Chapter 114 Cut Down (Z & U)

10.5K 1.6K 12
                                    

Zawgyi
C-114 Cut down.
အခန်း ၁၁၄ ဖြတ်ချခြင်း
စားပြီးသောအခါ You XiaoMo နဲ့ Ling Xiao ကြယ်ခုနစ်ပွင်တာဝါက ထွက်ခွာကြသည်။ သူတို့ထွက်သွားသောအခါ စားပွဲထိုးနှင့် မန်နေဂျာမှာ စိတ်ရှုပ်ထွေးနေဟန်နှင့် ကြည့်နေသည်။ သူတို့ ထွက်ခွာပြီး သိပ်မကြာ လူအချို့ အရိပ်ထဲကနေ ထွက်လာပြီး သူတို့နောက်ကို တိတ်တဆိတ် နောက်ယောင်ခံလိုက်သွားကြသည်။
သူတို့နှစ်ဦးကတော HunJi မြိုကနေ ထွက်ခွာရန် အလျင်လိုဟန်မရှိ။ သူတို့ မှော်ဆေးလုံး ဗဟိုအလုပ်ရုံကို ဦးတည်သွား ကြသည်။ မနေ့က မှော်ဆေးလုံးဗဟိုအလုပ်ရုံက အဖိုးကြီးကို ဒီနေ့ မှော်ဆေးပင်မျိုးစေ့တွေ လာယူမည်ဟု ကြိုတင် စီစဉ်ထားပြီးသားဖြစ်သည်။
မှော်ဆေးလုံး ဗဟိုအလုပ်ရုံ နှင့် ကြယ်ခုနစ်လုံးတာဝါမှာ တစ်လမ်းတည်းတွင် တည်ရှိသည်။ သူတို့ ရောက်ရှိရန် အချိန်အများကြီး ယူရန်မလိုချေ။
မှော်ဆေးလုံး ဗဟိုအလုပ်ရုံရဲ့ ၀င်ပေါက်မှာတော့ ထွက်တဲ့သူနဲ့ ၀င်တဲ့သူနှင့် အများအပြား အရင်အတိုင်းဖြစ်သည်။ မှော်ဆေးလုံးဗဟိုအလုပ်ရုံသည် HunJIမြို့တွင် အကျော်ကြားဆုံးသော ဖြစ်သောကြောင့် သူ့ဆီမှာ အမြဲ ကျိတ်ကျိတ်တိုးလျက်ရှိသည်။ ဈေးထက်တောင် အသံတွေ ဆူညံနေသေးသည်။ ဆေးနံများကို ခပ်ဝေးဝေးကနေပင် ရရှိနိုင်သည်။
You XiaoMo အနားမှာ အသင့်နေအထားနဲ့ ၀င်ပေါက်က လူတန်းကြီးကို ကြည့်လိုက်သည်။ နဖူးကနေ ချွေးစေးတစ်စက်ပင် ကျဆင်းသွားသည်။
အခြားတစ်ဖက်က Ling Xiao ကတော့ ပိုပြီးတော့ တည့်တိုးလုပ်တတ်ပုံရသည်။ လူအုပ်ကြီးထဲကို တန်းပြီး ၀င်ချသွားသည် ပြုံတိုးကြပ်ညပ်နေသော လူတန်းကြီးက အားတစ်ခုက တွန်းဖယ်လိုက်သလိုကို နှစ်ခြမ်းကွဲသွားသည်။ သူကတော့ ၀င့်ဝင့်ကြွားကြွားနဲ့ ၀င်ချသွားတာများ သူ့ကိုဆဲဆိုနေသော သူများကို ရှိတယ်ပင် မမှတ်ယူချေ။
You XiaoMo မျက်လုံးတွေပြူးကျယ်က ပါးစပ်ကြီးအဟောင်းသားနှင့် ကြည့်နေသည်။ ပြီးမှ မှီအောင် မနည်း ပြေးဝင်ရသည်။
မှော်ဆေးလုံးဗဟိုအလုပ်ရုံထဲ ၀င်လိုက်တာနဲ့ အပြင်က အုတ်အော်သောင်းနင်းများနှင့် ဝေးကာ နားထဲမှာ စကားပြောသံတွေ ဆူညံမနေတော့။
နှစ်ယောက်သား အထဲကို ဘေးချင်းယှဉ်ရက် ရောက်တာနဲ့ သူတို့ကို မနေ့က ၀န်ဆောင်မှုပေးတဲ့ အမျိုးသမီး ဧည့်ကြိုလေးက ချက်ချင်းသူတို့နား ရောက်လာသသည်မှာ အစောထဲက စောင့်နေသည့်အလားဖြစ်သည်။ နှုတ်ဆက်စကား နည်းနည်းပြောပြီးတာနဲက သူတို့ကို အပေါ်ထပ်ကို တန်းခေါ်သွားသည်။ ဒုတိယထပ်က ၀တ်ရုံအနက်နဲ့ လူကြီးကလဲ သူတို့ကို စောင့်နေသည်။ သူတို့ကို တွေ့တာနဲ့ ချက်ချင်းကို နွေးထွေးစွာ ပြုံးပြလေသည်။
'လူကြီးမင်းတို့ နှစ်ယောက် နောက်ဆုံးတော့ ရောက်လာပြီပေါ့ အဖိုးကြီးကျုပ်က စောင့်နေတာ ကြာလှပါပြီ´
သူတို့ကို ကြည့်ပြီး ရယ်ပြတာ ဟီး ဟီး သံပင် ထွက်လာသည်။ ခဏနေတာနှင့် ဧည့်ကြိုအမျိုးသမီးကို မှော်ဆေးပင်မျိုးစေ့တွေ ပြင်ထားတာ ယူလာစေသည်။ မျိုးစေ့တစ်မျိုးချင်းစီကို အထုပ်ငယ်လေးတွေ ထုတ်ထားသည်။ အထုတ်လေးတွေကလဲ အရောင်စုံဖြစ်သည့်အပြင် ဆေးပင်နာမည်တွေကိုလဲ အပြင်မှာ ရေးထားပြီး အလွယ်တကူ ခွဲခြားနိုင် အောင် ပြုလုပ်ထားသည်။
အစေ့တွေ အများကြီးဖြစ်နေကြောင့် အဖိုးကြီးက မျိုးစေ့အထုတ်အားလုံးကို မှော်အိတ်တစ်အိတ်ထဲ စုထဲ့လိုက်သည်။  မှော်အိတ်ကတော့ သာမာန်အမျိုးအစားပဲမို့ သိပ်တော့ တန်ဖိုးမရှိ။
'ဒီမှာ လူကြီးမင်းတို့ နှစ်ဦး မနေ့က မေးတဲ့ မှော်ဆေးပင် မျိုးစေ့တွေပါ။ အကုန်လုံးအထဲမှာပါတယ် စစ်ကြည့်လိုက်ပါဦး´
အဖိုးကြီးက မှော်အိတ်ကို You XiaoMo ဆီကို လှမ်းပေးလိုက်သည်။
အဖိုးကြီး ကမ်းပေးတဲ့ မှော်အိတ်ကို You XiaoMo ယူလိုက်သည်။ သူကတော့ အကြမ်းဖျင်းပဲ ကြည့်လိုက်သည်။ အထဲက မျိုးစေ့သုံးမျိုးမှာ သူမနေ့က မေးထားတဲ့ မျိုးစေ့တွေဖြစ်သည်။ အားလုံးပေါင်း နှစ်ရာခုနှစ်ဆယ့်ငါး ထုတ်ရှိသည်။ အထုတ်ထဲက မျိုးစေ့တွေကိုတော့ သူမစစ်ကြည့်တော့။ သူတို့ ဂုဏ်သိက္ခာ ကို ငဲ့ပြီးတော့ တော့ သူ့ကို မလိမ်လောက်ပါလို့ပဲ ယုံကြည်လိုက်တော့သည်။
သူ စိတ်ကျေနပ်တာကို မြင်တာနဲက Ling Xiao က အဖိုးကြီးကို မေးလိုက်သည် 'အားလုံးရွှေပြားဘယ်လောက်ကျလဲ´
အဖိုးကြီးက ပြုံးပြီး 'လူကြီးမင်းတို့နှစ်ယောက်မှာ ဂုဏ်ထူးဆောင်ဧည့်သည်ကတ်ပြားရှိတယ်ဆိုတော့ မှော်ဆေးလုံးဗဟိုအလုပ်ရုံရဲ့ ဦးစားပေးဈေးနှုန်းကို ဆယ်ရာခိုင်နှုန်း ခံစားခွင့်ရပါတယ်။ မူရင်းဈေးက ရှစ်ဆယ့်ရှစ်သိန်း ကျတယ် ဆယ်ရာခိုင်နှုန်းနှုတ်လိုက်ရင် ခုနစ်ဆယ့်ကိုးသိန်းနှစ်သောင်းပဲ ကျပါတယ်။´
သူမှန်းထားတာထက်ကို ရှစ်သိန်းရှစ်သောင်း နည်းတာပေါ့။ လေလံခန်းမက အဖိုးကြီးပြောတာအမှန်ပင် ဖြစ်သည်။ ဂုဏ်ထူးဆောင်ဧည့်သည်ကတ်ပြားက လျော့ဈေးလဲ ရနိုင်သည်။ You XiaoMo အပြုံးပါးပါးလေး ပြုံးပြီး ငွေတွေ ပေးချေလိုက်သည်။
သူတို့နှစ်ယောက်ထွက်သွားတာ မြင်တာနဲ့ အဖိုးကြီးရဲ့ အပြုံးမျက်နှာ ပျောက်ကွယ်သွားကာ ရုတ်တရက်ကို လေးနက်တဲ့ပုံစံဖြစ်သွားသည်။
မီးခိုးရောင်ဝတ်စုံနဲလူတစ်ယောက် အထဲကနေ အပြင်ထွက်သွားသည်။ မျက်နှာတစ်ဝက်ကိုသာ ဖော်ပြီး တစ်ကိုယ်လုံးကို မီးခိုးရောင် ၀တ်စုံနှင့် ဖုံးကွယ်ထားသည်။ အဆိုပါ ၀တ်ရုံမှာ အခြားသူများ၏ အမှတ်သညာကို တားမြစ်နိုင်ဟန်ရှိသည်။ သူထွက်လာတာနဲ့ အဖိုးကြီးက ချက်ချင်းကို လေးလေးစားစားဟန်ဖြစ်သွားသည်။
'မြို့ခေါင်းဆောင်´
'မနေ့က ကျုပ်တို့ လွတ်လိုက်တဲ့သူတွေ ၊  သူတို့ နောက်ခံကို ရှာတွေ့လား´
မီးခိုးရောင်ဝတ်ရုံ အောက်မှာ အေးစက်စက်မျက်လုံးတစ်စုံ က အန္တရာယ်အရိပ်အယောင် နှင့် စကားသံတို့ ပူးပေါင်းသွားချိန်မှာတော့ ကြားရသူတွေကို ကျောချမ်းစေသည်။
'ကျွန်တော်တို့ အခုထိ မသိရသေးပါဘူး။ ဒီလူနှစ်ယောက်က လေထဲကနေထွက်လာသလိုမျိုးပဲ ။ သူတို့နဲ့ပါတ်သတ်တဲ့ ဘယ်သတင်းမှ စုံစမ်းလို့မရပါဘူး။ ငယ်သားအနေနဲ့ကတော့ သူတို့တွေ ရုပ်ဖျတ်လာတယ်လို့ သံသယ ရှိပါတယ်´
သူစကားပြောနေတုန်းမှာ သူ့လက်ဝါးနှစ်ဖက်ကို ယှက်ကာ အရိုအသေပေးကာ လေးလေးစားစားနဲ့ ပြောဆို၏။
'ရုပ်ဖျတ်လာတာ၊ အကယ်လို့ သူတို့မှာ နောက်ခံကောင်းကောင်းရှိမယ်ဆိုရင် သူတို့က ဘာလို့ ရုပ်ဖျတ်ဖို့ လိုနေဦးမှာလဲ ? အကယ်လို့ ဒီလိုသာဆိုရင်။ သူတို့ကသာ သူတို့မျက်နှာကို ရုပ်ဖျတ်လာတယ်ဆိုရင် ကျုပ်တို့အစီအစဉ်အတွက်တော့ ကောင်းတယ်။ အကယ်လို့ လူတွေ နောက်ပိုင်းကို လာပြီးစုံစမ်းရင် ငါတို့ပေါ်ကို လက်ညှိုးထိုးလို့မရတော့ဘူး။´
မီးခိုးရောင်ဝတ်ရုံနဲ့လူက ခပ်တိုးတိုးလေး လိုက်ပုံက သူလိုချင်တာကို သူ့လက်ထဲရသွားတာကြောင့် ရာနှုန်းပြည့်ကို ပေါ့ပါးသွားပေါ်သည်။
အဖိုးကြီးက အသာလေးပြုံးကာ 'မြို့ခေါင်းဆောင် ကျွန်တော်သူတို့ကို ကြားဖြတ်ဖို့ တစ်ယောက်ယောက်လွှတ်လိုက်ရမလား´
'အလောကြီးဖို့ မလိုပါဘူး´
မီးခိုးရောင်ဝတ်ရုံနဲ့ လူက အသံတိုးတိုးလေးနှင့် 'ကျုပ်တို့နဲ့ အကြံတူနေတဲ့သူတွေ အများကြီးရှိတယ်။ အင်အားကြီးအဖွဲ့ကြီး သုံးဖွဲ့က စိတ်ဝိဥာဏ်အရည်နဲ့ မှော်ဝင်သားရဲဥကို အရမ်းကို စိတ်ဝင်စားနေတာ သေချာတယ်။ သူတို့ နှစ်ဖက် အဆက်မပြတ်တိုက်ပြီး ပျက်စီးသွားမှ ငါတို့ လှုပ်ရှားမယ်´
အဖိုးကြီး တုန့်ဆိုင်းနေပြီးမှ စကားပြောရင်း မျက်မှောင်ကြုပ်ကာ 'မြို့ခေါင်းဆောင်. အဲဒိလူက အဲသလောက်တောင် ကြောက်ဖို့ကောင်းသလား အင်အားကြီး အဖွဲ့သုံးဖွဲ့တောင် သူ့ကို အနိုင်မတိုက်နိင်လောက်ဘူးလား´
မီးခိုးရောင် ၀တ်ရုံနှင့်လူက ခေါက်တုန့်လျှောက်ပြီး ခဏအကြာတွင် တည်ကြည်သောမျက်နှာနှင့် 'အဲဒိလူက အရမ်းသန်မာတယ်။ ကျုပ်အထင်အရဆိုရင် သူက ကြယ်အဆင့်ထက်တော့ နိမ့်မှာ မဟုတ်ဘူး၊ သေချာအောင် ပြောရရင် သူ့ရတနာတွေကို မျက်နှာပြောင်တိုက်ပြီးတော့ တောင် ထုတ်လာရဲသေးတယ်ဆိုတော့ သူ့အင်အားနဲ့ ပါတ်သတ်ပြီးတော့ အရမ်းကို ယုံကြည်မှုရှိမှာပဲ။ သူ့ဘေးနားက လူငယ်လေးကတော့ တိုက်ခိုက်နိုင်စွမ်းလုံးဝမရှိဘူး ဆိုတော့ကာ ဘာပဲဖြစ်ဖြစ် စွန့်တော့ စွန့်စားရမှာပဲ´
'ငယ်သား နားလည်ပါပြီ´
အဖိုးကြီးက ချက်ချင်းကို မြို့ခေါင်းဆောင် ဘာကို ဆိုလိုသလဲကို နားလည်သွားသည်။ သူတို့လိုချင်တာကို ရရှိရန်အတွက်  သစ္စာဖောက်တွေတော့ လိုအပ်သည်။
သူတို့ နှစ်ဦးက သူတို့ဟာကွက်မရှိအောင် ပြုထားပြီးပြီ ဟု ထင်နေစဉ်မှာ သူတို့မထင်ထားတာတော့ သူတို့ မှော်ဆေးလုံး ဗဟိုအလုပ်ရုံထဲကို ၀င်လာကတည်းက မီးခိုးရောင်ဝတ်ရုံနှင့် လူကြီးရှိနေမှုကို  Ling Xiao သိနေပြီးသားဆိုတာကို ပင်ဖြစ်သည်။ သူဝတ်ထားတဲ့ မီးခိုးရောင်ဝတ်ရုံက လူတစ်ယေက်ရဲ့ ကိုယ်ဝါကို မပေါ်အောင် ထိန်းပေးထားပေမယ့် အရာအားလုံးက ပြည့်စုံနေတာတော့ မဟုတ်ချေ။
မီးခိုးရောင်ဝတ်ရုံဝတ်လူရဲ့တည်ရှိမှုကို သိရှိပြီးနောက် Ling Xiaoရဲ့ ပထမ ထင်မြင်ယူဆချက်က သူ့နောက်ကိုလိုက်လာသည် ဟုထင်သည်။ သို့သော် စူးစမ်းမှုပြုပြီးနောက်မှတော့ အဆိုပါ လျှို့ဝှက်လူဟာ မှော်ဆေးလုံး ဗဟိုအလုပ်ရုံ ထဲတွင် ပုန်းပြီး You XiaoMo ကို ကြည့်နေတာများသည်ကို သူတွေ့ရှိသွားသည်။
'ကိုကြီးLing, ကျွန်တော်တို့ TianXinဂိုဏ်းကို အခုပြန်တော့မလား´
မှော်ဆေးလုံးဗဟိုအလုပ်ရုံမှ ထွက်လာပြီးနောက်  ဒီခရီးရဲ့ ရည်ရွယ်ချက်တွေ ပြီးမြောက်သွားတာကို သာ You XiaoMoတွေးဖြစ်သည်။ သူတို့ထွက်လာတာလဲ လေးရက်နီးပါးဖြစ်နေတာကို လဲ သတိရသွားသည်။ လေလံပွဲက နှစ်ရက်၊ ဒီကို ခရီးထွက်လာတာ နှစ်ရက်ဖြစ်သည်။ လမ်းမှာ နှစ်ရက်ကြာဦးမယ်ကို တွေးလိုက်တာနဲ့ သူ့မျက်နှာ ရှုံ့တွသွားသည်။ အခုချိန်ထိတောင် လှည်းရဲ့ တုန်ခါမှု့ အရသာကို သူမမေ့နိုင်သေးပါ။
'အ. ပြန်ဖို့တော့ အချိန်ရောက်နေပြီ´ Ling Xiao ခေါင်းညိမ့်ပြလိုက်သည်။
'အာ့ အာ့ဆို မီးဟုန်းဟုန်းတောက်မြင်းကို ထပ်ခေါ်ဦးမှာလား´ You XiaoMo မျက်နှာလေးနဲနဲ မဲ့ကာ မ၀ံ့မရဲလေး မေးလိုက်သည်။
Ling Xiao သူ့ရဲ့ စိတ်ဓါတ်ကျဆင်းနေတဲ့ မျက်နှာလေးကို ကြည့်လိုက်သည်။ သူ့နှုတ်ခမ်းတွေ တွန့်သွားကာ 'မဟုတ်ဘူး ဒီတစ်ခါတော့ မီးဟုန်းဟုန်းတောက်မြင်းကို မခေါ်တော့ဘူး။ ပြန်ဖို့ နောက်တစ်နည်းသုံးမယ်လေ။ HunJiမြို့ကနေထွက်ရင် မင်းသိလိမ့်မယ်။´
နောက်ဆုံးစကားက You XiaoMo ကို အခြားနည်းလမ်းက ဘာဆိုတာ မမေးအောင် သာသာလေး တားထားလိုက်သည်။
ပြီးတာနှင့် ပါးနပ်တဲ့Ling Xiao က နလပိန်းတုံးYou XiaoMo ကိုခေါ်ပြီး ကြယ်ခုနစ်လုံးတာဝါကို ပြန်တဲ့ လမ်းတစ်လျှောက်က ဈေးဆိုင်တွေမှာ လျှောက်ကြည့်ကြသည်။ ဒီလို နားနားနေနေ လျှောက်သွားတာက တစ်နာရီကျော်လောက်ကြာသွားသည်။ You XiaoMo ပစ္စည်းတွေ တစ်ပုံတစ်ခေါင်းကြီး ၀ယ်ပြီးချိန်မှာ နေ၀င်သွားပြီဖြစ်သည်။
သူမှော်ဆေးလုံးဗဟိုအလုပ်ရုံကနေ အလယ်အလတ်အဆင့် မှော်ဆေးပင်တွေ အများကြီးဝယ်ထားပြီးပေမယ့် You XiaoMo က နည်းသေးတယ်လို့ ထင်နေဆဲဖြစ်သည်။ ထို့အပြင် အဆင့်မြင့်အဆင့်တွေ အမျိုးအစားအများကြီးရှိသေးသည်။ အဆင့်ခြောက်မှော်ဆေးပင်လိုမျိုးတွေပေါ့။ သူ မှော်ဆေးလုံးဗဟိုအလုပ်ရုံကနေ တစ်ရာ့နှစ်ဆယ်တစ်မျိုးဝယ်ခဲ့ပေမယ့် တကယ်က အကုန်တော့ မဟုတ်သေး။ ရှာလို့မတွေ့သေးသည့် အမျိုးအစားတွေ ကျန်နေနိုင်သေးသည်။ မှော်ဆေးလုံးဗဟိုအလုပ်ရုံကနေတောင် စုဆောင်းလို့မရတာမျိုးတွေတောင် ရှိသေးသည်။
သို့သော် မှော်ဆေးလုံးဗဟိုအလုပ်ရုံမှာတောင် မရှိလျှင် အခြားမှော်ဆေးလုံးအရောင်းဆိုင်တွေမှာပါ မရှိနိုင်ချေ။ ထို့ကြောင့် You XiaoMo အခြားအဆင့်လေးမှော်ဆေးပင်မျိုးစေ့အချို့ကိုသာ ၀ယ်နိုင်ခဲ့သည်။ အဆင့်ငါးနှင့် အဆင့်ခြောက်မှာ အလွယ်တကူတောင် မမြင်နိုင်ချေ။
ထိုနေ့အတွက်ကတော့ ကြယ်ခုနစ်လုံးတာဝါမှာသာ ညကို ကုန်ဆုံးစေခဲ့တော့သည်။
နောက်တစ်နေ့ အမှောင်ထဲမှ စောင့်ကြည့်နေတဲ့ မျက်လုံးပေါင်းများစွာ အောက်မှာ ပထမဆုံးရောင်ခြည်လာတာနဲ့ Ling Xiao နှင့်You XaioMo တို့ ရှေ့ဆင့်နောက်ဆင့်ပင် ကြယ်ခုနစ်လုံးတာဝါကနေ ထွက်လာကြသည်။
ဒီအကြိမ်တော့ နှစ်ယောက်သား အနီးအနားကို လျှောက်မကြည့်တော့ပဲနှင့် မြို့တံခါးကိုသာ တန်းတန်းမတ်မတ် သွားကြသည်။ နာရီဝက်ကြာသောအခါမှာတော့ နှစ်ယောက်သား မြို့တံခါးကို ရောက်ရှိပြီဖြစ်သည်။ အစောင့်များမှာ သူတို့နှစ်ဦးအရင်က မြင်ဖူးသူများမဟုတ်ကြ။ ထို့အပြင် အားကြီးပုံရသည့် သိုင်းသမားနှစ်ယောက်နှင့် လဲလှယ်ထားသည်။ သူတို့နှစ်ယောက်ကတော့ သူတို့ကို သိပုံရကာ ဘာမှာ နှောင့်နှေးခြင်းမရှိပဲ ထွက်ခွာခွင့်ပေးလေသည်။
မြို့တံခါးအပြင်ရောက်တာနှင့် Ling Xiao က ချက်ချင်းကို မီးဟုန်းဟုန်းတောက်မြင်းကို ခေါ်လိုက်သည်။ သောင်းသောင်းသဲသဲ မြင်းခွာသံတွေနဲ့ မီးဟုန်းဟုန်းတောက် မြင်းက သူတို့ကို HunJiမြို့ကနေ အဝေးကို စိတ်ရဲ့လျင်မြန်ခြင်းအလျင်နှင့် ခေါ်ဆောင်သွားသည်။ နာရီဝက်မပြည့်ခင်မှာကို အစိမ်းရောင်လွင်ပြင် အဆုံးမဲ့သော  အဖြူရောင် မြူပါးလေးလွှမ်းခြုံထားသော အစိမ်းရောင် လွင်ပြင်သို့ ရောက်ရှိသွားသည်။
မီးဟုန်းဟုန်းတောက်မြင်းက အစိမ်းရောင်လွင်ပြင်နယ်မြေထဲ ကဆုန်ပေါက် ၀င်ရောက်လာသည်နှင့် အနက်ရောင်သဏ္ဍာန် သုံးခု မြူကြားထဲကနေ ရုတ်တရက် ဖျတ်ကနဲ သူတို့ရှေ့ ထွက်ပေါ်လာသည်။ မီးဟုန်းဟုန်းတောက်မြင်းရဲ့ ရှေ့တိုးမယ့် အရိပ်အယောင်ကို တားဆီးရန် သုံးမြှောင့်ပုံကွက် ဖော်လိုက်ကြသည်။
မရပ်ခင်ကို မီးဟုန်းဟုန်းတောက်မြင်းရဲ့ ဟီသံက ထက်အောက် ဘေးဘီကို ပျံ့လွင့်သွားသည်။ လှည်းရထားထဲကတော့ ဘယ်သူမှ ထွက်ပေါ်မလာချေ။
ခဏလောက် တိတ်ဆိတ်သွားပြီး နောက် အနက်ရောင်သဏ္ဍာန်သုံးခုက မြင်းရထားဆီကို ပစ်လွှတ်လိုက်သည်။ ပေါက်ကွဲမှုအဟုန်က လေထုကိုတောင် အမှုန့်အဖြစ် ပြိုပျက်သွားစေလောက်သည်။ လျှပ်တစ်ပြက်အတွင်းမှာပဲ သူတို့လက်ထဲ လက်နက်တွေ ရောက်ရှိလာကာ အေးစက်စက် အရိပ်အယောင်တွေနဲ့ ဓါးသွားတွေက မြင်းရထားဆီကို တိုးဝင်သွားသည်။ အတော်ကောင်းတဲ့ ရထားလုံးဖြစ်ပေမယ့် လအဆင့်သိုင်းသမားများရဲ့ တိုက်ခိုက်မှုကိုတော့ တောင့်မခံထားနိုင်ချေ။ ဟုန်းခနဲ ပေါက်ကွဲထွက်ကာ အပိုင်းအစများက အရပ်မျက်နှာအနှံ့ကို ထွက်ကုန်သည်။
တစ်ချိန်တည်းမှာပဲ အဖြူရောင်သဏ္ဍာန်တစ်ခုက မြင်းရထားပေါ်မှာ ပျံဝဲနေပြီးနောက် ပြန့်ပြူးနေသော မြေပြင်ကို တည့်တည့်သက်ဆင်းလာသည်။
အဆိုပါ အဖြူရောင် သဏ္ဍာန်မှာ Ling Xiao ဖြစ်သည်။ You XiaoMo ကတော့ သူ့လက်မောင်းအောက်မှာ သပ်ရိုက်ထားသလိုပါလာသည်။
မြေပေါ်သက်ဆင်းပြီးသည်နှင့် Ling Xiao က You XiaoMoကို အရင်အောက်ချပေးလိုက်သည်။ တစ်ချက်တောင်မနားပဲနဲ့ အနက်ရောင်သဏ္ဍာန်သုံးခုဆီသို့ မြှားတစ်ချောင်းပစ်လွှတ်လိုက်သလို ရောက်ရှိသွားသည်။ အရှိန်က အရမ်းမြန်တာကြောင့် သူ့ပစ်မှတ်တွေက လှုပ်ရှားဖို့ပင် အချိန်မရလိုက်။ သူ့ကိုယ်ကနေ ခရမ်းရောင် မီးတောက်နှစ်ခု ပစ်လွှတ်လိုက်သည်။ မျက်စိတစ်မှိတ်အတွင်းမှာကိုဘေးနှစ်ဖက်က အနက်ရောင်ဝတ်စုံဝတ်လူနှစ်ယောက် ရဲ့ ကိုယ်ထဲကို ထိုးဖောက်ဝင်ရောက်သွားသည်။ နှစ်ယောက်လုံး  ရုန်းကန်လှုပ်ရှားခြင်းပင် မလုပ်ခင်ပင် အော်သံများနှင့် မြေပြင်ပေါ်ကို ပြုတ်ကျသွားပြီး ဘယ်တော့မှ ထပ်မထနိုင်တော့။
အနက်ရောင် တတိယလူအတွက်ကတော့ အခြားသူနှစ်ယောက် သေသွားတာကို ကြည့်ပြီး ကြောက်ရွံ့မှုကြောင့် ခုန်ပေါက်မတတ်ဖြစ်ကာ သူ့လက်ထဲက ဓါးရှည်ကို မမြောက်ရသေးခင် သူ့အနား Ling Xiaoရောက်ရှိသွားသည်။ ဟုန်းခနလက်သီးတစ်ချက်နှင့် အနက်ရောင်ဝတ်စုံနှင့်လူရဲ့ ဦးခေါင်းက လွင့်စင်ထွက်ကာ ဦးနှောက်များနှင့် သွေးများက နေရာတကာကို ပြန့်ကျဲသွားသည်။
Ling Xiao ဖြည်းဖြည်းချင်းအနောက်ပြန်လှည့်လာတုန်းမှာ You XiaoMo လည်ပင်းက ဓါးကို တွေ့ရှိသွားသည်။

အကျော်ဇေယျ အရှင်သခင်၏ ဇနီး (Myanmar Translation)Where stories live. Discover now