One and only

By reselda_

88.5K 5.1K 78

My second Gl fic. Wint Phoo Thazin ❣️ Nway Nay Chi More

Part-1 (Uni)
Part-1(Z)
Part-2(Uni)
Part-2(Z)
Part-3(Uni)
Part-3(Z)
Part-4(Uni)
Part-4(Z)
Part-5(Uni)
Part-5(Z)
Part-6(Uni)
Part-6(Z)
Part-7(Uni)
Part-7(Z)
Part-8(Uni)
Part-8(Z)
Part-9(Uni)
Part-9(Z)
Part-10(Uni)
Part-10(Z)
Part-11(Uni)
Part-11(Z)
Part-12(Uni)
Part-12(Z)
Part-13(Uni)
Part-13(Z)
Part-14(Z)
Part-15(Uni)
Part-15(Z)
Part-16(Uni)
Part-16(Z)
Part-17(Uni)
Part-17(Z)
Part-18(Uni)
Part-18(Z)
Part-19(Uni)
Part-19(Z)
Part-20(Uni)
Part-20(Z)
Part-21(Uni)
Part-21(Z)
Part-22(Uni)
Part-22(Z)
Part-23(Uni)
Part-23(Z)
Part-24(Uni)
Part-24(Z)
Part-25(Uni)
Part-25(Z)
Part-26(Uni)
Part-26(Z)
Part-27(Uni)
Part-27(Z)
Part-28(Uni)
Part-28(Z)
Part-29(Uni)👩‍❤️‍👩
Part-29(Z)👩‍❤️‍👩

Part-14(Uni)

1.4K 126 0
By reselda_

ကျောင်းစတက်ကတည်းက နှစ်ပတ်လုံးလုံး ပန်းဆီရောင်မဖလာကြီးတကားကားဖြင့် မြောက်ကြွမြောက်ကြွဖြစ်နေသည့် နွေးနေခြည်ကို ပြည့်သိင်္ဂီအမြင်ကပ်နေပါ၏။

"နင် ငါ့ကို ဘာလို့အဲ့လိုကြည့်နေတာလဲ,,ပြည့်"

"အမြင်ကပ်လို့ဟေ့,,,အမြင်ကပ်လို့ကိုကြည့်တာ"

"ငါ့ဘာသာငါအေးအေးဆေးဆေးနေတာကို ဘာလို့ နင်ကအမြင်ကပ်နေရပြန်တာလဲ"

"နင် အဲ့မာဖလာကို ဘယ်တော့မှချွတ်မယ်စိတ်ကူးထားလဲ,,,သူငယ်ချင်း"

"ဒါက ဇင်ပေးထားတဲ့ မာဖလာဖြစ်လို့ ချွတ်ဖို့စိတ်ကူးမရှိဘူး။ အိုခေ"

"အပိုတွေပြောပြန်ပြီ။အဲ့ဒါဆိုနင်က ရေချိုးလည်း ဒီမာဖလာကြီးပတ်ပြီး ရေချိုးမလို့လား"

"အဲ့ဒါကတော့ အဲ့ဒါလေ။ပြီးတေ့ာ မဖြစ်မနေချွတ်ရမယ့် အချိန်ရောက်မှ ချွတ်မှာပေါ့ဟဲ့၊ဘာလို့ နင်က အတင်းချွတ်စေချင်နေရတာလဲ"

"ဟာ,,,ငါက အတင်းချွတ်စေချင်နေတာမဟုတ်ပါဘူး။ နင်က ဒီမာဖလာကိုပတ်ထားပြီးရင် ပြီတီတီမျက်နှာထားကြီးနဲ့ အမြင်ကပ်စရာကောင်းလွန်းလို့ မေးနေတာ,,,"

"ဟိုး.ဟိုး..မှားနေပြီ သူငယ်ချင်း....ဒါကို ပြီတီတီမျက်နှာထားလို့မခေါ်ဘူး။ အချစ်တွေနဲ့ လွမ်းခြုံခံထားရလို့ ကျေနပ်ဂုဏ်ယူနေတဲ့မျက်နှာထားလို့ခေါ်တယ်။ ဟုတ်ပြီလား"

"ဘာကို ဟုတ်ပြီလားလဲ။ ငါ့ကိုများ လာပြီးတော့,,,,ဆရာကြီးလာလုပ်နေပြန်ပြီ။ ဒီမှာ နင်သိထားရမှာက ငါက နင့်ထက်ရည်းစားသုံးယောက်လောက်ထားဖူးတယ်ဆိုတာ သတိရဦး ဖရန့်"

"ဟားဟားဟား,,,အမလေး ရယ်တောင် မရယ်ချင်ဘူး"

"ဟဲ့,,,ဘာကိုမရယ်ချင်ဘူးပြောနေပြန်တာလဲ။ နင်အခုဘဲ ရယ်လိုက်တယ်မလား"

"အေး,,နင့်စကားက ဟာသဆန်လွန်းတော့ ငါမအောင့်နိုင်တော့လို့။
ဒီမှာ ဖရန့်...ယူ က ရည်းစားလေးသုံးယောက်ထားခဲ့ဖူးတာနဲ့ ဆရာကြီးဖြစ်ပြီလို့ထင်နေတာလား။ဟဟ ဆောရီးပါ။
ကိုယ်တွေက အဲ့လိုမျိုး ပေါပေါလောလော ရည်းစားထားရတာကိုစိတ်မ၀င်စားဘူး အိုခေ။ အချစ်ဆိုတာကို ဘာလဲနားလည်ပြီး တစ်ယောက်နဲ့ တစ်ယောက် တကယ်မြတ်မြတ်နိုးနိုး တန်ဖိုးထားကြတဲ့သူကမှ ဆရာကြီးတွေဆိုတာ နားလည်ထား ဖရန့်။ အဟမ့်,,,ဥပမာပေးရ မယ်ဆိုရင် ယူက ဒီလိုလက်ဆောင်မျိုးကို ယူ့ရဲ့ ရည်းစားသုံးယောက်ဆီက ရဖူးလား။ အိုး,,,အိုင်ပြောချင်တာက သူများလုပ်ထားတာကို ဆိုင်ကနေ အလွယ်တကူ၀ယ်ပြီး ချစ်အတွက်ပါ ဘာညာကွိကွဆိုပြီး လျှာရိုးမရှိ လျှောက်ပြောနေတဲ့သူတွေရဲ့ လက်ဆောင်ကိုမဟုတ်ဘူးနော်။ ကိုယ့်အတွက်ဆိုပြီး အချိန်ပေးအပင်ပန်းခံရင်းကိုယ်တိုင် လုပ်ပြီးပေးတဲ့ ရင်ထဲကလာတဲ့လက်ဆောင်ပစ္စည်းတွေကိုပြောတာနော်။ အိုင်ပြောတာကို ယူနားရောလည်ရဲ့လား။အဟင်း..နားလည်မှာလည်းမဟုတ်ပါဘူး "

"ဘာ"

ပြည့်သိင်္ဂီရဲ့ ဆူပွတ်နေသည့်ဒေါသမီးတို့က ဘယ်ဘက် လက်၀ါးပြင်ထက်၌လာစုပြီး နွေးနေခြည်ရဲ့ကျောပြင်ပေါ်သို့ ကျရောက်လာတော့၏။

"အား....နာတာဟ။ ရိုက်ချက်ကတော့ ဂျပန်သေပြီးများ ၀င်စားသလားမသိ"

"နင်က အရိုက်ခံရတာတောင် အသံထွက်နိုင်သေးတယ်ပေါ့.."

"ဒီလောက်ကတော့ စပျော့ဘဲ သမီးလေး။ကိုယ်တွေက အချစ်တွေနဲ့ ကာကွယ်ခံထားရတော့ နင်ဘယ်လောက်ရိုက်ရိုက်မတိုးဘူး"

"အေး,,,ဒီတစ်ခါတော့ နင်သေပြီဘဲ"

လျှာထုတ်ပြကာ ပြောင်ချော်ချော်လုပ်ရင်း အတန်းထဲကနေ ထွက်ပြေးသွားသည့် နွေးနေခြည်နောက် ပြည့်သိင်္ဂီလည်း ထဘီစကိုကျစ်ကျစ်ပါအောင်ဆွဲကာ ကျောကုန်းကို တဘုန်း ဘုန်းနဲ့ လိုက်ရိုက်ပါတော့သည်။

"ဟိတ်,,,ငါ့ကိုကြိုက်သလောက်ရိုက်ချင်ရိုက်။ ငါ့မာဖလာကိုတော့ လာမထိနေနဲ့ မီးပွင့်သွားမယ်"

"အံမယ်၊ထိတော့ဘာဖြစ်လဲ? အေး ကြည့်နေ နင့်မာဖလာကို တစ်နေ့ကျမှ နင်မသိ‌အောင် ယူထားပြီး မီးကိုရှို့ပစ်ဦးမယ်"

"ရှို့ရဲရင် ရှို့ကြည့်လိုက်ပေါ့ ပြည့်ရဲ့။ ငါကရော ငါရဲ့ အဖိုးတန် မာဖလာလေးကို နင့်လက်ထဲ အရောက်ခံမလားလို့ ဆုတောင်းလေ"

မာဖလာတစ်ထည်အတွက်နဲ့ ပြေးလွှားရင်း စကားစစ်ထိုးနေသည့် သူငယ်ချင်းနှစ်ယောက်ကို တချို့ကျောင်းသားတွေလည်း အထိတ်တလန့်ဖြင့် အပြင်မှာ ဘာတွေဖြစ်နေတာလဲဆိုပြီး ထွက်ကြည့်လာကြပါတယ်။

ဒါကို နွေးနေခြည်နဲ့ ပြည့်သိင်္ဂီတို့ကတော့ သတိမထားမိကြတဲ့အပြင် ငယ်ငယ်တုန်းက တစ်ယောက်နဲ့တစ်ယောက် စိန်ပြေးတမ်းကစားခဲ့ကြတုန်းက ခံစားချက်တောင် ၀င်နေကြပြီး ပျော်နေကြပါသေးတယ်။

"ပြည့်,,နင်ဆက်မလိုက်နဲ့တော့,,ငါမောနေပြီ,,ဆက်မပြေးနိုင်တော့ဘူး"

"အေး ငါလည်း မရတော့ဘူး။မောလို့ အသက်ထွက်တော့မယ်"

နောက်ဆုံးတော့ သူငယ်ချင်းနှစ်ယောက်လည်း ဘယ်လိုမှဆက်မပြေးနိုင်ကြတဲ့အဆုံး တစ်ယောက်နဲ့တစ်ယောက် အလံဖြူပြရင်း စစ်ပြေငြိမ်းလိုက်ကြပါတယ်။

"ဟဲ့,,,နေခြည် ငါအခုမှသတိရလို့ မေးရဦးမယ်။နင် ငါ့ကိုမနှစ်တုန်းက ပြောဖူးတယ်မလား။ နင်တွေ့ချင်နေတဲ့သူဆိုတာလေ"

"အင်း...ပြောဖူးတယ်၊ဘာဖြစ်လို့လဲ"

"ဘာဖြစ်ရမှာလဲ။ နင်က လူတစ်ယောက်ကိုတွေ့ချင်နေတယ်လို့ပြောတော့ အဲ့လူကို နင်စိတ်၀င်စားနေတယ်လို့ ငါထင်ထားတာလေ။ဒါပေမယ့် နင်က အခု အချောလေးကို ချစ်နေတာဆိုတော့ အဲ့လူကို နင်မတွေ့ချင်တော့ဘူးဆိုတော့ သဘောလား?"

"ငါတွေ့ချင်တဲ့လူကို ငါတွေ့ပြီးသွားပြီ ပြည့်ရဲ့"

"ဟယ်,,ဘယ်တုန်းကလဲ ? နင်ငါ့ကို ပြောလည်း ပြောမပြဘူးရော်"

"အင်း,,,အဲ့တုန်းက ငါ့မှာစဥ်းစားစရာလေးတွေရှိနေလို့ နင့်ကိုမပြောပြဖြစ်တာပါ"

"အေးပါ,,,အဲ့ဆိုလည်း နင်တွေ့ချင်တဲ့သူဆိုတာက ဘယ်သူဆိုတာ ငါ့ကိုအခုပြောပြလေ။ နင်သူနဲ့ တွေ့ပြီးပြီဆိုတော့ နာမည်တွေဘာတွေရော သိခဲ့ရပြီလား"

"အွန်း..သိခဲ့ရပြီ။ပြီးတော့ သူက နင်နဲ့လည်းသိတဲ့သူတစ်ယောက်ဘဲ"

"ဟယ်...ဘယ်သူလဲ ငါနဲ့သိတဲ့သူတစ်ယောက်ဆိုတော့။ပြောပြစမ်းပါ နင်အဲ့လိုပြောလိုက်တော့ ငါပိုပြီး‌တော့တောင် သိချင်သွားပြီ"

"ဇင်,,"

"ဟမ်"

"ဇင်လို့"

"ဟဲ့...ငါ‌မေးနေတာက နင်တွေ့ချင်နေတဲ့သူကိုမေးတာလေ။ဘယ့်နှယ်ကြောင့် အချောလေးကို တနေရပြန်တာလဲ?"

"နင်ကလည်း တော်တော်ကိုတုံးတာဘဲ ပြည့်ရာ။ အဲ့တုန်းက ငါတွေ့ချင်နေခဲ့တဲ့သူဆိုတာ ဇင့်ကိုပြောတာဟ"

"ဘယ်လို,,ဘယ်လို,,,နင်တွေ့ချင်နေခဲ့တဲ့သူဆိုတာက အချောလေးကိုပြောတာလား?ဟုတ်လား?"

"အင်း..ဟုတ်တယ်"

"နင်,,နင်ညာနေတာတော့မဟုတ်ပါဘူးနော်"

"ဟာ..ငါက နင့်ကိုဘာလို့ညာရမှာလဲ။အတည်ပြောနေတာ။"

"ဒါ,,ဒါဆို နင်က အချောလေးကို တစ်ဆောင်တည်းအခန်းဖော်ဖြစ်မှမဟုတ်ဘဲ အရင်ကတည်းက ကြိုက်နေခဲ့တာပေါ့။ဟုတ်လား နေခြည်"

"အွန်,,,ဟုတ်တယ်"

"ဟယ်,,,ငါယုံကိုမယုံနိုင်ဘူးနေခြည်ရယ်။ဒါနဲ့လေ နင်နဲ့အချောလေးနဲ့ ဘယ်လိုစတွေ့ကြတာလဲ ပြောပြစမ်းပါဦး"

"ငါ ဇင့်ကိုပထမဆုံးတွေ့ခဲ့တာက စာကြည့်တိုက်မှာ။နင်မှတ်မိသေးလား မသိဘူး။အဲ့နေ့က နင်တောင်င့ါကိုပြောသေးတယ်လေ။ သရဲတွေ့ခဲ့လို့ ဒီလိုပြာယာခတ်နေတာလားဆိုပြီးတော့လေ"

"အော်..အေး...မှတ်မိတယ်။စာမေးပွဲဖြေခါနီး နင်စာကြည့်တိုက်မှာ စာသွားကျက်မယ်ပြောတုန်းကမလား။အဲ့နေ့က စာကြည့်တိုက်ရှေ့မှာ နင်ခါးထောက်ပြီးတော့ ရပ်နေတာလေ။ဟုတ်တယ်မလား"

"နင်ပြောတာဟုတ်တယ်။အဲ့နေ့က ဇင့်ကိုငါစတွေ့တာ။အဲ့အချိန်တုန်းက အကြောင်းကို နင်နားလည်အောင် သေချာရှင်းပြရမယ်ဆိုရင်တော့ကွာ *@#$%^&*!~"

"နင်ပြောပုံအရဆို နင်က အချောလေးကို စတွေ့ကတည်းက ချစ်မိသွားတဲ့သဘောပေါ့"

"အေး..အဲ့လိုဘဲပေါ့။ဒါပေမယ့် ဇင်ကတော့ အဲ့နေ့တုန်းက ငါ့ကိုတစ်ချက်လေးမှမကြည့်ဘဲ မာဖလာဘဲထိုးနေတာဆိုတော့ အဲ့မှာ ငါရှိမှန်းတောင် ဇင် သိမှာမဟုတ်ဘူး"

"ငါလည်းအဲ့လိုဘဲထင်တယ်။ဘာဘဲဖြစ်ဖြစ်ဟယ်။ နင် ဒီလောက်လိုက်ရှာခဲ့ရပြီးတွေ့ချင်နေခဲ့ရတဲ့သူက အခုနင့်ရှေ့ ဆိုက်ဆိုက်မြိုက်မြိုက်ကြီး ရောက်လာတဲ့အပြင်နင်နဲ့တစ်ခန်းတည်းပါ အတူနေနေရတော့ နင်တော်တော်ကံကောင်းတယ်လို့ပြောရမှာပေါ့

"ဟုတ်တယ်။ အဲ့နေ့က ဇင့်ကို အဆောင်မှာတွေ့လိုက်ရတုန်းကဆို ငါအံ့သြပြီး ၀မ်းသာလွန်းလို့ ပြောမယ့်စကားတွေတောင် ဆွံအနေတာ။ဒါနဲ့ နင့်ရည်းစားနှစ်ယောက်ကိုဖြတ်တော့မယ်လို့ ပြောထားတာမလား။ဘယ်လိုလဲ အဆင်ပြေရဲ့လား။ငါလည်း အဲ့တာကိုမေးမလို့ဆိုပြီး မေးဖို့ မေ့နေတာ။နင်ကလည်း ငါ့ကို အဲ့အကြောင်းနဲ့ပတ်သက်ပြီး ဘာမှမပြောလို့လေ"

"အေး...တစ်ယောက်ကတော့အဆင်ပြေတယ်။တစ်ယောက်ကတော့ အဆင်မပြေဘူး"

"နင့်စကားက ဘယ်လိုကြီးတုန်းဟ။သေသေချာချာလည်းရှင်းပြပါဦး"

"ဒီလိုဟာ,,,ငါသူတို့ကို တကယ်မချစ်ကြောင်းပြောလိုက်တော့ ရည်းစားတစ်ယောက်က ငါရှင်းပြတာကိုလက်ခံပြီး လမ်းခွဲပေးတယ်။ဒါပေမယ့် နောက်တစ်ယောက်ကျ‌တော့ သူ့ကို မချစ်ရင် ချစ်လာအောင်လုပ်မယ်,,,လမ်းခွဲမပေးနိုင်ဘူးဘာညာနဲ့ ပြောနေတော့ ငါလည်း တော်တော်စိတ်ညစ်ဘဲဟာ"

"အေး..ရည်းစားဆိုတာက ထားရင်အလွယ်လေး...ဖြတ်ရင်တော့ လုံး၀ကိုခက်တာဟ"

"ဟုတ်တယ်။ ငါလည်း အဲ့တာကြောင့်မို့ တော်‌တော်ကိုနောင်တရနေတာ။ "

သက်ပြင်းတချချနဲ့ စိတ်ပျက်လက်ပျက်ဖြစ်နေသည့် သူငယ်ချင်းကို အားပေးတဲ့အနေနဲ့ ကျောကို ခပ်ဖွဖွပုတ်လိုက်ပေမယ့် ပြည့်သိင်္ဂီအစား နွေးနေခြည်လည်း ရင်မောနေရပြန်သည်။

.

.

"ဇင် အိပ်နေပြီလား"

"မအိပ်သေးဘူး။ နွေး ပြောစရာရှိလို့လား"

"အင်း...ပြောစရာထက် တစ်ခုလောက်မေးချင်လို့ပါ။"

"မေးလေ..နွေး"

"ငါ့ကိုလေ ဇင်က ဒီအဆောင်ကို ရောက်မှစတွေ့ဖူးတာလားဟင်"

" ဘာဖြစ်လို့လဲ။နွေးလည်း ငါ ဒီအဆောင်ပြောင်းလာမှ ငါ့ကို စတွေ့ဖူးတာမဟုတ်ဘူးလား"

"ဟုတ်တယ်လို့ ထင်ရပေမယ့် တကယ်တမ်းကျတော့ မဟုတ်ဘူး"

"ဟင်?"

"ဟို..တကယ်တော့ ငါ ဇင့်ကို အဆောင်မရောက်လာခင်ကတည်းက တွေ့ဖူးခဲ့တာ"

"ဟုတ်လား။ ဘယ်မှာတွေ့ဖူးတာလဲ"

"စာကြည့်တိုက်မှာ"

"စာကြည့်တိုက်? အင်း ငါက တစ်နေရာရာသွားလည်း ဘေးလူတွေကို‌သေချာဂရုထားပြီး မကြည့်မိတော့ ဘယ်သူတွေနဲ့ တွေ့လို့တွေ့ခဲ့မှန်းတောင် သိပ်မသိဘူးနွေးရဲ့"

"အွန်။ ဇင် အိပ်တော့လေ။ ခုနကတည်းက အိပ်ချင်နေတာမလား"

"အိပ်ချင်တာထက် အေး‌တော့ စောင်ထဲ၀င်နေချင်တာပါ။ ဒါနဲ့လေ နွေး က အဲ့မဖလာကို အရမ်း သဘောကျတာဘဲလား?"

"ဇင်ပေးထားတာမိုလို့ ပိုသဘောကျတာပါ"

"အဲ့ဒါဆိုလည်း ကျောင်းပိတ်ရင် နွေးအတွက် နောက်ထပ်မာဖလာတစ်ထည်ထိုးပေးမယ်လေ။ နွေးက ဘာအရောင်လေး လိုချင်လဲဟင်?"

"ရပါတယ် ဇင်ရယ်။ ငါ့ကြောင့်နဲ့ မျက်လုံးတွေကိုက်နေပါ့မယ်။"

"ဒါဆိုလည်း ငါတစ်ထိုင်တည်းမထိုးဘဲ ဖြည်းဖြည်းချင်းထိုးပေးမှာပေါ့"

"ဟုတ်ပါပြီရှင်။ အဲ့ဒါဆိုလည်း ဇင့်သဘောပါ"

"နွေး,,,အရမ်းအေးလာတဲ့အချိန်ကျရင်လေ ငါတို့ကုတင်တွေကို တစ်ခုနဲ့တစ်ခုကပ်လိုက်ရင် မကောင်းဘူးလား"

"ကုတင်တွေကိုကပ်မယ်?"

"အင်းလေ။ ဆောင်းတွင်းက တစ်ယောက်တည်းအိပ်တာထက် လူအများနဲ့ အိပ်ရင်ပိုနွေးတယ် လို့ပြောကြလို့လေ။ ပြီးတော့ တချို့အဆောင်နေတဲ့ သူငယ်ချင်းတွေဆို သူတို့ကုတင်တွေကို ကပ်လိုက်ပြီး သူငယ်ချင်းတွေအတူအိပ်ကြတာတဲ့။အဲ့လိုအိပ်ရင် အရမ်းနွေးတယ်ပြောတယ်"

"ဇင့်ကို ဘယ်သူကအဲ့လိုပြောလိုက်လို့လဲ"

"ငါ့အရှေ့ကခုံမှာ ထိုင်တဲ့ကောင်မလေးနှစ်ယောက်ပြောတာကြားလို့လေ"

"အော်,,,,အဲ့ဒါဆို ဇင်က ကုတင်တွေကိုအခုရွေ့ချင်လို့လား"

"အခုတော့မဟုတ်ပါဘူး။ ငါပြောတာက အရမ်းအေးလာရင်လို့ ပြောတာပါ။"

"ဒါဆိုလည်း ဇင်ရွေ့စေချင်တဲ့အချိန်ပြောနော်"

"အွန်း,,,ဂွတ်နိုက် နွေး။ငါအိပ်တော့မယ်"

"ဂွတ်နိုက် ဇင်"

*ဇင်ကတော့ ကျွန်မကို ဂွတ်နိုက်လို့ ပြောပြီးနောက် အိပ်ပျော်သွားပြီဆိုပေမယ့် ကျွန်မကတော့ မအိပ်ပျော်နိုင်သေးပါဘူး။

ကုတင်တွေကို ကပ်လိုက်မယ်တဲ့

ဇင်ပြောသလိုသာ ကုတင်တွေကိုကပ်လိုက်မယ်ဆိုရင် ဇင်နဲ့ကျွန်မက အိပ်တဲ့အချိန်တိုင်း အခုထက် ပိုနီးနီးကပ်ကပ်ဖြစ်သွားမှာမဟုတ်လား။

အဲ့လိုသာဆို ဇင့်ကို ကျွန်မအိမ် ခေါ်သွားတုန်းက ညလိုမျိုး ကျွန်မတစ်ညလုံး ရင်ခုန်ပြီးအိပ်ပျော်နိုင်တော့မှာမဟုတ်ဘူးထင်တယ်။

ဒါပေမယ့် ချမ်းလို့ဆိုတဲ့အကြောင်းပြချက်တစ်ခုနဲ့ ဇင့်ရဲ့ထွေးဖက်မှုကိုသာ နောက်တစ်ကြိမ် ပြန်လည်ခံစားခွင့်ရမယ်ဆိုရင်တော့ အိပ်ဆေးဆိုတာမလိုအပ်ဘဲ ကျွန်မ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားမှာသေချာပါတယ်။

ဒီလိုအတွေးလေးတစ်ခုနဲ့တင် ကျွန်မမှာ ရင်ခုန်စိတ်လှုပ်ရှားပြီးပျော်နေရတော့လည်း ဒီညတာအတွက် အိပ်စက်ခြင်းက လွယ်လွယ်နဲ့မရောက်လာနိုင်တော့ဘူးလေ။

Continue Reading

You'll Also Like

11.2K 354 19
*2nd book in the Shards of Glass series. Book 1 is Shards of Black Glass* After getting the job with GAC, Saira thinks her life will ease up. Unfortu...
我愛你 By .

Fanfiction

3.3K 349 3
A love song is sung for you .. .. Sung Hanbin x Zhang Hao • written in Burmese
25.4K 1.1K 25
အချစ်မှာမျက်စိမရှိဘူးချာတိတ် ကိုယ်ကမင်းဖြစ်နေလို့ကိုချစ်တာမလို့မင်းသံသယကင်းကင်းနဲ့ကိုယ့်ကိုပြန်ချစ်နိုင်တယ်😉🧡
10.2K 155 12
Did this out of boredom. Intended for female readers, but if you wanna change the gender you can. Updates aren't very consistent. I'm also not the be...