ့်ပိုင်ယွဲ့က တစ်ဖက်လူကို မိမိရင်ခွင်ထဲအတင်းဖမ်းချုပ်ထားလိုက်ပြီး မကျေမနပ်ပြောလာ၏။

"အဲ့ဘုန်းကြီးက မင်းရဲ့အိပ်ခန်းထဲကို အမြဲရောက်ဖြစ်တယ်လို့လည်း ပြောနေတာကို"

"ငါ သိပ်ပြီးအိပ်မပျော်လို့လေ၊ အဲ့တုန်းက ငါ့အနားမှာ ရှောင်ကျင်လည်း မရှိဘူး"

ချူယွမ်က သွမ့်ပိုင်ယွဲ့၏ဆံနွယ်များကို လက်ဖြင့် ရစ်ပတ်ဆော့ကစားနေ၏။

"မင်းလည်း မရှိဘူး....."

သွမ့်ပိုင်ယွဲ့က ချူယွမ်၏လက်ကိုဆုပ်ကိုင်လိုက်ကာ နူးညံ့သိမ်မွေ့စွာဆိုလာ၏။

"နန်းတက်စအချိန်တုန်းက၊ ဟုတ်တယ်ဟုတ် ? "

"အင်း၊ မျက်လုံးမှိတ်လိုက်တာနဲ့ အိပ်မက်ဆိုးတွေချည်းမက်နေတာ။ ညတိုင်းညတိုင်းမှာ မျက်လုံးကြီးကြောင်ပြီး မနက်ခင်းမြန်မြန်ရောက်ဖို့ စောင့်မျှော်ခဲ့ရတယ်။ နောက်ပိုင်း အမတ်မင်းလျိုက မြောင့်ရှင်းကို နန်းတော်ထဲ ခေါ်လာပေးတယ်၊ ညညဆို သူ တရားဒေသနာရွတ်တဲ့အသံနဲ့ ငါ နည်းနည်းတော့ အိပ်ပျော်ဖြစ်လို့"

သွမ့်ပိုင်ယွဲ့ကသက်ပြင်းချလိုက်ကာ ချူယွမ်၏ဆံနွယ်များအား နမ်းရှိုက်လိုက်၏။

"စောနက မင်းကိုကျီစယ်ရုံပါ၊ ဘာကိစ္စ ကိုယ်က ရဟန်းတော်တစ်ပါးကို သဝန်တိုရမှာလဲ"

"သူ့ရဲ့အတွင်းသိဒ္ဓိတွေ အရမ်းကိုအားကြီးတယ်။ နန်းတော်ထဲရောက်လာတာနဲ့ချက်ချင်း ငါ့ဘေးနားမှာ ငါ့ကိုစောင့်ကြည့်နေတဲ့လူအများကြီးရှိတယ်လို့ ပြောလာတယ်။ ငါလည်း ရှီးနန်စံအိမ်တော်နဲ့ နန်းတော်ကြား ပတ်သက်မှုရှိတာကို မသိစေချင်တော့ လျိုမျိုးရိုးအိမ်တော်ကလူတွေပါလို့ တစ်ပတ်လှည့်ပြီး ပြောလိုက်တယ်။ ပြဿနာမတက်စေချင်လို့လည်း ပါတာပေါ့။ အဲ့အချိန်ကစပြီး သူ ငါနဲ့ဆွေးနွေးစရာရှိတိုင်း မင်းရဲ့အထောက်တော်တွေကနေ ရှောင်ပြီးပြောဖြစ်တယ်။ ရှီးနန်စံအိမ်တော်ရဲ့မျက်လုံးအောက်ကနေ ငါ တမင်သက်သက် ထွက်ပြေးတိမ်းရှောင်နေတာ မဟုတ်ရပါဘူးနော် "

သွမ့်ပိုင်ယွဲ့ ဘာဆက်လုပ်ရမှန်းမသိတော့။

"မင်း အသေးစိတ် ထပ်ပြီးရှင်းပြနေရင်တော့ ကိုယ်ကပဲ စိတ်သဘောထားသေးသိမ်တဲ့လူ ဖြစ်သွားမှာပဲ"

ချူယွမ်က ပြုံးလိုက်ပြီး သူ့ပခုံးကို ခပ်ဖွဖွ ပုတ်လာ၏။ ထို့နောက် မတ်မတ်ပြန်ထိုင်လိုက်ကာ ခေါက်ဆွဲကိုမွှေပေးလိုက်သည်။

"ရော့၊ စားပြီးတာနဲ့ ခဏလောက် အနားယူ။ ဘာကိစ္စပဲရှိရှိ မွန်းလွဲပိုင်းကျမှ ဆက်ပြောကြမယ်"

****

အခန်းအပြင်ဘက်ဝယ် ယဲ့ကျင်က ရှန်ချန်းဖုန်းကို မေးလာ၏။

"ခင်ဗျား အဲ့ဲဒီမြောင့်ရှင်းကိုယ်တော်ကို သိသလား"

"နာမည်ကိုတော့ ဟိုးအရင်ကတည်းက ကြားဖူးတယ်၊ မျက်နှာတော့ ဒီနေ့မှ မြင်ဖူးတာ။ သိုင်းလောကထဲက ကျင့်ကြံခြင်းတွေအကြောင်းပြောရင် နန်ဖူရှောင်ယဲ့ကျောင်းကို မြောက်ပိုင်းရှောင်လင်ကျောင်းနဲ့ တစ်တန်းတစ်စားတည်းထားလို့ရတယ်။ ဒါပေမယ့် အဲ့ဘုန်းကြီးတွေက တစ်ကိုယ်တော်တည်း နေတတ်ပြီး လူရှေ့ထွက်လာတာရှားတယ်။ ပြီးတော့ မြောင့်ရှင်းက ခေါင်းပဲတွေ့ရပြီး အမြီးကိုမတွေ့လိုက်ရတော့တဲ့ နဂါးလိုပဲ ၊ ပေါ်ချင်တဲ့အချိန်ပေါ် ပျောက်ချင်တဲ့အချိန်ပျောက်သွားပြီး မှန်းဆရခက်တယ်။ ကောလာဟလတွေအရတော့ သိုင်းပညာအဆင့်မြင့်တဲ့လူတစ်ယောက်ပဲ  "

"အင်း၊ စောန ခုန်ပျံကျော်လွှားလာတဲ့ ပုံစံအနေအထားကိုကြည့်ရတာ အတွင်းအား နည်းနည်းလေးပဲရှိတဲ့လူ လုံးဝမဟုတ်ဘူး။ ပြီးတော့ အရှင်မင်းမြတ်ကလည်း သူ့ကို အတော်ယုံကြည်စိတ်ချနေတဲ့ပုံပဲ။ ဘာပြဿနာမှတော့ မရှိလောက်ဘူးထင်ပါတယ်"

"နန်ဖူရှောင်ယဲ့ကျောင်းမှာကိုက တာ့ချူတပ်မတော်နောက်ကိုလိုက်ပြီး တိုင်းပြည်ကိုကာကွယ်တဲ့အလေ့အကျင့်မျိုး ဟိုးရှေးရှေးကတည်းက ထုံးတမ်းစဥ်လာရှိခဲ့တယ်။ မြောင့်ရှင်းရောက်လာတာ ဘာမှထူးဆန်းတဲ့ကိစ္စတော့ မဟုတ်ဘူး။ အကျင့်စရိုက်ကတော့ ရက်နည်းနည်းလောက်ပေါင်းကြည့်ရင် သိရပါလိမ့်မယ်"

ယဲ့ကျင် ခေါင်းညိတ်လိုက်သည်။

"နောက်ကိစ္စတစ်ခုရှိသေးတယ်"

ရှန်ချန်းဖုန်းက ပြောပြောဆိုဆို ယဲ့ကျင်နှာခေါင်းကို ဆွဲညှစ်လိုက်ကာ သတိပေးလာ၏။

"အရင်တုန်းကဟာတွေတော့ ထားလိုက်တော့။ အခု သင်္ဘောပေါ်မှာ မြောင့်ရှင်းတစ်ယောက် ထပ်တိုးလာပြီ၊ အားအားရှိ ထိပ်ပြောင်ကြီးလို့ လိုက်မအော်ရဘူး။ မှတ်ထားနော်၊ နားလည်လား"

"......"

ရှန်ချန်းဖုန်းက ပြုံးလိုက်ပြီးနောက် ယဲ့ကျင်လက်ကိုဆွဲကာ သင်္ဘောဝမ်းခန်းအောက် ပြန်သွားလိုက်သည်။

*****

စစ်ကုန်းလွီ့က မျှော်စင်ထက်တွင် တက်ထိုင်နေလျက်ရှိကာ အောက်ကလူများ သူ့စုံတွဲနှင့်သူ လက်ချင်းတွဲနေကြသည်ကို လှမ်းကြည့်နေ၏။

လူတိုင်းလူတိုင်းက အကုန်လုံး သူ့အိုးသူ့အိမ်နှင့် အခြေတကျဖြစ်နေပြီ၊ အဘယ်ကြောင့်များ မိမိတစ်ယောက်တည်းကပဲ အထီးကျန်နေရပါသနည်း။ မနက်စာစားပြီးရဲ့လားဆိုသည်ကို လာမေးမည့်သူပင်မရှိ၊ အခုချိန်ထိပင် ဗိုက်ကဆာနေဆဲဖြစ်သည်။

ထိုအခါ စစ်ကုန်းလွီ့ရင်ထဲ လွမ်းဆွေးမှုများ အဆများစွာ လှိုက်တက်လာ၏၊ ခဏကြာလျှင် ကဗျာတစ်ပုဒ်ပင် ဖွဲ့သီလို့ရသည့်အထိ အလွမ်းလှိုင်းများသည်းနေပေ၏။

*****

ရွှဲဟွိုင်ယွဲ့က သင်္ဘောဦးပိုင်းကို ဦးတည်ချက်လှည့်လိုက်စေကာ ပိုင်ရှန့်ပြည်သို့ ဦးတည်မောင်းနှင်စေ၏။

မနေ့ညတစ်ညလုံး သွမ့်ပိုင်ယွဲ့ အပြင်ထွက်သွားသဖြင့် ချူယွမ်လည်း နှစ်နှစ်ခြိုက်ခြိုက်အိပ်မပျော်တော့။ သို့သော်လည်း သိပ်တော့ မထူးဆန်းပါ၊ ချူယွမ်မှာ ညကြီးသန်းခေါင် သုံးလေးခါ လန့်လန့်နိုးလာသေးသည်။ ယခုတော့ အလုပ်မှခေတ္တအချောင်ခိုကာ သွမ့်ပိုင်ယွဲ့နှင့်အတူ လှဲအိပ်ပြီး အနားယူဖြစ်ခဲ့သည်၊ မွန်းလွဲပိုင်းရောက်ခါမှ နှစ်ယောက်သားပြန်နိုးလာခဲ့၏။

"အိပ်မက်တွေမက်နေတာလား၊ မျက်မှောင်တွေ အမြဲကြုံ့ထားနေတာချည်းပဲ"

သွမ့်ပိုင်ယွဲ့က ချူယွမ်၏ဆံနွယ်များကို လက်ဖြင့် ဖြီးသင်ပွတ်သပ်ပေးရင်း မေးလာ၏။ ချူယွမ်က သွမ့်ပိုင်ယွဲ့၏လက်မောင်းပေါ် ခေါင်းအုံးအိပ်လိုက်သည်။

"မမှတ်မိတော့ဘူး။ အခုအပြင်မှာ ပုလွေမှုတ်တဲ့လူ ရှိနေတာလား"

သွမ့်ပိုင်ယွဲ့က ခေတ္တမျှ တုံ့ဆိုင်းသွားပြီးနောက် ဆက်ပြောလာ၏။

"ဪ၊ မြောင့်ရှင်းလေ"

ချူယွမ်က ပြန်ထထိုင်လိုက်သည်။

"သွားကြစို့ ၊ အစည်းအဝေးခန်းဆီ အတူတူသွားကြရအောင်"

သွမ့်ပိုင်ယွဲ့က ချူယွမ်ကို အနောက်ဘက်မှ သိုင်းဖက်လာ၏။ ထို့နောက် လည်တိုင်ထက်သို့ အနမ်းတစ်ပွင့်ခြွေလိုက်ကာ အနီရောင်အမှတ်အသားကို ချန်ရစ်ထားလိုက်၏။ ပြီးခါမှ ဘေးနားရှိ အင်္ကျီအဝတ်အစားများကို ယူလိုက်ကာ ချူယွမ်ကို ကူညီဝတ်ဆင်ပေးလာသည်။

နေ့ခင်းပိုင်း အကြာကြီးအိပ်လိုက်သဖြင့် ခေါင်းထဲ ရိပ်တိတ်တိတ်မူးနှောက်နေသည်။ ချူယွမ်တစ်ယောက် မျက်နှာလည်းသစ်ပြီး၊ လက်ဖက်ရည်အေးကိုလည်း တစ်ခရားလုံးသောက်ပြီးသွားသည့်တိုင် အပြည့်အဝ ပြန်မနိုးသေး။ ပျင်းရိနေသောဟန်ဖြင့် စားပွဲပေါ် ထပ်ပြီးမှောက်အိပ်လိုက်ပြန်ကာ ခန္ဓာကိုယ်ကို တစ်စက်မှ မလှုပ်ရှားတော့။

မိမိ၏လှုပ်ရှားမှုမှန်သမျှကို တောက်လျှောက်လိုက်ကြည့်နေသော ချူယွမ်ကြောင့် သွမ့်ပိုင်ယွဲ့ ရယ်ချင်သွားသည်။

"ဘာလဲ၊ အပြင်ထွက်မသွားချင်လို့လား။ ဒါဆိုရင်လည်း မနက်ဖြန်မှ ဆွေးနွေးကြစို့လေ"

ချူယွမ်က နှုတ်ခမ်းဆူလိုက်ကာဆို၏။

"မိဖုရားခေါင်ကြီးဖြစ်နေပြီးတော့...... ကောင်းကင်ရဲ့သားရတနာကို လုံ့လဝီရိယရှိဖို့၊ စည်းမျဥ္းစည်းကမ်းလိုက်နာဖို့ ချော့မော့ပြောဆိုရမှာမဟုတ်ဘူးလား။ မင်းလို အကျင့်စရိုက်မျိုးနဲ့တော့ ရာဇဝင်မှာ နာမည်တွင်ခံရမှာ မဟုတ်တော့ဘူး"

"ဟာ၊ ဒါဆို မဖြစ်တော့ဘူး။ ဒီရာထူးလေးကို အားကိုးပြီး မိသားစုမျိုးရိုးကို ဂုဏ်တင့်အောင် မြှင့်တင်ပေးချင်တာပါဆိုမှ"

သွမ့်ပိုင်ယွဲ့က ပြောပြောဆိုဆို ချူယွမ်၏ ပါးပြင်ကို လှမ်းကိုက်လိုက်သည်။

"ထတော့၊ အလုပ်သွားလုပ်ချေ"

"ဟားဟားဟား"

ချူယွမ်မှာ တစ်ဖက်လူကိုရှောင်တိမ်းလိုက်ရင်း အားရပါးရ ရယ်မောနေ၏။ သို့နှင့် နှစ်ယောက်သား အတန်ကြာသည့်အထိ စနောက်ကျီစယ်ပြီးခါမှ ချူယွမ်၏စိတ်များ ပြန်လည်လန်းဆန်းလာသည်။ ထို့နောက် သင်္ဘောဝမ်းခန်းထဲမှ အတူတူထွက်လာကြသောအခါ သူတို့ဘက်သို့လျှောက်လှမ်းလာသော ဘုန်းကြီးကို တွေ့လိုက်ရသည်။

ချူယွမ်က ဆို၏။

"အရှင်ဘုရား၊ သင်္ဘောပေါ် သီတင်းသုံးရတာ နေသားကျသွားပြီလား"

"လောကီကို ကျောခိုင်းခဲ့တဲ့လူအဖို့ ထမင်းတစ်နပ်၊ လက်ဖက်ရည်တစ်ခွက် ၊ ထိုင်စရာ အထည်ပါးပါးလေးတစ်ခုနဲ့တောင် လုံလောက်ပါပြီ။ စိုးရိမ်ပေးတော်မူတဲ့အတွက် ဒကာတော်မင်းမြတ်ကို ကျေးဇူးအများကြီးတင်ပါတယ် "

နေဝန်းကြီးကလည်း အနောက်ကျွန်းသို့ တဖြည်းဖြည်း မေးတင်နေပြီဖြစ်ရာ သင်္ဘောခေါင်မိုးထပ်တွင် အေးစိမ့်စိမ့်ဖြစ်စပြုလာ၏။ သွမ့်ပိုင်ယွဲ့က ချူယွမ်အအေးမိသွားမည်ကို စိုးသဖြင့် -

"သင်္ဘောဝမ်းခန်းအောက်ကို အရင်သွားပြီးမှ စကားဆက်ပြောရအောင်လေ"

ချူယွမ် ခေါင်းညိတ်လိုက်၏။ ထို့နောက် အခြားသူများကို သွားရောက်ဖိတ်ခေါ်ရန် ရှစ်ဇီအားညွှန်ကြားလိုက်သည်။

*****

ယဲ့ကျင်တစ်ယောက် အစည်းအဝေးခန်းထဲဝင်ရောက်လာတော့ အလင်းဟပ်ကာ ပြောင်လက်နေသည့် ထိပ်ပြောင်ကတုံးကို ချက်ချင်း မျက်စိထဲခလုတ်တိုက်မိသွားလေရာ ဘာကိုမှစေ့စေ့စပ်စပ်နိုင်တော့။ ကံကောင်းထောက်မ၍ မြန်မြန်အကြည့်လွှဲနိုင်၍သာ တော်သေးသည်။

ရှန်ချန်းဖုန်း - "....."

*****

အရင်ရက်များတုန်းက ရွှဲဟွိုင်ယွဲ့လည်း သူယုံကြည်ရသော လူယုံတော်များကို ပိုင်ရှန့်ပြည်၏အနီးတစ်ဝိုက်သို့ သွားရောက်ထောက်လှမ်းခိုင်းထားသည်။ ထိုအခါ နန်းတော်ထဲရှိ ခေါင်းမာလွန်းသော မှူးမတ်အိုကြီးများကို အပြတ်ရှင်းလိုက်သည်ကလွဲပြီး ထိုနာ့ဝါအတုမှာ ဘာမှဆက်ပြီး ပြဿနာမရှာတော့ဟု သိရသည်။ သို့သော် ချူရှိန့်နှင့် ရင်းနှီးကျွမ်းဝင်ကြောင်းပြပြီး သိသိသာသာမျက်နှာပေးလာသည်ဟုဆို၏။ ကျန်သောမှူးမတ်များကလည်း သွေးချောင်းစီးသော သတ်ဖြတ်မှုများကို အကြိမ်ကြိမ်အခါခါ တွေ့မြင်ထားရပြီးဖြစ်သဖြင့် ထိုနာ့ဝါအတုကို ဘယ်သို့ဘယ်ပုံ တွန်းလှန်အာခံရဲပါမည်နည်း။

ထို့အပြင် ပြည်သူလူထုများကြား ရှီးနန်စံအိမ်တော်၏ ရုပ်ဖျက်ခြင်းအတတ်မှာ လွန်စွာမှ ထူးဆန်းအံ့ဩစရာကောင်းလှကြောင်း သတင်းပျံ့နေ၏။ အ​ကြောင်းမှာ အပြင်ပန်းရုပ်သွင်ကိုသာမက မှတ်ဉာဏ်ရော စိတ်နေစိတ်ထားကိုပါ တစ်ထပ်တည်းတူအောင် ပုံတူပွားနိုင်သည်ဟု ပြောဆိုနေကြသည်။ နားထောင်ကြည့်လိုက်တော့ ရုပ်ဖျက်ခြင်းနှင့်မတူတော့ဘဲ ဝိညာဥ်ပူးကပ်ခြင်းနှင့်ပင် တူနေပေ၏။

"ကြည့်ရတာ ချူရှိန့်ကိုယ်တိုင်ကလည်း စိုးရိမ်ပူပန်နေတဲ့ပုံပဲ။ ရှောင်းရှောင်းအာကလည်း အစကတည်းက အမှားလုပ်ထားပြီး နာ့ဝါ၊ ခွန်းတာနဲ့တခြားလူတွေကို ကိုယ်တို့ဆီ လက်လွှတ်လိုက်ရတာကိုး။ အခု ပိုင်ရှန့်ပြည်မှာ ဒီလိုသတင်းမျိုး ပျံ့လာတော့ ကိုယ်တို့ဘက်က နာ့ဝါအစစ်ကို ပြန်ခေါ်သွားပေးနိုင်ရင်တောင် ရုပ်ဖျက်ထားတဲ့အတုအယောင်ပါလို့ စွပ်စွဲခံရဖို့များတယ်။ အခုနေ ဟိုဘက်ကလူတွေ သတင်းထပ်ဖွလိုက်ရင် ပိုရှုပ်မှာပဲ။ အတုက တစ်သက်လုံး အစစ်ဖြစ်သွားပြီး အစစ်က အတုဖြစ်သွားမှာ စိုးရိမ်စရာကောင်းတယ်"

သွမ့်ပိုင်ယွဲ့၏ မှတ်ချက်စကားကို ရွှဲဟွိုင်ယွဲ့က ခေါင်းညိတ်ပြီးထောက်ခံလိုက်သည်။

"ကျွန်တော်မျိုးလည်း အဲ့အချက်ကို စိုးရိမ်မိပါတယ်"

ချူယွမ်မေးလာ၏။

"ဝမ်းအိုက်ချင်းရော ဘယ်လိုအတွေးရလဲ"

ဝမ်းလျိုနျဲန်က ဖြေ၏။

"အလွယ်ဆုံးနည်းကတော့ အတုနဲ့အစစ်ကို တခြားလူတွေမသိအောင် လဲလိုက်တာပါပဲဘုရား၊ တစ်ဖက်ရန်သူဘက်က နာ့ဝါအတုကို ခိုးပြီး အစားထိုးလဲပစ်လိုက်သလိုမျိုးပါ။ ဒါဆိုရင် တိုင်းသူပြည်သားတွေရဲ့ အမြင်ထဲမှာ အတုတစ်ယောက်ပေါ်လာခဲ့ဖူးတာ၊ အစကတည်းက နာ့ဝါနှစ်ယောက်ရှိခဲ့တယ်ဆိုတာကို သိလိုက်ရမှာတောင် မဟုတ်ဘူး။  အားလုံးက တစ်ယောက်တည်းလို့ပဲ ထင်ကြမှာ။ နာ့ဝါရဲ့ အကျင့်စရိုက်တွေပြောင်းသွားတာဟာ မှတ်ဉာဏ်ပျောက်ဆုံးသွားတာလို့ ပြောထားတယ်ဆိုရင် အခုတစ်ယောက်က မှတ်ဉာဏ်တွေ ပြန်ရလာပြီဆိုတဲ့ တစ်ယောက်ပေါ့ဘုရား။ ဒါဆိုရင် ဖြစ်ကြောင်းကုန်စင်ကို ရှောင်လွှဲဖြေရှင်းသွားနိုင်ပါပြီဘုရား "

ချူယွမ်က ပြုံးပြီးပြောလာ၏။

"မဆိုးဘူး"

သွမ့်ပိုင်ယွဲ့က ဆိုလာ၏။

"ပြန်တွေးကြည့်လိုက်တော့ အခုချိန် ပိုင်ရှန့်ပြည်မှာလည်း အစောင့်အရှောက်တွေ အထပ်ထပ်ကာထားနေလောက်ပြီ။ ဖောက်ဝင်သွားဖို့ဆိုတာ မလွယ်လောက်ဘူး။ သူများတွေမသိစေဘဲ ကျားသစ်ကြောင်ကို မင်းသားလေးအဖြစ် လူစားလဲမယ့်နည်းလမ်းမျိုး စကားထဲထည့်ပြောနေစရာတောင် မလိုဘူး"

"အရှင်ဘုရားရော ဘယ်လိုအမြင်ရှိပါသလဲ"

မြောင့်ရှင်းက လက်ထဲရှိပုတီးကို ကိုင်တွယ်ပွတ်သပ်နေကာ မျက်လွှာနှစ်ဖက်ကိုလည်း ချထားလျက်ရှိ၏။ နှုတ်မှလည်း တိတ်ဆိတ်စွာ မေတ္တာဘာဝနာစီးဖြန်းရွတ်ဖတ်နေဆဲဖြစ်ကာ ဘေးပတ်ဝန်းကျင်ရှိလူများ ပြောသောစကားကို စိတ်မဝင်စားဟန်ပြုနေ၏။ ယခု တစ်ယောက်ယောက်က ခေါ်လိုက်တော့မှ မျက်လုံးဖွင့်​ြပီး ပြောလာသည်။

"နောက်လဝက်နေရင် ပိုင်ရှန့်ပြည်မှာ ဆုတောင်းပွဲကျင်းပလိမ့်မယ်"

"ဟင်၊ ပင်လယ်ကမ်းစပ်နားမှာလား"

ချူယွမ်၏ အမေးကို မြောင့်ရှင်းက ခေါင်းခါလိုက်၏။

"စျေးလယ်ခေါင်မှာ ကျင်းပမှာပါ။ အဲ့အချိန်ကျရင် တိုင်းသူပြည်သားအားလုံးက ပွဲတော်ကျင်းပဆင်နွှဲဖို့အတွက် စုဝေးရောက်ရှိလာကြပါလိမ့်မယ်။ နှစ်စဥ်နှစ်တိုင်းအဲ့လိုမျိုးကျင်းပလာခဲ့တာ နှစ်ပေါင်းရာချီရှိနေပါပြီ "

"ပွဲတော်ရှိရင်တောင် အစောင့်အရှောက်အင်အားက ယုတ်လျော့သွားမှာ မဟုတ်ဘူးဘုရား"

"ဆုတောင်းပွဲကျင်းပရင် တိုင်းသူပြည်သားတိုင်း လာရပါတယ်၊ ပြီးတော့ ပြည်နယ်ဘုရင်က သမုဒ္ဒရာစောင့်နတ်ကို ပူဇော်ပသဖို့ စင်မြင့်တစ်နေရာမှာ ထိုင်ရပါတယ်။ အဲ့စင်မြင့်က သစ်သားစင်မြင့်ပါ ၊ လေထန်တဲ့အရပ်မှာလည်း ရှိနေပါတယ်။ မီးစလောင်တာနဲ့ ချက်ချင်းကိုပဲ ဝါးမြိုလောင်ကျွမ်းသွားမှာပါ၊ အဲ့လိုသာဖြစ်သွားရင် တိုင်းသူပြည်သားတွေကြား ကောလာဟလတွေ ပျံ့သွားမှာပဲ "

မျက်နှာချင်းဆိုင်တွင်ထိုင်နေသော ယဲ့ကျင်က လက်ဖက်ရည်ခွက်ကို ကိုင်ထားရင်း အံ့အားသင့်နေ၏။

ဒါ ဘယ်လို ဘုန်းကြီးမျိုးလဲ။ ပါးစပ်လေးဟလိုက်တာနဲ့ လူကို မီးရှို့သတ်မယ်လို့ ချက်ချင်းထပြောရတယ်လို့။

အော်မိထောဖော ရုပ်ကို မပေါက်ဘူး။

မြောင့်ရှင်းက ဆက်ဆို၏။

"အဲ့အချိန်ကျမှ နာ့ဝါအတုကို မေ့လဲသွားအောင် ထုထောင်းရိုက်နှက်ပြီး လူတွေရဲ့ရှေ့မှာတင် ခေါ်ထုတ်သွားမယ်။ ပြီးရင် ဒီကိစ္စကိုသုံးပြီး တာ့ချူဘက်က သဘောတူညီချက်ကိုလက်ခံဖို့ ပိုင်ရှန့်ပြည်ကိုခြိမ်းခြောက်မယ်။ ဒီလောက်ဆို ရပါပြီဘုရား "

ဝမ်းလျိုနျဲန်ကပါ ဖြည့်ပြောလာသည်။

"ဒါလည်း ကောင်းတဲ့နည်းလမ်းပဲဘုရား။ အတုကို လူရှေ့မှာတင် ခေါ်ထုတ်သွားပြီး လူတိုင်းမြင်လောက်တဲ့ အမြင့်တစ်နေရာမှာ ချည်ထားမယ်။ ဒါဆိုရင် တစ်ဖက်ရန်သူက အတုတွေ ထပ်လုပ်ရဲတော့မှာ မဟုတ်တော့ဘူး။ နောက်နှစ်ရက်သုံးရက်နေမှ နာ့ဝါအစစ်ကို ပြန်သွားပို့ကြရအောင်။ ပြီးတော့ ကျွန်တော်မျိုးတို့လက်ထဲမှာ နာ့ရှီးရှစ်လည်း ရှိတယ်လေ"

"ဘယ်လိုသဘောရလဲ"

ချူယွမ်က သွမ့်ပိုင်ယွဲ့ဘက်ကြည့်ရင်း မေးလာ၏။ သွမ့်ပိုင်ယွဲ့က ပြုံးလိုက်သည်။

"မင်း ကောင်းတယ်ထင်ရင် ကိုယ် လိုက်လုပ်ပေးမှာပဲလေ "

ရှန်ချန်းဖုန်းက ဆိုလာ၏။

"ဒီကိစ္စက ပြောရတာလွယ်ပေမယ့် လူတစ်ယောက်ကို အများရှေ့မှာ ပြန်ပေးဆွဲဖို့ဆိုတာ လုံးဝမလွယ်ပါဘူး ။ တကယ်လုပ်မယ်ဆိုရင်လည်း သေသေချာချာ အသေးစိတ်ကျကျ အစီအစဥ္ချကြဖို့ လိုပါတယ်၊ ရှစ်ဆယ်ရာခိုင်နှုန်း သေချာပြီဆိုခါမှ အကောင်အထည်ဖော်ကြပါစို့"

ချူယွမ် ခေါင်းညိတ်လိုက်သည်။ ထို့နောက် ရှစ်ဇီအား မြေပုံယူလာခိုင်းစေ၏။ အရင်နှစ်များတုန်းက နန်ယန်ဒေသတွင် ချူရှိန့်ဘက်မှ လူသူအင်အားစုဆောင်းနေသည်ဟု သိလိုက်ရပြီးသည့်နောက် ချူယွမ်လည်း မိမိ၏လူယုံတော်များကို ကုန်သည်များအသွင် ပြောင်းလိုက်စေကာ အချက်အခြာကျသော ကျွန်းစုနှင့်မြို့ကြီးများအကြောင်းကို မြေပုံဆွဲလာခဲ့စေသည်၊ အသုံးပြုလိုသည့်အချိန်တွင် အဆင်သင့်ဖြစ်အောင် ပြင်ဆင်ထားစေခဲ့၏။

ပိုင်ရှန့်ပြည်၏ဆုတောင်းပွဲမှာ ကျွန်း၏ တောင်ပိုင်းတွင် ကျင်းပမည်ဖြစ်ကာ သင်္ဘောဆိပ်နှင့် သိပ်မဝေးလှချေ။ လူတစ်ယောက်ကို ခေါ်ထုတ်လာနိုင်ဖို့ရန်မှာ လုံးဝမဖြစ်နိုင်သောကိစ္စတော့ မဟုတ်ချေ။

ယဲ့ကျင်က အခွင့်ရတုန်း မေးမြန်းလာ၏။

"သူများတွေ ပြောကြတာတော့ အရှင်ဘုရားက တုနှိုင်းနိုင်တဲ့ပြိုင်ဖက်မရှိတော့လောက်အောင် သိုင်းပညာအဆင့်မြင့်မားတယ်ဆို"

"မင်းသား(၉)၊ ချီးမွမ်းလွန်းနေပါပြီ။ ဘုန်းကြီးဆီမှာ သိုင်းပညာနိမ့်ပါးသည်ဖြစ်စေ၊ မြင့်မားသည်ဖြစ်စေ ၊ ဒကာတော်မင်းမြတ်ကသာ တာဝန်ပေးအပ်လာခဲ့ရင် ဘယ်ကိစ္စမဆို အစွမ်းအစရှိသလောက် အတတ်နိုင်ဆုံးကြိုးစားသွားမှာပါ"

ထို့နောက် ချူယွမ်က ရွှဲဟွိုင်ယွဲ့ကို မေးလာ၏။

"ပိုင်ရှန့်ပြည်ကိုရောက်ဖို့ ဘယ်နှစ်ရက်လိုသေးလဲ"

"ပင်မတပ်ရင်းကြီးဆိုရင်တော့ ပိုနှေးပါတယ်၊ ရှေ့တန်းတပ်ရဲ့ အမြန်လှေနဲ့ဆိုရင်တော့ နောက်ဆယ်ရက်ဆို ရောက်တော့မှာပါဘုရား"

ချူယွမ် ခေါင်းညိတ်လိုက်သည်။ ထို့နောက် ခေတ္တမျှ တွေးလိုက်ပြီး ပြောလိုက်၏။

"ဝူစန်းလေနဲ့ အဘိုးမုချီကို သွားခေါ်လာခဲ့၊ ပြီး​ေတာ့ တပ်ရင်းကြီးကို ဒီထက်မြန်အောင် အရှိန်မြှင့်ပြီး ခရီးဆက်ခိုင်းချေ"

******

2021.05.25.

Thz for waiting. 💜💛

*****

အခန်း - ၁၃၁ (မြောင့်ရှင်း)

[ဘာလို႔ ေအာ္မိေထာေဖာရုပ္မ်ိဳးကို မေပါက္တာတုန္း]

အေရ႔ွအရပ္တြင္ အရုဏ္ၪီး၏ေရာင္ျခည္တန္းမ်ား လင္းျဖာလာၿပီျဖစ္ကာ ထိုေရႊေရာင္ေနျခည္တန္းမ်ားက ျမဴႏွင္းရည္မ်ားကို ကုန္ခမ္းသြားေအာင္ ငံုေထြးေသာက္သံုးလိုက္ၾကသည္။ ခ်ူယြမ္က အျမင့္တစ္ေနရာတြင္ရပ္ေနကာ မ်က္စိတစ္ဆံုး ေငးေမာပ်ံ့လြင့္ေန၏။ ဤခရီးစဥ္တြင္ သြမ့္ပိုင္ယြဲ႔ကမည္သည့္အမွားအယြင္း အတိမ္းအေစာင္းမွမရိွဘဲ ေဘးမသီရန္မခ ျပန္လာႏိုင္မည္ဟု သိေနေသာ္ျငား ခ်ူယြမ္ စိတ္မပူဘဲမေနႏိုင္ျပန္ေပ။

ယဲ့က်င္က သေဘၤာေခါင္မိုးထပ္တြင္ ရပ္လိုက္ရင္း " အဟမ္း၊ အဟမ္း "ဆိုၿပီး ေခ်ာင္းႏွစ္ခ်က္ဆိုးလိုက္ကာ လက္ေဝ႔ွယမ္းျပလိုက္၏။

"မနက္စာစားဖို႔ ျပန္ဆင္းလာေတာ့"

"မင္းပဲ အရင္သြားႏွင့္၊ ကိုယ္ေတာ္ ဗိုက္မဆာေသးဘူး"

ဪ၊ ထမင္းဟင္းေတာင္ မစားေတာ့ဘူးေပါ့ေလ။

ယဲ့က်င္ အရမ္းရင္နာရ၏။

သံတံုးခပ္ညံ့ညံ့ကို သံေကာင္းတစ္ခုျဖစ္လာေအာင္ ဘယ္လိုမွ ပံုသြင္းလို႔ရမည္မဟုတ္ေတာ့။ အစ္ကိုျဖစ္သူ၏ အက်ႌလည္ပင္းကို ဆြဲၿပီးေတာ့သာ - " လိမ္လိမ္မာမာေလး ေနေပးလို႔မရဘူးလားဟမ္!!!!!! "  ဆိုၿပီး အားရပါးရ ေဆာင့္ဆြဲခါယမ္းပစ္လိုက္ခ်င္၏။

ထိုစဥ္မွာပင္ ခ်ူယြမ္၏မ်က္ဝန္းမ်ားထဲ ၿပံဳးရိပ္သမ္းသြား၏။ထို႔ေနာက္ အေဝးတစ္ေနရာရိွ လူတစ္ေယာက္ဆီ လက္ေဝ႔ွယမ္းျပေနသည္။

ယဲ့က်င္ ခ်က္ခ်င္းလွည့္ၾကည့္လိုက္၏။

ထင္ထားသည့္အတိုင္းပါေပ၊ ေနျခည္လႊမ္းေသာျမဴခိုးထုကို ေလွငယ္တစ္စင္းက လ်င္ျမန္စြာ ထြင္းေဖာက္ကာ အနားေရာက္လာ၏။ တံခြန္လႊင့္ထားေသာ သေဘၤာႀကီးနားသို႔ နီးကပ္လာေသာအခါ သြမ့္ပိုင္ယြဲ႔က ခ်ူယြမ္အနားသို႔ေရာက္လာေအာင္ ခုန္ပ်ံၿပီးေရာက္ခ်လာ၏။

ယဲ့က်င္မွာ လက္ထဲက ပုလင္းအျဖဴကို ၿမဲျမံစြာ ဆုပ္ကိုင္ထားသည္။

မုန္းစရာေကာင္းလိုက္တာ။
ဘာကိစၥ အဲ့ေလာက္ ေလာေနရတာလဲ။

ေဘးနားတြင္ ရဲမက္အမ်ားအျပားရိွေသးသည္မို႔ သြမ့္ပိုင္ယြဲ႔ႏွင့္ခ်ူယြမ္တို႔ႏွစ္ေယာက္လည္း လိုအပ္သည္ထက္ပိုေသာ ရင္းႏွီးမႈမ်ိဳးကို ထုတ္ေဖာ္ျပသ၍မရၾက။

ခ်ူယြမ္က ေမးလာ၏။

"အလုပ္တာဝန္ကေရာ ဘယ္လိုေနလဲ"

"အကုန္အဆင္ေျပခဲ့တယ္။ ခ်ူရိွန္႔က တကယ္ကိုပဲ ဝူဒိန္းကို သူ႔ဘက္ေတာ္သားျဖစ္ဖို႔ စည္းရံုးခဲ့ေသးတယ္၊ ဒါေပမယ့္ အျငင္းခံလိုက္ရတယ္တဲ့။ မေန့ညကေတာ့ ဝူဒိန္းက ဘယ္ဘက္ကိုမွ အကူအညီမေပးဘူးဆိုၿပီး ျပတ္ျပတ္သားသားေျပာလာတယ္၊ ဒီစစ္ပြဲၿပီးသြားတဲ့အထိ သူ႔တိုင္းျပည္ကိုပိတ္ထားမယ့္ပံုပဲ"

"အင္း၊ မွန္းထားတဲ့အတိုင္းပါပဲ။ ရလဒ္က သိပ္မဆိုးဘူးေျပာရမယ္။ မင္းလည္း ပင္ပန္းသြားၿပီ၊ သေဘၤာဝမ္းေအာက္ကအခန္းထဲ သြားၿပီးအနားယူလိုက္ၪီး၊ ဒါမွမဟုတ္ ထမင္းအရင္စားမလား"

"ေနာက္ကိစၥတစ္ခုရိွေသးတယ္၊ ကိုယ္ လူတစ္ေယာက္ေခၚလာခဲ့တယ္"

"ဘယ္သူလဲ"

သြမ့္ပိုင္ယြဲ႔က သူ႔ကို ေလွငယ္ဘက္သို႔ လွမ္းၾကည့္လိုက္ရန္ အခ်က္​ျပလိုက္၏။

ေျမာင့္ရွင္းက ေလွဝမ္းခန္းထဲမွ ထြက္လာကာ ခ်ူယြမ္ကို ဂါရဝျပဳလိုက္ၿပီးသည့္ေနာက္ ေျပာလာ၏။

"ဒကာေတာ္မင္းျမတ္ကို ဘုန္းႀကီးဂါရဝျပဳပါတယ္"

ထိုစဥ္ တစ္ဖက္လူ၏ပံုပန္းသ႑ာန္ကို ယဲ့က်င္ျမင္လိုက္ေသာအခါ အံ့ဩတႀကီးျဖစ္ေနခဲ့ေလ၏။ ထို႔ေနာက္ အရမ္းစိတ္လႈပ္ရွားသြားသည္ဟု ခံစားလိုက္ရသည္။

ဘာလို႔ ေနာက္ထပ္ထိပ္ေျပာင္တစ္ေကာင္ ထပ္တိုးလာတာလဲဟ။

ရွန္ခ်န္းဖုန္းက လက္လွမ္းလိုက္ၿပီး ယဲ့က်င္ခါးကို ဖက္ထားလိုက္ကာ မိမိအနားသို႔ ျဖည္းျဖည္းခ်င္း ဆြဲေခၚထားလိုက္၏။

ယဲ့က်င္မွာ အေတြးစမ်ား ျပတ္ေတာက္သြားကာ အၾကည့္မ်ားကို ရုတ္သိမ္းလိုက္သည္၊ စိတ္ထဲကေတာ့ ထပ္ၿပီး ၾကည့္ခ်င္ေနေသး၏။

"ဩ၊ အရွင္ဘုရားပါလား"

ခ်ူယြမ္ အင္မတန္မွ ဝမ္းေျမာက္ေပ်ာ္ရႊင္သြားကာ ေမ်ွာ္စင္ေပၚမွဆင္းလာခဲ့၏။ ရွီးနန္ဝမ္မွ သက္ျပင္းခ်လိုက္ၿပီးေနာက္ အေျပးလိုက္လာခဲ့ရသည္။

"ဒီမတိုင္ခင္ ကြမ္းဟိုင္ကိုေရာက္ခဲ့တုန္းက နန္ဖူေရွာင္ယဲ့ဘုန္းေတာ္ႀကီးေက်ာင္းမွာ ပင့္ကူမ်ွင္ေတြ ထူထပ္ေနတယ္ဆိုလို႔ အရွင္ဘုရားတို႔ ဘယ္ကိုႂကြသြားတာလဲလို႔ေတာင္ ကိုယ္ေတာ္ စဥ္းစားၾကည့္ေနပါေသးတယ္။ ဒီေနရာမွာ လာေတြ့ၾကရမယ္လို႔ လံုးဝထင္မထားမိဘူး "

"နန္ဟိုင္ရဲ့အေရးအခင္းကိစၥက မၿငိမ္သက္ေသးဘူး။ ဘုန္းႀကီးနဲ႔ ရွန္းယြမ္ျပည္နယ္ေခါင္းေဆာင္တို႔က ခင္မင္ရင္းႏွီးၾကတယ္ဆိုေတာ့ သူတစ္ပါးလုပ္ႀကံဖ်က္ဆီးလာမွာစိုးတာမို႔ သူ႔ကို ေစာင့္ေရွာက္ကာကြယ္ဖို႔အတြက္ ပင္လယ္ျပင္ဘက္ထြက္လာခဲ့တာပါ။ ျဖစ္ခ်င္ေတာ့ ညခင္းစံုစမ္းေရးထြက္လာတဲ့ ရွီးနန္ဝမ္တို႔နဲ႔ ေတြ့မိၾကၿပီး တာ့ခ်ူတပ္မေတာ္အတြက္ တစ္တပ္တစ္အားပါဝင္ကူညီဖို႔ လိုက္လာခဲ့တာပါ "

"ဒီေလာက္အေျခအေနနဲ႔တင္ ေတာ္ေတာ္ေကာင္းေနပါၿပီ"

ခ်ူယြမ္က သြမ့္ပိုင္ယြဲ႔ဘက္လွည့္ၾကည့္လိုက္သည္။ ထို႔ေနာက္ လူတိုင္းကို အေရ႔ွကြင္းျပင္၌ လာစုၾကဖို႔ ဆင့္ေခၚေတာ့မည္ ႀကံလိုက္ေသာ္လည္း သြမ့္ပိုင္ယြဲ႔က တျခားဘက္ကိုသာ အၾကည့္လႊဲေနေသာ​ေၾကာင့္ ခ်ူယြမ္လည္း အနည္းငယ္ေတာ့ တံု႔ဆိုင္းသြားရ၏။

"အဟမ္း၊ အဟမ္း"

စစ္ကုန္းလြီ႔က မေနႏိုင္ေတာ့ဘဲ ေခ်ာင္းဟန္႔ၿပီး သတိေပးလိုက္သည္။

မင္း ဘယ္ခ်ိန္ထိ ေသာက္ရွက္ကြဲစရာျဖစ္ေအာင္ ေနျပေနမွာလဲကြ။

ရွီးနန္ဝမ္ - "...."

ထို႔​ေနာက္ ခ်ူယြမ္လည္း မိန္းမစိုးမ်ားကို ေခၚလိုက္ကာ ​ေျမာင့္ရွင္းအတြက္ ေနရာထိုင္ခင္း ျပင္ဆင္ေပးလိုက္ရန္ ၫႊန္ၾကားလိုက္သည္။

"ေတြးၾကည့္လိုက္ေတာ့ အရွင္ဘုရား ဒီခရီးကိုႂကြလာရတာ အေတာ္ပင္ပန္းေနေလာက္မွာပဲ။ ဆြမ္းဘုဥ္းေပးေတာ္မူၿပီး ခဏေလာက္က်ိန္းစက္ၿပီးခါမွ အမႈကိစၥေတြေဆြးေနြးတိုင္ပင္ၾကရရင္လည္း ေနာက္မက်ေသးေၾကာင္းပါ"

​ေျမာင့္ရွင္းလည္းၿပံဳးလိုက္ကာ ၪီးအနည္းငယ္ၫႊတ္လိုက္၏။

"ဒကာေတာ္ဧကရာဇ္ကို ေက်းဇူးတင္လွပါေပတယ္"

သူ ထြက္သြားၿပီးသည့္အခ်ိန္ထိ ေစာင့္ၿပီးလိုက္ခါမွ ခ်ူယြမ္က ရွစ္ဇီအား မိမိ၏ အခန္းသို႔ မနက္စာႏွစ္ပြဲယူလာေပးရန္ မိန္႔ၾကားလိုက္သည္။ ယေန့မနက္စာကား အသားစဥ္းေကာထည့္ထားေသာ ေခါက္ဆြဲသုပ္ျဖစ္ကာ ရွီးနန္ေဒသအႀကိဳက္အရသာအခ်ဥၡ်ဥ္စပ္စပ္ေလးျဖစ္ေပ၏။

သြမ့္ပိုင္ယြဲ႔က စားပြဲနားဝင္ထိုင္လိုက္သည္။

"ဘာလို႔ မင္းကပါ မနက္စာမစားေသးဘဲေနေနတာလဲ၊ အခု ဘယ္အခ်ိန္ေတာင္ရိွၿပီလဲၾကည့္ၪီး"

"ေျမာင့္ရွင္းက မင္းကို အႏိုင္က်င့္လိုက္တာလား၊ မင္းက သူ႔ကို အႏိုင္က်င့္လိုက္တာလားေျပာ"

ခ်ူယြမ္က လက္တစ္ဖက္ျဖင့္ ေမးကိုေထာက္ကာ က်န္တစ္ဖက္က တူကိုကိုင္ရင္း စားပြဲကို တေဒါက္ေဒါက္ေခါက္လာ၏။

သြမ့္ပိုင္ယြဲ႔ - "....."

"ေျပာပါဆို၊ မဟုတ္ရင္ မင္းစားဖို႔ ထမင္းမေပးေတာ့ဘူးေနာ္"

သြမ့္ပိုင္ယြဲ႔မွာ လက္ေျမႇာက္အရႈံးေပးလိုက္ရသည္။

"အႏိုင္က်င့္တာမက်င့္တာေတြ မဟုတ္ပါဘူးကြာ။ အခုလာခဲ့တဲ့ လမ္းတစ္ေလ်ွာက္လံုးမွာလည္း ၿငိမ္းၿငိမ္းခ်မ္းခ်မ္းပါပဲ၊ မနက္ေရာက္လာေတာ့ သူကေတာင္ ကိုယ့္ကို လကၡဏာေဟာေပးမယ္လုပ္ေနေသး"

နားေထာင္ၾကည့္လိုက္ရင္ အရမ္းပဲေဖာ္ေရြေနသလိုလို။

"အဲ့ေတာ့ ဘာေတြေဟာလိုက္လဲ"

"ကိုယ္ ေပးမေဟာဘူးေလ"

"ဒါကို ၿငိမ္းခ်မ္းပါတယ္၊တည့္ပါတယ္ လာေျပာေနေသး"

ခ်ူယြမ္က သူ႔ေဘးနားသို႔ ေနရာေရႊ့လာၿပီး ဆက္ေျပာ၏။

"အမွန္အတိုင္းေျပာစမ္း!!!!! အထက္အရာရိွကို မုသားစကား လိမ္ညာေျပာဆိုရင္ ကိုယ္ေတာ္ မင္းကို ရိုက္ေတာ့မွာေနာ္"

"မင္းကိုပဲ ရိုက္ခြင့္ျပဳလိုက္ေတာ့မယ္"

သြမ့္ပိုင္ယြဲ႔က အူျမဴးေနကာ လူကို ဆြဲဖက္လိုက္ၿပီး ပါးတစ္ဖက္ကို တိုးကပ္ေပးထား၏။

ခ်ူယြမ္လည္း လက္လွမ္းကာ သူ႔ကို ရိုက္ပစ္လိုက္သည္။

ထိုအခါ သြမ့္ပိုင္ယြဲ႔မွာ အရမ္းကိုမွ ဝမ္းနည္းေၾကကြဲသြားေသာ ရုပ္ေလးျဖစ္သြား၏။

"အခ်င္းခ်င္းေတြကို ၊ တကယ္ႀကီး ရိုက္ေနတာလားဟမ္"

ခ်ူယြမ္က သူ႔ကို ခပ္ဖြဖြရိုက္လာျပန္၏။

"ျမန္ျမန္ေျပာလို႔!!!!! ေခါက္ဆြဲေတြ ပြကုန္ေတာ့မယ္"

"တကယ္ ဘာမွမျဖစ္ခဲ့ပါဘူးဆို။ မေန့က ခြန္းတာတို႔ကို အိမ္ျပန္ပို႔တယ္၊ ခြန္းဆန္းက နန္းေတာ္ထဲသြားၿပီး ဝူဒိန္းကို သြားေခၚလာတယ္၊ ၿပီးေတာ့ အဲ့ဘုန္းႀကီးကပါ ေနာက္ကေန လိုက္လာတယ္။ ၿပီးေတာ့ တာ့ခ်ူတပ္မေတာ္နဲ႔အတူ စစ္တိုက္ထြက္မယ္ေျပာလာေတာ့ ကိုယ္လည္း ဘာမျွငင္းစရာအေၾကာင္းမရိွခဲ့တာ။ ဘာပဲေျပာေျပာ အရင္တုန္းကလည္း မင္း အဲ့ဘုန္းႀကီးအေၾကာင္း ခဏခဏ ေျပာ​​ေနတာပဲဟာ "

ခ်ူယြမ္က ခ်စ္သူျဖစ္သူကို အတန္ၾကာစိုက္ၾကည့္လာ၏။

"တစ္ေထြတစ္လ်ား​ အရွည္ႀကီးေတြ ေလ်ွာက္ေျပာေနလိုက္တာမ်ား၊ အဓိကကိစၥက ေနာက္ဆံုးစကားမွာ ရိွတယ္ေပါ့ေလ"

"အဟမ္း၊ အဟမ္း။ မဟုတ္ပါဘူး၊ မဟုတ္ရပါဘူး"

"စိတ္သေဘာထား ေသးသိမ္တယ္...."

ခ်ူယြမ္က သြမ့္ပိုင္ယြဲ႔ေခါင္းကို တစ္ခ်က္ထပ္ရိုက္လိုက္ျပန္သည္။

"ေျမာင့္ရွင္းက သိုင္းေလာကသားတစ္ေယာက္အျဖစ္ ယူဆလို႔ရတာေၾကာင့္ သူ႔အေၾကာင္းကို မင္းနဲ႔ ခဏခဏေျပာျဖစ္ေနတာ၊ အဲ့လိုေျပာလို႔ေတာင္ မရဘူးေပါ့"

"ရတာေပါ့၊ ဘာလို႔မရရမွာလဲ"

သြမ့္ပိုင္ယြဲ႔က တစ္ဖက္လူကို မိမိရင္ခြင္ထဲအတင္းဖမ္းခ်ဳပ္ထားလိုက္ၿပီး မေက်မနပ္ေျပာလာ၏။

"အဲ့ဘုန္းႀကီးက မင္းရဲ့အိပ္ခန္းထဲကို အၿမဲေရာက္ျဖစ္တယ္လို႔လည္း ေျပာေနတာကို"

"ငါ သိပ္ၿပီးအိပ္မေပ်ာ္လို႔ေလ၊ အဲ့တုန္းက ငါ့အနားမွာ ေရွာင္က်င္လည္း မရိွဘူး"

ခ်ူယြမ္က သြမ့္ပိုင္ယြဲ႔၏ဆံႏြယ္မ်ားကို လက္ျဖင့္ ရစ္ပတ္ေဆာ့ကစားေန၏။

"မင္းလည္း မရိွဘူး....."

သြမ့္ပိုင္ယြဲ႔က ခ်ူယြမ္၏လက္ကိုဆုပ္ကိုင္လိုက္ကာ ႏူးညံ့သိမ္ေမြ့စြာဆိုလာ၏။

"နန္းတက္စအခ်ိန္တုန္းက၊ ဟုတ္တယ္ဟုတ္ ? "

"အင္း၊ မ်က္လံုးမိွတ္လိုက္တာနဲ႔ အိပ္မက္ဆိုးေတြခ်ည္းမက္ေနတာ။ ညတိုင္းညတိုင္းမွာ မ်က္လံုးႀကီးေၾကာင္ၿပီး မနက္ခင္းျမန္ျမန္ေရာက္ဖို႔ ေစာင့္ေမ်ွာ္ခဲ့ရတယ္။ ေနာက္ပိုင္း အမတ္မင္းလ်ိဳက ေျမာင့္ရွင္းကို နန္းေတာ္ထဲ ေခၚလာေပးတယ္၊ ညညဆို သူ တရားေဒသနာရြတ္တဲ့အသံနဲ႔ ငါ နည္းနည္းေတာ့ အိပ္ေပ်ာ္ျဖစ္လို႔"

သြမ့္ပိုင္ယြဲ႔ကသက္ျပင္းခ်လိုက္ကာ ခ်ူယြမ္၏ဆံႏြယ္မ်ားအား နမ္းရိႈက္လိုက္၏။

"ေစာနက မင္းကိုက်ီစယ္ရံုပါ၊ ဘာကိစၥ ကိုယ္က ရဟန္းေတာ္တစ္ပါးကို သဝန္တိုရမွာလဲ"

"သူ႔ရဲ့အတြင္းသိဒၶိေတြ အရမ္းကိုအားႀကီးတယ္။ နန္းေတာ္ထဲေရာက္လာတာနဲ႔ခ်က္ခ်င္း ငါ့ေဘးနားမွာ ငါ့ကိုေစာင့္ၾကည့္ေနတဲ့လူအမ်ားႀကီးရိွတယ္လို႔ ေျပာလာတယ္။ ငါလည္း ရွီးနန္စံအိမ္ေတာ္နဲ႔ နန္းေတာ္ၾကား ပတ္သက္မႈရိွတာကို မသိေစခ်င္ေတာ့ လ်ိဳမ်ိဳးရိုးအိမ္ေတာ္ကလူေတြပါလို႔ တစ္ပတ္လွည့္ၿပီး ေျပာလိုက္တယ္။ ျပႆနာမတက္ေစခ်င္လို႔လည္း ပါတာေပါ့။ အဲ့အခ်ိန္ကစၿပီး သူ ငါနဲ႔ေဆြးေနြးစရာရိွတိုင္း မင္းရဲ့အေထာက္ေတာ္ေတြကေန ေရွာင္ၿပီးေျပာျဖစ္တယ္။ ရွီးနန္စံအိမ္ေတာ္ရဲ့မ်က္လံုးေအာက္ကေန ငါ တမင္သက္သက္ ထြက္ေျပးတိမ္းေရွာင္ေနတာ မဟုတ္ရပါဘူးေနာ္ "

သြမ့္ပိုင္ယြဲ႔ ဘာဆက္လုပ္ရမွန္းမသိေတာ့။

"မင္း အေသးစိတ္ ထပ္ၿပီးရွင္းျပေနရင္ေတာ့ ကိုယ္ကပဲ စိတ္သေဘာထားေသးသိမ္တဲ့လူ ျဖစ္သြားမွာပဲ"

ခ်ူယြမ္က ၿပံဳးလိုက္ၿပီး သူ႔ပခံုးကို ခပ္ဖြဖြ ပုတ္လာ၏။ ထို႔ေနာက္ မတ္မတ္ျပန္ထိုင္လိုက္ကာ ေခါက္ဆြဲကိုေမႊေပးလိုက္သည္။

"ေရာ့၊ စားၿပီးတာနဲ႔ ခဏေလာက္ အနားယူ။ ဘာကိစၥပဲရိွရိွ မြန္းလြဲပိုင္းက်မွ ဆက္ေျပာၾကမယ္"

****

အခန္းအျပင္ဘက္ဝယ္ ယဲ့က်င္က ရွန္ခ်န္းဖုန္းကို ေမးလာ၏။

"ခင္ဗ်ား အဲ့ဒီေျမာင့္ရွင္းကိုယ္ေတာ္ကို သိသလား"

"နာမည္ကိုေတာ့ ဟိုးအရင္ကတည္းက ၾကားဖူးတယ္၊ မ်က္ႏွာေတာ့ ဒီေန့မွ ျမင္ဖူးတာ။ သိုင္းေလာကထဲက က်င့္ႀကံျခင္းေတြအေၾကာင္းေျပာရင္ နန္ဖူေရွာင္ယဲ့ေက်ာင္းကို ေျမာက္ပိုင္းေရွာင္လင္ေက်ာင္းနဲ႔ တစ္တန္းတစ္စားတည္းထားလို႔ရတယ္။ ဒါေပမယ့္ အဲ့ဘုန္းႀကီးေတြက တစ္ကိုယ္ေတာ္တည္း ေနတတ္ၿပီး လူေရ႔ွထြက္လာတာရွားတယ္။ ၿပီးေတာ့ ေျမာင့္ရွင္းက ေခါင္းပဲေတြ့ရၿပီး အၿမီးကိုမေတြ့လိုက္ရေတာ့တဲ့ နဂါးလိုပဲ ၊ ေပၚခ်င္တဲ့အခ်ိန္ေပၚ ေပ်ာက္ခ်င္တဲ့အခ်ိန္ေပ်ာက္သြားၿပီး မွန္းဆရခက္တယ္။ ေကာလာဟလေတြအရေတာ့ သိုင္းပညာအဆင့္ျမင့္တဲ့လူတစ္ေယာက္ပဲ  "

"အင္း၊ ေစာန ခုန္ပ်ံေက်ာ္လႊားလာတဲ့ ပံုစံအေနအထားကိုၾကည့္ရတာ အတြင္းအား နည္းနည္းေလးပဲရိွတဲ့လူ လံုးဝမဟုတ္ဘူး။ ၿပီးေတာ့ အရွင္မင္းျမတ္ကလည္း သူ႔ကို အေတာ္ယံုၾကည္စိတ္ခ်ေနတဲ့ပံုပဲ။ ဘာျပႆနာမွေတာ့ မရိွေလာက္ဘူးထင္ပါတယ္"

"နန္ဖူေရွာင္ယဲ့ေက်ာင္းမွာကိုက တာ့ခ်ူတပ္မေတာ္ေနာက္ကိုလိုက္ၿပီး တိုင္းျပည္ကိုကာကြယ္တဲ့အေလ့အက်င့္မ်ိဳး ဟိုးေရွးေရွးကတည္းက ထံုးတမ္းစဥ္လာရိွခဲ့တယ္။ ေျမာင့္ရွင္းေရာက္လာတာ ဘာမွထူးဆန္းတဲ့ကိစၥေတာ့ မဟုတ္ဘူး။ အက်င့္စရိုက္ကေတာ့ ရက္နည္းနည္းေလာက္ေပါင္းၾကည့္ရင္ သိရပါလိမ့္မယ္"

ယဲ့က်င္ ေခါင္းညိတ္လိုက္သည္။

"ေနာက္ကိစၥတစ္ခုရိွေသးတယ္"

ရွန္ခ်န္းဖုန္းက ေျပာေျပာဆိုဆို ယဲ့က်င္ႏွာေခါင္းကို ဆြဲၫွစ္လိုက္ကာ သတိေပးလာ၏။

"အရင္တုန္းကဟာေတြေတာ့ ထားလိုက္ေတာ့။ အခု သေဘၤာေပၚမွာ ေျမာင့္ရွင္းတစ္ေယာက္ ထပ္တိုးလာၿပီ၊ အားအားရိွ ထိပ္ေျပာင္ႀကီးလို႔ လိုက္မေအာ္ရဘူး။ မွတ္ထားေနာ္၊ နားလည္လား"

"......"

ရွန္ခ်န္းဖုန္းက ၿပံဳးလိုက္ၿပီးေနာက္ ယဲ့က်င္လက္ကိုဆြဲကာ သေဘၤာဝမ္းခန္းေအာက္ ျပန္သြားလိုက္သည္။

*****

စစ္ကုန္းလြီ႔က ေမ်ွာ္စင္ထက္တြင္ တက္ထိုင္ေနလ်က္ရိွကာ ေအာက္ကလူမ်ား သူ႔စံုတြဲႏွင့္သူ လက္ခ်င္းတြဲေနၾကသည္ကို လွမ္းၾကည့္ေန၏။

လူတိုင္းလူတိုင္းက အကုန္လံုး သူ႔အိုးသူ႔အိမ္ႏွင့္ အေျခတက်ျဖစ္ေနၿပီ၊ အဘယ္ေၾကာင့္မ်ား မိမိတစ္ေယာက္တည္းကပဲ အထီးက်န္ေနရပါသနည္း။ မနက္စာစားၿပီးရဲ့လားဆိုသည္ကို လာေမးမည့္သူပင္မရိွ၊ အခုခ်ိန္ထိပင္ ဗိုက္ကဆာေနဆဲျဖစ္သည္။

ထိုအခါ စစ္ကုန္းလြီ႔ရင္ထဲ လြမ္းေဆြးမႈမ်ား အဆမ်ားစြာ လိႈက္တက္လာ၏၊ ခဏၾကာလ်ွင္ ကဗ်ာတစ္ပုဒ္ပင္ ဖြဲ႔သီလို႔ရသည့္အထိ အလြမ္းလိႈင္းမ်ားသည္းေနေပ၏။

*****

ရႊဲဟြိုင္ယြဲ႔က သေဘၤာၪီးပိုင္းကို ၪီးတည္ခ်က္လွည့္လိုက္ေစကာ ပိုင္ရွန္႔ျပည္သို႔ ၪီးတည္ေမာင္းႏွင္ေစ၏။

မေန့ညတစ္ညလံုး သြမ့္ပိုင္ယြဲ႔ အျပင္ထြက္သြားသျဖင့္ ခ်ူယြမ္လည္း ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္မေပ်ာ္ေတာ့။ သို႔ေသာ္လည္း သိပ္ေတာ့ မထူးဆန္းပါ၊ ခ်ူယြမ္မွာ ညႀကီးသန္းေခါင္ သံုးေလးခါ လန္႔လန္႔ႏိုးလာေသးသည္။ ယခုေတာ့ အလုပ္မွေခတၲအေခ်ာင္ခိုကာ သြမ့္ပိုင္ယြဲ႔ႏွင့္အတူ လွဲအိပ္ၿပီး အနားယူျဖစ္ခဲ့သည္၊ မြန္းလြဲပိုင္းေရာက္ခါမွ ႏွစ္ေယာက္သားျပန္ႏိုးလာခဲ့၏။

"အိပ္မက္ေတြမက္ေနတာလား၊ မ်က္ေမွာင္ေတြ အၿမဲႀကံဳ႔ထားေနတာခ်ည္းပဲ"

သြမ့္ပိုင္ယြဲ႔က ခ်ူယြမ္၏ဆံႏြယ္မ်ားကို လက္ျဖင့္ ၿဖီးသင္ပြတ္သပ္ေပးရင္း ေမးလာ၏။ ခ်ူယြမ္က သြမ့္ပိုင္ယြဲ႔၏လက္ေမာင္းေပၚ ေခါင္းအံုးအိပ္လိုက္သည္။

"မမွတ္မိေတာ့ဘူး။ အခုအျပင္မွာ ပုေလြမႈတ္တဲ့လူ ရိွေနတာလား"

သြမ့္ပိုင္ယြဲ႔က ေခတၲမ်ွ တံု႔ဆိုင္းသြားၿပီးေနာက္ ဆက္ေျပာလာ၏။

"ဪ၊ ေျမာင့္ရွင္းေလ"

ခ်ူယြမ္က ျပန္ထထိုင္လိုက္သည္။

"သြားၾကစို႔ ၊ အစည္းအေဝးခန္းဆီ အတူတူသြားၾကရေအာင္"

သြမ့္ပိုင္ယြဲ႔က ခ်ူယြမ္ကို အေနာက္ဘက္မွ သိုင္းဖက္လာ၏။ ထို႔ေနာက္ လည္တိုင္ထက္သို႔ အနမ္းတစ္ပြင့္ေႁခြလိုက္ကာ အနီေရာင္အမွတ္အသားကို ခ်န္ရစ္ထားလိုက္၏။ ၿပီးခါမွ ေဘးနားရိွ အက်ႌအဝတ္အစားမ်ားကို ယူလိုက္ကာ ခ်ူယြမ္ကို ကူညီဝတ္ဆင္ေပးလာသည္။

ေန့ခင္းပိုင္း အၾကာႀကီးအိပ္လိုက္သျဖင့္ ေခါင္းထဲ ရိပ္တိတ္တိတ္မူးေနွာက္ေနသည္။ ခ်ူယြမ္တစ္ေယာက္ မ်က္ႏွာလည္းသစ္ၿပီး၊ လက္ဖက္ရည္ေအးကိုလည္း တစ္ခရားလံုးေသာက္ၿပီးသြားသည့္တိုင္ အျပည့္အဝ ျပန္မႏိုးေသး။ ပ်င္းရိေနေသာဟန္ျဖင့္ စားပြဲေပၚ ထပ္ၿပီးေမွာက္အိပ္လိုက္ျပန္ကာ ခႏၶာကိုယ္ကို တစ္စက္မွ မလႈပ္ရွားေတာ့။

မိမိ၏လႈပ္ရွားမႈမွန္သမ်ွကို ေတာက္ေလ်ွာက္လိုက္ၾကည့္ေနေသာ ခ်ူယြမ္ေၾကာင့္ သြမ့္ပိုင္ယြဲ႔ ရယ္ခ်င္သြားသည္။

"ဘာလဲ၊ အျပင္ထြက္မသြားခ်င္လို႔လား။ ဒါဆိုရင္လည္း မနက္ျဖန္မွ ေဆြးေနြးၾကစို႔ေလ"

ခ်ူယြမ္က ႏႈတ္ခမ္းဆူလိုက္ကာဆို၏။

"မိဖုရားေခါင္ႀကီးျဖစ္ေနၿပီးေတာ့...... ေကာင္းကင္ရဲ့သားရတနာကို လံု႔လဝီရိယရိွဖို႔၊ စည္းမ်ဥ္းစည္းကမ္းလိုက္နာဖို႔ ေခ်ာ့ေမာ့ေျပာဆိုရမွာမဟုတ္ဘူးလား။ မင္းလို အက်င့္စရိုက္မ်ိဳးနဲ႔ေတာ့ ရာဇဝင္မွာ နာမည္တြင္ခံရမွာ မဟုတ္ေတာ့ဘူး"

"ဟာ၊ ဒါဆို မျဖစ္ေတာ့ဘူး။ ဒီရာထူးေလးကို အားကိုးၿပီး မိသားစုမ်ိဳးရိုးကို ဂုဏ္တင့္ေအာင္ ျမႇင့္တင္ေပးခ်င္တာပါဆိုမွ"

သြမ့္ပိုင္ယြဲ႔က ေျပာေျပာဆိုဆို ခ်ူယြမ္၏ ပါးျပင္ကို လွမ္းကိုက္လိုက္သည္။

"ထေတာ့၊ အလုပ္သြားလုပ္ေခ်"

"ဟားဟားဟား"

ခ်ူယြမ္မွာ တစ္ဖက္လူကိုေရွာင္တိမ္းလိုက္ရင္း အားရပါးရ ရယ္ေမာေန၏။ သို႔ႏွင့္ ႏွစ္ေယာက္သား အတန္ၾကာသၫ့္အထိ စေနာက္က်ီစယ္ၿပီးခါမွ ခ်ူယြမ္၏စိတ္မ်ား ျပန္လည္လန္းဆန္းလာသည္။ ထို႔ေနာက္ သေဘၤာဝမ္းခန္းထဲမွ အတူတူထြက္လာၾကေသာအခါ သူတို႔ဘက္သို႔ေလ်ွာက္လွမ္းလာေသာ ဘုန္းႀကီးကို ေတြ့လိုက္ရသည္။

ခ်ူယြမ္က ဆို၏။

"အရွင္ဘုရား၊ သေဘၤာေပၚ သီတင္းသံုးရတာ ေနသားက်သြားၿပီလား"

"ေလာကီကို ေက်ာခိုင္းခဲ့တဲ့လူအဖို႔ ထမင္းတစ္နပ္၊ လက္ဖက္ရည္တစ္ခြက္ ၊ ထိုင္စရာ အထည္ပါးပါးေလးတစ္ခုနဲ႔ေတာင္ လံုေလာက္ပါၿပီ။ စိုးရိမ္ေပးေတာ္မူတဲ့အတြက္ ဒကာေတာ္မင္းျမတ္ကို ေက်းဇူးအမ်ားႀကီးတင္ပါတယ္ "

ေနဝန္းႀကီးကလည္း အေနာက္ကြၽန္းသို႔ တျဖည္းျဖည္း ေမးတင္ေနၿပီျဖစ္ရာ သေဘၤာေခါင္မိုးထပ္တြင္ ေအးစိမ့္စိမ့္ျဖစ္စျပဳလာ၏။ သြမ့္ပိုင္ယြဲ႔က ခ်ူယြမ္အေအးမိသြားမည္ကို စိုးသျဖင့္ -

"သေဘၤာဝမ္းခန္းေအာက္ကို အရင္သြားၿပီးမွ စကားဆက္ေျပာရေအာင္ေလ"

ခ်ူယြမ္ ေခါင္းညိတ္လိုက္၏။ ထို႔ေနာက္ အျခားသူမ်ားကို သြားေရာက္ဖိတ္ေခၚရန္ ရွစ္ဇီအားၫႊန္ၾကားလိုက္သည္။

*****

ယဲ့က်င္တစ္ေယာက္ အစည္းအေဝးခန္းထဲဝင္ေရာက္လာေတာ့ အလင္းဟပ္ကာ ေျပာင္လက္ေနသည့္ ထိပ္ေျပာင္ကတံုးကို ခ်က္ခ်င္း မ်က္စိထဲခလုတ္တိုက္မိသြားေလရာ ဘာကိုမွေစ့ေစ့စပ္စပ္ႏိုင္ေတာ့။ ကံေကာင္းေထာက္မ၍ ျမန္ျမန္အၾကည့္လႊဲႏိုင္၍သာ ေတာ္ေသးသည္။

ရွန္ခ်န္းဖုန္း - "....."

*****

အရင္ရက္မ်ားတုန္းက ရႊဲဟြိုင္ယြဲ႔လည္း သူယံုၾကည္ရေသာ လူယံုေတာ္မ်ားကို ပိုင္ရွန္႔ျပည္၏အနီးတစ္ဝိုက္သို႔ သြားေရာက္ေထာက္လွမ္းခိုင္းထားသည္။ ထိုအခါ နန္းေတာ္ထဲရိွ ေခါင္းမာလြန္းေသာ မွဴးမတ္အိုႀကီးမ်ားကို အျပတ္ရွင္းလိုက္သည္ကလြဲၿပီး ထိုနာ့ဝါအတုမွာ ဘာမွဆက္ၿပီး ျပႆနာမရွာေတာ့ဟု သိရသည္။ သို႔ေသာ္ ခ်ူရိွန္႔ႏွင့္ ရင္းႏွီးကြၽမ္းဝင္ေၾကာင္းျပၿပီး သိသိသာသာမ်က္ႏွာေပးလာသည္ဟုဆို၏။ က်န္ေသာမွဴးမတ္မ်ားကလည္း ေသြးေခ်ာင္းစီးေသာ သတ္ျဖတ္မႈမ်ားကို အႀကိမ္ႀကိမ္အခါခါ ေတြ့ျမင္ထားရၿပီးျဖစ္သျဖင့္ ထိုနာ့ဝါအတုကို ဘယ္သို႔ဘယ္ပံု တြန္းလွန္အာခံရဲပါမည္နည္း။

ထို႔အျပင္ ျပည္သူလူထုမ်ားၾကား ရွီးနန္စံအိမ္ေတာ္၏ ရုပ္ဖ်က္ျခင္းအတတ္မွာ လြန္စြာမွ ထူးဆန္းအံ့ဩစရာေကာင္းလွေၾကာင္း သတင္းပ်ံ့ေန၏။ အ​ေၾကာင္းမွာ အျပင္ပန္းရုပ္သြင္ကိုသာမက မွတ္ဉာဏ္ေရာ စိတ္ေနစိတ္ထားကိုပါ တစ္ထပ္တည္းတူေအာင္ ပံုတူပြားႏိုင္သည္ဟု ေျပာဆိုေနၾကသည္။ နားေထာင္ၾကည့္လိုက္ေတာ့ ရုပ္ဖ်က္ျခင္းႏွင့္မတူေတာ့ဘဲ ဝိညာဥ္ပူးကပ္ျခင္းႏွင့္ပင္ တူေနေပ၏။

"ၾကည့္ရတာ ခ်ူရိွန္႔ကိုယ္တိုင္ကလည္း စိုးရိမ္ပူပန္ေနတဲ့ပံုပဲ။ ေရွာင္းေရွာင္းအာကလည္း အစကတည္းက အမွားလုပ္ထားၿပီး နာ့ဝါ၊ ခြန္းတာနဲ႔တျခားလူေတြကို ကိုယ္တို႔ဆီ လက္လႊတ္လိုက္ရတာကိုး။ အခု ပိုင္ရွန္႔ျပည္မွာ ဒီလိုသတင္းမ်ိဳး ပ်ံ့လာေတာ့ ကိုယ္တို႔ဘက္က နာ့ဝါအစစ္ကို ျပန္ေခၚသြားေပးႏိုင္ရင္ေတာင္ ရုပ္ဖ်က္ထားတဲ့အတုအေယာင္ပါလို႔ စြပ္စြဲခံရဖို႔မ်ားတယ္။ အခုေန ဟိုဘက္ကလူေတြ သတင္းထပ္ဖြလိုက္ရင္ ပိုရႈပ္မွာပဲ။ အတုက တစ္သက္လံုး အစစ္ျဖစ္သြားၿပီး အစစ္က အတုျဖစ္သြားမွာ စိုးရိမ္စရာေကာင္းတယ္"

သြမ့္ပိုင္ယြဲ႔၏ မွတ္ခ်က္စကားကို ရႊဲဟြိုင္ယြဲ႔က ေခါင္းညိတ္ၿပီးေထာက္ခံလိုက္သည္။

"ကြၽန္ေတာ္မ်ိဳးလည္း အဲ့အခ်က္ကို စိုးရိမ္မိပါတယ္"

ခ်ူယြမ္ေမးလာ၏။

"ဝမ္းအိုက္ခ်င္းေရာ ဘယ္လိုအေတြးရလဲ"

ဝမ္းလ်ိဳန်ဲန္က ေျဖ၏။

"အလြယ္ဆံုးနည္းကေတာ့ အတုနဲ႔အစစ္ကို တျခားလူေတြမသိေအာင္ လဲလိုက္တာပါပဲဘုရား၊ တစ္ဖက္ရန္သူဘက္က နာ့ဝါအတုကို ခိုးၿပီး အစားထိုးလဲပစ္လိုက္သလိုမ်ိဳးပါ။ ဒါဆိုရင္ တိုင္းသူျပည္သားေတြရဲ့ အျမင္ထဲမွာ အတုတစ္ေယာက္ေပၚလာခဲ့ဖူးတာ၊ အစကတည္းက နာ့ဝါႏွစ္ေယာက္ရိွခဲ့တယ္ဆိုတာကို သိလိုက္ရမွာေတာင္ မဟုတ္ဘူး။  အားလံုးက တစ္ေယာက္တည္းလို႔ပဲ ထင္ၾကမွာ။ နာ့ဝါရဲ့ အက်င့္စရိုက္ေတြေျပာင္းသြားတာဟာ မွတ္ဉာဏ္ေပ်ာက္ဆံုးသြားတာလို႔ ေျပာထားတယ္ဆိုရင္ အခုတစ္ေယာက္က မွတ္ဉာဏ္ေတြ ျပန္ရလာၿပီဆိုတဲ့ တစ္ေယာက္ေပါ့ဘုရား။ ဒါဆိုရင္ ျဖစ္ေၾကာင္းကုန္စင္ကို ေရွာင္လႊဲေျဖရွင္းသြားႏိုင္ပါၿပီဘုရား "

ခ်ူယြမ္က ၿပံဳးၿပီးေျပာလာ၏။

"မဆိုးဘူး"

သြမ့္ပိုင္ယြဲ႔က ဆိုလာ၏။

"ျပန္ေတြးၾကည့္လိုက္ေတာ့ အခုခ်ိန္ ပိုင္ရွန္႔ျပည္မွာလည္း အေစာင့္အေရွာက္ေတြ အထပ္ထပ္ကာထားေနေလာက္ၿပီ။ ေဖာက္ဝင္သြားဖို႔ဆိုတာ မလြယ္ေလာက္ဘူး။ သူမ်ားေတြမသိေစဘဲ က်ားသစ္ေၾကာင္ကို မင္းသားေလးအျဖစ္ လူစားလဲမယ့္နည္းလမ္းမ်ိဳး စကားထဲထည့္ေျပာေနစရာေတာင္ မလိုဘူး"

"အရွင္ဘုရားေရာ ဘယ္လိုအျမင္ရိွပါသလဲ"

ေျမာင့္ရွင္းက လက္ထဲရိွပုတီးကို ကိုင္တြယ္ပြတ္သပ္ေနကာ မ်က္လႊာႏွစ္ဖက္ကိုလည္း ခ်ထားလ်က္ရိွ၏။ ႏႈတ္မွလည္း တိတ္ဆိတ္စြာ ေမတၲာဘာဝနာစီးျဖန္းရြတ္ဖတ္ေနဆဲျဖစ္ကာ ေဘးပတ္ဝန္းက်င္ရိွလူမ်ား ေျပာေသာစကားကို စိတ္မဝင္စားဟန္ျပဳေန၏။ ယခု တစ္ေယာက္ေယာက္က ေခၚလိုက္ေတာ့မွ မ်က္လံုးဖြင့္​ၿပီး ေျပာလာသည္။

"ေနာက္လဝက္ေနရင္ ပိုင္ရွန္႔ျပည္မွာ ဆုေတာင္းပြဲက်င္းပလိမ့္မယ္"

"ဟင္၊ ပင္လယ္ကမ္းစပ္နားမွာလား"

ခ်ူယြမ္၏ အေမးကို ေျမာင့္ရွင္းက ေခါင္းခါလိုက္၏။

"ေစ်းလယ္ေခါင္မွာ က်င္းပမွာပါ။ အဲ့အခ်ိန္က်ရင္ တိုင္းသူျပည္သားအားလံုးက ပြဲေတာ္က်င္းပဆင္ႏႊဲဖို႔အတြက္ စုေဝးေရာက္ရိွလာၾကပါလိမ့္မယ္။ ႏွစ္စဥ္ႏွစ္တိုင္းအဲ့လိုမ်ိဳးက်င္းပလာခဲ့တာ ႏွစ္ေပါင္းရာခ်ီရိွေနပါၿပီ "

"ပြဲေတာ္ရိွရင္ေတာင္ အေစာင့္အေရွာက္အင္အားက ယုတ္ေလ်ာ့သြားမွာ မဟုတ္ဘူးဘုရား"

"ဆုေတာင္းပြဲက်င္းပရင္ တိုင္းသူျပည္သားတိုင္း လာရပါတယ္၊ ၿပီးေတာ့ ျပည္နယ္ဘုရင္က သမုဒၵရာေစာင့္နတ္ကို ပူေဇာ္ပသဖို႔ စင္ျမင့္တစ္ေနရာမွာ ထိုင္ရပါတယ္။ အဲ့စင္ျမင့္က သစ္သားစင္ျမင့္ပါ ၊ ေလထန္တဲ့အရပ္မွာလည္း ရိွေနပါတယ္။ မီးစေလာင္တာနဲ႔ ခ်က္ခ်င္းကိုပဲ ဝါးၿမိဳေလာင္ကြၽမ္းသြားမွာပါ၊ အဲ့လိုသာျဖစ္သြားရင္ တိုင္းသူျပည္သားေတြၾကား ေကာလာဟလေတြ ပ်ံ့သြားမွာပဲ "

မ်က္ႏွာခ်င္းဆိုင္တြင္ထိုင္ေနေသာ ယဲ့က်င္က လက္ဖက္ရည္ခြက္ကို ကိုင္ထားရင္း အံ့အားသင့္ေန၏။

ဒါ ဘယ္လို ဘုန္းႀကီးမ်ိဳးလဲ။ ပါးစပ္ေလးဟလိုက္တာနဲ႔ လူကို မီးရိႈ႔သတ္မယ္လို႔ ခ်က္ခ်င္းထေျပာရတယ္လို႔။

ေအာ္မိေထာေဖာ ရုပ္ကို မေပါက္ဘူး။

ေျမာင့္ရွင္းက ဆက္ဆို၏။

"အဲ့အခ်ိန္က်မွ နာ့ဝါအတုကို ေမ့လဲသြားေအာင္ ထုေထာင္းရိုက္ႏွက္ၿပီး လူေတြရဲ့ေရ႔ွမွာတင္ ေခၚထုတ္သြားမယ္။ ၿပီးရင္ ဒီကိစၥကိုသံုးၿပီး တာ့ခ်ူဘက္က သေဘာတူညီခ်က္ကိုလက္ခံဖို႔ ပိုင္ရွန္႔ျပည္ကိုၿခိမ္းေျခာက္မယ္။ ဒီေလာက္ဆို ရပါၿပီဘုရား "

ဝမ္းလ်ိဳန်ဲန္ကပါ ျဖည့္ေျပာလာသည္။

"ဒါလည္း ေကာင္းတဲ့နည္းလမ္းပဲဘုရား။ အတုကို လူေရ႔ွမွာတင္ ေခၚထုတ္သြားၿပီး လူတိုင္းျမင္ေလာက္တဲ့ အျမင့္တစ္ေနရာမွာ ခ်ည္ထားမယ္။ ဒါဆိုရင္ တစ္ဖက္ရန္သူက အတုေတြ ထပ္လုပ္ရဲေတာ့မွာ မဟုတ္ေတာ့ဘူး။ ေနာက္ႏွစ္ရက္သံုးရက္ေနမွ နာ့ဝါအစစ္ကို ျပန္သြားပို႔ၾကရေအာင္။ ၿပီးေတာ့ ကြၽန္ေတာ္မ်ိဳးတို႔လက္ထဲမွာ နာ့ရွီးရွစ္လည္း ရိွတယ္ေလ"

"ဘယ္လိုသေဘာရလဲ"

ခ်ူယြမ္က သြမ့္ပိုင္ယြဲ႔ဘက္ၾကည့္ရင္း ေမးလာ၏။ သြမ့္ပိုင္ယြဲ႔က ၿပံဳးလိုက္သည္။

"မင္း ေကာင္းတယ္ထင္ရင္ ကိုယ္ လိုက္လုပ္ေပးမွာပဲေလ "

ရွန္ခ်န္းဖုန္းက ဆိုလာ၏။

"ဒီကိစၥက ေျပာရတာလြယ္ေပမယ့္ လူတစ္ေယာက္ကို အမ်ားေရ႔ွမွာ ျပန္ေပးဆြဲဖို႔ဆိုတာ လံုးဝမလြယ္ပါဘူး ။ တကယ္လုပ္မယ္ဆိုရင္လည္း ေသေသခ်ာခ်ာ အေသးစိတ္က်က် အစီအစဥၡ်ၾကဖို႔ လိုပါတယ္၊ ရွစ္ဆယ္ရာခိုင္ႏႈန္း ေသခ်ာၿပီဆိုခါမွ အေကာင္အထည္ေဖာ္ၾကပါစို႔"

ခ်ူယြမ္ ေခါင္းညိတ္လိုက္သည္။ ထို႔ေနာက္ ရွစ္ဇီအား ေျမပံုယူလာခိုင္းေစ၏။ အရင္ႏွစ္မ်ားတုန္းက နန္ယန္ေဒသတြင္ ခ်ူရိွန္႔ဘက္မွ လူသူအင္အားစုေဆာင္းေနသည္ဟု သိလိုက္ရၿပီးသည့္ေနာက္ ခ်ူယြမ္လည္း မိမိ၏လူယံုေတာ္မ်ားကို ကုန္သည္မ်ားအသြင္ ေျပာင္းလိုက္ေစကာ အခ်က္အျခာက်ေသာ ကြၽန္းစုႏွင့္ၿမိဳ႔ႀကီးမ်ားအေၾကာင္းကို ေျမပံုဆြဲလာခဲ့ေစသည္၊ အသံုးျပဳလိုသည့္အခ်ိန္တြင္ အဆင္သင့္ျဖစ္ေအာင္ ျပင္ဆင္ထားေစခဲ့၏။

ပိုင္ရွန္႔ျပည္၏ဆုေတာင္းပြဲမွာ ကြၽန္း၏ ေတာင္ပိုင္းတြင္ က်င္းပမည္ျဖစ္ကာ သေဘၤာဆိပ္ႏွင့္ သိပ္မေဝးလွေခ်။ လူတစ္ေယာက္ကို ေခၚထုတ္လာႏိုင္ဖို႔ရန္မွာ လံုးဝမျဖစ္ႏိုင္ေသာကိစၥေတာ့ မဟုတ္ေခ်။

ယဲ့က်င္က အခြင့္ရတုန္း ေမးျမန္းလာ၏။

"သူမ်ားေတြ ေျပာၾကတာေတာ့ အရွင္ဘုရားက တုႏိႈင္းႏိုင္တဲ့ၿပိဳင္ဖက္မရိွေတာ့ေလာက္ေအာင္ သိုင္းပညာအဆင့္ျမင့္မားတယ္ဆို"

"မင္းသား(၉)၊ ခ်ီးမြမ္းလြန္းေနပါၿပီ။ ဘုန္းႀကီးဆီမွာ သိုင္းပညာနိမ့္ပါးသည္ျဖစ္ေစ၊ ျမင့္မားသည္ျဖစ္ေစ ၊ ဒကာေတာ္မင္းျမတ္ကသာ တာဝန္ေပးအပ္လာခဲ့ရင္ ဘယ္ကိစၥမဆို အစြမ္းအစရိွသေလာက္ အတတ္ႏိုင္ဆံုးႀကိဳးစားသြားမွာပါ"

ထို႔ေနာက္ ခ်ူယြမ္က ရႊဲဟြိုင္ယြဲ႔ကို ေမးလာ၏။

"ပိုင္ရွန္႔ျပည္ကိုေရာက္ဖို႔ ဘယ္ႏွစ္ရက္လိုေသးလဲ"

"ပင္မတပ္ရင္းႀကီးဆိုရင္ေတာ့ ပိုေနွးပါတယ္၊ ေရ႔ွတန္းတပ္ရဲ့ အျမန္ေလွနဲ႔ဆိုရင္ေတာ့ ေနာက္ဆယ္ရက္ဆို ေရာက္ေတာ့မွာပါဘုရား"

ခ်ူယြမ္ ေခါင္းညိတ္လိုက္သည္။ ထို႔ေနာက္ ေခတၲမ်ွ ေတြးလိုက္ၿပီး ေျပာလိုက္၏။

"ဝူစန္းေလနဲ႔ အဘိုးမုခ်ီကို သြားေခၚလာခဲ့၊ ၿပီး​ေတာ့ တပ္ရင္းႀကီးကို ဒီထက္ျမန္ေအာင္ အရိွန္ျမႇင့္ၿပီး ခရီးဆက္ခိုင္းေခ်"

******

2021.05.25.

Thz for waiting. 💜💛

*****

Continue Reading

You'll Also Like

2.1K 176 25
တစ်ခါမှမချစ်ဖူးတဲ့ထန်ရှောက်ဟာ ကောင်မလေးတစ်ယောက်ကို မြင်မြင်ချင်းချစ်မိသွားပါတယ် ဒါပေမယ့် သူမသိလိုက်တာက အဲ့ကောင်မလေးက မိန်းကလေးအဝတ်အစားဝတ်ထားတဲ့ ကောင်...
243K 23.6K 73
ဇာတ်လိုက်က အရင်ဘဝတုန်းက အပယ်ခံလေးဖြစ်ပြီးတော့ ရုပ်သေးဘုရင် အဖြစ် ဖိအားပေးခံခဲ့ရတယ်။ ပြီးတော့ တော်ဝင်နန်းတော်ကနေ ဝိုင်းပြီးတော့ အနိုင်ကျင့်ခဲ့တဲ့ စစ်သ...
1.5M 64K 75
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...
5.3M 716K 199
Main Story ( Completed ) ~~~~~~~°°°°°~~~~~~~ Title - Transmigrated into the film empreor's death-seeking finance (穿成影帝作死未婚夫) Author - Lin Ang Si (林盎...