[လက်ဆောင်အဖြစ် ယူလာရဲသေးတယ်]
ရေပူစမ်းနန်းဆောင်က အသစ်တစ်ဖန်ပြန်လည်မွမ်းမံထားသဖြင့် ယခင်ကထက်ပိုပြီး လှပခမ်းနားလာ၏။ အမှုထမ်းငယ်များနှင့် မိန်းမစိုးများလည်း ရှောင်ထွက်သွားပေးသည်မှာ ကြာလှပေပြီ။ သွမ့်ပိုင်ယွဲ့က ချူယွမ်အား ရင်ခွင်နှင့်တစ်သားတည်းအပ်အောင် ဖက်ထားလိုက်ရင်း မေးလာ၏။
"ဒီနေရာကို ပြန်ပြီးမွမ်းမံလိုက်တာလား"
ချူယွမ်က အပေါ်ဘက်ကို မော့ကြည့်လိုက်ကာ ဖြေလာသည်။
"အင်း၊ အဘိုးမုချီလက်ရာလေ။ ရေပူစမ်းနန်းဆောင်ရဲ့ ခေါင်မိုးကို သူကိုယ်တိုင် ပြန်ပြင်ပေးထားတာ။ တစ်အချက်က ရေနွေးငွေ့တွေကို အပြင်ထုတ်ပစ်ဖို့၊ နှစ်အချက်ကတော့ ကြယ်တာရာရဲ့အလင်းရောင်တွေ ဖြာကျလာနိုင်အောင်လို့"
"ထွင်းထုထားတဲ့ ပန်းပုလက်ရာတွေက လှတာတော့လှတယ်။ ဒါပေမယ့် မိုးရွာချလိုက်ရင် ဘယ်နှယ့်လုပ်မလဲ"
"အဲ့ဒါကြောင့်ပြောတာ၊ မင်းမှာ အလှအပခံစားတတ်တဲ့စိတ်ကို မရှိတာပါဆို "
ချူယွမ်က သူ့ရင်ခွင်ထဲ မှီလိုက်ကာ လက်ချောင်းများကလည်း သွမ့်ပိုင်ယွဲ့ဆံနွယ်များကို ဆော့ကစားရင်း ဆက်ပြောလာ၏။
"သူများတွေသာဆို ဒီလိုမျိုးသီးသန့်နားနေချိန်လေးများရရင် လေပြည်သွေးသံလေး နားထောင်နေမှာ၊ ရေပူစမ်းရဲ့မျက်နှာပြင်ပေါ် မိုးရေစက်လေးတွေ ရိုက်ခတ်သွားလို့ လှိုင်းဂယက်လေးတွေ ဖြစ်သွားတာကို ရှုစားနေမှာ၊ သေရည်လေးသောက်ရင်း ရတုလင်္ကာတွေ စပ်ဆိုနေမှာ၊ စိတ်ထဲ မျှော်မှန်းတောင့်တကြတဲ့အတိုင်း တစ်ထပ်တည်းကျတဲ့ အလှတရားထဲ နစ်မြှုပ်မွေ့လျော်နေကြမှာ။ မင်းကျတော့ မိုးရေတွေ ယိုကျလာရင် ဘယ်နှယ့်လုပ်မလဲလို့ တွေးနေတာပေါ့၊ ဟုတ်လား"
"....."
လူသတ်သမားတွေပါ ရှိနေရင်ကောလို့။
ချူယွမ်၏လက်နှစ်ဖက်က သူ့လည်တိုင်အား ဖက်တွယ်ခိုစီးလာပြီး တိုးတိုးဖွဖွ နှစ်သိမ့်စကားဆိုလာ၏။
"ဒါပေမယ့် ဘာမှမဖြစ်ပါဘူးလေ၊ ကိုယ်တော် မင်းကို မငြိုငြင်ရက်ပါဘူး"
အရိုင်းတုံးကြီးဖြစ်ချင်လည်း ဖြစ်နေပလေ့စေပေါ့။ ဒီလူတစ်ယောက်တည်းပဲ ရှိတာကို၊ လက်ခံလိုက်ရုံကလွဲပြီး ဘာမှမတတ်နိုင်ဘူး။
သွမ့်ပိုင်ယွဲ့က အပြစ်ပေးလာသည့်အနေဖြင့် ချူယွမ်၏ နှုတ်ခမ်းလွှာကို လှမ်းကိုက်လိုက်သည်။ ချူယွမ်က ရယ်မောလိုက်ကာ သူ့ကို ရှောင်တိမ်းလိုက်၏။ သို့သော် ပြန်ပြီးအဆွဲခံလိုက်ရကာ ရင်ခွင်နန်းထဲ ပြန်လည်ထွေးပွေ့ခံလိုက်ရ၏။ သို့နှင့် နှစ်ယောက်သား အတန်ကြာသည့်အထိ အချင်းချင်းစနောက်ကျီစယ်နေလိုက်၊ တွန်းလိုက်ဆွဲလိုက်လုပ်နေကြရာ အတန်ကြာခါမှ ပြန်ငြိမ်သွားနိုင်တော့သည်။
သွမ့်ပိုင်ယွဲ့တစ်ယောက် ရယ်ရမလား၊ ငိုရမလားမသိတော့။ ချူယွမ့်နဖူးကို ကူပြီး နှိပ်နယ်ပေးနေရ၏။
"အဲ့ဘက်မှာ တိုင်လုံးတွေပဲရှိတာကို ဘာလို့သေချာမကြည့်တာတုန်း။ အဲ့တိုင်လုံးပေါ် ခေါင်းနဲ့ အဆောင့်ခံလိုက်ရလို့ ကျပ်မပြည့်လေးြဖစ်သွားရင် ဘယ်နှယ့်လုပ်ကြမလဲ"
"မင်းအပြစ်ပဲပေါ့"
"ဟုတ်ပ၊ သေချာပေါက် ကိုယ့်အပြစ်တွေပဲပေါ့"
မညိသို့မည်ပုံ ပြုမူပြောဆိုသင့်မှန်း သွမ့်ပိုင်ယွဲ့ကောင်းကောင်းကြီးနားလည်ပေသည်။
ချူယွမ်ဘက်က မေးလာ၏။
"အရက်သောက်ကြမလား"
"တစ်ခွက်တည်းပဲ သောက်ရမယ်။ ဒီအရက်က အရမ်းပြင်းလို့၊ အများကြီးသောက်ရင် မူးလိမ့်မယ်"
သွမ့်ပိုင်ယွဲ့က သေရည်ခွက်ကို ယူလိုက်တော့ ချူယွမ်က သူ့လက်ထဲမှ တစ်ခွက်လုံးကို သောက်သုံးလိုက်သည်။
"ဒီအရက်နာမည် ဘယ်လိုခေါ်လဲ"
"ကျီ့ရန်....။ ယွင်ကွမ်းအရက်ချက်တုန်းက သူ့ကိုပါ နည်းနည်းလောက် ချက်ဖြစ်သွားတာ။ အစတုန်းက မင်းကို လာပေးဖို့စိတ်ကူးမရှိဘူး။ မြည်းကြည့်ရုံပဲဆိုရင်တော့ ရပါတယ်"
ပြင်းရှရှသေရည်က လည်ချောင်းထဲ လှိမ့်ဝင်စီးဆင်းသွားသည်။ ထို့နောက် သိပ်မကြာလိုက်ချေ၊ ချူယွမ်တစ်ယောက် စပြီး မိန်းမောရီဝေလာကာ မျက်ဝန်းများကို မှိတ်စက်လိုက်ပြီး တစ်ဖက်လူ၏ နှလုံးခုန်သံကို နားသောတဆင်နေ၏။ ထို့နောက် လွယ်လင့်တကူ အိပ်မောကျသွားသည်။
သွမ့်ပိုင်ယွဲ့လည်း ဘေးနားကအဝတ်စကိုယူလိုက်ကာ ချူယွမ်ကို ရစ်ပတ်ထွေးပွေ့လိုက်ပြီး အိပ်ခန်းဆောင်သို့ ဂရုတစိုက် ပွေ့ချီသယ်ဆောင်လာခဲ့သည်။
"ဆက်အိပ်လိုက်ဦး"
သွမ့်ပိုင်ယွဲ့က ချူယွမ်အတွက် စောင်သေချာခြုံပေးလိုက်သည်။ ရှစ်ဇီလည်း လျို့လီမှန်ဆီမီးတိုင်တစ်ခုတည်းကိုသာ ချန်ရစ်ကာ အခြားဖယောင်းတိုင်များအား မီးလာငြိမ်းပေးလိုက်သည်။
ဘေးနားတွင် သွမ့်ပိုင်ယွဲ့ရှိနေသဖြင့် ချူယွမ်တစ်ယောက် ကြောင့်ကြမှုများကင်းဝေးနေသည်။ ထို့နောက် မွှေးရနံ့ခပ်သင်းသင်းနှင့် အနွေးဓာတ်လွှာ ခြုံလွှမ်းသော စောင်အောက်ဝယ် အိပ်မက်ကမ္ဘာထဲ နစ်မျောသွားသည်။ ဒီတစ်ခေါက်တော့ အတော်လေးကို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေခြင်းဖြစ်သည်။
သွမ့်ပိုင်ယွဲ့က သလွန်တော်ပေါ်မှ ပြန်ဆင်းလာလိုက်သည်။
******
"ရှီးနန်ဝမ်"
ရှစ်ဇီက နန်းဆောင်ရှေ့ကွင်းပြင်တွင် ရပ်ပြီးသူ့ကို စောင့်နေသည်။ ကျင်ဖန်အဆောင်မှ ထွက်လာပြီးကတည်းက ထိုနှစ်အတောအတွင်း ဘာများဖြစ်ပျက်ခဲ့သလဲဆိုသည်ကို ဝမ်ရယ်က မိမိအား လာရောက်မေးမြန်းမည်မှန်း ရှစ်ဇီသိနေသည်မို့ အနားသွားယူသေးခြင်းမရှိပေ။
"ကုန်းကုန်း ပင်ပန်းသွားပါပြီ"
"ရှီးနန်ဝမ် ချီးမွမ်းတာများသွားပါပြီ၊ ဒါတွေက ကျွန်တော်မျိုးဆောင်ရွက်ရမယ့် ဝတ္တရားတာဝန်တွေပါ"
ရှစ်ဇီက ဆက်ဆို၏။
"အဲ့ဒီလျိုကျင်တာက လျိုမျိုးရိုးထဲမှာမှ မျက်နှာသာအပေးခံရဆုံး သခင်လေးတစ်ယောက်ဖြစ်ပါတယ်။ ငယ်စဥ်ကတည်းက ခန္ဓာကိုယ်ကြံ့ခိုင်ထွားကြိုင်းတာမို့ ရှစ်နှစ်သားအရွယ်မှာတင် လျိုစံအိမ်ထဲက သိုင်းဆရာတွေအကုန်ကို အနိုင်ယူတိုက်ခိုက်နိုင်ခဲ့ပါတယ်။ ပြီးတော့ အသက်ဆယ့်ရှစ်နှစ်ပြည့်ပြီးတဲ့အချိန်မှာ ကောဝမ်ချူရှိန့်ဘေးနား အပါးတော်မြဲ သက်တော်စောင့်တစ်သွယ်၊ မိတ်ဆွေသူငယ်ချင်းသဖွယ်လည်း နေခဲ့ပါတယ်။ တစ်နှစ်မှာ နှစ်တစ်ဝက်ကျော်ကျော်လောက်က ကျင်ဖန်အဆောင်မှာပဲ လာနေနေတာပါ "
"သူ နန်းတော်ထဲဝင်လာတဲ့နောက်ပိုင်း အရှင်မင်းမြတ်ဆီ မကြာခဏ လာတတ်သလား"
"အရင်တုန်းကတော့ စိတ်ထဲ အလေးမထားခဲ့ပေမယ့် အခုသေချာပြန်တွေးကြည့်လိုက်ရင်တော့ အဲ့တစ်ယောက်က တကယ်ကိုပဲ အကြောင်းပြချက်အမျိုးမျိုးရှာပြီး အိမ်ရှေ့စံနန်းဆောင်ဆီ အလည်လာတတ်လေ့ရှိပါတယ်။ ဒါပေမယ့် အရှင်မင်းမြတ်လည်း ငယ်စဥ်ကတည်းက ခေါင်းမာတဲ့ဝသီစရိုက်ရှိတာမို့ သူ့ကိုမြင်တော်မူတာနဲ့ အမြဲရှောင်ပြေးတတ်ပါတယ်။ ဖခမည်းတော် မင်းတရားကြီးက ဆုံးမပဲ့ပြင်ခဲ့သေးပေမယ့် ဘာမှအကျိုးမထူးခဲ့ပါဘူး ၊ ဝမ်ရယ်"
လျိုကျင်တာက လျိုကျိုးဒေသသို့ အဘယ်ကြောင့် ပို့ဆောင်ခံလိုက်ရသလဲဆိုသော အကြောင်းရင်းကလည်း ချူယွမ်က အရင်ဧကရာဇ္ရှေ့ ထိုအမိန့်ချမှတ်ဖို့ ဇွဲမလျှော့စတမ်း တွန်းအားပေးခဲ့သောကြောင့်ဖြစ်သည်။ ချူရှိန့်ဘက်ကလည်း သူ့ဘက်တော်သားကို နန်းတော်ထဲ ဆက်လက်နေထိုင်နိုင်ရန် ဆွဲခေါ်ထားချင်ခဲ့သော်လည်း ၊ ဧကရာဇ်၏ ကျင်ထိုင်ခန်းဆောင်ရှေ့ မထတမ်း ဒူးထောက်ခယခဲ့သော်လည်း ဖခမည်းတော်အား ဖူးတွေ့ခွင့်ပင် မရခဲ့။ သို့နှင့် နောက်သုံးရက်အကြာ လျိုကျင်တာမှာ လျိုကျိုးဒေသသို့ ပို့ဆောင်ခံလိုက်ရလေသည်။
ထိုအချိန်မှစ၍ ချူရှိန့်က ချူယွမ်ကို ကြည့်လာတိုင်း ထိုမျက်လုံးထဲ ငြိုးတေးမုန်းတီးမှုများ ပိုမိုများပြားလာကြောင်း တွေ့နိုင်သည်။ ရံဖန်ရံခါ ထိုအကြည့်များကို ရှစ်ဇီ မြင်လိုက်ရတိုင်း စိုးရိမ်ကြောင့်ကြမိ၏။
သွမ့်ပိုင်ယွဲ့က မေးလာသည်။
"ဒီလောက်ပဲလား။ တကယ်ဆို လျိုကျင်တာကြီး လျိုကျိုးကို အပို့ခံလိုက်ရတဲ့နောက်ပိုင်း ချူရှိန့်သာ မကျေမချမ်းဖြစ်နေမယ်ဆို သူ့စရိုက်အရ ပြန်ပြီး လက်စားချေလာမှာဟုတ်ဘူးလား"
"တကယ် ဘာမှမရှိတော့တာပါ ၊ ဝမ်ရယ်။ တစ်လျှောက်လုံး ငြိမ်သက်နေခဲ့တာပါ"
ရှစ်ဇီ၏ အဖြေကို သွမ့်ပိုင်ယွဲ့ ခေါင်းတညိတ်ညိတ်လုပ်လိုက်သည်။
"ဒီလိုကိုး။ ကုန်းကုန်းကို ကျေးဇူးအများကြီးတင်ပါတယ်"
"အရှင်မင်းမြတ်က ဘယ်သူ့ကိုမှ သူ့အပေါ် လွယ်လွယ်ကူကူ ညှင်းပန်းနှိပ်စက်ခွင့် မပေးတတ်ပါဘူးခင်ဗျာ"
ရှစ်ဇီက အသံကို ထပ်နှိမ့်လိုက်ကာ ဆက်တို၏။
"ရှီးနန်ဝမ်၊ စိတ်ချပါ။ ငယ်ရွယ်စဥ်ကတည်းက အခုထက်ထိ ကောဝမ်ဘက်ကသာ အရေးနိမ့်နေခဲ့တာပါခင်ဗျာ"
သွမ့်ပိုင်ယွဲ့ ရယ်မောမိသွားလေ၏။
"ဟုတ်ပါပြီ"
******
နန်ယန်ဒေသရှိ ကျွန်းတစ်ကျွန်းပေါ်တွင်ဖြစ်သည်။
တောက်ပြောင်သားနားသော ပိုးထည်စကို ဝတ်ဆင်ထားသော ပုရိသယောက်ျားတစ်ဦးက ကျောက်ဆောင်တစ်ခုပေါ် တစ်ယောက်တည်းထိုင်နေကာ ခပ်လှမ်းလှမ်းတွင်ရှိသော ပျံ့လွင့်ခြင်းမရှိဘဲ သိပ်သည်းနေမြဲဖြစ်သည့် မြူခိုးထုအဖြူကြီးနှင့် မုန်တိုင်းတိုက်ခါနီး ရေပြင်လွှာကို ငေးကြည့်နေသည်။ အနှီယောက်ျား၏ ခန္ဓာကိုယ်မှာ ထွားကြိုင်းသန်မာ၍ မျက်နှာအသွင်အပြင်ကလည်း ချောမောခန့်ညားသည်ဟု ဆိုနိုင်ပေသည်။ သို့သော် မျက်ဝန်းများကတော့ အေးစက်ခက်ထန်နေလို့။
ထိုစဥ္ သူ့နောက်ဘက်မှ ခြေသံများကြားလိုက်ရသည်။
"ဘာတွေ ငေးကြည့်နေတာလဲ"
ချူရှိန့်က မေးလိုက်တော့ လျိုကျင်တာက လှည့်ပင်မကြည့်ဘဲ ဖြေလိုက်သည်။
"တာ့ချူ"
"သိပ်မကြာခင်မှာ မင်းနဲ့ငါလည်း အဲ့ကို ပြန်သွားရတော့မှာပါ"
"သိပ်မကြာခင် ၊ ဟုတ်လား။ မင်းရော ငါရော သူ့ကို အရှုံးပေးခဲ့ရတယ်ဆိုတာ မမေ့လိုက်နဲ့"
"မင်းနဲ့ငါမဟုတ်ဘူး၊ မင်းကပဲ သူ့ကို အရှုံးပေးခဲ့တာ"
ချူရှိန့်က အေးစက်ခက်ထန်သောအသံဖြင့် ဆက်ပြောလာ၏။
"အဲ့တုန်းကသာ မင်း သူ့ကို အသနားမပိုခဲ့ရင် သူလည်း ဒီနေ့ထက်ထိ အသက်ဆက်ရှင်နိုင်မှာမဟုတ်ဘူး"
"အခုဆိုရင်တောင် ငါ သူ့ကို သေခွင့်မပြုနိုင်ဘူး"
ချူရှိန့်က လျိုကျင့်တာနှင့် အကြည့်ချင်းဆုံစေလိုက်ကာ အေးစက်စက် ရယ်မောလိုက်သည်။ ထို့နောက် စခန်းချရာနေရာသို့ ပြန်သွားရန် လှည့်လိုက်ရင်း စကားတစ်ခွန်း ချန်ထားလိုက်သည်။
"ကြည့်ရတာ ငါ့ရဲ့ ဒီညီလေးကတော့ဖြင့် လူတွေရဲ့ အချစ်တော်လေး ဖြစ်နေတဲ့ပုံပဲ။ ဒါပေမယ့် မင်းသိထားရမှာတစ်ခုရှိတယ်၊ ပြီးမှ ငါ မင်းကို သတိမပေးခဲ့ဘူးလို့ လာမပြောနဲ့။ ဒီကမ္ဘာမြေပြင်မှာ သူ့ကို တမ်းတမ်းစွဲမျှော်မှန်းလွမ်းဆွတ်နေတာ မင်းတစ်ယောက်တည်းမဟုတ်ဘူး"
လျိုကျင်တာ၏ မျက်ဝန်းများထဲတွင် လူသတ်လိုသောအရိပ်အယောင်များ လွှမ်းသွား၏။
"ဘယ်သူရှိသေးလို့လဲ"
ကြီးမားသောလှိုင်းတံပိုးတစ်ခုက ကျောက်ဆောင်များအား အရှိန်ပြင်းစွာ ရိုက်ခတ်လာကာ ထိုအဖြေစကားအား သမုဒ္ဒရာပြင်ဆီသို့ အတူခေါ်ဆောင်သွားလေ၏။
*******
ရွက်ကြွေရာသီတွင် ရွာသွန်းလာသည့် မိုးနေ့များတွင် မနက်ဝေလီဝေလင်းအချိန်ရောက်သည်နှင့် မိုးစက်များ တပြောက်ပြောက်ကျဆင်းလာပြီဖြစ်၏။ သွမ့်ယောင်က ထီးမဆောင်းချင်သဖြင့် ကိုယ်ဖော့ပညာကိုသုံးကာ အဘိုးအိုမုချီ နေထိုင်ရာအဆောင်သို့ ထွက်ခွာသွား၏။ ထိုအခါ မနက်ပိုင်းညီလာခံတက်ရန်လာကြသော မှူးမတ်များမှာ အံ့ဩတကြီး ဖြစ်ကြကုန်သည်။
အစတုန်းကတော့ ဘယ်သူမွေးထားသော လင်းယုန်ငှက်က လွတ်ထွက်လာလို့များ ခေါင်မိုးတွေပေါ် ကျက်စားနေသလဲဟု တွေးမိကြ၏၊ မျက်တောင်တစ်ခတ်အတွင်းမှာတင် လျင်မြန်ဖျတ်လတ်စွာ ခုန်ကူးပျံသန်းသွားနိုင်သည်လေ။
"သူရဲကောင်းငယ်လေး၊ တကယ့်ကို သူရဲကောင်းငယ်လေးပဲ"
လျိုတာ့ကျုံ့က ချီးကျူးသံလွှမ်းသော အသံဖြင့် ဆိုလာတော့ ထောင်လျန်တာက လက်တို့ပြီး တားဆီးလိုက်ရ၏။
"အဲ့ဒါ ရှီးနန်စံအိမ်ကလူနော်၊ လျှောက်ပြီး အောင်သွယ်ရေး မလုပ်လိုက်နဲ့ဦး"
"ရှီးနန်စံအိမ်ဆိုတော့ရော ဘာဖြစ်လဲ။ ဒီနောက်ပိုင်း ကျွန်ုပ်တို့ရဲ့ အရှင်မင်းမြတ်ကလည်း ရှီးနန်ဝမ်နဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးရှိနေတာပဲလေ။ တစ်နေ့တစ်နေ့ စားဖိုဆောင်ကနေ ချက်လိုက်သမျှ ဟင်းတွေက အရသာချဥ္ရင်ချဥ်၊ မချဥ်ရင်တောင် စပ်စပ်လေးတွေ ။ အနံ့တွေလည်းမွှန်ထူလို့၊ မျက်လုံးတွေပါစပ်ပြီး ဖွင့်လို့တောင် မနိုင်တော့ဘူး"
"သိပ်မကြာခင်မှာ အတူတူ စစ်တိုက်ထွက်ရတော့မှာဆိုတော့ ဆက်ဆံရေးအရလည်း ပိုပြီးရင်းနှီးဖော်ရွေပြရမှာပေါ့။ နန်ယန်ဒေသ ငြိမ်းချမ်းသွားတဲ့အထိ စောင့်လိုက်ပါဦး၊ ညီလာခံသဘင်နဲ့ ရှီးနန်စံအိမ်ရဲ့ဆက်ဆံရေး ဘယ်လိုဆက်ဖြစ်မလဲဆိုတာ မသေချာဘူး"
ထောင်လျန်တာကတော့ ဆက်ငြင်းနေဆဲ။
"အင်းပါ၊ အသင်ပြောသမျှ အကုန်မှန်တယ်။ အကုန်မှန်ပါတယ်၊ ဟုတ်ပြီလား"
လျိုတာ့ကျုံ့က အင်္ကျီလက်အိတ်ထဲ လက်ထိုးထည့်ရင်း ပြောလိုက်၏။ မျက်နှာကတော့ "ရော့ ၊ တစ်ကွက်။ ခင်ဗျားကျေနပ်ရင် နားအေးတာပဲ" ဟူသောရုပ်မျိုး လုံးဝ အထင်းသားပေါ်လွင်နေ၏။
ထောင်လျန်တာက တည့်တည့်ကြီးအဆော်ခံလိုက်ရသဖြင့် ဒေါသထောင်းခနဲထွက်သွားကာ ဘက်တော်သားတစ်ယောက် ချက်ချင်းဆွဲခေါ်လိုက်သည်။
"မဟာသေနာပတိအမတ်ကြီးရော ဘယ်လိုသဘောထားရှိပါသလဲ"
ဝမ်းလျိုနျဲန်ခမျာ ဘယ်ဆိုင်က ဝက်ခြေထောက် စားလို့ကောင်းသလဲဆိုသည့်ကိစ္စကို အမတ်မင်းကျန်းနှင့် ဆွေးနွေးတိုင်ပင်နေရင်းတန်းလန်း ချက်ချင်းပင် ဆွဲခေါ်ခံလိုက်ရသည့်အတွက် တွေဝေသွား၏။
"ဘယ်အကြောင်းကိစ္စအတွက် သဘောထားလဲခင်ဗျ"
ထောင်လျန်တာက အသံနှိမ့်လိုက်ကာ ပြောလာသည်။
"အရှင်မင်းမြတ်နဲ့ ရှီးနန်ဝမ်ရဲ့ ဆက်ဆံရေး"
ဝမ်းလျိုနျဲန်ကလည်း တည်ကြည်လေးနက်သောအသွင်ဖြင့် ပြောလာ၏။
"ဧကရာဇ်နဲ့ မှူးမတ်ငယ်သား ဆက်ဆံရေးပဲ ဖြစ်မှာပေါ့"
ထောင်လျန်တာက သူ့အား အရိပ်အမြွက်ပြောလာ၏။
"အခုတော့ ဧကရာဇ်နဲ့မှူးမတ်ငယ်သားပေါ့။ နောက်ကျ ဘာဖြစ်သွားမလဲဆိုတာ ပြောရခက်ပြီလေ"
ဟုတ်သည်လေ၊ ရှီးနန်စံအိမ်က အလိုလောဘကြီးပြီး ရုန့်ရင်းကြမ်းကြုတ်မှန်း လူတိုင်းသိပြီးသား ။ နန်ယန်စစ်ပွဲမှ ပြန်လာလျှင် မည်သို့သောလှည့်ကွက်ပရိယာယ်မျိုး အသုံးပြုလာမည်မှန်း မည်သူကများ မှန်းဆနိုင်မည်လဲ။
ဝမ်းလျိုနျဲန်က စိတ်ရင်းမှလာသော စကားကို ဆို၏။
"အမတ်မင်းထောင်ပြောတာ မှန်ပါတယ်၊ ကျွန်တော်မျိုးလည်း အဲ့လိုတွေးမိပါတယ်"
နောက်ပိုင်းကျ ဘယ်လိုဖြစ်သွားမလဲဆိုတာ တကယ်ပြောရခက်တယ်။
"ကြားပြီးပြီလား၊ အမတ်မင်းဝမ်းတောင် အဲ့လိုတွေးတာပါဆို"
ထောင်လျန်တာက လျိုတာ့ကျုံ့ကို တံတောင်ဖြင့်တွတ်လိုက်သည်။ လျိုတာ့ကျုံ့လည်း ဘာမှပြိုင်မငြင်းတော့ဘဲ လှေကားရင်းတွင် ထိုင်နေလိုက်ကာ ဘာမှဆက်မပြောတော့။
ဆယ်စုနှစ်ပေါင်းများစွာ အတူတူအလုပ်လုပ်လာသောသူတွေမို့ ဒီမြေခွေးအိုကြီး တုံးအချင်လာသောအခါ ဩချရလောက်အောင် တုံးအနုံချာ တတ်ကြောင်း လျိုတာ့ကျုံ့ မသိဘဲမနေပါချေ။
******
"အဘိုး"
သွမ့်ယောင်က မိုးရေစက်များကို ခါထုတ်လိုက်ပြီး အိမ်တွင်းသို့ တံခါးတွန်းဖွင့်ပြီးဝင်သွားလိုက်သည်။ အဘိုးမုချီက သစ်သားဗျပ်စောင်းလုပ်နေရင်းတန်းလန်း သူဝင်လာသည်ကိုမြင်တော့ ပြုံးရင်း မေးလိုက်၏။
"ဘာလို့ ထီးမယူလာတာတုန်း။ မနက်စာရောစားပြီးပြီလား"
"စားလာပြီးပါပြီခင်ဗျ"
သွမ့်ယောင်က သူ့နားဝင်ထိုင်လိုက်ပြီး သစ်သားဗျပ်စောင်း၏ ကိုယ်ထည်ကို လက်ချောင်းများဖြင့် ထိကြည့်နေ၏။
"အဘိုးက ဖုန်းဝူဗျပ်စောင်း လုပ်မလို့လား"
"ဟေ၊ ဒါက ဖုန်းဝူမှန်း မင်းမြင်တတ်တယ်ပေါ့"
အဘိုးမုချီက တအံ့တဩဆို၏။
"ဒီမတိုင်ခင် ကျွန်တော် သိုင်းလောကမှာ လှည့်လည်သွားလာနေရင်း အမှုတွေလိုက်စုံစမ်းတုန်းက ဗျပ်စောင်းဆောင်တစ်ခု ရောက်သွားဖူးပါတယ်။ ဒါကြောင့် နာမည်ကြီးတဲ့ ဗျပ်စောင်း ခပ်များများလည်း မြင်ဖူးခဲ့ပါတယ်"
"မင်းရောက်ဖူးတဲ့ ဗျပ်စောင်းဆောင်က ဖေးလျိုထျင်ဆိုတဲ့ နာမည်နဲ့ဟုတ်တယ်မလား။ အခု ဒီတစ်မိုးအောက်မှာ ဖုန်းဝူဗျပ်စောင်းကို မြင်ဖူးဖို့ဆိုတာ အဲ့တစ်နေရာတည်းပဲကျန်တော့တာလေ"
သွမ့်ယောင်က ခေါင်းညိတ်ပြလိုက်၏။
"ဟုတ်၊ အဲ့ဟာကိုလည်း အဘိုး ဖန်တီးခဲ့တာလားခင်ဗျ"
"ငါမဟုတ်ဘူး၊ အဲ့နေရာမှာရှိတဲ့ ဗျပ်စောင်းတွေအကုန်လုံးက ရှေးဟောင်းအမွေအနှစ်တွေချည်းပဲ"
အဘိုးမုချီက ဖုန်းဝူဗျပ်စောင်းကို ဘေးနားချလိုက်ကာ ဆက်ဆို၏။
"ဒီနေ့တော့ ဗျပ်စောင်းမသင်တော့ဘူး၊ တခြားဟာသင်မယ်"
"ယန္တရားတွေ သင်မှာလားဟင်"
"မင်းက ယန္တရားအကြောင်း သင်ချင်တာလား"
"စကားအဖြစ် ပြောတာပါခင်ဗျာ၊ ကျွန်တော်က အဘိုး ဘာပဲသင်ပေးသင်ပေး အကုန်သင်မှာ။ နန်းတော်ထဲနေရတာ ဘာမှမှ လုပ်စရာမရှိတာ။ စားပွဲ၊ ထိုင်ခုံ၊ ကုတင် အကုန်သင်မယ်"
အဘိုးမုချီက ရယ်ချင်စိတ်ကို အောင့်ထားလိုက်ရင်းပြော၏။
"ဒါဆို ဒီနေ့ စားပွဲပုတစ်လုံးလောက် လုပ်ကြရအောင်ကွာ၊ တစ်ဆင့်ချင်း သင်သွားကြတာပေါ့"
သွမ့်ယောင်က အမြန်ပင် နာခံလိုက်ကာ အင်္ကျီလက်ကို ခေါက်တင်ပြီး တစ်ဖက်ခန်းရှိ သစ်သားများကို သွားသယ်လာသည်။ အဘိုးမုချီကလည်း သူ့ကို သစ်အမျိုးအစားခွဲခြားနည်းများ သင်ပေးလာ၏။ သို့နှင့် သတိမထားမိလိုက်ခင်မှာ တစ်ရက်တာပင် ကုန်ဆုံးသွားလေပြီ။
သွမ့်ယောင်က ဒီနေ့လက်စွမ်းပြလိုက်သော စားပွဲပုလေးကို ပိုက်ပြီးပြန်လာ၏။ စိတ်ထဲမှာလည်း မနက်ဖြန်ကျ နောက်တစ်ခုထပ်လုပ်မည်ဟု စိတ်ကူးလိုက်သည်။ ပြီးလျှင် အနီတောက်တောက်အရောင် ဆိုးပစ်မည်။ ပြီးတော့မှ မင်္ဂလာပွဲနေ့တွင် နောင်တော်နှင့် မရီးတော်ကို လက်ဆောင်ပေးရမည်။
*****
"တစ်နေ့လုံး သွားသင်လာတာလား"
ထိုအကြောင်းကို သွမ့်ပိုင်ယွဲ့ကြားတော့ ရယ်မောလိုက်ကာ ဆက်ဆို၏။
"ပုံမှန်ဆိုရင် ယောင်အာက သိပ်ပြီးဖင်မြဲတာမဟုတ်ဘူး ၊ လှုပ်စိယွထနေတာပဲ။ ဒါပေမယ့် စစ်တုရင်ကစားတတ်လာမယ် ၊ ပစ္စည်းတွေ ဖန်တီးတတ်တဲ့ လက်မှုပညာရှင်ဖြစ်လာမယ်လို့ တစ်ခါမှထင်မထားဘူး "
ချူယွမ်က ဆို၏။
"တစ်ခါတစ်လေ ယောင်အာအတွက် နောက်ထပ်ဆရာတစ်ယောက်ရဖို့ အကြောင်းဖန်လာတာလည်း ဖြစ်နိုင်တယ်။ အဘိုးမုချီက အမြဲပြောတယ်၊ တပည့်တစ်ယောက်လက်ခံဖို့ဆိုတာ သူ့ရဲ့ပါရမီစွမ်းရည်ကိုလည်း ကြည့်ရတယ်တဲ့ ၊ အတင်းအကျပ် သင်ယူခိုင်းလို့မဖြစ်ဘူးတဲ့ ။ ယောင်အာက ထက်မြက်သလို ဖြတ်ထိုးဉာဏ်လည်း အတော်ပြေးတယ်။ အပြောအဆိုလည်း ချိုသာတယ်၊ လူကြီးသူမတွေ သူ့ကိုသဘောကျနှစ်ခြိုက်ကြမှာ အသေအချာပဲ"
"ကိုယ်ပြောပါတယ်၊ အဲ့တစ္ဆေငယ်လေးကိုက ကံဇာတာကောင်းတာ။ ဒါပေမယ့် အဘိုးမုချီက အသက်ကြီးနေပြီနော် ၊ ဒီတစ်ခေါက်လည်း ကိုယ်တို့နဲ့အတူတူ ပင်လယ်ဘက် တကယ်ကြီးလိုက်သွားဦးမှာလား"
"ငါလည်း လိုကမစရာမလိုဘူးလို့ သူ့ကို ပြောဖူးပြီးပြီ။ အဘိုးကိုယ်တိုင်က မရရအောင် လိုက်သွားမယ်ချည်းပဲ ပြောနေတယ်။ မိစ္ဆာသေတ္တာရဲ့ ပုံစံကို သူ တီထွင်ရေးဆွဲခဲ့တာမို့ အဲ့ဟာတွေကို သူ့လက်နဲ့ကိုယ်တိုင် မဖျက်ဆီးရမချင်း ကျင်းထဲဆင်းသွားရရင်တောင် သူ အသေမဖြောင့်ဘူးတဲ့"
"ယောင်အာကို ချော့ပြောခိုင်းမယ်ဆိုရင်ကော"
"ချော့ခိုင်းတာကရတယ်၊ အဘိုးကပဲ နားမထောင်မှာ စိုးရတယ်။ အခုလည်း ရှောင်ကျင် ရှိနေပြီပဲ၊ အနာရောဂါသေးသေးမွှားမွှားလေးတွေလောက်ဆို စိုးရိမ်စရာမရှိတော့ပါဘူး"
ခဏလောက်ကြာတော့ ချူယွမ်က သွမ့်ပိုင်ယွဲ့ပခုံးကို ခပ်ဖွဖွ ပုတ်လိုက်ကာ ဆက်ဆို၏၏
"မင်းကမှ သတိအကြီးကြီးထားရမှာ ၊ နားလည်လား"
ဘာပဲပြောပြော ၊ သမာသမတ်ကျလွန်းတဲ့ နတ်ဆေးဆရာကြီးက မင်းကို အဆိပ်ရည်တွေနဲ့ ထပြီးပက်ချင်ပက်နေဦးမှာ။
သွမ့်ပိုင်ယွဲ့ခမျာ နားထင်ကို ဖိပြီးနှိပ်နယ်နေလိုက်ရသည်။
ဂိုဏ်းချုပ်ရှန်ကို ဘယ်လိုလက်ဆောင်မျိုးဖြင့် လာဘ်ထိုးရမည်နည်းဟု တွေးတောကြံဆနေ၏။
****
နောက်နှစ်ရက်လွန်မြောက်သွားသောအခါ သွမ့်ပိုင်ယွဲ့က စစ်သည်အင်အားတစ်စုကို ဦးဆောင်ပြီး ရွှေမြို့တော်မှထွက်ခွာကာ ရှီးနန်သို့ ဦးတည်ချီတက်သွားသည်။
သွမ့်ယောင်ကတော့ နန်းတော်ထဲတွင် ကျန်ရစ်နေခဲ့ကာ မရီးတော်နှင့်အတူတူ တောင်ဘက်စုန်ဆင်းမည့် အချိန်အခါကိုစောင့်နေရင်း အဘိုးမုချီဆီမှ သစ်သားပရိဘောဂလုပ်နည်းအတတ်ပညာကို သင်ယူနေခဲ့လေသည်။
****
နောက်တစ်လကြာသော် ချူယွမ်ကိုယ်တိုင် တပ်သားများကို ဦးဆောင်ကာ နန်ယန်ဒေသသို့ စုန်ဆင်းသွားလေ၏။
တပ်မကြီး၏ ရာထူးအကြီးဆုံးခေါင်းဆောင်မှာ ရွှဲဟွိုင်ယွဲ့ဟု အမည်တွင်သည်။ စစ်သူကြီးရှန်နှင့် မတိမ်းမယိမ်း ဂုဏ်အင်သတင်းကျော်ဇောလှသော တာ့ချူ၏ကျားရိုင်းတစ်ကောင်နှင့်ပုံပမာတူသည့် စစ်သူကြီးတစ်ဦးဖြစ်ပေသည်။ အသက်နှစ်ဆယ်ကျော်စွန်းလာရုံသာရှိသေးသော်လည်း ကျေနပပ်အားရဖွယ်ကောင်းလှသော စစ်ပွဲအောင်မြင်မှုများကို ဆောင်ကြဥ်းလာခဲ့သူဖြစ်သည်။ လွန်ခဲ့သောနှစ်တုန်းကမှ ချူယွမ်က သူ့ကို ပေဟိုင်ဒေသမှ ပြန်လည်ဆင့်ခေါ်လာလိုက်ခြင်းဖြစ်သည်။
"ဒီတစ်ခေါက်တော့ တကယ်ကြီးပဲ စစ်သူကြီးရှန်မဟုတ်တော့ဘူးလား"
ညီလာခံသဘင်တွင် တစ်စုံတစ်ယောက်က ညည်းတွားလာ၏။ ဘေးနားက တစ်ယောက်က ပြောလာသည်။
"တာ့ချူရဲ့ စစ်သူကြီးရှန်ဆိုတာ တစ်မိုးအောက်မှာ တစ်ယောက်တည်းပဲရှိတာကွဲ့။ အနောက်မြောက်ရှီးပေ၊ အရှေ့မြောက်တုန်းပေ ၊ အရှေ့ပင်လယ်တုန်းဟိုင် ၊ ဒီစစ်ပွဲတွေအကုန်လုံး သူချည်းပဲ ဦးဆောင်တိုက်ခိုက်ခဲ့တာရတာ အနားယူခွင့်တောင်မရတော့ဘဲနေမယ်။ စစ်သူကြီးရွှဲက မျိုးရိုးဇာတိအားဖြင့် စစ်သူကြီးရှန် သိပ်မကောင်းဘူးဆိုပေမယ့် စစ်ချီစစ်တက်ရာမှာ သူ့ကို ဘယ်သူမှ လာယှဥ္လို့မရဘူး။ သူရော စစ်သူကြီးရှန်ရောက ဘယ်စစ်ပွဲမှာမှ မရှုံးနိမ့်ဖူးတာချင်း တူတယ်လေ"
ထောင်လျန်တာနှင့် လျိုတာ့ကျုံ့ကတော့ ထုံးစံအတိုင်း ဌာပနာမုန့်ကြော်ကို ထိုင်စားနေသည်။
ကျင့်ယန်လမ်းမကြီးထက် ချီတက်သွားသော တာ့ချူတပ်မတော်ကို လိုက်လံနှုတ်ဆက်ပို့ဆောင်နေသော မြို့သူမြို့သားများက လူစုခွဲခွာသွားပြီမို့ လမ်းမကြီးထက် ရှုပ်ပွနေလျက်ရှိသည်။
လျိုတာ့ကျုံ့က မေးလာ၏။
"ထမင်းဟင်းကောင်းကောင်းလေးတစ်ပွဲလောက် စားကြမလား"
"အရှင်မင်းမြတ် စစ်ချီသွားတော်မူတော့မှာကို အသင်ကဖြင့် စားဖို့သောက်ဖို့ချည်းပဲ တွေးနေလိုက်"
"ဒီတစ်ခေါက်စစ်ပွဲမှာ တာ့ချူအနိုင်ရဖို့ သေချာတယ်လေ။ ဒါကြောင့် ကြိုတင်ပြီး အောင်ပွဲခံတာလို့ ပြောလို့တောင်ရတယ်"
လျိုတာ့ကျုံ့က ကြေးနီပြားများကို ရေတွက်လိုက်ကာ ဌာပနာမုန့်ကြော်ဆိုင်ရှင် ဦးလေးကြီးကို လှမ်းပေးလိုက်သည်။ အသားကို ပုံမှန်ထက် သုံးဆထည့်သွပ်ပေးရန်ပါ မှာပြီးနောက် စကားကိုပြန်ဆက်၏။
"အရှင်မင်းမြတ်ကိုယ်တော်တိုင် စစ်ချီတော်မူနေတယ်၊ စစ်သူကြီးရွှဲကလည်း စစ်ချီတက်တိုင်း အရေးနိမ့်ဖူးတာမျိုး မရှိဖူးဘူး။ ရှီးနန်စံအိမ်တော်နဲ့ ခေါင်းဆောင်ကျောက်တို့ရဲ့ သိုင်းစွမ်းရည်ကလည်း ပြိုင်စံရှားထူးချွန်လွန်းလှတယ်။ ဒါ့အပြင် ဂိုဏ်းချုပ်ရှန်က တစ်မိုးအောက်မှာ ပထမ - "
"ခုလက်ရှိအချိန် သိုင်းလောကရဲ့ ပထမ၊ အတော်ဆုံးလူက ကျွေ့ယင်နန်းရဲ့ဂိုဏ်းချုပ်ပဲဖြစ်တယ်"
ထောင်လျန်တာ ချက်ချင်း ချေပလိုက်သည်။
တွေ့လား၊ ယုံတမ်းပုံပြင်အမျိုးမျိုးကို ဖတ်ရှုလေ့လာခြင်းရဲ့ အကျိုးကျေးဇူးတွေပဲ။
"အင်းပါ၊ အင်းပါ။ အသင်ပြောတဲ့လူပါပဲ။ ပြီးတော့ မင်းသား(၉)ရော ရှီးနန်ရဲ့သွမ့်ရှောင်ဝမ်ရယ်ပါ ရှိသေးတယ်လေ။ ဒီစစ်ပွဲမှာ အရေးနိမ့်တယ်ဆိုတာကမှ ထူးဆန်းနေမှာ"
လျိုတာ့ကျုံ့က ပဲသီးစိမ်းပြုတ်ကို စားလိုက်ကာ ဆက်ဆို၏။
"ဒါတောင် အမတ်မင်းဝမ်းကို ထည့်မပြောသေးဘူးနော်။ သူ့ရဲ့ နှုတ်ရေးစွမ်းရည် ဘယ်လောက်ထက်သလဲဆိုတာ အသင် မကြုံဖူးတာလည်း မဟုတ်"
ကြည့်ရတာ နှစ်ဖက်စစ်သည်တွေ ထိပ်တိုက်တွေ့ကြရင် စစ်တိုက်နေစရာတောင်မလိုဘူး၊ သူ့ကိုသာလွှတ်ပြီး နှုတ်ရေးစွမ်းရည်နဲ့ ပြောဆိုဖျန်ဖြေခိုင်းလိုက်ရင် သူပုန်တပ်တွေကတောင် တာ့ချူဘက်ထဲ ဘက်ပြောင်းလာလောက်မယ်ထင်ရတယ်။
*****
"ဟတ်ချိုး !!!!! "
မြင်းရထားပေါ် စီးနင်းလိုက်ပါလာသော ဝမ်းလျိုနျဲန်မှာ နှာချေသွားသည်။
ချူယွမ်က သူ့အတွက် လက်ဖက်ရည်တစ်ခွက် လှမ်းပေးလိုက်၏။
"အအေးမိရာကနေ တကယ်သက်သာသွားတာရော ဟုတ်လို့လား"
"မှန်ပါ့၊ ကျွန်တော်မျိုး ဘာမှမဖြစ်တော့ပါဘူးဘုရား"
ဝမ်းလျိုနျဲန်က နှပ်ရည်များကို သုတ်လိုက်သည်။ သူက စာဂျပိုးတစ်ယောက်မို့ ခန္ဓာကိုယ်က ချည့်နဲ့အားနည်းလွယ်သည်။ အစားဘယ်လောက်ပဲကြီးကြီး သိုင်းသမားတစ်ယောက်၏ ခန္ဓာကိုယ်နှင့် တုနှိုင်းယှဥ်ပြိုင်လို့ မရ။ ထို့ကြောင့် မြို့တော်မှ ထွက်ခွာလာပြီးမကြာခင်မှာတင် နာမကျန်းဖြစ်တော့လေသည်။ တစ်လကျော်သွားခါမှ ခက်ခဲပင်ပန်းစွာ နလန်ပြန်ထူလာနိုင်ခဲ့သည်။
*******
သွမ့်ယောင်က တောတွင်းမှရသောသစ်သီးတစ်လုံးကို ပါးစပ်ထဲ ကိုက်ထားသည်။ ထို့နောက် လက်တစ်ဖက်တည်းဖြင့် သစ်ပင်ကြီးတစ်ပင်ပေါ်တက်ကာ အသိုက်မှပြုတ်ကျလာသော ငှက်ပေါက်လေးတစ်ကောင်ကို သူတို့၏အသိုက်အမြုံထဲ ဂရုတစိုက် ပြန်သွားထားပေးနေ၏။
ယဲ့ကျင်ကတော့ အပင်အောက်တွင်ရှိနေကာ ထိုငှက်သိုက်ကို ဘယ်လိုပြန်ဖာထေးဖို့ ၊ မေမေငှက်မကြီးအတွက် ရိက္ခာအဖြစ် သေခါနီးပိုးကောင်လေးများကို ချန်ထားပေးခဲ့ဖို့ လှမ်းမှာနေ၏။
သို့နှင့် သစ်ပင်အောက်တွင် ရပ်ပြီး မိခင်ငှက်မကြီးပြန်အလာကို ရပ်စောင့်နေကြသော ထိုနှစ်ယောက်ကို မြင်တော့ မြင်းလှည်းခေါင်မိုးပေါ်တက်ပြီး နေပူစာလှုံနေသည့် အဘိုးမုချီမှာတဟားဟားရယ်မောမိသည်။
တကယ်ကို ကလေးလေးတွေ ကျနေတာပဲ။
******
ဗိုလ်ခြေအင်အား သိန်းသောင်းမက များပြားသော စစ်ကြောင်းမို့ လျင်မြန်စွာ ချီတက်၍မရ။ ထို့ကြောင့် မျက်စိတစ်မှိတ်အတွင်းမှာပင် တစ်နှစ်တာအချိန်ကုန်ဆုံးသွားကာ ယခုမှာတော့ ကျန့်ဆွီမြို့သို့ ဆိုက်ရောက်လာပြီဖြစ်သည်။
ညချမ်းတစ်ခုဝယ်။
ရှန်ချန်းဖုန်းက ဆိုလာ၏။
"အနောက်ဘက်အရပ်ကို နည်းနည်းလောက်ဆက်သွားလိုက်ရုံနဲ့ ဆူကျုံးစီရင်စုထဲ ရောက်ပြီ။ ဒါပေမယ့် အချိန်မရတာ နှမြောစရာပဲ ၊ မဟုတ်ရင် ရှောက်ယွီနဲ့ လင်အာဆီ သွားလည်လို့ရဦးမှာ "
ယဲ့ကျင်က မီးပုံဘေးနားထိုင်နေလျက်ရှိကာ မြေပြင်ပေါ်တွင် ဝဝကစ်ကစ် ဇာမဏီငှက်ပေါက်လေး၏ပုံကို သစ်ကိုင်းခြောက်တစ်ချောင်းနှင့် ရေးဆွဲနေ၏။
"ကျလိ!!!"
အဲ....သူ့ခေါင်းပေါ်ကနေ အသံတစ်ခု ထွက်လာသည့်ပုံပင်။
ယဲ့ကျင်က စူးစမ်းလိုသောစိတ်ဖြင့် မျက်မှောင်ကြုတ်သွားကာ ချက်ချင်းပင် အပေါ်မော့ကြည့်လိုက်သည်။
ထိုအခါ ရွှေဝါရောင်အဆင်းရှိ အမွေးဖွားဖွား ၀ဝကစ်ကစ် အလုံးလေးတစ်လုံးက မိုးပေါ်မှ ပြုတ်ကျလာ၏။ သူ့အတောင်ပံလေးကိုလည်း ဖြန့်ကားထားလို့။
" ကျလိ!!!! "
ပေါက်စလေး မိုးပေါ်မှ ပြုတ်ကျလာသည်ကိုမြင်တော့ ယဲ့ကျင်မျက်လုံးများ ပြာဝေသွားသည်။
"ဂိုဏ်းချုပ်ချင် ရောက်လာတာလား?"
ဝမ်းလျိုနျဲန်က လွန်စွာမှ ဝမ်းသာသွားသောဟန်ဖြင့် ဆိုလာ၏။
တစ်ဖက်တောစပ်မှ ခြေသံများ ခပ်သဲ့သဲ့ကြားနေရသည်။ ထို့နောက် အနက်ရောင်ဝတ်စုံများ ဝတ်ဆင်ထားသော အဖွဲ့တစ်ဖွဲ့ ထွက်လာ၏။ ခိုးသားဓားပြများနှင့် အတော်ဆင်တူပေသည်။
"အရှင်မင်းမြတ်ကို ဂါရဝပြုပါတယ်!!!!"
ရောက်လာသောသူများက သံပြိုင်ဟစ်ကြွေးကာ နှုတ်ခွန်းဆက်သလာ၏။ ကြည့်လိုက်ရုံနှင့် ဘယ်နှစ်ခါမှန်းမသိ အတော်လေး ကြိုးစားပမ်းစား ဇာတ်တိုက်ခဲ့ကြရဟန်တူသည်။ သူတို့၏ ရိုးသားသောစိတ်ရင်းအခံကို တွေ့မြင်နိုင်ပေ၏။
ယဲ့ကျင်က ရပ်လိုက်ကာ မေးလာသည်။
"ဘာလို့ မင်းတို့ချည်းပဲလဲ။ ရှောက်ယွီရော "
အမွေးလုံးလေးက ယဲ့ကျင်ပခုံးပေါ် ကုပ်တွယ်ထားလျက်၊ နှမ်းစေ့လေးလို မည်းနက်နေသည့် ၎င်း၏ မျက်လုံးများက ရွှန်းရွှန်းလဲ့လဲ့ ဝင်းဝင်းလက်လက်လေးဖြစ်နေပေ၏။
"တောင်သခင်ယဲ့ကို ဖြေကြားပါတယ်၊ ကျွန်တော်မျိုးတို့ရဲ့ ဂိုဏ်းချုပ်နဲ့ သခင်လေးက အလုပ်ကိစ္စရှိလို့ ရှီးရွှမ်းကို သွားနေပါတယ်။ ဒါပေမယ့် ထွက်မသွားခင်မှာတော့ အရှင်မင်းမြတ်ကို ဧရာမလက်ဆောင်ပဏ္ဏာကြီးတစ်ခု ဆက်သဖို့ ကျွန်တော်မျိုးတို့ကို နေရစ်စေခဲ့ပါတယ်"
ကျွေ့ယင်တပ်သားတစ်ဦး၏ အဖြေကြောင့် ချူယွမ် ရယ်မောမိသွား၏။
"ဧရာမလက်ဆောင်ကြီးတဲ့လား၊ ဘာပစ္စည်းများလဲ"
ကျွေ့ယင်တပ်သားများက တောတွင်းတစ်နေရာမှ လူတစ်ယောက်ကို ဒရွတ်တိုက်ဆွဲလာလိုက်သည်၊ ထို့နောက် လည်ပင်းထိစွပ်ထားသော အဝတ်နက်ကို ဖယ်ရှားလိုက်သည်။
.
.
.
.
ယဲ့ကျင်က အနားတိုးသွားကာ သေချာကြည့်လိုက်၏။ သို့သော် နားမလည်နိုင်စွာ မေးလာ၏။
"ဒါ ဘယ်သူလဲ"
အချင်းချင်း ဘယ်သူမှန်းတောင် မသိကြတဲ့လူကို ဘယ်လိုလုပ်ပြီး လက်ဆောင်အဖြစ် ဆက်သရသလဲ။ ဒီလိုကိစ္စမျိုးက ဖြစ်ရောဖြစ်သင့်ရဲ့လားဟမ်။
ချူယွမ်လည်း အနားတိုးသွားပြီး ကြည့်လိုက်သည်။ ထိုအခါ မျက်လုံးများမှိတ်ထားကာ သေသလားရှင်သလားမသဲကွဲသည့် သွေးများရွှဲရွှဲစိုနေသော လူတစ်ယောက်ကို တွေ့လိုက်ရသည်။ မွေးသဖခင် ကျေးဇူးရှင်ကိုယ်တိုင်ကတောင် သူ့သားမှန်း မှတ်မိမည်မဟုတ်လောက်သော ပုံစံကြီးဖြစ်သည်။
ကျွေ့ယင်တပ်သားတစ်ဦးက ရှင်းပြလာ၏။
"နာ့ရှီးရှစ်ပါခင်ဗျာ"
******
2021.04.04. 💜💛
*****
အခန္း - ၁၂၀ (ေတာင္အရပ္သို႔ စုန္ဆင္းျခင္း)
[လက္ေဆာင္အျဖစ္ ယူလာရဲေသးတယ္]
ေရပူစမ္းနန္းေဆာင္က အသစ္တစ္ဖန္ျပန္လည္မြမ္းမံထားသျဖင့္ ယခင္ကထက္ပိုၿပီး လွပခမ္းနားလာ၏။ အမႈထမ္းငယ္မ်ားႏွင့္ မိန္းမစိုးမ်ားလည္း ေရွာင္ထြက္သြားေပးသည္မွာ ၾကာလွေပၿပီ။ သြမ့္ပိုင္ယြဲ႔က ခ်ူယြမ္အား ရင္ခြင္ႏွင့္တစ္သားတည္းအပ္ေအာင္ ဖက္ထားလိုက္ရင္း ေမးလာ၏။
"ဒီေနရာကို ျပန္ၿပီးမြမ္းမံလိုက္တာလား"
ခ်ူယြမ္က အေပၚဘက္ကို ေမာ့ၾကည့္လိုက္ကာ ေျဖလာသည္။
"အင္း၊ အဘိုးမုခ်ီလက္ရာေလ။ ေရပူစမ္းနန္းေဆာင္ရဲ့ ေခါင္မိုးကို သူကိုယ္တိုင္ ျပန္ျပင္ေပးထားတာ။ တစ္အခ်က္က ေရႏြေးေငြ့ေတြကို အျပင္ထုတ္ပစ္ဖို႔၊ ႏွစ္အခ်က္ကေတာ့ ၾကယ္တာရာရဲ့အလင္းေရာင္ေတြ ျဖာက်လာႏိုင္ေအာင္လို႔"
"ထြင္းထုထားတဲ့ ပန္းပုလက္ရာေတြက လွတာေတာ့လွတယ္။ ဒါေပမယ့္ မိုးရြာခ်လိုက္ရင္ ဘယ္ႏွယ့္လုပ္မလဲ"
"အဲ့ဒါေၾကာင့္ေျပာတာ၊ မင္းမွာ အလွအပခံစားတတ္တဲ့စိတ္ကို မရိွတာပါဆို "
ခ်ူယြမ္က သူ႔ရင္ခြင္ထဲ မွီလိုက္ကာ လက္ေခ်ာင္းမ်ားကလည္း သြမ့္ပိုင္ယြဲ႔ဆံႏြယ္မ်ားကို ေဆာ့ကစားရင္း ဆက္ေျပာလာ၏။
"သူမ်ားေတြသာဆို ဒီလိုမ်ိဳးသီးသန္႔နားေနခ်ိန္ေလးမ်ားရရင္ ေလျပည္ေသြးသံေလး နားေထာင္ေနမွာ၊ ေရပူစမ္းရဲ့မ်က္ႏွာျပင္ေပၚ မိုးေရစက္ေလးေတြ ရိုက္ခတ္သြားလို႔ လိႈင္းဂယက္ေလးေတြ ျဖစ္သြားတာကို ရႈစားေနမွာ၊ ေသရည္ေလးေသာက္ရင္း ရတုလကၤာေတြ စပ္ဆိုေနမွာ၊ စိတ္ထဲ ေမ်ွာ္မွန္းေတာင့္တၾကတဲ့အတိုင္း တစ္ထပ္တည္းက်တဲ့ အလွတရားထဲ နစ္ျမႇဳပ္ေမြ့ေလ်ာ္ေနၾကမွာ။ မင္းက်ေတာ့ မိုးေရေတြ ယိုက်လာရင္ ဘယ္ႏွယ့္လုပ္မလဲလို႔ ေတြးေနတာေပါ့၊ ဟုတ္လား"
"....."
လူသတ္သမားေတြပါ ရိွေနရင္ေကာလို႔။
ခ်ူယြမ္၏လက္ႏွစ္ဖက္က သူ႔လည္တိုင္အား ဖက္တြယ္ခိုစီးလာၿပီး တိုးတိုးဖြဖြ ႏွစ္သိမ့္စကားဆိုလာ၏။
"ဒါေပမယ့္ ဘာမွမျဖစ္ပါဘူးေလ၊ ကိုယ္ေတာ္ မင္းကို မၿငိဳျငင္ရက္ပါဘူး"
အရိုင္းတံုးႀကီးျဖစ္ခ်င္လည္း ျဖစ္ေနပေလ့ေစေပါ့။ ဒီလူတစ္ေယာက္တည္းပဲ ရိွတာကို၊ လက္ခံလိုက္ရံုကလြဲၿပီး ဘာမွမတတ္ႏိုင္ဘူး။
သြမ့္ပိုင္ယြဲ႔က အျပစ္ေပးလာသည့္အေနျဖင့္ ခ်ူယြမ္၏ ႏႈတ္ခမ္းလႊာကို လွမ္းကိုက္လိုက္သည္။ ခ်ူယြမ္က ရယ္ေမာလိုက္ကာ သူ႔ကို ေရွာင္တိမ္းလိုက္၏။ သို႔ေသာ္ ျပန္ၿပီးအဆြဲခံလိုက္ရကာ ရင္ခြင္နန္းထဲ ျပန္လည္ေထြးေပြ့ခံလိုက္ရ၏။ သို႔ႏွင့္ ႏွစ္ေယာက္သား အတန္ၾကာသည့္အထိ အခ်င္းခ်င္းစေနာက္က်ီစယ္ေနလိုက္၊ တြန္းလိုက္ဆြဲလိုက္လုပ္ေနၾကရာ အတန္ၾကာခါမွ ျပန္ၿငိမ္သြားႏိုင္ေတာ့သည္။
သြမ့္ပိုင္ယြဲ႔တစ္ေယာက္ ရယ္ရမလား၊ ငိုရမလားမသိေတာ့။ ခ်ူယြမ့္နဖူးကို ကူၿပီး ႏိွပ္နယ္ေပးေနရ၏။
"အဲ့ဘက္မွာ တိုင္လံုးေတြပဲရိွတာကို ဘာလို႔ေသခ်ာမၾကည့္တာတုန္း။ အဲ့တိုင္လံုးေပၚ ေခါင္းနဲ႔ အေဆာင့္ခံလိုက္ရလို႔ က်ပ္မျပည့္ေလးျဖစ္သြားရင္ ဘယ္ႏွယ့္လုပ္ၾကမလဲ"
"မင္းအျပစ္ပဲေပါ့"
"ဟုတ္ပ၊ ေသခ်ာေပါက္ ကိုယ့္အျပစ္ေတြပဲေပါ့"
မညိသို႔မည္ပံု ျပဳမူေျပာဆိုသင့္မွန္း သြမ့္ပိုင္ယြဲ႔ေကာင္းေကာင္းႀကီးနားလည္ေပသည္။
ခ်ူယြမ္ဘက္က ေမးလာ၏။
"အရက္ေသာက္ၾကမလား"
"တစ္ခြက္တည္းပဲ ေသာက္ရမယ္။ ဒီအရက္က အရမ္းျပင္းလို႔၊ အမ်ားႀကီးေသာက္ရင္ မူးလိမ့္မယ္"
သြမ့္ပိုင္ယြဲ႔က ေသရည္ခြက္ကို ယူလိုက္ေတာ့ ခ်ူယြမ္က သူ႔လက္ထဲမွ တစ္ခြက္လံုးကို ေသာက္သံုးလိုက္သည္။
"ဒီအရက္နာမည္ ဘယ္လိုေခၚလဲ"
"က်ီ့ရန္....။ ယြင္ကြမ္းအရက္ခ်က္တုန္းက သူ႔ကိုပါ နည္းနည္းေလာက္ ခ်က္ျဖစ္သြားတာ။ အစတုန္းက မင္းကို လာေပးဖို႔စိတ္ကူးမရိွဘူး။ ျမည္းၾကည့္ရံုပဲဆိုရင္ေတာ့ ရပါတယ္"
ျပင္းရွရွေသရည္က လည္ေခ်ာင္းထဲ လိွမ့္ဝင္စီးဆင္းသြားသည္။ ထို႔ေနာက္ သိပ္မၾကာလိုက္ေခ်၊ ခ်ူယြမ္တစ္ေယာက္ စၿပီး မိန္းေမာရီေဝလာကာ မ်က္ဝန္းမ်ားကို မိွတ္စက္လိုက္ၿပီး တစ္ဖက္လူ၏ ႏွလံုးခုန္သံကို နားေသာတဆင္ေန၏။ ထို႔ေနာက္ လြယ္လင့္တကူ အိပ္ေမာက်သြားသည္။
သြမ့္ပိုင္ယြဲ႔လည္း ေဘးနားကအဝတ္စကိုယူလိုက္ကာ ခ်ူယြမ္ကို ရစ္ပတ္ေထြးေပြ့လိုက္ၿပီး အိပ္ခန္းေဆာင္သို႔ ဂရုတစိုက္ ေပြ့ခ်ီသယ္ေဆာင္လာခဲ့သည္။
"ဆက္အိပ္လိုက္ၪီး"
သြမ့္ပိုင္ယြဲ႔က ခ်ူယြမ္အတြက္ ေစာင္ေသခ်ာၿခံဳေပးလိုက္သည္။ ရွစ္ဇီလည္း လ်ိဳ႕လီမွန္ဆီမီးတိုင္တစ္ခုတည္းကိုသာ ခ်န္ရစ္ကာ အျခားဖေယာင္းတိုင္မ်ားအား မီးလာၿငိမ္းေပးလိုက္သည္။
ေဘးနားတြင္ သြမ့္ပိုင္ယြဲ႔ရိွေနသျဖင့္ ခ်ူယြမ္တစ္ေယာက္ ေၾကာင့္ၾကမႈမ်ားကင္းေဝးေနသည္။ ထို႔ေနာက္ ေမႊးရနံ႔ခပ္သင္းသင္းႏွင့္ အေနြးဓာတ္လႊာ ၿခံဳလႊမ္းေသာ ေစာင္ေအာက္ဝယ္ အိပ္မက္ကမ႓ာထဲ နစ္ေမ်ာသြားသည္။ ဒီတစ္ေခါက္ေတာ့ အေတာ္ေလးကို ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္ေနျခင္းျဖစ္သည္။
သြမ့္ပိုင္ယြဲ႔က သလြန္ေတာ္ေပၚမွ ျပန္ဆင္းလာလိုက္သည္။
******
"ရွီးနန္ဝမ္"
ရွစ္ဇီက နန္းေဆာင္ေရ႔ွကြင္းျပင္တြင္ ရပ္ၿပီးသူ႔ကို ေစာင့္ေနသည္။ က်င္ဖန္အေဆာင္မွ ထြက္လာၿပီးကတည္းက ထိုႏွစ္အေတာအတြင္း ဘာမ်ားျဖစ္ပ်က္ခဲ့သလဲဆိုသည္ကို ဝမ္ရယ္က မိမိအား လာေရာက္ေမးျမန္းမည္မွန္း ရွစ္ဇီသိေနသည္မို႔ အနားသြားယူေသးျခင္းမရိွေပ။
"ကုန္းကုန္း ပင္ပန္းသြားပါၿပီ"
"ရွီးနန္ဝမ္ ခ်ီးမြမ္းတာမ်ားသြားပါၿပီ၊ ဒါေတြက ကြၽန္ေတာ္မ်ိဳးေဆာင္ရြက္ရမယ့္ ဝတၲရားတာဝန္ေတြပါ"
ရွစ္ဇီက ဆက္ဆို၏။
"အဲ့ဒီလ်ိဳက်င္တာက လ်ိဳမ်ိဳးရိုးထဲမွာမွ မ်က္ႏွာသာအေပးခံရဆံုး သခင္ေလးတစ္ေယာက္ျဖစ္ပါတယ္။ ငယ္စဥ္ကတည္းက ခႏၶာကိုယ္ႀကံ့ခိုင္ထြားႀကိဳင္းတာမို႔ ရွစ္ႏွစ္သားအရြယ္မွာတင္ လ်ိဳစံအိမ္ထဲက သိုင္းဆရာေတြအကုန္ကို အႏိုင္ယူတိုက္ခိုက္ႏိုင္ခဲ့ပါတယ္။ ၿပီးေတာ့ အသက္ဆယ့္ရွစ္ႏွစ္ျပည့္ၿပီးတဲ့အခ်ိန္မွာ ေကာဝမ္ခ်ူရိွန္႔ေဘးနား အပါးေတာ္ၿမဲ သက္ေတာ္ေစာင့္တစ္သြယ္၊ မိတ္ေဆြသူငယ္ခ်င္းသဖြယ္လည္း ေနခဲ့ပါတယ္။ တစ္ႏွစ္မွာ ႏွစ္တစ္ဝက္ေက်ာ္ေက်ာ္ေလာက္က က်င္ဖန္အေဆာင္မွာပဲ လာေနေနတာပါ "
"သူ နန္းေတာ္ထဲဝင္လာတဲ့ေနာက္ပိုင္း အရွင္မင္းျမတ္ဆီ မၾကာခဏ လာတတ္သလား"
"အရင္တုန္းကေတာ့ စိတ္ထဲ အေလးမထားခဲ့ေပမယ့္ အခုေသခ်ာျပန္ေတြးၾကည့္လိုက္ရင္ေတာ့ အဲ့တစ္ေယာက္က တကယ္ကိုပဲ အေၾကာင္းျပခ်က္အမ်ိဳးမ်ိဳးရွာၿပီး အိမ္ေရ႔ွစံနန္းေဆာင္ဆီ အလည္လာတတ္ေလ့ရိွပါတယ္။ ဒါေပမယ့္ အရွင္မင္းျမတ္လည္း ငယ္စဥ္ကတည္းက ေခါင္းမာတဲ့ဝသီစရိုက္ရိွတာမို႔ သူ႔ကိုျမင္ေတာ္မူတာနဲ႔ အၿမဲေရွာင္ေျပးတတ္ပါတယ္။ ဖခမည္းေတာ္ မင္းတရားႀကီးက ဆံုးမပဲ့ျပင္ခဲ့ေသးေပမယ့္ ဘာမွအက်ိဳးမထူးခဲ့ပါဘူး ၊ ဝမ္ရယ္"
လ်ိဳက်င္တာက လ်ိဳက်ိဳးေဒသသို႔ အဘယ္ေၾကာင့္ ပို႔ေဆာင္ခံလိုက္ရသလဲဆိုေသာ အေၾကာင္းရင္းကလည္း ခ်ူယြမ္က အရင္ဧကရာဇ္ေရ႔ွ ထိုအမိန္႔ခ်မွတ္ဖို႔ ဇြဲမေလ်ွာ့စတမ္း တြန္းအားေပးခဲ့ေသာေၾကာင့္ျဖစ္သည္။ ခ်ူရိွန္႔ဘက္ကလည္း သူ႔ဘက္ေတာ္သားကို နန္းေတာ္ထဲ ဆက္လက္ေနထိုင္ႏိုင္ရန္ ဆြဲေခၚထားခ်င္ခဲ့ေသာ္လည္း ၊ ဧကရာဇ္၏ က်င္ထိုင္ခန္းေဆာင္ေရ႔ွ မထတမ္း ဒူးေထာက္ခယခဲ့ေသာ္လည္း ဖခမည္းေတာ္အား ဖူးေတြ့ခြင့္ပင္ မရခဲ့။ သို႔ႏွင့္ ေနာက္သံုးရက္အၾကာ လ်ိဳက်င္တာမွာ လ်ိဳက်ိဳးေဒသသို႔ ပို႔ေဆာင္ခံလိုက္ရေလသည္။
ထိုအခ်ိန္မွစ၍ ခ်ူရိွန္႔က ခ်ူယြမ္ကို ၾကည့္လာတိုင္း ထိုမ်က္လံုးထဲ ၿငိဳးေတးမုန္းတီးမႈမ်ား ပိုမိုမ်ားျပားလာေၾကာင္း ေတြ့ႏိုင္သည္။ ရံဖန္ရံခါ ထိုအၾကည့္မ်ားကို ရွစ္ဇီ ျမင္လိုက္ရတိုင္း စိုးရိမ္ေၾကာင့္ၾကမိ၏။
သြမ့္ပိုင္ယြဲ႔က ေမးလာသည္။
"ဒီေလာက္ပဲလား။ တကယ္ဆို လ်ိဳက်င္တာႀကီး လ်ိဳက်ိဳးကို အပို႔ခံလိုက္ရတဲ့ေနာက္ပိုင္း ခ်ူရိွန္႔သာ မေက်မခ်မ္းျဖစ္ေနမယ္ဆို သူ႔စရိုက္အရ ျပန္ၿပီး လက္စားေခ်လာမွာဟုတ္ဘူးလား"
"တကယ္ ဘာမွမရိွေတာ့တာပါ ၊ ဝမ္ရယ္။ တစ္ေလ်ွာက္လံုး ၿငိမ္သက္ေနခဲ့တာပါ"
ရွစ္ဇီ၏ အေျဖကို သြမ့္ပိုင္ယြဲ႔ ေခါင္းတညိတ္ညိတ္လုပ္လိုက္သည္။
"ဒီလိုကိုး။ ကုန္းကုန္းကို ေက်းဇူးအမ်ားႀကီးတင္ပါတယ္"
"အရွင္မင္းျမတ္က ဘယ္သူ႔ကိုမွ သူ႔အေပၚ လြယ္လြယ္ကူကူ ၫွင္းပန္းႏိွပ္စက္ခြင့္ မေပးတတ္ပါဘူးခင္ဗ်ာ"
ရွစ္ဇီက အသံကို ထပ္ႏိွမ့္လိုက္ကာ ဆက္တို၏။
"ရွီးနန္ဝမ္၊ စိတ္ခ်ပါ။ ငယ္ရြယ္စဥ္ကတည္းက အခုထက္ထိ ေကာဝမ္ဘက္ကသာ အေရးနိမ့္ေနခဲ့တာပါခင္ဗ်ာ"
သြမ့္ပိုင္ယြဲ႔ ရယ္ေမာမိသြားေလ၏။
"ဟုတ္ပါၿပီ"
******
နန္ယန္ေဒသရိွ ကြၽန္းတစ္ကြၽန္းေပၚတြင္ျဖစ္သည္။
ေတာက္ေျပာင္သားနားေသာ ပိုးထည္စကို ဝတ္ဆင္ထားေသာ ပုရိသေယာက္်ားတစ္ၪီးက ေက်ာက္ေဆာင္တစ္ခုေပၚ တစ္ေယာက္တည္းထိုင္ေနကာ ခပ္လွမ္းလွမ္းတြင္ရိွေသာ ပ်ံ့လြင့္ျခင္းမရိွဘဲ သိပ္သည္းေနၿမဲျဖစ္သည့္ ျမဴခိုးထုအျဖဴၾကီးႏွင့္ မုန္တိုင္းတိုက္ခါနီး ေရျပင္လႊာကို ေငးၾကည့္ေနသည္။ အႏွီေယာက္်ား၏ ခႏၶာကိုယ္မွာ ထြားႀကိဳင္းသန္မာ၍ မ်က္ႏွာအသြင္အျပင္ကလည္း ေခ်ာေမာခန္႔ညားသည္ဟု ဆိုႏိုင္ေပသည္။ သို႔ေသာ္ မ်က္ဝန္းမ်ားကေတာ့ ေအးစက္ခက္ထန္ေနလို႔။
ထိုစဥ္ သူ႔ေနာက္ဘက္မွ ေျခသံမ်ားၾကားလိုက္ရသည္။
"ဘာေတြ ေငးၾကည့္ေနတာလဲ"
ခ်ူရိွန္႔က ေမးလိုက္ေတာ့ လ်ိဳက်င္တာက လွည့္ပင္မၾကည့္ဘဲ ေျဖလိုက္သည္။
"တာ့ခ်ူ"
"သိပ္မၾကာခင္မွာ မင္းနဲ႔ငါလည္း အဲ့ကို ျပန္သြားရေတာ့မွာပါ"
"သိပ္မၾကာခင္ ၊ ဟုတ္လား။ မင္းေရာ ငါေရာ သူ႔ကို အရႈံးေပးခဲ့ရတယ္ဆိုတာ မေမ့လိုက္နဲ႔"
"မင္းနဲ႔ငါမဟုတ္ဘူး၊ မင္းကပဲ သူ႔ကို အရႈံးေပးခဲ့တာ"
ခ်ူရိွန္႔က ေအးစက္ခက္ထန္ေသာအသံျဖင့္ ဆက္ေျပာလာ၏။
"အဲ့တုန္းကသာ မင္း သူ႔ကို အသနားမပိုခဲ့ရင္ သူလည္း ဒီေန့ထက္ထိ အသက္ဆက္ရွင္ႏိုင္မွာမဟုတ္ဘူး"
"အခုဆိုရင္ေတာင္ ငါ သူ႔ကို ေသခြင့္မျပဳႏိုင္ဘူး"
ခ်ူရိွန္႔က လ်ိဳက်င့္တာႏွင့္ အၾကည့္ခ်င္းဆံုေစလိုက္ကာ ေအးစက္စက္ ရယ္ေမာလိုက္သည္။ ထို႔ေနာက္ စခန္းခ်ရာေနရာသို႔ ျပန္သြားရန္ လွည့္လိုက္ရင္း စကားတစ္ခြန္း ခ်န္ထားလိုက္သည္။
"ၾကည့္ရတာ ငါ့ရဲ့ ဒီညီေလးကေတာ့ျဖင့္ လူေတြရဲ့ အခ်စ္ေတာ္ေလး ျဖစ္ေနတဲ့ပံုပဲ။ ဒါေပမယ့္ မင္းသိထားရမွာတစ္ခုရိွတယ္၊ ၿပီးမွ ငါ မင္းကို သတိမေပးခဲ့ဘူးလို႔ လာမေျပာနဲ႔။ ဒီကမ႓ာေျမျပင္မွာ သူ႔ကို တမ္းတမ္းစြဲေမ်ွာ္မွန္းလြမ္းဆြတ္ေနတာ မင္းတစ္ေယာက္တည္းမဟုတ္ဘူး"
လ်ိဳက်င္တာ၏ မ်က္ဝန္းမ်ားထဲတြင္ လူသတ္လိုေသာအရိပ္အေယာင္မ်ား လႊမ္းသြား၏။
"ဘယ္သူရိွေသးလို႔လဲ"
ႀကီးမားေသာလိႈင္းတံပိုးတစ္ခုက ေက်ာက္ေဆာင္မ်ားအား အရိွန္ျပင္းစြာ ရိုက္ခတ္လာကာ ထိုအေျဖစကားအား သမုဒၵရာျပင္ဆီသို႔ အတူေခၚေဆာင္သြားေလ၏။
*******
ရြက္ေႂကြရာသီတြင္ ရြာသြန္းလာသည့္ မိုးေန့မ်ားတြင္ မနက္ေဝလီေဝလင္းအခ်ိန္ေရာက္သည္ႏွင့္ မိုးစက္မ်ား တေျပာက္ေျပာက္က်ဆင္းလာၿပီျဖစ္၏။ သြမ့္ေယာင္က ထီးမေဆာင္းခ်င္သျဖင့္ ကိုယ္ေဖာ့ပညာကိုသံုးကာ အဘိုးအိုမုခ်ီ ေနထိုင္ရာအေဆာင္သို႔ ထြက္ခြာသြား၏။ ထိုအခါ မနက္ပိုင္းညီလာခံတက္ရန္လာၾကေသာ မွဴးမတ္မ်ားမွာ အံ့ဩတႀကီး ျဖစ္ၾကကုန္သည္။
အစတုန္းကေတာ့ ဘယ္သူေမြးထားေသာ လင္းယုန္ငွက္က လြတ္ထြက္လာလို႔မ်ား ေခါင္မိုးေတြေပၚ က်က္စားေနသလဲဟု ေတြးမိၾက၏၊ မ်က္ေတာင္တစ္ခတ္အတြင္းမွာတင္ လ်င္ျမန္ဖ်တ္လတ္စြာ ခုန္ကူးပ်ံသန္းသြားႏိုင္သည္ေလ။
"သူရဲေကာင္းငယ္ေလး၊ တကယ့္ကို သူရဲေကာင္းငယ္ေလးပဲ"
လ်ိဳတာ့က်ံဳ႔က ခ်ီးက်ူးသံလႊမ္းေသာ အသံျဖင့္ ဆိုလာေတာ့ ေထာင္လ်န္တာက လက္တို႔ၿပီး တားဆီးလိုက္ရ၏။
"အဲ့ဒါ ရွီးနန္စံအိမ္ကလူေနာ္၊ ေလ်ွာက္ၿပီး ေအာင္သြယ္ေရး မလုပ္လိုက္နဲ႔ၪီး"
"ရွီးနန္စံအိမ္ဆိုေတာ့ေရာ ဘာျဖစ္လဲ။ ဒီေနာက္ပိုင္း ကြၽႏ္ုပ္တို႔ရဲ့ အရွင္မင္းျမတ္ကလည္း ရွီးနန္ဝမ္နဲ႔ ေကာင္းမြန္တဲ့ဆက္ဆံေရးရိွေနတာပဲေလ။ တစ္ေန့တစ္ေန့ စားဖိုေဆာင္ကေန ခ်က္လိုက္သမ်ွ ဟင္းေတြက အရသာခ်ဥ္ရင္ခ်ဥ္၊ မခ်ဥ္ရင္ေတာင္ စပ္စပ္ေလးေတြ ။ အနံ႔ေတြလည္းမႊန္ထူလို႔၊ မ်က္လံုးေတြပါစပ္ၿပီး ဖြင့္လို႔ေတာင္ မႏိုင္ေတာ့ဘူး"
"သိပ္မၾကာခင္မွာ အတူတူ စစ္တိုက္ထြက္ရေတာ့မွာဆိုေတာ့ ဆက္ဆံေရးအရလည္း ပိုၿပီးရင္းႏွီးေဖာ္ေရျြပရမွာေပါ့။ နန္ယန္ေဒသ ၿငိမ္းခ်မ္းသြားတဲ့အထိ ေစာင့္လိုက္ပါၪီး၊ ညီလာခံသဘင္နဲ႔ ရွီးနန္စံအိမ္ရဲ့ဆက္ဆံေရး ဘယ္လိုဆက္ျဖစ္မလဲဆိုတာ မေသခ်ာဘူး"
ေထာင္လ်န္တာကေတာ့ ဆက္ျငင္းေနဆဲ။
"အင္းပါ၊ အသင္ေျပာသမ်ွ အကုန္မွန္တယ္။ အကုန္မွန္ပါတယ္၊ ဟုတ္ၿပီလား"
လ်ိဳတာ့က်ံဳ႔က အက်ႌလက္အိတ္ထဲ လက္ထိုးထည့္ရင္း ေျပာလိုက္၏။ မ်က္ႏွာကေတာ့ "ေရာ့ ၊ တစ္ကြက္။ ခင္ဗ်ားေက်နပ္ရင္ နားေအးတာပဲ" ဟူေသာရုပ္မ်ိဳး လံုးဝ အထင္းသားေပၚလြင္ေန၏။
ေထာင္လ်န္တာက တည့္တည့္ႀကီးအေဆာ္ခံလိုက္ရသျဖင့္ ေဒါသေထာင္းခနဲထြက္သြားကာ ဘက္ေတာ္သားတစ္ေယာက္ ခ်က္ခ်င္းဆြဲေခၚလိုက္သည္။
"မဟာေသနာပတိအမတ္ႀကီးေရာ ဘယ္လိုသေဘာထားရိွပါသလဲ"
ဝမ္းလ်ိဳန်ဲန္ခမ်ာ ဘယ္ဆိုင္က ဝက္ေျခေထာက္ စားလို႔ေကာင္းသလဲဆိုသည့္ကိစၥကို အမတ္မင္းက်န္းႏွင့္ ေဆြးေနြးတိုင္ပင္ေနရင္းတန္းလန္း ခ်က္ခ်င္းပင္ ဆြဲေခၚခံလိုက္ရသည့္အတြက္ ေတြေဝသြား၏။
"ဘယ္အေၾကာင္းကိစၥအတြက္ သေဘာထားလဲခင္ဗ်"
ေထာင္လ်န္တာက အသံႏိွမ့္လိုက္ကာ ေျပာလာသည္။
"အရွင္မင္းျမတ္နဲ႔ ရွီးနန္ဝမ္ရဲ့ ဆက္ဆံေရး"
ဝမ္းလ်ိဳန်ဲန္ကလည္း တည္ၾကည္ေလးနက္ေသာအသြင္ျဖင့္ ေျပာလာ၏။
"ဧကရာဇ္နဲ႔ မွဴးမတ္ငယ္သား ဆက္ဆံေရးပဲ ျဖစ္မွာေပါ့"
ေထာင္လ်န္တာက သူ႔အား အရိပ္အႁမြက္ေျပာလာ၏။
"အခုေတာ့ ဧကရာဇ္နဲ႔မွဴးမတ္ငယ္သားေပါ့။ ေနာက္က် ဘာျဖစ္သြားမလဲဆိုတာ ေျပာရခက္ၿပီေလ"
ဟုတ္သည္ေလ၊ ရွီးနန္စံအိမ္က အလိုေလာဘႀကီးၿပီး ရုန္႔ရင္းၾကမ္းၾကဳတ္မွန္း လူတိုင္းသိၿပီးသား ။ နန္ယန္စစ္ပြဲမွ ျပန္လာလ်ွင္ မည္သို႔ေသာလွည့္ကြက္ပရိယာယ္မ်ိဳး အသံုးျပဳလာမည္မွန္း မည္သူကမ်ား မွန္းဆႏိုင္မည္လဲ။
ဝမ္းလ်ိဳန်ဲန္က စိတ္ရင္းမွလာေသာ စကားကို ဆို၏။
"အမတ္မင္းေထာင္ေျပာတာ မွန္ပါတယ္၊ ကြၽန္ေတာ္မ်ိဳးလည္း အဲ့လိုေတြးမိပါတယ္"
ေနာက္ပိုင္းက် ဘယ္လိုျဖစ္သြားမလဲဆိုတာ တကယ္ေျပာရခက္တယ္။
"ၾကားၿပီးၿပီလား၊ အမတ္မင္းဝမ္းေတာင္ အဲ့လိုေတြးတာပါဆို"
ေထာင္လ်န္တာက လ်ိဳတာ့က်ံဳ႔ကို တံေတာင္ျဖင့္တြတ္လိုက္သည္။ လ်ိဳတာ့က်ံဳ႔လည္း ဘာမွၿပိဳင္မျငင္းေတာ့ဘဲ ေလွကားရင္းတြင္ ထိုင္ေနလိုက္ကာ ဘာမွဆက္မေျပာေတာ့။
ဆယ္စုႏွစ္ေပါင္းမ်ားစြာ အတူတူအလုပ္လုပ္လာေသာသူေတြမို႔ ဒီေျမေခြးအိုႀကီး တံုးအခ်င္လာေသာအခါ ဩခ်ရေလာက္ေအာင္ တံုးအႏံုခ်ာ တတ္ေၾကာင္း လ်ိဳတာ့က်ံဳ႔ မသိဘဲမေနပါေခ်။
******
"အဘိုး"
သြမ့္ေယာင္က မိုးေရစက္မ်ားကို ခါထုတ္လိုက္ၿပီး အိမ္တြင္းသို႔ တံခါးတြန္းဖြင့္ၿပီးဝင္သြားလိုက္သည္။ အဘိုးမုခ်ီက သစ္သားဗ်ပ္ေစာင္းလုပ္ေနရင္းတန္းလန္း သူဝင္လာသည္ကိုျမင္ေတာ့ ၿပံဳးရင္း ေမးလိုက္၏။
"ဘာလို႔ ထီးမယူလာတာတုန္း။ မနက္စာေရာစားၿပီးၿပီလား"
"စားလာၿပီးပါၿပီခင္ဗ်"
သြမ့္ေယာင္က သူ႔နားဝင္ထိုင္လိုက္ၿပီး သစ္သားဗ်ပ္ေစာင္း၏ ကိုယ္ထည္ကို လက္ေခ်ာင္းမ်ားျဖင့္ ထိၾကည့္ေန၏။
"အဘိုးက ဖုန္းဝူဗ်ပ္ေစာင္း လုပ္မလို႔လား"
"ေဟ၊ ဒါက ဖုန္းဝူမွန္း မင္းျမင္တတ္တယ္ေပါ့"
အဘိုးမုခ်ီက တအံ့တဩဆို၏။
"ဒီမတိုင္ခင္ ကြၽန္ေတာ္ သိုင္းေလာကမွာ လွည့္လည္သြားလာေနရင္း အမႈေတြလိုက္စံုစမ္းတုန္းက ဗ်ပ္ေစာင္းေဆာင္တစ္ခု ေရာက္သြားဖူးပါတယ္။ ဒါေၾကာင့္ နာမည္ႀကီးတဲ့ ဗ်ပ္ေစာင္း ခပ္မ်ားမ်ားလည္း ျမင္ဖူးခဲ့ပါတယ္"
"မင္းေရာက္ဖူးတဲ့ ဗ်ပ္ေစာင္းေဆာင္က ေဖးလ်ိဳထ်င္ဆိုတဲ့ နာမည္နဲ႔ဟုတ္တယ္မလား။ အခု ဒီတစ္မိုးေအာက္မွာ ဖုန္းဝူဗ်ပ္ေစာင္းကို ျမင္ဖူးဖို႔ဆိုတာ အဲ့တစ္ေနရာတည္းပဲက်န္ေတာ့တာေလ"
သြမ့္ေယာင္က ေခါင္းညိတ္ျပလိုက္၏။
"ဟုတ္၊ အဲ့ဟာကိုလည္း အဘိုး ဖန္တီးခဲ့တာလားခင္ဗ်"
"ငါမဟုတ္ဘူး၊ အဲ့ေနရာမွာရိွတဲ့ ဗ်ပ္ေစာင္းေတြအကုန္လံုးက ေရွးေဟာင္းအေမြအႏွစ္ေတြခ်ည္းပဲ"
အဘိုးမုခ်ီက ဖုန္းဝူဗ်ပ္ေစာင္းကို ေဘးနားခ်လိုက္ကာ ဆက္ဆို၏။
"ဒီေန့ေတာ့ ဗ်ပ္ေစာင္းမသင္ေတာ့ဘူး၊ တျခားဟာသင္မယ္"
"ယႏၲရားေတြ သင္မွာလားဟင္"
"မင္းက ယႏၲရားအေၾကာင္း သင္ခ်င္တာလား"
"စကားအျဖစ္ ေျပာတာပါခင္ဗ်ာ၊ ကြၽန္ေတာ္က အဘိုး ဘာပဲသင္ေပးသင္ေပး အကုန္သင္မွာ။ နန္းေတာ္ထဲေနရတာ ဘာမွမွ လုပ္စရာမရိွတာ။ စားပြဲ၊ ထိုင္ခံု၊ ကုတင္ အကုန္သင္မယ္"
အဘိုးမုခ်ီက ရယ္ခ်င္စိတ္ကို ေအာင့္ထားလိုက္ရင္းေျပာ၏။
"ဒါဆို ဒီေန့ စားပြဲပုတစ္လံုးေလာက္ လုပ္ၾကရေအာင္ကြာ၊ တစ္ဆင့္ခ်င္း သင္သြားၾကတာေပါ့"
သြမ့္ေယာင္က အျမန္ပင္ နာခံလိုက္ကာ အက်ႌလက္ကို ေခါက္တင္ၿပီး တစ္ဖက္ခန္းရိွ သစ္သားမ်ားကို သြားသယ္လာသည္။ အဘိုးမုခ်ီကလည္း သူ႔ကို သစ္အမ်ိဳးအစားခြဲျခားနည္းမ်ား သင္ေပးလာ၏။ သို႔ႏွင့္ သတိမထားမိလိုက္ခင္မွာ တစ္ရက္တာပင္ ကုန္ဆံုးသြားေလၿပီ။
သြမ့္ေယာင္က ဒီေန့လက္စြမ္းျပလိုက္ေသာ စားပြဲပုေလးကို ပိုက္ၿပီးျပန္လာ၏။ စိတ္ထဲမွာလည္း မနက္ျဖန္က် ေနာက္တစ္ခုထပ္လုပ္မည္ဟု စိတ္ကူးလိုက္သည္။ ၿပီးလ်ွင္ အနီေတာက္ေတာက္အေရာင္ ဆိုးပစ္မည္။ ၿပီးေတာ့မွ မဂၤလာပြဲေန့တြင္ ေနာင္ေတာ္ႏွင့္ မရီးေတာ္ကို လက္ေဆာင္ေပးရမည္။
*****
"တစ္ေန့လံုး သြားသင္လာတာလား"
ထိုအေၾကာင္းကို သြမ့္ပိုင္ယြဲ႔ၾကားေတာ့ ရယ္ေမာလိုက္ကာ ဆက္ဆို၏။
"ပံုမွန္ဆိုရင္ ေယာင္အာက သိပ္ၿပီးဖင္ၿမဲတာမဟုတ္ဘူး ၊ လႈပ္စိယြထေနတာပဲ။ ဒါေပမယ့္ စစ္တုရင္ကစားတတ္လာမယ္ ၊ ပစၥည္းေတြ ဖန္တီးတတ္တဲ့ လက္မႈပညာရွင္ျဖစ္လာမယ္လို႔ တစ္ခါမွထင္မထားဘူး "
ခ်ူယြမ္က ဆို၏။
"တစ္ခါတစ္ေလ ေယာင္အာအတြက္ ေနာက္ထပ္ဆရာတစ္ေယာက္ရဖို႔ အေၾကာင္းဖန္လာတာလည္း ျဖစ္ႏိုင္တယ္။ အဘိုးမုခ်ီက အၿမဲေျပာတယ္၊ တပည့္တစ္ေယာက္လက္ခံဖို႔ဆိုတာ သူ႔ရဲ့ပါရမီစြမ္းရည္ကိုလည္း ၾကည့္ရတယ္တဲ့ ၊ အတင္းအက်ပ္ သင္ယူခိုင္းလို႔မျဖစ္ဘူးတဲ့ ။ ေယာင္အာက ထက္ျမက္သလို ျဖတ္ထိုးဉာဏ္လည္း အေတာ္ေျပးတယ္။ အေျပာအဆိုလည္း ခ်ိဳသာတယ္၊ လူႀကီးသူမေတြ သူ႔ကိုသေဘာက်ႏွစ္ၿခိဳက္ၾကမွာ အေသအခ်ာပဲ"
"ကိုယ္ေျပာပါတယ္၊ အဲ့တစၧေငယ္ေလးကိုက ကံဇာတာေကာင္းတာ။ ဒါေပမယ့္ အဘိုးမုခ်ီက အသက္ႀကီးေနၿပီေနာ္ ၊ ဒီတစ္ေခါက္လည္း ကိုယ္တို႔နဲ႔အတူတူ ပင္လယ္ဘက္ တကယ္ႀကီးလိုက္သြားၪီးမွာလား"
"ငါလည္း လိုကမစရာမလိုဘူးလို႔ သူ႔ကို ေျပာဖူးၿပီးၿပီ။ အဘိုးကိုယ္တိုင္က မရရေအာင္ လိုက္သြားမယ္ခ်ည္းပဲ ေျပာေနတယ္။ မိစၧာေသတၲာရဲ့ ပံုစံကို သူ တီထြင္ေရးဆြဲခဲ့တာမို႔ အဲ့ဟာေတြကို သူ႔လက္နဲ႔ကိုယ္တိုင္ မဖ်က္ဆီးရမခ်င္း က်င္းထဲဆင္းသြားရရင္ေတာင္ သူ အေသမေျဖာင့္ဘူးတဲ့"
"ေယာင္အာကို ေခ်ာ့ေျပာခိုင္းမယ္ဆိုရင္ေကာ"
"ေခ်ာ့ခိုင္းတာကရတယ္၊ အဘိုးကပဲ နားမေထာင္မွာ စိုးရတယ္။ အခုလည္း ေရွာင္က်င္ ရိွေနၿပီပဲ၊ အနာေရာဂါေသးေသးမႊားမႊားေလးေတြေလာက္ဆို စိုးရိမ္စရာမရိွေတာ့ပါဘူး"
ခဏေလာက္ၾကာေတာ့ ခ်ူယြမ္က သြမ့္ပိုင္ယြဲ႔ပခံုးကို ခပ္ဖြဖြ ပုတ္လိုက္ကာ ဆက္ဆို၏၏
"မင္းကမွ သတိအႀကီးႀကီးထားရမွာ ၊ နားလည္လား"
ဘာပဲေျပာေျပာ ၊ သမာသမတ္က်လြန္းတဲ့ နတ္ေဆးဆရာႀကီးက မင္းကို အဆိပ္ရည္ေတြနဲ႔ ထၿပီးပက္ခ်င္ပက္ေနၪီးမွာ။
သြမ့္ပိုင္ယြဲ႔ခမ်ာ နားထင္ကို ဖိၿပီးႏိွပ္နယ္ေနလိုက္ရသည္။
ဂိုဏ္းခ်ဳပ္ရွန္ကို ဘယ္လိုလက္ေဆာင္မ်ိဳးျဖင့္ လာဘ္ထိုးရမည္နည္းဟု ေတြးေတာႀကံဆေန၏။
****
ေနာက္ႏွစ္ရက္လြန္ေျမာက္သြားေသာအခါ သြမ့္ပိုင္ယြဲ႔က စစ္သည္အင္အားတစ္စုကို ၪီးေဆာင္ၿပီး ေရႊၿမိဳ႔ေတာ္မွထြက္ခြာကာ ရွီးနန္သို႔ ၪီးတည္ခ်ီတက္သြားသည္။
သြမ့္ေယာင္ကေတာ့ နန္းေတာ္ထဲတြင္ က်န္ရစ္ေနခဲ့ကာ မရီးေတာ္ႏွင့္အတူတူ ေတာင္ဘက္စုန္ဆင္းမည့္ အခ်ိန္အခါကိုေစာင့္ေနရင္း အဘိုးမုခ်ီဆီမွ သစ္သားပရိေဘာဂလုပ္နည္းအတတ္ပညာကို သင္ယူေနခဲ့ေလသည္။
****
ေနာက္တစ္လၾကာေသာ္ ခ်ူယြမ္ကိုယ္တိုင္ တပ္သားမ်ားကို ၪီးေဆာင္ကာ နန္ယန္ေဒသသို႔ စုန္ဆင္းသြားေလ၏။
တပ္မႀကီး၏ ရာထူးအႀကီးဆံုးေခါင္းေဆာင္မွာ ရႊဲဟြိုင္ယြဲ႔ဟု အမည္တြင္သည္။ စစ္သူႀကီးရွန္ႏွင့္ မတိမ္းမယိမ္း ဂုဏ္အင္သတင္းေက်ာ္ေဇာလွေသာ တာ့ခ်ူ၏က်ားရိုင္းတစ္ေကာင္ႏွင့္ပံုပမာတူသည့္ စစ္သူႀကီးတစ္ၪီးျဖစ္ေပသည္။ အသက္ႏွစ္ဆယ္ေက်ာ္စြန္းလာရံုသာရိွေသးေသာ္လည္း ေက်နပပ္အားရဖြယ္ေကာင္းလွေသာ စစ္ပြဲေအာင္ျမင္မႈမ်ားကို ေဆာင္ၾကဥ္းလာခဲ့သူျဖစ္သည္။ လြန္ခဲ့ေသာႏွစ္တုန္းကမွ ခ်ူယြမ္က သူ႔ကို ေပဟိုင္ေဒသမွ ျပန္လည္ဆင့္ေခၚလာလိုက္ျခင္းျဖစ္သည္။
"ဒီတစ္ေခါက္ေတာ့ တကယ္ႀကီးပဲ စစ္သူႀကီးရွန္မဟုတ္ေတာ့ဘူးလား"
ညီလာခံသဘင္တြင္ တစ္စံုတစ္ေယာက္က ညည္းတြားလာ၏။ ေဘးနားက တစ္ေယာက္က ေျပာလာသည္။
"တာ့ခ်ူရဲ့ စစ္သူႀကီးရွန္ဆိုတာ တစ္မိုးေအာက္မွာ တစ္ေယာက္တည္းပဲရိွတာကြဲ႔။ အေနာက္ေျမာက္ရွီးေပ၊ အေရ႔ွေျမာက္တုန္းေပ ၊ အေရ႔ွပင္လယ္တုန္းဟိုင္ ၊ ဒီစစ္ပြဲေတြအကုန္လံုး သူခ်ည္းပဲ ၪီးေဆာင္တိုက္ခိုက္ခဲ့တာရတာ အနားယူခြင့္ေတာင္မရေတာ့ဘဲေနမယ္။ စစ္သူႀကီးရႊဲက မ်ိဳးရိုးဇာတိအားျဖင့္ စစ္သူႀကီးရွန္ သိပ္မေကာင္းဘူးဆိုေပမယ့္ စစ္ခ်ီစစ္တက္ရာမွာ သူ႔ကို ဘယ္သူမွ လာယွဥႅို႔မရဘူး။ သူေရာ စစ္သူႀကီးရွန္ေရာက ဘယ္စစ္ပြဲမွာမွ မရႈံးနိမ့္ဖူးတာခ်င္း တူတယ္ေလ"
ေထာင္လ်န္တာႏွင့္ လ်ိဳတာ့က်ံဳ႔ကေတာ့ ထံုးစံအတိုင္း ဌာပနာမုန္႔ေၾကာ္ကို ထိုင္စားေနသည္။
က်င့္ယန္လမ္းမႀကီးထက္ ခ်ီတက္သြားေသာ တာ့ခ်ူတပ္မေတာ္ကို လိုက္လံႏႈတ္ဆက္ပို႔ေဆာင္ေနေသာ ၿမိဳ႔သူၿမိဳ႔သားမ်ားက လူစုခြဲခြာသြားၿပီမို႔ လမ္းမႀကီးထက္ ရႈပ္ပြေနလ်က္ရိွသည္။
လ်ိဳတာ့က်ံဳ႔က ေမးလာ၏။
"ထမင္းဟင္းေကာင္းေကာင္းေလးတစ္ပြဲေလာက္ စားၾကမလား"
"အရွင္မင္းျမတ္ စစ္ခ်ီသြားေတာ္မူေတာ့မွာကို အသင္ကျဖင့္ စားဖို႔ေသာက္ဖို႔ခ်ည္းပဲ ေတြးေနလိုက္"
"ဒီတစ္ေခါက္စစ္ပြဲမွာ တာ့ခ်ူအႏိုင္ရဖို႔ ေသခ်ာတယ္ေလ။ ဒါေၾကာင့္ ႀကိဳတင္ၿပီး ေအာင္ပြဲခံတာလို႔ ေျပာလို႔ေတာင္ရတယ္"
လ်ိဳတာ့က်ံဳ႔က ေၾကးနီျပားမ်ားကို ေရတြက္လိုက္ကာ ဌာပနာမုန္႔ေၾကာ္ဆိုင္ရွင္ ၪီးေလးႀကီးကို လွမ္းေပးလိုက္သည္။ အသားကို ပံုမွန္ထက္ သံုးဆထည့္သြပ္ေပးရန္ပါ မွာၿပီးေနာက္ စကားကိုျပန္ဆက္၏။
"အရွင္မင္းျမတ္ကိုယ္ေတာ္တိုင္ စစ္ခ်ီေတာ္မူေနတယ္၊ စစ္သူႀကီးရႊဲကလည္း စစ္ခ်ီတက္တိုင္း အေရးနိမ့္ဖူးတာမ်ိဳး မရိွဖူးဘူး။ ရွီးနန္စံအိမ္ေတာ္နဲ႔ ေခါင္းေဆာင္ေက်ာက္တို႔ရဲ့ သိုင္းစြမ္းရည္ကလည္း ၿပိဳင္စံရွားထူးခြၽန္လြန္းလွတယ္။ ဒါ့အျပင္ ဂိုဏ္းခ်ဳပ္ရွန္က တစ္မိုးေအာက္မွာ ပထမ - "
"ခုလက္ရိွအခ်ိန္ သိုင္းေလာကရဲ့ ပထမ၊ အေတာ္ဆံုးလူက ေကြၽ့ယင္နန္းရဲ့ဂိုဏ္းခ်ဳပ္ပဲျဖစ္တယ္"
ေထာင္လ်န္တာ ခ်က္ခ်င္း ေခ်ပလိုက္သည္။
ေတြ့လား၊ ယံုတမ္းပံုျပင္အမ်ိဳးမ်ိဳးကို ဖတ္ရႈေလ့လာျခင္းရဲ့ အက်ိဳးေက်းဇူးေတြပဲ။
"အင္းပါ၊ အင္းပါ။ အသင္ေျပာတဲ့လူပါပဲ။ ၿပီးေတာ့ မင္းသား(၉)ေရာ ရွီးနန္ရဲ့သြမ့္ေရွာင္ဝမ္ရယ္ပါ ရိွေသးတယ္ေလ။ ဒီစစ္ပြဲမွာ အေရးနိမ့္တယ္ဆိုတာကမွ ထူးဆန္းေနမွာ"
လ်ိဳတာ့က်ံဳ႔က ပဲသီးစိမ္းျပဳတ္ကို စားလိုက္ကာ ဆက္ဆို၏။
"ဒါေတာင္ အမတ္မင္းဝမ္းကို ထည့္မေျပာေသးဘူးေနာ္။ သူ႔ရဲ့ ႏႈတ္ေရးစြမ္းရည္ ဘယ္ေလာက္ထက္သလဲဆိုတာ အသင္ မႀကံဳဖူးတာလည္း မဟုတ္"
ၾကည့္ရတာ ႏွစ္ဖက္စစ္သည္ေတြ ထိပ္တိုက္ေတြ့ၾကရင္ စစ္တိုက္ေနစရာေတာင္မလိုဘူး၊ သူ႔ကိုသာလႊတ္ၿပီး ႏႈတ္ေရးစြမ္းရည္နဲ႔ ေျပာဆိုဖ်န္ေျဖခိုင္းလိုက္ရင္ သူပုန္တပ္ေတြကေတာင္ တာ့ခ်ူဘက္ထဲ ဘက္ေျပာင္းလာေလာက္မယ္ထင္ရတယ္။
*****
"ဟတ္ခ်ိဳး !!!!! "
ျမင္းရထားေပၚ စီးနင္းလိုက္ပါလာေသာ ဝမ္းလ်ိဳန်ဲန္မွာ ႏွာေခ်သြားသည္။
ခ်ူယြမ္က သူ႔အတြက္ လက္ဖက္ရည္တစ္ခြက္ လွမ္းေပးလိုက္၏။
"အေအးမိရာကေန တကယ္သက္သာသြားတာေရာ ဟုတ္လို႔လား"
"မွန္ပါ့၊ ကြၽန္ေတာ္မ်ိဳး ဘာမွမျဖစ္ေတာ့ပါဘူးဘုရား"
ဝမ္းလ်ိဳန်ဲန္က ႏွပ္ရည္မ်ားကို သုတ္လိုက္သည္။ သူက စာဂ်ပိုးတစ္ေယာက္မို႔ ခႏၶာကိုယ္က ခ်ည့္နဲ႔အားနည္းလြယ္သည္။ အစားဘယ္ေလာက္ပဲႀကီးႀကီး သိုင္းသမားတစ္ေယာက္၏ ခႏၶာကိုယ္ႏွင့္ တုႏိႈင္းယွဥ္ၿပိဳင္လို႔ မရ။ ထို႔ေၾကာင့္ ၿမိဳ႔ေတာ္မွ ထြက္ခြာလာၿပီးမၾကာခင္မွာတင္ နာမက်န္းျဖစ္ေတာ့ေလသည္။ တစ္လေက်ာ္သြားခါမွ ခက္ခဲပင္ပန္းစြာ နလန္ျပန္ထူလာႏိုင္ခဲ့သည္။
*******
သြမ့္ေယာင္က ေတာတြင္းမွရေသာသစ္သီးတစ္လံုးကို ပါးစပ္ထဲ ကိုက္ထားသည္။ ထို႔ေနာက္ လက္တစ္ဖက္တည္းျဖင့္ သစ္ပင္ႀကီးတစ္ပင္ေပၚတက္ကာ အသိုက္မျွပဳတ္က်လာေသာ ငွက္ေပါက္ေလးတစ္ေကာင္ကို သူတို႔၏အသိုက္အၿမံဳထဲ ဂရုတစိုက္ ျပန္သြားထားေပးေန၏။
ယဲ့က်င္ကေတာ့ အပင္ေအာက္တြင္ရိွေနကာ ထိုငွက္သိုက္ကို ဘယ္လိုျပန္ဖာေထးဖို႔ ၊ ေမေမငွက္မႀကီးအတြက္ ရိကၡာအျဖစ္ ေသခါနီးပိုးေကာင္ေလးမ်ားကို ခ်န္ထားေပးခဲ့ဖို႔ လွမ္းမွာေန၏။
သို႔ႏွင့္ သစ္ပင္ေအာက္တြင္ ရပ္ၿပီး မိခင္ငွက္မႀကီးျပန္အလာကို ရပ္ေစာင့္ေနၾကေသာ ထိုႏွစ္ေယာက္ကို ျမင္ေတာ့ ျမင္းလွည္းေခါင္မိုးေပၚတက္ၿပီး ေနပူစာလႈံေနသည့္ အဘိုးမုခ်ီမွာတဟားဟားရယ္ေမာမိသည္။
တကယ္ကို ကေလးေလးေတြ က်ေနတာပဲ။
******
ဗိုလ္ေျခအင္အား သိန္းေသာင္းမက မ်ားျပားေသာ စစ္ေၾကာင္းမို႔ လ်င္ျမန္စြာ ခ်ီတက္၍မရ။ ထို႔ေၾကာင့္ မ်က္စိတစ္မိွတ္အတြင္းမွာပင္ တစ္ႏွစ္တာအခ်ိန္ကုန္ဆံုးသြားကာ ယခုမွာေတာ့ က်န္႔ဆြီၿမိဳ႔သို႔ ဆိုက္ေရာက္လာၿပီျဖစ္သည္။
ညခ်မ္းတစ္ခုဝယ္။
ရွန္ခ်န္းဖုန္းက ဆိုလာ၏။
"အေနာက္ဘက္အရပ္ကို နည္းနည္းေလာက္ဆက္သြားလိုက္ရံုနဲ႔ ဆူက်ံဳးစီရင္စုထဲ ေရာက္ၿပီ။ ဒါေပမယ့္ အခ်ိန္မရတာ ႏွေျမာစရာပဲ ၊ မဟုတ္ရင္ ေရွာက္ယြီနဲ႔ လင္အာဆီ သြားလည္လို႔ရၪီးမွာ "
ယဲ့က်င္က မီးပံုေဘးနားထိုင္ေနလ်က္ရိွကာ ေျမျပင္ေပၚတြင္ ဝဝကစ္ကစ္ ဇာမဏီငွက္ေပါက္ေလး၏ပံုကို သစ္ကိုင္းေျခာက္တစ္ေခ်ာင္းႏွင့္ ေရးဆြဲေန၏။
"က်လိ!!!"
အဲ....သူ႔ေခါင္းေပၚကေန အသံတစ္ခု ထြက္လာသည့္ပံုပင္။
ယဲ့က်င္က စူးစမ္းလိုေသာစိတ္ျဖင့္ မ်က္ေမွာင္ၾကဳတ္သြားကာ ခ်က္ခ်င္းပင္ အေပၚေမာ့ၾကည့္လိုက္သည္။
ထိုအခါ ေရႊဝါေရာင္အဆင္းရိွ အေမြးဖြားဖြား ၀ဝကစ္ကစ္ အလံုးေလးတစ္လံုးက မိုးေပၚမွ ျပဳတ္က်လာ၏။ သူ႔အေတာင္ပံေလးကိုလည္း ျဖန္႔ကားထားလို႔။
" က်လိ!!!! "
ေပါက္စေလး မိုးေပၚမွ ျပဳတ္က်လာသည္ကိုျမင္ေတာ့ ယဲ့က်င္မ်က္လံုးမ်ား ျပာေဝသြားသည္။
"ဂိုဏ္းခ်ဳပ္ခ်င္ ေရာက္လာတာလား?"
ဝမ္းလ်ိဳန်ဲန္က လြန္စြာမွ ဝမ္းသာသြားေသာဟန္ျဖင့္ ဆိုလာ၏။
တစ္ဖက္ေတာစပ္မွ ေျခသံမ်ား ခပ္သဲ့သဲ့ၾကားေနရသည္။ ထို႔ေနာက္ အနက္ေရာင္ဝတ္စံုမ်ား ဝတ္ဆင္ထားေသာ အဖြဲ႔တစ္ဖြဲ႔ ထြက္လာ၏။ ခိုးသားဓားျပမ်ားႏွင့္ အေတာ္ဆင္တူေပသည္။
"အရွင္မင္းျမတ္ကို ဂါရဝျပဳပါတယ္!!!!"
ေရာက္လာေသာသူမ်ားက သံၿပိဳင္ဟစ္ေႂကြးကာ ႏႈတ္ခြန္းဆက္သလာ၏။ ၾကည့္လိုက္ရံုႏွင့္ ဘယ္ႏွစ္ခါမွန္းမသိ အေတာ္ေလး ႀကိဳးစားပမ္းစား ဇာတ္တိုက္ခဲ့ၾကရဟန္တူသည္။ သူတို႔၏ ရိုးသားေသာစိတ္ရင္းအခံကို ေတြ့ျမင္ႏိုင္ေပ၏။
ယဲ့က်င္က ရပ္လိုက္ကာ ေမးလာသည္။
"ဘာလို႔ မင္းတို႔ခ်ည္းပဲလဲ။ ေရွာက္ယြီေရာ "
အေမြးလံုးေလးက ယဲ့က်င္ပခံုးေပၚ ကုပ္တြယ္ထားလ်က္၊ ႏွမ္းေစ့ေလးလို မည္းနက္ေနသည့္ ၄၏ မ်က္လံုးမ်ားက ရႊန္းရႊန္းလဲ့လဲ့ ဝင္းဝင္းလက္လက္ေလးျဖစ္ေနေပ၏။
"ေတာင္သခင္ယဲ့ကို ေျဖၾကားပါတယ္၊ ကြၽန္ေတာ္မ်ိဳးတို႔ရဲ့ ဂိုဏ္းခ်ဳပ္နဲ႔ သခင္ေလးက အလုပ္ကိစၥရိွလို႔ ရွီးရႊမ္းကို သြားေနပါတယ္။ ဒါေပမယ့္ ထြက္မသြားခင္မွာေတာ့ အရွင္မင္းျမတ္ကို ဧရာမလက္ေဆာင္ပဏၰာႀကီးတစ္ခု ဆက္သဖို႔ ကြၽန္ေတာ္မ်ိဳးတို႔ကို ေနရစ္ေစခဲ့ပါတယ္"
ေကြၽ့ယင္တပ္သားတစ္ၪီး၏ အေျဖၾကောင့္ ခ်ူယြမ္ ရယ္ေမာမိသြား၏။
"ဧရာမလက္ေဆာင္ႀကီးတဲ့လား၊ ဘာပစၥည္းမ်ားလဲ"
ေကြၽ့ယင္တပ္သားမ်ားက ေတာတြင္းတစ္ေနရာမွ လူတစ္ေယာက္ကို ဒရြတ္တိုက္ဆြဲလာလိုက္သည္၊ ထို႔ေနာက္ လည္ပင္းထိစြပ္ထားေသာ အဝတ္နက္ကို ဖယ္ရွားလိုက္သည္။
.
.
.
.
ယဲ့က်င္က အနားတိုးသြားကာ ေသခ်ာၾကည့္လိုက္၏။ သို႔ေသာ္ နားမလည္ႏိုင္စြာ ေမးလာ၏။
"ဒါ ဘယ္သူလဲ"
အခ်င္းခ်င္း ဘယ္သူမွန္းေတာင္ မသိၾကတဲ့လူကို ဘယ္လိုလုပ္ၿပီး လက္ေဆာင္အျဖစ္ ဆက္သရသလဲ။ ဒီလိုကိစၥမ်ိဳးက ျဖစ္ေရာျဖစ္သင့္ရဲ့လားဟမ္။
ခ်ူယြမ္လည္း အနားတိုးသြားၿပီး ၾကည့္လိုက္သည္။ ထိုအခါ မ်က္လံုးမ်ားမိွတ္ထားကာ ေသသလားရွင္သလားမသဲကြဲသည့္ ေသြးမ်ားရႊဲရႊဲစိုေနေသာ လူတစ္ေယာက္ကို ေတြ့လိုက္ရသည္။ ေမြးသဖခင္ ေက်းဇူးရွင္ကိုယ္တိုင္ကေတာင္ သူ႔သားမွန္း မွတ္မိမည္မဟုတ္ေလာက္ေသာ ပံုစံႀကီးျဖစ္သည္။
ေကြၽ့ယင္တပ္သားတစ္ၪီးက ရွင္းျပလာ၏။
"နာ့ရွီးရွစ္ပါခင္ဗ်ာ"
******
2021.04.04. 💜💛
*****