Chapter 386: Finale
အခန်း ၃၈၆ နောက်ဆုံး
လေလံပွဲ စမည့်အချိန် နီးလာသည်နှင့်အမျှ အဆောက်အဦးထဲကို လူတွေ ပိုပိုဝင်လာကြသည်။
အောက်ဘက်က ခင်းကျင်းထားသော နေရာများမှာလည်း ပြည့်လုနီးပါး ဖြစ်လာသည်။ သီးသန့်အခန်းများထဲမှာလဲ နေရာယူထားပြီး ဖြစ်တာကြောင့် အဆောက်အဦးအတွင်းပိုင်းတစ်ခုလုံးမှာ အသံများနှင့် စိတ်လှုပ်ရှားနေသံများက အုန်းအုန်းကျွက်ကျွက် ဖြစ်နေရာ မှ လေလံစင်မြင့်မှ မောင်းတီးသံ လေး ထွက်လာမှပင် တိတ်သွားသည်။
“ဂုဏ်သရေရှိ လူကြီးလူကောင်းများခင်ဗျာ် Gashawkလေလံအိမ်မှ ကြိုဆိုပါတယ်။ ကျုပ်ကတော့ ဒီလေလံပွဲရဲ့ ဦးဆောင်သူ Yue QianShan ပါ။ လေလံပွဲစည်းမျဉ်းတွေနဲ့ပတ်သတ်ပြီးတော့ လူတိုင်း သိပြီးသားဖြစ်မယ်လို့ ယုံကြည်လို့ ထပ်မပြောတော့ပါဘူး အခုပဲ လေလံပွဲစတင်ကြောင်း ကြေညာလိုက်ပါတယ် ”
ယောက်ျားပီသချောမောပြီး ထင်းလင်းထွက်သောနေသော အရှိန်အ၀ါနှင့် စိမ်းပြာရောင် ဘရိုကိတ်ဝတ်ရုံ ၀တ်ဆင်ထားသော အမျိုးသားတစ်ယောက် လေလံစင်မြင်မှ ဟောပြောစင်တွင် ဘယ်အချိန်ပေါ်လာမှန်းတောင် မသိပေ။ သူ့ပုံက အသက်သုံးဆယ်အရွယ်လောက်သာ ရှိကာ သူ့တစ်ကိုယ်လုံးက ထွက်ပေါ်နေသော အရှိန်အ၀ါတွေက အလွန်အမင်း တောက်ပလှသည်။ သူက ဧကရာဇ်အဆင့် ကြယ်ခုနစ်ပွင့် ကိုယ်ခံပညာရှင်တစ်ဦး ဖြစ်တာမို့ ခန်းမထဲမှ လူအားလုံးကတော့ သူတို့ ပြုမူလိုက်သော အပြုအမူ၏ အကျိုးဆက်ကို ကြောက်ရွံ့သွားစေရန် လုံလောက်သည်။
Cangမဟာမိတ်က တကယ်ကြီးကို ဧကရာဇ်အဆင့်ကြယ်ခုနစ်ပွင့် ရှိတဲ့ ကျင့်ကြံသူတစ်ယောက် လေလံပွဲ ဦးဆောင်သူအဖြစ် ပို့လိုက်သည်။ သူတစ်ချက် ခြုံကြည့်တာနှင့်တင် ဒီနေရာတွင် ရှိသော ရတနာများ ကို သိမ်းပိုက်ရဲသူ သို့မဟုတ် လေလံအိမ်၏ စည်းမျဉ်းစည်းကမ်းများကို မလိုက်နာ လိုသူများ မရှိဟု မှတ်ယူနိုင်သည်။
“Yue QianShan ဒီလူရဲ့ အဆင့်က သေးမှာတော့ မဟုတ်ဘူး။ သူ့စွမ်းအားက Cangမဟာမိတ်မှာ ထိပ်ဆုံး ဆယ်ယောက်ဝင် ဖြစ်ယုံသာမကသေးဘူး Cangမဟာမိတ်ခေါင်းဆောင်ရဲ့ တပည့်ရင်းတစ်ယောက်လဲ ဖြစ်တယ်ဆိုပဲ။ သူ့ကို လူတော်တော်များများ ကလဲ ကပ်ကြ တယ်တဲ့ ” Dao Yun က ပြောလိုက်သည်။
YOU ARE READING
အကျော်ဇေယျ အရှင်သခင်၏ ဇနီး (Myanmar Translation)
AdventureThe Legendary Master's Wife (Myanmar Translation) MM translate from English Translate Chapter (64- 201) (227-231) (381-399) Crd to original novel