[ဒီထက်ပိုပြီး သိုင်းတော်နေခဲ့ရင်တောင် ထိပ်ပြောင်က ထိပ်ပြောင်ပဲ]
ရှန်ချန်းဖုန်းက ယဲ့ကျင်ပခုံးကို ခပ်ဖွဖွ ပုတ်လိုက်ပြီးနောက် ဆို၏။
"ဒီမှာပဲ စောင့်နေနော်"
ယဲ့ကျင် မျက်နှာ ရှုံ့မဲ့သွားသည်။
"ခင်ဗျား သေချာ သတိထားရမယ်နော်။ ထူးထူးဆန်းဆန်းဖြစ်ရပ်တွေဖြစ်လာတယ်ဆိုကတည်းက လျှို့ဝှက်ထားတဲ့တစ်ချို့ကိစ္စတွေ ရှိနေဦးမှာပဲ။ ပြီးတော့ အဲ့ကောင်က ဘာအကောင်ဖြစ်မှန်းလည်း မသိရသေးဘူး။ ဘာပဲပြောပြော လက်ထဲ ဗုံးရှိနေမှာတော့ ရှစ်ဆယ်ရာခိုင်နှုန်း သေချာတယ် "
ရှန်ချန်းဖုန်းလည်း ခေါင်းညိတ်လိုက်ကာ ထိုလူဆိုးက မိမိတို့အနားသို့ပိုရောက်လာသည့်အထိ သတိကြီးစွာထားပြီး စောင့်နေလိုက်သည်။ ထို့နောက် ခြေထောက်တစ်ဖက်ကို အားပြုလိုက်ကာ လေဟာပြင်ထဲ ခုန်တက်လိုက်ရင်း ညာလက်ကလည်း လေးညှို့ကို ဆွဲပြီးပစ်ခွင်းလိုက်သည်၊ မြားသုံးချောင်းမှာ ကြယ်ကြွေသွားသည့်အလား အားပြင်းပြင်းတိုက်လာသောလေထုကိုခွင်းပြီး ပျံသန်းသွားကြသည်။
မြို့ထဲတွင် သူ့ကို အလစ်ချောင်းပြီး ဖမ်းဆီးဖို့စောင့်နေကြသောလူများရှိမှန်း သိနေပေမင့် ထိုလူဆိုးက ရှောင်တိမ်းခြင်းမပြုသည့်အပြင် ဟားဟားဟားဟု လှောင်ရယ်လိုက်သေး၏။ လေဟာပြင်တွင် ရှိနေပြီးသားကို ထပ်ပြီး နောက်တစ်ကျန့် မြင့်အောင် ခုန်လိုက်ကာ ချွန်မြသောမြားဦးထိပ်ကို ကပ်သီးလေး ရှောင်တိမ်းနိုင်ခဲ့သည်။
ထိုအခြင်းအရာကို မြင်တော့ ချူယွမ် အတော်အံ့ဩသွားသည်။ သူကိုယ်တိုင်က ထူးချွန်ပြောင်မြောက်လှစွာသော ကိုယ်ဖော့ပညာများကို မြင်ဖူးတွေ့ဖူးသည်ဟုေပြာနိုင်သည်၊ သို့သော်လည်း ယခုလိုမျိုး ပြင်ပဝတ္ထုပေါ် မှီကိုးခြင်းမပြုရပါဘဲ လေထဲမှာပင် နောက်တစ်ဆင့်မြင့်အောင် ခုန်တက်နိုင်သည်ကိုတော့ မတွေ့ဖူးပေ။
ထို့နောက် တစ်ဖက်လူက လုံးဝန်းမည်းနက်သောသဏ္ဍာန်ရှိသည့် အလုံးများကို မိုးပေါ်မှ လွှတ်ချလိုက်ကာ ဘေးနားတစ်ဝိုက်ရှိ အိမ်ခြေများပေါ် ဖျက်ဆီးရန် တာဆူနေသည်။ ရှန်ချန်းဖုန်းလည်း တွေးတောချင့်ချိန်နေချိန်မရတော့ဘဲ ကျွမ်းထိုးလိုက်ကာ ထိုဗုံးများကို ဓားပျံများဖြင့် ဖောက်ခွင်းပစ်လိုက်၏။ ထို့အခါ ပေါက်ကွဲသွားသောအသံကြောင့် တစ်မြို့လုံး ပဲ့တင်တုန်ခါသွားသည့်အပြင် တောင်တန်းများဆီထိပါ အကြိမ်ကြိမ်အခါခါ ပြန်လည်ပဲ့တင်ရိုက်ကာ တုန်ခါသွား၏။ လူသူအများက အင်မတန်ကိုမှ ခြောက်ခြားတုန်လှုပ်သွားကြကာ တစ်ယောက်နှင့်တစ်ယောက် လုံးနေအောင် ဖက်တွယ်ထားကြပြီး စောင်ပုံအောက်မှပင် ခေါင်းမဖော်ရဲကြတော့။
ပြောတော့ အဲ့ဒီမိုးပျံနိုင်တဲ့ကောင်ကို ဖမ်းမိသွားပြီဆို ၊ ဘာလို့ ဒီည ပြန်ထွက်လာနိုင်သေးတာလဲ။
ကင်းလှည့်နေကြသော တပ်သားများကလည်း ထိုအသံကိုကြားသည်နှင့် မီးတုတ်များကို ကိုင်ဆောင်ကာ အပြေးအလွှားရောက်လာကြသည်။ ချူယွမ်က သွမ့်ပိုင်ယွဲ့အား လှမ်းပြောလိုက်၏။
"သူတို့ကို သွားကယ်လိုက်တော့"
"အင်း၊ မင်းလည်း သေချာသတိထားဦး"
တစ်ဖက်လူက ယမ်းပုံမီးကျ ဒေါသကြီးစွာ ထွက်အောင် အဆွခံလိုက်ရလေရာ စိတ်ဆိုးမာန်ဆိုးဖြင့် နောက်ထပ် ဗုံးခုနစ်လုံးရှစ်လုံးကို ပစ်ပေါက်လာ၏။ ဒီတစ်ကြိမ်မှာတော့ အိမ်ခြေများသို့ ဦးတည်ခြင်းမဟုတ်ဘဲ အကုန်လုံးက ရှန်ချန်းဖုန်းဆီသို့ ဦးတည်ကျရောက်လာခြင်းဖြစ်သည်။ သွမ့်ပိုင်ယွဲ့လည်း ရွှယ်မင်ဟန်ထျယ်ဓားကို ဓားအိမ်ထဲမှ လက်တစ်ဖက်တည်းနှင့်ပင် ထုတ်ယူလိုက်၏။ ထိုအခါ ချွင်ခနဲမြည်သွားသောအသံနှင့်အတူ မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုမှုန်မှိုင်းမှိုင်းဓားသွားက အေးစက်ကြည်မြသော လရောင်ကို သောက်သုံးစုပ်ယူလိုက်သည့်နှယ်၊ အတိုင်းအဆမရှိ ကြီးမားလှသော အတွင်းအားနှင့် ပေါင်းစပ်လိုက်တော့ ထိုလက်ပစ်ဗုံးများကို ပစ်လာသောသူဆီသို့ အကုန်တန်ပြန် ပစ်ထည့်ပေးလိုက်နိုင်၏။
ယဲ့ကျင် နှုတ်ခမ်းဆူလိုက်သည်။
သိုင်းပညာတော်တော်စွမ်းတယ်ဟ။
ဒါပေမယ့် ဘာပဲပြောပြော ထိပ်ပြောင်ကြီးက ထိပ်ပြောင်ကြီးပဲ ၊ သိုင်းပညာ တော်သလားညံ့သလားပေါ် တစ်စက်မှ မဆိုင်ဘူး၊ ဟွန့်။
ဒီကိစ္စကို လုံးဝအာမခံတယ်။
ထိုလက်ပစ်ဗုံးများအားလုံး သူ့ဆီ ပြန်ရောက်လာသည်ကိုမြင်တော့ အနှီလူဆိုးမှာ မျက်စိမျက်နှာပျက်လောက်အောင်ကို ထိတ်လန့်ပြာဝေသွား၏။ ရှောင်တိမ်းရန်ကြံရွယ်ထားသော်လည်း အချိန်မမီတော့ဘဲ သူ့အနားတစ်လုံးပြီးတစ်လုံး ပေါက်ကွဲတော့လေရာ ထိုပေါက်ကွဲသံများမှာ နားစည်အား ကွဲစေလုမတတ် ကျယ်လောင်လှပေ၏။ ထိုလူဆိုး၏ နှုတ်ခမ်းမှလည်း သွေးစိမ်းရှင်ရှင် ယိုစီးလာကာ ကောင်းကင်ယံမှသည် အမြန်ပင် ပြုတ်ကျလာခဲ့၏။
သွမ့်ပိုင်ယွဲ့က ချက်ချင်းပင် ထိုသူ့ဆီ သွားလိုက်ကာ တစ်ဖက်လူ၏ အင်္ကျီလည်ပင်းကို ဂုတ်မှဆွဲလိုက်ပြီးနောက် မြေပြင်ပေါ် ဖြည်းဖြည်းချင်း သက်ဆင်းလိုက်သည်။
ပထမဦးဆုံး အပြေးအလွှား ရောက်လာသောသူမှာ ယဲ့ကျင်ဖြစ်သည်။ ထိုသူ၏ မျက်နှာပေါ်အုပ်ထားသော အဝတ်စကို ယဲ့ကျင်က သစ်ကိုင်းတစ်ခုဖြင့် ဖယ်ရှားလိုက်ကာ အတန်ကြာအောင် ငုံ့ကြည့်လိုက်ပြီး ပြန်ဖုံးလိုက်ရင်း - "မသိဘူး" ဟု ပြောလာ၏။
နာမည်ကြီးတဲ့လူလည်း မဟုတ်ဘဲနဲ့၊ ဘာလို့များ မျက်နှာအုပ်ထားရသေးလဲ။
"အရှင်မင်းမြတ်"
ရဲမက်တပ်သားများလည်း အခင်းဖြစ်ပွားရာအနား ဝိုင်းအုံပြီးရောက်ရှိလာကြကာ မီးတုတ်များ ထိန်ညီးနေအောင်ထွန်းထားကြ၏၊ ရှေ့ဆုံးမှ ဦးဆောင်လာသောသူမှာ ကျိုယွင်ဟယ့့်ဖြစ်သည်။ ယနေ့တွင် ထိုလူဆိုးကို အလစ်ချောင်းကာ ဖမ်းဖို့ ရှန်ချန်းဖုန်း ရောက်လာမည်ဆိုသည်ကို သူသိသည်။ ချူယွမ်က သူ့ကို ဒီကိစ္စထဲ ဝင်ပတ်သက်ခြင်းပြုရန် တားမြစ်ထားသော်လည်း စစ်သူကြီးတစ်ယောက်အနေနှင့်တော့ ဆူပူသောင်းကျန်းမှုဖြစ်လာသောအခါ ထွက်လာရမည်မဟုတ်လား၊ ဘုရင့်အမိန့်တော်ကို ဖီဆန်သည်ဟု မပြောနိုင်ပေ။
ချူယွမ်ကတော့ စိတ်ထဲဝယ် ခေါင်းတခါခါလုပ်နေပေ၏။
ဒီလူက တကယ်ခေါင်းမာတာပဲ၊ဘယ်တော့မှ ဒီအကျင့်ပျောက်မလဲမသိ။
ဖုန်ချန်သည်လည်း ရုံးတော်ဝန်ထမ်းအချို့ကို ခေါ်ကာ အခင်းဖြစ်ပွားရာနေရာသို့ လာကြည့်၏။ ထိုအသံကြားသည်နှင့် အိပ်ရာမှချက်ချင်းထကာ ခေါင်းပင်မဖြီးအားဘဲထွက်ဘာသောကြောင့် ပေစုတ်စုတ်ပုံစံလေး ဖြစ်နေသည်။ ဖုန်ချန်က မီးတုတ်ကိုကိုင်ပြီး ထိုလူ၏ မျက်နှာဆီ တိုးကာ သေချာကြည့်လိုက်၏။
"ဒီတစ်ယောက်က မိုးပေါ်ပျံနိုင်တဲ့ သူခိုးလားဘုရား"
ယဲ့ကျင်က ခေါင်းကိုက်လာကာ ဆို၏။
"လူကြီးမင်းသာ ရှေ့ထပ်တိုးလိုက်ရင် အဲ့ဒီလူ မီးကင်ပြီးသားဖြစ်သွားတော့မယ်ဗျ"
ဖုန်ရှန်က အမြန်ပင် နောက်သို့ခြေသုံးလှမ်း ဆုတ်လိုက်သည်။ ထိုသူက မေ့မျောနေသော်လည်း မီး၏ အပူဓာတ်ကို ခံစားလို့ရနေသောကြောင့်ထင် ၊ ခန္ဓာကိုယ်၏ အလိုအလျောက်တုံ့ပြန်မှုကြောင့် တစ်ဖက်သို့ လှည့်သွားလေရာ မျက်နှာကိုဖုံးအုပ်ထားသော အဝတ်စက အနည်းငယ်လှစ်ဟသွား၏။
"စစ်သူကြီးကျို ဒီလူကို သိတယ်ပေါ့"
သွမ့်ပိုင်ယွဲ့က ကောက်ကာငင်ကာ ထမေးလိုက်သည်။ သူ့အကြည့်များသာ မမှားဘူးဆိုလျှင် ထိုသူ၏ မျက်နှာကိုမြင်လိုက်ရသော အခိုက်အတန့်ဝယ် ကျိုယွင်ဟယ့်၏ မျက်နှာက အသွေးအရောင်ပြောင်းသွားခဲ့သည်လေ။
ချူယွမ် မျက်နှာမဲ့သွားသည်။
"မင်း သူ့ကို သိတယ်လား"
"....ကျွန်တော်မျိုး....မှန်ပါ့၊ သိပါတယ်ဘုရား။ အစတုန်းက ရေတပ်ထဲမှာ ကျင်လည်နေတဲ့ လူမိုက်အဖွဲ့သေးသေးလေးတစ်ခုရဲ့ ခေါင်းဆောင်ပါ၊ နာမည်ကတော့ မာလျို့ပါဘုရား။ နောက်ပိုင်း တပ်မတော်ရဲ့ စည်းမျဥ္းစည်းကမ်းကို ဖောက်ဖျက်လိုက်လို့ သူ့ကို ကျွန်တော်မျိုး နှင်ထုတ်ပစ်လိုက်တာပါ"
"ဒီဖြစ်ရပ် ဘယ်တုန်းက ဖြစ်သွားတာလဲ"
"လွန်ခဲ့တဲ့သုံးလတုန်းကပါဘုရား"
"လွန်ခဲ့တဲ့ သုံးလ၊ ဟုတ်လား"
ချူယွမ်က မြေပေါ်လဲနေသည့်သူကို နောက်တသ်ဖန် ပြန်ကြည့်လိုက်သည်။ ယဲ့ကျင်က ထိုသူ၏ ခြေထောက်ကို သစ်ကိုင်းဖြင့် လိုက်ရိုက်နေရာ တဆတ်ဆတ်တုန်နေသည်ကို တွေ့လိုက်ရ၏။
"ရှောင်ကျင်"
ရှန်ချန်းဖုန်းက ယဲ့ကျင်နား ဆောင့်ကြောင့်ထိုင်လိုက်ကာ ဆက်မေး၏။
"ဘာဖြစ်လို့လဲ၊ ဘာတွေ့မိလို့လဲ"
ယဲ့ကျင်က သစ်ကိုင်းကို လွှင့်ပစ်လိုက်ကာ ဆို၏။
"ဖိနပ်အောက်မှာ ကြားနေရာလွတ်တစ်ခုရှိတယ်။ အာ၊ လက်စသတ်တော့ ဒီလိုကိုး၊ ဒါကြောင့်လည်း မြေပြင်ညီကနေတောင် ဆယ်ကျန့်လောက်မြင့်အောင် ခုန်နိုင်တာကိုး"
ရဲမက်တပ်သားနှစ်ယောက်သုံးယောက်က ထိုသူ၏ ဖိနပ်ကို ဝိုင်းချွတ်ကြရာ အမှန်တကယ်ပင် ဆိုင်မှာရောင်းနေကျ ဖိနပ်ထက် ပိုပြီး ထူကာပို၍လည်း လေးလံနေသည်ကို တွေ့လိုက်ရ၏။
ချူယွမ်က ဆို၏။
"တစ်ယောက်လောက် စီးပြီး ခုန်ကြည့်စမ်းပါ၊ အနာတရ မဖြစ်အောင်လည်း သတိထားဦး"
ရဲမက်တစ်ယောက်က ထိုဖိနပ်တစ်ရံကို စီးလိုက်ကာ အသက်ဝဝရှူလိုက်ပြီးသည့်နောက် ခုန်ကြည့်လိုက်သည်။ တစ်ဖက်လူကဲ့သို့ မိုးပေါ်ပျံနေသည်တော့မဟုတ်၊ သို့သော်လည်း သာမန်လူများထက် ပို၍ မြင့်မားစွာ ခုန်နိုင်နေ၏။
ယဲ့ကျင်က ဆို၏။
"ဒီထက်နည်းနည်းလေး ခန္ဓာကိုယ်အောက်ပိုင်း သန်စွမ်းစေတဲ့ အတွင်းအားကျင့်စဥ်တွေကျင့်လိုက်ရင် စိတ်ထဲရှိသလို ကောင်းကင်မှာ ခုန်လွှားပျံသန်းနေနိုင်မှာ။ ဒီဖိနပ်တစ်ရံက အင်မတန်မှ တန်ဖိုးကြီးတဲ့ ပစ္စည်းပဲ၊ ခဏနေကျ အဘိုးမုချီကို သွားစစ်ပေးခိုင်းချေ"
ချူယွမ်က ကျိုယွင်ဟယ့်ကို ဆက်ပြီး အမိန့်ပေးလိုက်သည်။
"ဒီလူရဲ့နောက်ကြောင်းရာဇဝင်တွေအကုန်ကို အစီရင်ခံစာအဖြစ်ရေးလာခဲ့ ၊ အကြောင်းအရာတစ်ခုတစ်လေမှ မကျန်စေနဲ့"
"မှန်လှပါ၊ ကျွန်တော်မျိုး အခုချက်ချင်းပဲ သွားရေးလိုက်ပါ့မယ်ဘုရား"
ကျိုယွင်ဟယ့်က ဂါရဝပြုရင်း လက်ခံလိုက်သည်။ ချူယွမ်က မြေပြင်ပေါ်က လူကိုကြည့်ပြီးနောက် ယဲ့ကျင်အားမေးလာ၏။
"အားလုံး ကိုယ့်နေရာကိုယ် ပြန်သွားလို့ရပြီ။ ရှောင်ကျင် ၊ သူ့အသက်ကို ကယ်ဖို့ မီသေးလား"
"ရတယ်"
ယဲ့ကျင်က မာလျို့၏ပါးစပ်ထဲသို့ ဆေးလုံးတစ်လုံး ကျွေးလိုက်သည်။
"ဒါပေမယ့် အရိုးတွေအကုန် ကျိုးနေပြီဆိုတော့ သူ့ကို နေရာရွှေ့လို့မရသေးဘူး။ ကျွန်တော့်ရဲ့ဆေးအိတ်ကိုသာ သွားယူပေး၊ ပြီးတော့ ဒီနားတစ်ဝိုက်က အိမ်တွေကို ရေနွေးတည်ပေးခိုင်း၊ နူးညံ့တဲ့ မွေ့ယာတွေပါ ယူလာခိုင်း၊ ကျွန်တော် ဒီနားလေးတင် အရိုးတွေ ပြန်ဆက်မယ်"
သို့နှင့် ဘေးနားရှိလူများက လူစုခွဲလိုက်ကာ ယဲ့ကျင် ညွှန်ကြားသည့်အတိုင်း ဆောင်ရွက်ကြသည်၊ မီးရှူးတုတ်တံများက လမ်းဘေးတစ်လျှောက်တွင် ထိန်လင်းနေသည်မှာ နေ့ခင်းကြောင်တောင်ပမာ။
ယဲ့ကျင်က အင်္ကျီလက်ကို ခေါက်တင်လိုက်ကာ လင်ဗန်းထဲမှ အသွားထက်လှသော ဓားငယ်တစ်ချောင်းကို ကောက်ကိုင်လိုက်သည်။
အနှီဓားသွား၏ အေးစက်ခက်ထန်လှသော အငွေ့အသက်များက သွမ့်ပိုင်ယွဲ့အား လာရောက်ရိုက်ခတ်သွားကာ "ဖမ်းပြီး သင်းကွပ်ပစ်ရမယ်!!!!!! "ဆိုသော ကြွေးကြော်သံကြီးကို ချက်ချင်း အမှတ်ရသွား၏။ ဇနီးလေး၏ ညီငယ်မှာ အင်မတန်မှ အတွေ့အကြုံရင့်သန်နေသည့်ပုံ ပေါက်နေသည်၊ ထို့ကြောင့် သွမ့်ပိုင်ယွဲ့က တည်ငြိမ်သောဟန်ကို ထိန်းထားကာ ချူယွမ်ဆီ လှမ်းပြောလိုက်၏။
"အချိန်တော်တော်ယူရဦးမယ်ထင်တယ်။ မင်းကို ကိုယ် မြင်းတပ်စခန်းဆီ အရင်ပြန်ပို့လိုက်ရမလား"
ချူယွမ်လည်း ခေါင်းညိတ်လိုက်ကာ အတူတူပြန်လမ်းလှည့်လာခဲ့သည်။
တစ်စုံတစ်ခုကို လေးနက်စွာတွေးနေဟန်ရသော ချူယွမ်၏မျက်နှာရိပ်မျက်နှာကဲကြောင့် သွမ့်ပိုင်ယွဲ့မေးလိုက်သည်။
"ဘာအကြောင်းတွေးနေတာလဲ"
"တကယ်လို့များ မာလျို့က လွန်ခဲ့တဲ့သုံးလကမှ ရေတပ်ကနေ နှင်ထုတ်ခံလိုက်ရတာဆိုရင် ချူရှိန့်ဘက်တော်သားမဖြစ်နိုင်ဘူးလားလို့ပါ၊ ချူရှိန့်ဘက်တော်သားမဟုတ်ရင် ဘာလို့ တစ်မြို့လုံးပတ်ပြီး ဗုံးတွေကြဲနေတာလဲ"
သွမ့်ပိုင်ယွဲ့မျက်နှာ မဲ့သွားသည်၊ ခေတ္တမျှ ဆက်စပ်တွေးတောကြည့်လိုက်ပြီးနောက် ဆက်ဆို၏။
"ကျိုယွင်ဟယ့်ကို လက်စားချေဖို့လား"
"ဒါလည်း ဖြစ်နိုင်တာပဲ၊ တပ်ထဲကနေ နှင်ထုတ်ခံလိုက်ရတော့ နာကျည်းမှာပဲလေ။ ဘာပဲဖြစ်ဖြစ်ပါ၊ သူ့လုပ်ရပ်တွေက မအောင်မြင်ခဲ့တာတောင် အပြစ်ကတော့ ပေးရမှာပဲ။ ဒါပေမယ့် အဲ့ဖိနပ်တစ်ရံကသာ သူကိုယ်တိုင်ထွင်ထားတဲ့ လက်ရာသာဆိုရင် အစွမ်းအစရှိတဲ့လူလို့ သတ်မှတ်လို့ရတယ်"
"မင်းပုံစံကြည့်ရတာ ဒီညလည်း မအိပ်ဘဲနေမယ့်ပုံပဲ၊ ဒါဆိုလည်း အဘိုးမုချီဆီ အခုပဲသွားရအောင်လေ"
"အင်း၊ စောနအဖြစ်အပျက်နဲ့တင် အသံတွေဆူပြီး အဘိုးလည်း နိုးနေလောက်ပြီထင်တယ်နော်"
ချူယွမ်က သူ့ဘက်လှည့်ကြည့်ရင်း ပြုံးလိုက်သည်။
"ဒီမယ်၊ ငါ သွားပါ့မယ်လို့ပြောဘူးနော်၊ မင်း အရင်စကားစတာ"
"ကိုယ်က မင်းကို သွားခွင့်မပြုဘူးဆိုရင်ကော "
ဘေးနားတွင် လူမရှိသောကြောင့် သွမ့်ပိုင်ယွဲ့က ချူယွမ်လက်ကို လှမ်းကိုင်ထားလိုက်သည်။ ချူယွမ်က ဆို၏။
"မင်း ခွင့်္ပြုတာမပြုတာကို အရေးစိုက်စရာလား။ ကိုယ်တော်ကမှ ဧကရာဇ်ပါနော်"
သိန်းသောင်းမကတဲ့ လူတွေရဲ့ အထက်မှာနေတဲ့ ဧကရာဇ်နော် ၊ မင်းရဲ့အထက်မှာလည်း နေတယ်။
"အာ၊ ကိုယ် အပေါ်မှာနေရမှန်း ဒီလောက်သိသာနေတဲ့ကိစ္စ"
ချူယွမ် သူ့ကို ကန်ပစ်လိုက်၏။ ထို့နောက် မြင်းတပ်စခန်းထဲ လှည့်ဝင်သွားလေသည်။
****
တကယ်လည်း အဘိုးအိုမုချီမှာ နိုးနေပြီဖြစ်ကာ လှေကားထိပ်တွင် ရပ်လျက် အပြင်ဘက်သို့ အခြေအနေမျှော်ကြည့်နေ၏။ ချူယွမ် သူ့ကို မြင်တော့ ပြုံးပြလိုက်ကာ နှုတ်ဆက်လိုက်၏။
"အဘိုး ဘာလုပ်နေတာလဲ"
"အို၊ အရှင်မင်းမြတ်ပါလား"
အဘိုးမုချီကလည်း လှေကားထိပ်မှ အမြန်ဆင်းလာလိုက်သည်။
"အပြင်ဘက်မှာ ဘာဖြစ်နေကြတာလဲဘုရား"
အစတုန်းက သူလည်း ဖြစ်ကြောင်းကုန်စင်ကို သွားကြည့်မည်တကဲကဲ လုပ်နေသေး၏။ သို့သော် သွမ့်ယောင်က သူ့ကို ထွက်သွားခွင့်မပြုသဖြင့် တံခါးဝ၌တွင်သာ ရပ်စောင့်နေရသည်။
ဘာပဲပြောပြော မိမိ၏ အရေးအကြီးဆုံးသောတာဝန်မှာ အဘိုးမုချီကို စောင့်ရှောက်ကာကွယ်ရန်ဖြစ်ကြောင်း နောင်တော်ရော မရီးတော်ရောက အတန်တန်မှာကြားထားသည်လေ ။ ထို့ကြောင့်မည်သို့သော အချိန်မျိုးတွင်ဖြစ်စေ အဘိုးမုချီီကို အပြင်ဘက်ထွက်သွားပြီး လမ်းသလားခွင့်မပြုနိုင်ပေ။
"မိုးပေါ် ပျံနိုင်တဲ့ လူဆိုးကို ဖမ်းမိပြီ၊ အဘိုး။ ဒါပေမယ့် သူက ဘာသရဲ ဘာမိစ္ဆာမှမဟုတ်ဘူး ၊ စက်ပစ္စည်းယန္တရားတွေပါတဲ့ ဒီဖိနပ်ကို အားကိုးပြီး လုပ်နေတာ"
စက်ပစ္စည်းယန္တရားဆိုသော စကားကိုကြားလိုက်သည်နှင့် အဘိုးမုချီက ချက်ချင်းပင် စိတ်ဝင်စားသွား၏။ ချူယွမ်လည်း ထိုဖိနပ်ကို သွားယူလာပေးရန် လက်အောက်ငယ်သားတစ်ယောက်ကို စေခိုင်းလိုက်သည်။ အပြင်ဘက်တွင်လည်း မိုးစင်စင်လင်းခါနီးအချိန် ရောက်နေပြီ၊ အဘိုးမုချီလည်း လက်ကိုသန့်စင်အောင် ဆေးကြောလိုက်ကာ ဖိနပ်အောက်ကိုခံထားသော အဝတ်စပါးပါးကို ဂရုတစိုက် ခွာလိုက်ကာ ဘေးသို့ချထားလိုက်၏။ ထို့နောက် သူ၏ ဘုစုခရု ကိရိယာသေးသေးမွှားမွှားလေးများကို ယူကာ ဖိနပ်နင်းပြားကို ခွာကြည့်လိုက်သည်။
"အမလေးလေး!!!!!"
ဘေးနားတွင်နေကာ မီးအိမ်ကိုင်ဆွဲပေးနေသောသွမ့်ယောင်သည်ပင် ဖိနပ်တွင်းထဲရှိ ဖွဲ့စည်းပုံကို မြင်တော့ အံ့ဩတကြီးဖြစ်သွား၏။ ဖိနပ်နင်းပြားမှာ အလွှာသုံးလွှာဖြစ်အောင် ပိုင်းခြားခံရကာ တစ်လွှာချင်းတွင် သေချာကျနစွာ အသေးစိတ် ဖွဲ့စည်းထားပြီး တစ်ခုနှင့်တစ်ခု ချိတ်စက်ထားသော ယန္တရားများ ၊ တစ်လွှာနှင့်တစ်လွှာမတူ တမူထူးခြားသော စက်ပစ္စည်းများ ရှိနေကာ မီးရောင်အောက်ဝယ် ငွေရောင်အဖြစ် ရောင်ပြန်ဟပ်လာ၏။ ကြည့်လိုက်ရုံနှင့် အရည်အသွေးကောင်းသောပစ္စည်းများကို အသုံးပြုထားမှန်း သိသာလှပေသည်။
အဘိုးမုချီမှာ အင်မတန်မှပင် စိတ်လှုပ်ရှားကာ တက်ကြွနေ၏။
"ဒီလူက သာမန်လူမဟုတ်ဘူးပဲ၊ ကျွန်တော်မျိုး သူ့မျက်နှာကို တွေ့လို့ရမလားဘုရား"
"သူသာ အသက်ပြင်းရင် ဆရာသခင်ကြီးဆီကို အရောက်လာပြီး ကန်တော့နိုင်ပါလိမ့်မယ်။ ကံမကောင်းရင်တော့ အဘိုးကပဲ ဒီဖိနပ်ကို အတုခိုးပြီး တစ်ထပ်တည်းကျတဲ့ တီထွင်မှုမျိုး ဖန်တီးပေးရမယ်၊ လုပ်နိုင်ပါသလား အဘိုး"
"ပြဿနာမရှိလောက်ပါဘူးဘုရား"
"ဒါဆိုလည်း အဘိုးကိုပဲ အားကိုးပါရစေ။အ ခုတော့ အဘိုး ဖြည်းဖြည်းချင်းစီ လေ့လာကြည့်လိုက်ပါဦး ၊ မွန်းတည့်ချိန်ကျမှ ကိုယ်တော် နောက်တစ်ခေါက်ပြန်လာခဲ့ပါ့မယ် "
အဘိုးမုချီ ခေါင်းညိတ်လိုက်ပြီး အခန်းထဲသွားကာ စက္ကူများ သွားသယ်လာ၏။ စက်ယန္တရား၏ ဖွဲ့စည်းထားပုံကို အရင်ဦးစွာ ပုံတူကူးဆွဲထားရမည်ဖြစ်သည်။
****
သွမ့်ပိုင်ယွဲ့က ချူယွမ်ကို အိပ်ခန်းထဲပြန်ခေါ်လာပြီးသည့်နောက် မေးလိုက်၏။
"တစ်ထပ်တည်းတူတဲ့ စက်ပစ္စည်းမျိုး လုပ်ခိုင်းပြီး စစ်ပွဲမှာသုံးဖို့ တွေးနေတာလား"
ချူယွမ် ခေါင်းညိတ်ပြသည်။
"အင်း၊ ဒါ ကောင်းကင်ဘုံကနေ ချီးမြှင့်လာတဲ့ အကူအညီကြီးပဲ၊ စစ်တိုက်မထွက်ခင်လေး လက်ဆောင်အကြီးကြီးပေးလာတာ"
သွမ့်ပိုင်ယွဲ့က ပြုံးလိုက်၏။
"အင်း၊ ကိုယ်က လာဘ်ခေါ်ကောင်လေးလေ"
"ဘယ်လိုဖြစ်ပြီး မင်းက လာဘ်ခေါ်ကောင်လေး ဖြစ်သွားတာတုန်း"
ချူယွမ် နားမလည်ချေ။ သွမ့်ပိုင်ယွဲ့က အရှက်မရှိစွာဆိုလာ၏။
"သမိုင်းတွေထဲ ပြောစမှတ်ပြုကြတယ်လေ၊ ဧကရီမိဖုရားခေါင်ကြီးသာ တရားမျှတပြီး အကျင့်သီလကောင်းမွန်ရင် ကောင်းကင်ဘုံက ချီးမြှင့်တဲ့ ဆုမွန်ကောင်းတွေ ရရှိလိမ့်မယ်၊ သီးနှံဆန်စပါး ဖွံ့ဖြိုးပြည့်စုံလိမ့်မယ်၊ စစ်ပွဲဆင်နွှဲရင်လည်း အောင်ပွဲဆင်နိုင်လိမ့်မယ်တဲ့"
ချူယွမ်မှာ ရယ်ရခက် ငိုရခက်ဖြစ်သွား၏။
"ဘယ်ကရတဲ့ ပေါက်လွှတ်ပဲစား သမိုင်းစာအုပ်ကြီး ဖတ်လာတာတုန်း"
"မင်းရယ်အောင် စနေတာ"
သွမ့်ပိုင်က ချူယွမ်၏ပါးပြင်ကို ချစ်စနိုးဆွဲလိုက်ကာ ဆက်ဆို၏။
"စစ်ပွဲအကြောင်း စကားစလိုက်ရင် တက်ကြွနေတာပဲနော်။ ဒီနေရာက အိပ်ခန်း ၊ အိပ်ဖို့အတွက် နေရာ ၊ နားလည်လား"
"မိုးလင်းနေလိုက်တာမှ ထိန်တောက်နေတာပဲ၊ ဘာလို့ ဆက်အိပ်ရမှာလဲ"
ချူယွမ်က သူ့လက်ကို ဆုပ်ကိုင်လိုက်ကာ မှာကြားလာ၏။
" မင်းပဲ သွားအိပ်လိုက်ပါ"
"တစ်ယောက်တည်း အိပ်ရမှာလား။ ဟင့်အင်း၊ ဒါဆို မသွားတော့ဘူး၊ ကိုယ် တစ်ပန်းရှုံးတယ်"
သွမ့်ပိုင်ယွဲ့က ခေါင်းတခါခါငြင်းလိုက်တော့ ချူယွမ်က နှုတ်ခမ်းဆူလိုက်ကာ -
"မင်းဖတ်နေတဲ့ ရာဇဝင်သမိုင်းကျမ်းကြီးထဲမှာ ဧကရာဇ္အမိန့်အာဏာကို မဖီဆန်ရဘူးဆိုတာ မပါဘူးလားဟမ်"
မဟုတ်ရင် တစ်နေ့နေ့ကျရင် အနှေးနဲ့အမြန် အပယ်ခံနန်းကို ပို့ခံထိခါမှ စိတ်နှလုံး ခါးသီးနာကျည်းတယ်တွေ ဖြစ်လာဦးမယ်။
သို့သော် သွမ့်ပိုင်ယွဲ့က သူ့ကို ပွေ့ချီလိုက်ကာ သလွန်တော်ရှိရာသို့ လျှောက်လှမ်းသွား၏။
"လိမ္မာစမ်းပါကွာ၊ တစ်နာရီလောက် အိပ်လိုက်လည်း ရတာပဲကို ။ အဲ့ဒီကျိုယွင်ဟယ့်က စာမတတ်ပေမတတ် အမိုက်အကန်းလေးဖြစ်မှန်း သိသာသားပဲ၊ စာလေးတစ်လုံးရေးရရင်တောင် သေလောက်အောင် အခက်တွေ့နေလောက်ပြီ၊ ဘာကိစ္စ ဒီလောက်ထိမြန်မြန်ပြီးအောင် ရေးနိုင်မှာလဲ မဟုတ်ဘူးလား"
****
"အဲ့လောက်ထိ အသေးစိတ်ရေးပြစရာမလိုဘူးထင်တယ်ခင်ဗျာ"
မြို့ပြင်ရှိ စခန်းချရာနေရာတွင်ဖြစ်၏။ ဖုန်ချန်က သတိပေးလာသည်။
"အကြောင်းအရာတစ်ခုတောင်မှ မကျန်စေခဲ့နဲ့လို့ အရှင်မင်းမြတ်က မိန့်ကြားထားတယ်ဗျ"
"ဟုတ်ပါတယ်၊ အရှင်မင်းမြတ် အဲ့လိုမိန့်ကြားတော်မူခဲ့တာ အမှန်ပါ။ ဒါပေမယ့် စစ်သူကြီးမင်းခင်ဗျာ၊ ဒီအရာရှိရဲ့စကားကို ခဏလောက် နားထောင်ပါဦး။ တစ်နပ်မှာ ထမင်းဘယ်နှစ်ပန်းကန်စားတယ်ဆိုတဲ့ဟာတွေကျ အစီရင်ခံစာထဲ ထည့်ရေးစရာမလိုဘူးလေ။ အဲ့ကိစ္စအပြင်တခြားဘာတွေ ရှိသေးလဲသာပြော"
ဖုန်ချန်က အောင့်သက်သက် နာနေသော လက်ကောက်ဝတ်ကို ခါလိုက်ရင်းပြော၏။ ကျိုယွင်ဟယ့်က ခေါင်းခါသည်။
"အဲ့လိုဆိုရင်တော့ ဘာမှမရှိတော့ပါဘူး"
"မရှိတော့ဘူး၊ ဟုတ်လား"
ဖုန်ချန်က ထိုစာလွှာကို နောက်တစ်ခေါက်ပြန်ဖတ်ကြည့်လိုက်သည်၊ ထို့နောက် သက်ပြင်းချလိုက်၏။
"ကျွန်တော်မျိုး အမှန်အတိုင်းပြောမိတာကို တောင်းပန်ပါရစေ။ အရှင်မင်းမြတ်ဆီကို ဒီလိုအစီရင်ခံစာမျိုး သွားဆက်သလို့ကတော့ စစ်သူကြီးမင်း အပြစ်ပေးခံရမှာ ရှစ်ဆယ်ရာခိုင်နှုန်း သေချာတယ်"
"ဟမ်၊ ဘာကို ဆိုလိုတာလဲ"
ကျိုယွင်ဟယ့် မျက်နှာပျက်သွား၏။ ဖုန်ချန်က စိတ်အေးလက်ဆေး ဆို၏။
"မာလျို့ရဲ့အပြစ်က ကြီးမားလေးလံတယ်လို့ ပြောချင်ပြောလို့ရပေမယ့် အဆင့်မြင့်တဲ့တီထွင်မှုကို တီထွင်နိုင်စွမ်းရှိတယ်ဆိုတဲ့အချက်ကတော့ ငြင်းလို့မရပေဘူး။ ဒီလိုစစ်ဖြစ်နေတဲ့အချိန်မှာ ဒီလောက်ရှာရရှားပါးလှတဲ့ ပါရမီရှင်က အမှားလုပ်ခဲ့တယ်ပဲထား၊ စစ်သူကြီးကျိုက သူ့ကို တပ်ထဲကနေ ထုတ်ပစ်လိုက်တယ်ဆိုတာ သိပ်ပြီးတော့ သင့်လျော်လျှောက်ပတ်မှု မရှိကြောင်းပါခင်ဗျာ "
******
2021.05.05.
Thz for loving this story.
******
အခန္း - ၁၂၇ (မာလ်ိဳ႕)
[ဒီထက္ပိုၿပီး သိုင္းေတာ္ေနခဲ့ရင္ေတာင္ ထိပ္ေျပာင္က ထိပ္ေျပာင္ပဲ]
ရွန္ခ်န္းဖုန္းက ယဲ့က်င္ပခံုးကို ခပ္ဖြဖြ ပုတ္လိုက္ၿပီးေနာက္ ဆို၏။
"ဒီမွာပဲ ေစာင့္ေနေနာ္"
ယဲ့က်င္ မ်က္ႏွာ ရႈံ႔မဲ့သြားသည္။
"ခင္ဗ်ား ေသခ်ာ သတိထားရမယ္ေနာ္။ ထူးထူးဆန္းဆန္းျဖစ္ရပ္ေတျြဖစ္လာတယ္ဆိုကတည္းက လ်ိႈ႔ဝွက္ထားတဲ့တစ္ခ်ိဳ႕ကိစၥေတြ ရိွေနၪီးမွာပဲ။ ၿပီးေတာ့ အဲ့ေကာင္က ဘာအေကာင္ျဖစ္မွန္းလည္း မသိရေသးဘူး။ ဘာပဲေျပာေျပာ လက္ထဲ ဗံုးရိွေနမွာေတာ့ ရွစ္ဆယ္ရာခိုင္ႏႈန္း ေသခ်ာတယ္ "
ရွန္ခ်န္းဖုန္းလည္း ေခါင္းညိတ္လိုက္ကာ ထိုလူဆိုးက မိမိတို႔အနားသို႔ပိုေရာက္လာသည့္အထိ သတိႀကီးစြာထားၿပီး ေစာင့္ေနလိုက္သည္။ ထို႔ေနာက္ ေျခေထာက္တစ္ဖက္ကို အားျပဳလိုက္ကာ ေလဟာျပင္ထဲ ခုန္တက္လိုက္ရင္း ညာလက္ကလည္း ေလးၫွို႔ကို ဆြဲၿပီးပစ္ခြင္းလိုက္သည္၊ ျမားသံုးေခ်ာင္းမွာ ၾကယ္ေႂကြသြားသည့္အလား အားျပင္းျပင္းတိုက္လာေသာေလထုကိုခြင္းၿပီး ပ်ံသန္းသြားၾကသည္။
ၿမိဳ႔ထဲတြင္ သူ႔ကို အလစ္ေခ်ာင္းၿပီး ဖမ္းဆီးဖို႔ေစာင့္ေနၾကေသာလူမ်ားရိွမွန္း သိေနေပမင့္ ထိုလူဆိုးက ေရွာင္တိမ္းျခင္းမျပဳသည့္အျပင္ ဟားဟားဟားဟု ေလွာင္ရယ္လိုက္ေသး၏။ ေလဟာျပင္တြင္ ရိွေနၿပီးသားကို ထပ္ၿပီး ေနာက္တစ္က်န္႔ ျမင့္ေအာင္ ခုန္လိုက္ကာ ခြၽန္ျမေသာျမားၪီးထိပ္ကို ကပ္သီးေလး ေရွာင္တိမ္းႏိုင္ခဲ့သည္။
ထိုအျခင္းအရာကို ျမင္ေတာ့ ခ်ူယြမ္ အေတာ္အံ့ဩသြားသည္။ သူကိုယ္တိုင္က ထူးခြၽန္ေျပာင္ေျမာက္လွစြာေသာ ကိုယ္ေဖာ့ပညာမ်ားကို ျမင္ဖူးေတြ့ဖူးသည္ဟုေျပာႏိုင္သည္၊ သို႔ေသာ္လည္း ယခုလိုမ်ိဳး ျပင္ပဝတၴုေပၚ မွီကိုးျခင္းမျပဳရပါဘဲ ေလထဲမွာပင္ ေနာက္တစ္ဆင့္ျမင့္ေအာင္ ခုန္တက္ႏိုင္သည္ကိုေတာ့ မေတြ့ဖူးေပ။
ထို႔ေနာက္ တစ္ဖက္လူက လံုးဝန္းမည္းနက္ေသာသ႑ာန္ရိွသည့္ အလံုးမ်ားကို မိုးေပၚမွ လႊတ္ခ်လိုက္ကာ ေဘးနားတစ္ဝိုက္ရိွ အိမ္ေျခမ်ားေပၚ ဖ်က္ဆီးရန္ တာဆူေနသည္။ ရွန္ခ်န္းဖုန္းလည္း ေတြးေတာခ်င့္ခ်ိန္ေနခ်ိန္မရေတာ့ဘဲ ကြၽမ္းထိုးလိုက္ကာ ထိုဗံုးမ်ားကို ဓားပ်ံမ်ားျဖင့္ ေဖာက္ခြင္းပစ္လိုက္၏။ ထို႔အခါ ေပါက္ကြဲသြားေသာအသံေၾကာင့္ တစ္ၿမိဳ႔လံုး ပဲ့တင္တုန္ခါသြားသည့္အျပင္ ေတာင္တန္းမ်ားဆီထိပါ အႀကိမ္ႀကိမ္အခါခါ ျပန္လည္ပဲ့တင္ရိုက္ကာ တုန္ခါသြား၏။ လူသူအမ်ားက အင္မတန္ကိုမွ ေျခာက္ျခားတုန္လႈပ္သြားၾကကာ တစ္ေယာက္ႏွင့္တစ္ေယာက္ လံုးေနေအာင္ ဖက္တြယ္ထားၾကၿပီး ေစာင္ပံုေအာက္မွပင္ ေခါင္းမေဖာ္ရဲၾကေတာ့။
ေျပာေတာ့ အဲ့ဒီမိုးပ်ံႏိုင္တဲ့ေကာင္ကို ဖမ္းမိသြားၿပီဆို ၊ ဘာလို႔ ဒီည ျပန္ထြက္လာႏိုင္ေသးတာလဲ။
ကင္းလွည့္ေနၾကေသာ တပ္သားမ်ားကလည္း ထိုအသံကိုၾကားသည္ႏွင့္ မီးတုတ္မ်ားကို ကိုင္ေဆာင္ကာ အေျပးအလႊားေရာက္လာၾကသည္။ ခ်ူယြမ္က သြမ့္ပိုင္ယြဲ႔အား လွမ္းေျပာလိုက္၏။
"သူတို႔ကို သြားကယ္လိုက္ေတာ့"
"အင္း၊ မင္းလည္း ေသခ်ာသတိထားၪီး"
တစ္ဖက္လူက ယမ္းပံုမီးက် ေဒါသႀကီးစြာ ထြက္ေအာင္ အဆြခံလိုက္ရေလရာ စိတ္ဆိုးမာန္ဆိုးျဖင့္ ေနာက္ထပ္ ဗံုးခုနစ္လံုးရွစ္လံုးကို ပစ္ေပါက္လာ၏။ ဒီတစ္ႀကိမ္မွာေတာ့ အိမ္ေျခမ်ားသို႔ ၪီးတည္ျခင္းမဟုတ္ဘဲ အကုန္လံုးက ရွန္ခ်န္းဖုန္းဆီသို႔ ၪီးတည္က်ေရာက္လာျခင္းျဖစ္သည္။ သြမ့္ပိုင္ယြဲ႔လည္း ရႊယ္မင္ဟန္ထ်ယ္ဓားကို ဓားအိမ္ထဲမွ လက္တစ္ဖက္တည္းႏွင့္ပင္ ထုတ္ယူလိုက္၏။ ထိုအခါ ခြၽင္ခနဲျမည္သြားေသာအသံႏွင့္အတူ မ်က္စိတစ္မိွတ္အတြင္းမွာပင္ ထိုမႈန္မိႈင္းမိႈင္းဓားသြားက ေအးစက္ၾကည္ျမေသာ လေရာင္ကို ေသာက္သံုးစုပ္ယူလိုက္သည့္ႏွယ္၊ အတိုင္းအဆမရိွ ႀကီးမားလွေသာ အတြင္းအားႏွင့္ ေပါင္းစပ္လိုက္ေတာ့ ထိုလက္ပစ္ဗံုးမ်ားကို ပစ္လာေသာသူဆီသို႔ အကုန္တန္ျပန္ ပစ္ထည့္ေပးလိုက္ႏိုင္၏။
ယဲ့က်င္ ႏႈတ္ခမ္းဆူလိုက္သည္။
သိုင္းပညာေတာ္ေတာ္စြမ္းတယ္ဟ။
ဒါေပမယ့္ ဘာပဲေျပာေျပာ ထိပ္ေျပာင္ႀကီးက ထိပ္ေျပာင္ႀကီးပဲ ၊ သိုင္းပညာ ေတာ္သလားညံ့သလားေပၚ တစ္စက္မွ မဆိုင္ဘူး၊ ဟြန္႔။
ဒီကိစၥကို လံုးဝအာမခံတယ္။
ထိုလက္ပစ္ဗံုးမ်ားအားလံုး သူ႔ဆီ ျပန္ေရာက္လာသည္ကိုျမင္ေတာ့ အႏွီလူဆိုးမွာ မ်က္စိမ်က္ႏွာပ်က္ေလာက္ေအာင္ကို ထိတ္လန္႔ျပာေဝသြား၏။ ေရွာင္တိမ္းရန္ႀကံရြယ္ထားေသာ္လည္း အခ်ိန္မမီေတာ့ဘဲ သူ႔အနားတစ္လံုးၿပီးတစ္လံုး ေပါက္ကြဲေတာ့ေလရာ ထိုေပါက္ကြဲသံမ်ားမွာ နားစည္အား ကြဲေစလုမတတ္ က်ယ္ေလာင္လွေပ၏။ ထိုလူဆိုး၏ ႏႈတ္ခမ္းမွလည္း ေသြးစိမ္းရွင္ရွင္ ယိုစီးလာကာ ေကာင္းကင္ယံမွသည္ အျမန္ပင္ ျပဳတ္က်လာခဲ့၏။
သြမ့္ပိုင္ယြဲ႔က ခ်က္ခ်င္းပင္ ထိုသူ႔ဆီ သြားလိုက္ကာ တစ္ဖက္လူ၏ အက်ႌလည္ပင္းကို ဂုတ္မွဆြဲလိုက္ၿပီးေနာက္ ေျမျပင္ေပၚ ျဖည္းျဖည္းခ်င္း သက္ဆင္းလိုက္သည္။
ပထမၪီးဆံုး အေျပးအလႊား ေရာက္လာေသာသူမွာ ယဲ့က်င္ျဖစ္သည္။ ထိုသူ၏ မ်က္ႏွာေပၚအုပ္ထားေသာ အဝတ္စကို ယဲ့က်င္က သစ္ကိုင္းတစ္ခုျဖင့္ ဖယ္ရွားလိုက္ကာ အတန္ၾကာေအာင္ ငံု႔ၾကည့္လိုက္ၿပီး ျပန္ဖံုးလိုက္ရင္း - "မသိဘူး" ဟု ေျပာလာ၏။
နာမည္ႀကီးတဲ့လူလည္း မဟုတ္ဘဲနဲ႔၊ ဘာလို႔မ်ား မ်က္ႏွာအုပ္ထားရေသးလဲ။
"အရွင္မင္းျမတ္"
ရဲမက္တပ္သားမ်ားလည္း အခင္းျဖစ္ပြားရာအနား ဝိုင္းအံုၿပီးေရာက္ရိွလာၾကကာ မီးတုတ္မ်ား ထိန္ညီးေနေအာင္ထြန္းထားၾက၏၊ ေရ႔ွဆံုးမွ ၪီးေဆာင္လာေသာသူမွာ က်ိဳယြင္ဟယ့္႔ျဖစ္သည္။ ယေန့တြင္ ထိုလူဆိုးကို အလစ္ေခ်ာင္းကာ ဖမ္းဖို႔ ရွန္ခ်န္းဖုန္း ေရာက္လာမည္ဆိုသည္ကို သူသိသည္။ ခ်ူယြမ္က သူ႔ကို ဒီကိစၥထဲ ဝင္ပတ္သက္ျခင္းျပဳရန္ တားျမစ္ထားေသာ္လည္း စစ္သူႀကီးတစ္ေယာက္အေနႏွင့္ေတာ့ ဆူပူေသာင္းက်န္းမႈျဖစ္လာေသာအခါ ထြက္လာရမည္မဟုတ္လား၊ ဘုရင့္အမိန္႔ေတာ္ကို ဖီဆန္သည္ဟု မေျပာႏိုင္ေပ။
ခ်ူယြမ္ကေတာ့ စိတ္ထဲဝယ္ ေခါင္းတခါခါလုပ္ေနေပ၏။
ဒီလူက တကယ္ေခါင္းမာတာပဲ၊ဘယ္ေတာ့မွ ဒီအက်င့္ေပ်ာက္မလဲမသိ။
ဖုန္ခ်န္သည္လည္း ရံုးေတာ္ဝန္ထမ္းအခ်ိဳ႕ကို ေခၚကာ အခင္းျဖစ္ပြားရာေနရာသို႔ လာၾကည့္၏။ ထိုအသံၾကားသည္ႏွင့္ အိပ္ရာမွခ်က္ခ်င္းထကာ ေခါင္းပင္မၿဖီးအားဘဲထြက္ဘာေသာေၾကာင့္ ေပစုတ္စုတ္ပံုစံေလး ျဖစ္ေနသည္။ ဖုန္ခ်န္က မီးတုတ္ကိုကိုင္ၿပီး ထိုလူ၏ မ်က္ႏွာဆီ တိုးကာ ေသခ်ာၾကည့္လိုက္၏။
"ဒီတစ္ေယာက္က မိုးေပၚပ်ံႏိုင္တဲ့ သူခိုးလားဘုရား"
ယဲ့က်င္က ေခါင္းကိုက္လာကာ ဆို၏။
"လူႀကီးမင္းသာ ေရ႔ွထပ္တိုးလိုက္ရင္ အဲ့ဒီလူ မီးကင္ၿပီးသားျဖစ္သြားေတာ့မယ္ဗ်"
ဖုန္ရွန္က အျမန္ပင္ ေနာက္သို႔ေျခသံုးလွမ္း ဆုတ္လိုက္သည္။ ထိုသူက ေမ့ေမ်ာေနေသာ္လည္း မီး၏ အပူဓာတ္ကို ခံစားလို႔ရေနေသာေၾကာင့္ထင္ ၊ ခႏၶာကိုယ္၏ အလိုအေလ်ာက္တံု႔ျပန္မႈေၾကာင့္ တစ္ဖက္သို႔ လွည့္သြားေလရာ မ်က္ႏွာကိုဖံုးအုပ္ထားေသာ အဝတ္စက အနည္းငယ္လွစ္ဟသြား၏။
"စစ္သူႀကီးက်ိဳ ဒီလူကို သိတယ္ေပါ့"
သြမ့္ပိုင္ယြဲ႔က ေကာက္ကာငင္ကာ ထေမးလိုက္သည္။ သူ႔အၾကည့္မ်ားသာ မမွားဘူးဆိုလ်ွင္ ထိုသူ၏ မ်က္ႏွာကိုျမင္လိုက္ရေသာ အခိုက္အတန္႔ဝယ္ က်ိဳယြင္ဟယ့္၏ မ်က္ႏွာက အေသြးအေရာင္ေျပာင္းသြားခဲ့သည္ေလ။
ခ်ူယြမ္ မ်က္ႏွာမဲ့သြားသည္။
"မင္း သူ႔ကို သိတယ္လား"
"....ကြၽန္ေတာ္မ်ိဳး....မွန္ပါ့၊ သိပါတယ္ဘုရား။ အစတုန္းက ေရတပ္ထဲမွာ က်င္လည္ေနတဲ့ လူမိုက္အဖြဲ႔ေသးေသးေလးတစ္ခုရဲ့ ေခါင္းေဆာင္ပါ၊ နာမည္ကေတာ့ မာလ်ိဳ့ပါဘုရား။ ေနာက္ပိုင္း တပ္မေတာ္ရဲ့ စည္းမ်ဥ္းစည္းကမ္းကို ေဖာက္ဖ်က္လိုက္လို႔ သူ႔ကို ကြၽန္ေတာ္မ်ိဳး ႏွင္ထုတ္ပစ္လိုက္တာပါ"
"ဒီျဖစ္ရပ္ ဘယ္တုန္းက ျဖစ္သြားတာလဲ"
"လြန္ခဲ့တဲ့သံုးလတုန္းကပါဘုရား"
"လြန္ခဲ့တဲ့ သံုးလ၊ ဟုတ္လား"
ခ်ူယြမ္က ေျမေပၚလဲေနသည့္သူကို ေနာက္တသ္ဖန္ ျပန္ၾကည့္လိုက္သည္။ ယဲ့က်င္က ထိုသူ၏ ေျခေထာက္ကို သစ္ကိုင္းျဖင့္ လိုက္ရိုက္ေနရာ တဆတ္ဆတ္တုန္ေနသည္ကို ေတြ့လိုက္ရ၏။
"ေရွာင္က်င္"
ရွန္ခ်န္းဖုန္းက ယဲ့က်င္နား ေဆာင့္ေၾကာင့္ထိုင္လိုက္ကာ ဆက္ေမး၏။
"ဘာျဖစ္လို႔လဲ၊ ဘာေတြ့မိလို႔လဲ"
ယဲ့က်င္က သစ္ကိုင္းကို လႊင့္ပစ္လိုက္ကာ ဆို၏။
"ဖိနပ္ေအာက္မွာ ၾကားေနရာလြတ္တစ္ခုရိွတယ္။ အာ၊ လက္စသတ္ေတာ့ ဒီလိုကိုး၊ ဒါေၾကာင့္လည္း ေျမျပင္ညီကေနေတာင္ ဆယ္က်န္႔ေလာက္ျမင့္ေအာင္ ခုန္ႏိုင္တာကိုး"
ရဲမက္တပ္သားႏွစ္ေယာက္သံုးေယာက္က ထိုသူ၏ ဖိနပ္ကို ဝိုင္းခြၽတ္ၾကရာ အမွန္တကယ္ပင္ ဆိုင္မွာေရာင္းေနက် ဖိနပ္ထက္ ပိုၿပီး ထူကာပို၍လည္း ေလးလံေနသည္ကို ေတြ့လိုက္ရ၏။
ခ်ူယြမ္က ဆို၏။
"တစ္ေယာက္ေလာက္ စီးၿပီး ခုန္ၾကည့္စမ္းပါ၊ အနာတရ မျဖစ္ေအာင္လည္း သတိထားၪီး"
ရဲမက္တစ္ေယာက္က ထိုဖိနပ္တစ္ရံကို စီးလိုက္ကာ အသက္ဝဝရႉလိုက္ၿပီးသည့္ေနာက္ ခုန္ၾကည့္လိုက္သည္။ တစ္ဖက္လူကဲ့သို႔ မိုးေပၚပ်ံေနသည္ေတာ့မဟုတ္၊ သို႔ေသာ္လည္း သာမန္လူမ်ားထက္ ပို၍ ျမင့္မားစြာ ခုန္ႏိုင္ေန၏။
ယဲ့က်င္က ဆို၏။
"ဒီထက္နည္းနည္းေလး ခႏၶာကိုယ္ေအာက္ပိုင္း သန္စြမ္းေစတဲ့ အတြင္းအားက်င့္စဥ္ေတြက်င့္လိုက္ရင္ စိတ္ထဲရိွသလို ေကာင္းကင္မွာ ခုန္လႊားပ်ံသန္းေနႏိုင္မွာ။ ဒီဖိနပ္တစ္ရံက အင္မတန္မွ တန္ဖိုးႀကီးတဲ့ ပစၥည္းပဲ၊ ခဏေနက် အဘိုးမုခ်ီကို သြားစစ္ေပးခိုင္းေခ်"
ခ်ူယြမ္က က်ိဳယြင္ဟယ့္ကို ဆက္ၿပီး အမိန္႔ေပးလိုက္သည္။
"ဒီလူရဲ့ေနာက္ေၾကာင္းရာဇဝင္ေတြအကုန္ကို အစီရင္ခံစာအျဖစ္ေရးလာခဲ့ ၊ အေၾကာင္းအရာတစ္ခုတစ္ေလမွ မက်န္ေစနဲ႔"
"မွန္လွပါ၊ ကြၽန္ေတာ္မ်ိဳး အခုခ်က္ခ်င္းပဲ သြားေရးလိုက္ပါ့မယ္ဘုရား"
က်ိဳယြင္ဟယ့္က ဂါရဝျပဳရင္း လက္ခံလိုက္သည္။ ခ်ူယြမ္က ေျမျပင္ေပၚက လူကိုၾကည့္ၿပီးေနာက္ ယဲ့က်င္အားေမးလာ၏။
"အားလံုး ကိုယ့္ေနရာကိုယ္ ျပန္သြားလို႔ရၿပီ။ ေရွာင္က်င္ ၊ သူ႔အသက္ကို ကယ္ဖို႔ မီေသးလား"
"ရတယ္"
ယဲ့က်င္က မာလ်ိဳ႕၏ပါးစပ္ထဲသို႔ ေဆးလံုးတစ္လံုး ေကြၽးလိုက္သည္။
"ဒါေပမယ့္ အရိုးေတြအကုန္ က်ိဳးေနၿပီဆိုေတာ့ သူ႔ကို ေနရာေရႊ့လို႔မရေသးဘူး။ ကြၽန္ေတာ့္ရဲ့ေဆးအိတ္ကိုသာ သြားယူေပး၊ ၿပီးေတာ့ ဒီနားတစ္ဝိုက္က အိမ္ေတြကို ေရႏြေးတည္ေပးခိုင္း၊ ႏူးညံ့တဲ့ ေမြ့ယာေတြပါ ယူလာခိုင္း၊ ကြၽန္ေတာ္ ဒီနားေလးတင္ အရိုးေတြ ျပန္ဆက္မယ္"
သို႔ႏွင့္ ေဘးနားရိွလူမ်ားက လူစုခြဲလိုက္ကာ ယဲ့က်င္ ၫႊန္ၾကားသည့္အတိုင္း ေဆာင္ရြက္ၾကသည္၊ မီးရႉးတုတ္တံမ်ားက လမ္းေဘးတစ္ေလ်ွာက္တြင္ ထိန္လင္းေနသည္မွာ ေန့ခင္းေၾကာင္ေတာင္ပမာ။
ယဲ့က်င္က အက်ႌလက္ကို ေခါက္တင္လိုက္ကာ လင္ဗန္းထဲမွ အသြားထက္လွေသာ ဓားငယ္တစ္ေခ်ာင္းကို ေကာက္ကိုင္လိုက္သည္။
အႏွီဓားသြား၏ ေအးစက္ခက္ထန္လွေသာ အေငြ့အသက္မ်ားက သြမ့္ပိုင္ယြဲ႔အား လာေရာက္ရိုက္ခတ္သြားကာ "ဖမ္းၿပီး သင္းကြပ္ပစ္ရမယ္!!!!!! "ဆိုေသာ ေႂကြးေၾကာ္သံႀကီးကို ခ်က္ခ်င္း အမွတ္ရသြား၏။ ဇနီးေလး၏ ညီငယ္မွာ အင္မတန္မွ အေတြ့အႀကံဳရင့္သန္ေနသည့္ပံု ေပါက္ေနသည္၊ ထို႔ေၾကာင့္ သြမ့္ပိုင္ယြဲ႔က တည္ၿငိမ္ေသာဟန္ကို ထိန္းထားကာ ခ်ူယြမ္ဆီ လွမ္းေျပာလိုက္၏။
"အခ်ိန္ေတာ္ေတာ္ယူရၪီးမယ္ထင္တယ္။ မင္းကို ကိုယ္ ျမင္းတပ္စခန္းဆီ အရင္ျပန္ပို႔လိုက္ရမလား"
ခ်ူယြမ္လည္း ေခါင္းညိတ္လိုက္ကာ အတူတူျပန္လမ္းလွည့္လာခဲ့သည္။
တစ္စံုတစ္ခုကို ေလးနက္စြာေတြးေနဟန္ရေသာ ခ်ူယြမ္၏မ်က္ႏွာရိပ္မ်က္ႏွာကဲေၾကာင့္ သြမ့္ပိုင္ယြဲ႔ေမးလိုက္သည္။
"ဘာအေၾကာင္းေတြးေနတာလဲ"
"တကယ္လို႔မ်ား မာလ်ိဳက လြန္ခဲ့တဲ့သံုးလကမွ ေရတပ္ကေန ႏွင္ထုတ္ခံလိုက္ရတာဆိုရင္ ခ်ူရိွန္႔ဘက္ေတာ္သားမျဖစ္ႏိုင္ဘူးလားလို႔ပါ၊ ခ်ူရိွန္႔ဘက္ေတာ္သားမဟုတ္ရင္ ဘာလို႔ တစ္ၿမိဳ႔လံုးပတ္ၿပီး ဗံုးေတြႀကဲေနတာလဲ"
သြမ့္ပိုင္ယြဲ႔မ်က္ႏွာ မဲ့သြားသည္၊ ေခတၲမ်ွ ဆက္စပ္ေတြးေတာၾကည့္လိုက္ၿပီးေနာက္ ဆက္ဆို၏။
"က်ိဳယြင္ဟယ့္ကို လက္စားေခ်ဖို႔လား"
"ဒါလည္း ျဖစ္ႏိုင္တာပဲ၊ တပ္ထဲကေန ႏွင္ထုတ္ခံလိုက္ရေတာ့ နာက်ည္းမွာပဲေလ။ ဘာပဲျဖစ္ျဖစ္ပါ၊ သူ႔လုပ္ရပ္ေတြက မေအာင္ျမင္ခဲ့တာေတာင္ အျပစ္ကေတာ့ ေပးရမွာပဲ။ ဒါေပမယ့္ အဲ့ဖိနပ္တစ္ရံကသာ သူကိုယ္တိုင္ထြင္ထားတဲ့ လက္ရာသာဆိုရင္ အစြမ္းအစရိွတဲ့လူလို႔ သတ္မွတ္လို႔ရတယ္"
"မင္းပံုစံၾကည့္ရတာ ဒီညလည္း မအိပ္ဘဲေနမယ့္ပံုပဲ၊ ဒါဆိုလည္း အဘိုးမုခ်ီဆီ အခုပဲသြားရေအာင္ေလ"
"အင္း၊ ေစာနအျဖစ္အပ်က္နဲ႔တင္ အသံေတြဆူၿပီး အဘိုးလည္း ႏိုးေနေလာက္ၿပီထင္တယ္ေနာ္"
ခ်ူယြမ္က သူ႔ဘက္လွည့္ၾကည့္ရင္း ၿပံဳးလိုက္သည္။
"ဒီမယ္၊ ငါ သြားပါ့မယ္လို႔ေျပာဘူးေနာ္၊ မင္း အရင္စကားစတာ"
"ကိုယ္က မင္းကို သြားခြင့္မျပဳဘူးဆိုရင္ေကာ "
ေဘးနားတြင္ လူမရိွေသာေၾကာင့္ သြမ့္ပိုင္ယြဲ႔က ခ်ူယြမ္လက္ကို လွမ္းကိုင္ထားလိုက္သည္။ ခ်ူယြမ္က ဆို၏။
"မင္း ခြင့္ၸျုတာမျပဳတာကို အေရးစိုက္စရာလား။ ကိုယ္ေတာ္ကမွ ဧကရာဇ္ပါေနာ္"
သိန္းေသာင္းမကတဲ့ လူေတြရဲ့ အထက္မွာေနတဲ့ ဧကရာဇ္ေနာ္ ၊ မင္းရဲ့အထက္မွာလည္း ေနတယ္။
"အာ၊ ကိုယ္ အေပၚမွာေနရမွန္း ဒီေလာက္သိသာေနတဲ့ကိစၥ"
ခ်ူယြမ္ သူ႔ကို ကန္ပစ္လိုက္၏။ ထို႔ေနာက္ ျမင္းတပ္စခန္းထဲ လွည့္ဝင္သြားေလသည္။
****
တကယ္လည္း အဘိုးအိုမုခ်ီမွာ ႏိုးေနၿပီျဖစ္ကာ ေလွကားထိပ္တြင္ ရပ္လ်က္ အျပင္ဘက္သို႔ အေျခအေနေမ်ွာ္ၾကည့္ေန၏။ ခ်ူယြမ္ သူ႔ကို ျမင္ေတာ့ ၿပံဳးျပလိုက္ကာ ႏႈတ္ဆက္လိုက္၏။
"အဘိုး ဘာလုပ္ေနတာလဲ"
"အို၊ အရွင္မင္းျမတ္ပါလား"
အဘိုးမုခ်ီကလည္း ေလွကားထိပ္မွ အျမန္ဆင္းလာလိုက္သည္။
"အျပင္ဘက္မွာ ဘာျဖစ္ေနၾကတာလဲဘုရား"
အစတုန္းက သူလည္း ျဖစ္ေၾကာင္းကုန္စင္ကို သြားၾကည့္မည္တကဲကဲ လုပ္ေနေသး၏။ သို႔ေသာ္ သြမ့္ေယာင္က သူ႔ကို ထြက္သြားခြင့္မျပဳသျဖင့္ တံခါးဝ၌တြင္သာ ရပ္ေစာင့္ေနရသည္။
ဘာပဲေျပာေျပာ မိမိ၏ အေရးအႀကီးဆံုးေသာတာဝန္မွာ အဘိုးမုခ်ီကို ေစာင့္ေရွာက္ကာကြယ္ရန္ျဖစ္ေၾကာင္း ေနာင္ေတာ္ေရာ မရီးေတာ္ေရာက အတန္တန္မွာၾကားထားသည္ေလ ။ ထို႔ေၾကာင့္မည္သို႔ေသာ အခ်ိန္မ်ိဳးတြင္ျဖစ္ေစ အဘိုးမုခ်ီကို အျပင္ဘက္ထြက္သြားၿပီး လမ္းသလားခြင့္မျပဳႏိုင္ေပ။
"မိုးေပၚ ပ်ံႏိုင္တဲ့ လူဆိုးကို ဖမ္းမိၿပီ၊ အဘိုး။ ဒါေပမယ့္ သူက ဘာသရဲ ဘာမိစၧာမွမဟုတ္ဘူး ၊ စက္ပစၥည္းယႏၲရားေတြပါတဲ့ ဒီဖိနပ္ကို အားကိုးၿပီး လုပ္ေနတာ"
စက္ပစၥည္းယႏၲရားဆိုေသာ စကားကိုၾကားလိုက္သည္ႏွင့္ အဘိုးမုခ်ီက ခ်က္ခ်င္းပင္ စိတ္ဝင္စားသြား၏။ ခ်ူယြမ္လည္း ထိုဖိနပ္ကို သြားယူလာေပးရန္ လက္ေအာက္ငယ္သားတစ္ေယာက္ကို ေစခိုင္းလိုက္သည္။ အျပင္ဘက္တြင္လည္း မိုးစင္စင္လင္းခါနီးအခ်ိန္ ေရာက္ေနၿပီ၊ အဘိုးမုခ်ီလည္း လက္ကိုသန္႔စင္ေအာင္ ေဆးေၾကာလိုက္ကာ ဖိနပ္ေအာက္ကိုခံထားေသာ အဝတ္စပါးပါးကို ဂရုတစိုက္ ခြာလိုက္ကာ ေဘးသို႔ခ်ထားလိုက္၏။ ထို႔ေနာက္ သူ၏ ဘုစုခရု ကိရိယာေသးေသးမႊားမႊားေလးမ်ားကို ယူကာ ဖိနပ္နင္းျပားကို ခြာၾကည့္လိုက္သည္။
"အမေလးေလး!!!!!"
ေဘးနားတြင္ေနကာ မီးအိမ္ကိုင္ဆြဲေပးေနေသာသြမ့္ေယာင္သည္ပင္ ဖိနပ္တြင္းထဲရိွ ဖြဲ႔စည္းပံုကို ျမင္ေတာ့ အံ့ဩတႀကီးျဖစ္သြား၏။ ဖိနပ္နင္းျပားမွာ အလႊာသံုးလႊာျဖစ္ေအာင္ ပိုင္းျခားခံရကာ တစ္လႊာခ်င္းတြင္ ေသခ်ာက်နစြာ အေသးစိတ္ ဖြဲ႔စည္းထားၿပီး တစ္ခုႏွင့္တစ္ခု ခ်ိတ္စက္ထားေသာ ယႏၲရားမ်ား ၊ တစ္လႊာႏွင့္တစ္လႊာမတူ တမူထူးျခားေသာ စက္ပစၥည္းမ်ား ရိွေနကာ မီးေရာင္ေအာက္ဝယ္ ေငြေရာင္အျဖစ္ ေရာင္ျပန္ဟပ္လာ၏။ ၾကည့္လိုက္ရံုႏွင့္ အရည္အေသြးေကာင္းေသာပစၥည္းမ်ားကို အသံုးျပဳထားမွန္း သိသာလွေပသည္။
အဘိုးမုခ်ီမွာ အင္မတန္မွပင္ စိတ္လႈပ္ရွားကာ တက္ႂကြေန၏။
"ဒီလူက သာမန္လူမဟုတ္ဘူးပဲ၊ ကြၽန္ေတာ္မ်ိဳး သူ႔မ်က္ႏွာကို ေတြ့လို႔ရမလားဘုရား"
"သူသာ အသက္ျပင္းရင္ ဆရာသခင္ႀကီးဆီကို အေရာက္လာၿပီး ကန္ေတာ့ႏိုင္ပါလိမ့္မယ္။ ကံမေကာင္းရင္ေတာ့ အဘိုးကပဲ ဒီဖိနပ္ကို အတုခိုးၿပီး တစ္ထပ္တည္းက်တဲ့ တီထြင္မႈမ်ိဳး ဖန္တီးေပးရမယ္၊ လုပ္ႏိုင္ပါသလား အဘိုး"
"ျပႆနာမရိွေလာက္ပါဘူးဘုရား"
"ဒါဆိုလည္း အဘိုးကိုပဲ အားကိုးပါရေစ။အ ခုေတာ့ အဘိုး ျဖည္းျဖည္းခ်င္းစီ ေလ့လာၾကည့္လိုက္ပါၪီး ၊ မြန္းတည့္ခ်ိန္က်မွ ကိုယ္ေတာ္ ေနာက္တစ္ေခါက္ျပန္လာခဲ့ပါ့မယ္ "
အဘိုးမုခ်ီ ေခါင္းညိတ္လိုက္ၿပီး အခန္းထဲသြားကာ စကၠူမ်ား သြားသယ္လာ၏။ စက္ယႏၲရား၏ ဖြဲ႔စည္းထားပံုကို အရင္ၪီးစြာ ပံုတူကူးဆြဲထားရမည္ျဖစ္သည္။
****
သြမ့္ပိုင္ယြဲ႔က ခ်ူယြမ္ကို အိပ္ခန္းထဲျပန္ေခၚလာၿပီးသည့္ေနာက္ ေမးလိုက္၏။
"တစ္ထပ္တည္းတူတဲ့ စက္ပစၥည္းမ်ိဳး လုပ္ခိုင္းၿပီး စစ္ပြဲမွာသံုးဖို႔ ေတြးေနတာလား"
ခ်ူယြမ္ ေခါင္းညိတ္ျပသည္။
"အင္း၊ ဒါ ေကာင္းကင္ဘံုကေန ခ်ီးျမႇင့္လာတဲ့ အကူအညီႀကီးပဲ၊ စစ္တိုက္မထြက္ခင္ေလး လက္ေဆာင္အႀကီးႀကီးေပးလာတာ"
သြမ့္ပိုင္ယြဲ႔က ၿပံဳးလိုက္၏။
"အင္း၊ ကိုယ္က လာဘ္ေခၚေကာင္ေလးေလ"
"ဘယ္လိုျဖစ္ၿပီး မင္းက လာဘ္ေခၚေကာင္ေလး ျဖစ္သြားတာတုန္း"
ခ်ူယြမ္ နားမလည္ေခ်။ သြမ့္ပိုင္ယြဲ႔က အရွက္မရိွစြာဆိုလာ၏။
"သမိုင္းေတြထဲ ေျပာစမွတ္ျပဳၾကတယ္ေလ၊ ဧကရီမိဖုရားေခါင္ႀကီးသာ တရားမ်ွတၿပီး အက်င့္သီလေကာင္းမြန္ရင္ ေကာင္းကင္ဘံုက ခ်ီးျမႇင့္တဲ့ ဆုမြန္ေကာင္းေတြ ရရိွလိမ့္မယ္၊ သီးႏွံဆန္စပါး ဖြံ႔ၿဖိဳးျပည့္စံုလိမ့္မယ္၊ စစ္ပြဲဆင္ႏႊဲရင္လည္း ေအာင္ပြဲဆင္ႏိုင္လိမ့္မယ္တဲ့"
ခ်ူယြမ္မွာ ရယ္ရခက္ ငိုရခက္ျဖစ္သြား၏။
"ဘယ္ကရတဲ့ ေပါက္လႊတ္ပဲစား သမိုင္းစာအုပ္ႀကီး ဖတ္လာတာတုန္း"
"မင္းရယ္ေအာင္ စေနတာ"
သြမ့္ပိုင္က ခ်ူယြမ္၏ပါးျပင္ကို ခ်စ္စႏိုးဆြဲလိုက္ကာ ဆက္ဆို၏။
"စစ္ပြဲအေၾကာင္း စကားစလိုက္ရင္ တက္ႂကြေနတာပဲေနာ္။ ဒီေနရာက အိပ္ခန္း ၊ အိပ္ဖို႔အတြက္ ေနရာ ၊ နားလည္လား"
"မိုးလင္းေနလိုက္တာမွ ထိန္ေတာက္ေနတာပဲ၊ ဘာလို႔ ဆက္အိပ္ရမွာလဲ"
ခ်ူယြမ္က သူ႔လက္ကို ဆုပ္ကိုင္လိုက္ကာ မွာၾကားလာ၏။
" မင္းပဲ သြားအိပ္လိုက္ပါ"
"တစ္ေယာက္တည္း အိပ္ရမွာလား။ ဟင့္အင္း၊ ဒါဆို မသြားေတာ့ဘူး၊ ကိုယ္ တစ္ပန္းရႈံးတယ္"
သြမ့္ပိုင္ယြဲ႔က ေခါင္းတခါခါျငင္းလိုက္ေတာ့ ခ်ူယြမ္က ႏႈတ္ခမ္းဆူလိုက္ကာ -
"မင္းဖတ္ေနတဲ့ ရာဇဝင္သမိုင္းက်မ္းႀကီးထဲမွာ ဧကရာဇ္အမိန္႔အာဏာကို မဖီဆန္ရဘူးဆိုတာ မပါဘူးလားဟမ္"
မဟုတ္ရင္ တစ္ေန့ေန့က်ရင္ အေနွးနဲ႔အျမန္ အပယ္ခံနန္းကို ပို႔ခံထိခါမွ စိတ္ႏွလံုး ခါးသီးနာက်ည္းတယ္ေတြ ျဖစ္လာၪီးမယ္။
သို႔ေသာ္ သြမ့္ပိုင္ယြဲ႔က သူ႔ကို ေပြ့ခ်ီလိုက္ကာ သလြန္ေတာ္ရိွရာသို႔ ေလ်ွာက္လွမ္းသြား၏။
"လိမၼာစမ္းပါကြာ၊ တစ္နာရီေလာက္ အိပ္လိုက္လည္း ရတာပဲကို ။ အဲ့ဒီက်ိဳယြင္ဟယ့္က စာမတတ္ေပမတတ္ အမိုက္အကန္းေလးျဖစ္မွန္း သိသာသားပဲ၊ စာေလးတစ္လံုးေရးရရင္ေတာင္ ေသေလာက္ေအာင္ အခက္ေတြ့ေနေလာက္ၿပီ၊ ဘာကိစၥ ဒီေလာက္ထိျမန္ျမန္ၿပီးေအာင္ ေရးႏိုင္မွာလဲ မဟုတ္ဘူးလား"
****
"အဲ့ေလာက္ထိ အေသးစိတ္ေရးျပစရာမလိုဘူးထင္တယ္ခင္ဗ်ာ"
ၿမိဳ႔ျပင္ရိွ စခန္းခ်ရာေနရာတြင္ျဖစ္၏။ ဖုန္ခ်န္က သတိေပးလာသည္။
"အေၾကာင္းအရာတစ္ခုေတာင္မွ မက်န္ေစခဲ့နဲ႔လို႔ အရွင္မင္းျမတ္က မိန္႔ၾကားထားတယ္ဗ်"
"ဟုတ္ပါတယ္၊ အရွင္မင္းျမတ္ အဲ့လိုမိန္႔ၾကားေတာ္မူခဲ့တာ အမွန္ပါ။ ဒါေပမယ့္ စစ္သူႀကီးမင္းခင္ဗ်ာ၊ ဒီအရာရိွရဲ့စကားကို ခဏေလာက္ နားေထာင္ပါၪီး။ တစ္နပ္မွာ ထမင္းဘယ္ႏွစ္ပန္းကန္စားတယ္ဆိုတဲ့ဟာေတြက် အစီရင္ခံစာထဲ ထည့္ေရးစရာမလိုဘူးေလ။ အဲ့ကိစၥအျပင္တျခားဘာေတြ ရိွေသးလဲသာေျပာ"
ဖုန္ခ်န္က ေအာင့္သက္သက္ နာေနေသာ လက္ေကာက္ဝတ္ကို ခါလိုက္ရင္းေျပာ၏။ က်ိဳယြင္ဟယ့္က ေခါင္းခါသည္။
"အဲ့လိုဆိုရင္ေတာ့ ဘာမွမရိွေတာ့ပါဘူး"
"မရိွေတာ့ဘူး၊ ဟုတ္လား"
ဖုန္ခ်န္က ထိုစာလႊာကို ေနာက္တစ္ေခါက္ျပန္ဖတ္ၾကည့္လိုက္သည္၊ ထို႔ေနာက္ သက္ျပင္းခ်လိုက္၏။
"ကြၽန္ေတာ္မ်ိဳး အမွန္အတိုင္းေျပာမိတာကို ေတာင္းပန္ပါရေစ။ အရွင္မင္းျမတ္ဆီကို ဒီလိုအစီရင္ခံစာမ်ိဳး သြားဆက္သလို႔ကေတာ့ စစ္သူႀကီးမင္း အျပစ္ေပးခံရမွာ ရွစ္ဆယ္ရာခိုင္ႏႈန္း ေသခ်ာတယ္"
"ဟမ္၊ ဘာကို ဆိုလိုတာလဲ"
က်ိဳယြင္ဟယ့္ မ်က္ႏွာပ်က္သြား၏။ ဖုန္ခ်န္က စိတ္ေအးလက္ေဆး ဆို၏။
"မာလ်ိဳ႕ရဲ့အျပစ္က ႀကီးမားေလးလံတယ္လို႔ ေျပာခ်င္ေျပာလို႔ရေပမယ့္ အဆင့္ျမင့္တဲ့တီထြင္မႈကို တီထြင္ႏိုင္စြမ္းရိွတယ္ဆိုတဲ့အခ်က္ကေတာ့ ျငင္းလို႔မရေပဘူး။ ဒီလိုစစ္ျဖစ္ေနတဲ့အခ်ိန္မွာ ဒီေလာက္ရွာရရွားပါးလွတဲ့ ပါရမီရွင္က အမွားလုပ္ခဲ့တယ္ပဲထား၊ စစ္သူႀကီးက်ိဳက သူ႔ကို တပ္ထဲကေန ထုတ္ပစ္လိုက္တယ္ဆိုတာ သိပ္ၿပီးေတာ့ သင့္ေလ်ာ္ေလ်ွာက္ပတ္မႈ မရိွေၾကာင္းပါခင္ဗ်ာ "
******
2021.05.05.
Thz for loving this story.
******