စင်အောက်မှာတော့ You XiaoMo က သူ့မျက်နှာကို ဖုံးထားသည်။ Ling Xiao မျက်နှာပေါ်က ဝင်းလက် တောက်ပ နေသော အပြုံးကို ကြည့်သည်နှင့် သူ့စကား၏ အဓိပ္ပါယ်အမှန်က ငါကလည်း မင်း အသေဆိုးနဲက သေလိမ့်မယ်ဆိုတာ ယုံကြည်ပါတယ်ကွာ ဆိုတာ သူခံစားမိသည်။

Lin Xiao လေ့ကျင့်သော မယိမ်းမယိုင် ဧကရာဇ် ဓါးသိုင်းမှာ အကြီးအကဲJiang နှင့် တူညီသည်။

မယိမ်းမယိုင် ဧကရာဇ်ဓါးသိုင်းမှာ TianXin ဂိုဏ်းထဲမှ အကောင်းဆုံး တိုက်ခိုက်နည်းစနစ် မဟုတ်သော်လည်း အကောင်းဆုံးထဲမှ တစ်ခု အပါအဝင် ဖြစ်သည်။ အဲဒါက အလယ်အလတ် တိုက်ခိုက်နည်းကျင့်စဉ် ဖြစ်သော်လည်း အလယ်အလတ်၏ ထိပ်တန်း ကျင့်စဉ်ဖြစ်သည်။ အတွင်းဂိုဏ်းသား အမြောက်အမြားနှင့် အကြီးအကဲများ ထို ကျင့်စဉ်ကို လေ့ကျင့်ကြသည်။ သို့သော် Lei Ju လိုမျိုး တင်းပုတ်ကျင့်စဉ်ဘက် ကျင့်ကြံသူများလဲ ရှိသည်။ ကိုယ်နှင့် ကိုက်ညီသည်က အကောင်းဆုံး ဖြစ်သည်။

Xiao Shan က ပြိုင်ပွဲ စပြီဟု ကြေညာသည်နှင့် Lei Ju က သူ့တင်းပုတ်ကြီးကို မြှောက်ကာ Ling Xiao ဆီကို တန်းပြေးတော့သည်။ အမြင့်ဆုံး စွမ်းအင်နှင့် ပြေးခြင်း ဖြစ်တာမို့ စင်အောက်က လူများတောင် သူ့စွမ်းအင်ကို ခံစားမိနိုင်သည်။ ခပ်ပြင်းပြင်း လေတစ်သုတ်က သူတို့ မျက်နှာများကို တိုးဝင်ကာ လူတိုင်းကို တွန့်ခနဲ ဖြစ်စေကာ သူတို့ ထိုင်ခုံများကနေတောင် လန့်ခုန်မိစေတော့ မလို့ပင်။

ချွင်

တိုက်မိသော အသံကျယ်ကြီး ထွက်ပေါ်လာသည်။ Lei Ju ကတင်းပုတ်ကြီးကို Ling Xiao ၏ ဓါးရှည်က အသာလေး တန့်သွားစေနိုင်သည်။ အခြေအနေက မကောင်းလှတာ မြင်တော့ Lei Ju က ချက်ချင်း သူ့ရဲ့ခွန်အားများနှင့် အနောက်ကို နှစ်လှမ်းလောက် ဆုတ်လိုက်ကာ လုံခြုံပြီ ဆိုသော နေရာ ရောက်ပြီဟု ခံစားရမှသာ ရပ်လိုက်သည်။ Ling Xiao၏ ပျော့ကွက်ကို လိုက်ရှာ နေသည့်အလား ကောက်ကျစ်သော မျက်လုံးများက Ling Xiao ဆီမှာသာ ကပ်တွယ်နေသည်။

Lei Ju ၏ သတိအနေအထား နှင့် ယှဉ်လျှင် Ling Xiao က ပိုပြီး သက်တောင့်သက်သာ ရှိနေပုံ ရသည်။ သူ့ဓါးက Lei Ju ဆီကို ချိန်ထားသည်။ သူ့မျက်နှာက အမူအယာကင်းမဲ့နေကာ ဒီတိုက်ပွဲကို အရမ်းအလေးအနက် ထားနေပုံ ရသည်။

အကျော်ဇေယျ အရှင်သခင်၏ ဇနီး (Myanmar Translation)Where stories live. Discover now