[အင်မတန်မှ ရက်စက်ကြမ်းကြုတ်လှသော ဆံပင်ဖြီးနည်း]
ညနေခင်းရောက်တော့ ကျောက်ယွဲ့က ဝမ်းလျိုနျဲန်အား ထမင်းပြန်သွားစားဖို့ရန် လာခေါ်သည်။
သေသေချာချာ ပြန်စဥ်းစားကြည့်လျှင် တာ့ချူ၏ မဟာသေနာပတိအမတ်မင်းဖြစ်ရသည်မှာလည်း အတော်ပင်ပန်းသကိုး။ ကောင်းကင်၏သားရတနာအတွက် တိုင်းရေးပြည်ရာကိစ္စတွင် အကြံပေးရသည်သာမက ကောင်းကင်သားရတနာအတွက် တံခါးပါ စောင့်ပေးရသေးသည်။
အမတ်မင်းဝမ်းက ပြောလာ၏။
"ဝက်ခြေထောက်စားချင်တယ်"
မည်သို့ပင်ဆိုစေ ထိုတံခါးဝရှေ့တွင် နာရီပေါင်းများစွာ အားအင်ချည့်နဲ့နေအောင် ထိုင်စောင့်နေရပြီးြဖစ်သည်။ နေကလည်းပူ၊ လေကလည်း ပြင်းသေး ၊ နည်းနည်းတော့ ကိုယ့်ကိုယ်ကို ကျွေးမွေးပြုစုရဦးမည်။
****
"အပြင်ဘက်မှာ မိုးတောင်ချုပ်နေပြီ၊ မထနဲ့တော့ "
အခန်းအတွင်းတွင် ဖြစ်သည်။ သွမ့်ပိုင်ယွဲ့က ဆက်ပြောလာ၏။
"ဘာစားချင်လဲ၊ ဒီအခန်းထဲထိ လာပု့ိပေးဖို့ ကိုယ် အပြင်ထွက်မှာပေးမယ် "
"သူပုန်တွေ ထောင်ထဲမှာရှိနေတုန်းလေ။ စာရင်း သွားမရှင်းတော့ဘူးလား"
ချူယွမ်က သွမ့်ပိုင်ယွဲ့ရင်ခွင်ထက် မေးထောက်ရင်း မေးလာ၏။ သွမ့်ပိုင်ယွဲ့က ချူယွမ်အား စောင် သေချာခြုံပေးလိုက်ကာ ပြောလာ၏။
"နန်းတော်ပြန်ပြီးမှ အမှုစစ်ရရင်လည်း သိပ်နောက်မကျသေးပါဘူး။ ဒါမှမဟုတ် မင်းစိတ်ရှုပ်နေတယ်ဆိုရင်လည်း ကိုယ့်ကို အကုန် လုပ်ခိုင်းလိုက်လေ။ အခုချက်ချင်း အဲ့အမှုကိုရှင်းလိုက်စရာ အကြောင်းမှမရှိတာ"
"တိုင်းပြည်ပျက်စီးခြင်းရဲ့ အကြောင်းရင်း၊ တိုင်းသူပြည်သားတွေရဲ့ ဒုက္ခတုံးကြီး"
ချူယွမ် နှုတ်ခမ်းဆူလိုက်ကာ ပြောလာသည်။ သွမ့်ပိုင်ယွဲ့ ခေတ္တမျှ ငြိမ်သက်သွားသည်၊ ပြီးမှ မေးလာ၏။
"မင်းပြောနေတာ ချူရှိန့်ကိုလား၊ရှောင်းရှောင်းအာကိုလား"
"မင်းကို ပြောနေတာ"
"....."
ချူယွမ်က သွမ့်ပိုင်ယွဲ့ရင်ခွင်ထဲ မှောက်လျက်လှဲနေလျက်။ ဘာဆိုဘာမှ မပြောဘဲ တစ်ခုခု စဥ်းစားတွေးတောနေဟန်ရသည်။
အတန်ကြာတော့မှ သွမ့်ပိုင်ယွဲ့က မကျေမနပ် ငြင်းဆိုလိုက်၏။
"ဟုတ်လည်း မဟုတ်ဘဲနဲ့"
"ဟုတ်ပါတယ်ဆို"
ချူယွမ်က သူ့ကိုမော့ပင်မကြည့်ဘဲ ရှေ့တူရူကိုသာ ပျင်းရိလေးတွဲ့နေသောအသွင်ဖြင့် ငေးကြည့်နေကာ အနိုင်ပိုင်းပြီး ဆက်ပြောလိုက်၏။
"ကိုယ်တော်မြတ်က ဟုတ်တယ်ဆို ဟုတ်နေလို့ပဲ"
"ဪ"
မင်းက ဧကရာဇ်ဆိုတော့လည်း မင်းပြောသမျှ အတည်ဖြစ်ရမှာပေါ့။
ချူယွမ်က စောင်ထဲ ထပ်ပြီးတိုးခွေ့လိုက်ကာ မျက်ဝန်းလွှာများကို ပြန်လည်မှိတ်စက်လိုက်သည်။ ဘေးနားတွင်လည်း ရင်းနှီးကျွမ်းဝင်သောအနွေးဓာတ်က နွေးထွေးစွာ ခြုံလွှမ်းနေလို့။ ချစ်တင်းနှောလို့အပြီး နှစ်ယောက်စလုံးက အဝတ်အစားများ ပြန်လည်ဝတ်ဆင်ခြင်းမပြုဘဲ အသားအချင်းချင်းထိတွေ့ထားပြီး လဲလျောင်းနေကြသည်၊ ထွက်သက်နွေးနွေးလေးများကို မျှဝေပေးနေလျက်ရှိသည်။ လက်ချောင်းဆယ်ဖြာကလည်း အချင်းချင်းယှက်နွယ်ထားလို့။ အင်မတန်မှ သာယာကြည်နူးရလွန်းသောအချိန်မို့ နောက်ထပ်စကားလုံးများ မမြွက်ဟလိုတော့။
ပျင်းရိလေးတွဲ့သော၊ ထို့အပြင် လွမ်းမောတမ်းတနေဆဲဖြစ်ဟန်ရသော ချူယွမ်၏အသွင်ဟန်ပန်ကိုမြင်တော့ သွမ့်ပိုင်ယွဲ့လည်း ရယ်မောလိုက်ကာ တစ်ဖက်လူ၏ ဆံနွယ်အိအိလေးများကို လက်ဖြင့် ပွတ်သပ်ဖြီးသင်ပေးလိုက်သည်။ ထို့နောက် ပို၍တင်းကျပ်စွာ ထွေးပွေ့ထားလိုက်၏။
*****
မနက်ခင်းရောက်တော့ ချူယွမ်လည်း ချိန်ကျိုးမှ ပြန်ထွက်လာခဲ့ကာ လျိုစန်းဓားပျံဂိုဏ်း၏ ကျန်သောကိစ္စများကို ဆက်လက်ရှင်းလင်းဖို့ ဝမ်းလျိုနျဲန်နှင့် ကျောက်ယွဲ့ကိုဒေသခံအာဏာပိုင်များနှင့် ထားရစ်ခဲ့သည်။
မြင်းလှည်းတွင်းဝယ်။
သွမ့်ပိုင်ယွဲ့က ကြွက်နားရွက်မှို ဟင်းချိုခွက်ကို ကိုင်ထားပြီးမေးလာ၏။
"စားမလား"
"မစားချင်ဘူး"
သွမ့်ပိုင်ယွဲ့က သူ့ကို ခေတ္တမျှ ကြည့်လိုက်ပြီးနောက် ပြောလာ၏။
"မစားချင်လို့ပဲမလား ၊ ကိုယ့်ကို စိတ်တိုနေတာတော့ မဟုတ်ပါဘူးနော် "
"အင်း"
ချူယွမ်က နှာမှုတ်သံဖြင့်ဖြေလာ၏။
သွမ့်ပိုင်ယွဲ့ - "....."
မိဖုရားခေါင်ကြီးကို သိသိသာသာကြီး မျက်နှာသာပေးလို့မဖြစ်၊ သို့မဟုတ်ပါက နန်းတွင်းညီလာခံအား ဘေးဥပါဒ္ လျင်စွာသင့်စေနိုင်လိမ့်မည်။ ဥပမာအားဖြင့် - ဒီနေ့မနက်လိုမျိုး ။
မျက်စိဖွင့်ပြီး နိုးလာသည်နှင့် လူကို ရစ်တွယ်ပွေ့ဖက်လာကာ နောက်တစ်ခေါက်ဆိုပြီး ထပ်မံတောင်းဆိုလာသဖြင့် မိမိခမျာ အခု မြင်းလှည်းပေါ်တက်ရသည်တောင် အနိုင်နိုင်၊ တစ်ကိုယ်လုံးလည်း ကိုက်ခဲနာကျင်နေလို့။
ထို့ကြောင့် သွမ့်ပိုင်ယွဲ့က လက်လှမ်းလာကာ ချူယွမ်ကို ပွေ့ဖက်လာမည်အလုပ် ၊ မြင်းလှည်းပေါ်မှ မောင်းထုတ်ခံလိုက်ရသည်။ ရှေ့တွင်ရှိနေသော ဟိုယွင်ရှီးက သူ့ကို ဖြည်းညှင်းစွာ လှည့်ကြည့်လာပြီးနောက် မိုးပေါ်မျှော်ကာ နှာတစ်ချက်မှုတ်လိုက်လေသည်။
"ဝမ်ရယ်"
သွမ့်နေ့က သူ့ဆီအမီ မြင်းစီးလာရင်း ဆက်ပြောလာ၏။
"ရှောင်းရှောင်းအာ နိုးလာပါပြီ။ အရှင်မင်းမြတ်ကို အခစားဝင်ချင်တယ်လို့ ပြောနေပါတယ်ခင်ဗျာ"
"သူ တော်တော်လေး လောနေတာပဲ။ မြို့တော်အရင်ရောက်တဲ့အထိတောင် မစောင့်နိုင်တော့ဘူးပေါ့"
"တွေ့ခွင့်ပေးမှာလားခင်ဗျာ"
"ပေးမတွေ့ဘူး။ သူ့ကို အဲ့အတိုင်း ရက်နည်းနည်းလေး ဆက်ထားလိုက်"
သွမ့်နေ့လည်း ခေါင်းညိတ်နာခံလိုက်ကာ မြင်းကိုပြန်လှည့်ပြီး လူတန်းရှည်အနောက်ဘက် ပြန်သွားနေလိုက်သည်။
****
ရှောင်းရှောင်းအာနှင့်စာလျှင် ဖုန်းလေက ပိုပြီးတော့တောင် အလျင်လိုသေးသည်။ သို့သော် ဒီထက်ပိုပြီး အလျင်လိုနေလျှင်တောင် ရှီးနန်ဝမ်နှင့် သက်ဆိုင်မှုရှိမနေပါ၊ အကြောင်းမှာ ဖုန်းလေအမှုကို ဝမ်းလျိုနျဲန်ထံ လွှဲပေးလိုက်သောကြောင့်ဖြစ်သည်။
ဝမ်းလျိုနျဲန် - "....."
မရပ်မနားတမ်း ဆဲဆိုနေသည့်အပြင် သံကြိုးများကို ရုန်းကာ အပြင်သို့ထွက်လာမည်တကဲကဲလုပ်နေသော အချုပ်ခန်းထဲရှိ ခေါင်းစုတ်ဖွားကြီးကိုမြင်တော့ ဝမ်းလျိုနျဲန်ခေါင်းထဲ တဟီးဟီးအသံမြည်လာသည်၊ ထို့ကြောင့် ကျောက်ယွဲ့နောက်သို့ သွားနေလိုက်၏။ စိတ်ထဲမှလည်း အစိုးရအလုပ်မှနှုတ်ထွက်ကာ မွေးရပ်ဇာတိမြေသို့သာ ပြန်သွားလိုက်ချင်နေပြီဖြစ်သည်။
*****
ရွှေမြို့တော်မှာတော့ အရာရာတိုင်းက ပြောင်းလဲမသွားသေး။ သူတို့နှစ်ယောက်သား အိပ်ခန်းဆောင်သို့ပြန်ရောက်ပြီး ရေမိုးချိုးပြီးရုံသာရှိသေး၊ အနားယူပြီး လက်ဖက်ရည်တောင် မသောက်သေးခင်မှာတင် အမတ်မင်းထောင် အခစားဝင်လာကြောင်း ရှစ်ဇီက အကြောင်းလာကြား၏။
သွမ့်ပိုင်ယွဲ့တစ်ယောက် ချက်ချင်းပင် စားပွဲပေါ် မှောက်လှဲပစ်လိုက်ကာ သေချင်ယောင်ဆောင်လိုက်၏။
လာပြန်ပြီ!!!!!
တစ်ခါလောက် မလာဘဲ နေလို့မရဘူးလား!!!!
ချူယွမ်က သွမ့်ပိုင်ယွဲ့အင်္ကျီလက်ကို ဆွဲပြီး ထူလိုက်သည်။
"ပြန်ထလိုက်တော့၊ ငါနဲ့ စာကြည့်ဆောင် လိုက်ခဲ့"
"လိုက်သွားလို့က ရတယ်။ ဒါပေမယ့် အဲ့ဘိုးတော်ကြီး အဆွခံရလို့ ဒေါသအထွက်လွန်ပြီးအသက်ထွက်သွားရင် မင်း ကိုယ့်ကို ဒေါသမထွက်ရဘူးနော်"
သွမ့်ပိုင်ယွဲ့က ချူယွမ်လက်ကို ကိုင်ဆွဲလိုက်ပြီး နမ်းရှိုက်လိုက်သည်။ သို့သော် တစ်ချက်မှကို မလှုပ်မရှားသေး။ ချမ်းသာကြွယ်ဝစွာနေလာသောသူက ရောင့်ရဲခြွေတာစွာ နေတတ်ဖို့ ခက်သည်။ ချစ်ရသူနှင့် အတူယှဥ်တွဲနေထိုင်ရပြီးနောက် ဘာအလုပ်မှလုပ်စရာမလိုသည့် အရသာကို သိသွားပြီးသည့်နောက်ဘယ်သူကများ တိုင်းပြည်ရေးရာတွေ၊ နန်ယန်ကပုန်ကန်သူတွေကို သွားပြီးစီရင်ချင်တော့မှာလဲ။ လုပ်ချင်သောဆန္ဒ ရှိသူများသာ လုပ်ကြပလေ့စေတော့၊ ရှီးနန်အိမ်သို့ အမြန်ပြန်သွားပြီး ဆန်ဆေးကြခြင်းကသာ မိမိအတွက် အရေးကြီးကိစ္စ ဖြစ်နေပေပြီ။
ချူယွမ်ကတော့ သူ့ကို အတင်းထူမပြီး ထခိုင်းလိုက်၏။ ထို့နောက် ဖရိုဖရဲ တွန့်ကြေနေသောအဝတ်များကို သေချာသေသပ်အောင် ညှိပေးလိုက်သည်။ ထို့အပြင် ဆံနွယ်များကိုပါ ဖြီးသင်ပေးကာ ဆံထုံးအသစ် ထုံးပေးလိုက်၏။ ပြီးတော့မှ သွမ့်ပိုင်ယွဲ့ကို သူနှင့်အတူ ဆွဲခေါ်သွားသည်။
လမ်းတစ်လျှောက်မှာတော့ ရှီးနန်ဝမ်မှာ ဦးရေပြားကို လက်ဖြင့်လှမ်းပြီး ပွတ်သပ်နေရသည်။ ဤမျှဆိုးရွားလှသော ဆံပင်ဖြီးသင်ခြင်းအတတ်မှာ အရီးတော်ကျင်းနှင့် သိပ်တောင် မကွာခြားလှပေ။ နောင်အနာဂတ်တစ်ချိန်ချိန်ကျ ထိပ်ပြောင်တော့မည်ကို စိုးရိမ်ရပေပြီ။
****
တော်ဝင်စာကြည့်ဆောင်ထဲဝယ်။
မှူးကြီးမတ်ရာတစ်ဖွဲ့က အတော်လေးကြာအောင် စောင့်ဆိုင်းနေကြပြီးဖြစ်ကာ နောက်ဆုံးမှာတော့ အရှင်မင်းမြတ် ကြွရောက်တော်မူလာပေပြီ။ သို့ပေမင့် ရှီးနန်ဝမ်နဲ့အတူ.....တဲ့လား။
"......"
"အမတ်မင်းထောင်"
သွမ့်ပိုင်ယွဲ့၏ ပုံစံမှာ အတော်လေးပင် ဖော်ရွေပျူငှာလှသည်။ ထောင်လျန်တာက ဆို၏။
"ရှီးနန်ဝမ်လည်း အရှင်မင်းမြတ်ဆီ အစီရင်ခံစာတင်ဖို့ ရောက်လာတာလားခင်ဗျာ။ ဒါဆိုရင်လည်း ကျွန်တော်မျိုးတို့ ခဏလောက် နောက်ဆုတ်ပေးပါ့မယ်၊ ခဏနေကျမှ နောက်တစ်ခေါက်လာပြီး အရှင့်ဆီ အခစားဝင်လိုက်ပါ့မယ်"
"အမတ်မင်းထောင် အားနာတတ်လွန်းရန်ကော။ ပန်ဝမ် အစီရင်ခံစာ လာတင်စရာရှိ လို့မဟုတ်ပါဘူး၊ လိုက်လာကြည့်ရုံသပ်သပ်ပါ"
ထောင်လျန်တာ - "....."
လိုက်လာကြည့်ရုံသပ်သပ်ပဲ...ဟုတ်လား။
ချူယွမ်က လူတိုင်းအတွက် ထိုင်စရာထိုင်ခုံယူလာပေးရန် အမှုထမ်းများအား မှာကြားလိုက်သည်။
သွမ့်ပိုင်ယွဲ့ကတော့ ထိုင်ခုံကို ဂလုံးဂလွမ်းမြည်အောင်ကို ဒရွတ်တိုက်ဆွဲလိုက်ကာ ရွှေနဂါးပလ္လင်တော်နားနှင့် ကပ်လုမတတ်ဖြစ်အောင် နေရာချလိုက်သည်။ ထို့နောက်မှာမှ ဝတ်ရုံလက်ကို ခါလိုက်ကာ ကျေနပ်အားရစွာ ထိုင်ချလိုက်သည်။
ထောင်လျန်တာ ဘာပြောရမှန်းမသိတော့ဘဲ တွေဝေသွား၏။ ထို့အပြင် ပြုံးပန်းလှစ်ဟနေသော အရှင်မင်းမြတ်၏ မျက်နှာတော်ကိုမြင်ရတော့ ပိုလို့ပင် စဥ်းစားရကျပ်သွား၏။ အစီရင်ခံစာများ တင်လိုက်ပြီးသည့်နောက် တော်ဝင်စာကြည့်ဆောင်မှ ထွက်လာပြီးသည့်တိုင် ခြေလှမ်းများက ပုံမှန်ဟုတ်မနေ ဒယိမ်းဒယိုင်ဖြစ်နေ၏။
"မဟုတ်မှလွဲရော၊ ရှီးနန်ဝမ်ကများ....."
အမတ်မင်းနောက်တစ်ယောက်က တစ်ခုခုကိုပြောမည်ကြံပြီး ခေတ္တမျှ တုံ့ဆိုင်းသွားသည်။ ထို့နောက် ဘေးပတ်ပတ်လည်ကိုကြည့်လိုက်ပြီး အပြင်လူမရှိမှန်းသေချာတော့မှ လက်ချောင်းများကို ဆိတ်လိုက်ကာ အသံတိုးတိုးဖြင့် အရဲစွန့်ပြောလာ၏။
"ကူအဆိပ် သုံးလိုက်တာများလား"
ထိုစကားကို ပြောလိုက်တော့ တခြားအမတ်မင်းများကလည်း ဖြစ်နိုင်ခြေရှိသည်ဟု တွေးထင်လိုက်ကြသည်။
တာ့ချူ၏ ကျယ်ပြားရှည်လျားလှသော နယ်နိမိတ်တစ်လျှောက်တွင် ဧကရာဇ်အာဏာစက်ကိုခံယူကြသော ဘဏ္ဍာဆက် ပြည်နယ်များစွာရိှသည်၊ ပြီးတော့ မြို့တော်တိုင်းကို အုပ်စိုးစောင့်ရှောက်ဖို့ ဘုရင်ခံများစွာ ရှိသည်။ ရှီးကျွေပြည်နယ်ဘုရင် မုဟန်ယဲ့သည်ပင် သူနှင့်သူ့ကြင်ယာတော်၏ အချစ်ဇာတ်လမ်းကို ကြွားဝါပြောဆိုတတ်ရုံသာရှိသည် ၊ ပြီးတော့ သူများကိုပါ အတင်းအကျပ် ဖြဲခြောက်ပြီး အလိုလိုက်အကြိုက်ဆောင် မြှောက်ပင့်ပြောဆိုခိုင်းရုံသာရှိသည်။ ထိုကိစ္စမှလွဲပြီး ဘာမှ ထွေထွေထူးထူးမရှိ။ ဘယ်သူကများ ရှီးနန်ဝမ်ကြီး တော်ဝင်စာကြည့်ဆောင်မှာ ပြုမူသလိုမျိုး ပြုမူပါလိမ့်မည်နည်း။ ထိုင်ခုံကိုပါ တစ်ခန်းလုံးအနှံ့ အသံဆူညံသွားအောင် ဒရွတ်တိုက် ဆွဲသွားသေးသည်။ ယခုလို ယဥ်ကျေးမှုမရှိလှသော ထိုအပြုအမူကိုတောင် အရှင်မင်းမြတ်က ရွှေစိတ်တော်ထဲ အမှုပင်ထားတော်မူဟန်မရ။ ကြည့်ရသည်မှာ တကယ်ကိုပဲ ကူအဆိပ်မိနေဟန်ရသည်။
"ဘယ်လိုလုပ်ကြရင် ကောင်းမလဲ"
မှုးမတ်အယောက်တိုင်းက စိုးရိမ်ပူပန်ကြီးစွာ သူ့ထက်ငါအပြိုင် မေးလာကြသည်။ ပြီးတော့ မင်းသား(၉) အမြန်ပြန်လာရန် တောင်းဆုပတ္ထနာပြုနေကြသည်။ သို့မဟုတ်ပါက - စစ်သူကြီးရှန်ဆိုရင်လည်း ရပါသည်။
*****
ချူယွမ်ခမျာ စားပွဲထက် မျက်နှာအပ်ပြီး တဟားဟားရယ်မောနေသည်။
သွမ့်ပိုင်ယွဲ့ကတော့ ဘေးနားတွင် မေးထောက်ပြီးထိုင်ကာ သူ့ကို စိတ်ဝင်စားစွာကြည့်လာ၏။
ချူယွမ်က အားရကျေနပ်သည့်အထိ ရယ်မောလိုက်ပြီးနောက် မတ်မတ်ပြန်ထိုင်လိုက်ကာ တစ်ဖက်လူ၏ ပါးပြင်ကို ခပ်ဖွဖွ ပုတ်လိုက်ရင်း မှာကြားလာသည်။
"နောက်ဆို ဒီလိုမဆော့ကြေးနော်။ ကြားရဲ့လား"
သွမ့်ပိုင်ယွဲ့က သူ့လက်ကို ကိုင်လိုက်ကာ အနမ်းတစ်ပွင့် ခြွေလိုက်သည်။
ချူယွမ်က ဆက်ဆို၏။
"သွားရအောင်ပါ။ နာ့ဝါနဲ့သူ့အဖွဲ့သားတွေကို သွားကြည့်ရအောင်။ ဒီမတိုင်ခင် ဆေးတိုက်ပြီးသွားပြီတဲ့၊ အခုဆို နိုးနေလောက်ကြပြီ"
****
"အရှင်မင်းမြတ်"
ကျန်းမင်လွီ့က ခွန်းတာအား စမ်းသပ်နေ၏။ ဘေးနားတွင်လည်း ကျင်းဆူး ထိုင်စောင့်နေသည်။ ချူယွမ်က သမားတော်ကျန်းအား လက်ပြလိုက်ပြီး အရိုအသေအများကြီးပြုစရာမလိုကြောင်း တားလိုက်သည်။ ထို့နောက် စကားတစ်ခွန်းစနှစ်ခွန်းစ မေးပြီးသည့်နောက် အနောက်ဘက်ရှိအခန်းထဲ လျှောက်လှမ်းသွား၏။
အသားအရည်ညိုပြီး ပိန်လှီသောခန္ဓာကိုယ်ရှိသည့် ယောက်ျားတစ်ယောက်က ကုတင်ပေါ်တွင် လဲလျောင်းနေလျက်ရိှသည်။ မျက်နှာထက်တွင်လည်း ပါးသိုင်းမွေးများ ရှိနေ၏။ နွမ်းလျအားနည်းနေသည့်ဟန်ရသော်လည်း ခတ္တိယမျိုးနွယ် တော်ဝင်အသိုင်းအဝိုင်းတစ်ခုမှ ဆင်းသက်လာကြောင်း ပေါ်လွင်ထင်ရှားနေ၏။ အနှီပုရိသမှာ ပိုင်ရှန့်ပြည်ဘုရင် နာ့ဝါပင်ဖြစ်သည်။
သွမ့်ပိုင်ယွဲ့ မှန်းဆထားသည့်အတိုင်းပင်။ နန်ယန်ဒေသတွင် စီးပွားလုပ်ငန်းများ ဖွံ့ဖြိုးလာေသာကြောင့် ညတွင်းချင်းသူဌေးဖြစ်လာသောသူများ များသထက်များလာကြသည်။ သို့သော် အရမ်းများလာပြန်တော့လည်း ဒေသတစ်ခုချင်းစီက အချင်းချင်းပြိုင်ဆိုင်လာကြသည်။ သင်္ဘောဆိပ်ကမ်းတိုင်းကလည်း စည်ကားသထက် စည်ကားလာခဲ့၏။ အခုအချိန်မှာများ ကုန်သွယ်ရေးလမ်းကြောင်းအသစ်တစ်ခု ထပ်မံဖွင့်လှစ်နိုင်လိုက်လျှင် ငွေက အဆင်သင့်စောင့်ဆိုင်းနေမည်သာဖြစ်သည်။ ပြီးတော့ နာ့ဝါကိုယ်တိုင်ကလည်း သူတစ်ယောက်တည်း ထိုသို့အတွေးမျိုးရှိနေခြင်းမဟုတ်ကြောင်း ကောင်းစွာသိနေသည်၊ ထို့အပြင် ချူရှိန့်က သူ့တစ်ယောက်တည်းကိုသာ စည်းရုံးဖို့ကြိုးစားနေခြင်းမဟုတ်မှန်းလည်း သိနေ၏။ ထို့ကြောင့် ဒီတစ်ခေါက်ခရီးစဥ်တွင် အင်မတန်မှရင်းနှီးသောလူများမှလွဲ၍ အပြင်လူတစ်ယောက်မှမသိကြ။ ထို့ကြောင့် ခရီးစဥ်အချက်အလက်များပေါက်ကြားသွားမည်ဟု လုံးဝထင်မထားခဲ့။
"နောက်ကွယ်မှာ ဘယ်သူရှိနေသလဲဆိုတာ ပြည်နယ်ခေါင်းဆောင် သိပါသလား"
သွမ့်ပိုင်ယွဲ့ မေးလာခြင်းဖြစ်သည်။
နာ့ဝါက ခေါင်းခါပြ၏။ ထို့နောက် တစ်ခဏမျှတွေးကြည့်လိုက်ပြီး ထပ်ဆိုလာသည်။
"ဧကရာဇ်ချူဆီက အကြောင်းကိစ္စတစ်ခုအတွက် အကူအညီရနိုင်မလားလို့ သိခွင့်ရပါစေဘုရား"
"ပြောပါ"
"ပိုင်ရှန့်ပြည်ကို လူလွှတ်ပေးဖို့ ဧကရာဇ်ချူကို ကျွန်တော်မျိုး တောင်းဆိုချင်ပါတယ်၊ ဟိုဘက်မှာ အခြေအနေ ဘယ်လိုရှိသလဲဆိုတာ သိချင်လို့ပါဘုရား"
ချူယွမ်လည်း ခေါင်းညိတ်ပြလိုက်သည်။
"ရတယ်၊ ကိုယ်တော်မြတ် ကတိပေးပါတယ်"
နာ့ဝါဘက်က ကျေးဇူးတင်စကားပြောလိုက်ပြီးနောက် တစ်ခဏမျှ ပြန်ငြိမ်သွားပြန်သည်။ ဘာမှ ထပ်ပြီးပြောချင်ဟန်မရ ၊ ချူယွမ်ဘက်ကလည်း ဘာမှ များများစားစားမမေးတော့ဘဲ သူ့ကို များများအနားယူရန် ပြောလိုက်ပြီးသည့်နောက် သွမ့်ပိုင်ယွဲ့နှင့်အတူ အခန်းထဲမှ ပြန်ထွင်လာခဲ့သည်။
*****
ဝမ်းလျိုနျဲန်ဘက်ကတော့ အမှုစစ်ရာတွင် အဆင်ပြေချောမွေ့နေခဲ့သည်။ ရက်အနည်းငယ်အကြာမှာပင် အစီရင်ခံစာအထပ်လိုက်ကြီးကို ဆက်သလာ၏။
လွန်ခဲ့သော နှစ်ပေါင်းများစွာက ရှောင်းရှောင်းအာထံတွင် ဖုန်းစန်းဟူသော တပည့်တစ်ယောက်ရှိဖူး၏၊ ထိုလူရွယ်မှာ ဖုန်းလေ၏ သားပင်ဖြစ်သည်။ သိုင်းလောကထဲ ကျင်လည်စဥ်တွင် ခေတ္တခဏ ကွန်းခိုစရာ ဂိုဏ်းတစ်ခုရှာဖွေခြင်းမှာ ဖြစ်လေ့ဖြစ်ထ ရှိနေကျကိစ္စတစ်ခုပင်။ ထို့ကြောင့်လည်း ဖုန်းလေက ထိုကိစ္စနှင့်ပတ်သက်ပြီး စိတ်ထဲ ဘာမှအရေးမထားခဲ့။ သို့သော်လည်း ဖုန်းစန်းက အနာရောဂါတစ်ခုကြောင့် ရုတ်တရက်ကွယ်လွန်သွားပြီဆိုသော သတင်းဆိုးစာလွှာကို လက်ခံရရှိလိုက်တော့ ဖုန်းလေမှာ အတော်ထိတ်လန့်အံ့ဩသွားခဲ့၏။
အရွယ်ကောင်းတုန်းဖြစ်သော သားလုလင်ပျိုကို ဆုံးရှုံးလိုက်ရသြဖင့် ဖုန်းလေမှာ ယူကြုံးမရ ဝမ်းနည်းကြေကွဲခဲ့သည်။ သို့သော် တစ်နေ့မှာတော့ အကြောင်းစုံကို သိရှိနားလည်သောသူဆီမှ စာတစ်စောင်ကို ထပ်မံရရှိလိုက်သည်။ ထိုစာထဲတွင် ဖုန်းစန်းက အနာရောဂါကြောင့် ကွယ်လွန်ခြင်းမဟုတ်ဘဲ လင်လုံစေတီတွင် ယဇ်ပူဇော်ရန် အသတ်ခံလိုက်ရခြင်းသာဖြစ်ကြောင်းပြောပြလာ၏။ အရိုးပြာပင်မဆိုထားနှင့် ၊ ဝိညာဥ်အပိုင်းအစပင် မကြွင်းကျန်ရစ်ခဲ့ဟုဆိုလာသည်။
သားဖြစ်သူအတွက် လက်စားချေဖို့ရန် ဖုန်းလေလည်း ခြေတစ်ဖက်မကောင်းတော့သည့်ဟန် ရုပ်ဖျက်ဟန်ဆောင်လိုက်ပြီး ရန်ငြိုးများကို မျိုသိပ်ကာ လျိုစန်းဓားပျံဂိုဏ်းထဲ ဝင်ရောက်လာခဲ့သည်။ ရှောင်းရှောင်းအာထံမှ ယုံကြည်စိတ်ချရမှုကို တစ်ဆင့်ချင်းရခဲ့သော်လည်း မတရားသဖြင့် သေဆုံးသွားခဲ့သော သားအတွက် ပေးဆပ်ရန် ရှောင်းရှောင်းအာကို လင်လုံစေတီထဲ ပိတ်ထားနိုင်ဖို့ အခုထက်ထိ အခွင့်အရေးရှာမတွေ့သေး။ နာ့ဝါနှင့်အဖွဲ့သား အဖမ်းခံရတော့မှ သွမ့်ပိုင်ယွဲ့လည်း သူတို့ရှေ့ အချိန်ကိုက် ရောက်ရှိလာလေရာ နောက်ဆုံးအကြိမ်အနေနှင့် အားကုန်ထည့်ပြီး ကြိုးစားရန် ကြံစည်လိုက်ခြင်းဖြစ်သည်။
"နောက်တစ်ဆင့် ဘယ်လိုအမှုစစ်ကြမလဲ။ အချုပ်ခန်းထဲက ရှောင်းရှောင်းအာဆီ သွားတွေ့ကြမလား "
သွမ့်ပိုင်ယွဲ့က မေးလာတော့ ချူယွမ်က -
"ရက်အများကြီး အချုပ်ခံထားရတာတောင် ကိုယ့်ကိုယ်ကို အဆုံးစီရင်တာ မလုပ်ဘူးဆိုတော့ အသက်ဆက်ရှင်ချင်သေးတယ်ထင်တာပဲ။ အသက် ဆက်ရှင်နေသေးရင်ရပြီ၊ သူ့ပါးစပ်ကို ဟပစ်နိုင်မယ့် နည်းလမ်း ရှိကိုရှိလိမ့်မယ်"
"ကိုယ့်ကို သွားခိုင်းလိုက်မလား"
"အင်း၊ သွားေလ။ အမှုစစ်ပြီးရင် သူ့အသက်ကို ချမ်းသာပေးလိုက်ဦး။ သေရမယ့်အတူတူ၊ သူ့ကို လင်လုံစေတီမှာ သွားသေခိုင်းရမယ်။ အပြစ်မဲ့တဲ့ ဟိုကောင်လေးကို နှစ်သိမ့်ပေးရာရတာပေါ့ "
ဖုန်းလေကိုတော့ လူပေါင်းများစွာသတ်ဖြတ်ခဲ့ဖူးသော အပြစ်ဒဏ်အတွက် ပြန်လည် ပေးဆပ်ခိုင်းရပေမည်။ အစပိုင်းတုန်းက မည််သို့သော အကြံမျိုးပဲရှိရှိ၊ ခွင့်မလွှတ်နိုင်သောပြစ်မှုမျိုး ကျူးလွန်ထားသည်ပင်။
*****
မှောင်မည်းနေသော အချုပ်ခန်းထဲတွင် ရှောင်းရှောင်းအာက ကောက်ရိုးပုံပေါ်ထိုင်နေ၏။ တံခါးဝဘက်ကိုတော့ ကျောပေးထားသည်။
သွမ့်ပိုင်ယွဲ့က တံခါးစောင့်အား တံခါးဖွင့်ခိုင်းရန် လက်ဖြင့်အချက်ပြလိုက်၏။ အမှောင်ထုထဲဝယ် သံသတ္တုအချင်းချင်းတိုက်မိေသောအသံများ မြည်သွားသော်လည်းရှောင်းရှောင်းအာကတော့ လှည့်မလာခဲ့။
"ဖုန်းလေတော့ အကုန်လုံး ထွက်ဆိုပြီးပြီ၊ ဒါတောင်မှ ဘာမှမပြောဘဲ ဆက်ပြီးခေါင်းမာနေဦးမှာပဲလား"
သွမ့်ပိုင်ယွဲ့ ထိုသို့ပြောလိုက်တော့မှ ရှောင်းရှောင်းအာက ဖြည်းဖြည်းချင်းလှည့်လာပြီး သူ့အား ကြည့်လာ၏၊ မျက်ဝန်းများထဲမှာတော့ အငြိုးအတေးများ ပြည့်လျှံနေလို့။
ယခုလိုအခြေအနေမျိုးကို တုံးအနုံချာနေသောကောင်များပင် နားလည်နိုင်သည်။
ဖုန်းလေက ဖုန်းစန်း၏ ဖခင်ဖြစ်နေမှတော့ သူ့ကို အစိတ်တစ်သောင်းမက အပိုင်းပိုင်းခုတ်ဖြတ်ပစ်ရန် ဧကရာဇ်ချူကို တောင်းဆိုမည်မှာသေချာသည်။ ပြစ်မှုမရှိလျှင်တောင် မရှိရှိအောင် ဖန်တီးပြောဆိုလို့ရနေသည်။ ပြီးတော့ ဒီနှစ်ပေါင်းများစွာအတွင်း လျိုစန်းဓားပျံးဂိုဏ်းလည်း ချူရှိန့်အတွက် အမှုထမ်းနေခဲ့သည်ပဲလေ။ တခြားလူ မသိဘူးဆိုလျှင်တောင် ဒုဂိုဏ်းချုပ်ဖြစ်သောဖုန်းလေက သိမည်သာ၊ စာချွန်လွှာ ပို့ဆောင်သူများအထိ လိုက်လံမေးမြန်းကြည့်ခွင့်ပါရှိနေသည်။ အပေါ်ယံကြည့်ရုံနှင့် လူ့အတွင်းစိတ်ကို မသိနိုင်ခဲ့လေခြင်းဟု နောင်တရမည့်အစား အခု သူ လုပ်နိုင်သည့်တစ်ခုတည်းသောအရာမှာ ဧကရာဇ်ဘက်မှလိုက်ပါကာ သူပုန်ရန်စွယ်ကို ဖယ်ရှားပေးရုံသာ ကျန်တော့သည်။ မကောင်းမှုကို ကောင်းမှုဖြင့် ပေးဆပ်နိုင်ရုံသာရှိသည်။ သို့ေသာ် လုံးဝထင်မှတ်မထားသည်မှာ ချိန်ကျိုးကနေ ရွှေမြို့တော်အထိ လမ်းတစ်လျှောက်လုံး မည်သူတစ်ဦးတစ်ယောက်ကမှ သူ့ကို စိတ်မဝင်စားကြ၊ အစာရေစာ လာကျွေးဖို့ပင် မေ့လျော့နေသဖြင့် နှစ်ရက်ဆက်တိုက် ဆာလောင်မွတ်သိပ်နေခဲ့ရသည်။ ထို့ကြောင့် အမှုစစ်ဆေးသောအချိန်တွင် သူ ဘာမှ မျှော်လင့်ချက်ရှိမနေတော့။
အခုဆိုလျှင် သူ့ဆီရောက်လာသောသူ အတော်ပင်ရှားသည်။ သို့သော် အခုရောက်လာသော ပုဂ္ဂိုလ်ကမူ မှူးမတ်ဝန်ကြီးဝတ်စုံပင်ဝတ်ဆင်မထား၊ ညီလာခံသဘင်ထဲတွင် ဘယ်ရာထူးအဆင့်ရှိမှန်းလည်း မသိနိုင် ၊ ပါးစပ်ဟလိုက်သည်နှင့် မိမိအား ခေါင်းမာသည်ဟုပါ ပြောလိုက်သေး။
ရှောင်းရှောင်းအာမှာ အသက်ထွက်တော့မတတ် များပြားမွန်းကျပ်နေသည့် ဒေါသများကို မျိုသိပ်လိုက်ရင်း ပြောလာသည်။
"ငါ အရှင်မင်းမြတ်နဲ့ တွေ့ချင်တယ်!!!!"
"မင်းလိုလူကများ.... အရှင်မင်းမြတ်နဲ့တွေ့ခွင့်ရနိုင်မယ်ထင်သလား"
သွမ့်ပိုင်ယွဲ့၏ပုံစံမှာ မိန်းမပျိုတစ်ယောက်ကို စော်ကားမော်ကားပြုထားသော ယောက်ျားတစ်ယာက်ကို ပြန်လည်နှိပ်စက်နေသည့် သူကြီးတစ်ယောက်နှင့် တူနေသည်။ သူက ထိုင်ခုံဆွဲယူပြီး ထိုင်ချလိုက်ကာ ခြေထောက်တစ်ဖက်ကို စားပွဲပေါ် တင်လိုက်ပြီးနောက် ပျင်းရိနေသောပုံစံဖြင့် ပြောလာ၏။
"ပြော"
ရှောင်းရှောင်းအာကတော့ ပို၍ကျယ်လောင်သောအသံြဖင့် ထိုစကားကိုသာ ထပ်ပြောလာခဲ့သည်။
"ငါ အရှင်မင်းမြတ်နဲ့ တွေ့ချင်တယ်!!!!"
"ချူရှိန့်တောင်မှ အရှင့်မျက်ဝန်းတော်အောက် ခစားရဖို့ မတန်ဘူး။ မင်းလိုလူကများ အဲ့အခွင့်အရေး ရနိုင်မယ်ထင်သလားဟမ်"
သွမ့်ပိုင်ယွဲ့နှုတ်ခမ်းထောင့်စွန်းက အနည်းငယ်မြင့်သွားသည်၊ သို့သော် မျက်ဝန်းများကတော့ တဖြည်းဖြည်း အေးစက်ကြမ်းကြုတ်လာ၏။
"သေချာစဥ္းစားကြည့်လိုက်ဦး။ အခုနေသာ မပြောလိုက်ရင် ခဏနေ အသက်ပျောက်သွားလို့ ဘာမှမပြောနိုင်ဘဲနေလိမ့်မယ်"
******
2021.01.31 .
Thz for loving DiWang .
******
အခန်း - ၁၁၄ (အမှုစစ်ဆေးခြင်း)
[အင္မတန္မွ ရက္စက္ၾကမ္းၾကဳတ္လွေသာ ဆံပင္ၿဖီးနည္း]
ညေနခင္းေရာက္ေတာ့ ေက်ာက္ယြဲ႔က ဝမ္းလ်ိဳန်ဲန္အား ထမင္းျပန္သြားစားဖို႔ရန္ လာေခၚသည္။
ေသေသခ်ာခ်ာ ျပန္စဥ္းစားၾကည့္လ်ွင္ တာ့ခ်ူ၏ မဟာေသနာပတိအမတ္မင္းျဖစ္ရသည္မွာလည္း အေတာ္ပင္ပန္းသကိုး။ ေကာင္းကင္၏သားရတနာအတြက္ တိုင္းေရးျပည္ရာကိစၥတြင္ အႀကံေပးရသည္သာမက ေကာင္းကင္သားရတနာအတြက္ တံခါးပါ ေစာင့္ေပးရေသးသည္။
အမတ္မင္းဝမ္းက ေျပာလာ၏။
"ဝက္ေျခေထာက္စားခ်င္တယ္"
မည္သို႔ပင္ဆိုေစ ထိုတံခါးဝေရ႔ွတြင္ နာရီေပါင္းမ်ားစြာ အားအင္ခ်ည့္နဲ႔ေနေအာင္ ထိုင္ေစာင့္ေနရၿပီးျဖစ္သည္။ ေနကလည္းပူ၊ ေလကလည္း ျပင္းေသး ၊ နည္းနည္းေတာ့ ကိုယ့္ကိုယ္ကို ေကြၽးေမြးျပဳစုရၪီးမည္။
****
"အျပင္ဘက္မွာ မိုးေတာင္ခ်ဳပ္ေနၿပီ၊ မထနဲ႔ေတာ့ "
အခန္းအတြင္းတြင္ ျဖစ္သည္။ သြမ့္ပိုင္ယြဲ႔က ဆက္ေျပာလာ၏။
"ဘာစားခ်င္လဲ၊ ဒီအခန္းထဲထိ လာပု႔ိေပးဖို႔ ကိုယ္ အျပင္ထြက္မွာေပးမယ္ "
"သူပုန္ေတြ ေထာင္ထဲမွာရိွေနတုန္းေလ။ စာရင္း သြားမရွင္းေတာ့ဘူးလား"
ခ်ူယြမ္က သြမ့္ပိုင္ယြဲ႔ရင္ခြင္ထက္ ေမးေထာက္ရင္း ေမးလာ၏။ သြမ့္ပိုင္ယြဲ႔က ခ်ူယြမ္အား ေစာင္ ေသခ်ာၿခံဳေပးလိုက္ကာ ေျပာလာ၏။
"နန္းေတာ္ျပန္ၿပီးမွ အမႈစစ္ရရင္လည္း သိပ္ေနာက္မက်ေသးပါဘူး။ ဒါမွမဟုတ္ မင္းစိတ္ရႈပ္ေနတယ္ဆိုရင္လည္း ကိုယ့္ကို အကုန္ လုပ္ခိုင္းလိုက္ေလ။ အခုခ်က္ခ်င္း အဲ့အမႈကိုရွင္းလိုက္စရာ အေၾကာင္းမွမရိွတာ"
"တိုင္းျပည္ပ်က္စီးျခင္းရဲ့ အေၾကာင္းရင္း၊ တိုင္းသူျပည္သားေတြရဲ့ ဒုကၡတံုးႀကီး"
ခ်ူယြမ္ ႏႈတ္ခမ္းဆူလိုက္ကာ ေျပာလာသည္။ သြမ့္ပိုင္ယြဲ႔ ေခတၲမ်ွ ၿငိမ္သက္သြားသည္၊ ၿပီးမွ ေမးလာ၏။
"မင္းေျပာေနတာ ခ်ူရိွန္႔ကိုလား၊ေရွာင္းေရွာင္းအာကိုလား"
"မင္းကို ေျပာေနတာ"
"....."
ခ်ူယြမ္က သြမ့္ပိုင္ယြဲ႔ရင္ခြင္ထဲ ေမွာက္လ်က္လွဲေနလ်က္။ ဘာဆိုဘာမွ မေျပာဘဲ တစ္ခုခု စဥ္းစားေတြးေတာေနဟန္ရသည္။
အတန္ၾကာေတာ့မွ သြမ့္ပိုင္ယြဲ႔က မေက်မနပ္ ျငင္းဆိုလိုက္၏။
"ဟုတ္လည္း မဟုတ္ဘဲနဲ႔"
"ဟုတ္ပါတယ္ဆို"
ခ်ူယြမ္က သူ႔ကိုေမာ့ပင္မၾကည့္ဘဲ ေရ႔ွတူရူကိုသာ ပ်င္းရိေလးတြဲ႔ေနေသာအသြင္ျဖင့္ ေငးၾကည့္ေနကာ အႏိုင္ပိုင္းၿပီး ဆက္ေျပာလိုက္၏။
"ကိုယ္ေတာ္ျမတ္က ဟုတ္တယ္ဆို ဟုတ္ေနလို႔ပဲ"
"ဪ"
မင္းက ဧကရာဇ္ဆိုေတာ့လည္း မင္းေျပာသမ်ွ အတည္ျဖစ္ရမွာေပါ့။
ခ်ူယြမ္က ေစာင္ထဲ ထပ္ၿပီးတိုးေခြ့လိုက္ကာ မ်က္ဝန္းလႊာမ်ားကို ျပန္လည္မိွတ္စက္လိုက္သည္။ ေဘးနားတြင္လည္း ရင္းႏွီးကြၽမ္းဝင္ေသာအေနြးဓာတ္က ေနြးေထြးစြာ ၿခံဳလႊမ္းေနလို႔။ ခ်စ္တင္းေနွာလို႔အၿပီး ႏွစ္ေယာက္စလံုးက အဝတ္အစားမ်ား ျပန္လည္ဝတ္ဆင္ျခင္းမျပဳဘဲ အသားအခ်င္းခ်င္းထိေတြ့ထားၿပီး လဲေလ်ာင္းေနၾကသည္၊ ထြက္သက္ေနြးေနြးေလးမ်ားကို မ်ွေဝေပးေနလ်က္ရိွသည္။ လက္ေခ်ာင္းဆယ္ျဖာကလည္း အခ်င္းခ်င္းယွက္ႏြယ္ထားလို႔။ အင္မတန္မွ သာယာၾကည္ႏူးရလြန္းေသာအခ်ိန္မို႔ ေနာက္ထပ္စကားလံုးမ်ား မႁမြက္ဟလိုေတာ့။
ပ်င္းရိေလးတြဲ႔ေသာ၊ ထို႔အျပင္ လြမ္းေမာတမ္းတေနဆဲျဖစ္ဟန္ရေသာ ခ်ူယြမ္၏အသြင္ဟန္ပန္ကိုျမင္ေတာ့ သြမ့္ပိုင္ယြဲ႔လည္း ရယ္ေမာလိုက္ကာ တစ္ဖက္လူ၏ ဆံႏြယ္အိအိေလးမ်ားကို လက္ျဖင့္ ပြတ္သပ္ၿဖီးသင္ေပးလိုက္သည္။ ထို႔ေနာက္ ပို၍တင္းက်ပ္စြာ ေထြးေပြ့ထားလိုက္၏။
*****
မနက္ခင္းေရာက္ေတာ့ ခ်ူယြမ္လည္း ခ်ိန္က်ိဳးမွ ျပန္ထြက္လာခဲ့ကာ လ်ိဳစန္းဓားပ်ံဂိုဏ္း၏ က်န္ေသာကိစၥမ်ားကို ဆက္လက္ရွင္းလင္းဖို႔ ဝမ္းလ်ိဳန်ဲန္ႏွင့္ ေက်ာက္ယြဲ႔ကိုေဒသခံအာဏာပိုင္မ်ားႏွင့္ ထားရစ္ခဲ့သည္။
ျမင္းလွည္းတြင္းဝယ္။
သြမ့္ပိုင္ယြဲ႔က ႂကြက္နားရြက္မိႈ ဟင္းခ်ိဳခြက္ကို ကိုင္ထားၿပီးေမးလာ၏။
"စားမလား"
"မစားခ်င္ဘူး"
သြမ့္ပိုင္ယြဲ႔က သူ႔ကို ေခတၲမ်ွ ၾကည့္လိုက္ၿပီးေနာက္ ေျပာလာ၏။
"မစားခ်င္လို႔ပဲမလား ၊ ကိုယ့္ကို စိတ္တိုေနတာေတာ့ မဟုတ္ပါဘူးေနာ္ "
"အင္း"
ခ်ူယြမ္က ႏွာမႈတ္သံျဖင့္ေျဖလာ၏။
သြမ့္ပိုင္ယြဲ႔ - "....."
မိဖုရားေခါင္ႀကီးကို သိသိသာသာႀကီး မ်က္ႏွာသာေပးလို႔မျဖစ္၊ သို႔မဟုတ္ပါက နန္းတြင္းညီလာခံအား ေဘးဥပါဒ္ လ်င္စြာသင့္ေစႏိုင္လိမ့္မည္။ ဥပမာအားျဖင့္ - ဒီေန့မနက္လိုမ်ိဳး ။
မ်က္စိဖြင့္ၿပီး ႏိုးလာသည္ႏွင့္ လူကို ရစ္တြယ္ေပြ့ဖက္လာကာ ေနာက္တစ္ေခါက္ဆိုၿပီး ထပ္မံေတာင္းဆိုလာသျဖင့္ မိမိခမ်ာ အခု ျမင္းလွည္းေပၚတက္ရသည္ေတာင္ အႏိုင္ႏိုင္၊ တစ္ကိုယ္လံုးလည္း ကိုက္ခဲနာက်င္ေနလို႔။
ထို႔ေၾကာင့္ သြမ့္ပိုင္ယြဲ႔က လက္လွမ္းလာကာ ခ်ူယြမ္ကို ေပြ့ဖက္လာမည္အလုပ္ ၊ ျမင္းလွည္းေပၚမွ ေမာင္းထုတ္ခံလိုက္ရသည္။ ေရ႔ွတြင္ရိွေနေသာ ဟိုယြင္ရွီးက သူ႔ကို ျဖည္းၫွင္းစြာ လွည့္ၾကည့္လာၿပီးေနာက္ မိုးေပၚေမ်ွာ္ကာ ႏွာတစ္ခ်က္မႈတ္လိုက္ေလသည္။
"ဝမ္ရယ္"
သြမ့္ေန့က သူ႔ဆီအမီ ျမင္းစီးလာရင္း ဆက္ေျပာလာ၏။
"ေရွာင္းေရွာင္းအာ ႏိုးလာပါၿပီ။ အရွင္မင္းျမတ္ကို အခစားဝင္ခ်င္တယ္လို႔ ေျပာေနပါတယ္ခင္ဗ်ာ"
"သူ ေတာ္ေတာ္ေလး ေလာေနတာပဲ။ ၿမိဳ႔ေတာ္အရင္ေရာက္တဲ့အထိေတာင္ မေစာင့္ႏိုင္ေတာ့ဘူးေပါ့"
"ေတြ့ခြင့္ေပးမွာလားခင္ဗ်ာ"
"ေပးမေတြ့ဘူး။ သူ႔ကို အဲ့အတိုင္း ရက္နည္းနည္းေလး ဆက္ထားလိုက္"
သြမ့္ေန့လည္း ေခါင္းညိတ္နာခံလိုက္ကာ ျမင္းကိုျပန္လွည့္ၿပီး လူတန္းရွည္အေနာက္ဘက္ ျပန္သြားေနလိုက္သည္။
****
ေရွာင္းေရွာင္းအာႏွင့္စာလ်ွင္ ဖုန္းေလက ပိုၿပီးေတာ့ေတာင္ အလ်င္လိုေသးသည္။ သို႔ေသာ္ ဒီထက္ပိုၿပီး အလ်င္လိုေနလ်ွင္ေတာင္ ရွီးနန္ဝမ္ႏွင့္ သက္ဆိုင္မႈရိွမေနပါ၊ အေၾကာင္းမွာ ဖုန္းေလအမႈကို ဝမ္းလ်ိဳန်ဲန္ထံ လႊဲေပးလိုက္ေသာေၾကာင့္ျဖစ္သည္။
ဝမ္းလ်ိဳန်ဲန္ - "....."
မရပ္မနားတမ္း ဆဲဆိုေနသည့္အျပင္ သံႀကိဳးမ်ားကို ရုန္းကာ အျပင္သို႔ထြက္လာမည္တကဲကဲလုပ္ေနေသာ အခ်ဳပ္ခန္းထဲရိွ ေခါင္းစုတ္ဖြားႀကီးကိုျမင္ေတာ့ ဝမ္းလ်ိဳန်ဲန္ေခါင္းထဲ တဟီးဟီးအသံျမည္လာသည္၊ ထို႔ေၾကာင့္ ေက်ာက္ယြဲ႔ေနာက္သို႔ သြားေနလိုက္၏။ စိတ္ထဲမွလည္း အစိုးရအလုပ္မွႏႈတ္ထြက္ကာ ေမြးရပ္ဇာတိေျမသို႔သာ ျပန္သြားလိုက္ခ်င္ေနၿပီျဖစ္သည္။
*****
ေရႊၿမိဳ႔ေတာ္မွာေတာ့ အရာရာတိုင္းက ေျပာင္းလဲမသြားေသး။ သူတို႔ႏွစ္ေယာက္သား အိပ္ခန္းေဆာင္သို႔ျပန္ေရာက္ၿပီး ေရမိုးခ်ိဳးၿပီးရံုသာရိွေသး၊ အနားယူၿပီး လက္ဖက္ရည္ေတာင္ မေသာက္ေသးခင္မွာတင္ အမတ္မင္းေထာင္ အခစားဝင္လာေၾကာင္း ရွစ္ဇီက အေၾကာင္းလာၾကား၏။
သြမ့္ပိုင္ယြဲ႔တစ္ေယာက္ ခ်က္ခ်င္းပင္ စားပြဲေပၚ ေမွာက္လွဲပစ္လိုက္ကာ ေသခ်င္ေယာင္ေဆာင္လိုက္၏။
လာျပန္ၿပီ!!!!!
တစ္ခါေလာက္ မလာဘဲ ေနလို႔မရဘူးလား!!!!
ခ်ူယြမ္က သြမ့္ပိုင္ယြဲ႔အက်ႌလက္ကို ဆြဲၿပီး ထူလိုက္သည္။
"ျပန္ထလိုက္ေတာ့၊ ငါနဲ႔ စာၾကည့္ေဆာင္ လိုက္ခဲ့"
"လိုက္သြားလို႔က ရတယ္။ ဒါေပမယ့္ အဲ့ဘိုးေတာ္ႀကီး အဆြခံရလို႔ ေဒါသအထြက္လြန္ၿပီးအသက္ထြက္သြားရင္ မင္း ကိုယ့္ကို ေဒါသမထြက္ရဘူးေနာ္"
သြမ့္ပိုင္ယြဲ႔က ခ်ူယြမ္လက္ကို ကိုင္ဆြဲလိုက္ၿပီး နမ္းရိႈက္လိုက္သည္။ သို႔ေသာ္ တစ္ခ်က္မွကို မလႈပ္မရွားေသး။ ခ်မ္းသာႂကြယ္ဝစြာေနလာေသာသူက ေရာင့္ရဲေႁခြတာစြာ ေနတတ္ဖို႔ ခက္သည္။ ခ်စ္ရသူႏွင့္ အတူယွဥ္တြဲေနထိုင္ရၿပီးေနာက္ ဘာအလုပ္မွလုပ္စရာမလိုသည့္ အရသာကို သိသြားၿပီးသည့္ေနာက္ဘယ္သူကမ်ား တိုင္းျပည္ေရးရာေတြ၊ နန္ယန္ကပုန္ကန္သူေတြကို သြားၿပီးစီရင္ခ်င္ေတာ့မွာလဲ။ လုပ္ခ်င္ေသာဆႏၵ ရိွသူမ်ားသာ လုပ္ၾကပေလ့ေစေတာ့၊ ရွီးနန္အိမ္သို႔ အျမန္ျပန္သြားၿပီး ဆန္ေဆးၾကျခင္းကသာ မိမိအတြက္ အေရးႀကီးကိစၥ ျဖစ္ေနေပၿပီ။
ခ်ူယြမ္ကေတာ့ သူ႔ကို အတင္းထူမၿပီး ထခိုင္းလိုက္၏။ ထို႔ေနာက္ ဖရိုဖရဲ တြန္႔ေၾကေနေသာအဝတ္မ်ားကို ေသခ်ာေသသပ္ေအာင္ ၫွိေပးလိုက္သည္။ ထို႔အျပင္ ဆံႏြယ္မ်ားကိုပါ ၿဖီးသင္ေပးကာ ဆံထံုးအသစ္ ထံုးေပးလိုက္၏။ ၿပီးေတာ့မွ သြမ့္ပိုင္ယြဲ႔ကို သူႏွင့္အတူ ဆြဲေခၚသြားသည္။
လမ္းတစ္ေလ်ွာက္မွာေတာ့ ရွီးနန္ဝမ္မွာ ၪီးေရျပားကို လက္ျဖင့္လွမ္းၿပီး ပြတ္သပ္ေနရသည္။ ဤမ်ွဆိုးရြားလွေသာ ဆံပင္ၿဖီးသင္ျခင္းအတတ္မွာ အရီးေတာ္က်င္းႏွင့္ သိပ္ေတာင္ မကြာျခားလွေပ။ ေနာင္အနာဂတ္တစ္ခ်ိန္ခ်ိန္က် ထိပ္ေျပာင္ေတာ့မည္ကို စိုးရိမ္ရေပၿပီ။
****
ေတာ္ဝင္စာၾကည့္ေဆာင္ထဲဝယ္။
မွဴးႀကီးမတ္ရာတစ္ဖြဲ႔က အေတာ္ေလးၾကာေအာင္ ေစာင့္ဆိုင္းေနၾကၿပီးျဖစ္ကာ ေနာက္ဆံုးမွာေတာ့ အရွင္မင္းျမတ္ ႂကြေရာက္ေတာ္မူလာေပၿပီ။ သို႔ေပမင့္ ရွီးနန္ဝမ္နဲ႔အတူ.....တဲ့လား။
"......"
"အမတ္မင္းေထာင္"
သြမ့္ပိုင္ယြဲ႔၏ ပံုစံမွာ အေတာ္ေလးပင္ ေဖာ္ေရြပ်ူငွာလွသည္။ ေထာင္လ်န္တာက ဆို၏။
"ရွီးနန္ဝမ္လည္း အရွင္မင္းျမတ္ဆီ အစီရင္ခံစာတင္ဖို႔ ေရာက္လာတာလားခင္ဗ်ာ။ ဒါဆိုရင္လည္း ကြၽန္ေတာ္မ်ိဳးတို႔ ခဏေလာက္ ေနာက္ဆုတ္ေပးပါ့မယ္၊ ခဏေနက်မွ ေနာက္တစ္ေခါက္လာၿပီး အရွင့္ဆီ အခစားဝင္လိုက္ပါ့မယ္"
"အမတ္မင္းေထာင္ အားနာတတ္လြန္းရန္ေကာ။ ပန္ဝမ္ အစီရင္ခံစာ လာတင္စရာရိွ လို႔မဟုတ္ပါဘူး၊ လိုက္လာၾကည့္ရံုသပ္သပ္ပါ"
ေထာင္လ်န္တာ - "....."
လိုက္လာၾကည့္ရံုသပ္သပ္ပဲ...ဟုတ္လား။
ခ်ူယြမ္က လူတိုင္းအတြက္ ထိုင္စရာထိုင္ခံုယူလာေပးရန္ အမႈထမ္းမ်ားအား မွာၾကားလိုက္သည္။
သြမ့္ပိုင္ယြဲ႔ကေတာ့ ထိုင္ခံုကို ဂလံုးဂလြမ္းျမည္ေအာင္ကို ဒရြတ္တိုက္ဆြဲလိုက္ကာ ေရႊနဂါးပလႅင္ေတာ္နားႏွင့္ ကပ္လုမတတ္ျဖစ္ေအာင္ ေနရာခ်လိုက္သည္။ ထို႔ေနာက္မွာမွ ဝတ္ရံုလက္ကို ခါလိုက္ကာ ေက်နပ္အားရစြာ ထိုင္ခ်လိုက္သည္။
ေထာင္လ်န္တာ ဘာေျပာရမွန္းမသိေတာ့ဘဲ ေတြေဝသြား၏။ ထို႔အျပင္ ၿပံဳးပန္းလွစ္ဟေနေသာ အရွင္မင္းျမတ္၏ မ်က္ႏွာေတာ္ကိုျမင္ရေတာ့ ပိုလို႔ပင္ စဥ္းစားရက်ပ္သြား၏။ အစီရင္ခံစာမ်ား တင္လိုက္ၿပီးသည့္ေနာက္ ေတာ္ဝင္စာၾကည့္ေဆာင္မွ ထြက္လာၿပီးသည့္တိုင္ ေျခလွမ္းမ်ားက ပံုမွန္ဟုတ္မေန ဒယိမ္းဒယိုင္ျဖစ္ေန၏။
"မဟုတ္မွလြဲေရာ၊ ရွီးနန္ဝမ္ကမ်ား....."
အမတ္မင္းေနာက္တစ္ေယာက္က တစ္ခုခုကိုေျပာမည္ႀကံျပီး ေခတၲမ်ွ တံု႔ဆိုင္းသြားသည္။ ထို႔ေနာက္ ေဘးပတ္ပတ္လည္ကိုၾကည့္လိုက္ၿပီး အျပင္လူမရိွမွန္းေသခ်ာေတာ့မွ လက္ေခ်ာင္းမ်ားကို ဆိတ္လိုက္ကာ အသံတိုးတိုးျဖင့္ အရဲစြန္႔ေျပာလာ၏။
"ကူအဆိပ္ သံုးလိုက္တာမ်ားလား"
ထိုစကားကို ေျပာလိုက္ေတာ့ တျခားအမတ္မင္းမ်ားကလည္း ျဖစ္ႏိုင္ေျခရိွသည္ဟု ေတြးထင္လိုက္ၾကသည္။
တာ့ခ်ူ၏ က်ယ္ျပားရွည္လ်ားလွေသာ နယ္နိမိတ္တစ္ေလ်ွာက္တြင္ ဧကရာဇ္အာဏာစက္ကိုခံယူၾကေသာ ဘ႑ာဆက္ ျပည္နယ္မ်ားစြာရိွသည္၊ ၿပီးေတာ့ ၿမိဳ႔ေတာ္တိုင္းကို အုပ္စိုးေစာင့္ေရွာက္ဖို႔ ဘုရင္ခံမ်ားစြာ ရိွသည္။ ရွီးေကြၽျပည္နယ္ဘုရင္ မုဟန္ယဲ့သည္ပင္ သူႏွင့္သူ႔ၾကင္ယာေတာ္၏ အခ်စ္ဇာတ္လမ္းကို ႂကြားဝါေျပာဆိုတတ္ရံုသာရိွသည္ ၊ ၿပီးေတာ့ သူမ်ားကိုပါ အတင္းအက်ပ္ ၿဖဲေျခာက္ၿပီး အလိုလိုက္အႀကိဳက္ေဆာင္ ေျမႇာက္ပင့္ေျပာဆိုခိုင္းရံုသာရိွသည္။ ထိုကိစၥမွလြဲၿပီး ဘာမွ ေထြေထြထူးထူးမရိွ။ ဘယ္သူကမ်ား ရွီးနန္ဝမ္ႀကီး ေတာ္ဝင္စာၾကည့္ေဆာင္မွာ ျပဳမူသလိုမ်ိဳး ျပဳမူပါလိမ့္မည္နည္း။ ထိုင္ခံုကိုပါ တစ္ခန္းလံုးအႏွံ႔ အသံဆူညံသြားေအာင္ ဒရြတ္တိုက္ ဆြဲသြားေသးသည္။ ယခုလို ယဥ္ေက်းမႈမရိွလွေသာ ထိုအျပဳအမူကိုေတာင္ အရွင္မင္းျမတ္က ေရႊစိတ္ေတာ္ထဲ အမႈပင္ထားေတာ္မူဟန္မရ။ ၾကည့္ရသည္မွာ တကယ္ကိုပဲ ကူအဆိပ္မိေနဟန္ရသည္။
"ဘယ္လိုလုပ္ၾကရင္ ေကာင္းမလဲ"
မႈးမတ္အေယာက္တိုင္းက စိုးရိမ္ပူပန္ႀကီးစြာ သူ႔ထက္ငါအၿပိဳင္ ေမးလာၾကသည္။ ၿပီးေတာ့ မင္းသား(၉) အျမန္ျပန္လာရန္ ေတာင္းဆုပတၴနာျပဳေနၾကသည္။ သို႔မဟုတ္ပါက - စစ္သူႀကီးရွန္ဆိုရင္လည္း ရပါသည္။
*****
ခ်ူယြမ္ခမ်ာ စားပြဲထက္ မ်က္ႏွာအပ္ၿပီး တဟားဟားရယ္ေမာေနသည္။
သြမ့္ပိုင္ယြဲ႔ကေတာ့ ေဘးနားတြင္ ေမးေထာက္ၿပီးထိုင္ကာ သူ႔ကို စိတ္ဝင္စားစြာၾကည့္လာ၏။
ခ်ူယြမ္က အားရေက်နပ္သည့္အထိ ရယ္ေမာလိုက္ၿပီးေနာက္ မတ္မတ္ျပန္ထိုင္လိုက္ကာ တစ္ဖက္လူ၏ ပါးျပင္ကို ခပ္ဖြဖြ ပုတ္လိုက္ရင္း မွာၾကားလာသည္။
"ေနာက္ဆို ဒီလိုမေဆာ့ေၾကးေနာ္။ ၾကားရဲ့လား"
သြမ့္ပိုင္ယြဲ႔က သူ႔လက္ကို ကိုင္လိုက္ကာ အနမ္းတစ္ပြင့္ ေႁခြလိုက္သည္။
ခ်ူယြမ္က ဆက္ဆို၏။
"သြားရေအာင္ပါ။ နာ့ဝါနဲ႔သူ႔အဖြဲ႔သားေတြကို သြားၾကည့္ရေအာင္။ ဒီမတိုင္ခင္ ေဆးတိုက္ၿပီးသြားၿပီတဲ့၊ အခုဆို ႏိုးေနေလာက္ၾကၿပီ"
****
"အရွင္မင္းျမတ္"
က်န္းမင္လြီ႔က ခြန္းတာအား စမ္းသပ္ေန၏။ ေဘးနားတြင္လည္း က်င္းဆူး ထိုင္ေစာင့္ေနသည္။ ခ်ူယြမ္က သမားေတာ္က်န္းအား လက္ျပလိုက္ၿပီး အရိုအေသအမ်ားႀကီးျပဳစရာမလိုေၾကာင္း တားလိုက္သည္။ ထို႔ေနာက္ စကားတစ္ခြန္းစႏွစ္ခြန္းစ ေမးၿပီးသည့္ေနာက္ အေနာက္ဘက္ရိွအခန္းထဲ ေလ်ွာက္လွမ္းသြား၏။
အသားအရည္ညိုၿပီး ပိန္လွီေသာခႏၶာကိုယ္ရိွသည့္ ေယာက္်ားတစ္ေယာက္က ကုတင္ေပၚတြင္ လဲေလ်ာင္းေနလ်က္ရိွသည္။ မ်က္ႏွာထက္တြင္လည္း ပါးသိုင္းေမြးမ်ား ရိွေန၏။ ႏြမ္းလ်အားနည္းေနသည့္ဟန္ရေသာ္လည္း ခတၲိယမ်ိဳးႏြယ္ ေတာ္ဝင္အသိုင္းအဝိုင္းတစ္ခုမွ ဆင္းသက္လာေၾကာင္း ေပၚလြင္ထင္ရွားေန၏။ အႏွီပုရိသမွာ ပိုင္ရွန္႔ျပည္ဘုရင္ နာ့ဝါပင္ျဖစ္သည္။
သြမ့္ပိုင္ယြဲ႔ မွန္းဆထားသည့္အတိုင္းပင္။ နန္ယန္ေဒသတြင္ စီးပြားလုပ္ငန္းမ်ား ဖြံ႔ၿဖိဳးလာေသာေၾကာင့္ ညတြင္းခ်င္းသူေဌးျဖစ္လာေသာသူမ်ား မ်ားသထက္မ်ားလာၾကသည္။ သို႔ေသာ္ အရမ္းမ်ားလာျပန္ေတာ့လည္း ေဒသတစ္ခုခ်င္းစီက အခ်င္းခ်င္းၿပိဳင္ဆိုင္လာၾကသည္။ သေဘၤာဆိပ္ကမ္းတိုင္းကလည္း စည္ကားသထက္ စည္ကားလာခဲ့၏။ အခုအခ်ိန္မွာမ်ား ကုန္သြယ္ေရးလမ္းေၾကာင္းအသစ္တစ္ခု ထပ္မံဖြင့္လွစ္ႏိုင္လိုက္လ်ွင္ ေငြက အဆင္သင့္ေစာင့္ဆိုင္းေနမည္သာျဖစ္သည္။ ၿပီးေတာ့ နာ့ဝါကိုယ္တိုင္ကလည္း သူတစ္ေယာက္တည္း ထိုသို႔အေတြးမ်ိဳးရိွေနျခင္းမဟုတ္ေၾကာင္း ေကာင္းစြာသိေနသည္၊ ထို႔အျပင္ ခ်ူရိွန္႔က သူ႔တစ္ေယာက္တည္းကိုသာ စည္းရံုးဖို႔ႀကိဳးစားေနျခင္းမဟုတ္မွန္းလည္း သိေန၏။ ထို႔ေၾကာင့္ ဒီတစ္ေခါက္ခရီးစဥ္တြင္ အင္မတန္မွရင္းႏွီးေသာလူမ်ားမွလြဲ၍ အျပင္လူတစ္ေယာက္မွမသိၾက။ ထို႔ေၾကာင့္ ခရီးစဥ္အခ်က္အလက္မ်ားေပါက္ၾကားသြားမည္ဟု လံုးဝထင္မထားခဲ့။
"ေနာက္ကြယ္မွာ ဘယ္သူရိွေနသလဲဆိုတာ ျပည္နယ္ေခါင္းေဆာင္ သိပါသလား"
သြမ့္ပိုင္ယြဲ႔ ေမးလာျခင္းျဖစ္သည္။
နာ့ဝါက ေခါင္းခါျပ၏။ ထို႔ေနာက္ တစ္ခဏမ်ွေတြးၾကည့္လိုက္ၿပီး ထပ္ဆိုလာသည္။
"ဧကရာဇ္ခ်ူဆီက အေၾကာင္းကိစၥတစ္ခုအတြက္ အကူအညီရႏိုင္မလားလို႔ သိခြင့္ရပါေစဘုရား"
"ေျပာပါ"
"ပိုင္ရွန္႔ျပည္ကို လူလႊတ္ေပးဖို႔ ဧကရာဇ္ခ်ူကို ကြၽန္ေတာ္မ်ိဳး ေတာင္းဆိုခ်င္ပါတယ္၊ ဟိုဘက္မွာ အေျခအေန ဘယ္လိုရိွသလဲဆိုတာ သိခ်င္လို႔ပါဘုရား"
ခ်ူယြမ္လည္း ေခါင္းညိတ္ျပလိုက္သည္။
"ရတယ္၊ ကိုယ္ေတာ္ျမတ္ ကတိေပးပါတယ္"
နာ့ဝါဘက္က ေက်းဇူးတင္စကားေျပာလိုက္ၿပီးေနာက္ တစ္ခဏမ်ွ ျပန္ၿငိမ္သြားျပန္သည္။ ဘာမွ ထပ္ၿပီးေျပာခ်င္ဟန္မရ ၊ ခ်ူယြမ္ဘက္ကလည္း ဘာမွ မ်ားမ်ားစားစားမေမးေတာ့ဘဲ သူ႔ကို မ်ားမ်ားအနားယူရန္ ေျပာလိုက္ၿပီးသည့္ေနာက္ သြမ့္ပိုင္ယြဲ႔ႏွင့္အတူ အခန္းထဲမွ ျပန္ထြင္လာခဲ့သည္။
*****
ဝမ္းလ်ိဳန်ဲန္ဘက္ကေတာ့ အမႈစစ္ရာတြင္ အဆင္ေျပေခ်ာေမြ့ေနခဲ့သည္။ ရက္အနည္းငယ္အၾကာမွာပင္ အစီရင္ခံစာအထပ္လိုက္ႀကီးကို ဆက္သလာ၏။
လြန္ခဲ့ေသာ ႏွစ္ေပါင္းမ်ားစြာက ေရွာင္းေရွာင္းအာထံတြင္ ဖုန္းစန္းဟူေသာ တပည့္တစ္ေယာက္ရိွဖူး၏၊ ထိုလူရြယ္မွာ ဖုန္းေလ၏ သားပင္ျဖစ္သည္။ သိုင္းေလာကထဲ က်င္လည္စဥ္တြင္ ေခတၲခဏ ကြန္းခိုစရာ ဂိုဏ္းတစ္ခုရွာေဖျြခင္းမွာ ျဖစ္ေလ့ျဖစ္ထ ရိွေနက်ကိစၥတစ္ခုပင္။ ထို႔ေၾကာင့္လည္း ဖုန္းေလက ထိုကိစၥႏွင့္ပတ္သက္ၿပီး စိတ္ထဲ ဘာမွအေရးမထားခဲ့။ သို႔ေသာ္လည္း ဖုန္းစန္းက အနာေရာဂါတစ္ခုေၾကာင့္ ရုတ္တရက္ကြယ္လြန္သြားၿပီဆိုေသာ သတင္းဆိုးစာလႊာကို လက္ခံရရိွလိုက္ေတာ့ ဖုန္းေလမွာ အေတာ္ထိတ္လန္႔အံ့ဩသြားခဲ့၏။
အရြယ္ေကာင္းတုန္းျဖစ္ေသာ သားလုလင္ပ်ိဳကို ဆံုးရႈံးလိုက္ရသျဖင့္ ဖုန္းေလမွာ ယူႀကံဳးမရ ဝမ္းနည္းေၾကကြဲခဲ့သည္။ သို႔ေသာ္ တစ္ေန့မွာေတာ့ အေၾကာင္းစံုကို သိရိွနားလည္ေသာသူဆီမွ စာတစ္ေစာင္ကို ထပ္မံရရိွလိုက္သည္။ ထိုစာထဲတြင္ ဖုန္းစန္းက အနာေရာဂါေၾကာင့္ ကြယ္လြန္ျခင္းမဟုတ္ဘဲ လင္လံုေစတီတြင္ ယဇ္ပူေဇာ္ရန္ အသတ္ခံလိုက္ရျခင္းသာျဖစ္ေၾကာင္းေျပာျပလာ၏။ အရိုးျပာပင္မဆိုထားႏွင့္ ၊ ဝိညာဥ္အပိုင္းအစပင္ မႂကြင္းက်န္ရစ္ခဲ့ဟုဆိုလာသည္။
သားျဖစ္သူအတြက္ လက္စားေခ်ဖို႔ရန္ ဖုန္းေလလည္း ေျခတစ္ဖက္မေကာင္းေတာ့သည့္ဟန္ ရုပ္ဖ်က္ဟန္ေဆာင္လိုက္ၿပီး ရန္ၿငိဳးမ်ားကို မ်ိဳသိပ္ကာ လ်ိဳစန္းဓားပ်ံဂိုဏ္းထဲ ဝင္ေရာက္လာခဲ့သည္။ ေရွာင္းေရွာင္းအာထံမွ ယံုၾကည္စိတ္ခ်ရမႈကို တစ္ဆင့္ခ်င္းရခဲ့ေသာ္လည္း မတရားသျဖင့္ ေသဆံုးသြားခဲ့ေသာ သားအတြက္ ေပးဆပ္ရန္ ေရွာင္းေရွာင္းအာကို လင္လံုေစတီထဲ ပိတ္ထားႏိုင္ဖို႔ အခုထက္ထိ အခြင့္အေရးရွာမေတြ့ေသး။ နာ့ဝါႏွင့္အဖြဲ႔သား အဖမ္းခံရေတာ့မွ သြမ့္ပိုင္ယြဲ႔လည္း သူတို႔ေရ႔ွ အခ်ိန္ကိုက္ ေရာက္ရိွလာေလရာ ေနာက္ဆံုးအႀကိမ္အေနႏွင့္ အားကုန္ထည့္ၿပီး ႀကိဳးစားရန္ ႀကံစည္လိုက္ျခင္းျဖစ္သည္။
"ေနာက္တစ္ဆင့္ ဘယ္လိုအမႈစစ္ၾကမလဲ။ အခ်ဳပ္ခန္းထဲက ေရွာင္းေရွာင္းအာဆီ သြားေတြ့ၾကမလား "
သြမ့္ပိုင္ယြဲ႔က ေမးလာေတာ့ ခ်ူယြမ္က -
"ရက္အမ်ားႀကီး အခ်ဳပ္ခံထားရတာေတာင္ ကိုယ့္ကိုယ္ကို အဆံုးစီရင္တာ မလုပ္ဘူးဆိုေတာ့ အသက္ဆက္ရွင္ခ်င္ေသးတယ္ထင္တာပဲ။ အသက္ ဆက္ရွင္ေနေသးရင္ရၿပီ၊ သူ႔ပါးစပ္ကို ဟပစ္ႏိုင္မယ့္ နည္းလမ္း ရိွကိုရိွလိမ့္မယ္"
"ကိုယ့္ကို သြားခိုင္းလိုက္မလား"
"အင္း၊ သြားေလ။ အမႈစစ္ၿပီးရင္ သူ႔အသက္ကို ခ်မ္းသာေပးလိုက္ၪီး။ ေသရမယ့္အတူတူ၊ သူ႔ကို လင္လံုေစတီမွာ သြားေသခိုင္းရမယ္။ အျပစ္မဲ့တဲ့ ဟိုေကာင္ေလးကို ႏွစ္သိမ့္ေပးရာရတာေပါ့ "
ဖုန္းေလကိုေတာ့ လူေပါင္းမ်ားစြာသတ္ျဖတ္ခဲ့ဖူးေသာ အျပစ္ဒဏ္အတြက္ ျပန္လည္ ေပးဆပ္ခိုင္းရေပမည္။ အစပိုင္းတုန္းက မည္္သို႔ေသာ အႀကံမ်ိဳးပဲရိွရိွ၊ ခြင့္မလႊတ္ႏိုင္ေသာျပစ္မႈမ်ိဳး က်ူးလြန္ထားသည္ပင္။
*****
ေမွာင္မည္းေနေသာ အခ်ဳပ္ခန္းထဲတြင္ ေရွာင္းေရွာင္းအာက ေကာက္ရိုးပံုေပၚထိုင္ေန၏။ တံခါးဝဘက္ကိုေတာ့ ေက်ာေပးထားသည္။
သြမ့္ပိုင္ယြဲ႔က တံခါးေစာင့္အား တံခါးဖြင့္ခိုင္းရန္ လက္ျဖင့္အခ်က္ျပလိုက္၏။ အေမွာင္ထုထဲဝယ္ သံသတၲုအခ်င္းခ်င္းတိုက္မိေသာအသံမ်ား ျမည္သြားေသာ္လည္းေရွာင္းေရွာင္းအာကေတာ့ လွည့္မလာခဲ့။
"ဖုန္းေလေတာ့ အကုန္လံုး ထြက္ဆိုၿပီးၿပီ၊ ဒါေတာင္မွ ဘာမွမေျပာဘဲ ဆက္ၿပီးေခါင္းမာေနၪီးမွာပဲလား"
သြမ့္ပိုင္ယြဲ႔ ထိုသို႔ေျပာလိုက္ေတာ့မွ ေရွာင္းေရွာင္းအာက ျဖည္းျဖည္းခ်င္းလွည့္လာၿပီး သူ႔အား ၾကည့္လာ၏၊ မ်က္ဝန္းမ်ားထဲမွာေတာ့ အၿငိဳးအေတးမ်ား ျပည့္လ်ွံေနလို႔။
ယခုလိုအေျခအေနမ်ိဳးကို တံုးအႏံုခ်ာေနေသာေကာင္မ်ားပင္ နားလည္ႏိုင္သည္။
ဖုန္းေလက ဖုန္းစန္း၏ ဖခင္ျဖစ္ေနမွေတာ့ သူ႔ကို အစိတ္တစ္ေသာင္းမက အပိုင္းပိုင္းခုတ္ျဖတ္ပစ္ရန္ ဧကရာဇ္ခ်ူကို ေတာင္းဆိုမည္မွာေသခ်ာသည္။ ျပစ္မႈမရိွလ်ွင္ေတာင္ မရိွရိွေအာင္ ဖန္တီးေျပာဆိုလို႔ရေနသည္။ ၿပီးေတာ့ ဒီႏွစ္ေပါင္းမ်ားစြာအတြင္း လ်ိဳစန္းဓားပ်ံးဂိုဏ္းလည္း ခ်ူရိွန္႔အတြက္ အမႈထမ္းေနခဲ့သည္ပဲေလ။ တျခားလူ မသိဘူးဆိုလ်ွင္ေတာင္ ဒုဂိုဏ္းခ်ဳပ္ျဖစ္ေသာဖုန္းေလက သိမည္သာ၊ စာခြၽန္လႊာ ပို႔ေဆာင္သူမ်ားအထိ လိုက္လံေမးျမန္းၾကည့္ခြင့္ပါရိွေနသည္။ အေပၚယံၾကည့္ရံုႏွင့္ လူ႔အတြင္းစိတ္ကို မသိႏိုင္ခဲ့ေလျခင္းဟု ေနာင္တရမည့္အစား အခု သူ လုပ္ႏိုင္သည့္တစ္ခုတည္းေသာအရာမွာ ဧကရာဇ္ဘက္မွလိုက္ပါကာ သူပုန္ရန္စြယ္ကို ဖယ္ရွားေပးရံုသာ က်န္ေတာ့သည္။ မေကာင္းမႈကို ေကာင္းမႈျဖင့္ ေပးဆပ္ႏိုင္ရံုသာရိွသည္။ သို႔ေသာ္ လံုးဝထင္မွတ္မထားသည္မွာ ခ်ိန္က်ိဳးကေန ေရႊၿမိဳ႔ေတာ္အထိ လမ္းတစ္ေလ်ွာက္လံုး မည္သူတစ္ၪီးတစ္ေယာက္ကမွ သူ႔ကို စိတ္မဝင္စားၾက၊ အစာေရစာ လာေကြၽးဖို႔ပင္ ေမ့ေလ်ာ့ေနသျဖင့္ ႏွစ္ရက္ဆက္တိုက္ ဆာေလာင္မြတ္သိပ္ေနခဲ့ရသည္။ ထို႔ေၾကာင့္ အမႈစစ္ေဆးေသာအခ်ိန္တြင္ သူ ဘာမွ ေမ်ွာ္လင့္ခ်က္ရိွမေနေတာ့။
အခုဆိုလ်ွင္ သူ႔ဆီေရာက္လာေသာသူ အေတာ္ပင္ရွားသည္။ သို႔ေသာ္ အခုေရာက္လာေသာ ပုဂၢိုလ္ကမူ မွဴးမတ္ဝန္ႀကီးဝတ္စံုပင္ဝတ္ဆင္မထား၊ ညီလာခံသဘင္ထဲတြင္ ဘယ္ရာထူးအဆင့္ရိွမွန္းလည္း မသိႏိုင္ ၊ ပါးစပ္ဟလိုက္သည္ႏွင့္ မိမိအား ေခါင္းမာသည္ဟုပါ ေျပာလိုက္ေသး။
ေရွာင္းေရွာင္းအာမွာ အသက္ထြက္ေတာ့မတတ္ မ်ားျပားမြန္းက်ပ္ေနသည့္ ေဒါသမ်ားကို မ်ိဳသိပ္လိုက္ရင္း ေျပာလာသည္။
"ငါ အရွင္မင္းျမတ္နဲ႔ ေတြ့ခ်င္တယ္!!!!"
"မင္းလိုလူကမ်ား.... အရွင္မင္းျမတ္နဲ႔ေတြ့ခြင့္ရႏိုင္မယ္ထင္သလား"
သြမ့္ပိုင္ယြဲ႔၏ပံုစံမွာ မိန္းမပ်ိဳတစ္ေယာက္ကို ေစာ္ကားေမာ္ကားျပဳထားေသာ ေယာက္်ားတစ္ယာက္ကို ျပန္လည္ႏိွပ္စက္ေနသည့္ သူႀကီးတစ္ေယာက္ႏွင့္ တူေနသည္။ သူက ထိုင္ခံုဆြဲယူၿပီး ထိုင္ခ်လိုက္ကာ ေျခေထာက္တစ္ဖက္ကို စားပြဲေပၚ တင္လိုက္ၿပီးေနာက္ ပ်င္းရိေနေသာပံုစံျဖင့္ ေျပာလာ၏။
"ေျပာ"
ေရွာင္းေရွာင္းအာကေတာ့ ပို၍က်ယ္ေလာင္ေသာအသံျဖင့္ ထိုစကားကိုသာ ထပ္ေျပာလာခဲ့သည္။
"ငါ အရွင္မင္းျမတ္နဲ႔ ေတြ့ခ်င္တယ္!!!!"
"ခ်ူရိွန္႔ေတာင္မွ အရွင့္မ်က္ဝန္းေတာ္ေအာက္ ခစားရဖို႔ မတန္ဘူး။ မင္းလိုလူကမ်ား အဲ့အခြင့္အေရး ရႏိုင္မယ္ထင္သလားဟမ္"
သြမ့္ပိုင္ယြဲ႔ႏႈတ္ခမ္းေထာင့္စြန္းက အနည္းငယ္ျမင့္သြားသည္၊ သို႔ေသာ္ မ်က္ဝန္းမ်ားကေတာ့ တျဖည္းျဖည္း ေအးစက္ၾကမ္းၾကဳတ္လာ၏။
"ေသခ်ာစဥ္းစားၾကည့္လိုက္ၪီး။ အခုေနသာ မေျပာလိုက္ရင္ ခဏေန အသက္ေပ်ာက္သြားလို႔ ဘာမွမေျပာႏိုင္ဘဲေနလိမ့္မယ္"
******
2021.01.31 .
Thz for loving DiWang .
******