[ဘာလို့ ချူရှိန့်အတွက် စိတ်လှုပ်ရှားနေတာလဲ]
"ခေါင်းတလားတွေ၊ ဟုတ်လား"
သွမ့်ပိုင်ယွဲ့က ထိုစကားကိုကြားတော့ ပြုံးလိုက်ကာ မှတ်ချက်ဆိုလာ၏။
"တကယ်ကို ထောင့်စေ့အောင်တွေးတတ်တာပဲ ။ ကိုယ့်အသုဘအတွက် ကိုယ် ကြိုတင်ပြင်ဆင်ထားရတယ်လို့"
ချူယွမ်ကတော့ မျက်နှာမဲ့နေသည်။ ထို့နောက် မာလျို့အား မေးလိုက်၏။
"ခေါင်းတလားတွေပဲလား"
မာလျို့က ခေါင်းညိတ်လိုက်သည်။
"ဟုတ်မှန်ကြောင်းပါဘုရား ၊ နေ့ရောညပါ ခေါင်းတလားတွေချည်း လုပ်ခဲ့ရတာပါ။ ကျွန်တော်မျိုး ထွက်လာတဲ့အချိန်တုန်းကတောင် ကျွန်းပေါ်မှာ ခေါင်းတလားတွေ ရာချီပြီး ပုံအောနေပါပြီ။ ဘာအတွက် အသုံးပြုမယ်ဆိုတာကိုလည်း မသိခဲ့ရပါဘူး၊ ဟိုမှာရှိတဲ့လူတွေက တစ်ယောက်နဲ့တစ်ယောက် စကားလည်းမပြောကြဘူးဘုရား"
"မင်း ပင်လယ်ပြင်ဘက်ထွက်သွားတဲ့အချိန်ကစပြီး အခုချိန်ထိ ဖြစ်ခဲ့သမျှကိစ္စတွေအကုန် ကိုယ်တော့်ကို လျှောက်တင်စမ်း။ စစ်ပွဲအတွက် အကျိုးအမြတ်ရှိတဲ့ အချက်အလက်ပါလာရင် တိုင်းသူပြည်သားတွေကို အကြမ်းဖက်နည်းနဲ့ ခြိမ်းခြောက်ခဲ့တဲ့ မင်းရဲ့ပြစ်ဒဏ်ကို ကင်းလွတ်ခွင့်ပေးမယ် "
"မှန်ပါ့ဘုရား"
မာလျို့က တံတွေးမျိုချလိုက်ကာ အနိုင်နိုင်ဖြေဆိုလာ၏။ အနည်းငယ်လည်း ကြောက်ရွံ့တုန်လှုပ်နေဟန်ရသည်။ တစ်ကြိမ်တစ်ခါ သေဖူးပြီးသားဖြစ်သောကြောင့် ဒုတိယအကြိမ် ထပ်မသေချင်တော့။
သွမ့်ပိုင်ယွဲ့က ထိုင်ခုံတစ်ခုံ ယူလာပြီး ချူယွမ်၏အနောက်ဘက်တွင် ချပေးလိုက်ကာ ထိုင်ခိုင်းလိုက်စေ၏။
အဘိုးမုချီက ထိုအခြင်းအရာကိုမြင်တော့ သွမ့်ယောင်ကို တံတောင်ဖြင့်လှမ်းတွတ်လိုက်သည်။
တွေ့လား၊ တွေ့လား။ နောင်တစ်ချိန် ဇနီးလေးတစ်ယောက်ရလာရင် အဲ့လိုဂရုစိုက်ပေး ယုယပေးရမှာနော်။
မာလျို့က မင်တီ့ဇာတိသားဖြစ်ကာ ကုန်သည်လှေများနှင့်အတူလိုက်ပါပြီး နန်ယန်သို့ ကူးသန်းရောင်းဝယ်မှုပြုခဲ့ဖူး၏။ သို့သော် ဆတ်ဆတ်ထိမခံသော အကျင့်စရိုက်ကြောင့် သင်္ဘောသားခေါင်းဆောင်နှင့် အချေအတင်စကားများကြလေရာ ကျွန်းတစ်ကျွန်းပေါ် စွန့်ပစ်ခြင်းခံလိုက်ရသည်။ ဒေသခံများ၏ ပြောစကားလည်း နားမလည် ၊ သုံးစရာရွှေငွေလည်းမရှိ၊ ကံကောင်းထောက်မ၍ လက်သမားအတတ် တတ်နေသေးလေရာ ငတ်တော့မသေခဲ့ပေ။ တစ်နှစ်လောက်ကြာတော့ လမ်းစရိတ်စုမိဆောင်းမိရှိလာပြီး မွေးရပ်မြေသို့ လှေငှားကာ ပြန်လာမည်အလုပ် ၊ လက်သမားများအားအလိုရှိနေသော ရှင်းကျိုးမှသင်္ဘောကြီးတစ်စင်းကို တွေ့လိုက်ရသည်။ ထို့အပြင် အခကြေးငွေလည်း အတော်လေးများသဖြင့် ချက်ချင်းပင် စိတ်ဝင်စားသွားကာ ထိုသင်္ဘောနှင့်အတူ လိုက်ပါသွားခဲ့သည်။ သို့သော် ထင်မှတ်မထားသည်မှာ ထိုကျွန်းပေါ်ရောက်သွားတော့ သူ လုပ်ရသောအလုပ်မှာ ခေါင်းတလားများသာ ဖြစ်နေခဲ့သည်။
မာလျို့၏စိတ်ထဲဝယ် သွားပါပြီဟု ညည်းတွားလိုက်၏။ ထိုပစ္စည်းမျိုးကို လုပ်ရသည်က သိပ်မဆိုးသေး ၊ လုပ်ဖော်ကိုင်ဖက်များက တိတ်ဆိတ်နေကြကာ တစ်ခွန်းမှ စကားမပြောကြသည်က ပိုဆိုး၏။ ထို့အပြင် တစ်ကျွန်းလုံးမှာ မရဏအငွေ့အသက်တို့ဖြင့် လွှမ်းခြုံထားနေ၏။ ထိုအကြောင်းကြောင့်ပင် ထိုကျွန်းပေါ်မှ ထွက်ခွာသွားဖို့လုပ်လေရာ အလုပ်သမားခေါင်းဆောင်နှင့်သွားတွေ့တော့ ထွက်သွားချင်လည်း ရပါသည်၊ အသက်ကိုတော့ ချန်ထားခဲ့ရမည်ဟု ပြောလာ၏။
ထိုစကားမျိုးက မည်သို့သောအဓိပ္ပာယ်ပေါက်မှန်း လူနုံလူအများသည်ပင် နားလည်ကြသည်။ သို့သော် ခံရသောလူက ရိုးသားသောဖိုးသခွားဖြစ်နေခဲ့လျှင် အလုပ်ခွင်သို့ပြန်ဝင်သွားမည်ဖြစ်သော်လည်း တဇွတ်ထိုးသမားမာလျို့ကမူ ပြန်သွားခွင့်မပြုလေ ပို၍သွားချင်လေဖြစ်သည်။ ထို့ကြောင့် အလုပ်များကို ဆက်လုပ်ပေးနေရင်း တောနက်တစ်နေရာတွင် လှေတစ်စီးကို ခိုးပြီးဆောက်ထားကာ ည၏အမှောင်ထုကို အမှီပြုပြီး ပင်လယ်ပြင်သို့ ခိုးထွက်လာခဲ့သည်။ ထို့အပြင် တာ့ချူသို့ပြန်သွားမည့် ကုန်သည်သင်္ဘောကြီးတစ်စီး၏ အကူအညီပါ ရလိုက်သေးသည်။
"အဲ့ကျွန်းပေါ်မှာ ခေါင်းတလားတွေ အများကြီးရှိတဲ့ကိစ္စအပြင် တခြားမူမမှန်တာ ဘာရှိသေးလဲ"
"မရှိတော့ပါဘူးဘုရား။ ကျွန်တော်မျိုးက တောနက်ကြီးထဲမှာပဲ အလုပ်လုပ်ခွင့်ရတာပါ။ ညဘက်ဆိုရင်လည်း နားနေတဲ့နေရာကို စောင့်ကြည့်နေတဲ့ လူတွေရှိပါသေးတယ်။ ထွက်ပြေးလာတဲ့ညက အိပ်တဲ့နေရာကနေ ပထမဆုံးထွက်လာတဲ့ ညပါ၊ ဟိုဟိုဒီဒီ လိုက်ကြည့်ဖို့လည်း အချိန်မရခဲ့ပါဘူးဘုရား "
"ကိုယ်တော်နဲ့ ရုပ်ချင်းဆင်တဲ့လူကရော ရှင်းကျိုးမှာ ရှိနေသလား"
"ကျွန်းပေါ် ဆယ်ရက်လောက်လာနေပြီးတော့ ပြန်သွားပါတယ်ဘုရား။ ရုပ်ဆင်းအင်္ဂါတင့်တယ်ပြီး အရှိန်အဝါကြီးလှပါတယ်၊ နောက်မှာ လူဆယ်ယောက်လောက် လိုက်ပါလာပါတယ်"
ချူယွမ်က ခေါင်းညိတ်လိုက်သည်။
"ဆက်ပြောပါဦး"
"ကျွန်တော်မျိုးက သူတစ်ပါးနဲ့လိုက်မပတ်သက်တတ်တဲ့ တစ်ကိုယ်တည်းသမားပါဘုရား။ ဒီကြောင့် တာ့ချူကိုပြန်ရောက်လာတော့ မွေးရပ်မြေကို ပြန်မသွားဖြစ်တော့ပါဘူး။ ကွမ်းဟိုင်မြို့ရဲ့ ရေတပ်ကလည်း နေ့တိုင်းလိုလို တပ်သားအသစ်တွေ ခေါ်နေတော့ ကျွန်တော်မျိုးလည်း အပျော်တမ်းသဘော နာမည်သွားပေးလိုက်တာပါ။ အနည်းဆုံးတော့ စားစရာထမင်းရှိရင်ရပြီပေါ့။ ဒါပေမယ့် မကြာလိုက်ပါဘူး၊ စစ်သူကြီးကျိုက ကျွန်တော်မျိုးကို နှင်ထုတ်လိုက်ပါတယ် "
"အကြောင်းရင်းက ဘာများလဲ"
ချူယွမ်မေးလာတော့ မာလျို့က တိုးညှင်းသောလေသံဖြင့်ဖြေလာ၏။
"ကျွန်တော်မျိုး ခေတ္တခဏ စိတ်လွတ်သလိုဖြစ်သွားပြီး သရဲတဘက်ဝင်စီးခံလိုက်ရသလို လျှို့ဝှက်လက်နက်တွေနဲ့ လူတွေကို တိုက်ခိုက်မိပါတယ်ဘုရား"
ထို့အပြင် တပ်မတော်မှ နှင်ထုတ်ခံလိုက်ရပြီးသည့်နောက် မာလျို့၏ ဘဝကလည်း အဆင်ပြေချောမွေ့ခြင်းမရှိတော့။ သုံးစရာပိုက်ဆံမရှိသည်ကို အပထား၊မြို့ထဲတွင် ခေါက်ဆွဲတစ်ပွဲ စားနေသည်ကိုတောင် ဝိုင်း၍လှောင်ပြောင်ကဲ့ရဲ့ကြသောသူများသာ ရှိလာ၏။ လူတိုင်းလိုလိုက သူ့ကို တပ်ထဲမှ အနှင်ထုတ်ခံလိုက်ရသော အကျင့်ပျက်တပ်သားတစ်ဦးဖြစ်မှန်း သိနေကြသည့်အလား။ နောက်ဆုံးတော့ အရှင်မင်းမြတ်က တပ်မတော်ကို ကိုယ်တော်တိုင် ဦးဆောင်လာကာ မကြာမီအချိန်အတွင်း ကွမ်းဟိုင်သို့ ရောက်ရှိလာတော့မည်ဟုကြားတော့ ဆိုးသွမ်းယုတ်မာသောအကြံရလာကာ မြို့ထဲတွင် ဆူပူမှုဖြစ်စေရန် ဖန်တီးဖို့ စိတ်ကူးလိုက်သည်၊ ထို့နောက် ထိုကိစ္စကို မဖြေရှင်းနိုင်သဖြင့် စစ်သူကြီးကျိုက အရှင်မင်းမြတ်ဆီ မလျှောက်တင်ရဲလောက်အောင်ကို လုပ်လိုက်မည်ဖြစ်၏။
"ဒီပစ္စည်းတွေက မင်းကိုယ်တိုင် တီထွင်ခဲ့တာလား"
ချူယွမ်က မာလျို့ရှေ့သို့ လင်ဗန်းတစ်ခုသယ်လာကာ ပြသလိုက်စေ၏။
"ပြီးတော့ တစ်ခါတည်းနဲ့ ဆယ်ကျန့်လောက်မြင့်တဲ့ အမြင့်ပေအထိ ခုန်နိုင်တဲ့ အဲဒီဖိနပ်ရောပဲ။ ဒီလိုပစ္စည်းမျိုးရှိမယ်ဆိုတာ ကိုယ်တော် ထင်မထားမိဘူး"
"မှန်ပါ့၊ ကျွန်တော်မျိုးကိုယ်တိုင် လုပ်ထားတာပါဘုရား။ ငယ်ငယ်ကတည်းက ဒီလိုပစ္စည်းမျိုးနဲ့ ဆော့ကစားရတာ သဘောကျခဲ့လို့ပါ။ ဘယ်သူမှ သင်ကြားပြသပေးတာမျိုးလည်းမရှိပါဘူး။ အသပြာစလေးတွေ ခြစ်ကုတ်စုဆောင်းပြီးက်ပ်နက်ရောင်းတဲ့ဆိုင်ကနေ လျှို့ဝှက်လက်နက်တွေ သွားသွားဝယ်ပြီး ဖြုတ်ကြည့်တယ်၊ ဖြည်းဖြည်းချင်းစီ ကိုယ့်ဘာသာကိုယ် လေ့လာတယ်။ အိမ်တွေတံတားတွေဆောက်တတ်တဲ့့ပညာကတော့ ဘုန်းကြီးကျောင်းထဲက ဘုန်းကြီးတွေဆီကနေ သင်လာတာပါဘုရား"
"ဒီစကားသာအမှန်ဆိုရင် မင်းက စွမ်းရည်ပါရမီရှိတဲ့လူတစ်ယောက်ပဲ"
ချူယွမ် မှတ်ချက်ဆိုလိုက်သည်။
မာလျို့အတွက်ကတော့ ဤဘဝတစ်သက်မှာ ပထမဆုံးအကြိမ်အဖြစ် ဧကရာဇ်ပြည့်ရှင်ကိုယ်တော်တိုင်ဆီမှ ချီးမွမ်းစကားကြားရသြဖင့် ပျော်ရွှင်ဝမ်းမြောက်သွားကာ ဆက်ပြောလာ၏။
"တပ်မတော်ထဲမှာ တာ့ယန့်မြို့ကလာတဲ့ လူရှိတယ်။ သူ့ကိုယ်သူ ဗိသုကာပညာရှင်ဆရာကြီးမုချီရဲ့တပည့်ပါလို့ ပြောပေမယ့် လျှို့ဝှက်လက်နက်လုပ်တဲ့နေရာမှာ ကျွန်တော်မျိုးကိုတောင် လိုက်မမီဘူး"
အဘိုးမုချီက ဆိုသည်။
"ဒီဘဝမှာ ငါ တပည့်တစ်ယောက်ကိုပဲ လက်ခံပြီးသင်ပေးခဲ့တာ။ အပြင်က ခွေးတွေကြောင်တွေ သူ့ဘာသာသူ ထထပြောနေတာကို ဒီတိုင်းပဲနားထောင်၊ ဒါပေမယ့် ယောင်လို့မှတော့ မယုံလိုက်နဲ့"
သွမ့်ယောင်မှာ အင်မတန်မှ ဂုဏ်ယူဝင့်ကြွားသွားသည်။
အဲ့တပည့်လေးဆိုတာ ကျွန်တော်ပါပဲ၊ ဟဲဟဲ။
မနေ့က ပန်းကန်လုပ်တတ်ဖို့ သင်တယ်၊ အရင်နေ့က ကုတင်လုပ်တတ်ဖို့ သင်ပေးတယ်။
သွမ့်ပိုင်ယွဲ့က ညီဖြစ်သူ၏ ခေါင်းကို တစ်ချက်ရိုက်လိုက်သည်။
မာလျို့က ထိုစကားကိုကြားတော့ အရမ်းအံ့ဩသွားကာ ကုတင်ဘေးနားရပ်နေသောအဘိုးအိုကို ငဲ့စောင်းကြည့်လာ၏။ စောနက ထိုအဘိုးအိုပြောလိုက်သောစကား၏ ဆိုလိုရင်းကို သူ သေချာတွေးကြည့်နေသည်။
"ဒီပုဂ္ဂိုလ်က လူကြီးမင်းမုချီပါပဲ"
မာလျို့က သူတစ်ပါးနှင့်ကွဲထွက်ကာ မာနတံခွန်လွှင့်ထူတတ်သော်လည်း သစ်သားအတတ်ပညာကို စတင်သင်ယူချိန်မှာကတည်းက အဘိုးအိုမုချီအကြောင်းကို ကြားဖူးပြီးသားဖြစ်သည် ၊ မှန်သလား မှားသလား အကုန်ရောထွေးနေသော ပါးစပ်ရာဇဝင်များကို အကုန်နားထောင်ဖူးသည်။ အခု လူအရှင်လတ်လတ်ကိုမြင်လိုက်ရတော့ ဝမ်းမြောက်ပျော်ရွှင်လွန်းသဖြင့် ထထိုင်ရန် ကြိုးပမ်းလိုက်သည်။
သို့သော် သွမ့်ယောင်က သူ့ကို ပြန်ဖိထားလိုက်သည်။
"နေဦး၊ နေဦး။ တစ်ကိုယ်လုံး အရိုးကျိုးထားတာပါဆို၊ ကောင်းကောင်းပြန်လှဲလိုက်။ ခြေလက်တွေ တွန့်လိမ်ကောက်ကွေးသွားရင် ဘယ်သူမှ ခင်ဗျားကိုကယ်နိုင်မှာမဟုတ်ဘူးဗျ"
ချူယွမ်က ပြောလာ၏။
"ကိုယ်တော့်အတွက် ကိစ္စတစ်ခုဆောင်ရွက်ပေးပါ။ ကောင်းကောင်းလုပ်နိုင်ရင် ဒီတစ်ခေါက် စစ်ပွဲကနေပြန်လာတာနဲ့ မင်းကို အပြစ်ဒဏ်ကင်းလွတ်ခွင့်ပေးပါ့မယ်"
****
မာလျို့၏ အခန်းမှ ထွက်လာသော် ဒီဘက်သို့ လမ်းလျှောက်လာသော ယဲ့ကျင်နှင့် တည့်တည့်တိုး၏။ သူ့နောင်တော်၏ လက်ကို သွမ့်ပိုင်ယွဲ့ကြီး ကိုင်ထားသည်ကိုမြင်တော့ စိတ်ထဲတွင် နေရခက်လှချေသည်။
နေ့ခင်းကြောင်တောင်ကြီးထဲ ဒီလောက်ထိ ပွင့်ပွင့်လင်းလင်းတွေ လုပ်ပြနေတော့ တိုင်းပြည်ကရော နာမည်ကောင်းကျန်ပါတော့မလား။
ဧကရာဇ်ရဲ့ ရွှေလက်တော်ကို အဲ့လိုကြီး ကိုင်ချင်သလိုကိုင်ထားလို့ရတယ်လားဟမ်။
ပိုဆိုးတာက သူများမြင်မှာ လုံးဝ မကြောက်ဘူးလား။
ရှီးနန်ဝမ်ကတော့ တည်ငြိမ်စွာဖြင့်ပင် ရှေ့တူရူသို့ကြည့်နေသော အကြည့်များကို ရှောင်တိမ်းလွှဲဖယ်လိုက်ခြင်းမရှိ။ ယဲ့ကျင်ကို ကျော်ပြီး ခပ်လှမ်းလှမ်းသို့ရောက်ခါမှ မိမိကိုယ်ကို ဂုဏ်ယူဝင့်ကြွားစွာဖြင့် ချူယွမ်အုး ပြောလာ၏။
"မင်း သတိထားမိလား၊ ခုနောက်ပိုင်းတလော တောင်သခင်ယဲ့က ကိုယ့်အပေါ် ပိုပိုပြီး ရင်းနှီးလာသလိုပဲ"
ပြောပြောဆိုဆို ချူယွမ်၏ လက်ခမျာ အားရပါးရ ဆုပ်ကိုင်ခြင်းခံလိုက်ရသည်။ မည်သို့ပင်ရုန်းရုန်း တစ်ဖက်လူက လုံးဝလွှတ်မပေးချေ။ သို့သော် သူ့ဘက်ကလည်းခွန်းတုံ့ပြန်ချင်စိတ် မရှိခဲ့။
*****
နောက်နှစ်ရက်အကြာ နံနက်စောစောဝယ် တံပိုးခရာသံက ကောင်းကင်ဘဝဂ်သို့တိုင် ပျံ့နှံ့သွား၏။ လူသူအများကလည်း အရုဏ်မလင်းခင်ကတည်းကပင် တပ်မတော်ကြီးဆက်လက်ချီတက်ကြမည်ကို လာရောက်စောင့်ကြိုနေကြ၏။ နေဝန်းကြီးက ဝါကျင်ကျင်အရောင်ဖြင့်သာ ထွန်းလင်းနေသေးသော်လည်း မည်းနက်သောအဆင်းရှိ ဧရာမသင်္ဘောကြီးများမှာ ဆိပ်ကမ်းမှ ထွက်ခွာသွားကြလေပြီ ။ တံခွန်တိုင်စိုက်ထားသော သင်္ဘောတစ်စင်းကတော့ အထပ်သုံးထပ် ခွဲထားကာ အဝေးမှလှမ်းကြည့်လိုက်လျှင် သမုဒ္ဒရာပြင်ထဲ လာဆောက်ထားသော နန်းဆောင်ခန်းမကြီးဟု ထင်ကြရပေသည်။ လေအလျဥ်ကို အံတုကာ တဖျတ်ဖျတ်လွှင့်ထူနေသော နဂါးကိုးကောင်ရုပ်ပုံပါရှိသည့်အလံ၏ အလယ်ဗဟိုတည့်တည့်တွင် " ချူ" ဟူသော အက္ခရာကို ထွင်းထားကာ ဝေဟင်ပေါ်ပျံသန်းနေသော နဂါးကဲ့သို့နှယ် တင့်တယ်လှပေ၏၊ စုတ်ချက်အရေးအသားက အားမာန်ခညောင်းလှပေ၏။ ဟုတ်ပါသည်၊ ဧကရာဇ်ချူကိုယ်တော်တိုင် ရေးသားထားတော်မူသော လက်ရေးတော်ပင်ဖြစ်ပေ၏။
"အရှင်မင်းကြီး သက်တော်ရာကျော်ရှည်ပါစေ!!!!!!"
စစ်သည်တော်များ၏ တစ်သွေးတစ်သံတည်းဖြစ်သော ဟစ်ကြွေးခြင်းမှာ အထက်ကောင်းကင် အောက်မြေပြင်အား သိမ့်ခါလှုပ်ခတ်သွားစေ၏။
လှေသင်္ဘောကြီးများက အဖြူရောင်မြူခိုးထုထဲ တိုးဝင်သွားသည်။ ချူယွမ်က လက်ကို နောက်ပြန်ထားလျက် ရွှေဝါရောင်နေမင်းကြီး ရေမျက်နှာပြင်ထက်မှ လွတ်ကင်းသွားသည်ကို ငေးကြည့်နေ၏၊ ထို့နောက် မျက်ဝန်းအိမ်များကို မှိတ်ထားလိုက်သည်။
သွမ့်ပိုင်ယွဲ့က အပေါ်ဝတ်ရုံတစ်ထည်ယူကာ ချူယွမ်ဆီသွားပြီး ညင်သာနူးညံ့စွာ လွှမ်းခြုံပေးလိုက်သည်။
"အအေးမိသွားဦးမယ်"
ထိုခါမှ ချူယွမ်က အတွေးရေလျဥ္ကြောများ ပြတ်တောက်သွားကာ သူ့ဘက်လှည့်ပြီး အကြည့်ချင်းဆုံလာစေ၏။ သွမ့်ပိုင်ယွဲ့က ဆိုသည်။
"အခန်းထဲ သွားရအောင်ပါ၊ ခေါင်မိုးထပ်မှာ လေအရမ်းတိုက်လွန်းတယ်"
ရှစ်ဇီက ခုလေးတင် ပြင်ဆင်ချက်ပြုတ်ပြီးသွားသော စားသောက်ဖွယ်ရာများကို သယ်ဆောင်လာခဲ့စေသည်။ ၎င်းမှာ ဆန်ပြုတ်များနှင့် အခြားရိုးရိုးအရံဟင်းနှစ်မျိုးသုံးမျိုးသာဖြစ်ကာ သွမ့်ပိုင်ယွဲ့က ချူယွမ်အတွက် တစ်ပန်းကန် ခပ်ပေးလာ၏။
"စားလို့ရပြီ"
"ဗိုက်မဆာသေးဘူး"
"ဒါဆို ကိုယ့်ကို ခွံ့ကျွေး"
ထိုစကားကို ကြားတော့ ရှစ်ဇီမှာ ခေါင်းငုံ့ကာ အမြန် ထွက်သွားပေးလိုက်၏။ ချူယွမ်က သူ့အား ဆူပူသံစွက်ပြီးပြောလာ၏။
"စစ်တိုက်ကြတော့မှာကို ဆော့နေပြန်သေး"
သွမ့်ပိုင်ယွဲ့ ပြုံးမိ၏။
"စစ်တိုက်တော့မယ်ဆိုပြီး ထမင်းမစားဘဲနေမှာလား။ ဘာပဲပြောပြော ဒီတစ်ခေါက်က ပင်လယ်ပြင်ဘက်ထွက်တိုက်တဲ့ မင်းရဲ့ဒုတိယအကြိမ်မြောက် ရေကြောင်းတိုက်ပွဲလေ။ ကိုယ့်အတွက်ကတော့ ပထမဆုံးပဲ၊ လူတိုင်းကလည်း စိတ်လှုပ်ရှားနေကြတယ်။
စောန ကိုယ် မင်းကို နှစ်သိမ့်ပေးပြီးသွားပြီဆိုတော့ အခု ကိုယ့်ကိုပြန်နှစ်သိမ့်ပေးဖို့ မင်းအလှည့်ရောက်ပြီ"
"....."
သွမ့်ပိုင်ယွဲ့က သူ့ကိုယ်သူ လက်ညှိုးထိုးလိုက်ကာ ထပ်ပြောလာ၏။
"မနှစ်သိမ့်တတ်ရင်လည်း တစ်ခါလောက် လာနမ်းလို့ရတယ်"
"မင်းကတော့လေ..... "
ချူယွမ်မှာ ဘာလုပ်ရမှန်းမသိဖြစ်သွားကာ တစ်ချက်လှမ်းရိုက်လိုက်၏။ သွမ့်ပိုင်ယွဲ့က သူ့အတွက် ဆန်ပြုတ်တစ်ဇွန်းချင်းစီ ခွံ့ပြီး တိုက်လာ၏။
"အရင်တစ်ခေါက်တုန်းက အနောက်မြောက်ရှီးပေကို သွားတိုက်တုန်းကလည်း ကိုယ် မင်းနောက် လိုက်မသွားခဲ့ရဘူး။ အဲ့တုန်းကလည်း အခုလိုပဲ ထမင်းမစားဟင်းမစားဘဲ နေခဲ့သလားမသိ။ ရှုံးမှာကြောက်လို့လားပြော"
"နှစ်ဘက်စစ်တပ် တိုက်ခိုက်နေကြမှတော့ အဆုံးသတ်ရလဒ္ဘယ်လိုထွက်လာမလဲဆိုတာ ဘယ်သူကမှ အတိအကျ မပြောနိုင်ဘူး။ အခုမှ စစ်တိုက်ဖို့စထွက်တာကို ဒီလိုစကားမျိုးပြောရတာ သိပ်ပြီးနိမိတ်မကောင်းပေမယ့်..... ငါ....ငါ တကယ်ကြောက်နေတယ်"
သူများတကာ၏ ရှေ့မှောက်တွင် မည်သု့ိပင်နေနေ ဂရုမစိုက်သော်လည်း အခု ချစ်ရသောသူ၏ ရှေ့မှောက်မှာတော့ စိတ်ထဲရှိသမျှ အရာရာတိုင်းကို အိတ်သွန်ဖာမှောက် ပြောပြချင်နေသည်၊ သို့မှသာ မိမိရင်ထဲ ပေါ့ပါးလန်းဆန်းသွားမည်ဖြစ်၏။
သွမ့်ပိုင်ယွဲ့က ပြုံးကာဆိုလာ၏။
"ချူရှိန့်က နန်ယန်မှာ နှစ်ပေါင်းအကြာကြီး အင်အားစုစည်းတည်ဆောက်လာတာ၊ မင်း စိုးရိမ်မယ်ဆိုလည်း မလွန်ပါဘူး။ ဒါပေမယ့် ကိုယ်တို့ဘက်ကလည်း ဒီနေ့အတွက် သုံးလေးနှစ်တောင် လေ့ကျင့်ခဲ့တယ်လေ၊ ဟုတ်တယ်မလား "
"ဒါကိုတော့ ငါ နားလည်ပါတယ်"
"ဒါပေမယ့် စိတ်မအေးနိုင်သေးဘူးပေါ့လေ"
သွမ့်ပိုင်ယွဲ့က ချူယွမ်ဆီ လက်လှမ်းကာ မိမိ ရင်ခွင်ထဲ ဆွဲသွင်းပွေ့ဖက်ထားလိုက်သည်။ ထို့နောက်တွင်မှ ဆက်မေးလာ၏။
"ကိုယ့်ရှေ့ရောက်နေတဲ့အချိန်တွေဆိုရင်ကော မင်း ရင်ခုန်ဖူးရဲ့လား ၊ ဟိုးငယ်ငယ်လေးကတည်းက အခုကြီးလာတဲ့အထိကိုလေ"
"မင်းကို ဘာကိစ္စ ငါက ရင်ခုန်ရမှာလဲ"
ချူယွမ်က သွမ့်ပိုင်ယွဲ့၏ ပါးနှစ်ဖက်ကို ညှစ်ပစ်လိုက်၏။ သွမ့်ပိုင်ယွဲ့က ချူယွမ်၏ နားရွက်နား ခပ်တိုးတိုးပြောလာပြန်သည်။
"ကိုယ် မင်းကိုနမ်းတော့လည်း ရင်မခုန်ဘူး၊ ကိုယ် မင်းကို လိုချင်တဲ့အချိန်ဆိုရင်လည်း ရင်မခုန်ဘူးပေါ့"
ချူယွမ် တစ်ကိုယ်လုံးတောင့်ခဲသွား၏။ ထို့နောက် သွမ့်ပိုင်ယွဲ့ခေါင်းကို လက်ဆခပ်ပြင်းပြင်းလေး ရိုက်ပစ်လိုက်သည်။ ဒီလူက တကယ် ပေါက်တတ်ကရတွေ ပြောနေတာပဲ ဟု တွေးမိလိုက်ကာ နောက်တစ်ခေါက် ထပ်ရိုက်လိုက်ပြန်၏။
သွမ့်ပိုင်ယွဲ့က ချူယွမ်ပခုံးပေါ် မေးတင်ပြီး မှီလာကာ ပြောလာသည်။
"ဒီလောက်အရေးကြီးတဲ့ကိစ္စတွေကိုကျ ရင်မခုန်ဘဲနဲ့ ချူရှိန့်အတွက်ကျ ဘာလို့ စိတ်တွေလှုပ်ရှားနေတာတုန်း။ ကိုယ် သဝန်တိုမှာ မကြောက်ဘူးလား"
"ပါးစပ်ပိတ်ထား"
"ကိုယ့်ကို ထပ်ပြီးနှင်ထုတ်ဦးမှာလား"
ချူယွမ်က အနေအထားပြောင်းလိုက်ကာ တစ်ဖက်လူ၏ ရင်ခွင်ကျယ်ထဲ မျက်နှာအပ်ထားလိုက်သည်။
စကားပြန်မပြောချင်ပါ။
သို့ပေသိ ထွက်သွားခွင့်လည်း မပြုနိုင်ပါ။
သွမ့်ပိုင်ယွဲ့၏ နှုတ်ခမ်းထောင့်စွန်းများက ပြုံးယောင်သမ်းသွားသည်။ ထို့နောက် ထိုလူသားလေး၏ ကျောပြင်ကို ပွတ်သပ်ပေးနေရာ နောက်ဆုံးတော့ အိပ်မောကျသွားရှာ၏။
တာ့ချူ၏ပြည့်ရှင် ဧကရာဇ်ဘုရင်တစ်ပါးလုံးဖြစ်သော်ငြား စစ်တိုက်ထွက်သောအခါ မတော်တဆ မှားယွင်းချွတ်ချွင်းသွားခဲ့လျှင် အသက်ဇီဝိန်ပါပျက်သုဥ္းသွားနိုင်သည်၊ ထိုအခါ တိုင်းပြည်ကပါ အုတ်အော်သောင်းနင်းဖြစ်ပြီး ဆူပူအုံကြွလာလိမ့်မည်။ အနောက်မြောက်ရှီးပေနှင့် အရှေ့ပင်လယ် တုန်းဟိုင်ကို တိုက်ခိုက်တုန်းကမူ ဆန့်ကျင်ဖက်ရန်သူမှာ ကိုယ့်ဘာသာကိုယ် တံခွန်လွှင့်ထူပြီး ဘုရင်ဟုကြွေးကြော်သတ်မှတ်ထားသော မျိုးနွယ်စုခေါင်းဆောင်များသာ ဖြစ်ကြသည်။ ဒီတစ်ကြိမ်ကမူ တစ်ဖက်ရန်သူက တော်ဝင်သွေးပါသော မင်းသားစစ်စစ်တစ်ယောက်ဖြစ်နေပေရာ ချူယွမ်၏ စိုးရိမ်ကြောင့်ကြမှုကို သွမ့်ပိုင်ယွဲ့ ကောင်းစွာ နားလည်ပါသည်။ သို့သော် မိမိ ဘယ်လိုပဲနားချသော်လည်း အချည်းနှီးဖြစ်ကုန်မည်မို့ မပြောဖြစ်ခြင်းသာ။ စစ်ပွဲကို အောင်နိုင်သောအချိန်တွင်မှ ရင်ခွင်ထဲက လူသားလေးခမျာ ရက်ပေါင်းများစွာ နှစ်နှစ်ခြိုက်ခြိုက် စိတ်ချလက်ချ အိပ်ပျော်ရဲတော့မည်ထင်သည်။
*****
ရေတပ်သင်္ဘောများက သမုဒ္ဒရာပြင်ထက်တွင် ဆယ်ရက်ကျော်မျှ ခရီးရောက်ခဲ့ပြီဖြစ်သည်။ ထိုစဥ် လှေငယ်တစ်စင်းက အနားသို့ ဆိုက်ကပ်လာကြောင်း တပ်သားတစ်ဦးက လာရောက်အကြောင်းကြားသည်
ထိုအမျိုးသားက သူ့ကိုယ်သူ စစ်ကုန်းမျိုးရိုးဟု ဆိုကြောင်း၊ ရှီးနန်ဝမ်နှင့် တွေ့ဆုံလိုကြောင်းလည်း ပြောလာ၏။
"အို၊ ဒီတစ်ခေါက်တော့ အလိုက်သိလှချည်လား"
သွမ့်ပိုင်ယွဲ့က မေးစေ့ကို ပွတ်ကာ မှတ်ချက်ဆို၏။ ဝမ့်ရှီးကျိုးသို့ တစ်ခေါက်သွားကာ လူကို ခြိမ်းခြောက်ပြီးခေါ်လာဖို့ ကြံစည်ထားသော်လည်း ထင်မှတ်မထားလှစွာ တစ်ဖက်လူက သူ့ဘာသာသူ အရင်ရောက်ချလာ၏။
စစ်ကုန်းလွီ့က အပွင့်အခက်ပုံများပါသည့် အဝတ်အိတ်ကို ကျောပေါ်သယ်ထားသည်၊ မျက်နှာကလည်း လုံးဝ စိတ်မပါလက်မပါ လာခဲ့ရသည့်ဟန်။
"မင်းမျက်နှာက အကြွေးလာတောင်းတာလား၊ ဘာလား"
သွမ့်ပိုင်ယွဲ့မေးလိုက်တော့ စစ်ကုန်းလွီ့က အဝတ်အိတ်ကို ပစ်ချလိုက်ကာ လှေခေါင်မိုးထပ်တွင် တင်ပုလ္လင်ခွေထိုင်နေလိုက်၏။
"မင်းကိုလာကူဖို့ ရှို့ရှို့က ငါ့ကိုလွှတ်လိုက်တာ"
ဘယ်သူ့မယားကများ အဲ့လိုအချိုးရှိလို့လဲမေး။ ကိုယ့်ယောက်ျားကို အိမ်ပေါ်ကနေ နှင်ချရက်တယ်လို့။
သွမ့်ပိုင်ယွဲ့က သက်ပြင်းချလိုက်သည်။
"ခယ်မလေးနဲ့ လက်ထပ်လိုက်ရတာ မင်းရဲ့ဘိုးဘွားအုတ်ဂူကနေ မီးခိုးထွက်တာပဲ * "
"ထမင်းရှိလား"
စစ်ကုန်းလွီ့က အားနည်းဖျော့တော့နေသောအသံဖြင့် ပြောလာ၏။
တစ်ကိုယ်လုံး ချွတ်ခြုံကျပြီး ခြူးတစ်ပြားတောင်မရှိလို့ နှစ်ရက်တောင် ငတ်လာခဲ့ပြီးပြီ၊ သောက်ရမ်းကို ဇာတ်နာတာပဲ။
သွမ့်ပိုင်ယွဲ့လည်း စားတော်ကဲများအား ခေါက်ဆွဲတစ်ပွဲပြင်ပေးလိုက်စေသည်။ ထို့နောက် သူငယ်ချင်းဖြစ်သူ၏ ပခုံးကို ပုတ်လိုက်သည်။
"ဘယ်ကိစ္စကိုမဆို ကောင်းတဲ့ဘက်ကနေ ကြည့်စမ်းပါကွ။ အနည်းဆုံးတော့ စစ်ပွဲပြီးတဲ့အထိသာ စောင့်လိုက်။ ငါ မင်္ဂလာဆောင်ပြီးရင် မင်းရဲ့ဦးရီးတော်လည်း ထောင်ထဲကနေ ထွက်နိုင်တော့မှာလေ"
စစ်ကုန်းလွီ့က သူ့အား စေ့စေ့ကြည့်လာကာ ဖြည်းညှင်းလေးကွေးစွာ တစ်ခွန်းချင်းပြောလာ၏။
"အရင်တစ်ခါ ငါ မင်းကို ဒီကိစ္စပြောဖူးတာ ပြီးခဲ့တဲ့ငါးနှစ်ကတည်းကကွ။ ငါ့ဦးရီးကတောင် သူ့ဘာသာသူ ပြစ်ဒဏ်စေ့လို့ သူ့ဘာသာသူ ထောင်ကနေ ထွက်လာပြီကွ!!!! "
်မင်း မင်္ဂလာဆောင်ပြီးမှ တိုင်းပြည်တစ်ဝှမ်းလုံး လွတ်ငြိမ်းချမ်းသာခွင့်ရဖို့ စောင့်ရလို့ကတော့ မညှိုးပန်းတွေတောင် သုံးခေါက်လောက် ညှိုးကုန်ပြီထင်တယ်။
သွမ့်ပိုင်ယွဲ့လည်း ချောင်းအနည်းငယ်ဟန့်လိုက်သည်၊ ထို့နောက် လေးနက်တည်ကြည်သောအသံဖြင့်ဆိုလာ၏။
"ဒီကိစ္စ ပြောရခက်တယ်နော့။ မင်းရဲ့အမျိုးထဲက တစ်ယောက်ယောက် ထောင်ထပ်ကျရင်ကော ဘယ်လိုလုပ်မလဲ။ ဘာပဲပြောပြော ပန်ဝမ်ရဲ့ထိမ်းမြားပွဲကိုသာ စောင့်မျှော်နေလိုက်ပါ၊ ဒီလောကမှာ သေချာရေရာတဲ့ကိစ္စ မရှိပါဘူး"
စစ်ကုန်းလွီ့က ခေါက်ဆွဲပန်းကန်ကို ကိုင်လိုက်သည်၊ လက်ကလည်း တုန်ယင်နေလို့၊ ပူနွေးသော မျက်ရည်များကလည်း စို့တက်အိုင်ထွန်းလာလို့။ သေလောက်အောင် ဗိုက်ဆာနေပေမင့် ထိုအကောင်ကြီး၏ ခေါင်းပေါ်သို့ ခေါက်ဆွဲကို ပန်းကန်လိုက် မှောက်ချပစ်လိုက်ချင်လှသည်။
******
2021.05.17.
Thanks for waiting.
T/n : မိသားစုတစ်ခုရဲ့ ဘိုးဘေးဘီဘင်တစ်ယောက်ယောက်က နတ်ဒေဝတာအဖြစ် ကျင့်ကြံအောင်မြင်သွားရင် ရုပ်ကြွင်းခန္ဓာက မီးခိုးအဖြစ် ပျောက်ကွယ်သွားတယ်လို့ ယူဆကြပါတယ်။ ဒါကြောင့် တစ်ယောက်ယောက်က လာဘ်လာဘအကြီးစားတစ်ခုခု ရသွားရင် နတ်ဖြစ်သွားတဲ့ဆွေမျိုးဘိုးဘေးက ကောင်းချီးပေးလို့ရသွားတာဆိုပြီး ယူဆတာမို့ ဘိုးဘွားအုတ်ဂူကနေ မီးခိုးထွက်တယ်လို့ သုံးနှုန်းကြပါတယ်။
****
အခန္း - ၁၂၉ (စစ္ခ်ီျခင္း)
[ဘာလို႔ ခ်ူရိွန္႔အတြက္
စိတ္လႈပ္ရွားေနတာလဲ]
"ေခါင္းတလားေတြ၊ ဟုတ္လား"
သြမ့္ပိုင္ယြဲ႔က ထိုစကားကိုၾကားေတာ့ ၿပံဳးလိုက္ကာ မွတ္ခ်က္ဆိုလာ၏။
"တကယ္ကို ေထာင့္ေစ့ေအာင္ေတြးတတ္တာပဲ ။ ကိုယ့္အသုဘအတြက္ ကိုယ္ ႀကိဳတင္ျပင္ဆင္ထားရတယ္လို႔"
ခ်ူယြမ္ကေတာ့ မ်က္ႏွာမဲ့ေနသည္။ ထို႔ေနာက္ မာလ်ိဳ႕အား ေမးလိုက္၏။
"ေခါင္းတလားေတြပဲလား"
မာလ်ိဳ႕က ေခါင္းညိတ္လိုက္သည္။
"ဟုတ္မွန္ေၾကာင္းပါဘုရား ၊ ေန့ေရာညပါ ေခါင္းတလားေတြခ်ည္း လုပ္ခဲ့ရတာပါ။ ကြၽန္ေတာ္မ်ိဳး ထြက္လာတဲ့အခ်ိန္တုန္းကေတာင္ ကြၽန္းေပၚမွာ ေခါင္းတလားေတြ ရာခ်ီၿပီး ပံုေအာေနပါၿပီ။ ဘာအတြက္ အသံုးျပဳမယ္ဆိုတာကိုလည္း မသိခဲ့ရပါဘူး၊ ဟိုမွာရိွတဲ့လူေတြက တစ္ေယာက္နဲ႔တစ္ေယာက္ စကားလည္းမေျပာၾကဘူးဘုရား"
"မင္း ပင္လယ္ျပင္ဘက္ထြက္သြားတဲ့အခ်ိန္ကစၿပီး အခုခ်ိန္ထိ ျဖစ္ခဲ့သမ်ွကိစၥေတြအကုန္ ကိုယ္ေတာ့္ကို ေလ်ွာက္တင္စမ္း။ စစ္ပြဲအတြက္ အက်ိဳးအျမတ္ရိွတဲ့ အခ်က္အလက္ပါလာရင္ တိုင္းသူျပည္သားေတြကို အၾကမ္းဖက္နည္းနဲ႔ ၿခိမ္းေျခာက္ခဲ့တဲ့ မင္းရဲ့ျပစ္ဒဏ္ကို ကင္းလြတ္ခြင့္ေပးမယ္ "
"မွန္ပါ့ဘုရား"
မာလ်ိဳ႕က တံေတြးမ်ိဳခ်လိုက္ကာ အႏိုင္ႏိုင္ေျဖဆိုလာ၏။ အနည္းငယ္လည္း ေၾကာက္ရြံ႔တုန္လႈပ္ေနဟန္ရသည္။ တစ္ႀကိမ္တစ္ခါ ေသဖူးၿပီးသားျဖစ္ေသာေၾကာင့္ ဒုတိယအႀကိမ္ ထပ္မေသခ်င္ေတာ့။
သြမ့္ပိုင္ယြဲ႔က ထိုင္ခံုတစ္ခံု ယူလာၿပီး ခ်ူယြမ္၏အေနာက္ဘက္တြင္ ခ်ေပးလိုက္ကာ ထိုင္ခိုင္းလိုက္ေစ၏။
အဘိုးမုခ်ီက ထိုအျခင္းအရာကိုျမင္ေတာ့ သြမ့္ေယာင္ကို တံေတာင္ျဖင့္လွမ္းတြတ္လိုက္သည္။
ေတြ့လား၊ ေတြ့လား။ ေနာင္တစ္ခ်ိန္ ဇနီးေလးတစ္ေယာက္ရလာရင္ အဲ့လိုဂရုစိုက္ေပး ယုယေပးရမွာေနာ္။
မာလ်ိဳ႕က မင္တီ့ဇာတိသားျဖစ္ကာ ကုန္သည္ေလွမ်ားႏွင့္အတူလိုက္ပါၿပီး နန္ယန္သို႔ ကူးသန္းေရာင္းဝယ္မႈျပဳခဲ့ဖူး၏။ သို႔ေသာ္ ဆတ္ဆတ္ထိမခံေသာ အက်င့္စရိုက္ေၾကာင့္ သေဘၤာသားေခါင္းေဆာင္ႏွင့္ အေခ်အတင္စကားမ်ားၾကေလရာ ကြၽန္းတစ္ကြၽန္းေပၚ စြန္႔ပစ္ျခင္းခံလိုက္ရသည္။ ေဒသခံမ်ား၏ ေျပာစကားလည္း နားမလည္ ၊ သံုးစရာေရႊေငြလည္းမရိွ၊ ကံေကာင္းေထာက္မ၍ လက္သမားအတတ္ တတ္ေနေသးေလရာ ငတ္ေတာ့မေသခဲ့ေပ။ တစ္ႏွစ္ေလာက္ၾကာေတာ့ လမ္းစရိတ္စုမိေဆာင္းမိရိွလာၿပီး ေမြးရပ္ေျမသို႔ ေလွငွားကာ ျပန္လာမည္အလုပ္ ၊ လက္သမားမ်ားအားအလိုရိွေနေသာ ရွင္းက်ိဳးမွသေဘၤာႀကီးတစ္စင္းကို ေတြ့လိုက္ရသည္။ ထို႔အျပင္ အခေၾကးေငြလည္း အေတာ္ေလးမ်ားသျဖင့္ ခ်က္ခ်င္းပင္ စိတ္ဝင္စားသြားကာ ထိုသေဘၤာႏွင့္အတူ လိုက္ပါသြားခဲ့သည္။ သို႔ေသာ္ ထင္မွတ္မထားသည္မွာ ထိုကြၽန္းေပၚေရာက္သြားေတာ့ သူ လုပ္ရေသာအလုပ္မွာ ေခါင္းတလားမ်ားသာ ျဖစ္ေနခဲ့သည္။
မာလ်ိဳ႕၏စိတ္ထဲဝယ္ သြားပါၿပီဟု ညည္းတြားလိုက္၏။ ထိုပစၥည္းမ်ိဳးကို လုပ္ရသည္က သိပ္မဆိုးေသး ၊ လုပ္ေဖာ္ကိုင္ဖက္မ်ားက တိတ္ဆိတ္ေနၾကကာ တစ္ခြန္းမွ စကားမေျပာၾကသည္က ပိုဆိုး၏။ ထို႔အျပင္ တစ္ကြၽန္းလံုးမွာ မရဏအေငြ့အသက္တို႔ျဖင့္ လႊမ္းၿခံဳထားေန၏။ ထိုအေၾကာင္းေၾကာင့္ပင္ ထိုကြၽန္းေပၚမွ ထြက္ခြာသြားဖို႔လုပ္ေလရာ အလုပ္သမားေခါင္းေဆာင္ႏွင့္သြားေတြ့ေတာ့ ထြက္သြားခ်င္လည္း ရပါသည္၊ အသက္ကိုေတာ့ ခ်န္ထားခဲ့ရမည္ဟု ေျပာလာ၏။
ထိုစကားမ်ိဳးက မည္သို႔ေသာအဓိပၸာယ္ေပါက္မွန္း လူႏံုလူအမ်ားသည္ပင္ နားလည္ၾကသည္။ သို႔ေသာ္ ခံရေသာလူက ရိုးသားေသာဖိုးသခြားျဖစ္ေနခဲ့လ်ွင္ အလုပ္ခြင္သို႔ျပန္ဝင္သြားမည္ျဖစ္ေသာ္လည္း တဇြတ္ထိုးသမားမာလ်ိဳ႕ကမူ ျပန္သြားခြင့္မျပဳေလ ပို၍သြားခ်င္ေလျဖစ္သည္။ ထို႔ေၾကာင့္ အလုပ္မ်ားကို ဆက္လုပ္ေပးေနရင္း ေတာနက္တစ္ေနရာတြင္ ေလွတစ္စီးကို ခိုးၿပီးေဆာက္ထားကာ ည၏အေမွာင္ထုကို အမွီျပဳျပီး ပင္လယ္ျပင္သို႔ ခိုးထြက္လာခဲ့သည္။ ထို႔အျပင္ တာ့ခ်ူသို႔ျပန္သြားမည့္ ကုန္သည္သေဘၤာႀကီးတစ္စီး၏ အကူအညီပါ ရလိုက္ေသးသည္။
"အဲ့ကြၽန္းေပၚမွာ ေခါင္းတလားေတြ အမ်ားႀကီးရိွတဲ့ကိစၥအျပင္ တျခားမူမမွန္တာ ဘာရိွေသးလဲ"
"မရိွေတာ့ပါဘူးဘုရား။ ကြၽန္ေတာ္မ်ိဳးက ေတာနက္ႀကီးထဲမွာပဲ အလုပ္လုပ္ခြင့္ရတာပါ။ ညဘက္ဆိုရင္လည္း နားေနတဲ့ေနရာကို ေစာင့္ၾကည့္ေနတဲ့ လူေတြရိွပါေသးတယ္။ ထြက္ေျပးလာတဲ့ညက အိပ္တဲ့ေနရာကေန ပထမဆံုးထြက္လာတဲ့ ညပါ၊ ဟိုဟိုဒီဒီ လိုက္ၾကည့္ဖို႔လည္း အခ်ိန္မရခဲ့ပါဘူးဘုရား "
"ကိုယ္ေတာ္နဲ႔ ရုပ္ခ်င္းဆင္တဲ့လူကေရာ ရွင္းက်ိဳးမွာ ရိွေနသလား"
"ကြၽန္းေပၚ ဆယ္ရက္ေလာက္လာေနၿပီးေတာ့ ျပန္သြားပါတယ္ဘုရား။ ရုပ္ဆင္းအဂၤါတင့္တယ္ၿပီး အရိွန္အဝါႀကီးလွပါတယ္၊ ေနာက္မွာ လူဆယ္ေယာက္ေလာက္ လိုက္ပါလာပါတယ္"
ခ်ူယြမ္က ေခါင္းညိတ္လိုက္သည္။
"ဆက္ေျပာပါၪီး"
"ကြၽန္ေတာ္မ်ိဳးက သူတစ္ပါးနဲ႔လိုက္မပတ္သက္တတ္တဲ့ တစ္ကိုယ္တည္းသမားပါဘုရား။ ဒီေၾကာင့္ တာ့ခ်ူကိုျပန္ေရာက္လာေတာ့ ေမြးရပ္ေျမကို ျပန္မသြားျဖစ္ေတာ့ပါဘူး။ ကြမ္းဟိုင္ၿမိဳ႔ရဲ့ ေရတပ္ကလည္း ေန့တိုင္းလိုလို တပ္သားအသစ္ေတြ ေခၚေနေတာ့ ကြၽန္ေတာ္မ်ိဳးလည္း အေပ်ာ္တမ္းသေဘာ နာမည္သြားေပးလိုက္တာပါ။ အနည္းဆံုးေတာ့ စားစရာထမင္းရိွရင္ရၿပီေပါ့။ ဒါေပမယ့္ မၾကာလိုက္ပါဘူး၊ စစ္သူႀကီးက်ိဳက ကြၽန္ေတာ္မ်ိဳးကို ႏွင္ထုတ္လိုက္ပါတယ္ "
"အေၾကာင္းရင္းက ဘာမ်ားလဲ"
ခ်ူယြမ္ေမးလာေတာ့ မာလ်ိဳ႕က တိုးၫွင္းေသာေလသံျဖင့္ေျဖလာ၏။
"ကြၽန္ေတာ္မ်ိဳး ေခတၲခဏ စိတ္လြတ္သလိုျဖစ္သြားၿပီး သရဲတဘက္ဝင္စီးခံလိုက္ရသလို လ်ိႈ႔ဝွက္လက္နက္ေတြနဲ႔ လူေတြကို တိုက္ခိုက္မိပါတယ္ဘုရား"
ထို႔အျပင္ တပ္မေတာ္မွ ႏွင္ထုတ္ခံလိုက္ရၿပီးသည့္ေနာက္ မာလ်ိဳ႕၏ ဘဝကလည္း အဆင္ေျပေခ်ာေမြ့ျခင္းမရိွေတာ့။ သံုးစရာပိုက္ဆံမရိွသည္ကို အပထား၊ၿမိဳ႔ထဲတြင္ ေခါက္ဆြဲတစ္ပြဲ စားေနသည္ကိုေတာင္ ဝိုင္း၍ေလွာင္ေျပာင္ကဲ့ရဲ့ၾကေသာသူမ်ားသာ ရိွလာ၏။ လူတိုင္းလိုလိုက သူ႔ကို တပ္ထဲမွ အႏွင္ထုတ္ခံလိုက္ရေသာ အက်င့္ပ်က္တပ္သားတစ္ၪီးျဖစ္မွန္း သိေနၾကသည့္အလား။ ေနာက္ဆံုးေတာ့ အရွင္မင္းျမတ္က တပ္မေတာ္ကို ကိုယ္ေတာ္တိုင္ ၪီးေဆာင္လာကာ မၾကာမီအခ်ိန္အတြင္း ကြမ္းဟိုင္သို႔ ေရာက္ရိွလာေတာ့မည္ဟုၾကားေတာ့ ဆိုးသြမ္းယုတ္မာေသာအႀကံရလာကာ ၿမိဳ႔ထဲတြင္ ဆူပူမႈျဖစ္ေစရန္ ဖန္တီးဖို႔ စိတ္ကူးလိုက္သည္၊ ထို႔ေနာက္ ထိုကိစၥကို မေျဖရွင္းႏိုင္သျဖင့္ စစ္သူႀကီးက်ိဳက အရွင္မင္းျမတ္ဆီ မေလ်ွာက္တင္ရဲေလာက္ေအာင္ကို လုပ္လိုက္မည္ျဖစ္၏။
"ဒီပစၥည္းေတြက မင္းကိုယ္တိုင္ တီထြင္ခဲ့တာလား"
ခ်ူယြမ္က မာလ်ိဳ႕ေရ႔ွသို႔ လင္ဗန္းတစ္ခုသယ္လာကာ ျပသလိုက္ေစ၏။
"ၿပီးေတာ့ တစ္ခါတည္းနဲ႔ ဆယ္က်န္႔ေလာက္ျမင့္တဲ့ အျမင့္ေပအထိ ခုန္ႏိုင္တဲ့ အဲဒီဖိနပ္ေရာပဲ။ ဒီလိုပစၥည္းမ်ိဳးရိွမယ္ဆိုတာ ကိုယ္ေတာ္ ထင္မထားမိဘူး"
"မွန္ပါ့၊ ကြၽန္ေတာ္မ်ိဳးကိုယ္တိုင္ လုပ္ထားတာပါဘုရား။ ငယ္ငယ္ကတည္းက ဒီလိုပစၥည္းမ်ိဳးနဲ႔ ေဆာ့ကစားရတာ သေဘာက်ခဲ့လို႔ပါ။ ဘယ္သူမွ သင္ၾကားျပသေပးတာမ်ိဳးလည္းမရိွပါဘူး။ အသျပာစေလးေတြ ျခစ္ကုတ္စုေဆာင္းၿပီးက္ပ္နက္ေရာင္းတဲ့ဆိုင္ကေန လ်ိႈ႔ဝွက္လက္နက္ေတြ သြားသြားဝယ္ၿပီး ျဖဳတ္ၾကည့္တယ္၊ ျဖည္းျဖည္းခ်င္းစီ ကိုယ့္ဘာသာကိုယ္ ေလ့လာတယ္။ အိမ္ေတြတံတားေတြေဆာက္တတ္တဲ့႔ပညာကေတာ့ ဘုန္းႀကီးေက်ာင္းထဲက ဘုန္းႀကီးေတြဆီကေန သင္လာတာပါဘုရား"
"ဒီစကားသာအမွန္ဆိုရင္ မင္းက စြမ္းရည္ပါရမီရိွတဲ့လူတစ္ေယာက္ပဲ"
ခ်ူယြမ္ မွတ္ခ်က္ဆိုလိုက္သည္။
မာလ်ိဳ႕အတြက္ကေတာ့ ဤဘဝတစ္သက္မွာ ပထမဆံုးအႀကိမ္အျဖစ္ ဧကရာဇ္ျပည့္ရွင္ကိုယ္ေတာ္တိုင္ဆီမွ ခ်ီးမြမ္းစကားၾကားရသျဖင့္ ေပ်ာ္ရႊင္ဝမ္းေျမာက္သြားကာ ဆက္ေျပာလာ၏။
"တပ္မေတာ္ထဲမွာ တာ့ယန္႔ၿမိဳ႔ကလာတဲ့ လူရိွတယ္။ သူ႔ကိုယ္သူ ဗိသုကာပညာရွင္ဆရာႀကီးမုခ်ီရဲ့တပည့္ပါလို႔ ေျပာေပမယ့္ လ်ိႈ႔ဝွက္လက္နက္လုပ္တဲ့ေနရာမွာ ကြၽန္ေတာ္မ်ိဳးကိုေတာင္ လိုက္မမီဘူး"
အဘိုးမုခ်ီက ဆိုသည္။
"ဒီဘဝမွာ ငါ တပည့္တစ္ေယာက္ကိုပဲ လက္ခံၿပီးသင္ေပးခဲ့တာ။ အျပင္က ေခြးေတြေၾကာင္ေတြ သူ႔ဘာသာသူ ထထေျပာေနတာကို ဒီတိုင္းပဲနားေထာင္၊ ဒါေပမယ့္ ေယာင္လို႔မွေတာ့ မယံုလိုက္နဲ႔"
သြမ့္ေယာင္မွာ အင္မတန္မွ ဂုဏ္ယူဝင့္ႂကြားသြားသည္။
အဲ့တပည့္ေလးဆိုတာ ကြၽန္ေတာ္ပါပဲ၊ ဟဲဟဲ။
မေန့က ပန္းကန္လုပ္တတ္ဖို႔ သင္တယ္၊ အရင္ေန့က ကုတင္လုပ္တတ္ဖို႔ သင္ေပးတယ္။
သြမ့္ပိုင္ယြဲ႔က ညီျဖစ္သူ၏ ေခါင္းကို တစ္ခ်က္ရိုက္လိုက္သည္။
မာလ်ိဳ႕က ထိုစကားကိုၾကားေတာ့ အရမ္းအံ့ဩသြားကာ ကုတင္ေဘးနားရပ္ေနေသာအဘိုးအိုကို ငဲ့ေစာင္းၾကည့္လာ၏။ ေစာနက ထိုအဘိုးအိုေျပာလိုက္ေသာစကား၏ ဆိုလိုရင္းကို သူ ေသခ်ာေတြးၾကည့္ေနသည္။
"ဒီပုဂၢိုလ္က လူႀကီးမင္းမုခ်ီပါပဲ"
မာလ်ိဳ႕က သူတစ္ပါးႏွင့္ကြဲထြက္ကာ မာနတံခြန္လႊင့္ထူတတ္ေသာ္လည္း သစ္သားအတတ္ပညာကို စတင္သင္ယူခ်ိန္မွာကတည္းက အဘိုးအိုမုခ်ီအေၾကာင္းကို ၾကားဖူးၿပီးသားျဖစ္သည္ ၊ မွန္သလား မွားသလား အကုန္ေရာေထြးေနေသာ ပါးစပ္ရာဇဝင္မ်ားကို အကုန္နားေထာင္ဖူးသည္။ အခု လူအရွင္လတ္လတ္ကိုျမင္လိုက္ရေတာ့ ဝမ္းေျမာက္ေပ်ာ္ရႊင္လြန္းသျဖင့္ ထထိုင္ရန္ ႀကိဳးပမ္းလိုက္သည္။
သို႔ေသာ္ သြမ့္ေယာင္က သူ႔ကို ျပန္ဖိထားလိုက္သည္။
"ေနၪီး၊ ေနၪီး။ တစ္ကိုယ္လံုး အရိုးက်ိဳးထားတာပါဆို၊ ေကာင္းေကာင္းျပန္လွဲလိုက္။ ေျခလက္ေတြ တြန္႔လိမ္ေကာက္ေကြးသြားရင္ ဘယ္သူမွ ခင္ဗ်ားကိုကယ္ႏိုင္မွာမဟုတ္ဘူးဗ်"
ခ်ူယြမ္က ေျပာလာ၏။
"ကိုယ္ေတာ့္အတြက္ ကိစၥတစ္ခုေဆာင္ရြက္ေပးပါ။ ေကာင္းေကာင္းလုပ္ႏိုင္ရင္ ဒီတစ္ေခါက္ စစ္ပြဲကေနျပန္လာတာနဲ႔ မင္းကို အျပစ္ဒဏ္ကင္းလြတ္ခြင့္ေပးပါ့မယ္"
****
မာလ်ိဳ႕၏ အခန္းမွ ထြက္လာေသာ္ ဒီဘက္သို႔ လမ္းေလ်ွာက္လာေသာ ယဲ့က်င္ႏွင့္ တည့္တည့္တိုး၏။ သူ႔ေနာင္ေတာ္၏ လက္ကို သြမ့္ပိုင္ယြဲ႔ႀကီး ကိုင္ထားသည္ကိုျမင္ေတာ့ စိတ္ထဲတြင္ ေနရခက္လွေခ်သည္။
ေန့ခင္းေၾကာင္ေတာင္ႀကီးထဲ ဒီေလာက္ထိ ပြင့္ပြင့္လင္းလင္းေတြ လုပ္ျပေနေတာ့ တိုင္းျပည္ကေရာ နာမည္ေကာင္းက်န္ပါေတာ့မလား။
ဧကရာဇ္ရဲ့ ေရႊလက္ေတာ္ကို အဲ့လိုႀကီး ကိုင္ခ်င္သလိုကိုင္ထားလို႔ရတယ္လားဟမ္။
ပိုဆိုးတာက သူမ်ားျမင္မွာ လံုးဝ မေၾကာက္ဘူးလား။
ရွီးနန္ဝမ္ကေတာ့ တည္ၿငိမ္စြာျဖင့္ပင္ ေရ႔ွတူရူသို႔ၾကည့္ေနေသာ အၾကည့္မ်ားကို ေရွာင္တိမ္းလႊဲဖယ္လိုက္ျခင္းမရိွ။ ယဲ့က်င္ကို ေက်ာ္ၿပီး ခပ္လွမ္းလွမ္းသို႔ေရာက္ခါမွ မိမိကိုယ္ကို ဂုဏ္ယူဝင့္ႂကြားစြာျဖင့္ ခ်ူယြမ္အုး ေျပာလာ၏။
"မင္း သတိထားမိလား၊ ခုေနာက္ပိုင္းတေလာ ေတာင္သခင္ယဲ့က ကိုယ့္အေပၚ ပိုပိုၿပီး ရင္းႏွီးလာသလိုပဲ"
ေျပာေျပာဆိုဆို ခ်ူယြမ္၏ လက္ခမ်ာ အားရပါးရ ဆုပ္ကိုင္ျခင္းခံလိုက္ရသည္။ မည္သို႔ပင္ရုန္းရုန္း တစ္ဖက္လူက လံုးဝလႊတ္မေပးေခ်။ သို႔ေသာ္ သူ႔ဘက္ကလည္းခြန္းတံု႔ျပန္ခ်င္စိတ္ မရိွခဲ့။
*****
ေနာက္ႏွစ္ရက္အၾကာ နံနက္ေစာေစာဝယ္ တံပိုးခရာသံက ေကာင္းကင္ဘဝဂ္သို႔တိုင္ ပ်ံ့ႏွံ႔သြား၏။ လူသူအမ်ားကလည္း အရုဏ္မလင္းခင္ကတည္းကပင္ တပ္မေတာ္ႀကီးဆက္လက္ခ်ီတက္ၾကမည္ကို လာေရာက္ေစာင့္ႀကိဳေနၾက၏။ ေနဝန္းႀကီးက ဝါက်င္က်င္အေရာင္ျဖင့္သာ ထြန္းလင္းေနေသးေသာ္လည္း မည္းနက္ေသာအဆင္းရိွ ဧရာမသေဘၤာႀကီးမ်ားမွာ ဆိပ္ကမ္းမွ ထြက္ခြာသြားၾကေလၿပီ ။ တံခြန္တိုင္စိုက္ထားေသာ သေဘၤာတစ္စင္းကေတာ့ အထပ္သံုးထပ္ ခြဲထားကာ အေဝးမွလွမ္းၾကည့္လိုက္လ်ွင္ သမုဒၵရာျပင္ထဲ လာေဆာက္ထားေသာ နန္းေဆာင္ခန္းမႀကီးဟု ထင္ၾကရေပသည္။ ေလအလ်ဥ္ကို အံတုကာ တဖ်တ္ဖ်တ္လႊင့္ထူေနေသာ နဂါးကိုးေကာင္ရုပ္ပံုပါရိွသည့္အလံ၏ အလယ္ဗဟိုတည့္တည့္တြင္ " ခ်ူ" ဟူေသာ အကၡရာကို ထြင္းထားကာ ေဝဟင္ေပၚပ်ံသန္းေနေသာ နဂါးကဲ့သို႔ႏွယ္ တင့္တယ္လွေပ၏၊ စုတ္ခ်က္အေရးအသားက အားမာန္ခေညာင္းလွေပ၏။ ဟုတ္ပါသည္၊ ဧကရာဇ္ခ်ူကိုယ္ေတာ္တိုင္ ေရးသားထားေတာ္မူေသာ လက္ေရးေတာ္ပင္ျဖစ္ေပ၏။
"အရွင္မင္းႀကီး သက္ေတာ္ရာေက်ာ္ရွည္ပါေစ!!!!!!"
စစ္သည္ေတာ္မ်ား၏ တစ္ေသြးတစ္သံတည္းျဖစ္ေသာ ဟစ္ေႂကြးျခင္းမွာ အထက္ေကာင္းကင္ ေအာက္ေျမျပင္အား သိမ့္ခါလႈပ္ခတ္သြားေစ၏။
ေလွသေဘၤာႀကီးမ်ားက အျဖဴေရာင္ျမဴခိုးထုထဲ တိုးဝင္သြားသည္။ ခ်ူယြမ္က လက္ကို ေနာက္ျပန္ထားလ်က္ ေရႊဝါေရာင္ေနမင္းႀကီး ေရမ်က္ႏွာျပင္ထက္မွ လြတ္ကင္းသြားသည္ကို ေငးၾကည့္ေန၏၊ ထို႔ေနာက္ မ်က္ဝန္းအိမ္မ်ားကို မိွတ္ထားလိုက္သည္။
သြမ့္ပိုင္ယြဲ႔က အေပၚဝတ္ရံုတစ္ထည္ယူကာ ခ်ူယြမ္ဆီသြားၿပီး ညင္သာႏူးညံ့စြာ လႊမ္းၿခံဳေပးလိုက္သည္။
"အေအးမိသြားၪီးမယ္"
ထိုခါမွ ခ်ူယြမ္က အေတြးေရလ်ဥၠျောမ်ား ျပတ္ေတာက္သြားကာ သူ႔ဘက္လွည့္ၿပီး အၾကည့္ခ်င္းဆံုလာေစ၏။ သြမ့္ပိုင္ယြဲ႔က ဆိုသည္။
"အခန္းထဲ သြားရေအာင္ပါ၊ ေခါင္မိုးထပ္မွာ ေလအရမ္းတိုက္လြန္းတယ္"
ရွစ္ဇီက ခုေလးတင္ ျပင္ဆင္ခ်က္ျပဳတ္ၿပီးသြားေသာ စားေသာက္ဖြယ္ရာမ်ားကို သယ္ေဆာင္လာခဲ့ေစသည္။ ၄မွာ ဆန္ျပဳတ္မ်ားႏွင့္ အျခားရိုးရိုးအရံဟင္းႏွစ္မ်ိဳးသံုးမ်ိဳးသာျဖစ္ကာ သြမ့္ပိုင္ယြဲ႔က ခ်ူယြမ္အတြက္ တစ္ပန္းကန္ ခပ္ေပးလာ၏။
"စားလို႔ရၿပီ"
"ဗိုက္မဆာေသးဘူး"
"ဒါဆို ကိုယ့္ကို ခြံ႔ေကြၽး"
ထိုစကားကို ၾကားေတာ့ ရွစ္ဇီမွာ ေခါင္းငံု႔ကာ အျမန္ ထြက္သြားေပးလိုက္၏။ ခ်ူယြမ္က သူ႔အား ဆူပူသံစြက္ၿပီးေျပာလာ၏။
"စစ္တိုက္ၾကေတာ့မွာကို ေဆာ့ေနျပန္ေသး"
သြမ့္ပိုင္ယြဲ႔ ၿပံဳးမိ၏။
"စစ္တိုက္ေတာ့မယ္ဆိုၿပီး ထမင္းမစားဘဲေနမွာလား။ ဘာပဲေျပာေျပာ ဒီတစ္ေခါက္က ပင္လယ္ျပင္ဘက္ထြက္တိုက္တဲ့ မင္းရဲ့ဒုတိယအႀကိမ္ေျမာက္ ေရေၾကာင္းတိုက္ပြဲေလ။ ကိုယ့္အတြက္ကေတာ့ ပထမဆံုးပဲ၊ လူတိုင္းကလည္း စိတ္လႈပ္ရွားေနၾကတယ္။
ေစာန ကိုယ္ မင္းကို ႏွစ္သိမ့္ေပးၿပီးသြားၿပီဆိုေတာ့ အခု ကိုယ့္ကိုျပန္ႏွစ္သိမ့္ေပးဖို႔ မင္းအလွည့္ေရာက္ၿပီ"
"....."
သြမ့္ပိုင္ယြဲ႔က သူ႔ကိုယ္သူ လက္ၫွိုးထိုးလိုက္ကာ ထပ္ေျပာလာ၏။
"မႏွစ္သိမ့္တတ္ရင္လည္း တစ္ခါေလာက္ လာနမ္းလို႔ရတယ္"
"မင္းကေတာ့ေလ..... "
ခ်ူယြမ္မွာ ဘာလုပ္ရမွန္းမသိျဖစ္သြားကာ တစ္ခ်က္လွမ္းရိုက္လိုက္၏။ သြမ့္ပိုင္ယြဲ႔က သူ႔အတြက္ ဆန္ျပဳတ္တစ္ဇြန္းခ်င္းစီ ခြံ႔ၿပီး တိုက္လာ၏။
"အရင္တစ္ေခါက္တုန္းက အေနာက္ေျမာက္ရွီးေပကို သြားတိုက္တုန္းကလည္း ကိုယ္ မင္းေနာက္ လိုက္မသြားခဲ့ရဘူး။ အဲ့တုန္းကလည္း အခုလိုပဲ ထမင္းမစားဟင္းမစားဘဲ ေနခဲ့သလားမသိ။ ရႈံးမွာေၾကာက္လို႔လားေျပာ"
"ႏွစ္ဘက္စစ္တပ္ တိုက္ခိုက္ေနၾကမွေတာ့ အဆံုးသတ္ရလဒ႓ယ္လိုထြက္လာမလဲဆိုတာ ဘယ္သူကမွ အတိအက် မေျပာႏိုင္ဘူး။ အခုမွ စစ္တိုက္ဖို႔စထြက္တာကို ဒီလိုစကားမ်ိဳးေျပာရတာ သိပ္ၿပီးနိမိတ္မေကာင္းေပမယ့္..... ငါ....ငါ တကယ္ေၾကာက္ေနတယ္"
သူမ်ားတကာ၏ ေရ႔ွေမွာက္တြင္ မည္သု႔ိပင္ေနေန ဂရုမစိုက္ေသာ္လည္း အခု ခ်စ္ရေသာသူ၏ ေရ႔ွေမွာက္မွာေတာ့ စိတ္ထဲရိွသမ်ွ အရာရာတိုင္းကို အိတ္သြန္ဖာေမွာက္ ေျပာျပခ်င္ေနသည္၊ သို႔မွသာ မိမိရင္ထဲ ေပါ့ပါးလန္းဆန္းသြားမည္ျဖစ္၏။
သြမ့္ပိုင္ယြဲ႔က ၿပံဳးကာဆိုလာ၏။
"ခ်ူရိွန္႔က နန္ယန္မွာ ႏွစ္ေပါင္းအၾကာႀကီး အင္အားစုစည္းတည္ေဆာက္လာတာ၊ မင္း စိုးရိမ္မယ္ဆိုလည္း မလြန္ပါဘူး။ ဒါေပမယ့္ ကိုယ္တို႔ဘက္ကလည္း ဒီေန့အတြက္ သံုးေလးႏွစ္ေတာင္ ေလ့က်င့္ခဲ့တယ္ေလ၊ ဟုတ္တယ္မလား "
"ဒါကိုေတာ့ ငါ နားလည္ပါတယ္"
"ဒါေပမယ့္ စိတ္မေအးႏိုင္ေသးဘူးေပါ့ေလ"
သြမ့္ပိုင္ယြဲ႔က ခ်ူယြမ္ဆီ လက္လွမ္းကာ မိမိ ရင္ခြင္ထဲ ဆြဲသြင္းေပြ့ဖက္ထားလိုက္သည္။ ထို႔ေနာက္တြင္မွ ဆက္ေမးလာ၏။
"ကိုယ့္ေရ႔ွေရာက္ေနတဲ့အခ်ိန္ေတြဆိုရင္ေကာ မင္း ရင္ခုန္ဖူးရဲ့လား ၊ ဟိုးငယ္ငယ္ေလးကတည္းက အခုႀကီးလာတဲ့အထိကိုေလ"
"မင္းကို ဘာကိစၥ ငါက ရင္ခုန္ရမွာလဲ"
ခ်ူယြမ္က သြမ့္ပိုင္ယြဲ႔၏ ပါးႏွစ္ဖက္ကို ၫွစ္ပစ္လိုက္၏။ သြမ့္ပိုင္ယြဲ႔က ခ်ူယြမ္၏ နားရြက္နား ခပ္တိုးတိုးေျပာလာျပန္သည္။
"ကိုယ္ မင္းကိုနမ္းေတာ့လည္း ရင္မခုန္ဘူး၊ ကိုယ္ မင္းကို လိုခ်င္တဲ့အခ်ိန္ဆိုရင္လည္း ရင္မခုန္ဘူးေပါ့"
ခ်ူယြမ္ တစ္ကိုယ္လံုးေတာင့္ခဲသြား၏။ ထို႔ေနာက္ သြမ့္ပိုင္ယြဲ႔ေခါင္းကို လက္ဆခပ္ျပင္းျပင္းေလး ရိုက္ပစ္လိုက္သည္။ ဒီလူက တကယ္ ေပါက္တတ္ကရေတြ ေျပာေနတာပဲ ဟု ေတြးမိလိုက္ကာ ေနာက္တစ္ေခါက္ ထပ္ရိုက္လိုက္ျပန္၏။
သြမ့္ပိုင္ယြဲ႔က ခ်ူယြမ္ပခံုးေပၚ ေမးတင္ၿပီး မွီလာကာ ေျပာလာသည္။
"ဒီေလာက္အေရးႀကီးတဲ့ကိစၥေတြကိုက် ရင္မခုန္ဘဲနဲ႔ ခ်ူရိွန္႔အတြက္က် ဘာလို႔ စိတ္ေတြလႈပ္ရွားေနတာတုန္း။ ကိုယ္ သဝန္တိုမွာ မေၾကာက္ဘူးလား"
"ပါးစပ္ပိတ္ထား"
"ကိုယ့္ကို ထပ္ၿပီးႏွင္ထုတ္ၪီးမွာလား"
ခ်ူယြမ္က အေနအထားေျပာင္းလိုက္ကာ တစ္ဖက္လူ၏ ရင္ခြင္က်ယ္ထဲ မ်က္ႏွာအပ္ထားလိုက္သည္။
စကားျပန္မေျပာခ်င္ပါ။
သို႔ေပသိ ထြက္သြားခြင့္လည္း မျပဳႏိုင္ပါ။
သြမ့္ပိုင္ယြဲ႔၏ ႏႈတ္ခမ္းေထာင့္စြန္းမ်ားက ၿပံဳးေယာင္သမ္းသြားသည္။ ထို႔ေနာက္ ထိုလူသားေလး၏ ေက်ာျပင္ကို ပြတ္သပ္ေပးေနရာ ေနာက္ဆံုးေတာ့ အိပ္ေမာက်သြားရွာ၏။
တာ့ခ်ူ၏ျပည့္ရွင္ ဧကရာဇ္ဘုရင္တစ္ပါးလံုးျဖစ္ေသာ္ျငား စစ္တိုက္ထြက္ေသာအခါ မေတာ္တဆ မွားယြင္းခြၽတ္ခြၽင္းသြားခဲ့လ်ွင္ အသက္ဇီဝိန္ပါပ်က္သုဥ္းသြားႏိုင္သည္၊ ထိုအခါ တိုင္းျပည္ကပါ အုတ္ေအာ္ေသာင္းနင္းျဖစ္ၿပီး ဆူပူအံုႂကြလာလိမ့္မည္။ အေနာက္ေျမာက္ရွီးေပႏွင့္ အေရ႔ွပင္လယ္ တုန္းဟိုင္ကို တိုက္ခိုက္တုန္းကမူ ဆန္႔က်င္ဖက္ရန္သူမွာ ကိုယ့္ဘာသာကိုယ္ တံခြန္လႊင့္ထူၿပီး ဘုရင္ဟုေႂကြးေၾကာ္သတ္မွတ္ထားေသာ မ်ိဳးႏြယ္စုေခါင္းေဆာင္မ်ားသာ ျဖစ္ၾကသည္။ ဒီတစ္ႀကိမ္ကမူ တစ္ဖက္ရန္သူက ေတာ္ဝင္ေသြးပါေသာ မင္းသားစစ္စစ္တစ္ေယာက္ျဖစ္ေနေပရာ ခ်ူယြမ္၏ စိုးရိမ္ေၾကာင့္ၾကမႈကို သြမ့္ပိုင္ယြဲ႔ ေကာင္းစြာ နားလည္ပါသည္။ သို႔ေသာ္ မိမိ ဘယ္လိုပဲနားခ်ေသာ္လည္း အခ်ည္းႏွီးျဖစ္ကုန္မည္မို႔ မေျပာျဖစ္ျခင္းသာ။ စစ္ပြဲကို ေအာင္ႏိုင္ေသာအခ်ိန္တြင္မွ ရင္ခြင္ထဲက လူသားေလးခမ်ာ ရက္ေပါင္းမ်ားစြာ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ စိတ္ခ်လက္ခ် အိပ္ေပ်ာ္ရဲေတာ့မည္ထင္သည္။
*****
ေရတပ္သေဘၤာမ်ားက သမုဒၵရာျပင္ထက္တြင္ ဆယ္ရက္ေက်ာ္မ်ွ ခရီးေရာက္ခဲ့ၿပီျဖစ္သည္။ ထိုစဥ္ ေလွငယ္တစ္စင္းက အနားသို႔ ဆိုက္ကပ္လာေၾကာင္း တပ္သားတစ္ၪီးက လာေရာက္အေၾကာင္းၾကားသည္
ထိုအမ်ိဳးသားက သူ႔ကိုယ္သူ စစ္ကုန္းမ်ိဳးရိုးဟု ဆိုေၾကာင္း၊ ရွီးနန္ဝမ္ႏွင့္ ေတြ့ဆံုလိုေၾကာင္းလည္း ေျပာလာ၏။
"အို၊ ဒီတစ္ေခါက္ေတာ့ အလိုက္သိလွခ်ည္လား"
သြမ့္ပိုင္ယြဲ႔က ေမးေစ့ကို ပြတ္ကာ မွတ္ခ်က္ဆို၏။ ဝမ့္ရွီးက်ိဳးသို႔ တစ္ေခါက္သြားကာ လူကို ၿခိမ္းေျခာက္ၿပီးေခၚလာဖို႔ ႀကံစည္ထားေသာ္လည္း ထင္မွတ္မထားလွစြာ တစ္ဖက္လူက သူ႔ဘာသာသူ အရင္ေရာက္ခ်လာ၏။
စစ္ကုန္းလြီ႔က အပြင့္အခက္ပံုမ်ားပါသည့္ အဝတ္အိတ္ကို ေက်ာေပၚသယ္ထားသည္၊ မ်က္ႏွာကလည္း လံုးဝ စိတ္မပါလက္မပါ လာခဲ့ရသည့္ဟန္။
"မင္းမ်က္ႏွာက အေႂကြးလာေတာင္းတာလား၊ ဘာလား"
သြမ့္ပိုင္ယြဲ႔ေမးလိုက္ေတာ့ စစ္ကုန္းလြီ႔က အဝတ္အိတ္ကို ပစ္ခ်လိုက္ကာ ေလွေခါင္မိုးထပ္တြင္ တင္ပုလႅင္ေခြထိုင္ေနလိုက္၏။
"မင္းကိုလာကူဖို႔ ရိႈ႔ရိႈ႔က ငါ့ကိုလႊတ္လိုက္တာ"
ဘယ္သူ႔မယားကမ်ား အဲ့လိုအခ်ိဳးရိွလို႔လဲေမး။ ကိုယ့္ေယာက္်ားကို အိမ္ေပၚကေန ႏွင္ခ်ရက္တယ္လို႔။
သြမ့္ပိုင္ယြဲ႔က သက္ျပင္းခ်လိုက္သည္။
"ခယ္မေလးနဲ႔ လက္ထပ္လိုက္ရတာ မင္းရဲ့ဘိုးဘြားအုတ္ဂူကေန မီးခိုးထြက္တာပဲ * "
"ထမင္းရိွလား"
စစ္ကုန္းလြီ႔က အားနည္းေဖ်ာ့ေတာ့ေနေသာအသံျဖင့္ ေျပာလာ၏။
တစ္ကိုယ္လံုး ခြၽတ္ၿခံဳက်ၿပီး ျခဴးတစ္ျပားေတာင္မရိွလို႔ ႏွစ္ရက္ေတာင္ ငတ္လာခဲ့ၿပီးၿပီ၊ ေသာက္ရမ္းကို ဇာတ္နာတာပဲ။
သြမ့္ပိုင္ယြဲ႔လည္း စားေတာ္ကဲမ်ားအား ေခါက္ဆြဲတစ္ပြဲျပင္ေပးလိုက္ေစသည္။ ထို႔ေနာက္ သူငယ္ခ်င္းျဖစ္သူ၏ ပခံုးကို ပုတ္လိုက္သည္။
"ဘယ္ကိစၥကိုမဆို ေကာင္းတဲ့ဘက္ကေန ၾကည့္စမ္းပါကြ။ အနည္းဆံုးေတာ့ စစ္ပြဲၿပီးတဲ့အထိသာ ေစာင့္လိုက္။ ငါ မဂၤလာေဆာင္ၿပီးရင္ မင္းရဲ့ၪီးရီးေတာ္လည္း ေထာင္ထဲကေန ထြက္ႏိုင္ေတာ့မွာေလ"
စစ္ကုန္းလြီ႔က သူ႔အား ေစ့ေစ့ၾကည့္လာကာ ျဖည္းၫွင္းေလးေကြးစြာ တစ္ခြန္းခ်င္းေျပာလာ၏။
"အရင္တစ္ခါ ငါ မင္းကို ဒီကိစၥေျပာဖူးတာ ၿပီးခဲ့တဲ့ငါးႏွစ္ကတည္းကကြ။ ငါ့ၪီးရီးကေတာင္ သူ႔ဘာသာသူ ျပစ္ဒဏ္ေစ့လို႔ သူ႔ဘာသာသူ ေထာင္ကေန ထြက္လာၿပီကြ!!!! "
္မင္း မဂၤလာေဆာင္ၿပီးမွ တိုင္းျပည္တစ္ဝွမ္းလံုး လြတ္ၿငိမ္းခ်မ္းသာခြင့္ရဖို႔ ေစာင့္ရလို႔ကေတာ့ မၫွိုးပန္းေတြေတာင္ သံုးေခါက္ေလာက္ ၫွိုးကုန္ၿပီထင္တယ္။
သြမ့္ပိုင္ယြဲ႔လည္း ေခ်ာင္းအနည္းငယ္ဟန္႔လိုက္သည္၊ ထို႔ေနာက္ ေလးနက္တည္ၾကည္ေသာအသံျဖင့္ဆိုလာ၏။
"ဒီကိစၥ ေျပာရခက္တယ္ေနာ့။ မင္းရဲ့အမ်ိဳးထဲက တစ္ေယာက္ေယာက္ ေထာင္ထပ္က်ရင္ေကာ ဘယ္လိုလုပ္မလဲ။ ဘာပဲေျပာေျပာ ပန္ဝမ္ရဲ့ထိမ္းျမားပြဲကိုသာ ေစာင့္ေမ်ွာ္ေနလိုက္ပါ၊ ဒီေလာကမွာ ေသခ်ာေရရာတဲ့ကိစၥ မရိွပါဘူး"
စစ္ကုန္းလြီ႔က ေခါက္ဆြဲပန္းကန္ကို ကိုင္လိုက္သည္၊ လက္ကလည္း တုန္ယင္ေနလို႔၊ ပူေနြးေသာ မ်က္ရည္မ်ားကလည္း စို႔တက္အိုင္ထြန္းလာလို႔။ ေသေလာက္ေအာင္ ဗိုက္ဆာေနေပမင့္ ထိုအေကာင္ႀကီး၏ ေခါင္းေပၚသို႔ ေခါက္ဆြဲကို ပန္းကန္လိုက္ ေမွာက္ခ်ပစ္လိုက္ခ်င္လွသည္။
******
2021.05.17.
Thanks for waiting.
T/n : မိသားစုတစ္ခုရဲ့ ဘိုးေဘးဘီဘင္တစ္ေယာက္ေယာက္က နတ္ေဒဝတာအျဖစ္ က်င့္ႀကံေအာင္ျမင္သြားရင္ ရုပ္ႂကြင္းခႏၶာက မီးခိုးအျဖစ္ ေပ်ာက္ကြယ္သြားတယ္လို႔ ယူဆၾကပါတယ္။ ဒါေၾကာင့္ တစ္ေယာက္ေယာက္က လာဘ္လာဘအႀကီးစားတစ္ခုခု ရသြားရင္ နတ္ျဖစ္သြားတဲ့ေဆြမ်ိဳးဘိုးေဘးက ေကာင္းခ်ီးေပးလို႔ရသြားတာဆိုၿပီး ယူဆတာမို႔ ဘိုးဘြားအုတ္ဂူကေန မီးခိုးထြက္တယ္လို႔ သံုးႏႈန္းၾကပါတယ္။
****