"မိနေခြည်... နင့်ကိုငါကြည့်နေတာ ရှေ့မှာ ဆရာမက စာရှင်းပြနေတာတောင် ရုပ်ကြီးက ပြုံးစိစိနဲ့။ ပြောပါဦး ခုနကစာသင်နေတဲ့အချိန် နင်ဘာကို အဲ့လောက်သဘောကျပြီး ပြုံးနေတာ လဲ"
"ပြည့်....ဇင်ကလေ ချစ်ဖို့ကောင်းတယ်မလား"
"ကောင်းတာပေါ့ဟဲ့....ဒါနဲ့ နင်က ဘာလို့အဲ့တာကိုမေးတာလဲ?"
"ဘာရယ်လို့မဟုတ်ပါဘူး။ ဒီအတိုင်းဘဲ ဇင့်အကြောင်းတွေးမိရင်း မေးမိသွားတာ"
"အို့ဟိုး...တယ်ဆိုပါလား။ နင်က စာသင်ချိန်မှာတောင် အချောလေးအကြောင်းတွေးနေတယ် ဆိုတော့....နင်တို့နှစ်ယောက်က ဘာတွေလဲ မှန်မှန်ပြောစမ်း"
"ဘာတွေရမှာလဲ...သူငယ်ချင်းတွေပေါ့ဟ"
"ဟုတ်လို့လား...မလိမ်နဲ့နော်"
" ငါက နင့်ကိုဘာလို့လိမ်ရမှာလဲ...မ..မလိမ်ပါဘူး"
"အေးပါ..ငါက စနောက်တဲ့သဘောနဲ့မေးတာကို အဲ့လောက်ကြီးဖြစ်ပျက်မနေပါနဲ့။ငါလည်း နင်တို့နှစ်ယောက်က သူငယ်ချင်းတွေဆိုတာကိုသိပါတယ်။အော်..ဒါနဲ့ ငါ နင့်ကိုပြောစရာရှိ သေးတယ်"
"အင်း..ပြောလေ။"
"ငါတို့အခန်းထဲက ဘယ်ဘက် row ရှေ့ဆုံးခုံက တစ်ယောက်ကိုတွေ့တယ်မလား?"
ပြည့်သိင်္ဂီပြတဲ့ နေရာကိုလှမ်းကြည့်လိုက်တော့ အရပ်မြင့်မြင့် အသားဖြူဖြူနဲ့ ယောကျာ်းလေး တစ်ယောက်၊ ပြောရရင် မိန်းကလေးတွေအကြိုက် ခန့်ညားတဲ့ရုပ်ရည်ရှိတဲ့ ယောကျာ်းလေးတစ်ယောက်ပါ။
"အဲ့တစ်ယောက်ကလေ အချောလေးကိုကြိုက်နေတာတဲ့။"
"ဘာ"
"ဟုတ်တယ်။သူက ငါနဲ့လိုင်းပေါ်မှာ သူငယ်ချင်းဖြစ်ထားတော့ အပြင်မှာလည်း နဲနဲရင်းနှီးတယ်။ အဲ့တာ ဟိုတစ်နေ့က သူငါ့ကိုပြောတယ်။ ကြာသပတေးနေ့ညနေကျရင် သူ အချောလေးကို ချစ်စကားပြောချင်လို့ ငါ့ကိုနဲနဲလောက်ကူညီပါတဲ့"
"ဘယ်လို..သူကဇင့်ကို ချစ်စကားပြောချင်လို့ ဟုတ်လား?..တောက်စ်"
"ဟဲ့..ဟဲ့..နင်က ဘာဖြစ်လို့ တောက်ခေါက်နေတာလဲ? ကောင်လေးတစ်ယောက်က သူကြိုက်နေတဲ့ကောင်မလေးကို ချစ်စကားပြောတာ ထုံးစံဘဲဟာကို နင်က ဘယ်လိုဖြစ်ပြီး ဒေါသတွေထွက်နေရတာလဲ နေခြည်ရဲ့"
"ကောင်လေးက ကောင်မလေးကို ချစ်စကားပြောတာ ထုံးစံဘဲဆိုပေမယ့် ဇင့်ကိုတော့ သူပြော လို့မရဘူးလေ။ပြီးတော့ သူယောကျ်ားမဟုတ်ဘူးလား။သူရည်စားစကားပြောဖို့အတွက်ကို ဘာလို့ ငါတို့က ကူညီပေးရမှာလဲ။အဓိပ္ပာယ်မရှိလိုက်တာ"
"မဟုတ်ဘူးလေ...အချောလေးက ခပ်အေးအေးသမားဆိုတော့ သူလည်းနဲနဲရှိန်နေလို့နေမှာပေါ့ဟယ်"
"ပြည့်..နင်ကဘာလဲ? နင်သူ့ကိုကြိုက်နေလို့ သူ့ဘက်ကနေ လိုက်ပြောပေးနေတာလား"
"ဟာ,,,ငါက ဘာလို့ အဲ့ကောင်ကိုကြိုက်ရမှာလဲ မကြိုက်ပါဘူး။ နင်ကသာ ဘာလို့ အဲ့တစ်ယောက်က အချောလေးကို ရည်းစာစကားပြောမှာကို ဒီလောက်ထိ အသည်းအသန် ကန့်ကွက်နေတာလဲ?"
"ကန့်ကွက်တာမဟုတ်ဘူး။ ငါက အရှိကိုအရှိအတိုင်းပြောနေတာ။ဇင်က နင်ပြောသလို ခပ်အေးအေးသမား။ အေး...သူရည်းစားထားချင်လား မထားချင်လားမသိဘဲ ငါတို့က ကူညီပေး လို့မရဘူးလေ။ ပြီးတော့ မိန်းကလေးတိုင်းက ယောကျ်ားလေးတစ်ယောက်ဆီက ရည်းစားစကားပြောခံရတိုင်း ကျိတ်ပြီး ပျော်နေကြတဲ့သူတွေမဟုတ်ဘူး။ သူတို့စိတ်ထဲမှာ ဘယ်လိုအခြေအနေရှိလဲ?ဒါကိုကြည့်ရဦးမယ်။ ကိုယ်ချစ်တဲ့သူက ပြောရင်အကြောင်းမဟုတ်ဘူး။ အခုဟာက ဇင်က သူနဲ့ မသိတဲ့လူတစ်ယောက်ဆီက ဒီလိုမျိုးအပြောခံရရင်အနှောင့်အယှက် ဖြစ်သွားမလား။ ကူညီပေးတဲ့ ငါတို့ကို စိတ်ဆိုးသွားမလား အဲ့တာကိုပါထည့်စဥ်းစားရမှာ။ သူက ကူညီပေးပါဆိုတာနဲ့ ရှေ့နောက်မစဥ်းစားဘဲ ကူညီပေးရင် ဘယ်လိုဆိုးကျိုးတွေဖြစ်နိုင်လဲဆို တာကိုငါတို့ကြိုတွေးပြီး ရှောင်သင့်ရင် ရှောင်ရမှာ ...နင် အဲ့ကောင်နဲ့ ရင်းနှီးတယ်ဆိုတိုင်း သူအကူအညီတောင်းတာကို လက်ခံနေရမှာမဟုတ်ဘူး..ပြည့်။"
ဒေါနဲ့မာန်နဲ့ပြောနေတဲ့ နွေးနေခြည်ရဲ့ရှည်လျားတဲ့ စကားတို့အဆုံးမှာတော့ ပြည့်သိင်္ဂီဟာ ငိုင်ကျသွားပြီးနောက်...
"ငါ..ငါ အဲ့တာတွေကိုထည့်မစဥ်းစားမိခဲ့ဘူး"
နွေးနေခြည်လည်း ထိုအချိန်မှ ဆူပွက်နေသည့် ဒေါသစိတ်တို့ တဖြည်းဖြည်းလျော့ကျသွား၏။
ထို့သို့လျော့သွားမှလည်း သူ့စကားတွေနဲ့ သူငယ်ချင်းဖြစ်သူကို ၀မ်းနည်းအောင် ပြောမိသလိုဖြစ်သွားမှန်းသိလိုက်တဲ့အတွက်
"ဆောရီးပါ ပြည့်..ငါ နင့်ကိုအပြစ်တင်တာမဟုတ်ပါဘူး။ ငါ့စကားတွေကြောင့် နင်စိတ်မကောင်း ဖြစ်သွားတယ်ဆိုရင် တောင်းပန်ပါတယ်"
"ရပါတယ်။ ငါနင့်ကိုစိတ်မဆိုးပါဘူး။"
"နင် တကယ်ပြောတာလား?"
"တကယ်ပါ။ ပြီးတော့ အခု ငါသိချင်နေတဲ့အရာတစ်ခုကို သိလိုက်ရတယ်"
"နင်က ဘာကို သိလိုက်ရတာလဲ"
"နင့် ရင်ထဲမှာ အချောလေးရှိတယ်မလား နေခြည်"
"ဟင်....ငါ..ငါ"
"မလိမ်ချင်စမ်းပါနဲ့ နေခြည်ရယ်။ ခုနက နင်ငါ့ကို ပြောနေတဲ့အချိန် အချောလေးကို သူငယ်ချင်းတစ်ယောက်ထက်ပိုတဲ့ စိတ်ပူမှုတွေနဲ့ ပြောနေတယ်ဆိုတာကို ငါ ရိပ်မိ ပါတယ်"
"ပြည့်,,,"
"နင်အမှန်အတိုင်းဖြေပါ။ နင် ၀င့်ဖူးသဇင်အပေါ် သူငယ်ချင်းထက်ပိုတဲ့ခံစားချက်တွေ ရှိနေတယ်မလား"
",,,,"
"နင် သတ္တိရှိစမ်းပါ...နေခြည်ရယ်....သူရဲဘောကြောင်တယ်ဆိုတာ အရာရာတိုင်းကောင်းတာမဟုတ်ဘူးနော်"
"အင်း...နင်ပြောတာမှန်တယ်။ ငါ ဇင့်အပေါ်မှာ သူငယ်ချင်းထက်ပိုတဲ့ခံစားချက်တွေရှိတယ်"
"အဲ့လိုမှပေါ့...ကဲ...ငါ နင့်ကို ဘာကူညီပေးရမလဲ..နင်ဘယ်လိုလုပ်ချင်လဲ ကြိုက်တာပြော"
"ဘာ..ဘာကို နင်ကကူညီမှာလဲ"
"နင်နဲ့ အချောလေးရဲ့ သူငယ်ချင်းအဆင့်ကနေ တစ်ဆင့်တက်ဖို့ကိုပြောတာပေါ့ဟဲ့ အရူးမရယ့်"
*ကျွန်မ အခု ပြည့်ဆီကနေ ဘယ်လိုတောင်ထူးဆန်းတဲ့စကားတွေကြားနေရတာလဲ။
အမြဲတမ်း ပေါတောတောနေပြီး အချစ်ဆိုတာကို ပီကေတစ်ခုလို စားပြီးထွေးထုတ်လိုက်ရုံနဲ့ ပြီးသွားတယ်လို့ ပေါ့ပေါ့တန်တန်တွေးနေတတ်တဲ့လူတစ်ယောက်ဆီက ဒီလိုစကားတွေကို ကြားရတာ ကျွန်မအတွက် ဘယ်လိုလုပ် မထူးဆန်းဘဲနေရမှာလဲ။ တကယ်ကိုထူးဆန်းတာပေါ့။
"နင် ငါ့ကို ဘာလို့ အဲ့လိုအကြည့်တွေနဲ့လာကြည့်နေတာလဲ?"
"နင် တကယ်ဘဲ ငါ့သူငယ်ချင်းပြည့်ရော ဟုတ်ရဲ့လား။ တစ်ယောက်ယောက်များ ၀င်ပူးပြီး ပြောနေတာလား"
"ဟာ..ပေါက်ပေါက်ရှာရှာ ဘယ်သူက ၀င်ပူးပြီးပြောရမှာလဲ။ အားရား..ဒေါ်နေခြည်မ နင်ငါ့ကို တော်တ်ောကိုအထင်သေးတာဘဲ။ အေ့ပေါ့လေ ...ငါ့ရဲ့အချစ်ရေးကို ခရုခွံအဆံချောင်လို့ တောင် တင်စားပြောခဲ့တာဆိုတော့ နင်ငါ့ကိုဘယ်လောက်အထင်ကြီးလဲ ငါတွေးကြည့်လို့ရ တာပေါ့"
"မဟုတ်ပါဘူး...ငါနင့်ကို အထင်ကြီးပါတယ်။ဒါပေမယ့် ဒီစကားလုံးတွေကို နင့်ဆီကကြားရ တာတေ့ာ နဲနဲထူးဆန်းနေလို့လေ"
"ဟုတ်ပါပြီဟယ်"
"ဒါနဲ့ လေပြည့်...ငါ ဇင့်ကိုကြိုက်နေတယ်ဆိုတာကို နင်ဘယ်တုန်းကတည်းက သိနေတာလဲ"
"နင့်ရဲ့ပုံစံက အချောလေးရှေ့ရောက်ရင် နေပူမိထားတဲ့ ရေခဲတုံးလို ဒီလောက်ပျော်ဆင်းပြီး ဂရုစိုက်တာလည်း သည်းသည်းလှုပ်ဖြစ်နေတာကို ငါက ဘယ်လိုလုပ် မသက်ာဖြစ်ဘဲနေရမှာ လဲ"
"ငါက အဲ့လောက်တောင်ဖြစ်နေလို့လား"
"ပြောရရင် အဲ့ထက်တောင်ပိုနေသေးတယ်။ အချောလေးကများ 'နွေး'လို့ တစ်ချက်မခေါ်လိုက်နဲ့ နင့်မျက်နှာကြီးက သဘောကျတဲ့မျက်နှာပေးနဲ့ ပြုံးဖြီးနေတာကို"
"နင်ကလည်း..အဲ့လောက်လည်း မဟုတ်ပါဘူး..ဟဲဟဲ"
"အမလေး..ရှက်ရမ်းရမ်းပြီး ကလေးမဟုတ် သူငယ်မဟုတ် လက်သည်းတွေကိုက်မနေနဲ့။ တော်ကြာ လက်သည်းတွေလည်းကျိုးသွားဦးမယ်"
"အေ့ပါ..ဟီးဟီး"
"တဟီးဟီးနဲ့ သွားအအေးပတ်တော့မယ်။ဒါနဲ့ နင်တို့ ခင်တာ အခုဆို သုံးလကျော် လေးလထဲ တောင်ဖြစ်နေပြီမလား...အဲ့တော့ နင်တို့ကြားထဲက အခြေအနေက ဘယ်လိုလဲ?ဘာတွေ ထူးခြားသေးလဲ"
"ဘာမှတော့မထူးခြားပါဘူး။ဒါပေမယ့် ငါကတော့ ဇင့်နားရောက်တိုင်း ရင်တွေခုန်လွန်းလို့ ဘယ်လိုလုပ်ရမှန်းကိုမသိဘူး"
"အေး..နင်က ချစ်မိနေတဲ့သူဆိုတော့လည်း အဲ့လိုတွေဖြစ်မှာပေါ့။ ဒါနဲ့ အချောလေးဘက်က ရော နင့်အပေါ်ကိုဘယ်လိုလဲ? သူ နင့်အပေါ်မှာ ခံစားချက်သေးသေးလေးလောက်တောင် ရှိတယ်လို့မခံစားမိဘူးလား"
"အမှန်အတိုင်းပြောရရင် ဇင်က ခံစားချက်တွေကို ထုတ်ပြောတတ်တဲ့သူမဟုတ်ဘူးဆိုတော့ ခန့်မှန်းကြည့်ရအောင်လည်း အရမ်းကိုခက်တယ်ဟ။ စတွေ့ကတည်းကနေ အခုချိန်ထိ ဇင်က ငါ့အပေါ်မှာ သူငယ်ချင်းတစ်ယောက်လိုမျိုးဘဲဆက်ဆံတာ။"
"အေး..အဲ့လိုဆိုတော့လည်း ခက်သားဟ။ လောကကြီးမှာ ချစ်ရင် ချစ်တယ်လို့ဖွင့်ပြောဖို့ အခက်ခဲဆုံးအခြေအနေက နင်တို့လိုမျိုး တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးတဲ့ သူငယ်ချင်းတွေဖြစ်နေတဲ့ အခြေအနေဘဲ။"
"အဲ့တော့ ငါဘယ်လိုလုပ်ရမလဲ ပြည့်..နင်စဥ်းစားမိတာတစ်ခုခုရှိလား?"
"အင်း..အရင်ဆုံး ငါတို့လုပ်ရမှာတစ်ခုတော့ရှိတယ်။"
"ငါတို့က ဘာလုပ်ရမှာလဲ? "
"နင်တို့နှစ်ယောက်လုံးက မိန်းကလေးတွေဆိုတဲ့ မိန်းကလေးအချင်းချင်းကြိုက်တဲ့ အချစ်ရေးတစ်ခုကို အချောလေးဘက်က ဘယ်လိုမြင်လဲ။လက်ခံလား။ သဘောကျလား။သဘောမကျဘူး လားဆိုတာ အရင်သိအောင်လုပ်ရမယ်"
"ဒါဆို အဲ့ဒါကို သိအောင် ငါ ဘယ်လိုလုပ်ရမလဲ ပြည့်...?"
"ဘယ်လိုလုပ်ရမလဲဆိုတော့....အိုခေ သိပြီ။ ငါ့ဖုန်းထဲမှာ yuriကားတစ်ကားရှိတယ်၊ ငါက ဇာတ်ကားဆိုရင် လိုင်းပေါ်မှာဘဲကြည့်တာ မဒေါင်းဘူး။ဒါပေမယ့် အဲ့တစ်ကားကတော့ ငါကြိုက်လို့ ဒေါင်းထားတာ။အဲ့ဇာတ်ကားကို ငါနင့်ကိုကူးပေးလိုက်မယ်။နင်တို့နှစ်ယောက် အဲ့တာကိုအတူတူကြည့်ရမယ်။ အဲ့လိုကြည့်ပြီးမှ အချောလေးက မိန်းကလေးနှစ်ယောက် ရဲ့အချစ်ပေါ် ဘယ်လိုယူဆလဲ ငါတို့သိရမှာ"
"yuri ဆိုတာဘာကြီးလဲ? မိန်းကလေးနှစ်ယောက်ကြိုက်တာကိုပြောတာလား"
"ဟာ...နင်တော်တော်အတာဘဲ။ မိန်းကလေးတစ်ယောက်ကို ကြိုက်နေပြီး yuriဆိုတာတောင် ဘာမှန်းမသိဘူးဆိုတော့...ငါတော်တော် စိတ်လေပါတယ်"
"နင်ကလည်း ငါမှအဲ့တာတွေမသိတာ ပြီးတော့ ငါက အခုမှ ရှားရှားပါးပါး ဒီတစ်ယောက် လေးကြိုက်မိတာ။ပြီးတော့ ငါကြိုက်မိတဲ့သူက မိန်းကလေးတစ်ယောက်ဖြစ်နေပေမယ့် ငါက မိန်းကလေးတိုင်းကိုလိုက်စိတ်၀င်စားနေတဲ့သူမဟုတ်ဘူး။ ဇင့် တစ်ယောက်တည်းကိုဘဲ စိတ်၀င်စားမိသွားတဲ့ဟာကို..."
"အမလေး..ဟုတ်ပါပြီဟယ်။"
"ဒါနဲ့ ငါနဲ့အတူ အဲ့ကားကြည့်ဖို့ ဇင့်ကို ငါ ဘယ်လိုပြောရမလဲ ?"
"လွယ်ပါတယ်။အဲ့တာကို ငါ့တာ၀န်သာထားလိုက်ပါ နေခြည်ရယ်"
"ငါ နင့်ကိုယုံလို့ရပါတယ်နော်..ပြည့်"
"ရာနှုန်းပြည့် သာယုံလိုက်။ နင်နောင်တမရစေရဘူး"
ယုံကြည်မှုအပြည့်နဲ့ ဆရာကြီးအထာဖမ်းကာ ပြောနေသည့် ပြည့်သိင်္ဂီကို နွေးနေခြည်လည်း အင်တင်တင်ဖြင့်ပင် ယုံကြည်လိုက်ရပါတယ်။
အပြောနဲ့လက်တွေ့ကျမလားဆိုတာကတော့ ညနေကျောင်းဆင်းမှ စောင့်ကြည့်ရသေးတာပေါ့လေ။
.
.
"ဟိတ်..အချောလေးနဲ့ နေခြည်...နင်တို့ငါ့ကိုတစ်ခုလောက်မကူညီချင်ဘူးလား"
အမလေး..အခုမှမယ်မင်းကြီးမင်းက စကားစလာပါတော့တယ်။ငါ့တာ၀န်သာထားလိုက်လို့ ပြောတဲ့သူက ကျောင်းဆင်းပြီး အဆောင်ကိုပြန်ရောက်ခါနီးအထိ ဘာစကားမှမပြောသေးဘဲ ဖုန်းကိုသာ အာရုံစိုက်ရင်း တတောက်တောက်နဲ့ စာတွေပို့နေသည်လေ။
အဲ့တာကြောင့်မို့ နွေးနေခြည်လည်း ပြည့်ကို ဘာလို့ဘာမှမပြောသေးတာလဲဆိုပြီး ဇင်မသိအောင် သတိပေးရမလားလို့တွေးရင်းဗျာများနေ တာလေ။
"ဘာကူညီပေးရမှာလဲ ပြောလေ"
"ဒီလိုလေ အချောလေးရဲ့...ငါ့ညီမလေး၀မ်းကွဲတစ်ယောက်က ငါ့ကို အဲ့ကားလေးကောင်းတယ်ဆိုပြီးပို့လာတာ။အဲ့တာကို ငါကလည်းအသစ်ထွက်ထားတဲ့ ကိုးရီးယားကားကိုကြည့်နေလို့ မကြည့်ဖြစ်ဘူး"
"အင်း.."
"အဲ့တာ သူက ငါ့ကိုကြည့်ပြီးပြီလားမေးတော့ ငါလည်း ကြည့်ပြီးပြီးလို့ လိမ်ဖြေလိုက်တာကွာ။ အဲ့တာကို သူကမယုံတော့ ငါ့ကို အဲ့ဇာတ်ကားအကြောင်းအသေးစိတ်တွေလာမေးနေလို့ ငါလည်း မကြည့်ရသေးတော့ ဘာမှမဖြေနိုင်ဘူးလေ။အဲ့တာသူက မနက်ဖြန်သူထပ်မေးလို့ မကြည့်ရသေးဘူး မဖြေနိုင်ဘူးဆိုရင် ငါ့ကိုတကယ်စိတ်ဆိုးတော့မှာလို့ပြောနေလို့လေ၊ နင်တို့မယုံရင် ဒီမှာကြည့်ကြည့်..ငါမလိမ်ဘူး"
ဘယ်တုန်းက ဘယ်သူနဲ့တိုင်ပင်ပြီးပို့ခိုင်းထားလဲမသိတဲ့ အပြည့်က သူ့ဖုန်းရဲ့ cbက ညီမလေး ဆိုသူနဲ့ ပြောထားတဲ့ စာတွေကိုပါ ထုတ်ပြနေပါတယ်။
ပြည့်သိင်္ဂီက ဒီလိုမျိုး အကွက်ကျကျသရုပ်ဆောင်နေတော့ ကျွန်မလည်း ဒီဇာတ်လမ်းကို ပြည့်နဲ့ လိုက်လျောညီထွေဖြစ်အောင် သရုပ်ဆောင်ရမှာပေါ့လေ။
"အဲ့တော့ ငါတို့က ဘလိုကူညီပေးရမှာလဲ?"
"ဒီလိုလေ နေခြည်ရဲ့ သူပို့ထားတဲ့ကားကို နင်တို့ကြည့်ပြီး ငါ့ကို ပြန်ပြောပြလေ။အဲ့တာဆို ငါလည်း သူမေးတာ နဲနဲကျဥ်းကျဥ်းလောက်တော့ ဖြေလို့ရသွားပြီပေါ့"
"နင်က ငါ့တို့ကိုကြည့်ခိုင်းရအောင် နင်ကရော တစ်ညလုံးဘာလုပ်မှာမိုလို့လဲ"
"ဟီးဟီး....ငါက ငါ့ကိုးရီးယားကားလေးကို ဆုံးအောင်ကြည့်ရဦးမယ်လေ။ နင် ငါ့အကြောင်းသိပါတယ် နေခြည်ရယ်။ ငါက ကိုးရီးယားကားကို စကြည့်မိသွားရင် ညလုံးပေါက်ပါစေ ပြီးအောင်ကြည့်တတ်တာလေ..အဲ့တာကြောင့်မို့ပါ...ကူညီပါနော်..နော်"
"မကူညီဘူးဟာ...နင့်ဘာသာနင်ဘဲကြည့်"
"နေခြည်ရယ်..နင်ကလည်း ကိုယ့်သူငယ်ချင်းအချင်းချင်း ဒီလောက်လေး ကူညီရတာကို အဲ့လောက်ကြီးတော့ သူစိမ်းမဆန်ချင်စမ်းပါနဲ့ "
"ဟုတ်ပါတယ် နွေးရယ်...ပြည့်က အရမ်းပင်ပင်ပန်းပန်းကြီး အကူအညီတောင်းတာလဲမဟုတ်ဘဲနဲ့...ဒီလောက်တော့ ငါတို့ ကူညီပေးရမှာပေါ့"
"ဟုတ်တယ်,,,အချောလေးပြောတာမှန်တယ်။ကဲ...ပြောနေကြာတယ်။ နေခြည် နင့်ဖုန်းငါ့ကို ပေး။ အဲ့ကားနင့်ကိုပို့ပေးမယ်"
"လုပ်ဟယ်..နင်ကြိုက်သလိုသာလုပ်။ ငါဘာမှမပြောတော့ဘူး"
နွေးနေခြည်က စိတ်ရှုပ်တဲ့ပုံနဲ့သာ ပြောနေပေမယ့် တကယ်တမ်းမှာတော့ သူတို့အစီအစဥ် ပထမအဆင့် အောင်မြင်သွားတဲ့အတွက် ကြိတ်ပြီး၀မ်းသာနေပါတယ်။
"ဇင်..အပြင်မှာအေးတယ်။ အဆောင်ထဲ ၀င်နှင့်ရင် ၀င်နှင့်လိုက်လေ။ ငါ ပြီးတာနဲ့ လိုက်လာခဲ့မယ်"
"အင်း..အဲ့ဒါဆို ငါ၀င်နှင့်ပြီနော်"
၀င့်ဖူးသဇင်လည်း အဆောင်ထဲ၀င်သွားရော ဇာတ်ကားကူးပေးနေဟန်ဆောင်နေတဲ့ ပြည့်သိင်္ဂီက
"ဘယ်လိုလဲ? ငါ့ကိုအထင်ကြီးသွားပြီမလား?"
"အေး...ဒီတစ်ခါတော့ ငါတကယ်ကို အထင်ကြီးသွားပြီ ပြည့်။ နင် အဲ့စာတွေကို ဘယ်သူ့ကိုပို့ခိုင်းထားတာလဲ"
"ဘယ်သူ့ကိုပို့ခိုင်းရမှာလဲ ငါ့ကိုယ်ငါဘဲပြန်ပို့တာပေါ့ဟယ်။ငါက အကောင့်နှစ်ကောင့်နဲ့လေ ဟဲဟဲ"
"၀ိုး....မိုက်တယ်။။ဒါနဲ့ အဲ့ဇာတ်ကားက နင်ငါ့ကို နေ့လည်က ကူးပေးထားတယ်မလား"
"အေး...ကူးပေးထားတယ်။တစ်ပိုင်းကို ၂၇မိနစ်စာဘဲရှိတယ် ဆယ်ပိုင်းကျော်ကျော်လောက်တော့ ရှိတယ်ထင်တယ်။ငါက ကြည့်တုန်းက အပိုင်းတွေကို ဖြတ်ညှပ်ကပ်တွေလုပ်ပြီး editပြန်လုပ်လိုက်တာ movieလိုလိုဖြစ်သွားတယ်"
"အေး အဲ့ဒါဆိုပိုအဆင်ပြေတာပေါ့။ ဘာဘဲဖြစ်ဖြစ် နင့်ကိုငါ တကယ်ကျေးဇူးတင်သွားပြီ ပြည့်"
"အေးပါဟယ်...ဒါနဲ့မနက်ကျရင် အခြေအနေဘာထူးလဲ ငါ့ကိုပြောပြဦးနော်"
"ဟုတ်ပြီ..ပြောပြမယ်..စိတ်ချ...ငါသွားတော့မယ်နော်"
"အေးအေး.ငါလည်းသွားပြီ.တာ့တာ"
"တာ့တာ"
ထိုသို့ဖြင့် သူငယ်ချင်းနှစ်ယောက်သား အချင်းချင်းနှုတ်ဆက်ပြီးနောက် နွေးနေခြည်လည်း အဆောင်ထဲသို့ပြန်၀င်လာခဲ့သည်။
.
.
"နွေး..ငါတို့ ဇာတ်ကားကြည့်ပေးရဦးမယ်မလား"
"ဟမ်..အော်...ဟုတ်သားဘဲနော်...ငါမေ့နေတာ"
အမှန်တကယ်တော့ နွေးနေခြည်မမေ့ပါ။ ပြန်ရောက်ပြီးကတည်းက ခြောက်နာရီခွဲခါနီးအထိ ဇင်က ဇာတ်ကားအကြောင်းနဲ့ပတ်သက်ပြီး ဘာမှမပြောသေးလို့ ဒီအတိုင်းငြိမ်နေတာဘဲ ရှိတာပါ။
"ဇင် ...ငါ့ကုတင်ပေါ်လာခဲ့လေ။"
"အင်း"
ဇင်က ကျွန်မကုတင်ပေါ်လာထိုင်တာနဲ့ အေးစိမ့်စိမ့်ဖြစ်နေလို့ ခြုံထားတဲ့စောင်ကို ဇင့်အပေါ်ပါ ထပ်ခြုံပေးလိုက်ရင်း ပြည့်ကူးပေးလိုက်တဲ့ဇာတ်ကားကို နှစ်ယောက်အတူ စတင်ပြီး ကြည့်ပါတော့တယ်။
စောင်အထူတစ်ထည်ကို နှစ်ယောက်အတူခြုံရင်း ဇာတ်ကားထဲမှာစိတ်နှစ်နေကြတဲ့ နွေးနေခြည်နဲ့ ၀င့်ဖူးသဇင်တို့ဟာ အပြင်မှာတိုက်ခတ်နေတဲ့ လေပြေအေးရဲ့ အချမ်းဓာတ်ကိုတော့ ဇာတ်ကားပြီးတဲ့အချိန်မှသာ သတိထားမိခဲ့ကြပါတယ်။
🌼☃️🌼☃️🌼