One and only

By reselda_

82.5K 4.9K 77

My second Gl fic. Wint Phoo Thazin ❣️ Nway Nay Chi More

Part-1 (Uni)
Part-1(Z)
Part-2(Uni)
Part-2(Z)
Part-3(Uni)
Part-3(Z)
Part-4(Uni)
Part-4(Z)
Part-5(Uni)
Part-5(Z)
Part-6(Uni)
Part-6(Z)
Part-7(Uni)
Part-7(Z)
Part-8(Uni)
Part-8(Z)
Part-9(Uni)
Part-9(Z)
Part-10(Uni)
Part-10(Z)
Part-11(Uni)
Part-11(Z)
Part-12(Uni)
Part-12(Z)
Part-13(Uni)
Part-13(Z)
Part-14(Uni)
Part-14(Z)
Part-15(Uni)
Part-15(Z)
Part-16(Uni)
Part-17(Uni)
Part-17(Z)
Part-18(Uni)
Part-18(Z)
Part-19(Uni)
Part-19(Z)
Part-20(Uni)
Part-20(Z)
Part-21(Uni)
Part-21(Z)
Part-22(Uni)
Part-22(Z)
Part-23(Uni)
Part-23(Z)
Part-24(Uni)
Part-24(Z)
Part-25(Uni)
Part-25(Z)
Part-26(Uni)
Part-26(Z)
Part-27(Uni)
Part-27(Z)
Part-28(Uni)
Part-28(Z)
Part-29(Uni)👩‍❤️‍👩
Part-29(Z)👩‍❤️‍👩

Part-16(Z)

647 38 0
By reselda_

မီးပန်းဖောက်တာလည်းကြည့်ပြီးပြီ ၊ နှစ်သစ်ကိုလည်းကြိုဆိုပြီးပြီဆိုတော့ နွေးနေခြည်နဲ့ ၀င့်ဖူးသဇင်တို့နှစ်ယောက်လည်း အခန်းထဲကိုပြန်ဝင်လာကြသည်။

အခန်းထဲဝင်လိုက်တာနဲ့ မိမိကုတင်ပေါ်မှာ နေရာအပြည့်ယူရင်း အိပ်ပျော်နေတဲ့ ပြည့်သိင်္ဂီ ကြောင့် နွေးနေခြည်ခမျာ အိပ်ဖို့ရန် နေရာပျောက်နေ၏။

"နွေး,,,ဒီညငါ့ကုတင်မှာအိပ်လေ"

"ဟင်,,,ဒါဆို ဇင်ကရော ဘယ်မှာအိပ်မလို့လဲ?"

"ဘယ်မှာ အိပ်ရမှာလဲ,,,ငါတို့နှစ်ယောက်အတူတူအိပ်လို့ရတာဘဲလေ နွေးရဲ့"

"ဇင်,,ဇင်နဲ့အတူတူ အိပ်ရမှာ"

*ပြောလို့လွယ်လိုက်တာ ဇင်ရယ်..တောင်ကြီးအိမ်က ကုတင်အကျယ်ကြီးမှာတောင် ဇင်နဲ့အိပ်တဲ့အချိန် တစ်ညလုံးအိပ်လို့မပျော်နိုင်တာ။ ဒီလိုမျိုး တစ်ယောက်အိပ်သီးသန့်ကုတင်မှာ ဇင်နဲ့အတူအိပ်ရမယ်ဆိုရင်တော့ သေချာပါတယ်။ အိပ်မပျော်နိုင်တဲ့အပြင် နှလုံးရောဂါတစ်ခုပါ ကျွန်မမှာ အဆစ်ရသွားမှာလေ။

အင်းပေါ့....တစ်ဖက်သတ်ချစ်နေရတဲ့သူက ကျွန်မဖြစ်ပြီး ဘာမှမခံစားရတဲ့သူက ဇင်ဆိုတော့လည်း ဒီလိုမျိုးပြောမှာပေါ့။ ကျွန်မကသာ ဒီစိတ်နဲ့ ကြာရင်ရူးတော့မှာမလား။

"နွေး...ဘာလို့အဲ့မှာရပ်နေတာလဲ။ဒီညမအိပ်တော့ဘူးလား"

*အာ..ကျွန်မအတွေးလွန်နေတာ ဇင်က ဘယ်အချိန် ကုတင်ပေါ်တက်ပြီး စောင်ခြုံထားမှန်းတောင် ကျွန်မမသိလိုက်ဘူး။

ဟူးစ်..ဒီအခြေအနေရောက်မှတော့ ဘယ်လိုမှလုပ်လို့မရတော့ဘူး...ရင်တုန်ပြီး နှလုံးရောဂါရလည်း ဇင်နဲ့အတူတူအိပ်မှရတော့မယ်လေ။

"ဒီဘက်ကိုတိုးလေ နွေး...တော်ကြာ အစွန်းနားတအားရောက်လို့ပြုတ်ကျနေဦးမယ်"

"ရ..ရပါတယ်။မပြုတ်ကျပါဘူး"

"ဟယ်..ပြောကာမှ ဟိုဘက်ကိုထပ်တိုးသွားပြန်ပြီ...နွေးနဲ့တော့ ဒုက္ခပါဘဲ အခုမှ တကယ်ပြုတ်ကျတော့မယ်"

ကိုယ့်အကြောင်းနဲ့ကိုယ်မို့ ဇင့်နဲ့လုံးဝကပ်မအိပ်ရဲဘဲ ကုတင်ထောင့်နားကိုသာကပ်နေတဲ့ ကျွန်မကို ဇင်ကပြောရင်းနဲ့ စိတ်မရှည်တော့ဘူးထင်ပါရဲ့။

ဇင်က ကျွန်မပခုံးကိုကိုင်ပြီး ကုတင်အလယ်နားထိရောက်အောင် ခန္ဓာကိုယ်ကိုဆွဲလိုက်၏။

"ဇင်..အိပ်ရတာကျပ်နေမယ်လေ,,,"

"မကျပ်ပါဘူး..ဆောင်းတွင်းကဒီလိုအိပ်တော့ပိုတောင်နွေးသေးတယ်။"

ဇင်က ကျွန်မဘက်ကိုတစ်ခြမ်းစောင်းလှည့်အိပ်ရင်းပြောကာ စောင်တွေကိုလုံနေအောင်လိုက်ခြုံပေး၏။

"နွေး အရမ်းအေးနေတာလား?"

"ဟင်,,မအေးပါဘူး..ဘာဖြစ်လို့လဲ?"

"ခုနက စောင်ခြုံတုန်းက နွေးရဲ့နားကိုထိမိသွားတာ...အေးစက်နေလို့"

"ဟုတ်..ဟုတ်လား"

နွေးနေခြည်မှာလည်း ၀င့်ဖူးသဇင်ပြောလိုက်မှ နားရွက်တွေကိုစမ်းကြည့်တော့ တကယ်ပင် အေးစက်နေ၏။

"တအား အေးနေရင်ဖက်ထားပေးရမလား နွေး"

"ဖက်ထားမယ်?"

"ဒီစကားလေးပြောတာကို ဘာလို့အဲ့လောက်တောင် အလန့်တကြားဖြစ်နေတာလဲ နွေးရဲ့..ဘာလို့လဲ ငါနဲ့အိပ်ရတာကို နွေးစိတ်ထဲအနှောင့်အယှက်ဖြစ်လို့လား"

"မဖြစ်ပါဘူး...လုံးဝမဖြစ်ဘူး"

"ဟုတ်ပြီလေ..အဲ့တာဆိုလည်း ဖက်ထားပေးရတာပေါ့"

"အယ့်..ဇင်...မဟုတ်"

-ဘာလို့လဲ...ကျွန်မက မဖြစ်ဘူးဆိုတာနဲ့ ဖက်ထားပေးပါဆိုတာနဲ့ မှားပြောသွားမိလို့လား။

ဇင်က 'အဲ့တာဆိုလည်း ဖက်ထားပေးရတာပေါ့' ဆိုပြီး ကျွန်မကို ဒီလိုမျိုး ဖက်ထားတာက..

ပြီးတော့ ဇင်ဖက်ထားတဲ့ ဒီအနေအထားကြီးက...ဘယ်..ဘယ်လိုတောင်လဲ?

ကျွန်မရဲ့မျက်နှာက ဇင့်ရဲ့ လည်ပင်းနဲ့ ရင်ဘတ်အပေါ်ပိုင်းနေရာလောက်မှာ...

ပြီးတော့ ဇင်က ကျွန်မတို့နှစ်ယောက်ကြားမှာနေရာလပ်တွေသိပ်မရှိတော့တဲ့အထိ ဒီလိုမျိုးကြီး တင်းတင်းကြပ်ကြပ်ကြီးလည်းဖက်ထားသေးတယ်။

ဘုရား...ဘုရား...နှစ်သစ်မှာ နှလုံးရောဂါနဲ့ ဆေးရုံအရင်ရောက်မယ့်သူက ကျွန်မများဖြစ်တော့မလား။

"လူတစ်ကိုယ်လုံးက ရေခဲတုံးလိုအေးစက်နေတာကို မူနေရသေးတာလို့"

"မူတယ်,,,ဘယ်သူကမူလို့လဲ"

"နွေးပေါ့...သူငယ်ချင်းအချင်းချင်းဘဲကို ဒီလောက်ထိအားနာပြီးမူနေရတာ နေမကောင်းဖြစ်ချင် လို့လား"

"တကယ်လို့ ငါနေမကောင်းဘူးဖြစ်ရင် နွေးက ဂရုစိုက်ပေးမှာလား"

"အင်း..ဂရုစိုက်ပေးရမှာပေါ့"

"ဘာလို့လဲ"

"ဘာလို့အဲ့လိုမေးတာလဲနွေးကလည်း....ငါတို့ကသူငယ်ချင်းတွေဘဲဟာ တစ်ယောက်နေမကောင်းဖြစ်ရင် တခြားတစ်ယောက်က ဂရုစိုက်ပေးရမှာပေါ့...မဟုတ်ဘူးလား"

"အွန်..ဟုတ်ပါတယ်"

*ကျွန်မရဲ့အသံက လုံးဝကိုအားမပါသလို ပေါ့ပျက်ပျက်ဖြစ်နေမှာဆိုတာ ကျွန်မသိပါတယ်။ ဒါပေမယ့် ဇင်က ကျွန်မကို သူငယ်ချင်းလို့ဘဲ အခိုင်အမာသတ်မှတ်ထားတာကို သိရလေ ကျွန်မရင်ထဲမှာ နာကျင်ခံစားရလေ...ကျွန်မအချစ်တွေကို ထုတ်မပြရဲတော့လေဖြစ် နေတယ်လေ။

"နွေး...."

"အင်း,,ပြောလေ ဇင်"

"သူငယ်ချင်းအချင်းချင်း နမ်းလို့ရလား?"

"နမ်း...နမ်းတယ်"

ရုတ်တရက်ကြီး အဆီအငေါ်မရှိထမေးလိုက်သည့် မေးခွန်းက ကျွန်မကိုမျက်လုံးပြူးလောက် အောင်လန့်သွားစေ၏။

*ဇင် ဘာစိတ်ကူးပေါက်လို့ အဲ့လိုမေးခွန်းမျိုးတွေမေးလာပါလိမ့်...

ဇင့်မှာ ရည်းစားများရှိနေလို့လား။

နေပါဦး ကျွန်မအခုမှ သတိထားမိတယ်။ဇင် ,,,ဘာလို့ ဒီညကျမှ မအိပ်သေးဘဲ စကားတွေ ဒီလောက်များနေရတာလဲ

ပြီးတော့ ကျွန်မကို ဒီလို ရင်းနှီးပြီးထူးဆန်းတဲ့အပြုအမူတွေတောင်ပြုမူနေတယ်လေ။

အာ,,,ကျွန်မပြောတဲ့ ရင်းနှီးပြီးထူးဆန်းတယ်ဆိုတာက အခုကျွန်မကိုဖက်ထားတဲ့ပုံစံကိုပြောတာပါ။

သိတယ်မလား...ဇင်က တစ်ယောက်နဲ့တစ်ယောက် ပူးပူးကပ်ကပ်ကြီးနေရတာကိုမကြိုက်ဘဲ အေးအေးဆေးဆေးနေတတ်တဲ့သူဆိုတော့လေ။

"နွေး,,,နင်ဘာလို့ပြန်မဖြေတာလဲ"

"ဟမ်,,,ဟိုလေ,,အဲ့တာက ငါ,,ငါလည်း မသိဘူးလေ ဇင်ရဲ့
ဒါနဲ့လေ..ဇင် မအိပ်သေးဘူးလား"

"ဘာလို့လဲ,,,ငါ့ကိုစကားများနေတယ်ဆိုပြီး မြန်မြန်အိပ်စေချင်နေတာလား"

"မဟုတ်ပါဘူး...အဲ့လိုလုံးဝမဟုတ်ဘူး။ငါက ဒီအတိုင်းမေးကြည့်လိုက်တာ"

"ငါက ၀ိုင်သောက်ပြီးရင် တော်တော်နဲ့မအိပ်ဘူး။ပြီးတော့ သောက်ပြီးလို့ တော်တော်ကြာမှ နဲ‌နဲလေးစကားများတာ။အဲ့တာတွေ ထားပါ။ ငါမေးတာသာ နွေး ဖြေဦး"

"ဖြေပြီးသွားပြီလေ...မသိဘူးလို့"

"မသိလို့မရဘူးလေ...နွေးမှာ ဒီလောက်သူငယ်ချင်းတွေရှိတာ...မနမ်းဖူးဘူးလား"

"အယ်...သူငယ်ချင်းတွေရှိတယ်ဆိုပေမယ့် အဲ့သူငယ်ချင်းတွေက ကိုယ့်ချစ်သူမှ မဟုတ်တာ ဘယ်လိုလုပ်နမ်းလို့ရမှာလဲ ဇင့်ရဲ့"

"မဟုတ်သေးပါဘူး။ငါကြည့်မိတဲ့ အဲ့အင်္ဂလိပ်ကားထဲမှာတော့ သူတို့နှစ်ယောက်က သူငယ်ချင်းဆိုပြီး နမ်းကြတယ်ရော်"

"ဇင်ရယ်...သူတို့က သူငယ်ချင်းဆိုပေမယ့်လည်း ချစ်သူတွေဖြစ်နေလို့နေမှာပေါ့"

"မဟုတ်ဘူး။အဲ့တစ်ကားလုံးမှာ ကြိုက်တယ်ဆိုတဲ့စကားတစ်ခွန်းတောင် သူတို့မပြောဘဲနဲ့ နမ်းကြတာပါဆို နွေးကလည်း"

"ဇင်,,,မူးနေတာတော့မဟုတ်ပါဘူးနော်"

"ဘယ်ကသာ မူးရမှာလဲ,,,,မမူးဘူး"

*မမူးဘူးလို့သာပြောနေတာ တကယ်တမ်းမှာ ဇင်က မူးပြီးဒီလို စကားတွေများနေတာပါ။

အခု ကျွန်မသိလိုက်ရတာတစ်ခုက ဇင်က တခြားသူတွေလို သောက်ပြီးခဏကြာတာနဲ့ မူးတတ်တဲ့ သူတွေလိုမဟုတ်ဘဲ သောက်ပြီး အချိန်တော်တော်ကြာမှ မူးတတ်တဲ့သူတစ်ယောက် ဆိုတာပါဘဲ။

"နွေး...နွေးက ရည်းစားရှိတာဆိုတော့နမ်းဖူးမှာပေါ့နော်"

"ဟင်..မရှိပါဘူး.."

"မလိမ်ပါနဲ့...နွေးရယ်...နွေးမပြောလည်းနွေးမှာ ရည်းစားရှိတယ်ဆိုတာ ငါသိပါတယ်။"

"မရှိဘူးဇင့်ရဲ့..."

"ဟားဟား...နွေးကရှက်နေပြန်ပါပြီ"

ကျွန်မမှာ မရှိကြောင်းငြင်းကာမှ ပိုဆိုးနေတဲ့အတွက် ဇင့်ရင်ခွင်ထဲရောက်နေတဲ့ အခြေအနေကနေ ရုန်းထွက်ကာ ဖက်ထားတဲ့ဇင့်လက်တွေကို ခဏဖယ် လိုက်ပြီး ဇင့်မျက်လုံးတွေကို တည့်တည့်ကြည့်ကာပြောလိုက်၏။

"ဇင် ဘယ်ကဘယ်လိုကြားပြီးအဲ့လိုပြောလည်းမသိပေမယ့် ငါ့မှာ ဘာရည်းစားမှ မရှိဘူး"

"တကယ်လား?"

"တကယ်ပါ...ငါ ဇင့်ကိုလုံးဝမလိမ်ပါဘူး"

"အင်း"

ဇင်က ထိုသို့ပြောပြီးတော့ ပြုံးကာ ကျွန်မကိုပြန်ကြည့်၏။

အဲ့ဒီနောက်မှာတော့ ဇင်က ကျွန်မမျက်နှာနားတိုးလာပြီး နားနားကပ်ကာ တိုးတိုးလေးပြော၏။

"ငါလည်း တကယ်တော့ နွေးကိုရည်းစားမရှိစေချင်သေးဘူး"

ထိုသို့ပြောရင်း ဇင်က ကျွန်မကို အစောပိုင်းတုန်းကလို ရင်ခွင်ထဲထည့်ဖက်ထားရင်း ကျွန်မနဖူး ပေါ်ကို အနမ်းတစ်ပွင့်ခြွေလာတော့...

"ဇင်,,"

အံ့အားသင့်မှုကြောင့် 'ဇင်' လို့ခေါ်လိုက်မိတဲ့ ကျွန်မရဲ့အသံက အဖျားခတ်တုန်ယင်လို့နေပါတယ်

"နင့်ကို ဂွတ်နိုက်ကစ်ပေးပြီးပြီဆိုတော့ ငါအိပ်တော့မယ်,,teddy,,,ကောင်းသောညပါ"

*teddy,,,ဂွတ်နိုက်ကစ် ?

ဘာတွေလဲ...ဇင်ကတော့ ကျွန်မနားမလည်တဲ့စကားတွေကိုပြောပြီး အိပ်ပျော်သွားပါပြီ။

ဒါပေမယ့်..ကျွန်မကတော့ ဇင့်ဆီက ရလိုက်တဲ့ ပူပူနွေးနွေးအနမ်းတစ်ခုနဲ့အတူ ကြားလိုက်ရတဲ့ ပဟေဠိဆန်ဆန်စကားတွေကြောင့် အိပ်မပျော်နိုင်ခဲ့ပါဘူး။

အခွင့်ကောင်းယူတယ်ဘဲပြောပြော နောက်ဆုံးအိပ်မပျော်မယ့်အတူတူတော့ ဇင့်ရင်ခွင်ထဲမှာအခုလို ရှိနေခွင့်ရတာကဘဲ ကံကောင်းခြင်းတစ်ခုလို့မှတ်ယူပြီး ဇင့်ကို ပြန်လည် ဖက်ထားရင်း အတွေးတွေကို ခဏဖယ်ထုတ်ထားခဲ့တော့တယ်။

.

.

"၀ါး......ဟက်ပီးနယူးရီးယား...ဟမ်,,,ဒါဘယ်နေရာကြီးလဲ?"

ဆံပင်စုတ်ဖွားနဲ့ အိပ်ရာကနေ နိုးလာသည့် ပြည့်သိင်္ဂီတစ်ယောက် မျက်လုံးတွေကို ပွတ်သတ်ရင်း ဘေးဘီကို ကြည့်မိတော့....

"အားးးးးး....နင်တို့..နင်တို့ နှစ်ယောက် ဘာလို့အဲ့လိုအိပ်နေကြတာလဲ"

ပြည့်သိင်္ဂီရဲ့ အလန့်တကြားအော်သံကြောင့် တစ်ယောက်အိပ်ကုတင်မှာ နှစ်ယောက်သားကျပ်ကျပ်တည်းတည်းအိပ်နေကြသည့် နွေးနေခြည်နဲ့ ၀င့်ဖူးသဇင်တို့လည်း နိုးလာခဲ့ကြ၏။

"ငါ သုံးနာရီလောက်ကမှ အိပ်ပျော်သွားရလို့ အိပ်ချင်ပါသေးတယ်ဆို
ဘာ ထဖြစ်ပြန်တာလဲ..ပြည့်ရာ"

"သုံးနာရီမှ နင်က အိပ်ပျော်တယ်ဆိုတော့ နင်တစ်ညလုံးဘာလုပ်နေတာလဲ။ မဟုတ်မှလွဲရော နင်တို့နှစ်ယောက်....."

"ဟာ...ဘာတွေလျှောက်ပြောနေတာလဲ။ ငါတို့ဘာမှမလုပ်ဘူး။ထင်ရာတွေလျှောက်တွေးမနေနဲ့"

"နင်တို့က ဒီလိုမျိုး တစ်ယောက်နဲ့တစ်ယောက်ဖက်အိပ်နေကြတာတောင် ငါ့ကိုလိမ်ချင်သေးတယ်ပေါ့..မရဘူးနော်..ပြည့်သိင်္ဂီကိုဒီလိုမျိုး လာလုပ်လို့မရဘူး။အဲ့တာ ကြောင့်မို့ အိပ်ရာကထတာ ငါ့ခေါင်းတွေကိုက်နေတယ်အောက်မေ့တာ။ နင်တို့က ငါ့ကိုမူးအောင်တိုက် ခေါင်းရိုက်ပြီး လုပ်ချင်တာတွေလုပ်နေတယ်ပေါ့။ ဘယ်လိုဘဲဖြစ်ဖြစ်ပေါ့ ဟယ် ,,နင်တို့ငါ့ကို အဲ့လိုမလုပ်သင့်ဘူးမလား"

"နွေး....ပြည့်က ဘာတွေပြောနေတာလဲဟင်"

အိပ်ချင်မူးတူးဖြစ်နေသည့် ဇင်က ကျွန်မကိုကြည့်ကာ ထိုသို့မေးတယ်။

ဟုတ်ပါတယ်။ ဇင် မေးလည်းမေးလောက်စရာပါဘဲ။ ပြည့် ပြောနေတာတွေက အဓိပ္ပာယ်မရှိတဲ့စကားတွေလေ။
အဲ့တော့ ဇင်နားမလည်နိုင်ဖြစ်နေတာ ဟာ အဆန်းတော့မဟုတ်ဘူးပေါ့။

"ပြည့်...နင်ပြောနေတာတစ်ခုမှမဟုတ်ဘူး။ ငါ ရှင်းပြမယ် သေချာနားထောင်။ ညက ဆယ့်တစ်နာရီမထိုးခင်လောက်ကတည်းက နင်မူးပြီး စားနေတဲ့နေရာမှာတင်အိပ်ပျော်သွားလို့ ငါ့ကုတင်ပေါ်ကို ငါနဲ့ဇင် က မပြီးထားထားပေးတာ။အမှန်တကယ်တော့ ငါဇင်နဲ့ အခုလိုအိပ် နေရတာလည်း နင်က ငါ့ကုတင်ပေါ်မှာ နှိုးမရအောင် အိပ်ပျော်နေလို့ဘဲ။ နင့်ကို ငါ့စောင်ပေးခြုံထားတာဆိုတော့ ငါနဲ့ဇင်က စောင်တစ်ထည်တည်းနဲ့ နှစ်ယောက်သားအရမ်းချမ်း လာလို့ အခုလိုမျိုး ဖက်အိပ်မိသွားကြတာ..နင်ထင်နေသလို တစ်ခုမှ မဟုတ်ဘူး။ပြီးတော့ နင့်ကို ဘယ်သူကမှ မူးအောင်လည်းမတိုက်ဘူး...ခေါင်းကိုလည်းရိုက်မခွဲဘူး...နင့်သဘောနဲ့နင် သောက်ပြီး မနက်နိုးလို့ အရက်နာကျပြီးခေါင်းကိုက်တာတော့ ငါတို့နဲ့လုံးဝမဆိုင်ဘူး...ရှင်းရဲ့လား"

"‌အော်...အဲ့လိုလား"

"အေး..အဲ့လိုဘဲ"

"ဟဲဟဲ...သူငယ်ချင်းတို့...ဆောရီးပါနော်။အဲ့ဒါဆို ငါအခုနိုးပြီဆိုတော့ အဆောင်ပြန်ပြီး သွားတိုက် မျက်နှာသစ်တော့မယ်"

"နင်သွားရင် ၀ိုင်ပုလင်းအခွံတွေပါ တစ်ခါတည်းယူသွားပြည့်"

"အေးပါဟယ်...နင်ကလည်း ယူသွားပါမယ်"

"အေး....နင်ပြန်မှဘဲ ငါလည်း ငါ့ကုတင်မှာတစ်ခေါက်ထပ်ပြီးပြန်အိပ်တော့မယ်"

"အိပ်..အိပ် ငါသွားတော့မယ်...အချောလေး ငါသွားပြီနော့်....တာ့တာ"

"အင်း...တာ့တာ ပြည့်"

ပြည့်သိင်္ဂီအခန်းထဲက ထွက်သွားတော့ ညတစ်ဝက်လောက်မှ အိပ်ပျော်သွားခဲ့ကြတဲ့ နွေးနေခြည်နဲ့  ၀င့်ဖူးသဇင်
တို့နှစ်ယောက်လည်း တိုင်ပင်စရာမလိုအောင် ကိုယ့်ကုတင်မှာ ကိုအသီးသီး နေရင်း ပြန်အိပ်ပျော်သွားခဲ့ကြတော့သည်။

သို့သော် နှစ်အသစ်ရဲ့ ပထမဦးဆုံးမနက်ခင်းမှာ အိပ်ပျော်သွားကြတဲ့ သူတို့နှစ်ယောက်လုံးဟာ တစ်ယောက်ကိုတစ်ယောက် စိတ်ထဲမှာ မေးစရာစကားလုံးတွေအပြည့်နဲ့ အိပ်ပျော်သွားခဲ့ကြ တာပါ။

Continue Reading

You'll Also Like

6.6K 464 21
ချစ်ရတဲ့ သတို့သား ဆုံးသွားခဲ့လို့.. လောကကြီးကို စိတ်ကုန်နေတဲ့.. Minaက တစ်နေ့မှာ Suicide လုပ်ဖို့ကြိုးစားရင်း.. မထင်မှတ်ပဲ Chaeyoung ဆိုတဲ့ ကောင်မလေး...
49.9K 2.5K 30
မာနရှင်သူဌေးသမီးနှင့်စပ်စပ်ကြဲအိမ်ဖော်မလေး
41.1K 2.2K 10
တစ်ခါတစ်လေမှာ အချစ်က မျက်စိလည်တတ်တယ် #Taeny version (ရွှေရင်ခုန်တအုံနွေးနွေး)
26.9K 1.3K 16
အချစ်ဆိုတာဘာလဲလို့မေးလာရင် အချစ်က'သူမ'ပဲလို့ကျနော်ရဲရဲဝင့်ဝင့်ဖြေလိုက်မယ်