C-169 Jiang Liu's probing.
အခန်း ၁၆၉ Jiang Liu ၏ သက်သေပြခြင်း
ဒါနှင့်ပဲ အဖွဲ့သစ်တစ်ခု ဖွဲ့စည်းခဲ့သည်။
အကြိမ်ပေါင်းများစွာ You XiaoMo က Ling Xiao ကို ဘာ့ကြောင့်သူတို့နှင့် ပူးပေါင်းရသလဲလို့ မေးချင်နေသည်။ သူတို့မှာ ရှိသော မြေပုံက Tang YunQi နှင့် အပေါင်းအပါများ လုံးဝကို သိမြင်သွားလို့မဖြစ်ပေ။ သို့သော် Tang YunQiက အစဉ်အမြဲ Ling Xiao နားသာ ကပ်ကာ ဟိုဟာတောင်း ဒီဟာတောင်းကြောင့် သူ့မှာ မေးဖို့ အခွင့်အရေးကို မရရှိပေ။
သို့သော် သေချာတာ တစ်ခုတော့ ရှိသည်။ Ling Xiaoက ဒါကို မျှော်လင့်ထားပြီးသား ဖြစ်လိမ့်မည်။ ထို့ကြောင့် သူ့ကို အရင်ဆုံးမမေးပဲနှင့် Tang YunQi ၏ အကြံပြုချက်ကို လက်ခံလိုက်တာဖြစ်မည်။ ဒီတော့ သိချင်စိတ်ကြောင့် သူ့ရင်တွေ ပေါက်ထွက်မတတ်ဖြစ်နေသော်လည်း You XaioMoက ဆက်ပြီး သီးခံနေနိုင်သည်။
ကျောက်စိမ်းစိတ်ဝိဉာဏ်ဂူထဲတွင် မှော်ဆေးပင်များနှင့် မှော်ဝင်သားရဲများစွာ ရှိသည်။ You XiaoMoက ကျောက်စိမ်းစိတ်ဝိဉာဏ်ဂူကနေ ထွက်လာတာ လွန်ခဲ့သော နာရီအနည်းငယ်ကဖြစ်သော်လည်း ကျောက်စိမ်းစိတ်ဝိဉာဏ်ဂူ ကို ပြန်သွားကာ မှော်ဆေးပင်နည်းနည်းထပ်တူးဖို့ စီစဉ်ခဲ့သည်။ ထို့ကြောင့် သူတို့ကို ကန့်ကွက်မနေပဲ ဆက်လိုက်သွားတော့သည်။
တစ်လမ်းလုံးတွင် စကားအများဆုံးမှာ Tang YunQi ဖြစ်သည်။ တောင်ဝင်ရိုးစွန်းကနေ မြောက်ဝင်ရိုးစွန်းအထိ ဒီစကားတွေ ဘယ်ကနေလာမှန်းတောင် ဘယ်သူမှ မသိပေ။ Ling Xiaoက သိပ်ပြီး ပြန်မဖြေသော်လည်း သူ(မ)ကတော့ သူ့ဘာသာသူကို စိတ်အားထက်သန်စွာ ဆက်ပြောနေသည်။
Da PiQiu ပေါ်မှာ စီးရင်းနှင့် You XiaoMo ပျင်းလာသည်။
Da PiQiu၏ ဒဏ်ရာက သူ့လက်တစ်ခုမှာ ရှိနေတာဖြစ်သော်လည်း သွေးပြာဝံပုလွေ၏ ကုသနိုင်စွမ်းသည် အလွန်အားကောင်းလှသည်။ ပြီးတော့ You XiaoMo ကလည်း ကုစားမှော်ဆေးလုံးများကို ကပ်စီးမနဲနေ။ အခုချိန်တွင် ထိုဒဏ်ရာမှာ အလွန်လျင်မြန်စွာပင် ကုစားနေပြီဖြစ်ကာ သူ၏ သန်မာ ဖျတ်လတ်သော ကိုယ်ဟန်ကို အနည်းလေးတောင် ထိခိုက်စေခြင်း မရှိတော့။
VOCÊ ESTÁ LENDO
အကျော်ဇေယျ အရှင်သခင်၏ ဇနီး (Myanmar Translation)
AventuraThe Legendary Master's Wife (Myanmar Translation) MM translate from English Translate Chapter (64- 201) (227-231) (381-399) Crd to original novel