[ဘာပဲပြောပြော ၊ အဆိပ်ပိုးကောင်တွေ ကြိုက်တတ်တာချင်းတော့ တူတယ်လေ]
ယဲ့ကျင်က ပေါ့ပါးသောအရသာကိုသာ မှီဝဲစားသုံးသည်မို့ သက်သတ်လွတ်ခေါက်ဆွဲနှင့် အရံဟင်းနှစ်မျိုးသုံးမျိုးမျှကိုသာ မှာယူလိုက်သည်။ ထို့ကြောင့် မျက်နှာချင်းဆိုင်တွင် ထိုင်စားနေသောသွမ့်ယောင်နှင့် နှိုင်းယှဥ်လိုက်လျှင် သူတို့အစားအသောက်များမှာအတော်ကွာခြားနေကြောင်းတွေ့နိုင်ပေသည်။
တစ်ခါစားလျှင် အလုတ်သေးသေးလေးနှင့် သိမ်မွေ့နူးညံ့စွာ ၊ တင့်တယ်ကျော့ရှင်းစွာ ထိုင်စားနေသည့် တစ်ဖက်လူ၏ ဣန္ဒြေကိုမြင်တော့ သွမ့်ရှောင်ဝမ်ရယ်ခမျာ မိမိ၏ စားပုံသောက်ပုံမှာ စပါးကျီကြီးနှင့်သိပ်မခြားလှဟု တွေးမိသည်။ ထို့ကြောင့် ဟင်းချိုကို ဇွန်းဖြင့်ခပ်ကာ ဖြည်းဖြည်းချင်းသာ သောက်လိုက်၏။
ထမင်းတစ်ဝက်စားလို့ကုန်ပြီးသည့်အချိန်တွင် အဘွားတစ်ယောက်က ခြင်းတောင်းတစ်ခုလွယ်ကာ လှေကားပေါ်သို့ တက်လာ၏။ အသွင်ဟန်ပန်အားဖြင့် ဒီအနီးအနား ကျေးရွာတစ်ဝိုက်တွင် နေထိုင်သူတစ်ဦးဖြစ်ဟန်ရသည်။ ဆန်းဟိုင်စားသောက်ဆိုင်ကလည်း ဆိုင်ဖွင့်ကတည်းက အသက်ခုနစ်ဆယ်ကျော် သက်ကြီးရွယ်အိုများ မိမိတို့ဆိုင်တွင် အခမဲ့ ထမင်းလာစားနိုင်သည်ဟူသောထုံးတမ်းစဥ်လာတစ်ခုကို ချမှတ်ထားပြီးဖြစ်သောကြောင့် ဤနေရာသို့ သက်ကြီးရွယ်အိုများ လာရောက်နားနေတတ်ကြ၏။ ကျသင့်ငွေကောက်ခံရခြင်းမရှိသော်လည်း ဆိုင်ဝန်ထမ်းမှာ ထုံးစံအတိုင်းပင် တက်ကြွရွှင်လန်းစွာ ဧည့်ခံကြိုဆို၏။ အရေးမထားသော အမူအရာ တစ်ချက်မျှပင်မရှိ။ ပြီးတော့ ထိုအဘွားကို ထိုင်ခုံတစ်ခုပေါ်ထိုင်ရန် ကူညီပေးလိုက်သေးသည်။
ထိုအဘွား၏ ခြင်းတောင်းထဲ မည်သု့ိသောပစ္စည်းမျိုးရှိနေမှန်းတွေ့လိုက်တော့ ယဲ့ကျင်မျက်ဝန်းများ ဝင်းလက်တောက်ပသွား၏။ ထရပ်လိုက်မည်ကြံစဥ်၊ သွမ့်ယောင်က သူ့ထက်ပိုပြီး တစ်လှမ်းသွက်သွားကာ အဘွားဆီ အပြေးရောက်သွားနှင့်ပြီဖြစ်သည်။
"ဘွားဘွား"
"သခင်လေး"
အဘွားအိုက သူ၏ သန့်ရှင်းသပ်ရပ်သောရုပ်ရည်သွင်ပြင်ကိုမြင်တော့ သဘောကျနှစ်ခြိုက်သွားကာ ဆက်မေးလာ၏။
"အဘွား တောထဲကခူးလာတဲ့ ဟင်းရွက်တွေ ဝယ်မလို့လားကွယ့်"
"ဟင်းရွက်ဝယ်ဖို့ မဟုတ်ဘူး"
သွမ့်ယောင်က စိမ်းစိုနေသော ဟင်းရွက်များကြားက ပန်းပွင့်တစ်ခုကို ဆွဲယူလိုက်ကာ-
" ဒီဟာကို ဝယ်မလို့ပါ၊ ဘွားဘွား ရောင်းပေးမှာလားဟင်"
ဟေ့!!!!! ဟေ့!!!!!
ယဲ့ကျင် မျက်လုံးများပြူးကျယ်သွားရ၏။
အဘွားအိုက ခေါင်းခါပြလိုက်ကာ -
"သခင်လေးက ဒီပန်းကိုပဲ လိုချင်တာလား။ ဒါ တောင်ထိပ်ကနေ ခူးလာတာ ၊ စားလို့မရဘူး၊ အလှကြည့်မယ်ဆိုလည်း အထားမခံဘူး။ ဒါပေမယ့် သခင်လေးကြိုက်တယ်ဆိုရင်လည်း ယူသွားလိုက်ပါ၊ ငွေရှင်းစရာမလိုဘူး"
ယဲ့ကျင်က အင်္ကျီလက်ကို ခပ်ကြမ်းကြမ်းပင်ခေါက်တင်နေသည်။
"အဲ့လိုလုပ်လို့မရဘူးလေ"
သွမ့်ယောင်က အဝတ်အိတ်သေးသေးလေးထဲမှ အသပြာစအနည်းငယ်ထုတ်ယူလိုက်ကာ သူမလက်ထဲသို့ အတင်းထည့်ပေးလိုက်သည်။
"ဒီပန်းက ဆေးဘက်ဝင်တယ်၊ ဘွားဘွားရဲ့။ တခြားလူအမြင်ထဲမှာ တန်ဖိုးမဲ့ပေမယ့် ကျွန်တော်ကတော့ ဒီပန်းကနေ အကျိုးအာနိသင် ထုတ်သုံးနိုင်တယ်၊ ဒီတိုင်း အလကားသက်သက် အမြတ်ထုတ်လို့ ဘယ်ဖြစ်မလဲ"
"ဒီလောက်တောင် စျေးကြီးတယ်လား"
အဘွားအိုက အံ့ဩနေ၏။
"နောက်တစ်ခုရှိသေးတယ်။ ဒီပန်းက အဆိပ်ရှိတယ်၊ တောင်ပေါ်မှာ တစ်ပင်တည်းရှိတယ်ဆိုပေမယ့် ဘွားဘွား ဒီဟာကို နောက်တစ်ခေါက် သွားတွေ့မိရင် သတိထားရမယ်နော်။ သတိလက်လွတ် သွားကိုင်လို့မရဘူး"
ထို့နောက် သွမ့်ယောင်လည်း ကျေးဇူးတင်စကားဆိုကာ ထရပ်ပြီး အနီရောင်ပန်းလေးကိုကိုင်ကာ သူ့ထိုင်ခုံသို့ပြန်သွားလိုက်သည်။ ထို့နောက် အဝတ်စတစ်ခု ယူလိုက်ကာ ထုပ်သိမ်းလိုက်၏။ ထို့နောက် ဝက်ခြေထောက်ကို ဆက်ကိုက်စားနေလိုက်သည်။
ယဲ့ကျင်ကမူ အခြားတစ်ဖက်ြခမ်းတွင် ထိုင်နေကာ တဝင်းဝင်းတောက်နေသော အကြည့်များဖြင့် သူ့ကိုကြည့်လာ၏။
သွမ့်ယောင် ကြက်သီးထသွားသလို ထံစားလိုက်ရသည်။ ထို့ကြောင့် ယဲ့ကျင်ကို မရဲတရဲ မော့ကြည့်လိုက်သည်။
ယဲ့ကျင်က သူနှင့် အကြည့်ချင်းဆုံလိုက်၏။
"ဒီက သခင်လေး...."
သွမ့်ယောင် ပါးစပ်ကိုသုတ်လိုက်သည်။ သတိကြီးကြီးထားရမည်ဟုလည်း ခံစားလိုက်ရ၏။
စောနကတောင် အကောင်းကြီးရှိသေးတယ်လေ၊ ဘာလို့ နေရင်းထိုင်ရင်း အဲ့လိုကြီး ကြည့်လာတာလဲဟ။ သရဲပူးသွားတာလား။
ယဲ့ကျင်က အတွင်းလူအချင်းချင်း လျှို့ဝှက်စွာပြောလိုက်သလို အသံနှိမ့်ပြီးပြောလိုက်သည်။
"ရေအဆုံး ကုန်းတစ်ဝက်"
သွမ့်ယောင် - "...."
ယဲ့ကျင် လက်သီးနှစ်ဖက် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်သည်။
သွမ့်ယောင် - "...."
မိမိရှေ့ကလူမှာ အတော်ပင် ထူးဆန်းနေသည်၊ အကြောင်းအရင်းလည်းမရှိပါဘဲ စိတ်ဆိုးနေ၏။ သို့သော်လည်း ဒီနေရာက ရွှေမြို့တော်ဖြစ်သည်မို့ ထသောင်းကျန်းလိုက်လို့လည်း မဖြစ်သေး။ ထို့ကြောင့် သွမ့်ယောင်လည်း ကျန်သောဝက်ခြေထောက်တစ်ချောင်းကို ယဲ့ကျင်အား ပေးလိုက်သည်။
"သခင်လေး သုံးဆောင်ပါ"
ယဲ့ကျင် - "...."
တစ်ဖက်လူက တုတ်တုတ်မှမလှုပ်ပြန်တော့ သွမ့်ယောင်က စိတ်ရှုပ်လာသောအသံဖြင့်ပြောလိုက်သည်။
"မလောက်လို့လားဟင်"
ကျန်တဲ့ဟာတွေက ကျွန်တော်ကိုက်ပြီးသားဟာတွေနော်၊ ခင်ဗျား မရွံဘူးဆိုရင်လည်း ယူသွားလို့ရတယ်။
ဘာလို့ အဲ့လောက်ကြီး မျက်နှာစူပုတ်နေတာလဲ။
ဒုန်း!!!!!!
ယဲ့ကျင်က စားပွဲကို ရိုက်လိုက်ကာ ပြောလိုက်သည်။
"စောနက ဟေးဒင်ပန်းကို ပြောတာ"
သွမ့်ယောင်လည်း ချက်ချင်းပင် အဝတ်ထုပ်ကို လှမ်းပြီးဆုပ်ကိုင်ထားလိုက်၏။
ယဲ့ကျင်က ဆက်ဆိုသည်။
"ဘယ်အချိန်ထိ ကပ်စေးကုတ်နေဦးမှာလဲ။ အဲ့ပန်းက သုံးရက်နေရင် နွမ်းပြီ၊ ခင်ဗျားတစ်ယောက်တည်းသုံးလည်း သုံးလို့မှမကုန်နိုင်ဘဲ"
သွမ့်ယောင်ကတော့ တုံ့ဆိုင်းနေမြဲ၊ စိတ်ထဲကလည်း ထွက်ပြေးလိုက်ချင်နေပြီဖြစ်သည်။
"လီ့ထန်ပန်းနဲ့ လဲပေးလို့ရတယ်"
"ဟင်၊ ခင်ဗျားဆီမှာ လီ့ထန်ရှိတာလား"
သွမ့်ယောင်မျက်လုံးများ ချက်ချင်း ဝင်းလက်သွား၏။ ယဲ့ကျင်က အင်္ကျီထဲမှသည် ပုလင်းတစ်ဘူးထုတ်ပေးလိုက်သည်။
"အရင်နေ့ကမှ အမှုန့်ကြိတ်ထားတာ"
သွမ့်ယောင်လည်း လှမ်းယူလိုက်ရင်း လက်ညှိုးဖြင့် တို့ပြီး မြည်းကြည့်လိုက်သည်။ထို့နောက် ချက်ချင်းပင် ရင်ခုန်ဝမ်းမြောက်စွာနှင့် -
"လဲမယ်၊ လဲမယ်၊ လဲမယ်"
ယဲ့ကျင် အတော်လေး အံ့ဩသွား၏။ သူ့အပေါ် အဆိပ်များ အာနိသင်မသက်ရောက်နိုင်ြခင်းမှာ နှစ်ပေါင်းကြာရှည်စွာ ဆေးပညာကို လေ့လာရင်း ဆေးအမျိုးပေါင်းများစွာကို သူ မြည်းစမ်းထားဖူးသောကြောင့်ဖြစ်သည်။ သို့သော် သူ့ရှေ့က လူငယ်လေးကတော့ အဆိပ်မှုန့်ကို ဒီတိုင်း လက်ချည်းဗလာဖြင့် နှိုက်မြည်းလိုက်သည်တဲ့၊ တကယ် မယုံချင်စရာပါပေ။
သွမ့်ယောင်က ယဲ့ကျင်အား အနီရောင်ပန်းကိုတစ်ဝက်ခွဲပေးလိုက်သည်၊ တကယ်ကိုပင် အပြောနှင့်အလုပ် ညီညွတ်ပြတ်သားလှသည်။ ယဲ့ကျင်က ဆက်မေးလိုက်သည်။
"ဒီက သခင်လေးရဲ့ ကြီးမြတ်လှတဲ့အမည်နာမကို သိခွင့်ပေးပါဦးလား"
"ကျွန်တော်က - "
"ရှောင်ကျင်"
သွမ့်ယောင် စကားစလိုက်ရုံသာရှိသေး၊ တစ်ယောက်သောသူက လှေကားပေါ်သို့ တက်လာသည်။
"အိုး၊ ဂိုဏ်းချုပ်ရှန် လာပြီ!!!"
ဆိုင်ဝန်ထမ်းလေးက အစားအသောက်များ လာချပေးရင်း အောက်ထပ်ပြန်ဆင်းမည်အပြု ၊ ရှန်ချန်းဖုန်းနှင့် တွေ့လိုက်ရတော့ ပြုံးပြလိုက်ကာ ဟိန်းထွက်ကြည်လင်နေသောအသံဖြင့် လှမ်းနှုတ်ဆက်လိုက်၏။
"အတွင်းဘက် ကြွလာခဲ့ပါခင်ဗျာ"
ရှန်ချန်းဖုန်းက သူတို့ရှိရာစားပွဲသို့ရောက်လာ၏။
"ရှောင်ကျင်"
"အိမ်ကကိစ္စတွေ ရှင်းလို့ပြီးသွားပြီလား"
ယဲ့ကျင်မေးသည်ကို ဖြေရင်း ရှန်ချန်းဖုန်းက သူ့အနားဝင်ထိုင်လိုက်သည်။
"ကိုယ် သွားကြည့်ခဲ့ရုံလေးပါ၊ တခြားကိစ္စကို မွန်းလွဲပြီးခါမှ ဆက်ဆွေးနွေးကြမှာ။ စောနက ထျဲန်းဆွီဂိုဏ်းကလူတွေနဲ့ ထမင်းစားနေတုန်း မင်း ခံတွင်းမမြိန်လို့ဆိုပြီး တစ်ယောက်တည်းအပြင်ထွက်လာတယ်လို့ အစေခံတွေကနေ ကြားလိုက်ရတယ်၊ ဒီမှာ ခေါက်ဆွဲလာစားနေလောက်တယ်လို့ ကိုယ်ခန့်မှန်းကြည့်လိုက်တာ"
"ဒီမယ်၊ ပန်းအနီလေးတစ်ဝက် တိုက်တိုက်ဆိုင်ဆိုင် ရလာသေးတယ်။ ဒီမှာထိုင်တဲ့ သခင်လေး...အဲ...ခင်ဗျား ဘာဖြစ်သွားတာလဲ"
ဘာလို့ မျက်လုံးတွေ မျက်နှာတွေ အုပ်ထားတာလဲ။
သွမ့်ယောင် ချက်ချင်းပင် အသက်ဝဝရှူသွင်းလိုက်ကာ ပြတင်းပေါက်မှတစ်ဆင့် ခုန်ထွက်သွားသည်။
ဇာတ်လမ်းက ဒီထိ ရောက်လာမှတော့ အဲ့ဒီ ရှောင်ကျင်က ဘယ်သူဆိုတာ ငတုံးတောင်မှ သိနေလောက်ပြီ၊ မြန်မြန်ထွက်ပြေးတာကမှ ပိုကောင်းသေး။
ယဲ့ကျင်မှာ လန့်ဖျတ်တုန်လှုပ်သွား၏။ ရှန်ချန်းဖုန်းလည်း ဘာတွေဖြစ်သွားမှန်း နားမလည်လိုက်။ သို့သော် သံသယဖြစ်စရာ မူမမှန်မှုမျိုးရိှသည်ဟု ခံစားလိုက်ရကာ သွမ့်ယောင်နောက် အပြေးလိုက်သွားပြီး လွယ်လွယ်ကူကူပင် ဂုတ်ဆွဲခေါ်လာနိုင်ခဲ့သည်။
သွမ့်ယောင်က ရှန်ချန်းဖုန်းနှင့် အကြည့်ချင်းဆုံသွား၏။ စိတ်ထဲမှလည်း ဝါးခနဲ ငိုချင်းချချင်နေပြီဖြစ်သည်။
"သွမ့်....ရှောင်ဝမ်ရယ်?"
ရှန်ချန်းဖုန်းလည်း ထစ်ထစ်ငေါ့ငေါ့ရေရွတ်လိုက်သည်။ ထို့နောက် မီးစနှင့်အဟပ်ခံလိုက်ရသည့်အလား သွမ့်ယောင်ကို ချက်ချင်းလွှတ်ပေးလိုက်၏။
"နောင်တော်ကြီးရှန်"
သွမ့်ယောင်က ရိုကျိုးနှိမ့်ချသောလေသံဖြင့် နှုတ်ခွန်းဆက်လိုက်၏။
ဒီတစ်ခေါက်ကတော့ အံ့အားသင့်ရသောသူမှာ ယဲ့ကျင်အလှည့်ဖြစ်သည်။
"ခင််ဗျားတို့အချင်းချင်း သိနေကြတယ်လား။ ဒါဆို ဒီသခင်လေးက ဘယ်သူလဲ "
"ကျွန်တော် သွမ့်ယောင်ပါ၊ ရှီးနန်စံအိမ်တော်ကလူပါ"
"....."
ရှန်ချန်းဖုန်း အတော်စိတ်ရှုပ်သွားသည်။ စောနက ဘာလို့များ လိုက်ဖမ်းမိတာပါလိမ့်။
သူ့တစ်သက်မှာ ထိုနှစ်တုန်းက ဖြစ်ခဲ့သောအဖြစ်အပျက်ကို ဘယ်တော့မှ မေ့လို့ရမည်မဟုတ်ချေ။ ကုယွင်ရွှမ်းက သူတို့ရှန်မျိုးနွယ်စံအိမ်တော်ဆီ လူတစ်ယောက် လာလွှတ်ပေးထားသည့်အဖြစ်အပျက် ၊ ထိုစဥ်တုန်းကဆိုလျှင် သူ့ရှေ့ရှိကောင်လေးက ဂန္ဓမာပန်းပွင့်အဆင်များဖြင့် ချုပ်လုပ်ထားသော ဂါဝန်လေးဝတ်ကာ ဖခင်ဖြစ်သူနှင့့် ဒုတိယညီလေး၏ရှေ ညှို့ဓာတ်ပြင်းလှသော ပျိုမဒီငယ်လေးအဖြစ် ဟန်ဆောင်ခဲ့သောပုံရိပ်၊ သူ တကယ် မမေ့နိုင်ပါချေ။
သွမ့်ယောင်ဘက်ကလည်း ချက်ချင်း ရေငုံနှုတ်ပိတ်နေလိုက်ရသည်။
ထိုစဥ်တုန်းက မိမိမှာ ရှစ်ဖူး၏ အရိုက်ခံလိုက်သဖြင့် မေ့မြောသွားပြီး ကျန်းနန်သို့ အပို့ခံလိုက်ရ၏။ ထို့နောက် ပြန်နိုးလာသည်နှင့် ဒေါသူပုန်ထကာ မြင်မြင်သမျှ အရာတိုင်းကို လိုက်ပြီးပြဿနာရှာခဲ့ခြင်းဖြစ်သည်။ တစ်နေ့နေ့ကျ အခုလို ရှုပ်ထွေးပွေလီသောပတ်သက်မှုမျိုး ရှိလာမည်ဟုပင် မထင်ထားခဲ့။ သိများသိခဲ့လို့ကတော့ မျက်စများပစ်ကာ မူယာမာယာများဟန် လုပ်ခဲ့မည်မဟုတ်၊ ထိုအစား မျက်လုံးများနှိုက်ထုတ်လိုက်လျှင်တောင် ပိုကောင်းမည်။
"ကျွန်တော်ကတော့ ယဲ့ကျင်ပါ"
ယဲ့ကျင် အတော်ပင် တွေဝေနေ၏။ စောနကတော့ မိမိနှင့် အကြိုက်ချင်း ဝါသနာချင်းတူသော ဆွေသဟာတစ်ယောက်နှင့် တွေ့ဆုံနေရသည်ဟု ခံစားလိုက်ရသော်လည်း ခေါက်ဆွဲတစ်ဝက် မကုန်လိုက်သေးခင်မှာတင် တစ်ဖက်လူက ဟိုတစ်ယောက်၏ ညီလေးဖြစ်နေသည်တဲ့။
အဲ့တစ်ယောက်ရဲ့....ညီတဲ့။
"တောင်သခင်ယဲ့ကို ဂါရဝပြုပါတယ်"
သွမ့်ယောင် နှာခေါင်းရှုံ့လိုက်သည်။
"ရှောင်ဝမ်ရယ် နန်းတော်သွားမှာလား"
ခဏလောက်တွေဝေပြီးသည့်နောက်ဝယ် ယဲ့ကျင်က မေးလိုက်ဖို့ ဆုံးဖြတ်လိုက်သည်။ ဘာပဲပြောပြော လူမှုရေးဝတ္တရားကိုလည်း မပျက်ကွက်စေချင်။ ထိုတစ်ယောက်၏ ငှက် သူ့ဘာသာသူမထောင်နိုင်သည်က ထိုတစ်ယောက်၏ အရေးကိစ္စသာဖြစ်၏၊ သူ့အမျိုးအဆွေများနှင့် သက်ဆိုင်မှု လုံးဝမရှိ။
"ဟုတ်၊ သွားမလို့ပါ"
"ကျွန်တော်လည်း သွားမှာ၊ အတူတူသွားကြရင် ပိုမကောင်းဘူးလား"
".....ဟုတ်"
ရှန်ချန်းဖုန်းခမျာ ရှေ့ကလူနှစ်ယောက်ထွက်သွားနှင့်သည်ကို အံ့ဩတကြီးကြည့်နေ၏။ ယဲ့ကျင်က ရှေ့မှ ဦးဆောင်သွားကာ တစ်ခဏအတွင်းမှာပင် သွမ့်ယောင်လည်း လှေကားမှ ဆင်းသွား၏။ သို့သော်လည်း သွမ့်ယောင်က ရှန်ချန်းဖုန်းဆီသို့ လျှပ်စီးအလျင်တမျှ မြန်ဆန်ကာ အဓိပ္ပာယ်နက်ရှိုင်းလှသောမျက်ဝန်းများဖြင့် ကြည့်လာ၏။ ထိုမျက်ဝန်းများထဲတွင် ထောင်သောင်းမကသော စကားများ ဟိန်းထွက်လာနေသည်။
ဂိုဏ်းချုပ်ရှန်လည်း လက်နှစ်ဖက်ကို ယှက်ကာ လက်ခံလိုက်၏။
မင်းလည်း တိတ်မယ်၊ ငါလည်း နှုတ်ဆိတ်မယ်။ ဒီကိစ္စကို ဘယ်သူမှ မသိစေရပါဘူး။
သွမ့်ယောင်မှာ ခုမှ သက်ပြင်းချနိုင်တော့သည်။ တစ်ဖက်လူ၏ ခြေသလုံးကို ဖက်ကာ " ကျေးဇူးတင်ပါတယ်ခင်ဗျ!!!! "ဟု အော်ပြောလိုက်ချင်နေပြီဖြစ်၏။
နောင်တော်၏ ထိမ်းမြားမင်္ဂလာပွဲကလည်း သူ့ဘာသာသူတောင် နှေးကွေးလေးဖင့်နေပါသည်ဆိုမှ သူ့ကြောင့် ပြဿနာတစ်ခုခုထပ်ဖြစ်သွားလျှင် -
အားလားလား၊ နှစ်တိုင်းနှစ်တိုင်း ပိုးထည်အနီဝယ်နေပုံနှင့် ရှီးနန်စံအိမ်တော်ကြီး မွဲပြာကျသွားလိမ့်မည်။
*****
ဆန်းဟိုင်စားသောက်ဆိုင်မှာ ရွှေနန်းတော်နှင့် သိပ်မဝေးလှ၊ ထို့ကြောင့် နှစ်ယောက်သား မြင်းကို ခပ်ဖြည်းဖြည်းသာ စီးနင်းလာခဲ့သည်။ လမ်းတစ်လျှောက်လုံး သွမ့်ယောင်တစ်ယောက် တိတ်ဆိတ်နေလို့။ လမ်းတစ်ဝက်လောက်ရောက်တော့ ယဲ့ကျင်က ရုတ်တရက်ကြီး ထမေးလာ၏။
"ဒီတစ်ခေါက် ရွှေမြို့တော်ကိုလာတာ လူကြီးမင်းနန် ပါလာသေးလား"
"မလာပါဘူးခင်ဗျ။ ရှစ်ဖူးက နန်ယန်မှာရှိတဲ့ မိတ်ဆွေဟောင်းဆီ အလည်သွားနေတာ၊ ရှီးနန်ပြန်လာဖို့ တော်တော်ကြာဦးမယ်ထင်တယ်"
သွမ့်ယောင်က ပျာပျာသလဲ ပြန်ဖြေလိုက်သည်။
"တွေ့ရမယ်ထင်နေတာ"
ယဲ့ကျင်က သူ့ဘာသာသူရေရွတ်လိုက်သည်။
ဘာပဲပြောပြော ထိုပုဂ္ဂိုလ်က ဒဏ္ဍာရီတွင် သမိုင်းတင်ရလောက်သော သေပြီးပြန်ရှင်လာနိုင်သူတစ်ယောက်ဖြစ်သည်။ သူ၏ ခန္ဓာကိုယ်ထဲမှာလည်း ကူအဆိပ်ကောင်ပေါင်း အမျိုးစုံစွာရှိလိမ့်မည်။ အခန်းထဲဆွဲခေါ်ပြီး သုံးရက်သုံးညလောက် ဆွေးနွေးပစ်ချင်စမ်းပါရဲ့။
သွမ့်ယောင်မှာတော့ နန်ယန်သို့အပြေးသွားကာ ဆရာဖြစ်သူကို ခုချက်ချင်း သွားခေါ်ချင်နေပြီဖြစ်သည်။
****
သို့သော် သူတို့နှစ်ယောက် နန်းတော်သို့ရောက်တော့ အရှင်မင်းမြတ်က တော်ဝင်စာကြည့်ဆောင်တွင်သာ စံပယ်နေဆဲဖြစ်ကြောင်း မိန်းမစိုးတစ်ယောက်က ဖြေကြားလာ၏။ ထို့အပြင် အပြင်တွင် စောင့်ဆိုင်းနေသော မှူးမတ်များလည်း နည်းနည်းနောနောပမာဏမဟုတ်သောကြောင့် အနည်းဆုံးနှစ်နာရီလောက် အချိန်ကုန်မည်ဟု ခန့်မှန်းနိုင်ပေသည်။ ထို့ကြောင့် ယဲ့ကျင်က ဖိတ်ခေါ်လိုက်သည့်သဘောနှင့် -
"တော်ဝင်သမားတော်အဆောင်ဘက် သွားကြည့်ကြမလား"
"လုပ်လိုက်လေ"
သွမ့်ယောင်လည်း ချက်ချင်းလက်ခံလိုက်သည်။
လမ်းခုလတ်တွင် နှစ်ယောက်သား ထောင်လျန်တာနှင့် ပက်ပင်းတိုးမိလေရာ သွမ့်ယောင်ကလည်း ရိုသေလေးစားစွာဖြင့် နှုတ်ဆက်လိုက်၏။
"အမတ်မင်းထောင်"
ယဲ့ကျင်ခမျာ ထောင်လျန်တာကိုမြင်သည်နှင့် ခေါင်းကိုက်လာ၏။ ထို့နောက် အြမန်ပင် နှုတ်ခွန်းဆက်ပြီးသည်နှင့် သွမ့်ယောင်ကိုခေါ်ကာ ခြေလှမ်းခပ်သွက်သွက်လှမ်းပြီး ပုရောဟိတ်အမတ်ကြီးကို တစ်ယောက်တည်းချန်ထားခဲ့သည်။
ထိုနှစ်ယောက်ထွက်သွားသည်ကိုကြည့်ရင်း ထောင်လျန်တာ ခေါင်းကိုက်လာ၏။
ဒီနောက်ပိုင်း အရှင်မင်းမြတ်က ရှီးနန်စံအိမ်တော်ကို မတရား အလိုလိုက်လွန်းနေသည်။ တားမြစ်ကြသောအသံများကိုလည်း မမှုတော့။ သူ၏ လုပ်ဖော်ကိုင်ဖက်တစ်ဦးသည်ပင် ဒီကိစ္စကြောင့် ရာထူးအဖြုတ်ခံရလုနီးနီး ဖြစ်သွားသေးသည်။
ဒီတစ်ခေါက် မင်းသား(၉) ကြွလာဖို့ရန် အတော်ခက်ခဲသည်။ ရောက်လာခဲ့လျှင် တော့အရှင်မင်းမြတ်ကို အနည်းငယ် နားချနိုင်လိမ့်မည်ဟု ထင်ထား၏။ သို့သော်လည်း မထင်မှတ်သည်မှာ အခု မင်းသား(၉)နှင့် သွမ့်ရှောင်ဝမ်ရယ်တို့၏ ဆက်ဆံရေးကိုကြည့်ရသည်မှာ သိပ်မဆိုးလှပြန်။
တကယ်ကိုပင် ရင်လေးစရာကောင်းလှပေသည်။
****
စာကြည့်ဆောင်ထဲဝယ်။
ချူယွမ်မှာ နောက်ဆုံးသောအမတ်တစ်ယောက်ကို ခက်ခက်ခဲခဲ ရှင်းထုတ်လိုက်အပြီး ရွှေနဂါးပလ္လင်အား မှီလိုက်သည်။ တစ်ကိုယ်လုံး မသက်မသာဖြစ်နေသလိုပင်။
သွမ့်ပိုင်ယွဲ့က တံခါးကိုဖွင့်လိုက်ကာ သူ့ဘေးနား လာထိုင်၏။
"နောက်ထပ်လာမယ့်လူ မရှိတော့ဘူးဟုတ်။ ရှိရင်လည်း ပေးမတွေ့တော့ဘူး"
ချူယွမ်က သွမ့်ပိုင်ယွဲ့အား လှမ်းမှီလိုက်ကာမေးလာ၏။
"ဘယ်အချိန်ရှိပြီလဲ"
သွမ့်ပိုင်ယွဲ့လည်း သူ့ကို ပွေ့ဖက်ထားလိုက်၏။
"ညနေ ငါးနာရီရှိပြီ။ ခဏနေ မင်းနဲ့အတူတူ ဥယျာဥ်တော်ထဲ လေညှင်းခံဖို့ ကိုယ် လိုက်ခဲ့မယ်၊ ပြီးမှ ထမင်းပြန်သွားစားကြမယ်။ ကောင်းတယ်ဟုတ်"
"ခါးနာတယ်"
"ခဏနေမှ အိပ်၊ မဟုတ်ရင် ထိုင်းမှိုင်းလေးလံနေလိမ့်မယ်"
သွမ့်ပိုင်ယွဲ့၏ ဆန္ဒကို ပြောင်းလဲဖို့ မအောင်မြင်တော့ ချူယွမ်လည်း အားတင်းပြီး ထရပ်လိုက်ရ၏။ ထို့နောက် တူနှစ်ကိုယ်ယှဥ်တွဲပြီး ဥယျာဥ်တော်ဘက် လျှောက်လှမ်းလာသည်။ သူရိန်နေမင်းကြီးက အနောက်တောင်တန်းများပေါ် မေးတင်အိပ်စက်နေလျက်၊ တိမ်သလ္လာများကလည်း မီးတောက်မီးညွန့်များနှယ် ရဲရဲနီလို့။ အတော်ပင် ခမ်းနားလှပသော ရှုမျှော်ခင်းပါပေ။
"ဇရပ်ဘက် သွားကြမလား"
သွမ့်ပိုင်ယွဲ့ကမေးတော့ ချူယွမ်လည်း ခေါင်းညိတ်ပြလိုက်သည်။ သို့သော် လမ်းသွယ်လေးတစ်ခုထဲ ချိုးဝင်သွားမည်လုပ်တော့ ရှေ့က တောအုပ်ငယ်လေးဘက်မှအချင်းချင်းစကားပြောဆိုနေကြသောအသံများကို ကြားလိုက်ကြရသည်။
*****
"သတိထားဦး"
သွမ့်ယောင် ထပ်မံသတိပေးလာ၏။
ယဲ့ကျင်က အင်္ကျီလက်ကို ခေါက်တင်ထားကာ အပင်တစ်ပင်ကို တူးနေ၏။ ကိစ္စအကြီးကြီးတစ်ခု လုပ်နေရသည့်နှယ် နှစ်ယောက်စလုံးက တော်တော်လေးကိုပင် စိတ်နှစ်ပြီး ကြိုးကြိုးစားစား အားထုတ်နေကြသည်။
သွမ့်ပိုင်ယွဲ့နှင့် ချူယွမ်တို့နှစ်ယောက် အကြည့်ချင်းဆုံသွားကြသည်။ နှစ်ယောက်စလုံး ဘယ်သူမှ နားမလည်ကြ။
ယဲ့ကျင်က ဆို၏။
"တော်ပြီ၊ တော်ပြီ၊ မင်း အပေါ်ပိုင်းကို ကိုင်ထားချေ။ သေသေချာချာ သတိထားရမှာနော်၊ ဒီအြမစ်တွေ လုံးဝ ပြတ်လို့မဖြစ်ဘူး။ ပြတ်သွားရင် ဘာအကျိုးအာနိသင်မှ မရှိတော့ဘူး"
ယဲ့ကျင် ပြောစကားအတိုင်း သွမ့်ယောင်က လိုက်နာလိုက်ကာ အသက်ရှူပါ အောင့်ထားလိုက်သည်။
"မင်းတို့တွေ ဘာလုပ်နေကြတာလဲ"
"အာ့!!!!!"
သွမ့်ပိုင်ယွဲ့ ထမေးလိုက်သည်။ နောက်ဘက်ကအသံတစ်ခုကို ထင်မှတ်မထားဘဲ ကြားလိုက်ရသဖြင့် နှစ်ယောက်စလုံးလန့်သွား၏။ ယဲ့ကျင်ကတော့ ဆတ်ခနဲတုန်သွားကာ လက်ထဲကဂေါ်ပြားကပါ လွှတ်ချမိပြီးသားဖြစ်သွား၏။ သို့နှင့် ထိုအပင်က ချက်ချင်းပင် အမြစ်ပြတ်သွားလေသည်။
သွမ့်ပိုင်ယွဲ့တစ်ယောက် ပါးစပ်အဟောင်းသား ဖြစ်သွား၏။
ယဲ့ကျင် - "....."
"ဘာတူးနေတာလဲ"
ချူယွမ်လည်း နားမလည်သဖြင့် ထပ်မေးလိုက်သည်။
လက်ထဲက သစ်မြစ်မှာ အဖြတ်ခံလိုက်ရပြီးနောက် စေးပျစ်ပျစ်အရည်များ စိမ့်ထွက်စီးကျလာ၏။ ယဲ့ကျင်မှာ အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။
လူ မသတ်ရဘူး ၊ စိတ်အေးအေးထားရမယ်။
"နှမြောစရာကြီး။ အသီးလေးသီးလာဖို့အရေး နှစ်နှစ်ကြီးများတောင် စောင့်ရတာကို "
သွမ့်ယောင်က နှမြောတသဖြစ်စွာ ပြောလာသည်။
"အလုပ်ကိစ္စတွေကျန်သေးတယ်၊ ခွင့်ပြုပါဦး"
သွမ့်ပိုင်ယွဲ့လည်း ချက်ချင်းပင် ကျောခိုင်းကာ ပြန်လှည့်ရန် ဆုံးဖြတ်လိုက်၏။ ချူယွမ်ကိုပါ ဆွဲခေါ်သွား၏။
"ခဏနေဦး!!!!!"
အနောက်မှ ယဲ့ကျင်က အော်ပြောလာသည်။
အင်မတန်မှ ခက်ထန်သောအသံမို့ ချူယွမ်သည်ပင် သွမ့်ပိုင်ယွဲ့လက်ကို မသိလိုက်မသိဘာသာ အလိုလို ဆုပ်ကိုင်မိသွား၏။
ယဲ့ကျင်လည်း လန့်သွားသည်၊ မိမိကိုယ်ကိုမိမိ ဒီထက်ပိုပြီး စိတ်အေးရမည်ဟု အမှတ် လိုက်၏။
ထို့နောက် ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားလေသည်။
ခဏလောက်ကြာတော့ သွမ့်ပိုင်ယွဲ့က အေးစက်စက်လေသံဖြင့် ပြောလာ၏။
"ငါတို့ သွားလို့ရပြီလား"
ယဲ့ကျင် အတော်ကို စိတ်ပင်ပန်းနေသည်။
"အရေးကြီးကိစ္စ နောက်တစ်ခုရှိသေးတယ်"
ပြောပြီးခါမှ ဒင်းရဲ့ဥကိုဖြတ်ထုတ်လိုက်ရင်လည်း နောက်မကျသေးဘူး။
"ဟင်"
ချူယွမ် ယဲ့ကျင်ဘက် ပြန်လှည့်လာသည်။
"ကောင်းတဲ့သတင်းရယ်တော့ မဟုတ်ဘူး"
"ဘာသတင်းလဲ"
ချူယွမ်မျက်နှာ အနည်းငယ်ပျက်ယွင်းသွား၏။ ယဲ့ကျင်က ဆိုသည်။
"ကြည့်ရတာ ပိုင်ရှန့်ပြည်ကတော့ ချူရှိန့်ရဲ့စည်းရုံးသိမ်းသွင်းမှုထဲ အပြီးအပိုင် ပါသွားပြီးတဲ့ပုံပဲ"
******
2021.02.23.
Thz for missing Di Wang. 💜💛
*******
အခန္း - ၁၁၇ (နန္းေတာ္ တူတူသြားၾကမယ္)
[ဘာပဲေျပာေျပာ ၊ အဆိပ္ပိုးေကာင္ေတြ ႀကိဳက္တတ္တာခ်င္းေတာ့ တူတယ္ေလ]
ယဲ့က်င္က ေပါ့ပါးေသာအရသာကိုသာ မွီဝဲစားသံုးသည္မို႔ သက္သတ္လြတ္ေခါက္ဆြဲႏွင့္ အရံဟင္းႏွစ္မ်ိဳးသံုးမ်ိဳးမ်ွကိုသာ မွာယူလိုက္သည္။ ထို႔ေၾကာင့္ မ်က္ႏွာခ်င္းဆိုင္တြင္ ထိုင္စားေနေသာသြမ့္ေယာင္ႏွင့္ ႏိႈင္းယွဥ္လိုက္လ်ွင္ သူတို႔အစားအေသာက္မ်ားမွာအေတာ္ကြာျခားေနေၾကာင္းေတြ့ႏိုင္ေပသည္။
တစ္ခါစားလ်ွင္ အလုတ္ေသးေသးေလးႏွင့္ သိမ္ေမြ့ႏူးညံ့စြာ ၊ တင့္တယ္ေက်ာ့ရွင္းစြာ ထိုင္စားေနသည့္ တစ္ဖက္လူ၏ ဣႁႏၵေကိုျမင္ေတာ့ သြမ့္ေရွာင္ဝမ္ရယ္ခမ်ာ မိမိ၏ စားပံုေသာက္ပံုမွာ စပါးက်ီႀကီးႏွင့္သိပ္မျခားလွဟု ေတြးမိသည္။ ထို႔ေၾကာင့္ ဟင္းခ်ိဳကို ဇြန္းျဖင့္ခပ္ကာ ျဖည္းျဖည္းခ်င္းသာ ေသာက္လိုက္၏။
ထမင္းတစ္ဝက္စားလို႔ကုန္ၿပီးသည့္အခ်ိန္တြင္ အဘြားတစ္ေယာက္က ျခင္းေတာင္းတစ္ခုလြယ္ကာ ေလွကားေပၚသို႔ တက္လာ၏။ အသြင္ဟန္ပန္အားျဖင့္ ဒီအနီးအနား ေက်းရြာတစ္ဝိုက္တြင္ ေနထိုင္သူတစ္ၪီးျဖစ္ဟန္ရသည္။ ဆန္းဟိုင္စားေသာက္ဆိုင္ကလည္း ဆိုင္ဖြင့္ကတည္းက အသက္ခုနစ္ဆယ္ေက်ာ္ သက္ႀကီးရြယ္အိုမ်ား မိမိတို႔ဆိုင္တြင္ အခမဲ့ ထမင္းလာစားႏိုင္သည္ဟူေသာထံုးတမ္းစဥ္လာတစ္ခုကို ခ်မွတ္ထားၿပီးျဖစ္ေသာေၾကာင့္ ဤေနရာသို႔ သက္ႀကီးရြယ္အိုမ်ား လာေရာက္နားေနတတ္ၾက၏။ က်သင့္ေငြေကာက္ခံရျခင္းမရိွေသာ္လည္း ဆိုင္ဝန္ထမ္းမွာ ထံုးစံအတိုင္းပင္ တက္ႂကြရႊင္လန္းစြာ ဧည့္ခံႀကိဳဆို၏။ အေရးမထားေသာ အမူအရာ တစ္ခ်က္မ်ွပင္မရိွ။ ၿပီးေတာ့ ထိုအဘြားကို ထိုင္ခံုတစ္ခုေပၚထိုင္ရန္ ကူညီေပးလိုက္ေသးသည္။
ထိုအဘြား၏ ျခင္းေတာင္းထဲ မည္သု႔ိေသာပစၥည္းမ်ိဳးရိွေနမွန္းေတြ့လိုက္ေတာ့ ယဲ့က်င္မ်က္ဝန္းမ်ား ဝင္းလက္ေတာက္ပသြား၏။ ထရပ္လိုက္မည္ႀကံစဥ္၊ သြမ့္ေယာင္က သူ႔ထက္ပိုၿပီး တစ္လွမ္းသြက္သြားကာ အဘြားဆီ အေျပးေရာက္သြားႏွင့္ၿပီျဖစ္သည္။
"ဘြားဘြား"
"သခင္ေလး"
အဘြားအိုက သူ၏ သန္႔ရွင္းသပ္ရပ္ေသာရုပ္ရည္သြင္ျပင္ကိုျမင္ေတာ့ သေဘာက်ႏွစ္ၿခိဳက္သြားကာ ဆက္ေမးလာ၏။
"အဘြား ေတာထဲကခူးလာတဲ့ ဟင္းရြက္ေတြ ဝယ္မလို႔လားကြယ့္"
"ဟင္းရြက္ဝယ္ဖို႔ မဟုတ္ဘူး"
သြမ့္ေယာင္က စိမ္းစိုေနေသာ ဟင္းရြက္မ်ားၾကားက ပန္းပြင့္တစ္ခုကို ဆြဲယူလိုက္ကာ-
" ဒီဟာကို ဝယ္မလို႔ပါ၊ ဘြားဘြား ေရာင္းေပးမွာလားဟင္"
ေဟ့!!!!! ေဟ့!!!!!
ယဲ့က်င္ မ်က္လံုးမ်ားျပဴးက်ယ္သြားရ၏။
အဘြားအိုက ေခါင္းခါျပလိုက္ကာ -
"သခင္ေလးက ဒီပန္းကိုပဲ လိုခ်င္တာလား။ ဒါ ေတာင္ထိပ္ကေန ခူးလာတာ ၊ စားလို႔မရဘူး၊ အလွၾကည့္မယ္ဆိုလည္း အထားမခံဘူး။ ဒါေပမယ့္ သခင္ေလးႀကိဳက္တယ္ဆိုရင္လည္း ယူသြားလိုက္ပါ၊ ေငြရွင္းစရာမလိုဘူး"
ယဲ့က်င္က အက်ႌလက္ကို ခပ္ၾကမ္းၾကမ္းပင္ေခါက္တင္ေနသည္။
"အဲ့လိုလုပ္လို႔မရဘူးေလ"
သြမ့္ေယာင္က အဝတ္အိတ္ေသးေသးေလးထဲမွ အသျပာစအနည္းငယ္ထုတ္ယူလိုက္ကာ သူမလက္ထဲသို႔ အတင္းထည့္ေပးလိုက္သည္။
"ဒီပန္းက ေဆးဘက္ဝင္တယ္၊ ဘြားဘြားရဲ့။ တျခားလူအျမင္ထဲမွာ တန္ဖိုးမဲ့ေပမယ့္ ကြၽန္ေတာ္ကေတာ့ ဒီပန္းကေန အက်ိဳးအာနိသင္ ထုတ္သံုးႏိုင္တယ္၊ ဒီတိုင္း အလကားသက္သက္ အျမတ္ထုတ္လို႔ ဘယ္ျဖစ္မလဲ"
"ဒီေလာက္ေတာင္ ေစ်းႀကီးတယ္လား"
အဘြားအိုက အံ့ဩေန၏။
"ေနာက္တစ္ခုရိွေသးတယ္။ ဒီပန္းက အဆိပ္ရိွတယ္၊ ေတာင္ေပၚမွာ တစ္ပင္တည္းရိွတယ္ဆိုေပမယ့္ ဘြားဘြား ဒီဟာကို ေနာက္တစ္ေခါက္ သြားေတြ့မိရင္ သတိထားရမယ္ေနာ္။ သတိလက္လြတ္ သြားကိုင္လို႔မရဘူး"
ထို႔ေနာက္ သြမ့္ေယာင္လည္း ေက်းဇူးတင္စကားဆိုကာ ထရပ္ၿပီး အနီေရာင္ပန္းေလးကိုကိုင္ကာ သူ႔ထိုင္ခံုသို႔ျပန္သြားလိုက္သည္။ ထို႔ေနာက္ အဝတ္စတစ္ခု ယူလိုက္ကာ ထုပ္သိမ္းလိုက္၏။ ထို႔ေနာက္ ဝက္ေျခေထာက္ကို ဆက္ကိုက္စားေနလိုက္သည္။
ယဲ့က်င္ကမူ အျခားတစ္ဖက္ျခမ္းတြင္ ထိုင္ေနကာ တဝင္းဝင္းေတာက္ေနေသာ အၾကည့္မ်ားျဖင့္ သူ႔ကိုၾကည့္လာ၏။
သြမ့္ေယာင္ ၾကက္သီးထသြားသလို ထံစားလိုက္ရသည္။ ထို႔ေၾကာင့္ ယဲ့က်င္ကို မရဲတရဲ ေမာ့ၾကည့္လိုက္သည္။
ယဲ့က်င္က သူႏွင့္ အၾကည့္ခ်င္းဆံုလိုက္၏။
"ဒီက သခင္ေလး...."
သြမ့္ေယာင္ ပါးစပ္ကိုသုတ္လိုက္သည္။ သတိႀကီးႀကီးထားရမည္ဟုလည္း ခံစားလိုက္ရ၏။
ေစာနကေတာင္ အေကာင္းႀကီးရိွေသးတယ္ေလ၊ ဘာလို႔ ေနရင္းထိုင္ရင္း အဲ့လိုႀကီး ၾကည့္လာတာလဲဟ။ သရဲပူးသြားတာလား။
ယဲ့က်င္က အတြင္းလူအခ်င္းခ်င္း လ်ိႈ႔ဝွက္စြာေျပာလိုက္သလို အသံႏိွမ့္ၿပီးေျပာလိုက္သည္။
"ေရအဆံုး ကုန္းတစ္ဝက္"
သြမ့္ေယာင္ - "...."
ယဲ့က်င္ လက္သီးႏွစ္ဖက္ က်စ္က်စ္ပါေအာင္ ဆုပ္ကိုင္လိုက္သည္။
သြမ့္ေယာင္ - "...."
မိမိေရ႔ွကလူမွာ အေတာ္ပင္ ထူးဆန္းေနသည္၊ အေၾကာင္းအရင္းလည္းမရိွပါဘဲ စိတ္ဆိုးေန၏။ သို႔ေသာ္လည္း ဒီေနရာက ေရႊၿမိဳ႔ေတာ္ျဖစ္သည္မို႔ ထေသာင္းက်န္းလိုက္လို႔လည္း မျဖစ္ေသး။ ထို႔ေၾကာင့္ သြမ့္ေယာင္လည္း က်န္ေသာဝက္ေျခေထာက္တစ္ေခ်ာင္းကို ယဲ့က်င္အား ေပးလိုက္သည္။
"သခင္ေလး သံုးေဆာင္ပါ"
ယဲ့က်င္ - "...."
တစ္ဖက္လူက တုတ္တုတ္မွမလႈပ္ျပန္ေတာ့ သြမ့္ေယာင္က စိတ္ရႈပ္လာေသာအသံျဖင့္ေျပာလိုက္သည္။
"မေလာက္လို႔လားဟင္"
က်န္တဲ့ဟာေတြက ကြၽန္ေတာ္ကိုက္ၿပီးသားဟာေတြေနာ္၊ ခင္ဗ်ား မရြံဘူးဆိုရင္လည္း ယူသြားလို႔ရတယ္။
ဘာလို႔ အဲ့ေလာက္ႀကီး မ်က္ႏွာစူပုတ္ေနတာလဲ။
ဒုန္း!!!!!!
ယဲ့က်င္က စားပြဲကို ရိုက္လိုက္ကာ ေျပာလိုက္သည္။
"ေစာနက ေဟးဒင္ပန္းကို ေျပာတာ"
သြမ့္ေယာင္လည္း ခ်က္ခ်င္းပင္ အဝတ္ထုပ္ကို လွမ္းၿပီးဆုပ္ကိုင္ထားလိုက္၏။
ယဲ့က်င္က ဆက္ဆိုသည္။
"ဘယ္အခ်ိန္ထိ ကပ္ေစးကုတ္ေနၪီးမွာလဲ။ အဲ့ပန္းက သံုးရက္ေနရင္ ႏြမ္းၿပီ၊ ခင္ဗ်ားတစ္ေယာက္တည္းသံုးလည္း သံုးလို႔မွမကုန္ႏိုင္ဘဲ"
သြမ့္ေယာင္ကေတာ့ တံု႔ဆိုင္းေနၿမဲ၊ စိတ္ထဲကလည္း ထြက္ေျပးလိုက္ခ်င္ေနၿပီျဖစ္သည္။
"လီ့ထန္ပန္းနဲ႔ လဲေပးလို႔ရတယ္"
"ဟင္၊ ခင္ဗ်ားဆီမွာ လီ့ထန္ရိွတာလား"
သြမ့္ေယာင္မ်က္လံုးမ်ား ခ်က္ခ်င္း ဝင္းလက္သြား၏။ ယဲ့က်င္က အက်ႌထဲမွသည္ ပုလင္းတစ္ဘူးထုတ္ေပးလိုက္သည္။
"အရင္ေန့ကမွ အမႈန္႔ႀကိတ္ထားတာ"
သြမ့္ေယာင္လည္း လွမ္းယူလိုက္ရင္း လက္ၫွိုးျဖင့္ တို႔ၿပီး ျမည္းၾကည့္လိုက္သည္။ထို႔ေနာက္ ခ်က္ခ်င္းပင္ ရင္ခုန္ဝမ္းေျမာက္စြာႏွင့္ -
"လဲမယ္၊ လဲမယ္၊ လဲမယ္"
ယဲ့က်င္ အေတာ္ေလး အံ့ဩသြား၏။ သူ႔အေပၚ အဆိပ္မ်ား အာနိသင္မသက္ေရာက္ႏိုင္ျခင္းမွာ ႏွစ္ေပါင္းၾကာရွည္စြာ ေဆးပညာကို ေလ့လာရင္း ေဆးအမ်ိဳးေပါင္းမ်ားစြာကို သူ ျမည္းစမ္းထားဖူးေသာေၾကာင့္ျဖစ္သည္။ သို႔ေသာ္ သူ႔ေရ႔ွက လူငယ္ေလးကေတာ့ အဆိပ္မႈန္႔ကို ဒီတိုင္း လက္ခ်ည္းဗလာျဖင့္ ႏိႈက္ျမည္းလိုက္သည္တဲ့၊ တကယ္ မယံုခ်င္စရာပါေပ။
သြမ့္ေယာင္က ယဲ့က်င္အား အနီေရာင္ပန္းကိုတစ္ဝက္ခြဲေပးလိုက္သည္၊ တကယ္ကိုပင္ အေျပာႏွင့္အလုပ္ ညီၫြတ္ျပတ္သားလွသည္။ ယဲ့က်င္က ဆက္ေမးလိုက္သည္။
"ဒီက သခင္ေလးရဲ့ ႀကီးျမတ္လွတဲ့အမည္နာမကို သိခြင့္ေပးပါၪီးလား"
"ကြၽန္ေတာ္က - "
"ေရွာင္က်င္"
သြမ့္ေယာင္ စကားစလိုက္ရံုသာရိွေသး၊ တစ္ေယာက္ေသာသူက ေလွကားေပၚသို႔ တက္လာသည္။
"အိုး၊ ဂိုဏ္းခ်ဳပ္ရွန္ လာၿပီ!!!"
ဆိုင္ဝန္ထမ္းေလးက အစားအေသာက္မ်ား လာခ်ေပးရင္း ေအာက္ထပ္ျပန္ဆင္းမည္အျပဳ ၊ ရွန္ခ်န္းဖုန္းႏွင့္ ေတြ့လိုက္ရေတာ့ ၿပံဳးျပလိုက္ကာ ဟိန္းထြက္ၾကည္လင္ေနေသာအသံျဖင့္ လွမ္းႏႈတ္ဆက္လိုက္၏။
"အတြင္းဘက္ ႂကြလာခဲ့ပါခင္ဗ်ာ"
ရွန္ခ်န္းဖုန္းက သူတို႔ရိွရာစားပြဲသို႔ေရာက္လာ၏။
"ေရွာင္က်င္"
"အိမ္ကကိစၥေတြ ရွင္းလို႔ၿပီးသြားၿပီလား"
ယဲ့က်င္ေမးသည္ကို ေျဖရင္း ရွန္ခ်န္းဖုန္းက သူ႔အနားဝင္ထိုင္လိုက္သည္။
"ကိုယ္ သြားၾကည့္ခဲ့ရံုေလးပါ၊ တျခားကိစၥကို မြန္းလြဲၿပီးခါမွ ဆက္ေဆြးေနြးၾကမွာ။ ေစာနက ထ်ဲန္းဆြီဂိုဏ္းကလူေတြနဲ႔ ထမင္းစားေနတုန္း မင္း ခံတြင္းမၿမိန္လို႔ဆိုၿပီး တစ္ေယာက္တည္းအျပင္ထြက္လာတယ္လို႔ အေစခံေတြကေန ၾကားလိုက္ရတယ္၊ ဒီမွာ ေခါက္ဆြဲလာစားေနေလာက္တယ္လို႔ ကိုယ္ခန္႔မွန္းၾကည့္လိုက္တာ"
"ဒီမယ္၊ ပန္းအနီေလးတစ္ဝက္ တိုက္တိုက္ဆိုင္ဆိုင္ ရလာေသးတယ္။ ဒီမွာထိုင္တဲ့ သခင္ေလး...အဲ...ခင္ဗ်ား ဘာျဖစ္သြားတာလဲ"
ဘာလို႔ မ်က္လံုးေတြ မ်က္ႏွာေတြ အုပ္ထားတာလဲ။
သြမ့္ေယာင္ ခ်က္ခ်င္းပင္ အသက္ဝဝရႉသြင္းလိုက္ကာ ျပတင္းေပါက္မွတစ္ဆင့္ ခုန္ထြက္သြားသည္။
ဇာတ္လမ္းက ဒီထိ ေရာက္လာမွေတာ့ အဲ့ဒီ ေရွာင္က်င္က ဘယ္သူဆိုတာ ငတံုးေတာင္မွ သိေနေလာက္ၿပီ၊ ျမန္ျမန္ထြက္ေျပးတာကမွ ပိုေကာင္းေသး။
ယဲ့က်င္မွာ လန္႔ဖ်တ္တုန္လႈပ္သြား၏။ ရွန္ခ်န္းဖုန္းလည္း ဘာေတျြဖစ္သြားမွန္း နားမလည္လိုက္။ သို႔ေသာ္ သံသယျဖစ္စရာ မူမမွန္မႈမ်ိဳးရိွသည္ဟု ခံစားလိုက္ရကာ သြမ့္ေယာင္ေနာက္ အေျပးလိုက္သြားၿပီး လြယ္လြယ္ကူကူပင္ ဂုတ္ဆြဲေခၚလာႏိုင္ခဲ့သည္။
သြမ့္ေယာင္က ရွန္ခ်န္းဖုန္းႏွင့္ အၾကည့္ခ်င္းဆံုသြား၏။ စိတ္ထဲမွလည္း ဝါးခနဲ ငိုခ်င္းခ်ခ်င္ေနၿပီျဖစ္သည္။
"သြမ့္....ေရွာင္ဝမ္ရယ္?"
ရွန္ခ်န္းဖုန္းလည္း ထစ္ထစ္ေငါ့ေငါ့ေရရြတ္လိုက္သည္။ ထို႔ေနာက္ မီးစႏွင့္အဟပ္ခံလိုက္ရသည့္အလား သြမ့္ေယာင္ကို ခ်က္ခ်င္းလႊတ္ေပးလိုက္၏။
"ေနာင္ေတာ္ႀကီးရွန္"
သြမ့္ေယာင္က ရိုက်ိဳးႏိွမ့္ခ်ေသာေလသံျဖင့္ ႏႈတ္ခြန္းဆက္လိုက္၏။
ဒီတစ္ေခါက္ကေတာ့ အံ့အားသင့္ရေသာသူမွာ ယဲ့က်င္အလွည့္ျဖစ္သည္။
"ခင္္ဗ်ားတို႔အခ်င္းခ်င္း သိေနၾကတယ္လား။ ဒါဆို ဒီသခင္ေလးက ဘယ္သူလဲ "
"ကြၽန္ေတာ္ သြမ့္ေယာင္ပါ၊ ရွီးနန္စံအိမ္ေတာ္ကလူပါ"
"....."
ရွန္ခ်န္းဖုန္း အေတာ္စိတ္ရႈပ္သြားသည္။ ေစာနက ဘာလို႔မ်ား လိုက္ဖမ္းမိတာပါလိမ့္။
သူ႔တစ္သက္မွာ ထိုႏွစ္တုန္းက ျဖစ္ခဲ့ေသာအျဖစ္အပ်က္ကို ဘယ္ေတာ့မွ ေမ့လို႔ရမည္မဟုတ္ေခ်။ ကုယြင္ရႊမ္းက သူတို႔ရွန္မ်ိဳးႏြယ္စံအိမ္ေတာ္ဆီ လူတစ္ေယာက္ လာလႊတ္ေပးထားသည့္အျဖစ္အပ်က္ ၊ ထိုစဥ္တုန္းကဆိုလ်ွင္ သူ႔ေရ႔ွရိွေကာင္ေလးက ဂႏၶမာပန္းပြင့္အဆင္မ်ားျဖင့္ ခ်ဳပ္လုပ္ထားေသာ ဂါဝန္ေလးဝတ္ကာ ဖခင္ျဖစ္သူႏွင့္႔ ဒုတိယညီေလး၏ေရွ ၫွို႔ဓာတ္ျပင္းလွေသာ ပ်ိဳမဒီငယ္ေလးအျဖစ္ ဟန္ေဆာင္ခဲ့ေသာပံုရိပ္၊ သူ တကယ္ မေမ့ႏိုင္ပါေခ်။
သြမ့္ေယာင္ဘက္ကလည္း ခ်က္ခ်င္း ေရငံုႏႈတ္ပိတ္ေနလိုက္ရသည္။
ထိုစဥ္တုန္းက မိမိမွာ ရွစ္ဖူး၏ အရိုက္ခံလိုက္သျဖင့္ ေမ့ေျမာသြားၿပီး က်န္းနန္သို႔ အပို႔ခံလိုက္ရ၏။ ထို႔ေနာက္ ျပန္ႏိုးလာသည္ႏွင့္ ေဒါသူပုန္ထကာ ျမင္ျမင္သမ်ွ အရာတိုင္းကို လိုက္ၿပီးျပႆနာရွာခဲ့ျခင္းျဖစ္သည္။ တစ္ေန့ေန့က် အခုလို ရႈပ္ေထြးေပြလီေသာပတ္သက္မႈမ်ိဳး ရိွလာမည္ဟုပင္ မထင္ထားခဲ့။ သိမ်ားသိခဲ့လို႔ကေတာ့ မ်က္စမ်ားပစ္ကာ မူယာမာယာမ်ားဟန္ လုပ္ခဲ့မည္မဟုတ္၊ ထိုအစား မ်က္လံုးမ်ားႏိႈက္ထုတ္လိုက္လ်ွင္ေတာင္ ပိုေကာင္းမည္။
"ကြၽန္ေတာ္ကေတာ့ ယဲ့က်င္ပါ"
ယဲ့က်င္ အေတာ္ပင္ ေတြေဝေန၏။ ေစာနကေတာ့ မိမိႏွင့္ အႀကိဳက္ခ်င္း ဝါသနာခ်င္းတူေသာ ေဆြသဟာတစ္ေယာက္ႏွင့္ ေတြ့ဆံုေနရသည္ဟု ခံစားလိုက္ရေသာ္လည္း ေခါက္ဆြဲတစ္ဝက္ မကုန္လိုက္ေသးခင္မွာတင္ တစ္ဖက္လူက ဟိုတစ္ေယာက္၏ ညီေလးျဖစ္ေနသည္တဲ့။
အဲ့တစ္ေယာက္ရဲ့....ညီတဲ့။
"ေတာင္သခင္ယဲ့ကို ဂါရဝျပဳပါတယ္"
သြမ့္ေယာင္ ႏွာေခါင္းရႈံ႔လိုက္သည္။
"ေရွာင္ဝမ္ရယ္ နန္းေတာ္သြားမွာလား"
ခဏေလာက္ေတြေဝၿပီးသည့္ေနာက္ဝယ္ ယဲ့က်င္က ေမးလိုက္ဖို႔ ဆံုးျဖတ္လိုက္သည္။ ဘာပဲေျပာေျပာ လူမႈေရးဝတၲရားကိုလည္း မပ်က္ကြက္ေစခ်င္။ ထိုတစ္ေယာက္၏ ငွက္ သူ႔ဘာသာသူမေထာင္ႏိုင္သည္က ထိုတစ္ေယာက္၏ အေရးကိစၥသာျဖစ္၏၊ သူ႔အမ်ိဳးအေဆြမ်ားႏွင့္ သက္ဆိုင္မႈ လံုးဝမရိွ။
"ဟုတ္၊ သြားမလို႔ပါ"
"ကြၽန္ေတာ္လည္း သြားမွာ၊ အတူတူသြားၾကရင္ ပိုမေကာင္းဘူးလား"
".....ဟုတ္"
ရွန္ခ်န္းဖုန္းခမ်ာ ေရ႔ွကလူႏွစ္ေယာက္ထြက္သြားႏွင့္သည္ကို အံ့ဩတႀကီးၾကည့္ေန၏။ ယဲ့က်င္က ေရ႔ွမွ ၪီးေဆာင္သြားကာ တစ္ခဏအတြင္းမွာပင္ သြမ့္ေယာင္လည္း ေလွကားမွ ဆင္းသြား၏။ သို႔ေသာ္လည္း သြမ့္ေယာင္က ရွန္ခ်န္းဖုန္းဆီသို႔ လ်ွပ္စီးအလ်င္တမ်ွ ျမန္ဆန္ကာ အဓိပၸာယ္နက္ရိႈင္းလွေသာမ်က္ဝန္းမ်ားျဖင့္ ၾကည့္လာ၏။ ထိုမ်က္ဝန္းမ်ားထဲတြင္ ေထာင္ေသာင္းမကေသာ စကားမ်ား ဟိန္းထြက္လာေနသည္။
ဂိုဏ္းခ်ဳပ္ရွန္လည္း လက္ႏွစ္ဖက္ကို ယွက္ကာ လက္ခံလိုက္၏။
မင္းလည္း တိတ္မယ္၊ ငါလည္း ႏႈတ္ဆိတ္မယ္။ ဒီကိစၥကို ဘယ္သူမွ မသိေစရပါဘူး။
သြမ့္ေယာင္မွာ ခုမွ သက္ျပင္းခ်ႏိုင္ေတာ့သည္။ တစ္ဖက္လူ၏ ေျခသလံုးကို ဖက္ကာ " ေက်းဇူးတင္ပါတယ္ခင္ဗ်!!!! "ဟု ေအာ္ေျပာလိုက္ခ်င္ေနၿပီျဖစ္၏။
ေနာင္ေတာ္၏ ထိမ္းျမားမဂၤလာပြဲကလည္း သူ႔ဘာသာသူေတာင္ ေနွးေကြးေလးဖင့္ေနပါသည္ဆိုမွ သူ႔ေၾကာင့္ ျပႆနာတစ္ခုခုထပ္ျဖစ္သြားလ်ွင္ -
အားလားလား၊ ႏွစ္တိုင္းႏွစ္တိုင္း ပိုးထည္အနီဝယ္ေနပံုႏွင့္ ရွီးနန္စံအိမ္ေတာ္ႀကီး မြဲျပာက်သြားလိမ့္မည္။
*****
ဆန္းဟိုင္စားေသာက္ဆိုင္မွာ ေရႊနန္းေတာ္ႏွင့္ သိပ္မေဝးလွ၊ ထို႔ေၾကာင့္ ႏွစ္ေယာက္သား ျမင္းကို ခပ္ျဖည္းျဖည္းသာ စီးနင္းလာခဲ့သည္။ လမ္းတစ္ေလ်ွာက္လံုး သြမ့္ေယာင္တစ္ေယာက္ တိတ္ဆိတ္ေနလို႔။ လမ္းတစ္ဝက္ေလာက္ေရာက္ေတာ့ ယဲ့က်င္က ရုတ္တရက္ႀကီး ထေမးလာ၏။
"ဒီတစ္ေခါက္ ေရႊၿမိဳ႔ေတာ္ကိုလာတာ လူႀကီးမင္းနန္ ပါလာေသးလား"
"မလာပါဘူးခင္ဗ်။ ရွစ္ဖူးက နန္ယန္မွာရိွတဲ့ မိတ္ေဆြေဟာင္းဆီ အလည္သြားေနတာ၊ ရွီးနန္ျပန္လာဖို႔ ေတာ္ေတာ္ၾကာၪီးမယ္ထင္တယ္"
သြမ့္ေယာင္က ပ်ာပ်ာသလဲ ျပန္ေျဖလိုက္သည္။
"ေတြ့ရမယ္ထင္ေနတာ"
ယဲ့က်င္က သူ႔ဘာသာသူေရရြတ္လိုက္သည္။
ဘာပဲေျပာေျပာ ထိုပုဂၢိုလ္က ဒ႑ာရီတြင္ သမိုင္းတင္ရေလာက္ေသာ ေသၿပီးျပန္ရွင္လာႏိုင္သူတစ္ေယာက္ျဖစ္သည္။ သူ၏ ခႏၶာကိုယ္ထဲမွာလည္း ကူအဆိပ္ေကာင္ေပါင္း အမ်ိဳးစံုစြာရိွလိမ့္မည္။ အခန္းထဲဆြဲေခၚၿပီး သံုးရက္သံုးညေလာက္ ေဆြးေနြးပစ္ခ်င္စမ္းပါရဲ့။
သြမ့္ေယာင္မွာေတာ့ နန္ယန္သို႔အေျပးသြားကာ ဆရာျဖစ္သူကို ခုခ်က္ခ်င္း သြားေခၚခ်င္ေနၿပီျဖစ္သည္။
****
သို႔ေသာ္ သူတို႔ႏွစ္ေယာက္ နန္းေတာ္သို႔ေရာက္ေတာ့ အရွင္မင္းျမတ္က ေတာ္ဝင္စာၾကည့္ေဆာင္တြင္သာ စံပယ္ေနဆဲျဖစ္ေၾကာင္း မိန္းမစိုးတစ္ေယာက္က ေျဖၾကားလာ၏။ ထို႔အျပင္ အျပင္တြင္ ေစာင့္ဆိုင္းေနေသာ မွဴးမတ္မ်ားလည္း နည္းနည္းေနာေနာပမာဏမဟုတ္ေသာေၾကာင့္ အနည္းဆံုးႏွစ္နာရီေလာက္ အခ်ိန္ကုန္မည္ဟု ခန္႔မွန္းႏိုင္ေပသည္။ ထို႔ေၾကာင့္ ယဲ့က်င္က ဖိတ္ေခၚလိုက္သၫ့္သေဘာႏွင့္ -
"ေတာ္ဝင္သမားေတာ္အေဆာင္ဘက္ သြားၾကည့္ၾကမလား"
"လုပ္လိုက္ေလ"
သြမ့္ေယာင္လည္း ခ်က္ခ်င္းလက္ခံလိုက္သည္။
လမ္းခုလတ္တြင္ ႏွစ္ေယာက္သား ေထာင္လ်န္တာႏွင့္ ပက္ပင္းတိုးမိေလရာ သြမ့္ေယာင္ကလည္း ရိုေသေလးစားစြာျဖင့္ ႏႈတ္ဆက္လိုက္၏။
"အမတ္မင္းေထာင္"
ယဲ့က်င္ခမ်ာ ေထာင္လ်န္တာကိုျမင္သည္ႏွင့္ ေခါင္းကိုက္လာ၏။ ထို႔ေနာက္ အျမန္ပင္ ႏႈတ္ခြန္းဆက္ၿပီးသည္ႏွင့္ သြမ့္ေယာင္ကိုေခၚကာ ေျခလွမ္းခပ္သြက္သြက္လွမ္းၿပီး ပုေရာဟိတ္အမတ္ႀကီးကို တစ္ေယာက္တည္းခ်န္ထားခဲ့သည္။
ထိုႏွစ္ေယာက္ထြက္သြားသည္ကိုၾကည့္ရင္း ေထာင္လ်န္တာ ေခါင္းကိုက္လာ၏။
ဒီေနာက္ပိုင္း အရွင္မင္းျမတ္က ရွီးနန္စံအိမ္ေတာ္ကို မတရား အလိုလိုက္လြန္းေနသည္။ တားျမစ္ၾကေသာအသံမ်ားကိုလည္း မမႈေတာ့။ သူ၏ လုပ္ေဖာ္ကိုင္ဖက္တစ္ၪီးသည္ပင္ ဒီကိစၥေၾကာင့္ ရာထူးအျဖဳတ္ခံရလုနီးနီး ျဖစ္သြားေသးသည္။
ဒီတစ္ေခါက္ မင္းသား(၉) ႂကြလာဖို႔ရန္ အေတာ္ခက္ခဲသည္။ ေရာက္လာခဲ့လ်ွင္ ေတာ့အရွင္မင္းျမတ္ကို အနည္းငယ္ နားခ်ႏိုင္လိမ့္မည္ဟု ထင္ထား၏။ သို႔ေသာ္လည္း မထင္မွတ္သည္မွာ အခု မင္းသား(၉)ႏွင့္ သြမ့္ေရွာင္ဝမ္ရယ္တို႔၏ ဆက္ဆံေရးကိုၾကၫ့္ရသည္မွာ သိပ္မဆိုးလျွပန္။
တကယ္ကိုပင္ ရင္ေလးစရာေကာင္းလွေပသည္။
****
စာၾကည့္ေဆာင္ထဲဝယ္။
ခ်ူယြမ္မွာ ေနာက္ဆံုးေသာအမတ္တစ္ေယာက္ကို ခက္ခက္ခဲခဲ ရွင္းထုတ္လိုက္အၿပီး ေရႊနဂါးပလႅင္အား မွီလိုက္သည္။ တစ္ကိုယ္လံုး မသက္မသာျဖစ္ေနသလိုပင္။
သြမ့္ပိုင္ယြဲ႔က တံခါးကိုဖြင့္လိုက္ကာ သူ႔ေဘးနား လာထိုင္၏။
"ေနာက္ထပ္လာမယ့္လူ မရိွေတာ့ဘူးဟုတ္။ ရိွရင္လည္း ေပးမေတြ့ေတာ့ဘူး"
ခ်ူယြမ္က သြမ့္ပိုင္ယြဲ႔အား လွမ္းမွီလိုက္ကာေမးလာ၏။
"ဘယ္အခ်ိန္ရိွၿပီလဲ"
သြမ့္ပိုင္ယြဲ႔လည္း သူ႔ကို ေပြ့ဖက္ထားလိုက္၏။
"ညေန ငါးနာရီရိွၿပီ။ ခဏေန မင္းနဲ႔အတူတူ ဥယ်ာဥ္ေတာ္ထဲ ေလၫွင္းခံဖို႔ ကိုယ္ လိုက္ခဲ့မယ္၊ ၿပီးမွ ထမင္းျပန္သြားစားၾကမယ္။ ေကာင္းတယ္ဟုတ္"
"ခါးနာတယ္"
"ခဏေနမွ အိပ္၊ မဟုတ္ရင္ ထိုင္းမိႈင္းေလးလံေနလိမ့္မယ္"
သြမ့္ပိုင္ယြဲ႔၏ ဆႏၵကို ေျပာင္းလဲဖို႔ မေအာင္ျမင္ေတာ့ ခ်ူယြမ္လည္း အားတင္းၿပီး ထရပ္လိုက္ရ၏။ ထို႔ေနာက္ တူႏွစ္ကိုယ္ယွဥ္တြဲၿပီး ဥယ်ာဥ္ေတာ္ဘက္ ေလ်ွာက္လွမ္းလာသည္။ သူရိန္ေနမင္းႀကီးက အေနာက္ေတာင္တန္းမ်ားေပၚ ေမးတင္အိပ္စက္ေနလ်က္၊ တိမ္သလႅာမ်ားကလည္း မီးေတာက္မီးၫြန္႔မ်ားႏွယ္ ရဲရဲနီလို႔။ အေတာ္ပင္ ခမ္းနားလွပေသာ ရႈေမ်ွာ္ခင္းပါေပ။
"ဇရပ္ဘက္ သြားၾကမလား"
သြမ့္ပိုင္ယြဲ႔ကေမးေတာ့ ခ်ူယြမ္လည္း ေခါင္းညိတ္ျပလိုက္သည္။ သို႔ေသာ္ လမ္းသြယ္ေလးတစ္ခုထဲ ခ်ိဳးဝင္သြားမည္လုပ္ေတာ့ ေရ႔ွက ေတာအုပ္ငယ္ေလးဘက္မွအခ်င္းခ်င္းစကားေျပာဆိုေနၾကေသာအသံမ်ားကို ၾကားလိုက္ၾကရသည္။
*****
"သတိထားၪီး"
သြမ့္ေယာင္ ထပ္မံသတိေပးလာ၏။
ယဲ့က်င္က အက်ႌလက္ကို ေခါက္တင္ထားကာ အပင္တစ္ပင္ကို တူးေန၏။ ကိစၥအႀကီးႀကီးတစ္ခု လုပ္ေနရသည့္ႏွယ္ ႏွစ္ေယာက္စလံုးက ေတာ္ေတာ္ေလးကိုပင္ စိတ္ႏွစ္ၿပီး ႀကိဳးႀကိဳးစားစား အားထုတ္ေနၾကသည္။
သြမ့္ပိုင္ယြဲ႔ႏွင့္ ခ်ူယြမ္တို႔ႏွစ္ေယာက္ အၾကည့္ခ်င္းဆံုသြားၾကသည္။ ႏွစ္ေယာက္စလံုး ဘယ္သူမွ နားမလည္ၾက။
ယဲ့က်င္က ဆို၏။
"ေတာ္ၿပီ၊ ေတာ္ၿပီ၊ မင္း အေပၚပိုင္းကို ကိုင္ထားေခ်။ ေသေသခ်ာခ်ာ သတိထားရမွာေနာ္၊ ဒီအျမစ္ေတြ လံုးဝ ျပတ္လို႔မျဖစ္ဘူး။ ျပတ္သြားရင္ ဘာအက်ိဳးအာနိသင္မွ မရိွေတာ့ဘူး"
ယဲ့က်င္ ေျပာစကားအတိုင္း သြမ့္ေယာင္က လိုက္နာလိုက္ကာ အသက္ရႉပါ ေအာင့္ထားလိုက္သည္။
"မင္းတို႔ေတြ ဘာလုပ္ေနၾကတာလဲ"
"အာ့!!!!!"
သြမ့္ပိုင္ယြဲ႔ ထေမးလိုက္သည္။ ေနာက္ဘက္ကအသံတစ္ခုကို ထင္မွတ္မထားဘဲ ၾကားလိုက္ရသျဖင့္ ႏွစ္ေယာက္စလံုးလန္႔သြား၏။ ယဲ့က်င္ကေတာ့ ဆတ္ခနဲတုန္သြားကာ လက္ထဲကေဂၚျပားကပါ လႊတ္ခ်မိၿပီးသားျဖစ္သြား၏။ သို႔ႏွင့္ ထိုအပင္က ခ်က္ခ်င္းပင္ အျမစ္ျပတ္သြားေလသည္။
သြမ့္ပိုင္ယြဲ႔တစ္ေယာက္ ပါးစပ္အေဟာင္းသား ျဖစ္သြား၏။
ယဲ့က်င္ - "....."
"ဘာတူးေနတာလဲ"
ခ်ူယြမ္လည္း နားမလည္သျဖင့္ ထပ္ေမးလိုက္သည္။
လက္ထဲက သစ္ျမစ္မွာ အျဖတ္ခံလိုက္ရၿပီးေနာက္ ေစးပ်စ္ပ်စ္အရည္မ်ား စိမ့္ထြက္စီးက်လာ၏။ ယဲ့က်င္မွာ အသက္ျပင္းျပင္းရႉသြင္းလိုက္သည္။
လူ မသတ္ရဘူး ၊ စိတ္ေအးေအးထားရမယ္။
"ႏွေျမာစရာႀကီး။ အသီးေလးသီးလာဖို႔အေရး ႏွစ္ႏွစ္ႀကီးမ်ားေတာင္ ေစာင့္ရတာကို "
သြမ့္ေယာင္က ႏွေျမာတသျဖစ္စြာ ေျပာလာသည္။
"အလုပ္ကိစၥေတြက်န္ေသးတယ္၊ ခြင့္ျပဳပါၪီး"
သြမ့္ပိုင္ယြဲ႔လည္း ခ်က္ခ်င္းပင္ ေက်ာခိုင္းကာ ျပန္လွည့္ရန္ ဆံုးျဖတ္လိုက္၏။ ခ်ူယြမ္ကိုပါ ဆြဲေခၚသြား၏။
"ခဏေနၪီး!!!!!"
အေနာက္မွ ယဲ့က်င္က ေအာ္ေျပာလာသည္။
အင္မတန္မွ ခက္ထန္ေသာအသံမို႔ ခ်ူယြမ္သည္ပင္ သြမ့္ပိုင္ယြဲ႔လက္ကို မသိလိုက္မသိဘာသာ အလိုလို ဆုပ္ကိုင္မိသြား၏။
ယဲ့က်င္လည္း လန္႔သြားသည္၊ မိမိကိုယ္ကိုမိမိ ဒီထက္ပိုၿပီး စိတ္ေအးရမည္ဟု အမွတ္ လိုက္၏။
ထို႔ေနာက္ ပတ္ဝန္းက်င္တစ္ခုလံုး တိတ္ဆိတ္သြားေလသည္။
ခဏေလာက္ၾကာေတာ့ သြမ့္ပိုင္ယြဲ႔က ေအးစက္စက္ေလသံျဖင့္ ေျပာလာ၏။
"ငါတို႔ သြားလို႔ရၿပီလား"
ယဲ့က်င္ အေတာ္ကို စိတ္ပင္ပန္းေနသည္။
"အေရးႀကီးကိစၥ ေနာက္တစ္ခုရိွေသးတယ္"
ေျပာၿပီးခါမွ ဒင္းရဲ့ဥကိုျဖတ္ထုတ္လိုက္ရင္လည္း ေနာက္မက်ေသးဘူး။
"ဟင္"
ခ်ူယြမ္ ယဲ့က်င္ဘက္ ျပန္လွည့္လာသည္။
"ေကာင္းတဲ့သတင္းရယ္ေတာ့ မဟုတ္ဘူး"
"ဘာသတင္းလဲ"
ခ်ူယြမ္မ်က္ႏွာ အနည္းငယ္ပ်က္ယြင္းသြား၏။ ယဲ့က်င္က ဆိုသည္။
"ၾကည့္ရတာ ပိုင္ရွန္႔ျပည္ကေတာ့ ခ်ူရိွန္႔ရဲ့စည္းရံုးသိမ္းသြင္းမႈထဲ အၿပီးအပိုင္ ပါသြားၿပီးတဲ့ပံုပဲ"
******
2021.02.23.
Thz for missing Di Wang. 💜💛
*******