"နွေးနေခြည် နင်ငါ့ကို အိမ်ပြန်တာ ဘာလို့မပြောသွားတာလဲ"
"ငါနင့်ကို မက်ဆင်ဂျာကနေ ပို့ပြီးပြောထားတာဘဲကို နင်က ဘာမှပြန်မပို့မှတော့ ငါလည်း သွားလိုက်တာပေါ့။"
"နင်ပို့ထားတာလား။ ငါက စိတ်ရှုတ်လို့ မက်ဆက်ဂျာကို ခဏ အမ်အင်စတော လုပ်ထားတာ။ ကျစ်,,,နာတယ်ကွာ..ငါသာနင်တို့နဲ့အတူလိုက်ခဲ့ရင် မုန့်စားရဦးမှာသေချာတယ်"
"ဒီလောက်ထိစားပြီးတာတောင် နင်ကစားချင်သေးတာလား"
"အယ်,,,ငါက ဘယ်မှာ ဘာကိုစားလို့"
"ခရစ္စမတ်နေ့က နင့်အဆောင်ကအမတွေနဲ့ ဘုရားကျောင်းလိုက်သွားပြီး မုန့်တွေစားလာခဲ့တယ်မဟုတ်ဘူးလား။"
"ဟယ်...အဲ့တာကို နင်ဘယ်လိုသိ?"
"အမေက နင့်အတွက်လည်း မုန့်တွေထည့်ပေးလိုက်လို့ နင့်အဆောင်ကိုလာပေးတာ၊ နင်မရှိဘူး ဘယ်သွားတယ်ဆိုပြီး ပြောပြလို့လေ၊ အဲ့တာကြောင့် ငါလည်း အမေနင့်အတွက်ပေးလိုက်တဲ့ မုန့်တွေကို စားလိုက်တယ်"
"အမလေး,,,ငါ့အတွက် မုန့်တွေကိုစားရက်လိုက်တာ၊ မရဘူး၊ အဲ့မုန့်တွေက ငါ့အတွက် အန်တီထည့်ပေးလိုက်တာဆိုတော့ နင်ငါ့ကိုပြန်လျော်ပေး နေခြည်မ"
"ဆုတောင်းလေ...လာပေးတုန်းက နင်မှမရှိတာ ဘာမှပြန်မလျော်ပေးနိုင်ဘူး"
"ကပ်စေးနဲ ကော်တရာမကြီး,,,,နင်တော်တော်ကိုအမြင်ကပ်စရာကောင်းတယ်"
"နင်ကရော ဘာထူးလို့လဲ။ ရောပျော်မကြီး"
"အံမယ်,,,ငါက ဘာလို့ ရောပျော်မဖြစ်ရမှာလဲ?"
"ဟုတ်တယ်လေ။ နင်က ကိုယ့်ဘာသာက ပွဲလုပ်ပြီဆိုလည်း အကုန်လိုက်စား။ သူများဘာသာက ပွဲတွေလုပ်ရင်လည်း သွားဖြဲနားဖြဲနဲ့ သွားသွားစားနေတာမလား။အဲ့တာ ရောပျော်မဟုတ်လို့ ဘာလဲ"
"ရား,,,နင့်ကိုငါ ဆွဲထိုးမိတော့မယ်နော် နေခြည်"
"ဟွန့်....ငါ နင့်ကိုမကြောက်ဘူး,,,ဆွဲထိုးရဲ ဆွဲထိုးကြည့်ပေါ့"
လက်သီးတရွယ်ရွယ်နဲ့ ပြင်ရင်း စိတ်တိုနေတဲ့ ပြည့်သိင်္ဂီ
ထိုးရဲရင် ထိုးကြည့်လိုက်ပေါ့အထာနဲ့ လက်ပိုက်ရင်း ခေါင်းကိုမော့ကာ မထီမဲ့မြင်အထာနဲ့ ပြည့်သိင်္ဂီရဲ့ ဒေါသကိုဆွနေတဲ့ နွေးနေခြည်။
တကယ်တော့ သူတို့နှစ်ယောက်က အတန်းပြီးသွားတာတောင် အဆောင်ကိုမပြန်ကြသေးဘဲ ၀င့်ဖူးသဇင်ရဲ့ အတန်းနားသွားကာ စောင့်ရင်း စကားစစ်ထိုးနေကြခြင်းပင်။
"နွေးနဲ့ ပြည့်ကို အားနာလိုက်တာ။စောင့်ရတာတော်တော်ကြာသွားတယ်မလား?"
"ရပါတယ်ဇင်ရယ်,,,ငါတို့လည်း အဆောင်မပြန်ချင်သေးလို့ပါ။ဒီလောက်စောင့်ရတာကိုတော့ ဇင် စိတ်ထဲထားမနေနဲ့နော်"
*အမလေး...ရုံးပတီသီး ပက်ကျိတက်တဲ့မျက်နှာထားနဲ့ပြောနေပြန်ပြီ
အမြင်ကိုကပ်တယ်.....ဒီနေခြည်မကို ကိုးရီးယားကားထဲကလို ကြက်ဥနဲ့ပေါက်ပြီး ဂျုံမှုန့်နဲ့ ကိုယ်ပေါ်လောင်းချရင်တောင် ငါ့ဒေါသက ပြေမှာမဟုတ်ဘူး။ ဟွန့်,,,
"ပြည့်,,,နေရောကောင်းရဲ့လား? ကြည့်ရတာ မျက်နှာတွေရဲနေသလိုဘဲ"
"နေကတော့ကောင်းပါတယ် အချောလေးရယ်။ဒါပေမယ့် စိတ်ကတော့ လုံးဝမကောင်းဘူး"
"ဟင်,,,ဘာဖြစ်လို့လဲဟင်"
"အဲ့မှာလေ...နေခြည်မပေါ့ ပြည့်ကို အနိုင်ကျင့်ပြီး အမျိုးမျိုး စိတ်တိုအောင်လုပ်နေတာ။ ပြီးတော့ ပြည့်ကို ရောပျော်မကြီးဆိုပြီးတော့လည်း ပြောတယ်။နောက်ပြီး ပြည့် ရဲ့မုန့်တွေကိုလည်း ပြည့်မသိအောင် ခိုးစားတယ်။ အဟင့်ဟင့်"
*ဒေါ်ပြည့်သိင်္ဂီရယ်,,,,နင်ဒီလောက်မူယာမာယာများပြီး မျက်ရည်စက်လက်ပုံစံနဲ့ ပြောလိမ့်မယ်လို့ ငါတကယ်ကို မထင်ထားဘူး။
အောင်မလေး,,,,နွေးနေခြည်တို့ကတော့ မြွေပွေးကို ခါးပိုက်ပိုက်မိတဲ့အဆင့်ဖြစ်နေပါပြီလားနော်။
"နွေးရယ်,,,ဘာဖြစ်လို့ ကိုယ့်သူငယ်ချင်းကို ၀မ်းနည်းအောင်စရတာလဲ?"
"ဟိုလေ...ဇင် ငါရှင်းပြပါ့မယ်နော်။ ငါက ပြည့်ကိုဝမ်းနည်းအောင် တမင်စတာမဟုတ်ပါဘူး။ပြီးတော့ မုန့်တွေကို မသိအောင်ခိုးစားတာလည်းမဟုတ်ပါဘူး။ သွားပေးတဲ့အချိန် ပြည့်မရှိလို့ ငါစားလိုက်တာပါ။တစ်မျိုးမထင်ပါနဲ့ ဇင်ရယ်,,,နော်"
"ဘာဘဲဖြစ်ဖြစ် သူငယ်ချင်းအချင်းချင်း ချစ်ချစ်ခင်ခင်ဘဲနေတာကောင်းတယ်နွေး,,, တမင်စတာမဟုတ်ဘူးဆိုပေမယ့် အခုနွေးကြောင့် ပြည့်ငိုနေရတာဆိုတော့ နွေးဘက်က ပြန်တောင်းပန်သင့်တယ်နော်"
"အင်း,,,ငါ ပြည့်ကို ပြန်တောင်းပန်လိုက်မယ်နော် ဇင်..."
ဆရာမတစ်ယောက်ရဲ့ အဆူခံနေရသလို ပြောသမျှကို မျက်နှာငယ်လေးနဲ့နာခံနေတဲ့ နွေးနေခြည် ပုံစံကြောင့် ပြည့်သိင်္ဂီခမျာလည်း အချောလေးကို နွေးနေခြည်အကြောင်း တိုင်တန်းပြီးငိုဟန်ဆောင်ခဲ့ရတာအတွက် ကိုယ့်သူငယ်ချင်းကို အားနာသွားရပြန်သည်။
"ပြည့်,,ငါတောင်းပန်ပါတယ်"
" မတောင်းပန်ပါနဲ့ နေခြည်ရဲ့ .. ရပါတယ်။ အချောလေး,,,ငါလည်း အခုစိတ်ဆိုးပြေသွားပါပြီ။ ဘာမှမဖြစ်တော့ဘူးနော်"
ဝင့်ဖူးသဇင်ကတော့ ခေါင်းတစ်ချက်ညိမ့်ကာ ပြည့်သိင်္ဂီရဲ့စကားကို လက်ခံကြောင်းပြလိုက်၏၊
နွေးနေခြည်ခမျာမှာတော့ သူ့ရဲ့အချစ်ဆုံးလေးဆီမှ ဆူတာကို ခံလိုက်ရတဲ့အတွက် မျက်နှာက ပြိုတော့မယ့်မိုးလို ငိုမဲ့မဲ့ဖြစ်နေ၏။
ပြည့်သိင်္ဂီလည်း ကိုယ်မွှေးလိုက်တဲ့မီးကြောင့် တခြားသူခံစားနေတာမြင်တော့ စိတ်ထဲမနေနိုင်တော့ဘဲ နွေးနေခြည်အာရုံပြောင်းသွားအောင် စကားစတော့၏။
"ဟိုလေ...နယူးရီးယားညကျရင်လေ ငါ နင်တို့အဆောင်ကို လာလို့ရမလားဟင်"
"ဦးလေးကိုပြောရင်တော့လာလို့ရမှာပေါ့,,,,နင်က ဘာလုပ်မလို့လဲ"
"အဲ့နေ့ ငါတို့ မုန့်လုပ်စားရအောင်လေ နေခြည်ရဲ့....ဘယ်လိုလဲ အချောလေးရော မုန့်လုပ်စားမယ်မလား"
"အင်း...စားမယ်လေ ပြည့်"
"အဲ့ဒါဆို အဲ့နေ့ကျရင် ဘာမုန့်လုပ်စားကြမလဲ ညကျရင် မက်ဆင်ဂျာမှာပြောကြမယ်နော်"
"ပြီးရောလေ...ဒါပေမယ့် မုန့်လုပ်စားမယ့်အထဲ စပိုက်စီတော့မထည့်နဲ့ ဇင်က အဲ့တာတွေမစားနိုင်ဘူး"
ဒီလောက်ထိ မျက်နှာညိုးငယ်ပြီး ငိုမလိုဖြစ်နေတဲ့အခြေအနေမှာတောင် အချောလေးအတွက် စိတ်ပူပေးနေပြန်တဲ့ နွေးနေခြည်ကိုတော့ ပြည့်သိင်္ဂီ တော်တော်ကိုသြချမိပါတယ်။
ဒီနေ့ဖြစ်သွားတဲ့ကိစ္စမှာတော့ နွေးနေခြည်ဒီလိုဖြစ်နေတာဟာ မိမိပယောဂမကင်းဘူးဆိုတာလည်းသိ၏။
သို့သော် နွေးနေခြည်ကိုအခုချိန်မှာ ပြန်တောင်းပန်ချင်ပေမယ့်လည်း နှစ်ယောက်တည်းအတူရှိတဲ့အချိန်မှသာ တောင်းပန်ဖို့ ပြည့်သိင်္ဂီဆုံးဖြတ်လိုက်တော့၏။
.
.
"နွေး,,,,ခုနက ငါပြောလိုက်တဲ့စကားတွေကြောင့် စိတ်ဆိုးသွားတာလား"
"မဆိုးပါဘူး...ဇင့်ကိုဘာလို့ စိတ်ဆိုးရမှာလဲ"
"အဲ့ဒါဆို ဘာလို့ အဲ့လို မှိုင်ကျနေရတာလဲ?"
"မမှိုင်ပါဘူး ဇင့်ရဲ့ အရင်လိုပါဘဲ"
ကျွန်မ ပြောတာကို ဇင်မယုံဘူးဆိုတာ ကျွန်မအကျီစကိုဆွဲရင်း မျက်လုံးချင်းဆုံစေလိုက်တဲ့ ဇင့်ရဲ့အပြုအမူက သက်သေပါဘဲ။
"နွေး...ဒီလိုပုံစံက နင်နဲ့မလိုက်ဘူးဆိုတာ နင်သိလား?"
ဇင်က ကျွန်မရဲ့အကျီစကိုဆွဲထားရာက လွှတ်လိုက်တယ်။
ပြီးတော့ ကျွန်မအနားတိုးလာပြီး ကျွန်မရဲ့နှုတ်ခမ်းအစွန်းနှစ်ဖက်ကို လက်မနှင့်လက်ညိုးလေးနဲ့ ဖိပြီး smileဆိုတဲ့ပုံစံလိုမျိုး လုပ်လိုက်ရင်း နှစ်ကိုယ်ကြားအောင် တိုးတိုးလေးပြောတယ်။
"အခုလိုပြုံးနေတဲ့ပုံစံကမှ နွေးရဲ့ပုံစံအစစ်ဘဲ။"
"ဇင်,,,"
"ငါက နွေးပြုံးနေတာကိုမြင်ရင် သဘောကျတယ်။ ခုနကလို မှိုင်ကျနေတဲ့ပုံကြီးကိုတော့ ငါတကယ် သဘောမကျဘူး။အဲ့တာကြောင့်မို့ ငါ့ကိုစိတ်မဆိုးရင် အရင်လို ပုံစံလေးပြန်နေ ပေးလို့မရဘူးလား?"
တောင်းဆိုတဲ့စကားက ကျွန်မအတွက်တော့ ဇင့်နှုတ်ကထွက်လာတဲ့စကားဖြစ်လို့လားမသိ။
လွန်ခဲ့တဲ့မိနစ်ပိုင်းက ညိုးနွမ်းနေတဲ့စိတ်တွေကလည်း နေရောင်ရလာလို့ လန်းတက်လာတဲ့ ပန်းပွင့် လေးတွေလို ပြန်လည် လန်းဆန်းလာခဲ့တယ်။
"ဇင် သဘောကျတယ်ဆိုရင် ငါအဲ့လိုမျိုးပြန်နေပေးပါ့မယ်"
ကျွန်မပြန်ပြောလိုက်တဲ့စကားမှာ ဇင်ကကျေနပ်သွားသလို လှပတဲ့အပြုံးလေးတစ်ခု ပြန်လည်စွန့်ကြဲလာပါတယ်။
ဒါက ကျွန်မတွေ့ခဲ့ဖူးသမျှဇင့်ရဲ့ အပြုံးတွေထဲမှာ လျှို့ဝှက်မှုတွေမပါဝင်ဘဲ လွတ်လတ်ပေါ့ပါးစွာ ပြုံးလိုက်တဲ့ ချိုမြိန်တဲ့ အပြုံးတစ်ခုပါဘဲ။
.
.
"ပြည့်,,,,နင်ဘာလို့ spyတွေအဲ့လောက်ဝယ်လာတာလဲ? ဦးလေးက အရင်ကဆို အဆောင်မှာ အဲ့တာတွေယူလာရင်လုံးဝမကြိုက်ဘူး၊အခုတောင် နယူးရီးယားည မုန့်လုပ်စားမယ်ဆိုလို့ ပေးယူတာ၊ဒါတောင် နှစ်လုံးဘဲပေးယူတာနော်"
"နေခြည်ရယ်...နှစ်လုံးဆိုတာ ကလေးတွေသောက်တဲ့အဆင့်ဘဲရှိတာလေ။ ငါတို့က အသက်နှစ်ဆယ်လောက်ရှိနေပြီ။အနဲဆုံးငါးလုံးလောက်မှအဆင်ပြေတာမလား။ အဲ့တာကြောင့်မို့ ငါများများယူလာတာ။ ပြီးတော့ နင့်ဦးလေး လုံးဝမရိပ်မိစေရဘူး။ စိတ်ချ ဟုတ်ပြီလား"
"ငါကတော့ စိတ်မချနိုင်ပါဘူး။ပြီးတော့ နင်က ရှစ်လုံးတောင်ယူလာတာ။မူးရူးပြီးလျှောက်လုပ် လို့ ဦးလေးသိရင်မလွယ်ဘူးနော်"
"အမလေး...အဲ့တာတွေမပူစမ်းနဲ့။ပြီးတော့ ငါက အမူးအေးလေးဆိုတာ နင်သိသင့်တယ်နေခြည်"
"ဘာတုန်း အမူးအေး..ငါတော့ တစ်ခါမှမကြားဖူးဘူး"
"ငါက မူးရင်အေးအေးဆေးဆေးနဲ့ အိပ်ပြီးမူးတော့ အမူးအေးလို့ပြောတာပေါ့။ အဲ့တာကြောင့်မို ငါမူးရူးပြီး လျှောက်လုပ်မှာမစိုးရိမ်နဲ့။ ငါက မူးပြီဆိုရင် တစ်ခါတည်းအိပ်ပျော်သွားရော ဆင် တက်နင်းတောင်မနိုးဘူး "
"ပြီးတာဘဲဟယ်...ဒါပေမယ့် နောက်မှတလွဲလုပ်လို့ကတော့ နင်အသေဘဲ"
"အေးပါ....ငါ အချောလေးပင်လယ်စာတွေကြော်နေတာ သွားကူလုပ်ပေးလိုက်ဦးမယ်။နင် အချဉ်ရည်တွေတစ်ခါထဲထည့်ထားဦး"
"အိုခေ,,,"
ပြည့်သိင်္ဂီက သူယူလာတဲ့ ၀ိုင်ပုလင်းတွေကို နွေးနေခြည်ကုတင်အောက် သေချာထားခဲ့ပြီး ၀င့်ဖူးသဇင်ဆီသို့ ထွက်လာခဲ့သည်။
"အချောလေးရေ....ငါဘာကူလုပ်ပေးရဦးမလဲ"
"ပြီးနေပါပြီ ပြည့်ရေ...အခုဘဲ ကြော်ထားတာတွေယူလာတော့မလို့"
"အဲ့တာဆို ငါတို့အခု ပင်လယ်စာကြော်ထားတာလည်းရပြီ။အချောလေးက စပိုက်စီမစားနိုင်ဘူး ဆိုလို့ ပဲခေါက်ဆွဲလုပ်ထားတာလည်းရပြီ။ ခုနတုန်းကမှအချောလေးတို့အဆောင်မှူးကို ခွင့်တောင်းပြီး လမ်းထိပ်မှာသွားဝယ်ထားတဲ့ ပူပူနွေးနွေး ငါးကင်နဲ့ ၀က်သားတုတ်ထိုးလည်း အဆင်သင့်ဖြစ်ပြီ။ သောက်စရာကလည်း အိုခေ ပြီဆိုတော့ ငါတို့ စားချင်စားလို့ရပြီ"
"အင်း...အခု ဘယ်နှစ်နာရီ ရှိပြီလဲ ပြည့်"
"ကိုးနာရီထိုးတော့မယ်ထင်တယ်"
"အဲ့ဒါဆို စားမယ်လေ...ငါ့ကို အဲ့ပန်းကန်လေးတွေ ယူသွားပေးဦးနော်။ ငါ ဒယ်အိုးတစ်ခါတည်း ဆေးလိုက်ဦးမယ်"
"ဟုတ်ကဲ့ပါရှင်,,,,"
ထိုသို့ဖြင့် ကြော်ထားတဲ့ အကင်ပန်းကန်ကို ပြည့်သိင်္ဂီကိုပေးလိုက်ပြီး ဒယ်အိုးနဲ့ တခြားဆေးစရာတွေကိုပါ တစ်ခါတည်းဆေးလိုက်ပြီး အခန်းထဲသို့ ၀င့်ဖူးသဇင် ၀င်လာခဲ့ သည်။
"ကဲ စားပွဲသောက်ပွဲကြီး စပါပြီရှင့်"
စားဖို့အတွက် ၀င့်ဖူးသဇင်ကို စောင့်နေတဲ့ ပြည့်သိင်္ဂီကတော့ အခန်းထဲ ၀င့်ဖူးသဇင်ဝင်လာတော့ ထိုသို့အော်ပြီး တစ်ခုပြီးတစ်ခုစစားပါတော့သည်။
.
.
ငါက အမူးအေးတစ်ယောက်ပါဆိုပြီး ပြောခဲ့တဲ့စကားကို နွေးနေခြည်အခုလက်ခံလိုက်ရပါပြီ။
ဘာလို့လဲဆိုတော့ ညဆယ့်နှစ်နာရီကျရင် အသံကုန်ခြစ်ကာ ဟတ်ပီးနယူးရီးယားဆိုပြီး အော်ဖို့ တကဲကဲလုပ်နေတဲ့သူက ဆယ့်တစ်နာရီခွဲလောက်ကတည်းက ၀ိုင်အစွမ်းနဲ့ တစ်ခါတည်းမှောက် သွားလို့ပါ။
ထိုသို့ဖြင့် ဘယ်လိုခေါ်ခေါ် ဘယ်လိုနိုးနိုးမရတော့တဲ့ ပြည့်သိင်္ဂီကို နွေးနေခြည်နဲ့ဝင့်ဖူးသဇင်တို့ နှစ်ယောက် ၀ိုင်းမပြီး ကုတင်ပေါ်တင်ပေးလိုက်ရတော့သည်။
"ဒီပန်းကန်တွေ မနက်မှဘဲ ငါဆေးလိုက်မယ်နော် ဇင်"
"အင်း....ငါ့ကို ၀ိုင်တစ်ပုလင်းလောက်ယူပေးပါလား နွေး"
"ဇင်က ၀ိုင်တော်တော်သောက်နိုင်တာဘဲနော်။ ငါက သောက်တတ်မယ်တောင်မထင်ထားဘူး"
တကယ်ပါ။ ကျွန်မ ဇင့်ကို ဒါတွေသောက်တတ်မယ်လုံးဝမထင်ခဲ့တာ။
ဒါပေမယ့် ပြည့်သိင်္ဂီယူလာတဲ့ ၀ိုင်ရှစ်ပုလင်းရဲ့ သုံးပုံနှစ်ပုံလောက်ကို ဇင်တစ်ယောက်တည်း သောက်လိုက်တဲ့အတွက် ပြည့်သိင်္ဂီတောင် မူးပြီးမမှောက်ခင်က ဇင့်ကိုအတော်အံ့သြခဲ့တာ လေ။
"နွေးက ဘာလို့မသောက်တာလဲ။ မကြိုက်လို့လား"
"ကြိုက်ပါတယ်...ဇင်ရဲ့..ဒါပေမယ့် သုံးယောက်လုံးသောက်ပြီးမူးနေရင် ထိန်းမယ့်သူမရှိမှာ စိုးလို့ပါ"
"အော်,,,,"
"ဒါနဲ့ ဇင်ဒီလောက်သောက်ထားတာ မမူးသေးဘူးလား"
"ငါက ဘယ်လောက်သောက်သောက် မမူးတဲ့ပါရမီပါတယ်လေ နွေးရဲ့။....အဲ့တာကြောင့်မို့ လုံးဝမမူးဘူး"
ဟုတ်ပါတယ်။ဇင်က ဘယ်လောက်သောက်သောက် မမူးပါဘူး။
ပြည့်သိင်္ဂီယူလာတဲ့ဝိုင်တွေကုန်တဲ့အထိ သောက်ပြီးတာတောင် လူကောင်းတစ်ယောက်လို ပြောနိုင် သွားနိုင်နေတယ်မဟုတ်လား။
ဇင့်နေရာမှာ ကျွန်မသာဆို တစ်ပုလင်းလောက်နဲ့ကို မူးသွားမှာသေချာတယ်။
"ဆယ့်နှစ်နာရီထိုးရင် မီးပန်းတွေဖောက်ကြမှာမဟုတ်လား နွေး"
"အင်း..ဇင် ကြည့်ချင်လို့လား"
"အွန်,,,နွေးရောမကြည့်ဘူးလား"
"ဇင်ကြည့်မယ်ဆိုရင် အတူကြည့်မှာပေါ့"
"အခု ဘယ်အချိန်ရှိပြီလဲ"
"ဆယ့်တစ်နာရီ ငါးဆယ်"
"ဆယ်မိနစ်ဘဲလိုတော့တာပေါ့..အဲ့ဒါဆို သွားမယ်လေ"
ဝင့်ဖူးသဇင်က အနွေးထည်မ၀တ်ဘဲ အခန်းထဲကနေ ထွက်သွားတဲ့အတွက် ကုတင်ပေါ်မှာတင်ထားတဲ့ အနွေးထည်တစ်ထည်ကိုကောက်ယူရင်း ၀င့်ဖူးသဇင်နောက် နွေးနေခြည် အပြေးလိုက်ခဲ့သည်။
"ဇင် အပြင်မှာဒီလောက်အေးတာကို အနွေးထည်ဝတ်ဦးလေ"
"အော်,,,ငါမေ့သွားလို့ ကျေးဇူးဘဲ နွေး"
ဆယ်မိနစ်လောက်ကြာတဲ့အထိ အပြင်မှာ နွေးနေခြည်တို့ ရပ်နေကြသည်။
အဆောင်မှာ နွေးနေခြည်တို့လိုဘဲ မီးပန်းကြည့်ရင်းနှစ်သစ်ကိုကြိုဆိုကြဖို့ ရပ်နေကြတဲ့သူတွေလည်း အများအပြားရှိနေပါတယ်။
Ten , nine , eight , seven , six , five , four , three , two , one....happy new year,,,,,,,
ကောင်းကင်ထက် ဖောက်လွှတ်လာကြတဲ့ မီးပန်းတွေနဲ့အတူ နေရာပေါင်းစုံက ဟက်ပီးနယူးရီးယားဆိုပြီးအော်နေကြတဲ့ သူတွေရဲ့ အသံကလည်း အပြိုင်အဆိုင်ထွက်လို့ လာပါတယ်။
ကျွန်မဘေးနားမှာရပ်နေတဲ့ ဇင်ကတော့ ငြိမ်သက်စွာသာရပ်ရင်း ကောင်းကင်ပေါ်က မီးရှူးမီး ပန်းတွေကိုဘဲ စိတ်ဝင်တစားကြည့်နေပါတယ်။
ကျွန်မကတော့ အရင်နှစ်များနဲ့မတူစွာ ဒီနှစ်မှာ ကျွန်မချစ်ရသူရဲ့ မျက်နှာလေးကိုကြည့်ရင်းနဲ့ နှစ်သစ်ကိုကြည်နူးစွာကြိုဆိုခဲ့ပါတယ်။
အဲ့လိုကြိုဆိုနေရင်းနဲ့ ရင်ထဲမှာလည်း ဆန္ဒတစ်ခုကိုတောင်းဆုခြွေနေခဲ့မိတာပေါ့။
*အရမ်းချစ်တယ်...ဇင်။
ပြီးတော့ ဒီလိုလေးဘဲ .ဇင့်ရဲ့အပြုံးလေးတွေကိုငေးကြည့်ရင်းဇင့်အနားမှာအမြဲနေခွင့်ရချင်တယ်...